ချစ်မြဲ ချစ်ဆဲ

By smiling-Onion

264K 10K 54

ယခု ( ချစ်မြဲ ချစ်ဆဲ ) ဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း ဇာတ်ကောင်များသည် ကိုယ်တိုင်ဖန်တီးထားသော အရေးအသား အကြေ... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄
အပိုင်း ၆၅
အပိုင်း ၆၆
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၆၉
အပိုင်း ၇၀
အပိုင်း ၇၁
အပိုင်း ၇၂
ဇာတ်သိမ်းပိုင်း

အပိုင်း ၄၈

2.3K 97 0
By smiling-Onion

(unicode)

" မင်းကလည်းတစ်ခါလာပြီး ပျောက်သွားလိုက်တာ၊ ဘယ်လို့လဲ သော်လင်း၊ ငါပေးလိုက်တဲ့ရေမွှေးရော သုံးကြည့်ပြီးပြီးလား "

" အင်း "

" အဆင်ပြေလား "

" အဟမ်း ဟမ်း ပြေတယ်။ ပြေလို့ပဲ မင်းတို့ဆီမရောက်ဖြစ်တာပေါ့။ ဒါနဲ့ လူထင် မင်းအမေရော  "

" တရားစခန်းသွားတယ်။ အလုပ်အားတုန်း အ ပြေးလေး "

"  တစ်ယောက်တည်းဆိုတော့ ပျင်းနေမှာပေါ့။ အပြင်ထွက်ရအောင် "

" ဘယ်လဲ။ အရက်ဆိုင်ဆို လိုက်မယ် "

" ဟားဟားဟား...မင်းကို ငြိမ်းချမ်းနဲ့တိုင်မယ် "

" မင်းတိုင်ရင် ငါ့လည်းမင်းဘဲကြီးကို ပြန်တိုင်မယ်။ သူက မင်းရဲ့အစားထိုးချစ်သူဆိုပြီး၊ ဘယ်လို့လဲ၊ ငါ သွားတိုင်လိုက်ရမလား "

" မင်း ! မင်းကငညစ်ပဲ "

" ပေါင်းလာတာကြာပြီးကို အခုမှသိလား။ ဟားဟားဟား..."

အပြင်ဘက်မှစကားသံတို့ကို အထင်သားကြားရပေသည်။ ဇန်ငြိမ်ချမ်းကိုထမင်းစားခန်းမှ ဧည့်ခန်းထဲရှိ စွယ်သော်လင်းနှင့်လူထင်ကျော်တို့၏ အပြောတို့ကို နားထောင်လျက် ရေခဲသေတ္တာထဲမှဟင်းများကို ထုတ်ယူနွေးနေလိုက်သည်။

သူငယ်ချင်းသော်လင်း၏မျက်နှာသည် ကြည် လင်နေ၍ အနည်းငယ်စိတ်အေးရ၏။ စိတ်ချမ်း သာနေသည်ကိုသိရ၍ ကျေနပ်မိသည်။ ဒေါ်ပပသိင်္ဂီတော့ ဒေါသထွက်နေလောက်မည်။ ထိုပြင့်သားဖြစ်သူမှာ အိမ်ပေါ်ကဆင်းပြီး သူစိမ်းယောက်ျားတစ်ယောက်အိမ်တွင်ရှိနေသည်ကို
မသိနိုင်စရာအကြောင်းလည်း မရှိနိုင်။

" ဇန်ရေ... ငါဗိုက်ဆာပြီး "

" အေး။ ပြီးပြီး "

ကူမည်မရှိသော လူထင်ကျော်သည် ဗိုက်ဆာကြောင်းဆိုလာ၍ ဟင်းများနွေးနေခြင်းကို အပြီး သတ်လိုက်ရသည်။

..............

ဒေါင်းမာန်ရှေ့မှ အမျိုးသမီးကိုစေ့စေ့ကြည်နေမိသည်။ ထိုအမျိုးသမီးမှာ သူအားစေ့စေ့ကြည့်နေသည်ကိုပင် အပြုံးမပျက်ရှိနေပေသည်။

" ကိုယ့်မှာ ကောင်လေးရှိတာ မဝင့်ဧကရီထက်လည်းသိမယ် ထင်ပါတယ် "

ထိုအမျိုးသမီးနာမည်ကား ဝင့်ဧကရီထက်။ XZ အုပ်စု၏အမျိုးသမီးရှယ်ယာရှင်တစ်ဦး။

" သိတာပေါ့။ ဒါပေမယ့်လည်း ကောင်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီး မျိုးဆက်အတွက်ကလေးမွေးပေးနိုင်မှာလဲ၊ ဟုတ်တယ်မလား "

" ဒီတော့ မဝင့်ဧကရီထက်ပြောချင်တာက... "

" နားလည်လွယ်အောင် တည့်တိုးပြောရရင်တော့ စီးပွားရေး၊ အသက်ရွယ်ချင်း လိုက်ဖက်ညီတဲ့ သူချင်းချင်းဆိုရင် ပိုမကောင်းပေဘူးလား "

...📱(ဖုန်းသံ)📱...

​" ခဏလောက်စကားရပ်ပေးပါ မဝင့်ဧကရီထက် "

ဖုန်းကိုကြည်လျက် စကားရပ်ပေးရန် ဆိုလာသူကြောင့် ပြောလက်စစကားတို့ကို ရပ်လိုက်ရ၏။ အရေးကြီးဖုန်းဖြစ်ဟန်တူ၍ စကားရပ်ပေးလိုက်ရသော်လည်း ကြားလိုက်သော နာမ်စားကြောင့် ကသိကအောင့်နိုင်လှပေသည်။

" Hello ကလေးငယ် "

" ........."

" အချဥ်ပေါင်းဆိုတာ..."

" ........."

" ကိုယ့်သိပြီး။ ရှာအောင် ရှာခဲ့မယ်၊ လိမ်လိမ်မာမာနေနော် ကလေးငယ် "

"..........."

" အင်းအင်း။ ချစ်တယ် ကလေးငယ် "

ရှေ့တွင်ပါးစပ်ကိုလက်နှင့်အသာအုပ်၍ ဖုန်းပြောနေသူ၏အသံမှာ ပုံမှန်ထက်များစွာပိုချိုသာနေ၍ ဝင့်ဧကရီထက် မနာလိုမိသည်။ အသက်ငယ်ငယ်ယောက်ျားလေးတစ်ယောက်ကို မယှဥ်နိုင်ဘူးဆို တာကိုလည်း လက်မခံချင်။

" မဝင့်ဧကရီထက် "

" ပြောပါ "

" အချဥ်ပေါင်း ဘယ်နားဝယ်ရလဲ သိလား။ ကိုယ့်ရဲ့အိမ်သားလေးက စားချင်နေလို့တဲ့ "

" မသိဘူး။ တစ်ခါမှလည်း မစားဖူးဘူး "

ဝင့်ဧကရီထက် ဒေါသထွက်ရ၏။ ပြောစကားတို့အား အလေးမထားသည့်အပြင် အချဥ်ပေါင်းဘယ်မှာဝယ်ရမလဲဟုပါ မေးလာသူ။ ငြင်းလိုက်သည်ကိုပင် ဘာစကားထပ်မဆိုဘဲ အချဥ်ပေါင်းအဝယ်ထွက်သွားသူကြောင့် ဝင့်ဧကရီထတစ်
ယောက်တည်းဒေါသထွက်ကာ လက်သီးကို ခဲ၊ခြေ​ကို ဆောင့်လျက်ဖြင့် ကျန်ခဲ့ရလေသည်။

ဒေါင်းမာန်အိမ်ထဲဝင်လိုက်သည်နှင့် စွယ်​သော်လင်းသည် စူပုတ်နေသောမျက်နှာကို တစ်ဖက်သို့မျက်နှာမူထားလိုက်လေ၏။

" ကလေးငယ် ကိုယ်အချဥ်ပေါင်းဝယ်ခဲ့ပြီး "

" ကြာလိုက်တာ။ ကျွန်တော်ဘယ်လောက်စားချင်နေလဲဆိုတာ ခင်ဗျားသိရဲ့လား "

" သိတာပေါ့။ ကိုယ့်ကလေးငယ် ဘယ်လောက်စားချင်နေမှန်းကို အရမ်းအရမ်းသိပါ့ "

" ဒါဆိုဘာလို့ကြာနေတာလဲ "

" အချဥ်ပေါင်းသည်ကို ရှာမတွေ့လို့ပါ ကလေးငယ်ရယ် "

" ခင်ဗျားဟာလေ အချဥ်ပေါင်းစားချင်လို့ မှာ လိုက်ပါတယ်၊ အခုတော့ ကြည်အုန်း၊ ည ၈နာရီထိုးတော့မယ်။ အလုပ်လုပ်ရင် အချိန်အခါကြည့်လုပ်လေ၊ မြန်မြန်သွက်သွက်လုပ်ရမယ်ကို သိထားလေ "

ဆူပူနေသော ကလေးငယ်ကိုကြည့်ပြီး ဒေါင်းမာန်ကျေနပ်ပြုံးမိ၏။ XZ အုပ်စု၏အကြီးအကဲဆိုသူ 'ဒေါင်းမာန်'ဟူသည် ဝန်ထမ်းလက်အောက်ငယ် သားများစွာနှင့် စီးပွားဖက်တို့ ရှိန်ရသော၊ လေး စားရသော သူတစ်ယောက်ဖြစ်သော်လည်း အိမ်တွင်မှာမူ အိမ်ပေါ်တတ်နေလေသူလေး၏အဆူအငေါက်ကို ကျေနပ်စွာ ခံယူရလေ၏။

ရှေ့၌မြင်နေရသော မြင်ကွင်းတို့သည် ဦးမင်းထွဋ်ခေါင်အဖို့ ကျင့်သားရနေလေပြီးသော မြင်ကွင်းတစ်ခုထက် ပိုမနေတော့။ အပြစ်ပြောခံရသည်ကိုပင် ကျေနပ်နေသည့် သားဖြစ်သူအား ကြည့်၍ လည်း ဦးမင်းထွဋ်ခေါင် ခေါင်းတခါခါဖြစ်ရလေသည်။

(zawgyi)

" မင္းကလည္းတစ္ခါလာၿပီး ေပ်ာက္သြားလိုက္တာ၊ ဘယ္လို႔လဲ ေသာ္လင္း၊ ငါေပးလိုက္တဲ့ေရေမႊးေရာ သုံးၾကည့္ၿပီးၿပီးလား "

" အင္း "

" အဆင္ေျပလား "

" အဟမ္း ဟမ္း ေျပတယ္။ ေျပလို႔ပဲ မင္းတို႔ဆီမေရာက္ျဖစ္တာေပါ့။ ဒါနဲ႔ လူထင္ မင္းအေမေရာ  "

" တရားစခန္းသြားတယ္။ အလုပ္အားတုန္း အ ေျပးေလး "

"  တစ္ေယာက္တည္းဆိုေတာ့ ပ်င္းေနမွာေပါ့။ အျပင္ထြက္ရေအာင္ "

" ဘယ္လဲ။ အရက္ဆိုင္ဆို လိုက္မယ္ "

" ဟားဟားဟား...မင္းကို ၿငိမ္းခ်မ္းနဲ႔တိုင္မယ္ "

" မင္းတိုင္ရင္ ငါ့လည္းမင္းဘဲႀကီးကို ျပန္တိုင္မယ္။ သူက မင္းရဲ႕အစားထိုးခ်စ္သူဆိုၿပီး၊ ဘယ္လို႔လဲ၊ ငါ သြားတိုင္လိုက္ရမလား "

" မင္း ! မင္းကငညစ္ပဲ "

" ေပါင္းလာတာၾကာၿပီးကို အခုမွသိလား။ ဟားဟားဟား..."

အျပင္ဘက္မွစကားသံတို႔ကို အထင္သားၾကားရေပသည္။ ဇန္ၿငိမ္ခ်မ္းကိုထမင္းစားခန္းမွ ဧည့္ခန္းထဲရွိ စြယ္ေသာ္လင္းႏွင့္လူထင္ေက်ာ္တို႔၏ အေျပာတို႔ကို နားေထာင္လ်က္ ေရခဲေသတၱာထဲမွဟင္းမ်ားကို ထုတ္ယူေႏြးေနလိုက္သည္။

သူငယ္ခ်င္းေသာ္လင္း၏မ်က္ႏွာသည္ ၾကည္ လင္ေန၍ အနည္းငယ္စိတ္ေအးရ၏။ စိတ္ခ်မ္း သာေနသည္ကိုသိရ၍ ေက်နပ္မိသည္။ ေဒၚပပသိဂႌေတာ့ ေဒါသထြက္ေနေလာက္မည္။ ထိုျပင့္သားျဖစ္သူမွာ အိမ္ေပၚကဆင္းၿပီး သူစိမ္းေယာက္်ားတစ္ေယာက္အိမ္တြင္ရွိေနသည္ကို
မသိႏိုင္စရာအေၾကာင္းလည္း မရွိႏိုင္။

" ဇန္ေရ... ငါဗိုက္ဆာၿပီး "

" ေအး။ ၿပီးၿပီး "

ကူမည္မရွိေသာ လူထင္ေက်ာ္သည္ ဗိုက္ဆာေၾကာင္းဆိုလာ၍ ဟင္းမ်ားေႏြးေနျခင္းကို အၿပီး သတ္လိုက္ရသည္။

..............

ေဒါင္းမာန္ေရွ႕မွ အမ်ိဳးသမီးကိုေစ့ေစ့ၾကည္ေနမိသည္။ ထိုအမ်ိဳးသမီးမွာ သူအားေစ့ေစ့ၾကည့္ေနသည္ကိုပင္ အၿပဳံးမပ်က္ရွိေနေပသည္။

" ကိုယ့္မွာ ေကာင္ေလးရွိတာ မဝင့္ဧကရီထက္လည္းသိမယ္ ထင္ပါတယ္ "

ထိုအမ်ိဳးသမီးနာမည္ကား ဝင့္ဧကရီထက္။ XZ အုပ္စု၏အမ်ိဳးသမီးရွယ္ယာရွင္တစ္ဦး။

" သိတာေပါ့။ ဒါေပမယ့္လည္း ေကာင္ေလးတစ္ေယာက္က ဘယ္လိုလုပ္ၿပီး မ်ိဳးဆက္အတြက္ကေလးေမြးေပးႏိုင္မွာလဲ၊ ဟုတ္တယ္မလား "

" ဒီေတာ့ မဝင့္ဧကရီထက္ေျပာခ်င္တာက... "

" နားလည္လြယ္ေအာင္ တည့္တိုးေျပာရရင္ေတာ့ စီးပြားေရး၊ အသက္႐ြယ္ခ်င္း လိုက္ဖက္ညီတဲ့ သူခ်င္းခ်င္းဆိုရင္ ပိုမေကာင္းေပဘူးလား "

...📱(ဖုန္းသံ)📱...

​" ခဏေလာက္စကားရပ္ေပးပါ မဝင့္ဧကရီထက္ "

ဖုန္းကိုၾကည္လ်က္ စကားရပ္ေပးရန္ ဆိုလာသူေၾကာင့္ ေျပာလက္စစကားတို႔ကို ရပ္လိုက္ရ၏။ အေရးႀကီးဖုန္းျဖစ္ဟန္တူ၍ စကားရပ္ေပးလိုက္ရေသာ္လည္း ၾကားလိုက္ေသာ နာမ္စားေၾကာင့္ ကသိကေအာင့္ႏိုင္လွေပသည္။

" Hello ကေလးငယ္ "

" ........."

" အခ်ဥ္ေပါင္းဆိုတာ..."

" ........."

" ကိုယ့္သိၿပီး။ ရွာေအာင္ ရွာခဲ့မယ္၊ လိမ္လိမ္မာမာေနေနာ္ ကေလးငယ္ "

"..........."

" အင္းအင္း။ ခ်စ္တယ္ ကေလးငယ္ "

ေရွ႕တြင္ပါးစပ္ကိုလက္ႏွင့္အသာအုပ္၍ ဖုန္းေျပာေနသူ၏အသံမွာ ပုံမွန္ထက္မ်ားစြာပိုခ်ိဳသာေန၍ ဝင့္ဧကရီထက္ မနာလိုမိသည္။ အသက္ငယ္ငယ္ေယာက္်ားေလးတစ္ေယာက္ကို မယွဥ္ႏိုင္ဘူးဆို တာကိုလည္း လက္မခံခ်င္။

" မဝင့္ဧကရီထက္ "

" ေျပာပါ "

" အခ်ဥ္ေပါင္း ဘယ္နားဝယ္ရလဲ သိလား။ ကိုယ့္ရဲ႕အိမ္သားေလးက စားခ်င္ေနလို႔တဲ့ "

" မသိဘူး။ တစ္ခါမွလည္း မစားဖူးဘူး "

ဝင့္ဧကရီထက္ ေဒါသထြက္ရ၏။ ေျပာစကားတို႔အား အေလးမထားသည့္အျပင္ အခ်ဥ္ေပါင္းဘယ္မွာဝယ္ရမလဲဟုပါ ေမးလာသူ။ ျငင္းလိုက္သည္ကိုပင္ ဘာစကားထပ္မဆိုဘဲ အခ်ဥ္ေပါင္းအဝယ္ထြက္သြားသူေၾကာင့္ ဝင့္ဧကရီထတစ္
ေယာက္တည္းေဒါသထြက္ကာ လက္သီးကို ခဲ၊ေျခ​ကို ေဆာင့္လ်က္ျဖင့္ က်န္ခဲ့ရေလသည္။

ေဒါင္းမာန္အိမ္ထဲဝင္လိုက္သည္ႏွင့္ စြယ္​ေသာ္လင္းသည္ စူပုတ္ေနေသာမ်က္ႏွာကို တစ္ဖက္သို႔မ်က္ႏွာမူထားလိုက္ေလ၏။

" ကေလးငယ္ ကိုယ္အခ်ဥ္ေပါင္းဝယ္ခဲ့ၿပီး "

" ၾကာလိုက္တာ။ ကြၽန္ေတာ္ဘယ္ေလာက္စားခ်င္ေနလဲဆိုတာ ခင္ဗ်ားသိရဲ႕လား "

" သိတာေပါ့။ ကိုယ့္ကေလးငယ္ ဘယ္ေလာက္စားခ်င္ေနမွန္းကို အရမ္းအရမ္းသိပါ့ "

" ဒါဆိုဘာလို႔ၾကာေနတာလဲ "

" အခ်ဥ္ေပါင္းသည္ကို ရွာမေတြ႕လို႔ပါ ကေလးငယ္ရယ္ "

" ခင္ဗ်ားဟာေလ အခ်ဥ္ေပါင္းစားခ်င္လို႔ မွာ လိုက္ပါတယ္၊ အခုေတာ့ ၾကည္အုန္း၊ ည ၈နာရီထိုးေတာ့မယ္။ အလုပ္လုပ္ရင္ အခ်ိန္အခါၾကည့္လုပ္ေလ၊ ျမန္ျမန္သြက္သြက္လုပ္ရမယ္ကို သိထားေလ "

ဆူပူေနေသာ ကေလးငယ္ကိုၾကည့္ၿပီး ေဒါင္းမာန္ေက်နပ္ၿပဳံးမိ၏။ XZ အုပ္စု၏အႀကီးအကဲဆိုသူ 'ေဒါင္းမာန္'ဟူသည္ ဝန္ထမ္းလက္ေအာက္ငယ္ သားမ်ားစြာႏွင့္ စီးပြားဖက္တို႔ ရွိန္ရေသာ၊ ေလး စားရေသာ သူတစ္ေယာက္ျဖစ္ေသာ္လည္း အိမ္တြင္မွာမူ အိမ္ေပၚတတ္ေနေလသူေလး၏အဆူအေငါက္ကို ေက်နပ္စြာ ခံယူရေလ၏။

ေရွ႕၌ျမင္ေနရေသာ ျမင္ကြင္းတို႔သည္ ဦးမင္းထြဋ္ေခါင္အဖို႔ က်င့္သားရေနေလၿပီးေသာ ျမင္ကြင္းတစ္ခုထက္ ပိုမေနေတာ့။ အျပစ္ေျပာခံရသည္ကိုပင္ ေက်နပ္ေနသည့္ သားျဖစ္သူအား ၾကည့္၍ လည္း ဦးမင္းထြဋ္ေခါင္ ေခါင္းတခါခါျဖစ္ရေလသည္။

Continue Reading

You'll Also Like

36.2K 1.9K 25
ငါတို႔ကဘာမွ မဆိုင္ဘူးေနာ္ မင္းကငါ့ စိတ္အာသာေျဖဖို႔ကလြဲရင္ဘာမွ အသုံးမဝင္တဲ့ အမွိုက္ေကာင္ ငါတို့ကဘာမှ မဆိုင်ဘူးနော် မင်းကငါ့ စိတ်အာသာဖြေဖို့ကလွဲရင်ဘာမ...
1.9K 119 7
တောရွာအသားပေးပုံစံလေး စိတ်ကူးယဉ်ဖန်တီးထားခြင်းဖြစ်ပါသည်။ အပြင်မှာတကယ်မတည်ရှိတဲ့မြို့တွေနေရာတွေဟာ စိတ်ကူးဖြင့်ပုံဖော်ထားခြင်းဖြစ်ပါကြောင်းကြိုတင်သတိပေ...
4.3K 259 47
~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023
791K 51.1K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...