ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယာ...

Par NgaChaukMaKyikeBuu

1.2M 214K 9.4K

ဗိုလ္ခ်ဳပ္ႀကီးရဲ့ ဗန္ပိုင္းယားအိုမီဂါ The General's Vampire Omega Title - 上将的omega吸血鬼 Author - Little Baldy... Plus

Synopsis
( ၁ )
( ၂ )
( ၃ )
( ၄ )
( ၅ )
( ၆ )
( ၇ )
( ၈ )
( ၉ )
( ၁၀ )
( ၁၁ )
( ၁၂ )
( ၁၃ )
( ၁၄ )
( ၁၅ )
( ၁၆ )
( ၁၇ )
( ၁၈ )
( ၁၉ )
( ၂၀ )
( ၂၁ )
( ၂၂ )
( ၂၃ )
( ၂၄ )
( ၂၅ )
( ၂၆ )
( ၂၇ )
( ၂၈ )
( ၂၉ )
( ၃၀ )
( ၃၁ )
( ၃၂ )
( ၃၃ )
( ၃၄ )
( ၃၅ )
( ၃၆ )
( ၃၇ )
( ၃၈ )
( ၃၉ )
( ၄၀ )
( ၄၁ )
( ၄၂ )
( ၄၃ )
( ၄၄ )
( ၄၅ )
( ၄၆ )
( ၄၇ )
( ၄၈ )
( ၄၉ )
About Chu Feng ( May Contain Spoilers! )
( ၅၀ )
( ၅၁ )
( ၅၂ )
( ၅၃ )
( ၅၄ )
( ၅၅ )
( ၅၆ )
( ၅၇ )
( ၅၈ )
( ၅၉ )
( ၆၀ )
( ၆၁ )
( ၆၂ )
( ၆၃ )
( ၆၄ )
( ၆၅ )
( ၆၆ )
( ၆၇ )
( ၆၈ )
( ၆၉ )
( ၇၀ )
( ၇၁ )
( ၇၃ )
( ၇၄ )
( ၇၅ )
( ၇၆ )
( ၇၇ )
( ၇၈ )
( ၇၉ )
( ၈၀ )
( ၈၁ )
( ၈၂ )
( ၈၃ )
( ၈၄ )
( ၈၅ )
( ၈၆ )
( ၈၇ )
( ၈၈ )
( ၈၉ ) - END
Thank You!

( ၇၂ )

10.6K 2K 46
Par NgaChaukMaKyikeBuu

< Unicode >

အခန်း ( ၇၂ ) - ချုပ်နှောင်ခံထားရသော အမ်မြူရယ်

လော့ကျိုးကျိုး သုတေသနကျောင်းထဲမှ ခုံတန်းရှည်တွင် ထိုင်၍ ဒေတာနှစ်ခုကို ယှဥ်နေချိန်တွင် ချူဖုန်းသည် ဘေးတွင် နှုတ်ဆိတ်ကာ အတူထိုင်နေပေးလေသည်။ လွန်ခဲ့သော နှစ်ရက်မှ စတင်ကာ မူးဝေခြင်း၊ နားအူခြင်းများ ပျောက်ကွယ်သွားခဲ့သော်ငြား ဤသည်က ကောင်းမွန်သော ကိစ္စရပ်မဟုတ်မှန်း သူ သိသည်။ ထိုလက္ခဏာများ ပျောက်ကွယ်သွားခြင်းသည် လော့ကျိုးကျိုး ဆည်းဆာမျက်နှာရောဂါ၏ အလယ်အလတ်အဆင့်သို့ ဝင်ရောက်လာပြီ ဟု ပြသနေခြင်းဖြစ်ကာ ထိုအဆင့်တွင် သူ၏ ပုံပန်းသွင်ပြင်၊ ဇီဝကမ္မလုပ်ဆောင်ချက်များ တစ်နည်းဆိုရလျှင် ဆဲလ်များအားလုံးပဲ အရှိန်လျင်မြန်စွာ အိုမင်းလာတော့မည်ဖြစ်၏။

ချူဖုန်း၏ နူးညံ့သော အကြည့်က လော့ကျိုးကျိုး၏ အာရုံကို ဖမ်းစားသွားရကာ သူ ဖတ်လက်စကို ချ၍ မေးလိုက်သည် "ဘာလို့ ကျွန်တော့်ကို အဲ့လို ကြည့်နေတာလဲ"

"ကိုယ် စဥ်းစားနေတာ ... မင်းသာ အဖိုးအိုလေးဖြစ်လာရင် အလှဆုံး အဖိုးအိုလေး ဖြစ်နေမှာပဲဆိုပြီး" ချူဖုန်းက ပြုံးစစဖြင့် ဆိုသည်။

လော့ကျိုးကျိုးသည် ချူဖုန်းပေါင်ပေါ် တက်ခွထိုင်ကာ လည်ပင်းကို သိုင်းဖက်လိုက်ပြီး ပြောချေသည် "ကျွန်တော် ဟိုအပြာနုရောင် ဝှီးချဲလေးမျိုး လိုချင်တယ်။ အပေါ်မှာ ရောင်စုံထီးတစ်လက်နဲ့ နောက်မှာကျ အရုပ်တွေ ချိတ်ထားတဲ့ ဝှီးချဲလေ"

လော့ကျိုးကျိုး အလုပ်လာရင်း လမ်းတွင် လူတစ်ဦးမှ ထိုဝှီးချဲလေးကို တွန်းနေခဲ့ပုံကို မြင်ရာ အကြည့်တို့က ကော်လို မြဲမြံကာ မခွာနိုင်ခဲ့။

"ဒါပေမဲ့ မနေ့က ပြောတုန်းကကျ ဝက်ဝံလေးတွေပါ ထည့်လို့ရအောင် ခြင်းတောင်းပါတဲ့ ဝှီးချဲလိုချင်တယ်ဆို။ ကျီးကိုကြီးနဲ့ ကျီးညီလေးတို့ကိုလည်း ထည့်ချင်တယ်ဆို" ချူဖုန်းက သတိပေးသည်။

လော့ကျိုးကျိုး ပြန်သတိရသွားကာ နှမြောတသဖြင့် ဆိုသည် "အာ...ဟုတ်သား။ ခင်ဗျား ကျွန်တော့်ကို နေပူစာလှုံဖို့ အပြင်လိုက်ပို့ပေးရင် သူတို့ပါ ခေါ်ခဲ့မှရမှာပေါ့"

ချူဖုန်းက ပြောသည် "ဒါဆိုလည်း ပြန်ပြုပြင်ယူကြတာပေါ့။ ခြင်းတောင်းလေးကို ထီးနဲ့အတူတူပဲ ဝှီးချဲနောက်မှာ ချိတ်လိုက်မယ်လေ"

"အဲ့အကြံမဆိုးဘူး" လော့ကျိုးကျိုး ရွှင်မြူးသွားကာ "ကျွန်တော့်ဆီမှာ ဗန်ပိုင်းယားစတစ်ကာလေးတစ်ခု ကျန်သေးတယ်။ ဝှီးချဲပေါ်မှာ ကပ်လိုက်မယ်လေ"

ချူဖုန်းသည် လူငယ်လေး၏ နှုတ်ခမ်းတို့ကို ခပ်ဖွဖွနမ်းလိုက်ကာ "ကိုယ် မင်းကို တွန်းပေးပြီး ဖေးလ်မြစ်မှာ နေထွက်ချိန်နဲ့ ကြယ်တွေသွားကြည့်ကြမယ်"

"နောက်ပြီး ခင်ဗျား တစ်ခါပြောဖူးတဲ့ အာကာသဆိုတာလေ။ ပိုးစုန်းကြူးတွေ အများကြီးနဲ့ဆိုတာ။ အဲ့ဒီနေရာကိုရောပဲ" ချူဖုန်း နယ်စပ်ဘက်တွင် ကားမောင်းရင်း ပိုးစုန်းကြူးပင်လယ်ကြီးကို မြင်လိုက်ရကာ အာကာသထဲ ရောက်သွားသလို ခံစားခဲ့ရကြောင်း ပြောဖူးမှန်း လော့ကျိုးကျိုး မှတ်မိနေပါသေး၏။

"အိုကေ...မိသားစုလိုက် ပိုးစုန်းကြူးတွေကို သွားကြည့်ကြမယ်"

အပြင်ဘက်တွင် မိုးဖွဲဖွဲကျနေရာ မှန်ပြတင်းပေါက်များတွင် အခိုးအငွေ့ လာရိုက်လျက် ဝေဝါးနေ၏။ ကောင်းကင်ကြီးသည် အေးစက်ညှို့မှိုင်းနေသော်ငြား နွေးထွေးသော စမ်းသပ်ခန်းထဲမှ သူတို့နှစ်ယောက်ကတော့ တစ်ဦးကို တစ်ဦး တင်းကြပ်စွာ ပွေ့ဖက်လျက် အစီအစဥ်များ ကြိုချနေမိကြသည်။

"အဲ့ဒီစမ်းသပ်ကိရိယာနှစ်ခုလည်း သယ်ခဲ့ရအောင်။ လမ်းမှာ ဆော့ရင်း စမ်းသပ်မှုတွေလည်း လုပ်ကြမယ်လေ။ တွေ့လား။ ဟိုနှစ်ခုလေ"

"အာ့ဆိုရင်တော့ ဝှီးချဲနောက်မှာ ပစ္စည်းတန်းကြီးနဲ့ ရထားတွဲအသေးစားလေး ဖြစ်နေတော့မှာပဲ"

"ဟားဟားဟားဟားဟား ရထားတွဲအသေးစားလေး ဟားဟားဟား"

...

လော့ကျိုးကျိုး ရယ်နေချိန်တွင် ချူဖုန်းတာမီနယ်မှ အသံမြည်လာလေသည်။ သူ ဖြေဆိုခလုတ်ကို နှိပ်လိုက်ရာ ချန်စီဟန်၏ ပရိုဂျက်ရှင်ပုံရိပ်က လေထဲ၌ ပေါ်ထွက်လာတော့သည်။

ချူဖုန်းကို မြင်သော် ချန်စီဟန်က တက်ကြွစွာ ပြောလာသည် "ချူဖုန်း ငါတို့ဌာနမှာ တက္ကစီသမားပုံဖမ်းပြီး ဓားပြတိုက်တဲ့ တရားခံတစ်ယောက် ဖမ်းမိထားတယ်။ ဒီနေ့ သူ့ကို ရုံးတင်တော့ အပြစ်ပေါ့အောင် သူ တွေ့ခဲ့ရတဲ့ လူသတ်မှုတစ်ခုကို ဝန်ခံချင်လို့တဲ့။ အဲ့ဒါ ဘာအမှုလည်း သိလား။ အသတ်ခံရတဲ့ လူက အိုမီဂါသတ်သမားကေ့စ်က လင်းဝမ်ချိုင်ဖြစ်နေ-"

"ငါ ကျိုးကျိုးကို အိမ်ပြန်ပို့ပေးရမယ်။ အဲ့တော့ အခုမလာနိုင်ဘူး။ စီဟန် မင်းဘာသာပဲ ကြည့်စီစဥ်လိုက်တော့" ချူဖုန်းက ဖြတ်ပြောသည်။

ချန်စီဟန်ကလည်း လော့ကျိုးကျိုးအကြောင်းသိထားပြီးဖြစ်ရာ ခဏတိတ်သွားပြီး ဆိုသည် "အိုကေ မင်း ကျိုးကျိုးနဲ့ နေပေးလိုက်ပေါ့။ ငါ အမှုစစ်ပြီးလို့ ထူးတာရှိရင် ပြန်ပြောမယ်လေ"

"အိ​ုကေ"

ချန်စီဟန်က စကားအနည်းငယ်ထပ်ပြောပြီးနောက် ချူဖုန်းပေါင်ပေါ် ထိုင်နေသော လော့ကျိုးကျိုးအား လက်ဝေ့ပြကာ "ကျိုးကျိုး ငါ ဝိုင်းကောင်းကောင်းတစ်ပုလင်း ရှာတွေ့ထားတယ်။ အယ်လ်ကိုဟောလည်း သိပ်မပါဘူး။ ဘီယာလောက်တော့ မကောင်းပေမယ့် အရသာက မဆိုးဘူးကွ။ မနက်ဖြန် ယူလာပေးမယ်"

"ကျေးဇူးပါ ရဲမှူးချန်" လော့ကျိုးကျိုး မျက်လုံးများ တောက်ဖြာသွားကာ ပြန်လက်ဝေ့ပြလိုက်သည်။

ချူဖုန်းသည် ဖုန်းချပြီးနောက် အတွေးပွားနေဟန်ဖြင့် အခန်းထောင့်တစ်နေရာကို စိုက်ကြည့်နေတော့ပေသည်။ လော့ကျိုးကျိုးက ချူဖုန်းလည်တိုင်ကို သိုင်းဖက်ကာ နှစ်ချက် နမ်းလိုက်ပြီး ဆိုသည် "အဲ့အမှုကို ခင်ဗျား သဲလွန်စလိုက်နေရတာ ကြာပြီ မဟုတ်လား။ သွားနားထောင်လိုက်လေ"

"ဟင့်အင်း ကိုယ် မင်းကို အိမ်ပြန်ပို့ပေးချင်သေးတယ်" ချူဖုန်းက ပြောသည်။

"ကျွန်တော် နောက်မှ တက္ကစီပဲ ငှားပြန်လိုက်ပါ့မယ်။ ကျွန်တော့်ကို စောင့်မနေနဲ့။ ခင်ဗျားပဲ ပြောထားတာ မဟုတ်ဘူးလား။ ရွေးကောက်ပွဲ မပြီးမချင်း လုံခြုံပါတယ်ဆို" လော့ကျိုးကျိုး ချူဖုန်း၏ စုကျုံ့ထားသော မျက်ခုံးတို့ကို လက်ဖြင့် ပွတ်၍ ဖြေလျှော့ပေးလိုက်ကာ "တစ်ချိန်လုံး မျက်မှောင်ကြီးကုတ်ပြီး ကျွန်တော့်ကို အဲ့လို ကြည့်မနေနဲ့။ ကျွန်တော် အခုချက်ချင်းကို ခွေခေါက်လဲတော့မှာကျနေတာပဲ"

"ကယ်လ်ဂါနဲ့ကိစ္စက ဘာမှမဖြစ်တော့ဘူးဆိုပေမယ့် မင်းကို အိမ် တစ်ယောက်တည်းပြန်လွှတ်ရမှာ စိတ်မချဘူး" ချူဖုန်းမျက်ခုံးတို့က ပြေလျော့မသွားသည့်အပြင် ပိုတောင်ကျုံ့လာလေသည်။

"ခင်ဗျားသာ လူသတ်သမားကို ဖမ်းမိပြီး တံဆိပ် နောက်ကွယ်က လူကို ရှာနိုင်ရင် ဗိုလ်ချုပ်လော့ပြောခဲ့တဲ့ လျို့ဝှက်ချက်ကို သိပြီး သူ့ကို ကယ်နိုင်မှာပေါ့။ နောက်ပြီး ကျွန်တော်လည်း ရောဂါပြန်မထတော့တာ နည်းနည်းကြာပြီမို့ စိတ်မပူနဲ့"

လော့ကျိုးကျိုး လက်ပြန်ချကာ ချူဖုန်း၏ တွန့်ကွေးတက်နေသော မျက်ခုံးကြားနေရာကို နှုတ်ခမ်းများဖြင့် ဖိနမ်း၍ တွန့်ကြောင်းများ တစ်ဖြည်းဖြည်းနှင့် ပြေလျော့လာမှန်း ခံစားမိမှ မေးလိုက်သည် "ဟင်? သွားချင်တယ်ဟုတ်?"

ချူဖုန်း ပြန်မဖြေသောအခါ သူ မွစိမွစိလေးနမ်းကာ တစ်ခါနမ်းလိုက် တစ်ခါမေးလိုက်လုပ်နေတော့သည် "သွားမှာလား မသွားဘူးလား"

ချူဖုန်းက ပြုံးရေးရေးဖြင့် ပြောလာသည် "အဲ့ဒါဆို အိမ်စောစောပြန်ရမယ်နော်။ မှောင်တဲ့အထိ မနေနဲ့။ ကိုယ် စိတ်ပူတယ်"

"အင်းပါ ဒီနေ့ ကြာကြာမနေပါဘူး။ ခြောက်နာရီဆို ပြန်ခဲ့မယ်"

"အပြင်မှာ မိုးရွာလိမ့်မယ်။ စတိုခန်းထဲမှာ မိုးကာတစ်ထည်နဲ့ ထီးတစ်လက်ရှိတယ်။ ပြန်ရင် မိုးကာဝတ်ပြီး ထီးဆောင်းရမယ်နော်။ နားလည်ရဲ့လား" ချူဖုန်းက ရတက်မအေးစွာ မှာသည်။

"နားလည်ပါပြီ"

"ကိုယ်လည်း အိမ်အမြန်ပြန်ခဲ့မယ်။ ညဆယ်နာရီမထိုးခင်လောက်"

"အလျင်မလိုပါနဲ့။ ကျွန်တော် အိမ်မှာ စောင့်နေမယ်"

"အင်း"

"မြတ်နိုးလေးရောပဲ။ ကျီးကိုကြီး၊ ကျီးညီလေးနဲ့ ကျွန်တော်တို့အကုန် စောင့်နေကြမယ်"

နှစ်ဦးသား အတန်ငယ်ထပ်နမ်းကြပြီးနောက် ချူဖုန်း သုတေသနကျောင်းမှ ထွက်သွားကာ လော့ကျိုးကျိုးလည်း စမ်းသပ်ချက်များကို တိတ်တဆိတ် ဆက်လုပ်နေလေသည်။ သူ အလုပ်ထဲ အာရုံနစ်မြုပ်နေရာမှ အသိပြန်ဝင်လာချိန်တွင် ညရှစ်နာရီခန့် ရှိနေချေပြီ။

ချူဖုန်းကို ညခြောက်နာရီတွင် ပြန်ပါ့မည်ဟု ပြောခဲ့ကြောင်း သတိရမိရာ သူ အမြန်ပင် မိုးကာကောက်စွပ်လျက် ထီးယူကာ ကျောင်းထဲမှ ထွက်လာခဲ့သည်။ မှောင်ခိုစျေးရုံထဲတွင် လူသိပ်မရှိတော့။ ငမန်းပြာ၏ လူတစ်ဒါဇင်ဝန်းကျင်ခန့်သာ ကင်းပတ်လှည့်နေလေသည်။

လော့ကျိုးကျိုးကို မြင်သော် အကုန်လုံးရပ်တန့်ကာ မတ်မတ်ရပ်၍ တရိုတသေဖြင့် နှုတ်ဆက်ကြသည် "ဒါရိုက်တာလော့"

လော့ကျိုးကျိုး 'ဒါရိုက်တာလော့' ဟူသော အခေါ်အဝေါ်ကို ကြားသောအခါ ရွှင်လန်းစွာ တုံ့ပြန်သည် "ကျွန်တော် ပြန်ပြီ။ ခင်ဗျားတို့လည်း အိမ်ပြန်နားကြတော့လေ"

"ဟုတ်ကဲ့ ဒါရိုက်တာလော့။ မနက်ဖြန်မှ တွေ့ကြတာပေါ့"

"မနက်ဖြန်မှ တွေ့ကြမယ်"

မှောင်ခိုစျေးရုံအပြင်ဘက်တွင် မှောင်မိုက်နေပြီဖြစ်လေသည်။ တည်နေရာမှာ အစတည်းက ဘေးရာ့ဒ်အစွန်ပိုင်းတွင် ဖြစ်ရာ ယခုလို မိုးသည်းနေချိန်တွင် လမ်းများပေါ်၌ လူသွားလူလာကင်းမဲ့လျက် ယာဥ်လည်း ပါးနေတော့သည်။ လော့ကျိုးကျိုးမှာ လမ်းပေါ် ရပ်လျက် တက္ကစီဌားရန် လုပ်သော်လည်း ငှားမရနိုင်ဖြစ်နေရလေသည်။

အချိန်ကလည်း လင့်နေပြီမို့ သူ ထပ်စောင့်မနေတော့ပဲ လမ်းထဲ ဆင်းလျှောက်ကာ ခပ်လှမ်းလှမ်းမှ ဘတ်စ်ကားမှတ်တိုင်ဆီ လာခဲ့လိုက်တော့သည်။

...

ဘေးရာ့ဒ်ရဲစခန်း စစ်ဆေးရေးခန်းထဲတွင် ဖြစ်၏။

ချူဖုန်းနှင့် ချန်စီဟန်တို့သည် စားပွဲနောက်တွင် ထိုင်နေကြကာ ရှေ့နေရာလွတ်မှ ကုလားထိုင်ပေါ်တွင်မူ လက်ထိပ်ခတ်ခံထားရသော ယောက်ျားတစ်ယောက် ထိုင်နေချေ၏။

"ရွှီဟုန်ခမ်း မင်းရဲ့ ထွက်ဆိုချက်ကို အစအဆုံးပြန်ရွတ်ပြစမ်း" ချန်စီဟန်က လှမ်းဟောက်သည်။

ခြောက်ကပ်နေသော နှုတ်ခမ်းတို့ကို စေ့ပြီးနောက် ရွှီဟုန်ခမ်းက ဖြစ်ကြောင်းကုန်စင်ကို တစ်ကျော့ပြန် ပြောပြသည် "ကျွန်တော် တစ်ရက်မှာ ပြစ်မှုကျူးလွန်ပြီးတော့ ရဲတွေ အနောက်က လိုက်နေတာ သိတယ်လေ။ အဲ့ဒါနဲ့ ဘေးရာ့ဒ် နန်ဖင်းမြို့က အမျိုးတစ်ယောက်အိမ်မှာ သွားပုန်းနေမလို့ကို မိန်းလမ်းမကြီးကို မသုံးရဲတာနဲ့ အနားက ရွာလမ်းကနေပဲ လာခဲ့တာ။ အဲ့နေ့ ညနေစောင်းပိုင်း မှောင်လာတဲ့ အချိန်မှာ ကျွန်တော် ဆိုင်ကယ်စီးရင်း ပျော်ဘွယ်တောဆိုတဲ့ ရွာလေးတစ်ရွာနား ရောက်လာခဲ့တယ်။ အဲ့ဒီမှာ ကျွန်တော်လည်း အိမ်သာသွားချင်လာတာနဲ့ ဆိုင်ကယ်ကို လမ်းဘေးက လယ်ကွင်းတစ်ကွင်းထဲ ဝှက်ပြီး ခြုံတွေကြား သွားအပေါ့စွန့်နေတာ"

"စွန့်လို့ ပြီးလို့ ချုံထဲက ထွက်တော့မယ့် အချိန်မှာ အဝေးကနေ ကားတစ်စီးလာနေတာ တွေ့လိုက်ရတယ်..."

"ဘယ်လို ကားမျိုးလဲ။ လိုင်စင်နံပါတ်ပြားရော တွေ့လိုက်လား" ချူဖုန်းက ဖြတ်မေးသည်။

ရွှီဟုန်ခမ်းက ပြန်စဥ်းစားကြည့်ကာ ဖြေသည် "ကြက်သွေးရောင် SUV ကားပဲ။ လိုင်စင်နံပါတ်ကတော့ မမှတ်မိဘူး"

"ဆက်ပြော"

"ကားလာတာတွေ့တော့ ကျွန်တော်လည်း သစ်ပင်နောက်မှာ ပုန်းပြီး ကားကျော်သွားမှ ပြန်ခရီးဆက်မလို့ပဲ။ ဒါပေမဲ့ ကားက လမ်းဘေးမှာ ရပ်သွားတယ်" ရွှီဟုန်ခမ်းက ဆက်သည်။

"ကားက လယ်ကွင်းဘေးမှာ ရပ်သွားပြီး လူနှစ်ဦးထွက်လာတယ်။ လူတစ်ယောက်က သေးသေးကွေးကွေးနဲ့ အိုမီဂါလေး။ ကျောပိုးအိတ်လွယ်ထားတယ်။ နောက်တစ်ယောက်ကကျ အရပ်ရှည်ရှည် ဗလတောင့်တောင့်နဲ့ ခေါင်းတုံး တုံးထားတဲ့ အယ်လ်ဖာပဲ။ ပြီးတော့ နှုတ်ခမ်းထောင့်မှာလည်း မှဲ့တစ်လုံးရှိတယ်"

"သူတို့နှစ်ယောက်က ပူးကပ်နေကြတာပဲ။ ကားထဲက ထွက်တာနဲ့ ဖက်ပြီး နမ်းလိုက်၊ စကားပြောလိုက်တွေ လုပ်နေကြတာ။ ကျွန်တော် ပုန်းနေတဲ့ နေရာက သူတို့နဲ့ နည်းနည်းပဲ လှမ်းတာ။ ကျွန်တော်လည်း အသံမထွက်မိအောင် သတိထားနေရတာပေါ့။ ခေါင်းတုံးနဲ့ လူက ပြောတယ်။ နတ်ဘုရားတွေ၊ စစ်သူကြီးတွေ စုံနေတာပဲ။ အဲ့နေရာက နတ်ဘုရားတွေနဲ့ စစ်သူကြီးတွေ မွေးဖွားတဲ့ နေရာတဲ့။ သေချာမမှတ်မိပေမယ့် ဆိုလိုရင်းကတော့ အဲ့လိုသဘောမျိုးပဲ" ရွှီဟုန်ခမ်းက ကြိုးစားကာ ပြန်စဥ်းစားကြည့်သည်။

"ခေါင်းတုံးက အိုမီဂါကို မေးတယ်။ စစ်သူကြီးတွေ မွေးဖွားလာတဲ့ နေရာအတိအကျကို သွားကြည့်ချင်လားတဲ့။ အိုမီဂါက ပျော်ပျော်ပဲ သဘောတူပြီးတော့ နှစ်ယောက်သား လယ်ကွင်းထဲ ဝင်သွားကြရော"

"ကျွန်တော် သူတို့ အတော်ဝေးဝေးရောက်သွားမှပဲ သစ်ပင်နောက်က ထွက်လာခဲ့ရတယ်။ ဆိုင်ကယ်ကိုတောင် စက်မနှိုးရဲဘူး။ ဒီအတိုင်းကြီးပဲ တွန်းလာပြီး အဝေးရောက်မှ စီးရဲတော့တယ်"

"ဒါဆို အဲ့အိုမီဂါအသတ်ခံရမှန်း မင်း ဘယ်လိုသိလဲ" ချန်စီဟန်က မေးသည်။

"နောက်နေ့ ကျွန်တော်လည်း အမျိုးအိမ်မှာ သတင်းတွေ ကြည့်နေတုန်း အိုမီဂါနောက်တစ်ယောက် ပျော်ဘွယ်တောရွာနားမှာ အသတ်ခံထားရတဲ့အကြောင်းနဲ့ မျက်မြင်သက်သေရှိရင် လာထွက်ဆိုကြဖို့ နှိုးဆော်တာ တွေ့လိုက်ရတယ်လေ။ ဓာတ်ပုံကို တွေ့တော့မှ အမလေးလေး ကျွန်တော် မနေ့က တွေ့ခဲ့တဲ့ အိုမီဂါဖြစ်နေတာကိုး။ ရဲတွေကို လှမ်းခေါ်ချင်ပေမယ့် ကျွန်တော်ကိုယ်တိုင်ကလည်း ထွက်ပြေးနေရတဲ့ လူလေ။ အဲ့တော့ ဘယ်ပြောရဲပါ့မလဲ"

ချူဖုန်းက စားပွဲပေါ်ရှိ ရီမုဒ်ကို နှိပ်လိုက်ရာ ရွှီဟုန်ခမ်းရှေ့တွင် သုံးဖက်မြင်မျက်နှာပြင်တစ်ခု ပေါ်လာလေသည်။

စခရင်ပေါ်တွင်တော့ နှုတ်ခမ်းထောင့်တွင် မှဲ့တစ်လုံးရှိသော ခေါင်းတုံးနှင့် လူပုံက ရှေ့မှ နောက် လည်နေချေ၏။

"ကြည့်လိုက် မင်း မြင်ခဲ့တာ သူလား"

ချူဖုန်း ခပ်အေးအေးပဲ မေးလိုက်ရင်း စားပွဲပေါ်မှ လက်ကိုမူ သတိမထားမိစွာ ဆုပ်ထားမိသည်။

ရွှီဟုန်ခမ်းသည် ရှေ့တိုးကာ အတန်ကြာစိုက်ကြည့်နေပြီးနောက် လက်ထိတ်ခတ်ခံထားရသော လက်ကို မြှောက်ကာ 3D ပုံရိပ်ကို လက်ညှိုးထိုး၍ အော်ပြောတော့သည် "ဟုတ်တယ် သူပဲ ကျွန်တော် တွေ့ခဲ့တာ သူပဲ"

...

ရဲမှူးရုံးခန်းထဲတွင် ဖြစ်သည်။

ချန်စီဟန်သည် စားပွဲခုံကို မှီလိုက်ရင်း ဆိ​ုလာသည် "အိုမီဂါသတ်သမားက မင်းကို ဆိုက်ဖာဘူးပေးသွားတဲ့ လူဆိုတာ အခုဆို သေချာသွားပြီ။ သူ အိုမီဂါတွေ သတ်ရတဲ့ အကြောင်းပြချက်ကလည်း မင်းရဲ့ သီအိုရီအတိုင်းပဲ။ မီးစဥ်ကျမ်းထဲက အစောင့်နတ်ဘုရားတွေ မွေးဖွားမယ့် အချိန်နဲ့ နေရာအလိုက် အံကိုက်လုပ်နေတာ"

ချူဖုန်းသည် ထိုင်ခုံကို နောက်ကျောမှီချ၍ မျက်လုံးများ မှိတ်ထားရင်း စကားမဆို။

ချန်စီဟန်က သူ့ခေါင်းသူ ရိုက်ကာ "ငါ တပည့်တစ်ယောက်ကို  ခိုင်းပြီး မီးစဥ်ကျမ်းစာအုပ် ယူလာခိုင်းလိုက်မယ်။ ထပ်ဆန်းစစ်ကြည့်ကြတာပေါ့"

"ဖန်တီးခြင်းနတ်ဘုရား ဟဲလက်စ်သည် အမ်မြူရယ်အား ဖမ်းချုပ်ထားသော အရပ်မျက်နှာဘက်သို့ ရှေးရှုလျက် မတူညီသောနေရာများတွင် ချက်ပြုတ်ပြီးသော အစေ့ငါးစေ့ ပျိုးကြဲခဲ့၏။ ခုနှစ်ရက် ကြာသော ညခင်း ၈ နာရီတွင် တောင်ထွဋ် ပိနို အခြေတွင် စိုက်ခဲ့သော အစေ့သည် မြေပြင်မှ ထူထကာ အရှင်ဟဲလက်စ်၏ အစောင့်နတ်ဘုရား ပိနို ဖြစ်လာခဲ့သည်" ချူဖုန်းက မျက်လုံးများမှိတ်လျက်သားပင် ရွတ်ဆိုသည်။

"မင်း တကယ်ကြီးကို အလွတ်ကျက်ထားတာလား" ချန်စီဟန် အံ့အားသင့်သွားကာ "နောက်ကော။ ပြီးတော့ ဘာလာလဲ။ ဆက်ဆိုကြည့်"

"ခုနှစ်ရက်ကြာသော ညခင်း ၈ နာရီတွင် တောင်ထွဋ် ပိနို အခြေတွင် စိုက်ခဲ့သော အစေ့သည် မြေပြင်မှ ထူထကာ အရှင်မြတ် ဟဲလက်စ်၏ အစောင့်နတ်ဘုရား ပိနို ဖြစ်လာခဲ့သည်။ သူ၏ မွေးဖွားမှုက အခြားမျိုးစေ့များကိုပါ ရှင်သန်ခြင်းပေးသနားခဲ့၏။ သုံးရက်ကြာသော မနက်ခင်းအစောပိုင်းတွင် ပက်စ်တာတောင်ကြား၌ ဒုတိယမြောက် မျိုးစေ့ပေါက်ဖွားခဲ့ကာ ဒုတိယအစောင့်နတ်ဘုရားပက်စ်တာဖြစ်တည်လာခဲ့သည်"

ချူဖုန်းက အေးအေးလူလူပင် ဆက်ရွတ်သည်။

"...ငါးခုမြောက်သော မျိုးစေ့သည် ကမ့်ဘဲတွင် မြေပြင်ကို ထိုးဖောက်လျက် ငါးယောက်မြောက် အစောင့်နတ်ဘုရား ကမ့်ဘဲဖြစ်လာခဲ့သည်။ ထို့သို့ဖြင့် အစောင့်နတ်ဘုရားငါးပါး မွေးဖွားလာခဲ့သည်"

ချူဖုန်းက ထိုစာပိုဒ်ပြီးနောက် ဆက်မရွတ်ဖတ်တော့ပဲ ထိုင်ခုံတွင်သာ နှုတ်ဆိတ်လျက် မှီနေလေသည်။

"ဆက်လေ ဆက်လေ ဆက်ရွတ်လေ" ချန်စီဟန်က လောဆော်သည်။

ချူဖုန်းက မျက်လုံးဖွင့်လာပြီး ချန်စီဟန်ကို ကြည့်ကာ "အဲ့ဒါပဲ"

"မရှိတော့ဘူးလား"

"အစောင့်နတ်ဘုရားက ငါးပါးထဲ ရှိတာ။ အကုန်လုံးကလည်း နိုးထလာပြီးပြီ။ သူတို့ကို မိတ်ဆက်ပေးတဲ့ စာက ပျောက်နေတယ်။ လူသတ်သမားကလည်း အဲ့ငါးယောက်ကို သတ်ပြီးကတည်းက ဆက်မလှုပ်ရှားတော့ဘူး" ချူဖုန်းက ဆိုသည်။

ချန်စီဟန်က မေးသည် "အာ့ဆို နတ်ဘုရားတွေ နိုးထလာပြီးတော့ ဘာလုပ်ကြလဲ"

ချူဖုန်း စဥ်းစားကြည့်လိုက်ကာ "ငါ့အထင် ... ရေးထားတဲ့ထဲမှာတော့...ဟုတ်တယ် သူတို့ ဖမ်းချုပ်ခံထားရတဲ့ အမ်မြူရယ်ကို သွားကယ်ကြတယ်"

"အော် သွားကယ်တာ...အမ်မြူရယ်ဆိုတာ ဘယ်သူတုန်း"

"ဟဲလက်စ်ရဲ့ သား"

ချန်စီဟန်က ရေရွတ်သည် "သူတို့ အဲ့ဒီ ဘာသားဆိုလားကိုလည်း ကယ်တင်ပြီးပြီဆိုတော့ အဲ့ဒါလည်း မွေးဖွားမှုတစ်မျိုးပဲပေါ့ ဟုတ်တယ်မလား။ မြေကြီးကနေ မျိုးစေ့ပေါက်တာဖြစ်ဖြစ် ဝမ်းတွင်းလွယ်မွေးတာ​ဖြစ်ဖြစ် မွေးဖွားတာပဲလေ"

"မွေးဖွားတာ..." ချူဖုန်းက ရုတ်ချည်း မတ်မတ်ထထိုင်ကာ ချန်စီဟန်ကို ထူးဆန်းစွာ ကြည့်လာသည်။

ချန်စီဟန် သူ့မျက်နှာသူ ထိကြည့်ကာ မေးချေသည် "ဘာလဲ။ ဘာလို့ ငါ့ကို အဲ့လိုကြီး ကြည့်နေတာလဲ"

ချူဖုန်းက ထိုင်နေရာမှ ထရပ်ကာ အလောတကောပြောလာသည် "မင်း တပည့်တွေကို မီးစဥ်ကျမ်းရှာလာခိုင်းလိုက်"

နှစ်များစွာ ရဲမှူးလုပ်လာခဲ့သော ချန်စီဟန်သည် တမဟုတ်ချင်းပင် တန်းအထာပေါက်လျက် ပြေးထွက်သွားလေသည်။ ခဏကြာသော် မီးစဥ်ကျမ်းစာအုပ်အထူကြီးနှင့်အတူ ပြန်ရောက်လာကာ ချူဖုန်းရှေ့မှ စားပွဲပေါ် ဘုန်းခနဲ ပစ်ချပေးလိုက်သည်။ ချူဖုန်း စာအုပ်ကို အမြန်လှန်၍ လိုအပ်သော စာမျက်နှာကို ကြည့်လိုက်လေသည်။

သူ စာပိုဒ်တစ်ပိုဒ်ပေါ် လက်ထောက်ကာ ဖတ်ကြည့်သည် "ဇန်နဝါရီလ ငါးရက်နေ့ ညနေ ရှစ်နာရီတွင် အမ်မြူရယ်သည် နတ်ဘုရားတို့၏ စွမ်းအားများဖြင့် ဆင့်ခေါ်ခြင်းခံရကာ ချုပ်နှောင်ခံထားရရာ နေရာမှ ဖောက်ထွက်လျက် ဟဲလက်စ်ထံပါး ပြန်ရောက်ရှိလာခဲ့သည်"

"ဇန်နဝါရီလ ငါးရက် ညနေ ရှစ်နာရီ။ အဲ့ဒါ လွန်ခဲ့တဲ့ လဝက်တည်းကလေ" ချန်စီဟန်က မေးစေ့သပ်ကာ ပြန်စဥ်းစားကြည့်သည် "အဲ့နေ့မှာ ဘာမှ မဖြစ်ခဲ့တာ ငါ မှတ်မိပါသေးတယ်။ အကုန်ပုံမှန်ပါပဲ"

ချူဖုန်းက သူ့ကို ကြည့်ကာ "အဲ့ဒါ တော်ဝင်ပြက္ခဒိန်ရဲ့ ဇန်နဝါရီလ ငါးရက်နေ့လေ။ မဟာမိတ်ပေါင်းစုပြက္ခဒိန်နဲ့မှ မတူတာ"

ပြောပြီးနောက် တာမီနယ်ဖွင့်ကာ စခရင်ကို ထုတ်၍ ပြက္ခဒိန်ဝင်ကြည့်လိုက်လေသည်။

"ဒီမှာ။ တော်ဝင်ပြက္ခဒိန်ရဲ့ ဇန်နဝါရီလ ငါးရက်နေ့" ချန်စီဟန်က နေ့စွဲကို လက်ညှိုးထိုးပြကာ ရွတ်သည် "မဟာမိတ်ပေါင်းစုပြက္ခဒိန်မှာ ဖေဖော်ဝါရီ ၂၈ရက်နေ့ပဲ"

"ဖေဖော်ဝါရီ ၂၈ ရက်။ အဲ့ဒါ ဒီနေ့မဟုတ်ဘူးလား" ပြီးနောက် ချူဖုန်းကို အလန့်တကြားပြောလာသည်။

ချူဖုန်းသည် ခေါင်းငုံ့၍ ကျမ်းစဥ်ထဲ ထပ်လှန်ပြန်ကာ "ကျမ်းစာအုပ်ထဲမှာတော့ အမ်မြူရယ် အဖမ်းခံထားရတယ်ပဲ ပါတယ်။ ဘယ်မှာဖမ်းထားတယ်ဆိုတာတော့ မပြောဘူး"

ချန်စီဟန်လည်း အနားကပ်လာကာ နှစ်ယောက်သားအတူတကွပင် ကျမ်းစဥ်ကို ဖတ်ရင်း စာမျက်နှာများ လှန်ကာ တည်နေရာကို ရှာကြသည်။ သို့သော် အမ်မြူရယ်ပါသည့် စာပိုဒ်အားလုံး ကုန်သည့်တိုင် ဘယ်နေရာတွင် ချုပ်နှောင်ခံထားရမှန်းတော့ ရှာမတွေ့။

"ဘယ်နေရာမှာလဲ။ အမ်မြူရယ်ကို ဘယ်နေရာမှာ ဖမ်းထားတာလဲ" ချန်စီဟန်က ပွစိပွစိဖြင့် ရေရွတ်ရင်း အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေလေသည်။

ချူဖုန်းကမူ ပြတင်းပေါက်အပြင်ဘက်သို့ ငေးရင်းမှ နှုတ်ဆိတ်နေလေသည်။ ချန်စီဟန် ထပ်ခေါင်းကုတ်လာရချိန်တွင် ချူဖုန်းသည် ရုတ်ချည်းပင် ထရပ်ကာ အခန်းလယ်သို့ ခြေလှမ်းကြဲများဖြင့် လျှောက်သွားပြီး တာမီနယ်ကို နှိပ်ကာ စခရင်ကြီးကြီးတစ်ခု ဖွင့်လိုက်လေသည်။

ပြီးနောက် ပိနိုတောင်၊ ပက်စ်တာတောင်ကြား၊ လီယိုနာ့တ်တောင်၊ ပါဆစ်ခ်တောင်ကြား၊ ကမ့်ဘဲချိုင့်ဝှမ်းတို့ကို ရိုက်ရှာလိုက်ရာ ငါးနေရာက ချက်ချင်းပင် ပဉ္စဂံပုံသဏ္ဍာန် ပေါ်ထွက်လာတော့သည်။

ချန်စီဟန်လည်း ရောက်လာပြီး စခရင်ကို ကြည့်နေလေသည်။

ချူဖုန်းသည် စခရင်ကို စိုက်ကြည့်ရင်း မျက်လုံးများက လင်းလက်သွားလေသည် "ဖန်တီးခြင်းနတ်ဘုရား ဟဲလက်စ်သည် အမ်မြူရယ်အား ဖမ်းချုပ်ထားသော အရပ်မျက်နှာဘက်သို့ ရှေးရှုလျက် မတူညီသောနေရာများတွင် ချက်ပြုတ်ပြီးသော အစေ့ငါးစေ့ ပျိုးကြဲခဲ့၏"

ချူဖုန်းက ချန်စီဟန်ကို ကြည့်ကာ မေး၏ "စီဟန် အစောင့်နတ်ဘုရားငါးပါးဘက်ကနေ တောင်တွေ ချောက်တွေကို ကျော်ပြီး လှမ်းမြင်နိုင်တဲ့ နေရာက ဘာဖြစ်မလဲ"

"ဘယ်နေရာ...ငါ မသိဘူး"

ချူဖုန်းမှ ပဉ္စဂံပုံ၏ ဗဟိုချက်ကို နှိပ်ပြလိုက်ရာ နှင်းများ ဖုံးလွှမ်းနေသော တောင်တစ်ခု တဖြည်းဖြည်းနှင့် ရုပ်လုံးကြွပေါ်လာဆော့သည်။ သုံးဖက်မြင်မြေပုံမှလည်း ဖြည်းလေးစွာ လည်ပတ်ပြလာသော် ပဉ္စဂံ၏ ထောင့်စွန်းကိုယ်စီမှနေ ထောင်ထိပ်သို့ လှမ်းမြင်နေရကြောင်း တွေ့လိုက်ရလေသည်။

ချန်စီဟန်မှာ ပါးစပ်ဟောင်းလောင်းပွင့်သွားရလျက် ချူဖုန်းနှင့် တပြိုင်နက်တည်းမှာပင် ဆိုသည် "ကာ့ပ်တောင်"

"မဟာမိတ်ပေါင်းစုထဲက အမြင့်ဆုံးတောင်ဖြစ်တဲ့ ကာ့ပ်တောင်မှာ အမ်မြူရယ်ကို ဖမ်းထားတာကွ!" ချန်စီဟန်က စိတ်လှုပ်ရှားစွာ လက်သီးဆုပ်ထောင်လျက် အော်သည်။

ချူဖုန်းကလည်း ရယ်သည်။ သို့သော် ချက်ချင်းပင် အရယ်ရပ်၍ စခရင်ပြင်ကျယ်ပေါ် နှိပ်ကာ "ပဉ္စဂံရဲ့ အလယ်ဗဟိုချက် ကာ့ပ်တောင်က လက်ရှိဘေးရာ့ဒ်ဘယ်နေရာမှာ ရှိတာလဲဆိုတာ ကြည့်လိုက်​ရအောင်"

အလင်းဦးနှောက်က သွက်လက်စွာ အလုပ်လုပ်လျက် တမဟုတ်ချင်းပင် စခရင်ပေါ်တွင် အစောင့်နတ်ဘုရားငါးပါးနိုးထသော ငါးနေရာနှင့် ဆင်တူသည့် အိုမီဂါငါးဦး အသတ်ခံရသော နေရာများ ပေါ်လာလျက် ပဉ္စဂံပုံစံ ချိတ်ဆက်သွားတော့သည်။

ကာ့ပ်နှင်းတောင်ရှိရာ တည်နေရာတွင် အနီစက်လေး မှိတ်တုတ်မှိတ်တုတ် ဖြစ်ကာ အောက်ဘက်တွင်တော့ စာသားအချို့ ရှိနေလေသည်။ ချူဖုန်း ထိုစာကြောင်းကို နှိပ်ကာ အကျယ်ချဲ့ကြည့်လိုက်သည်။

ချန်စီဟန်က အသံထွက်ရွတ်သည် "ဘေးရာ့ဒ် စက်လမ်း၊ အဲ့လမ်းကို ဘာလို့ ကြားဖူးနေကျလို ခံစားရတာပါလိမ့်။ ဒါပေမဲ့ စဥ်းစားလို့မရဘူးဖြစ်နေတယ်" သူ ဘေးက ချူဖုန်းကို မေးလေသည်။

ချူဖုန်းမျက်နှာသည် သိသိသာသာကိုပင် သွေးဆုတ်ဖြူရော်သွားတော့ကာ လက်သီးဆုပ်၍ ဆိုလာလေသည် "ဘာလို့ဆိုရင် ငါတို့ အဲ့လမ်းကို နာမည်တပ်ပြီးတော့ မခေါ်ကြတာကိုး။ မြေအောက်မှောင်ခိုစျေးကွက်လို့ပဲ ခေါ်ကြတာလေ"

___

< Zawgyi >

အခန္း ( ၇၂ ) - ခ်ဳပ္ေႏွာင္ခံထားရေသာ အမ္ျမဴရယ္

ေလာ့က်ိဳးက်ိဳး သုေတသနေက်ာင္းထဲမွ ခုံတန္းရွည္တြင္ ထိုင္၍ ေဒတာႏွစ္ခုကို ယွဥ္ေနခ်ိန္တြင္ ခ်ဴဖုန္းသည္ ေဘးတြင္ ႏႈတ္ဆိတ္ကာ အတူထိုင္ေနေပးေလသည္။ လြန္ခဲ့ေသာ ႏွစ္ရက္မွ စတင္ကာ မူးေဝျခင္း၊ နားအူျခင္းမ်ား ေပ်ာက္ကြယ္သြားခဲ့ေသာ္ျငား ဤသည္က ေကာင္းမြန္ေသာ ကိစၥရပ္မဟုတ္မွန္း သူ သိသည္။ ထိုလကၡဏာမ်ား ေပ်ာက္ကြယ္သြားျခင္းသည္ ေလာ့က်ိဳးက်ိဳး ဆည္းဆာမ်က္ႏွာေရာဂါ၏ အလယ္အလတ္အဆင့္သို႔ ဝင္ေရာက္လာၿပီ ဟု ျပသေနျခင္းျဖစ္ကာ ထိုအဆင့္တြင္ သူ၏ ပုံပန္းသြင္ျပင္၊ ဇီဝကမၼလုပ္ေဆာင္ခ်က္မ်ား တစ္နည္းဆိုရလၽွင္ ဆဲလ္မ်ားအားလုံးပဲ အရွိန္လ်င္ျမန္စြာ အိုမင္းလာေတာ့မည္ျဖစ္၏။

ခ်ဴဖုန္း၏ ႏူးညံ့ေသာ အၾကည့္က ေလာ့က်ိဳးက်ိဳး၏ အာ႐ုံကို ဖမ္းစားသြားရကာ သူ ဖတ္လက္စကို ခ်၍ ေမးလိုက္သည္ "ဘာလို႔ ကၽြန္ေတာ့္ကို အဲ့လို ၾကည့္ေနတာလဲ"

"ကိုယ္ စဥ္းစားေနတာ ... မင္းသာ အဖိုးအိုေလးျဖစ္လာရင္ အလွဆုံး အဖိုးအိုေလး ျဖစ္ေနမွာပဲဆိုၿပီး" ခ်ဴဖုန္းက ျပဳံးစစျဖင့္ ဆိုသည္။

ေလာ့က်ိဳးက်ိဳးသည္ ခ်ဴဖုန္းေပါင္ေပၚ တက္ခြထိုင္ကာ လည္ပင္းကို သိုင္းဖက္လိုက္ၿပီး ေျပာေခ်သည္ "ကၽြန္ေတာ္ ဟိုအျပာႏုေရာင္ ဝွီးခ်ဲေလးမ်ိဳး လိုခ်င္တယ္။ အေပၚမွာ ေရာင္စုံထီးတစ္လက္နဲ႔ ေနာက္မွာက် အ႐ုပ္ေတြ ခ်ိတ္ထားတဲ့ ဝွီးခ်ဲေလ"

ေလာ့က်ိဳးက်ိဳး အလုပ္လာရင္း လမ္းတြင္ လူတစ္ဦးမွ ထိုဝွီးခ်ဲေလးကို တြန္းေနခဲ့ပုံကို ျမင္ရာ အၾကည့္တို႔က ေကာ္လို ျမဲၿမံကာ မခြာနိုင္ခဲ့။

"ဒါေပမဲ့ မေန႔က ေျပာတုန္းကက် ဝက္ဝံေလးေတြပါ ထည့္လို႔ရေအာင္ ျခင္းေတာင္းပါတဲ့ ဝွီးခ်ဲလိုခ်င္တယ္ဆို။ က်ီးကိုႀကီးနဲ႔ က်ီးညီေလးတို႔ကိုလည္း ထည့္ခ်င္တယ္ဆို" ခ်ဴဖုန္းက သတိေပးသည္။

ေလာ့က်ိဳးက်ိဳး ျပန္သတိရသြားကာ ႏွေျမာတသျဖင့္ ဆိုသည္ "အာ...ဟုတ္သား။ ခင္ဗ်ား ကၽြန္ေတာ့္ကို ေနပူစာလႈံဖို႔ အျပင္လိုက္ပို႔ေပးရင္ သူတို႔ပါ ေခၚခဲ့မွရမွာေပါ့"

ခ်ဴဖုန္းက ေျပာသည္ "ဒါဆိုလည္း ျပန္ျပဳျပင္ယူၾကတာေပါ့။ ျခင္းေတာင္းေလးကို ထီးနဲ႔အတူတူပဲ ဝွီးခ်ဲေနာက္မွာ ခ်ိတ္လိုက္မယ္ေလ"

"အဲ့အႀကံမဆိုးဘူး" ေလာ့က်ိဳးက်ိဳး ရႊင္ျမဴးသြားကာ "ကၽြန္ေတာ့္ဆီမွာ ဗန္ပိုင္းယားစတစ္ကာေလးတစ္ခု က်န္ေသးတယ္။ ဝွီးခ်ဲေပၚမွာ ကပ္လိုက္မယ္ေလ"

ခ်ဴဖုန္းသည္ လူငယ္ေလး၏ ႏႈတ္ခမ္းတို႔ကို ခပ္ဖြဖြနမ္းလိုက္ကာ "ကိုယ္ မင္းကို တြန္းေပးၿပီး ေဖးလ္ျမစ္မွာ ေနထြက္ခ်ိန္နဲ႔ ၾကယ္ေတြသြားၾကည့္ၾကမယ္"

"ေနာက္ၿပီး ခင္ဗ်ား တစ္ခါေျပာဖူးတဲ့ အာကာသဆိုတာေလ။ ပိုးစုန္းၾကဴးေတြ အမ်ားႀကီးနဲ႔ဆိုတာ။ အဲ့ဒီေနရာကိုေရာပဲ" ခ်ဴဖုန္း နယ္စပ္ဘက္တြင္ ကားေမာင္းရင္း ပိုးစုန္းၾကဴးပင္လယ္ႀကီးကို ျမင္လိုက္ရကာ အာကာသထဲ ေရာက္သြားသလို ခံစားခဲ့ရေၾကာင္း ေျပာဖူးမွန္း ေလာ့က်ိဳးက်ိဳး မွတ္မိေနပါေသး၏။

"အိုေက...မိသားစုလိုက္ ပိုးစုန္းၾကဴးေတြကို သြားၾကည့္ၾကမယ္"

အျပင္ဘက္တြင္ မိုးဖြဲဖြဲက်ေနရာ မွန္ျပတင္းေပါက္မ်ားတြင္ အခိုးအေငြ႕ လာရိုက္လ်က္ ေဝဝါးေန၏။ ေကာင္းကင္ႀကီးသည္ ေအးစက္ညႇို႔မွိုင္းေနေသာ္ျငား ေႏြးေထြးေသာ စမ္းသပ္ခန္းထဲမွ သူတို႔ႏွစ္ေယာက္ကေတာ့ တစ္ဦးကို တစ္ဦး တင္းၾကပ္စြာ ေပြ႕ဖက္လ်က္ အစီအစဥ္မ်ား ႀကိဳခ်ေနမိၾကသည္။

"အဲ့ဒီစမ္းသပ္ကိရိယာႏွစ္ခုလည္း သယ္ခဲ့ရေအာင္။ လမ္းမွာ ေဆာ့ရင္း စမ္းသပ္မႈေတြလည္း လုပ္ၾကမယ္ေလ။ ေတြ႕လား။ ဟိုႏွစ္ခုေလ"

"အာ့ဆိုရင္ေတာ့ ဝွီးခ်ဲေနာက္မွာ ပစၥည္းတန္းႀကီးနဲ႔ ရထားတြဲအေသးစားေလး ျဖစ္ေနေတာ့မွာပဲ"

"ဟားဟားဟားဟားဟား ရထားတြဲအေသးစားေလး ဟားဟားဟား"

...

ေလာ့က်ိဳးက်ိဳး ရယ္ေနခ်ိန္တြင္ ခ်ဴဖုန္းတာမီနယ္မွ အသံျမည္လာေလသည္။ သူ ေျဖဆိုခလုတ္ကို ႏွိပ္လိုက္ရာ ခ်န္စီဟန္၏ ပရိုဂ်က္ရွင္ပုံရိပ္က ေလထဲ၌ ေပၚထြက္လာေတာ့သည္။

ခ်ဴဖုန္းကို ျမင္ေသာ္ ခ်န္စီဟန္က တက္ႂကြစြာ ေျပာလာသည္ "ခ်ဴဖုန္း ငါတို႔ဌာနမွာ တကၠစီသမားပုံဖမ္းၿပီး ဓားျပတိုက္တဲ့ တရားခံတစ္ေယာက္ ဖမ္းမိထားတယ္။ ဒီေန႔ သူ႔ကို ႐ုံးတင္ေတာ့ အျပစ္ေပါ့ေအာင္ သူ ေတြ႕ခဲ့ရတဲ့ လူသတ္မႈတစ္ခုကို ဝန္ခံခ်င္လို႔တဲ့။ အဲ့ဒါ ဘာအမႈလည္း သိလား။ အသတ္ခံရတဲ့ လူက အိုမီဂါသတ္သမားေက့စ္က လင္းဝမ္ခ်ိဳင္ျဖစ္ေန-"

"ငါ က်ိဳးက်ိဳးကို အိမ္ျပန္ပို႔ေပးရမယ္။ အဲ့ေတာ့ အခုမလာနိုင္ဘူး။ စီဟန္ မင္းဘာသာပဲ ၾကည့္စီစဥ္လိုက္ေတာ့" ခ်ဴဖုန္းက ျဖတ္ေျပာသည္။

ခ်န္စီဟန္ကလည္း ေလာ့က်ိဳးက်ိဳးအေၾကာင္းသိထားၿပီးျဖစ္ရာ ခဏတိတ္သြားၿပီး ဆိုသည္ "အိုေက မင္း က်ိဳးက်ိဳးနဲ႔ ေနေပးလိုက္ေပါ့။ ငါ အမႈစစ္ၿပီးလို႔ ထူးတာရွိရင္ ျပန္ေျပာမယ္ေလ"

"အိ​ုေက"

ခ်န္စီဟန္က စကားအနည္းငယ္ထပ္ေျပာၿပီးေနာက္ ခ်ဴဖုန္းေပါင္ေပၚ ထိုင္ေနေသာ ေလာ့က်ိဳးက်ိဳးအား လက္ေဝ့ျပကာ "က်ိဳးက်ိဳး ငါ ဝိုင္းေကာင္းေကာင္းတစ္ပုလင္း ရွာေတြ႕ထားတယ္။ အယ္လ္ကိုေဟာလည္း သိပ္မပါဘူး။ ဘီယာေလာက္ေတာ့ မေကာင္းေပမယ့္ အရသာက မဆိုးဘူးကြ။ မနက္ျဖန္ ယူလာေပးမယ္"

"ေက်းဇူးပါ ရဲမႉးခ်န္" ေလာ့က်ိဳးက်ိဳး မ်က္လုံးမ်ား ေတာက္ျဖာသြားကာ ျပန္လက္ေဝ့ျပလိုက္သည္။

ခ်ဴဖုန္းသည္ ဖုန္းခ်ၿပီးေနာက္ အေတြးပြားေနဟန္ျဖင့္ အခန္းေထာင့္တစ္ေနရာကို စိုက္ၾကည့္ေနေတာ့ေပသည္။ ေလာ့က်ိဳးက်ိဳးက ခ်ဴဖုန္းလည္တိုင္ကို သိုင္းဖက္ကာ ႏွစ္ခ်က္ နမ္းလိုက္ၿပီး ဆိုသည္ "အဲ့အမႈကို ခင္ဗ်ား သဲလြန္စလိုက္ေနရတာ ၾကာၿပီ မဟုတ္လား။ သြားနားေထာင္လိုက္ေလ"

"ဟင့္အင္း ကိုယ္ မင္းကို အိမ္ျပန္ပို႔ေပးခ်င္ေသးတယ္" ခ်ဴဖုန္းက ေျပာသည္။

"ကၽြန္ေတာ္ ေနာက္မွ တကၠစီပဲ ငွားျပန္လိုက္ပါ့မယ္။ ကၽြန္ေတာ့္ကို ေစာင့္မေနနဲ႔။ ခင္ဗ်ားပဲ ေျပာထားတာ မဟုတ္ဘူးလား။ ေရြးေကာက္ပြဲ မၿပီးမခ်င္း လုံျခဳံပါတယ္ဆို" ေလာ့က်ိဳးက်ိဳး ခ်ဴဖုန္း၏ စုက်ဳံ႕ထားေသာ မ်က္ခုံးတို႔ကို လက္ျဖင့္ ပြတ္၍ ေျဖေလၽွာ့ေပးလိုက္ကာ "တစ္ခ်ိန္လုံး မ်က္ေမွာင္ႀကီးကုတ္ၿပီး ကၽြန္ေတာ့္ကို အဲ့လို ၾကည့္မေနနဲ႔။ ကၽြန္ေတာ္ အခုခ်က္ခ်င္းကို ေခြေခါက္လဲေတာ့မွာက်ေနတာပဲ"

"ကယ္လ္ဂါနဲ႔ကိစၥက ဘာမွမျဖစ္ေတာ့ဘူးဆိုေပမယ့္ မင္းကို အိမ္ တစ္ေယာက္တည္းျပန္လႊတ္ရမွာ စိတ္မခ်ဘူး" ခ်ဴဖုန္းမ်က္ခုံးတို႔က ေျပေလ်ာ့မသြားသည့္အျပင္ ပိုေတာင္က်ဳံ႕လာေလသည္။

"ခင္ဗ်ားသာ လူသတ္သမားကို ဖမ္းမိၿပီး တံဆိပ္ ေနာက္ကြယ္က လူကို ရွာနိုင္ရင္ ဗိုလ္ခ်ဳပ္ေလာ့ေျပာခဲ့တဲ့ လ်ိဳ႕ဝွက္ခ်က္ကို သိၿပီး သူ႔ကို ကယ္နိုင္မွာေပါ့။ ေနာက္ၿပီး ကၽြန္ေတာ္လည္း ေရာဂါျပန္မထေတာ့တာ နည္းနည္းၾကာၿပီမို႔ စိတ္မပူနဲ႔"

ေလာ့က်ိဳးက်ိဳး လက္ျပန္ခ်ကာ ခ်ဴဖုန္း၏ တြန္႔ေကြးတက္ေနေသာ မ်က္ခုံးၾကားေနရာကို ႏႈတ္ခမ္းမ်ားျဖင့္ ဖိနမ္း၍ တြန္႔ေၾကာင္းမ်ား တစ္ျဖည္းျဖည္းႏွင့္ ေျပေလ်ာ့လာမွန္း ခံစားမိမွ ေမးလိုက္သည္ "ဟင္? သြားခ်င္တယ္ဟုတ္?"

ခ်ဴဖုန္း ျပန္မေျဖေသာအခါ သူ မြစိမြစိေလးနမ္းကာ တစ္ခါနမ္းလိုက္ တစ္ခါေမးလိုက္လုပ္ေနေတာ့သည္ "သြားမွာလား မသြားဘူးလား"

ခ်ဴဖုန္းက ျပဳံးေရးေရးျဖင့္ ေျပာလာသည္ "အဲ့ဒါဆို အိမ္ေစာေစာျပန္ရမယ္ေနာ္။ ေမွာင္တဲ့အထိ မေနနဲ႔။ ကိုယ္ စိတ္ပူတယ္"

"အင္းပါ ဒီေန႔ ၾကာၾကာမေနပါဘူး။ ေျခာက္နာရီဆို ျပန္ခဲ့မယ္"

"အျပင္မွာ မိုးရြာလိမ့္မယ္။ စတိုခန္းထဲမွာ မိုးကာတစ္ထည္နဲ႔ ထီးတစ္လက္ရွိတယ္။ ျပန္ရင္ မိုးကာဝတ္ၿပီး ထီးေဆာင္းရမယ္ေနာ္။ နားလည္ရဲ့လား" ခ်ဴဖုန္းက ရတက္မေအးစြာ မွာသည္။

"နားလည္ပါၿပီ"

"ကိုယ္လည္း အိမ္အျမန္ျပန္ခဲ့မယ္။ ညဆယ္နာရီမထိုးခင္ေလာက္"

"အလ်င္မလိုပါနဲ႔။ ကၽြန္ေတာ္ အိမ္မွာ ေစာင့္ေနမယ္"

"အင္း"

"ျမတ္နိုးေလးေရာပဲ။ က်ီးကိုႀကီး၊ က်ီးညီေလးနဲ႔ ကၽြန္ေတာ္တို႔အကုန္ ေစာင့္ေနၾကမယ္"

ႏွစ္ဦးသား အတန္ငယ္ထပ္နမ္းၾကၿပီးေနာက္ ခ်ဴဖုန္း သုေတသနေက်ာင္းမွ ထြက္သြားကာ ေလာ့က်ိဳးက်ိဳးလည္း စမ္းသပ္ခ်က္မ်ားကို တိတ္တဆိတ္ ဆက္လုပ္ေနေလသည္။ သူ အလုပ္ထဲ အာ႐ုံနစ္ျမဳပ္ေနရာမွ အသိျပန္ဝင္လာခ်ိန္တြင္ ညရွစ္နာရီခန္႔ ရွိေနေခ်ၿပီ။

ခ်ဴဖုန္းကို ညေျခာက္နာရီတြင္ ျပန္ပါ့မည္ဟု ေျပာခဲ့ေၾကာင္း သတိရမိရာ သူ အျမန္ပင္ မိုးကာေကာက္စြပ္လ်က္ ထီးယူကာ ေက်ာင္းထဲမွ ထြက္လာခဲ့သည္။ ေမွာင္ခိုေစ်း႐ုံထဲတြင္ လူသိပ္မရွိေတာ့။ ငမန္းျပာ၏ လူတစ္ဒါဇင္ဝန္းက်င္ခန္႔သာ ကင္းပတ္လွည့္ေနေလသည္။

ေလာ့က်ိဳးက်ိဳးကို ျမင္ေသာ္ အကုန္လုံးရပ္တန္႔ကာ မတ္မတ္ရပ္၍ တရိုတေသျဖင့္ ႏႈတ္ဆက္ၾကသည္ "ဒါရိုက္တာေလာ့"

ေလာ့က်ိဳးက်ိဳး 'ဒါရိုက္တာေလာ့' ဟူေသာ အေခၚအေဝၚကို ၾကားေသာအခါ ရႊင္လန္းစြာ တုံ႔ျပန္သည္ "ကၽြန္ေတာ္ ျပန္ၿပီ။ ခင္ဗ်ားတို႔လည္း အိမ္ျပန္နားၾကေတာ့ေလ"

"ဟုတ္ကဲ့ ဒါရိုက္တာေလာ့။ မနက္ျဖန္မွ ေတြ႕ၾကတာေပါ့"

"မနက္ျဖန္မွ ေတြ႕ၾကမယ္"

ေမွာင္ခိုေစ်း႐ုံအျပင္ဘက္တြင္ ေမွာင္မိုက္ေနၿပီျဖစ္ေလသည္။ တည္ေနရာမွာ အစတည္းက ေဘးရာ့ဒ္အစြန္ပိုင္းတြင္ ျဖစ္ရာ ယခုလို မိုးသည္းေနခ်ိန္တြင္ လမ္းမ်ားေပၚ၌ လူသြားလူလာကင္းမဲ့လ်က္ ယာဥ္လည္း ပါးေနေတာ့သည္။ ေလာ့က်ိဳးက်ိဳးမွာ လမ္းေပၚ ရပ္လ်က္ တကၠစီဌားရန္ လုပ္ေသာ္လည္း ငွားမရနိုင္ျဖစ္ေနရေလသည္။

အခ်ိန္ကလည္း လင့္ေနၿပီမို႔ သူ ထပ္ေစာင့္မေနေတာ့ပဲ လမ္းထဲ ဆင္းေလၽွာက္ကာ ခပ္လွမ္းလွမ္းမွ ဘတ္စ္ကားမွတ္တိုင္ဆီ လာခဲ့လိုက္ေတာ့သည္။

...

ေဘးရာ့ဒ္ရဲစခန္း စစ္ေဆးေရးခန္းထဲတြင္ ျဖစ္၏။

ခ်ဴဖုန္းႏွင့္ ခ်န္စီဟန္တို႔သည္ စားပြဲေနာက္တြင္ ထိုင္ေနၾကကာ ေရွ႕ေနရာလြတ္မွ ကုလားထိုင္ေပၚတြင္မူ လက္ထိပ္ခတ္ခံထားရေသာ ေယာက္်ားတစ္ေယာက္ ထိုင္ေနေခ်၏။

"ရႊီဟုန္ခမ္း မင္းရဲ့ ထြက္ဆိုခ်က္ကို အစအဆုံးျပန္ရြတ္ျပစမ္း" ခ်န္စီဟန္က လွမ္းေဟာက္သည္။

ေျခာက္ကပ္ေနေသာ ႏႈတ္ခမ္းတို႔ကို ေစ့ၿပီးေနာက္ ရႊီဟုန္ခမ္းက ျဖစ္ေၾကာင္းကုန္စင္ကို တစ္ေက်ာ့ျပန္ ေျပာျပသည္ "ကၽြန္ေတာ္ တစ္ရက္မွာ ျပစ္မႈက်ဴးလြန္ၿပီးေတာ့ ရဲေတြ အေနာက္က လိုက္ေနတာ သိတယ္ေလ။ အဲ့ဒါနဲ႔ ေဘးရာ့ဒ္ နန္ဖင္းၿမိဳ႕က အမ်ိဳးတစ္ေယာက္အိမ္မွာ သြားပုန္းေနမလို႔ကို မိန္းလမ္းမႀကီးကို မသုံးရဲတာနဲ႔ အနားက ရြာလမ္းကေနပဲ လာခဲ့တာ။ အဲ့ေန႔ ညေနေစာင္းပိုင္း ေမွာင္လာတဲ့ အခ်ိန္မွာ ကၽြန္ေတာ္ ဆိုင္ကယ္စီးရင္း ေပ်ာ္ဘြယ္ေတာဆိုတဲ့ ရြာေလးတစ္ရြာနား ေရာက္လာခဲ့တယ္။ အဲ့ဒီမွာ ကၽြန္ေတာ္လည္း အိမ္သာသြားခ်င္လာတာနဲ႔ ဆိုင္ကယ္ကို လမ္းေဘးက လယ္ကြင္းတစ္ကြင္းထဲ ဝွက္ၿပီး ျခဳံေတြၾကား သြားအေပါ့စြန္႔ေနတာ"

"စြန္႔လို႔ ၿပီးလို႔ ခ်ဳံထဲက ထြက္ေတာ့မယ့္ အခ်ိန္မွာ အေဝးကေန ကားတစ္စီးလာေနတာ ေတြ႕လိုက္ရတယ္..."

"ဘယ္လို ကားမ်ိဳးလဲ။ လိုင္စင္နံပါတ္ျပားေရာ ေတြ႕လိုက္လား" ခ်ဴဖုန္းက ျဖတ္ေမးသည္။

ရႊီဟုန္ခမ္းက ျပန္စဥ္းစားၾကည့္ကာ ေျဖသည္ "ၾကက္ေသြးေရာင္ SUV ကားပဲ။ လိုင္စင္နံပါတ္ကေတာ့ မမွတ္မိဘူး"

"ဆက္ေျပာ"

"ကားလာတာေတြ႕ေတာ့ ကၽြန္ေတာ္လည္း သစ္ပင္ေနာက္မွာ ပုန္းၿပီး ကားေက်ာ္သြားမွ ျပန္ခရီးဆက္မလို႔ပဲ။ ဒါေပမဲ့ ကားက လမ္းေဘးမွာ ရပ္သြားတယ္" ရႊီဟုန္ခမ္းက ဆက္သည္။

"ကားက လယ္ကြင္းေဘးမွာ ရပ္သြားၿပီး လူႏွစ္ဦးထြက္လာတယ္။ လူတစ္ေယာက္က ေသးေသးေကြးေကြးနဲ႔ အိုမီဂါေလး။ ေက်ာပိုးအိတ္လြယ္ထားတယ္။ ေနာက္တစ္ေယာက္ကက် အရပ္ရွည္ရွည္ ဗလေတာင့္ေတာင့္နဲ႔ ေခါင္းတုံး တုံးထားတဲ့ အယ္လ္ဖာပဲ။ ၿပီးေတာ့ ႏႈတ္ခမ္းေထာင့္မွာလည္း မွဲ႕တစ္လုံးရွိတယ္"

"သူတို႔ႏွစ္ေယာက္က ပူးကပ္ေနၾကတာပဲ။ ကားထဲက ထြက္တာနဲ႔ ဖက္ၿပီး နမ္းလိုက္၊ စကားေျပာလိုက္ေတြ လုပ္ေနၾကတာ။ ကၽြန္ေတာ္ ပုန္းေနတဲ့ ေနရာက သူတို႔နဲ႔ နည္းနည္းပဲ လွမ္းတာ။ ကၽြန္ေတာ္လည္း အသံမထြက္မိေအာင္ သတိထားေနရတာေပါ့။ ေခါင္းတုံးနဲ႔ လူက ေျပာတယ္။ နတ္ဘုရားေတြ၊ စစ္သူႀကီးေတြ စုံေနတာပဲ။ အဲ့ေနရာက နတ္ဘုရားေတြနဲ႔ စစ္သူႀကီးေတြ ေမြးဖြားတဲ့ ေနရာတဲ့။ ေသခ်ာမမွတ္မိေပမယ့္ ဆိုလိုရင္းကေတာ့ အဲ့လိုသေဘာမ်ိဳးပဲ" ရႊီဟုန္ခမ္းက ႀကိဳးစားကာ ျပန္စဥ္းစားၾကည့္သည္။

"ေခါင္းတုံးက အိုမီဂါကို ေမးတယ္။ စစ္သူႀကီးေတြ ေမြးဖြားလာတဲ့ ေနရာအတိအက်ကို သြားၾကည့္ခ်င္လားတဲ့။ အိုမီဂါက ေပ်ာ္ေပ်ာ္ပဲ သေဘာတူၿပီးေတာ့ ႏွစ္ေယာက္သား လယ္ကြင္းထဲ ဝင္သြားၾကေရာ"

"ကၽြန္ေတာ္ သူတို႔ အေတာ္ေဝးေဝးေရာက္သြားမွပဲ သစ္ပင္ေနာက္က ထြက္လာခဲ့ရတယ္။ ဆိုင္ကယ္ကိုေတာင္ စက္မႏွိုးရဲဘူး။ ဒီအတိုင္းႀကီးပဲ တြန္းလာၿပီး အေဝးေရာက္မွ စီးရဲေတာ့တယ္"

"ဒါဆို အဲ့အိုမီဂါအသတ္ခံရမွန္း မင္း ဘယ္လိုသိလဲ" ခ်န္စီဟန္က ေမးသည္။

"ေနာက္ေန႔ ကၽြန္ေတာ္လည္း အမ်ိဳးအိမ္မွာ သတင္းေတြ ၾကည့္ေနတုန္း အိုမီဂါေနာက္တစ္ေယာက္ ေပ်ာ္ဘြယ္ေတာရြာနားမွာ အသတ္ခံထားရတဲ့အေၾကာင္းနဲ႔ မ်က္ျမင္သက္ေသရွိရင္ လာထြက္ဆိုၾကဖို႔ ႏွိုးေဆာ္တာ ေတြ႕လိုက္ရတယ္ေလ။ ဓာတ္ပုံကို ေတြ႕ေတာ့မွ အမေလးေလး ကၽြန္ေတာ္ မေန႔က ေတြ႕ခဲ့တဲ့ အိုမီဂါျဖစ္ေနတာကိုး။ ရဲေတြကို လွမ္းေခၚခ်င္ေပမယ့္ ကၽြန္ေတာ္ကိုယ္တိုင္ကလည္း ထြက္ေျပးေနရတဲ့ လူေလ။ အဲ့ေတာ့ ဘယ္ေျပာရဲပါ့မလဲ"

ခ်ဴဖုန္းက စားပြဲေပၚရွိ ရီမုဒ္ကို ႏွိပ္လိုက္ရာ ရႊီဟုန္ခမ္းေရွ႕တြင္ သုံးဖက္ျမင္မ်က္ႏွာျပင္တစ္ခု ေပၚလာေလသည္။

စခရင္ေပၚတြင္ေတာ့ ႏႈတ္ခမ္းေထာင့္တြင္ မွဲ႕တစ္လုံးရွိေသာ ေခါင္းတုံးႏွင့္ လူပုံက ေရွ႕မွ ေနာက္ လည္ေနေခ်၏။

"ၾကည့္လိုက္ မင္း ျမင္ခဲ့တာ သူလား"

ခ်ဴဖုန္း ခပ္ေအးေအးပဲ ေမးလိုက္ရင္း စားပြဲေပၚမွ လက္ကိုမူ သတိမထားမိစြာ ဆုပ္ထားမိသည္။

ရႊီဟုန္ခမ္းသည္ ေရွ႕တိုးကာ အတန္ၾကာစိုက္ၾကည့္ေနၿပီးေနာက္ လက္ထိတ္ခတ္ခံထားရေသာ လက္ကို ေျမႇာက္ကာ 3D ပုံရိပ္ကို လက္ညႇိုးထိုး၍ ေအာ္ေျပာေတာ့သည္ "ဟုတ္တယ္ သူပဲ ကၽြန္ေတာ္ ေတြ႕ခဲ့တာ သူပဲ"

...

ရဲမႉး႐ုံးခန္းထဲတြင္ ျဖစ္သည္။

ခ်န္စီဟန္သည္ စားပြဲခုံကို မွီလိုက္ရင္း ဆိ​ုလာသည္ "အိုမီဂါသတ္သမားက မင္းကို ဆိုက္ဖာဘူးေပးသြားတဲ့ လူဆိုတာ အခုဆို ေသခ်ာသြားၿပီ။ သူ အိုမီဂါေတြ သတ္ရတဲ့ အေၾကာင္းျပခ်က္ကလည္း မင္းရဲ့ သီအိုရီအတိုင္းပဲ။ မီးစဥ္က်မ္းထဲက အေစာင့္နတ္ဘုရားေတြ ေမြးဖြားမယ့္ အခ်ိန္နဲ႔ ေနရာအလိုက္ အံကိုက္လုပ္ေနတာ"

ခ်ဴဖုန္းသည္ ထိုင္ခုံကို ေနာက္ေက်ာမွီခ်၍ မ်က္လုံးမ်ား မွိတ္ထားရင္း စကားမဆို။

ခ်န္စီဟန္က သူ႔ေခါင္းသူ ရိုက္ကာ "ငါ တပည့္တစ္ေယာက္ကို  ခိုင္းၿပီး မီးစဥ္က်မ္းစာအုပ္ ယူလာခိုင္းလိုက္မယ္။ ထပ္ဆန္းစစ္ၾကည့္ၾကတာေပါ့"

"ဖန္တီးျခင္းနတ္ဘုရား ဟဲလက္စ္သည္ အမ္ျမဴရယ္အား ဖမ္းခ်ဳပ္ထားေသာ အရပ္မ်က္ႏွာဘက္သို႔ ေရွးရႈလ်က္ မတူညီေသာေနရာမ်ားတြင္ ခ်က္ျပဳတ္ၿပီးေသာ အေစ့ငါးေစ့ ပ်ိဳးၾကဲခဲ့၏။ ခုႏွစ္ရက္ ၾကာေသာ ညခင္း ၈ နာရီတြင္ ေတာင္ထြဋ္ ပိနို အေျခတြင္ စိုက္ခဲ့ေသာ အေစ့သည္ ေျမျပင္မွ ထူထကာ အရွင္ဟဲလက္စ္၏ အေစာင့္နတ္ဘုရား ပိနို ျဖစ္လာခဲ့သည္" ခ်ဴဖုန္းက မ်က္လုံးမ်ားမွိတ္လ်က္သားပင္ ရြတ္ဆိုသည္။

"မင္း တကယ္ႀကီးကို အလြတ္က်က္ထားတာလား" ခ်န္စီဟန္ အံ့အားသင့္သြားကာ "ေနာက္ေကာ။ ၿပီးေတာ့ ဘာလာလဲ။ ဆက္ဆိုၾကည့္"

"ခုႏွစ္ရက္ၾကာေသာ ညခင္း ၈ နာရီတြင္ ေတာင္ထြဋ္ ပိနို အေျခတြင္ စိုက္ခဲ့ေသာ အေစ့သည္ ေျမျပင္မွ ထူထကာ အရွင္ျမတ္ ဟဲလက္စ္၏ အေစာင့္နတ္ဘုရား ပိနို ျဖစ္လာခဲ့သည္။ သူ၏ ေမြးဖြားမႈက အျခားမ်ိဳးေစ့မ်ားကိုပါ ရွင္သန္ျခင္းေပးသနားခဲ့၏။ သုံးရက္ၾကာေသာ မနက္ခင္းအေစာပိုင္းတြင္ ပက္စ္တာေတာင္ၾကား၌ ဒုတိယေျမာက္ မ်ိဳးေစ့ေပါက္ဖြားခဲ့ကာ ဒုတိယအေစာင့္နတ္ဘုရားပက္စ္တာျဖစ္တည္လာခဲ့သည္"

ခ်ဴဖုန္းက ေအးေအးလူလူပင္ ဆက္ရြတ္သည္။

"...ငါးခုေျမာက္ေသာ မ်ိဳးေစ့သည္ ကမ့္ဘဲတြင္ ေျမျပင္ကို ထိုးေဖာက္လ်က္ ငါးေယာက္ေျမာက္ အေစာင့္နတ္ဘုရား ကမ့္ဘဲျဖစ္လာခဲ့သည္။ ထို႔သို႔ျဖင့္ အေစာင့္နတ္ဘုရားငါးပါး ေမြးဖြားလာခဲ့သည္"

ခ်ဴဖုန္းက ထိုစာပိုဒ္ၿပီးေနာက္ ဆက္မရြတ္ဖတ္ေတာ့ပဲ ထိုင္ခုံတြင္သာ ႏႈတ္ဆိတ္လ်က္ မွီေနေလသည္။

"ဆက္ေလ ဆက္ေလ ဆက္ရြတ္ေလ" ခ်န္စီဟန္က ေလာေဆာ္သည္။

ခ်ဴဖုန္းက မ်က္လုံးဖြင့္လာၿပီး ခ်န္စီဟန္ကို ၾကည့္ကာ "အဲ့ဒါပဲ"

"မရွိေတာ့ဘူးလား"

"အေစာင့္နတ္ဘုရားက ငါးပါးထဲ ရွိတာ။ အကုန္လုံးကလည္း နိုးထလာၿပီးၿပီ။ သူတို႔ကို မိတ္ဆက္ေပးတဲ့ စာက ေပ်ာက္ေနတယ္။ လူသတ္သမားကလည္း အဲ့ငါးေယာက္ကို သတ္ၿပီးကတည္းက ဆက္မလႈပ္ရွားေတာ့ဘူး" ခ်ဴဖုန္းက ဆိုသည္။

ခ်န္စီဟန္က ေမးသည္ "အာ့ဆို နတ္ဘုရားေတြ နိုးထလာၿပီးေတာ့ ဘာလုပ္ၾကလဲ"

ခ်ဴဖုန္း စဥ္းစားၾကည့္လိုက္ကာ "ငါ့အထင္ ... ေရးထားတဲ့ထဲမွာေတာ့...ဟုတ္တယ္ သူတို႔ ဖမ္းခ်ဳပ္ခံထားရတဲ့ အမ္ျမဴရယ္ကို သြားကယ္ၾကတယ္"

"ေအာ္ သြားကယ္တာ...အမ္ျမဴရယ္ဆိုတာ ဘယ္သူတုန္း"

"ဟဲလက္စ္ရဲ့ သား"

ခ်န္စီဟန္က ေရရြတ္သည္ "သူတို႔ အဲ့ဒီ ဘာသားဆိုလားကိုလည္း ကယ္တင္ၿပီးၿပီဆိုေတာ့ အဲ့ဒါလည္း ေမြးဖြားမႈတစ္မ်ိဳးပဲေပါ့ ဟုတ္တယ္မလား။ ေျမႀကီးကေန မ်ိဳးေစ့ေပါက္တာျဖစ္ျဖစ္ ဝမ္းတြင္းလြယ္ေမြးတာ​ျဖစ္ျဖစ္ ေမြးဖြားတာပဲေလ"

"ေမြးဖြားတာ..." ခ်ဴဖုန္းက ႐ုတ္ခ်ည္း မတ္မတ္ထထိုင္ကာ ခ်န္စီဟန္ကို ထူးဆန္းစြာ ၾကည့္လာသည္။

ခ်န္စီဟန္ သူ႔မ်က္ႏွာသူ ထိၾကည့္ကာ ေမးေခ်သည္ "ဘာလဲ။ ဘာလို႔ ငါ့ကို အဲ့လိုႀကီး ၾကည့္ေနတာလဲ"

ခ်ဴဖုန္းက ထိုင္ေနရာမွ ထရပ္ကာ အေလာတေကာေျပာလာသည္ "မင္း တပည့္ေတြကို မီးစဥ္က်မ္းရွာလာခိုင္းလိုက္"

ႏွစ္မ်ားစြာ ရဲမႉးလုပ္လာခဲ့ေသာ ခ်န္စီဟန္သည္ တမဟုတ္ခ်င္းပင္ တန္းအထာေပါက္လ်က္ ေျပးထြက္သြားေလသည္။ ခဏၾကာေသာ္ မီးစဥ္က်မ္းစာအုပ္အထူႀကီးႏွင့္အတူ ျပန္ေရာက္လာကာ ခ်ဴဖုန္းေရွ႕မွ စားပြဲေပၚ ဘုန္းခနဲ ပစ္ခ်ေပးလိုက္သည္။ ခ်ဴဖုန္း စာအုပ္ကို အျမန္လွန္၍ လိုအပ္ေသာ စာမ်က္ႏွာကို ၾကည့္လိုက္ေလသည္။

သူ စာပိုဒ္တစ္ပိုဒ္ေပၚ လက္ေထာက္ကာ ဖတ္ၾကည့္သည္ "ဇန္နဝါရီလ ငါးရက္ေန႔ ညေန ရွစ္နာရီတြင္ အမ္ျမဴရယ္သည္ နတ္ဘုရားတို႔၏ စြမ္းအားမ်ားျဖင့္ ဆင့္ေခၚျခင္းခံရကာ ခ်ဳပ္ေႏွာင္ခံထားရရာ ေနရာမွ ေဖာက္ထြက္လ်က္ ဟဲလက္စ္ထံပါး ျပန္ေရာက္ရွိလာခဲ့သည္"

"ဇန္နဝါရီလ ငါးရက္ ညေန ရွစ္နာရီ။ အဲ့ဒါ လြန္ခဲ့တဲ့ လဝက္တည္းကေလ" ခ်န္စီဟန္က ေမးေစ့သပ္ကာ ျပန္စဥ္းစားၾကည့္သည္ "အဲ့ေန႔မွာ ဘာမွ မျဖစ္ခဲ့တာ ငါ မွတ္မိပါေသးတယ္။ အကုန္ပုံမွန္ပါပဲ"

ခ်ဴဖုန္းက သူ႔ကို ၾကည့္ကာ "အဲ့ဒါ ေတာ္ဝင္ျပကၡဒိန္ရဲ့ ဇန္နဝါရီလ ငါးရက္ေန႔ေလ။ မဟာမိတ္ေပါင္းစုျပကၡဒိန္နဲ႔မွ မတူတာ"

ေျပာၿပီးေနာက္ တာမီနယ္ဖြင့္ကာ စခရင္ကို ထုတ္၍ ျပကၡဒိန္ဝင္ၾကည့္လိုက္ေလသည္။

"ဒီမွာ။ ေတာ္ဝင္ျပကၡဒိန္ရဲ့ ဇန္နဝါရီလ ငါးရက္ေန႔" ခ်န္စီဟန္က ေန႔စြဲကို လက္ညႇိုးထိုးျပကာ ရြတ္သည္ "မဟာမိတ္ေပါင္းစုျပကၡဒိန္မွာ ေဖေဖာ္ဝါရီ ၂၈ရက္ေန႔ပဲ"

"ေဖေဖာ္ဝါရီ ၂၈ ရက္။ အဲ့ဒါ ဒီေန႔မဟုတ္ဘူးလား" ၿပီးေနာက္ ခ်ဴဖုန္းကို အလန္႔တၾကားေျပာလာသည္။

ခ်ဴဖုန္းသည္ ေခါင္းငုံ႔၍ က်မ္းစဥ္ထဲ ထပ္လွန္ျပန္ကာ "က်မ္းစာအုပ္ထဲမွာေတာ့ အမ္ျမဴရယ္ အဖမ္းခံထားရတယ္ပဲ ပါတယ္။ ဘယ္မွာဖမ္းထားတယ္ဆိုတာေတာ့ မေျပာဘူး"

ခ်န္စီဟန္လည္း အနားကပ္လာကာ ႏွစ္ေယာက္သားအတူတကြပင္ က်မ္းစဥ္ကို ဖတ္ရင္း စာမ်က္ႏွာမ်ား လွန္ကာ တည္ေနရာကို ရွာၾကသည္။ သို႔ေသာ္ အမ္ျမဴရယ္ပါသည့္ စာပိုဒ္အားလုံး ကုန္သည့္တိုင္ ဘယ္ေနရာတြင္ ခ်ဳပ္ေႏွာင္ခံထားရမွန္းေတာ့ ရွာမေတြ႕။

"ဘယ္ေနရာမွာလဲ။ အမ္ျမဴရယ္ကို ဘယ္ေနရာမွာ ဖမ္းထားတာလဲ" ခ်န္စီဟန္က ပြစိပြစိျဖင့္ ေရရြတ္ရင္း အခန္းထဲတြင္ ေခါက္တုံ႔ေခါက္ျပန္ေလၽွာက္ေနေလသည္။

ခ်ဴဖုန္းကမူ ျပတင္းေပါက္အျပင္ဘက္သို႔ ေငးရင္းမွ ႏႈတ္ဆိတ္ေနေလသည္။ ခ်န္စီဟန္ ထပ္ေခါင္းကုတ္လာရခ်ိန္တြင္ ခ်ဴဖုန္းသည္ ႐ုတ္ခ်ည္းပင္ ထရပ္ကာ အခန္းလယ္သို႔ ေျခလွမ္းၾကဲမ်ားျဖင့္ ေလၽွာက္သြားၿပီး တာမီနယ္ကို ႏွိပ္ကာ စခရင္ႀကီးႀကီးတစ္ခု ဖြင့္လိုက္ေလသည္။

ၿပီးေနာက္ ပိနိုေတာင္၊ ပက္စ္တာေတာင္ၾကား၊ လီယိုနာ့တ္ေတာင္၊ ပါဆစ္ခ္ေတာင္ၾကား၊ ကမ့္ဘဲခ်ိဳင့္ဝွမ္းတို႔ကို ရိုက္ရွာလိုက္ရာ ငါးေနရာက ခ်က္ခ်င္းပင္ ပဥၥဂံပုံသ႑ာန္ ေပၚထြက္လာေတာ့သည္။

ခ်န္စီဟန္လည္း ေရာက္လာၿပီး စခရင္ကို ၾကည့္ေနေလသည္။

ခ်ဴဖုန္းသည္ စခရင္ကို စိုက္ၾကည့္ရင္း မ်က္လုံးမ်ားက လင္းလက္သြားေလသည္ "ဖန္တီးျခင္းနတ္ဘုရား ဟဲလက္စ္သည္ အမ္ျမဴရယ္အား ဖမ္းခ်ဳပ္ထားေသာ အရပ္မ်က္ႏွာဘက္သို႔ ေရွးရႈလ်က္ မတူညီေသာေနရာမ်ားတြင္ ခ်က္ျပဳတ္ၿပီးေသာ အေစ့ငါးေစ့ ပ်ိဳးၾကဲခဲ့၏"

ခ်ဴဖုန္းက ခ်န္စီဟန္ကို ၾကည့္ကာ ေမး၏ "စီဟန္ အေစာင့္နတ္ဘုရားငါးပါးဘက္ကေန ေတာင္ေတြ ေခ်ာက္ေတြကို ေက်ာ္ၿပီး လွမ္းျမင္နိုင္တဲ့ ေနရာက ဘာျဖစ္မလဲ"

"ဘယ္ေနရာ...ငါ မသိဘူး"

ခ်ဴဖုန္းမွ ပဥၥဂံပုံ၏ ဗဟိုခ်က္ကို ႏွိပ္ျပလိုက္ရာ ႏွင္းမ်ား ဖုံးလႊမ္းေနေသာ ေတာင္တစ္ခု တျဖည္းျဖည္းႏွင့္ ႐ုပ္လုံးႂကြေပၚလာေဆာ့သည္။ သုံးဖက္ျမင္ေျမပုံမွလည္း ျဖည္းေလးစြာ လည္ပတ္ျပလာေသာ္ ပဥၥဂံ၏ ေထာင့္စြန္းကိုယ္စီမွေန ေထာင္ထိပ္သို႔ လွမ္းျမင္ေနရေၾကာင္း ေတြ႕လိုက္ရေလသည္။

ခ်န္စီဟန္မွာ ပါးစပ္ေဟာင္းေလာင္းပြင့္သြားရလ်က္ ခ်ဴဖုန္းႏွင့္ တၿပိဳင္နက္တည္းမွာပင္ ဆိုသည္ "ကာ့ပ္ေတာင္"

"မဟာမိတ္ေပါင္းစုထဲက အျမင့္ဆုံးေတာင္ျဖစ္တဲ့ ကာ့ပ္ေတာင္မွာ အမ္ျမဴရယ္ကို ဖမ္းထားတာကြ!" ခ်န္စီဟန္က စိတ္လႈပ္ရွားစြာ လက္သီးဆုပ္ေထာင္လ်က္ ေအာ္သည္။

ခ်ဴဖုန္းကလည္း ရယ္သည္။ သို႔ေသာ္ ခ်က္ခ်င္းပင္ အရယ္ရပ္၍ စခရင္ျပင္က်ယ္ေပၚ ႏွိပ္ကာ "ပဥၥဂံရဲ့ အလယ္ဗဟိုခ်က္ ကာ့ပ္ေတာင္က လက္ရွိေဘးရာ့ဒ္ဘယ္ေနရာမွာ ရွိတာလဲဆိုတာ ၾကည့္လိုက္​ရေအာင္"

အလင္းဦးေႏွာက္က သြက္လက္စြာ အလုပ္လုပ္လ်က္ တမဟုတ္ခ်င္းပင္ စခရင္ေပၚတြင္ အေစာင့္နတ္ဘုရားငါးပါးနိုးထေသာ ငါးေနရာႏွင့္ ဆင္တူသည့္ အိုမီဂါငါးဦး အသတ္ခံရေသာ ေနရာမ်ား ေပၚလာလ်က္ ပဥၥဂံပုံစံ ခ်ိတ္ဆက္သြားေတာ့သည္။

ကာ့ပ္ႏွင္းေတာင္ရွိရာ တည္ေနရာတြင္ အနီစက္ေလး မွိတ္တုတ္မွိတ္တုတ္ ျဖစ္ကာ ေအာက္ဘက္တြင္ေတာ့ စာသားအခ်ိဳ႕ ရွိေနေလသည္။ ခ်ဴဖုန္း ထိုစာေၾကာင္းကို ႏွိပ္ကာ အက်ယ္ခ်ဲ႕ၾကည့္လိုက္သည္။

ခ်န္စီဟန္က အသံထြက္ရြတ္သည္ "ေဘးရာ့ဒ္ စက္လမ္း၊ အဲ့လမ္းကို ဘာလို႔ ၾကားဖူးေနက်လို ခံစားရတာပါလိမ့္။ ဒါေပမဲ့ စဥ္းစားလို႔မရဘူးျဖစ္ေနတယ္" သူ ေဘးက ခ်ဴဖုန္းကို ေမးေလသည္။

ခ်ဴဖုန္းမ်က္ႏွာသည္ သိသိသာသာကိုပင္ ေသြးဆုတ္ျဖဴေရာ္သြားေတာ့ကာ လက္သီးဆုပ္၍ ဆိုလာေလသည္ "ဘာလို႔ဆိုရင္ ငါတို႔ အဲ့လမ္းကို နာမည္တပ္ၿပီးေတာ့ မေခၚၾကတာကိုး။ ေျမေအာက္ေမွာင္ခိုေစ်းကြက္လို႔ပဲ ေခၚၾကတာေလ"

___

Continuer la Lecture

Vous Aimerez Aussi

11.8K 1.3K 200
Season 2 ဖြစ်လို့ Season 1 ဖတ်ထားပြီးမှ ဖတ်လို့ရပါမယ်။ S1ရဲ့အဆုံးသတ်မှာ မက်ဒါနာဒဏ်ရာအပြင်းအထန်ရပြီး ကိုမာဝင်သွားတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ မက်ဒါနာရ...
1M 142K 174
ကဲ..ဇာတ်လမ်း​လေးရဲ့ပုံစံကို ​ပြောပြမယ်​နော်🤗 ဥပ​ဒေ​ကျောင်းသား​တွေ ဖြစ်ကြတဲ့ အန်းနင်နဲ့ချင်​ဝေ့ဟန် သူတို့နှစ်​ယောက်က အခန်း​ဖော်အဖြစ် အတူ​နေထိုင်ရာက...
32K 4.1K 30
မာနတွေစိန်စီထားတဲ့သူဋ္ဌေးသားလေးရယ်... သူ့ရဲ့ဟန်ဆောင်ရည်းစားခပ်တုံးတုံးလေးရယ်... Kim taehyung + Park jimin
626K 36.3K 55
ဇာတ်လမ်းလေးကို ရိုးရိုးရှင်းရှင်းလေးပဲရေးထားတာပါ။ စိတ်ကူးထဲကအတိုင်းရေးထားတာမို့ အပြင်မှာ လက်တွေ့မဆန်တဲ့အရာတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ကောင်လေးနှစ်ယ...