ကမ်းကုန်အောင်အလိုလိုက်ခံထားရသ...

By Deity_YuZhang

503K 65.1K 1.7K

Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Y... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19.2
20
21
22
23
24.1
24.2
25
26.1
26.2
27
28
29
Notice
30
31
32
33
34.1
34.2
35
36.1
36.2
37.1
37.2
38.1
38.2
38.3
39.1
39.2
39.3
40.1 + 40.2
41
42
43
44
45
46
47
48

19.1

8.3K 1.2K 43
By Deity_YuZhang

U••

[ယင်ယောက်:သတ္တိမှဖြစ်ပွားလာသော နတ်ဆိုးကောင်]

ယင်ဟောက်ကအခန်းထဲပြန်လာပြီးသည့်နောက် ဖန်ခွက်အားလုံးကိုတွန်းချရိုက်ခွဲလိုက်မိတော့သည်။ သို့ဆိုလျှင်တောင် ၎င်းကသူ့ဒေါသကိုမပြေငြိမ်းနိုင်စေပါချေ။ ပြတင်းပေါက်အပြင်ဘက်မှမြင်ကွင်းကို စူးရှခက်ထန်စွာစိုက်ကြည့်ရင်း သူ့အတွေးများကပေါ်ပေါက်လာလျက်။ သူဘယ်လိုပဲကြည့်ကြည့် ဒေါသကိုမျိုချဖို့ရာမတတ်နိုင်ပါချေ။ အကယ်၍အစောကတည်းကသာ ဟယ့်ချန်းနင်မရှိခဲ့ပါက အရာအားလုံး ဒီနေ့လောက်ဆိုးရွားသည့်အခြေအနေရောက်လာခဲ့မည်မဟုတ်ပေ။ အားလုံးကဟယ့်ချန်းနင်၏အမှားသာဖြစ်သည်။

အကယ်၍သူသာ လိမ်လိမ်မာမာနှင့် ရှန်မိသားစုကိုလက်ထပ်ဖို့လက်ခံခဲ့မည်ဆိုပါက ယင်မိသားစုကအောင်နိုင်သူဖြစ်ရမည်ပင်။ ထိုသို့သာဆိုပါက ယင်ဟောက်သည်လည်း ယောက်ျားတစ်ယောက်ကို အမျိုးသားဇနီးသည်အဖြစ်လက်ထပ်ထားရသည့် အဖေတူမအေကွဲညီတစ်ယောက်ရထားသည်ကို ထူးထူးခြားခြားစိတ်ရှိမည်မဟုတ်။ သို့သော်လည်း ယခုတွင်မူ ဟယ့်ချန်းနင်က၎င်းကိုအလွန်အမင်းဂုဏ်ယူနေကာ ယင်မိသားစုဆီမှဝေစုတောင်းရုံသာမက ယင်မိသားစု၏ငွေကိုလှည့်ဖျားဖို့ ရှန်မိသားစုနှင့်ကြံရာပါပင်လုပ်လိုက်သေး၏။

အကယ်၍ရှန်ယွီရှန်းကသာ ယင်အဖွဲ့အစည်းက အစီရင်ခံစာကို တရားမဝင်လိမ်လည်လှည့်ဖျားခဲ့ကြောင်းသိသွားပါက၊ ဟယ့်ချန်းနင်ကဲ့သို့မျိုးမစစ်လေးကြောင့် ကိစ္စများကိုရှည်ရှည်ဝေးဝေးမဖြစ်စေချင်ဟုဆိုလျှင်တောင် ရှန်ယွီရှန်းကယင်အဖွဲ့အစည်းကိုလက်စားမချေဘူးဟု အာမခံချက်မရှိချေ။ စီးပွားရေးနယ်ပယ်အတွင်း ရှန်အဖွဲ့အစည်း၏ အခြေအနေနှင့် ရှန်ယွီရှန်း၏လုပ်ပုံကိုင်ပုံတွေက ယင်မိသားစုဖြစ်ဖြစ်၊ ယင်အဖွဲ့အစည်းဖြစ်ဖြစ် ကိုင်တွယ်နိုင်သည့်ကိစ္စရပ်မျိုးမဟုတ်။ အချိန်ကျလာလျှင်တော့ ယင်မိသားစုက ကျရံှုးခြင်းနှင့်အဆုံးသတ်ကာ အကြံပေးသည့် မျိုးမစစ်ကောင်လေးကတော့အကျိုးအမြတ်ရသွားလိမ့်မည်ပင်။

မဟုတ်သေး... ဤအဖြစ်အပျက်မှ ထိုကောင်စုတ်လေးမည်သည့်အကျိုးအမြတ်ကိုမှရသွားဖို့သူခွင့်မပြုနိုင်ချေ။ ဟယ့်ချန်းနင်ကိုထိန်းချုပ်နိုင်ဖို့ နည်းလမ်းတစ်ခုကို သူရှာမှဖြစ်မည်။ မဟုတ်လျှင်လည်း ဟယ့်ချန်းနင်ကိုအသုံးချကာ ယင်မိသားစုအကျိုးအမြတ်ရစေဖို့ သူ့အမိန့်များကိုနာခံစေမည့် အချက်အလက်အချို့ဆိုလည်းဖြစ်သည်။

ယင်ဟောက်သူ့လုပ်ရပ်များအတွက်စိတ်ကိုအဆင်သင့်ပြင်ပြီးသည့်နောက်တွင်တော့ တစ်စုံတစ်ယောက်ကိုဖုန်းခေါ်ကာ အိမ်မှထွက်သွားတော့သည်။

ဟယ့်ချန်းနင်ကတော့ သူ့အခန်းထဲတွင်သာရှိဆဲဖြစ်ကာ သူ့အလုပ်များနှင့်သူ ဖျားနာမတတ်အလုပ်ရှုပ်နေ၏။ မုန်းတီးခြင်းမှပေါ်ပေါက်လာသော လျို့ဝှက်အကြံအစည်တစ်ခုကသူ့ထံသို့ရောက်လာနေပြီဖြစ်၍ ထိုလူကသူ့ကိုဖျက်ဆီးပစ်ဖို့ကြိုးစားနေသည့်အကြောင်း ကိုတော့ သူလုံးလုံးလျားလျားမသိခဲ့ပါချေ။

ထိုရက်ပိုင်းအတွင်း၌ ရှန်ယွီရှန်းသည်လည်း အလုပ်တော်တော်ရှုပ်နေရ၏။ သူ့ကုမ္ပဏီကိစ္စများအား မြန်နိုင်သမျှမြန်မြန်အဆုံးသတ်ချင်လှကာ ထိုမှသာလျှင် မင်္ဂလာပွဲကိုစီစဉ်ဖို့ သူ့အတွက်အချိန်နှင့်အင်အားများများရလိမ့်မည်လေ။ ထို့အပြင် ချန်းနင်၏ဘေး၌သူနေနိုင်ဖို့လည်းမျှော်လင့်ကာ ထိုမှသာလျှင် သူတို့တစ်ယောက်အကြောင်းတစ်ယောက်ပိုသိ၍ သူတို့ကြားကဆက်ဆံရေးကိုလည်းပို၍မြှင့်တင့်နိုင်ကာ နှစ်ဦးသား၏ဘဝအတွက်အခြေခံကိုတည်မြဲစေနိုင်လိမ့်မည်ပင်။

နေ့စဉ်နေ့တိုင်းအလုပ်လုပ်နေသည်မှလွဲ၍ ရှန်ယွီရှန်းက ချန်းနင်ကိုဖုန်းခေါ်ရန်အတွက် အချိန်အနည်းငယ်တော့အမြဲချန်ထားခဲ့သည်။ တဖက္လူက ဘာလုပ်နေသလဲ၊ အလုပ်ရောဘယ်လိုနေလဲ၊ အစားကောင်းကောင်းစားရဲ့လား၊ ပြည့်ပြည့်ဝဝအနားယူရဲ့လား ကဲ့သို့သော သာမာန်မေးခွန်းလေးများသာဖြစ်သည်။ သေချာပေါက် ချန်းနင်ကိုယင်မိသားစုဝင်များကိုသတိထား၍ တစ်ခုခုဖြစ်လာပါကသူ့ကိုချက်ချင်းပေးဖို့လည်း သတိပေးဖို့အမြဲမှတ်မိကာ သို့မှသာ ချန်းနင်ကိုစောင့်ရှောက်ဖို့လူလွှတ်နိုင်မည်ဖြစ်ချေသည်။

ရှန်ယွီရှန်းဆီမှဖုန်းခေါ်ဆိုမှုရသည့်အခါတိုင်းက ချန်းနင်အတွက်တော့ အပျော်ရွှင်ရဆုံးအချိန်ဖြစ်ကြောင်း သံသယဝင်စရာပင်မလိုပါချေ။ သူကပြုံး၍ ယွီရှန်းကို သူမည်သို့စိတ်ခံစားချက်ကောင်းနေကြောင်း၊ ကောင်းကောင်းစားကြောင်းနှင့် အရာအားလုံးအဆင်ပြေကြောင်းကဲ့သို့သော သူ့နေစဉ်လုပ်ငန်းများအား သတင်းပို့မည်။ ချန်းနင်က သူ့အား ကောင်းစွာအနားယူ၍ ကိုယ့်ကိုကိုယ်အလုပ်၌ပြင်းပြင်းထန်ထန်ဖိအားမပေးသင့်ကြောင်း သတိပေးဖို့လည်းမမေ့ချေ။ လူနှစ်ယောက်က နှစ်ပေါင်းများစွာပေါင်းသင်းလာခဲ့သည့် ခင်ပွန်းနှင့်ဇနီးသည်ကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် စိတ်ပူ၍ဂရုစိုက်ပေးနေကြတော့သည်။

ချန်းနင်က ယွီရှန်း၏ဖုန်းကိုဖြေကြားသည့်အခါတိုင်း အန်တီချင်က ဒီကလေးဘယ်လောက်ကောင်းကြောင်းတွေးမည်ဖြစ်ကာ နောက်ဆုံး၌ပျော်ရွှင်စွာဖြင့်ပြုံးပေလိမ့်မည်။ သူမကချန်းနင်တွင် သူ့ကိုထိုသို့ အလိုလိုက်ပေး၊ ချစ်ပေး၊ ကာကွယ်ပေးသည့်တစ်စုံတစ်ယောက်ရှိနေသည်ကို အလွန်ဝမ်းမြောက်မိလေသည်။ နောက်ဆုံးတွင်တော့ ကောင်းကင်ဘုံမှမင်လန်သည်လည်း အေးအေးချမ်းချမ်းအနားယူနိုင်ပေတော့မည်။

လက်ထပ်ပွဲနေ့အကြောင်း လာအသိပေးသည့်သူက ရွန္မိသားစု၏ ရာထူးကြီးဘဏ္႑ာစိုးတစ်ယောက်ပင်။ သူ့အား ရွန္မိသားစု၌ အသက်အကြီးဆုံးနှင့်လေးစားခံရဆုံးဝန်ထမ်းအဖြစ်သတ်မှတ်ထားကာ မဒမ်ရှန်ကလည်းသူ့ကိုကောင်းကောင်းချီးကျူးဖူးလေ၏။ ရှန်ယွီရှန်းကိုယ်တိုင်တောင်မှသူ့အား လေးလေးစားစားဆက်ဆံပေသည်။ ဘဏ္႑ာစိုး၏မျိုးရိုးနာမည်က 'လျောင်' ဖြစ်ကာ သူ့အားမိသားစုထဲမှလူတိုင်းက အန်ကယ်လျောင် ဟုသာခေါ်ကြပေသည်။

အန်ကယ်လျောင်က ယင်မိသားစုအဆောက်အအုံကိုရောက်သည်နှင့် ချန်းနင်ကိုတွေ့ဖို့သာတိုက်ရိုက်တောင်းဆိုခဲ့၏။ ၎င်းကသူ့ကိုယ်သူ ရိုကျိုးစွာမိတ်ဆက်ရင်း...

"သခင်လေးနင်.. ကျွန်တော်က ရှန်စံအိမ်တော်က ဘဏ္႑ာစိုးပါ .. တကယ်လို့စိတ်မရှိဘူးဆိုရင် ကျွန်တော့်ကိုအန်ကယ်လျောင်လို့ခေါ်လို့ရပါတယ်"

ချန်းနင်က လေးစားသမှုဖြင့် ခပ်ဖြည်းဖြည်းငုံ့ကိုင်းကာ...

"အဆင်ပြေပါတယ် အန်ကယ်လျောင်... ခင်ဗျားလည်းကျွန်တော့်ကိုချန်းနင်လို့ပဲခေါ်လို့ရပါတယ်"

အန်ကယ်လျောင်ကသူ၏ယဉ်ကျေးသောအမူအရာကိုဆက်လက်ထိန်းသိမ်းထားလျက် ပြန်လည်ဖြေဆိုလာ၏။

"ခွင့်ပြုပေးမှုအတွက်ကျေးဇူးတင်ပါတယ် သခင်လေးနင်.. ဒါပေမဲ့လည်း လေးစားသမှုအရတော့ အဆင်မပြေမှာကျွန်တော်ကြောက်ပါတယ်"

ချန်းနင်ကသူ့နှာခေါင်းလေးကိုပွတ်ရင်း မိသားစုကြီးများ၌ တန်ပေါင်းများစွာသောစည်းကမ်းချက်များရှိလောက်မည်ဟု တွေးတောနေ၏။ ပြောရလျှင်တော့ သူရှန်မိသားစုထဲတစ်ခေါက်ဝင်ပြီးပါက မည်သို့ဖြစ်လာလိမ့်မည်ကိုသူလည်းအနည်းငယ်ကြောက်မိပေသည်။ ဤဘဏ္႑ာစိုးကြီးကဲ့သို့ အခြားသူများ၏ဂုဏ်ပုဒ်အပေါ်မူတည်လျက် သူလည်းဆက်ဆံပြောဆိုရမည်လား? ထိုသို့သာဆိုပါက မည်မျှတောင်ပင်ပန်းလိုက်မည်နည်း။

"ကျွန်တော်ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကိုလေးစားပါတယ်"

အန်ကယ်လျောင်ကအသက်ကြီးနေပြီဖြစ်သော်လည်း လူတစ်ယောက်ကိုတော့ကောင်းကောင်းခွဲခြားသိမြင်နိုင်သေးသည်။ သူ့အရှေ့မှလူငယ်လေးအပေါ်အမြင်အရ ချန်းနင်သည်ကားအလွန်ရိုးသား၍ ဖြူစင်သောကောင်လေးသာဖြစ်ချေသည်။ အသက်ငယ်သေးသည်မို့ သူ့ခံစားချက်အားလုံးကို မျက်နှာပေါ်၌မြင်နေရ၏။ ထိုအရာမှလွဲလျှင် ချန်းနင်က ဒဲ့တိုးနှင့်သာမာန်ဆန်သောလူစားဖြစ်ကာ သူတို့သခင်လေး၏အကျင့်စရိုက်နှင့်လိုက်ဖက်ညီကြောင်း သူမြင်နေရ၏။

မဒမ်ရှန်ကအမှန်တကယ်ကို စူးရှသည့်အမြင်ရှိ၍ သခင်လေး၏ဇနီးအဖြစ် ဤသို့လိမ္မာရေးခြားရှိသောကလေးကိုရွေးချယ်ခဲ့ပေသည်။ ချန်းနင်က ကြည့်ကောင်းရုံသာမက အမူအကျင့်ကောင်းကောင်းလည်းရှိပေ၏။ အင်း... ၎င်းကသိက်တော့မဆိုးလှပါချေ။

အကြီးအကဲယင်နှင့် သာမာန်နှုတ်ဆက်မှုအနည်းငယ်လုပ်ပြီးသည့်နောက်တွင်တော့ အန်ကယ်လျောင်က အဓိကအကြောင်းအရာဆီသို့သာ ဦးတည်လိုက်တော့သည်။

"သခင်လေးနင်... မဒမ်ရှန်က ကျွန်တော့်ကို ခင်ဗျားနဲ့သခင်လေးရှန်ရဲ့မင်္ဂလာရက်ကသတ်မှတ်ပြီးပြီဖြစ်ကြောင်း အသိပေးခိုင်းလိုက်ပါတယ်... အဲ့တာက ဒီလရဲ့ ၂၈ ရက်မြောက်မို့လို့ ဒီနေ့ကစရေရင် ရက်၂၀ပဲလိုပါတော့မယ်... မင်္ဂလာရက်ကကပ်နေပြီဆိုပေမဲ့လည်း မဒမ်ရှန်က လိုအပ်သမျှအကုန်လုံးကို မလွတ်စေချင်ဘူး... ကျွန်တော်တို့အဓိကမိသားစုရဲ့မိသားစုခွဲတွေလည်း ရောက်လာကြပါပြီ ပြီးတော့ လိုအပ်သမျှစီစဉ်မှုတွေလည်းအခြေတကျဖြစ်နေပြီ... ခင်ဗျားအတွက်လုပ်စရာကျန်တာက ရှန်သခင်လေးကခင်ဗျားကိုလာခေါ်ဖို့စောင့်နေရုံပါပဲ"

ရေအနည်းငယ်သောက်ပြီးသည့်နောက် အန်ကယ်လျောင်က ဆက်ပြောလာ၏။

"မဒမ်ရှန်က သခင်လေးနင်လိုတာတစ်ခုခုရှိရင်မေးဖို့လည်း ကျွန်တော့်ကိုသတိပေးလိုက်ပါသေးတယ်... ခင်ဗျားကျွန်တော်တို့ကိုတိုက်ရိုက်သာပြောပါ မဒမ်ရှန်ကဖြစ်ချင်သမျှအကုန်ဖြည့်ဆည်းပေးပါလိမ့်မယ်"

"ကျွန်တော်လိုတာဘာမှမရှိပါဘူး... အကုန်လုံးကိုမဒမ်ရှန်သာစီစဉ်ဖို့အပ်ထားလိုက်ပါ့မယ်... မဒမ်ရှန်ရဲ့အစီအစဉ်တွေအကုန်လုံးကိုကျွန်တော်လက်ခံတဲ့အကြောင်းနဲ့ အရာအားလုံးအတွက်ကျေးဇူးတင်တဲ့အကြောင်းကို ပြန်ပြောပေးပါဦး"

္စ"ရပါတယ် သခင်လေးနင်... ခင်ဗျားရဲ့အမှာစကားကိုကျွန်တော်သေချာပေါက်ပြောပေးပါ့မယ်... သခင်လေးက ကုမ္ပဏီကိစ္စတွေနဲ့ဒီရက်ပိုင်းအလုပ်များနေတုန်းပဲ... အကုန်လုံးပြီးပြီဆိုတာနဲ့ သူကသခင်လေးနင်ကိုခေါ်ဖို့လာပါလိမ့်မယ်...ပြီးရင်တော့ သခင်လေးနင်နဲ့ခင်ဗျားက ဝတ်စုံတွေနဲ့ မင်္ဂလာပွဲအတွက်လိုအပ်တဲ့ လက်ဝတ်ရတနာတွေကိုသွားရွေးရုံပါပဲ... မဒမ်ရှန်က မင်္ဂလာဓာတ်ပုံအတွက် နာမည်ကြီးဓာတ်ပုံဆရာတစ်ယောက်ကိုစီစဉ်ထားပါတယ် အဲ့မတိုင်ခင်တော့ သခင်လေးနဲ့ခင်ဗျားကို ဓာတ်ပုံအတွက် သင့်တော်တဲ့နေရာကိုဆုံးဖြတ်ခွင့်ပေးမှာပါ"

"ကောင်းပါပြီ... ယွီရှန်းနဲ့ကျွန်တော်ကျန်တာတွေကိုဆက်ဂရုစိုက်လိုက်ပါ့မယ်"

သာမာန်သင်ကြားမှုအချို့ပြောပြီးသည့်နောက် အန်ကယ်လျောင်က ယင်အဆောက်အဆုံမှ အေးအေးချမ်းချမ်းထွက်ခွာသွားတော့သည်။ သူတို့ကိုမမြင်ရသကဲ့သို့ ဆက်ဆံခံလိုက်ရသော အကြီးအကဲယင်နှင့်ချုန်းမင်ကတော့ စကားပင်ပြောမထွက်နိုင်အောင်ဒေါသထွက်ကာ သူတို့အခန်းထဲသို့ဝုန်းဒိုင်းကျဲ၍ပြန်သွားကြလေ၏။

ဤရက်ပိုင်းအတွင်း၌ အကြီးအကဲယင်နှင့်ချုန်းမင်က သတ်ကြီးစွာထား၍ စိတ်လဲရှုပ်နေခဲ့ကြသည်။ တစ်ဖက်တွင်တော့ သူတို့က အစီအရင်ခံစာကိုလိမ်လည်မှုအတွက် ယင်အဖွဲ့အစည်းကိုရှန်ယွီရှန်းလက်စားချေမည်ကိုကြောက်နေကြကာ တစ်ဖက်တွင်လည်း ဟယ့်ချန်းနင်၏မင်္ဂလာရက်ကအတည်တကျဖြစ်သွားသည့်အပြင် ထိုအချက်အလက်ကိုသတင်းပေးဖို့ ရွန္မိသားစုက ဘဏ္႑ာစိုးကိုပင်တန်ဖိုးထား၍လွှတ်လိုက်သေး၏။

ထပ္မံဆိုရပါက ထိုဘဏ္႑ာစိုးမှာ ဟယ့်ချန်းနင်ကိုကောင်းကောင်းဆက်ဆံရုံသာမက အမျိုးသမီးနှစ်ယောက်ကိုတော့မမြင်ရသကဲ့သို့ပင်ဆက်ဆံခဲ့လေသည်။ ၎င်းကသူတို့နှစ်ယောက်အား ပေါ့ပေါ့တန်တန်ဆက်ဆံသကဲ့သို့ခံစားရစေသည်မို့ အတော်လေးစိတ်ရှုပ်ရပေ၏။ သူတို့နှစ်ယောက်ကအထက်စီးကဖြစ်ကြောင်းပြရန်အတွက် အမျိုးသမီးနှစ်ယောက်က သူတို့ဆွေမျိုးများဆီသွားလည်ဖို့အကြောင်းပြကာ အိမ်မှထွက်သွား၍ မင်္ဂလာပွဲမတိုင်မီ၌ပြန်လာမည်ဟုပြောသွားခဲ့လေ၏။

(Eng T/N - အမျိုးသမီးနှစ်ယောက်ကဘာလို့အဲ့လိုလုပ်တာလဲဆိုတော့ တရုတ်မင်္ဂလာပွဲအများစုမှာ သတို့သမီးဘက်ကမိသားစုက သတို့သမီးနဲ့အတူနေပြီး မင်္ဂလာပွဲမတိုင်ခင်အထိ သူမနဲ့စောင့်နေပေးရမှာပါ... အဲ့တာကြောင့် မင်္ဂလာပွဲမတိုင်ခင် သတို့သမီးကိုထားခဲ့တာက သတို့သမီးကသူတို့အတွက်ဘာမှမဟုတ်ဘူးလို့ပြောပြီး တစ်ဖက်မိသားစုရဲ့သတို့သားကိုလည်းမလေးစားဘူးလို့ပြတဲ့ ရိုင်းစိုင်းတဲ့အပြုအမူပါပဲ... အဲ့တော့ ဟုတ်ပါပြီ ခွေးမတွေ..

M T/N - ကိုယ်ဆဲတာမဟုတ်ပါဘူးသူဆဲတာပါ :p)

ဟယ့်ချန်းနင်ကတော့သူတို့ကို ဂရုပင်မစိုက်ပါချေ။ သို့သော် အန်တီချင်ကတော့မသိချင်ယောင်ဆောင်မနေနိုင်၊ ယင်မိသားစုဝင်များကမည်မျှနှလုံသားမဲ့၍ရက်စက်ကြောင်း၊ သူတို့တွင်ကောင်းသည့်စိတ်ထားမရှိကြောင်းပြောကာ သူတို့ကပြဇာတ်ကိုရိုးရိုးရှင်းရှင်းထိုင်ကြည့်ချင်၍ မိသားစုထဲမှသက်ကြီးရွယ်အိုများအနေဖြင့် အပြုအမူများကအလွန်ရိုင်းစိုင်းသွားပြီဖြစ်သည်။ 

ထိုအကြောင်းနှင့်ပက်သက်၍တော့ ချန်းနင်က သူတို့ကြောင့် စိတ်ရှုပ်မခံတော့ပေ။ သူက သူတို့လုပ်ချင်တာလုပ်ခွင့်ပေးထား၍ အလုပ်ကိုသာရိုးရှင်းစွာဖြင့်အာရုံစိုက်နေလိုက်တော့သည်။

ယနေ့၌ ယင်ကျိနျန်ကအလုပ်ရှိသည်ဖြစ်ရာ အိမ်တွင်မရှိချေ။ အသုံးအဖြုန်းကြီးသည့်ယင်ကျွင်းကလည်း အပျော်ရှာဖို့ထွက်သွားသည်မို့ အိမ်၌ ချန်းနင်နှင့်ယင်ယောက်သာကျန်ခဲ့၏။ အချိန်ကိုက်စီစဉ်ထားသည့်ယင်ဟောက်ကလည်း လူတစ်ယောက်ကိုဖုန်းခေါ်ကာ သူတို့အိမ်သို့လာရန်ဖိတ်ကြားခဲ့လေသည်။

ထိုလူရောက်လာသည့်အခါတွင်တော့ ယင်ဟောက်က အန်တီချင်ကိုရည်ရွယ်ချက်ရှိရှိဖြင့်နှောက်ယှက်ကာ ချန်းနင်သောက်နေကြနွားနို့ခွက်ထဲသို့ တစ်စုံတစ်ခုထည့်လိုက်လေ၏။ ယင်ဟောက်ကသူ့သူငယ်ချင်းနှင့်စကားပြောနေသည့်အလျောက် အန်တီချင်၏အပြုအမူများကိုလည်းစောင့်ကြည့်နေကာ သူမကချန်းနင်အတွက်နွားနို့ခွက်ကိုယူသွားပေးသည်ကိုထိုင်ကြည့်နေခဲ့၏။

ထင်ထားသည့်အတိုင်း အန်တီချင်က ဘာမှမသိစွာဖြင့် ထိုသောက်စရာကိုအပေါ်ထပ်သို့ယူသွားခဲ့ချေပြီ။

ယင်ဟောက်က နက်မှောင်သောမျက်နှာထားနှင့် ချန်းနင်၏အခန်းတံခါးအား အဆိပ်ပြင်းပြင်းမြွေဟောက်ကဲ့သို့စိုက်ကြည့်နေခဲ့ကာ သူ့ဘေးမှလူထံသို့လှည့်၍ဆိုလာ၏။

"ညီအစ်ကိုတောက်... ဆယ်မိနစ်အတွင်းခင်ဗျားအပေါ်ထပ်တက်လို့ရပြီ... အကုန်လုံးကိုမှတ်တမ်းတင်ထားဖို့မမေ့နဲ့ အပေးအယူပြီးတာနဲ့ကျုပ်ခင်ဗျားကိုကောင်းကောင်းကျွေးမွေးမှာပါ"

တောက်ဟုခေါ်သည့်လူက ရံှု့တွနေသောမျက်နှာထားမျိုးဖြင့် ဖြစ်လာမည့်ကိစ္စများကိုတွေးလိုက်ရုံနှင့် သွားရည်တမျှမျှဖြစ်လာလေ၏။

"စိတ်အေးအေးထားစမ်းပါ... ကျုပ်ကအကုန်လုံးကိုသေချာလုပ်မှာ... ကျွေးမွေးတာအတွက်တော့ ကျုပ်တို့နောက်မှပြောကြတာပေါ့ ခင်ဗျားရဲ့ညီလေးကအရသာရှိမဲ့ပုံပဲ ကျုပ်တော့တစ်ခေါက်ထဲနဲ့တင်ကျေနပ်နိုင်မှာမဟုတ်ဘူး ခင်ဗျားသူ့ကိုထိန်းချုပ်ဖို့တစ်ခုခုလိုချင်တာပဲမလား? သူ့ကိုကျုပ်အောက်မှာဖိထားနိုင်ပြီဆိုတာနဲ့ အဲ့တာတွေအတွက်ခင်ဗျားပူစရာမလိုတော့ဘူး"

°°

Z••

[ယင္ေယာက္:သတၱိမွျဖစ္ပြားလာေသာ နတ္ဆိုးေကာင္]

ယင္ေဟာက္ကအခန္းထဲျပန္လာၿပီးသည့္ေနာက္ ဖန္ခြက္အားလံုးကိုတြန္းခ်ရိုက္ခြဲလိုက္မိေတာ့သည္။ သို႔ဆိုလ်ွင္ေတာင္ ၎ကသူ႔ေဒါသကိုမေျပၿငိမ္းနိုင္ေစပါေခ်။ ျပတင္းေပါက္အျပင္ဘက္မွျမင္ကြင္းကို စူးရွခက္ထန္စြာစိုက္ၾကည့္ရင္း သူ႔အေတြးမ်ားကေပၚေပါက္လာလ်က္။ သူဘယ္လိုပဲၾကည့္ၾကည့္ ေဒါသကိုမ်ိဳခ်ဖို႔ရာမတတ္နိုင္ပါေခ်။ အကယ္၍အေစာကတည္းကသာ ဟယ့္ခ်န္းနင္မရွိခဲ့ပါက အရာအားလံုး ဒီေန႔ေလာက္ဆိုး႐ြားသည့္အေျခအေနေရာက္လာခဲ့မည္မဟုတ္ေပ။ အားလံုးကဟယ့္ခ်န္းနင္၏အမွားသာျဖစ္သည္။

အကယ္၍သူသာ လိမ္လိမ္မာမာနွင့္ ရွန္မိသားစုကိုလက္ထပ္ဖို႔လက္ခံခဲ့မည္ဆိုပါက ယင္မိသားစုကေအာင္နိုင္သူျဖစ္ရမည္ပင္။ ထိုသို႔သာဆိုပါက ယင္ေဟာက္သည္လည္း ေယာက္်ားတစ္ေယာက္ကို အမ်ိဳးသားဇနီးသည္အျဖစ္လက္ထပ္ထားရသည့္ အေဖတူမေအကြဲညီတစ္ေယာက္ရထားသည္ကို ထူးထူးျခားျခားစိတ္ရွိမည္မဟုတ္။ သို႔ေသာ္လည္း ယခုတြင္မူ ဟယ့္ခ်န္းနင္က၎ကိုအလြန္အမင္းဂုဏ္ယူေနကာ ယင္မိသားစုဆီမွေဝစုေတာင္းရံုသာမက ယင္မိသားစု၏ေငြကိုလွည့္ဖ်ားဖို႔ ရွန္မိသားစုနွင့္ႀကံရာပါပင္လုပ္လိုက္ေသး၏။

အကယ္၍ရွန္ယြီရွန္းကသာ ယင္အဖြဲ႕အစည္းက အစီရင္ခံစာကို တရားမဝင္လိမ္လည္လွည့္ဖ်ားခဲ့ေၾကာင္းသိသြားပါက၊ ဟယ့္ခ်န္းနင္ကဲ့သို႔မ်ိဳးမစစ္ေလးေၾကာင့္ ကိစၥမ်ားကိုရွည္ရွည္ေဝးေဝးမျဖစ္ေစခ်င္ဟုဆိုလ်ွင္ေတာင္ ရွန္ယြီရွန္းကယင္အဖြဲ႕အစည္းကိုလက္စားမေခ်ဘူးဟု အာမခံခ်က္မရွိေခ်။ စီးပြားေရးနယ္ပယ္အတြင္း ရွန္အဖြဲ႕အစည္း၏ အေျခအေနနွင့္ ရွန္ယြီရွန္း၏လုပ္ပံုကိုင္ပံုေတြက ယင္မိသားစုျဖစ္ျဖစ္၊ ယင္အဖြဲ႕အစည္းျဖစ္ျဖစ္ ကိုင္တြယ္နိုင္သည့္ကိစၥရပ္မ်ိဳးမဟုတ္။ အခ်ိန္က်လာလ်ွင္ေတာ့ ယင္မိသားစုက က်ရံႈးျခင္းနွင့္အဆံုးသတ္ကာ အႀကံေပးသည့္ မ်ိဳးမစစ္ေကာင္ေလးကေတာ့အက်ိဳးအျမတ္ရသြားလိမ့္မည္ပင္။

မဟုတ္ေသး... ဤအျဖစ္အပ်က္မွ ထိုေကာင္စုတ္ေလးမည္သည့္အက်ိဳးအျမတ္ကိုမွရသြားဖို႔သူခြင့္မျပဳနိုင္ေခ်။ ဟယ့္ခ်န္းနင္ကိုထိန္းခ်ဳပ္နိုင္ဖို႔ နည္းလမ္းတစ္ခုကို သူရွာမွျဖစ္မည္။ မဟုတ္လ်ွင္လည္း ဟယ့္ခ်န္းနင္ကိုအသံုးခ်ကာ ယင္မိသားစုအက်ိဳးအျမတ္ရေစဖို႔ သူ႔အမိန္႔မ်ားကိုနာခံေစမည့္ အခ်က္အလက္အခ်ိဳ႕ဆိုလည္းျဖစ္သည္။

ယင္ေဟာက္သူ႔လုပ္ရပ္မ်ားအတြက္စိတ္ကိုအဆင္သင့္ျပင္ၿပီးသည့္ေနာက္တြင္ေတာ့ တစ္စံုတစ္ေယာက္ကိုဖုန္းေခၚကာ အိမ္မွထြက္သြားေတာ့သည္။

ဟယ့္ခ်န္းနင္ကေတာ့ သူ႔အခန္းထဲတြင္သာရွိဆဲျဖစ္ကာ သူ႔အလုပ္မ်ားနွင့္သူ ဖ်ားနာမတတ္အလုပ္ရႈပ္ေန၏။ မုန္းတီးျခင္းမွေပၚေပါက္လာေသာ လ်ိဳ႕ဝွက္အႀကံအစည္တစ္ခုကသူ႔ထံသို႔ေရာက္လာေနၿပီျဖစ္၍ ထိုလူကသူ႔ကိုဖ်က္ဆီးပစ္ဖို႔ႀကိဳးစားေနသည့္အေၾကာင္း ကိုေတာ့ သူလံုးလံုးလ်ားလ်ားမသိခဲ့ပါေခ်။

ထိုရက္ပိုင္းအတြင္း၌ ရွန္ယြီရွန္းသည္လည္း အလုပ္ေတာ္ေတာ္ရႈပ္ေနရ၏။ သူ႔ကုမၸဏီကိစၥမ်ားအား ျမန္နိုင္သမ်ွျမန္ျမန္အဆံုးသတ္ခ်င္လွကာ ထိုမွသာလ်ွင္ မဂၤလာပြဲကိုစီစဥ္ဖို႔ သူ႔အတြက္အခ်ိန္နွင့္အင္အားမ်ားမ်ားရလိမ့္မည္ေလ။ ထို႔အျပင္ ခ်န္းနင္၏ေဘး၌သူေနနိုင္ဖို႔လည္းေမ်ွာ္လင့္ကာ ထိုမွသာလ်ွင္ သူတို႔တစ္ေယာက္အေၾကာင္းတစ္ေယာက္ပိုသိ၍ သူတို႔ၾကားကဆက္ဆံေရးကိုလည္းပို၍ျမႇင့္တင့္နိုင္ကာ နွစ္ဦးသား၏ဘဝအတြက္အေျခခံကိုတည္ၿမဲေစနိုင္လိမ့္မည္ပင္။

ေန႔စဥ္ေန႔တိုင္းအလုပ္လုပ္ေနသည္မွလြဲ၍ ရွန္ယြီရွန္းက ခ်န္းနင္ကိုဖုန္းေခၚရန္အတြက္ အခ်ိန္အနည္းငယ္ေတာ့အၿမဲခ်န္ထားခဲ့သည္။ တဖကႅဴက ဘာလုပ္ေနသလဲ၊ အလုပ္ေရာဘယ္လိုေနလဲ၊ အစားေကာင္းေကာင္းစားရဲ႕လား၊ ျပည့္ျပည့္ဝဝအနားယူရဲ႕လား ကဲ့သို႔ေသာ သာမာန္ေမးခြန္းေလးမ်ားသာျဖစ္သည္။ ေသခ်ာေပါက္ ခ်န္းနင္ကိုယင္မိသားစုဝင္မ်ားကိုသတိထား၍ တစ္ခုခုျဖစ္လာပါကသူ႔ကိုခ်က္ခ်င္းေပးဖို႔လည္း သတိေပးဖို႔အၿမဲမွတ္မိကာ သို႔မွသာ ခ်န္းနင္ကိုေစာင့္ေရွာက္ဖို႔လူလႊတ္နိုင္မည္ျဖစ္ေခ်သည္။

ရွန္ယြီရွန္းဆီမွဖုန္းေခၚဆိုမႈရသည့္အခါတိုင္းက ခ်န္းနင္အတြက္ေတာ့ အေပ်ာ္႐ႊင္ရဆံုးအခ်ိန္ျဖစ္ေၾကာင္း သံသယဝင္စရာပင္မလိုပါေခ်။ သူကၿပံဳး၍ ယြီရွန္းကို သူမည္သို႔စိတ္ခံစားခ်က္ေကာင္းေနေၾကာင္း၊ ေကာင္းေကာင္းစားေၾကာင္းနွင့္ အရာအားလံုးအဆင္ေျပေၾကာင္းကဲ့သို႔ေသာ သူ႔ေနစဥ္လုပ္ငန္းမ်ားအား သတင္းပို႔မည္။ ခ်န္းနင္က သူ႔အား ေကာင္းစြာအနားယူ၍ ကိုယ့္ကိုကိုယ္အလုပ္၌ျပင္းျပင္းထန္ထန္ဖိအားမေပးသင့္ေၾကာင္း သတိေပးဖို႔လည္းမေမ့ေခ်။ လူနွစ္ေယာက္က နွစ္ေပါင္းမ်ားစြာေပါင္းသင္းလာခဲ့သည့္ ခင္ပြန္းနွင့္ဇနီးသည္ကဲ့သို႔ တစ္ေယာက္နွင့္တစ္ေယာက္ စိတ္ပူ၍ဂရုစိုက္ေပးေနၾကေတာ့သည္။

ခ်န္းနင္က ယြီရွန္း၏ဖုန္းကိုေျဖၾကားသည့္အခါတိုင္း အန္တီခ်င္က ဒီကေလးဘယ္ေလာက္ေကာင္းေၾကာင္းေတြးမည္ျဖစ္ကာ ေနာက္ဆံုး၌ေပ်ာ္႐ႊင္စြာျဖင့္ၿပံဳးေပလိမ့္မည္။ သူမကခ်န္းနင္တြင္ သူ႔ကိုထိုသို႔ အလိုလိုက္ေပး၊ ခ်စ္ေပး၊ ကာကြယ္ေပးသည့္တစ္စံုတစ္ေယာက္ရွိေနသည္ကို အလြန္ဝမ္းေျမာက္မိေလသည္။ ေနာက္ဆံုးတြင္ေတာ့ ေကာင္းကင္ဘံုမွမင္လန္သည္လည္း ေအးေအးခ်မ္းခ်မ္းအနားယူနိုင္ေပေတာ့မည္။

လက္ထပ္ပြဲေန႔အေၾကာင္း လာအသိေပးသည့္သူက ႐ြႏၼိသားစု၏ ရာထူးႀကီးဘ႑ာစိုးတစ္ေယာက္ပင္။ သူ႔အား ႐ြႏၼိသားစု၌ အသက္အႀကီးဆံုးနွင့္ေလးစားခံရဆံုးဝန္ထမ္းအျဖစ္သတ္မွတ္ထားကာ မဒမ္ရွန္ကလည္းသူ႔ကိုေကာင္းေကာင္းခ်ီးက်ဴးဖူးေလ၏။ ရွန္ယြီရွန္းကိုယ္တိုင္ေတာင္မွသူ႔အား ေလးေလးစားစားဆက္ဆံေပသည္။ ဘ႑ာစိုး၏မ်ိဳးရိုးနာမည္က 'ေလ်ာင္' ျဖစ္ကာ သူ႔အားမိသားစုထဲမွလူတိုင္းက အန္ကယ္ေလ်ာင္ ဟုသာေခၚၾကေပသည္။

အန္ကယ္ေလ်ာင္က ယင္မိသားစုအေဆာက္အအံုကိုေရာက္သည္နွင့္ ခ်န္းနင္ကိုေတြ႕ဖို႔သာတိုက္ရိုက္ေတာင္းဆိုခဲ့၏။ ၎ကသူ႔ကိုယ္သူ ရိုက်ိဳးစြာမိတ္ဆက္ရင္း...

"သခင္ေလးနင္.. ကြၽန္ေတာ္က ရွန္စံအိမ္ေတာ္က ဘ႑ာစိုးပါ .. တကယ္လို႔စိတ္မရွိဘူးဆိုရင္ ကြၽန္ေတာ့္ကိုအန္ကယ္ေလ်ာင္လို႔ေခၚလို႔ရပါတယ္"

ခ်န္းနင္က ေလးစားသမႈျဖင့္ ခပ္ျဖည္းျဖည္းငံု႔ကိုင္းကာ...

"အဆင္ေျပပါတယ္ အန္ကယ္ေလ်ာင္... ခင္ဗ်ားလည္းကြၽန္ေတာ့္ကိုခ်န္းနင္လို႔ပဲေခၚလို႔ရပါတယ္"

အန္ကယ္ေလ်ာင္ကသူ၏ယဥ္ေက်းေသာအမူအရာကိုဆက္လက္ထိန္းသိမ္းထားလ်က္ ျပန္လည္ေျဖဆိုလာ၏။

"ခြင့္ျပဳေပးမႈအတြက္ေက်းဇူးတင္ပါတယ္ သခင္ေလးနင္.. ဒါေပမဲ့လည္း ေလးစားသမႈအရေတာ့ အဆင္မေျပမွာကြၽန္ေတာ္ေၾကာက္ပါတယ္"

ခ်န္းနင္ကသူ႔နွာေခါင္းေလးကိုပြတ္ရင္း မိသားစုႀကီးမ်ား၌ တန္ေပါင္းမ်ားစြာေသာစည္းကမ္းခ်က္မ်ားရွိေလာက္မည္ဟု ေတြးေတာေန၏။ ေျပာရလ်ွင္ေတာ့ သူရွန္မိသားစုထဲတစ္ေခါက္ဝင္ၿပီးပါက မည္သို႔ျဖစ္လာလိမ့္မည္ကိုသူလည္းအနည္းငယ္ေၾကာက္မိေပသည္။ ဤဘ႑ာစိုးႀကီးကဲ့သို႔ အျခားသူမ်ား၏ဂုဏ္ပုဒ္အေပၚမူတည္လ်က္ သူလည္းဆက္ဆံေျပာဆိုရမည္လား? ထိုသို႔သာဆိုပါက မည္မ်ွေတာင္ပင္ပန္းလိုက္မည္နည္း။

"ကြၽန္ေတာ္ခင္ဗ်ားရဲ႕ဆံုးျဖတ္ခ်က္ကိုေလးစားပါတယ္"

အန္ကယ္ေလ်ာင္ကအသက္ႀကီးေနၿပီျဖစ္ေသာ္လည္း လူတစ္ေယာက္ကိုေတာ့ေကာင္းေကာင္းခြဲျခားသိျမင္နိုင္ေသးသည္။ သူ႔အေရွ႕မွလူငယ္ေလးအေပၚအျမင္အရ ခ်န္းနင္သည္ကားအလြန္ရိုးသား၍ ျဖဴစင္ေသာေကာင္ေလးသာျဖစ္ေခ်သည္။ အသက္ငယ္ေသးသည္မို႔ သူ႔ခံစားခ်က္အားလံုးကို မ်က္နွာေပၚ၌ျမင္ေနရ၏။ ထိုအရာမွလြဲလ်ွင္ ခ်န္းနင္က ဒဲ့တိုးနွင့္သာမာန္ဆန္ေသာလူစားျဖစ္ကာ သူတို႔သခင္ေလး၏အက်င့္စရိုက္နွင့္လိုက္ဖက္ညီေၾကာင္း သူျမင္ေနရ၏။

မဒမ္ရွန္ကအမွန္တကယ္ကို စူးရွသည့္အျမင္ရွိ၍ သခင္ေလး၏ဇနီးအျဖစ္ ဤသို႔လိမၼာေရးျခားရွိေသာကေလးကိုေ႐ြးခ်ယ္ခဲ့ေပသည္။ ခ်န္းနင္က ၾကည့္ေကာင္းရံုသာမက အမူအက်င့္ေကာင္းေကာင္းလည္းရွိေပ၏။ အင္း... ၎ကသိက္ေတာ့မဆိုးလွပါေခ်။

အႀကီးအကဲယင္နွင့္ သာမာန္နႈတ္ဆက္မႈအနည္းငယ္လုပ္ၿပီးသည့္ေနာက္တြင္ေတာ့ အန္ကယ္ေလ်ာင္က အဓိကအေၾကာင္းအရာဆီသို႔သာ ဦးတည္လိုက္ေတာ့သည္။

"သခင္ေလးနင္... မဒမ္ရွန္က ကြၽန္ေတာ့္ကို ခင္ဗ်ားနဲ႔သခင္ေလးရွန္ရဲ႕မဂၤလာရက္ကသတ္မွတ္ၿပီးၿပီျဖစ္ေၾကာင္း အသိေပးခိုင္းလိုက္ပါတယ္... အဲ့တာက ဒီလရဲ႕ ၂၈ ရက္ေျမာက္မို႔လို႔ ဒီေန႔ကစေရရင္ ရက္၂၀ပဲလိုပါေတာ့မယ္... မဂၤလာရက္ကကပ္ေနၿပီဆိုေပမဲ့လည္း မဒမ္ရွန္က လိုအပ္သမ်ွအကုန္လံုးကို မလြတ္ေစခ်င္ဘူး... ကြၽန္ေတာ္တို႔အဓိကမိသားစုရဲ႕မိသားစုခြဲေတြလည္း ေရာက္လာၾကပါၿပီ ၿပီးေတာ့ လိုအပ္သမ်ွစီစဥ္မႈေတြလည္းအေျခတက်ျဖစ္ေနၿပီ... ခင္ဗ်ားအတြက္လုပ္စရာက်န္တာက ရွန္သခင္ေလးကခင္ဗ်ားကိုလာေခၚဖို႔ေစာင့္ေနရံုပါပဲ"

ေရအနည္းငယ္ေသာက္ၿပီးသည့္ေနာက္ အန္ကယ္ေလ်ာင္က ဆက္ေျပာလာ၏။

"မဒမ္ရွန္က သခင္ေလးနင္လိုတာတစ္ခုခုရွိရင္ေမးဖို႔လည္း ကြၽန္ေတာ့္ကိုသတိေပးလိုက္ပါေသးတယ္... ခင္ဗ်ားကြၽန္ေတာ္တို႔ကိုတိုက္ရိုက္သာေျပာပါ မဒမ္ရွန္ကျဖစ္ခ်င္သမ်ွအကုန္ျဖည့္ဆည္းေပးပါလိမ့္မယ္"

"ကြၽန္ေတာ္လိုတာဘာမွမရွိပါဘူး... အကုန္လံုးကိုမဒမ္ရွန္သာစီစဥ္ဖို႔အပ္ထားလိုက္ပါ့မယ္... မဒမ္ရွန္ရဲ႕အစီအစဥ္ေတြအကုန္လံုးကိုကြၽန္ေတာ္လက္ခံတဲ့အေၾကာင္းနဲ႔ အရာအားလံုးအတြက္ေက်းဇူးတင္တဲ့အေၾကာင္းကို ျပန္ေျပာေပးပါဦး"

ၥ"ရပါတယ္ သခင္ေလးနင္... ခင္ဗ်ားရဲ႕အမွာစကားကိုကြၽန္ေတာ္ေသခ်ာေပါက္ေျပာေပးပါ့မယ္... သခင္ေလးက ကုမၸဏီကိစၥေတြနဲ႔ဒီရက္ပိုင္းအလုပ္မ်ားေနတုန္းပဲ... အကုန္လံုးၿပီးၿပီဆိုတာနဲ႔ သူကသခင္ေလးနင္ကိုေခၚဖို႔လာပါလိမ့္မယ္...ၿပီးရင္ေတာ့ သခင္ေလးနင္နဲ႔ခင္ဗ်ားက ဝတ္စံုေတြနဲ႔ မဂၤလာပြဲအတြက္လိုအပ္တဲ့ လက္ဝတ္ရတနာေတြကိုသြားေ႐ြးရံုပါပဲ... မဒမ္ရွန္က မဂၤလာဓာတ္ပံုအတြက္ နာမည္ႀကီးဓာတ္ပံုဆရာတစ္ေယာက္ကိုစီစဥ္ထားပါတယ္ အဲ့မတိုင္ခင္ေတာ့ သခင္ေလးနဲ႔ခင္ဗ်ားကို ဓာတ္ပံုအတြက္ သင့္ေတာ္တဲ့ေနရာကိုဆံုးျဖတ္ခြင့္ေပးမွာပါ"

"ေကာင္းပါၿပီ... ယြီရွန္းနဲ႔ကြၽန္ေတာ္က်န္တာေတြကိုဆက္ဂရုစိုက္လိုက္ပါ့မယ္"

သာမာန္သင္ၾကားမႈအခ်ိဳ႕ေျပာၿပီးသည့္ေနာက္ အန္ကယ္ေလ်ာင္က ယင္အေဆာက္အဆံုမွ ေအးေအးခ်မ္းခ်မ္းထြက္ခြာသြားေတာ့သည္။ သူတို႔ကိုမျမင္ရသကဲ့သို႔ ဆက္ဆံခံလိုက္ရေသာ အႀကီးအကဲယင္နွင့္ခ်ဳန္းမင္ကေတာ့ စကားပင္ေျပာမထြက္နိုင္ေအာင္ေဒါသထြက္ကာ သူတို႔အခန္းထဲသို႔ဝုန္းဒိုင္းက်ဲ၍ျပန္သြားၾကေလ၏။

ဤရက္ပိုင္းအတြင္း၌ အႀကီးအကဲယင္နွင့္ခ်ဳန္းမင္က သတ္ႀကီးစြာထား၍ စိတ္လဲရႈပ္ေနခဲ့ၾကသည္။ တစ္ဖက္တြင္ေတာ့ သူတို႔က အစီအရင္ခံစာကိုလိမ္လည္မႈအတြက္ ယင္အဖြဲ႕အစည္းကိုရွန္ယြီရွန္းလက္စားေခ်မည္ကိုေၾကာက္ေနၾကကာ တစ္ဖက္တြင္လည္း ဟယ့္ခ်န္းနင္၏မဂၤလာရက္ကအတည္တက်ျဖစ္သြားသည့္အျပင္ ထိုအခ်က္အလက္ကိုသတင္းေပးဖို႔ ႐ြႏၼိသားစုက ဘ႑ာစိုးကိုပင္တန္ဖိုးထား၍လႊတ္လိုက္ေသး၏။

ထပၼံဆိုရပါက ထိုဘ႑ာစိုးမွာ ဟယ့္ခ်န္းနင္ကိုေကာင္းေကာင္းဆက္ဆံရံုသာမက အမ်ိဳးသမီးနွစ္ေယာက္ကိုေတာ့မျမင္ရသကဲ့သို႔ပင္ဆက္ဆံခဲ့ေလသည္။ ၎ကသူတို႔နွစ္ေယာက္အား ေပါ့ေပါ့တန္တန္ဆက္ဆံသကဲ့သို႔ခံစားရေစသည္မို႔ အေတာ္ေလးစိတ္ရႈပ္ရေပ၏။ သူတို႔နွစ္ေယာက္ကအထက္စီးကျဖစ္ေၾကာင္းျပရန္အတြက္ အမ်ိဳးသမီးနွစ္ေယာက္က သူတို႔ေဆြမ်ိဳးမ်ားဆီသြားလည္ဖို႔အေၾကာင္းျပကာ အိမ္မွထြက္သြား၍ မဂၤလာပြဲမတိုင္မီ၌ျပန္လာမည္ဟုေျပာသြားခဲ့ေလ၏။

(Eng T/N - အမ်ိဳးသမီးနွစ္ေယာက္ကဘာလို႔အဲ့လိုလုပ္တာလဲဆိုေတာ့ တရုတ္မဂၤလာပြဲအမ်ားစုမွာ သတို႔သမီးဘက္ကမိသားစုက သတို႔သမီးနဲ႔အတူေနၿပီး မဂၤလာပြဲမတိုင္ခင္အထိ သူမနဲ႔ေစာင့္ေနေပးရမွာပါ... အဲ့တာေၾကာင့္ မဂၤလာပြဲမတိုင္ခင္ သတို႔သမီးကိုထားခဲ့တာက သတို႔သမီးကသူတို႔အတြက္ဘာမွမဟုတ္ဘူးလို႔ေျပာၿပီး တစ္ဖက္မိသားစုရဲ႕သတို႔သားကိုလည္းမေလးစားဘူးလို႔ျပတဲ့ ရိုင္းစိုင္းတဲ့အျပဳအမူပါပဲ... အဲ့ေတာ့ ဟုတ္ပါၿပီ ေခြးမေတြ..

M T/N - ကိုယ္ဆဲတာမဟုတ္ပါဘူးသူဆဲတာပါ :p)

ဟယ့္ခ်န္းနင္ကေတာ့သူတို႔ကို ဂရုပင္မစိုက္ပါေခ်။ သို႔ေသာ္ အန္တီခ်င္ကေတာ့မသိခ်င္ေယာင္ေဆာင္မေနနိုင္၊ ယင္မိသားစုဝင္မ်ားကမည္မ်ွနွလံုသားမဲ့၍ရက္စက္ေၾကာင္း၊ သူတို႔တြင္ေကာင္းသည့္စိတ္ထားမရွိေၾကာင္းေျပာကာ သူတို႔ကျပဇာတ္ကိုရိုးရိုးရွင္းရွင္းထိုင္ၾကည့္ခ်င္၍ မိသားစုထဲမွသက္ႀကီး႐ြယ္အိုမ်ားအေနျဖင့္ အျပဳအမူမ်ားကအလြန္ရိုင္းစိုင္းသြားၿပီျဖစ္သည္။ 

ထိုအေၾကာင္းနွင့္ပက္သက္၍ေတာ့ ခ်န္းနင္က သူတို႔ေၾကာင့္ စိတ္ရႈပ္မခံေတာ့ေပ။ သူက သူတို႔လုပ္ခ်င္တာလုပ္ခြင့္ေပးထား၍ အလုပ္ကိုသာရိုးရွင္းစြာျဖင့္အာရံုစိုက္ေနလိုက္ေတာ့သည္။

ယေန႔၌ ယင္က်ိႏ်န္ကအလုပ္ရွိသည္ျဖစ္ရာ အိမ္တြင္မရွိေခ်။ အသံုးအျဖဳန္းႀကီးသည့္ယင္ကြၽင္းကလည္း အေပ်ာ္ရွာဖို႔ထြက္သြားသည္မို႔ အိမ္၌ ခ်န္းနင္နွင့္ယင္ေယာက္သာက်န္ခဲ့၏။ အခ်ိန္ကိုက္စီစဥ္ထားသည့္ယင္ေဟာက္ကလည္း လူတစ္ေယာက္ကိုဖုန္းေခၚကာ သူတို႔အိမ္သို႔လာရန္ဖိတ္ၾကားခဲ့ေလသည္။

ထိုလူေရာက္လာသည့္အခါတြင္ေတာ့ ယင္ေဟာက္က အန္တီခ်င္ကိုရည္႐ြယ္ခ်က္ရွိရွိျဖင့္ေနွာက္ယွက္ကာ ခ်န္းနင္ေသာက္ေနၾကႏြားနို႔ခြက္ထဲသို႔ တစ္စံုတစ္ခုထည့္လိုက္ေလ၏။ ယင္ေဟာက္ကသူ႔သူငယ္ခ်င္းနွင့္စကားေျပာေနသည့္အေလ်ာက္ အန္တီခ်င္၏အျပဳအမူမ်ားကိုလည္းေစာင့္ၾကည့္ေနကာ သူမကခ်န္းနင္အတြက္ႏြားနို႔ခြက္ကိုယူသြားေပးသည္ကိုထိုင္ၾကည့္ေနခဲ့၏။

ထင္ထားသည့္အတိုင္း အန္တီခ်င္က ဘာမွမသိစြာျဖင့္ ထိုေသာက္စရာကိုအေပၚထပ္သို႔ယူသြားခဲ့ေခ်ၿပီ။

ယင္ေဟာက္က နက္ေမွာင္ေသာမ်က္နွာထားနွင့္ ခ်န္းနင္၏အခန္းတံခါးအား အဆိပ္ျပင္းျပင္းေႁမြေဟာက္ကဲ့သို႔စိုက္ၾကည့္ေနခဲ့ကာ သူ႔ေဘးမွလူထံသို႔လွည့္၍ဆိုလာ၏။

"ညီအစ္ကိုေတာက္... ဆယ္မိနစ္အတြင္းခင္ဗ်ားအေပၚထပ္တက္လို႔ရၿပီ... အကုန္လံုးကိုမွတ္တမ္းတင္ထားဖို႔မေမ့နဲ႔ အေပးအယူၿပီးတာနဲ႔က်ဳပ္ခင္ဗ်ားကိုေကာင္းေကာင္းေကြၽးေမြးမွာပါ"

ေတာက္ဟုေခၚသည့္လူက ရံႈ႕တြေနေသာမ်က္နွာထားမ်ိဳးျဖင့္ ျဖစ္လာမည့္ကိစၥမ်ားကိုေတြးလိုက္ရံုနွင့္ သြားရည္တမ်ွမ်ွျဖစ္လာေလ၏။

"စိတ္ေအးေအးထားစမ္းပါ... က်ဳပ္ကအကုန္လံုးကိုေသခ်ာလုပ္မွာ... ေကြၽးေမြးတာအတြက္ေတာ့ က်ဳပ္တို႔ေနာက္မွေျပာၾကတာေပါ့ ခင္ဗ်ားရဲ႕ညီေလးကအရသာရွိမဲ့ပံုပဲ က်ဳပ္ေတာ့တစ္ေခါက္ထဲနဲ႔တင္ေက်နပ္နိုင္မွာမဟုတ္ဘူး ခင္ဗ်ားသူ႔ကိုထိန္းခ်ဳပ္ဖို႔တစ္ခုခုလိုခ်င္တာပဲမလား? သူ႔ကိုက်ဳပ္ေအာက္မွာဖိထားနိုင္ၿပီဆိုတာနဲ႔ အဲ့တာေတြအတြက္ခင္ဗ်ားပူစရာမလိုေတာ့ဘူး"

°°

Continue Reading

You'll Also Like

1.1M 58.1K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
291K 7.2K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
498K 12K 49
အသက်ရှုသံအလိုက် စည်းချက်ညီညီလှုပ်ရှားနေသည့် ဒီလူကြီးရဲ့ရင်ခုန်သံတွေကို နားထောင်ရတာ သိပ်ကိုသဘောကျသည်။... ဟန်မင်းသိုက်+ယုခွန်းခ အသက္ရႈသံအလိုက္ စည္းခ်က...
241K 12.9K 80
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...