Copper Coins《铜钱龛世》

By OSH-love

215K 38.2K 2.8K

Novel : tongqiankanshi(铜钱龛世) Author : Mu Su Li 木苏里 English translator : jiaqikangjiaqi Chapters : 102+extra တ... More

နိဒါန်း
အခန်း ၁(စက္ကူလူသား ၁)
အခန်း ၂[စက္ကူလူသား ၂]
အခန်း ၃[စက္ကူလူသား ၃]
အခန်း ၄[စက္ကူလူသား ၄]
အခန်း ၅[ရွှေချောင်းများ ၁]
အခန်း ၆[ရွှေချောင်းများ ၂]
အခန်း ၇[ရွှေချောင်းများ ၃]
အခန်း ၈[ရွှေချောင်းများ ၄]
အခန်း ၉[ရွှေချောင်းများ ၅]
အခန်း ၁၀[ကျိတ်ဆုံအလွတ် ၁]
အခန်း ၁၁[ကျိတ်ဆုံအလွတ် ၂]
အခန်း ၁၂[ကျိတ်ဆုံအလွတ် ၃]
အခန်း ၁၃[ကျိတ်ဆုံအလွတ် ၄]
အခန်း ၁၄[ကျိတ်ဆုံအလွတ် ၅]
အခန်း ၁၅[သမားတော်သုံးငွေခေါင်းလောင်း ၁]
အခန်း ၁၆[သမားတော်သုံးငွေခေါင်းလောင်း ၂]
အခန်း ၁၇[သမားတော်သုံးငွေခေါင်းလောင်း ၃]
အခန်း ၁၈[မျက်မမြင်ဟူးရား ၁]
အခန်း ၁၉[မျက်မမြင်ဟူးရား ၂]
အခန်း ၂၀[မျက်မမြင်ဟူးရား ၃]
အခန်း ၂၁[မျက်မမြင်ဟူးရား ၄]
အခန်း ၂၂[မျက်မမြင်ဟူးရား ၅]
အခန်း ၂၃.၁[မျက်မမြင်ဟူးရား ၆]
အခန်း ၂၃.၂[မျက်မမြင်ဟူးရား ၆]
အခန်း ၂၄[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၁]
အခန်း ၂၅[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၂]
အခန်း ၂၆[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၃]
အခန်း ၂၇[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၄]
အခန်း ၂၈[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၅]
အခန်း ၂၉[ထွင်းထုထားသောသော့ခလောက် ၁]
အခန်း ၃၀[ထွင်းထုထားသောသော့ခလောက် ၂]
အခန်း ၃၁[ထွင်းထုထားသောသော့ခလောက် ၃]
အခန်း ၃၂[ထွင်းထုထားသောသော့ခလောက် ၄]
အခန်း ၃၃[ကျောက်တုံးကျန်း ၁]
အခန်း ၃၄[ကျောက်တုံးကျန်း ၂]
အခန်း ၃၅[ကျောက်တုံးကျန်း ၃]
အခန်း ၃၆[ဇာတ်သဘင်အဖွဲ့ ၁]
အခန်း ၃၇[ဇာတ်သဘင်အဖွဲ့ ၂]
အခန်း ၃၈[ဇာတ်သဘင်အဖွဲ့ ၃]
အခန်း ၃၉(ဇာတ်သဘင်အဖွဲ့ ၄)
အခန်း ၄၀(စားပွဲထိုး ၁)
အခန်း ၄၁(စားပွဲထိုး ၂)
အခန်း ၄၂(စားပွဲထိုး ၃)
အခန်း ၄၃(ကပ်ဆိုက်သောဒေသ ၁)
အခန်း ၄၄(ကပ်ဆိုက်သောဒေသ ၂)
အခန်း ၄၅(ကပ်ဆိုက်သောဒေသ ၃)
အခန်း ၄၆(​တာ့ရှန်းရမ် ၁)
အခန်း ၄၇(တာ့ရှန်းရမ် ၂)
အခန်း ၄၈(တာ့ရှန်းရမ် ၃)
အခန်း ၅၀(လေဟုန်စီးခြင်းအစီအရင် ၁)
အခန်း ၅၁(လေဟုန်စီးခြင်းအစီအရင် ၂)
အခန်း ၅၂(လေဟုန်စီးခြင်းအစီအရင် ၃)
အခန်း ၅၃(လေဟုန်စီးခြင်းအစီအရင် ၄)
အခန်း ၅၄(ရှေးဗုံသံ ၁)
အခန်း ၅၅(ရှေးဗုံသံ ၂)
အခန်း ၅၆(အရိုးချည်မျှင် ၁)
အခန်း ၅၇(အရိုးချည်မျှင် ၂)
အခန်း ၅၈(အရိုးချည်မျှင် ၃)
အခန်း ၅၉(အရိုးချည်မျှင် ၄)
အခန်း ၆၀(အရိုးချည်မျှင် ၅)
အခန်း ၆၁(ထုန်ရှုန်းပင့်ကူ ၁)

အခန်း ၄၉(တာ့ရှန်းရမ် ၄)

1.8K 445 41
By OSH-love

Unicode

〈တာ့ရှန်းရမ် - ကြင်နာသနားတတ်သူ၊ ပရဟိတသမား〉

ရွှဲရှန်မှ ရုတ်တရက်စစ်မေးလာတာကို ရွှမ်းမင်နားမလည်သော်လည်း ပြန်ဖြေပေးလိုက်သည်။

"အတိတ်ကမှတ်ဥာဏ်တစ်ပိုင်းတစ်စတော့ကျန်နေသေးတယ်..တစ်ချို့တစ်လေကကလေးဘဝတုန်းက"

အလွန်တရာမှ အလေးအနက်ဖြစ်နေသော ရွှဲရှန်ပုံစံကြောင့်လည်း ဖြစ်နိုင်သည်။ သူ့မေးခွန်းက သိပ်မသင့်တော်လှ။ ပြန်ဖြေရင်းနှင့် ရွှမ်းမင်ငုံ့ကြည့်ရာ တည်ငြိမ်အေးချမ်းလှသည့် နက်မှောင်သောမျက်ဝန်းအိမ်သည် ရွှဲရှန်မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွား၏။ ရွှမ်းမင်က ထပ်ပြောလာသည်။

"သေချာတယ်"

တည်းခိုဆောင်တွင် စကားအပြန်အလှန်ပြောဆိုခဲ့သည့်အချိန်မှစ၍ ရွှမ်းမင်၏စိတ်နေသဘောထားကို ပိုမိုနားလည်လာသည်ဟု ရွှဲရှန်ခံစားမိသည်။ သို့မဟုတ် ပိုပြီးသေချာလာတာလည်းဖြစ်နိုင်သည်။

ကတုံးနဲ့ပတ်သတ်ပြီး အရာအားလုံးကို လှစ်လျူရှုထားလိုက်လျှင် ကောင်းချက်လေးတစ်ခုကတော့ သူ့ထံတွင်ရှိ၏။ ကတုံးသည် ဘယ်သောအခါကမှ မလိမ်ခဲ့။ တစ်စုံတစ်ရာကို မမှတ်မိဘူးဆိုလျှင် ရွှဲရှန်စိတ်ကျေနပ်အောင် ပလီစိချောက်ချက်ညန်းဆင်ပြီး ပြောတတ်သူမဟုတ်။ မေ့သွားပြီလို့သာ ရိုးရိုးရှင်းရှင်း ပြန်ပြောသည့်သူဖြစ်သည်။ ရွှမ်းမင်မှမှတ်မိပေမယ့် မပြောချင်ဘူးဆိုလျှင် အလိုက်သင့်လေး ပြောပေးမယ့်အစား ရွှဲရှန်ကို ပြောချင်တဲ့ဆန္ဒမရှိဘူးလို့သာ ပြောမည့်သူပင်။

ရွှမ်းမင်မှ 'သေချာတယ်'လို့ တည်ငြိမ်စွာပြောလာလျှင် တကယ်ပဲ ယုံမှားဖွယ်မရှိသောကြောင့်ဖြစ်သည်။ ကလေးဘဝက မှတ်ဥာဏ်တစ်ပိုင်းတစ်စများ သူ့ထံတွင် ကျန်နေခဲ့ပုံရပြီး ထိုစဥ်ကတည်းက ဘုန်းတော်ကြီးဖြစ်နေခဲ့လောက်မည်။

ရွှမ်းမင်ဆီမှ တုံ့ပြန်စကားကို ကြားသောအခါ ရွှဲရှန်သည် ခေါင်းမငြိမ့်သလို ခေါင်းလည်းမခါ။ အချိန်တစ်ခုအထိ ဘာမှမပြောပဲ ရွှမ်းမင်ကိုသာ စိုက်ကြည့်နေသည်။

ရွှဲရှန်၏အမူအရာကြောင့် ရွှမ်းမင်မှပဲ

"မယုံဘူးလား?"

"အဲ့လိုမဟုတ်ဘူး"

လက်တစ်ဖက်ကိုမြှောက်ပြီး ရွှမ်းမင်အားအနားတိုးရန် လက်ဟန်ပြလာသည်။

"အနားကိုလာခဲ့"

"?"

ရွှမ်းမင်နားမလည်ပေမယ့်လည်း ကိုယ်ကို ကိုင်းပေးလိုက်သည်။ ရွှဲရှန်မှ ချန်းရှူတို့မကြားအောင် အနားကပ်၍ တစ်ခုခုပြောချင်နေတယ်လို့သာ သူမှန်းဆလိုက်သည်။ ထို့ကြောင့် ကိုယ်ကိုကိုင်းရင်း ရွှဲရှန်မှ စကားပြောလာမည်ကို စိတ်ရှည်စွာ စောင့်စားနေသည်။

မည်သည့်စကားမှ မပြောပေမယ့်––သတ္တဝါ၏လက်သည်းကတော့ ရောက်ရှိလာသည်။

ရွှမ်းမင်ခေါင်းကိုလာပုတ်ကာ မျက်မှောင်ကြုံ့လျက် တောက်တစ်ချက်ခေါက်သည်။

"သနားစရာကလေးလေးရယ်..ကတုံးရိတ်ခံရတုန်းကတော်တော်လေးငယ်သေးတာပဲ!"

ရွှမ်းမင် ; "…"

မိဘတွေကို အမြဲတမ်းပြဿနာပေးတတ်သော ကလေးများအတွက် ပြောစမှတ်တစ်ခုရှိသည် : သုံးရက်တိုင်တိုင်မထုထောင်းဖြစ်ရင် ပျင်းရိပြီး အိမ်ပေါ်တက်ကာ အမိုးခွာလိမ့်မယ်။

【ဒီသတ္တဝါကတော့ဖီဆန်ပုန်ကန်လာပြန်ပြီ】

ရထားလုံးအတွင်း ထိုအဖြစ်အပျက်ကို စောင့်ကြည့်နေကြသောသူများမှာ အထိတ်တလန့်ဖြစ်သွားကြသည်။ အထူးသဖြင့် ရှင်းဇီဆိုလျှင် အငိုတောင်တိတ်သွားသည်။

【ဒီနှစ်ယောက်ရဲ့ဆက်ဆံရေးက... အရမ်းကောင်းလွန်းနေတာလား?】
   
မျက်တောင်မခတ်တမ်း ရွှဲရှန်ကိုကြည့်နေရာမှ ရွှမ်းမင်နှင့် မတော်တဆ အကြည့်ချင်းဆုံသွားသည်။

【တာ့ရှီးကအတော်လေးကြည့်ကောင်းတာပဲ】

အထူးသဖြင့် တစ်ပါးသူကို စိတ်အေးစေသော တည်ငြိမ်အေးချမ်းလှပြီး ခိုင်မာတဲ့မျက်ဝန်းတွေ။ ရွှမ်းမင်ထံတွင် စိုးရိမ်ပူပန်စရာမရှိလျှင် အခြားသူများလည်း စိုးရိမ်စရာမလိုဟု ပြောနေသလိုပင်။ ကိစ္စရပ်တစ်ခုကို အောင်မြင်ရန် အမြဲတမ်း အကြံအစည်တစ်ခုကတော့ ထုတ်ပေးလာစမြဲ။

ထိုမျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွားချိန်တွင် အကြောင်းတစ်ခုခုကြောင့်နှင့် ရှင်းဇီရင်ထဲ အပြစ်လုပ်ထားသလို ခံစားချက်က ဝင်ရောက်လာသည်။

ရှင်းဇီမှအကြည့်မလွှဲခင် ရွှမ်းမင်အကြည့်က အခြားတစ်နေရာသို့ ရောက်ရှိသွားပြီဖြစ်သည်။

စိတ်အနှောင့်အယှက်ဖြစ်သွားသော မျက်နှာထားနှင့် ရွှဲရှန်၏ ပိန်ပါးသောလက်ကောက်ဝတ်အား ဆုပ်ကိုင်ကာ ခေါင်းပေါ်တွင်ရှိနေသည့် ဥာဏ်များလှသောလက်သည်းကို ဖယ်ရှားလိုက်သည်။ ရွှဲရှန်မှ လက်ပြန်တင်ဦးလေမလား ဒါမှမဟုတ် မျက်နှာကိုထိလိုက်လေမလား မသိတာကြောင့် ရပ်တန့်ရန် အလွှတ်မပေးပဲ ဆက်လက်ကိုင်ထားသည်။

ရွှဲရှန်သည် နှာခေါင်းရှုံ့ပြီး

"မင်းခေါင်းကဘယ်လောက်တောင်အဖိုးထိုက်နေလို့လဲ? ဘာလို့ထိလို့မရတာလဲ?"

တကယ်တမ်းမှာ ရွှမ်းမင်သည် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခြင်းမဟုတ်။ တစ်ချက်ရုန်းတာနှင့် လွတ်ထွက်သွားနိုင်သည်။ သို့ပေမဲ့ ရွှဲရှန်သည် မရုန်းကန်ပဲ ရွှမ်းမင်ကိုင်ထားသည့်အတိုင်း အသာလေးငြိမ်နေလေ၏။

ရွှမ်းမင်လက်ချောင်းများ၏ အေးစက်မှုသည် ရွှဲရှန်အရည်ပြားဆီသို့ ကူးစက်လာပြီး မကြာခင်မှာ သူ့လက်လည်း ထို့နည်းတူအေးစက်လာလိမ့်မည်။

ရွှဲရှန်အကြည့်များက ရည်ရွယ်ချက်မရှိပဲ ရွှမ်းမင်လက်ဆီသို့ ရောက်ရှိသွားသည်။ ဘုန်းတော်ကြီးနှင့် ရွှေချည်မျှင်နောက်ကွယ်ကသူကို နှိုင်းယှဥ်မိပြန်သည်။ ဆံပင်ကလွဲ၍ အဘက်ဘက်၌ အမှန်ပင်ဆင်တူကြသည်။

သို့သော် ရွှမ်းမင်သည် ကလေးဘဝကတည်းက ခေါင်းရိတ်ကာ ဘုန်းတော်ကြီးဖြစ်လာခဲ့ပြီး  ရွှဲရှန်မှ အရိုးများကို အထုတ်ယူခံရသောအချိန်မှာ လွန်ခဲ့သောခြောက်လကဖြစ်သည်။ ဤအဓိပ္ပာယ်အရ ရွှမ်းမင်သည် ထိုကိစ္စရပ်ကို လုပ်ဆောင်ခဲ့သူမဖြစ်နိုင်။

ရွှဲရှန်အတွက်တော့ ရွှမ်းမင်သည် ထိုပုဂ္ဂိုလ်မဟုတ်သ၍ အရာအားလုံး အဆင်ပြေသည်။

ဖြစ်နေခဲ့လျှင်....

'ဖြစ်နေခဲ့လျှင်'၏နောက်ပိုင်းကို ဆက်မတွေးခင် ရွှဲရှန် သူ့အတွေးများကို ရပ်တန့်လိုက်သည်။ အကြောင်းအရာပြောင်းလိုက်ပြီး ရွှမ်းမင်ကိုမေး၏။

"သူတို့ဘယ်မှာရှိမှန်းသိပေမဲ့အနားကပ်လို့မရဘူးတဲ့လား? ပြီးတော့'ဒါပေမဲ့'လို့လည်းပြောသေးတယ်..ဘာဒါပေမဲ့လဲ? မင်းရဲ့ပြဇာတ်ဆန်ဆန်တစ်ခန်းရပ်ကြောင့်ငိုကုန်ကြပြီမတွေ့ဘူးလား?"

ထိုစကားကြားသောအခါ ချန်းရှူနှင့်ချန်းဆောင်သည် နားများစွန့်လျက် ရွှမ်းမင်ကို စိတ်အားထက်သန်စွာ ကြည့်လာကြ၏။

ရွှမ်းမင် ခါးကို ပြန်မတ်လိုက်သည်။ အစွန့်ပစ်ခံရွာအတွင်းရှိ မြူထုကိုလှမ်းကြည့်ပြီး လက်တစ်ဖက်ကို မြှောက်လိုက်သည်။ လက်သီးဆုပ်ပြေသွားသောအခါ ချွင်ကနဲမြည်သံနှင့်အတူ ကြေးပြားကြိုးက တွဲလောင်းကျလာပြီး လက်ညှိုး၌ ညင်သာစွာဝဲနေသည်။
  
"အနားကပ်လို့မရတာအမှန်ပဲ..ဒါပေမဲ့––"

ရွှဲရှန်လက်အား လွှတ်လိုက်ပြီဖြစ်တာကြောင့် လက်ညှိုးနှင့် ကြေးပြားများကို အစဥ်တစ်မျိုးအတိုင်း တဖြည်းဖြည်းခေါက်သည်။

"သွားလို့မရဘူးဆိုရင်ဒီကိုထွက်လာခိုင်းလိုက်မယ်"

လက်ဖယ်လိုက်သောအခါ ကြေးပြားများဆီမှ မြည်သံများထွက်လာပြီး တွဲချည်ထားသောကြိုးအနီမှာ ရုတ်ချဥ်းတင်းကျပ်သွားသည်။ ထို့နောက် အစွန့်ပစ်ခံရွာအတွင်းမှ တစ်စုံတစ်ခုသည် မြေကြီးမှ အမြစ်ကျွတ်တက်လာသကဲ့သို့ နားအူလောက်ဖွယ်အသံက ထွက်ပေါ်လာသည်။ ရထားလုံးအတွင်းမှအဖွဲ့သည်  စိုးရိမ်ကြောင့်ကျစွာ တစ်ဦးမျက်နှာတစ်ဦး ကြည့်မိကြ၏။ ထိုအချိန်၌ မြူခိုးများကြားထဲမှ အရိပ်မည်းကြီးသည် သူတို့ရှိရာသို့ ဘွားကနဲပေါ်လာတော့၏။

"ဘုရားရေ! ကြည့်ပါဦး! အဲ့ဒါဘာကြီးလဲ?"

ချန်းဆောင်အင်္ကျီလက်ကိုဆွဲပြီး ကောင်းကင်ထက် လက်ညှိုးတထိုးထိုးနှင့် ရှင်းဇီအော်ပြောသည်။

အရိပ်မည်းသည် သူတို့ရှိရာသို့ အရှိန်ပြင်းပြင်းနှင့် တိုးလာပြီး အနားကပ်လာတာနှင့်အမျှ ပုံရိပ်မှာ ထင်ရှားလာသည်။ အိုဟောင်းယိုယွင်းနေသော ခြံဝင်းတစ်ဝင်းလုံးဖြစ်ပြီး ယခင်နေရာအောက်မှ မြေကြီးများပါ အတူတကွ ရွှမ်းမင်ကြောင့် လေပေါ်ပျံနေသည်။

ဟုန်––

အသံနက်ကြီးနှင့်အတူ ခြံဝင်းသည် သူတို့ရှေ့မြေကြီး၌ ရပ်တန့်သွားပြီး အဆောက်အဦးကို ဝန်းရံထားသော ပေါင်းပင်များသည် မြေကြီးအသစ်၌ တမဟုတ်ချင်း ကုပ်တွယ်သွား၏။

ဤသည်မှာ 'သွားလို့မရရင်ဒီကိုထွက်လာခိုင်းလိုက်မယ်'ဆိုသော ရွှမ်းမင်စကား၏ အဓိပ္ပာယ်ဖြစ်သည်။
   
ချန်းဆောင်တို့သုံးဦးမှာ တုန်လှုပ်ခြောက်ခြားသွားပြီး အသံတောင်မထွက်နိုင်။ ဤသို့လွန်ကဲလှသော အိမ်ရွေ့ပြောင်းနည်းကို စိတ်ကူးနှင့်တောင် မတွေးဖူးကြ။ ပါးစပ်ပိတ်ရန်တောင် မေ့မျောလို့သွားသည်။

ခြံဝင်းသည် မြေကြီးထက် ဆင်းသက်သွားသည်နှင့် အဆောက်အဦးဆီမှလာသော အော်သံကို ကြားလိုက်ကြသည်။

"စာကြမ်းပိုး"

ဝင်းတံခါးရှိ တံခါးခေါက်သည့်ချိတ်တွင် တွဲလဲခိုနေသော ပိန်ပိန်ပါးပါးသဏ္ဍာန်ကို တွေ့သောအခါ ရွှဲရှန်ထံမှ အသံထွက်လာသည်။

"ဒီအိမ်ရဲ့တံခါးနတ်များလုပ်မလို့လား?"
   
ထိုပိန်ပိန်ပါးပါးသဏ္ဍာန်သည် ရွှဲရှန်အိတ်ထဲမှထွက်သွားသော ကျန်းရှီနင်မှလွဲ၍ တခြားမရှိ။

ကျန်းရှီနင်လိုသူသည် ရထားလုံးထဲ အစ်မဖြစ်သူသတင်းကို ထိုင်စောင့်နေနိုင်မည့်သူမျိုးမဟုတ်။ ရွှဲရှန်ခန့်မှန်းထားသည့်အတိုင်းပင်။ ရွှဲရှန်ဝတ်ရုံထဲ ပုန်းနေခဲ့သောနေရာမှ ရွှမ်းမင်နှင့်အတူ ရွာထဲလိုက်ပါသွားခဲ့သည်။ ရွှမ်းမင်မှ သူ့အစ်မနှင့်ယောက်ဖဖြစ်သူ အဖမ်းခံထားသောနေရာကို ရှာတွေ့သွားသောအခါ သူလည်းအတူတူပင်ဖြစ်သည်။ ကွာခြားချက်မှာ ရွှမ်းမင်သည် လူဖြစ်တာကြောင့် ခြံဝင်းအနား ကပ်လို့မရပေမယ့် တစ္ဆေဖြစ်သောကျန်းရှီနင်ကတော့ ခြံဝင်းအတွင်း အလွယ်လေးဝင်ရောက်နိုင်၏။ သို့သော်လည်း အထဲသို့မရောက်ခင်မှာ ခြံဝင်းတစ်ခုလုံး မြောက်တက်သွားခဲ့သည်။

စက္ကူလူသားအဖြစ် ပြန်ပြောင်းချိန် မရလိုက်တာကြောင့် ချန်းဆောင်တို့နှင့် မျက်နှာချင်းဆိုင်တွေ့တော့သည်။

"ဘုရားရေ... ကျန်း... ကျန်းရှောင်ယဲ့လေးလား?"

ချန်းရှူသည် ထစ်ငေါ့လျက်

"သား… သားလေး… သားလေး … "

သေသွားတာမဟုတ်ဘူးလားလို့ မေးချင်ပေမယ့် အသေစကားသည် နိမိတ်မကောင်းသည်မို့ ဆက်မပြောနိုင်ဖြစ်နေလေ၏။ အသက်ရှင်နေသေးတာလားလို့ မေးပြန်လျှင်လည်း ထိုစကားက ကိုးယိုးကားယားနိုင်လှတာကြောင့် မေးမရ။ ထို့ကြောင့် စကားမဆုံး တစ်လျှောက်လုံး ထစ်ငေါ့နေတော့သည်။

ရှင်းဇီမျက်လုံးများက မျက်ရည်များနှင့်ပြည့်နေပြီး ချန်းဆောင်အင်္ကျီလက်ကို အကြမ်းပတမ်းဆွဲကာ

"ကျွန်မသိသားပဲ! တကယ်တွေ့ခဲ့တယ်ဆိုတာကျွန်မသိသားပဲ! ကျန်းရှောင်ယဲ့တံခါးခေါက်တာကိုတကယ်တွေ့ခဲ့တာ... ဒါပေမဲ့.... ဒါပေမဲ့ရှောင်ရှောင်းယဲ့က…"

ကျန်းရှီနင်သည် တည်ငြိမ်စွာ အကြည့်ချင်းဆုံပြီး ဂါဝရပြုလိုက်သည်။

"တံခါးခေါက်တာကမဆင်ခြင်မစဥ်းစားပဲလုပ်လိုက်မိတာပါ..မိန်းကလေးရှင်းဇီကိုကြောက်လန့်စေမိပြီ"

"အခုက…"

"စိတ်မကောင်းစရာကတော့ ကျွန်တော်ကတစ္ဆေတစ်ကောင်ပါ"

ကျန်းရှီနင်သည် ခါးသက်သက်ရယ်မောလိုက်ပြီး ထပ်ပြောလာ၏။

"ချန်းရှူ၊ ချန်းဆောင် မတွေ့ဖြစ်တာကြာပြီ... ကျွန်တော့်ကိုတစ်ချိန်လုံးအမှတ်ရနေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"

တစ္ဆေဆိုသောစကားကြားသောအခါ ရထားလုံးအတွင်းရှိလူများ ဘာပြောရင်ကောင်းမှန်းမသိ တိတ်ဆိတ်ကုန်ကြသည်။ ထို့အပြင် လက်ရှိအခြေအနေမှာ အတိတ်ကြောင်း အတူတကွ ပြန်ပြောင်းပြောလို့ အကောင်းဆုံးအချိန်မဟုတ်။

"ရွှီအိမ်တော်… "

ခြံဝင်းတံခါးပေါ်ရှိဆိုင်းဘုတ်တွင် ရေးထားသောအမည်ကို ရွှဲရှန်ရေရွတ်လိုက်သည်။

"ရွှီ?"

ချန်းရှူမှအသံလိုက်ထွက်ပြီး

"ရွှီတာ့ရှန်းရမ်ရဲ့အိမ်တော်များဖြစ်နေမလား?"

"ရွှီတာ့ရှန်းရမ်? ဘယ်သူလဲ"

ရွှဲရှန်မှမေးသည်။

ချန်းရှူရှင်းပြလာသည်။

"ဝမ်ရွာမှာနေတဲ့သူတော်တော်များများကဝမ်မျိုးနွယ်တွေ..ဆယ်အိမ်ထောင်လောက်ပဲရှိတဲ့နောက်ပိုင်းပြောင်းလာတဲ့သူတွေထဲမှာရွှီမျိုးရိုးကုန်သည်တစ်ဦးပါလာတယ်..အထည်ကုန်သည်အနေနဲ့လုပ်ငန်းစခဲ့ပြီးကိုယ်ပိုင်ရက်ကန်းစင်တွေနဲ့နှစ်ပေါင်းများစွာငွေကြေးကြွယ်ဝခဲ့တဲ့သူလို့ပြောကြတယ်...ဒါပေမယ့်အခြေအနေတစ်ခုအထိစီးပွားပျက်သွားတယ်ထင်ပါ့..အထည်လုပ်ငန်းတစ်ခုလုံးကိုရောင်းပြီးဇနီးဖြစ်သူမွေးရပ်ဖြစ်တဲ့ဝမ်ရွာကိုတစ်မိသားစုလုံးပြောင်းလာကြတယ်..ဒီမှာဆယ့်ငါးနှစ်ဆယ့်ခြောက်နှစ်လောက်နေသွားပါ့..ဒီလူကအတော်ကြီးကြင်နာသနားတတ်တဲ့သူ..အသပြာဆိုတာလည်းပြတ်လတ်တယ်ကိုမရှိဘူး..ရွာာမှရှိတဲ့လူတိုင်းသူ့ဆီကအကူအညီရကြတယ်..အဲ့ဒါကြောင့်အကုန်လုံးကရွှီတာ့ရှန်းရမ်လို့ခေါ်ကြတာပေါ့"

တံခါးခေါက်ရန်ပြင်နေသောရွှဲရှန်သည် ချန်းရှူစကားကြောင့် ရပ်တန့်သွား၏။ အင်္ကျီလက်ထောင်ကို ဝှေ့ယမ်းပြီး လေညင်းကိုဆင့်ခေါ်ကာ သံချေးတပ်နေသောတံခါးနှစ်ချပ်အကြား တိုးဝင်စေပြီး တံခါးကို ဖြည်းညင်းစွာဖွင့်စေလိုက်သည်။

ရှေးဟောင်းတံခါးပွင့်သွားသောအခါ အရှေ့ခြမ်းအခန်းဆီမှ ကြောက်လန့်တကြားအော်သံများက ထွက်ပေါ်လာသည်။ ထိုအခန်းထဲတွင် လူများရှိပြီး သေမတတ်ကြောက်ရွံ့နေကြသည်။

ရွှဲရှန်က ခြံဝင်းတံခါးကို ဖွင့်လိုက်သောအချိန်တွင် တစ်စုံတစ်ယောက်သည် ပိတ်ထားသော အရှေ့ခန်းတံခါးကို ဖွင့်ရန်ပြင်နေရာမှ ရုတ်ချင်းရပ်တန့်သွား၏။ ထိုပုဂ္ဂိုလ်သည် အပြင်ကနေ မျက်နှာထက်ထိုးနေသော နေရောင်ဒဏ်ကို မခံနိုင်သောပုံနှင့် မျက်နှာကို လက်ဖြင့်ပိတ်ကာလိုက်၏။

အလင်းတစ်ကွက်တည်းနှင့် အနှီပုဂ္ဂိုလ် ဘယ်လိုပုံပန်းရှိကြောင်း သေချာမမြင်ရ။ ဝိုးတဝါးသာမြင်ရသည်။ သူ့ကျောကုန်းက အသက်အရွယ်ကြောင့် ကိုင်းညွတ်လို့နေရာ အနည်းဆုံးအသက်ငါးဆယ်လောက် ရှိပြီဆိုတာကို ပြသနေသည်။ အရင်ကတော့ သာမန်အရပ်လောက်ရှိသော်လည်း ခြေထောက်များက မခိုင်တော့သလို ဒူးများက လျော့တိလျော့ရဲနှင့် ခြေခွင်နေသောအသွင်ပေါက်နေသည်။

အလင်းနှင့်အသားကျရန် အချိန်အတော်ကြာ ယူလိုက်ရသည်။ နောက်ဆုံးမှာတော့ လက်ပြန်ချကာ အလင်းတစ်ချို့သာရှိသော အမှောင်ထဲ၌ရပ်နေရင်း

"ဧည့်သည်တို့..ဘာလို့အရှေ့တံခါးမှာရပ်နေကြတာလဲ? ဒီနေ့ကျွန်တော်မျိုးရွှီရဲ့မွေးနေ့မလို့အကုန်လုံးကိုဖိတ်ကြားထားပြီးသားပါ..အထဲဝင်ပြီးသေရည်သောက်ပါဦးလား?"

အကုန်လုံး ကြက်သေသေသွားကြသည်။ ဤသူမှာ တကယ်ပဲ ရွှီတာ့ရှန်းရမ်ဖြစ်လေသည်။

သူတို့မတုံ့ပြန်နိုင်ခင်မှာ ရွှီတာ့ရှန်းရမ်ကပဲ ထပ်ပြောလာသည်။

"ခရီးဝေးကနေမိတ်ဟောင်းဆွေဟောင်းတွေလာပြီးဂုဏ်ပြုပေးတာကံကောင်းတာပဲ...အန်ချင်းကနာမည်အကြီးဆုံးဇာတ်သဘင်အဖွဲ့တွေထဲမှာပါတယ်ဗျ..ပြကွက်တွေကတေးသံသာပြီးရှုမောဖွယ်ကောင်းပါဘိ..အထဲဝင်ခဏစောင့်ပြီးနားသောတဆင်ကြပါဦး..ဇာတ်သဘင်အဖွဲ့လာတိုင်းဝမ်တစ်ရွာလုံးအပျော်ကြီးပျော်ကြတာ..လူတိုင်းသူတို့အဖွဲ့ကပြတာကြည့်ရတာကိုနှစ်သက်ကြတယ်"

【ဇာတ်သဘင်အဖွဲ့?】

ရွှဲရှန်နှင့်ရွှမ်းမင် အကြည့်ချင်းဆုံသွားချိန်တွင် နှစ်ဦးသားလုံး မတိုင်ခင်က တွေ့ခဲ့သောအဖွဲ့ကို သတိရသွားကြသည်။ သို့ပေမယ့် သူတို့၏အတွေးသည် မျက်စိရှေ့မှောက်ရှိ ပြောင်းလဲသွားသောမြင်ကွင်းကြောင့် အဆက်ပြတ်သွားတော့၏။

ရွှီတာ့ရှန်းရမ်၏စကားများသည် ပုန်းကွယ်နေသောဝင်ပေါက်တစ်ခုခုကို လှုပ်ခါစေပုံရ၏။ ပျက်ဆီးယိုယွင်းနေသောရွှီခြံဝင်းသည် စီတန်းနေသော မီးအိမ်နီများကြောင့် ထိန်လင်းသွားပြီး ဝမ်ရွာလမ်းတစ်လျှောက်၌ လူများပျားပန်းခတ် လှုပ်ရှားလာသည်။ မြူခိုးများနောက်ကွယ်မှ လူပေါင်းရာကျော်လောက် တစ်စုချင်းဆီထွက်လာကြပြီး ခြံဝင်းဆီသို့ ဦးတည်လာသည်။ အနောက်တွင် အဆုံးပင်မမြင်ရ။

တစ်ချိန်တည်းမှာပဲ တောင်ကြားလမ်းဆီကနေ ရွာဆီသို့လာနေသော မြင်းခွာသံများကို ကြားလိုက်ရသည်။

•••••

Zawgyi

〈တာ့ရွန္းရမ္ - ၾကင္နာသနားတတ္သူ၊ ပရဟိတသမား〉

ရႊဲရွန္မွ ရုတ္တရက္စစ္ေမးလာတာကို ရႊမ္းမင္နားမလည္ေသာ္လည္း ျပန္ေျဖေပးလိုက္သည္။

"အတိတ္ကမွတ္ဥာဏ္တစ္ပိုင္းတစ္စေတာ့က်န္ေနေသးတယ္..တစ္ခ်ိဳ႕တစ္ေလကကေလးဘဝတုန္းက"

အလြန္တရာမွ အေလးအနက္ျဖစ္ေနေသာ ရႊဲရွန္ပံုစံေၾကာင့္လည္း ျဖစ္ႏိုင္သည္။ သူ႔ေမးခြန္းက သိပ္မသင့္ေတာ္လွ။ ျပန္ေျဖရင္းႏွင့္ ရႊမ္းမင္ငံု႔ၾကၫ့္ရာ တည္ၿငိမ္ေအးခ်မ္းလွသည့္ နက္ေမွာင္ေသာမ်က္ဝန္းအိမ္သည္ ရႊဲရွန္မ်က္ဝန္းမ်ားႏွင့္ အၾကၫ့္ခ်င္းဆံုသြား၏။ ရႊမ္းမင္က ထပ္ေျပာလာသည္။

"ေသခ်ာတယ္"

တည္းခိုေဆာင္တြင္ စကားအျပန္အလွန္ေျပာဆိုခဲ့သည့္အခ်ိန္မွစ၍ ရႊမ္းမင္၏စိတ္ေနသေဘာထားကို ပိုမိုနားလည္လာသည္ဟု ရႊဲရွန္ခံစားမိသည္။ သို႔မဟုတ္ ပိုၿပီးေသခ်ာလာတာလည္းျဖစ္ႏိုင္သည္။

ကတံုးနဲ႔ပတ္သတ္ၿပီး အရာအားလံုးကို လွစ္လ်ူရႈထားလိုက္လ်ွင္ ေကာင္းခ်က္ေလးတစ္ခုကေတာ့ သူ႔ထံတြင္ရိွ၏။ ကတံုးသည္ ဘယ္ေသာအခါကမွ မလိမ္ခဲ့။ တစ္စံုတစ္ရာကို မမွတ္မိဘူးဆိုလ်ွင္ ရႊဲရွန္စိတ္ေက်နပ္ေအာင္ ပလီစိေခ်ာက္ခ်က္ညန္းဆင္ၿပီး ေျပာတတ္သူမဟုတ္။ ေမ့သြားၿပီလို႔သာ ရိုးရိုးရွင္းရွင္း ျပန္ေျပာသၫ့္သူျဖစ္သည္။ ရႊမ္းမင္မွမွတ္မိေပမယ့္ မေျပာခ်င္ဘူးဆိုလ်ွင္ အလိုက္သင့္ေလး ေျပာေပးမယ့္အစား ရႊဲရွန္ကို ေျပာခ်င္တဲ့ဆႏၵမရိွဘူးလို႔သာ ေျပာမၫ့္သူပင္။

ရႊမ္းမင္မွ 'ေသခ်ာတယ္'လို႔ တည္ၿငိမ္စြာေျပာလာလ်ွင္ တကယ္ပဲ ယံုမွားဖြယ္မရိွေသာေၾကာင့္ျဖစ္သည္။ ကေလးဘဝက မွတ္ဥာဏ္တစ္ပိုင္းတစ္စမ်ား သူ႔ထံတြင္ က်န္ေနခဲ့ပံုရၿပီး ထိုစဥ္ကတည္းက ဘုန္းေတာ္ႀကီးျဖစ္ေနခဲ့ေလာက္မည္။

ရႊမ္းမင္ဆီမွ တံု႔ျပန္စကားကို ၾကားေသာအခါ ရႊဲရွန္သည္ ေခါင္းမၿငိမ့္သလို ေခါင္းလည္းမခါ။ အခ်ိန္တစ္ခုအထိ ဘာမွမေျပာပဲ ရႊမ္းမင္ကိုသာ စိုက္ၾကၫ့္ေနသည္။

ရႊဲရွန္၏အမူအရာေၾကာင့္ ရႊမ္းမင္မွပဲ

"မယံုဘူးလား?"

"အဲ့လိုမဟုတ္ဘူး"

လက္တစ္ဖက္ကိုၿမွောက္ၿပီး ရႊမ္းမင္အားအနားတိုးရန္ လက္ဟန္ျပလာသည္။

"အနားကိုလာခဲ့"

"?"

ရႊမ္းမင္နားမလည္ေပမယ့္လည္း ကိုယ္ကို ကိုင္းေပးလိုက္သည္။ ရႊဲရွန္မွ ခ်န္းရႉတို႔မၾကားေအာင္ အနားကပ္၍ တစ္ခုခုေျပာခ်င္ေနတယ္လို႔သာ သူမွန္းဆလိုက္သည္။ ထို႔ေၾကာင့္ ကိုယ္ကိုကိုင္းရင္း ရႊဲရွန္မွ စကားေျပာလာမည္ကို စိတ္ရွည္စြာ ေစာင့္စားေနသည္။

မည္သၫ့္စကားမွ မေျပာေပမယ့္––သတၲဝါ၏လက္သည္းကေတာ့ ေရာက္ရိွလာသည္။

ရႊမ္းမင္ေခါင္းကိုလာပုတ္ကာ မ်က္ေမွာင္ႄကံု႔လ်က္ ေတာက္တစ္ခ်က္ေခါက္သည္။

"သနားစရာကေလးေလးရယ္..ကတံုးရိတ္ခံရတုန္းကေတာ္ေတာ္ေလးငယ္ေသးတာပဲ!"

ရႊမ္းမင္ ; "…"

မိဘေတြကို အၿမဲတမ္းျပႆနာေပးတတ္ေသာ ကေလးမ်ားအတြက္ ေျပာစမွတ္တစ္ခုရိွသည္ : သံုးရက္တိုင္တိုင္မထုေထာင္းျဖစ္ရင္ ပ်င္းရိၿပီး အိမ္ေပၚတက္ကာ အမိုးခြာလိမ့္မယ္။

【ဒီသတၲဝါကေတာ့ဖီဆန္ပုန္ကန္လာျပန္ၿပီ】

ရထားလံုးအတြင္း ထိုအျဖစ္အပ်က္ကို ေစာင့္ၾကၫ့္ေနၾကေသာသူမ်ားမွာ အထိတ္တလန႔္ျဖစ္သြားၾကသည္။ အထူးသျဖင့္ ရွင္းဇီဆိုလ်ွင္ အငိုေတာင္တိတ္သြားသည္။

【ဒီႏွစ္ေယာက္ရဲ့ဆက္ဆံေရးက... အရမ္းေကာင္းလြန္းေနတာလား?】
   
မ်က္ေတာင္မခတ္တမ္း ရႊဲရွန္ကိုၾကၫ့္ေနရာမွ ရႊမ္းမင္ႏွင့္ မေတာ္တဆ အၾကၫ့္ခ်င္းဆံုသြားသည္။

【တာ့ရွီးကအေတာ္ေလးၾကၫ့္ေကာင္းတာပဲ】

အထူးသျဖင့္ တစ္ပါးသူကို စိတ္ေအးေစေသာ တည္ၿငိမ္ေအးခ်မ္းလွၿပီး ခိုင္မာတဲ့မ်က္ဝန္းေတြ။ ရႊမ္းမင္ထံတြင္ စိုးရိမ္ပူပန္စရာမရိွလ်ွင္ အျခားသူမ်ားလည္း စိုးရိမ္စရာမလိုဟု ေျပာေနသလိုပင္။ ကိစၥရပ္တစ္ခုကို ေအာင္ျမင္ရန္ အၿမဲတမ္း အႀကံအစည္တစ္ခုကေတာ့ ထုတ္ေပးလာစၿမဲ။

ထိုမ်က္ဝန္းမ်ားႏွင့္ အၾကၫ့္ခ်င္းဆံုသြားခ်ိန္တြင္ အေၾကာင္းတစ္ခုခုေၾကာင့္ႏွင့္ ရွင္းဇီရင္ထဲ အျပစ္လုပ္ထားသလို ခံစားခ်က္က ဝင္ေရာက္လာသည္။

ရွင္းဇီမွအၾကၫ့္မလႊဲခင္ ရႊမ္းမင္အၾကၫ့္က အျခားတစ္ေနရာသို႔ ေရာက္ရိွသြားၿပီျဖစ္သည္။

စိတ္အေနွာင့္အယွက္ျဖစ္သြားေသာ မ်က္ႏွာထားႏွင့္ ရႊဲရွန္၏ ပိန္ပါးေသာလက္ေကာက္ဝတ္အား ဆုပ္ကိုင္ကာ ေခါင္းေပၚတြင္ရိွေနသၫ့္ ဥာဏ္မ်ားလွေသာလက္သည္းကို ဖယ္ရွားလိုက္သည္။ ရႊဲရွန္မွ လက္ျပန္တင္ၪီးေလမလား ဒါမွမဟုတ္ မ်က္ႏွာကိုထိလိုက္ေလမလား မသိတာေၾကာင့္ ရပ္တန႔္ရန္ အလႊတ္မေပးပဲ ဆက္လက္ကိုင္ထားသည္။

ရႊဲရွန္သည္ ႏွာေခါင္းရႈံ႔ၿပီး

"မင္းေခါင္းကဘယ္ေလာက္ေတာင္အဖိုးထိုက္ေနလို႔လဲ? ဘာလို႔ထိလို႔မရတာလဲ?"

တကယ္တမ္းမွာ ရႊမ္းမင္သည္ တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားျခင္းမဟုတ္။ တစ္ခ်က္ရုန္းတာႏွင့္ လြတ္ထြက္သြားႏိုင္သည္။ သို႔ေပမဲ့ ရႊဲရွန္သည္ မရုန္းကန္ပဲ ရႊမ္းမင္ကိုင္ထားသၫ့္အတိုင္း အသာေလးၿငိမ္ေနေလ၏။

ရႊမ္းမင္လက္ေခ်ာင္းမ်ား၏ ေအးစက္မႈသည္ ရႊဲရွန္အရည္ျပားဆီသို႔ ကူးစက္လာၿပီး မၾကာခင္မွာ သူ႔လက္လည္း ထို႔နည္းတူေအးစက္လာလိမ့္မည္။

ရႊဲရွန္အၾကၫ့္မ်ားက ရည္ရြယ္ခ်က္မရိွပဲ ရႊမ္းမင္လက္ဆီသို႔ ေရာက္ရိွသြားသည္။ ဘုန္းေတာ္ႀကီးႏွင့္ ေရႊခ်ည္မ်ွင္ေနာက္ကြယ္ကသူကို ႏိႈင္းယွဥ္မိျပန္သည္။ ဆံပင္ကလဲြ၍ အဘက္ဘက္၌ အမွန္ပင္ဆင္တူၾကသည္။

သို႔ေသာ္ ရႊမ္းမင္သည္ ကေလးဘဝကတည္းက ေခါင္းရိတ္ကာ ဘုန္းေတာ္ႀကီးျဖစ္လာခဲ့ၿပီး  ရႊဲရွန္မွ အရိုးမ်ားကို အထုတ္ယူခံရေသာအခ်ိန္မွာ လြန္ခဲ့ေသာေျခာက္လကျဖစ္သည္။ ဤအဓိပၸာယ္အရ ရႊမ္းမင္သည္ ထိုကိစၥရပ္ကို လုပ္ေဆာင္ခဲ့သူမျဖစ္ႏိုင္။

ရႊဲရွန္အတြက္ေတာ့ ရႊမ္းမင္သည္ ထိုပုဂၢိုလ္မဟုတ္သ၍ အရာအားလံုး အဆင္ေျပသည္။

ျဖစ္ေနခဲ့လ်ွင္....

'ျဖစ္ေနခဲ့လ်ွင္'၏ေနာက္ပိုင္းကို ဆက္မေတြးခင္ ရႊဲရွန္ သူ႔အေတြးမ်ားကို ရပ္တန႔္လိုက္သည္။ အေၾကာင္းအရာေျပာင္းလိုက္ၿပီး ရႊမ္းမင္ကိုေမး၏။

"သူတို႔ဘယ္မွာရိွမွန္းသိေပမဲ့အနားကပ္လို႔မရဘူးတဲ့လား? ၿပီးေတာ့'ဒါေပမဲ့'လို႔လည္းေျပာေသးတယ္..ဘာဒါေပမဲ့လဲ? မင္းရဲ့ျပဇာတ္ဆန္ဆန္တစ္ခန္းရပ္ေၾကာင့္ငိုကုန္ၾကၿပီမေတြ့ဘူးလား?"

ထိုစကားၾကားေသာအခါ ခ်န္းရႉႏွင့္ခ်န္းေဆာင္သည္ နားမ်ားစြန႔္လ်က္ ရႊမ္းမင္ကို စိတ္အားထက္သန္စြာ ၾကၫ့္လာၾက၏။

ရႊမ္းမင္ ခါးကို ျပန္မတ္လိုက္သည္။ အစြန႔္ပစ္ခံရြာအတြင္းရိွ ျမဴထုကိုလွမ္းၾကၫ့္ၿပီး လက္တစ္ဖက္ကို ၿမွောက္လိုက္သည္။ လက္သီးဆုပ္ေျပသြားေသာအခါ ခၽြင္ကနဲျမည္သံႏွင့္အတူ ေၾကးျပားႀကိဳးက တဲြေလာင္းက်လာၿပီး လက္ၫွိုး၌ ညင္သာစြာဝဲေနသည္။
  
"အနားကပ္လို႔မရတာအမွန္ပဲ..ဒါေပမဲ့––"

ရႊဲရွန္လက္အား လႊတ္လိုက္ၿပီျဖစ္တာေၾကာင့္ လက္ၫွိုးႏွင့္ ေၾကးျပားမ်ားကို အစဥ္တစ္မ်ိဳးအတိုင္း တျဖည္းျဖည္းေခါက္သည္။

"သြားလို႔မရဘူးဆိုရင္ဒီကိုထြက္လာခိုင္းလိုက္မယ္"

လက္ဖယ္လိုက္ေသာအခါ ေၾကးျပားမ်ားဆီမွ ျမည္သံမ်ားထြက္လာၿပီး တဲြခ်ည္ထားေသာႀကိဳးအနီမွာ ရုတ္ခ်ဥ္းတင္းက်ပ္သြားသည္။ ထို႔ေနာက္ အစြန႔္ပစ္ခံရြာအတြင္းမွ တစ္စံုတစ္ခုသည္ ေျမၾကီးမွ အျမစ္ကၽြတ္တက္လာသကဲ့သို႔ နားအူေလာက္ဖြယ္အသံက ထြက္ေပၚလာသည္။ ရထားလံုးအတြင္းမွအဖဲြ႔သည္  စိုးရိမ္ေၾကာင့္က်စြာ တစ္ၪီးမ်က္ႏွာတစ္ၪီး ၾကည့္မိၾက၏။ ထိုအခ်ိန္၌ ျမဴခိုးမ်ားၾကားထဲမွ အရိပ္မည္းႀကီးသည္ သူတို႔ရိွရာသို႔ ဘြားကနဲေပၚလာေတာ့၏။

"ဘုရားေရ! ၾကၫ့္ပါၪီး! အဲ့ဒါဘာႀကီးလဲ?"

ခ်န္းေဆာင္အက်ႌလက္ကိုဆဲြၿပီး ေကာင္းကင္ထက္ လက္ၫွိုးတထိုးထိုးႏွင့္ ရွင္းဇီေအာ္ေျပာသည္။

အရိပ္မည္းသည္ သူတို႔ရိွရာသို႔ အရိွန္ျပင္းျပင္းႏွင့္ တိုးလာၿပီး အနားကပ္လာတာႏွင့္အမ်ွ ပံုရိပ္မွာ ထင္ရွားလာသည္။ အိုေဟာင္းယိုယြင္းေနေသာ ၿခံဝင္းတစ္ဝင္းလံုးျဖစ္ၿပီး ယခင္ေနရာေအာက္မွ ေျမၾကီးမ်ားပါ အတူတကြ ရႊမ္းမင္ေၾကာင့္ ေလေပၚပ်ံေနသည္။

ဟုန္––

အသံနက္ႀကီးႏွင့္အတူ ၿခံဝင္းသည္ သူတို႔ေရ႔ွေျမၾကီး၌ ရပ္တန႔္သြားၿပီး အေဆာက္အၪီးကို ဝန္းရံထားေသာ ေပါင္းပင္မ်ားသည္ ေျမၾကီးအသစ္၌ တမဟုတ္ခ်င္း ကုပ္တြယ္သြား၏။

ဤသည္မွာ 'သြားလို႔မရရင္ဒီကိုထြက္လာခိုင္းလိုက္မယ္'ဆိုေသာ ရႊမ္းမင္စကား၏ အဓိပၸာယ္ျဖစ္သည္။
   
ခ်န္းေဆာင္တို႔သံုးၪီးမွာ တုန္လႈပ္ေျခာက္ျခားသြားၿပီး အသံေတာင္မထြက္ႏိုင္။ ဤသို႔လြန္ကဲလွေသာ အိမ္ေရြ့ေျပာင္းနည္းကို စိတ္ကူးႏွင့္ေတာင္ မေတြးဖူးၾက။ ပါးစပ္ပိတ္ရန္ေတာင္ ေမ့ေမ်ာလို႔သြားသည္။

ၿခံဝင္းသည္ ေျမၾကီးထက္ ဆင္းသက္သြားသည္ႏွင့္ အေဆာက္အၪီးဆီမွလာေသာ ေအာ္သံကို ၾကားလိုက္ၾကသည္။

"စာၾကမ္းပိုး"

ဝင္းတံခါးရိွ တံခါးေခါက္သၫ့္ခ်ိတ္တြင္ တဲြလဲခိုေနေသာ ပိန္ပိန္ပါးပါးသ႑ာန္ကို ေတြ့ေသာအခါ ရႊဲရွန္ထံမွ အသံထြက္လာသည္။

"ဒီအိမ္ရဲ့တံခါးနတ္မ်ားလုပ္မလို႔လား?"
   
ထိုပိန္ပိန္ပါးပါးသ႑ာန္သည္ ရႊဲရွန္အိတ္ထဲမွထြက္သြားေသာ က်န္းရွီနင္မွလဲြ၍ တျခားမရိွ။

က်န္းရွီနင္လိုသူသည္ ရထားလံုးထဲ အစ္မျဖစ္သူသတင္းကို ထိုင္ေစာင့္ေနႏိုင္မၫ့္သူမ်ိဳးမဟုတ္။ ရႊဲရွန္ခန္႔မွန္းထားသၫ့္အတိုင္းပင္။ ရႊဲရွန္ဝတ္ရံုထဲ ပုန္းေနခဲ့ေသာေနရာမွ ရႊမ္းမင္ႏွင့္အတူ ရြာထဲလိုက္ပါသြားခဲ့သည္။ ရႊမ္းမင္မွ သူ႔အစ္မႏွင့္ေယာက္ဖျဖစ္သူ အဖမ္းခံထားေသာေနရာကို ရွာေတြ့သြားေသာအခါ သူလည္းအတူတူပင္ျဖစ္သည္။ ကြာျခားခ်က္မွာ ရႊမ္းမင္သည္ လူျဖစ္တာေၾကာင့္ ၿခံဝင္းအနား ကပ္လို႔မရေပမယ့္ တစၧေျဖစ္ေသာက်န္းရွီနင္ကေတာ့ ၿခံဝင္းအတြင္း အလြယ္ေလးဝင္ေရာက္ႏိုင္၏။ သို႔ေသာ္လည္း အထဲသို႔မေရာက္ခင္မွာ ၿခံဝင္းတစ္ခုလံုး ေျမာက္တက္သြားခဲ့သည္။

စကၠူလူသားအျဖစ္ ျပန္ေျပာင္းခ်ိန္ မရလိုက္တာေၾကာင့္ ခ်န္းေဆာင္တို႔ႏွင့္ မ်က္ႏွာခ်င္းဆိုင္ေတြ့ေတာ့သည္။

"ဘုရားေရ... က်န္း... က်န္းေရွာင္ယဲ့ေလးလား?"

ခ်န္းရႉသည္ ထစ္ေငါ့လ်က္

"သား… သားေလး… သားေလး … "

ေသသြားတာမဟုတ္ဘူးလားလို႔ ေမးခ်င္ေပမယ့္ အေသစကားသည္ နိမိတ္မေကာင္းသည္မို႔ ဆက္မေျပာႏိုင္ျဖစ္ေနေလ၏။ အသက္ရွင္ေနေသးတာလားလို႔ ေမးျပန္လ်ွင္လည္း ထိုစကားက ကိုးယိုးကားယားႏိုင္လွတာေၾကာင့္ ေမးမရ။ ထို႔ေၾကာင့္ စကားမဆံုး တစ္ေလ်ွာက္လံုး ထစ္ေငါ့ေနေတာ့သည္။

ရွင္းဇီမ်က္လံုးမ်ားက မ်က္ရည္မ်ားႏွင့္ျပၫ့္ေနၿပီး ခ်န္းေဆာင္အက်ႌလက္ကို အၾကမ္းပတမ္းဆဲြကာ

"ကၽြန္မသိသားပဲ! တကယ္ေတြ့ခဲ့တယ္ဆိုတာကၽြန္မသိသားပဲ! က်န္းေရွာင္ယဲ့တံခါးေခါက္တာကိုတကယ္ေတြ့ခဲ့တာ... ဒါေပမဲ့.... ဒါေပမဲ့ေရွာင္ေရွာင္းယဲ့က…"

က်န္းရွီနင္သည္ တည္ၿငိမ္စြာ အၾကၫ့္ခ်င္းဆံုၿပီး ဂါဝရျပဳလိုက္သည္။

"တံခါးေခါက္တာကမဆင္ျခင္မစဥ္းစားပဲလုပ္လိုက္မိတာပါ..မိန္းကေလးရွင္းဇီကိုေၾကာက္လန႔္ေစမိၿပီ"

"အခုက…"

"စိတ္မေကာင္းစရာကေတာ့ ကၽြန္ေတာ္ကတစၧေတစ္ေကာင္ပါ"

က်န္းရွီနင္သည္ ခါးသက္သက္ရယ္ေမာလိုက္ၿပီး ထပ္ေျပာလာ၏။

"ခ်န္းရႉ၊ ခ်န္းေဆာင္ မေတြ့ျဖစ္တာၾကာၿပီ... ကၽြန္ေတာ့္ကိုတစ္ခ်ိန္လံုးအမွတ္ရေနေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္"

တစၧေဆိုေသာစကားၾကားေသာအခါ ရထားလံုးအတြင္းရိွလူမ်ား ဘာေျပာရင္ေကာင္းမွန္းမသိ တိတ္ဆိတ္ကုန္ၾကသည္။ ထို႔အျပင္ လက္ရိွအေျခအေနမွာ အတိတ္ေၾကာင္း အတူတကြ ျပန္ေျပာင္းေျပာလို႔ အေကာင္းဆံုးအခ်ိန္မဟုတ္။

"ရႊီအိမ္ေတာ္… "

ၿခံဝင္းတံခါးေပၚရိွဆိုင္းဘုတ္တြင္ ေရးထားေသာအမည္ကို ရႊဲရွန္ေရရြတ္လိုက္သည္။

"ရႊီ?"

ခ်န္းရႉမွအသံလိုက္ထြက္ၿပီး

"ရႊီတာ့ရွန္းရမ္ရဲ့အိမ္ေတာ္မ်ားျဖစ္ေနမလား?"

"ရႊီတာ့ရွန္းရမ္? ဘယ္သူလဲ"

ရႊဲရွန္မွေမးသည္။

ခ်န္းရႉရွင္းျပလာသည္။

"ဝမ္ရြာမွာေနတဲ့သူေတာ္ေတာ္မ်ားမ်ားကဝမ္မ်ိဳးႏြယ္ေတြ..ဆယ္အိမ္ေထာင္ေလာက္ပဲရိွတဲ့ေနာက္ပိုင္းေျပာင္းလာတဲ့သူေတြထဲမွာရႊီမ်ိဳးရိုးကုန္သည္တစ္ၪီးပါလာတယ္..အထည္ကုန္သည္အေနနဲ႔လုပ္ငန္းစခဲ့ၿပီးကိုယ္ပိုင္ရက္ကန္းစင္ေတြနဲ႔ႏွစ္ေပါင္းမ်ားစြာေငြေၾကးႂကြယ္ဝခဲ့တဲ့သူလို႔ေျပာၾကတယ္...ဒါေပမယ့္အေျခအေနတစ္ခုအထိစီးပြားပ်က္သြားတယ္ထင္ပါ့..အထည္လုပ္ငန္းတစ္ခုလံုးကိုေရာင္းၿပီးဇနီးျဖစ္သူေမြးရပ္ျဖစ္တဲ့ဝမ္ရြာကိုတစ္မိသားစုလံုးေျပာင္းလာၾကတယ္..ဒီမွာဆယ့္ငါးႏွစ္ဆယ့္ေျခာက္ႏွစ္ေလာက္ေနသြားပါ့..ဒီလူကအေတာ္ႀကီးၾကင္နာသနားတတ္တဲ့သူ..အသျပာဆိုတာလည္းျပတ္လတ္တယ္ကိုမရိွဘူး..ရြာမွရိွတဲ့လူတိုင္းသူ႔ဆီကအကူအညီရၾကတယ္..အဲ့ဒါေၾကာင့္အကုန္လံုးကရႊီတာ့ရွန္းရမ္လို႔ေခၚၾကတာေပါ့"

တံခါးေခါက္ရန္ျပင္ေနေသာရႊဲရွန္သည္ ခ်န္းရႉစကားေၾကာင့္ ရပ္တန႔္သြား၏။ အက်ႌလက္ေထာင္ကို ေဝ႔ွယမ္းၿပီး ေလညင္းကိုဆင့္ေခၚကာ သံေခ်းတပ္ေနေသာတံခါးႏွစ္ခ်ပ္အၾကား တိုးဝင္ေစၿပီး တံခါးကို ျဖည္းညင္းစြာဖြင့္ေစလိုက္သည္။

ေရွးေဟာင္းတံခါးပြင့္သြားေသာအခါ အေရ႔ျွခမ္းအခန္းဆီမွ ေၾကာက္လန႔္တၾကားေအာ္သံမ်ားက ထြက္ေပၚလာသည္။ ထိုအခန္းထဲတြင္ လူမ်ားရိွၿပီး ေသမတတ္ေၾကာက္ရြံ႔ေနၾကသည္။

ရႊဲရွန္က ၿခံဝင္းတံခါးကို ဖြင့္လိုက္ေသာအခ်ိန္တြင္ တစ္စံုတစ္ေယာက္သည္ ပိတ္ထားေသာ အေရ႔ွခန္းတံခါးကို ဖြင့္ရန္ျပင္ေနရာမွ ရုတ္ခ်င္းရပ္တန႔္သြား၏။ ထိုပုဂၢိုလ္သည္ အျပင္ကေန မ်က္ႏွာထက္ထိုးေနေသာ ေနေရာင္ဒဏ္ကို မခံႏိုင္ေသာပံုႏွင့္ မ်က္ႏွာကို လက္ျဖင့္ပိတ္ကာလိုက္၏။

အလင္းတစ္ကြက္တည္းႏွင့္ အႏွီပုဂၢိုလ္ ဘယ္လိုပံုပန္းရိွေၾကာင္း ေသခ်ာမျမင္ရ။ ဝိုးတဝါးသာျမင္ရသည္။ သူ႔ေက်ာကုန္းက အသက္အရြယ္ေၾကာင့္ ကိုင္းၫြတ္လို႔ေနရာ အနည္းဆံုးအသက္ငါးဆယ္ေလာက္ ရိွၿပီဆိုတာကို ျပသေနသည္။ အရင္ကေတာ့ သာမန္အရပ္ေလာက္ရိွေသာ္လည္း ေျခေထာက္မ်ားက မခိုင္ေတာ့သလို ဒူးမ်ားက ေလ်ာ့တိေလ်ာ့ရဲႏွင့္ ေျခခြင္ေနေသာအသြင္ေပါက္ေနသည္။

အလင္းႏွင့္အသားက်ရန္ အခ်ိန္အေတာ္ၾကာ ယူလိုက္ရသည္။ ေနာက္ဆံုးမွာေတာ့ လက္ျပန္ခ်ကာ အလင္းတစ္ခ်ိဳ႕သာရိွေသာ အေမွာင္ထဲ၌ရပ္ေနရင္း

"ဧၫ့္သည္တို႔..ဘာလို႔အေရ႔ွတံခါးမွာရပ္ေနၾကတာလဲ? ဒီေန့ကၽြန္ေတာ္မ်ိဳးရႊီရဲ့ေမြးေန့မလို႔အကုန္လံုးကိုဖိတ္ၾကားထားၿပီးသားပါ..အထဲဝင္ၿပီးေသရည္ေသာက္ပါၪီးလား?"

အကုန္လံုး ၾကက္ေသေသသြားၾကသည္။ ဤသူမွာ တကယ္ပဲ ရႊီတာ့ရွန္းရမ္ျဖစ္ေလသည္။

သူတို႔မတံု႔ျပန္ႏိုင္ခင္မွာ ရႊီတာ့ရွန္းရမ္ကပဲ ထပ္ေျပာလာသည္။

"ခရီးေဝးကေနမိတ္ေဟာင္းေဆြေဟာင္းေတြလာၿပီးဂုဏ္ျပဳေပးတာကံေကာင္းတာပဲ...အန္ခ်င္းကနာမည္အႀကီးဆံုးဇာတ္သဘင္အဖဲြ႔ေတြထဲမွာပါတယ္ဗ်..ျပကြက္ေတြကေတးသံသာၿပီးရႈေမာဖြယ္ေကာင္းပါဘိ..အထဲဝင္ခဏေစာင့္ၿပီးနားေသာတဆင္ၾကပါၪီး..ဇာတ္သဘင္အဖဲြ႔လာတိုင္းဝမ္တစ္ရြာလံုးအေပ်ာ္ႀကီးေပ်ာ္ၾကတာ..လူတိုင္းသူတို႔အဖဲြ႔ကျပတာၾကၫ့္ရတာကိုႏွစ္သက္ၾကတယ္"

【ဇာတ္သဘင္အဖဲြ႔?】

ရႊဲရွန္ႏွင့္ရႊမ္းမင္ အၾကၫ့္ခ်င္းဆံုသြားခ်ိန္တြင္ ႏွစ္ၪီးသားလံုး မတိုင္ခင္က ေတြ့ခဲ့ေသာအဖဲြ႔ကို သတိရသြားၾကသည္။ သို႔ေပမယ့္ သူတို႔၏အေတြးသည္ မ်က္စိေရ႔ွေမွာက္ရိွ ေျပာင္းလဲသြားေသာျမင္ကြင္းေၾကာင့္ အဆက္ျပတ္သြားေတာ့၏။

ရႊီတာ့ရွန္းရမ္၏စကားမ်ားသည္ ပုန္းကြယ္ေနေသာဝင္ေပါက္တစ္ခုခုကို လႈပ္ခါေစပံုရ၏။ ပ်က္ဆီးယိုယြင္းေနေသာရႊီၿခံဝင္းသည္ စီတန္းေနေသာ မီးအိမ္နီမ်ားေၾကာင့္ ထိန္လင္းသြားၿပီး ဝမ္ရြာလမ္းတစ္ေလ်ွာက္၌ လူမ်ားပ်ားပန္းခတ္ လႈပ္ရွားလာသည္။ ျမဴခိုးမ်ားေနာက္ကြယ္မွ လူေပါင္းရာေက်ာ္ေလာက္ တစ္စုခ်င္းဆီထြက္လာၾကၿပီး ၿခံဝင္းဆီသို႔ ၪီးတည္လာသည္။ အေနာက္တြင္ အဆံုးပင္မျမင္ရ။

တစ္ခ်ိန္တည္းမွာပဲ ေတာင္ၾကားလမ္းဆီကေန ရြာဆီသို႔လာေနေသာ ျမင္းခြာသံမ်ားကို ၾကားလိုက္ရသည္။

•••••

Continue Reading

You'll Also Like

328K 43.5K 200
Book-6 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
194K 20.8K 101
ဘာသာပြန်သူ - စွဲညို့အသင်း
100K 8.7K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
187K 19.8K 82
အချစ်ကြောင့် မျက်ကန်းဖြစ်ခဲ့ရတဲ့ ဖုန့်ဝူယိဟာ သူချစ်မိတဲ့ ယောက်ျားကြောင့်နဲ့ပဲ သေခဲ့ရတယ်... သူ့ကိုတစ်ဖက်သက် ချစ်နေခဲ့တဲ့ တစ်ယောက်သောသူကိုတော့ ပြန်လည်မ...