ကမ်းကုန်အောင်အလိုလိုက်ခံထားရသ...

By Deity_YuZhang

504K 65.2K 1.7K

Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Y... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
15
16
17
18
19.1
19.2
20
21
22
23
24.1
24.2
25
26.1
26.2
27
28
29
Notice
30
31
32
33
34.1
34.2
35
36.1
36.2
37.1
37.2
38.1
38.2
38.3
39.1
39.2
39.3
40.1 + 40.2
41
42
43
44
45
46
47
48

14

10K 1.4K 59
By Deity_YuZhang

U••

[ရှန်သခင်လေး၏ကြင်နာမှုနှင့်ချုပ်ခြယ်မှုများ]

ဟယ့်ချန်းနင်ကခေါင်းကိုငုံ့ရင်း ပြတင်းပေါက်ကုန်းပတ်ကိုမှီလိုက်မိသည်။ သူနေမထိထိုင်မသာဖြစ်လှပါသည်။ သူကယောက်ျားနှစ်ယောက်လက်ထပ်သည်ကိုမကန့်ကွက်သော်လည်း ၎င်းကသူကိုယ်တိုင်မပါဝင်နေသည့်အနေအထားမျိူး၌ဆိုလိုခြင်းဖြစ်သည်။ အခုကေတာ့သူက ပြန်မလှည့်နိုင်တော့သည့်အနေအထားသို့ရောက်လာခဲ့ချေပြီ။ သူမည်သို့လုပ်ရမည်နည်း? သူအမှန်တကယ်ပဲ ရှန်ယွီရှန်းနှင့် လင်မယားအရာမြောက်ရတော့မည်လား?

သို့သော်လည်း သူတို့နှစ်ယောက်လုံးကယောက်ျားလေးများဖြစ်သည်မို့ မည်သို့အတူနေထိုင်ကြမည်နည်း? ၎င်းကတစ်နှစ်တည်းသာဖြစ်သော်လည်း ရှန်ယွီရှန်း၏တောင်းဆိုမှုကသူ့အတွက်များလွန်းပါသည်။ တခြားယောက်ျားတစ်ယောက်နှင့် နှီးနှောရမည်ဟူသောအတွေးက ချန်းနင်အားအဆုံးမရှိစိတ်ပျက်စေ၏။

လူငယ်လေး၏စိတ်ပျက်မှုနှင့်ရုန်းကန်လိုမှုများကိုခံစားရသော်လည်း ရှန်ယွီရှန်းအလျော့ပေးဖို့စိတ်မကူးမိပေ။ တကယ်တမ်း လူနှစ်ယောက်အတူရှိလာသည့်အခါတွင်မူ တစ်ချို့သောအရာများကရှောင်ရှားဖို့ခက်ခဲလှ၏။ ထို့ကြောင့်လည်း သူက သူတို့နှစ်ယောက်လက်ထပ်ပြီးသည့်အခါမှ ဆက်ဆံရေးကိုထိခိုက်စေမည့်ကိစ္စများဖြစ်လာစေမည့်အစား ချန်းနင်ကိုအချိန်ကိုဖြည်းဖြည်းချင်းအသုံးပြု၍ စိတ်ပိုင်းဆိုင်ရာပြင်ဆင်သွားစေဖို့ရွေးချယ်လိုက်ရခြင်းပင်။

ရှန်ယွီရှန်းက ပြင်းထန်သောစိတ်ရှိ၍ ချုပ်ခြယ်တတ်သည်။ သူကချန်းနင်သူ့ကိုငြင်းဆန်ဖို့မည်သည့်အကြောင်းပြချက်ကိုမှ ခွင့်ပြုမည်မဟုတ်ချေ။ သူတို့ဆက်ဆံရေးကိုကြာရှည်တည်မြဲစေနိုင်မည့် တစ်ခုတည်းသောနည်းလမ်းက သူ့စိတ်သူပြင်ဆင်၍လက်ခံစေလိုက်ခြင်းပင်ဖြစ်သည်။ သူကချန်းနင်နှင့်တစ်နှစ်တည်းသာလက်ထပ်ဖို့အစီအစဉ်မရှိပေ။ ကတိပေးလိုက်သည့် တစ်ခုတည်းသောအကြောင်းအရင်းက သူနှင့်အတူအချိန်ကုန်ဆုံးသည့်အခါ၌ ချန်းနင်ရှက်ရွံ့သလိုမခံစားရစေရန်သာဖြစ်သည်။

"ချန်းနင်... မင်းအဲ့တာကိုချက်ချင်းလက်မခံနိုင်ဘူးဆိုတာ ကိုယ်သိပါတယ်.... ဒါပေမဲ့ မင်းကိုလက်ထပ်ဖို့ကိုယ်လက်ခံခဲ့တဲ့အကြောင်းအရင်းက ကိုယ့်အဖွားရဲ့စီစဉ်မှုကိုနာခံဖို့တစ်ခုတည်းမဟုတ်ဘူးဆိုတာတော့သိစေချင်တယ်... အဲ့တာမင်းမို့လို့သာကိုယ်လက်ခံခဲ့တာ"

ချန်းနင်ကယွီရှန်းအားအံ့သြစွာဖြင့်ကြည့်လာသည်။
ထိုစကားကဘာကိုဆိုလိုသည်လဲ? သူကသူ့(ချန်းနင်)ကိုသဘောကျနေခဲ့သည်လား?

သို့သော်လည်း၎င်းကလုံးလုံးလျားမဖြစ်နိုင်ပါချေ။

ယွီရှန်းကထိုင်ခုံမှထ၍ ချန်းနင်ဆီသို့လျှောက်သွားကာ ချန်းနင်၏လက်ကိုပုံမှန်အတိုင်းဆုပ်ကိုင်လျက် သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်လေသည်။ ချန်းနင်ကရုန်းထွက်ဖို့လုပ်သော်လည်း ယွီရှန်းကသူ့လက်မောင်းများဖြင့်တင်းတင်းကြပ်ကြပ်ထွေးပွေ့ထားကာ ကောင်ငယ်လေးကိုသူ၏သြရှရှလေသံဖြင့်ချော့မြူလေ၏။

"ချန်းနင်...ကိုယ်ကမင်းကိုလက်ထပ်ဖို့လက်ခံလိုက်ပြီဆိုမှတော့ ကိုယ်မင်းကိုရိုးရိုးသားသားဆက်ဆံမှ ပုံမှန်ဖြစ်မှာပေါ့... ကိုယ်တို့နှစ်ယောက်ရဲ့လမ်းမှာဘာတွေပဲဖြစ်လာဖြစ်လာ ကိုယ်ကမင်းကိုကိုယ့်ဆန္ဒနဲ့ကိုယ်လက်ထပ်တယ်ဆိုတာကိုယုံပေးထား"

ချန်းနင်ကပွေ့ဖက်မှုကြားမှ သူ၏မျက်လုံးတောက်တောက်လေးများဖြင်ကြည့်လာသည်။ ဤလူသားကသူ့ကိုယုံကြည်မို့ အာမခံချက်ပေးနေသည်တဲ့? အာဏာနှင့်ငွေကြေးအလဲအလှယ်ပေါ်မူတည်၍တည်ဆောက်ထားသော အိမ်ထောင်ရေးက ဘယ်လောက်များကြာကြာခံနိုင်ဦးမည်နည်း? သူ(ယွီရှန်း)အဲ့လိုပြောတိုင်း သူကယုံကြည်မည်ဟု အဘယ်ကြောင့်များထင်နေပါသနည်း?

ယွီရှန်းက ချန်းနင်၏အကြည့်ထဲမှသံသယများအားတွေ့လိုက်ရသည်။

"ကိုယ်မင်းကိုအခုချိန်မှာတော့ ဘာကတိမှမပေးချင်ဘူး...ကိုယ်တို့ရဲ့အနာဂါတ်မှာအရေးကြီးတာကကိုယ်တို့ကိုယ်တိုင်ပဲလေ...ဒီတိုင်းစောင့်သာကြည့်ပါ"

ချန်းနင်ကသူ့အကြည့်များအားအောက်သို့ပို့လိုက်သည်။

"ကျွန်တော်ကခင်ဗျားရဲ့ကြိုးစားအားထုတ်မှုနဲ့မထိုက်တန်ပါဘူး"

ယွီရှန်း၏မျက်လုံးများကနက်မှောင်သွား၏။

"တခြားကိစ္စတွေအကုန်ဖယ်ထားလိုက်... ကိုယ်ကကိုယ်ပဲ... ရှန်ယွီရှန်းက ဟယ့်ချန်းနင်ကိုလက်ထပ်ချင်တာ... သာမာန်လူတစ်ယောက်ကပေါ့"

သူကရပ်လိုက်ပြီးသည့်နောက်ရုတ်တရပ်ပြုံးလာသည်။

"မင်းလေးရဲ့အတွေးတွေကအရမ်းကိုအထင်ကြီးလောက်ပါပေတယ်"

"မအံ့သြပါနဲ့ လူအိုကြီးရာ... ဘယ်သူ့ကိုပဲဖြစ်ဖြစ် သွားမေးကြည့်လိုက်... အရောင်းစားခံရပြီးလက်ထပ်ဖို့ဖိအားပေးခံရတဲ့ဘယ်သူကများ အေးအေးဆေးဆေးနေနိုင်မှာတဲ့လဲ?"

ချန်းနင်က သူ့နှလုံးသားထဲမှမသက်မသာခံစားချက်များ ပြန်လည်မြင့်တက်လာသည်မို့ ပြန်ပက်လိုက်သည်။

ချန်းနင်၏ကလေးဆန်သောစကားများကိုကြားသည်နှင့် ယွီရှန်း၏အပြုံးကပို၍ကြီးလာကာ ကောင်ငယ်လေး၏ဖင်တုံးလေးကိုခပ်ဖွဖွရိုက်လျက်ဆိုလာသည်။

"ကိုယ်ကအဲ့လောက်တောင်အသက်ကြီးနေလို့လား? ကိုယ်ကမင်းရဲ့လူလေ... မင်းကိုယ့်ကိုအဲ့လိုပြောတာမျိုးကိုယ်တားမြစ်တယ်နော်"

သူကပြောပြီးသည်နှင့် ကျောက်တုံးကဲ့သို့မျက်နှာထားဖြစ်နေသောချန်းနင်ဘက်သို့လှည့်လာတော့သည်။

ဘဝ၌တစ်ခါမှတင်ပါးကိုအရိုက်မခံရဖူးသည့်ချန်းနင်ကတော့ယွီရှန်းကိုအဝေးသို့တွန်းထုတ်တော့သည်။

"ခင်ဗျားရူးနေလား? ကျွန်တော့်ကိုဘာလို့ရိုက်တာလဲ? ပြီးတော့ကျွန်တော်ခင်ဗျားကိုသတိပေးထားလိုက်မယ်နော်... 'ကိုယ်ကမင်းရဲ့လူ'တို့ဘာတို့စကားမျိုးတွေလာမပြောနဲ့... မဟုတ်ရင်ကျွန်တော်ဘာလုပ်နိုင်လဲဆိုတာခင်ဗျားကိုပြလိုက်မယ်"

ယွီရှန်းကချက်ချင်းပင် သူ၏လက်မောင်းများဖြင့် ဒေါပွနေသည့်ချန်းနင်လေးကိုတင်းတင်းကြပ်ကြပ်ရစ်ပတ်လိုက်လေသည်။

"အင်းပါကွာ... စိတ်လျှော့နော်..ကိုယ်ရပ်ပါ့မယ်"
သူကနှစ်သိမ့်လာ၏။

"ချန်းနင်.. မင်းကိုယ်တို့ရဲ့အိမ်ထောင်ရေးကိုရင်ဆိုင်နိုင်မယ်လို့မျှော်လင့်တယ်... အစပိုင်းကတော့ မချောမမွေ့ဖြစ်ချင်ဖြစ်နေလိမ့်မယ်... ဒါပေမဲ့ အဲ့တာကကိုယ်တို့နှစ်ယောက်ကတစ်ယောက်ဘဝထဲတစ်ယောက်မရှိခဲ့ဖူးလို့လေ... အဲ့တာကြောင့်အလျင်စလိုမငြင်းပစ်လိုက်ပါနဲ့"

ချန်းနင်ကတိတ်ဆိတ်နေခဲ့သည်။ ယွီရှန်းပြောတာက အဓိပ္ပါယ်ရှိပါ၏။ သူတို့လက်ထပ်ရတော့မည့်အချက်ကပြောင်းလဲမသွားမည့်အလျောက် အနည်းဆုံးတော့သူလက်ခံ၍ သက်သက်သာသာနေထိုင်လိုက်သင့်သည်။

သူအဲ့တာကိုတွေးမိတော့ ချန်းနင်က ယွီရှန်းကိုအတတ်နိုင်ဆုံးလက်ခံရမည်ဟု ခံစားရသည်။ ထိုအချိန်၌တွင်မူ သူကတစ်ဖက်လူ၏ရင်ခွင်ထဲ၌ပင်ရှိသေးကြောင်း သတိရသွားတော့သည်။ ချန်းနင်၏ပါးပြင်များကနီရဲသွားသည့်အလျောက် သူ့ကိုတွန်းထုတ်ဖို့ကြိုးစားတော့၏။

"ဖယ်စမ်းပါဗျာ"

လူငယ်လေး၏ရှက်ရွံ့နေသောပုံစံလေးက ယွီရှန်းကိုပို၍ပင်အနိုင်ကျင့်ချင်စိတ်ပေါက်လာစေသည်။ သို့သော်လည်း သူ၏ဆင်ခြင်တုံတရားကထိန်းချုပ်မှုအောက်တွင်သာရှိသေး၏။ အချိန်မကျသေးခင် ချန်းနင်အပေါ်သူအတင်းတွန်းအားပေးသဖြင့် လက်မထပ်ရသေးခင်၌ပင် လက်လွှတ်လိုက်ရပါက ကောင်းလာမည်မဟုတ်ပေ။ ထို့ကြောင့် ယွီရှန်းကတင်းကြပ်ထားသည်ကိုဖြေလျှော့ပေးလိုက်သော်လည်း ချန်းနင်၏ခါးပေါ်မှသူ့လက်များကိုတော့ဒီတိုင်းသာထားထားသေးသည်။

"ချန်းနင် ကိုယ်တို့ကမကြာခင်လက်ထပ်ရတော့မှာလေ...တစ်ချို့ကိစ္စတွေကိုမင်းနေသားကျသင့်တယ်"

ချန်းနင်ကတစ်ဖက်သို့အကြည့်လွှဲသွားရင်း ယွီရှန်း၏လက်မောင်းများကိုသာအဝေးသို့တွန်းထုတ်လျက်။

"ကျွန်တော်နေသားမကျဘူး"

ယွီရှန်းကသူ့ကိုဖိအားပေးမနေတော့ချေ။

"ကောင်းပါပြီကွာ... မင်းအချိန်ယူပါ"

သူကချန်းနင်၏လက်ကိုကိုင်ကာ သူ့ထိုင်ခုံတွင်အတူထိုင်ဖို့ဆွဲသွားလေသည်။ ကုန်းပတ်မှထိုင်ခုံကကျယ်သော်လည်း အရပ် 180 cmကျော်သည့်လူနှစ်ယောက် အတူထိုင်သည့်အခါတွင်တော့ ခန္ဓာကိုယ်နှစ်ခုအားကြပ်ကြပ်သိပ်သိပ်နှင့်ထိတွေ့မိစေရန်အထိ သေးနေသည်ပင်။

ချန်းနင်က ယွီရှန်း၏တောင့်တင်းသောခန္ဓာကိုယ်ပေါ်မှအပူချိန်အား အဝတ်အစားများခြားနေသည့်တိုင် ခံစားမိနေဆဲပင်။ ခံစားရအဆင်မပြေသည်မို့ ချန်းနင်ထရပ်လိုက်၏။

"ကျွန်တော်မျက်နှာချင်းဆိုင်မှာပဲထိုင်လိုက်မယ်"

ယွီရှန်းကသူ့ကိုထိုင်ခုံမှာပြန်ထိုင်စေရင်း ဆိုသည်။
"ဒီမှာသာထိုင်စမ်းပါ"

ချန်းနင်ကသူ့တိတ်တဆိတ်အပြစ်တင်မိနေမိသည်။ ဘယ်လိုတောင်ချုပ်ခြယ်လိုက်သည့်လူနည်း။ သူ၏ကြွေနှင့်တူသောမျက်နှာလေးမှရှက်သွေးဖြာမှုများပျောက်ကွယ်ပြီးသည့်နောက် ပုံမှန်အတိုင်းတည်ငြိမ်သောမျက်နှာထားဖြင့်အစားထိုးခံလိုက်ရသည်။ သူကစကားလုံးများကိုသေချာရွေးချယ်လျက် ရှင်းလင်းသောလေသံဖြင့်ဆိုလာ၏။

"ခင်ဗျားကအရမ်းချုပ်ခြယ်လွန်းတယ်"

ယွီရှန်း၏မျက်ခုံးများကပင့်တက်သွားကာ...
"အင်း...ဒါပေမဲ့ကိုယ်ကအကျိူးအကြောင်းလည်းညီညွတ်တယ်လေ"

"သြော် အဲ့တာဆိုခင်ဗျားရဲ့ကျိူးကြောင်းညီညွတ်တယ်ဆိုတာကြီးက ဘယ်လိုမျိုးများလဲ?"

ယွီရှန်းကမဲ့ပြုံးပြုံး၏။ သူ့ရဲ့လူငယ်လေးက သေချာပေါက်ကိုပြတ်သားပါပေသည်။

"ဥပမာအားဖြင့် အခုဆိုရင်..."

ပြောရင်းဖြင့်သူက ချန်းနင်၏ခါးပေါ်ကို သူ့လက်မောင်းများဖြင့်ရစ်ပတ်လိုက်လေသည်။

"ကိုယ်တို့ရဲ့ဆက်ဆံရေးကိုပျိုးထောင်ဖို့လိုတယ်လေ..အဲ့တာကြောင့်မင်းကိုကိုယ့်အနားပိုတိုးလာစေချင်တယ်"

ချန်းနင်ကသိသိသာသာပင်မျက်ဆံလှန်ပြလိုက်သည်။

"ကျစ် ဘယ်လောက်တောင်အသုံးမကျလိုက်တဲ့အကြောင်းပြချက်ကြီးလဲ"

ယွီရှန်းကခဏရပ်သွားသည်။ ထို့နောက်အရံှုးပေးလိုက်ကာ ချန်းနင်၏နှာခေါင်းထိပ်လေးကိုသူ့လက်ချောင်းဖြင့်ပွတ်တိုက်လျက် ကျီစယ်နေ၏။

"မင်းလေးကတော့လေ..."

ထိုသို့ရင်းနှီးလှသည့်အပြုအမူမျိုးက ချန်းနင်ကိုထပ်မံ၍ရှက်သွားစေပြန်သည်မို့ ချောင်းတစ်ချက်ဟန့်လိုက်မိသည်။

"ဖယ်စမ်းပါဗျာ.. ခင်ဗျားရဲ့အီစီကလီအပြုအမူတွေကိုဒီမှာတင်ရပ်လိုက်တော့"

ချန်းနင်ရှက်နေသည်ကိုမြင်လေလေ ယွီရှန်းကပို၍မလုံလောက်သေးသလိုခံစားရလေလေပင်။

"ချန်းနင်...ကိုယ်ကချုပ်ခြယ်ကောင်းချုပ်ခြယ်လိမ့်မယ် ဒါပေမဲ့ ကိုယ်ကကျိုးကြောင်းမညီညွတ်တာမျိုးမလုပ်ပါဘူး... ကိုယ်တို့အတူနေကြရတော့မှာဆိုကတည်းက ကိုယ်တို့ရဲ့ဆက်ဆံရေးပိုတိုးတက်လာဖို့မျှော်လင့်တယ်... ကိုယ်တို့ရဲ့နေ့ရက်တွေကို တစ်ယောက်နဲ့တစ်ယောက်သူစိမ်းတွေလိုဖြတ်သန်းပြီးကုန်ဆုံးရမှာမျိုး ကိုယ်မလိုချင်ဘူး"

ခဏရပ်ပြီးနောက်ဆက်ဆိုလာသည်။

"ကိုယ်တို့ရဲ့ဆက်ဆံရေးကိုချက်ချင်းကြီးမင်းလက်ခံနိုင်ဖို့ကခက်ခဲတယ်ဆိုတာကိုယ်သိပါတယ်...ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ လုံးမှာ မင်းကိုယ်မင်းတခြားယောက်ျားတစ်ယောက်နဲ့လက်ထပ်ရလိမ့်မယ်လို့ထင်ခဲ့ဖူးမှာမဟုတ်ဘူးလေ...ဒါပေမဲ့မင်းကကိုယ့်ကိုငြင်းဆန်နေတာမှမဟုတ်တာ...အဲ့တော့ဒါတွေအကုန်လုံးကိုလက်ခံသွားဖို့ကလည်းသိပ်မခက်ခဲဘူးလို့ကိုယ်ထင်တယ် ဟုတ္တယ္မလား?  မင်းမှာတခြားရွေးချယ်စရာမရှိတော့လို့လက်ခံလိုက်ရတယ်ဆိုတဲ့အကြောင်းပြချက်ကိုမသုံးပါနဲ့... ကိုယ်သိတဲ့ချန်းနင်က တွန်းအားပေးခံမဲ့သူမျိုးမဟုတ်ဘူး"

"ဟမ့် ခင်ဗျားကကျွန်တော့်အကြောင်းအရမ်းသိနေသလိုမပြောစမ်းပါနဲ့"

ချန်းနင်ကပျာယာခတ်သွားကာ သူ့အတွေးများဖော်ထုတ်ခံရသည့်အချက်ကိုဖုံးကွယ်ဖို့အပြင်းအထန်ကြိုးစားတော့သည်။ သူကလုံးဝဆန္ဒမရှိတာမျိုးမဟုတ်ဘူးဆိုတာကတော့ အမှန်ပါပင်။ ဘယ်လိုကိစ္စပင်ရှိရှိ သူ့ကိုတခြားသူကတွန်းအားပေးနိုင်မည်မဟုတ်ပေ။ အကယ်၍အခြေအနေဆိုးလာပါက အန်တီချင်ကိုသူနှင့်အတူခေါ်၍ရိုးရိုးရှင်းရှင်းထွက်ပြေးသွားလို့ရသည်လေ။ သို့သော်လည်းအဆုံး၌မူသူလက်ခံခဲ့ပါ၏။ အဘယ်ကြောင့်ဤသဘောတူညီချက်ကိုလက်ခံရသနည်းဆိုလျှင်တော့ ၎င်းကသူ့နှလုံးသားထဲမှအနည်းငယ်သောသံယောဇဉ်ကြောင့်လည်းဖြစ်နိုင်သလို သို့တည်းမဟုတ် သူ့အမေအစားယင်မိသားစုကိုပြန်လည်ပေးဆပ်လိုက်ခြင်းလည်း ဖြစ်နိုင်ပါ၏။ အတိုဆုံးပြောရရင်တော့ သူလက်ခံခဲ့သည်ပင်။ အရာအားလုံးကသူထင်ခဲ့သလို ဖြစ်မသွားရုံသာရှိသည်။ ရှန်ယွီရှန်းကလည်း ကောလဟာလများကဲ့သို့မဟုတ်ခဲ့။ ထိုအကြောင်းနှင့်ပက်သက်၍ သူကျေးဇူးပဲတင်ရမည်လား သို့တည်းမဟုတ် ဘုရားသခင်ကပေးသည့်ဟာသတစ်ခုဟုပင်မှတ်ရမလားမသိတော့ချေ။

ယွီရှန်းကချန်းနင်ကိုတင်းကြပ်စွာဖက်လိုက်ရင်းဖြင့်...
"ကိုယ်တို့အနာဂါတ်မှာတစ်ယောက်နဲ့တစ်ယောက်သိရဖို့ အချိန်တွေအများကြီးကျန်ပါသေးတယ်"

ချန်းနင်ကစိတ်ရှုပ်ထွေးစွာဖြင့် လူအိုကြီးကိုကြည့်လိုက်မိသည်။

"ခင်ဗျားကကောလဟာလတွေနဲ့တူလဲမတူဘူး"

"ကိုယ်ဘယ်လောက်ထိမတူလဲဆိုတာမင်းမြင်မှာပါ"

သူ၏နှုတ်ခမ်းထောင့်စွန်းကတွန့်ကွေးသွားပြီးသည့်နောက် ချန်းနင်၏နဖူးပြင်ပေါ်သို့ ခပ်ဖွဖွလေးဖိကပ်နမ်းလိုက်လေသည်။

ချန်းနင်၏ခန္ဓာကိုယ်ကအေးခဲသွားကာ မျက်နှာတစ်ခုလုံးနီရဲလျက် ထွက်ကျလာသောစကားများကပင် အထစ်ထစ်ဖြစ်ကုန်၏။

"ခင်..ခင်ဗျား..ဘယ္သူကအဲ့တာကို... အဲ့လိုလုပ်ခွင့်ပြုလို့လဲ?"

ယွီရှန်းကရယ်လျက်ပြန်လည်ဖြေကြားလာသည်။ သူမရယ်သည်မှာကြာခဲ့ပြီဖြစ်ကာ ဤလူငယ်လေးကသေချာပေါက်ကိုသူ၏ကံကောင်းစေသောကြယ်ပွင့်လေးဖြစ်ပေလိမ့်မည်။ ထိုအတွေးကြောင့် ချန်းနင်ကိုသူပိုတင်းတင်းလေးဖက်လိုက်မိ၏။

"ချန်းနင်..မရှက်ပါနဲ့ကွာ...နောက်ဆိုမင်းနေသားကျမှဖြစ်မှာပေါ့"

ချန်းနင်ကဒေါသတကြီးဖြင့် ယွီရှန်းကိုသူ့လက်ဖြင့်ရိုက်ဖို့ပြေးသွားသော်လည်း တိုက်ကွမ်ဒိုအနည်းငယ်သာသင်ဖူးသည့် ချန်းနင်အတွက် ငရဲတမျှလေ့ကျင့်မှုကိုနှစ်ပေါင်းများစွာလေ့ကျင့်ခဲ့ရသောတစ်ဖက်လူကိုယှဉ်ဖို့က မလွယ်ကူလှပါချေ။

"အရှက်မရှိတဲ့လူ..ကျွန်တော့်ကိုအခွင့်အရေးယူပြီးခင်ဗျားကအရှက်မရှိကြွားချင်သေးတယ်... လွှတ် ကျွန်တော့်ကိုလွှတ်စမ်းပါ"

ယွီရှန်းကသူ့လက်မောင်းများအားပိုတင်းကြပ်စေကာ ချန်းနင်မည်မျှရုန်းကန်စေကာမူ လွှတ်မပေးချေ။ လူငယ်လေးက အင်အားမရှိတော့ပဲ မောဟိုက်လာသည့်အခါမှသာသူကလွှတ်ပေးလိုက်ကာ ချန်းနင်ကိုသက်သက်သာဖြစ်စေဖို့ခွင့်ပြုလိုက်တော့သည်။ ဖက်ထားရင်းတန်းလန်းဖြင့် သူကေမးလာ၏။

"ပင်ပန်းသွားပြီလား? ခဏနားလိုက်ဦး"

"ဟမ်း ခင်ဗျားကသူများတွေကိုဘယ်လိုအနိုင်ကျင့်ရမလဲဆိုတာပဲသိတယ်"

ချန်းနင်ကစကားလုံးများဖြင့်သာပြန်ပက်နိုင်တော့သည်။

ယွီရှန်းကတော့ချန်းနင်၏ဒေါသလေးကို စိတ်မရှိလှ။ သူဒါကိုသည်းခံနိုင်ပါသည်။ ဂုဏ်ယူတတ်ပြီး စိတ်ကောင်းရှိ၊ ချောမောတဲ့ သူလက်ထပ်ရမည့်ကောင်လေးက သူ့ကိုအော်တာလောက်ကတော့ သည်းခံနိုင်တာထက်ကိုပိုပါသေးသည်။ သူ့လက်များအားချန်းနင်၏ဆံပင်ပေါ်တွင်ကစားနေရင်းဖြင့် ခေါင်းလေးကိုရင်ခွင်ထဲဆွဲသွင်းထားလေသည်။

"ချန်းနင်...အဆင်ပြေပြေနေသွားကြရအောင်နော်"

ယွီရှန်း၏ကျယ်ပြန့်သောရင်ဘတ်ကို ငြိမ်သက်စွာမှီလျက်အနားယူနေသည့်ချန်းနင်က တဖြည်းဖြည်းစိတ်လျှော့သွားသည်။ ထိုပြင်းထန်သောရင်ခုန်သံများကိုနားထောင်ရင်းဖြင့် သူ၏စိတ်ပျက်မှုများလည်းပျောက်ကွယ်သွားကာ တိတ်တဆိတ်သာနားထောင်နေမိတော့သည်။

အချိန်အတန်ကြာပြီးသည့်အခါတွင်တော့ ယွီရှန်း၏ရင်ခွင်ထဲမှ ချန်းနင်ကမော့ကြည့်လာ၏။

"ခင်ဗျားမတွေးဖူးဘူးလား? ကျွန်တော့်ကိုလက်ထပ်တာဘာအဓိပ္ပါယ်ရလဲလို့? ကျွန်တော်ကယောက်ျားလေးလေ ခင်ဗျားကိုလူတွေကဆန့်ကျင်ဖို့ဒါကိုသုံးလာကြမှာကိုမကြောက်ဘူးလား?"

ယွီရှန်းကသူ၏အကြည့်များအား ချန်းနင်ဆီသို့ပို့လာတော့သည်။

"မင်းကရော? မင်းရောအဲ့အကြောင်းတွေးဖူးလား?

ချန်းနင်ကမျက်တောင်ပုတ်ခတ်လိုက်ရင်းပြန်ဖြေလာသည်။

"အင်းတွေးဖူးတယ်" သူကဆက်ပြော၏။

"ပထမကေတာ့ ခင်ဗျားကခင်ဗျားဆန္ဒနဲ့ခင်ဗျား ကျွန်တော့်ကိုလက်ထပ်တာမဟုတ်ဘူးလို့ထင်ခဲ့တာ... အဲ့တာကြောင့် ယင်မိသားစုဆီကျွန်တော်ပြန်လာပြီဆိုတာနဲ့ အရာအားလုံးကိုကောင်းကောင်းထားခဲ့လို့လဲရပြီ ဘယ်သူမှမသိတဲ့နေရာကိုသွားပြီးအစကပြန်စချင်ခဲ့တာ... အခြေတကျနေပြီးကလေးယူဖို့အကြောင်းတွေကတော့ဒီအချိန်မှာတွေးဦးမှာမဟုတ်ဘူး..ကိုယ့်ဘဝနဲ့ကိုယ်အဲ့လိုနေရတာကိုကကောင်းတဲ့အစီအစဉ်ဖြစ်နေပြီလေ"

အပေါ်ယံတွင်တော့ဘာကိုမှဂရုမစိုက်သလိုဟန်ဆောင်၍ တကယ်တမ်း၌အဆိုးဆုံးအခြေအနေထိကို ကြိုတင်ပြင်ဆင်ထားခဲ့သော ချန်းနင်ကိုကြည့်ရင်း သူ့နှလုံးသားနာကျင်သွားရသည်ကို ယွီရှန်းခံစားမိသည်။ အနည်းဆုံးတော့ သူကသူထမ်းဆောင်ရမည့်တာဝန်များမှ နောက်ဆုတ်သွားခြင်းမျိုးမရှိခဲ့ပေ။

ယွီရှန်းကသူ့လက်မောင်းများအား သတိလက်လွတ်ဖြင့်ပိုတင်းမိကာ ချန်းနင်ကိုသူနှင့်နီးကပ်အောင်မြဲမြံစွာဖက်ထားမိလေ၏။

"ချန်းနင်...ကိုယ်ကကိုယ်လုပ်သမျှအရာအားလုံးအတွက်တာဝန်ယူနိုင်တဲ့အရည်အချင်းရှိတာမို့ ကိုယ့်ကိုယုံပေးပါ"

°°

Z••

[ရွန္သခင္ေလး၏ၾကင္နာမႈနွင့္ခ်ဳပ္ျခယ္မႈမ်ား]

ဟယ့္ခ်န္းနင္ကေခါင္းကိုငံု႔ရင္း ျပတင္းေပါက္ကုန္းပတ္ကိုမွီလိုက္မိသည္။ သူေနမထိထိုင္မသာျဖစ္လွပါသည္။ သူကေယာက္်ားနွစ္ေယာက္လက္ထပ္သည္ကိုမကန္႔ကြက္ေသာ္လည္း ၎ကသူကိုယ္တိုင္မပါဝင္ေနသည့္အေနအထားမ်ိဴး၌ဆိုလိုျခင္းျဖစ္သည္။ အခုေကတာ့သူက ျပန္မလွည့္နိုင္ေတာ့သည့္အေနအထားသို႔ေရာက္လာခဲ့ေခ်ၿပီ။ သူမည္သို႔လုပ္ရမည္နည္း? သူအမွန္တကယ္ပဲ ရွန္ယြီရွန္းနွင့္ လင္မယားအရာေျမာက္ရေတာ့မည္လား?

သို႔ေသာ္လည္း သူတို႔နွစ္ေယာက္လံုးကေယာက္်ားေလးမ်ားျဖစ္သည္မို႔ မည္သို႔အတူေနထိုင္ၾကမည္နည္း? ၎ကတစ္နွစ္တည္းသာျဖစ္ေသာ္လည္း ရွန္ယြီရွန္း၏ေတာင္းဆိုမႈကသူ႔အတြက္မ်ားလြန္းပါသည္။ တျခားေယာက္်ားတစ္ေယာက္နွင့္ နွီးေနွာရမည္ဟူေသာအေတြးက ခ်န္းနင္အားအဆံုးမရွိစိတ္ပ်က္ေစ၏။

လူငယ္ေလး၏စိတ္ပ်က္မႈနွင့္ရုန္းကန္လိုမႈမ်ားကိုခံစားရေသာ္လည္း ရွန္ယြီရွန္းအေလ်ာ့ေပးဖို႔စိတ္မကူးမိေပ။ တကယ္တမ္း လူနွစ္ေယာက္အတူရွိလာသည့္အခါတြင္မူ တစ္ခ်ိဳ႕ေသာအရာမ်ားကေရွာင္ရွားဖို႔ခက္ခဲလွ၏။ ထို႔ေၾကာင့္လည္း သူက သူတို႔နွစ္ေယာက္လက္ထပ္ၿပီးသည့္အခါမွ ဆက္ဆံေရးကိုထိခိုက္ေစမည့္ကိစၥမ်ားျဖစ္လာေစမည့္အစား ခ်န္းနင္ကိုအခ်ိန္ကိုျဖည္းျဖည္းခ်င္းအသံုးျပဳ၍ စိတ္ပိုင္းဆိုင္ရာျပင္ဆင္သြားေစဖို႔ေ႐ြးခ်ယ္လိုက္ရျခင္းပင္။

ရွန္ယြီရွန္းက ျပင္းထန္ေသာစိတ္ရွိ၍ ခ်ဳပ္ျခယ္တတ္သည္။ သူကခ်န္းနင္သူ႔ကိုျငင္းဆန္ဖို႔မည္သည့္အေၾကာင္းျပခ်က္ကိုမွ ခြင့္ျပဳမည္မဟုတ္ေခ်။ သူတို႔ဆက္ဆံေရးကိုၾကာရွည္တည္ၿမဲေစနိုင္မည့္ တစ္ခုတည္းေသာနည္းလမ္းက သူ႔စိတ္သူျပင္ဆင္၍လက္ခံေစလိုက္ျခင္းပင္ျဖစ္သည္။ သူကခ်န္းနင္နွင့္တစ္နွစ္တည္းသာလက္ထပ္ဖို႔အစီအစဥ္မရွိေပ။ ကတိေပးလိုက္သည့္ တစ္ခုတည္းေသာအေၾကာင္းအရင္းက သူနွင့္အတူအခ်ိန္ကုန္ဆံုးသည့္အခါ၌ ခ်န္းနင္ရွက္႐ြံ႕သလိုမခံစားရေစရန္သာျဖစ္သည္။

"ခ်န္းနင္... မင္းအဲ့တာကိုခ်က္ခ်င္းလက္မခံနိုင္ဘူးဆိုတာ ကိုယ္သိပါတယ္.... ဒါေပမဲ့ မင္းကိုလက္ထပ္ဖို႔ကိုယ္လက္ခံခဲ့တဲ့အေၾကာင္းအရင္းက ကိုယ့္အဖြားရဲ႕စီစဥ္မႈကိုနာခံဖို႔တစ္ခုတည္းမဟုတ္ဘူးဆိုတာေတာ့သိေစခ်င္တယ္... အဲ့တာမင္းမို႔လို႔သာကိုယ္လက္ခံခဲ့တာ"

ခ်န္းနင္ကယြီရွန္းအားအံ့ၾသစြာျဖင့္ၾကည့္လာသည္။
ထိုစကားကဘာကိုဆိုလိုသည္လဲ? သူကသူ႔(ခ်န္းနင္)ကိုသေဘာက်ေနခဲ့သည္လား?

သို႔ေသာ္လည္း၎ကလံုးလံုးလ်ားမျဖစ္နိုင္ပါေခ်။

ယြီရွန္းကထိုင္ခံုမွထ၍ ခ်န္းနင္ဆီသို႔ေလ်ွာက္သြားကာ ခ်န္းနင္၏လက္ကိုပံုမွန္အတိုင္းဆုပ္ကိုင္လ်က္ သူ႔ရင္ခြင္ထဲသို႔ဆြဲသြင္းလိုက္ေလသည္။ ခ်န္းနင္ကရုန္းထြက္ဖို႔လုပ္ေသာ္လည္း ယြီရွန္းကသူ႔လက္ေမာင္းမ်ားျဖင့္တင္းတင္းၾကပ္ၾကပ္ေထြးေပြ႕ထားကာ ေကာင္ငယ္ေလးကိုသူ၏ၾသရွရွေလသံျဖင့္ေခ်ာ့ျမဴေလ၏။

"ခ်န္းနင္...ကိုယ္ကမင္းကိုလက္ထပ္ဖို႔လက္ခံလိုက္ၿပီဆိုမွေတာ့ ကိုယ္မင္းကိုရိုးရိုးသားသားဆက္ဆံမွ ပံုမွန္ျဖစ္မွာေပါ့... ကိုယ္တို႔နွစ္ေယာက္ရဲ႕လမ္းမွာဘာေတြပဲျဖစ္လာျဖစ္လာ ကိုယ္ကမင္းကိုကိုယ့္ဆႏၵနဲ႔ကိုယ္လက္ထပ္တယ္ဆိုတာကိုယံုေပးထား"

ခ်န္းနင္ကေပြ႕ဖက္မႈၾကားမွ သူ၏မ်က္လံုးေတာက္ေတာက္ေလးမ်ားျဖင္ၾကည့္လာသည္။ ဤလူသားကသူ႔ကိုယံုၾကည္မို႔ အာမခံခ်က္ေပးေနသည္တဲ့? အာဏာနွင့္ေငြေၾကးအလဲအလွယ္ေပၚမူတည္၍တည္ေဆာက္ထားေသာ အိမ္ေထာင္ေရးက ဘယ္ေလာက္မ်ားၾကာၾကာခံနိုင္ဦးမည္နည္း? သူ(ယြီရွန္း)အဲ့လိုေျပာတိုင္း သူကယံုၾကည္မည္ဟု အဘယ္ေၾကာင့္မ်ားထင္ေနပါသနည္း?

ယြီရွန္းက ခ်န္းနင္၏အၾကည့္ထဲမွသံသယမ်ားအားေတြ႕လိုက္ရသည္။

"ကိုယ္မင္းကိုအခုခ်ိန္မွာေတာ့ ဘာကတိမွမေပးခ်င္ဘူး...ကိုယ္တို႔ရဲ႕အနာဂါတ္မွာအေရးႀကီးတာကကိုယ္တို႔ကိုယ္တိုင္ပဲေလ...ဒီတိုင္းေစာင့္သာၾကည့္ပါ"

ခ်န္းနင္ကသူ႔အၾကည့္မ်ားအားေအာက္သို႔ပို႔လိုက္သည္။

"ကြၽန္ေတာ္ကခင္ဗ်ားရဲ႕ႀကိဳးစားအားထုတ္မႈနဲ႔မထိုက္တန္ပါဘူး"

ယြီရွန္း၏မ်က္လံုးမ်ားကနက္ေမွာင္သြား၏။

"တျခားကိစၥေတြအကုန္ဖယ္ထားလိုက္... ကိုယ္ကကိုယ္ပဲ... ရွန္ယြီရွန္းက ဟယ့္ခ်န္းနင္ကိုလက္ထပ္ခ်င္တာ... သာမာန္လူတစ္ေယာက္ကေပါ့"

သူကရပ္လိုက္ၿပီးသည့္ေနာက္ရုတ္တရပ္ၿပံဳးလာသည္။

"မင္းေလးရဲ႕အေတြးေတြကအရမ္းကိုအထင္ႀကီးေလာက္ပါေပတယ္"

"မအံ့ၾသပါနဲ႔ လူအိုႀကီးရာ... ဘယ္သူ႔ကိုပဲျဖစ္ျဖစ္ သြားေမးၾကည့္လိုက္... အေရာင္းစားခံရၿပီးလက္ထပ္ဖို႔ဖိအားေပးခံရတဲ့ဘယ္သူကမ်ား ေအးေအးေဆးေဆးေနနိုင္မွာတဲ့လဲ?"

ခ်န္းနင္က သူ႔နွလံုးသားထဲမွမသက္မသာခံစားခ်က္မ်ား ျပန္လည္ျမင့္တက္လာသည္မို႔ ျပန္ပက္လိုက္သည္။

ခ်န္းနင္၏ကေလးဆန္ေသာစကားမ်ားကိုၾကားသည္နွင့္ ယြီရွန္း၏အၿပံဳးကပို၍ႀကီးလာကာ ေကာင္ငယ္ေလး၏ဖင္တံုးေလးကိုခပ္ဖြဖြရိုက္လ်က္ဆိုလာသည္။

"ကိုယ္ကအဲ့ေလာက္ေတာင္အသက္ႀကီးေနလို႔လား? ကိုယ္ကမင္းရဲ႕လူေလ... မင္းကိုယ့္ကိုအဲ့လိုေျပာတာမ်ိဳးကိုယ္တားျမစ္တယ္ေနာ္"

သူကေျပာၿပီးသည္နွင့္ ေက်ာက္တံုးကဲ့သို႔မ်က္နွာထားျဖစ္ေနေသာခ်န္းနင္ဘက္သို႔လွည့္လာေတာ့သည္။

ဘဝ၌တစ္ခါမွတင္ပါးကိုအရိုက္မခံရဖူးသည့္ခ်န္းနင္ကေတာ့ယြီရွန္းကိုအေဝးသို႔တြန္းထုတ္ေတာ့သည္။

"ခင္ဗ်ားရူးေနလား? ကြၽန္ေတာ့္ကိုဘာလို႔ရိုက္တာလဲ? ၿပီးေတာ့ကြၽန္ေတာ္ခင္ဗ်ားကိုသတိေပးထားလိုက္မယ္ေနာ္... 'ကိုယ္ကမင္းရဲ႕လူ'တို႔ဘာတို႔စကားမ်ိဳးေတြလာမေျပာနဲ႔... မဟုတ္ရင္ကြၽန္ေတာ္ဘာလုပ္နိုင္လဲဆိုတာခင္ဗ်ားကိုျပလိုက္မယ္"

ယြီရွန္းကခ်က္ခ်င္းပင္ သူ၏လက္ေမာင္းမ်ားျဖင့္ ေဒါပြေနသည့္ခ်န္းနင္ေလးကိုတင္းတင္းၾကပ္ၾကပ္ရစ္ပတ္လိုက္ေလသည္။

"အင္းပါကြာ... စိတ္ေလ်ွာ႔ေနာ္..ကိုယ္ရပ္ပါ့မယ္"
သူကနွစ္သိမ့္လာ၏။

"ခ်န္းနင္.. မင္းကိုယ္တို႔ရဲ႕အိမ္ေထာင္ေရးကိုရင္ဆိုင္နိုင္မယ္လို႔ေမ်ွာ္လင့္တယ္... အစပိုင္းကေတာ့ မေခ်ာမေမြ႕ျဖစ္ခ်င္ျဖစ္ေနလိမ့္မယ္... ဒါေပမဲ့ အဲ့တာကကိုယ္တို႔နွစ္ေယာက္ကတစ္ေယာက္ဘဝထဲတစ္ေယာက္မရွိခဲ့ဖူးလို႔ေလ... အဲ့တာေၾကာင့္အလ်င္စလိုမျငင္းပစ္လိုက္ပါနဲ႔"

ခ်န္းနင္ကတိတ္ဆိတ္ေနခဲ့သည္။ ယြီရွန္းေျပာတာက အဓိပၸါယ္ရွိပါ၏။ သူတို႔လက္ထပ္ရေတာ့မည့္အခ်က္ကေျပာင္းလဲမသြားမည့္အေလ်ာက္ အနည္းဆံုးေတာ့သူလက္ခံ၍ သက္သက္သာသာေနထိုင္လိုက္သင့္သည္။

သူအဲ့တာကိုေတြးမိေတာ့ ခ်န္းနင္က ယြီရွန္းကိုအတတ္နိုင္ဆံုးလက္ခံရမည္ဟု ခံစားရသည္။ ထိုအခ်ိန္၌တြင္မူ သူကတစ္ဖက္လူ၏ရင္ခြင္ထဲ၌ပင္ရွိေသးေၾကာင္း သတိရသြားေတာ့သည္။ ခ်န္းနင္၏ပါးျပင္မ်ားကနီရဲသြားသည့္အေလ်ာက္ သူ႔ကိုတြန္းထုတ္ဖို႔ႀကိဳးစားေတာ့၏။

"ဖယ္စမ္းပါဗ်ာ"

လူငယ္ေလး၏ရွက္႐ြံ႕ေနေသာပံုစံေလးက ယြီရွန္းကိုပို၍ပင္အနိုင္က်င့္ခ်င္စိတ္ေပါက္လာေစသည္။ သို႔ေသာ္လည္း သူ၏ဆင္ျခင္တံုတရားကထိန္းခ်ဳပ္မႈေအာက္တြင္သာရွိေသး၏။ အခ်ိန္မက်ေသးခင္ ခ်န္းနင္အေပၚသူအတင္းတြန္းအားေပးသျဖင့္ လက္မထပ္ရေသးခင္၌ပင္ လက္လႊတ္လိုက္ရပါက ေကာင္းလာမည္မဟုတ္ေပ။ ထို႔ေၾကာင့္ ယြီရွန္းကတင္းၾကပ္ထားသည္ကိုေျဖေလ်ွာ႔ေပးလိုက္ေသာ္လည္း ခ်န္းနင္၏ခါးေပၚမွသူ႔လက္မ်ားကိုေတာ့ဒီတိုင္းသာထားထားေသးသည္။

"ခ်န္းနင္ ကိုယ္တို႔ကမၾကာခင္လက္ထပ္ရေတာ့မွာေလ...တစ္ခ်ိဳ႕ကိစၥေတြကိုမင္းေနသားက်သင့္တယ္"

ခ်န္းနင္ကတစ္ဖက္သို႔အၾကည့္လႊဲသြားရင္း ယြီရွန္း၏လက္ေမာင္းမ်ားကိုသာအေဝးသို႔တြန္းထုတ္လ်က္။

"ကြၽန္ေတာ္ေနသားမက်ဘူး"

ယြီရွန္းကသူ႔ကိုဖိအားေပးမေနေတာ့ေခ်။

"ေကာင္းပါၿပီကြာ... မင္းအခ်ိန္ယူပါ"

သူကခ်န္းနင္၏လက္ကိုကိုင္ကာ သူ႔ထိုင္ခံုတြင္အတူထိုင္ဖို႔ဆြဲသြားေလသည္။ ကုန္းပတ္မွထိုင္ခံုကက်ယ္ေသာ္လည္း အရပ္ 180 cmေက်ာ္သည့္လူနွစ္ေယာက္ အတူထိုင္သည့္အခါတြင္ေတာ့ ခႏၶာကိုယ္နွစ္ခုအားၾကပ္ၾကပ္သိပ္သိပ္နွင့္ထိေတြ႕မိေစရန္အထိ ေသးေနသည္ပင္။

ခ်န္းနင္က ယြီရွန္း၏ေတာင့္တင္းေသာခႏၶာကိုယ္ေပၚမွအပူခ်ိန္အား အဝတ္အစားမ်ားျခားေနသည့္တိုင္ ခံစားမိေနဆဲပင္။ ခံစားရအဆင္မေျပသည္မို႔ ခ်န္းနင္ထရပ္လိုက္၏။

"ကြၽန္ေတာ္မ်က္နွာခ်င္းဆိုင္မွာပဲထိုင္လိုက္မယ္"

ယြီရွန္းကသူ႔ကိုထိုင္ခံုမွာျပန္ထိုင္ေစရင္း ဆိုသည္။
"ဒီမွာသာထိုင္စမ္းပါ"

ခ်န္းနင္ကသူ႔တိတ္တဆိတ္အျပစ္တင္မိေနမိသည္။ ဘယ္လိုေတာင္ခ်ဳပ္ျခယ္လိုက္သည့္လူနည္း။ သူ၏ေႂကြနွင့္တူေသာမ်က္နွာေလးမွရွက္ေသြးျဖာမႈမ်ားေပ်ာက္ကြယ္ၿပီးသည့္ေနာက္ ပံုမွန္အတိုင္းတည္ၿငိမ္ေသာမ်က္နွာထားျဖင့္အစားထိုးခံလိုက္ရသည္။ သူကစကားလံုးမ်ားကိုေသခ်ာေ႐ြးခ်ယ္လ်က္ ရွင္းလင္းေသာေလသံျဖင့္ဆိုလာ၏။

"ခင္ဗ်ားကအရမ္းခ်ဳပ္ျခယ္လြန္းတယ္"

ယြီရွန္း၏မ်က္ခံုးမ်ားကပင့္တက္သြားကာ...
"အင္း...ဒါေပမဲ့ကိုယ္ကအက်ိဴးအေၾကာင္းလည္းညီၫြတ္တယ္ေလ"

"ေၾသာ္ အဲ့တာဆိုခင္ဗ်ားရဲ႕က်ိဴးေၾကာင္းညီၫြတ္တယ္ဆိုတာႀကီးက ဘယ္လိုမ်ိဳးမ်ားလဲ?"

ယြီရွန္းကမဲ့ၿပံဳးၿပံဳး၏။ သူ႔ရဲ႕လူငယ္ေလးက ေသခ်ာေပါက္ကိုျပတ္သားပါေပသည္။

"ဥပမာအားျဖင့္ အခုဆိုရင္..."

ေျပာရင္းျဖင့္သူက ခ်န္းနင္၏ခါးေပၚကို သူ႔လက္ေမာင္းမ်ားျဖင့္ရစ္ပတ္လိုက္ေလသည္။

"ကိုယ္တို႔ရဲ႕ဆက္ဆံေရးကိုပ်ိဳးေထာင္ဖို႔လိုတယ္ေလ..အဲ့တာေၾကာင့္မင္းကိုကိုယ့္အနားပိုတိုးလာေစခ်င္တယ္"

ခ်န္းနင္ကသိသိသာသာပင္မ်က္ဆံလွန္ျပလိုက္သည္။

"က်စ္ ဘယ္ေလာက္ေတာင္အသံုးမက်လိုက္တဲ့အေၾကာင္းျပခ်က္ႀကီးလဲ"

ယြီရွန္းကခဏရပ္သြားသည္။ ထို႔ေနာက္အရံႈးေပးလိုက္ကာ ခ်န္းနင္၏နွာေခါင္းထိပ္ေလးကိုသူ႔လက္ေခ်ာင္းျဖင့္ပြတ္တိုက္လ်က္ က်ီစယ္ေန၏။

"မင္းေလးကေတာ့ေလ..."

ထိုသို႔ရင္းနွီးလွသည့္အျပဳအမူမ်ိဳးက ခ်န္းနင္ကိုထပ္မံ၍ရွက္သြားေစျပန္သည္မို႔ ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္မိသည္။

"ဖယ္စမ္းပါဗ်ာ.. ခင္ဗ်ားရဲ႕အီစီကလီအျပဳအမူေတြကိုဒီမွာတင္ရပ္လိုက္ေတာ့"

ခ်န္းနင္ရွက္ေနသည္ကိုျမင္ေလေလ ယြီရွန္းကပို၍မလံုေလာက္ေသးသလိုခံစားရေလေလပင္။

"ခ်န္းနင္...ကိုယ္ကခ်ဳပ္ျခယ္ေကာင္းခ်ဳပ္ျခယ္လိမ့္မယ္ ဒါေပမဲ့ ကိုယ္ကက်ိဳးေၾကာင္းမညီၫြတ္တာမ်ိဳးမလုပ္ပါဘူး... ကိုယ္တို႔အတူေနၾကရေတာ့မွာဆိုကတည္းက ကိုယ္တို႔ရဲ႕ဆက္ဆံေရးပိုတိုးတက္လာဖို႔ေမ်ွာ္လင့္တယ္... ကိုယ္တို႔ရဲ႕ေန႔ရက္ေတြကို တစ္ေယာက္နဲ႔တစ္ေယာက္သူစိမ္းေတြလိုျဖတ္သန္းၿပီးကုန္ဆံုးရမွာမ်ိဳး ကိုယ္မလိုခ်င္ဘူး"

ခဏရပ္ၿပီးေနာက္ဆက္ဆိုလာသည္။

"ကိုယ္တို႔ရဲ႕ဆက္ဆံေရးကိုခ်က္ခ်င္းႀကီးမင္းလက္ခံနိုင္ဖို႔ကခက္ခဲတယ္ဆိုတာကိုယ္သိပါတယ္...ဘာပဲျဖစ္ျဖစ္ လြန္ခဲ့တဲ့နွစ္ေပါင္း ၂၀ လံုးမွာ မင္းကိုယ္မင္းတျခားေယာက္်ားတစ္ေယာက္နဲ႔လက္ထပ္ရလိမ့္မယ္လို႔ထင္ခဲ့ဖူးမွာမဟုတ္ဘူးေလ...ဒါေပမဲ့မင္းကကိုယ့္ကိုျငင္းဆန္ေနတာမွမဟုတ္တာ...အဲ့ေတာ့ဒါေတြအကုန္လံုးကိုလက္ခံသြားဖို႔ကလည္းသိပ္မခက္ခဲဘူးလို႔ကိုယ္ထင္တယ္ ဟုတၱယၼလား?  မင္းမွာတျခားေ႐ြးခ်ယ္စရာမရွိေတာ့လို႔လက္ခံလိုက္ရတယ္ဆိုတဲ့အေၾကာင္းျပခ်က္ကိုမသံုးပါနဲ႔... ကိုယ္သိတဲ့ခ်န္းနင္က တြန္းအားေပးခံမဲ့သူမ်ိဳးမဟုတ္ဘူး"

"ဟမ့္ ခင္ဗ်ားကကြၽန္ေတာ့္အေၾကာင္းအရမ္းသိေနသလိုမေျပာစမ္းပါနဲ႔"

ခ်န္းနင္ကပ်ာယာခတ္သြားကာ သူ႔အေတြးမ်ားေဖာ္ထုတ္ခံရသည့္အခ်က္ကိုဖံုးကြယ္ဖို႔အျပင္းအထန္ႀကိဳးစားေတာ့သည္။ သူကလံုးဝဆႏၵမရွိတာမ်ိဳးမဟုတ္ဘူးဆိုတာကေတာ့ အမွန္ပါပင္။ ဘယ္လိုကိစၥပင္ရွိရွိ သူ႔ကိုတျခားသူကတြန္းအားေပးနိုင္မည္မဟုတ္ေပ။ အကယ္၍အေျခအေနဆိုးလာပါက အန္တီခ်င္ကိုသူနွင့္အတူေခၚ၍ရိုးရိုးရွင္းရွင္းထြက္ေျပးသြားလို႔ရသည္ေလ။ သို႔ေသာ္လည္းအဆံုး၌မူသူလက္ခံခဲ့ပါ၏။ အဘယ္ေၾကာင့္ဤသေဘာတူညီခ်က္ကိုလက္ခံရသနည္းဆိုလ်ွင္ေတာ့ ၎ကသူ႔နွလံုးသားထဲမွအနည္းငယ္ေသာသံေယာဇဥ္ေၾကာင့္လည္းျဖစ္နိုင္သလို သို႔တည္းမဟုတ္ သူ႔အေမအစားယင္မိသားစုကိုျပန္လည္ေပးဆပ္လိုက္ျခင္းလည္း ျဖစ္နိုင္ပါ၏။ အတိုဆံုးေျပာရရင္ေတာ့ သူလက္ခံခဲ့သည္ပင္။ အရာအားလံုးကသူထင္ခဲ့သလို ျဖစ္မသြားရံုသာရွိသည္။ ရွန္ယြီရွန္းကလည္း ေကာလဟာလမ်ားကဲ့သို႔မဟုတ္ခဲ့။ ထိုအေၾကာင္းနွင့္ပက္သက္၍ သူေက်းဇူးပဲတင္ရမည္လား သို႔တည္းမဟုတ္ ဘုရားသခင္ကေပးသည့္ဟာသတစ္ခုဟုပင္မွတ္ရမလားမသိေတာ့ေခ်။

ယြီရွန္းကခ်န္းနင္ကိုတင္းၾကပ္စြာဖက္လိုက္ရင္းျဖင့္...
"ကိုယ္တို႔အနာဂါတ္မွာတစ္ေယာက္နဲ႔တစ္ေယာက္သိရဖို႔ အခ်ိန္ေတြအမ်ားႀကီးက်န္ပါေသးတယ္"

ခ်န္းနင္ကစိတ္ရႈပ္ေထြးစြာျဖင့္ လူအိုႀကီးကိုၾကည့္လိုက္မိသည္။

"ခင္ဗ်ားကေကာလဟာလေတြနဲ႔တူလဲမတူဘူး"

"ကိုယ္ဘယ္ေလာက္ထိမတူလဲဆိုတာမင္းျမင္မွာပါ"

သူ၏နႈတ္ခမ္းေထာင့္စြန္းကတြန္႔ေကြးသြားၿပီးသည့္ေနာက္ ခ်န္းနင္၏နဖူးျပင္ေပၚသို႔ ခပ္ဖြဖြေလးဖိကပ္နမ္းလိုက္ေလသည္။

ခ်န္းနင္၏ခႏၶာကိုယ္ကေအးခဲသြားကာ မ်က္နွာတစ္ခုလံုးနီရဲလ်က္ ထြက္က်လာေသာစကားမ်ားကပင္ အထစ္ထစ္ျဖစ္ကုန္၏။

"ခင္..ခင္ဗ်ား..ဘယ္သဴကအဲ့တာကို... အဲ့လိုလုပ္ခြင့္ျပဳလို႔လဲ?"

ယြီရွန္းကရယ္လ်က္ျပန္လည္ေျဖၾကားလာသည္။ သူမရယ္သည္မွာၾကာခဲ့ၿပီျဖစ္ကာ ဤလူငယ္ေလးကေသခ်ာေပါက္ကိုသူ၏ကံေကာင္းေစေသာၾကယ္ပြင့္ေလးျဖစ္ေပလိမ့္မည္။ ထိုအေတြးေၾကာင့္ ခ်န္းနင္ကိုသူပိုတင္းတင္းေလးဖက္လိုက္မိ၏။

"ခ်န္းနင္..မရွက္ပါနဲ႔ကြာ...ေနာက္ဆိုမင္းေနသားက်မွျဖစ္မွာေပါ့"

ခ်န္းနင္ကေဒါသတႀကီးျဖင့္ ယြီရွန္းကိုသူ႔လက္ျဖင့္ရိုက္ဖို႔ေျပးသြားေသာ္လည္း တိုက္ကြမ္ဒိုအနည္းငယ္သာသင္ဖူးသည့္ ခ်န္းနင္အတြက္ ငရဲတမ်ွေလ့က်င့္မႈကိုနွစ္ေပါင္းမ်ားစြာေလ့က်င့္ခဲ့ရေသာတစ္ဖက္လူကိုယွဥ္ဖို႔က မလြယ္ကူလွပါေခ်။

"အရွက္မရွိတဲ့လူ..ကြၽန္ေတာ့္ကိုအခြင့္အေရးယူၿပီးခင္ဗ်ားကအရွက္မရွိႂကြားခ်င္ေသးတယ္... လႊတ္ ကြၽန္ေတာ့္ကိုလႊတ္စမ္းပါ"

ယြီရွန္းကသူ႔လက္ေမာင္းမ်ားအားပိုတင္းၾကပ္ေစကာ ခ်န္းနင္မည္မ်ွရုန္းကန္ေစကာမူ လႊတ္မေပးေခ်။ လူငယ္ေလးက အင္အားမရွိေတာ့ပဲ ေမာဟိုက္လာသည့္အခါမွသာသူကလႊတ္ေပးလိုက္ကာ ခ်န္းနင္ကိုသက္သက္သာျဖစ္ေစဖို႔ခြင့္ျပဳလိုက္ေတာ့သည္။ ဖက္ထားရင္းတန္းလန္းျဖင့္ သူေကမးလာ၏။

"ပင္ပန္းသြားၿပီလား? ခဏနားလိုက္ဦး"

"ဟမ္း ခင္ဗ်ားကသူမ်ားေတြကိုဘယ္လိုအနိုင္က်င့္ရမလဲဆိုတာပဲသိတယ္"

ခ်န္းနင္ကစကားလံုးမ်ားျဖင့္သာျပန္ပက္နိုင္ေတာ့သည္။

ယြီရွန္းကေတာ့ခ်န္းနင္၏ေဒါသေလးကို စိတ္မရွိလွ။ သူဒါကိုသည္းခံနိုင္ပါသည္။ ဂုဏ္ယူတတ္ၿပီး စိတ္ေကာင္းရွိ၊ ေခ်ာေမာတဲ့ သူလက္ထပ္ရမည့္ေကာင္ေလးက သူ႔ကိုေအာ္တာေလာက္ကေတာ့ သည္းခံနိုင္တာထက္ကိုပိုပါေသးသည္။ သူ႔လက္မ်ားအားခ်န္းနင္၏ဆံပင္ေပၚတြင္ကစားေနရင္းျဖင့္ ေခါင္းေလးကိုရင္ခြင္ထဲဆြဲသြင္းထားေလသည္။

"ခ်န္းနင္...အဆင္ေျပေျပေနသြားၾကရေအာင္ေနာ္"

ယြီရွန္း၏က်ယ္ျပန္႔ေသာရင္ဘတ္ကို ၿငိမ္သက္စြာမွီလ်က္အနားယူေနသည့္ခ်န္းနင္က တျဖည္းျဖည္းစိတ္ေလ်ွာ႔သြားသည္။ ထိုျပင္းထန္ေသာရင္ခုန္သံမ်ားကိုနားေထာင္ရင္းျဖင့္ သူ၏စိတ္ပ်က္မႈမ်ားလည္းေပ်ာက္ကြယ္သြားကာ တိတ္တဆိတ္သာနားေထာင္ေနမိေတာ့သည္။

အခ်ိန္အတန္ၾကာၿပီးသည့္အခါတြင္ေတာ့ ယြီရွန္း၏ရင္ခြင္ထဲမွ ခ်န္းနင္ကေမာ့ၾကည့္လာ၏။

"ခင္ဗ်ားမေတြးဖူးဘူးလား? ကြၽန္ေတာ့္ကိုလက္ထပ္တာဘာအဓိပၸါယ္ရလဲလို႔? ကြၽန္ေတာ္ကေယာက္်ားေလးေလ ခင္ဗ်ားကိုလူေတြကဆန္႔က်င္ဖို႔ဒါကိုသံုးလာၾကမွာကိုမေၾကာက္ဘူးလား?"

ယြီရွန္းကသူ၏အၾကည့္မ်ားအား ခ်န္းနင္ဆီသို႔ပို႔လာေတာ့သည္။

"မင္းကေရာ? မင္းေရာအဲ့အေၾကာင္းေတြးဖူးလား?

ခ်န္းနင္ကမ်က္ေတာင္ပုတ္ခတ္လိုက္ရင္းျပန္ေျဖလာသည္။

"အင္းေတြးဖူးတယ္" သူကဆက္ေျပာ၏။

"ပထမေကတာ့ ခင္ဗ်ားကခင္ဗ်ားဆႏၵနဲ႔ခင္ဗ်ား ကြၽန္ေတာ့္ကိုလက္ထပ္တာမဟုတ္ဘူးလို႔ထင္ခဲ့တာ... အဲ့တာေၾကာင့္ ယင္မိသားစုဆီကြၽန္ေတာ္ျပန္လာၿပီဆိုတာနဲ႔ အရာအားလံုးကိုေကာင္းေကာင္းထားခဲ့လို႔လဲရၿပီ ဘယ္သူမွမသိတဲ့ေနရာကိုသြားၿပီးအစကျပန္စခ်င္ခဲ့တာ... အေျခတက်ေနၿပီးကေလးယူဖို႔အေၾကာင္းေတြကေတာ့ဒီအခ်ိန္မွာေတြးဦးမွာမဟုတ္ဘူး..ကိုယ့္ဘဝနဲ႔ကိုယ္အဲ့လိုေနရတာကိုကေကာင္းတဲ့အစီအစဥ္ျဖစ္ေနၿပီေလ"

အေပၚယံတြင္ေတာ့ဘာကိုမွဂရုမစိုက္သလိုဟန္ေဆာင္၍ တကယ္တမ္း၌အဆိုးဆံုးအေျခအေနထိကို ႀကိဳတင္ျပင္ဆင္ထားခဲ့ေသာ ခ်န္းနင္ကိုၾကည့္ရင္း သူ႔နွလံုးသားနာက်င္သြားရသည္ကို ယြီရွန္းခံစားမိသည္။ အနည္းဆံုးေတာ့ သူကသူထမ္းေဆာင္ရမည့္တာဝန္မ်ားမွ ေနာက္ဆုတ္သြားျခင္းမ်ိဳးမရွိခဲ့ေပ။

ယြီရွန္းကသူ႔လက္ေမာင္းမ်ားအား သတိလက္လြတ္ျဖင့္ပိုတင္းမိကာ ခ်န္းနင္ကိုသူနွင့္နီးကပ္ေအာင္ၿမဲၿမံစြာဖက္ထားမိေလ၏။

"ခ်န္းနင္...ကိုယ္ကကိုယ္လုပ္သမ်ွအရာအားလံုးအတြက္တာဝန္ယူနိုင္တဲ့အရည္အခ်င္းရွိတာမို႔ ကိုယ့္ကိုယံုေပးပါ"

°°

Continue Reading

You'll Also Like

281K 16.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
1.1M 61.3K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
246K 13.3K 34
ကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......
2.4M 154K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...