U••
အန်တီချင်က နွားနို့ခွက်ဖြင့် အပေါ်ထပ်သို့တက်သွားကာ ချန်းနင်၏လက်ဘေး၌ထိုသောက်စရာကိုချပေးထားလိုက်၏။
"ချန်းနင်... မင်းညလုံးပေါက်နေတာများနေပြီ မင်းခန္ဓာကိုယ်ကအဲ့ဒဏ်တွေအကုန်ခံနိုင်မှာမဟုတ်ဘူးနော်"
"ကျွန်တော်နားလည်ပါတယ်အန်တီချင်... ဒါကမကြာခင်ပြီးတော့မှာပါ တစ်ညပြီးတာနဲ့ကျွန်တော့်အလုပ်လဲပြီးပြီ"
အန်တီချင်ကထပ်မံ၍နားပူနားဆာလုပ်လာပြန်သည်။
"ဆိုးသွမ်းတဲ့ကလေး.. အလုပ်နဲ့ပက်သက်လာရင်မင်းကဘယ်လိုတောင်ဂရုမစိုက်တတ်တော့တာလဲ မင်းကျန်းမာရေးကပိုအရေးကြီးတယ်... မြန်မြန်... နွားနို့ကိုသောက်လိုက်"
"ကောင်းပါပြီဗျာ ကျွန်တော်ခဏနေရင်သောက်ပါ့မယ်... အန်တီလည်းနားတော့ ကျွန်တော်ခဏနေပြီးတော့မှာ"
အန်တီချင်ကချန်းနင်ကို နို့သောက်၍စောစောအနားယူရန်မှာပြီးသည့်နောက် သူမကသန်းဝေကာ သူမအခန်းသို့ပြန်သွားတော့သည်။ အသက်ကကြီးပြီမို့ အချိန်ကြာကြာနိုးနေဖို့က သူမအတွက်အခက်အခဲဖြစ်လာခဲ့ချေပြီ။
အန်တီချင်၏နားပူနားဆာလုပ်မှုများကိုပြန်တွေးမိတော့ ချန်းနင်၏နှလုံးသားကနွေးထွေးသွားရသည်။ ဂရုစိုက်ပေး၍ ချစ်ပေးသည့်တစ်စုံတစ်ယောက်ရှိသည်က အတော်လေးခံစားလို့ကောင်းလှ၏။ တစ်စုံတစ်ယောက်၏ပုံရိပ်က ချန်းနင်၏အတွေးထဲဖျက်ခနဲပေါ်လာလျက်။ ထိုလူသားကလည်း သူ့အပေါ်ညှင်သာ၍ဂရုစိုက်ပေသည်။ ထိုသူကဖုန်းခေါ်ရင်းဖြင့် အထပ်အခါခါအမြဲသတိပေးတတ်၏။ ထိုလူ့အကြောင်းအတွေးကတင် ချန်းနင်၏နှလုံးသားအား ချိုမြိန်မှုများဖြင့်ပြည့်နှက်သွားစေသည်။ သူကထိုလူသားနဲ့သူ့ဘဝကိုကုန်ဆုံးရန်အတွက် ရက်၂၀ နီးနီးသာလိုတော့သည်။ အမှန်တိုင်းပြောရရင်တော့ သူလည်းထိုအချိန်ကိုမြန်မြန်ရောက်စေချင်လှပြီပင်။
သူ၏ရှက်ဖွယ်ကောင်းသောအတွေးများကြောင့် လန့်သွားသည့်ချန်းနင်က ခေါင်းကိုခါယမ်းလိုက်ရင်း အလုပ်ကိုသာတစ်ဖန်အာရုံပြန်စိုက်လိုက်တော့သည်။ ထို့နောက်တွင်မူ သူက ပုံမှန်အတိုင်းနွားနို့သောက်ဖို့ခွက်ကိုယူလိုက်လေ၏။ တစ်ငုံအပြည့်သောက်လိုက်ပြီးသည့်နောက်ခွက်ကိုဘေးချကာ လက်ထဲမှအလုပ်ကိုဆက်လုပ်တော့သည်။
အချိန်ကဆက်လက်ရွေ့လျားလျက်။ တဖြည်းဖြည်းနှင့် သူ့ရှေ့မှဖန်သားပြင်ကမှုန်ဝါးလာသည်ကို ချန်းနင်ခံစားမိသည်။ သူကခေါင်းကိုပြင်းထန်စွာခါယမ်းလိုက်သော်လည်း စိတ်ထဲတွင်တော့ရှုပ်ထွေးနေ၏။ အခန်းတစ်ခုလုံးက ချာလပတ်လည်နေကာ သူ့အသိစိတ်ကိုစတင်၍ဆုံးရှုံးလာပြီဖြစ်သည်။
သူ၏မနည်းထိန်းချုပ်ထားရသောအသိစိတ်အရ တစ်ခုခုကမှားနေပြီဖြစ်ကြောင်းချန်းနင်သိခဲ့၏။ သူမစားသင့်တာတစ်ခုခုကိုစားမိတာဖြစ်နိုင်သလို တစ်စုံတစ်ယောက်ထံမှဆေးခတ်ခံရခြင်းလည်းဖြစ်နိုင်သည်။ ဘယ်သူကထူးဆန်းနေသလဲဆိုတာကိုတွေးဖို့ အချိန်မရှိသည်မို့ သူလုပ်နိုင်သည့်အချိန်၌ချန်းနင်သူ့ကိုယ်သူကယ်တင်မှရပေတော့မည်။ ထို့ကြောင့်ချန်းနင်က ခက်ခက်ခဲခဲဖြင့်မတ်တပ်ထရပ်လိုက်၏။ လှုပ်ရှားနေသည့်ပတ်ဝန်းကျင်ကိုလျစ်လျူရှုရင်း လသာဆောင်ဝရန်တာကိုတုန်ယင်စွာဖြင့်လျှောက်လှမ်းသွားကာ သူ၏နောက်ဆုံးကျန်သောအင်အားကိုသုံး၍အော်ဟစာအကူအညီတောင်းလိုက်၏။
"ရှောင်ဝူ"
အသံကသိပ်မသေချာသော်လည်း အထူးပြုသက်တော်စောင့်တစ်ယောက်အနေဖြင့် လုပ်ရပ်တိုင်း၌တာဝန်ယူတတ်ရပေမည်။ ရှောင်ဝူကလျင်မြန်စွာဖြင့် ခေါင်မိုးများကိုကျော်ဖြတ်သွားကာ ချန်းနင်အခန်းရှိသည့်ဒုတိယထပ်ဆီသို့ပြေးသွား၍ ပိုက်တန်းများပေါ်မှတစ်ဆင့် ချန်းနင်၏အခန်းလသာဆောင်ရှိရာသို့ခုန်တက်လာခဲ့သည်။
ချန်းနင်ကမြေပြင်တွင်လဲနေသည်ကိုမြင်တော့ ရှောင်ဝူချက်ချင်းအကြည့်ကိုအောက်ပို့ကာ ချန်းနင်ကိုမြန်မြန်ကူ၍တွဲပေးလိုက်လေသည်။
"သခင်လေးနင် ခင်ဗျားဘာဖြစ်တာလဲ?"
ချန်းနင်၏မျက်နှာကဖြူဆုတ်နေကာ သူ့နဖူးတွင်လည်းချွေးစေးများစီးကျနေ၏။ တိုးလျ၍အားနည်းသောလေသံဖြင့် သူကဖြေကြားလာသည်။
"ယွီရှန်းကိုရှာ... ယင်..ယင်မိသားစုကို အသိမပေးနဲ့"
ထို့နောက်တွင်တော့ ချန်းနင်အသိမရှိတော့ချေ။
ရှောင်ဝူကချန်းနင်ကိုလက်မောင်းထဲထည့်ထားရင်း ပြတင်းပေါက်မှတစ်ဆင့်အခေါ်လွှတ်လိုက်၏။ လူနှစ်ယောက်က ပြတင်းပေါက်တွင်ခပ်မြန်မြန်ပင်ထွက်ပေါ်လာတော့သည်။ ချန်းနင်ကမြေပြင်ပေါ်၌လဲလျောင်းနေသည်ကိုမြင်တော့ ရှောင်ချီကသူ့လက်ချောင်းများအား ချန်းနင်၏လက်ကောက်ဝတ်သို့စမ်းကြည့်လေသည်။
"သခင်လေးနင် ဆေးခတ်ခံထားရတာ"
သုံးယောက်သားက ကြက်သီးများပင်တဖြန်းဖြန်းထလာသည်ကိုခံစားလိုက်ရသည်။ ယခု သခင်လေးနင်ထံ၌ ကိစ္စတစ်ခုခုဖြစ်ပြီမို့ သူတို့ထဲကတစ်ယောက်မှ လွယ်လွယ်ကူကူလွတ်မြောက်နိုင်တော့မည်မဟုတ်ပါချေ။
ရှောင်ဝူကချက်ချင်းဆိုသလို သူ့ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုပြန်လည်ခေါ်ကာ...
"ရှောင်ချီ သခင်လေးကိုအခုချက်ချင်းသတင်းပို့လိုက်... သခင်လေးနင်ရဲ့အခြေအနေကို ယင်မိသားစုသတိမထားမိစေဖို့လည်းမမေ့နဲ့... ရှစ်အာ... သူ့ကိုဆေးခတ်တဲ့လူကအိမ်ထဲမှာပဲရှိလောက်ဦးမယ်... မင်းဘာနည်းလမ်းပဲသုံးရသုံးရသူ့ကိုခေါ်လာခဲ့...ပြီးတော့ယင်မိသားစုဝင်အကုန်လုံးကိုသတိလစ်အောင်ထားခဲ့လိုက် သွား"
ရှစ်အာကခေါင်းငြိမ့်သည်။
"သခင်လေးနင်ကိုဂရုစိုက်"
ထို့နောက်တွင်တော့ ၎င်းက တာဝန်များကိုလုပ်ဆောင်ရန်ရှောင်ချီနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
သူ့ရုံးခန်းထဲတွင်အလုပ်ရှုပ်နေသည့်ရှန်ယွီရှန်းက ရုတ်တရပ်ဆိုသလိုစိတ်ထဲလေးလံလာခဲ့၏။ ကိုင်တွယ်ဖို့ကိစ္စရပ်မများကအလွန်များလှသည်ဖြစ်သလို ထပ်ပေါင်း၍ ချန်းနင်အကြောင်းတွေးသည့်အခါတိုင်း သူ့စိတ်ရှည်သည်းခံမှုကပိုပိုဆိုးလာရသည်။
ကုမ္ပဏီမှလူတိုင်းက သူတို့၏ကြောက်စရာကောင်းသောသူဌေးကို သွားရှုပ်မိမည်စိုးသဖြင့် အနေအထိုင်ဆင်ခြင်နေရ၏။ အလုပ်ပြုတ်သွားသည်က အဆိုးဝါးဆုံးကိစ္စမဟုတ်လှသော်လည်း သူတို့၏လုပ်ဖော်ကိုင်ဖက်များကိုဆုံးရှုံး၍ မိသားစုကိုလည်းဒုက္ခပေးမိမည်လေ။
ပုံမှန် ringtone သံတစ်ခုထွက်လာသည့်အချိန်၌ ယွီရှန်း၏အာရုံကချက်ချင်းဆိုသလိုစူးစိုက်သွား၏။ ထိုအသံက ချန်းနင်နှင့်အတူရှိနေသည့် သက်တော်စောင့်များအတွက်ထားခြင်းဖြစ်သည်။ သူတို့ကယခုခေါ်သည်ဆိုတော့ ချန်းနင်ထံ၌တစ်ခုခုဖြစ်၍သာဖြစ်ရမည်။
ယွီရှန်းက ချက်ချင်းပြန်ဖြေသည့်ခလုတ်ကိုနှိပ်လိုက်၏။
"ဘာဖြစ်လို့လဲ?"
ရှောင်ချီ၏စိုးရိမ်နေသောအသံက တစ်ဖက်မှပျံ့လွင့်လာသည်။
"သခင်လေး... သခင်လေးနင်ဆီမှာကိစ္စတစ်ခုခုဖြစ်လို့ပါ... သူဆေးခတ်ခံရပြီ"
ရှန်ယွီရှန်းကချက်ချင်းမတ်တပ်ထရပ်ကာ သူ့ဒေါသကလည်း ခပ်မြန်မြန်ပင်မြင့်တက်လာ၏။
"ဘာပြောတယ်?"
ရှောင်ချီက သခင်လေး၏ဒေါသသံကိုကြားရုံနှင့် တုန်ယင်လာတော့သည်။
"သခင်လေး... စိတ်မပူပါနဲ့ သခင်လေးနင်ကအခုဘာအန္တရာယ်မှမရှိတော့ပါဘူး သူသတိလစ်သွားရုံပါ"
ယွီရှန်းက သူ့ကားသော့ကိုလက်တစ်ဖက်ဖြင့်ဆွဲယူလိုက်ရင်း ရှောင်ချီကိုအမိန့်ပေးလိုက်လေသည်။
"ငါတို့လူတွေကိုချက်ချင်းစုပြီး ယင်အဆောက်အအုံကိုဝိုင်းထားလိုက်... သူတို့တစ်ယောက်မှမလွတ်စေနဲ့"
ရှောင်ချီကညှင်သာစွာဖြင့်ပြန်လည်ဖြေကြားလာသည်။
"သခင်လေး.. သခင်လေးနင်သတိမလစ်ခင်တုန်းက သခင်လေးယင်မိသားစုကိုသတိမပေးမိစေဖို့ ကျွန်တော်တို့ကို မှာလိုက်တယ်"
ရှန်ယွီရှန်းက ချန်းနင်စကားများကိုတွေးရင်း ချန်းနင်ကယင်မိသားစုကိုသတိမပြုမိစေချင်သည်က အကြောင်းအရင်းတစ်ခုခုရှိမည်မှန်းသိသည်မို့ သူဖြေလိုက်လေသည်။
"ငါတို့လူတွေကို ယင်မိသားစုဝင်တွေအကုန်လုံးရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ဖို့အမိန့်ပေးလိုက်... ပိုင်မော့ကိုချက်ချင်းဆက်သွယ်ပြီး ဆယ်မိနစ်အတွင်းသူ့ကိုယင်အဆောက်အအုံဆီခေါ်လာခဲ့ချေ... ရှစ်အာကိုဘာနည်းပဲသုံးရသုံးရ ချန်းနင်ကိုဆေးခတ်တဲ့လူကိုရအောင်ဖမ်းခဲ့ဖို့ပြောလိုက်"
"ဟုတ်ကဲ့ သခင်လေး"
ရှောင်ချီကချက်ချင်းဆိုသလို ပေးထားသမျှအမိန့်များအားဆောင်ရွက်ကာ ဒေါက်တာပိုင်မော့ကိုဖုန်းခေါ်၍ ထို့နောက် ရှစ်အာကိုတွေ့ကာ ယင်မိသားစုဝင်များအား 'ဂရုစိုက်'ပေးဖို့ပြောလိုက်လေသည်။ သူတို့ပြီးသည့်နောက်၌ပင် ရှန်ယွီရှန်း၏ကားကရောက်ချလာ၏။ ရှောင်ချီကချက်ချင်းဆိုသလိုပြေးသွားကာ သူ့သူဌေးအတွက်တံခါးကိုဖွင့်ပေးလိုက်လေသည်။
ရှန်ယွီရှန်းက လှေကားနားမှသတိလစ်နေသူများကို လုံးလုံးလျားလျားလျစ်လျူရှုလျက် ဒုတိယထပ်ဆီသို့ခြေလှမ်းကျဲများဖြင့်လျှောက်သွားတော့သည်။ သူအခန်းထဲဝင်လာသည့်အခါ၌ အိပ်ယာဆီသို့တန်းသွားကာ ချန်းနင်၏လက်ကလေးများအား သူ့လက်နှင့်ဆုပ်ကိုင်လိုက်မိသည်။ သူ့အကြည့်များက ကြေကွဲမှုများအပြည့်နှင့် မျက်ရည်စအချို့ကိုပင် မျက်ဝန်းထဲ၌မြင်နိုင်၏။
အမြဲတည်ငြိမ်၍ထူးချွန်သောလူငယ်လေးက ယခုအခါ၌ စာရွက်ကဲ့သို့ဖြူဆုတ်နေသောမျက်နှာဖြင့် အိပ်ယာပေါ်တွင်လဲလျောင်းနေသည်ကို ယွီရှန်းကြည့်နေခဲ့သည်။ သူ့နှလုံးသားကနာကျင်လွန်း၍ အသက်ပင်ကောင်းကောင်းမရှုနိုင်တော့သည်မို့ သူ့ရှေ့မှလူ၏နာမည်ကိုသာ ယွီရှန်းခေါ်နိုင်တော့သည်။
"ချန်းနင် ချန်းနင်... ကိုယ်ပါ... ထပါဦး ကိုယ်ဒီမှာရှိတယ်လေ ချန်းနင်... ချန်းနင်"
သူ့အတွက်အရေးကြီးသည့်တစ်စုံတစ်ယောက်ကို ဆုံးရှုံးရတော့မည်ဟူသောအကြောက်တရားကြောင့် ယွီရှန်း၏လက်များကတုန်ယင်နေ၏။ သူ့နှလုံးသားကကြေကွဲနေကာ ဝိညာဉ်တစ်ခုလုံးတစ်စစီကွဲမတတ်ခံစားနေရ၍ နာကျင်လွန်းလို့ပုံမှန်အတိုင်းပဲအသက်မရှုနိုင်တော့ပါချေ။
ယွီရှန်းက အခုမှအခန်းထဲဝင်လာသည့် ရှောင်ဝူနှင့်ရှစ်အာကို သေစေလောက်သည့်အကြည့်တစ်ချက်ပေးလိုက်ချေ၏။
"မင်းတို့အကုန်လုံးဘာလို့သူ့ဘေးမှာတစ်ယောက်မှမရှိတာလဲ? သူသာတစ်ခုခုဖြစ်သွားလို့ကတော့ ငါ့ကိုစိတ်ကျေနပ်စေဖို့မင်းတို့မှာအသက်ဘယ်နှချောင်းများရှိလဲ?"
သူ၏ပြင်းထန်သောလေသံက သူတို့စိတ်ထဲသို့ဒဲ့ထိသွားတော့သည်။
ခြိမ်းခြောက်သောလေသံကြောင့် သက်တော်စောင့်နှစ်ယောက်ကကြောက်ရွံ့သွားကာ ကြက်သီးများပင်ထလာရသည်။ သူတို့၏အသုံးမကျမှုကြောင့် သခင်လေးနင်ကထိုသို့သောအန္တရာယ်မျိုးနှင့် တွေ့ဆုံရသည်ကအမှန်ပါပင်။ ရှန်ယွီရှန်းကသူတို့ကိုမည်မျှအပြစ်ပေးပါစေ သူတို့အတွန့်မတက်ရဲ။ ရှောင်ဝူနှင့်ရှစ်အာက သူ့တို့ကိုယ်သူတို့အတွက်ခုခံပြောဆိုခြင်းမရှိပဲ ခေါင်းကိုသာငုံ့ထားကြတော့သည်။
ထိုအရာက ပိုင်မော့ရောက်ရောက်ချင်းမြင်လိုက်ရသည့် မြင်ကွင်းပါပင်။ တခြားဟာကိုဘေးချိတ်၍ သူကချက်ချင်းဆိုသလို ချန်းနင်၏အခြေအနေကိုစမ်းသပ်ကြည့်လေ၏။
ခဏကြာပြီးသည့်နောက် ပိုင်မော့ကဆိုသည်။
"သူကသတိလစ်စေတဲ့ဆေးနဲ့ hallucinogens အများကြီးပါတဲ့ဆေးတွေကိုရောထားတဲ့ဆေးကိုသောက်မိသွားတာ"
ယွီရှန်းကသူ့လက်သီးကိုတင်းတင်းဆုပ်ထားသည်မှာ အင်အားကြောင့် လက်ဆစ်များပင်ကျိုးလုမတတ်။ သူ၏ခက်ထန်သောမျက်နှာထားက ယခင်ထက်ပို၍အေးစက်လာကာ အခန်းတွင်းမှလူတိုင်းသူ့ဒေါသကိုခံစားမိကြလေသည်။ သူ၏သွေးကြောများစိမ်းလာသည်ကိုယွီရှန်းခံစားမိကာ သူ၏နောက်ဆုံးသောကျိုးကြောင်းဆီလျော်မှုက တောက်လောင်နေသည့်မီးတောက်များကြားမနည်းဖိထားရချေသည်။
"သူ့ကိုဆေးပေးလိုက်... ချန်းနင်ကဘာဆိုးကျိုးမှမခံစားရတာကို သေချာအောင်လုပ်"
"စိတ်အေးအေးထားပါ...သူအဆင်ပြေစေရမယ်လို့ငါကတိပေးတယ် မင်းစိတ်ကိုထိန်းချုပ်ထား... အခုချိန်မှာသူကအရေးကြီးဆုံးပဲလေ ဟုတ်တယ်မလား? ကျန်တာတွေကိုသူနိုးလာမှမင်းရှင်းလို့ရပါတယ်"
ပိုင်မော့၏စကားများက ရှန်ယွီရှန်းကိုခဏတာစိတ်လျှော့သွားစေသည်။ ယွီရှန်းကသူ့လူဘက်သို့လှည့်ကာ...
"ရှစ်အာ... မင်းလူကိုရလာပြီလား?"
"ဟုတ်ကဲ့သခင်လေး ကျွန်တော်တို့အဲ့လူကိုရလာပါပြီ... သူကအောက်ထပ်မှာပါ"
"သူ့ကိုခေါ်သွား... သာ့ကျိုးကိုသူ့ကိုသေချာဖျော်ဖြေပေးဖို့ပြောလိုက်... ဒီကိစ္စကိုဘယ်သူစီစဉ်တာလဲငါသိချင်တယ်"
"ဟုတ်ကဲ့သခင်လေး... ယင်အဆောက်အအုံထဲကလူတွေအတွက်ကရော?"
"သူတို့အကုန်လုံးကိုသူတို့အခန်းထဲပစ်ထည့်ထားလိုက်... ချန်းနင်နိုးလာတဲ့အထိစောင့်ပြီးမှ ကြည့်ကြတာပေါ့"
ထို့နောက်တွင်တော့ ပိုင်မော့က ချန်းနင်အတွက် IV ချိတ်ပြီးပြီဖြစ်ကာ သူ့ခန္ဓာကိုယ်ထဲသို့အရည်ကြည်အချို့ဝင်ရောက်သွားစေသည်။
ရှန်ယွီရှန်းက အိပ်ယာဘေးတွင်ထိုင်လျက် ချန်းနင်လက်ကိုကိုင်ထား၏။ လူငယ်လေးကိုဆက်လက်စိုက်ကြည့်ရင်းဖြင့် မျက်တောင်တစ်ခတ်အတွင်း၌ ချန်းနင်ပျောက်ကွယ်သွားမည်ကို ကြောက်နေမိတော့သည်။
°°
Z••
အန္တီခ်င္က ႏြားနို႔ခြက္ျဖင့္ အေပၚထပ္သို႔တက္သြားကာ ခ်န္းနင္၏လက္ေဘး၌ထိုေသာက္စရာကိုခ်ေပးထားလိုက္၏။
"ခ်န္းနင္... မင္းညလံုးေပါက္ေနတာမ်ားေနၿပီ မင္းခႏၶာကိုယ္ကအဲ့ဒဏ္ေတြအကုန္ခံနိုင္မွာမဟုတ္ဘူးေနာ္"
"ကြၽန္ေတာ္နားလည္ပါတယ္အန္တီခ်င္... ဒါကမၾကာခင္ၿပီးေတာ့မွာပါ တစ္ညၿပီးတာနဲ႔ကြၽန္ေတာ့္အလုပ္လဲၿပီးၿပီ"
အန္တီခ်င္ကထပ္မံ၍နားပူနားဆာလုပ္လာျပန္သည္။
"ဆိုးသြမ္းတဲ့ကေလး.. အလုပ္နဲ႔ပက္သက္လာရင္မင္းကဘယ္လိုေတာင္ဂရုမစိုက္တတ္ေတာ့တာလဲ မင္းက်န္းမာေရးကပိုအေရးႀကီးတယ္... ျမန္ျမန္... ႏြားနို႔ကိုေသာက္လိုက္"
"ေကာင္းပါၿပီဗ်ာ ကြၽန္ေတာ္ခဏေနရင္ေသာက္ပါ့မယ္... အန္တီလည္းနားေတာ့ ကြၽန္ေတာ္ခဏေနၿပီးေတာ့မွာ"
အန္တီခ်င္ကခ်န္းနင္ကို နို႔ေသာက္၍ေစာေစာအနားယူရန္မွာၿပီးသည့္ေနာက္ သူမကသန္းေဝကာ သူမအခန္းသို႔ျပန္သြားေတာ့သည္။ အသက္ကႀကီးၿပီမို႔ အခ်ိန္ၾကာၾကာနိုးေနဖို႔က သူမအတြက္အခက္အခဲျဖစ္လာခဲ့ေခ်ၿပီ။
အန္တီခ်င္၏နားပူနားဆာလုပ္မႈမ်ားကိုျပန္ေတြးမိေတာ့ ခ်န္းနင္၏နွလံုးသားကေႏြးေထြးသြားရသည္။ ဂရုစိုက္ေပး၍ ခ်စ္ေပးသည့္တစ္စံုတစ္ေယာက္ရွိသည္က အေတာ္ေလးခံစားလို႔ေကာင္းလွ၏။ တစ္စံုတစ္ေယာက္၏ပံုရိပ္က ခ်န္းနင္၏အေတြးထဲဖ်က္ခနဲေပၚလာလ်က္။ ထိုလူသားကလည္း သူ႔အေပၚညႇင္သာ၍ဂရုစိုက္ေပသည္။ ထိုသူကဖုန္းေခၚရင္းျဖင့္ အထပ္အခါခါအၿမဲသတိေပးတတ္၏။ ထိုလူ႔အေၾကာင္းအေတြးကတင္ ခ်န္းနင္၏နွလံုးသားအား ခ်ိဳၿမိန္မႈမ်ားျဖင့္ျပည့္နွက္သြားေစသည္။ သူကထိုလူသားနဲ႔သူ႔ဘဝကိုကုန္ဆံုးရန္အတြက္ ရက္၂၀ နီးနီးသာလိုေတာ့သည္။ အမွန္တိုင္းေျပာရရင္ေတာ့ သူလည္းထိုအခ်ိန္ကိုျမန္ျမန္ေရာက္ေစခ်င္လွၿပီပင္။
သူ၏ရွက္ဖြယ္ေကာင္းေသာအေတြးမ်ားေၾကာင့္ လန္႔သြားသည့္ခ်န္းနင္က ေခါင္းကိုခါယမ္းလိုက္ရင္း အလုပ္ကိုသာတစ္ဖန္အာရံုျပန္စိုက္လိုက္ေတာ့သည္။ ထို႔ေနာက္တြင္မူ သူက ပံုမွန္အတိုင္းႏြားနို႔ေသာက္ဖို႔ခြက္ကိုယူလိုက္ေလ၏။ တစ္ငံုအျပည့္ေသာက္လိုက္ၿပီးသည့္ေနာက္ခြက္ကိုေဘးခ်ကာ လက္ထဲမွအလုပ္ကိုဆက္လုပ္ေတာ့သည္။
အခ်ိန္ကဆက္လက္ေ႐ြ႕လ်ားလ်က္။ တျဖည္းျဖည္းနွင့္ သူ႔ေရွ႕မွဖန္သားျပင္ကမႈန္ဝါးလာသည္ကို ခ်န္းနင္ခံစားမိသည္။ သူကေခါင္းကိုျပင္းထန္စြာခါယမ္းလိုက္ေသာ္လည္း စိတ္ထဲတြင္ေတာ့ရႈပ္ေထြးေန၏။ အခန္းတစ္ခုလံုးက ခ်ာလပတ္လည္ေနကာ သူ႔အသိစိတ္ကိုစတင္၍ဆံုး႐ံႈးလာၿပီျဖစ္သည္။
သူ၏မနည္းထိန္းခ်ဳပ္ထားရေသာအသိစိတ္အရ တစ္ခုခုကမွားေနၿပီျဖစ္ေၾကာင္းခ်န္းနင္သိခဲ့၏။ သူမစားသင့္တာတစ္ခုခုကိုစားမိတာျဖစ္နိုင္သလို တစ္စံုတစ္ေယာက္ထံမွေဆးခတ္ခံရျခင္းလည္းျဖစ္နိုင္သည္။ ဘယ္သူကထူးဆန္းေနသလဲဆိုတာကိုေတြးဖို႔ အခ်ိန္မရွိသည္မို႔ သူလုပ္နိုင္သည့္အခ်ိန္၌ခ်န္းနင္သူ႔ကိုယ္သူကယ္တင္မွရေပေတာ့မည္။ ထို႔ေၾကာင့္ခ်န္းနင္က ခက္ခက္ခဲခဲျဖင့္မတ္တပ္ထရပ္လိုက္၏။ လႈပ္ရွားေနသည့္ပတ္ဝန္းက်င္ကိုလ်စ္လ်ဴရႈရင္း လသာေဆာင္ဝရန္တာကိုတုန္ယင္စြာျဖင့္ေလ်ွာက္လွမ္းသြားကာ သူ၏ေနာက္ဆံုးက်န္ေသာအင္အားကိုသံုး၍ေအာ္ဟစာအကူအညီေတာင္းလိုက္၏။
"ေရွာင္ဝူ"
အသံကသိပ္မေသခ်ာေသာ္လည္း အထူးျပဳသက္ေတာ္ေစာင့္တစ္ေယာက္အေနျဖင့္ လုပ္ရပ္တိုင္း၌တာဝန္ယူတတ္ရေပမည္။ ေရွာင္ဝူကလ်င္ျမန္စြာျဖင့္ ေခါင္မိုးမ်ားကိုေက်ာ္ျဖတ္သြားကာ ခ်န္းနင္အခန္းရွိသည့္ဒုတိယထပ္ဆီသို႔ေျပးသြား၍ ပိုက္တန္းမ်ားေပၚမွတစ္ဆင့္ ခ်န္းနင္၏အခန္းလသာေဆာင္ရွိရာသို႔ခုန္တက္လာခဲ့သည္။
ခ်န္းနင္ကေျမျပင္တြင္လဲေနသည္ကိုျမင္ေတာ့ ေရွာင္ဝူခ်က္ခ်င္းအၾကည့္ကိုေအာက္ပို႔ကာ ခ်န္းနင္ကိုျမန္ျမန္ကူ၍တြဲေပးလိုက္ေလသည္။
"သခင္ေလးနင္ ခင္ဗ်ားဘာျဖစ္တာလဲ?"
ခ်န္းနင္၏မ်က္နွာကျဖဴဆုတ္ေနကာ သူ႔နဖူးတြင္လည္းေခြၽးေစးမ်ားစီးက်ေန၏။ တိုးလ်၍အားနည္းေသာေလသံျဖင့္ သူကေျဖၾကားလာသည္။
"ယြီရွန္းကိုရွာ... ယင္..ယင္မိသားစုကို အသိမေပးနဲ႔"
ထို႔ေနာက္တြင္ေတာ့ ခ်န္းနင္အသိမရွိေတာ့ေခ်။
ေရွာင္ဝူကခ်န္းနင္ကိုလက္ေမာင္းထဲထည့္ထားရင္း ျပတင္းေပါက္မွတစ္ဆင့္အေခၚလႊတ္လိုက္၏။ လူနွစ္ေယာက္က ျပတင္းေပါက္တြင္ခပ္ျမန္ျမန္ပင္ထြက္ေပၚလာေတာ့သည္။ ခ်န္းနင္ကေျမျပင္ေပၚ၌လဲေလ်ာင္းေနသည္ကိုျမင္ေတာ့ ေရွာင္ခ်ီကသူ႔လက္ေခ်ာင္းမ်ားအား ခ်န္းနင္၏လက္ေကာက္ဝတ္သို႔စမ္းၾကည့္ေလသည္။
"သခင္ေလးနင္ ေဆးခတ္ခံထားရတာ"
သံုးေယာက္သားက ၾကက္သီးမ်ားပင္တျဖန္းျဖန္းထလာသည္ကိုခံစားလိုက္ရသည္။ ယခု သခင္ေလးနင္ထံ၌ ကိစၥတစ္ခုခုျဖစ္ၿပီမို႔ သူတို႔ထဲကတစ္ေယာက္မွ လြယ္လြယ္ကူကူလြတ္ေျမာက္နိုင္ေတာ့မည္မဟုတ္ပါေခ်။
ေရွာင္ဝူကခ်က္ခ်င္းဆိုသလို သူ႔ေဝဖန္ပိုင္းျခားနိုင္စြမ္းကိုျပန္လည္ေခၚကာ...
"ေရွာင္ခ်ီ သခင္ေလးကိုအခုခ်က္ခ်င္းသတင္းပို႔လိုက္... သခင္ေလးနင္ရဲ႕အေျခအေနကို ယင္မိသားစုသတိမထားမိေစဖို႔လည္းမေမ့နဲ႔... ရွစ္အာ... သူ႔ကိုေဆးခတ္တဲ့လူကအိမ္ထဲမွာပဲရွိေလာက္ဦးမယ္... မင္းဘာနည္းလမ္းပဲသံုးရသံုးရသူ႔ကိုေခၚလာခဲ့...ၿပီးေတာ့ယင္မိသားစုဝင္အကုန္လံုးကိုသတိလစ္ေအာင္ထားခဲ့လိုက္ သြား"
ရွစ္အာကေခါင္းၿငိမ့္သည္။
"သခင္ေလးနင္ကိုဂရုစိုက္"
ထို႔ေနာက္တြင္ေတာ့ ၎က တာဝန္မ်ားကိုလုပ္ေဆာင္ရန္ေရွာင္ခ်ီနွင့္အတူ ေပ်ာက္ကြယ္သြားေတာ့သည္။
သူ႔ရံုးခန္းထဲတြင္အလုပ္ရႈပ္ေနသည့္ရွန္ယြီရွန္းက ရုတ္တရပ္ဆိုသလိုစိတ္ထဲေလးလံလာခဲ့၏။ ကိုင္တြယ္ဖို႔ကိစၥရပ္မမ်ားကအလြန္မ်ားလွသည္ျဖစ္သလို ထပ္ေပါင္း၍ ခ်န္းနင္အေၾကာင္းေတြးသည့္အခါတိုင္း သူ႔စိတ္ရွည္သည္းခံမႈကပိုပိုဆိုးလာရသည္။
ကုမၸဏီမွလူတိုင္းက သူတို႔၏ေၾကာက္စရာေကာင္းေသာသူေဌးကို သြားရႈပ္မိမည္စိုးသျဖင့္ အေနအထိုင္ဆင္ျခင္ေနရ၏။ အလုပ္ျပဳတ္သြားသည္က အဆိုးဝါးဆံုးကိစၥမဟုတ္လွေသာ္လည္း သူတို႔၏လုပ္ေဖာ္ကိုင္ဖက္မ်ားကိုဆံုးရံႈး၍ မိသားစုကိုလည္းဒုကၡေပးမိမည္ေလ။
ပံုမွန္ ringtone သံတစ္ခုထြက္လာသည့္အခ်ိန္၌ ယြီရွန္း၏အာရံုကခ်က္ခ်င္းဆိုသလိုစူးစိုက္သြား၏။ ထိုအသံက ခ်န္းနင္နွင့္အတူရွိေနသည့္ သက္ေတာ္ေစာင့္မ်ားအတြက္ထားျခင္းျဖစ္သည္။ သူတို႔ကယခုေခၚသည္ဆိုေတာ့ ခ်န္းနင္ထံ၌တစ္ခုခုျဖစ္၍သာျဖစ္ရမည္။
ယြီရွန္းက ခ်က္ခ်င္းျပန္ေျဖသည့္ခလုတ္ကိုနိွပ္လိုက္၏။
"ဘာျဖစ္လို႔လဲ?"
ေရွာင္ခ်ီ၏စိုးရိမ္ေနေသာအသံက တစ္ဖက္မွပ်ံ့လြင့္လာသည္။
"သခင္ေလး... သခင္ေလးနင္ဆီမွာကိစၥတစ္ခုခုျဖစ္လို႔ပါ... သူေဆးခတ္ခံရၿပီ"
ရွန္ယြီရွန္းကခ်က္ခ်င္းမတ္တပ္ထရပ္ကာ သူ႔ေဒါသကလည္း ခပ္ျမန္ျမန္ပင္ျမင့္တက္လာ၏။
"ဘာေျပာတယ္?"
ေရွာင္ခ်ီက သခင္ေလး၏ေဒါသသံကိုၾကားရံုနွင့္ တုန္ယင္လာေတာ့သည္။
"သခင္ေလး... စိတ္မပူပါနဲ႔ သခင္ေလးနင္ကအခုဘာအႏၲရာယ္မွမရွိေတာ့ပါဘူး သူသတိလစ္သြားရံုပါ"
ယြီရွန္းက သူ႔ကားေသာ့ကိုလက္တစ္ဖက္ျဖင့္ဆြဲယူလိုက္ရင္း ေရွာင္ခ်ီကိုအမိန္႔ေပးလိုက္ေလသည္။
"ငါတို႔လူေတြကိုခ်က္ခ်င္းစုၿပီး ယင္အေဆာက္အအံုကိုဝိုင္းထားလိုက္... သူတို႔တစ္ေယာက္မွမလြတ္ေစနဲ႔"
ေရွာင္ခ်ီကညႇင္သာစြာျဖင့္ျပန္လည္ေျဖၾကားလာသည္။
"သခင္ေလး.. သခင္ေလးနင္သတိမလစ္ခင္တုန္းက သခင္ေလးယင္မိသားစုကိုသတိမေပးမိေစဖို႔ ကြၽန္ေတာ္တို႔ကို မွာလိုက္တယ္"
ရွန္ယြီရွန္းက ခ်န္းနင္စကားမ်ားကိုေတြးရင္း ခ်န္းနင္ကယင္မိသားစုကိုသတိမျပဳမိေစခ်င္သည္က အေၾကာင္းအရင္းတစ္ခုခုရွိမည္မွန္းသိသည္မို႔ သူေျဖလိုက္ေလသည္။
"ငါတို႔လူေတြကို ယင္မိသားစုဝင္ေတြအကုန္လံုးရဲ႕လႈပ္ရွားမႈေတြကိုေစာင့္ၾကည့္ဖို႔အမိန္႔ေပးလိုက္... ပိုင္ေမာ့ကိုခ်က္ခ်င္းဆက္သြယ္ၿပီး ဆယ္မိနစ္အတြင္းသူ႔ကိုယင္အေဆာက္အအံုဆီေခၚလာခဲ့ေခ်... ရွစ္အာကိုဘာနည္းပဲသံုးရသံုးရ ခ်န္းနင္ကိုေဆးခတ္တဲ့လူကိုရေအာင္ဖမ္းခဲ့ဖို႔ေျပာလိုက္"
"ဟုတ္ကဲ့ သခင္ေလး"
ေရွာင္ခ်ီကခ်က္ခ်င္းဆိုသလို ေပးထားသမ်ွအမိန္႔မ်ားအားေဆာင္႐ြက္ကာ ေဒါက္တာပိုင္ေမာ့ကိုဖုန္းေခၚ၍ ထို႔ေနာက္ ရွစ္အာကိုေတြ႕ကာ ယင္မိသားစုဝင္မ်ားအား 'ဂရုစိုက္'ေပးဖို႔ေျပာလိုက္ေလသည္။ သူတို႔ၿပီးသည့္ေနာက္၌ပင္ ရွန္ယြီရွန္း၏ကားကေရာက္ခ်လာ၏။ ေရွာင္ခ်ီကခ်က္ခ်င္းဆိုသလိုေျပးသြားကာ သူ႔သူေဌးအတြက္တံခါးကိုဖြင့္ေပးလိုက္ေလသည္။
ရွန္ယြီရွန္းက ေလွကားနားမွသတိလစ္ေနသူမ်ားကို လံုးလံုးလ်ားလ်ားလ်စ္လ်ဴရႈလ်က္ ဒုတိယထပ္ဆီသို႔ေျခလွမ္းက်ဲမ်ားျဖင့္ေလ်ွာက္သြားေတာ့သည္။ သူအခန္းထဲဝင္လာသည့္အခါ၌ အိပ္ယာဆီသို႔တန္းသြားကာ ခ်န္းနင္၏လက္ကေလးမ်ားအား သူ႔လက္နွင့္ဆုပ္ကိုင္လိုက္မိသည္။ သူ႔အၾကည့္မ်ားက ေၾကကြဲမႈမ်ားအျပည့္နွင့္ မ်က္ရည္စအခ်ိဳ႕ကိုပင္ မ်က္ဝန္းထဲ၌ျမင္နိုင္၏။
အၿမဲတည္ၿငိမ္၍ထူးခြၽန္ေသာလူငယ္ေလးက ယခုအခါ၌ စာ႐ြက္ကဲ့သို႔ျဖဴဆုတ္ေနေသာမ်က္နွာျဖင့္ အိပ္ယာေပၚတြင္လဲေလ်ာင္းေနသည္ကို ယြီရွန္းၾကည့္ေနခဲ့သည္။ သူ႔နွလံုးသားကနာက်င္လြန္း၍ အသက္ပင္ေကာင္းေကာင္းမရႈနိုင္ေတာ့သည္မို႔ သူ႔ေရွ႕မွလူ၏နာမည္ကိုသာ ယြီရွန္းေခၚနိုင္ေတာ့သည္။
"ခ်န္းနင္ ခ်န္းနင္... ကိုယ္ပါ... ထပါဦး ကိုယ္ဒီမွာရွိတယ္ေလ ခ်န္းနင္... ခ်န္းနင္"
သူ႔အတြက္အေရးႀကီးသည့္တစ္စံုတစ္ေယာက္ကို ဆံုးရံႈးရေတာ့မည္ဟူေသာအေၾကာက္တရားေၾကာင့္ ယြီရွန္း၏လက္မ်ားကတုန္ယင္ေန၏။ သူ႔နွလံုးသားကေၾကကြဲေနကာ ဝိညာဥ္တစ္ခုလံုးတစ္စစီကြဲမတတ္ခံစားေနရ၍ နာက်င္လြန္းလို႔ပံုမွန္အတိုင္းပဲအသက္မရႈနိုင္ေတာ့ပါေခ်။
ယြီရွန္းက အခုမွအခန္းထဲဝင္လာသည့္ ေရွာင္ဝူနွင့္ရွစ္အာကို ေသေစေလာက္သည့္အၾကည့္တစ္ခ်က္ေပးလိုက္ေခ်၏။
"မင္းတို႔အကုန္လံုးဘာလို႔သူ႔ေဘးမွာတစ္ေယာက္မွမရွိတာလဲ? သူသာတစ္ခုခုျဖစ္သြားလို႔ကေတာ့ ငါ့ကိုစိတ္ေက်နပ္ေစဖို႔မင္းတို႔မွာအသက္ဘယ္နွေခ်ာင္းမ်ားရွိလဲ?"
သူ၏ျပင္းထန္ေသာေလသံက သူတို႔စိတ္ထဲသို႔ဒဲ့ထိသြားေတာ့သည္။
ၿခိမ္းေျခာက္ေသာေလသံေၾကာင့္ သက္ေတာ္ေစာင့္နွစ္ေယာက္ကေၾကာက္႐ြံ႕သြားကာ ၾကက္သီးမ်ားပင္ထလာရသည္။ သူတို႔၏အသံုးမက်မႈေၾကာင့္ သခင္ေလးနင္ကထိုသို႔ေသာအႏၲရာယ္မ်ိဳးနွင့္ ေတြ႕ဆံုရသည္ကအမွန္ပါပင္။ ရွန္ယြီရွန္းကသူတို႔ကိုမည္မ်ွအျပစ္ေပးပါေစ သူတို႔အတြန္႔မတက္ရဲ။ ေရွာင္ဝူနွင့္ရွစ္အာက သူ႔တို႔ကိုယ္သူတို႔အတြက္ခုခံေျပာဆိုျခင္းမရွိပဲ ေခါင္းကိုသာငံု႔ထားၾကေတာ့သည္။
ထိုအရာက ပိုင္ေမာ့ေရာက္ေရာက္ခ်င္းျမင္လိုက္ရသည့္ ျမင္ကြင္းပါပင္။ တျခားဟာကိုေဘးခ်ိတ္၍ သူကခ်က္ခ်င္းဆိုသလို ခ်န္းနင္၏အေျခအေနကိုစမ္းသပ္ၾကည့္ေလ၏။
ခဏၾကာၿပီးသည့္ေနာက္ ပိုင္ေမာ့ကဆိုသည္။
"သူကသတိလစ္ေစတဲ့ေဆးနဲ႔ hallucinogens အမ်ားႀကီးပါတဲ့ေဆးေတြကိုေရာထားတဲ့ေဆးကိုေသာက္မိသြားတာ"
ယြီရွန္းကသူ႔လက္သီးကိုတင္းတင္းဆုပ္ထားသည္မွာ အင္အားေၾကာင့္ လက္ဆစ္မ်ားပင္က်ိဳးလုမတတ္။ သူ၏ခက္ထန္ေသာမ်က္နွာထားက ယခင္ထက္ပို၍ေအးစက္လာကာ အခန္းတြင္းမွလူတိုင္းသူ႔ေဒါသကိုခံစားမိၾကေလသည္။ သူ၏ေသြးေၾကာမ်ားစိမ္းလာသည္ကိုယြီရွန္းခံစားမိကာ သူ၏ေနာက္ဆံုးေသာက်ိဳးေၾကာင္းဆီေလ်ာ္မႈက ေတာက္ေလာင္ေနသည့္မီးေတာက္မ်ားၾကားမနည္းဖိထားရေခ်သည္။
"သူ႔ကိုေဆးေပးလိုက္... ခ်န္းနင္ကဘာဆိုးက်ိဳးမွမခံစားရတာကို ေသခ်ာေအာင္လုပ္"
"စိတ္ေအးေအးထားပါ...သူအဆင္ေျပေစရမယ္လို႔ငါကတိေပးတယ္ မင္းစိတ္ကိုထိန္းခ်ဳပ္ထား... အခုခ်ိန္မွာသူကအေရးႀကီးဆံုးပဲေလ ဟုတ္တယ္မလား? က်န္တာေတြကိုသူနိုးလာမွမင္းရွင္းလို႔ရပါတယ္"
ပိုင္ေမာ့၏စကားမ်ားက ရွန္ယြီရွန္းကိုခဏတာစိတ္ေလ်ွာ႔သြားေစသည္။ ယြီရွန္းကသူ႔လူဘက္သို႔လွည့္ကာ...
"ရွစ္အာ... မင္းလူကိုရလာၿပီလား?"
"ဟုတ္ကဲ့သခင္ေလး ကြၽန္ေတာ္တို႔အဲ့လူကိုရလာပါၿပီ... သူကေအာက္ထပ္မွာပါ"
"သူ႔ကိုေခၚသြား... သာ့က်ိဳးကိုသူ႔ကိုေသခ်ာေဖ်ာ္ေျဖေပးဖို႔ေျပာလိုက္... ဒီကိစၥကိုဘယ္သူစီစဥ္တာလဲငါသိခ်င္တယ္"
"ဟုတ္ကဲ့သခင္ေလး... ယင္အေဆာက္အအံုထဲကလူေတြအတြက္ကေရာ?"
"သူတို႔အကုန္လံုးကိုသူတို႔အခန္းထဲပစ္ထည့္ထားလိုက္... ခ်န္းနင္နိုးလာတဲ့အထိေစာင့္ၿပီးမွ ၾကည့္ၾကတာေပါ့"
ထို႔ေနာက္တြင္ေတာ့ ပိုင္ေမာ့က ခ်န္းနင္အတြက္ IV ခ်ိတ္ၿပီးၿပီျဖစ္ကာ သူ႔ခႏၶာကိုယ္ထဲသို႔အရည္ၾကည္အခ်ိဳ႕ဝင္ေရာက္သြားေစသည္။
ရွန္ယြီရွန္းက အိပ္ယာေဘးတြင္ထိုင္လ်က္ ခ်န္းနင္လက္ကိုကိုင္ထား၏။ လူငယ္ေလးကိုဆက္လက္စိုက္ၾကည့္ရင္းျဖင့္ မ်က္ေတာင္တစ္ခတ္အတြင္း၌ ခ်န္းနင္ေပ်ာက္ကြယ္သြားမည္ကို ေၾကာက္ေနမိေတာ့သည္။
°°