Unicode
ဟွားမန်နယ်၏ နွေဦးကာလ၌ : အရိုးများနှင့် အသွေးအသားများ အထုတ်ယူခံရသောနေ့တွင်ဖြစ်သည်။ မရေမတွက်နိုင်သော ရွှေချည်မျှင်ကြိုးများက အရပ်ရှစ်မျက်နှာမှ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးကိုရစ်ပတ်လျက် မြေပြင်ထက်သို့ ဆွဲချဖိကပ်ခဲ့သည်။ ကြိုးမျှင်များသည် အကြေးခွံများအကြားတိုးဝင်လျက် မြဲမံစွာချုပ်နှောင်ထားပြီး ကြီးစွာသောလှောင်အိမ်ထဲ၌ ပိတ်လှောင်ထားခဲ့၏။
ရွှေကြိုးများသည် ဆံချည်မျှင်တမျှသာရှိသဖြင့် အသားထဲနစ်ဝင်သွားချိန်ဝယ် ဒဏ်ရာများမှာ သေးငယ်လှသည်မို့ သွေးယိုစီးခြင်းတော့မရှိ။ သွေးမထွက်သောကြောင့် မနာကျင်လို့တော့မဆိုနိုင်။ ထိုရွှေချည်မျှင်များကြောင့် ကိုယ်ခန္ဓာမှာ မီးပူကျွမ်းသကဲ့သို့ ပူလောင်လှချေသည်။ အပြင်ဘက်မှကြိုးများကြောင့် အကြေးခွံနှင့်အရည်ပြားများက နာကျင်ရပြီး အသားတွင်းနစ်ဝင်နေသောကြိုးများကြောင့် အရိုးထဲအသားထဲအထိ အူအသည်းလှိုက်အောင် ခံစားရသည်။ စိုးစဥ်မျှလှုပ်ရှားမှုလေးကတောင် အသည်းခိုက်အောင် နာကျင်လှသည်။ ကုဋေသန်းချီသောပုရွတ်ဆိတ်များ တစိစိဝိုင်း၍အမဲဖြတ်ခြင်းကို ခံနေရသလိုနှယ်။
သို့သော်ငြား ရွှဲရှန်ကတော့ ရွှဲရှန်ပင်။ သိန်းသောင်းချီသောမြားများနှင့် မြေပြင်ထက်ကပ်နှိပ်ထားလျှင်တောင်မှ သူလှုပ်ချင်လျှင် လှုပ်ရှားမည့်သူဖြစ်သည်။ မည်မျှပင်နာကျင်စေကာမူ ကိုယ်တွင်စိုက်နေသောမြားများကိုဆွဲနှုတ်ပြီး ဤသို့လုပ်ခဲ့သူခေါင်းကို သွားဖြုတ်ချေလိမ့်မည်။
ခန္ဓာကိုယ်နာကျင်မှုလေးလောက်နဲ့ သူ့ကို ဘယ်သောအခါကမှ တားနိုင်စွမ်းရှိခဲ့သည်မဟုတ်။
ထိုအချိန်တုန်းက လှောင်ချိုင့်ကို ဖြတ်မထွက်နိုင်ခဲ့သော အကြောင်းအရင်းမှာ နှစ်ရာစုကြာတိုင်း တစ်ကြိမ်ရောက်ရှိတတ်သော အတိဒုက္ခကို ဖြတ်ကျော်ရမည့်အချိန်ကာလသို့ ရောက်ရှိနေခြင်းကြောင့်ဖြစ်သည်။
ကြီးစွာသောအတိဒုက္ခများရှိသလို ပမွှားကိစ္စရပ်များလည်းရှိသည်။ သို့သော် လျှပ်စီးထန်သော အတိဒုက္ခကို ကြုံတွေ့ရသည်က များလှသည်။
ရွှဲရှန်အတွက်တော့ မိုးသက်မုန်တိုင်းများမှာ ကြောက်မက်ဖွယ်မကောင်းလှသော အတိဒုက္ခများဖြစ်သည်။ ပင်လယ်ပြင်ကို ဖြတ်သန်းနေသော နဂါးမင်းအား မိုးသက်လေပြင်းနှင့် လျှပ်စီးမိုးကြိုးများက အဖော်မပြုချိန် ရှိသည်တဲ့လား? မိုးကြိုးများနှင့် အသားကျနေသူဖြစ်သည်မို့ မည်မျှပင်ပြင်းထန်သောလျှပ်စီးကြောင်း ဖြစ်နေစေကာမှု မျက်တောင်မခတ် ထိုင်ကြည့်နေမည့်သူပင်။
ပုံမှန်ချိန်မှာ သူကသာဆင့်ခေါ်လေ့ရှိသော မိုးကြိုးများဖြစ်တာကြောင့် သာမန်မိုးကြိုးများက ရွှဲရှန်ကို ထိခတ်နိုင်စွမ်းရှိသည်မဟုတ်။ ထိခတ်မိလျှင်တောင် ဒဏ်ရာမရသလို အသားတောင်မယား။ သို့သော်ငြား အတိဒုက္ခကို ဖြတ်ကျော်ရသောကာလ၌တော့ ကွာခြားသွားသည်။ သူ့ကိုထိခတ်နိုင်ရုံသာမက သူ့ဆီသို့ ဦးတည်လာတယ်ဆိုလျှင်ပိုမှန်မည်။ ခန္ဓာကိုယ်တစ်ခုလုံး သွေးချင်းချင်းရဲသည်အထိ မိုးကြိုးများ အဆက်မပြတ်ပစ်ချလေလိမ့်မည်။ ဤသို့သောအချိန်တွင် အရေပြားများ ပြဲလန်ကွာထွက်သွားခြင်းက စိုးရိမ်စရာမဟုတ်သေး။ ထိုအရာထက် ဆိုးရွားသောအရာများက ဆီးကြိုလို့နေသည်။ စိတ်ဝိညာဥ် ထာဝစဥ်ဘေးဒဏ်သင့်သွားခဲ့ပါက အကျိုးဆက်များက သေသည်ထက်ဆိုးရွား၏။ ပြင်းထန်သော စိတ်ဝိညာဥ်ကျင့်စဥ် မလုပ်ဆောင်ပါက မိုးကြိုးလျှပ်စီးများကြောင့် စိတ်ဝိညာဥ်မှာ ကွဲကြေသွားပြီး ခန္ဓာကိုယ်အလွတ်ကတော့ ရွှံမြေထဲ ပျော်ဝင်သွားလိမ့်မည်။
အတိဒုက္ခကာလအတွင်း ကိုယ့်အသက်ကိုယ်ကာကွယ်ရန် များပြားသောအကြံအစည်များ ထွက်လာမှရမည်။ 'အမတရှစ်ပါးပင်လယ်ပြင်ကိုဖြတ်ကျော်ခြင်း' ပုံပြင်မှ တစ်ဦးချင်းဆီ၌ အကြံတစ်မျိုး ရှိနေသကဲ့သို့ပင်။ သို့သော် ရွှဲရှန်မှာ ဤသို့မစွမ်းနိုင်။ သူ့လှုပ်ရှားမှုတိုင်းဟာ လူ့ဘုံလောကသားများ အမှီတဝဲပြုနေရသော မြစ်၊ချောင်း၊ရေကန်၊ပင်လယ်ကိုသွား၍ အကျိုးသက်ရောက်နိုင်သည်။ သူသာ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်တိုက်ခိုက်လိုက်ပါလျှင် ရေအနီးအနားရှိ သက်ရှိများအားလုံး အန္တရာယ်များသော ရေဝဲဂယက်ထဲ ကျဆင်းသွားလိမ့်မည်။ နဂိုအချိန်များတွင်တောင်မှ တစ်နေရာရာကို ရေကြီးသွားအောင် လုပ်မိလေ့ရှိသည်ဖြစ်ရာ ဤသို့အချိန်ကာလများအတွင်း၌ လှိုင်းကြီးပြီး မြို့များရေမလွှမ်းသွားအောင် ရွှဲရှန်သတိကြီးစွာထားနေရသည်။
ထို့အပြင် အတိဒုက္ခကို ကြုံတွေ့ရချိန်တိုင်း၌ နဂါးအသွင် အမြဲတမ်းပြောင်းလဲထားခဲ့သည်။ ဧရာမနဂါးကိုယ်ခန္ဓာသည် အသွေးအသားကို ပြင်းပြစွာနာကျင်စေသော မိုးကြိုးများဒဏ်ကို ခံနိုင်ရည်ရှိသောကြောင့်ဖြစ်လေ၏။ လူအသွင်တိုင်းသာနေခဲ့လျှင် မိုးကြိုးချက်အနည်းငယ်လောက်နဲ့ စင်စစ်ဧကန် အရည်ပြားများ ပြဲလန်ကွာကျသွားနိုင်သည်။ ဤသို့ဖြစ်ပါက ဘယ်လိုပုံပန်းများ ဖြစ်နေလိမ့်မလဲ?
ပမွှားအတိဒုက္ခများကို ကျော်ဖြတ်ရချိန်ဝယ် ရွှဲရှန်သည် လက်ကလေးလှုပ်ဖို့ရန်တောင် စိတ်ကူးရှိသူမဟုတ်။ လူမနေသောကျွန်းတစ်ကျွန်းကိုရှာပြီး မိုးကြိုးများ တအုံးအုံးပစ်နေသည့်အကြားမှာ လဲလျောင်းနေလိမ့်မည်။ ပြီးဆုံးသွားပါက ထိုနေရာတွင် ဒဏ်ရာပျောက်သည်အထိ အိပ်စက်လိမ့်မည်။ စိမ့်ပေါက်တိုင်းဆီမှ သွေးများစီးယိုနေခြင်း ရပ်တန့်သွားပါက ပင်လယ်ကြမ်းပြင်သို့ဆင်းသက်ကာ စိတ်ဝိညာဥ်ကို ပြန်လည်ကုသလေ့ရှိသည်။
သို့ပေမယ့် ကြီးစွာသောအတိဒုက္ခကို ရင်ဆိုင်ရချိန်မျိုး၌ ရွှဲရှန် ဖြစ်ကတက်ဆန်း ပြုမှုလို့မရ။ အတိဒုက္ခ၏ ကြီးမားလှသော မိုးကြိုးမုန်တိုင်းများဒဏ်ကို ကုန်းမြေသည် ခံနိုင်ရည်ရှိသည်မဟုတ်။ ထိုအချိန်တွင် မိုးကြိုးများ လူမနေသောကျွန်းသို့ ကျဆင်းသွားလျှင် အချက်အနည်းငယ်လောက်နှင့် တစ်ကျွန်းလုံး တစဆီဖြစ်ကာ ရေထဲမြုပ်သွားနိုင်သည်။ လူရှိနေသောနေရာဖြစ်ပါက အမှန်ပင် နှစ်ပေါင်းများစွာမှ တစ်ကြိမ်တောင် ကြုံတွေ့ရခဲသည့် ဘေးအန္တရာယ်ဆိုးကြီး ဖြစ်သွားပေလိမ့်မည်။
အတိဒုက္ခအချိန်ကာလအတွင်း မိုးကြိုးများ ကမ္ဘာမြေကြီးထက် ကျဆင်းသွားခြင်းကို ရှောင်ရှားရန် ရွှဲရှန်သည် ကောင်းကင်ထက်ပျံသန်းကာ တိမ်မည်းများအကြား တိုးဝင်လေ့ရှိ၏။ ထိုအခါ ကောင်းကင်ယံမှ ကျဆင်းလာသောမိုးကြိုးများသည် သူရှိရာတိမ်မည်းများဆီသို့ ဦးတည်လာလိမ့်မည်။ လူ့ဘုံလောကသားများမှာ ကြောက်မက်ဖွယ်မိုးခြိမ်းသံများကိုသာ ကြားရပြီး အန္တရာယ်မရှိတော့။
ဤနှစ်နွေဦးမှာတော့ ကြီးစွာသောအတိဒုက္ခကို ရွှဲရှန်ရင်ဆိုင်တွေ့ခဲ့သည်။
ကြုံတွေ့ခဲ့ဖူးသော အတိဒုက္ခများထက် ဤတစ်ခါသည် ပို၍ကြီးမားပုံရ၏။ ထို့ကြောင့် မိုးကြိုးများဒဏ်ကို ခံပြီးသည့်နောက်မှာ စိတ်ဝိညာဥ်သည် နက်နက်ရှိုင်းရှိုင်းပင် ထိခိုက်သွားကြောင်း ရွှဲရှန်သတိပြုမိခဲ့သည်။ ကောင်းကင်ယံထက် ဆက်လက်မပျံသန်းနိုင်တော့သောကြောင့် တိမ်တိုက်များအတွင်းကနေ ပင်လယ်ကမ်းခြေသောင်ယံပေါ်သို့ ကျဆင်းလာခဲ့သည်။
တစ်ဦးတစ်ယောက်၏စိတ်ဝိညာဥ် ဒဏ်ရာရနေခိုက် ထိုသူသည် အသိလွတ်တစ်ချက်ရတစ်ချက်အခြေအနေနှင့် အဆုံးမရှိသောအိမ်မက်များအကြား နိုးထခြင်းမရှိ ကျင်လည်နေမိသူနှယ် လမ်းပျောက်နေလိမ့်မည်။ ထိုအခြင်းအရာကြောင့် ရွှေကြိုးမျှင်များနှင့် လာရောက်ချည်နှောင်သောအချိန်တွင် ရန်သူကိုမြင်တွေ့လိုက်ရတာကိုအသာထား မျက်လုံးတောင်မနည်းဖွင့်နေရသည်။ ကြိုးလည်းဖြတ်၍မပြေးနိုင်။ အချိန်များစွာ ကြာလင့်လာပြီဖြစ်စေကာမှု မှတ်ဥာဏ်များကို စုစည်းလို့မရနိုင်သေး။ အိမ်မက်အပိုင်းအစများနှယ် တစ်ချို့တစ်ဝက်သာ ခေါင်းထဲ၌ရှိသည်။
သို့သော် ဤရွာပျက်သို့ရောက်သောအခါ ရွှဲရှန်စိတ်ထဲ တစ်စုံတစ်ခုက ဖြတ်ပြေးလာခဲ့သည်။ တိုက်ဆိုင်တာကြောင့်လည်း ဖြစ်နိုင်ပေမယ့် သူ့ခေါင်းထဲ ထိုမှတ်ဥာဏ်များ ဝင်ရောက်လာချိန်တွင် ကြုံတွေ့ခဲ့ဖူးသော ကြောက်မက်ဖွယ်ရာဖြစ်ရပ်ကြောင့် ရင်ဘတ်တစ်ခုလုံး တင်းကျပ်လို့သွားသည်။ ရွှေချည်မျင်များ၏နောက်ကွယ်တွင် ရပ်နေသောသူ၏ပုံရိပ်ကို တွေ့မြင်လိုက်ရသည်။ ထိုသူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်နှင့်တူ၏။ ကြားခံနေသော အတားအဆီးများကြောင့် သေချာမမြင်ရ။ ပုံရိပ်မျှသာ လှမ်းမြင်ရသည်။
ဝိုးတဝါးပုံရိပ်အရ ထိုသူသည် အရပ်ရှည်ပိန်ပါးသူဖြစ်ကြောင်း ရွှဲရှန်မြင်နိုင်သည်။ လေပြင်းတိုက်ခတ်နေသည့်အကြား ဝတ်ရုံတလွင့်လွင့်နှင့် ရပ်လို့နေပြီး ပြေကျနေသောဆံနွယ်ရှည်များက ထို့သူမျက်နှာကို အရိပ်ကာလျက်ရှိသည်။
ပြီးလျှင်...
အလွန်တရာမှ ထူးဆန်းလှသော တစ်စုံတစ်ခုက ရှိလို့နေသည်။
ဝမ်ဆိုသောမြည်သံ တဖြည်းဖြည်းပျောက်ကွယ်တိုးဝင်သွားချိန်တွင် ရွှဲရှန် မှတ်ဥာဏ်များဆီက လွတ်မြောက်သွားခဲ့သည်။
"ဘာဖြစ်သွားတာလဲမသိဘူး? ထ-ထပါဦး"
ရွှဲရှန်ထံ အသိငါးပါးပြန်လည်ရရှိလာချိန်ဝယ် နား အနားကပ်၍ စိုးရိမ်တကြီးအော်ဟစ်နေသော အမျိုးသမီးတစ်ဦး၏အသံကို ကြားလိုက်ရသည်။
"မိန်းကလေးရှင်းဇီ..လှုပ်ခါနေတာကိုရပ်ပါတော့..ငါ့ခေါင်းကျွတ်ထွက်သွားတော့မယ်"
မျက်စိမှိတ်ထားရင်းနှင့် ရွှဲရှန်ရေရွတ်လိုက်သည်။
"နိုးပြီလား?!"
ရှင်းဇီသည် အံသြသင့်လျက် မေးလာ၏။ အခုမှသာ ရွှဲရှန်ပုခုံးထက် လက်တင်ထားမိကြောင်း သတိပြုမိသွားတော့သည်။ မီးနှင့်ထိတွေ့မိသွားသည့်နှယ် လက်ကိုချက်ချင်းပြန်ရုတ်လိုက်ပြီး အနေခက်စွာ ဘေးသို့ပြန်ဆုတ်လျက် ရှင်းပြလာသည်။
"ရုတ်တရက်ကြီးသတိမေ့သွားတဲ့အပြင်အသက်လည်းမရူတော့ဘူး..အကုန်လုံးထိတ်လန့်သွားကြတာ..အဲ့ဒါနဲ့.. ကျွန်မက... "
ရွှဲရှန် မျက်မှောင်ကြုံ့လျက် မျက်လုံးများကို ပျင်းတွဲတွဲဖွင့်ကြည့်လာသည်။ အပေါ်နှုတ်ခမ်းအထက်အချိုင့်ကို ထိတွေ့ကြည့်ကာ
"အဲ့ဒါနဲ့ငါ့ကိုလိမ်ဆွဲလိုက်တာလား?"
ရှင်းဇီသည် ရထားလုံးနံရံကိုမှီလိုက်ရင်း အရာရာကိုအရှုံးပေးလိုက်သည့်နှယ် သက်ပြင်းချ၏။ သူမ စကားသံ၌ မသိလျှင် မြစ်ဝါမြစ်ထဲခုန်ဆင်းလျှင်တောင်မကျေမည့် အပြစ်များကို လုပ်ဆောင်ထားသည့်သူနှယ် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ဖြစ်နေသော အရိပ်အယောင်များက ကပ်ပါလာသည်။
"ဟုတ်ပါတယ်..နှုတ်ခမ်းအထက်ကိုလိမ်ဆွဲမိပါတယ်",
"ကျေးဇူးပဲ"
အပြုံးနှင့်ဆိုလာသည်။ ပြီးလျှင် မျက်နှာပြန်လည်တည်တန်းသွားကာ ရွာဆီသို့ သတိထားကြည့်လိုက်သည်။
"အာ…"
ကျေးဇူးတင်စကားဆိုလာမည်ဟု မထင်မှတ်ထားခဲ့သော ရှင်းဇီသည် မျက်နှာရဲလို့သွားပြန်၏။ လက်နှစ်ဖက်အချင်းချင်းဖိပွတ်နေရင်း
"ကိစ္စမရှိဘူး..ကိစ္စမရှိပါဘူး..နိုးလာတာကိုပဲဝမ်းသာရပါတယ်"
ရွှဲရှန်မှာ သူမစကားသံကို မကြားတော့။ ရွာပျက်ဆီကို စူးစူးရဲရဲစိုက်ကြည့်နေပြီး ရွှမ်းမင် အဘယ်ကြောင့်များ ပြန်မလာသေးလဲ တွေးတောလို့နေသည်။
"ဒီကတုံး..."
အခြားသူများအရှေ့တွင် ရွှမ်းမင်ကို ထိုသို့ခေါ်ခြင်းမှာ မသင့်တော်လှဟုတွေးမိပြီး ပြောလက်စစကားက ရပ်တန့်သွားသည်။ လည်ချောင်းတစ်ချက်ရှင်းကာ လေးနက်မှုအချို့ကို အသံထဲ၌ ဖြည့်သွင်းလိုက်ပြီး
"ငါသတိလွတ်သွားတာဘယ်လောက်ကြာလဲ? ရွာထဲအဲ့ဒီဘုန်းကြီးဝင်သွားတဲ့နောက်ပိုင်းဘာတွေဖြစ်သေးလဲ?"
"ဘာတွေဖြစ်သေးလဲဆိုတော့"
ရှင်းဇီသည် စိုးရိမ်တကြီး ခေါင်းယမ်းပြကာ
"အချိန်တစ်ခုတော့ရှိနေပြီ..ဘာသံမှမကြားရသေးဘူး..အထဲဝင်ပြီးလိုက်...လိုက်ရှာသင့်လား?"
အကြင်လူသားသုံးဦးသည် ရထားလုံးနှင့် လေဟုန်စီးပြီး ကျဥ်းထဲကျပ်ထဲကျရောက်ခဲ့ပေမယ့် အဖွဲ့လိုက်ကြံဆလုပ်ဆောင်ရာမှာ ရွှဲရှန်ကို တရိုတသေနှင့် ဦးစားပေးကြသည်။ ဝင်ပါရမှာ ကြောက်လျှင်တောင် ထုတ်ပြီးပြောမလာရဲကြ။ အချိန်တစ်ခုအထိကြာနေပြီဖြစ်ပြီး ဤရွာအတွင်း၌ အဘယ်သို့အန္တရာယ်များ ရှိနေမည်အား အဘယ်သူက သိနိုင်မည်နည်း?
ရှင်းဇီစကားကိုကြားသောအခါ ရွှဲရှန်မျက်မှောင်ကြုံ့သွား၏။ ပြီးလျှင် ကိုယ့်ခါးကိုယ် ပုတ်လိုက်ပြီး
"စာကြမ်းပိုး..ဘာလို့အဲ့လောက်တိတ်ဆိတ်နေတာလဲ?"
ကောင်းကင်ယံထက် ပျံသန်းပြီးပြီဖြစ်သော လူသားသုံးဦးသည် တစ္ဆေကြောက်တော့မယ်မထင်။ ကျန်းရှီနင်ကို ခေါ်ထုတ်ဖို့အတွက် ရွှဲရှန်မှာ ပြဿနာမရှိတော့။
သို့ပေမယ့်လည်း ထူးတော့ထူးဆန်းနေသည်။ အစ်မဖြစ်သူနှင့်ယောက်ဖ ပြန်ပေးဆွဲခံရပြီး တစ္ဆေခြောက်သောတောထဲသို့ ခေါ်ဆောင်သွားခြင်း ခံနေရတာတောင် ကျန်းရှီနင်သည် ရွှဲရှန်အိတ်ထောင်ထဲက ခေါင်းတောင်ထွက်မလာခဲ့။ သူလို့ပင်မထင်ရ။
"စာကြမ်းပိုး?"
"…"
"ကျန်းရှီနင်?"
“...”
ထိုအမည် ရွှဲရှန်ဆီမှထွက်လာသောအခါ ချန်းရှူ၊ ချန်းဆောင်နှင့် ရှင်းဇီတို့သုံးဦးသား မျက်လုံးများပြူးကျယ်လျက် ရွှဲရှန်ကိုစိုက်ကြည့်လာတော့သည်။
"ကျန်းရှောင်ယဲ့လေး... အခုကျန်းရှောင်ယဲ့လေးကိုခေါ်လိုက်တာလား?"
ချန်းဆောင်က အထစ်ထစ်အငေါ့ငေါ့ပြော၏။
"အင်း"
ရွှဲရှန် ခေါင်းရှုပ်လျက် အိတ်ထောင်ထဲသို့ကြည့်ရင်း ပြန်ဖြေလိုက်၏။
【ကောင်းပါ့... ဗလာနတ္ထိ】
ကျန်းရှီနင်ပျောက်သွားတာ ကြာလှပြီ။
မျက်နှာသေနှင့်ရွှဲရှန်သည် ရွာဆီသို့ ကြည့်ပြန်၏။ ကြည့်ရတာ ကျန်းရှီနင်စိတ်မထိန်းနိုင်ပဲ ရွှမ်းမင်နှင့်လိုက်သွားတာ ဖြစ်လောက်မည်။
နေသည် တဖြည်းဖြည်းမြင့်တက်လာပြီး လတ်ဆတ်သောမနက်ခင်း၌ နှင်းစက်နှင်းပေါက်များနှင့် အေးမြသောမြူခိုးများက တနင့်တပိုးနေရာယူထားသည်။ ထူထဲသောမြူထုသည် ရွာအတွင်း အခြေတကျတည်ရှိနေသည်ဖြစ်ရာ အချို့အိမ်ရာအပျက်အစီးများကို အရိပ်မည်းများအနေနှင့်ပဲ ခပ်ရေးရေးသာမြင်ရသည်။
"လုညန့်ချီရော?"
အပြင်ကိုစိုက်ကြည့်နေရင်း ရွှဲရှန်မေးလာသည်။
ရထားအတွင်းထိုင်နေသည့် လုညန့်ချီမှ
"ကျွန်တော်ဒီမှာ..ဘာဖြစ်လို့လဲ?"
သူ့လေသံက အတော်တင်းမာနေသည်။ တုန်ယင်နေသာချန်းရှူနှင့် တသိမ့်သိမ့်တုန်သောချန်းဆောင်အကြား ထိုင်နေရာ ငုံးနှစ်ကောင်အလယ် ညပ်နေသလိုဖြစ်နေသည်။ ဤဇနီးမောင်နှံသည် လုညန့်ချီအား လျှို့ဝှက်နက်နဲသောစိတ်တန်ခိုးရှင်ဟု သတ်မှတ်ထားပုံရ၏။ ရွှဲရှန်အနားကပ်ရမှာ ကြောက်လွန်း၍ လုညန့်ချီကို အကာအကွယ်ယူထားကြသည်။
"မင်းရှာကြည့်ပါလား? ကတုံး... ရွှမ်းမင်အခုဘာလုပ်နေလဲဆိုတာ"
မြူခိုးများအကြားငေးကြည့်လျက် ရွှဲရှန်ပြောသည်။
"ကြိုးစားကြည့်မယ်လေ..ဒါပေမဲ့ဘုန်းတော်ကြီးနဲ့ထိတွေ့သွားတဲ့ပစ္စည်းလိုတယ်"
ရွှဲရှန်စကားမဆိုနိုင်ခင်မှာ လုညန့်ချီမှပဲဖြတ်၍ထပ်ပြောသည်။
"ရထားလုံးကကြီးလွန်းတယ်..မရဘူး"
ရွှဲရှန်သည် တွေးတွေးရေးရေးနှင့် တဒင်္ဂမျှ စဥ်းစားခန်းဖွင့်နေ၏။ ပြီးလျှင် လုညန့်ချီမျက်နှာရှေ့ သူ့လက်ကိုထိုးပေးကာ
"ငါ့လက်ဆိုရင်ကော?"
လုညန့်ချီ ; "…"
ရှင်းဇီ ; "…"
【တစ်ခုခုကတစ်မျိုးကြီးပဲ...နေဦး... အကုန်လုံးကတစ်မျိုးကြီးကိုဖြစ်နေတာ】
"သက်ရှိတွေမရဘူး..သက်မဲ့ပစ္စည်းတွေပဲရတယ်"
လုညန့်ချီသည် ရွှဲရှန်ကို ဘယ်တုန်းကမှ ကြောက်ရွံ့ခဲ့သူမဟုတ်သလို အထုအထောင်းခံရမှာကိုလည်း မမူတာကြောင့် ပုခုံးတွန့်လျက် ခပ်အေးအေးပြောလာ၏။
"ဒါမှမဟုတ်လည်းသေကြည့်လိုက်ပါလား..စမ်းကြည့်တာပေါ့"
ရွှဲရှန်သည် ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီး ပြန်လှည့်သွား၏။
ယင်းကာလ၌ အစွန့်ပစ်ခံဝမ်ရွာအတွင်းရှိ ခြံဝင်းတစ်ဝင်းဆီမှ ရုန်းရင်းဆန်ခတ်ဖြစ်သံများက ထွက်ပေါ်နေသည်။
ထိုခြံဝင်းသည် နှစ်ထပ်အဆောက်အဦးနှစ်လုံးဖြင့် ဖွဲ့ထားပြီး အလယ်တွင် စင်္ကြန်လမ်းဖြင့် ဆက်သွယ်ထား၏။ ဥယျာဥ်ငယ်ဖြစ်ခဲ့ပုံပေါ်သောနေရာ၌ လူအရပ်တမျှမြင့်သောပေါင်းပင်များနှင့် နှစ်ချို့အပင်ကြီးတစ်ပင်က နေရာယူထားသည်။ အခန်းတိုင်းဆီက ပြတင်းများသည် ဆွေးမြေ့နေပြီး ပြတင်းကာစက္ကူများက စုတ်ပြဲ၍ လူနေရာအရပ်သို့ ပြင်ပလေများ တိုးဝင်လျက်ရှိရာ တပူတဆွေးငိုကြွေးသံပေးနေသည့်အလားပင်။
ပဋိပက္ခဖြစ်နေသောအသံများမှာ မျက်နှာစာအဆောက်အအုံ၏ ရှေ့ဘက်ခြမ်းအခန်း၊ လေတိုးပေါက်မရှိသော တစ်ခုတည်းသောအခန်းမှ ထွက်လာခြင်းဖြစ်သည်။
"မင်းစကားကိုနားထောင်ရင်ဘာအမှားမှရှိမှာမဟုတ်ဘူးလို့မင်းပဲပြောခဲ့တာမလား? အခုမှတော့ပြန်ထွက်လို့မရတော့ဘူး"
ခပ်သြသြယောကျာ်းသံတစ်သံက အပြစ်တင်ပြောဆိုလာသည်။
"ဘာတတ်နိုင်မှာလဲ? ဒီအတိုင်းဆက်သွားမယ်ဆိုရင်လျို့ပေါ်၊ကျန့်ဇီနဲ့ရှောင်ရှစ်ထုန်တို့အသက်ရှင်မှာတဲ့လား?"
နောက်တစ်ယောက်က မပြေမပျစ် ပြန်ပြောလိုက်သည်။
"အနည်းဆုံးတော့မိုးဒဏ်လေဒဏ်ကာကွယ်ပေးနိုင်တဲ့အမိုးတစ်နေရာတော့ရှိတယ်..ဒီမနက်မှိုနှုတ်တုန်းကကျတော့ဘာလို့မညည်းတာလဲ?"
ဆံပင်ဖရိုဖရဲနှင့် မျက်နှာချေးတက်နေသော သူတောင်းစားအများအပြားသည် အရှေ့ခန်း၌ စုဝေးနေကြ၏။ ဘယ်တုန်းကမှ လျှော်ဖွတ်ထားပုံမရသော အဝတ်ထံမှ ချဥ်စုတ်စုတ် ပုတ်အဲ့အဲ့အနံ့က ထွက်ပေါ်နေသည်။ သို့သော်ငြား ဤအခန်းအတွင်း၌ ထိုအနံ့တစ်မျိုးတည်း ရှိနေခြင်းမဟုတ်။ သွေးညီနံ့ကလည်း ရောယှက်လို့နေသည်။
အသံခပ်သြသြနှင့်အမျိုးသားထံတွင် လက်နှစ်ဖက်မရှိ။ လက်ကောက်ဝတ်မှာ အဖျားရှူးသွားပြီး ပြောင်ချောချောအသားတစ်အနေဖြင့်သာ ကျန်ရှိသည်။ ကြည့်ရသည်မှာ လက်များကိုဆုံးရှုံးခဲ့တာ နှစ်ပေါင်းများစွာ ကြာလို့နေပြီထင်သည်။
လက်ပြတ်နေသောအမျိုးသားအရှေ့တွင် မီးပုံတစ်ပုံရှိပြီး အပေါ်တွင်တင်ထားသည့် အနားပဲ့နေသောအိုးထဲ၌ အရည်များက ပွက်ပွက်ဆူနေသည်။ လက်ပြတ်နေသောသူသည် လက်ငုတ်တိုနှစ်ဖက်ကိုသုံးကာ ဘေးရှိအပုံထဲမှ အလေ့အကျပေါက်သောသစ်ရွက်များကို ညှပ်၍ကောက်ပြီး အိုးထဲသို့ ပစ်ထည့်လိုက်သည်။
"စားစရာရှိတော့လည်းဘာထူးလဲ? စားပြီးရင်အသက်ဆက်ရှင်ပါ့မလားတောင်မသိဘူး..."
"မစားရင်တော့အသက်ရှင်မှာမဟုတ်တာသေချာတယ်..ကဲ..မြန်မြန်ချက်!"
စောလျှင်တုန်းကပြန်ဖြေသော သူတောင်းစားမှပဲ ပြောလာသည်။ ထိုသူတောင်းစား၏မျက်နှာထက် အမာရွတ်များက အကျည်းတန်စွာ အပြည့်နေရာယူထားပြီး မျက်လုံးတစ်လုံးသာရှိသည်။ အခြားတစ်ဖက်မှာ တင်းတင်းပိတ်နေပြီး မျက်ဆန်လုံးရှိသည့်ပုံမပေါ်။
သူတောင်းစားတစ်စုမှာ အငြင်းအခုံဖြစ်နေသော လူနှစ်ယောက်အနီးတွင် ထိုင်နေကြသည်။ ခြေပျက်လက်ပျက်မဟုတ်သူများသည် ခြေဟန်လက်ဟန်သာ ပြနေကြသည်ဖြစ်ရာ မျက်မမြင်နားမကြားများဖြစ်သည်မှာ သိသာလှ၏။
သူတို့၏နောက်တွင် သစ်သားခုတင်တစ်ခုရှိပြီး ထိုအပေါ်တွင် လူသုံးယောက်လဲလျောင်းနေသည်။ လူအိုတစ်ဦးနှင့် လူရွယ်နှစ်ဦးဖြစ်ပြီး မျက်စိတစ်ဖက်လပ်လူပြောခဲ့သော လျို့ပေါ်၊ ကျန့်ဇီနှင့် ရှောင်ရှစ်ထုန်တို့ ဖြစ်ပုံရသည်။ အပေါက်အပြဲများစွာပါသောစောင်တစ်ထည်နှင့် သုံးဦးသားကို လွှမ်းခြုံပေးထားသည်။ မှိုတက်စိုထိုင်းနေသော်လည်း အကာတစ်မျိုးတော့ဖြစ်ပေသည်။
ခုတင်ပေါ်မှသုံးဦးသည် အသက်မနည်းရှူနေကြပြီး အဖျားဒဏ်ကြောင့် မျက်နှာက နီစပ်စပ်ဖြစ်နေသည်။ နှုတ်ခမ်း၌ ပြည်ဖုကြီးများရှိပြီး အချို့မှာပေါက်ပြဲလို့နေသည်။ လည်ပင်းတစ်လျှောက် ဒဏ်ရာဒဏ်ချက်များက အပြည့်နေရာယူထားပြီး အရည်ပြားတစ်ခုလုံး ပုတ်ပွနေသည်။
သွေးညီနံ့များသည် ထိုသူများထံမှ ရနေခြင်းဖြစ်လေ၏။
အခန်း၏ထောင့်မှာတော့ ငယ်ရွယ်ပြီး ကျန်းကျန်းမာမာအသွင်ရှိသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးထိုင်နေလျက် တစ်ဦးနှင့်တစ်ဦးလည်း ရင်းနှီးပုံရသည်။ သာမန်အဝတ်အစားကို ဝတ်ဆင်ထားသော်လည်း အပေါက်အပြဲများမပါ။ ဆံပင်များက အတန်ငယ်ရှုပ်ပွပေမယ့် သူတောင်းစားများအကြားမှာတော့ ကွဲထွက်နေသည်။
ယင်းအမျိုးသမီးသည် ကျန်းရှီနင်၏အစ်မဖြစ်ပြီး အမျိုးသားကတော့ ယောက်ဖဖြစ်သူဖောင်ချောင်းဖြစ်သည်။
ဖောင်ချောင်းသည် ဇနီးသည်အနားတိုးကပ်လိုက်ပြီး
"အားရင်... ဒဏ်ရာရသွားသေးလား?"
ငယ်စဥ်ကတည်းက သိကျွမ်းကြသူများဖြစ်တာကြောင့် ဖောင်ချောင်းသည် ဇနီးသည်ကို ငယ်နာမည်ဖြင့်သာ ခေါ်လေ့ရှိသည်။
ကျန်းရှီကျင်းသည် ခေါင်းယမ်းပြလိုက်ပြီး
"ရှင်ကော?"
"ကိုယ်အဆင်ပြေတယ်..မစိုးရိမ်နဲ့..ငွေလိုချင်လို့ပြန်ပေးဆွဲလာတယ်မထင်ဘူး..အသက်အန္တရာယ်လည်းရန်ရှာမယ့်ပုံမပေါ်ဘူး"
ဖောင်ချောင်းသည် ခပ်တိုးတိုးနှင့်
"ကြည့်ရတာ... "
နှစ်ဦးသား၏အကြည့်သည် နာမကျန်းဖြစ်နေသောလူသုံးဦးအိပ်နေသည့် သစ်သားခုတင်ရှိရာသို့ ရောက်ရှိသွား၏။
ဝမ်ရွာသို့ သူတောင်းစားများမှ ခေါ်ဆောင်လာပြီး လက်တွင်ချည်ထားသောကြိုးမှလွဲ၍ ပြန်ဖြည်ပေးကာ သူတို့ထံတွင် ရွေးချယ်စရာမရှိကြောင်း ပြောလာသည်။
သူတောင်းစားများသည် အငြင်းအခုံဆက်ဖြစ်နေစဥ် ပုံမှန်မဟုတ်သောအသံခပ်ကျယ်ကျယ်က ထွက်ပေါ်လာသည်။
လှေကားထစ်ကို ကျန်းမားရေးမကောင်းသူ သို့မဟုတ် သက်ရွယ်ကြီးရင့်သူ တစ်ယောက်ယောက်မှ တစ်လှမ်းချင်း အားနှင့်နင်း၍ဆင်းလာသော အသံနှင့်တူသည်။
သူတောင်းစားထံမှ အသံများရပ်တန့်သွားပြီး တစ်ဦးမျက်နှာတစ်ဦးကြည့်လိုက်ကြသည်။ တစ်ယောက်မှ လက်ညှိုးနှင့် အခန်းထဲမှလူများကို လိုက်ရေကြည့်သည်။
"ငါး၊ခြောက်၊ခုနှစ်... ပြီးတော့ဦးကြီးလျိုနဲ့ကျန်နှစ်ယောက်..ဒါဆိုဆယ်ယောက်ပြည့်ပြီ..အကုန်လုံးဒီမှာပဲ"
စကားဆုံးသည်နှင့် သူတောင်းစားများ၏မျက်နှာက ကြောက်လန့်မှုကြောင့် ရှုံ့တွကုန်သည်။ လူတိုင်းအခန်းထဲမှာရှိလျှင် လှေကားကနေ ဘယ်သူဆင်းလာတာလဲ?!
သတ္တိပိုရှိပုံရသော သူတောင်းစားသည် နှာခေါင်းရှုံ့လျက်
"ကိုယ့်ကိုယ်ကိုပြန်ခြောက်နေကြတာပဲ"
မည်သူမှန်းသိရအောင်ကြည့်ရန် အခန်းအပြင်ထွက်သွားတော့သည်။ ခြေသံကသာ ရပ်စဲသွားပေမယ့် ထိုသူသည် ပြန်ရောက်မလာခဲ့။
ထို့နောက် သူတောင်းစားနှစ်ဦးသည် ပျောက်သွားသူကို ထွက်လို့ရှာ၏။ အဆောက်အဦးတစ်ခုလုံးကို အပေါ်တက်အောက်ဆင်း လိုက်ရှာကြည့်ပေမယ့် ပျောက်သွားသူရောင်းရင်း၏ အရိပ်အယောင်ကို ရှာမတွေ့ခဲ့။ တဖြည်းဖြည်းနှင့် မြူခိုးများထူထပ်လာသည်နှင့်အမျှ အခြားအခန်းများကို မမြင်ရသလို အခန်းနံရံကိုပင် စမ်းမရတော့။
ထူးဆန်းလှသည့် ပြောင်းလဲသွားသော အခြေအနေသည် သူတောင်းစားများကို တစ္ဆေခြောက်သောဝမ်ရွာအကြောင်းအား သတိရသွားစေသည်။ မီးပုံအနီးတွင် ကျပ်ကျပ်သည်းသည်း ကပ်ထိုင်လိုက်ကြပြီး အခန်းအပြင်မထွက်ရဲကြတော့။
ထိုစဥ် မျက်စိတစ်ဖက်လက်သူသည် ဖောင်ချောင်းနှင့်ကျန်းရှီကျင်းအား
"သမားတော်တို့..အရွက်စိမ်းနဲ့မှိုစွပ်ပြုတ်သောက်ပါဦးလား? ဒီအတော်အတွင်းအိမ်ပြန်ဖြစ်မှာမဟုတ်တော့စွတ်ပြုတ်လေးသောက်ပြီးကိုယ်ကိုနွေးအောင်လုပ်ထား..ငါတို့ကတောင်းပန်တဲ့အနေနဲ့ပေးတာလို့သဘောထားလိုက်ပါ..ဒီနိမ့်ကျတဲ့သူတောင်းစားတွေကိုခွင့်လွှတ်နိုင်တယ်ဆိုရင်ဦးကြီးလျိုတို့ကိုသွေးခုန်နှုန်းစမ်းပေးပါလား..တကိုယ်လုံးမှာအဖုအပိမ့်တွေအပြည့်ပဲ..ဒီအတိုင်းဆက်ထားမယ်ဆိုရင်သေသွားကြလိမ့်မယ်..မတတ်နိုင်တော့တဲ့နောက်ဆုံးဒီလိုမရိုးမသားအကြံအစည်ကိုကြံဆောင်မိတာပါ"
"အသက်ရှင်ရုံလေးရှင်သန်နေကြတဲ့သူတွေဖြစ်ပေမယ့်အသက်တော့မသေချင်ပါဘူး"
လက်ပြတ်နေသောသူမှ ဝင်ပြောလာသည်။
"သမားတော်ကိုပေးကမ်းစရာအသပြာလည်းမရှိသလိုဆေးဝယ်ဖို့လည်းမရှိဘူး..ပြစ်မှုကျူးလွန်ရုံပဲ... "
ဇနီးမောင်နှံ ခန့်မှန်းထားသည့်အတိုင်းပင်။
ဖောင်ချောင်းသည် ခေါင်းယမ်းလျက်
"ဒီနှစ်နှစ်အတွင်းဘေးဒုက္ခတွေကများပါဘိ..ငတ်မွတ်ခေါင်းပါးတဲ့ကပ်ဘေးစိုက်ချိန်မှာအကုန်လုံးစားဝတ်နေရေးခက်ခဲတာပဲ..မပေးနိုင်ရင်မပေးနဲ့..သေတော့မယ့်သူကိုမျက်နှာလွှဲထားမှာတဲ့လား? ငါကဆေးမပေးတဲ့လူမှုရေးခေါင်းပါးတဲ့သူဖြစ်နေရင်တောင်ဇနီးသည်ကဘယ်တော့မှလက်ခံမှာမဟုတ်ဘူး..ဒီအတိုင်း..."
မျက်စိတစ်ဖက်လပ်လူကို စိုက်ကြည့်ပြီး ဆက်ပြောသည်။
"လမ်းပေါ်မှာမျက်လုံးပိတ်ပြီးပြန်ပေးဆွဲတဲ့အထိဘာကြောင့်များလုပ်ရတာလဲ? ဒီလောက်အထိတောင်လုပ်နိုင်ရင်ကျန်တာကောဘာများဆက်လုပ်ဦးမလဲ?"
"ငါတို့လည်းသာမန်လူတစ်ဦးလိုရှင်သန်ချင်တာပေါ့..ဒါပေမဲ့ဘယ်သူကမှလက်မခံကြဘူး"
လက်ပြတ်နေသောသူသည် သူ့လက်ကောက်ဝတ်ကို မြှောက်လျက်
"ငါတို့လိုလူတွေကအလုပ်ရရင်တောင်ခြေလက်စုံလင်တဲ့သူတွေလောက်စွမ်းနိုင်တာမဟုတ်ဘူး..အကုန်လုံးကတောင်းစားလာကြတာ..ဒါပေမဲ့ဒီနှစ်တွေမှာလူတွေကသူတို့ကိုယ်တိုင်တောင်မနည်းရှာကြံနေရတာဆိုတော့ဘယ်သူကများပေးကမ်းမှာတဲ့လဲ?"
"ဘယ်သူကမှလက်မခံဘူးလား?"
ဖောင်ချောင်းသည် မကြည်မသာနှင့်
"ငါတို့ကိုမဖမ်းခင်မှာမေးခဲ့လား? 'ငွေမပေးနိုင်ဘူး၊လုပ်အားစိုက်မယ်'လို့ပြောလာခဲ့မယ်ဆိုရင်ငြင်းဆန်မယ်လို့ထင်နေတာလား?"
လက်ပြတ်နေသောသူသည် စကားပြောရန် ပါးစပ်ဟလိုက်ချိန်မှာ အစကနဦးကကြားခဲ့သော ခြေသံက ထပ်မံထွက်ပေါ်လာသည်။
အခန်းအတွင်းရှိလူတိုင်း ထိတ်လန့်မှုကြောင့် တောင့်တင်းသွားကြသည်။
"ကုန်ဇီ..မင်းတို့ကတံခါးနဲ့အနီးဆုံးပဲ..အမြန်သွားပြီးပိတ်လိုက်"
မျက်စိတစ်ဖက်လပ်လူက ခပ်တိုးတိုးပြောသည်။
လက်တစ်ဖက်မရှိသောသူငယ်သည် အမြန်ထကာ တံခါးသွားပိတ်ပြီး မီးပုံရှိရာသို့ ပြန်ပြေးလာသည်။ ပြီးလျှင် တံခါးကို ကြောက်လန့်တကြား စိုက်ကြည့်နေသည်။
"ကြားဖူးတယ်... ကြားပဲကြားဖူးတာ"
ကုန်ဇီဘေးတွင်ထိုင်နေသော ခြေထောက်တစ်ဖက်မရှိသည့် သူတောင်းစားသည် လက်ကိုအားပြု၍ အနားတိုးလာ၏။ ထို့နောက် အသံနိမ့်ကာ ဆက်ပြောသည်။
"ဝမ်ရွာမှာဆောင်းရာသီကုန်ချိန်လောက်ဆိုရင်အမြဲတမ်းသရဲခြောက်တယ်..ဇာတ်ပွဲအသံတွေကရွာထဲကရုတ်တရက်ထွက်လာပြီးအဝေးကနေတောင်ဗုံသံတွေသီချင်းဆွဲဆွဲငင်ငင်ဆိုသံတွေကိုကြားရတယ်တဲ့... အမလေး..ကြက်သီးထစရာကောင်းလိုက်တာ"
"ဟုတ်တယ်..ဟုတ်တယ်! ပြီးတော့လည်းဝမ်ရွာကိုခြေချမိပြီဆိုရင်မြူတွေကအမြင်ကိုဖုံးသွားပြီးထွက်လမ်းမရှိတော့ဘူးလို့ပြောကြတယ်"
"ချောင်းဆိုးသံ၊လက်ခုပ်တီးသံနဲ့ရယ်သံတွေကိုလည်းကြားရတယ်တဲ့..."
သူတောင်းစားများသည် တစ်ယောက်တစ်ပေါက်ပြောရင်းနှင့် ပို့လိုပင်ထိတ်လန့်လာကြ၏။ အချင်းချင်းထပ်မံပူးကပ်လိုက်ကြပြီး တုန်ယင်နေကြစဥ် မျက်စိတစ်ဖက်လပ်လူမှ တိတ်တိတ်နေရန် လက်ဟန်ပြလိုက်သောအခါ အသံတိတ်သွားကြသည်။
အပေါ်ထပ်ရှိ အခန်းတစ်ခန်းထဲမှ ထွက်လာပုံရသော ခြေသံများသည် လှေကားကနေ ဆင်းလို့လာ၏။ ထိုခြေသံများသည် ဧည့်ခန်းအတွင်း၌ ပတ်လို့နေသည်။ တစ်စုံတစ်ယောက်သည် ထိုင်ခုံမှာထိုင်၍ အနားယူလိုက် ပြန်ထပြီး အခန်းအတွင်း လမ်းလျှောက်လိုက် လုပ်နေပုံရ၏။
တဖြည်းဖြည်းနှင့် ခြေသံများသည် အရှေ့ခန်းဆီသို့ ဦးတည်လာလျက် တစတစရှင်းလင်းလာသော ခြေသံများမှာ တံခါးရှေ့တွင် ရပ်တပ်သွားတော့သည်။
တံခါးကို အကြည့်မလွှဲတမ်း စိုက်ကြည့်မိကြပြီး ကြောက်လွန်း၍ ခေါင်းများပေါက်ထွက်တော့လေမလားတောင် ထင်နေကြသည်။ အိုမင်းဟောင်းနွမ်းယိုယွင်းနေပြီဖြစ်သောတံခါးသည် ခပ်သာသာတွန်းလိုက်သည်နှင့် လဲကျသွားနိုင်ရာ အချည်းနှီးသာဖြစ်လေ၏။
သူတောင်းစားများမျက်နှာက သွေးဆုတ်ဖြူလျော်သွားပြီး တံခါးနောက်မှ ချောင်းဆိုးသံက ထွက်ပေါ်လာသည်။ လွန်စွာမှနာမကျန်းဖြစ်နေသောသူတစ်ဦး၏ ချောင်းဆိုးသံကဲ့သို့သောအသံနောက်မှာ အသက်ရှူကျပ်၍ တရွှီးရွှီးထွက်နေသောအသံကိုလည်း ကြားနေရသည်။ ပြီးနောက် ခြေသံများက တံခါးကိုကျော်ကာ ခန်းမဆောင်ရှိရာသို့ ရောက်ရှိသွားသည်။
ဟူး...
အကုန်လုံး စိတ်သက်သာရာရလျက် သက်ပြင်းချမိသည်။
သို့သော် ခန်းမဆောင်၏တံခါးကို ပြန်ပိတ်လိုက်သံအား ကြားလိုက်ရပြီး ခြေသံများက အရှေ့ခန်းတံခါးဆီသို့ ဦးတည်လာပြန်သည်။
သူတောင်းစားများ ချွေးဒီးဒီးနှင့် ကြောက်လန့်တကြားဖြစ်နေချိန်ဝယ် အသက်ရှူအောင့်လျက် စောင့်မျှော်နေကြသော ဝမ်ရွာအပြင်ရှိ ရထားလုံးအတွင်းမှသူများကတော့ မြူတောထဲမှထွက်လာသော အရိပ်တစ်ခုကိုမြင်သောအခါ သက်ပြင်းချမိလိုက်ကြသည်။ ဘုန်းတော်ကြီး၏အဖြူရောင်ဝတ်ရုံသည် ဝန်းရံနေသောမြူခိုးများအကြား ဖြတ်၍လာသောအခါ လေညင်းအတိုး၌ လှုပ်ခတ်လို့နေသည်။
"တာ့ရှီး! တာ့ရှီးပြန်လာပြီ!"
ရှင်းဇီအော်ဟစ်လိုက်သည်။
လုညန့်ချီလက်မောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော ချန်းရှူနှင့်ချန်းဆောင်လက်များ နောက်ဆုံးတော့လွတ်သွားပြီး တံခါးရှိရာသို့ တိုးလာကြသည်။
"ရှောင်ယဲ့နဲ့ရှောင်ဖုရမ်ကော? သူတို့ကောပြန်ရောက်လာပြီလား?"
ရွှမ်းမင်ရှိရာသို့ ပြူးပြဲရှာကြည့်ကြပေမယ့် တစ်ပါးသူလိုက်ပါလာခြင်း မရှိတာကို တွေ့သောအခါ မျှော်လင့်ချက်များက ကျိုးကြေလို့သွားသည်။
ရွှမ်းမင်တစ်ဦးတည်းကို တွေ့သောအခါ ရွှဲရှန်မျက်မှောင်ကြုံ့လို့သွားသည်။
ရွှမ်းမင်သည် မြူခိုးများကို အမြန်ရှင်းကာ ရထားလုံးဆီသို့ လျှောက်လာ၏။
"တာ့ရှီး... ရှောင်ယဲ့နဲ့ရှောင်ဖုရမ်ကိုမတွေ့ခဲ့ဘူးလား?"
ချန်းဆောင်မှာ စိုးရိမ်တကြီးနှင့် မေးသည်။
"ဘယ်မှာရှိနေလဲဆိုတာတော့သိပြီ..အနားကပ်လို့မရဘူး"
"အနားကပ်လို့မရဘူး?"
"အင်း..ဒါပေမဲ့––"
သူစကားတောင်မဆုံးလိုက်။ ချန်းဆောင်နှင့်ချန်းရှူသည် ရထားလုံးအတွင်း လဲပြိုသွားကြပြီး မျက်လုံးများနီရဲလျက် ငိုပွဲဆင်တော့သည်။
ရွှမ်းမင်ကို ခေါင်းအစခြေအဆုံး တိတ်တဆိတ်ကြည့်နေသော ရွှဲရှန်သည် ရုတ်တရက်ဆိုသလို
"ဘယ်တုန်းကခေါင်းရိတ်ပြီးဘုန်းကြီးဖြစ်လာတာလဲ"
ထိုမေးခွန်းကြောင့် တွေဝေသွားလျက် ရွှဲရှန်ကို ရွှမ်းမင်လှည့်ကြည့်သည်။
"ငယ်ငယ်ကတည်းက..ဘာဖြစ်လို့လဲ?"
"သေချာလို့လား?"
ရွှဲရှန်လေသံ၌ ခံစားချက်တစ်စုံတစ်လေမှ မပါဝင်လာ။
"အတိတ်မေ့နေတာမဟုတ်ဘူးလား?"
【ရွှဲရှန်ကရုတ်တရက်ကြီးဘာလို့ဒီလိုအကြောင်းအရာကိုမေးတာလဲ?】
ပြောရလျှင်၊ဒီအတိုင်း၊မြုခိုးထဲမှ ထွက်လာသော ရွှမ်းမင်ပုံရိပ်သည် ရွှေချည်မျှင်များ နောက်ကွယ်မှသူနှင့် တူလွန်းလှ၏။ နှစ်ဦးစလုံး ဆွတ်ဆွတ်ဖြူသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်၍ပိန်သွယ်သည်။ နှစ်ဦးစလုံး အံမခန်းအစွမ်းထက်ကြသာည်။
မတူတာတစ်ခုမှာ ကမ်းခြေရှိ ရွှေချည်မျှင်များနောက်ကွယ်မှသူ ခေါင်းထက်၌ ဆံပင်အပြည့်။
••••
(TN/ cc updateကတစ်ရက်ခြားရှိပါမယ်၊ ဘေးဘယာကင်းဝေးကြပါစေရှင်)
Zawgyi
ဟြားမန္နယ္၏ ေနြၪီးကာလ၌ : အရိုးမ်ားႏွင့္ အေသြးအသားမ်ား အထုတ္ယူခံရေသာေန့တြင္ျဖစ္သည္။ မေရမတြက္ႏိုင္ေသာ ေရႊခ်ည္မ်ွင္ႀကိဳးမ်ားက အရပ္ရွစ္မ်က္ႏွာမွ ထြက္ေပၚလာၿပီး တစ္ကိုယ္လံုးကိုရစ္ပတ္လ်က္ ေျမျပင္ထက္သို႔ ဆဲြခ်ဖိကပ္ခဲ့သည္။ ႀကိဳးမ်ွင္မ်ားသည္ အေၾကးခြံမ်ားအၾကားတိုးဝင္လ်က္ ၿမဲမံစြာခ်ဳပ္ေနွာင္ထားၿပီး ႀကီးစြာေသာေလွာင္အိမ္ထဲ၌ ပိတ္ေလွာင္ထားခဲ့၏။
ေရႊႀကိဳးမ်ားသည္ ဆံခ်ည္မ်ွင္တမ်ွသာရိွသျဖင့္ အသားထဲနစ္ဝင္သြားခ်ိန္ဝယ္ ဒဏ္ရာမ်ားမွာ ေသးငယ္လွသည္မို႔ ေသြးယိုစီးျခင္းေတာ့မရိွ။ ေသြးမထြက္ေသာေၾကာင့္ မနာက်င္လို႔ေတာ့မဆိုႏိုင္။ ထိုေရႊခ်ည္မ်ွင္မ်ားေၾကာင့္ ကိုယ္ခႏၶာမွာ မီးပူကၽြမ္းသကဲ့သို႔ ပူေလာင္လွေခ်သည္။ အျပင္ဘက္မွႀကိဳးမ်ားေၾကာင့္ အေၾကးခြံႏွင့္အရည္ျပားမ်ားက နာက်င္ရၿပီး အသားတြင္းနစ္ဝင္ေနေသာႀကိဳးမ်ားေၾကာင့္ အရိုးထဲအသားထဲအထိ အူအသည္းလိႈက္ေအာင္ ခံစားရသည္။ စိုးစဥ္မ်ွလႈပ္ရွားမႈေလးကေတာင္ အသည္းခိုက္ေအာင္ နာက်င္လွသည္။ ကုေဋသန္းခ်ီေသာပုရြတ္ဆိတ္မ်ား တစိစိဝိုင္း၍အမဲျဖတ္ျခင္းကို ခံေနရသလိုႏွယ္။
သို႔ေသာ္ျငား ရႊဲရွန္ကေတာ့ ရႊဲရွန္ပင္။ သိန္းေသာင္းခ်ီေသာျမားမ်ားႏွင့္ ေျမျပင္ထက္ကပ္ႏိွပ္ထားလ်ွင္ေတာင္မွ သူလႈပ္ခ်င္လ်ွင္ လႈပ္ရွားမၫ့္သူျဖစ္သည္။ မည္မ်ွပင္နာက်င္ေစကာမူ ကိုယ္တြင္စိုက္ေနေသာျမားမ်ားကိုဆဲြႏႈတ္ၿပီး ဤသို႔လုပ္ခဲ့သူေခါင္းကို သြားျဖဳတ္ေခ်လိမ့္မည္။
ခႏၶာကိုယ္နာက်င္မႈေလးေလာက္နဲ႔ သူ႔ကို ဘယ္ေသာအခါကမွ တားႏိုင္စြမ္းရိွခဲ့သည္မဟုတ္။
ထိုအခ်ိန္တုန္းက ေလွာင္ခ်ိဳင့္ကို ျဖတ္မထြက္ႏိုင္ခဲ့ေသာ အေၾကာင္းအရင္းမွာ ႏွစ္ရာစုၾကာတိုင္း တစ္ႀကိမ္ေရာက္ရိွတတ္ေသာ အတိဒုကၡကို ျဖတ္ေက်ာ္ရမၫ့္အခ်ိန္ကာလသို႔ ေရာက္ရိွေနျခင္းေၾကာင့္ျဖစ္သည္။
ႀကီးစြာေသာအတိဒုကၡမ်ားရိွသလို ပမႊားကိစၥရပ္မ်ားလည္းရိွသည္။ သို႔ေသာ္ လ်ွပ္စီးထန္ေသာ အတိဒုကၡကို ႄကံုေတြ့ရသည္က မ်ားလွသည္။
ရႊဲရွန္အတြက္ေတာ့ မိုးသက္မုန္တိုင္းမ်ားမွာ ေၾကာက္မက္ဖြယ္မေကာင္းလွေသာ အတိဒုကၡမ်ားျဖစ္သည္။ ပင္လယ္ျပင္ကို ျဖတ္သန္းေနေသာ နဂါးမင္းအား မိုးသက္ေလျပင္းႏွင့္ လ်ွပ္စီးမိုးႀကိဳးမ်ားက အေဖာ္မျပဳခ်ိန္ ရိွသည္တဲ့လား? မိုးႀကိဳးမ်ားႏွင့္ အသားက်ေနသူျဖစ္သည္မို႔ မည္မ်ွပင္ျပင္းထန္ေသာလ်ွပ္စီးေၾကာင္း ျဖစ္ေနေစကာမႈ မ်က္ေတာင္မခတ္ ထိုင္ၾကၫ့္ေနမၫ့္သူပင္။
ပံုမွန္ခ်ိန္မွာ သူကသာဆင့္ေခၚေလ့ရိွေသာ မိုးႀကိဳးမ်ားျဖစ္တာေၾကာင့္ သာမန္မိုးႀကိဳးမ်ားက ရႊဲရွန္ကို ထိခတ္ႏိုင္စြမ္းရိွသည္မဟုတ္။ ထိခတ္မိလ်ွင္ေတာင္ ဒဏ္ရာမရသလို အသားေတာင္မယား။ သို႔ေသာ္ျငား အတိဒုကၡကို ျဖတ္ေက်ာ္ရေသာကာလ၌ေတာ့ ကြာျခားသြားသည္။ သူ႔ကိုထိခတ္ႏိုင္ရံုသာမက သူ႔ဆီသို႔ ၪီးတည္လာတယ္ဆိုလ်ွင္ပိုမွန္မည္။ ခႏၶာကိုယ္တစ္ခုလံုး ေသြးခ်င္းခ်င္းရဲသည္အထိ မိုးႀကိဳးမ်ား အဆက္မျပတ္ပစ္ခ်ေလလိမ့္မည္။ ဤသို႔ေသာအခ်ိန္တြင္ အေရျပားမ်ား ၿပဲလန္ကြာထြက္သြားျခင္းက စိုးရိမ္စရာမဟုတ္ေသး။ ထိုအရာထက္ ဆိုးရြားေသာအရာမ်ားက ဆီးႀကိဳလို႔ေနသည္။ စိတ္ဝိညာဥ္ ထာဝစဥ္ေဘးဒဏ္သင့္သြားခဲ့ပါက အက်ိဳးဆက္မ်ားက ေသသည္ထက္ဆိုးရြား၏။ ျပင္းထန္ေသာ စိတ္ဝိညာဥ္က်င့္စဥ္ မလုပ္ေဆာင္ပါက မိုးႀကိဳးလ်ွပ္စီးမ်ားေၾကာင့္ စိတ္ဝိညာဥ္မွာ ကဲြေၾကသြားၿပီး ခႏၶာကိုယ္အလြတ္ကေတာ့ ရႊံေျမထဲ ေပ်ာ္ဝင္သြားလိမ့္မည္။
အတိဒုကၡကာလအတြင္း ကိုယ့္အသက္ကိုယ္ကာကြယ္ရန္ မ်ားျပားေသာအႀကံအစည္မ်ား ထြက္လာမွရမည္။ 'အမတရွစ္ပါးပင္လယ္ျပင္ကိုျဖတ္ေက်ာ္ျခင္း' ပံုျပင္မွ တစ္ၪီးခ်င္းဆီ၌ အႀကံတစ္မ်ိဳး ရိွေနသကဲ့သို႔ပင္။ သို႔ေသာ္ ရႊဲရွန္မွာ ဤသို႔မစြမ္းႏိုင္။ သူ႔လႈပ္ရွားမႈတိုင္းဟာ လူ႔ဘံုေလာကသားမ်ား အမွီတဝဲျပဳေနရေသာ ျမစ္၊ေခ်ာင္း၊ေရကန္၊ပင္လယ္ကိုသြား၍ အက်ိဳးသက္ေရာက္ႏိုင္သည္။ သူသာ နဖူးေတြ့ဒူးေတြ့ ရင္ဆိုင္တိုက္ခိုက္လိုက္ပါလ်ွင္ ေရအနီးအနားရိွ သက္ရိွမ်ားအားလံုး အႏၲရာယ္မ်ားေသာ ေရဝဲဂယက္ထဲ က်ဆင္းသြားလိမ့္မည္။ နဂိုအခ်ိန္မ်ားတြင္ေတာင္မွ တစ္ေနရာရာကို ေရႀကီးသြားေအာင္ လုပ္မိေလ့ရိွသည္ျဖစ္ရာ ဤသို႔အခ်ိန္ကာလမ်ားအတြင္း၌ လိႈင္းႀကီးၿပီး ၿမိဳ႔မ်ားေရမလႊမ္းသြားေအာင္ ရႊဲရွန္သတိႀကီးစြာထားေနရသည္။
ထို႔အျပင္ အတိဒုကၡကို ႄကံုေတြ့ရခ်ိန္တိုင္း၌ နဂါးအသြင္ အၿမဲတမ္းေျပာင္းလဲထားခဲ့သည္။ ဧရာမနဂါးကိုယ္ခႏၶာသည္ အေသြးအသားကို ျပင္းျပစြာနာက်င္ေစေသာ မိုးႀကိဳးမ်ားဒဏ္ကို ခံႏိုင္ရည္ရိွေသာေၾကာင့္ျဖစ္ေလ၏။ လူအသြင္တိုင္းသာေနခဲ့လ်ွင္ မိုးႀကိဳးခ်က္အနည္းငယ္ေလာက္နဲ႔ စင္စစ္ဧကန္ အရည္ျပားမ်ား ၿပဲလန္ကြာက်သြားႏိုင္သည္။ ဤသို႔ျဖစ္ပါက ဘယ္လိုပံုပန္းမ်ား ျဖစ္ေနလိမ့္မလဲ?
ပမႊားအတိဒုကၡမ်ားကို ေက်ာ္ျဖတ္ရခ်ိန္ဝယ္ ရႊဲရွန္သည္ လက္ကေလးလႈပ္ဖို႔ရန္ေတာင္ စိတ္ကူးရိွသူမဟုတ္။ လူမေနေသာကၽြန္းတစ္ကၽြန္းကိုရွာၿပီး မိုးႀကိဳးမ်ား တအံုးအံုးပစ္ေနသၫ့္အၾကားမွာ လဲေလ်ာင္းေနလိမ့္မည္။ ၿပီးဆံုးသြားပါက ထိုေနရာတြင္ ဒဏ္ရာေပ်ာက္သည္အထိ အိပ္စက္လိမ့္မည္။ စိမ့္ေပါက္တိုင္းဆီမွ ေသြးမ်ားစီးယိုေနျခင္း ရပ္တန႔္သြားပါက ပင္လယ္ၾကမ္းျပင္သို႔ဆင္းသက္ကာ စိတ္ဝိညာဥ္ကို ျပန္လည္ကုသေလ့ရိွသည္။
သို႔ေပမယ့္ ႀကီးစြာေသာအတိဒုကၡကို ရင္ဆိုင္ရခ်ိန္မ်ိဳး၌ ရႊဲရွန္ ျဖစ္ကတက္ဆန္း ျပဳမႈလို႔မရ။ အတိဒုကၡ၏ ႀကီးမားလွေသာ မိုးႀကိဳးမုန္တိုင္းမ်ားဒဏ္ကို ကုန္းေျမသည္ ခံႏိုင္ရည္ရိွသည္မဟုတ္။ ထိုအခ်ိန္တြင္ မိုးႀကိဳးမ်ား လူမေနေသာကၽြန္းသို႔ က်ဆင္းသြားလ်ွင္ အခ်က္အနည္းငယ္ေလာက္ႏွင့္ တစ္ကၽြန္းလံုး တစဆီျဖစ္ကာ ေရထဲျမဳပ္သြားႏိုင္သည္။ လူရိွေနေသာေနရာျဖစ္ပါက အမွန္ပင္ ႏွစ္ေပါင္းမ်ားစြာမွ တစ္ႀကိမ္ေတာင္ ႄကံုေတြ့ရခဲသၫ့္ ေဘးအႏၲရာယ္ဆိုးႀကီး ျဖစ္သြားေပလိမ့္မည္။
အတိဒုကၡအခ်ိန္ကာလအတြင္း မိုးႀကိဳးမ်ား ကမ႓ာေျမၾကီးထက္ က်ဆင္းသြားျခင္းကို ေရွာင္ရွားရန္ ရႊဲရွန္သည္ ေကာင္းကင္ထက္ပ်ံသန္းကာ တိမ္မည္းမ်ားအၾကား တိုးဝင္ေလ့ရိွ၏။ ထိုအခါ ေကာင္းကင္ယံမွ က်ဆင္းလာေသာမိုးႀကိဳးမ်ားသည္ သူရိွရာတိမ္မည္းမ်ားဆီသို႔ ၪီးတည္လာလိမ့္မည္။ လူ႔ဘံုေလာကသားမ်ားမွာ ေၾကာက္မက္ဖြယ္မိုးၿခိမ္းသံမ်ားကိုသာ ၾကားရၿပီး အႏၲရာယ္မရိွေတာ့။
ဤႏွစ္ေနြၪီးမွာေတာ့ ႀကီးစြာေသာအတိဒုကၡကို ရႊဲရွန္ရင္ဆိုင္ေတြ့ခဲ့သည္။
ႄကံုေတြ့ခဲ့ဖူးေသာ အတိဒုကၡမ်ားထက္ ဤတစ္ခါသည္ ပို၍ႀကီးမားပံုရ၏။ ထို႔ေၾကာင့္ မိုးႀကိဳးမ်ားဒဏ္ကို ခံၿပီးသၫ့္ေနာက္မွာ စိတ္ဝိညာဥ္သည္ နက္နက္ရိႈင္းရိႈင္းပင္ ထိခိုက္သြားေၾကာင္း ရႊဲရွန္သတိျပဳမိခဲ့သည္။ ေကာင္းကင္ယံထက္ ဆက္လက္မပ်ံသန္းႏိုင္ေတာ့ေသာေၾကာင့္ တိမ္တိုက္မ်ားအတြင္းကေန ပင္လယ္ကမ္းေျခေသာင္ယံေပၚသို႔ က်ဆင္းလာခဲ့သည္။
တစ္ၪီးတစ္ေယာက္၏စိတ္ဝိညာဥ္ ဒဏ္ရာရေနခိုက္ ထိုသူသည္ အသိလြတ္တစ္ခ်က္ရတစ္ခ်က္အေျခအေနႏွင့္ အဆံုးမရိွေသာအိမ္မက္မ်ားအၾကား ႏိုးထျခင္းမရိွ က်င္လည္ေနမိသူႏွယ္ လမ္းေပ်ာက္ေနလိမ့္မည္။ ထိုအျခင္းအရာေၾကာင့္ ေရႊႀကိဳးမ်ွင္မ်ားႏွင့္ လာေရာက္ခ်ည္ေနွာင္ေသာအခ်ိန္တြင္ ရန္သူကိုျမင္ေတြ့လိုက္ရတာကိုအသာထား မ်က္လံုးေတာင္မနည္းဖြင့္ေနရသည္။ ႀကိဳးလည္းျဖတ္၍မေျပးႏိုင္။ အခ်ိန္မ်ားစြာ ၾကာလင့္လာၿပီျဖစ္ေစကာမႈ မွတ္ဥာဏ္မ်ားကို စုစည္းလို႔မရႏိုင္ေသး။ အိမ္မက္အပိုင္းအစမ်ားႏွယ္ တစ္ခ်ိဳ႕တစ္ဝက္သာ ေခါင္းထဲ၌ရိွသည္။
သို႔ေသာ္ ဤရြာပ်က္သို႔ေရာက္ေသာအခါ ရႊဲရွန္စိတ္ထဲ တစ္စံုတစ္ခုက ျဖတ္ေျပးလာခဲ့သည္။ တိုက္ဆိုင္တာေၾကာင့္လည္း ျဖစ္ႏိုင္ေပမယ့္ သူ႔ေခါင္းထဲ ထိုမွတ္ဥာဏ္မ်ား ဝင္ေရာက္လာခ်ိန္တြင္ ႄကံုေတြ့ခဲ့ဖူးေသာ ေၾကာက္မက္ဖြယ္ရာျဖစ္ရပ္ေၾကာင့္ ရင္ဘတ္တစ္ခုလံုး တင္းက်ပ္လို႔သြားသည္။ ေရႊခ်ည္မ်င္မ်ား၏ေနာက္ကြယ္တြင္ ရပ္ေနေသာသူ၏ပံုရိပ္ကို ေတြ့ျမင္လိုက္ရသည္။ ထိုသူသည္ အျဖဴေရာင္ဝတ္ရံုကို ဝတ္ဆင္ထားသည္ႏွင့္တူ၏။ ၾကားခံေနေသာ အတားအဆီးမ်ားေၾကာင့္ ေသခ်ာမျမင္ရ။ ပံုရိပ္မ်ွသာ လွမ္းျမင္ရသည္။
ဝိုးတဝါးပံုရိပ္အရ ထိုသူသည္ အရပ္ရွည္ပိန္ပါးသူျဖစ္ေၾကာင္း ရႊဲရွန္ျမင္ႏိုင္သည္။ ေလျပင္းတိုက္ခတ္ေနသၫ့္အၾကား ဝတ္ရံုတလြင့္လြင့္ႏွင့္ ရပ္လို႔ေနၿပီး ေျပက်ေနေသာဆံႏြယ္ရွည္မ်ားက ထို႔သူမ်က္ႏွာကို အရိပ္ကာလ်က္ရိွသည္။
ၿပီးလ်ွင္...
အလြန္တရာမွ ထူးဆန္းလွေသာ တစ္စံုတစ္ခုက ရိွလို႔ေနသည္။
ဝမ္ဆိုေသာျမည္သံ တျဖည္းျဖည္းေပ်ာက္ကြယ္တိုးဝင္သြားခ်ိန္တြင္ ရႊဲရွန္ မွတ္ဥာဏ္မ်ားဆီက လြတ္ေျမာက္သြားခဲ့သည္။
"ဘာျဖစ္သြားတာလဲမသိဘူး? ထ-ထပါၪီး"
ရႊဲရွန္ထံ အသိငါးပါးျပန္လည္ရရိွလာခ်ိန္ဝယ္ နား အနားကပ္၍ စိုးရိမ္တႀကီးေအာ္ဟစ္ေနေသာ အမ်ိဳးသမီးတစ္ၪီး၏အသံကို ၾကားလိုက္ရသည္။
"မိန္းကေလးရွင္းဇီ..လႈပ္ခါေနတာကိုရပ္ပါေတာ့..ငါ့ေခါင္းကၽြတ္ထြက္သြားေတာ့မယ္"
မ်က္စိမိွတ္ထားရင္းႏွင့္ ရႊဲရွန္ေရရြတ္လိုက္သည္။
"ႏိုးၿပီလား?!"
ရွင္းဇီသည္ အံၾသသင့္လ်က္ ေမးလာ၏။ အခုမွသာ ရႊဲရွန္ပုခံုးထက္ လက္တင္ထားမိေၾကာင္း သတိျပဳမိသြားေတာ့သည္။ မီးႏွင့္ထိေတြ့မိသြားသည့္ႏွယ္ လက္ကိုခ်က္ခ်င္းျပန္ရုတ္လိုက္ၿပီး အေနခက္စြာ ေဘးသို႔ျပန္ဆုတ္လ်က္ ရွင္းျပလာသည္။
"ရုတ္တရက္ႀကီးသတိေမ့သြားတဲ့အျပင္အသက္လည္းမရူေတာ့ဘူး..အကုန္လံုးထိတ္လန႔္သြားၾကတာ..အဲ့ဒါနဲ႔.. ကၽြန္မက... "
ရႊဲရွန္ မ်က္ေမွာင္ႄကံု႔လ်က္ မ်က္လံုးမ်ားကို ပ်င္းတဲြတဲြဖြင့္ၾကၫ့္လာသည္။ အေပၚႏႈတ္ခမ္းအထက္အခ်ိဳင့္ကို ထိေတြ့ၾကၫ့္ကာ
"အဲ့ဒါနဲ႔ငါ့ကိုလိမ္ဆဲြလိုက္တာလား?"
ရွင္းဇီသည္ ရထားလံုးနံရံကိုမွီလိုက္ရင္း အရာရာကိုအရႈံးေပးလိုက္သၫ့္ႏွယ္ သက္ျပင္းခ်၏။ သူမ စကားသံ၌ မသိလ်ွင္ ျမစ္ဝါျမစ္ထဲခုန္ဆင္းလ်ွင္ေတာင္မေက်မၫ့္ အျပစ္မ်ားကို လုပ္ေဆာင္ထားသၫ့္သူႏွယ္ ကိုယ့္ကိုယ္ကို ခြင့္မလႊတ္ႏိုင္ျဖစ္ေနေသာ အရိပ္အေယာင္မ်ားက ကပ္ပါလာသည္။
"ဟုတ္ပါတယ္..ႏႈတ္ခမ္းအထက္ကိုလိမ္ဆဲြမိပါတယ္",
"ေက်းဇူးပဲ"
အႃပံုးႏွင့္ဆိုလာသည္။ ၿပီးလ်ွင္ မ်က္ႏွာျပန္လည္တည္တန္းသြားကာ ရြာဆီသို႔ သတိထားၾကၫ့္လိုက္သည္။
"အာ…"
ေက်းဇူးတင္စကားဆိုလာမည္ဟု မထင္မွတ္ထားခဲ့ေသာ ရွင္းဇီသည္ မ်က္ႏွာရဲလို႔သြားျပန္၏။ လက္ႏွစ္ဖက္အခ်င္းခ်င္းဖိပြတ္ေနရင္း
"ကိစၥမရိွဘူး..ကိစၥမရိွပါဘူး..ႏိုးလာတာကိုပဲဝမ္းသာရပါတယ္"
ရႊဲရွန္မွာ သူမစကားသံကို မၾကားေတာ့။ ရြာပ်က္ဆီကို စူးစူးရဲရဲစိုက္ၾကၫ့္ေနၿပီး ရႊမ္းမင္ အဘယ္ေၾကာင့္မ်ား ျပန္မလာေသးလဲ ေတြးေတာလို႔ေနသည္။
"ဒီကတံုး..."
အျခားသူမ်ားအေရ႔ွတြင္ ရႊမ္းမင္ကို ထိုသို႔ေခၚျခင္းမွာ မသင့္ေတာ္လွဟုေတြးမိၿပီး ေျပာလက္စစကားက ရပ္တန႔္သြားသည္။ လည္ေခ်ာင္းတစ္ခ်က္ရွင္းကာ ေလးနက္မႈအခ်ိဳ႕ကို အသံထဲ၌ ျဖၫ့္သြင္းလိုက္ၿပီး
"ငါသတိလြတ္သြားတာဘယ္ေလာက္ၾကာလဲ? ရြာထဲအဲ့ဒီဘုန္းႀကီးဝင္သြားတဲ့ေနာက္ပိုင္းဘာေတျြဖစ္ေသးလဲ?"
"ဘာေတျြဖစ္ေသးလဲဆိုေတာ့"
ရွင္းဇီသည္ စိုးရိမ္တႀကီး ေခါင္းယမ္းျပကာ
"အခ်ိန္တစ္ခုေတာ့ရိွေနၿပီ..ဘာသံမွမၾကားရေသးဘူး..အထဲဝင္ၿပီးလိုက္...လိုက္ရွာသင့္လား?"
အၾကင္လူသားသံုးၪီးသည္ ရထားလံုးႏွင့္ ေလဟုန္စီးၿပီး က်ဥ္းထဲက်ပ္ထဲက်ေရာက္ခဲ့ေပမယ့္ အဖဲြ႔လိုက္ႀကံဆလုပ္ေဆာင္ရာမွာ ရႊဲရွန္ကို တရိုတေသႏွင့္ ၪီးစားေပးၾကသည္။ ဝင္ပါရမွာ ေၾကာက္လ်ွင္ေတာင္ ထုတ္ၿပီးေျပာမလာရဲၾက။ အခ်ိန္တစ္ခုအထိၾကာေနၿပီျဖစ္ၿပီး ဤရြာအတြင္း၌ အဘယ္သို႔အႏၲရာယ္မ်ား ရိွေနမည္အား အဘယ္သူက သိႏိုင္မည္နည္း?
ရွင္းဇီစကားကိုၾကားေသာအခါ ရႊဲရွန္မ်က္ေမွာင္ႄကံု႔သြား၏။ ၿပီးလ်ွင္ ကိုယ့္ခါးကိုယ္ ပုတ္လိုက္ၿပီး
"စာၾကမ္းပိုး..ဘာလို႔အဲ့ေလာက္တိတ္ဆိတ္ေနတာလဲ?"
ေကာင္းကင္ယံထက္ ပ်ံသန္းၿပီးၿပီျဖစ္ေသာ လူသားသံုးၪီးသည္ တစၧေၾကာက္ေတာ့မယ္မထင္။ က်န္းရွီနင္ကို ေခၚထုတ္ဖို႔အတြက္ ရႊဲရွန္မွာ ျပႆနာမရိွေတာ့။
သို႔ေပမယ့္လည္း ထူးေတာ့ထူးဆန္းေနသည္။ အစ္မျဖစ္သူႏွင့္ေယာက္ဖ ျပန္ေပးဆဲြခံရၿပီး တစၧေျခာက္ေသာေတာထဲသို႔ ေခၚေဆာင္သြားျခင္း ခံေနရတာေတာင္ က်န္းရွီနင္သည္ ရႊဲရွန္အိတ္ေထာင္ထဲက ေခါင္းေတာင္ထြက္မလာခဲ့။ သူလို႔ပင္မထင္ရ။
"စာၾကမ္းပိုး?"
"…"
"က်န္းရွီနင္?"
“...”
ထိုအမည္ ရႊဲရွန္ဆီမွထြက္လာေသာအခါ ခ်န္းရႉ၊ ခ်န္းေဆာင္ႏွင့္ ရွင္းဇီတို႔သံုးၪီးသား မ်က္လံုးမ်ားျပဴးက်ယ္လ်က္ ရႊဲရွန္ကိုစိုက္ၾကၫ့္လာေတာ့သည္။
"က်န္းေရွာင္ယဲ့ေလး... အခုက်န္းေရွာင္ယဲ့ေလးကိုေခၚလိုက္တာလား?"
ခ်န္းေဆာင္က အထစ္ထစ္အေငါ့ေငါ့ေျပာ၏။
"အင္း"
ရႊဲရွန္ ေခါင္းရႈပ္လ်က္ အိတ္ေထာင္ထဲသို႔ၾကည့္ရင္း ျပန္ေျဖလိုက္၏။
【ေကာင္းပါ့... ဗလာနတၴိ】
က်န္းရွီနင္ေပ်ာက္သြားတာ ၾကာလွၿပီ။
မ်က္ႏွာေသႏွင့္ရႊဲရွန္သည္ ရြာဆီသို႔ ၾကၫ့္ျပန္၏။ ၾကၫ့္ရတာ က်န္းရွီနင္စိတ္မထိန္းႏိုင္ပဲ ရႊမ္းမင္ႏွင့္လိုက္သြားတာ ျဖစ္ေလာက္မည္။
ေနသည္ တျဖည္းျဖည္းျမင့္တက္လာၿပီး လတ္ဆတ္ေသာမနက္ခင္း၌ ႏွင္းစက္ႏွင္းေပါက္မ်ားႏွင့္ ေအးျမေသာျမဴခိုးမ်ားက တနင့္တပိုးေနရာယူထားသည္။ ထူထဲေသာျမဴထုသည္ ရြာအတြင္း အေျခတက်တည္ရိွေနသည္ျဖစ္ရာ အခ်ိဳ႕အိမ္ရာအပ်က္အစီးမ်ားကို အရိပ္မည္းမ်ားအေနႏွင့္ပဲ ခပ္ေရးေရးသာျမင္ရသည္။
"လုညန႔္ခ်ီေရာ?"
အျပင္ကိုစိုက္ၾကၫ့္ေနရင္း ရႊဲရွန္ေမးလာသည္။
ရထားအတြင္းထိုင္ေနသၫ့္ လုညန႔္ခ်ီမွ
"ကၽြန္ေတာ္ဒီမွာ..ဘာျဖစ္လို႔လဲ?"
သူ႔ေလသံက အေတာ္တင္းမာေနသည္။ တုန္ယင္ေနသာခ်န္းရႉႏွင့္ တသိမ့္သိမ့္တုန္ေသာခ်န္းေဆာင္အၾကား ထိုင္ေနရာ ငံုးႏွစ္ေကာင္အလယ္ ညပ္ေနသလိုျဖစ္ေနသည္။ ဤဇနီးေမာင္ႏွံသည္ လုညန႔္ခ်ီအား လ်ိႈ႔ဝွက္နက္နဲေသာစိတ္တန္ခိုးရွင္ဟု သတ္မွတ္ထားပံုရ၏။ ရႊဲရွန္အနားကပ္ရမွာ ေၾကာက္လြန္း၍ လုညန႔္ခ်ီကို အကာအကြယ္ယူထားၾကသည္။
"မင္းရွာၾကၫ့္ပါလား? ကတံုး... ရႊမ္းမင္အခုဘာလုပ္ေနလဲဆိုတာ"
ျမဴခိုးမ်ားအၾကားေငးၾကၫ့္လ်က္ ရႊဲရွန္ေျပာသည္။
"ႀကိဳးစားၾကၫ့္မယ္ေလ..ဒါေပမဲ့ဘုန္းေတာ္ႀကီးနဲ႔ထိေတြ့သြားတဲ့ပစၥည္းလိုတယ္"
ရႊဲရွန္စကားမဆိုႏိုင္ခင္မွာ လုညန႔္ခ်ီမွပဲျဖတ္၍ထပ္ေျပာသည္။
"ရထားလံုးကႀကီးလြန္းတယ္..မရဘူး"
ရႊဲရွန္သည္ ေတြးေတြးေရးေရးႏွင့္ တဒဂၤမ်ွ စဥ္းစားခန္းဖြင့္ေန၏။ ၿပီးလ်ွင္ လုညန႔္ခ်ီမ်က္ႏွာေရ႔ွ သူ႔လက္ကိုထိုးေပးကာ
"ငါ့လက္ဆိုရင္ေကာ?"
လုညန႔္ခ်ီ ; "…"
ရွင္းဇီ ; "…"
【တစ္ခုခုကတစ္မ်ိဳးႀကီးပဲ...ေနၪီး... အကုန္လံုးကတစ္မ်ိဳးႀကီးကိုျဖစ္ေနတာ】
"သက္ရိွေတြမရဘူး..သက္မဲ့ပစၥည္းေတြပဲရတယ္"
လုညန႔္ခ်ီသည္ ရႊဲရွန္ကို ဘယ္တုန္းကမွ ေၾကာက္ရြံ႔ခဲ့သူမဟုတ္သလို အထုအေထာင္းခံရမွာကိုလည္း မမူတာေၾကာင့္ ပုခံုးတြန႔္လ်က္ ခပ္ေအးေအးေျပာလာ၏။
"ဒါမွမဟုတ္လည္းေသၾကၫ့္လိုက္ပါလား..စမ္းၾကၫ့္တာေပါ့"
ရႊဲရွန္သည္ ေျခာက္ကပ္ကပ္ရယ္ေမာလိုက္ၿပီး ျပန္လွၫ့္သြား၏။
ယင္းကာလ၌ အစြန႔္ပစ္ခံဝမ္ရြာအတြင္းရိွ ၿခံဝင္းတစ္ဝင္းဆီမွ ရုန္းရင္းဆန္ခတ္ျဖစ္သံမ်ားက ထြက္ေပၚေနသည္။
ထိုၿခံဝင္းသည္ ႏွစ္ထပ္အေဆာက္အၪီးႏွစ္လံုးျဖင့္ ဖဲြ႔ထားၿပီး အလယ္တြင္ စႀကၤန္လမ္းျဖင့္ ဆက္သြယ္ထား၏။ ဥယ်ာဥ္ငယ္ျဖစ္ခဲ့ပံုေပၚေသာေနရာ၌ လူအရပ္တမ်ျွမင့္ေသာေပါင္းပင္မ်ားႏွင့္ ႏွစ္ခ်ိဳ႕အပင္ႀကီးတစ္ပင္က ေနရာယူထားသည္။ အခန္းတိုင္းဆီက ျပတင္းမ်ားသည္ ေဆြးေႁမ့ေနၿပီး ျပတင္းကာစကၠူမ်ားက စုတ္ၿပဲ၍ လူေနရာအရပ္သို႔ ျပင္ပေလမ်ား တိုးဝင္လ်က္ရိွရာ တပူတေဆြးငိုႂကြေးသံေပးေနသည့္အလားပင္။
ပဋိပႂကၡဖစ္ေနေသာအသံမ်ားမွာ မ်က္ႏွာစာအေဆာက္အအံု၏ ေရ႔ွဘက္ျခမ္းအခန္း၊ ေလတိုးေပါက္မရိွေသာ တစ္ခုတည္းေသာအခန္းမွ ထြက္လာျခင္းျဖစ္သည္။
"မင္းစကားကိုနားေထာင္ရင္ဘာအမွားမွရိွမွာမဟုတ္ဘူးလို႔မင္းပဲေျပာခဲ့တာမလား? အခုမွေတာ့ျပန္ထြက္လို႔မရေတာ့ဘူး"
ခပ္ၾသၾသေယာက်ာ္းသံတစ္သံက အျပစ္တင္ေျပာဆိုလာသည္။
"ဘာတတ္ႏိုင္မွာလဲ? ဒီအတိုင္းဆက္သြားမယ္ဆိုရင္လ်ိဳ႕ေပၚ၊က်န႔္ဇီနဲ႔ေရွာင္ရွစ္ထုန္တို႔အသက္ရွင္မွာတဲ့လား?"
ေနာက္တစ္ေယာက္က မေျပမပ်စ္ ျပန္ေျပာလိုက္သည္။
"အနည္းဆံုးေတာ့မိုးဒဏ္ေလဒဏ္ကာကြယ္ေပးႏိုင္တဲ့အမိုးတစ္ေနရာေတာ့ရိွတယ္..ဒီမနက္မိႈႏႈတ္တုန္းကက်ေတာ့ဘာလို႔မညည္းတာလဲ?"
ဆံပင္ဖရိုဖရဲႏွင့္ မ်က္ႏွာေခ်းတက္ေနေသာ သူေတာင္းစားအမ်ားအျပားသည္ အေရ႔ွခန္း၌ စုေဝးေနၾက၏။ ဘယ္တုန္းကမွ ေလ်ွာ္ဖြတ္ထားပံုမရေသာ အဝတ္ထံမွ ခ်ဥ္စုတ္စုတ္ ပုတ္အဲ့အဲ့အနံ႔က ထြက္ေပၚေနသည္။ သို႔ေသာ္ျငား ဤအခန္းအတြင္း၌ ထိုအနံ႔တစ္မ်ိဳးတည္း ရိွေနျခင္းမဟုတ္။ ေသြးညီနံ႔ကလည္း ေရာယွက္လို႔ေနသည္။
အသံခပ္ၾသၾသႏွင့္အမ်ိဳးသားထံတြင္ လက္ႏွစ္ဖက္မရိွ။ လက္ေကာက္ဝတ္မွာ အဖ်ားရႉးသြားၿပီး ေျပာင္ေခ်ာေခ်ာအသားတစ္အေနျဖင့္သာ က်န္ရိွသည္။ ၾကၫ့္ရသည္မွာ လက္မ်ားကိုဆံုးရႈံးခဲ့တာ ႏွစ္ေပါင္းမ်ားစြာ ၾကာလို႔ေနၿပီထင္သည္။
လက္ျပတ္ေနေသာအမ်ိဳးသားအေရ႔ွတြင္ မီးပံုတစ္ပံုရိွၿပီး အေပၚတြင္တင္ထားသၫ့္ အနားပဲ့ေနေသာအိုးထဲ၌ အရည္မ်ားက ပြက္ပြက္ဆူေနသည္။ လက္ျပတ္ေနေသာသူသည္ လက္ငုတ္တိုႏွစ္ဖက္ကိုသံုးကာ ေဘးရိွအပံုထဲမွ အေလ့အက်ေပါက္ေသာသစ္ရြက္မ်ားကို ၫွပ္၍ေကာက္ၿပီး အိုးထဲသို႔ ပစ္ထၫ့္လိုက္သည္။
"စားစရာရိွေတာ့လည္းဘာထူးလဲ? စားၿပီးရင္အသက္ဆက္ရွင္ပါ့မလားေတာင္မသိဘူး..."
"မစားရင္ေတာ့အသက္ရွင္မွာမဟုတ္တာေသခ်ာတယ္..ကဲ..ျမန္ျမန္ခ်က္!"
ေစာလ်ွင္တုန္းကျပန္ေျဖေသာ သူေတာင္းစားမွပဲ ေျပာလာသည္။ ထိုသူေတာင္းစား၏မ်က္ႏွာထက္ အမာရြတ္မ်ားက အက်ည္းတန္စြာ အျပၫ့္ေနရာယူထားၿပီး မ်က္လံုးတစ္လံုးသာရိွသည္။ အျခားတစ္ဖက္မွာ တင္းတင္းပိတ္ေနၿပီး မ်က္ဆန္လံုးရိွသၫ့္ပံုမေပၚ။
သူေတာင္းစားတစ္စုမွာ အျငင္းအခံုျဖစ္ေနေသာ လူႏွစ္ေယာက္အနီးတြင္ ထိုင္ေနၾကသည္။ ေျခပ်က္လက္ပ်က္မဟုတ္သူမ်ားသည္ ေျခဟန္လက္ဟန္သာ ျပေနၾကသည္ျဖစ္ရာ မ်က္မျမင္နားမၾကားမ်ားျဖစ္သည္မွာ သိသာလွ၏။
သူတို႔၏ေနာက္တြင္ သစ္သားခုတင္တစ္ခုရိွၿပီး ထိုအေပၚတြင္ လူသံုးေယာက္လဲေလ်ာင္းေနသည္။ လူအိုတစ္ၪီးႏွင့္ လူရြယ္ႏွစ္ၪီးျဖစ္ၿပီး မ်က္စိတစ္ဖက္လပ္လူေျပာခဲ့ေသာ လ်ိဳ႕ေပၚ၊ က်န္႔ဇီႏွင့္ ေရွာင္ရွစ္ထုန္တို႔ ျဖစ္ပံုရသည္။ အေပါက္အၿပဲမ်ားစြာပါေသာေစာင္တစ္ထည္ႏွင့္ သံုးၪီးသားကို လႊမ္းႃခံုေပးထားသည္။ မိႈတက္စိုထိုင္းေနေသာ္လည္း အကာတစ္မ်ိဳးေတာ့ျဖစ္ေပသည္။
ခုတင္ေပၚမွသံုးၪီးသည္ အသက္မနည္းရႉေနၾကၿပီး အဖ်ားဒဏ္ေၾကာင့္ မ်က္ႏွာက နီစပ္စပ္ျဖစ္ေနသည္။ ႏႈတ္ခမ္း၌ ျပည္ဖုႀကီးမ်ားရိွၿပီး အခ်ိဳ႕မွာေပါက္ၿပဲလို႔ေနသည္။ လည္ပင္းတစ္ေလ်ွာက္ ဒဏ္ရာဒဏ္ခ်က္မ်ားက အျပၫ့္ေနရာယူထားၿပီး အရည္ျပားတစ္ခုလံုး ပုတ္ပြေနသည္။
ေသြးညီနံ႔မ်ားသည္ ထိုသူမ်ားထံမွ ရေနျခင္းျဖစ္ေလ၏။
အခန္း၏ေထာင့္မွာေတာ့ ငယ္ရြယ္ၿပီး က်န္းက်န္းမာမာအသြင္ရိွေသာ အမ်ိဳးသားတစ္ၪီးႏွင့္ အမ်ိဳးသမီးတစ္ၪီးထိုင္ေနလ်က္ တစ္ၪီးႏွင့္တစ္ၪီးလည္း ရင္းႏွီးပံုရသည္။ သာမန္အဝတ္အစားကို ဝတ္ဆင္ထားေသာ္လည္း အေပါက္အၿပဲမ်ားမပါ။ ဆံပင္မ်ားက အတန္ငယ္ရႈပ္ပြေပမယ့္ သူေတာင္းစားမ်ားအၾကားမွာေတာ့ ကဲြထြက္ေနသည္။
ယင္းအမ်ိဳးသမီးသည္ က်န္းရွီနင္၏အစ္မျဖစ္ၿပီး အမ်ိဳးသားကေတာ့ ေယာက္ဖျဖစ္သူေဖာင္ေခ်ာင္းျဖစ္သည္။
ေဖာင္ေခ်ာင္းသည္ ဇနီးသည္အနားတိုးကပ္လိုက္ၿပီး
"အားရင္... ဒဏ္ရာရသြားေသးလား?"
ငယ္စဥ္ကတည္းက သိကၽြမ္းၾကသူမ်ားျဖစ္တာေၾကာင့္ ေဖာင္ေခ်ာင္းသည္ ဇနီးသည္ကို ငယ္နာမည္ျဖင့္သာ ေခၚေလ့ရိွသည္။
က်န္းရွီက်င္းသည္ ေခါင္းယမ္းျပလိုက္ၿပီး
"ရွင္ေကာ?"
"ကိုယ္အဆင္ေျပတယ္..မစိုးရိမ္နဲ႔..ေငြလိုခ်င္လို႔ျပန္ေပးဆဲြလာတယ္မထင္ဘူး..အသက္အႏၲရာယ္လည္းရန္ရွာမယ့္ပံုမေပၚဘူး"
ေဖာင္ေခ်ာင္းသည္ ခပ္တိုးတိုးႏွင့္
"ၾကၫ့္ရတာ... "
ႏွစ္ၪီးသား၏အၾကၫ့္သည္ နာမက်န္းျဖစ္ေနေသာလူသံုးၪီးအိပ္ေနသၫ့္ သစ္သားခုတင္ရိွရာသို႔ ေရာက္ရိွသြား၏။
ဝမ္ရြာသို႔ သူေတာင္းစားမ်ားမွ ေခၚေဆာင္လာၿပီး လက္တြင္ခ်ည္ထားေသာႀကိဳးမွလဲြ၍ ျပန္ျဖည္ေပးကာ သူတို႔ထံတြင္ ေရြးခ်ယ္စရာမရိွေၾကာင္း ေျပာလာသည္။
သူေတာင္းစားမ်ားသည္ အျငင္းအခံုဆက္ျဖစ္ေနစဥ္ ပံုမွန္မဟုတ္ေသာအသံခပ္က်ယ္က်ယ္က ထြက္ေပၚလာသည္။
ေလွကားထစ္ကို က်န္းမားေရးမေကာင္းသူ သို႔မဟုတ္ သက္ရြယ္ႀကီးရင့္သူ တစ္ေယာက္ေယာက္မွ တစ္လွမ္းခ်င္း အားႏွင့္နင္း၍ဆင္းလာေသာ အသံႏွင့္တူသည္။
သူေတာင္းစားထံမွ အသံမ်ားရပ္တန႔္သြားၿပီး တစ္ၪီးမ်က္ႏွာတစ္ၪီးၾကၫ့္လိုက္ၾကသည္။ တစ္ေယာက္မွ လက္ၫွိုးႏွင့္ အခန္းထဲမွလူမ်ားကို လိုက္ေရၾကၫ့္သည္။
"ငါး၊ေျခာက္၊ခုႏွစ္... ၿပီးေတာ့ၪီးႀကီးလ်ိဳနဲ႔က်န္ႏွစ္ေယာက္..ဒါဆိုဆယ္ေယာက္ျပၫ့္ၿပီ..အကုန္လံုးဒီမွာပဲ"
စကားဆံုးသည္ႏွင့္ သူေတာင္းစားမ်ား၏မ်က္ႏွာက ေၾကာက္လန႔္မႈေၾကာင့္ ရႈံ႔တြကုန္သည္။ လူတိုင္းအခန္းထဲမွာရိွလ်ွင္ ေလွကားကေန ဘယ္သူဆင္းလာတာလဲ?!
သတၲိပိုရိွပံုရေသာ သူေတာင္းစားသည္ ႏွာေခါင္းရႈံ႔လ်က္
"ကိုယ့္ကိုယ္ကိုျပန္ေျခာက္ေနၾကတာပဲ"
မည္သူမွန္းသိရေအာင္ၾကၫ့္ရန္ အခန္းအျပင္ထြက္သြားေတာ့သည္။ ေျခသံကသာ ရပ္စဲသြားေပမယ့္ ထိုသူသည္ ျပန္ေရာက္မလာခဲ့။
ထို႔ေနာက္ သူေတာင္းစားႏွစ္ၪီးသည္ ေပ်ာက္သြားသူကို ထြက္လို႔ရွာ၏။ အေဆာက္အၪီးတစ္ခုလံုးကို အေပၚတက္ေအာက္ဆင္း လိုက္ရွာၾကၫ့္ေပမယ့္ ေပ်ာက္သြားသူေရာင္းရင္း၏ အရိပ္အေယာင္ကို ရွာမေတြ့ခဲ့။ တျဖည္းျဖည္းႏွင့္ ျမဴခိုးမ်ားထူထပ္လာသည္ႏွင့္အမ်ွ အျခားအခန္းမ်ားကို မျမင္ရသလို အခန္းနံရံကိုပင္ စမ္းမရေတာ့။
ထူးဆန္းလွသၫ့္ ေျပာင္းလဲသြားေသာ အေျခအေနသည္ သူေတာင္းစားမ်ားကို တစၧေျခာက္ေသာဝမ္ရြာအေၾကာင္းအား သတိရသြားေစသည္။ မီးပံုအနီးတြင္ က်ပ္က်ပ္သည္းသည္း ကပ္ထိုင္လိုက္ၾကၿပီး အခန္းအျပင္မထြက္ရဲၾကေတာ့။
ထိုစဥ္ မ်က္စိတစ္ဖက္လက္သူသည္ ေဖာင္ေခ်ာင္းႏွင့္က်န္းရွီက်င္းအား
"သမားေတာ္တို႔..အရြက္စိမ္းနဲ႔မိႈစြပ္ျပဳတ္ေသာက္ပါၪီးလား? ဒီအေတာ္အတြင္းအိမ္ျပန္ျဖစ္မွာမဟုတ္ေတာ့စြတ္ျပဳတ္ေလးေသာက္ၿပီးကိုယ္ကိုေနြးေအာင္လုပ္ထား..ငါတို႔ကေတာင္းပန္တဲ့အေနနဲ႔ေပးတာလို႔သေဘာထားလိုက္ပါ..ဒီနိမ့္က်တဲ့သူေတာင္းစားေတြကိုခြင့္လႊတ္ႏိုင္တယ္ဆိုရင္ၪီးႀကီးလ်ိဳတို႔ကိုေသြးခုန္ႏႈန္းစမ္းေပးပါလား..တကိုယ္လံုးမွာအဖုအပိမ့္ေတြအျပၫ့္ပဲ..ဒီအတိုင္းဆက္ထားမယ္ဆိုရင္ေသသြားၾကလိမ့္မယ္..မတတ္ႏိုင္ေတာ့တဲ့ေနာက္ဆံုးဒီလိုမရိုးမသားအႀကံအစည္ကိုႀကံေဆာင္မိတာပါ"
"အသက္ရွင္ရံုေလးရွင္သန္ေနၾကတဲ့သူေတျြဖစ္ေပမယ့္အသက္ေတာ့မေသခ်င္ပါဘူး"
လက္ျပတ္ေနေသာသူမွ ဝင္ေျပာလာသည္။
"သမားေတာ္ကိုေပးကမ္းစရာအသျပာလည္းမရိွသလိုေဆးဝယ္ဖို႔လည္းမရိွဘူး..ျပစ္မႈက်ူးလြန္ရံုပဲ... "
ဇနီးေမာင္ႏွံ ခန႔္မွန္းထားသၫ့္အတိုင္းပင္။
ေဖာင္ေခ်ာင္းသည္ ေခါင္းယမ္းလ်က္
"ဒီႏွစ္ႏွစ္အတြင္းေဘးဒုကၡေတြကမ်ားပါဘိ..ငတ္မြတ္ေခါင္းပါးတဲ့ကပ္ေဘးစိုက္ခ်ိန္မွာအကုန္လံုးစားဝတ္ေနေရးခက္ခဲတာပဲ..မေပးႏိုင္ရင္မေပးနဲ႔..ေသေတာ့မယ့္သူကိုမ်က္ႏွာလႊဲထားမွာတဲ့လား? ငါကေဆးမေပးတဲ့လူမႈေရးေခါင္းပါးတဲ့သူျဖစ္ေနရင္ေတာင္ဇနီးသည္ကဘယ္ေတာ့မွလက္ခံမွာမဟုတ္ဘူး..ဒီအတိုင္း..."
မ်က္စိတစ္ဖက္လပ္လူကို စိုက္ၾကၫ့္ၿပီး ဆက္ေျပာသည္။
"လမ္းေပၚမွာမ်က္လံုးပိတ္ၿပီးျပန္ေပးဆဲြတဲ့အထိဘာေၾကာင့္မ်ားလုပ္ရတာလဲ? ဒီေလာက္အထိေတာင္လုပ္ႏိုင္ရင္က်န္တာေကာဘာမ်ားဆက္လုပ္ၪီးမလဲ?"
"ငါတို႔လည္းသာမန္လူတစ္ၪီးလိုရွင္သန္ခ်င္တာေပါ့..ဒါေပမဲ့ဘယ္သူကမွလက္မခံၾကဘူး"
လက္ျပတ္ေနေသာသူသည္ သူ႔လက္ေကာက္ဝတ္ကို ၿမွောက္လ်က္
"ငါတို႔လိုလူေတြကအလုပ္ရရင္ေတာင္ေျခလက္စံုလင္တဲ့သူေတြေလာက္စြမ္းႏိုင္တာမဟုတ္ဘူး..အကုန္လံုးကေတာင္းစားလာၾကတာ..ဒါေပမဲ့ဒီႏွစ္ေတြမွာလူေတြကသူတို႔ကိုယ္တိုင္ေတာင္မနည္းရွာႀကံေနရတာဆိုေတာ့ဘယ္သူကမ်ားေပးကမ္းမွာတဲ့လဲ?"
"ဘယ္သူကမွလက္မခံဘူးလား?"
ေဖာင္ေခ်ာင္းသည္ မၾကည္မသာႏွင့္
"ငါတို႔ကိုမဖမ္းခင္မွာေမးခဲ့လား? 'ေငြမေပးႏိုင္ဘူး၊လုပ္အားစိုက္မယ္'လို႔ေျပာလာခဲ့မယ္ဆိုရင္ျငင္းဆန္မယ္လို႔ထင္ေနတာလား?"
လက္ျပတ္ေနေသာသူသည္ စကားေျပာရန္ ပါးစပ္ဟလိုက္ခ်ိန္မွာ အစကနၪီးကၾကားခဲ့ေသာ ေျခသံက ထပ္မံထြက္ေပၚလာသည္။
အခန္းအတြင္းရိွလူတိုင္း ထိတ္လန႔္မႈေၾကာင့္ ေတာင့္တင္းသြားၾကသည္။
"ကုန္ဇီ..မင္းတို႔ကတံခါးနဲ႔အနီးဆံုးပဲ..အျမန္သြားၿပီးပိတ္လိုက္"
မ်က္စိတစ္ဖက္လပ္လူက ခပ္တိုးတိုးေျပာသည္။
လက္တစ္ဖက္မရိွေသာသူငယ္သည္ အျမန္ထကာ တံခါးသြားပိတ္ၿပီး မီးပံုရိွရာသို႔ ျပန္ေျပးလာသည္။ ၿပီးလ်ွင္ တံခါးကို ေၾကာက္လန႔္တၾကား စိုက္ၾကၫ့္ေနသည္။
"ၾကားဖူးတယ္... ၾကားပဲၾကားဖူးတာ"
ကုန္ဇီေဘးတြင္ထိုင္ေနေသာ ေျခေထာက္တစ္ဖက္မရိွသၫ့္ သူေတာင္းစားသည္ လက္ကိုအားျပဳ၍ အနားတိုးလာ၏။ ထို႔ေနာက္ အသံနိမ့္ကာ ဆက္ေျပာသည္။
"ဝမ္ရြာမွာေဆာင္းရာသီကုန္ခ်ိန္ေလာက္ဆိုရင္အၿမဲတမ္းသရဲေျခာက္တယ္..ဇာတ္ပဲြအသံေတြကရြာထဲကရုတ္တရက္ထြက္လာၿပီးအေဝးကေနေတာင္ဗံုသံေတြသီခ်င္းဆဲြဆဲြငင္ငင္ဆိုသံေတြကိုၾကားရတယ္တဲ့... အမေလး..ၾကက္သီးထစရာေကာင္းလိုက္တာ"
"ဟုတ္တယ္..ဟုတ္တယ္! ၿပီးေတာ့လည္းဝမ္ရြာကိုေျခခ်မိၿပီဆိုရင္ျမဴေတြကအျမင္ကိုဖံုးသြားၿပီးထြက္လမ္းမရိွေတာ့ဘူးလို႔ေျပာၾကတယ္"
"ေခ်ာင္းဆိုးသံ၊လက္ခုပ္တီးသံနဲ႔ရယ္သံေတြကိုလည္းၾကားရတယ္တဲ့..."
သူေတာင္းစားမ်ားသည္ တစ္ေယာက္တစ္ေပါက္ေျပာရင္းႏွင့္ ပို႔လိုပင္ထိတ္လန႔္လာၾက၏။ အခ်င္းခ်င္းထပ္မံပူးကပ္လိုက္ၾကၿပီး တုန္ယင္ေနၾကစဥ္ မ်က္စိတစ္ဖက္လပ္လူမွ တိတ္တိတ္ေနရန္ လက္ဟန္ျပလိုက္ေသာအခါ အသံတိတ္သြားၾကသည္။
အေပၚထပ္ရိွ အခန္းတစ္ခန္းထဲမွ ထြက္လာပံုရေသာ ေျခသံမ်ားသည္ ေလွကားကေန ဆင္းလို႔လာ၏။ ထိုေျခသံမ်ားသည္ ဧၫ့္ခန္းအတြင္း၌ ပတ္လို႔ေနသည္။ တစ္စံုတစ္ေယာက္သည္ ထိုင္ခံုမွာထိုင္၍ အနားယူလိုက္ ျပန္ထၿပီး အခန္းအတြင္း လမ္းေလ်ွာက္လိုက္ လုပ္ေနပံုရ၏။
တျဖည္းျဖည္းႏွင့္ ေျခသံမ်ားသည္ အေရ႔ွခန္းဆီသို႔ ၪီးတည္လာလ်က္ တစတစရွင္းလင္းလာေသာ ေျခသံမ်ားမွာ တံခါးေရ႔ွတြင္ ရပ္တပ္သြားေတာ့သည္။
တံခါးကို အၾကၫ့္မလႊဲတမ္း စိုက္ၾကၫ့္မိၾကၿပီး ေၾကာက္လြန္း၍ ေခါင္းမ်ားေပါက္ထြက္ေတာ့ေလမလားေတာင္ ထင္ေနၾကသည္။ အိုမင္းေဟာင္းႏြမ္းယိုယြင္းေနၿပီျဖစ္ေသာတံခါးသည္ ခပ္သာသာတြန္းလိုက္သည္ႏွင့္ လဲက်သြားႏိုင္ရာ အခ်ည္းႏွီးသာျဖစ္ေလ၏။
သူေတာင္းစားမ်ားမ်က္ႏွာက ေသြးဆုတ္ျဖဴေလ်ာ္သြားၿပီး တံခါးေနာက္မွ ေခ်ာင္းဆိုးသံက ထြက္ေပၚလာသည္။ လြန္စြာမွနာမက်န္းျဖစ္ေနေသာသူတစ္ၪီး၏ ေခ်ာင္းဆိုးသံကဲ့သို႔ေသာအသံေနာက္မွာ အသက္ရႉက်ပ္၍ တရႊီးရႊီးထြက္ေနေသာအသံကိုလည္း ၾကားေနရသည္။ ၿပီးေနာက္ ေျခသံမ်ားက တံခါးကိုေက်ာ္ကာ ခန္းမေဆာင္ရိွရာသို႔ ေရာက္ရိွသြားသည္။
ဟူး...
အကုန္လံုး စိတ္သက္သာရာရလ်က္ သက္ျပင္းခ်မိသည္။
သို႔ေသာ္ ခန္းမေဆာင္၏တံခါးကို ျပန္ပိတ္လိုက္သံအား ၾကားလိုက္ရၿပီး ေျခသံမ်ားက အေရ႔ွခန္းတံခါးဆီသို႔ ၪီးတည္လာျပန္သည္။
သူေတာင္းစားမ်ား ခၽြေးဒီးဒီးႏွင့္ ေၾကာက္လန႔္တၾကားျဖစ္ေနခ်ိန္ဝယ္ အသက္ရႉေအာင့္လ်က္ ေစာင့္ေမ်ွာ္ေနၾကေသာ ဝမ္ရြာအျပင္ရိွ ရထားလံုးအတြင္းမွသူမ်ားကေတာ့ ျမဴေတာထဲမွထြက္လာေသာ အရိပ္တစ္ခုကိုျမင္ေသာအခါ သက္ျပင္းခ်မိလိုက္ၾကသည္။ ဘုန္းေတာ္ႀကီး၏အျဖဴေရာင္ဝတ္ရံုသည္ ဝန္းရံေနေသာျမဴခိုးမ်ားအၾကား ျဖတ္၍လာေသာအခါ ေလညင္းအတိုး၌ လႈပ္ခတ္လို႔ေနသည္။
"တာ့ရွီး! တာ့ရွီးျပန္လာၿပီ!"
ရွင္းဇီေအာ္ဟစ္လိုက္သည္။
လုညန႔္ခ်ီလက္ေမာင္းကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားေသာ ခ်န္းရႉႏွင့္ခ်န္းေဆာင္လက္မ်ား ေနာက္ဆံုးေတာ့လြတ္သြားၿပီး တံခါးရိွရာသို႔ တိုးလာၾကသည္။
"ေရွာင္ယဲ့နဲ႔ေရွာင္ဖုရမ္ေကာ? သူတို႔ေကာျပန္ေရာက္လာၿပီလား?"
ရႊမ္းမင္ရိွရာသို႔ ျပဴးၿပဲရွာၾကၫ့္ၾကေပမယ့္ တစ္ပါးသူလိုက္ပါလာျခင္း မရိွတာကို ေတြ့ေသာအခါ ေမ်ွာ္လင့္ခ်က္မ်ားက က်ိဳးေၾကလို႔သြားသည္။
ရႊမ္းမင္တစ္ၪီးတည္းကို ေတြ့ေသာအခါ ရႊဲရွန္မ်က္ေမွာင္ႄကံု႔လို႔သြားသည္။
ရႊမ္းမင္သည္ ျမဴခိုးမ်ားကို အျမန္ရွင္းကာ ရထားလံုးဆီသို႔ ေလ်ွာက္လာ၏။
"တာ့ရွီး... ေရွာင္ယဲ့နဲ႔ေရွာင္ဖုရမ္ကိုမေတြ့ခဲ့ဘူးလား?"
ခ်န္းေဆာင္မွာ စိုးရိမ္တႀကီးႏွင့္ ေမးသည္။
"ဘယ္မွာရိွေနလဲဆိုတာေတာ့သိၿပီ..အနားကပ္လို႔မရဘူး"
"အနားကပ္လို႔မရဘူး?"
"အင္း..ဒါေပမဲ့––"
သူစကားေတာင္မဆံုးလိုက္။ ခ်န္းေဆာင္ႏွင့္ခ်န္းရႉသည္ ရထားလံုးအတြင္း လဲၿပိဳသြားၾကၿပီး မ်က္လံုးမ်ားနီရဲလ်က္ ငိုပဲြဆင္ေတာ့သည္။
ရႊမ္းမင္ကို ေခါင္းအစေျခအဆံုး တိတ္တဆိတ္ၾကၫ့္ေနေသာ ရႊဲရွန္သည္ ရုတ္တရက္ဆိုသလို
"ဘယ္တုန္းကေခါင္းရိတ္ၿပီးဘုန္းႀကီးျဖစ္လာတာလဲ"
ထိုေမးခြန္းေၾကာင့္ ေတြေဝသြားလ်က္ ရႊဲရွန္ကို ရႊမ္းမင္လွၫ့္ၾကၫ့္သည္။
"ငယ္ငယ္ကတည္းက..ဘာျဖစ္လို႔လဲ?"
"ေသခ်ာလို႔လား?"
ရႊဲရွန္ေလသံ၌ ခံစားခ်က္တစ္စံုတစ္ေလမွ မပါဝင္လာ။
"အတိတ္ေမ့ေနတာမဟုတ္ဘူးလား?"
【ရႊဲရွန္ကရုတ္တရက္ႀကီးဘာလို႔ဒီလိုအေၾကာင္းအရာကိုေမးတာလဲ?】
ေျပာရလ်ွင္၊ဒီအတိုင္း၊ျမဳခိုးထဲမွ ထြက္လာေသာ ရႊမ္းမင္ပံုရိပ္သည္ ေရႊခ်ည္မ်ွင္မ်ား ေနာက္ကြယ္မွသူႏွင့္ တူလြန္းလွ၏။ ႏွစ္ၪီးစလံုး ဆြတ္ဆြတ္ျဖဴေသာ အျဖဴေရာင္ဝတ္ရံုကို ဝတ္ဆင္ထားၿပီး အရပ္ရွည္၍ပိန္သြယ္သည္။ ႏွစ္ၪီးစလံုး အံမခန္းအစြမ္းထက္ၾကသာည္။
မတူတာတစ္ခုမွာ ကမ္းေျခရိွ ေရႊခ်ည္မ်ွင္မ်ားေနာက္ကြယ္မွသူ ေခါင္းထက္၌ ဆံပင္အျပၫ့္။
••••
(TN/ cc updateကတစ္ရက္ျခားရိွပါမယ္၊ ေဘးဘယာကင္းေဝးၾကပါေစရွင္)