ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၆၅ (၁-၈)

2.3K 284 16
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book. : 65
Chapter. : 1 - 8
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၆၅၊ အခန္း ၁။ အရွင္နွစ္ပါးနဲ့ ေဆြးေႏြးစရာ ရွိလုိ့

ထိုေကာင္ငယ္ေလးက ေၿပာလုိက္သည့္ခ်က္ခ်င္းပင္
အနွီေယာက်ာ္း၏ ေရခဲၿပင္ပမာ ေအးခဲေနေသာ မ်က္လံုးတုိ့ မွာ အက္ကြဲလာၿပီး စိတ္ရႈပ္ေထြးမႈအရိပ္အေယာင္ေလးတစ္စ တိုးထြက္လာသည္ ။

ႏူးညံ့တယ္ .. လား ။

ရီ၀မ္၀မ္သည္လည္း တုန္လႈပ္သြားတာေၾကာင့္ ထုိေယာက်ာ္း၏မ်က္၀န္းထဲက ေၿပာင္းလဲသြားမႈ
သိသိသာသာၾကီးကုိ လြတ္သြားေလသည္ ။

စီရီဟန္နွင့္ သိပ္အေရာတ၀င္ မေနတတ္ေသာ တန္တန္သည္ တကယ္တမ္းတြင္ စီရီဟန္ကုိ သေဘာက်ေနလိမ့္မည္ဟုပင္ မထင္ထားမိၿခင္းေၾကာင့္ ရီ၀မ္၀မ္ အံ့အားသင့္ေနမိ၏ ။
တန္တန္ရဲ့အၿမင္မွာ စီရီဟန္က ႏူးညံ့တယ္တဲ့လား ။

ဟုတ္တယ္ ... သိပ္ကုိ ႏူးညံ့တယ္ ... ။

ဟုိတုန္းက စီရီဟန္က တကယ္လည္း ႏူးညံ့ခဲ့တာပဲ ... ။

သူမသည္ စိတ္ရူးေပါက္ရာအတိုင္း
ကေလးတစ္ေယာက္ကို ၿပဳစုေစာင့္ေရွာက္ေပးခဲ့ရံုသာမက
သူ ့ကုိပါ ကေလးအေဖေယာင္ ေဆာင္းခုိင္းခဲ့သည္ကို
သူက မတြန့္ဆုတ္ဘဲ လက္ခံေပးခဲ့ေလသည္ ။

တစ္ေန့တြင္ သူတုိ့ၾကား ဤကဲ့သုိ့ အဆံုးသတ္ရလိမ့္မည္ဟု
သူမ မေတြးထားခဲ့ဖူးပါေခ် ...

အရွင္နတ္ဆိုး နွင့္ ေကာင္ငယ္ေလးသည္
တစ္ေယာက္ကုိတစ္ေယာက္ စုိက္ၾကည့္ေနၾကေလသည္ ။ ရီ၀မ္၀မ္သည္လည္း တအံ့တၿသ ၿဖစ္မိကာ
လူၾကီးကိုတစ္လွည့္ ကေလးကိုတစ္လွည့္ ၾကည့္ေနမိသည္ ။

ရုပ္ရည္အားၿဖင့္ဆုိရရင္
တန္တန္သည္ သူ ့အေမဘက္ ပုိတူေပသည္ ။
နွာတံ ၊ နႈတ္ခမ္း ၊ ေမးေစ့ ၊ နဖူး ...
အားလံုးက သူမနွင့္ ပုိဆင္၏ ။

သုိ့ေသာ္ .. သူ၏မ်က္၀န္းတုိ့ကေတာ့ ...
စီရီဟန္နွင့္ အလြန္အက်ဴးပင္ ဆင္တူလြန္း၏ ...

ထုိ့ၿပင္ ထုိကေလး၏ စရုိက္နွင့္ အမူအရာတုိ့ ...
ဟုိတုန္းက တရုတ္ၿပည္တြင္ သူနွင့္စီရီဟန္ သည္
သားအဖနွင့္ ေတာ္ေတာ္ေလးတူသည္ဟုပင္ သူမ ေတြးမိခဲ့ဖူး၏ ။

ဧကႏၱ ... တန္တန္ နဲ့ စီရီဟန္ က မဟုတ္မွလြဲေရာ ... ။

သူမသည္ မွတ္ဥာဏ္ေပ်ာက္ဆံုးေနလုိ့
တန္တန္၏တည္ရွိမႈကုိ မသိေနဘူးပဲ ထားပါဦး ၊ သုိ့ေသာ္ လက္သည္တရားခံၾကီးၿဖစ္သူ စီရီဟန္သည္ကေရာ
တန္တန္ ့အေၾကာင္းကုိ အဘယ္ေၾကာင့္ မသိရသနည္း ။

သုိ့ေသာ္ မ်က္၀န္းနွင့္ စရုိက္သဘာ၀ခ်င္း
ထပ္တူဆင္ေနရံုနွင့္လည္း သားအဖၿဖစ္သည္ဟု
တထစ္ခ်ေတာ့ တြက္လို့ မရေသးပါေခ် ။

အကုန္လံုးကုိ အေသးစိတ္သာ လုိက္ၾကည့္မည္ဆုိပါက
တန္တန္သည္ ဂ်ိဘုရင္ကုိ ပုိၿပီး သံေယာဇဥ္တြယ္ေန
သည္ကုိပါ ထည့္တြက္ရေပလိမ့္မည္ ။

"ဟီးဟီးဟီး ... အရွင္ဂ်ိ ၊ အရွင္နတ္ဆိုး .. က်ြန္ေတာ္တုိ့ေတြ သက္သက္စကားေၿပာလုိ့ ရမလား ။ အရွင္နွစ္ပါးနဲ့
က်ြန္ေတာ္ တိုင္ပင္ခ်င္တာေလး ရွိလု့ိ"

ရွန္းထင္းခ်န္းသည္ တစ္ခုခုကုိ ေတြးမိသြားၿပီး
မ်က္၀န္းတို့ လႈပ္ခတ္လာကာ ထုိေယာက်ာ္းနွစ္ေယာက္ကုိ
ရယ္ေမာကာ ေၿပာလုိက္သည္ ။

မ်ိဳးႏြယ္စုၾကီးေလးခုထဲက အႏြယ္၀င္တစ္ေယာက္ ၿဖစ္သည့္ ရွန္းထင္းခ်န္းသည္ ေပါ့ေပါ့ေနေပါ့ေပါ့စား လူဗလံ တစ္ေယာက္ ၿဖစ္ေသာ္လည္း
အလြန္တရာ ခ်မ္းသာၾကြယ္၀သူ ၿဖစ္ေနတာေၾကာင့္
ဂုိဏ္းၾကီးတုိင္းက သူနွင့္ မိတ္ေဆြဖြဲ ့ခ်င္ေနသည္ခ်ည္း ။

ဂုိဏ္းကုိ ထားဘိဦး ၊ ခ်မ္းသာၾကြယ္၀ၿခင္းနတ္ဘုရားနွင့္
မသင့္မၿမတ္ ၿဖစ္လုိသူပင္ တစ္ေယာက္မွ မရွိပါေခ် ။
လူတုိင္းသည္ သူ ့အေပၚ ေလးစားမႈကုိ ၿပေပးၾကစၿမဲသာ ။

ဂ်ိရိႈ ့ရန္နွင့္ အရွင္နတ္ဆိုးလည္း ခ်ြင္းခ်က္မရွိပါေခ် ။

ဂ်ိရိႈ ့ရန္က ႏူးညံ့စြာၿဖင့္ ၿပန္ေၿဖလာသည္ ။

"ရတာေပါ့ဗ်ာ ၊ သခင္ေလး ရွန္း ေရွ့ကသြားပါ"

အရွင္နတ္ဆိုးသည္လည္း သူတုိ့ေနာက္ကေန အနားက ကလပ္ရံုေထာင့္နားကို လုိက္သြားလုိက္သည္ ။

ရီ၀မ္၀မ္ ထိုေယာက်ာ္းသံုးေယာက္ ထြက္သြားတာကုိ ၾကည့္ေနရင္း မ်က္ခံုးတုိ့ တြန့္ခ်ိဳးလာမိသည္ ။

ဒီတစ္ေခါက္ေကာ ရွန္းထင္းခ်န္း ဘာၿပသနာရွာဦးမွာလဲ ။

တန္တန္က စိတ္ပူစြာၿဖင့္ ေၿပာလာသည္ ။

"မာမီ .. အဲ့ဒီ ရွန္း က တစ္စက္ေလးမွ မေကာင္းဘူး"

တကယ္တြင္လည္း တန္တန္၏ခန့္မွန္းခ်က္မွာ မွန္ကန္ခဲ့၏ ။

ေနရာကြက္လပ္တစ္ခုကုိ ေရာက္သြားခ်ိန္တြင္ ရွန္းထင္းခ်န္းက ထိုေယာက်ာ္းနွစ္ေယာက္အား စည္းရံုးေတာ့သည္ ။

"ေရဘယ္နွပံုးလဲ ေၿပာ .. အရွင္ ဂ်ိ ၊ အရွင္နတ္ဆုိး"

"ေရဘယ္နွပံုးလဲက .." ဂ်ိရိႈ ့ရန္ ေမးၾကည့္လုိက္သလုိ ..

"သခင္ေလး ရွန္း ေၿပာေနတာ ဘာအဓိပၸာယ္လဲ" အရွင္နတ္ဆိုး၏အသံသည္လည္း ပ်ံ့လြင့္လာသည္ ။

တစ္ေယာက္သည္ ေႏြေလညင္းေလးပမာ ႏူးညံ့ေႏြးေထြးၿပီး တစ္ၿခားတစ္ေယာက္သည္ ေဆာင္းညပမာ ေမွာင္မိုက္ကာ ေအးစက္လြန္းလွသည့္တုိင္ နွစ္ေယာက္စလံုးက
တစ္ခြန္းတည္းကို ထပ္တူညီစြာ ေၿပာလာၾကေလသည္ ။

ရွန္းထင္းခ်န္း ၿပံဳးလုိက္မိ၏ ။

"ဟဲဟဲ .. ဒီလိုပါ ၊ က်ြန္ေတာ္က အၾကည့္တစ္ခ်က္ေလာက္ ၾကည့္လုိက္ရံုနဲ့တင္ အရွင္တုိ့နွစ္ေယာက္ ဘယ္လုိမိန္းမမ်ိဳးကို ၾကိဳက္လဲဆုိတာ တန္းသိေနၿပီးသား ။ ဂုိဏ္းခ်ဳပ္ ပုိင္ လုိမ်ိဳး
ရက္စက္ၿပီး ကာမပုိင္ ရွိထားခဲ့ဖူးတဲ့ မိန္းမတစ္ေယာက္က --
အရွင္တုိ့ရဲ့ အၾကိဳက္ လံုး၀ မဟုတ္ဘူး"

"ဒီလုိဆုိမွေတာ့ဗ်ာ .. အရွင္တုိ့နွစ္ေယာက္ က်ြန္ေတာ့္ကို ကူညီေပးၾကပါလား ။ အရွင္တို့နွစ္ေယာက္သာ
လိုလုိလားလားနဲ့ ေနာက္ဆုတ္ေပးမယ္ဆုိရင္
ၾကိဳက္သေလာက္ကို ေတာင္းလို့ရတယ္"

ရွန္းထင္းခ်န္း၏အေတြးသည္ကား ရိုးရွင္းလြန္း၏ ။

မိန္းမလွေလး ပိုင္ ကုိ ဒီနည္းၿဖင့္ လုိက္ပုိးတာ
မေအာင္ၿမင္မွေတာ့ ေနာက္တစ္နည္းေၿပာင္းမည္ဟုသာ ။

ငါေလးဟာ သိပ္ကုိ ဥာဏ္ေကာင္းလြန္းပါလား ။

ဂ်ိရိႈ ့ရန္ ။ "..."

အရွင္နတ္ဆိုး ။ "..."

...............................................................................

စာစဥ္ ၆၅၊ အခန္း ၂။ သူ ၾကိဳက္တဲ့ပံုစံ

"ဘယ္လုိလဲ ... အေပးအယူ ၿဖစ္တယ္မလား"
ရွန္းထင္းခ်န္းက ယံုၾကည္ခ်က္အၿပည့္ၿဖင့္ ေမးလုိက္၏ ။

"ဟားဟား ..."
ဂ်ိရိႈ ့ရန္၏မ်က္၀န္းတုိ့က ေအာက္ကို ခ်ထားၿပီး သူ၏ႏူးညံ့ေသာအၾကည့္တြင္ ရယ္ၿမဴးရိပ္
သမ္းေနေလသည္ ။

ရွန္းထင္းခ်န္း မ်က္ေတာင္မွိတ္ခတ္မွိတ္ခတ္ ၿဖစ္လာသည္ ။

"အရွင္ ဂ်ိ ဘာလို့ ရယ္ေနတာလဲ"

ဂ်ိရိႈ ့ရန္က ၿပန္ေၿဖသည္ ။

"က်ြန္ေတာ္ ဘယ္လုိမိန္းမမ်ိဳးကုိ ၾကိဳက္တယ္ဆိုတာ
သခင္ေလးရွန္းက ဘယ္လိုလုပ္ သိလဲ"

"သိတာေပါ့ ၊ အရွင့္ရဲ့အၾကိဳက္က အထက္တန္းလႊာ မိသားစု
ကေန ဆင္းသက္လာတဲ့ မိန္ကေလးပဲ ၿဖစ္ရမယ္ ။ က်က္သေရအၿဖာၿဖာရွိမယ္၊ ၿမင့္ၿမတ္မယ္ ၊
လိမ္မာယဥ္ေက်းမႈ ရွိရမယ္ ။ မ .. မဟုတ္ဘူးလား"

ရွန္းထင္းခ်န္းမွာ သံသယ ၀င္ခ်င္လာေလၿပီ ။

ဂ်ိရိႈ ့ရန္က အၿပံဳးမပ်က္ဆဲသာ ၊ သုိ့ေသာ္
ေလသံကေတာ့ လံုး၀ကုိ တည္ၾကည္ေလးနက္သြားေလၿပီ ။

"မဟုတ္ဘူး"

"...???"

ဟမ္ ... ဘာ .. ဘာကို မဟုတ္တာလဲ ။

ရွန္းထင္းခ်န္း အံ့အားအသင့္ၾကီး သင့္ေန၏ ။

"မင္း .. မင္း .. မင္းလည္း ပုိင္ဖန္းလုိ မိန္းမမ်ိဳးကို ၾကိဳက္ေနတာလုိ့ေတာ့ .. မေၿပာနဲ့ေနာ္ ။ ဒါ လံုး၀ မဆီေလ်ာ္ဘူး"

ငါ့လုိမ်ိဳး ထူးထူးဆန္းဆန္းအၾကိဳက္ ရွိေနတဲ့သူလည္း
ရွိေသးတာပဲလား ။ အဲ့လူကလည္း ႏူးညံ့ၾကင္နာတတ္တဲ့ က်က္သေရရွိတဲ့ အမ်ိဳးေကာင္းသား ဂ်ိရိႈ ့ရန္ တဲ့လား ။

သုိ့ေသာ္ ဂ်ိရိႈ ့ရန္သည္ကေတာ့ ၀န္လည္းမခံ ၊
ၿငင္းလည္းမၿငင္းဆန္ေပ ။

သူ ဒါ အသံတိတ္၀န္ခံေနတာလား ။

ေကာင္းကြာ .. သိပ္ေကာင္းကြာ ။
စိတ္ကုိ ေလ်ွာ့ထား ။

ငါ့ဘက္က တစ္ေယာက္က်န္ေနေသးတာပဲ ။

ရွန္းထင္းခ်န္းသည္ သတိၱတုိ့ကုိ မနည္းစုစည္းလိုက္ၿပီး
ရင္တမမၿဖင့္ အရွင္နတ္ဆိုးဘက္ကုိ လွည့္လုိက္သည္ ။

"အရွင္ .. အရွင္နတ္ဆိုးေရာ .. ဘယ္လုိသေဘာရလဲ"

"ေတာင္းပန္ပါတယ္ ၊ က်ြန္ေတာ္ လက္မခံနုိင္ေလာက္ဘူး"

"ဘာ .. အရွင္လည္းပဲ လက္မခံဘူးလား ၊ ဘာလုိ့လဲ"
ရွန္းထင္းခ်န္းမွာ စဥ္းစားရခက္သြား၏ ။

"အဲ့လုိသေဘာပါပဲ"
အရွင္နတ္ဆိုးက ၿပန္ေၿဖသည္ ။

ေၿပာလုိက္ၿပီးသကာလ ေအးစက္မႈတုိ့ ဖိတ္လ်ွံက်ေတာ့မလား မွတ္ရေလာက္သည့္ မ်က္၀န္းတုိ့ၿဖင့္ ဂ်ိရိႈ ့ရန္နွင့္ တစ္ေယာက္မ်က္လံုးတစ္ေယာက္ ၾကည့္လုိက္ၾကေလၿပီ ။

"ေသာက္က်ိဳးနည္း .. အဲ့လုိသေဘာပါပဲ ဆုိတာက ဘာၾကီးလဲ" ရွန္းထင္းခ်န္းမွာ ၿပိဳလဲက်မလို ၿဖစ္သြား၏ ။

ဒါလည္း ငါ ထင္ေနသလိုေတာ့ မဟုတ္ေလာက္ပါဘူးေနာ္ ။

ဒီဆရာၾကီးနွစ္ဆူစလံုး ... ဟာကြာ ေလာကၾကီးက ဘာေတြ ၿဖစ္ကုန္ၿပီလဲ ... ။

တစ္ၿခားတစ္ဖက္တြင္မူ ရီ၀မ္၀မ္သည္
ရွန္းထင္းခ်န္း ၊ ဂ်ိရိႈ ့ရန္ နွင့္ အရွင္နတ္ဆုိးတုိ့၏ စကားကုိ
မရမက နားစြင့္ေထာင္ေနေလသည္ ။ သုိ့ေသာ္လည္း ကံမေကာင္းလွစြာၿဖင့္ ေနရာမွာ ေ၀းေနလြန္းတာေၾကာင့္ သူတုိ့ေၿပာေနတာကို ဘာဆုိဘာမွ မၾကားရပါေခ် ။

ထိုအခုိက္ ... သူတုိ့အေရွ့ဘက္ကေန အုတ္အုတ္က်ြတ္က်ြတ္ အသံေတြ ေပၚထြက္လာေတာ့သည္ ။

ၿပည့္သိပ္ေနသည့္ လူအုပ္ၾကီးမွာ ခ်က္ခ်င္းပင္ ေဘးကုိ ကပ္ေပးလုိက္ၾကၿပီး လမ္းတစ္လမ္း ေပၚလာေလၿပီ ။

နန္မိသားစု၏ တံဆိပ္ပါေသာ ယူနီေဖာင္းကို
၀တ္ဆင္ထားၾကသည့္ ကုိယ္ရံေတာ္တစ္ဖြဲ ့ ။
သခင္မၾကီး နန္ ၊ စုိးရိမ္ၿခင္းကင္းေသာနန္ နွင့္ နန္လင္းလံု ။
အေစာနက သူတုိ့ကုိ တားခဲ့ေသာ အိမ္ေတာ္ထိန္း ။
အားလံုး အတူတကြ ရီ၀မ္၀မ္ ရွိရာဆီ လာေနၾကပံုမွာ သည္းၾကီးမည္းၾကီး ။

အမည္မရွိေသာနန္ပါ ပါလာၿပီး
သူ ့နံေဘးတြင္မူ မႈန္ကုတ္ေနသည့္ မ်က္နွာထားနွင့္ သက္လတ္ပိုင္းေယာက်ာ္းၾကီးတစ္ေယာက္ပါ ပါလာသည္ ။
ထုိသူမွာ အၾကီးအကဲ နန္ ၿဖစ္ဟန္တူ၏ ။

နန္မိသားစုတစ္စုလံုး လူစုံတက္စံုၿဖင့္ ေရာက္ခ်လာၿခင္း ။

ရီ၀မ္၀မ္ တစ္ခုခုေတာ့ ၿဖစ္ေတာ့မည္ကို အာရံုရမိၿပီး
မ်က္ခံုးတုိ့ ပင့္တက္သြား၏ ။

"တန္ တန္"

စုိးရိမ္ၿခင္းကင္းေသာနန္ က အေရွ့ကို ေၿပးတက္လာကာ တန္တန္ရွိရာဆီ ေၿပးလာၿပီး သူ ့ကို ဆြဲဖက္လုိက္ေလသည္ ။

ေကာင္ငယ္ေလးမွာ ရီ၀မ္၀မ္နံေဘးကေန ခြာလိုက္ရၿခင္းေၾကာင့္ မ်က္ေမွာင္အၾကဳတ္ၾကီး ၾကဳတ္ေန၏ ။

ထိုမိန္းမသည္ ဆြဲဖက္လုိက္ရံုေလာက္ႏွင့္ပင္
သူ ့ကုိ နာက်င္သြားေစေလာက္ေအာင္ကုိ အားၾကီးလြန္းလွေပသည္ ။

"ကုိယ္ရံေတာ္ေတြ ၿမန္ၿမန္ေလး အဲ့ရာဇ၀တ္သားကုိ ဖမ္းလုိက္"

စုိးရိမ္ၿခင္းကင္းေသာနန္က တင္းမာစြာၿဖင့္ အမိန့္ေပးလုိက္သည္နွင့္ ခ်က္ခ်င္းပင္ နန္ မိသားစု ကုိယ္ရံေတာ္မ်ားသည္ ရီ၀မ္၀မ္ကုိ ၀ုိင္းလုိက္ၾကေလၿပီ ။

လက္တြင္ ပတ္တီးတို့ စည္းေနွာင္ထားေသာ အိမ္ေတာ္ထိန္း
သည္ သခင္မၾကီး နန္ နွင့္ သခင္ၾကီး နန္ အေရွ့ကုိ
ေလ်ွာက္လာကာ ရီ၀မ္၀မ္ကုိ လက္ညွိဳးေငါက္ေငါက္ ထုိးၿပီး ေၿပာဆုိစြပ္စြဲေတာ့သည္ ။

"သခင္ၾကီး ၊ သခင္မၾကီး .. နန္ စံအိမ္ေရွ့မွာ ရမ္းကားသြားၿပီးေတာ့ က်ြန္ေတာ့္ကို ဒဏ္ရာအၿပင္းအထန္ ရေအာင္ လုပ္ၿပီး သခင္ငယ္ေလးကုိ ၿပန္ေပးဆြဲသြားတာ ဒီမိန္းမ"

"ပုိင္ဖန္း .. နင္ ရမ္းကားလြန္းလွေခ်လား ။ ငါ သိသားပဲ ..
နင့္မွာ င့ါအစ္ကုိနဲ့ တန္တန္နားကုိ လာကပ္ရတဲ့ အေၾကာင္း ရွိရမယ္ဆုိတာ ငါ သိေနသားပဲ ။ ငါ့အစ္ကုိက နင့္ကုိ
တအားၾကီး ယံုၾကည္လြန္းေနတာပဲ ရွက္ဖုိ့ေကာင္းတယ္ ။ ကေလးတစ္ေယာက္ကုိေတာင္မွ မညွာနုိင္ရေလာက္ေအာင္
ဘာလို့ အဲ့ေလာက္ေတာင္မွ ရက္စက္လြန္းရတာလဲ"

စုိးရိမ္ၿခင္းကင္းေသာနန္က တန္တန္ကုိ ဖက္ထားကာ
တရႈံ့ရႈံ ့ ငိုေနရာကေန ၀မ္းနည္းမႈေရာ ေဒါသပါ စြက္ကာ ေ၀ဒနာနွစ္ရပ္ကုိ တစ္ၿပိဳင္တည္း ခံစားေနရေသာ မိခင္သဖြယ္ ေဒါသတၾကီး ေအာ္ဟစ္ၿပေနသည္ ။

နန္လင္းလံုကေတာ့ သခင္မၾကီး နန္ ၏ နံေဘးတြင္သာ
ရုိရုိက်ိဳးက်ိဳး ရပ္ေနၿပီး အ၀ုိင္းခံထားရၿပီ ၿဖစ္သည့္ ရီ၀မ္၀မ္ကုိ ရႈတည္တည္ၿဖင့္ ေအးစက္စြာ ၾကည့္ေနေလသည္ ။

...............................................................................

စာစဥ္ ၆၅၊ အခန္း ၃။ သက္ညွာေပးလုိ့ မရဘူး

"တန္တန္ ... တန္တန္ အဆင္ေၿပရဲ့လား ။ ဘာၿဖစ္သြားေသးလဲ ။ ေၿမးသာ တစ္ခုခု ၿဖစ္သြားလုိ့ကေတာ့ ဘြား ရင္က်ိဳးရမွာ"

သခင္မၾကီးနန္ ခမ်ာ ေၾကာက္ရြံ ့မႈေၾကာင့္ ၿဖဴေရာ္ေနၿပီး
တန္တန္ကုိ စိုးရိမ္ၾကီးစြာ စစ္ေဆးေနသည္ ။

တန္တန္က အၿမန္ေၿပာလိုက္သည္ ။

"ဘြား .. သူ ေၿပာသလုိ မဟုတ္ဘူး ။ မာမီက က်ြန္ေတာ့္ကို နာက်င္ေအာင္ မလုပ္ပါဘူး"

သခင္မၾကီး နန္ မွာ မ်က္ခံုးတုိ့ တြန့္ခ်ိဳးေနၿပီး
သိသိသာသာကို စိုးရိမ္ေနသည္ ။
သူမသည္ ဘာတစ္ခြန္းမွ မဆုိလာေသာ္လည္း
တန္တန္ကုိေတာ့ အၿပည့္အ၀ မယံုၾကည္ေသးပါေခ် ။

အိမ္ေတာ္ထိန္း၏ လက္ေကာက္၀တ္ က်ိဳးထားၿခင္းက လီဆယ္ထားၿခင္း မဟုတ္ေနသလုိ စီစီတီဗြီတုိ့ကလည္း
ရီ၀မ္၀မ္ တန္တန္ကို အတင္းေခၚယူသြားေၾကာင္း
ၿပသေနေလသည္ မဟုတ္လား ။

သူမ၏လုပ္ရပ္သည္ကား ရမ္းကားလြန္းလွေပသည္ ။

သူတုိ့နံေဘးတြင္ စုိးရိမ္ၿခင္းကင္းေသာနန္ သည္ ယူၾကံဳးမရ
ၿဖစ္ေနဟန္ အပီအၿပင္ ။

"ေမေမ .. တန္တန္ သမီးကို ဘယ္လုိေခၚေနလဲ ၾကည့္ပါဦး ။ အခုထိေတာင္ ဘာေသြးသားမွ မေတာ္စပ္တဲ့
သူစိမ္းတစ္ေယာက္ကို မာမီ လို့ ေခၚေနတုန္းပဲ"

အိမ္ေတာ္ထိန္းကလည္း ခ်က္ခ်င္းပင္ ၀င္ေၿပာလာသည္ ။

"ပုိင္ဖန္း က်ြန္ေတာ့္ကို ဒဏ္ရာရေအာင္ လုပ္ခဲ့တာနဲ့ သခင္ငယ္ေလးကို နန္စံအိမ္ကေန အတင္းေခၚသြားတာက အမွန္တရားေတြပါ ။ အဲ့ဒါကို အခုရွိေနတဲ့ ကုိယ္ရံေတာ္ေတြအားလံုး သက္ေသခံေပးနုိင္ပါတယ္ ။
သူ ဘယ္ေလာက္ပဲ သခင္ငယ္ေလးကို လွည့္ၿဖားထား လွည့္ၿဖားထား အမွန္တရားကုိေတာ့ ၿငင္းလုိ့မရပါဘူး ။ က်ြန္ေတာ္တုိ့ေတြသာ အခ်ိန္မီ ေရာက္မလာနုိင္ခဲ့ရင္ သခင္ငယ္ေလး ၿပန္ေပးဆြဲခံရၿပီးေနာက္ပိုင္း ဘာေတြ ၿဖစ္လာမလဲဆုိတာက မေတြး၀ံ့စရာပါ"

အိမ္ေတာ္ထိန္းက အနားက ကိုယ္ရံေတာ္မ်ားကုိ ၾကည့္လုိက္သည္တြင္ ထိုကုိယ္ရံေတာ္မ်ားသည္ ခ်က္ခ်င္း အေရွ့တက္လာၾကၿပီး ၾကက္တူေရြးစာအံသည့္နွယ္ ႏႈတ္တုိက္ထားသည့္ စကားလံုးမ်ားကုိ ဆုိကာ သူ ့အေၿပာကုိ ေထာက္ခံလာၾကသည္ ။

"ေရွာင္ဖန္း .. ဘယ္လို ၿဖစ္တာလဲ"

သခင္မၾကီး နန္ သည္ ထုိမိန္းကေလးကို ၾကည့္ကာ ေမးလုိက္၏ ။ သူမသည္ သူမေလးက ဖိန့္ဖိန့္တုန္ဂုိဏ္းခ်ဳပ္ ၿဖစ္ေၾကာင္းကို သိထားေသာ္လည္း သူမေလးအေပၚတြင္ တေလးတစား ရွိဆဲပင္ ။
သုိ့ေသာ္ အခုၿပသနာက တန္တန္ နွင့္ ဆက္ႏြယ္ေနၿခင္းမုိ့ အေၿခအေနက တမ်ိဳးတမည္ ေၿပာင္းသြားရေလၿပီ ။

တန္တန္သည္ သူ ့မာမီအား တစ္ဖက္ေစာင္းနင္း စြပ္စြဲေနမႈ ၊ ေစာ္ကားေနမႈတုိ့ကုိ မည္သုိ့ သည္းခံနုိင္ပါလိမ့္မည္နည္း ။
ရီ၀မ္၀မ္ မေၿပာရေသးခင္ပင္ သူမေရွ့ ၀င္ရပ္လုိက္ကာ ကာကြယ္ေပးလာေတာ့သည္ ။

"ဘြားဘြား .. အိမ္ေတာ္ထိန္းက က်ြန္ေတာ့္ကို မေလးမစား
ဆက္ဆံလုိ့ မာမီက က်ြန္ေတာ့္ကုိ ကာကြယ္ေပးခဲ့တာပါ ။ အၿပင္ေခၚသြားေပးဖို့ကိုလည္း က်ြန္ေတာ္ကပဲ မာမီ့ကို
ေတာင္းဆုိခဲ့တာ ။ ဒါေတြက မာမီနဲ့ ဘာမွ မဆုိင္ဘူး"

ရီ၀မ္၀မ္သည္ ထိုကေလးေသးေသးေလးက
သူ ့ကုိယ္လံုးေသးေသးေလးကုိ သံုးကာ သူမေလးေရွ့
ကာကြယ္ကာ ရပ္ေပးေနပံုေလးကို ၾကည့္ရင္း
ရင္ထဲတြင္ ေႏြးေထြးမႈတို့ လိႈက္တက္လာမိေတာ့၏ ။
သူမသည္ မိသားစုနွင့္ ၿပန္လည္မေပါင္းစည္းနုိင္ေသာေၾကာင့္ ထုိအထင္လြဲမႈမ်ား ၊ စြပ္စြဲမႈမ်ားကုိ သည္းခံေပးရဦးမည္သာ ။

စုိးရိမ္ၿခင္းကင္းေသာနန္က သခင္မၾကီးနန္နွင့္
သခင္ၾကီးနန္ဘက္သို့ နာက်င္ေၾကကြဲစြာ လွည့္လုိက္ေလၿပီ ။

"ေဖေဖ .. ေမေမ .. ၾကည့္ပါဦး ၊
တန္တန္ အဲ့မိန္းမရဲ့ အယံုသြင္းခံထားရေနၿပီ"

စိုးရိမ္ၿခင္းကင္းေသာနန္သည္ တန္တန္မွာ
ရီ၀မ္၀မ္၏ အယံုသြင္းခံထားၿပီ ဆုိသည့္ စကားကုိ ပစ္သြင္းထည့္လုိက္ၿခင္းေၾကာင့္ ရီ၀မ္၀မ္အတြက္ တန္တန္ ဘယ္ေလာက္ပင္ ေၿပာေပးပါေစေတာ့ အသံုးမ၀င္ရံုသာ
ရွိေတာ့ေပမည္ ။ သူသည္ သူမကုိ ပုိကာကြယ္ေပးေလေလ သူမ၏နာမည္သာ ပိုပိုပ်က္ေလေလ ရွိေတာ့ေပမည္ ။

စိုးရိမ္ၿခင္းကင္းေသာနန္ က ထပ္ၿဖည့္ကာ ေၿပာလုိက္ေသးသည္ ။

"ေဖေဖ .. ေမေမ .. ဒီတေလာ လြတ္လပ္ေသာနယ္ေၿမမွာ မၿငိမ္းမခ်မ္း ၿဖစ္ေနလုိ့ သမီး အိမ္ေတာ္ထိန္းကို တန္တန္ကုိ ေစာင့္ေရွာက္ေပးဖုိ့ ၊ သြားခ်င္တဲ့ေနရာေတြကုိ ေလ်ွာက္မသြားခုိင္းေစဖုိ့ အမိန့္ေပးထားတာကို ေမေမတုိ့လည္း သိပါတယ္ ။ အိမ္ေတာ္ထိန္းက သူ ့အလုပ္သူ လုပ္ေနတာပါ ၊ ေပးထားတဲ့အမိန့္ကုိ နာခံရံုပါ"

"ဒါေပမယ့္ ဒီပုိင္ဖန္း က ... သူလည္း ေကာင္းေကာင္း
သိေနရဲ့သားနဲ့ ခြင့္ၿပဳခ်က္မရွိဘဲနဲ့ တန္တန္ကို ေခၚသြားေသးတယ္ ။
သူ ဘာလုပ္ခ်င္ေနလဲ ဆုိတာ ေၿပာဖုိ့ေတာင္ လုိေသးလုိ့လား"

သခင္မၾကီး နန္ မွာ တိတ္ဆိတ္သြားေလၿပီ ။
နန္လင္းလံုသည္ စုိးရိမ္ၿခင္းကင္းေသာနန္အား မသိမသာ
ၾကည့္လုိက္၏ ။

အဟက္ .. မီးထဲေတာ့ ေလာင္စာ ထပ္ထည့္ေပးလုိက္ၿပီ ။

"ေမေမ .. သူက ပုိင္ဖန္းပါ ၊ ဖိန့္ဖိန့္တုန္ဂုိဏ္းရဲ့ ဂုိဏ္းခ်ဳပ္ပါ ။ ဖိန့္ဖိန့္တုန္ဂုိဏ္း ဆုိတာက ဘယ္လုိေနရာမ်ိဳးမလုိ့လဲ ..
ပုိင္ဖန္း ဆုိတာကေရာ ဘယ္သူမို့လို့လဲ ။ လြတ္လပ္ေသာနယ္ေၿမၾကီးတစ္ခုလံုးရဲ့ နာမည္ၾကီး ရာဇ၀တ္ေကာင္ၾကီးေလ ။ ေမေမ သူ ေၿပာတဲ့စကားကုိ
ယံုမလုိ့လား .. သူ တန္တန္ ့ကုိ ၿပန္ေပးဆြဲသြားတာ
လံုး၀ သိသာေနတာၾကီးကုိ ေမေမရယ္"

"တန္တန္သာ တစ္ခုခုၿဖစ္သြားလုိ့ကေတာ့ သမီးေရာ
သမီး ဘယ္လုိ အသက္ဆက္ရွင္ရမွာလဲ ။ သမီးက အခုမွ
တန္တန္နဲ့ ေမေမတုိ့ဆီကုိ ခက္ခက္ခဲခဲနဲ့ ၿပန္ေရာက္လာရ
တာ ... သမီးရဲ့သားေလးကုိ ဘယ္သူကမွ အႏၱရာယ္ၿပဳခြင့္
မေပးနုိင္ဘူး ။ ေဖေဖ .. ေမေမ .. ဒီတစ္ေခါက္ ဒီမိန္းမကို
လံုး၀ ညွာလုိက္လုိ့ မရဘူး"

................................................................................

စာစဥ္ ၆၅၊ အခန္း ၄။ ထပ္ၿပီး ရင္းနွီးေအာင္ ၾကိဳးစားၾကည့္

စုိးရိမ္ၿခင္းကင္းေသာနန္၏ ၀မ္းနည္းပူေဆြးေနေသာ
ေဒါသၾကီးေနေသာ စကားတုိ့ကုိ ၾကားလိုက္ရၿပီးေနာက္
သခင္မၾကီးနန္ မွာ မ်က္နွာပ်က္သြားသလို သခင္ၾကီးနန္
သည္လည္း ေအးစက္ကာ ခက္ထန္လာေလၿပီ ။

သူသည္ ရီ၀မ္၀မ္ ကုိ တင္းမာစြာ ၾကည့္လုိက္ၿပီးေနာက္ စုိးရိမ္ၿခင္းကင္းေသာနန္ဆီကုိ ေလ်ွာက္သြားလုိက္သည္ ။ သူ၏သမီးေလးကို ၾကည့္လုိက္သည့္အခ်ိန္တြင္မူ
ထုိတင္းမာေနခဲ့သည့္ မ်က္နွာမွာ ခ်က္ခ်င္း ေၿပေလ်ာ့သြားေလသည္ ။

"စုိးရိမ္ၿခင္းကင္းေသာ .. မရုိင္းနဲ့ ။
သမီး ဘာမွ မစိုးရိမ္နဲ့ေတာ့ ဟုတ္ၿပီလား ။
ဒီကိစၥကုိ ေဖေဖကုိယ္တုိင္ ကိုယ္တြယ္မယ္"

"ေဖေဖ ..."

စုိးရိမ္ၿခင္းကင္းေသာနန္မွာ ရင္ထဲ ထိသြားဟန္
ေပၚလာသည္ ။

အမည္မရွိေသာနန္ကေတာ့ အေနာက္မွာ အသာေလး ၿငိမ္နားေထာင္မေနနုိင္ေတာ့ေပၿပီ ။ သူသည္ ရွဴးရွဴးရွားရွား ၿဖစ္လာေတာ့ၿပီး ေဟာေဟာဒုိင္းဒုိင္း ေၿပာလာေတာ့သည္ ။

"လခြမ္း .. စိုးရိမ္ၿခင္းကင္းေသာနန္ မင္း
ဘာေပါက္တတ္ကရေတြ ေလ်ွာက္ေၿပာေနတာလဲ ။
ဘာလဲ ရက္စက္တာ .. ဘာလဲ လာကပ္တယ္ဆုိတာက ..
ဘာလဲ ၿပန္ေပးဆြဲတယ္ဆုိတာက .. လာလာခ်ည္ေသး ။ အဲ့လုိေၿပာေၾကးဆုိ ငါက ရက္စက္ၿပီးေတာ့ ကုိယ့္တူကိုယ္ ၿပန္ၿပီး ၿပန္ေပးဆြဲဖုိ့အတြက္ သူ ့နားကုိ ကပ္ေနတာေပါ့ .. အဲ့လိုလား"

စုိးရိမ္ၿခင္းကင္းေသာနန္က အထင္လြဲခံရေလဟန္ အေနာက္ကို တုန္လႈပ္ေခ်ာက္ခ်ားစြာ ဆုတ္သြားၿပီး ေၾကာက္လန့္သလိုလုိ လုပ္ၿပလာသည္ ။

"ကုိကုိ .. ဘာလို့ အဲ့လုိမ်ိဳး ထင္ရတာလဲ ။
ညီမေလးက ကိုကို ့ကို ေၿပာေနတာမွ မဟုတ္တာ"

အမည္မရွိေသာနန္ မွာ ေဒါသေထာင္းခနဲ ထြက္သြား၏ ။
"ေအာ္ .. ငါ့ကုိ ေၿပာေနတာ မဟုတ္ဘူးလား ။ ဒါၿဖင့္ရင္ ပုိင္ဖန္းက ငါ့ရဲ့ ေသြးေသာက္ညီအစ္ကုိ ဆုိတာကို မသိတာလား .. ဒူေနတာပဲလား ။ မင္း သူ ့ကုိ သံသယ၀င္ေနတာက ငါ့ကုိ သံသယ၀င္တာနဲ့ အတူတူပဲ ။ ဘာလဲ မင္းက ငါ့ကို ထည့္တြက္စရာမလုိဘူးလုိ့ ထင္ထားတာလား"

ရီ၀မ္၀မ္သည္ အမည္မရွိေသာနန္၏ အေရွ့ကို ခုန္တက္လာၿပီး သူမဘက္ကေန မားမားမတ္မတ္ ရပ္တည္ေပးေနၿခင္းေၾကာင့္
ရင္ထဲ ရႈပ္ေထြးေနမိ၏ ။

သူမသည္ အစက ထိုအရူး အမည္မရွိေသာနန္သည္ သူမ၏အစ္ကုိရင္းခ်ာ ၿဖစ္ေနၿခင္းကုိ လက္ခံနုိင္ဖုိ့ရာ
ခဲယဥ္းလြန္းေနခဲ့၏ ။ သု့ိေသာ္ .. ထုိသူသည္ သူမကုိ
တကယ့္ကုိ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေပးေနပါလား ..

သုိ့ေသာ္လည္း သူ အခု လုပ္လုိက္တာကေတာ့ မ်ားလြန္းသြားေလၿပီ ။

သူသည္ တစ္ဖက္သားကုိ ေခ်ာက္ထဲ ဆြဲခ်တတ္မည့္
ငတံုးငအ ငဒူ ငထံု အဖြဲ ့သားသာ ၿဖစ္ေခ်ေတာ့သည္ ...

သူမ ဘယ္သူၿဖစ္ေၾကာင္းကို အမည္မရွိေသာနန္ကုိ ေၿပာၿပလုိက္လ်ွင္ သူ ယံုမွာမလြဲဧကန္ဟု ရီ၀မ္၀မ္ အစက ထင္ထားခဲ့မိ၏ ။

သုိ့ေသာ္လည္း အခုအတုိင္းဆုိ သူမ သူ ့ကို မေၿပာၿပခဲ့မိ၍သာ အေတာ္ၾကီးေတာ္ေတာ့၏ ။

ထိုသူသည္ သုိင္းပညာတြင္ တစ္ဖက္ကမ္းခတ္သည္ ဆုိသည္ဦးေတာ့ သူ ့စရိုက္ကေတာ့ ေရွ့ေနာက္ မစဥ္းစားဘဲ လုပ္တတ္လြန္းလွေပသည္ ။

သူ ့ကို အားကုိးဖုိ့ဆုိသည္က လံုး၀ကုိ မၿဖစ္နုိင္သေလာက္ပင္ ။

သူမ စီစဥ္ထားသည္ကုိ သူ မဖ်က္ဆီးပစ္လ်ွင္ပင္
အေတာ္ေလး ေတာ္လြန္းရာ က်ေနေပလိမ့္မည္ ။

ထင္ထားသည့္အတုိင္းပင္
အမည္မရွိေသာနန္က ထေၿပာလုိက္သည္နွင့္ ခ်က္ခ်င္းပင္ သခင္ၾကီး နန္ က ေဒါသေထာင္းခနဲ ထြက္သြားကာ သူ ့ေနာက္ေစ့ကုိ ေၿဖာင္းခနဲ ေဆာ္ပစ္ေတာ့သည္ ။

"ေကာင္စုတ္ေလး ... မင္း ဘယ္သူ ့ကို ေအာ္ေနတာလဲ ။
ဘယ္သူ ့ဘက္ကေန ကူေၿပာေပးေနတာလဲ ။
စုိးရိမ္ၿခင္းကင္းေသာကမွ မင္းရဲ့ ညီမအရင္းေခါက္ေခါက္ ။
မင္း ရူးေနတာလား .. သူ ့ဘက္က ထပ္ေၿပာေပးရဲ ေၿပာၾကည့္စမ္း"

အမည္မရွိေသာနန္က ေခါင္းကို ဖိထားလုိက္ၿပီး
ေဒါသတုိ့ ေစြ ့ေစြ ့ခုန္လာေလၿပီ ။

"ဟာဗ်ာ ... ဘယ္မွာ သူ ့ဘက္က ေၿပာေပးလုိ့လဲ ။
ဒီတုိင္း စကားေၿပာတာ ခါတိုင္းထက္ နည္းနည္းေလးပဲ က်ယ္သြားရံုပဲကိုု .. ေဖၾကီး နည္းနည္းေတာ့ မမ်ားလြန္း ဘူးလား ။ က်ြန္ေတာ္က ေဖၾကီးရဲ့ သားအရင္းေရာ ဟုတ္ရဲ့လား"

"ေခြးေကာင္ေလး .. ပါးစပ္ကုိ ပိတ္ထားစမ္း ။
မင္း .. ေနာက္မွ ငါနဲ့ ေတြ ့မယ္ ။ တစ္ေနကုန္တစ္ေနခမ္း လတ္လ်ားလတ္လ်ားနဲ့ ေလ်ွာက္သြားေနၿပီး ဘယ္လုိလူေတြနဲ့ မိတ္ေဆြေတြ ဖြဲ ့ဖြဲ ့လာမွန္းကို မသိဘူး"

အၾကီးအကဲ နန္ သည္ သူ၏ ငတံုးငအသားေမာင္ကုိ လ်စ္လ်ဴရႈလုိက္ၿပီး ရီ၀မ္၀မ္ကုိ ရႈတည္တည္ၿဖင့္ ၾကည့္လာသည္ ။

"ဖိန့္ဖိန့္တုန္ဂုိဏ္းခ်ဳပ္ .. ေတြ ့ရတာ ၀မ္းသာပါတယ္ ။
နန္ မိသားစု နဲ့ ဖိန့္ဖိန့္တုန္ဂုိဏ္းက အၿမဲတမ္း
ကုိယ့္လမ္းကိုယ္ပဲ သြားေနၾကတာဆုိေပမယ့္ အဲ့ဒါက
နန္ မိသားစုက ၿပသနာလာႏြယ္မွာကုိ ေၾကာက္တယ္လို့ေတာ့ မဆုိလုိဘူး ။ ဒီေန့ ၿဖစ္သြားတဲ့ကိစၥအေပၚမွာ ဂုိဏ္းခ်ဳပ္ ပုိင္ ရွင္းၿပခ်က္ေပးပါ ၊ မဟုတ္လုိ့ရွိရင္ ဂုိဏ္းခ်ဳပ္ပုိင္ ဒီကေန ထြက္သြားလုိ့ မရမွာ စုိးတယ္"

သူသည္ ေၿပာလုိက္သည္တြင္
နန္ မိသားစု၏ ကုိယ္ရံေတာ္မ်ားက ေရွ့ကုိ တက္လာၾကၿပီး
ရီ၀မ္၀မ္ကုိ ၀ိုင္းလုိက္ၾကေလၿပီ ။

အခုခ်ိန္တြင္ ရီ၀မ္၀မ္သည္ သခင္ၾကီးနန္၏ စုိးရိမ္ၿခင္းကင္းေသာနန္ကုိယ္စား ရပ္တည္ေပးေနၿခင္းကုိ နားနွင့္ဆတ္ဆတ္ ၾကားေနရၿခင္းအေပၚ မင္သက္ေနမိ ေလသည္ ။

သခင္မၾကီးနန္ နွင့္ သခင္ၾကီးနန္သည္
သူတုိ့၏သမီး စုိးရိမ္ၿခင္းကင္းေသာနန္ကုိ သဲသဲလႈပ္ေအာင္ ခ်စ္ၿမတ္နုိးၾကမွန္း သူမ အတပ္ေၿပာနုိင္၏ ။

သူမသည္ ထိုအိပ္မက္ထဲက မွတ္ဥာဏ္အပုိင္းအစတုိ့ေၾကာင့္ သူမ၏မိဘနွစ္ပါးမွာ ကြယ္လြန္တိမ္းပါးသြားၿပီဟု အၿမဲထင္ထားမိခဲ့ၿပီး မိဘနွစ္ပါးသည္ အသက္ရွင္ေနေသးကာ သူမကုိလည္း ထုိမ်ွအထိ ခ်စ္ၿမတ္နုိးမွန္း မထင္ထားမိခဲ့ပါေခ် ။

ကံမေကာင္းစြာၿဖင့္ သူမသည္ လက္ရွိအေၿခအေနမ်ိဳးတြင္
သူတို့နွင့္ ၿပန္လည္မေပါင္းစည္းနုိင္ေသးတာေၾကာင့္ ထိုအမ်က္ေဒါသကိုသာ ခံယူရဦးမည္သာ ..

ဒါေတြအားလံုးက ... နန္ လင္း လံု ေၾကာင့္ ...

ဟိုုးနွစ္ေပါင္းမ်ားစြာက သူမကိုယ္တုိင္ ကယ္တင္ေပးခဲ့ေသာ ထုိေမြးစားသမီးေၾကာင့္ ...

သူမသည္ ရန္သူကိုမွ ပ်ိဳးေထာင္ေပးခဲ့မိေလၿခင္း ။

.................................................................................

စာစဥ္ ၆၅၊ အခန္း ၅။ တစ္ခ်ိန္တည္းမွာ ေပၚလာတယ္

"ဘာလဲ .. ပုိင္ဖန္း .. နင့္မွာ ဘာမွ ေၿပာစရာ မရွိေတာ့ဘူးလား ။ ရွင္းၿပေလ .. ဘာလုိ့ တန္တန္ကုိ ၿပန္ေပးဆြဲသြားတာလဲ ။
ငါ့အစ္ကုိနဲ့ သူငယ္ခ်င္းၿဖစ္ေနတာ ဘာရည္ရြယ္ခ်က္နဲ့လဲ ဟမ္"

စုိးရိမ္ၿခင္းကင္းေသာနန္က ခက္ထန္စြာၿဖင့္
၀င္ေၿပာလာသည္ ။

အိမ္ေတာ္ထိန္း၏မ်က္၀န္းထဲတြင္ အလင္းေရာင္တစ္ခ်က္ ၿပိဳးၿပက္လာၿပီး ၀င္ေၿပာေတာ့သည္ ။

"သခင္မေလး စုိးရိမ္ၿခင္းကင္းေသာ .. ဘာေၾကာင့္ ၿဖစ္ရမွာလဲ ။ ကုိၾကီးဗိုလ္ ဆုိတာက မေကာင္းတာေတြ လုပ္လြန္းအားၾကီးလုိ့ မိစၧာမၾကီးဆုိၿပီးေတာ့ကို နာမည္ၾကီးေနတဲ့ဟာ .. သခင္ငယ္ေလးကို ၿပန္ေပးဆြဲတာက ေငြအတြက္ ၿဖစ္ရင္ၿဖစ္ ဒါမွမဟုတ္ သူ ့ေဒါသကုိ ေလာင္းခ်ဖုိ့အတြက္ ကေလးတစ္ေယာက္ကိုေတာင္ အလြတ္မေပးဘဲနဲ့ သတ္ခ်င္ေနတာပဲ ေနမွာ"

"က်ြန္ေတာ္တုိ့ေတြ လြတ္လပ္ေသာနယ္ေၿမၾကီးတစ္ခုလံုးကုိ
၀ုိင္းထားၿပီး သူတုိ့ဆီ အခ်ိန္မီေရာက္ခ်လာလို့သာ မဟုတ္ရင္ အက်ိဳးဆက္ကေတာ့ မေတြးရဲစရာပဲ"

စုိးရိမ္ၿခင္းကင္းေသာနန္က ၿဖတ္ေၿပာလုိက္သည္ ။

"ေဖေဖ ေမေမ သူနဲ့ စကားေၿပာမေနပါနဲ့ေတာ့ ၊ ခ်က္ခ်င္းဖမ္းလုိက္ ။ သမီးတုိ့ေတြ သူ ့လုိ လူဆိုးကုိ အလြတ္ေပးလုိက္လုိ့ မၿဖစ္ဘူး"

သခင္ၾကီး နန္သည္ အၿမဲတေစပင္ အလြန္အက်ဴး ကာကြယ္ေပးတတ္သူၾကီး ၿဖစ္ေပသည္ ။ ထို့ၿပင္
ပိုင္ဖန္းသည္ ဒီေန့တြင္ သူ၏ တန္ဖိုးအထားရဆံုးေသာ ေၿမးရတနာေလးကုိ ပစ္မွတ္ထားလာၿခင္းမုိ့ သူသည္
လက္ကုိ ေၿမွာက္လုိက္ကာ ကုိယ္ရံေတာ္ေတြကုိ
လုပ္စရာရွိတာ လုပ္ဖုိ့ အမိန့္ေပးလုိက္ေတာ့ေလၿပီ ။

ရီ၀မ္၀မ္ မ်က္၀န္းတုိ့ က်ဥ္းေၿမာင္းလာသည္ ။
သူမ၏မ်က္နွာထက္တြင္ အမ်က္ေဒါသ သို့မဟုတ္
ေၾကာက္လန့္ၿခင္းတုိ မရွိေနသလို ဘာမွမၿဖစ္ေနဟန္ပင္ ။

သူတုိ့၏စြပ္စြဲမႈတုိ့ကို ရီ၀မ္၀မ္ ၿပံဳးကာသာ ၿပန္ေခ်ပလုိက္၏ ။

"အဟက္ .. ငါက တန္တန္ ့ကို ၿပန္ေပးဆြဲတယ္တဲ့လား ။ ဒါဆုိရင္ သခင္မေလး နန္ က က်ြန္မရယ္ ဂ်ိရိႈ ့ရန္ ရယ္ ရွန္းမိသားစုရဲ့ အၾကီးဆံုးသခင္ေလး ရွန္းထင္းခ်န္း ရယ္ အဇူရာဂုိဏ္းက အရွင္နတ္ဆိုးရယ္ ေလးေယာက္ေပါင္းၿပီးေတာ့ တန္တန္ကုိ ၿပန္ေပးဆြဲသြားတာလုိ့ ေၿပာေနတာလား"

"ဘ..ဘာ" စုိးရိမ္ၿခင္းကင္းေသာနန္ အံ့ၿသသြား၏ ။

"နင္ ဘာစကားလဲ ။ ဒီကိစၥက ကုိကုိ ရိႈ ့ရန္ ၊
အၾကီးဆံုးသခင္ေလး ရွန္း နဲ့ အရွင္နတ္ဆုိး တုိ့နဲ့ .. ဘာဆုိင္လုိ့လဲ"

ရီ၀မ္၀မ္သည္ အမူအရာမပ်က္စြာၿဖင့္ပင္ သူမ၏ ဇာတ္လမ္းထြင္ထားၿခင္းကို ပါးပါးေလးစီ ေဖာ္ထုတ္ေတာ့ၿပီ ။

"ဒီက အိမ္ေတာ္ထိန္း ပဲ အၿပင္မွာ အႏၱရာယ္မ်ားလြန္းတယ္လုိ့ ေၿပာသြားတယ္မလား ။ ဒါေၾကာင့္မို့ က်ြန္မလည္း တန္တန္ရဲ့လံုၿခံဳေရးအတြက္ စိတ္ခ်ရေအာင္လုိ့ လူေတြ အမ်ားၾကီး ေခၚထားရတာေပါ့ ။ ဘာလဲ .. ငါ ၊ ဖိန့္ဖိန့္တုန္ဂိုဏ္းခ်ဳပ္ ၊ ဂ်ိဘုရင္ ၊ ရွန္းထင္းခ်န္း နဲ့ အရွင္နတ္ဆုိးတုိ့ ေလးေယာက္ေပါင္းၿပီး တန္တန္ကို ကာကြယ္ေပးတာက မလံုေလာက္ေသးဘူးလို့ ထင္ေနတာလား"

ထိုအေယာင္ေဆာင္ စုိးရိမ္ၿခင္းကင္းေသာနန္သည္
ေဒါသေထာင္းခနဲ ထြက္သြားေတာ့ၿပီး
ရယ္ခ်လာေတာ့သည္ ။

"ပုိင္ဖန္းရာ ပုိင္ဖန္း ... နင္က ကိုယ့္ေနရာကုိယ္ မသိဘဲ သူမ်ားၿခံကုိ ေက်ာ္တက္ခ်င္ေနတဲ့ ေခြးတစ္ေကာင္လုိ့ပဲ ငါ နင့္ကုိ ထင္ထားတာ ။ အခုေတာ့ ပါးစပ္သရမ္းတတ္ၿပီး ေပါက္လြတ္ပဲစားေတြ ေလ်ွာက္ေၿပာတတ္တဲ့သူပါ ၿဖစ္ေနတာပါလား ။ ဂ်ိဘုရင္ ၊ ရွန္းထင္းခ်န္း နဲ့ အရွင္နတ္ဆုိးက နင္နဲ့ အေဖာ္လုိက္လုပ္ေပးတယ္ .. ဟုတ္တယ္ ။ ညာခ်င္လည္း ယုတိၱရွိေအာင္ ညာစမ္းပါ"

ထိုေယာက်ာ္းသံုးေယာက္အတူရွိသည္ကုိ ၿမင္ရဖို့ပင္ ရွားပါးလြန္းလွေလရာ သံုးေယာက္ေပါင္းၿပီး ပုိင္ဖန္းကို အေဖာ္လိုက္ေပးသည္ ဆုိသည္ကေတာ့ လံုး၀ကုိ မၿဖစ္နုိင္ေခ်ဘူး မဟုတ္လား ။

ငါတို့ကိုမ်ား လမ္းေဘးက ဘာမွမသိတဲ့ ေပါက္လြတ္ပဲစားေတြမ်ား မွတ္ေနလား ။

သုိ့ေသာ္ စုိးရိမ္ၿခင္းကင္းေသာနန္ ေၿပာလုိက္သည့္အခုိက္မွာပင္ သူတုိ့အေနာက္ဘက္ကေန ေၿခသံေတြ ထြက္လာၾကသည္ ။
တခနအၾကာတြင္ စုိးရိမ္ၿခင္းကင္းေသာနန္ တရင္းတနွီး ရွိေသာ အၿဖဴေရာင္ပံုရိပ္တစ္ခုသည္ သူတုိ့ဆီကုိ တည္တည္ၿငိမ္ၿငိမ္ပင္ ေလ်ွာက္လာေနၿပီး ခါတုိင္းလုိ ႏူးညံ့ခ်ိဳသာစြာ ဆုိလာေလသည္ ။

"ဦးေလး နန္ ၊ ေဒၚေလး နန္ ဘာၿဖစ္လုိ့လဲ ။
ဘာလုိ့ အရမ္းစိတ္ဆုိးေနၾကတာလဲ"

ဂ်ိရိႈ ့ရန္ ပါလား ။

ရီ၀မ္၀မ္၏အေရွ့ ေၿခလွမ္း၀က္အလုိတြင္ ရပ္လုိက္ေသာ ထုိေယာက်ာ္းသည္ သိသိသာသာကုိ
ကာကြယ္ေပးလုိဟန္က အၿပည့္ ။

ဂ်ိဘုရင္၏ တုိက္တုိက္ဆုိင္ဆုိင္ ေပၚလာၿခင္းေၾကာင့္ စုိးရိမ္ၿခင္းကင္းေသာနန္နွင့္ တၿခားသူမ်ား အံ့အားသင့္မိသြားၾကခ်ိန္ ပန္းေရာင္အက်ီၤကုိ ၀တ္ဆင္ထားသည့္ ေယာက်ာ္းတစ္ေယာက္နွင့္ အနက္ေရာင္၀တ္စံုကို ၀တ္ဆင္ထားသည့္ ေယာက်ာ္းတစ္ေယာက္သည္လည္း သူတုိ့ဆီကုိ ေလ်ွာက္လာေနသည္ကုိ ေတြ ့လုိက္ရ၏ ။

ပန္းေရာင္၀တ္စံုနွင့္ ေယာက်ာ္းသည္ ရွန္းထင္းခ်န္း ၿဖစ္ၿပီး ေနာက္တစ္ေယာက္ .. ေနာက္တစ္ေယာက္မွာ ..
အ ရွင္ နတ္ ဆိုး ။

စုိးရိမ္ၿခင္းကင္းေသာနန္သည္ ရွန္းထင္းခ်န္း နွင့္ အထူးသၿဖင့္ အရွင္နတ္ဆိုးကုိ ထိတ္လန့္စြာၿဖင့္ ေငးၾကည့္ေနသည္ ။

သူမသည္ အရွင္နတ္ဆိုးကုိ ရွန္းထင္းခ်န္း၏ပြဲေတာ္တုန္းက တစ္ၾကိမ္သာ ေတြ ့ဖူးခဲ့ေသာ္လည္း လံုး၀ လူမမွားပါေခ် ။

ထုိလူသံုးေယာက္သည္ ... တကယ္ၾကီး တစ္ခ်ိန္တည္းမွာ ထြက္ေပၚလာတယ္တဲ့လား ... ။

တစ္ခ်ိန္လံုး စကား၀င္မေၿပာဘဲ တိတ္တဆိတ္သာ ရွိေနခဲ့သည့္ နန္လင္းလံုက ထိုသံုးေယာက္ကုိ ၿမင္လုိက္သည္တြင္ မ်က္လံုးတုိ့ ၀င္းပသြားၿပီး ႏူးညံ့စြာ ဆုိလာေတာ့သည္ ။

"ကုိကုိ ရိႈ ့ရန္ ... ကုိကုိ ေရာက္လာတာ အေတာ္ပဲ ။ ဒီမွာေလ
ပုိင္ဖန္းက တန္တန္ ့ကုိ ၿပန္ေပးဆြဲသြားၿပီးေတာ့ ၿပန္မေပးဆြဲဘူး ေၿပာေနတယ္ ၊ ၿပီးေတာ့လည္း ေၿပာေသးတယ္"

................................................................................

စာစဥ္ ၆၅၊ အခန္း ၆။ ရယ္ရလြန္းလုိ့ ေသေတာ့မွာပဲ

ဂ်ိရိႈ ့ရန္က ေမးလိုက္သည္ ။
"ဘာေၿပာလုိ့လဲ"

စိုးရိမ္ၿခင္းကင္းေသာနန္က ခ်က္ခ်င္း မဲ့ရြဲ ့ကာ ဆုိလာသည္ ။
"ပုိင္ဖန္းကေလ သူက ကုိကုိရိႈ ့ရန္ ၊ သခင္ေလး ရွန္း တို့နဲ့ အတူတူ ရွိေနတာပါလို့ ေၿပာေနတယ္ .. ၿပီးေတာ့ အရွင္နတ္ဆိုး လည္း ပါေသးတယ္တဲ့ ။ ဘယ္လုိလုပ္ ၿဖစ္နုိင္မွာလဲ ေနာ္ ကိုကုိရာ"

ဂ်ိရိႈ ့ရန္သည္ ႏႈတ္ခမ္းထက္တြင္ အၿပံဳးေလး ၿဖစ္တည္လာၿပီး ရီ၀မ္၀မ္ကို ၾကည့္လုိက္ကာ ေၿဖလိုက္သည္ ။

"ဂုိဏ္းခ်ဳပ္ ပုိင္ က ဒီေန့ ငါတုိ့နဲ့ အတူ ရွိေနတာ ဟုတ္တယ္"

အေယာင္ေဆာင္ စုိးရိမ္ၿခင္းကင္းေသာနန္၏ မ်က္နွာထက္တြင္ ခ်က္ခ်င္း မယံုၾကည္နုိင္မႈတုိ့ ၿပည့္လ်ွမ္းတက္လာေတာ့သည္ ။

"ဘယ္လုို .. ဘယ္လိုလုပ္ ၿဖစ္နုိင္မွာလဲ"

ရွန္းထင္းခ်န္းက သူတုိ့အေနာက္ကေန တုိးထြက္လာသည္ ။
"ဘာလုိ့ မၿဖစ္နုိင္ရမွာလဲ ။ ဂုိဏ္းခ်ဳပ္ ပုိင္ နဲ့ ဒီကေလးေလးက တစ္ခ်ိန္လံုး ငါတုိ့နဲ့ အတူ ရွိေနတာ .. ငါတုိ့လည္း အေပ်ာ္ၾကီးေပ်ာ္ေနၾကတာကုိ .. မ်က္စိတစ္မွိတ္ေလး
အတြင္းမွာ ငါတုိ့က ဘယ္လုိလုပ္ၿပီးေတာ့ ၿပန္ေပးဆြဲသမား ေတြ ၿဖစ္သြားရတာလဲ"

"ၿပန္ေပးဆြဲတယ္ ... ဟုတ္လား ။ ရွိၾကီးခုိးပါရဲ့ကြာ .. ဒီကေလးက ငါတုိ့နဲ့ ရွိေနမွေတာ့ ဘာၿဖစ္စရာ အေၾကာင္း ရွိမွာလဲ ။
ငါတုိ့ရွိတာေတာင္ လုပ္ရဲလုိ့ကေတာ့ အဲ့ေကာင္ကုိ ေရႊေခ်ာင္းတုိ့နဲ့ကုိ ဖို့သတ္ပစ္လုိက္ဦးမယ္"

ေနာက္ဆံုးေသာ ရာဇ၀တ္မႈထဲ ပါေနသူ တစ္ေယာက္ ၿဖစ္သည့္ ... အရွင္နတ္ဆုိး အလွည့္သာ ...

ရီ၀မ္၀မ္သည္ ဂ်ိရိႈ ့ရန္ နွင့္ ရွန္းထင္းခ်န္းက သူမနွင့္ ပူးပူးေပါင္းေပါင္း လုပ္ေပးမည္ဆုိတာကို ယံုၾကည္မႈအၿပည့္ ရွိပါေသာ္လည္း အရွင္နတ္ဆိုး က်ေတာ့ ...

ရီ၀မ္၀မ္ ထိုေယာက်ာ္းအား တိတ္တိတ္ေလး ၿပံဳးလုိက္ရင္း
မသိမသာ ေတာင္းဆိုမိ၏ ။

ေက်းဇူးၿပဳၿပီးေတာ့ ပူးေပါင္းေပးပါေနာ္ .. ဆရာၾကီး ။

ထုိေယာက်ာ္းသည္ သူမေလး၏အၿပံဳးေလးကို ၿမင္ေတြ ့လုိက္ရခ်ိန္တြင္ မ်က္၀န္းထဲ ခ်က္ခ်င္း လင္းလက္သြားၿပီး တမုဟုတ္ခ်င္းပင္ သူမအၾကည့္ကုိ ေရွာင္လႊဲပစ္လိုက္သည္ ။

သူသည္ ေခါင္းတစ္ဖက္ကို လွည့္သြားၿပီး
အမူအရာကင္းမဲ့စြာၿဖင့္ တိတ္ဆိတ္စြာသာ ေနေနေလသည္ ။
သူသည္ သူမကို မေဖာ္သလို တိတ္တိတ္ဆိတ္ဆိတ္သာ ေနၿခင္းေၾကာင့္ ဂ်ိရိႈ ့ရန္ နွင့္ ရွန္းထင္းခ်န္းတုိ့၏ အလိမ္စကားကုိ ေထာက္ခံလုိက္သကဲ့သုိ့နွယ္ ၿဖစ္သြား၏ ။

ဒီလုိကိစၥထဲ သူ ၀င္စြက္ဖက္ခ်င္စရာ အေၾကာင္းလည္း တကယ္မရွိပါေခ် ။ ထုိ့အတူ သူတုိ့ကုိ စကားေၿပာဖို့လည္း စိတ္မပါပါေခ် ။

ဂ်ိရိႈ ့ရန္ ၊ ရွန္းထင္းခ်န္း နွင့္ အရွင္နတ္ဆိုးတုိ့ တစ္ၿပိဳင္တည္း ေပၚလာၾကလိမ့္မည္ဟု မထင္မိထားၾကသည့္ နန္မိသားစုမွာ
ဘာမွ မတံု ့ၿပန္နုိင္ဘဲ ပါးစပ္အေဟာင္းသား ၿဖစ္ေနမိၾက၏ ။

နန္လင္းလံုသည္ကေတာ့ မ်က္ေမွာင္ၾကီး တြန့္ခ်ိဳးေနေလၿပီ ။

စုိးရိမ္ၿခင္းကင္းေသာနန္က လက္သင့္မခံနုိင္စြာ ေၿပာလာေတာ့သည္ ။
"ဘယ္လုိလုပ္ ၿဖစ္နုိင္မွာလဲ ... သူ တန္တန္ ့ကို ၿပန္ေပးဆြဲခ်င္ေနတာ ဒီေလာက္အသိသာၾကီးကုိ .."

"အာ ..." သခင္ၾကီးနန္ နွင့္ သခင္မၾကီးနန္ မွာ ကိစၥက ဒီလုိတေၿပာင္းတၿပန္ေတြ ၿဖစ္လာလိမ့္မည္ဟု မထင္ထားမိတာေၾကာင့္ မေရမရာ ဇေ၀ဇ၀ါ ၿဖစ္လာၾကေတာ့သည္ ။

အမည္မရွိေသာနန္က ခ်က္ခ်င္း ၀င္မာန္ေတာ့သည္ ။
"ေၿပာစမ္းပါ .. ဆက္ေၿပာ ။ ငါ့ရဲ့ညီမက တန္တန္ကုိ ၿပန္ေပးဆြဲပါတယ္လုိ့ ေၿပာေလ ။ ေနဦး မဟုတ္ေသးဘူး င့ါရဲ့ညီမေလးက လြတ္လပ္ေသာနယ္ေၿမရဲ့ အရွင္ဂ်ိ ၊ မ်ိဳးႏြယ္စုၾကီးေလးစုရဲ့ အေမြဆက္ခံသူေလာင္းလ်ာ ရွန္းထင္းခ်န္း နဲ့ အဇူရာဂုိဏ္း ရဲ့ အရွင္နတ္ဆိုးတုိ့နဲ့ ေပါင္းၿပီး တန္တန္ကုိ ၿပန္ေပးဆြဲသြားတာ လို့ ေၿပာရမွာ ။ ဟားဟားဟား .. ရယ္ရတယ္ကြာ ။ ရယ္ရလြန္းလို့ အူတက္ေသေတာ့မွာပဲ"

စုိးရိမ္ၿခင္းကင္းေသာနန္ နွင့္ အိမ္ေတာ္ထိန္း၏ မ်က္နွာမွာ ၿဖဴေလ်ာ္လာၾကသည္ ။

ဂ်ိရိႈ ့ရန္ နွင့္ ရွန္းထင္းခ်န္းတုိ့ကုိ ထားဘိဦး ။
အရွင္နတ္ဆိုးသည္ သုိင္းပညာအစည္းအရံုးကပင္
သတိၾကီးၾကီးနွင့္ ဆက္ဆံရသူ ၿဖစ္ေခ်သည္ ။ သုိ့ေသာ္ ကေလးတစ္ေယာက္ကုိ ၿပန္ေပးဆဲြတာလုိ လုပ္ရပ္မ်ိဳးကုိ
သူ လုပ္စရာ ဘာအေၾကာင္းမွ မရွိပါေခ် ။

နတ္ဆုိးကုိ သြားၿပီး ၿပန္ေပးဆြဲသမားဟု ေၿပာၿခင္းက လာေနာက္ေနၿခင္းလား ။

အေယာင္ေဆာင္ စုိးရိမ္ၿခင္းကင္းေသာနန္ မွာ သံသယတုိ့ ၿဖစ္တည္လာေတာ့သည္ ။

"ဒါေပမယ့္ ကုိကုိ ရိႈ ့ရန္ ၊ သခင္ေလး ရွန္း ၊ အရွင္နတ္ဆိုး .. ရွင္တုိ့သံုးေယာက္က ဘာလို့ အတူရွိေနတာလဲ"

ေအးစက္သည့္ မ်က္နွာထားၿဖင့္ တိတ္ဆိတ္စြာသာ ေနေသာ အရွင္နတ္ဆိုးက ရုတ္ၿခည္းပင္ ထေၿပာလာေတာ့သည္ ။

"ငါ ဘယ္သူနဲ့ ရွိရွိ မင္းကုိ ရွင္းၿပေနစရာ လုိလား"

"အဲ ..." စုိးရိမ္ၿခင္းကင္းေသာနန္ခမ်ာ ဆြံ ့အသြား၏ ။

အနွီေယာက်ာ္း၏ ေမာက္မာလြန္းေသာ ေၾကာက္ခမန္းလိလိ ၿဖစ္လြန္းေသာ အၾကည့္တစ္ခ်က္ေၾကာင့္ သူမကုိယ္သူမ ဘာမွမဟုတ္သည့္ ပုရြက္ဆိတ္တစ္ေကာင္လုိ ခံစားမိလိုက္ၿပီး ေက်ာတစ္ေလ်ွာက္တြင္ စိမ့္ခနဲ ၿဖစ္သြားရ၏။

သူသည္ကား အမွန္ပင္ အရွင္နတ္ဆုိး ပီသပါေပသည္ ...
စကားတစ္ခြန္းသာ ေၿပာရေသးသည္ ။ ထုိတစ္ခြန္းကပင္
ထုိမ်ွထိ ေၾကာက္မက္ဖြယ္ေကာင္းလြန္းေနေပသည္ ။

ရွန္းထင္းခ်န္းကေတာ့ အရွင္နတ္ဆိုး အခုလို ေၿပာလုိက္ခ်ိန္တြင္ အလြန္ပင္ မိမိုက္ခန့္ညားလြန္းသည္ဟု ေတြးမိသြားကာ
ခ်က္ခ်င္း ေခါင္းညိတ္ၿပီး ၀င္ေၿပာလာေတာ့သည္ ။

"ဟုတ္တယ္ ဟုတ္တယ္ ဟုတ္တယ္ အရွင္နတ္ဆိုး ေၿပာတဲ့အတုိင္းပဲ"

ဂ်ိရိႈ ့ရန္ကလည္း ၿပန္ေၿဖလာသည္ ။
"ဂိုဏ္းခ်ဳပ္ပုိင္က တန္တန့္ကုိ ေခၚလာၿပီး က်ြန္ေတာ့္ကုိ လာေတြ ့တာပါ .. လမ္းမွာ သခင္ေလး ရွန္း နဲ့ အရွင္နတ္ဆုိးကုိ ေတြ ့တာနဲ့ အတူေလ်ွာက္လည္ၿဖစ္သြားတာပါ"

ရွန္းထင္းခ်န္းသည္ ဂ်ိရိႈ ့ဘက္ကုိ လွည့္လုိက္ၿပီး
ဂ်ိရိႈ ့ရန္ ေၿပာသြားတာလည္း အဓိပၸာယ္ရွိသည္ဟု
ေတြးမိသြားၿပန္ သည္ ။
"ဟုတ္တယ္ ဟုတ္တယ္ ဟုတ္တယ္ အရွင္ဂ်ိ ေၿပာသလုိပဲ"

ရီ၀မ္၀မ္ ဆံြ ့အစြာၿဖင့္ ရွန္းထင္းခ်န္းကုိ ၾကည့္မိ၏ ။ "..."

အသိဥာဏ္မရွိသူက တကယ္ေၾကာက္စရာေကာင္းတာပဲ ...

အသိဥာဏ္ရွိတဲ့သူ နွစ္ေယာက္ ရွိေနေသးလုိ့သာ ေတာ္ပါေသးရဲ့ ...

..................................................................................

စာစဥ္ ၆၅၊ အခန္း ၇။ မာမီက သူစိမ္း မဟုတ္ဘူး

အေၿခအေနသည္ကား သိသာရွင္းလင္းလာေခ်ၿပီ ။
လူတစ္ေယာက္ထဲက ေၿပာၿခင္းဆုိ သံသယ၀င္လုိ့ ရေပမည့္
အခုေတာ့ ဂ်ိရိႈ ့ရန္ ၊ ရွန္းထင္းခ်န္း နွင့္ အရွင္နတ္ဆုိးတုိ့က
ထပ္တူညီစြာ ေၿပာလာၾကၿခင္း ၿဖစ္ေလရာ
ပုိင္ဖန္း ညာေနၿခင္း မၿဖစ္နုိင္ေတာ့ေပ ။

ဒီဆရာၾကီးသံုးေယာက္က ပုိင္ဖန္းဘက္ကေန တမင္ မွားယြင္းစြာ ထြက္ဆုိေပးၾကတာ ၿဖစ္ေနရင္ေရာ .. ။

ထိုသည္ကလည္း လံုး၀ကို ယုတိၱမတန္ေပ ။

ထို့ေၾကာင့္ စုိးရိမ္ၿခင္းကင္းေသာနန္ နွင့္ ထုိယံုၾကည္ခ်က္အၿပည့္ ရွိေနေသာ အိမ္ေတာ္ထိန္းမွာ လံုး၀ကုိ ၿပန္မၿငင္းနုိင္ေတာ့ေပ ။

နန္လင္းလံုု၏ က်ဥ္းက်ံဳ့ေနသည့္မ်က္၀န္းတုိ့မွာ ေအးစက္လာေလၿပီ ။ သုိ့ေသာ္ တခနအတြင္းပင္ ၿပန္လည္ တည္ၿငိမ္သြား၏ ။ သူမက ၿပံဳးလုိက္ၿပီး အေၿခအေနကို ၀င္ဖ်န္ေၿဖေပးလာေတာ့သည္ ။

"ဒီလိုဆုိရင္ နားလည္မႈ လြဲသြားတာေပါ့ ။
အားလံုးလည္း ဘာမွမွ မၿဖစ္ၾကတာ ရၿပီ ။
ဂုိဏ္းခ်ဳပ္ ပုိင္ ... စုိးရိမ္ၿခင္းကင္းေသာက ခုနက တန္တန့္ကုိ စုိးရိမ္လြန္သြားလုိ့ပါ .. ဂုိဏ္းခ်ဳပ္ရဲ့ နာမည္ကလည္း တကယ့္ကို ... အဟင္း ... ဂုိဏ္းခ်ဳပ္ စိတ္ထဲ မထားဘူးမလား"

ရီ၀မ္၀မ္ ရြဲ ့ၿပံဳးၿပံဳးလုိက္၏ ။

အဟက္ ... နန္လင္းလံု ဒီေလာက္အၾကာၾကီး ပုန္းေနနုိင္တာ မအံ့ၿသေတာ့ဘူး --စကားတစ္ခြန္းေလာက္နဲ့ အေကာင္းကုိ အဆုိး အဆိုးကို အေကာင္း ၿဖစ္ေအာင္ ေၿပာနုိင္စြမ္း ရွိေနတာပဲ ။

"သြားေသလုိက္ပါလား .. ၀မ္၀မ္က တန္တန္ ေပ်ာ္ရေအာင္လုိ့ အၿပင္ကို ေခၚသြားေပးတာကို အခုေတာ့ မ်က္နွာပ်က္စရာေတြ ၿဖစ္ကုန္ၿပီ ။
အခုမွလာၿပီး ဘာ .. အထင္လြဲသြားလို့ .. ဟုတ္လား"

အမည္မရွိေသာနန္က ေဒါသတၾကီး ေမးခြန္းထုတ္၏ ။

ရီ၀မ္၀မ္၏ရင္ထဲ ထိခတ္သြားရသည္ ။

"သခင္ေလးရွန္းဆီကေန သင္ထားစမ္းပါ ။
ေတာင္းပန္ရင္လည္း အနည္းဆံုး ေရႊေခ်ာင္းေတာ့ ေပးဦးမွေပါ့" အမည္မရွိေသာနန္က ထပ္ၿဖည့္ေၿပာသည္ ။

ရီ၀မ္၀မ္ ။ "..."

အေစာနက ရင္ထဲ ထိမိသြားသည္တုိ့ပင္ ဘယ္ဆီေရာက္သြားမွန္း မသိေတာ့ ...

သခင္မၾကီးနန္ က မည္းပုတ္ေနသည့္ မ်က္နွာၿဖင့္ သူမသားကုိ စိတ္မၾကည္စြာ ၾကည့္လုိက္ေတာ့၏ ။

"တိတ္တိတ္ေနစမ္း"

သခင္မၾကီးနန္သည္ မ်က္နွာထက္တြင္ အားတံု့အားနာ ၿဖစ္ကာ ရီ၀မ္၀မ္ဘက္သိ့ု လွည့္လာသည္ ။

"ေတာင္းပန္ပါတယ္ ေရွာင္ဖန္း"

ရီ၀မ္၀မ္သည္ အစကေတာ့ ဟန္ေဆာင္ကာ
တစ္ခုခု ေၿပာဦးမလုိ့ပင္ ၊ သုိ့ေသာ္ တကယ္တမ္း သူမ ေၿပာလာသည္တြင္ သူမလည္း ရင္ထဲမွာ နာက်င္၀မ္းနည္း လာရ၏ ။

"ေမြးစားေမေမ ရပါတယ္ .. ေမေမတုိ့အားလံုးက တန္တန္ကုိ စိတ္ပူလုိ့ ၿဖစ္သြားတာပဲကုိ"

သခင္မၾကီး နန္ သည္ ထုိေကာင္မေလး၏ မ်က္လႊာေလး
ခ်ကာ ၀မ္းနည္းရိပ္ သမ္းေနပံုေလးကုိ ၿမင္လုိက္ၿပီး
ရင္ထဲမွာ ၿပင္းထန္စူးရွစြာ နာက်င္လာရေတာ့၏ ။

ကိစၥက ဒီေလာက္အထိ ေရာက္လာလိမ့္မည္ဟု ထင္မထားမိသည့္ စုိးရိမ္ၿခင္းကင္းေသာနန္ကေတာ့ လက္သီးကုိ က်စ္က်စ္ပါေအာင္ ဆုပ္မိထားေလၿပီ ။

တခနအၾကာတြင္ အေယာင္ေဆာင္ စုိးရိမ္ၿခင္းကင္းေသာနန္၏ မ်က္နွာထက္တြင္ အဆိပ္အေတာက္အားလံုးတုိ့မွာ ၿပယ္လြင့္သြားေတာ့ၿပီး နာက်င္ဟန္ေလး ေပၚလာေတာ့သည္ ။

"ဒါေတြအားလံုးက သမီးအမွားေတြပါ ... သမီးသာ
အေမတစ္ေယာက္ တာ၀န္ကို ေက်ပြန္ခဲ့ရင္
ဒီေန့ ဒီလုိကိစၥေတြ ၿဖစ္လာမွာ မဟုတ္ဘူး ...
သမီး ၿပန္ေရာက္လာတာ အၾကာၾကီး ရွိေနေပမယ့္ ...
တန္တန္က အခုထိ သမီးကို လက္မခံနုိင္ေသးတုန္းပဲ"

အိမ္ေတာ္ထိန္းက ခ်က္ခ်င္းပင္ ရီ၀မ္၀မ္ကို စူးစူးရဲရဲ ၾကည့္ကာ ၀င္ေၿပာလာသည္ ။
"ဒါက သခင္မေလး စုိးရိမ္ၿခင္ကင္းေသာ ရဲ့ အမွားေၾကာင့္
မဟုတ္ပါဘူး ။ သခင္မေလးက သခင္ငယ္ေလးရဲ့ အေမအရင္း ဆုိေပမယ့္ ဘာမွေသြးမေတာ္ သားမစပ္တဲ့လူက သခင္မေလးတုိ့ ၾကားထဲ ၀င္လာၿပီးေတာ့ သခင္ငယ္ေလးနဲ့ ေန့တုိင္း တရင္းတနွီး ေနေနလိ့ု ၿဖစ္ရတာ ။ သူ ့မွာ အၾကံအစည္ေတြ ရွိေနတာပဲ ၿဖစ္ရမယ္"

"က်ြန္ေတာ္ေတာ့ၿဖင့္ ဖိန့္ဖိန့္တုန္ဂုိဏ္းက ကိုၾကီးဗိုလ္ က
အရမ္းကုိ စိတ္ရွည္ၿပီး ကေလးေတြကုိ သိပ္ခ်စ္တတ္တယ္လုိ့ တစ္ခါေတာင္ မၾကားဖူးဘူး"

သခင္မၾကီး နန္က သက္ၿပင္းခ်သည္ ။

ထိုသမီးေလးကုိ တုန္ေနေအာင္ ခ်စ္ၾကသည့္ သူတုိ့သည္လည္း သူတုိ့သမီးေလးသည္
ေန့စဥ္ေန့တုိင္း သားၿဖစ္သူ ၊ သူတုိ့၏ ေၿမးေလး ၿဖစ္သူနွင့္ အဆင္မေၿပၿဖစ္ေနၿခင္းအေပၚတြင္ ရင္နာၾကရသည္ခ်ည္း
ၿဖစ္ေလသည္ ။

အိမ္ေတာ္ထိန္း၏ အေၿပာအဆုိကုိ နန္လင္းလံု အေတာ္ေလး စိတ္ေက်နပ္မိသြား၏ ။ သူမသည္ တန္တန္ကုိ ၾကည့္လုိက္ၿပီး ႏူးညံ့စြာၿဖင့္ ဆုိလုိက္သည္ ။

"တန္တန္ ... ဒုတိယ မမ က သားရဲ့ေမေမအရင္းေလ ..
သား ဘာလုိ့ ကုိယ့္အေမထက္ သူစိမ္းကို ပုိခင္တြယ္ေနရတာလဲ ။ သားေၾကာင့္ သားေမေမ ဘယ္ေလာက္ရင္နာရလဲ သိရဲ့လား"

ခပ္ေပါ့ေပါ့သာ ၾကည့္မည္ဆုိရင္ နန္လင္းလံုသည္ တန္တန္အား အေဒၚတစ္ေယာက္က ဆံုးမေနသည့္သဖြယ္ ဆံုးမစကား ဆုိေနၿခင္းသာ ။ သုိ့ေသာ္ ေလးေလးနက္နက္ ၾကည့္မည္ ဆုိရင္ေတာ့ တန္တန္သည္ ကုိယ့္မိသားစုထက္ အၿပင္သူစိမ္းကို ေရြးခ်ယ္ကာ သူခုိးအားေၿမွာက္ လုပ္ေနၿခင္း ဟု ေၿပာေနၿခင္းသာ ။

ထိုသည္ကို ၾကားလုိက္ၿပီး တန္တန္၏မ်က္နွာမွာ တင္းမာလာေလၿပီ ။

ရီ၀မ္၀မ္၏အေရွတြင္ ရွိေနခဲ့သည့္ ထိုေတာက္ပရႊန္းစားေသာ ခ်စ္စရာအတိ ေကာင္းလွေသာ မ်က္၀န္းေလးတုိ့သည္ ေႏြးေထြးမႈအားလံုး ေပ်ာက္ကြယ္ကာ ေအးစက္ၿခင္း အတိ ၿဖစ္လာေလၿပီ ။ သူက ေမာ့ၾကည့္လုိက္ၿပီး တစ္ခြန္းခ်င္း တစ္ခြန္းခ်င္းကုိ ၿပတ္ၿပတ္သားသား ဆုိလိုက္၏ ။

"ခင္ဗ်ားမွာ က်ြန္ေတာ္တုိ့ နန္ မိသားစုကိစၥထဲ ၀င္ေၿပာဖို့ အခြင့္ ရွိလုိ့လား"

မာမီက သူစိမ္း မ ဟုတ္ ဘူး ။

......................................................................................

စာစဥ္ ၆၅၊ အခန္း ၈။ နန္မိသားစု၀င္

တန္တန္ ေၿပာခ်လုိက္သည့္ခ်က္ခ်င္းပင္
အားလံုး တဒဂၤ တိတ္ဆိတ္ကုန္ၾကေတာ့သည္ ။

နန္လင္းလုံ၏ ေဖာ္ေဖာ္ေရြေရြ ရွိေသာ မ်က္နွာသည္ပင္ အက္ကြဲသြားရေလၿပီ ။

ရွင္းထင္းခ်န္းသည္ကေတာ့ တအံ့တၿသ ၿဖစ္ေန၏ ။

ထုိေတာ့မွသာ ထုိကေလးသည္ စုိးရိမ္ၿခင္းကင္းေသာနန္ ၏ သား ၿဖစ္ေနၿပီး ပိုင္ဖန္းက ေမြးစားအေမသာ ၿဖစ္ေၾကာင္းကုိ သူ သေဘာေပါက္မိသြား၏ ။ ပိုင္ဖန္းသည္ သူ လက္ေလ်ွာ့သြားေအာင္လုိ့ ထိုကေလးကုိ သူမသားဟု တမင္ထုတ္ေၿပာခဲ့ၿခင္းပင္ ။ သို့ေသာ္လည္း သားအရင္း ဟုတ္ဟုတ္မဟုတ္ဟုတ္ သူကေတာ့ ဂရုစိုက္မည့္သူ မဟုတ္ေပ ။

အေစာနက ပုိင္ဖန္း၏နံေဘးတြင္ ရွိေနခဲ့စဥ္ကမူ ထုိကေလးသည္ အၿပစ္ကင္းေသာ ယုန္ၿဖဴေလးသဖြယ္ ရွိေနခဲ့ေသာ္လည္း အခုေတာ့ လံုး၀ကုိ အသြင္ေၿပာင္းသြားကာ သူ ့မ်က္၀န္းတုိ့သည္ အသက္နွင့္ မလုိက္ဖက္ေလာက္ေအာင္ပင္ ရင့္က်က္လြန္းေနေလၿပီ ။

က်ြတ္စ္ က်ြတ္စ္ .. ဒီကေလးကေတာ့ တကယ့္ကို နန္ မိသားစု ရဲ့ ေၿမး ပီသပါရဲ့ ...

ေၿပာၾကသည့္စကားတုိ့အရ ထိုနန္မိသားစု၏
အဖိုးတန္ ေၿမးေလး၏ အေဖၿဖစ္သူမွာ ဤလြတ္လပ္ေသာနယ္ေၿမ ထဲက လ်ိဳ ့၀ွက္ဆန္းၾကယ္ေသာ လူဆယ္ေယာက္ထဲက တစ္ေယာက္ ၿဖစ္သည္တဲ့ ...

"တန္တန္"

သခင္ၾကီးနန္ သည္ သူ အရမ္း ခ်စ္ၿမတ္နုိးရေသာ အတုိင္းအဆမရွိေအာင္ အလုိလုိက္ထားေသာ ေၿမးေလးအေပၚတြင္ ပထမဆုံးအၾကိမ္အေနၿဖင့္ စိတ္တုိမိလာ၏ ။

သခင္မၾကီးနန္သည္လည္း မ်က္ေမွာင္ၾကဳတ္လာသည္ ။
"တန္တန္ .. ကုိယ့္အေဒၚကုိ အဲ့လုိ မေၿပာရဘူးေလ"

နန္လင္းလံုသည္ စိတ္ထဲ မထားေလဟန္ ေဆာင္ကာ ေၿပာလာသည္ ။
"ေဖေဖ ေမေမ ရပါတယ္ ၊ တန္တန္က ငယ္ေသးလုိ့ နားမလည္ေသးတာပါ"

စုိးရိမ္ၿခင္းကင္းေသာနန္သည္ ခ်က္ခ်င္းပင္ ဒီအခြင့္အေရးကို အသံုးခ်ကာ သူမ၏ေဒါသေတြအကုန္လံုးကုိ ကေလးေပၚ ပံုခ်ပစ္ေတာ့သည္ ။

"တန္တန္ သားအရမ္းလြန္သြားၿပီ ။
သား ေမေမ့ကုိ မေလးမစားလုပ္တာလည္း ရတယ္ ၊ ေမေမ့ကို မရွိတဲ့လူလုိ သေဘာထားတာလည္း ရတယ္ ၊ ဒါေပမယ့္ ေဒၚေလး လင္းလံုက ဒီတစ္ေလ်ွာက္လံုး သားကုိ ဂရုစိုက္လာခဲ့တာေလ .. ဘယ္လုိလုပ္ၿပီး သား ဒီလုိမ်ိဳး ေၿပာထြက္တာလဲ"

စိုးရိမ္ၿခင္းကင္းေသာနန္က ေၿပာလုိက္ရင္း
ရီ၀မ္၀မ္ကုိ ၾကည့္လုိက္မိခ်ိန္ ပုိပိုလ့ိုပင္ ေဒါသထြက္လာၿပီး
ပုိပိုလုိ့ပင္ ေလသံမာလာေတာ့သည္ ။

"အၿပင္မွာ တစ္ေနကုန္တစ္ေနခမ္း သူစိမ္းနဲ့ ေလ်ွာက္သြားေနတယ္ ၊ အိမ္ကလူေတြ ဘယ္ေလာက္ေတာင္ စိတ္ပူေနမလဲ မေတြးမိဘူးလား ဟမ္ .. မင္းလုိ သစၥာေဖာက္က နန္ မိသားစု၀င္ေရာ ဟုတ္ရဲ့လား"

ထုိေနာက္ဆံုးတစ္ခြန္းတြင္ေတာ့ ရီ၀မ္၀မ္၏မ်က္နွာမွာ ခ်က္ခ်င္းကုိ ေအးစက္လာေတာ့၏ ။

သခင္မၾကီးနန္သည္လည္း မ်က္ေမွာင္ၾကဳတ္သြားေတာ့ သည္ ။

သူမ၏သမီးသည္ ႏႈတ္ၾကမ္းလြန္းသည္ဟု ေတြးလုိက္မိေသာ္လည္း တစ္ဖက္မွာ သူမ၏ေၿမးေလး ၿဖစ္ေနၿပီး တစ္ဖက္က သူမ အၿမဲ အားနာေနခဲ့ရသည့္ သူမသမီးေလး ၿဖစ္ေနတာေၾကာင့္ နွစ္ေယာက္စလံုးကုိ ညီတူညီမ်ွ တန္ဖိုးထားမိသၿဖင့္
သူတုိ့ၾကားထဲ ၀င္မပါဘဲသာ ေနလုိက္ေတာ့၏ ။

ထိုအခုိက္တြင္ ရီ၀မ္၀မ္သည္ ဂ်ိရိႈ ့ရန္ ဆီသုိ့ ေလ်ွာက္သြားကာ
သူ ့လက္ထဲက တန္တန္ လုပ္ထားေသာ ကိတ္မုန့္ကို ယူလုိက္ၿပီး စုိးရိမ္ၿခင္းကင္းေသာနန္ ဆီ ၿပန္ေလ်ွာက္သြားလုိက္သည္ ။

"ဘာ .. ဘာလုပ္မလုိ့လဲ"

အေယာင္ေဆာင္စုိးရိမ္ၿခင္းကင္းေသာနန္သည္
အေမတစ္ေယာက္ဟန္ အၿပည့္ၿဖင့္ ဆူေငါက္ေနရာကေန
ရီ၀မ္၀မ္ ေရာက္ခ်လာသည္ကုိ ေတြ ့လုိက္မိၿပီး
ထိုမိန္းမ၏ ေၾကာက္စရာေကာင္းေသာ အႏၱရာယ္အေငြ ့အသက္ တုိ့ေၾကာင့္ အေနာက္ကို အလိုလို ဆုတ္မိသြား၏ ။

အမည္မရွိေသာနန္က မ်က္နွာကုိ ပြတ္သပ္ပစ္လုိက္ၿပီး
စိတ္ထဲကေန က်ိတ္ေၿပာမိလာ၏ ။

ေဟာ .. ဒီနွစ္ေယာက္က အေရာင္အ၀ါကအစ လံုး၀ တၿခားစီပါပဲလား ။
ဒီေလာက္ေတာင္ သတိၱေၾကာင္တဲ့မိန္းမက ငါ့ညီမေလး တဲ့လား ။
ေဘာ့စ္ ေက်ာ္ၾကားေသာကမွ ငါ့ညီမေလးနဲ့ ပုိတူေနေသးတယ္ ။

ရီ၀မ္၀မ္၏ လူသတ္လုိစိတ္ ၿဖာေနကာ လက္ထဲက ဘူးတစ္ဘူး ကုိင္ၿပီး စုိးရိမ္ၿခင္းကင္းေသာနန္ဆီကုိ ေလ်ွာက္လာေနသည္ကို ၿမင္လုိက္ရခ်ိန္ သခင္ၾကီးနန္၏မ်က္နွာမွာ တင္းမာလာေတာ့ၿပီး အိမ္ေတာ္ထိန္းနွင့္ ကိုယ္ရံေတာ္တုိ့မွာလည္း သတိၾကီးၾကီး ထားကုန္ၾကသည္ ။

ရီ၀မ္၀မ္သည္ စုိးရိမ္ၿခင္းကင္းေသာနန္ ေရွ့တြင္ ရပ္လုိက္ၿပီး စကားတစ္ခြန္းမဆုိဘဲ ထုိကိတ္ဘူးကုိ သူမေၿခေထာက္ေပၚ ပစ္ခ်ပစ္လုိက္၏ ။

"အားးးးး ..."

အေယာင္ေဆာင္ စုိးရိမ္ၿခင္းကင္းေသာနန္သည္
ကိတ္မုန့္ခရင္မ္တုိ့ ေပက်ံသြားၿခင္းေၾကာင့္ ေအာ္လာေတာ့သည္ ။

"ပုိင္ဖန္း .. နင္ ရူးေနၿပီလား ။ အရမ္း လြန္မလာနဲ့"

စုိးရိမ္ၿခင္းကင္းေသာနန္က သူမ ခံေနရပါသည္ ဆုိသည့္ ဟန္ၿဖင့္ သခင္မၾကီး နန္ နွင့္ သခင္ၾကီးနန္ ကို ၾကည့္လုိက္ေတာ့သည္ ။

လူတုိင္းသည္ သူမ လက္နက္တစ္ခုခုၿဖင့္
တုိက္ခုိက္ေတာ့မွာလားဟု ထင္ထားၾကရင္းကေန
ရီ၀မ္၀မ္က ကိတ္မုန့္တစ္လံုးၿဖင့္ ပစ္ေပါက္လုိက္တာေၾကာင့္
အားလံုး ၾကက္ေသေသသြားၾက၏ ။

ထုိ့ေနာက္တြင္ ရီ၀မ္၀မ္သည္ အမူအရာကင္းမဲ့စြာၿဖင့္ ထုိအေယာင္ေဆာင္ စုိးရိမ္ၿခင္းကင္းေသာနန္ ကုိ ေၿပာလုိက္သည္ ။

"ၾကည့္လုိက္"

စုိးရိမ္ၿခင္းကင္းေသာနန္ နွင့္ တၿခားသူမ်ားမွာ နားမလည္စြာၿဖင့္ ေၿမၾကီးေပၚ ေပပြသြားသည့္ ထိုကိတ္မုန့္ကုိ ငံု့ၾကည့္လုိက္မိၾက၏ ။

.................................................................................
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘

....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 65
Chapter. : 1 - 8
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၆၅၊ အခန်း ၁။ အရှင်နှစ်ပါးနဲ့ ဆွေးနွေးစရာ ရှိလို့

ထိုကောင်ငယ်လေးက ပြောလိုက်သည့်ချက်ချင်းပင်
အနှီယောကျာ်း၏ ရေခဲပြင်ပမာ အေးခဲနေသော မျက်လုံးတို့ မှာ အက်ကွဲလာပြီး စိတ်ရှုပ်ထွေးမှုအရိပ်အယောင်လေးတစ်စ တိုးထွက်လာသည် ။

နူးညံ့တယ် .. လား ။

ရီဝမ်ဝမ်သည်လည်း တုန်လှုပ်သွားတာကြောင့် ထိုယောကျာ်း၏မျက်ဝန်းထဲက ပြောင်းလဲသွားမှု
သိသိသာသာကြီးကို လွတ်သွားလေသည် ။

စီရီဟန်နှင့် သိပ်အရောတဝင် မနေတတ်သော တန်တန်သည် တကယ်တမ်းတွင် စီရီဟန်ကို သဘောကျနေလိမ့်မည်ဟုပင် မထင်ထားမိခြင်းကြောင့် ရီဝမ်ဝမ် အံ့အားသင့်နေမိ၏ ။
တန်တန်ရဲ့အမြင်မှာ စီရီဟန်က နူးညံ့တယ်တဲ့လား ။

ဟုတ်တယ် ... သိပ်ကို နူးညံ့တယ် ... ။

ဟိုတုန်းက စီရီဟန်က တကယ်လည်း နူးညံ့ခဲ့တာပဲ ... ။

သူမသည် စိတ်ရူးပေါက်ရာအတိုင်း
ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ပေးခဲ့ရုံသာမက
သူ့ကိုပါ ကလေးအဖေယောင် ဆောင်းခိုင်းခဲ့သည်ကို
သူက မတွန့်ဆုတ်ဘဲ လက်ခံပေးခဲ့လေသည် ။

တစ်နေ့တွင် သူတို့ကြား ဤကဲ့သို့ အဆုံးသတ်ရလိမ့်မည်ဟု
သူမ မတွေးထားခဲ့ဖူးပါချေ ...

အရှင်နတ်ဆိုး နှင့် ကောင်ငယ်လေးသည်
တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြလေသည် ။ ရီဝမ်ဝမ်သည်လည်း တအံ့တသြ ဖြစ်မိကာ
လူကြီးကိုတစ်လှည့် ကလေးကိုတစ်လှည့် ကြည့်နေမိသည် ။

ရုပ်ရည်အားဖြင့်ဆိုရရင်
တန်တန်သည် သူ့အမေဘက် ပိုတူပေသည် ။
နှာတံ ၊ နှုတ်ခမ်း ၊ မေးစေ့ ၊ နဖူး ...
အားလုံးက သူမနှင့် ပိုဆင်၏ ။

သို့သော် .. သူ၏မျက်ဝန်းတို့ကတော့ ...
စီရီဟန်နှင့် အလွန်အကျူးပင် ဆင်တူလွန်း၏ ...

ထို့ပြင် ထိုကလေး၏ စရိုက်နှင့် အမူအရာတို့ ...
ဟိုတုန်းက တရုတ်ပြည်တွင် သူနှင့်စီရီဟန် သည်
သားအဖနှင့် တော်တော်လေးတူသည်ဟုပင် သူမ တွေးမိခဲ့ဖူး၏ ။

ဧကန္တ ... တန်တန် နဲ့ စီရီဟန် က မဟုတ်မှလွဲရော ... ။

သူမသည် မှတ်ဉာဏ်ပျောက်ဆုံးနေလို့
တန်တန်၏တည်ရှိမှုကို မသိနေဘူးပဲ ထားပါဦး ၊ သို့သော် လက်သည်တရားခံကြီးဖြစ်သူ စီရီဟန်သည်ကရော
တန်တန့်အကြောင်းကို အဘယ်ကြောင့် မသိရသနည်း ။

သို့သော် မျက်ဝန်းနှင့် စရိုက်သဘာဝချင်း
ထပ်တူဆင်နေရုံနှင့်လည်း သားအဖဖြစ်သည်ဟု
တထစ်ချတော့ တွက်လို့ မရသေးပါချေ ။

အကုန်လုံးကို အသေးစိတ်သာ လိုက်ကြည့်မည်ဆိုပါက
တန်တန်သည် ဂျိဘုရင်ကို ပိုပြီး သံယောဇဉ်တွယ်နေ
သည်ကိုပါ ထည့်တွက်ရပေလိမ့်မည် ။

"ဟီးဟီးဟီး ... အရှင်ဂျိ ၊ အရှင်နတ်ဆိုး .. ကျွန်တော်တို့တွေ သက်သက်စကားပြောလို့ ရမလား ။ အရှင်နှစ်ပါးနဲ့
ကျွန်တော် တိုင်ပင်ချင်တာလေး ရှိလု့ိ"

ရှန်းထင်းချန်းသည် တစ်ခုခုကို တွေးမိသွားပြီး
မျက်ဝန်းတို့ လှုပ်ခတ်လာကာ ထိုယောကျာ်းနှစ်ယောက်ကို
ရယ်မောကာ ပြောလိုက်သည် ။

မျိုးနွယ်စုကြီးလေးခုထဲက အနွယ်ဝင်တစ်ယောက် ဖြစ်သည့် ရှန်းထင်းချန်းသည် ပေါ့ပေါ့နေပေါ့ပေါ့စား လူဗလံ တစ်ယောက် ဖြစ်သော်လည်း
အလွန်တရာ ချမ်းသာကြွယ်ဝသူ ဖြစ်နေတာကြောင့်
ဂိုဏ်းကြီးတိုင်းက သူနှင့် မိတ်ဆွေဖွဲ့ချင်နေသည်ချည်း ။

ဂိုဏ်းကို ထားဘိဦး ၊ ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားနှင့်
မသင့်မမြတ် ဖြစ်လိုသူပင် တစ်ယောက်မှ မရှိပါချေ ။
လူတိုင်းသည် သူ့အပေါ် လေးစားမှုကို ပြပေးကြစမြဲသာ ။

ဂျိရှို့ရန်နှင့် အရှင်နတ်ဆိုးလည်း ချွင်းချက်မရှိပါချေ ။

ဂျိရှို့ရန်က နူးညံ့စွာဖြင့် ပြန်ဖြေလာသည် ။

"ရတာပေါ့ဗျာ ၊ သခင်လေး ရှန်း ရှေ့ကသွားပါ"

အရှင်နတ်ဆိုးသည်လည်း သူတို့နောက်ကနေ အနားက ကလပ်ရုံထောင့်နားကို လိုက်သွားလိုက်သည် ။

ရီဝမ်ဝမ် ထိုယောကျာ်းသုံးယောက် ထွက်သွားတာကို ကြည့်နေရင်း မျက်ခုံးတို့ တွန့်ချိုးလာမိသည် ။

ဒီတစ်ခေါက်ကော ရှန်းထင်းချန်း ဘာပြသနာရှာဦးမှာလဲ ။

တန်တန်က စိတ်ပူစွာဖြင့် ပြောလာသည် ။

"မာမီ .. အဲ့ဒီ ရှန်း က တစ်စက်လေးမှ မကောင်းဘူး"

တကယ်တွင်လည်း တန်တန်၏ခန့်မှန်းချက်မှာ မှန်ကန်ခဲ့၏ ။

နေရာကွက်လပ်တစ်ခုကို ရောက်သွားချိန်တွင် ရှန်းထင်းချန်းက ထိုယောကျာ်းနှစ်ယောက်အား စည်းရုံးတော့သည် ။

"ရေဘယ်နှပုံးလဲ ပြော .. အရှင် ဂျိ ၊ အရှင်နတ်ဆိုး"

"ရေဘယ်နှပုံးလဲက .." ဂျိရှို့ရန် မေးကြည့်လိုက်သလို ..

"သခင်လေး ရှန်း ပြောနေတာ ဘာအဓိပ္ပာယ်လဲ" အရှင်နတ်ဆိုး၏အသံသည်လည်း ပျံ့လွင့်လာသည် ။

တစ်ယောက်သည် နွေလေညင်းလေးပမာ နူးညံ့နွေးထွေးပြီး တစ်ခြားတစ်ယောက်သည် ဆောင်းညပမာ မှောင်မိုက်ကာ အေးစက်လွန်းလှသည့်တိုင် နှစ်ယောက်စလုံးက
တစ်ခွန်းတည်းကို ထပ်တူညီစွာ ပြောလာကြလေသည် ။

ရှန်းထင်းချန်း ပြုံးလိုက်မိ၏ ။

"ဟဲဟဲ .. ဒီလိုပါ ၊ ကျွန်တော်က အကြည့်တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့တင် အရှင်တို့နှစ်ယောက် ဘယ်လိုမိန်းမမျိုးကို ကြိုက်လဲဆိုတာ တန်းသိနေပြီးသား ။ ဂိုဏ်းချုပ် ပိုင် လိုမျိုး
ရက်စက်ပြီး ကာမပိုင် ရှိထားခဲ့ဖူးတဲ့ မိန်းမတစ်ယောက်က --
အရှင်တို့ရဲ့ အကြိုက် လုံး၀ မဟုတ်ဘူး"

"ဒီလိုဆိုမှတော့ဗျာ .. အရှင်တို့နှစ်ယောက် ကျွန်တော့်ကို ကူညီပေးကြပါလား ။ အရှင်တို့နှစ်ယောက်သာ
လိုလိုလားလားနဲ့ နောက်ဆုတ်ပေးမယ်ဆိုရင်
ကြိုက်သလောက်ကို တောင်းလို့ရတယ်"

ရှန်းထင်းချန်း၏အတွေးသည်ကား ရိုးရှင်းလွန်း၏ ။

မိန်းမလှလေး ပိုင် ကို ဒီနည်းဖြင့် လိုက်ပိုးတာ
မအောင်မြင်မှတော့ နောက်တစ်နည်းပြောင်းမည်ဟုသာ ။

ငါလေးဟာ သိပ်ကို ဉာဏ်ကောင်းလွန်းပါလား ။

ဂျိရှို့ရန် ။ "..."

အရှင်နတ်ဆိုး ။ "..."

...............................................................................

စာစဉ် ၆၅၊ အခန်း ၂။ သူ ကြိုက်တဲ့ပုံစံ

"ဘယ်လိုလဲ ... အပေးအယူ ဖြစ်တယ်မလား"
ရှန်းထင်းချန်းက ယုံကြည်ချက်အပြည့်ဖြင့် မေးလိုက်၏ ။

"ဟားဟား ..."
ဂျိရှို့ရန်၏မျက်ဝန်းတို့က အောက်ကို ချထားပြီး သူ၏နူးညံ့သောအကြည့်တွင် ရယ်မြူးရိပ်
သမ်းနေလေသည် ။

ရှန်းထင်းချန်း မျက်တောင်မှိတ်ခတ်မှိတ်ခတ် ဖြစ်လာသည် ။

"အရှင် ဂျိ ဘာလို့ ရယ်နေတာလဲ"

ဂျိရှို့ရန်က ပြန်ဖြေသည် ။

"ကျွန်တော် ဘယ်လိုမိန်းမမျိုးကို ကြိုက်တယ်ဆိုတာ
သခင်လေးရှန်းက ဘယ်လိုလုပ် သိလဲ"

"သိတာပေါ့ ၊ အရှင့်ရဲ့အကြိုက်က အထက်တန်းလွှာ မိသားစု
ကနေ ဆင်းသက်လာတဲ့ မိန်ကလေးပဲ ဖြစ်ရမယ် ။ ကျက်သရေအဖြာဖြာရှိမယ်၊ မြင့်မြတ်မယ် ၊
လိမ်မာယဉ်ကျေးမှု ရှိရမယ် ။ မ .. မဟုတ်ဘူးလား"

ရှန်းထင်းချန်းမှာ သံသယ ဝင်ချင်လာလေပြီ ။

ဂျိရှို့ရန်က အပြုံးမပျက်ဆဲသာ ၊ သို့သော်
လေသံကတော့ လုံးဝကို တည်ကြည်လေးနက်သွားလေပြီ ။

"မဟုတ်ဘူး"

"...???"

ဟမ် ... ဘာ .. ဘာကို မဟုတ်တာလဲ ။

ရှန်းထင်းချန်း အံ့အားအသင့်ကြီး သင့်နေ၏ ။

"မင်း .. မင်း .. မင်းလည်း ပိုင်ဖန်းလို မိန်းမမျိုးကို ကြိုက်နေတာလို့တော့ .. မပြောနဲ့နော် ။ ဒါ လုံး၀ မဆီလျော်ဘူး"

ငါ့လိုမျိုး ထူးထူးဆန်းဆန်းအကြိုက် ရှိနေတဲ့သူလည်း
ရှိသေးတာပဲလား ။ အဲ့လူကလည်း နူးညံ့ကြင်နာတတ်တဲ့ ကျက်သရေရှိတဲ့ အမျိုးကောင်းသား ဂျိရှို့ရန် တဲ့လား ။

သို့သော် ဂျိရှို့ရန်သည်ကတော့ ဝန်လည်းမခံ ၊
ငြင်းလည်းမငြင်းဆန်ပေ ။

သူ ဒါ အသံတိတ်ဝန်ခံနေတာလား ။

ကောင်းကွာ .. သိပ်ကောင်းကွာ ။
စိတ်ကို လျှော့ထား ။

ငါ့ဘက်က တစ်ယောက်ကျန်နေသေးတာပဲ ။

ရှန်းထင်းချန်းသည် သတ္တိတို့ကို မနည်းစုစည်းလိုက်ပြီး
ရင်တမမဖြင့် အရှင်နတ်ဆိုးဘက်ကို လှည့်လိုက်သည် ။

"အရှင် .. အရှင်နတ်ဆိုးရော .. ဘယ်လိုသဘောရလဲ"

"တောင်းပန်ပါတယ် ၊ ကျွန်တော် လက်မခံနိုင်လောက်ဘူး"

"ဘာ .. အရှင်လည်းပဲ လက်မခံဘူးလား ၊ ဘာလို့လဲ"
ရှန်းထင်းချန်းမှာ စဉ်းစားရခက်သွား၏ ။

"အဲ့လိုသဘောပါပဲ"
အရှင်နတ်ဆိုးက ပြန်ဖြေသည် ။

ပြောလိုက်ပြီးသကာလ အေးစက်မှုတို့ ဖိတ်လျှံကျတော့မလား မှတ်ရလောက်သည့် မျက်ဝန်းတို့ဖြင့် ဂျိရှို့ရန်နှင့် တစ်ယောက်မျက်လုံးတစ်ယောက် ကြည့်လိုက်ကြလေပြီ ။

"သောက်ကျိုးနည်း .. အဲ့လိုသဘောပါပဲ ဆိုတာက ဘာကြီးလဲ" ရှန်းထင်းချန်းမှာ ပြိုလဲကျမလို ဖြစ်သွား၏ ။

ဒါလည်း ငါ ထင်နေသလိုတော့ မဟုတ်လောက်ပါဘူးနော် ။

ဒီဆရာကြီးနှစ်ဆူစလုံး ... ဟာကွာ လောကကြီးက ဘာတွေ ဖြစ်ကုန်ပြီလဲ ... ။

တစ်ခြားတစ်ဖက်တွင်မူ ရီဝမ်ဝမ်သည်
ရှန်းထင်းချန်း ၊ ဂျိရှို့ရန် နှင့် အရှင်နတ်ဆိုးတို့၏ စကားကို
မရမက နားစွင့်ထောင်နေလေသည် ။ သို့သော်လည်း ကံမကောင်းလှစွာဖြင့် နေရာမှာ ဝေးနေလွန်းတာကြောင့် သူတို့ပြောနေတာကို ဘာဆိုဘာမှ မကြားရပါချေ ။

ထိုအခိုက် ... သူတို့အရှေ့ဘက်ကနေ အုတ်အုတ်ကျွတ်ကျွတ် အသံတွေ ပေါ်ထွက်လာတော့သည် ။

ပြည့်သိပ်နေသည့် လူအုပ်ကြီးမှာ ချက်ချင်းပင် ဘေးကို ကပ်ပေးလိုက်ကြပြီး လမ်းတစ်လမ်း ပေါ်လာလေပြီ ။

နန်မိသားစု၏ တံဆိပ်ပါသော ယူနီဖောင်းကို
ဝတ်ဆင်ထားကြသည့် ကိုယ်ရံတော်တစ်ဖွဲ့ ။
သခင်မကြီး နန် ၊ စိုးရိမ်ခြင်းကင်းသောနန် နှင့် နန်လင်းလုံ ။
အစောနက သူတို့ကို တားခဲ့သော အိမ်တော်ထိန်း ။
အားလုံး အတူတကွ ရီဝမ်ဝမ် ရှိရာဆီ လာနေကြပုံမှာ သည်းကြီးမည်းကြီး ။

အမည်မရှိသောနန်ပါ ပါလာပြီး
သူ့နံဘေးတွင်မူ မှုန်ကုတ်နေသည့် မျက်နှာထားနှင့် သက်လတ်ပိုင်းယောကျာ်းကြီးတစ်ယောက်ပါ ပါလာသည် ။
ထိုသူမှာ အကြီးအကဲ နန် ဖြစ်ဟန်တူ၏ ။

နန်မိသားစုတစ်စုလုံး လူစုံတက်စုံဖြင့် ရောက်ချလာခြင်း ။

ရီဝမ်ဝမ် တစ်ခုခုတော့ ဖြစ်တော့မည်ကို အာရုံရမိပြီး
မျက်ခုံးတို့ ပင့်တက်သွား၏ ။

"တန် တန်"

စိုးရိမ်ခြင်းကင်းသောနန် က အရှေ့ကို ပြေးတက်လာကာ တန်တန်ရှိရာဆီ ပြေးလာပြီး သူ့ကို ဆွဲဖက်လိုက်လေသည် ။

ကောင်ငယ်လေးမှာ ရီဝမ်ဝမ်နံဘေးကနေ ခွာလိုက်ရခြင်းကြောင့် မျက်မှောင်အကြုတ်ကြီး ကြုတ်နေ၏ ။

ထိုမိန်းမသည် ဆွဲဖက်လိုက်ရုံလောက်နှင့်ပင်
သူ့ကို နာကျင်သွားစေလောက်အောင်ကို အားကြီးလွန်းလှပေသည် ။

"ကိုယ်ရံတော်တွေ မြန်မြန်လေး အဲ့ရာဇဝတ်သားကို ဖမ်းလိုက်"

စိုးရိမ်ခြင်းကင်းသောနန်က တင်းမာစွာဖြင့် အမိန့်ပေးလိုက်သည်နှင့် ချက်ချင်းပင် နန် မိသားစု ကိုယ်ရံတော်များသည် ရီဝမ်ဝမ်ကို ဝိုင်းလိုက်ကြလေပြီ ။

လက်တွင် ပတ်တီးတို့ စည်းနှောင်ထားသော အိမ်တော်ထိန်း
သည် သခင်မကြီး နန် နှင့် သခင်ကြီး နန် အရှေ့ကို
လျှောက်လာကာ ရီဝမ်ဝမ်ကို လက်ညှိုးငေါက်ငေါက် ထိုးပြီး ပြောဆိုစွပ်စွဲတော့သည် ။

"သခင်ကြီး ၊ သခင်မကြီး .. နန် စံအိမ်ရှေ့မှာ ရမ်းကားသွားပြီးတော့ ကျွန်တော့်ကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ပြီး သခင်ငယ်လေးကို ပြန်ပေးဆွဲသွားတာ ဒီမိန်းမ"

"ပိုင်ဖန်း .. နင် ရမ်းကားလွန်းလှချေလား ။ ငါ သိသားပဲ ..
နင့်မှာ င့ါအစ်ကိုနဲ့ တန်တန်နားကို လာကပ်ရတဲ့ အကြောင်း ရှိရမယ်ဆိုတာ ငါ သိနေသားပဲ ။ ငါ့အစ်ကိုက နင့်ကို
တအားကြီး ယုံကြည်လွန်းနေတာပဲ ရှက်ဖို့ကောင်းတယ် ။ ကလေးတစ်ယောက်ကိုတောင်မှ မညှာနိုင်ရလောက်အောင်
ဘာလို့ အဲ့လောက်တောင်မှ ရက်စက်လွန်းရတာလဲ"

စိုးရိမ်ခြင်းကင်းသောနန်က တန်တန်ကို ဖက်ထားကာ
တရှုံ့ရှုံ့ ငိုနေရာကနေ ဝမ်းနည်းမှုရော ဒေါသပါ စွက်ကာ ဝေဒနာနှစ်ရပ်ကို တစ်ပြိုင်တည်း ခံစားနေရသော မိခင်သဖွယ် ဒေါသတကြီး အော်ဟစ်ပြနေသည် ။

နန်လင်းလုံကတော့ သခင်မကြီး နန် ၏ နံဘေးတွင်သာ
ရိုရိုကျိုးကျိုး ရပ်နေပြီး အဝိုင်းခံထားရပြီ ဖြစ်သည့် ရီဝမ်ဝမ်ကို ရှုတည်တည်ဖြင့် အေးစက်စွာ ကြည့်နေလေသည် ။

...............................................................................

စာစဉ် ၆၅၊ အခန်း ၃။ သက်ညှာပေးလို့ မရဘူး

"တန်တန် ... တန်တန် အဆင်ပြေရဲ့လား ။ ဘာဖြစ်သွားသေးလဲ ။ မြေးသာ တစ်ခုခု ဖြစ်သွားလို့ကတော့ ဘွား ရင်ကျိုးရမှာ"

သခင်မကြီးနန် ခမျာ ကြောက်ရွံ့မှုကြောင့် ဖြူရော်နေပြီး
တန်တန်ကို စိုးရိမ်ကြီးစွာ စစ်ဆေးနေသည် ။

တန်တန်က အမြန်ပြောလိုက်သည် ။

"ဘွား .. သူ ပြောသလို မဟုတ်ဘူး ။ မာမီက ကျွန်တော့်ကို နာကျင်အောင် မလုပ်ပါဘူး"

သခင်မကြီး နန် မှာ မျက်ခုံးတို့ တွန့်ချိုးနေပြီး
သိသိသာသာကို စိုးရိမ်နေသည် ။
သူမသည် ဘာတစ်ခွန်းမှ မဆိုလာသော်လည်း
တန်တန်ကိုတော့ အပြည့်အ၀ မယုံကြည်သေးပါချေ ။

အိမ်တော်ထိန်း၏ လက်ကောက်ဝတ် ကျိုးထားခြင်းက လီဆယ်ထားခြင်း မဟုတ်နေသလို စီစီတီဗွီတို့ကလည်း
ရီဝမ်ဝမ် တန်တန်ကို အတင်းခေါ်ယူသွားကြောင်း
ပြသနေလေသည် မဟုတ်လား ။

သူမ၏လုပ်ရပ်သည်ကား ရမ်းကားလွန်းလှပေသည် ။

သူတို့နံဘေးတွင် စိုးရိမ်ခြင်းကင်းသောနန် သည် ယူကြုံးမရ
ဖြစ်နေဟန် အပီအပြင် ။

"မေမေ .. တန်တန် သမီးကို ဘယ်လိုခေါ်နေလဲ ကြည့်ပါဦး ။ အခုထိတောင် ဘာသွေးသားမှ မတော်စပ်တဲ့
သူစိမ်းတစ်ယောက်ကို မာမီ လို့ ခေါ်နေတုန်းပဲ"

အိမ်တော်ထိန်းကလည်း ချက်ချင်းပင် ဝင်ပြောလာသည် ။

"ပိုင်ဖန်း ကျွန်တော့်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာနဲ့ သခင်ငယ်လေးကို နန်စံအိမ်ကနေ အတင်းခေါ်သွားတာက အမှန်တရားတွေပါ ။ အဲ့ဒါကို အခုရှိနေတဲ့ ကိုယ်ရံတော်တွေအားလုံး သက်သေခံပေးနိုင်ပါတယ် ။
သူ ဘယ်လောက်ပဲ သခင်ငယ်လေးကို လှည့်ဖြားထား လှည့်ဖြားထား အမှန်တရားကိုတော့ ငြင်းလို့မရပါဘူး ။ ကျွန်တော်တို့တွေသာ အချိန်မီ ရောက်မလာနိုင်ခဲ့ရင် သခင်ငယ်လေး ပြန်ပေးဆွဲခံရပြီးနောက်ပိုင်း ဘာတွေ ဖြစ်လာမလဲဆိုတာက မတွေးဝံ့စရာပါ"

အိမ်တော်ထိန်းက အနားက ကိုယ်ရံတော်များကို ကြည့်လိုက်သည်တွင် ထိုကိုယ်ရံတော်များသည် ချက်ချင်း အရှေ့တက်လာကြပြီး ကြက်တူရွေးစာအံသည့်နှယ် နှုတ်တိုက်ထားသည့် စကားလုံးများကို ဆိုကာ သူ့အပြောကို ထောက်ခံလာကြသည် ။

"ရှောင်ဖန်း .. ဘယ်လို ဖြစ်တာလဲ"

သခင်မကြီး နန် သည် ထိုမိန်းကလေးကို ကြည့်ကာ မေးလိုက်၏ ။ သူမသည် သူမလေးက ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ် ဖြစ်ကြောင်းကို သိထားသော်လည်း သူမလေးအပေါ်တွင် တလေးတစား ရှိဆဲပင် ။
သို့သော် အခုပြသနာက တန်တန် နှင့် ဆက်နွယ်နေခြင်းမို့ အခြေအနေက တမျိုးတမည် ပြောင်းသွားရလေပြီ ။

တန်တန်သည် သူ့မာမီအား တစ်ဖက်စောင်းနင်း စွပ်စွဲနေမှု ၊ စော်ကားနေမှုတို့ကို မည်သို့ သည်းခံနိုင်ပါလိမ့်မည်နည်း ။
ရီဝမ်ဝမ် မပြောရသေးခင်ပင် သူမရှေ့ ဝင်ရပ်လိုက်ကာ ကာကွယ်ပေးလာတော့သည် ။

"ဘွားဘွား .. အိမ်တော်ထိန်းက ကျွန်တော့်ကို မလေးမစား
ဆက်ဆံလို့ မာမီက ကျွန်တော့်ကို ကာကွယ်ပေးခဲ့တာပါ ။ အပြင်ခေါ်သွားပေးဖို့ကိုလည်း ကျွန်တော်ကပဲ မာမီ့ကို
တောင်းဆိုခဲ့တာ ။ ဒါတွေက မာမီနဲ့ ဘာမှ မဆိုင်ဘူး"

ရီဝမ်ဝမ်သည် ထိုကလေးသေးသေးလေးက
သူ့ကိုယ်လုံးသေးသေးလေးကို သုံးကာ သူမလေးရှေ့
ကာကွယ်ကာ ရပ်ပေးနေပုံလေးကို ကြည့်ရင်း
ရင်ထဲတွင် နွေးထွေးမှုတို့ လှိုက်တက်လာမိတော့၏ ။
သူမသည် မိသားစုနှင့် ပြန်လည်မပေါင်းစည်းနိုင်သောကြောင့် ထိုအထင်လွဲမှုများ ၊ စွပ်စွဲမှုများကို သည်းခံပေးရဦးမည်သာ ။

စိုးရိမ်ခြင်းကင်းသောနန်က သခင်မကြီးနန်နှင့်
သခင်ကြီးနန်ဘက်သို့ နာကျင်ကြေကွဲစွာ လှည့်လိုက်လေပြီ ။

"ဖေဖေ .. မေမေ .. ကြည့်ပါဦး ၊
တန်တန် အဲ့မိန်းမရဲ့ အယုံသွင်းခံထားရနေပြီ"

စိုးရိမ်ခြင်းကင်းသောနန်သည် တန်တန်မှာ
ရီဝမ်ဝမ်၏ အယုံသွင်းခံထားပြီ ဆိုသည့် စကားကို ပစ်သွင်းထည့်လိုက်ခြင်းကြောင့် ရီဝမ်ဝမ်အတွက် တန်တန် ဘယ်လောက်ပင် ပြောပေးပါစေတော့ အသုံးမဝင်ရုံသာ
ရှိတော့ပေမည် ။ သူသည် သူမကို ပိုကာကွယ်ပေးလေလေ သူမ၏နာမည်သာ ပိုပိုပျက်လေလေ ရှိတော့ပေမည် ။

စိုးရိမ်ခြင်းကင်းသောနန် က ထပ်ဖြည့်ကာ ပြောလိုက်သေးသည် ။

"ဖေဖေ .. မေမေ .. ဒီတလော လွတ်လပ်သောနယ်မြေမှာ မငြိမ်းမချမ်း ဖြစ်နေလို့ သမီး အိမ်တော်ထိန်းကို တန်တန်ကို စောင့်ရှောက်ပေးဖို့ ၊ သွားချင်တဲ့နေရာတွေကို လျှောက်မသွားခိုင်းစေဖို့ အမိန့်ပေးထားတာကို မေမေတို့လည်း သိပါတယ် ။ အိမ်တော်ထိန်းက သူ့အလုပ်သူ လုပ်နေတာပါ ၊ ပေးထားတဲ့အမိန့်ကို နာခံရုံပါ"

"ဒါပေမယ့် ဒီပိုင်ဖန်း က ... သူလည်း ကောင်းကောင်း
သိနေရဲ့သားနဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ တန်တန်ကို ခေါ်သွားသေးတယ် ။
သူ ဘာလုပ်ချင်နေလဲ ဆိုတာ ပြောဖို့တောင် လိုသေးလို့လား"

သခင်မကြီး နန် မှာ တိတ်ဆိတ်သွားလေပြီ ။
နန်လင်းလုံသည် စိုးရိမ်ခြင်းကင်းသောနန်အား မသိမသာ
ကြည့်လိုက်၏ ။

အဟက် .. မီးထဲတော့ လောင်စာ ထပ်ထည့်ပေးလိုက်ပြီ ။

"မေမေ .. သူက ပိုင်ဖန်းပါ ၊ ဖိန့်ဖိန့်တုန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ ။ ဖိန့်ဖိန့်တုန်ဂိုဏ်း ဆိုတာက ဘယ်လိုနေရာမျိုးမလို့လဲ ..
ပိုင်ဖန်း ဆိုတာကရော ဘယ်သူမို့လို့လဲ ။ လွတ်လပ်သောနယ်မြေကြီးတစ်ခုလုံးရဲ့ နာမည်ကြီး ရာဇဝတ်ကောင်ကြီးလေ ။ မေမေ သူ ပြောတဲ့စကားကို
ယုံမလို့လား .. သူ တန်တန့်ကို ပြန်ပေးဆွဲသွားတာ
လုံး၀ သိသာနေတာကြီးကို မေမေရယ်"

"တန်တန်သာ တစ်ခုခုဖြစ်သွားလို့ကတော့ သမီးရော
သမီး ဘယ်လို အသက်ဆက်ရှင်ရမှာလဲ ။ သမီးက အခုမှ
တန်တန်နဲ့ မေမေတို့ဆီကို ခက်ခက်ခဲခဲနဲ့ ပြန်ရောက်လာရ
တာ ... သမီးရဲ့သားလေးကို ဘယ်သူကမှ အန္တရာယ်ပြုခွင့်
မပေးနိုင်ဘူး ။ ဖေဖေ .. မေမေ .. ဒီတစ်ခေါက် ဒီမိန်းမကို
လုံး၀ ညှာလိုက်လို့ မရဘူး"

................................................................................

စာစဉ် ၆၅၊ အခန်း ၄။ ထပ်ပြီး ရင်းနှီးအောင် ကြိုးစားကြည့်

စိုးရိမ်ခြင်းကင်းသောနန်၏ ဝမ်းနည်းပူဆွေးနေသော
ဒေါသကြီးနေသော စကားတို့ကို ကြားလိုက်ရပြီးနောက်
သခင်မကြီးနန် မှာ မျက်နှာပျက်သွားသလို သခင်ကြီးနန်
သည်လည်း အေးစက်ကာ ခက်ထန်လာလေပြီ ။

သူသည် ရီဝမ်ဝမ် ကို တင်းမာစွာ ကြည့်လိုက်ပြီးနောက် စိုးရိမ်ခြင်းကင်းသောနန်ဆီကို လျှောက်သွားလိုက်သည် ။ သူ၏သမီးလေးကို ကြည့်လိုက်သည့်အချိန်တွင်မူ
ထိုတင်းမာနေခဲ့သည့် မျက်နှာမှာ ချက်ချင်း ပြေလျော့သွားလေသည် ။

"စိုးရိမ်ခြင်းကင်းသော .. မရိုင်းနဲ့ ။
သမီး ဘာမှ မစိုးရိမ်နဲ့တော့ ဟုတ်ပြီလား ။
ဒီကိစ္စကို ဖေဖေကိုယ်တိုင် ကိုယ်တွယ်မယ်"

"ဖေဖေ ..."

စိုးရိမ်ခြင်းကင်းသောနန်မှာ ရင်ထဲ ထိသွားဟန်
ပေါ်လာသည် ။

အမည်မရှိသောနန်ကတော့ အနောက်မှာ အသာလေး ငြိမ်နားထောင်မနေနိုင်တော့ပေပြီ ။ သူသည် ရှူးရှူးရှားရှား ဖြစ်လာတော့ပြီး ဟောဟောဒိုင်းဒိုင်း ပြောလာတော့သည် ။

"လခွမ်း .. စိုးရိမ်ခြင်းကင်းသောနန် မင်း
ဘာပေါက်တတ်ကရတွေ လျှောက်ပြောနေတာလဲ ။
ဘာလဲ ရက်စက်တာ .. ဘာလဲ လာကပ်တယ်ဆိုတာက ..
ဘာလဲ ပြန်ပေးဆွဲတယ်ဆိုတာက .. လာလာချည်သေး ။ အဲ့လိုပြောကြေးဆို ငါက ရက်စက်ပြီးတော့ ကိုယ့်တူကိုယ် ပြန်ပြီး ပြန်ပေးဆွဲဖို့အတွက် သူ့နားကို ကပ်နေတာပေါ့ .. အဲ့လိုလား"

စိုးရိမ်ခြင်းကင်းသောနန်က အထင်လွဲခံရလေဟန် အနောက်ကို တုန်လှုပ်ချောက်ချားစွာ ဆုတ်သွားပြီး ကြောက်လန့်သလိုလို လုပ်ပြလာသည် ။

"ကိုကို .. ဘာလို့ အဲ့လိုမျိုး ထင်ရတာလဲ ။
ညီမလေးက ကိုကို့ကို ပြောနေတာမှ မဟုတ်တာ"

အမည်မရှိသောနန် မှာ ဒေါသထောင်းခနဲ ထွက်သွား၏ ။
"အော် .. ငါ့ကို ပြောနေတာ မဟုတ်ဘူးလား ။ ဒါဖြင့်ရင် ပိုင်ဖန်းက ငါ့ရဲ့ သွေးသောက်ညီအစ်ကို ဆိုတာကို မသိတာလား .. ဒူနေတာပဲလား ။ မင်း သူ့ကို သံသယဝင်နေတာက ငါ့ကို သံသယဝင်တာနဲ့ အတူတူပဲ ။ ဘာလဲ မင်းက ငါ့ကို ထည့်တွက်စရာမလိုဘူးလို့ ထင်ထားတာလား"

ရီဝမ်ဝမ်သည် အမည်မရှိသောနန်၏ အရှေ့ကို ခုန်တက်လာပြီး သူမဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးနေခြင်းကြောင့်
ရင်ထဲ ရှုပ်ထွေးနေမိ၏ ။

သူမသည် အစက ထိုအရူး အမည်မရှိသောနန်သည် သူမ၏အစ်ကိုရင်းချာ ဖြစ်နေခြင်းကို လက်ခံနိုင်ဖို့ရာ
ခဲယဉ်းလွန်းနေခဲ့၏ ။ သု့ိသော် .. ထိုသူသည် သူမကို
တကယ့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနေပါလား ..

သို့သော်လည်း သူ အခု လုပ်လိုက်တာကတော့ များလွန်းသွားလေပြီ ။

သူသည် တစ်ဖက်သားကို ချောက်ထဲ ဆွဲချတတ်မည့်
ငတုံးငအ ငဒူ ငထုံ အဖွဲ့သားသာ ဖြစ်ချေတော့သည် ...

သူမ ဘယ်သူဖြစ်ကြောင်းကို အမည်မရှိသောနန်ကို ပြောပြလိုက်လျှင် သူ ယုံမှာမလွဲဧကန်ဟု ရီဝမ်ဝမ် အစက ထင်ထားခဲ့မိ၏ ။

သို့သော်လည်း အခုအတိုင်းဆို သူမ သူ့ကို မပြောပြခဲ့မိ၍သာ အတော်ကြီးတော်တော့၏ ။

ထိုသူသည် သိုင်းပညာတွင် တစ်ဖက်ကမ်းခတ်သည် ဆိုသည်ဦးတော့ သူ့စရိုက်ကတော့ ရှေ့နောက် မစဉ်းစားဘဲ လုပ်တတ်လွန်းလှပေသည် ။

သူ့ကို အားကိုးဖို့ဆိုသည်က လုံးဝကို မဖြစ်နိုင်သလောက်ပင် ။

သူမ စီစဉ်ထားသည်ကို သူ မဖျက်ဆီးပစ်လျှင်ပင်
အတော်လေး တော်လွန်းရာ ကျနေပေလိမ့်မည် ။

ထင်ထားသည့်အတိုင်းပင်
အမည်မရှိသောနန်က ထပြောလိုက်သည်နှင့် ချက်ချင်းပင် သခင်ကြီး နန် က ဒေါသထောင်းခနဲ ထွက်သွားကာ သူ့နောက်စေ့ကို ဖြောင်းခနဲ ဆော်ပစ်တော့သည် ။

"ကောင်စုတ်လေး ... မင်း ဘယ်သူ့ကို အော်နေတာလဲ ။
ဘယ်သူ့ဘက်ကနေ ကူပြောပေးနေတာလဲ ။
စိုးရိမ်ခြင်းကင်းသောကမှ မင်းရဲ့ ညီမအရင်းခေါက်ခေါက် ။
မင်း ရူးနေတာလား .. သူ့ဘက်က ထပ်ပြောပေးရဲ ပြောကြည့်စမ်း"

အမည်မရှိသောနန်က ခေါင်းကို ဖိထားလိုက်ပြီး
ဒေါသတို့ စွေ့စွေ့ခုန်လာလေပြီ ။

"ဟာဗျာ ... ဘယ်မှာ သူ့ဘက်က ပြောပေးလို့လဲ ။
ဒီတိုင်း စကားပြောတာ ခါတိုင်းထက် နည်းနည်းလေးပဲ ကျယ်သွားရုံပဲကို .. ဖေကြီး နည်းနည်းတော့ မများလွန်း ဘူးလား ။ ကျွန်တော်က ဖေကြီးရဲ့ သားအရင်းရော ဟုတ်ရဲ့လား"

"ခွေးကောင်လေး .. ပါးစပ်ကို ပိတ်ထားစမ်း ။
မင်း .. နောက်မှ ငါနဲ့ တွေ့မယ် ။ တစ်နေကုန်တစ်နေခမ်း လတ်လျားလတ်လျားနဲ့ လျှောက်သွားနေပြီး ဘယ်လိုလူတွေနဲ့ မိတ်ဆွေတွေ ဖွဲ့ဖွဲ့လာမှန်းကို မသိဘူး"

အကြီးအကဲ နန် သည် သူ၏ ငတုံးငအသားမောင်ကို လျစ်လျူရှုလိုက်ပြီး ရီဝမ်ဝမ်ကို ရှုတည်တည်ဖြင့် ကြည့်လာသည် ။

"ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ် .. တွေ့ရတာ ဝမ်းသာပါတယ် ။
နန် မိသားစု နဲ့ ဖိန့်ဖိန့်တုန်ဂိုဏ်းက အမြဲတမ်း
ကိုယ့်လမ်းကိုယ်ပဲ သွားနေကြတာဆိုပေမယ့် အဲ့ဒါက
နန် မိသားစုက ပြသနာလာနွယ်မှာကို ကြောက်တယ်လို့တော့ မဆိုလိုဘူး ။ ဒီနေ့ ဖြစ်သွားတဲ့ကိစ္စအပေါ်မှာ ဂိုဏ်းချုပ် ပိုင် ရှင်းပြချက်ပေးပါ ၊ မဟုတ်လို့ရှိရင် ဂိုဏ်းချုပ်ပိုင် ဒီကနေ ထွက်သွားလို့ မရမှာ စိုးတယ်"

သူသည် ပြောလိုက်သည်တွင်
နန် မိသားစု၏ ကိုယ်ရံတော်များက ရှေ့ကို တက်လာကြပြီး
ရီဝမ်ဝမ်ကို ဝိုင်းလိုက်ကြလေပြီ ။

အခုချိန်တွင် ရီဝမ်ဝမ်သည် သခင်ကြီးနန်၏ စိုးရိမ်ခြင်းကင်းသောနန်ကိုယ်စား ရပ်တည်ပေးနေခြင်းကို နားနှင့်ဆတ်ဆတ် ကြားနေရခြင်းအပေါ် မင်သက်နေမိ လေသည် ။

သခင်မကြီးနန် နှင့် သခင်ကြီးနန်သည်
သူတို့၏သမီး စိုးရိမ်ခြင်းကင်းသောနန်ကို သဲသဲလှုပ်အောင် ချစ်မြတ်နိုးကြမှန်း သူမ အတပ်ပြောနိုင်၏ ။

သူမသည် ထိုအိပ်မက်ထဲက မှတ်ဉာဏ်အပိုင်းအစတို့ကြောင့် သူမ၏မိဘနှစ်ပါးမှာ ကွယ်လွန်တိမ်းပါးသွားပြီဟု အမြဲထင်ထားမိခဲ့ပြီး မိဘနှစ်ပါးသည် အသက်ရှင်နေသေးကာ သူမကိုလည်း ထိုမျှအထိ ချစ်မြတ်နိုးမှန်း မထင်ထားမိခဲ့ပါချေ ။

ကံမကောင်းစွာဖြင့် သူမသည် လက်ရှိအခြေအနေမျိုးတွင်
သူတို့နှင့် ပြန်လည်မပေါင်းစည်းနိုင်သေးတာကြောင့် ထိုအမျက်ဒေါသကိုသာ ခံယူရဦးမည်သာ ..

ဒါတွေအားလုံးက ... နန် လင်း လုံ ကြောင့် ...

ဟိုးနှစ်ပေါင်းများစွာက သူမကိုယ်တိုင် ကယ်တင်ပေးခဲ့သော ထိုမွေးစားသမီးကြောင့် ...

သူမသည် ရန်သူကိုမှ ပျိုးထောင်ပေးခဲ့မိလေခြင်း ။

.................................................................................

စာစဉ် ၆၅၊ အခန်း ၅။ တစ်ချိန်တည်းမှာ ပေါ်လာတယ်

"ဘာလဲ .. ပိုင်ဖန်း .. နင့်မှာ ဘာမှ ပြောစရာ မရှိတော့ဘူးလား ။ ရှင်းပြလေ .. ဘာလို့ တန်တန်ကို ပြန်ပေးဆွဲသွားတာလဲ ။
ငါ့အစ်ကိုနဲ့ သူငယ်ချင်းဖြစ်နေတာ ဘာရည်ရွယ်ချက်နဲ့လဲ ဟမ်"

စိုးရိမ်ခြင်းကင်းသောနန်က ခက်ထန်စွာဖြင့်
ဝင်ပြောလာသည် ။

အိမ်တော်ထိန်း၏မျက်ဝန်းထဲတွင် အလင်းရောင်တစ်ချက် ပြိုးပြက်လာပြီး ဝင်ပြောတော့သည် ။

"သခင်မလေး စိုးရိမ်ခြင်းကင်းသော .. ဘာကြောင့် ဖြစ်ရမှာလဲ ။ ကိုကြီးဗိုလ် ဆိုတာက မကောင်းတာတွေ လုပ်လွန်းအားကြီးလို့ မိစ္ဆာမကြီးဆိုပြီးတော့ကို နာမည်ကြီးနေတဲ့ဟာ .. သခင်ငယ်လေးကို ပြန်ပေးဆွဲတာက ငွေအတွက် ဖြစ်ရင်ဖြစ် ဒါမှမဟုတ် သူ့ဒေါသကို လောင်းချဖို့အတွက် ကလေးတစ်ယောက်ကိုတောင် အလွတ်မပေးဘဲနဲ့ သတ်ချင်နေတာပဲ နေမှာ"

"ကျွန်တော်တို့တွေ လွတ်လပ်သောနယ်မြေကြီးတစ်ခုလုံးကို
ဝိုင်းထားပြီး သူတို့ဆီ အချိန်မီရောက်ချလာလို့သာ မဟုတ်ရင် အကျိုးဆက်ကတော့ မတွေးရဲစရာပဲ"

စိုးရိမ်ခြင်းကင်းသောနန်က ဖြတ်ပြောလိုက်သည် ။

"ဖေဖေ မေမေ သူနဲ့ စကားပြောမနေပါနဲ့တော့ ၊ ချက်ချင်းဖမ်းလိုက် ။ သမီးတို့တွေ သူ့လို လူဆိုးကို အလွတ်ပေးလိုက်လို့ မဖြစ်ဘူး"

သခင်ကြီး နန်သည် အမြဲတစေပင် အလွန်အကျူး ကာကွယ်ပေးတတ်သူကြီး ဖြစ်ပေသည် ။ ထို့ပြင်
ပိုင်ဖန်းသည် ဒီနေ့တွင် သူ၏ တန်ဖိုးအထားရဆုံးသော မြေးရတနာလေးကို ပစ်မှတ်ထားလာခြင်းမို့ သူသည်
လက်ကို မြှောက်လိုက်ကာ ကိုယ်ရံတော်တွေကို
လုပ်စရာရှိတာ လုပ်ဖို့ အမိန့်ပေးလိုက်တော့လေပြီ ။

ရီဝမ်ဝမ် မျက်ဝန်းတို့ ကျဉ်းမြောင်းလာသည် ။
သူမ၏မျက်နှာထက်တွင် အမျက်ဒေါသ သို့မဟုတ်
ကြောက်လန့်ခြင်းတို မရှိနေသလို ဘာမှမဖြစ်နေဟန်ပင် ။

သူတို့၏စွပ်စွဲမှုတို့ကို ရီဝမ်ဝမ် ပြုံးကာသာ ပြန်ချေပလိုက်၏ ။

"အဟက် .. ငါက တန်တန့်ကို ပြန်ပေးဆွဲတယ်တဲ့လား ။ ဒါဆိုရင် သခင်မလေး နန် က ကျွန်မရယ် ဂျိရှို့ရန် ရယ် ရှန်းမိသားစုရဲ့ အကြီးဆုံးသခင်လေး ရှန်းထင်းချန်း ရယ် အဇူရာဂိုဏ်းက အရှင်နတ်ဆိုးရယ် လေးယောက်ပေါင်းပြီးတော့ တန်တန်ကို ပြန်ပေးဆွဲသွားတာလို့ ပြောနေတာလား"

"ဘ..ဘာ" စိုးရိမ်ခြင်းကင်းသောနန် အံ့သြသွား၏ ။

"နင် ဘာစကားလဲ ။ ဒီကိစ္စက ကိုကို ရှို့ရန် ၊
အကြီးဆုံးသခင်လေး ရှန်း နဲ့ အရှင်နတ်ဆိုး တို့နဲ့ .. ဘာဆိုင်လို့လဲ"

ရီဝမ်ဝမ်သည် အမူအရာမပျက်စွာဖြင့်ပင် သူမ၏ ဇာတ်လမ်းထွင်ထားခြင်းကို ပါးပါးလေးစီ ဖော်ထုတ်တော့ပြီ ။

"ဒီက အိမ်တော်ထိန်း ပဲ အပြင်မှာ အန္တရာယ်များလွန်းတယ်လို့ ပြောသွားတယ်မလား ။ ဒါကြောင့်မို့ ကျွန်မလည်း တန်တန်ရဲ့လုံခြုံရေးအတွက် စိတ်ချရအောင်လို့ လူတွေ အများကြီး ခေါ်ထားရတာပေါ့ ။ ဘာလဲ .. ငါ ၊ ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ် ၊ ဂျိဘုရင် ၊ ရှန်းထင်းချန်း နဲ့ အရှင်နတ်ဆိုးတို့ လေးယောက်ပေါင်းပြီး တန်တန်ကို ကာကွယ်ပေးတာက မလုံလောက်သေးဘူးလို့ ထင်နေတာလား"

ထိုအယောင်ဆောင် စိုးရိမ်ခြင်းကင်းသောနန်သည်
ဒေါသထောင်းခနဲ ထွက်သွားတော့ပြီး
ရယ်ချလာတော့သည် ။

"ပိုင်ဖန်းရာ ပိုင်ဖန်း ... နင်က ကိုယ့်နေရာကိုယ် မသိဘဲ သူများခြံကို ကျော်တက်ချင်နေတဲ့ ခွေးတစ်ကောင်လို့ပဲ ငါ နင့်ကို ထင်ထားတာ ။ အခုတော့ ပါးစပ်သရမ်းတတ်ပြီး ပေါက်လွတ်ပဲစားတွေ လျှောက်ပြောတတ်တဲ့သူပါ ဖြစ်နေတာပါလား ။ ဂျိဘုရင် ၊ ရှန်းထင်းချန်း နဲ့ အရှင်နတ်ဆိုးက နင်နဲ့ အဖော်လိုက်လုပ်ပေးတယ် .. ဟုတ်တယ် ။ ညာချင်လည်း ယုတ္တိရှိအောင် ညာစမ်းပါ"

ထိုယောကျာ်းသုံးယောက်အတူရှိသည်ကို မြင်ရဖို့ပင် ရှားပါးလွန်းလှလေရာ သုံးယောက်ပေါင်းပြီး ပိုင်ဖန်းကို အဖော်လိုက်ပေးသည် ဆိုသည်ကတော့ လုံးဝကို မဖြစ်နိုင်ချေဘူး မဟုတ်လား ။

ငါတို့ကိုများ လမ်းဘေးက ဘာမှမသိတဲ့ ပေါက်လွတ်ပဲစားတွေများ မှတ်နေလား ။

သို့သော် စိုးရိမ်ခြင်းကင်းသောနန် ပြောလိုက်သည့်အခိုက်မှာပင် သူတို့အနောက်ဘက်ကနေ ခြေသံတွေ ထွက်လာကြသည် ။
တခနအကြာတွင် စိုးရိမ်ခြင်းကင်းသောနန် တရင်းတနှီး ရှိသော အဖြူရောင်ပုံရိပ်တစ်ခုသည် သူတို့ဆီကို တည်တည်ငြိမ်ငြိမ်ပင် လျှောက်လာနေပြီး ခါတိုင်းလို နူးညံ့ချိုသာစွာ ဆိုလာလေသည် ။

"ဦးလေး နန် ၊ ဒေါ်လေး နန် ဘာဖြစ်လို့လဲ ။
ဘာလို့ အရမ်းစိတ်ဆိုးနေကြတာလဲ"

ဂျိရှို့ရန် ပါလား ။

ရီဝမ်ဝမ်၏အရှေ့ ခြေလှမ်းဝက်အလိုတွင် ရပ်လိုက်သော ထိုယောကျာ်းသည် သိသိသာသာကို
ကာကွယ်ပေးလိုဟန်က အပြည့် ။

ဂျိဘုရင်၏ တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာခြင်းကြောင့် စိုးရိမ်ခြင်းကင်းသောနန်နှင့် တခြားသူများ အံ့အားသင့်မိသွားကြချိန် ပန်းရောင်အကျီၤကို ဝတ်ဆင်ထားသည့် ယောကျာ်းတစ်ယောက်နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ယောကျာ်းတစ်ယောက်သည်လည်း သူတို့ဆီကို လျှောက်လာနေသည်ကို တွေ့လိုက်ရ၏ ။

ပန်းရောင်ဝတ်စုံနှင့် ယောကျာ်းသည် ရှန်းထင်းချန်း ဖြစ်ပြီး နောက်တစ်ယောက် .. နောက်တစ်ယောက်မှာ ..
အ ရှင် နတ် ဆိုး ။

စိုးရိမ်ခြင်းကင်းသောနန်သည် ရှန်းထင်းချန်း နှင့် အထူးသဖြင့် အရှင်နတ်ဆိုးကို ထိတ်လန့်စွာဖြင့် ငေးကြည့်နေသည် ။

သူမသည် အရှင်နတ်ဆိုးကို ရှန်းထင်းချန်း၏ပွဲတော်တုန်းက တစ်ကြိမ်သာ တွေ့ဖူးခဲ့သော်လည်း လုံး၀ လူမမှားပါချေ ။

ထိုလူသုံးယောက်သည် ... တကယ်ကြီး တစ်ချိန်တည်းမှာ ထွက်ပေါ်လာတယ်တဲ့လား ... ။

တစ်ချိန်လုံး စကားဝင်မပြောဘဲ တိတ်တဆိတ်သာ ရှိနေခဲ့သည့် နန်လင်းလုံက ထိုသုံးယောက်ကို မြင်လိုက်သည်တွင် မျက်လုံးတို့ ဝင်းပသွားပြီး နူးညံ့စွာ ဆိုလာတော့သည် ။

"ကိုကို ရှို့ရန် ... ကိုကို ရောက်လာတာ အတော်ပဲ ။ ဒီမှာလေ
ပိုင်ဖန်းက တန်တန့်ကို ပြန်ပေးဆွဲသွားပြီးတော့ ပြန်မပေးဆွဲဘူး ပြောနေတယ် ၊ ပြီးတော့လည်း ပြောသေးတယ်"

................................................................................

စာစဉ် ၆၅၊ အခန်း ၆။ ရယ်ရလွန်းလို့ သေတော့မှာပဲ

ဂျိရှို့ရန်က မေးလိုက်သည် ။
"ဘာပြောလို့လဲ"

စိုးရိမ်ခြင်းကင်းသောနန်က ချက်ချင်း မဲ့ရွဲ့ကာ ဆိုလာသည် ။
"ပိုင်ဖန်းကလေ သူက ကိုကိုရှို့ရန် ၊ သခင်လေး ရှန်း တို့နဲ့ အတူတူ ရှိနေတာပါလို့ ပြောနေတယ် .. ပြီးတော့ အရှင်နတ်ဆိုး လည်း ပါသေးတယ်တဲ့ ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ နော် ကိုကိုရာ"

ဂျိရှို့ရန်သည် နှုတ်ခမ်းထက်တွင် အပြုံးလေး ဖြစ်တည်လာပြီး ရီဝမ်ဝမ်ကို ကြည့်လိုက်ကာ ဖြေလိုက်သည် ။

"ဂိုဏ်းချုပ် ပိုင် က ဒီနေ့ ငါတို့နဲ့ အတူ ရှိနေတာ ဟုတ်တယ်"

အယောင်ဆောင် စိုးရိမ်ခြင်းကင်းသောနန်၏ မျက်နှာထက်တွင် ချက်ချင်း မယုံကြည်နိုင်မှုတို့ ပြည့်လျှမ်းတက်လာတော့သည် ။

"ဘယ်လို .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ရှန်းထင်းချန်းက သူတို့အနောက်ကနေ တိုးထွက်လာသည် ။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ ။ ဂိုဏ်းချုပ် ပိုင် နဲ့ ဒီကလေးလေးက တစ်ချိန်လုံး ငါတို့နဲ့ အတူ ရှိနေတာ .. ငါတို့လည်း အပျော်ကြီးပျော်နေကြတာကို .. မျက်စိတစ်မှိတ်လေး
အတွင်းမှာ ငါတို့က ဘယ်လိုလုပ်ပြီးတော့ ပြန်ပေးဆွဲသမား တွေ ဖြစ်သွားရတာလဲ"

"ပြန်ပေးဆွဲတယ် ... ဟုတ်လား ။ ရှိကြီးခိုးပါရဲ့ကွာ .. ဒီကလေးက ငါတို့နဲ့ ရှိနေမှတော့ ဘာဖြစ်စရာ အကြောင်း ရှိမှာလဲ ။
ငါတို့ရှိတာတောင် လုပ်ရဲလို့ကတော့ အဲ့ကောင်ကို ရွှေချောင်းတို့နဲ့ကို ဖို့သတ်ပစ်လိုက်ဦးမယ်"

နောက်ဆုံးသော ရာဇဝတ်မှုထဲ ပါနေသူ တစ်ယောက် ဖြစ်သည့် ... အရှင်နတ်ဆိုး အလှည့်သာ ...

ရီဝမ်ဝမ်သည် ဂျိရှို့ရန် နှင့် ရှန်းထင်းချန်းက သူမနှင့် ပူးပူးပေါင်းပေါင်း လုပ်ပေးမည်ဆိုတာကို ယုံကြည်မှုအပြည့် ရှိပါသော်လည်း အရှင်နတ်ဆိုး ကျတော့ ...

ရီဝမ်ဝမ် ထိုယောကျာ်းအား တိတ်တိတ်လေး ပြုံးလိုက်ရင်း
မသိမသာ တောင်းဆိုမိ၏ ။

ကျေးဇူးပြုပြီးတော့ ပူးပေါင်းပေးပါနော် .. ဆရာကြီး ။

ထိုယောကျာ်းသည် သူမလေး၏အပြုံးလေးကို မြင်တွေ့လိုက်ရချိန်တွင် မျက်ဝန်းထဲ ချက်ချင်း လင်းလက်သွားပြီး တမုဟုတ်ချင်းပင် သူမအကြည့်ကို ရှောင်လွှဲပစ်လိုက်သည် ။

သူသည် ခေါင်းတစ်ဖက်ကို လှည့်သွားပြီး
အမူအရာကင်းမဲ့စွာဖြင့် တိတ်ဆိတ်စွာသာ နေနေလေသည် ။
သူသည် သူမကို မဖော်သလို တိတ်တိတ်ဆိတ်ဆိတ်သာ နေခြင်းကြောင့် ဂျိရှို့ရန် နှင့် ရှန်းထင်းချန်းတို့၏ အလိမ်စကားကို ထောက်ခံလိုက်သကဲ့သို့နှယ် ဖြစ်သွား၏ ။

ဒီလိုကိစ္စထဲ သူ ဝင်စွက်ဖက်ချင်စရာ အကြောင်းလည်း တကယ်မရှိပါချေ ။ ထို့အတူ သူတို့ကို စကားပြောဖို့လည်း စိတ်မပါပါချေ ။

ဂျိရှို့ရန် ၊ ရှန်းထင်းချန်း နှင့် အရှင်နတ်ဆိုးတို့ တစ်ပြိုင်တည်း ပေါ်လာကြလိမ့်မည်ဟု မထင်မိထားကြသည့် နန်မိသားစုမှာ
ဘာမှ မတုံ့ပြန်နိုင်ဘဲ ပါးစပ်အဟောင်းသား ဖြစ်နေမိကြ၏ ။

နန်လင်းလုံသည်ကတော့ မျက်မှောင်ကြီး တွန့်ချိုးနေလေပြီ ။

စိုးရိမ်ခြင်းကင်းသောနန်က လက်သင့်မခံနိုင်စွာ ပြောလာတော့သည် ။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... သူ တန်တန့်ကို ပြန်ပေးဆွဲချင်နေတာ ဒီလောက်အသိသာကြီးကို .."

"အာ ..." သခင်ကြီးနန် နှင့် သခင်မကြီးနန် မှာ ကိစ္စက ဒီလိုတပြောင်းတပြန်တွေ ဖြစ်လာလိမ့်မည်ဟု မထင်ထားမိတာကြောင့် မရေမရာ ဇဝေဇဝါ ဖြစ်လာကြတော့သည် ။

အမည်မရှိသောနန်က ချက်ချင်း ဝင်မာန်တော့သည် ။
"ပြောစမ်းပါ .. ဆက်ပြော ။ ငါ့ရဲ့ညီမက တန်တန်ကို ပြန်ပေးဆွဲပါတယ်လို့ ပြောလေ ။ နေဦး မဟုတ်သေးဘူး င့ါရဲ့ညီမလေးက လွတ်လပ်သောနယ်မြေရဲ့ အရှင်ဂျိ ၊ မျိုးနွယ်စုကြီးလေးစုရဲ့ အမွေဆက်ခံသူလောင်းလျာ ရှန်းထင်းချန်း နဲ့ အဇူရာဂိုဏ်း ရဲ့ အရှင်နတ်ဆိုးတို့နဲ့ ပေါင်းပြီး တန်တန်ကို ပြန်ပေးဆွဲသွားတာ လို့ ပြောရမှာ ။ ဟားဟားဟား .. ရယ်ရတယ်ကွာ ။ ရယ်ရလွန်းလို့ အူတက်သေတော့မှာပဲ"

စိုးရိမ်ခြင်းကင်းသောနန် နှင့် အိမ်တော်ထိန်း၏ မျက်နှာမှာ ဖြူလျော်လာကြသည် ။

ဂျိရှို့ရန် နှင့် ရှန်းထင်းချန်းတို့ကို ထားဘိဦး ။
အရှင်နတ်ဆိုးသည် သိုင်းပညာအစည်းအရုံးကပင်
သတိကြီးကြီးနှင့် ဆက်ဆံရသူ ဖြစ်ချေသည် ။ သို့သော် ကလေးတစ်ယောက်ကို ပြန်ပေးဆွဲတာလို လုပ်ရပ်မျိုးကို
သူ လုပ်စရာ ဘာအကြောင်းမှ မရှိပါချေ ။

နတ်ဆိုးကို သွားပြီး ပြန်ပေးဆွဲသမားဟု ပြောခြင်းက လာနောက်နေခြင်းလား ။

အယောင်ဆောင် စိုးရိမ်ခြင်းကင်းသောနန် မှာ သံသယတို့ ဖြစ်တည်လာတော့သည် ။

"ဒါပေမယ့် ကိုကို ရှို့ရန် ၊ သခင်လေး ရှန်း ၊ အရှင်နတ်ဆိုး .. ရှင်တို့သုံးယောက်က ဘာလို့ အတူရှိနေတာလဲ"

အေးစက်သည့် မျက်နှာထားဖြင့် တိတ်ဆိတ်စွာသာ နေသော အရှင်နတ်ဆိုးက ရုတ်ခြည်းပင် ထပြောလာတော့သည် ။

"ငါ ဘယ်သူနဲ့ ရှိရှိ မင်းကို ရှင်းပြနေစရာ လိုလား"

"အဲ ..." စိုးရိမ်ခြင်းကင်းသောနန်ခမျာ ဆွံ့အသွား၏ ။

အနှီယောကျာ်း၏ မောက်မာလွန်းသော ကြောက်ခမန်းလိလိ ဖြစ်လွန်းသော အကြည့်တစ်ချက်ကြောင့် သူမကိုယ်သူမ ဘာမှမဟုတ်သည့် ပုရွက်ဆိတ်တစ်ကောင်လို ခံစားမိလိုက်ပြီး ကျောတစ်လျှောက်တွင် စိမ့်ခနဲ ဖြစ်သွားရ၏။

သူသည်ကား အမှန်ပင် အရှင်နတ်ဆိုး ပီသပါပေသည် ...
စကားတစ်ခွန်းသာ ပြောရသေးသည် ။ ထိုတစ်ခွန်းကပင်
ထိုမျှထိ ကြောက်မက်ဖွယ်ကောင်းလွန်းနေပေသည် ။

ရှန်းထင်းချန်းကတော့ အရှင်နတ်ဆိုး အခုလို ပြောလိုက်ချိန်တွင် အလွန်ပင် မိမိုက်ခန့်ညားလွန်းသည်ဟု တွေးမိသွားကာ
ချက်ချင်း ခေါင်းညိတ်ပြီး ဝင်ပြောလာတော့သည် ။

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် အရှင်နတ်ဆိုး ပြောတဲ့အတိုင်းပဲ"

ဂျိရှို့ရန်ကလည်း ပြန်ဖြေလာသည် ။
"ဂိုဏ်းချုပ်ပိုင်က တန်တန့်ကို ခေါ်လာပြီး ကျွန်တော့်ကို လာတွေ့တာပါ .. လမ်းမှာ သခင်လေး ရှန်း နဲ့ အရှင်နတ်ဆိုးကို တွေ့တာနဲ့ အတူလျှောက်လည်ဖြစ်သွားတာပါ"

ရှန်းထင်းချန်းသည် ဂျိရှို့ဘက်ကို လှည့်လိုက်ပြီး
ဂျိရှို့ရန် ပြောသွားတာလည်း အဓိပ္ပာယ်ရှိသည်ဟု
တွေးမိသွားပြန် သည် ။
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် အရှင်ဂျိ ပြောသလိုပဲ"

ရီဝမ်ဝမ် ဆွံ့အစွာဖြင့် ရှန်းထင်းချန်းကို ကြည့်မိ၏ ။ "..."

အသိဉာဏ်မရှိသူက တကယ်ကြောက်စရာကောင်းတာပဲ ...

အသိဉာဏ်ရှိတဲ့သူ နှစ်ယောက် ရှိနေသေးလို့သာ တော်ပါသေးရဲ့ ...

..................................................................................

စာစဉ် ၆၅၊ အခန်း ၇။ မာမီက သူစိမ်း မဟုတ်ဘူး

အခြေအနေသည်ကား သိသာရှင်းလင်းလာချေပြီ ။
လူတစ်ယောက်ထဲက ပြောခြင်းဆို သံသယဝင်လို့ ရပေမည့်
အခုတော့ ဂျိရှို့ရန် ၊ ရှန်းထင်းချန်း နှင့် အရှင်နတ်ဆိုးတို့က
ထပ်တူညီစွာ ပြောလာကြခြင်း ဖြစ်လေရာ
ပိုင်ဖန်း ညာနေခြင်း မဖြစ်နိုင်တော့ပေ ။

ဒီဆရာကြီးသုံးယောက်က ပိုင်ဖန်းဘက်ကနေ တမင် မှားယွင်းစွာ ထွက်ဆိုပေးကြတာ ဖြစ်နေရင်ရော .. ။

ထိုသည်ကလည်း လုံးဝကို ယုတ္တိမတန်ပေ ။

ထို့ကြောင့် စိုးရိမ်ခြင်းကင်းသောနန် နှင့် ထိုယုံကြည်ချက်အပြည့် ရှိနေသော အိမ်တော်ထိန်းမှာ လုံးဝကို ပြန်မငြင်းနိုင်တော့ပေ ။

နန်လင်းလုံ၏ ကျဉ်းကျုံ့နေသည့်မျက်ဝန်းတို့မှာ အေးစက်လာလေပြီ ။ သို့သော် တခနအတွင်းပင် ပြန်လည် တည်ငြိမ်သွား၏ ။ သူမက ပြုံးလိုက်ပြီး အခြေအနေကို ဝင်ဖျန်ဖြေပေးလာတော့သည် ။

"ဒီလိုဆိုရင် နားလည်မှု လွဲသွားတာပေါ့ ။
အားလုံးလည်း ဘာမှမှ မဖြစ်ကြတာ ရပြီ ။
ဂိုဏ်းချုပ် ပိုင် ... စိုးရိမ်ခြင်းကင်းသောက ခုနက တန်တန့်ကို စိုးရိမ်လွန်သွားလို့ပါ .. ဂိုဏ်းချုပ်ရဲ့ နာမည်ကလည်း တကယ့်ကို ... အဟင်း ... ဂိုဏ်းချုပ် စိတ်ထဲ မထားဘူးမလား"

ရီဝမ်ဝမ် ရွဲ့ပြုံးပြုံးလိုက်၏ ။

အဟက် ... နန်လင်းလုံ ဒီလောက်အကြာကြီး ပုန်းနေနိုင်တာ မအံ့သြတော့ဘူး --စကားတစ်ခွန်းလောက်နဲ့ အကောင်းကို အဆိုး အဆိုးကို အကောင်း ဖြစ်အောင် ပြောနိုင်စွမ်း ရှိနေတာပဲ ။

"သွားသေလိုက်ပါလား .. ဝမ်ဝမ်က တန်တန် ပျော်ရအောင်လို့ အပြင်ကို ခေါ်သွားပေးတာကို အခုတော့ မျက်နှာပျက်စရာတွေ ဖြစ်ကုန်ပြီ ။
အခုမှလာပြီး ဘာ .. အထင်လွဲသွားလို့ .. ဟုတ်လား"

အမည်မရှိသောနန်က ဒေါသတကြီး မေးခွန်းထုတ်၏ ။

ရီဝမ်ဝမ်၏ရင်ထဲ ထိခတ်သွားရသည် ။

"သခင်လေးရှန်းဆီကနေ သင်ထားစမ်းပါ ။
တောင်းပန်ရင်လည်း အနည်းဆုံး ရွှေချောင်းတော့ ပေးဦးမှပေါ့" အမည်မရှိသောနန်က ထပ်ဖြည့်ပြောသည် ။

ရီဝမ်ဝမ် ။ "..."

အစောနက ရင်ထဲ ထိမိသွားသည်တို့ပင် ဘယ်ဆီရောက်သွားမှန်း မသိတော့ ...

သခင်မကြီးနန် က မည်းပုတ်နေသည့် မျက်နှာဖြင့် သူမသားကို စိတ်မကြည်စွာ ကြည့်လိုက်တော့၏ ။

"တိတ်တိတ်နေစမ်း"

သခင်မကြီးနန်သည် မျက်နှာထက်တွင် အားတုံ့အားနာ ဖြစ်ကာ ရီဝမ်ဝမ်ဘက်သိ့ု လှည့်လာသည် ။

"တောင်းပန်ပါတယ် ရှောင်ဖန်း"

ရီဝမ်ဝမ်သည် အစကတော့ ဟန်ဆောင်ကာ
တစ်ခုခု ပြောဦးမလို့ပင် ၊ သို့သော် တကယ်တမ်း သူမ ပြောလာသည်တွင် သူမလည်း ရင်ထဲမှာ နာကျင်ဝမ်းနည်း လာရ၏ ။

"မွေးစားမေမေ ရပါတယ် .. မေမေတို့အားလုံးက တန်တန်ကို စိတ်ပူလို့ ဖြစ်သွားတာပဲကို"

သခင်မကြီး နန် သည် ထိုကောင်မလေး၏ မျက်လွှာလေး
ချကာ ဝမ်းနည်းရိပ် သမ်းနေပုံလေးကို မြင်လိုက်ပြီး
ရင်ထဲမှာ ပြင်းထန်စူးရှစွာ နာကျင်လာရတော့၏ ။

ကိစ္စက ဒီလောက်အထိ ရောက်လာလိမ့်မည်ဟု ထင်မထားမိသည့် စိုးရိမ်ခြင်းကင်းသောနန်ကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိထားလေပြီ ။

တခနအကြာတွင် အယောင်ဆောင် စိုးရိမ်ခြင်းကင်းသောနန်၏ မျက်နှာထက်တွင် အဆိပ်အတောက်အားလုံးတို့မှာ ပြယ်လွင့်သွားတော့ပြီး နာကျင်ဟန်လေး ပေါ်လာတော့သည် ။

"ဒါတွေအားလုံးက သမီးအမှားတွေပါ ... သမီးသာ
အမေတစ်ယောက် တာဝန်ကို ကျေပွန်ခဲ့ရင်
ဒီနေ့ ဒီလိုကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး ...
သမီး ပြန်ရောက်လာတာ အကြာကြီး ရှိနေပေမယ့် ...
တန်တန်က အခုထိ သမီးကို လက်မခံနိုင်သေးတုန်းပဲ"

အိမ်တော်ထိန်းက ချက်ချင်းပင် ရီဝမ်ဝမ်ကို စူးစူးရဲရဲ ကြည့်ကာ ဝင်ပြောလာသည် ။
"ဒါက သခင်မလေး စိုးရိမ်ခြင်ကင်းသော ရဲ့ အမှားကြောင့်
မဟုတ်ပါဘူး ။ သခင်မလေးက သခင်ငယ်လေးရဲ့ အမေအရင်း ဆိုပေမယ့် ဘာမှသွေးမတော် သားမစပ်တဲ့လူက သခင်မလေးတို့ ကြားထဲ ဝင်လာပြီးတော့ သခင်ငယ်လေးနဲ့ နေ့တိုင်း တရင်းတနှီး နေနေလိ့ု ဖြစ်ရတာ ။ သူ့မှာ အကြံအစည်တွေ ရှိနေတာပဲ ဖြစ်ရမယ်"

"ကျွန်တော်တော့ဖြင့် ဖိန့်ဖိန့်တုန်ဂိုဏ်းက ကိုကြီးဗိုလ် က
အရမ်းကို စိတ်ရှည်ပြီး ကလေးတွေကို သိပ်ချစ်တတ်တယ်လို့ တစ်ခါတောင် မကြားဖူးဘူး"

သခင်မကြီး နန်က သက်ပြင်းချသည် ။

ထိုသမီးလေးကို တုန်နေအောင် ချစ်ကြသည့် သူတို့သည်လည်း သူတို့သမီးလေးသည်
နေ့စဉ်နေ့တိုင်း သားဖြစ်သူ ၊ သူတို့၏ မြေးလေး ဖြစ်သူနှင့် အဆင်မပြေဖြစ်နေခြင်းအပေါ်တွင် ရင်နာကြရသည်ချည်း
ဖြစ်လေသည် ။

အိမ်တော်ထိန်း၏ အပြောအဆိုကို နန်လင်းလုံ အတော်လေး စိတ်ကျေနပ်မိသွား၏ ။ သူမသည် တန်တန်ကို ကြည့်လိုက်ပြီး နူးညံ့စွာဖြင့် ဆိုလိုက်သည် ။

"တန်တန် ... ဒုတိယ မမ က သားရဲ့မေမေအရင်းလေ ..
သား ဘာလို့ ကိုယ့်အမေထက် သူစိမ်းကို ပိုခင်တွယ်နေရတာလဲ ။ သားကြောင့် သားမေမေ ဘယ်လောက်ရင်နာရလဲ သိရဲ့လား"

ခပ်ပေါ့ပေါ့သာ ကြည့်မည်ဆိုရင် နန်လင်းလုံသည် တန်တန်အား အဒေါ်တစ်ယောက်က ဆုံးမနေသည့်သဖွယ် ဆုံးမစကား ဆိုနေခြင်းသာ ။ သို့သော် လေးလေးနက်နက် ကြည့်မည် ဆိုရင်တော့ တန်တန်သည် ကိုယ့်မိသားစုထက် အပြင်သူစိမ်းကို ရွေးချယ်ကာ သူခိုးအားမြှောက် လုပ်နေခြင်း ဟု ပြောနေခြင်းသာ ။

ထိုသည်ကို ကြားလိုက်ပြီး တန်တန်၏မျက်နှာမှာ တင်းမာလာလေပြီ ။

ရီဝမ်ဝမ်၏အရှေတွင် ရှိနေခဲ့သည့် ထိုတောက်ပရွှန်းစားသော ချစ်စရာအတိ ကောင်းလှသော မျက်ဝန်းလေးတို့သည် နွေးထွေးမှုအားလုံး ပျောက်ကွယ်ကာ အေးစက်ခြင်း အတိ ဖြစ်လာလေပြီ ။ သူက မော့ကြည့်လိုက်ပြီး တစ်ခွန်းချင်း တစ်ခွန်းချင်းကို ပြတ်ပြတ်သားသား ဆိုလိုက်၏ ။

"ခင်ဗျားမှာ ကျွန်တော်တို့ နန် မိသားစုကိစ္စထဲ ဝင်ပြောဖို့ အခွင့် ရှိလို့လား"

မာမီက သူစိမ်း မ ဟုတ် ဘူး ။

......................................................................................

စာစဉ် ၆၅၊ အခန်း ၈။ နန်မိသားစုဝင်

တန်တန် ပြောချလိုက်သည့်ချက်ချင်းပင်
အားလုံး တဒင်္ဂ တိတ်ဆိတ်ကုန်ကြတော့သည် ။

နန်လင်းလုံ၏ ဖော်ဖော်ရွေရွေ ရှိသော မျက်နှာသည်ပင် အက်ကွဲသွားရလေပြီ ။

ရှင်းထင်းချန်းသည်ကတော့ တအံ့တသြ ဖြစ်နေ၏ ။

ထိုတော့မှသာ ထိုကလေးသည် စိုးရိမ်ခြင်းကင်းသောနန် ၏ သား ဖြစ်နေပြီး ပိုင်ဖန်းက မွေးစားအမေသာ ဖြစ်ကြောင်းကို သူ သဘောပေါက်မိသွား၏ ။ ပိုင်ဖန်းသည် သူ လက်လျှော့သွားအောင်လို့ ထိုကလေးကို သူမသားဟု တမင်ထုတ်ပြောခဲ့ခြင်းပင် ။ သို့သော်လည်း သားအရင်း ဟုတ်ဟုတ်မဟုတ်ဟုတ် သူကတော့ ဂရုစိုက်မည့်သူ မဟုတ်ပေ ။

အစောနက ပိုင်ဖန်း၏နံဘေးတွင် ရှိနေခဲ့စဉ်ကမူ ထိုကလေးသည် အပြစ်ကင်းသော ယုန်ဖြူလေးသဖွယ် ရှိနေခဲ့သော်လည်း အခုတော့ လုံးဝကို အသွင်ပြောင်းသွားကာ သူ့မျက်ဝန်းတို့သည် အသက်နှင့် မလိုက်ဖက်လောက်အောင်ပင် ရင့်ကျက်လွန်းနေလေပြီ ။

ကျွတ်စ် ကျွတ်စ် .. ဒီကလေးကတော့ တကယ့်ကို နန် မိသားစု ရဲ့ မြေး ပီသပါရဲ့ ...

ပြောကြသည့်စကားတို့အရ ထိုနန်မိသားစု၏
အဖိုးတန် မြေးလေး၏ အဖေဖြစ်သူမှာ ဤလွတ်လပ်သောနယ်မြေ ထဲက လျို့ဝှက်ဆန်းကြယ်သော လူဆယ်ယောက်ထဲက တစ်ယောက် ဖြစ်သည်တဲ့ ...

"တန်တန်"

သခင်ကြီးနန် သည် သူ အရမ်း ချစ်မြတ်နိုးရသော အတိုင်းအဆမရှိအောင် အလိုလိုက်ထားသော မြေးလေးအပေါ်တွင် ပထမဆုံးအကြိမ်အနေဖြင့် စိတ်တိုမိလာ၏ ။

သခင်မကြီးနန်သည်လည်း မျက်မှောင်ကြုတ်လာသည် ။
"တန်တန် .. ကိုယ့်အဒေါ်ကို အဲ့လို မပြောရဘူးလေ"

နန်လင်းလုံသည် စိတ်ထဲ မထားလေဟန် ဆောင်ကာ ပြောလာသည် ။
"ဖေဖေ မေမေ ရပါတယ် ၊ တန်တန်က ငယ်သေးလို့ နားမလည်သေးတာပါ"

စိုးရိမ်ခြင်းကင်းသောနန်သည် ချက်ချင်းပင် ဒီအခွင့်အရေးကို အသုံးချကာ သူမ၏ဒေါသတွေအကုန်လုံးကို ကလေးပေါ် ပုံချပစ်တော့သည် ။

"တန်တန် သားအရမ်းလွန်သွားပြီ ။
သား မေမေ့ကို မလေးမစားလုပ်တာလည်း ရတယ် ၊ မေမေ့ကို မရှိတဲ့လူလို သဘောထားတာလည်း ရတယ် ၊ ဒါပေမယ့် ဒေါ်လေး လင်းလုံက ဒီတစ်လျှောက်လုံး သားကို ဂရုစိုက်လာခဲ့တာလေ .. ဘယ်လိုလုပ်ပြီး သား ဒီလိုမျိုး ပြောထွက်တာလဲ"

စိုးရိမ်ခြင်းကင်းသောနန်က ပြောလိုက်ရင်း
ရီဝမ်ဝမ်ကို ကြည့်လိုက်မိချိန် ပိုပိုလ့ိုပင် ဒေါသထွက်လာပြီး
ပိုပိုလို့ပင် လေသံမာလာတော့သည် ။

"အပြင်မှာ တစ်နေကုန်တစ်နေခမ်း သူစိမ်းနဲ့ လျှောက်သွားနေတယ် ၊ အိမ်ကလူတွေ ဘယ်လောက်တောင် စိတ်ပူနေမလဲ မတွေးမိဘူးလား ဟမ် .. မင်းလို သစ္စာဖောက်က နန် မိသားစုဝင်ရော ဟုတ်ရဲ့လား"

ထိုနောက်ဆုံးတစ်ခွန်းတွင်တော့ ရီဝမ်ဝမ်၏မျက်နှာမှာ ချက်ချင်းကို အေးစက်လာတော့၏ ။

သခင်မကြီးနန်သည်လည်း မျက်မှောင်ကြုတ်သွားတော့ သည် ။

သူမ၏သမီးသည် နှုတ်ကြမ်းလွန်းသည်ဟု တွေးလိုက်မိသော်လည်း တစ်ဖက်မှာ သူမ၏မြေးလေး ဖြစ်နေပြီး တစ်ဖက်က သူမ အမြဲ အားနာနေခဲ့ရသည့် သူမသမီးလေး ဖြစ်နေတာကြောင့် နှစ်ယောက်စလုံးကို ညီတူညီမျှ တန်ဖိုးထားမိသဖြင့်
သူတို့ကြားထဲ ဝင်မပါဘဲသာ နေလိုက်တော့၏ ။

ထိုအခိုက်တွင် ရီဝမ်ဝမ်သည် ဂျိရှို့ရန် ဆီသို့ လျှောက်သွားကာ
သူ့လက်ထဲက တန်တန် လုပ်ထားသော ကိတ်မုန့်ကို ယူလိုက်ပြီး စိုးရိမ်ခြင်းကင်းသောနန် ဆီ ပြန်လျှောက်သွားလိုက်သည် ။

"ဘာ .. ဘာလုပ်မလို့လဲ"

အယောင်ဆောင်စိုးရိမ်ခြင်းကင်းသောနန်သည်
အမေတစ်ယောက်ဟန် အပြည့်ဖြင့် ဆူငေါက်နေရာကနေ
ရီဝမ်ဝမ် ရောက်ချလာသည်ကို တွေ့လိုက်မိပြီး
ထိုမိန်းမ၏ ကြောက်စရာကောင်းသော အန္တရာယ်အငွေ့အသက် တို့ကြောင့် အနောက်ကို အလိုလို ဆုတ်မိသွား၏ ။

အမည်မရှိသောနန်က မျက်နှာကို ပွတ်သပ်ပစ်လိုက်ပြီး
စိတ်ထဲကနေ ကျိတ်ပြောမိလာ၏ ။

ဟော .. ဒီနှစ်ယောက်က အရောင်အဝါကအစ လုံး၀ တခြားစီပါပဲလား ။
ဒီလောက်တောင် သတ္တိကြောင်တဲ့မိန်းမက ငါ့ညီမလေး တဲ့လား ။
ဘော့စ် ကျော်ကြားသောကမှ ငါ့ညီမလေးနဲ့ ပိုတူနေသေးတယ် ။

ရီဝမ်ဝမ်၏ လူသတ်လိုစိတ် ဖြာနေကာ လက်ထဲက ဘူးတစ်ဘူး ကိုင်ပြီး စိုးရိမ်ခြင်းကင်းသောနန်ဆီကို လျှောက်လာနေသည်ကို မြင်လိုက်ရချိန် သခင်ကြီးနန်၏မျက်နှာမှာ တင်းမာလာတော့ပြီး အိမ်တော်ထိန်းနှင့် ကိုယ်ရံတော်တို့မှာလည်း သတိကြီးကြီး ထားကုန်ကြသည် ။

ရီဝမ်ဝမ်သည် စိုးရိမ်ခြင်းကင်းသောနန် ရှေ့တွင် ရပ်လိုက်ပြီး စကားတစ်ခွန်းမဆိုဘဲ ထိုကိတ်ဘူးကို သူမခြေထောက်ပေါ် ပစ်ချပစ်လိုက်၏ ။

"အားးးးး ..."

အယောင်ဆောင် စိုးရိမ်ခြင်းကင်းသောနန်သည်
ကိတ်မုန့်ခရင်မ်တို့ ပေကျံသွားခြင်းကြောင့် အော်လာတော့သည် ။

"ပိုင်ဖန်း .. နင် ရူးနေပြီလား ။ အရမ်း လွန်မလာနဲ့"

စိုးရိမ်ခြင်းကင်းသောနန်က သူမ ခံနေရပါသည် ဆိုသည့် ဟန်ဖြင့် သခင်မကြီး နန် နှင့် သခင်ကြီးနန် ကို ကြည့်လိုက်တော့သည် ။

လူတိုင်းသည် သူမ လက်နက်တစ်ခုခုဖြင့်
တိုက်ခိုက်တော့မှာလားဟု ထင်ထားကြရင်းကနေ
ရီဝမ်ဝမ်က ကိတ်မုန့်တစ်လုံးဖြင့် ပစ်ပေါက်လိုက်တာကြောင့်
အားလုံး ကြက်သေသေသွားကြ၏ ။

ထို့နောက်တွင် ရီဝမ်ဝမ်သည် အမူအရာကင်းမဲ့စွာဖြင့် ထိုအယောင်ဆောင် စိုးရိမ်ခြင်းကင်းသောနန် ကို ပြောလိုက်သည် ။

"ကြည့်လိုက်"

စိုးရိမ်ခြင်းကင်းသောနန် နှင့် တခြားသူများမှာ နားမလည်စွာဖြင့် မြေကြီးပေါ် ပေပွသွားသည့် ထိုကိတ်မုန့်ကို ငုံ့ကြည့်လိုက်မိကြ၏ ။

.................................................................................
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘

Continue Reading

You'll Also Like

534K 35K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
3.5M 218K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
1.2M 90.5K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
376K 37.2K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်