Zawgyi
အခန္း (၉)
အပိုင္း (၈၆၃) – ငါကေျပာစကားကိုျပန္မရုတ္သိမ္းတဲ့လူတစ္ေယာက္
"နည္းနည္းေလာက္ စာနာေထာက္ထားလုိ႔မရဘူးလား"
"မရဘူး" ေဘးသင့္မႈတိမ္တိုက္ေလးသည္ စိတ္ပိုင္းျဖတ္ထားသည္။
"ဒါဆို ျပီးခဲ့တဲ့တစ္ေခါက္က ဘာလုိ႔လုပ္ေပးတာလဲ"
"လုပ္ေပးခဲ့လို႔လား" ေဘးသင့္မႈတိမ္တိုက္ေလးသည္ ဝန္ခံရန္ျငင္းဆန္ ေလသည္။
"လုပ္ေပးခဲ့တယ္ေလ"
"မင္းအမွတ္မွားေနတယ္"
"ဒါဆို မင္းဝိုင္ဆက္ေသာက္လုိ႔မရဘူး" ရွီမာယူယူ ျခိမ္းေျခာက္လုိက္ သည္။
"မင္း လြန္တယ္" ေဘးသင့္မႈတိမ္တို္ကေလးသည္ အျခမ္းေျခာက္ခံ ရေသာအခါ သူမအား မ်က္လံုးျပဴးမ်ားျဖင့္ ၾကည့္ေလသည္။ သူကပင္ ရိုးသား သည့္အတုိင္းပင္။
"ငါက လြန္တာလား မင္းကလြန္တာလား" ရွီမာယူယူသည္ သူ၏ ႏွဖူး ကိုပုတ္လုိက္သည္ "မင္းက ငါ့ဝိုင္ေတြကိုေသာက္ျပီး ငါ့အတြက္ဘာမွလည္း လုပ္မေပးဘူး ဘယ္သူကဆိုးတာလဲေျပာၾကည့္"
"မင္း" ေဘးသင့္မႈတိမ္တို္ကေလးသည္ ေတြေဝျခင္းမရွိပဲ ေလထဲသို႔ ညႊန္ျပေလသည္ "မင္းက လူကိုအႏိုင္က်င့္ေနတာပဲ၊ မဟုတ္ဘူး မင္းက ေဘးသင့္မႈတိမ္တိုက္ကို အႏုိင္က်င့္ေနတာပဲ"
သူ ထိခိုက္နာက်င္သည္ကိုၾကည့္လုိက္ရာ သူသာ မ်က္ရည္က်ပါက မိုးရြာသြားႏိုင္သည္။
"ေကာင္းျပီ ေကာင္းျပီ ငါက ဘယ္မွာမင္းကိုအႏုိင္က်င့္လို႔လား၊ ငါက မင္းကိုအကူအညီလာေတာင္းတာမဟုတ္ဘူးလား ငါတို႔က သူငယ္ခ်င္းေတြ ေလ၊ အဲဒါေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ကူညီေပးရမွာေပါ့၊ အဲဒါမင္း အတြက္ လြယ္တယ္မဟုတ္ဘူးလား"
"ဟင္း" ေဘးသင့္မႈတိမ္တုိ္ကေလးသည္ ေဒါသထြက္ျပီး သူမအား မၾကည့္လိုသည့္အေနျဖင့္ ေဘးသို႔ေခါင္းလွည့္လိုက္သည္။
"ဟူး" ရွီမာယူယူသည္ သက္ျပင္းရွည္ခ်လိုက္သည္ "အဲေတာ့ မင္းက ငါ့ ကိုသူငယ္ခ်င္းအေနနဲ႔ မျမင္ဘူးေပါ့၊ ဝမ္းနည္းသြားျပီ ငါကေတာ့မင္းကို သူငယ္ခ်င္းလို႔သတ္မွတ္ထားတာ၊ မင္းက အသီးဝိုင္ၾကိဳက္တယ္ဆိုတာ သိ ေတာ့ မင္းအတြက္ အရသာမတူတာေတြ အစံုလုပ္ခဲ့တာ၊ ငါတို႔ထပ္ေတြ႕ရင္ မင္းကိုေပးခ်င္လို႔၊ ငါ့စိတ္က တစ္ဖက္သတ္ျဖစ္ေနတယ္ထင္ပါတယ္"
"ေနာက္ထပ္အရသာအမ်ားၾကီးရွိေသးတာလား" ေဘးသင့္မႈတိမ္တုိက္ ေလးသည္ ခ်က္ခ်င္းပင္ မ်က္လံုးမ်ား စိန္ကဲ့သို႔အေရာင္ေတာက္ကာ ရွီမာယူယူဘက္ ေခါင္းလွည့္လာသည္။
"ရွိတယ္ဆိုဘာလုပ္မလို႔လဲ၊ မင္းကမွငါ့ကိုသူငယ္ခ်င္းလို မသတ္မွတ္ တာ ငါတျခားသူငယ္ခ်င္းေတြကိုပဲ သြားေပးလုိက္ေတာ့မယ္" ရီွမာယူယူသည္ အနည္းငယ္ အသည္းကြဲသလိုေျပာေလသည္။
"အဲဒါ ငါ့ကိုအရင္ေပး မမူးေဆးနဲ႔ဆိုရင္ အဆင္ေျပတယ္ ဒါဆို ငါ မင္းကို သူငယ္ခ်င္းလိုသတ္မွတ္မယ္" ေဘးသင့္မႈတိမ္တိုက္ေလးသည္ သူမ၏ အနာ တရျဖစ္သြားေသာ အမူအရာကိုျမင္ေသာအခါ ေျပာလုိက္သည္။
မ်က္ႏွာရိပ္မ်က္ႏွာကဲသိတဲ့ ဝိဥာဥ္ေလးပါလား....
ရွီမာယူယူသည္ ပို၍ဝမ္းနည္းေသာပံုျဖင့္ ျပံဳးကာ "တကယ္လား"
"ဒါေပါ့ ငါ တိမ္တိုက္ဝိဥာဥ္က ေျပာျပီးသားကိုျပန္ရုတ္မသိမ္းဘူး"
ေျပာျပီးသားကိုျပန္မရုတ္သိမ္းဘူး.... အဲလိုဘာလုိ႔မခံစားမိတာလဲ။
"အဲေတာ့ မင္းကတိမ္တိုက္ဝိဥာဥ္လို႔ေခၚတာလား" ရီွမာယူယူ ေျပာ လိုက္သည္။
"ငါကတိမ္တိုက္ဝိဥာဥ္ေခၚတာလို႔မဟုတ္ဘူး တိမ္တိုက္ဝိဥာဥ္ပဲ" ေဘးသင့္တိမ္တိုက္ေလးသည္ ရွင္းျပေလသည္။
"အဓိပၸာယ္အတူတူပဲမဟုတ္ဘူးလား"
"ဘယ္လိုလုပ္တူမွာလဲ၊ တိမ္တိုက္ဝိဥာဥ္က ငါ့နာမည္မဟုတ္ဘူး ငါက တိမ္တိုက္ဝိဥာဥ္ပဲ" ေဘးသင့္မႈတိမ္တိုက္ေလးသည္ ထပ္တလဲလဲေျပာေလ သည္ "ေတာ္ျပီ ဝိုင္ကဘယ္မွာလဲ"
သူ စိုးရိမ္ပူပန္ေနသည္ကို ရီွမာယူယူေတြ႕ေသာအခါ ထပ္မစေတာ့ေပ။ သူမသည္ ျပီးခဲ့သည့္တစ္ေခါက္ကထက္ သံုးဆပိုမ်ားေသာ ဝိုင္ထုတ္ရင္းႏွင့္ ေဆးပုလင္းမ်ား ကိုပါ ထုတ္ကာေျပာလိုက္သည္ "ေသခ်ာသိမ္းထား၊ ဒါျပီးလို႔ ေနာက္တစ္ခါ ေတြ႕ရင္ ဒီထက္ပိုရမယ္"
တိမ္တိုက္ဝိဥာသ္သည္ သစ္သီးဝိုင္မ်ားကိုျမင္ေသာအခါ စိတ္လႈပ္ရွား သည္ထက္ပင္ ပိုသြားသည္။ တစ္ခ်က္ေဝ့လိုက္သည္ႏွင့္ တိမ္တိုက္မည္းတစ္ ခုေရာက္လာကာ ဝိုင္ကရားမ်ားကို သိမ္းဆည္းသြားေလသည္။ ထို႔ေနာက္ တြင္ တိမ္တိုက္ေလးသည္ ေက်နပ္စြာေျပာေလသည္ "ေဘးသင့္မႈတိမ္တိုက္ ကေတာ့ လုပ္ျပီးသြားျပီ အဲဒါကိုျပင္လို႔မရေတာ့ဘူး၊ ဒါေပမဲ့ မိုးၾကိဳးကေတာ့ နည္းနည္းဖိလို႔ရတယ္၊ ဒါေပမဲ့ ငါဘယ္ေလာက္လုပ္သင့္သလဲ၊ ဒီဆင့္ကဲ မိုးၾကိဳးေဘးသင့္မႈက ဝိဥာဥ္မိစာၦေတြအတြက္ အက်ိဳးရွိတဲ့ဟာပဲကို"
"အင္း မင္းဆံုးျဖတ္ႏုိင္ပါတယ္ ငါတုိ႔ကိုေသေအာင္သာ မရိုက္ခ်နဲ႔" ရွီမာယူယူ ျပံဳးျပီးေျပာလုိက္သည္။
သူမ ေဘးသင့္မႈတိမ္တိုက္ေလးကို ေျပာလုိက္ေသာစကားကို ေအာက္ မွ ဝိဥာဥ္မိစာၦေလးေကာင္ၾကားပါက ေသြးအန္မိေတာ့မည္။
မေသေအာင္ ပစ္ဆိုတာက ဘာအဓိပၸာယ္လဲ။ သူတုိ႔ မသန္မစြမ္းျဖစ္ သြားရင္ ဘယ္လိုလုပ္မလဲ။
ဟုတ္ျပီ တကယ္ေတာ့ သူတို႔မသန္မစြမ္းျဖစ္သြားရင္ေတာင္ ကိစၥၾကီး မဟုတ္ေသးဘူး။
အစတုန္းကေတာ့ ရွီမာယူယူသည္ သူတို႔ကိုကူညီခ်င္သည္။ သို႔ေသာ္ တိမ္တိုက္ဝိဥာဥ္ေလး၏ အာမခံမႈႏွင့္ဆိုလွ်င္ သူမ မကူညီလွ်င္ေတာင္ အဆင္ ေျပသည္။
သည္လိုႏွင့္ သူမသည္ တိမ္တိုက္ဝိဥာဥ္ႏွင့္အတူ ေဘးသင့္မႈတိမ္တုိက္ ေပၚထိုင္ရင္းႏွင့္ အသီးဝိုင္ေသာက္ကာ ဟိန္းသံေထာင္ခ်ီႏွင့္ တျခားသူမ်ား မိုးၾကိဳးမ်ားႏွင့္ တိုက္ပြဲျဖစ္ေနသည္ကို ၾကည့္ေနလုိက္သည္။
ဒါေပါ့... ထိုေနရာတြင္ျဖစ္ပ်က္သမွ်သည္ ဖန္လိုင္ႏွင့္ တျခားသူမ်ား၏ သတိထားမိမႈကေန ေရွာင္လႊဲမရေပ။ သူမသည္ ေဘးသင့္မႈတိမ္တိုက္ကို သူမဘက္ပါလာေအာင္ လုပ္ႏုိင္မည္ဟု သူတို႔ဘယ္တုန္းကမွထင္ထားမိမည္ မဟုတ္ေပ။ ဒီလိုစည္းေဖာက္တာမ်ိဳးနဲ႔ဆိုရင္ မိုးၾကိဳးေဘးသင့္မႈကို ဘာစိတ္ပူ စရာလိုေသးလဲ။ အဲဒါေၾကာင့္ သူမက ဘာမွမျပင္ဆင္ထားတာကိုး။
သို႔ေသာ္ သူမခႏၶာကိုယ္တစ္ေလွ်ာက္တြင္ လွ်ပ္စီးမ်ားေျပးလႊားေန သည္ကို ျမင္ေသာအခါ ထပ္မံနားမလည္ႏိုင္ျဖစ္ရျပန္သည္။
ဒီေလာက္အားျပင္းတဲ့ လွ်ပ္စီး သူမခႏၶာကိုယ္ကိုျဖတ္သြားတာကို ဘာလုိ႔ ဘာမွမခံစားရတာလဲ။
"မင္းတိုိ႔အရင္ကေျပာတာကို ငါမွတ္မိေသးတယ္၊ ငါတုိ႔အေမွာင္ေတာ မွာ ရွိတုန္းကေလ သူ မိုးၾကိဳးအပစ္ခံရေသးတယ္၊ သူ႔ခႏၶာကိုယ္က မိုးၾကိဳး ေဘးသင့္မႈကိုခံႏုိ္င္ရည္ရွိတယ္လုိ႔ ထင္တယ္၊ အဲလိုမ်ိဳးေၾကာင့္ပဲ မိုးၾကိဳးပစ္ တာကို သူခံႏိုင္ရည္ရွိေနတာ" ဖန္လိုင္ ခန္႔မွန္းေလသည္။
မုန္႔ဆန္းခၽြယ္သည္ စဥ္းစားၾကည့္သည္။ အက်ိဳးအေၾကာင္းသင့္ေလ်ာ္ သည့္ ေျဖရွင္းခ်က္ပင္။
ဖန္လိုင္၏ ခန္႔မွန္းခ်က္သည္ မွန္ကန္သည္။ သို႔ေသာ္ အျပည့္အဝမွန္ သည္ေတာ့ မဟုတ္။ ရွီမာယူယူသည္ မိုးၾကိဳးကို ခံႏုိင္ရည္ရွိျခင္းမဟုတ္ပဲ လွ်ပ္စီးမ်ားကို သူမခႏၶာကိုယ္အတြင္းသို႔ စုပ္ယူလုိက္ျခင္းျဖစ္သည္။
ထိပ္တန္းအဆင့္ ခရမ္းေရာင္လွ်ပ္စီးသည္ မိုးၾကိဳးသြားမ်ားကို ေပါ့ေပါ့ ပါးပါးပင္ စုပ္ယူႏိုင္သည္။
ဒီေကာင္မေလးသည္ ခုရက္ပိုင္းမ်ားတြင္ အလုပ္မ်ားေနသျဖင့္ မိုးၾကိဳး အပစ္မခံရျခင္းေၾကာင့္ သူဘာမွမစားႏုိင္ေပ။
ရွီမာယူယူသည္ သူမ၏ လွ်ပ္စီးကန္ထဲတြင္ ထိုေသးငယ္ေသာအရာ ေလး ေပ်ာ္ရႊင္စြာ ကူးခတ္ေနသည္ကို ရွင္းလင္းစြာခံစားမိရင္းႏွင့္ သူ၏ ခံစားမႈ ကင္းေသာ အက်င့္စရိုက္ကိုေတြးေနမိသည္။ သူမသည္ ထိုေကာင္ေလးကို အလိုလိုက္ထားသျဖင့္ ဂုဏ္သိကၡာမရွိေသာ ေကာင္ေလးတစ္ေယာက္ကဲ့သို႔ တိတ္တဆိတ္ခံစားမိသည္။
"ဘယ္လိုပဲျဖစ္ျဖစ္ ေဘးသင့္မႈတိမ္တုိက္ေလး မင္းကဒီတုိင္းျပည္မွာ ေနလာတာ အေတာ္ၾကာေနျပီ၊ လူေတြအသက္ေပ်ာက္ေလာက္ေအာင္ အမ်ားၾကီး ပစ္ျပီးေလာက္ျပီ ဟုတ္တယ္မလား" ရီွမာယူူယူ ေျပာလိုက္သည္။
"အင္း" ေဘးသင့္မႈတိမ္တိုက္ေလး ေျပာလိုက္သည္ "ဒါေပမဲ့ အဲလူေတြ ကို ငါမမွတ္မိဘူး၊ အဲဒါေၾကာင့္ ဘယ္ေလာက္ပစ္ခဲ့လဲဆိုတာ မသိေတာ့ဘူး"
"မင္းက ဒီေလာက္ေနရာၾကီးတစ္ခုလံုးကို တာဝန္ယူထားတာ တစ္ခ်ိန္ တည္းမွာျဖစ္တဲ့ ေဘးသင့္မႈေတြရွိမွာပဲ၊ အဲလိုက် မင္းဘယ္လိုလုပ္လဲ"
"ရွင္းပါတယ္" ေဘးသင့္မႈတိမ္တုိက္ေလး ေျပာလိုက္သည္ "ငါ့မွာ အစိတ္အပိုင္းအမ်ားၾကီးရွိတယ္၊ တစ္ေယာက္ေယာက္က မိုးၾကိဳးအပစ္ခံရ ေတာ့မယ္ဆိုတာကို အာရံုခံမိရင္ အဲလူအတြက္ ငါ့ရဲ႕ ခႏၶာကိုယ္အစိတ္အပို္င္း တစ္ခုကို ပို႔လုိက္တာပဲ"
"ဒါဆို မင္းငါ့ကိုဘယ္လိုမွတ္မိတာလဲ" အၾကိမ္အနည္းငယ္ျပီးေနာက္ တြင္ ထိုလူသည္ သူမအားမွတ္မိခဲ့သည္။
"ဟင္း ဟင္း ငါကံမေကာင္းလို႔ပဲေျပာရမား၊ မင္း ေဘးသင့္မႈနဲ႔ေတြ႕တုိင္း ငါကိုယ္တုိင္လာလုိ႔ေလ" ေဘးသင့္မႈတိမ္တိုက္ေလးသည္ သူမအား သိခြင့္ရ သည္ကို ေနာင္တရသလိုေျပာေလသည္။
"သုန္သုန္မႈန္မႈန္နဲ႔မၾကည့္နဲ႔" ရီွမာယူယူ ေျပာလုိက္သည္ "ၾကည့္ေလ မင္းက ေဘးသင့္မႈတိမ္တိုက္ျဖစ္လာတာ ဒီေလာက္ၾကာျပီ လူသားတစ္ ေယာက္နဲ႔ သူငယ္ခ်င္းမျဖစ္ဖူးဘူးမလား၊ အခု ငါနဲ႔အေပါင္းအေဖာ္ေတြျဖစ္ သြားျပီဆိုေတာ့ ဘယ္ေလာက္ေကာင္းလဲ"
"ဟင္း" ေဘးသင့္မႈတိမ္တိုက္ေလးသည္ သူ၏ ယုန္တင္ပါးေလးကို လႊဲေလသည္။
မည္သို႔ပင္ျဖစ္ေစကာမူ သူမေျပာေသာ္လည္း သူ႔စိတ္ထဲတြင္ သူမကို အသိအမွတ္ျပဳျပီးသားျဖစ္သည္။ မဟုတ္လွ်င္ ဒီေနရာတြင္ ထုိင္ေသာက္ကာ အတူစကားေျပာေနမည္မဟုတ္ေပ။
ေဘးသင့္တိမ္တိုက္ေလး၏ သက္ညွာမႈျဖင့္ မိစာၦေလးေကာင္၏ အသြင္ ေျပာင္းမႈသည္ အဆင္ေခ်ာေနသည္။ မိုးၾကိဳးမွာ အားမျပင္းသလို အားလည္း မနည္းေပ။ သူတို႔အသက္မထိခိုက္ပဲ သူတို႔၏ခႏၶာကိုယ္ႏွင့္ ကိုက္ညီေနသည္။ ၾကားထဲတြင္ အခ်ိန္အေတာ္ၾကာရပ္ေပးသျဖင့္ သူတုိ႔ကိုယ္သူတုိ႔ ျပင္ဆင္ရန္ အခ်ိန္ရၾကသည္။
ေနာက္ဆံုးမိုးၾကိဳးလံုးမ်ားအပစ္ခံရျပီးေနာက္တြင္မူ သူတို႔သည္ အရင္ ကထက္ ပိုအားေကာင္းလာသည္။ မိုးၾကိဳးလံုးမ်ားသည္ အားနည္းစြာ ပစ္ခ် ျပီးေနာက္ အဆံုးသတ္လုိက္သည္။
"မိုးၾကိဳးပစ္တာေတာ့ျပီးသြားျပီ ငါသြားေတာ့မယ္ ေနာက္တစ္ခါ ဝိုင္ေတြ မ်ားမ်ားျပင္လာခဲ့လိုက္"
ျပီးသြားျပီဟု သူမေျပာလိုက္သည္ကို ရွီမာယူယူၾကားေသာအခါ သူမ အားေျခေထာက္ႏွင့္ကန္လိုက္သလို ခံစားရျပီး ေဘးသင့္မႈတိမ္တိုက္ေပၚမွ ပ်ံ က်သြားေလသည္။
သူမ ေျမေပၚသို႔က်ေသာအခါ သူမသည္ ေဘးသင့္မႈတိမ္တုိက္ေလး အား လက္ေဝ့ရမ္းျပကာ ေျပာလုိက္သည္ "ေဘးသင့္မႈတိမ္တိုက္ေလး တာ့တာ ငါမင္းကိုလြမ္းေနမယ္ မင္းလည္း ငါ့ကိုလြမ္းေပး"
"မလြမ္းဘူး" ေဘးသင့္မႈတိမ္တိုက္ေလးသည္ သူမကို အမွန္တကယ္ ပင္ ျပန္ေျဖသည္။ သို႔ေသာ္ ထိုအေျဖသည္ တစ္စံုတစ္ခုကို ဖံုးကြယ္ထားသည့္ ပံုေပါက္သည္။
"ေနာက္တစ္ခါကို မင္းအတြက္ အေကာင္းဆံုးဝိုင္ေတြစပ္ခဲ့မယ္"
ေဘးသင့္မႈတိမ္တိုက္ေလးသည္ ေတြေဝသြားေသာ္လည္း အေဝးသို႔ ဆြဲသြားေလသည္။ သို႔ေသာ္ ရွီမာယူယူ ေျပာလုိက္သည့္စကားကို သူၾကား လုိက္သည္။
ရွီမာယူယူသည္ ေဘးသင့္မႈတိမ္တုိက္ေလးကို ပို႔လုိက္သည္။ ျပီးမွပင္ သူမသည္ သူတုိ႔ကိုစစ္ၾကည့္ရန္လာလုိက္သည္။
Unicode
အပိုင်း (၈၆၃) – ငါကပြောစကားကိုပြန်မရုတ်သိမ်းတဲ့လူတစ်ယောက်
"နည်းနည်းလောက် စာနာထောက်ထားလို့မရဘူးလား"
"မရဘူး" ဘေးသင့်မှုတိမ်တိုက်လေးသည် စိတ်ပိုင်းဖြတ်ထားသည်။
"ဒါဆို ပြီးခဲ့တဲ့တစ်ခေါက်က ဘာလို့လုပ်ပေးတာလဲ"
"လုပ်ပေးခဲ့လို့လား" ဘေးသင့်မှုတိမ်တိုက်လေးသည် ဝန်ခံရန်ငြင်းဆန် လေသည်။
"လုပ်ပေးခဲ့တယ်လေ"
"မင်းအမှတ်မှားနေတယ်"
"ဒါဆို မင်းဝိုင်ဆက်သောက်လို့မရဘူး" ရှီမာယူယူ ခြိမ်းခြောက်လိုက် သည်။
"မင်း လွန်တယ်" ဘေးသင့်မှုတိမ်တိုကလေးသည် အခြမ်းခြောက်ခံ ရသောအခါ သူမအား မျက်လုံးပြူးများဖြင့် ကြည့်လေသည်။ သူကပင် ရိုးသား သည့်အတိုင်းပင်။
"ငါက လွန်တာလား မင်းကလွန်တာလား" ရှီမာယူယူသည် သူ၏ နှဖူး ကိုပုတ်လိုက်သည် "မင်းက ငါ့ဝိုင်တွေကိုသောက်ပြီး ငါ့အတွက်ဘာမှလည်း လုပ်မပေးဘူး ဘယ်သူကဆိုးတာလဲပြောကြည့်"
"မင်း" ဘေးသင့်မှုတိမ်တိုကလေးသည် တွေဝေခြင်းမရှိပဲ လေထဲသို့ ညွှန်ပြလေသည် "မင်းက လူကိုအနိုင်ကျင့်နေတာပဲ၊ မဟုတ်ဘူး မင်းက ဘေးသင့်မှုတိမ်တိုက်ကို အနိုင်ကျင့်နေတာပဲ"
သူ ထိခိုက်နာကျင်သည်ကိုကြည့်လိုက်ရာ သူသာ မျက်ရည်ကျပါက မိုးရွာသွားနိုင်သည်။
"ကောင်းပြီ ကောင်းပြီ ငါက ဘယ်မှာမင်းကိုအနိုင်ကျင့်လို့လား၊ ငါက မင်းကိုအကူအညီလာတောင်းတာမဟုတ်ဘူးလား ငါတို့က သူငယ်ချင်းတွေ လေ၊ အဲဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်ကူညီပေးရမှာပေါ့၊ အဲဒါမင်း အတွက် လွယ်တယ်မဟုတ်ဘူးလား"
"ဟင်း" ဘေးသင့်မှုတိမ်တိုကလေးသည် ဒေါသထွက်ပြီး သူမအား မကြည့်လိုသည့်အနေဖြင့် ဘေးသို့ခေါင်းလှည့်လိုက်သည်။
"ဟူး" ရှီမာယူယူသည် သက်ပြင်းရှည်ချလိုက်သည် "အဲတော့ မင်းက ငါ့ ကိုသူငယ်ချင်းအနေနဲ့ မမြင်ဘူးပေါ့၊ ဝမ်းနည်းသွားပြီ ငါကတော့မင်းကို သူငယ်ချင်းလို့သတ်မှတ်ထားတာ၊ မင်းက အသီးဝိုင်ကြိုက်တယ်ဆိုတာ သိ တော့ မင်းအတွက် အရသာမတူတာတွေ အစုံလုပ်ခဲ့တာ၊ ငါတို့ထပ်တွေ့ရင် မင်းကိုပေးချင်လို့၊ ငါ့စိတ်က တစ်ဖက်သတ်ဖြစ်နေတယ်ထင်ပါတယ်"
"နောက်ထပ်အရသာအများကြီးရှိသေးတာလား" ဘေးသင့်မှုတိမ်တိုက် လေးသည် ချက်ချင်းပင် မျက်လုံးများ စိန်ကဲ့သို့အရောင်တောက်ကာ ရှီမာယူယူဘက် ခေါင်းလှည့်လာသည်။
"ရှိတယ်ဆိုဘာလုပ်မလို့လဲ၊ မင်းကမှငါ့ကိုသူငယ်ချင်းလို မသတ်မှတ် တာ ငါတခြားသူငယ်ချင်းတွေကိုပဲ သွားပေးလိုက်တော့မယ်" ရှီမာယူယူသည် အနည်းငယ် အသည်းကွဲသလိုပြောလေသည်။
"အဲဒါ ငါ့ကိုအရင်ပေး မမူးဆေးနဲ့ဆိုရင် အဆင်ပြေတယ် ဒါဆို ငါ မင်းကို သူငယ်ချင်းလိုသတ်မှတ်မယ်" ဘေးသင့်မှုတိမ်တိုက်လေးသည် သူမ၏ အနာ တရဖြစ်သွားသော အမူအရာကိုမြင်သောအခါ ပြောလိုက်သည်။
မျက်နှာရိပ်မျက်နှာကဲသိတဲ့ ဝိဉာဉ်လေးပါလား....
ရှီမာယူယူသည် ပို၍ဝမ်းနည်းသောပုံဖြင့် ပြုံးကာ "တကယ်လား"
"ဒါပေါ့ ငါ တိမ်တိုက်ဝိဉာဉ်က ပြောပြီးသားကိုပြန်ရုတ်မသိမ်းဘူး"
ပြောပြီးသားကိုပြန်မရုတ်သိမ်းဘူး.... အဲလိုဘာလို့မခံစားမိတာလဲ။
"အဲတော့ မင်းကတိမ်တိုက်ဝိဉာဉ်လို့ခေါ်တာလား" ရှီမာယူယူ ပြော လိုက်သည်။
"ငါကတိမ်တိုက်ဝိဉာဉ်ခေါ်တာလို့မဟုတ်ဘူး တိမ်တိုက်ဝိဉာဉ်ပဲ" ဘေးသင့်တိမ်တိုက်လေးသည် ရှင်းပြလေသည်။
"အဓိပ္ပာယ်အတူတူပဲမဟုတ်ဘူးလား"
"ဘယ်လိုလုပ်တူမှာလဲ၊ တိမ်တိုက်ဝိဉာဉ်က ငါ့နာမည်မဟုတ်ဘူး ငါက တိမ်တိုက်ဝိဉာဉ်ပဲ" ဘေးသင့်မှုတိမ်တိုက်လေးသည် ထပ်တလဲလဲပြောလေ သည် "တော်ပြီ ဝိုင်ကဘယ်မှာလဲ"
သူ စိုးရိမ်ပူပန်နေသည်ကို ရှီမာယူယူတွေ့သောအခါ ထပ်မစတော့ပေ။ သူမသည် ပြီးခဲ့သည့်တစ်ခေါက်ကထက် သုံးဆပိုများသော ဝိုင်ထုတ်ရင်းနှင့် ဆေးပုလင်းများ ကိုပါ ထုတ်ကာပြောလိုက်သည် "သေချာသိမ်းထား၊ ဒါပြီးလို့ နောက်တစ်ခါ တွေ့ရင် ဒီထက်ပိုရမယ်"
တိမ်တိုက်ဝိဉာသ်သည် သစ်သီးဝိုင်များကိုမြင်သောအခါ စိတ်လှုပ်ရှား သည်ထက်ပင် ပိုသွားသည်။ တစ်ချက်ဝေ့လိုက်သည်နှင့် တိမ်တိုက်မည်းတစ် ခုရောက်လာကာ ဝိုင်ကရားများကို သိမ်းဆည်းသွားလေသည်။ ထို့နောက် တွင် တိမ်တိုက်လေးသည် ကျေနပ်စွာပြောလေသည် "ဘေးသင့်မှုတိမ်တိုက် ကတော့ လုပ်ပြီးသွားပြီ အဲဒါကိုပြင်လို့မရတော့ဘူး၊ ဒါပေမဲ့ မိုးကြိုးကတော့ နည်းနည်းဖိလို့ရတယ်၊ ဒါပေမဲ့ ငါဘယ်လောက်လုပ်သင့်သလဲ၊ ဒီဆင့်ကဲ မိုးကြိုးဘေးသင့်မှုက ဝိဉာဉ်မိစ္ဆာတွေအတွက် အကျိုးရှိတဲ့ဟာပဲကို"
"အင်း မင်းဆုံးဖြတ်နိုင်ပါတယ် ငါတို့ကိုသေအောင်သာ မရိုက်ချနဲ့" ရှီမာယူယူ ပြုံးပြီးပြောလိုက်သည်။
သူမ ဘေးသင့်မှုတိမ်တိုက်လေးကို ပြောလိုက်သောစကားကို အောက် မှ ဝိဉာဉ်မိစ္ဆာလေးကောင်ကြားပါက သွေးအန်မိတော့မည်။
မသေအောင် ပစ်ဆိုတာက ဘာအဓိပ္ပာယ်လဲ။ သူတို့ မသန်မစွမ်းဖြစ် သွားရင် ဘယ်လိုလုပ်မလဲ။
ဟုတ်ပြီ တကယ်တော့ သူတို့မသန်မစွမ်းဖြစ်သွားရင်တောင် ကိစ္စကြီး မဟုတ်သေးဘူး။
အစတုန်းကတော့ ရှီမာယူယူသည် သူတို့ကိုကူညီချင်သည်။ သို့သော် တိမ်တိုက်ဝိဉာဉ်လေး၏ အာမခံမှုနှင့်ဆိုလျှင် သူမ မကူညီလျှင်တောင် အဆင် ပြေသည်။
သည်လိုနှင့် သူမသည် တိမ်တိုက်ဝိဉာဉ်နှင့်အတူ ဘေးသင့်မှုတိမ်တိုက် ပေါ်ထိုင်ရင်းနှင့် အသီးဝိုင်သောက်ကာ ဟိန်းသံထောင်ချီနှင့် တခြားသူများ မိုးကြိုးများနှင့် တိုက်ပွဲဖြစ်နေသည်ကို ကြည့်နေလိုက်သည်။
ဒါပေါ့... ထိုနေရာတွင်ဖြစ်ပျက်သမျှသည် ဖန်လိုင်နှင့် တခြားသူများ၏ သတိထားမိမှုကနေ ရှောင်လွှဲမရပေ။ သူမသည် ဘေးသင့်မှုတိမ်တိုက်ကို သူမဘက်ပါလာအောင် လုပ်နိုင်မည်ဟု သူတို့ဘယ်တုန်းကမှထင်ထားမိမည် မဟုတ်ပေ။ ဒီလိုစည်းဖောက်တာမျိုးနဲ့ဆိုရင် မိုးကြိုးဘေးသင့်မှုကို ဘာစိတ်ပူ စရာလိုသေးလဲ။ အဲဒါကြောင့် သူမက ဘာမှမပြင်ဆင်ထားတာကိုး။
သို့သော် သူမခန္ဓာကိုယ်တစ်လျှောက်တွင် လျှပ်စီးများပြေးလွှားနေ သည်ကို မြင်သောအခါ ထပ်မံနားမလည်နိုင်ဖြစ်ရပြန်သည်။
ဒီလောက်အားပြင်းတဲ့ လျှပ်စီး သူမခန္ဓာကိုယ်ကိုဖြတ်သွားတာကို ဘာလို့ ဘာမှမခံစားရတာလဲ။
"မင်းတို့အရင်ကပြောတာကို ငါမှတ်မိသေးတယ်၊ ငါတို့အမှောင်တော မှာ ရှိတုန်းကလေ သူ မိုးကြိုးအပစ်ခံရသေးတယ်၊ သူ့ခန္ဓာကိုယ်က မိုးကြိုး ဘေးသင့်မှုကိုခံနိုင်ရည်ရှိတယ်လို့ ထင်တယ်၊ အဲလိုမျိုးကြောင့်ပဲ မိုးကြိုးပစ် တာကို သူခံနိုင်ရည်ရှိနေတာ" ဖန်လိုင် ခန့်မှန်းလေသည်။
မုန့်ဆန်းချွယ်သည် စဉ်းစားကြည့်သည်။ အကျိုးအကြောင်းသင့်လျော် သည့် ဖြေရှင်းချက်ပင်။
ဖန်လိုင်၏ ခန့်မှန်းချက်သည် မှန်ကန်သည်။ သို့သော် အပြည့်အဝမှန် သည်တော့ မဟုတ်။ ရှီမာယူယူသည် မိုးကြိုးကို ခံနိုင်ရည်ရှိခြင်းမဟုတ်ပဲ လျှပ်စီးများကို သူမခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်ခြင်းဖြစ်သည်။
ထိပ်တန်းအဆင့် ခရမ်းရောင်လျှပ်စီးသည် မိုးကြိုးသွားများကို ပေါ့ပေါ့ ပါးပါးပင် စုပ်ယူနိုင်သည်။
ဒီကောင်မလေးသည် ခုရက်ပိုင်းများတွင် အလုပ်များနေသဖြင့် မိုးကြိုး အပစ်မခံရခြင်းကြောင့် သူဘာမှမစားနိုင်ပေ။
ရှီမာယူယူသည် သူမ၏ လျှပ်စီးကန်ထဲတွင် ထိုသေးငယ်သောအရာ လေး ပျော်ရွှင်စွာ ကူးခတ်နေသည်ကို ရှင်းလင်းစွာခံစားမိရင်းနှင့် သူ၏ ခံစားမှု ကင်းသော အကျင့်စရိုက်ကိုတွေးနေမိသည်။ သူမသည် ထိုကောင်လေးကို အလိုလိုက်ထားသဖြင့် ဂုဏ်သိက္ခာမရှိသော ကောင်လေးတစ်ယောက်ကဲ့သို့ တိတ်တဆိတ်ခံစားမိသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဘေးသင့်မှုတိမ်တိုက်လေး မင်းကဒီတိုင်းပြည်မှာ နေလာတာ အတော်ကြာနေပြီ၊ လူတွေအသက်ပျောက်လောက်အောင် အများကြီး ပစ်ပြီးလောက်ပြီ ဟုတ်တယ်မလား" ရှီမာယူူယူ ပြောလိုက်သည်။
"အင်း" ဘေးသင့်မှုတိမ်တိုက်လေး ပြောလိုက်သည် "ဒါပေမဲ့ အဲလူတွေ ကို ငါမမှတ်မိဘူး၊ အဲဒါကြောင့် ဘယ်လောက်ပစ်ခဲ့လဲဆိုတာ မသိတော့ဘူး"
"မင်းက ဒီလောက်နေရာကြီးတစ်ခုလုံးကို တာဝန်ယူထားတာ တစ်ချိန် တည်းမှာဖြစ်တဲ့ ဘေးသင့်မှုတွေရှိမှာပဲ၊ အဲလိုကျ မင်းဘယ်လိုလုပ်လဲ"
"ရှင်းပါတယ်" ဘေးသင့်မှုတိမ်တိုက်လေး ပြောလိုက်သည် "ငါ့မှာ အစိတ်အပိုင်းအများကြီးရှိတယ်၊ တစ်ယောက်ယောက်က မိုးကြိုးအပစ်ခံရ တော့မယ်ဆိုတာကို အာရုံခံမိရင် အဲလူအတွက် ငါ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုကို ပို့လိုက်တာပဲ"
"ဒါဆို မင်းငါ့ကိုဘယ်လိုမှတ်မိတာလဲ" အကြိမ်အနည်းငယ်ပြီးနောက် တွင် ထိုလူသည် သူမအားမှတ်မိခဲ့သည်။
"ဟင်း ဟင်း ငါကံမကောင်းလို့ပဲပြောရမား၊ မင်း ဘေးသင့်မှုနဲ့တွေ့တိုင်း ငါကိုယ်တိုင်လာလို့လေ" ဘေးသင့်မှုတိမ်တိုက်လေးသည် သူမအား သိခွင့်ရ သည်ကို နောင်တရသလိုပြောလေသည်။
"သုန်သုန်မှုန်မှုန်နဲ့မကြည့်နဲ့" ရှီမာယူယူ ပြောလိုက်သည် "ကြည့်လေ မင်းက ဘေးသင့်မှုတိမ်တိုက်ဖြစ်လာတာ ဒီလောက်ကြာပြီ လူသားတစ် ယောက်နဲ့ သူငယ်ချင်းမဖြစ်ဖူးဘူးမလား၊ အခု ငါနဲ့အပေါင်းအဖော်တွေဖြစ် သွားပြီဆိုတော့ ဘယ်လောက်ကောင်းလဲ"
"ဟင်း" ဘေးသင့်မှုတိမ်တိုက်လေးသည် သူ၏ ယုန်တင်ပါးလေးကို လွှဲလေသည်။
မည်သို့ပင်ဖြစ်စေကာမူ သူမပြောသော်လည်း သူ့စိတ်ထဲတွင် သူမကို အသိအမှတ်ပြုပြီးသားဖြစ်သည်။ မဟုတ်လျှင် ဒီနေရာတွင် ထိုင်သောက်ကာ အတူစကားပြောနေမည်မဟုတ်ပေ။
ဘေးသင့်တိမ်တိုက်လေး၏ သက်ညှာမှုဖြင့် မိစ္ဆာလေးကောင်၏ အသွင် ပြောင်းမှုသည် အဆင်ချောနေသည်။ မိုးကြိုးမှာ အားမပြင်းသလို အားလည်း မနည်းပေ။ သူတို့အသက်မထိခိုက်ပဲ သူတို့၏ခန္ဓာကိုယ်နှင့် ကိုက်ညီနေသည်။ ကြားထဲတွင် အချိန်အတော်ကြာရပ်ပေးသဖြင့် သူတို့ကိုယ်သူတို့ ပြင်ဆင်ရန် အချိန်ရကြသည်။
နောက်ဆုံးမိုးကြိုးလုံးများအပစ်ခံရပြီးနောက်တွင်မူ သူတို့သည် အရင် ကထက် ပိုအားကောင်းလာသည်။ မိုးကြိုးလုံးများသည် အားနည်းစွာ ပစ်ချ ပြီးနောက် အဆုံးသတ်လိုက်သည်။
"မိုးကြိုးပစ်တာတော့ပြီးသွားပြီ ငါသွားတော့မယ် နောက်တစ်ခါ ဝိုင်တွေ များများပြင်လာခဲ့လိုက်"
ပြီးသွားပြီဟု သူမပြောလိုက်သည်ကို ရှီမာယူယူကြားသောအခါ သူမ အားခြေထောက်နှင့်ကန်လိုက်သလို ခံစားရပြီး ဘေးသင့်မှုတိမ်တိုက်ပေါ်မှ ပျံ ကျသွားလေသည်။
သူမ မြေပေါ်သို့ကျသောအခါ သူမသည် ဘေးသင့်မှုတိမ်တိုက်လေး အား လက်ဝေ့ရမ်းပြကာ ပြောလိုက်သည် "ဘေးသင့်မှုတိမ်တိုက်လေး တာ့တာ ငါမင်းကိုလွမ်းနေမယ် မင်းလည်း ငါ့ကိုလွမ်းပေး"
"မလွမ်းဘူး" ဘေးသင့်မှုတိမ်တိုက်လေးသည် သူမကို အမှန်တကယ် ပင် ပြန်ဖြေသည်။ သို့သော် ထိုအဖြေသည် တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည့် ပုံပေါက်သည်။
"နောက်တစ်ခါကို မင်းအတွက် အကောင်းဆုံးဝိုင်တွေစပ်ခဲ့မယ်"
ဘေးသင့်မှုတိမ်တိုက်လေးသည် တွေဝေသွားသော်လည်း အဝေးသို့ ဆွဲသွားလေသည်။ သို့သော် ရှီမာယူယူ ပြောလိုက်သည့်စကားကို သူကြား လိုက်သည်။
ရှီမာယူယူသည် ဘေးသင့်မှုတိမ်တိုက်လေးကို ပို့လိုက်သည်။ ပြီးမှပင် သူမသည် သူတို့ကိုစစ်ကြည့်ရန်လာလိုက်သည်။