နားရက်ရှည်ယူထား၍ နောက်တစ်ပတ်ကျ အန်တီ့ကို သွားတွေ့ရမည့်အချိန် ဟိုဆော့မှာမရှိပေ။ အနီးကပ်စောင့်ရှောက်ပေးမည့် မိသားစုဝင်လည်းမရှိသည့်အန်တီ့အတွက် အကူသူနာပြုလေးအား လိုအပ်တာတွေမှာကြားခဲ့ရန်အတွက် ဟိုဆော့ မနက်ပိုင်းခွင့်ယူလိုက်သည်။ အနည်းဆုံးတော့ အိမ်မပြန်ခင် အန်တီ့ကို မျက်နှာသွားပြမှကောင်းမည်။
အလှကတ်ပြားလေးထဲမှဆိုင်နာမည်ကိုတစ်လှည့် အရှေ့တည့်တည့်မှဆိုင်ခန်းနာမည်ကိုတစ်လှည့်ကြည့်ပြီး ဟိုဆော့ ကျေနပ်သလိုပြုံးမိသည်။ ဟိုတစ်ခါရောက်လာသည့်lavendar roseတွေကို သဘောကျတာကြောင့် ဆိုင်ကတ်ပြားလေးကို သူမှတ်မှတ်ရရသိမ်းထားခဲ့သည်။ အန်တီ့အတွက် သူမရှိတုန်း သူ့ကိုယ်စားအနေဖြင့် ပန်းအိုးလေးပဲဖြစ်ဖြစ် ဝယ်ထားပေးခဲ့မယ်စိတ်ကူးဖြင့် ဟိုဆော့ ဆိုင်ကိုအရောက်လာခဲ့သည်။
ဆိုင်ရှေ့အစီအရီချထားသော စင်ငယ်လေးများ အိုးအသေးလေးများဖြင့်ပန်းမျိုးစိတ်များစွာကို ခင်းကျင်းထားသည်။ ဆိုင်ရှေ့တစ်ချက်ဝေ့ကြည့်ပြီး ဟိုဆော့ ဆိုင်တံခါးကိုတွန်းဖွင့်လိုက်သည်။ ပန်းဆိုင်ဆိုသည့်အတိုင်း ကြည့်မိလိုက်တဲ့မြင်ကွင်းတိုင်းတွင် ပန်းရောင်စုံလေးများရှိသည်။
တံခါးဘေးတွင်တော့ စားပွဲဝိုင်းတစ်ခုနှင့်ထိုင်ခုံလေးတစ်ခုကိုချထားသည်။ တံခါးပေါက်နှင့်တည့်တည့်ကောင်တာတစ်ဖက်တစ်ချက်တွင် ကျူးလစ်အဖြူနှင့်အနီကို တစ်အိုးစီတင်ထားသည်။
သူဝင်လာတာကိုပင်သတိမထားမိပဲ ကောင်တာကိုကျောပေးထားပြီး ကုန်းကုန်းကွကွဖြင့်အလုပ်ရှုပ်နေသူက ဆိုင်ရှင်ဖြစ်ဟန်တူသည်။
ဟိုဆော့ ကောင်တာနားကပ်သွားပြီး "ဒီမှာ" ဟု ခပ်တိုးတိုးအသံပေးလိုက်သော်လည်း အာရုံများနေသူက လန့်ဖြန့်ပြီး "အမလေး"ဟုအော်ကာ သူ့ဘက်လှည့်လာသည်။
"ဂျောင်ကု!"
"ဒေါက်တာ!"
တအံ့တဩဖြစ်သွားရသည်မှာ ကောင်တာရှေ့ရပ်နေသည့်ဟိုဆော့ရော၊ ကောင်တာထဲမှ ဂျောင်ကုရော နှစ်ယောက်စလုံး။ အပြန်အလှန်မျက်လုံးအပြူးသားနဲ့ကြည့်နေရင်း နှစ်ယောက်သားခေတ္တ ငြိမ်သက်နေမိကြသည်။
"မင်း ငါ့ကိုstalkingလိုက်နေတာများလား ဂျောင်ကု"
"ဟင်"
မထင်မှတ်သောတွေ့ဆုံခြင်းက တိုက်ဆိုင်မှုဆိုသည်မှာ ယုံရခက်ခက်ပင်။ မနေ့ကလည်း မိဘမဲ့ကျောင်းမှာ ယိုဟန့်ပယောဂကြောင့် ဂျောင်ကုနှင့်ဆုံသည်။ ဒီနေ့လည်း ရှေ့နေအလုပ်အကိုင်နဲ့လူကို ပန်းဆိုင်မှာတွေ့ရသည်က ထူးဆန်းလွန်းနေသည်ကြောင့် ဟိုဆော့ မယုံသင်္ကာဖြစ်စွာ မေးလိုက်မိတော့သည်။
"အာ...မဟုတ်ရပါဘူး ဒေါက်တာရယ်။ အထင်မလွဲပါနဲ့။ ဒါက ကျွန်တော့်သူငယ်ချင်းဆိုင်ပါ။ သူ အနောက်ထဲခနသွားလို့ ကျွန်တော်ဒီမှာစောင့်ပေးနေတာပါ"
လက်ကာပြရင်း ဂျောင်ကု အသည်းအသန်ရှင်းပြနေသော်လည်း ဟိုဆော့က မယုံချင်သလို မျက်လုံးများကို မှေးစင်းပြီးကြည့်သည်။ ထိုမျက်လုံးများကြောင့် ဂျောင်ကု နေရကျပ်သွားကာ အနောက်ထဲသွားတဲ့အွန်းဝူကို စစ်ကူလှမ်းခေါ်ရတော့သည်။
"အွန်းဝူ! မြန်မြန်လာ"
အလောတကြီးခေါ်နေသည့်ဂျောင်ကုကို ဆဲချင်ပါသော်လည်း customerရှိနေသည်ကြောင့် အွန်းဝူ အံကြိတ်ကာပြုံးပြလိုက်ရသည်။
"ဟို ဘာပန်းများလိုချင်လို့လဲ"
အွန်းဝူဘက်က တာဝန်ကျေစွာမေးနေသော်လည်း ဟိုဆော့ဘက်ကတော့ အခြေအနေကိုမယုံနိုင်သေးဟန် ဘေးချင်ယှဉ်ရပ်နေသည့် အွန်းဝူနှင့်ဂျောင်ကုကို တစ်လှည့်စီကြည့်ရင်း သံသယများနေသည်။ ဟိုဆော့၏ပုံစံကိုနားလည်သွားသည့်ဂျောင်ကုက အွန်းဝူကို ပုခုံးချင်းလှမ်းတိုက်ရင်း...
"ပြောလိုက်လေ၊ မင်းက ဒီဆိုင်ပိုင်ရှင်ပါလို့။ ပြီးတော့ ငါကလည်း မင်းသူငယ်ချင်းပါလို့"
ဂျောင်ကု ခပ်တိုးတိုးပြောလိုက်သည့်အခါ အွန်းဝူခမျာ ကြောင်တောင်တောင်လေးဖြစ်သွားသည်။ ဂျောင်ကုကို နားမလည်စွာလှည့်ကြည့်မိတော့ သူငယ်ချင်းကောင်းလေးက အရှေ့က customerကိုသာ အပြုံးမပျက်ငေးကြည့်နေလေရဲ့။
"အာ...ဟုတ်ပါတယ်။ ဂျောင်ကုက ကျွန်တော့်သူငယ်ချင်းပါ။ ပြီးတော့ ဒီဆိုင်ကလည်း ကျွန်တော့်ဆိုင်ပါဗျ။ ဘာများ ပြဿနာရှိလို့လဲ မသိဘူး"
အွန်းဝူဘက်က စိတ်ရှည်လက်ရှည်ဖြင့်ရှင်းပြလာမှသာ ဟိုဆော့ အားနာသွားရသည်။ ဆိုင်ထဲလာပြီး ဆိုင်ပိုင်ရှင်ဘယ်သူဘယ်ညာမေးနေတယ်ဆိုပြီး သူ့ကိုရဲများထင်နေပြီလားမသိ။ မျက်နှာငယ်လေးနဲ့ဂျောင်ကုသည်လည်း သူ့ကိုယုံပေးပါဟု အရည်လဲ့နေသည့်မျက်လုံးဝိုင်းများဖြင့် အသနားခံနေသည်။
"ဘာပြဿနာမှမရှိပါဘူး အဆင်ပြေပါတယ်။ ဟို...ပန်းအိုးလေးတွေကြည့်ချင်လို့ပါ"
"ဟုတ်ကဲ့ ဟုတ်ကဲ့။ ကျွန်တော်နဲ့လိုက်ခဲ့ပေးပါနော်"
ဟိုဆော့ကို အွန်းဝူကဦးဆောင်ပြီး ဆိုင်အပြင် ပန်းအိုးတွေရှိရာသို့ ခေါ်ထုတ်သွားမှသာ ဂျောင်ကု စိတ်အေးစွာသက်ပြင်းချရင်း ကိုယ့်အဖြစ်ကိုယ်ပြန်ရယ်ချင်သွားသည်။ stalkerလို့အထင်ခံရသွားရတာ နည်းတဲ့ကုသိုလ်ကံမျိုးလား။ အွန်းဝူလိုက်ပြသမျှပန်းအိုးလေးတွေကို စိတ်ဝင်တစားလိုက်ကြည့်နေသည့်မှန်အပြင်ဘက်မှပုံရိပ်လေးကိုလှမ်းငေးရင်း ဂျောင်ကု ထပ်ဆင့်ပြုံးမိပြန်သည်။
stalkerဆိုရင်တောင် သူက ဒေါက်တာ့နှလုံးသားနှင့်အနီးဆုံးကိုရောက်ဖို့ကြိုးစားနေတဲ့ stalkerချောချောလေးပဲဖြစ်မှာပါ။
ဟိုဆော့ လိုချင်သည့်ပန်းအိုးလေးကို အွန်းဝူကလည်း စိတ်ရှည်လက်ရှည်ဖြင့် ရှာပေးသည်။ ပန်းပင်အကြောင်းကိုလည်း အသေးစိတ်ရှင်းပြပေးပြီး လိုအပ်တဲ့နေရောင်ခြည်ပမာဏ၊ ရေပမာဏကအစ အသေအချာပြောပြပေးသည်။ ဟိုဆော့ ကျသင့်ငွေကိုရှင်းပြီး သဘောကောင်းလွန်းသည့်ဆိုင်ပိုင်ရှင်ကိုလည်း ကျေးဇူးတင်စကားပြောဖို့မမေ့ခဲ့။
ဟိုဆော့ ပန်းအိုးလေးပိုက်ပြီး ပြန်ထွက်လာတော့ တစ်ချိန်လုံး ဆိုင်ထဲမှာ ထိုင်မရ၊ထမရဖြစ်နေသည့် ဂျောင်ကုက အွန်းဝူကို တစ်ခါတည်းနှုတ်ဆက်ပြီး ဟိုဆော့ နောက်လိုက်လာသည်။
ဆိုင်အပြင်ရောက်ချိန် တက္ကဆီငှားရန်ကြံကာမှ အနားမှာရပ်လာသူကို ဟိုဆော့ သတိထားကြည့်မိသည်။
"ဒေါက်တာ ဘယ်သွားမလို့လဲ။ ကျွန်တော် လိုက်ပို့ပေးမယ်လေ"
မျက်လုံးဝိုင်းတွေထဲ အရိုးခံစေတနာကိုမြင်တွေ့ရသော်လည်း ဟိုဆော့ ငြင်းဖို့သာဆုံးဖြတ်လိုက်သည်။ ခပ်လှမ်းလှမ်းမှာရပ်ထားသည့် ဂျောင်ကု၏ကားကိုမြင်လိုက်သည်နှင့် မနေ့ကအဖြစ်အပျက်ကိုပြန်တွေးမိပြီး သူ့ပါးတွေနွေးခနဲဖြစ်သွားရသည့်ခံစားချက်က သူ့အတွက်နေရခက်သည်။
"ရပါတယ်၊ နီးနီးလေးသွားရမှာ။ ကိုယ့်ဘာသာတက္ကဆီပဲငှားသွားလိုက်ပါ့မယ်"
ဂျောင်ကုနှင့်စကားပြောနေချိန် လက်ကိုပြန်ရုတ်ထားသည်မို့ သူတို့နေရာကို ကျော်မောင်းသွားသောတက္ကဆီကို ဟိုဆော့ မျက်လုံးထောင့်ကပ်ကာ မသိမသာအကဲခတ်လိုက်သည်။ ဒါကို ဂျောင်ကုက သတိထားမိသွားတဲ့ပုံပင်။ သူ့လက်ထဲက ပန်းအိုးလေးကို အသာဆွဲယူပြီး ထုံးစံအတိုင်း အောက်နှုတ်ခမ်းအောက်က မှည့်နက်ကလေးပေါ်လာသည်အထိ နှစ်နှစ်ခြိုက်ခြိုက်ပြုံးရင်း...
"တက္ကဆီငှားသွားလို့ရမှန်း ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်က လိုက်ပို့ပေးချင်လို့ပါ"
ပန်းအိုးကိုပိုက်ပြီးလှည့်ထွက်သွားသည့် ဂျောင်ကုနောက်ကို ဟိုဆော့ အပြေးလိုက်ရသည်။ လမ်းကြုံတာလည်းမဟုတ်ပဲ သက်သက်ကြီးလိုက်ပို့မည်ဆိုသူကို ဟိုဆော့ အားနာရသည်။ ပန်းအိုးပြန်တောင်းပြီး တက္ကဆီငှားသွားဖို့သာ စိတ်ကူးလိုက်ပေမယ့် အဆင်သင့်ကားတံခါးဖွင့်ပေးလာသည်ကြောင့် ဟိုဆော့ ခနလောက်တွေဝေနေပြီးမှ မတတ်သာတော့သည့်အဆုံး ဝင်ထိုင်လိုက်ရသည်။ ခါးပတ်ပတ်ပြီး လွယ်လာသည့်အိတ်ကိုပေါင်ပေါ်တင်ထားပြီးနောက် ဂျောင်ကုကမ်းပေးလာသည့်ပန်းအိုးလေးကို အိတ်ပေါ်မှာလက်နှစ်ဖက်နှင့် ထိန်းကိုင်ထားလိုက်သည်။
ကားရှေ့ကနေပတ်ပြီး ဂျောင်ကုက ကားမောင်သူနေရာတွင် ဝင်ထိုင်သည်။ စက်နှိုးလိုက်သည်နှင့် မနေ့ကထက်လျော့နေသည့် ကားတွင်းအအေးဓာတ်ကို ဟိုဆော့ သတိထားမိလိုက်သည်။
"ဘယ်ကိုမောင်းပေးရမလဲ ဒေါက်တာ"
"စိတ်ကျန်းမာရေးဆေးရုံ"
အံ့ဩသလိုကြည့်လာသည့်ဂျောင်ကု၏မျက်လုံးများနှင့် ဟိုဆော့ ခေတ္တဆုံလိုက်ရသည်။ စနောက်လိုက်သည်များလားဟုထင်သွားသည့်ဂျောင်ကုက ဟိုဆော့၏လေးနက်သောမျက်နှာအမူအရာကိုမြင်မှသာ အရှေ့ကိုမျက်နှာလွှဲသွားသည်။ ပြီးနောက် ကားလေးဟာလည်း ရပ်နေရာမှ တငြိမ့်ငြိမ့်နှင့်ထွက်ခွာသွားလေသည်။
လမ်းတစ်လျှောက် အလုပ်အခြေအနေအဆင်ပြေကြောင်းကလွဲ၍ ဟိုဆော့နှင့်ဂျောင်ကု ထွေထွေထူးထူးစကားမပြောဖြစ်ကြ။ မနေ့ကတော့ အရှက်သည်းနေသည့်ဂျောင်ကုက ဒီနေ့တော့ သူမဟုတ်သလိုပင်။ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ဖြင့် အရင်လိုသူ့ကို စနောက်နေမြဲ။
သူကတော့ မတူ။ သူ့နေရာမှမြင်နေရသည့် ဂျောင်ကု၏ဘေးတစောင်းမျက်နှာအနေအထားသည် တိကျသေသပ်စွာထုဆစ်ထားသော ကျောက်ဆစ်ရုပ်ကဲ့သို့ ငေးချင်စရာကောင်းသည်ကိုတော့ သူဝန်ခံရမည်။ သူနဲ့စကားပြောရင်း ပြုံးယောင်ယောင်ဖြစ်နေသည့်နှုတ်ခမ်းပါးတွေကို အမှတ်မထင်ငေးကြည့်မိချိန် ဟိုဆော့ ခြေဖျား၊လက်ဖျားတွေ အေးစက်လာသလိုခံစားရကာ ပန်းအိုးလေးကိုသာ ပိုတိုးလို့ဆုပ်ကိုင်ထားမိသည်။
သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ လူတစ်ယောက်လုံးကိုနမ်းထားပြီး ဘာမှမဖြစ်သလိုနေနိုင်သည့် ဂျောင်ကု၏စိတ်ခံစားချက်ထိန်းချုပ်နိုင်မှုစွမ်းအားကို သူ တကယ်ပဲ ချီးကျူးမိပါသည်။
ဟိုဆော့သွားရမည့် စိတ်ကျန်းမာရေးဆေးရုံကနီးသည့်အတွက် ဂျောင်ကု ကားကိုအချိန်အကြာကြီး မမောင်းလိုက်ရ။ ကားပါကင်ထိုးပြီး ဒေါက်တာ့နောက်သို့ သူခွင့်တောင်းပြီး လိုက်စပ်စုဖြစ်သည်။ စိတ်ကျန်းမာရေးဆေးရုံဆိုပေမယ့် ကျောချမ်းဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေတာမျိုးတော့မဟုတ်။ ကုသရေးအတွက်အကျိုးပြုနိုင်သည့် စိတ်အေးစရာပတ်ဝန်းကျင်အနေအထားက စိမ်းစိမ်းစိုစို။
ဆေးရုံရှေ့မြင်ခင်းပြင်ရှိ ခုံတန်းလေးများတွင် သူနာပြုဆရာမလေးများနှင့် လူနာတချို့သွားလာနေသည်ကို လှမ်းတွေ့ရသည်။ အထူးသဖြင့် ကိုယ်ကျန်းမာရေးရော၊ စိတ်ကျန်းမာရေးမှာပါ အားနည်းသွားတတ်သည့် သက်ကြီးရွယ်အိုများကို အများဆုံးတွေ့ရသည်။
"ဒီမှာ ဒေါက်တာ့အသိရှိတာလား"
ဒုတိယထပ်သို့တက်လာပြီးနောက် အန်တီ့အခန်းသို့မရောက်ခင် ဝရံတာတစ်ခုကိုဖြတ်လျှောက်ရချိန် မေးခွန်းမေးလာသော်လည်း ဂျောင်ကု၏အာရုံက ဆေးရုံရှေ့မြက်ခင်းပြင်တွင် ရှိနေသည်။
"လူနာအန်တီတစ်ယောက်ပါ။ အန်တီက အက်ဆီးဒန့်ကြောင့် မှတ်ဉာဏ်တွေရောထွေးပြီးအချိန်ကာလအပိုင်းအခြားကိုမသိတော့တာ။ စောင့်ရှောက်ပေးမယ့် မိသားစုဝင်လည်းမရှိတော့ ငါကပဲ ဂရုစိုက်ပေးထားတာလေ"
အခန်းတစ်ခုရှေ့တွင်ရပ်သွားသော ဟိုဆော့ကို ဂျောင်ကု လှည့်ကြည့်ဖြစ်သည်။ အကြည့်ချင်းဆုံသွားမိတော့ ဒေါက်တာက သူ့ကိုခပ်ရေးရေးပြုံးပြသည်။
ဒေါက်တာ့မူပိုင် အပြုံးတစ်ခု၏အေးချမ်းမှုကိုသာမက ဒေါက်တာ့နှလုံးသားထံမှ လေးစားဖွယ်ရာ ဖြူစင်သည့်ဂရုဏာစိတ်လေးကိုပါ မြတ်နိုးစွာမြင်တွေ့လိုက်ရသည်။
ဟိုဆော့ အခန်းတံခါးဖွင့်ဝင်လာပြီး အနောက်မှ ဂျောင်ကုကိုပါ အထဲဝင်လာဖို့ခေါ်လိုက်သည်။ အခန်းထဲတွင် အကူသူနာပြုလေးက အန်တီ့၏ဆေးစစ်ချက်များကို ပြန်လည်ကြည့်ရှုနေသည်။ တံခါးဘက်ကို ကျောပေးထိုင်ထားသည့်အန်တီကို အသံပြုလိုက်တော့မှသာ ရွှင်ပြုံးသွားသောမျက်နှာလေးဖြင့် သူ့ဘက်လှည့်ကြည့်လာသည်။
"ဒီနေ့ဘာပါလဲကြည့်ပါအုန်း။ အန်တီသဘောကျတယ်ဆိုတဲ့ ပန်းလေးလေ"
ပန်းအိုးလေးကိုကမ်းပေးတော့ အန်တီက ပိုပြီးပျော်သွားကာ ပန်းအိုးလေးကို တယုတယလှမ်းယူသည်။ အန်တီက ပန်းအိုးလေးကို ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်ဖြင့် စပ်စုနေတုန်း ဆေးစစ်ပြီးပြန်ထွက်သွားသည့်အကူသူနာပြုလေးကို ဟိုဆော့ လှမ်းနှုတ်ဆက်လိုက်သည်။ တံခါးပိတ်သံကြားမှသာ အနောက်မှာပါလာသည့်ဂျောင်ကုကို သတိရပြီးလှည့်ကြည့်မိချိန် ဟိုဆော့ အံ့ဩမှုဖြင့်ဆွံ့အသွားရသည်။
အရောင်လဲ့နေသောမျက်လုံးဝိုင်းနက်နက်တွေက အရည်ကြည်တို့ဖြင့်ဝေ့ဝဲနေလျက် ခုတင်ပေါ်မှ အန်တီ့ကို ဆွေးမြေ့စွာငေးကြည့်နေသည်။ အန်တီရှိရာသို့ တစ်လှမ်းချင်းရှေ့တိုးလာသည့်ဂျောင်ကု၏မျက်နှာတွင် အံ့ဩမှုများ၊ဝမ်းနည်းမှုများဖြင့်ရောထွေးသည်။
အန်တီရှိရာခုတင်စွန်းတွင် ဝင်ထိုင်လိုက်ပြီးနောက် ပန်းအိုးလေးကိုအာရုံရောက်နေသည့် အန်တီ့လက်ကို ဂျောင်ကု ခပ်ဖွဖွဆုပ်ကိုင်လိုက်ရင်း နှုတ်ခမ်းကနေ အမည်နာမတစ်ခုခုလို၊ စကားစုတစ်ခုကို ရေရွတ်လိုက်သည်။ အသံမကြားရသော်လည်း လှုပ်ရှားသွားသော ပါးစပ်အနေအထားကိုကြည့်ပြီး ဟိုဆော့ အံ့ဩဝမ်းနည်းစွာ နားလည်လိုက်ရသည်။
ဂျောင်ကု အန်တီ့ကို "မေမေ" လို့ခေါ်လိုက်ပါသည်။
* * * * *
25.02.2022
.................
Episode - 12 :
နားရက္႐ွည္ယူထား၍ ေနာက္တစ္ပတ္က် အန္တီ့ကို သြားေတြ႕ရမည့္အခ်ိန္ ဟိုေဆာ့မွာမ႐ွိေပ။ အနီးကပ္ေစာင့္ေ႐ွာက္ေပးမည့္ မိသားစုဝင္လည္းမ႐ွိသည့္အန္တီ့အတြက္ အကူသူနာျပဳေလးအား လိုအပ္တာေတြမွာၾကားခဲ့ရန္အတြက္ ဟိုေဆာ့ မနက္ပိုင္းခြင့္ယူလိုက္သည္။ အနည္းဆုံးေတာ့ အိမ္မျပန္ခင္ အန္တီ့ကို မ်က္ႏွာသြားျပမွေကာင္းမည္။
အလွကတ္ျပားေလးထဲမွဆိုင္နာမည္ကိုတစ္လွည့္ အေ႐ွ႕တည့္တည့္မွဆိုင္ခန္းနာမည္ကိုတစ္လွည့္ၾကည့္ၿပီး ဟိုေဆာ့ ေက်နပ္သလိုျပဳံးမိသည္။ ဟိုတစ္ခါေရာက္လာသည့္lavendar roseေတြကို သေဘာက်တာေၾကာင့္ ဆိုင္ကတ္ျပားေလးကို သူမွတ္မွတ္ရရသိမ္းထားခဲ့သည္။ အန္တီ့အတြက္ သူမ႐ွိတုန္း သူ႕ကိုယ္စားအေနျဖင့္ ပန္းအိုးေလးပဲျဖစ္ျဖစ္ ဝယ္ထားေပးခဲ့မယ္စိတ္ကူးျဖင့္ ဟိုေဆာ့ ဆိုင္ကိုအေရာက္လာခဲ့သည္။
ဆိုင္ေ႐ွ႕အစီအရီခ်ထားေသာ စင္ငယ္ေလးမ်ား အိုးအေသးေလးမ်ားျဖင့္ပန္းမ်ိဳးစိတ္မ်ားစြာကို ခင္းက်င္းထားသည္။ ဆိုင္ေ႐ွ႕တစ္ခ်က္ေဝ့ၾကည့္ၿပီး ဟိုေဆာ့ ဆိုင္တံခါးကိုတြန္းဖြင့္လိုက္သည္။ ပန္းဆိုင္ဆိုသည့္အတိုင္း ၾကည့္မိလိုက္တဲ့ျမင္ကြင္းတိုင္းတြင္ ပန္းေရာင္စုံေလးမ်ား႐ွိသည္။
တံခါးေဘးတြင္ေတာ့ စားပြဲဝိုင္းတစ္ခုႏွင့္ထိုင္ခုံေလးတစ္ခုကိုခ်ထားသည္။ တံခါးေပါက္ႏွင့္တည့္တည့္ေကာင္တာတစ္ဖက္တစ္ခ်က္တြင္ က်ဴးလစ္အျဖဴႏွင့္အနီကို တစ္အိုးစီတင္ထားသည္။
သူဝင္လာတာကိုပင္သတိမထားမိပဲ ေကာင္တာကိုေက်ာေပးထားၿပီး ကုန္းကုန္းကြကြျဖင့္အလုပ္႐ႈပ္ေနသူက ဆိုင္႐ွင္ျဖစ္ဟန္တူသည္။
ဟိုေဆာ့ ေကာင္တာနားကပ္သြားၿပီး "ဒီမွာ" ဟု ခပ္တိုးတိုးအသံေပးလိုက္ေသာ္လည္း အာ႐ုံမ်ားေနသူက လန္႔ျဖန္႔ၿပီး "အမေလး"ဟုေအာ္ကာ သူ႕ဘက္လွည့္လာသည္။
"ေဂ်ာင္ကု!"
"ေဒါက္တာ!"
တအံ့တဩျဖစ္သြားရသည္မွာ ေကာင္တာေ႐ွ႕ရပ္ေနသည့္ဟိုေဆာ့ေရာ၊ ေကာင္တာထဲမွ ေဂ်ာင္ကုေရာ ႏွစ္ေယာက္စလုံး။ အျပန္အလွန္မ်က္လုံးအျပဴးသားနဲ႔ၾကည့္ေနရင္း ႏွစ္ေယာက္သားေခတၱ ၿငိမ္သက္ေနမိၾကသည္။
"မင္း ငါ့ကိုstalkingလိုက္ေနတာမ်ားလား ေဂ်ာင္ကု"
"ဟင္"
မထင္မွတ္ေသာေတြ႕ဆုံျခင္းက တိုက္ဆိုင္မႈဆိုသည္မွာ ယုံရခက္ခက္ပင္။ မေန႔ကလည္း မိဘမဲ့ေက်ာင္းမွာ ယိုဟန္႔ပေယာဂေၾကာင့္ ေဂ်ာင္ကုႏွင့္ဆုံသည္။ ဒီေန႔လည္း ေ႐ွ႕ေနအလုပ္အကိုင္နဲ႔လူကို ပန္းဆိုင္မွာေတြ႕ရသည္က ထူးဆန္းလြန္းေနသည္ေၾကာင့္ ဟိုေဆာ့ မယုံသကၤာျဖစ္စြာ ေမးလိုက္မိေတာ့သည္။
"အာ...မဟုတ္ရပါဘူး ေဒါက္တာရယ္။ အထင္မလြဲပါနဲ႔။ ဒါက ကြၽန္ေတာ့္သူငယ္ခ်င္းဆိုင္ပါ။ သူ အေနာက္ထဲခနသြားလို႔ ကြၽန္ေတာ္ဒီမွာေစာင့္ေပးေနတာပါ"
လက္ကာျပရင္း ေဂ်ာင္ကု အသည္းအသန္႐ွင္းျပေနေသာ္လည္း ဟိုေဆာ့က မယုံခ်င္သလို မ်က္လုံးမ်ားကို ေမွးစင္းၿပီးၾကည့္သည္။ ထိုမ်က္လုံးမ်ားေၾကာင့္ ေဂ်ာင္ကု ေနရက်ပ္သြားကာ အေနာက္ထဲသြားတဲ့အြန္းဝူကို စစ္ကူလွမ္းေခၚရေတာ့သည္။
"အြန္းဝူ! ျမန္ျမန္လာ"
အေလာတႀကီးေခၚေနသည့္ေဂ်ာင္ကုကို ဆဲခ်င္ပါေသာ္လည္း customer႐ွိေနသည္ေၾကာင့္ အြန္းဝူ အံႀကိတ္ကာျပဳံးျပလိုက္ရသည္။
"ဟို ဘာပန္းမ်ားလိုခ်င္လို႔လဲ"
အြန္းဝူဘက္က တာဝန္ေက်စြာေမးေနေသာ္လည္း ဟိုေဆာ့ဘက္ကေတာ့ အေျခအေနကိုမယုံႏိုင္ေသးဟန္ ေဘးခ်င္ယွဥ္ရပ္ေနသည့္ အြန္းဝူႏွင့္ေဂ်ာင္ကုကို တစ္လွည့္စီၾကည့္ရင္း သံသယမ်ားေနသည္။ ဟိုေဆာ့၏ပုံစံကိုနားလည္သြားသည့္ေဂ်ာင္ကုက အြန္းဝူကို ပုခုံးခ်င္းလွမ္းတိုက္ရင္း...
"ေျပာလိုက္ေလ၊ မင္းက ဒီဆိုင္ပိုင္႐ွင္ပါလို႔။ ၿပီးေတာ့ ငါကလည္း မင္းသူငယ္ခ်င္းပါလို႔"
ေဂ်ာင္ကု ခပ္တိုးတိုးေျပာလိုက္သည့္အခါ အြန္းဝူခမ်ာ ေၾကာင္ေတာင္ေတာင္ေလးျဖစ္သြားသည္။ ေဂ်ာင္ကုကို နားမလည္စြာလွည့္ၾကည့္မိေတာ့ သူငယ္ခ်င္းေကာင္းေလးက အေ႐ွ႕က customerကိုသာ အျပဳံးမပ်က္ေငးၾကည့္ေနေလရဲ႕။
"အာ...ဟုတ္ပါတယ္။ ေဂ်ာင္ကုက ကြၽန္ေတာ့္သူငယ္ခ်င္းပါ။ ၿပီးေတာ့ ဒီဆိုင္ကလည္း ကြၽန္ေတာ့္ဆိုင္ပါဗ်။ ဘာမ်ား ျပႆနာ႐ွိလို႔လဲ မသိဘူး"
အြန္းဝူဘက္က စိတ္႐ွည္လက္႐ွည္ျဖင့္႐ွင္းျပလာမွသာ ဟိုေဆာ့ အားနာသြားရသည္။ ဆိုင္ထဲလာၿပီး ဆိုင္ပိုင္႐ွင္ဘယ္သူဘယ္ညာေမးေနတယ္ဆိုၿပီး သူ႕ကိုရဲမ်ားထင္ေနၿပီလားမသိ။ မ်က္ႏွာငယ္ေလးနဲ႔ေဂ်ာင္ကုသည္လည္း သူ႕ကိုယုံေပးပါဟု အရည္လဲ့ေနသည့္မ်က္လုံးဝိုင္းမ်ားျဖင့္ အသနားခံေနသည္။
"ဘာျပႆနာမွမ႐ွိပါဘူး အဆင္ေျပပါတယ္။ ဟို...ပန္းအိုးေလးေတြၾကည့္ခ်င္လို႔ပါ"
"ဟုတ္ကဲ့ ဟုတ္ကဲ့။ ကြၽန္ေတာ္နဲ႔လိုက္ခဲ့ေပးပါေနာ္"
ဟိုေဆာ့ကို အြန္းဝူကဦးေဆာင္ၿပီး ဆိုင္အျပင္ ပန္းအိုးေတြ႐ွိရာသို႔ ေခၚထုတ္သြားမွသာ ေဂ်ာင္ကု စိတ္ေအးစြာသက္ျပင္းခ်ရင္း ကိုယ့္အျဖစ္ကိုယ္ျပန္ရယ္ခ်င္သြားသည္။ stalkerလို႔အထင္ခံရသြားရတာ နည္းတဲ့ကုသိုလ္ကံမ်ိဳးလား။ အြန္းဝူလိုက္ျပသမွ်ပန္းအိုးေလးေတြကို စိတ္ဝင္တစားလိုက္ၾကည့္ေနသည့္မွန္အျပင္ဘက္မွပုံရိပ္ေလးကိုလွမ္းေငးရင္း ေဂ်ာင္ကု ထပ္ဆင့္ျပဳံးမိျပန္သည္။
stalkerဆိုရင္ေတာင္ သူက ေဒါက္တာ့ႏွလုံးသားႏွင့္အနီးဆုံးကိုေရာက္ဖို႔ႀကိဳးစားေနတဲ့ stalkerေခ်ာေခ်ာေလးပဲျဖစ္မွာပါ။
ဟိုေဆာ့ လိုခ်င္သည့္ပန္းအိုးေလးကို အြန္းဝူကလည္း စိတ္႐ွည္လက္႐ွည္ျဖင့္ ႐ွာေပးသည္။ ပန္းပင္အေၾကာင္းကိုလည္း အေသးစိတ္႐ွင္းျပေပးၿပီး လိုအပ္တဲ့ေနေရာင္ျခည္ပမာဏ၊ ေရပမာဏကအစ အေသအခ်ာေျပာျပေပးသည္။ ဟိုေဆာ့ က်သင့္ေငြကို႐ွင္းၿပီး သေဘာေကာင္းလြန္းသည့္ဆိုင္ပိုင္႐ွင္ကိုလည္း ေက်းဇူးတင္စကားေျပာဖို႔မေမ့ခဲ့။
ဟိုေဆာ့ ပန္းအိုးေလးပိုက္ၿပီး ျပန္ထြက္လာေတာ့ တစ္ခ်ိန္လုံး ဆိုင္ထဲမွာ ထိုင္မရ၊ထမရျဖစ္ေနသည့္ ေဂ်ာင္ကုက အြန္းဝူကို တစ္ခါတည္းႏႈတ္ဆက္ၿပီး ဟိုေဆာ့ ေနာက္လိုက္လာသည္။
ဆိုင္အျပင္ေရာက္ခ်ိန္ တကၠဆီငွားရန္ၾကံကာမွ အနားမွာရပ္လာသူကို ဟိုေဆာ့ သတိထားၾကည့္မိသည္။
"ေဒါက္တာ ဘယ္သြားမလို႔လဲ။ ကြၽန္ေတာ္ လိုက္ပို႔ေပးမယ္ေလ"
မ်က္လုံးဝိုင္းေတြထဲ အ႐ိုးခံေစတနာကိုျမင္ေတြ႕ရေသာ္လည္း ဟိုေဆာ့ ျငင္းဖို႔သာဆုံးျဖတ္လိုက္သည္။ ခပ္လွမ္းလွမ္းမွာရပ္ထားသည့္ ေဂ်ာင္ကု၏ကားကိုျမင္လိုက္သည္ႏွင့္ မေန႔ကအျဖစ္အပ်က္ကိုျပန္ေတြးမိၿပီး သူ႕ပါးေတြေႏြးခနဲျဖစ္သြားရသည့္ခံစားခ်က္က သူ႕အတြက္ေနရခက္သည္။
"ရပါတယ္၊ နီးနီးေလးသြားရမွာ။ ကိုယ့္ဘာသာတကၠဆီပဲငွားသြားလိုက္ပါ့မယ္"
ေဂ်ာင္ကုႏွင့္စကားေျပာေနခ်ိန္ လက္ကိုျပန္႐ုတ္ထားသည္မို႔ သူတို႔ေနရာကို ေက်ာ္ေမာင္းသြားေသာတကၠဆီကို ဟိုေဆာ့ မ်က္လုံးေထာင့္ကပ္ကာ မသိမသာအကဲခတ္လိုက္သည္။ ဒါကို ေဂ်ာင္ကုက သတိထားမိသြားတဲ့ပုံပင္။ သူ႕လက္ထဲက ပန္းအိုးေလးကို အသာဆြဲယူၿပီး ထုံးစံအတိုင္း ေအာက္ႏႈတ္ခမ္းေအာက္က မွည့္နက္ကေလးေပၚလာသည္အထိ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပဳံးရင္း...
"တကၠဆီငွားသြားလို႔ရမွန္း ကြၽန္ေတာ္သိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္က လိုက္ပို႔ေပးခ်င္လို႔ပါ"
ပန္းအိုးကိုပိုက္ၿပီးလွည့္ထြက္သြားသည့္ ေဂ်ာင္ကုေနာက္ကို ဟိုေဆာ့ အေျပးလိုက္ရသည္။ လမ္းၾကဳံတာလည္းမဟုတ္ပဲ သက္သက္ႀကီးလိုက္ပို႔မည္ဆိုသူကို ဟိုေဆာ့ အားနာရသည္။ ပန္းအိုးျပန္ေတာင္းၿပီး တကၠဆီငွားသြားဖို႔သာ စိတ္ကူးလိုက္ေပမယ့္ အဆင္သင့္ကားတံခါးဖြင့္ေပးလာသည္ေၾကာင့္ ဟိုေဆာ့ ခနေလာက္ေတြေဝေနၿပီးမွ မတတ္သာေတာ့သည့္အဆုံး ဝင္ထိုင္လိုက္ရသည္။ ခါးပတ္ပတ္ၿပီး လြယ္လာသည့္အိတ္ကိုေပါင္ေပၚတင္ထားၿပီးေနာက္ ေဂ်ာင္ကုကမ္းေပးလာသည့္ပန္းအိုးေလးကို အိတ္ေပၚမွာလက္ႏွစ္ဖက္ႏွင့္ ထိန္းကိုင္ထားလိုက္သည္။
ကားေ႐ွ႕ကေနပတ္ၿပီး ေဂ်ာင္ကုက ကားေမာင္သူေနရာတြင္ ဝင္ထိုင္သည္။ စက္ႏိႈးလိုက္သည္ႏွင့္ မေန႔ကထက္ေလ်ာ့ေနသည့္ ကားတြင္းအေအးဓာတ္ကို ဟိုေဆာ့ သတိထားမိလိုက္သည္။
"ဘယ္ကိုေမာင္းေပးရမလဲ ေဒါက္တာ"
"စိတ္က်န္းမာေရးေဆး႐ုံ"
အံ့ဩသလိုၾကည့္လာသည့္ေဂ်ာင္ကု၏မ်က္လုံးမ်ားႏွင့္ ဟိုေဆာ့ ေခတၱဆုံလိုက္ရသည္။ စေနာက္လိုက္သည္မ်ားလားဟုထင္သြားသည့္ေဂ်ာင္ကုက ဟိုေဆာ့၏ေလးနက္ေသာမ်က္ႏွာအမူအရာကိုျမင္မွသာ အေ႐ွ႕ကိုမ်က္ႏွာလႊဲသြားသည္။ ၿပီးေနာက္ ကားေလးဟာလည္း ရပ္ေနရာမွ တၿငိမ့္ၿငိမ့္ႏွင့္ထြက္ခြာသြားေလသည္။
လမ္းတစ္ေလွ်ာက္ အလုပ္အေျခအေနအဆင္ေျပေၾကာင္းကလြဲ၍ ဟိုေဆာ့ႏွင့္ေဂ်ာင္ကု ေထြေထြထူးထူးစကားမေျပာျဖစ္ၾက။ မေန႔ကေတာ့ အ႐ွက္သည္းေနသည့္ေဂ်ာင္ကုက ဒီေန႔ေတာ့ သူမဟုတ္သလိုပင္။ ေအးေအးေဆးေဆးတည္တည္ၿငိမ္ၿငိမ္ျဖင့္ အရင္လိုသူ႕ကို စေနာက္ေနၿမဲ။
သူကေတာ့ မတူ။ သူ႕ေနရာမွျမင္ေနရသည့္ ေဂ်ာင္ကု၏ေဘးတေစာင္းမ်က္ႏွာအေနအထားသည္ တိက်ေသသပ္စြာထုဆစ္ထားေသာ ေက်ာက္ဆစ္႐ုပ္ကဲ့သို႔ ေငးခ်င္စရာေကာင္းသည္ကိုေတာ့ သူဝန္ခံရမည္။ သူနဲ႔စကားေျပာရင္း ျပဳံးေယာင္ေယာင္ျဖစ္ေနသည့္ႏႈတ္ခမ္းပါးေတြကို အမွတ္မထင္ေငးၾကည့္မိခ်ိန္ ဟိုေဆာ့ ေျခဖ်ား၊လက္ဖ်ားေတြ ေအးစက္လာသလိုခံစားရကာ ပန္းအိုးေလးကိုသာ ပိုတိုးလို႔ဆုပ္ကိုင္ထားမိသည္။
သိသည္ျဖစ္ေစ၊ မသိသည္ျဖစ္ေစ လူတစ္ေယာက္လုံးကိုနမ္းထားၿပီး ဘာမွမျဖစ္သလိုေနႏိုင္သည့္ ေဂ်ာင္ကု၏စိတ္ခံစားခ်က္ထိန္းခ်ဳပ္ႏိုင္မႈစြမ္းအားကို သူ တကယ္ပဲ ခ်ီးက်ဴးမိပါသည္။
ဟိုေဆာ့သြားရမည့္ စိတ္က်န္းမာေရးေဆး႐ုံကနီးသည့္အတြက္ ေဂ်ာင္ကု ကားကိုအခ်ိန္အၾကာႀကီး မေမာင္းလိုက္ရ။ ကားပါကင္ထိုးၿပီး ေဒါက္တာ့ေနာက္သို႔ သူခြင့္ေတာင္းၿပီး လိုက္စပ္စုျဖစ္သည္။ စိတ္က်န္းမာေရးေဆး႐ုံဆိုေပမယ့္ ေက်ာခ်မ္းဖြယ္ေကာင္းေလာက္ေအာင္ တိတ္ဆိတ္ၿငိမ္သက္ေနတာမ်ိဳးေတာ့မဟုတ္။ ကုသေရးအတြက္အက်ိဳးျပဳႏိုင္သည့္ စိတ္ေအးစရာပတ္ဝန္းက်င္အေနအထားက စိမ္းစိမ္းစိုစို။
ေဆး႐ုံေ႐ွ႕ျမင္ခင္းျပင္႐ွိ ခုံတန္းေလးမ်ားတြင္ သူနာျပဳဆရာမေလးမ်ားႏွင့္ လူနာတခ်ိဳ႕သြားလာေနသည္ကို လွမ္းေတြ႕ရသည္။ အထူးသျဖင့္ ကိုယ္က်န္းမာေရးေရာ၊ စိတ္က်န္းမာေရးမွာပါ အားနည္းသြားတတ္သည့္ သက္ႀကီး႐ြယ္အိုမ်ားကို အမ်ားဆုံးေတြ႕ရသည္။
"ဒီမွာ ေဒါက္တာ့အသိ႐ွိတာလား"
ဒုတိယထပ္သို႔တက္လာၿပီးေနာက္ အန္တီ့အခန္းသို႔မေရာက္ခင္ ဝရံတာတစ္ခုကိုျဖတ္ေလွ်ာက္ရခ်ိန္ ေမးခြန္းေမးလာေသာ္လည္း ေဂ်ာင္ကု၏အာ႐ုံက ေဆး႐ုံေ႐ွ႕ျမက္ခင္းျပင္တြင္ ႐ွိေနသည္။
"လူနာအန္တီတစ္ေယာက္ပါ။ အန္တီက အက္ဆီးဒန္႔ေၾကာင့္ မွတ္ဉာဏ္ေတြေရာေထြးၿပီးအခ်ိန္ကာလအပိုင္းအျခားကိုမသိေတာ့တာ။ ေစာင့္ေ႐ွာက္ေပးမယ့္ မိသားစုဝင္လည္းမ႐ွိေတာ့ ငါကပဲ ဂ႐ုစိုက္ေပးထားတာေလ"
အခန္းတစ္ခုေ႐ွ႕တြင္ရပ္သြားေသာ ဟိုေဆာ့ကို ေဂ်ာင္ကု လွည့္ၾကည့္ျဖစ္သည္။ အၾကည့္ခ်င္းဆုံသြားမိေတာ့ ေဒါက္တာက သူ႕ကိုခပ္ေရးေရးျပဳံးျပသည္။
ေဒါက္တာ့မူပိုင္ အျပဳံးတစ္ခု၏ေအးခ်မ္းမႈကိုသာမက ေဒါက္တာ့ႏွလုံးသားထံမွ ေလးစားဖြယ္ရာ ျဖဴစင္သည့္ဂ႐ုဏာစိတ္ေလးကိုပါ ျမတ္ႏိုးစြာျမင္ေတြ႕လိုက္ရသည္။
ဟိုေဆာ့ အခန္းတံခါးဖြင့္ဝင္လာၿပီး အေနာက္မွ ေဂ်ာင္ကုကိုပါ အထဲဝင္လာဖို႔ေခၚလိုက္သည္။ အခန္းထဲတြင္ အကူသူနာျပဳေလးက အန္တီ့၏ေဆးစစ္ခ်က္မ်ားကို ျပန္လည္ၾကည့္႐ႈေနသည္။ တံခါးဘက္ကို ေက်ာေပးထိုင္ထားသည့္အန္တီကို အသံျပဳလိုက္ေတာ့မွသာ ႐ႊင္ျပဳံးသြားေသာမ်က္ႏွာေလးျဖင့္ သူ႕ဘက္လွည့္ၾကည့္လာသည္။
"ဒီေန႔ဘာပါလဲၾကည့္ပါအုန္း။ အန္တီသေဘာက်တယ္ဆိုတဲ့ ပန္းေလးေလ"
ပန္းအိုးေလးကိုကမ္းေပးေတာ့ အန္တီက ပိုၿပီးေပ်ာ္သြားကာ ပန္းအိုးေလးကို တယုတယလွမ္းယူသည္။ အန္တီက ပန္းအိုးေလးကို ဟိုဘက္လွည့္လိုက္၊ ဒီဘက္လွည့္လိုက္ျဖင့္ စပ္စုေနတုန္း ေဆးစစ္ၿပီးျပန္ထြက္သြားသည့္အကူသူနာျပဳေလးကို ဟိုေဆာ့ လွမ္းႏႈတ္ဆက္လိုက္သည္။ တံခါးပိတ္သံၾကားမွသာ အေနာက္မွာပါလာသည့္ေဂ်ာင္ကုကို သတိရၿပီးလွည့္ၾကည့္မိခ်ိန္ ဟိုေဆာ့ အံ့ဩမႈျဖင့္ဆြံ႕အသြားရသည္။
အေရာင္လဲ့ေနေသာမ်က္လုံးဝိုင္းနက္နက္ေတြက အရည္ၾကည္တို႔ျဖင့္ေဝ့ဝဲေနလ်က္ ခုတင္ေပၚမွ အန္တီ့ကို ေဆြးေျမ့စြာေငးၾကည့္ေနသည္။ အန္တီ႐ွိရာသို႔ တစ္လွမ္းခ်င္းေ႐ွ႕တိုးလာသည့္ေဂ်ာင္ကု၏မ်က္ႏွာတြင္ အံ့ဩမႈမ်ား၊ဝမ္းနည္းမႈမ်ားျဖင့္ေရာေထြးသည္။
အန္တီ႐ွိရာခုတင္စြန္းတြင္ ဝင္ထိုင္လိုက္ၿပီးေနာက္ ပန္းအိုးေလးကိုအာ႐ုံေရာက္ေနသည့္ အန္တီ့လက္ကို ေဂ်ာင္ကု ခပ္ဖြဖြဆုပ္ကိုင္လိုက္ရင္း ႏႈတ္ခမ္းကေန အမည္နာမတစ္ခုခုလို၊ စကားစုတစ္ခုကို ေရ႐ြတ္လိုက္သည္။ အသံမၾကားရေသာ္လည္း လႈပ္႐ွားသြားေသာ ပါးစပ္အေနအထားကိုၾကည့္ၿပီး ဟိုေဆာ့ အံ့ဩဝမ္းနည္းစြာ နားလည္လိုက္ရသည္။
ေဂ်ာင္ကု အန္တီ့ကို "ေမေမ" လို႔ေခၚလိုက္ပါသည္။
* * * * *
25.02.2022
.................