HTOO (Season -2) [ completed...
By Tay-Khit-Mo
26.1K 1.1K 1K
HTOO သည် "မျှော်လင့်မထားခဲ့သော" ၏ season -2 ဖြစ်သည်။ More
Note
Part - 1
Part- 2
Part- 3
Part-4
Part-5
Part-6
Part-7
Part- 8
Part-9
Part-10
Happy Ending
Extra-1
Extra-2
Extra -3
Extra-4
Extra -5
Extra-6
Extra-7
Extra-8
1.4K 52 30
By Tay-Khit-Mo
Unicode
ပြက္ခဒိန်မှ ပြောင်းလဲသွားသော ရက်စွဲများနှင့်အတူ အချိန်တွေက တဖြေးဖြေး ရွှေ့လျားနေသည်။တနေ့ထက် တနေ့ပိုတိုးလာသော ချစ်ခြင်းမေတ္တာ တွေကို အသုံးချကာ ထူး တို့မိသားစုလေးကို ပျော်ရွှင်ချမ်းမြေ့စေခဲ့သည်။
တရိပ်ရိပ်ပြေးလွှားနေသော ထူး လိုက်ပါလာ သည့်ကားလေးသည် တောင်ကြီး မြို့အနီး ထူးတို့ နေထိုင်သည့် ရွာကြီးသို့ ဆိုက်ရောက်လာချေပြီ။ကုန်လွန်ခဲ့တဲ့ သုံးရာသီများစွာမှာ ပြောင်းလဲ လာတဲ့ ဒီရွာကြီး။ဟိုးအရင်ကလို ချောင်ကျကျ၊မဖွံ့ဖြိုးခဲ့တဲ့ နေရာဒေသမဟုတ်တော့။လမ်းပမ်းဆက်သွယ်ရေးမှ စကာ ရေမီးအစုံအလင်ဖြင့် ခေတ်မှီတိုးတက်နေသော မြို့ကြီးဖြစ်နေပေပြီ။
ဆေးရုံ ၊စာသင်ကျောင်း ၊ အစိုးရရုံးများ၊ ပုဂ္ဂလိက ပိုင် အဆောက်အဦများ၊shopping mall များ၊ sports center များ၊ ကလေးအားကစားကွင်းများ ၊ အနားယူအပန်းဖြေစရာ ပန်းခြံများ၊ တိရစ္ဆာန်ဥယျာဥ်များ၊ Hotel များ၊ စသည့် စသည့် မြို့ပြရဲ့ ပြယုဂ်များက ဤ ရွာကြီးများဘေးတွင် ဝင့်ဝင့်ကြွားကြွား။
ဒုတိယမြောက် စနေသားပိစိလေး ခြောက်လပြည့် ပြည့်ချင်း ထူးအမည်​ ပေးထားတဲ့ ""Mahar""ဆိုတဲ့ တောင်ကြီးက ခြံကို ပြောင်းရွှေ့နေထိုင်ခဲ့သည်။အဲဒိမှာပဲ အိမ်လေးတစ်လုံးဆောက်ကာ လပေါင်းများစွာကိုဖြတ်သန်းခဲ့သည်။
ထူး ရန်ကုန်က အလုပ်တွေအားလုံးကို လက်စသတ် ပြီး မမကြီးတို့ မမလေးတို့ကို လွှဲကာ တောင်ကြီးသို့ ပြန်လာခဲ့တာပါ။ ဟိုသားအဖတွေက တော့ ထူး ကို ဘယ်လောက်တောင် မျှော်နေမလဲ မသိ။
"ဃဃလေးရေ မောင့်ဃဃလေးရေ"
"......"
တုံ့ပြန်သံမကြားသဖြင့် ထူး အနည်းငယ်တော့ စိတ်ပူသွားမိသည်မိသည်။ ဆိုင်မှာ ရောက်နေလားမသိ။ဆိုင်ဆိုတာက ထူးတို့ ဖွင့်ထားတဲ့ ပန်းဆိုင်လေးပါ။ထူး တို့ခြံထွက် ပန်းတွေကို ပဲ ဆိုင်လေးမှာ ရောင်းချတာဖြစ်သည်။ပန်းမျိုးပေါင်း ရာချီပြီး ရှိသည့် ပန်းဆိုင်လေးပေါ့။
အိမ်နဲ့ဆိုင်က အလှမ်းမဝေးပေမဲ့စိတ်ပူမိသည်။မပူလို့လည်းမရဘူးလေ။ ပူကိုပူရမဲ့အကြောင်းရင်းက ရှိနေတာကိုး။
"ဃဃလေးရေ မောင်ပြန်လာပြီလေ"
ထူး ရောက်နေတာတောင် မသိ၊ ခေါ်​နေတာတောင် မကြားရလောက်အောင်ပဲ ​ဘာကိုအာရုံစိုက်နေလဲမသိ။
"ဟိတ်...."
"အမေ့ ...."
"ဘာတွေလုပ်နေတာလဲ ဃဃလေးရဲ့ မောင်ခေါ်နေတာ ကြာလှပြီ"
ပြွှတ်စ်.....
နဖူးပေါ် ရောက်လာတဲ့ အနမ်းလေးကြောင့် မဟာ့ရင် ထဲနွေးထွေးသွားသည်။
"ဟုတ်လား ...ငါမကြားတာဖြစ်မယ် ဒီမှာလေ ပန်းစည်းလုပ်နေတာ မောင့်သားက လင်းဆက်လေးမွေးနေ့ ကျပေးဖို့တဲ့ ညလင်းကို ကြယ်ပန်းလေးတွေပါတဲ့ ပန်းစည်းလုပ်ပေးဆိုလို့"
"ဪ...အင်းပါကွာ နားနားနေနေလဲ လုပ်ဦး မွေးကာနီးဖွားကာနီးကို ပင်ပန်းတာတွေ မလုပ်နဲ့ မောင်မရှိတုန်း ဘာတွေမနေသေးလဲ"
"မ မပါဘူးမောင်ရယ် "
"အင်းပါကွာ မောင်က စိတ်ပူလို့ပြောတာပါ မောင်အနားမရှိတော့ ဂရုမစိုက်နိုင်ဘူးလေ အဲ့ဒါကြောင့် မေးနေရတာပါ စိတ်မဆိုးနဲ့နော်"
မောင်က အဲ့လိုပါပဲ။မဟာ ကို တချက်လေးမှ စိတ်အငြိုငြင်မခံတာပါ။မောင် ရန်ကုန်သွားနေတဲ့ ဒီသုံးရက်မှာ မောင့်ကို လွမ်းလို့ ငိုနေခဲ့တာများ မောင်သိရင်ဘယ်လိုနေရှာမလဲ။ခုလည်း မိမိ ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး လက်ကလည်း နဖူးပေါ်ကျနေသည့် ဆံစလေးတွေ ကို သပ်တင်ပေးနေသည်။
"မောင်...ခရီးကပြန်လာတာ ပင်ပန်းနေမှာပေါ့ ခဏနားဦးလေ ငါ စတော်ဘယ်ရီ ဖျော်ရည်လုပ်ပေးမယ် "
"နေပါစေကွာ...မောင်မသောက်တော့ပါဘူး၊ မောင်ကခရီးကပြန်လာတာတော့ ဟုတ်တယ် ဒါမဲ့ပင်ပန်းမနေဘူး ဘာလို့လည်းသိလား"
"ဟင့်အင်း"
"ဟော့ဒိက မောင့်ရဲ့ဃဃလေးကို မြင်လိုက်ရလို့လေ၊ပြီးတော့ နဖူးလေးကို နမ်းလိုက်ထဲက မောင်ပင်ပန်းတာတွေ မရှိတော့တာ အဲ့လောက်ထိကို မောင့်ဃဃလေးက စွမ်းတာဗျ "
"ပိုနေလားလို့ လျှော့လိုက်ဦးနော်"
"တရွေးတောင် မလျှော့နိုင်ဘူးကွာ ဪ....ဒါနဲ့ ပိစိကိုရော မတွေ့ပါလားနော့ ဘယ်သွားဆော့နေပြန်လဲ "
"ပိရှိချိ "
"ဟေ ဟုတ်လား ဖေ့ဖေ့ပိစိ ကိုမမြင်လို့မေးနေတာကွ သားရ လာပါဦး ပိရှိချိတယ်ဆိုတဲ့ " တခေတ်ထူး" လေးရ"
အာဘွား....ကွာ အာဘွား
"ယားရယ် ပိရှိ ယားရယ်ရို့"
"မောင်ရယ် စမနေပါနဲ့တော့ ရေချိုးတော့ ငါထမင်းပြင်ပေးထားမယ် ခပ်သွက်သွက်လည်း ချိုးဦး အေးတယ်"
အနားမှ ထွက်ခွာသွားသော ဃဃလေးကို ထူး မျက်စိတစ်ဆုံး လိုက်ကြည့်နေလိုက်သည်။ဘာလိုလိုနဲ့ ဃဃလေးတောင် မွေးရက်နီးလာပြီပဲ။ထူး တို့ရဲ့ တတိယမြောက် ရင်သွေးလေးက လူ့လောက ထဲကိုရောက်ဖို့ သိပ်မလိုတော့။ဒီတကြိမ်တော့ ဃဃလေးရဲ့ဗိုက်ထဲက ရင်သွေးလေးက မိန်းခလေးလေ။ထူး မျှော်လင့်တောင့်တနေတဲ့ သမီးလေးပေါ့။
နိုဝင်ဘာ 16 ရက် သောကြာနေ့ ဖွားမှာဖြစ်လို့ သဇင်ထူး လို့ မိမိအမည်ပေးထားသည်လေ။အဲ့ဒိရက်က သားလေး ညလင်းအိမ်ရော ထူးရော မွေးခဲ့သည်မို့ ထိုနေ့ကိုပဲ ဃဃလေးက တမင် ရွေးထားသည်တဲ့။
ညလင်းအိမ် ၊ တခေတ်ထူး ၊ သဇင်ထူး က ထူး ရဲ့ အသွေးအသားလေးတွေပါ ။မဆန်းပေမဲ့ မရိုးလှတဲ့ဒီအမည်လေးတွေကို ထူး သိပ်သဘော ကျပါသည်။ကလေး တွေရဲ့ အမည်နာမ တစ်ခုစီမှာ အဓိပ္ပါယ်များစွာရှိသည်။
ညလင်းအိမ် ဆိုသည်က ထူး တို့ ညကမ္ဘာကြီးကို အလင်းပေးမဲ့ မီးအိမ်လေး။
တခေတ်ထူး ဆိုသည်က ထူး တို့ ဘဝရဲ့ နေ့ရက်သစ်ကို မည်သူနှင့်မျှမတူအောင် ထူးခြားစေသည့် ခေတ်ကာလလေး။
သဇင်ထူး ဆိုသည်က နိုဝင်ဘာလ ဆောင်းရာသီမှာ ထူးတို့အတွက် ပွင့်လန်းလာတဲ့ ပန်းပွင့်ကလေး။
ထူးလည်း ပိစိကို ချီကာ ရေချိုးခန်းထဲသို့ ဝင်ပြီး ရေတဝကြီးချိုးပစ်လိုက်သည်။ရေချိုးပြီးတော့ ပိစိနဲ့အတူပဲ ထမင်းစားကာ နေ့လယ်ခင်း တကေးတမောအိပ်ပစ်လိုက်သည်။
ထူး နိုးလာတော့ သားလေး ညလင်းအိမ်တောင် ကျောင်းကပြန်ရောက်နေပြီ။
"သားကြီး ပြန်လာပြီလားကွ"
"ဟာ... ဖေ့ဖေ့ "
သား က ထူးကို တွေ့တွေ့ချင်း ပြေးဖက်လာသည်။ ထူးလည်း သားကိုပြန်ဖက်ပေးလိုက်သည်။ထူး အရှိုက်ထိ မှိစပြုနေသော အရပ်က တကယ့်ကို ကလေးနဲ့မလိုက်။
"ကဲ သားအဖတွေ နောက်မှအလွမ်းသယ်ကြ ခုတော့ ညလင်း သားထမင်းစားတော့ "
"ဟုတ် ပါးပါး ညီညီရော စားပြီးလား"
"ပြီးပြီသားရ ဖေ့ဖေ့နဲ့အတူတူ စားထားတာ"
"ဪ ခုကအိပ်နေတာလား"
"အင်း "
"ဒါဆို ညလင်း ညီညီဆီသွားလိုက်ဦးမယ်နော်"
"သား ညီညီ့ကိုသွားမနမ်းနဲ့ဦးနော် နိုးသွားလိမ့်မယ် "
"ဟုတ် ပါးပါး"
သား ကမောင့်လို အိပ်ရေးဆတ်သည်။နည်းနည်းလေး ထိလိုက်တာနဲ့ တမ်းနိုးတာ။သူ့အနားထားပြီး စကားကျယ်ကျယ်တောင် ပြောလို့မရ။ထငိုတော့တာပဲ။သူငိုရင် ဘယ်သူချော့ချော့မရ။မဟာတောင် သူအငိုတိတ်အောင်မချော့နိုင်။သူ့အဖေ ထချီမှသာ အငိုတိတ်တာ။အဲ့ဒါကြောင့် သူ့အဖေ ခရီးထွက်လို့ အိမ်မှာမရှိရင် သတိထားရသည်။ မငိုအောင်ပေါ့။
ထူးခြားသည်က သား တခေတ်ထူး၏ ဘယ်ဘက်ရင်အုံမှာ အမာရွတ်သေးသေးလေး ပါလာခြင်းပါ။ မဟာလည်း စိတ်ထဲထင့်နေလို့ ဟိုဟိုဒီဒီမေးမြန်းကြည့်ရသည်။ဗေဒင်တွေ၊ရှေ့ဟောနောက်ဟော ဆရာတွေ မယုံပေမဲ့လို့ပေါ့။မောင့်ကို နှလုံးလှူခဲ့တဲ့ အလှူရှင် ပြန်ဝင်စားတာလားပေါ့။တကယ်ထင်သည့်အတိုင်းပင် ဟောလာကြသည်။
"မောင် လိုက်သွားလိုက်ဦးနော် နိုးသွားရင်မလွယ်ဘူး ဒီမှာ ငါလုပ်စရာရှိသေးလို့"
"အင်းပါကွာ"
-
-
-
ညဘက်တွေဆို သားလေး ညလင်းအိမ် က အိမ်စာလုပ်သဖြင့် မဟာက ကူကြည့်ပေးရသည်။ မောင်ကတော့ သူ့သားကိုရင်ဘတ်ပေါ်တင်ကာ ပုံပြင်ပြောပြနေသည်။ဘာပုံပြင်လဲတော့မသိပေမဲ့ နှစ်ယောက်သားက ရယ်ရယ်မောမော။
မဟာတို့မှာ ခုလိုညဘက်ရောက်ရင် ဘာအလုပ်မှမလုပ်တော့။သားတို့ကိုပဲ အချိန်ပေးဖြစ်သည်။ social network တွေမသုံး၊ television မကြည့်၊ music ဆိုတာ ဘာမှန်းမသိခဲ့တာ ကြာပါပြီ။ညဘက်ဆို မောင်က secreen ကို သူကိုယ်တိုင်လည်းမကြည့်သလို သားတွေကိုလည်း မကြည့်စေပဲ ဆင်ခြင်သည်။
ကလေးတွေနဲ့ ပတ်သက်တဲ့ စာအုပ်နဲ့ ရုပ်ပြကာတွန်းတွေ၊ပုံပြင်တွေကိုသာ ဖတ်ပြလေ့ရှိသည်။သားတွေအိပ်သွားမှ အလုပ်နဲ့ပတ်သက်တဲ့ ပန်းပြုစုနည်းတွေ၊ မျိုးစိတ်အသစ်တွေအကြောင်း လေ့လာဖတ်ရှူသည်။ ပြီးနောက် မဟာနှင့်အတူယှဥ်ကာ ဘုရားဝတ်ပြုသည်။ မအိပ်ခင် မိမိကိုဆေးလိမ်းပေး၊ ဆေးတိုက်၊ နှိပ်ပေးသည်။ပြီးမှာသာ အိပ်ယာဝင်တာ။ညစဥ်ရက်စက် ထိုကဲ့သို ပြုမူခဲ့တာ နှစ်ပေါင်းမနည်းတော့။
မနက်ဖြန်ဆိုပဲ မဟာတို့ရဲ့တတိယမြောက် ရင်သွေးလေး မွေးဖွားတော့မည်လေ။ Untrasound ရိုက်တော့ သူလိုချင်တဲ့ သမီးလေး မို့ ပျော်မြူးနေတဲ့ သွင်ပြင်ကို မဟာခုထိမမေ့သေး ။
"ဃဃလေး အိပ်ရအောင်လေ "
ပြွှတ်စ်.....
"အရမ်းချစ်တယ်မောင်"
"မောင်က ပိုချစ်တာ"
မောင်က အရင်ကလို ချစ်စကား ကြိုက်စကားတွေ တီတီတာတာ မပြောတော့ပေမဲ့ မဟာနှင့် သူ့သားတွေကို အရင်ကထက် ပိုပြီးဂရုစိုက်လာသည်။အသေးအမွှားလေးကမှအစ သူမပါရင် ဘယ်နေရာမှ မပြီးတော့။အနားက တစက္က့န်တောင်မခွာ ကပ်နေသည်။ခုတော့ပိုဆိုးတာပေါ့။
မောင့်ရင်ခွင်မှီကပ်ရင်း အိပ်စက်ခဲ့ရတဲ့ ညတိုင်းဟာ အိပ်မက်တွေ လှလို့နေခဲ့သည်။
-
-
November 16 (Friday)
အူဝဲ......အူဝဲ
လူ့လောကထဲကို ရောက်လာသည့် သမီးလေးကို ထူး ပွေ့ချီလိုက်သည်။ဆေးရုံကုတင်ပေါ် ပက်လက်လေးဖြစ်နေသော ဃဃလေးနားထိုင်ကာ.....
"မောင့်သမီးလေးက ဃဃလေးနဲ့တူတယ် သိလား ၊"
"ဟုတ်လို့လား မောင်ရယ် ခုမှမွေးတာကို တူတယ်မတူဘူး ပြောလို့ရမလား"
"တူတယ်ကွာ မောင်တူတယ်ဆို တူလိုက်..."
"ဟုတ်ပါပြီ မောင်ရဲ့ တူတယ်တူတယ် ရပြီလား"
"အင်း အဲ့လိုမှပေါ့၊ မောင်အခု အရမ်းပျော်နေတယ်သိလား ၊မောင့်ဆန္ဒတွေအကုန်ပြည့်သွားပြီ ကျေးဇူးတင်ပါတယ် မောင့်ဃဃလေးကို"
"လိုအပ်လို့လား မောင်ရယ် "
"မလိုအပ်ပေမဲ့ မောင်ပြောချင်တယ် ဆက်ဆက်ပြောမယ်လို့ ဆုံးဖြတ်ထားတာ ခုလိုအချိန်မှ ပြောဖြစ်လို့ တမျိုးတော့မထင်ပါနဲ့ မောင်တကယ် ပျော်လွန်းလို့ပါ၊ "
"မောင်ပြောချင်တယ်ဆိုလဲ ပြောပေါ့ ငါမတားပါဘူး"
"မောင့်ဘဝထဲကို ရောက်လာပေးခဲ့လို့ ၊မောင့်ရင်ခွင်မှာ ယုံယုံကြည်ကြည်ခိုဝင်ပြီး မောင့်ကိုချစ်ပေးခဲ့လို့ ၊နောက်ပြီး ခုလို ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးပေးခဲ့လို့ မောင့်ဃဃလေးကို ကျေးဇူးတင်ပါတယ် "
မျက်ရည်လေးတွေ ဝေ့သီလာသောမောင့်ကို မဟာထွေးပွေ့ကာနှစ်သိမ့်ပေးလိုက်သည်။မောင့်မျက်ရည်ဟာ မဟာ့နှလုံးသားက ကျတဲ့ သွေးစက်ပေပဲမို့ မဟာနာကျင်ရသည်။
"မငိုပါနဲ့ မောင်ရယ် တကယ်ဆိုငါကသာ ကျေးဇူးတင်ရမှာပါ ငါ့ကို မေတ္တာစစ်မေတ္တာမှန် ပေးပြီး အသက်ထက်ပိုချစ်ပေးခဲ့လို့ ၊နောက်ပြီး ဘယ်သူတဦးတယောက်မှမပေးနိုင်တဲ့ ပျော်ရွှင်မှုတွေ ဂရုစ်ိုက်မှုတွေ ငါ့ကိုပေးခဲ့လို့ပေါ့"
မဟာမျက်ရည်များကို သိမ်းဆည်းရင်းမောင့်ကို ခပ်တင်းတင်းပြန်ဖက်လိုက်သည်။
တလောကလုံးရှိ ကုဋေကုဋာချီသော အချစ်တွေကို သိမ်းကျူံး၊ရလာတဲ့ အဲ့ဒီအချစ်ဆိုသော အရာကို စုပေါင်းချဲ့ထွင်၊ ကျယ်ပြန့်များပြားလာတဲ့ထိုအချစ်တွေကို မိမိ၏ အချစ်တွေနှင့် ထပ်မံသွန်းလောင်းကာ မောင့်ကို ချစ်ခင်မည်။
အနဂ္ဃမဟာ ရဲ့ ကြင်နာယုယမှုမည်သောပန်းတွေ၊ သစ္စာပန်းတွေ ပေါင်းစု၊ ရလာတဲ့ အချစ်ပန်းလေးတွေကို သံယောဇဥ်ကြိုးလေး မှာသီကုံးကာ မဟာ့ရက် မေတ္တာလည်စွဲလေးအဖြစ်ဖန်တီးကာ မောင့်လည်မှာ ဆွဲပေးချင်မိသည်။
တောင်းဆုတစ်ခု ပြုချင်မိသည်.......
** ဘယ်ကမ္ဘာရောက်ရောက်
မောင်နှင့်သာ တွေဆုံရပြီး....
ဘယ်ဘဝရောက်ရောက်
မောင်နှင့်သာ ပေါင်းဖက်ရပါလို၏ **
🤍🤍 မောင်ဆိုသည်ကား မိမိရင်ဝယ်
ငိုရှိုက်နေသော ဇေယန္တရာထူးခန့်
အမည်တွင်သော လူသားရယ်ပါ🤍🤍
>>>>>>>>>>>>>>>>>>>>>>>>
ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေ💓💓
Extra လေးကတော့ အဆုံးသတ်သွားပါပြီရှင် ဖတ်ရှုပေးခဲ့ကြတဲ့ ငယ်လေးတို့အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
ဒါလေးက ထူး တို့ ခြံနဲ့အိမ်လေးပါနော်
အောက်ကပုံလေးတွေကတော့ ထူးတို့ပန်းဆိုင်မှာရောင်းတဲ့ပန်းလေးတွေပါ
photo # CRD#
Zawgyi
Extra -8
ဆေးရုံ ၊စာသင်ကျောင်း ၊ အစိုးရရုံးများ၊ ပုဂ္ဂလိက ပိုင် အဆောက်အဦများ၊shopping mall များ၊ sports center များ၊ ကလေးအားကစားကွင်းများ ၊ အနားယူအပန်းဖြေစရာ ပန်းခြံများ၊ တိရစ်ဆာန်ဥယျာဉ်များ၊ Hotel များ၊ စသည့် စသည့် မြို့ပြရဲ့ ပြယုဂ်များက ဤ ရွာကြီးများဘေးတွင် ဝင့်ဝင့်ကြွားကြွား။
"......"
"ဟိတ်...."
"အမေ့ ...."
ပြွှတ်စ်.....
"မ မပါဘူးမောင်ရယ် "
"ဟင့်အင်း"
"ပိရှိချိ "
အာဘွား....ကွာ အာဘွား
"ဟာ... ဖေ့ဖေ့ "
"ဪ ခုကအိပ်နေတာလား"
"အင်း "
"ဟုတ် ပါးပါး"
"အင်းပါကွာ"
-
-
-
"ဃဃလေး အိပ်ရအောင်လေ "
ပြွှတ်စ်.....
"အရမ်းချစ်တယ်မောင်"
"မောင်က ပိုချစ်တာ"
-
-
November 16 (Friday)
အူဝဲ......အူဝဲ
"မငိုပါနဲ့ မောင်ရယ် တကယ်ဆိုငါကသာ ကျေးဇူးတင်ရမှာပါ ငါ့ကို မေတ္တာစစ်မေတ္တာမှန် ပေးပြီး အသက်ထက်ပိုချစ်ပေးခဲ့လို့ ၊နောက်ပြီး ဘယ်သူတဦးတယောက်မှမပေးနိုင်တဲ့ ပျော်ရွှင်မှုတွေ ဂရုဈိုကျမှုတှေ ငါ့ကိုပေးခဲ့လို့ပေါ့"
** ဘယ်ကမ္ဘာရောက်ရောက်
ဘယ်ဘဝရောက်ရောက်
>>>>>>>>>>>>>>>>>>>>>>>>
အောက်ကပုံလေးတွေကတော့ ပန်းဆိုင်မှာ ရောင်းတဲ့ပန်းလေးတွေပါ။
photos# CRD
Continue Reading
You'll Also Like
17.9K 1.5K 41
"Like the paper cuts in my hand......''
2.5M 251K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
108K 9.8K 31
တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ် S2 ကဲစီးမြောလိုက်ကြရအောင်... တင်ပြီးသားကို ဖျတ်မိသွားတယ်...🥴🥴
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...