နှောင်ကြိုး ၊ နှောင်ကြိုး

By JE_Rain

344K 20.5K 1.3K

အင်းဝခေတ် (ရတနာပူရမင်းနေပြည်တော်)ကို အခြေခံ၍ ရေးသားထားသော စိတ်ကူးယဉ် ဇာတ်လမ်းလေးတစ်ပုဒ်သာဖြစ်သည် ။ Written b... More

Part 1(Zawgyi)
Part 1(Unicode)
Part 2(Zawgyi)
Part 2(Unicode)
Part 3(Zawgyi)
Part 3(Unicode)
Part 4(Zawgyi)
Part 4(Unicode)
Part 5(Zawgyi)
Part 5(Unicode)
Part 6(Zawgyi)
Part 6(Unicode)
Part 7(Zawgyi)
Part 7(Unicode)
Part 8(Unicode)
Part 9(Zawgyi)
Part 9(Unicode)
Part 10(Zawgyi)
Part 10(Unicode)
Part 11(Zawgyi)
Part 11(Unicode)
Part 12(Zawgyi)
Part 12(Unicode)
Part 13(Zawgyi)
Part 13(Unicode)
Part 14(Zawgyi)
Part 14(Unicode)
Part 15(Zawgyi)
Part 15(Unicode)
Part 16(Zawgyi)
Part 16(Unicode)
Part 17(Zawgyi)
Part 17(Unicode)
Part 18(Zawgyi)
Part 18(Unicode)
Part 19(Zawgyi)
Part 19(Unicode)
Part 20(Zawgyi)
Part 20(Unicode)
Part 21(Zawgyi)
Part 21(Unicode)
Part 22(Zawgyi)
Part 22(Unicode)
Part 23(Zawgyi)
Part 23(Unicode)
Part 24(Zawgyi)
Part 24(Unicode)
Part 25(Zawgyi)
Part 25(Unicode)
Final Part(Zawgyi)
Final Part(Unicode)
စာအုပ် Instock ဝယ်လို့ရပါပြီ

Part 8(Zawgyi)

2.8K 107 5
By JE_Rain

နေ့ရက်တွေအတော်များများကျော်လွန်ခဲ့ပြီမို့ ရတနာပူရတိုင်းပြည်ကြီးရဲ့ ဘုရင်မဖြစ်တဲ့ မဟာစရီမုဒ္ဒြာဒေ၀ီ သည်လည်း အတော်လေးပြန်လည်ကျန်းမာလာပြီဖြစ်သည် ။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း ညီလာခံ ၃ ကြိမ်ပြုလုပ်၍ တိုင်းရေးပြည်ရာများကို စွမ်းစွမ်းတမန်စီမံကွပ်ကဲခဲ့သည် ။ နန်းတွင်းထဲမှာလည်း အပတ်စဉ်အပတ်တိုင်း သီလသမာဓိနှင့်ပြည့်စုံသည့်ရဟန်းသံဃာတော်များကို ပင့်ဖိတ်၍ ဆွမ်းလောင်းအလှူပြုသည် ။ နန်းတွင်းအပြင်ဘက် အနယ်နယ်အရပ်ရပ်ဆီသို့လည်း ဘုရင့်ဘဏ္ဍာတိုက်ကိုဖွင့်၍ စားနပ်ရိက္ခာများ ပေးပို့ကာ ပြည်သူပြည်သားတွေ ငတ်မွတ်ခေါင်းပါးမှု မရှိရလေအောင် ဆောင်ရွက်တော်မှုသည် ။ တစ်ခါတစ်လေတွင် ဘုရင်မဟာ သူ၏အစ်မတော် ၊ မယ်တော်ကြီးတို့နှင့်အတူ အမြဲဆည်းကပ်ကိုးကွယ်သည့် ဆရာတော်ဘုရားကြီးရဲ့ ကျောင်းတော်သို့လိုက်သွား၍ တရားနာ ၊ ဥပုတ်သီတင်းသီလ ဆောက်တည်ပါသည် ။ သည်လိုနှင့် သူမရဲ့အမှုအကျင့်တွေကို တဖြည်းဖြည်းပြုပြင်ပြောင်းလဲပစ်ကာ ဒေါသကိုရှေ့တန်းမတင်မိရလေအောင် အမြဲဆင်ခြင်ခဲ့၏ ။ တိုင်းပြည်အတွက်လည်း မင်းကျင့်တရား ၁၀ ပါးနှင့်အညီ စီမံအုပ်ချုပ်နိုင်ဖို့အတွက် အားသွန်ခွန်ဆိုက် ကြိုးပမ်းလျက်ရှိလေသည် ။

အစ်မတော် မဟာရတနာပဒုမ္မာဒေ၀ီ ကတော့ သူ့ရဲ့ညီမတော် အခုလိုမျိုးပြောင်းလဲလာခြင်းကို ကြည့်၍ နှစ်သက်ကျေနပ်အားရနေလေသည် ။ တဖန် ဟိုအရင်ကလိုမျိုး လမ်းမှားပေါ်သို့ မတိမ်းမှောက်စေရန်အတွက်လည်း ဘေးနာကနေပြီး ဖေးဖေးမမနှင့် ကူညီသင်ပြပေးခဲ့၏ ။ သည်လိုနှင့် ဘုရင်မမုဒ္ဒြာဒေ၀ီ ၏နန်းသက်နှစ် ၁ နှစ်ပြည့်ပြီးသည့်အခါမှာတော့ ရတနာပူရတိုင်းပြည်ကြီးဟာ အေးချမ်းသာယာပြီး ဘယ်အရပ်ဒေသကိုကြည့်လိုက်ကြည့်လိုက် စည်ပင်ထွန်းကားလျက်ရှိနေပါတော့သည် ။

" အစ်မတော်ရတနာ .. ဒီနေ့ကော စိတ်နှလုံးရွှင်လန်းပြီး ကျန်းမာပါရဲ့လားဘုရား .. "

ညနေခင်းညီလာခံအပြီး ထုံးစံအတိုင်း အစ်မတော်ရဲ့အဆောင်ရှိရာဆီသို့ဝင်ရောက်၍ နှုတ်ခွန်းဆက်သနေခြင်းသာဖြစ်၏ ။

" စိတ်နှလုံးရွှင်လန်းကျန်းမာလျက်ရှိပါတယ်ကွယ် ... ညီမတော်ကော ယနေ့တစ်နေ့တာက အဆင်ပြေပါလေစ ?

" ပြေပါတယ် အစ်မတော် .. တိုင်းရေးပြည်ရာ ကိစ္စအ၀၀လည်း အေးချမ်းတည်ငြိမ်စွာရှိနေကြကြောင်းပါ ... "

" အိမ်း ကောင်းလေစွ ... ကောင်းလေစွ "

မုဒ္ဒြာ သည်သူ့အစ်မတော်ထိုင်နေသည့် သလွန်ဘေး၌ ဘေးတစောင်းလေးဝင်ထိုင်လိုက်ပြီး

" ဒီညနေခင်း အစ်မတော် စရီနဲ့ တစ်နေရာကိုလိုက်ခဲ့ပါလား .. "

" ဘယ်နေရာကိုလဲ စရီ ... "

" နန်းပြင်ဘက်ကို .. "

" ဟင် .. "

သူ့စကားကြောင့် အစ်မတော်ရဲ့မျက်ဝန်းလေးတွေက ၀ိုင်းစက်ကာ တောက်ပသွားခဲ့၏ ။

X    X    X    X   X    X    X

ပဒုမ္မာ နဲ့ မုဒ္ဒြာ သည်နန်းဝတ်နန်းစားဖြင့် မဟုတ်ပဲ သာမန်အရပ်သူအရပ်သားလိုသာ ၀တ်စားလျက် နန်းတော်အပြင်ဘက်သို့ ထွက်လာခဲ့ကြသည် ။ မုဒ္ဒြာ ကမြင်းနက်ကြီး မဟူရာမိုးသားရဲ့ပေါ်၌ ထိုင်စီးလျက် ၊ အစ်မတော် ပဒုမ္မာ ကတော့ မုဒ္ဒြာ ရဲ့အရှေ့ မဟူရာမိုးသားကြီး၏ကျောပြင်ပေါ်၌ ဘေးတစောင်းလေး တင်ပလွှဲထိုင်၍လိုက်ပါလာလေသည် ။ မဟူရာမိုးသားကြီးရဲ့ အနောက်မှာတော့ ကိုယ်ရံတော်တပ်မှူး ဒိဗ္ဗ နှင့်သူ၏တပ်မှ မြင်းသည်တော် ၅ ယောက်ဟာ ရှင်ဘုရင်မနှင့်အစ်မတော်ကိုထပ်ကြပ်မကွာ စောင့်ရှောက်ပေးနေကြသည် ။

မြင်းဇက်ကြိုးကို ကိုင်ဆွဲပြီးကျန်လက်တစ်ဖက်က အစ်မတော်၏ခါးကို ညင်ညင်သာသာပွေ့ဖက်ထားရတာကို မုဒ္ဒြာ သဘောကျလှပါသည် ။ အစ်မတော်ကို သူခေါ်ဆောင်လာပေးခဲ့သည့်နေရာကတော့ အများပြည်သူတွေရဲ့ပါးစပ်ဖျား၌ နာမည်ကျော်ကြားလျက်ရှိသော ညဈေးတန်းပင်ဖြစ်၏ ။ မီးပုံလေးတွေ စီတန်းချိတ်ဆွဲထားသည့် ညဈေးတန်းတစ်လျှောက်ဟာ အစ်မတော်အတွက်တော့ အသစ်အဆန်းမြင်ကွင်းတစ်ခု ဖြစ်ပုံပေါ်သည် ။ ဟိုဘက်ကို ခေါင်းလေးလှည့်ကြည့်လိုက် ဒီဘက်ကိုလှည့်ကြည့်လိုက်ဖြင့် သဘောကျနေလေသည် ။

" ဆင်းကြရအောင် အစ်မတော် ... "

ဈေးသည်များနှင့် ညဈေးတန်းကိုလျှောက်ပတ်ကြည့်ကာ ၀ယ်ယူနေကြသည့်လူတွေက အတော်များသည်မို့ မြင်းနှင့်ဆက်သွားလို့မဖြစ်ပြီ ။ ထို့ကြောင့် မုဒ္ဒြာ ကဦးစွာဆင်းလိုက်ပြီး အစ်မတော်ကို အောက်ကနေလက်ကမ်းပေးလိုက်၏ ။

" ဖြည်းဖြည်းဆင်းပါ အစ်မတော် .. "

" အင်း ... "

သူ့လက်ကိုကိုင်၍ အလိုက်သင့်လေးလျှောဆင်းချလာသည့်မတော်အား အောက်ကနေထိန်းကိုင်ပေးလိုက်ပြီးနောက် .. ။

" မိုးသားနဲ့ ကျန်မြင်း ၅ ကောင်ကို ဒီနေရာမှာပဲ အစောင့်တပ်သားတစ်ယောက်နှင့်ထားခဲ့လိုက်ပေတော့ ဒိဗ္ဗ .. "

" ကောင်းပါပြီ အရှင်မဘုရား .. "

ဒိဗ္ဗ ဟာသူ့ဘုရင်မ မှာကြားသည့်အတိုင်း ရဲမက်တစ်ယောက်ဖြင့် မြင်း ၆ ကောင်ကို အပင်ခြေအောက်တစ်ခု၌ ထားရစ်ခဲ့၏ ။

" ဒီနေရာက စရီ တို့ရဲ့ရတနာပူရမင်းနေပြည်တော်မှာ ပြည်သူတွေအကြား ထင်ရှားကျော်ကြားလျက်ရှိတဲ့ ညဈေးတန်းပါ အစ်မတော် ... ဤညဈေးတန်းမှာ တိုင်းပြည်အတွင်း ကုန်သည်များသာမကပဲ နယ်ခြားပြည်ခြားတွေက ကုန်သည်များကပါ လာရောက်ပြီး ကုန်စည်တွေကိုခင်းကျင်းပြသ ရောင်းချကြပါတယ် .. "

" ဟုတ်ပေသလား ... အင်း အထိန်းတော်ကြီးပြောလို့ ကြားတော့ ကြားဖူးပေမဲ့ ယခုမှပဲ လက်တွေ့ကျကျမြင်တွေ့ဖူးတော့တယ်ကွယ် .. ဈေးတန်းကအင်မတန်မှကို စည်ကားလှပေတာပဲ စရီရဲ့ .. "

" တိုင်းနဲ့ပြည်နယ်အရပ်ရပ်က လာရောင်းကြတဲ့ ကုန်ပစ္စည်းတွေကလည်း စုံပေတာကိုး အစ်မတော်ရဲ့ ... သူဌေးသူကြွယ်တွေနဲ့ နယ်လှည့်ခရီးသွားတွေအတွက်တော့ မျက်စိကျချင်စရာ နေရာတစ်ခုပေပဲလေ .. နောက်ပြီး ဒီညဈေးတန်းဟာ ရတနာပူရမင်းနေပြည်ရဲ့ အထင်ကရ ရုပ်ပြပေပဲ ... "

အစားအသောက်မျိုးစုံရောင်းသည့်အတန်းများ ၊ လှပလွန်းသည့် ကြွေအိုးများ မြေအိုးများ စဥ့်အိုးများကို ရောင်းသည့် အတန်းများ ၊ အိမ်တွင်းသုံးပစ္စည်း တန်ဆာပလာများကိုရောင်းသည့် အတန်းများနှင့် ပိုးထည်ချဉ်ထည်များ လက်ဝတ်ရတနာများကို ရောင်းချနေသည့်အတန်းများကို စုံလင်စွာမြင်တွေ့ရသည့် ညဈေးတန်းကြီးဟာ အင်မတန်လှကိုလူစည်ကားလှပေသည် ။ လက်ဝတ်ရတနာ အလှအပတန်ဆာများရောင်းသည့် ဈေးတန်းသို့အရောက်တွင် ဆိုင်ခုံတစ်ခုပေါ်၌ရှိနေသော မဟူရာလည်ဆွဲလေးတစ်ခုဆီသို့ မုဒ္ဒြာ ရဲ့မျက်ဝန်းတွေက တန်းမတ်စွာရောက်ရှိလို့သွား၏ ။ ဒါကို ပဒုမ္မာ ကမြင်တော့

" အဲ့ဒီ မဟူရာကျောက်လည်ဆွဲလေးကို စရီ သဘောတွေ့နှစ်ခြိုက်လို့လား .. "

" မှန်ပါ့ အတော့်ကို အမြင်အာရုံစွဲဆောင်နိုင်စွမ်းရှိပေတယ် .. အစ်မတော်နဲ့ဆို တော်တော်လေးကိုလိုက်ဖက်လှပေမယ် .. "

စိတ်မြန်လက်မြန်ရှိလှသည့် မုဒ္ဒြာ သည်ပြောနေရင်းမှ ခုံပေါ်ခင်းကျင်းပြသထားသည့် မဟူရာလည်ဆွဲလေးအား ကောက်ယူ၍ သူ့အမတော်၏လည်တိုင်ဖြူဖြူလေးပေါ်၌ ၀တ်ဆင်ပေးလိုက်လေသည် ။ ကျော့ရှင်းလှသော အစ်မတော်ရဲ့လည်တိုင်နှင့် ဤမဟူရာလည်ဆွဲလေးဟာ သိပ်ကိုလိုက်ဖက်ညီလွန်းနေပါသည်လေ ။

" အစ်မတော်နဲ့ သိပ်ကိုလိုက်ဖက်တာပါလား ... "

သူသဘောကျစွာပြောလိုက်တော့ အစ်မတော်ဟာ လည်တိုင်ထက်ဆင်မြန်းထားတဲ့ မဟူရာလည်ဆွဲလေးအား လက်ဖျားလေးဖြင့်တို့ထိကိုင်တွယ်၍ ခေါင်းကိုငုံ့ကာ သေချာကြည့်နေလေသည် ။

" ဈေးသည်ကြီး ဒီလည်ဆွဲရဲ့တန်ဖိုးက ဘယ်လောက်ပေလဲကွဲ့ .. "

ပိုးထည်အ၀တ်အစားများဖြင့် တောက်ပြောင်လှပကျော့မော့စွာရှိနေကြသော မုဒ္ဒြာ တို့နှစ်ယောက်ကို ဈေးသည်က သေချာကြည့်ကာ

" အသပြာ ၁၀ စပါ သခင်မလေး .. "

" ၁၀ စ ... ရော့ ဟောဒီမှာ ... "

အသပြာငွေဆယ်စဆိုသည်မှာ သာမန်အရပ်ပြည်သူတစ်ယောက်အနေနဲ့ မတတ်နိုင်တဲ့ တန်ဖိုးဖြစ်ပြီး သူဌေးသူကြွယ်များသာလျှင် ၀ယ်ယူနိုင်ကြပေမည် ။

" ရှေ့ဆက်လျှောက်ကြစို့ အစ်မတော် .. "

သူ့အစ်မတော်ရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး ပြောလိုက်ချိန်၌ အစ်မတော်ရတနာ ကသူ့မျက်နှာကို ပြုံးပြုံးလေးမော့ကြည့်လျက်

" နေပါဦး စရီ ရဲ့ .. ဒီခင်းကျင်းထားတဲ့အထဲမှာ ညီမတော်အကြိုက်တွေ့မဲ့အရာ မရှိပေဘူးလား .. "

အစ်မတော်ကမေးတော့ သူပြုံးလိုက်မိသည် ။

" အစ်မတော်လည်းသိပေရက်နဲ့ စရီ ကမိန်းမသားတို့ ကြိုက်နှစ်သက်ကြတဲ့ လက်ဝတ်ရတနာတွေကို ၀တ်လေ့ဝတ်ထမှ သိပ်မရှိပဲ ... ပွဲလမ်းသဘင်တက်ရောက်ရတဲ့အခါမျိုးမှသာ မဖြစ်မနေဆင်မြန်းတာ အစ်မတော် အသိဆုံးပေပဲ မဟုတ်ပါလား .. "

" ဒါတော့လည်း ဒါပေါ့ကွယ် ... သို့ပေမဲ့ အစ်မတော်ကလည်း ကိုယ့်ရဲ့ညီမငယ်လေးကို လက်ဆောင်လေးတစ်ခုခုတော့ ပြန်ပေးလိုတာပေါ့ .. "

အစ်မတော်ဟာ ခင်းကျင်းထားတဲ့ဈေးခုံဘက်သို့ပြန်လှည့်ကာ စူးရှသောမျက်ဝန်းတို့ဖြင့် တစ်စုံတစ်ရာကို ရှာဖွေနေပြီးနောက်

" ဟော ဟိုမှာ ကြည့်ပါဦး .. "

ကျောက်စိမ်းလက်စွပ်လေးတစ်ကွင်းကို ကောက်ယူလိုက်ကာ အစ်မတော်သည် သူ့ရဲ့ညာဘက်လက်ကို လာကိုင်ဆွဲ၍ လက်သန်းကြွယ်၌ စွပ်ပေးခဲ့၏ ။

" ထင်တဲ့အတိုင်းပါပေပဲ စရီ နဲ့တအားကိုလိုက်ဖက်ပါပေတယ် .. ဘယ်လိုရှိစ ... နှစ်သက်ပါရဲ့လား ညီမတော်စရီ .. "

သူသဘောကျစွာပြုံးရယ်ရင်း ခေါင်းကိုညိမ့်ပြကာ အစ်မတော်ကိုယ်တိုင် သူ့ရဲ့ဘယ်ဘက်လက်သူကြွယ်မှာ စွပ်ပေးလိုက်တဲ့ ထိုကျောက်စိမ်းလက်စွပ်လေးအား ကြည့်နေမိပါသည် ။

" အရမ်းနှစ်သက်ပါပေတယ် အစ်မတော်ဘုရား .. "

မုဒ္ဒြာ သည်အပြစ်ကင်းစင်တဲ့ ကလေးငယ်တစ်ယောက်လိုမျိုး သဘောကျစွာပြုံးရွှင်နေသည့်ပုံစံလေးကို ပဒုမ္မာ ငေးကြည့်နေရင်းနဲ့ လိုက်ပြုံးမိခဲ့သည် ။ ဒီလိုမျိုးပြုံးရွှင်လန်းနေတဲ့ ညီမတော်လေးရဲ့မျက်နှာကို သူမမြင်တွေ့ရတာ ကြာလှပေပြီ ။

ပဒုမ္မာ သည်သူ၏လက်ဖ၀ါးဖြင့် မုဒ္ဒြာ ရဲ့ပါးကိုညင်ညင်သာသာလေး ကိုင်တွယ်ထိတွေ့လိုက်ပြီး သိမ်မွေ့လှသောမျက်ဝန်းတို့ဖြင့် ငေးကြည့်၍

" ဘာလိုလိုနဲ့ မျက်စိရှေ့မှာတင် အစ်မတော်ရဲ့ညီမငယ်လေးဟာ အတော့်ကိုအရွယ်ရောက်ခဲ့ပြီပါကောလား .. သို့ပေတည်း အစ်မတော်ရဲ့မျက်ဝန်းထဲမှာတော့ အခုထိငါ့ညီမတော်လေးကို ကလေးငယ်လေးတစ်ယောက်သဖွယ် မြင်နေမိတုန်းပဲ .. "

မုဒ္ဒြာ နှုတ်ခမ်းပါးလေးကိုတွန့်ကွေးလိုက်ပြီး သူ့ပါးကိုထိတွေ့ကိုင်တွယ်ထားတဲ့ ပဒုမ္မာ ရဲ့လက်ဖ၀ါးပေါ်သို့ ခေါင်းလေးကိုစောင့်ငဲ့လိုက်ရင်း

" စရီ ဟာ ယခုအရွယ်ရောက်နေတဲ့ မိန်းမပျိုတစ်ယောက်ဖြစ်နေပြီဆိုသော အမှန်တရားကိုတော့ အစ်မတော်လက်ခံနိုင်တယ် မဟုတ်ပါလား .. "

သူ့အမေးကို အစ်မတော်ဟာပြန်မဖြေသေးပဲ သူ့မျက်နှာကိုသာ မျက်လုံးလေးပေကလပ် ပေကလပ်ဖြင့် ငေးကြည့်လို့နေပါသည် ။

" စရီ့ ဘ၀မှာ စရီ့ နှလုံးသားနဲ့ထပ်တူထပ်မျှ ချစ်မြတ်နိုးမိတဲ့သူက အစ်မတော်တစ်ယောက်ပဲရှိခဲ့တာပါဘုရား ... အစ်မတော်က စရီ့ အတွက်တော့အရာရာတိုင်းပေပဲ ... စရီ့ ရဲ့အသက်သွေးကြောမကြီးတစ်ခုပါဘုရား... "

အစ်မတော်ရဲ့မျက်နှာနားသို့ ခေါင်းလေးငုံ့ကာ နှစ်ကိုယ်ကြားရုံမျှ ပြောလိုက်တဲ့စကားအဆုံး၌ အစ်မတော်ရဲ့နှုတ်ခမ်းဖျားလေးတွေဟာ နီထွေလာပြီး ပါးပြင်လေးတွေကလည်း ရဲတက်လို့လာ၏ ။ အပေါ်မှာချိတ်ဆွဲထားတဲ့ မီးပုံးမှမီအလင်းရောင်ကြောင့် အစ်မတော်ရဲ့ပါးပေါ်မှ သွေးကြောမျှင်စိမ်းဖန့်ဖန့်လေးတွေကို ပို၍ပင်ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရသည် ။

" သည်တစ်ခုကိုကော အစ်မတော် သိပါလေသလား ... လက်စွပ်ကို ဘယ်ဘက်လက်သူကြွယ်မှာ စွပ်ပေးခြင်းရဲ့ အဓိပ္ပာယ်အပြည့်အစုံကိုလေ .. "

အစ်မတော်ဟာ ဘာကိုမှမပြော ၊ ပြောပါဦး ဆိုသည့်အဓိပ္ပာယ်ဖြင့် မျက်ခုံးလေးကို အသာတစ်ချက်ပင့်ပြသည် ။

" ထိမ်းမြှားမင်္ဂလာပြုခြင်းရဲ့ အဓိပ္ပာယ်ပေပဲလေ အစ်မတော်ဘုရားရဲ့ .. "

" အို့ ... "

သည်တစ်ခါမှာတော့ အစ်မတော်ဟာ အတော်လေးကိုရှက်သွားဟန်တူသည် ။ ခေါင်းလေးကိုပင် အောက်သို့ငုံ့ထားလေပြီ ။ ထို့ကြောင့် သူပြုံးလိုက်မိပါသည် ။

အစ်မတော်ဟာ ယူဆောင်လာသည့်ငွေစအချို့ဖြင့် ဆိုင်ရှင်ထံ၌ ကျသင့်သလောက်ပေးချေလိုက်ပြီး အရှေ့မှခေါင်းလေးငုံ့၍ ခပ်သုတ်သုတ်ထွက်ခွာသွားလေတော့သည် ။ ထိုအခါ သူအနောက်မှ အမှီလိုက်သွားစဉ် ပြေးလွှားဆော့ကစားနေကြသည့် ကလေးငယ်နှစ်ဦးက အစ်မတော်၏ရှေ့တည့်တည့်သို့ပြေးဝင်လာတာကြောင့် ၀င်တိုက်မိမလိုဖြစ်သွားချိန်၌ ... ။

" အစ်မတော် သတိထားတော်မှု .. "

အနောက်ကနေ အစ်မတော်ရဲ့ခါးလေးကိုလှမ်းဆွဲလိုက်ချိန် အိစက်ညက်ညောလှတဲ့ ခန္ဓာကိုယ်လေးဟာ သူ့ရဲ့ရင်ခွင်ထဲသို့ ၀င်ရောက်ကိန်းအောင်းလေတော့သည် ။ ထိုအခိုက်တံ့လေး၌ ကြာပန်းရနံ့ကဲ့သို့သော အစ်မတော်ရဲ့ကိုယ်သင်းရနံ့သင်းသင်းလေးအား ၀၀လင်လင်ရှုရှိုက်ခွင့်ရလိုက်၏ ။

မုဒ္ဒြာ ဖက်လိုက်သည့်အချိန်၌ ပန်း၏ပွင့်ဖက်လေးနှင့်တူလှပါသော ပဒုမ္မာ ၏နှုတ်ခမ်းဖျားလေးတွေဟာ ပွင့်ဟလို့သွားခဲ့ပြီး တောက်ပသောမျက်ဝန်းလေးတွေက ၀ိုင်းစက်လို့သွားခဲ့သည် ။ မုဒ္ဒြာ ၏နှာသီးဖျားဝမှ ၀င်သက်ထွက်သက်တို့သည် ပဒုမ္မာ ၏လည်တိုင်ဆီသို့ လာရောက်ရိုက်ခတ်လို့နေ၏ ။

" အဆင်ပြေပါရဲ့လား အစ်မတော်ရတနာ ? "

ပဒုမ္မာ ၏ကိုယ်ခန္ဓာလေးကို မုဒ္ဒြာ ဟာသူ့ရဲ့မျက်နှာတည့်တည့်ဆီသို့ ညင်ညင်သာသာလေး ဆွဲလှည့်လိုက်ပြီး မေးလိုက်သောအခါ

" အင်း ... ပြေ .. ပြေပါတယ်ကွယ် .. "

အနည်းငယ် တုန်ယင်သလိုရှိနေတဲ့လေသံနဲ့ ပဒုမ္မာ ပြန်ဖြေလိုက်စဉ် မုဒ္ဒြာ ဟာသူ့အစ်မတော်လက်လေးတွေကို ဆုပ်ကိုင်ပေးထားလိုက်သည် ။ ထို့နောက်မျက်ခုံးလေးနှစ်ဖက်ကို ထိစပ်လုမတတ်တွန့်ချိုးကာ

" ကျိန်းသေပါရဲ့လား ဘုရား .. လက်ဖျားလေးတွေက အေးစက်နေပါရောလား အစ်မတော်ရယ် .. "

" အေး .. အေးလို့ .. ရာသီကအေးလို့ ဖြစ်ပါလိမ့်မယ်ညီမတော်စရီ .. "

အစ်မတော်ရဲ့အဖြေကြောင့် မုဒ္ဒြာ ဟာအသာအယာပြုံးလိုက်ရင်း ပိုးဝတ်ရုံလွှာပါး အဖြူလေးအားချွတ်၍ သူ့အစ်မတော်၏ပခုံးထက်ပေါ်မှ လွှမ်းခြုံပေးလိုက်လေသည်။

" မကြောက်ပါနဲ့ဘုရား ... အစ်မတော်ရတနာရဲ့နံဘေးမှာ ဟောဒီက စရီမုဒ္ဒြာ ကထာဝရတည်ရှိပေးနေပါ့မယ် ဘုရား ... "

မုဒ္ဒြာ ပြောလိုက်သည့်စကားကြောင့် ပဒုမ္မာ တစ်ယောက်ရင်ဝယ် လှိုင်းဂယက်ထန်သွားသကဲ့သို့ရှိသည် ။ ထို့နောက်ဝမ်းနည်းခြင်းနှင့် ဂရုဏာသက်သွားတဲ့အရိပ်အယောင်တွေပါဝင်နေသော မျက်ဝန်းတို့ဖြင့် မုဒ္ဒြာ ကိုငေးကြည့်နေပါတော့သည် ။ မုဒ္ဒြာ ကတော့ ထိုညကသူ့အစ်မတော်ရဲ့ အကြည့်တွေကို အဓိပ္ပာယ်မဖော်နိုင်ခဲ့ချေပြီ ။

X    X    X    X    X    X    X

" သည်ဘက်ကိုလာပါ အစ်မတော်ရတနာ .. "

နံနက်ခင်းအာရုဏ်တက်ချိန်တွင် နန်းတော်အတွင်း၌  ရဟန်းသံဃာတော်များအား အာရုဏ်ဆွမ်းကပ်လှူမည့်ပွဲကို မကြာမီအချိန်တွင် ကျင်းပတော့မည်ဖြစ်ရာ ဘုရင်မ မဟာစရီမုဒ္ဒြာဒေ၀ီ ဟာသူမ၏အစ်မတော်ကို လက်ဆွဲ၍အနားသို့ အသာအယာခေါ်ဆောင်လာလေသည်။

" ဘုရင်မ .. သည်နေရာက အကျွန်ုပ်နဲ့ မသင့်လျော်ပေဘူး .. မယ်တော်ကြီးရဲ့နံဘေးမှာပဲ .. "

အများရဲ့ရှေ့မှာ ပဒုမ္မာ ဟာသူမ၏မိခင်ရှိရာနံဘေးသို့သာ ပြန်သွားဖို့အတွက် ဟန်ပြင်နေပေမဲ့လို့ စရီ ကမျက်ရိပ်မျက်ခြေဖြင့် ဟန့်လိုက်၏။ ထို့နောက် ပဒုမ္မာ ၏မိခင်ကြီးကိုပါ သွားရောက်ခေါ်ဆောင်လာပြီး သူမရဲ့မယ်တော်ကြီးနံဘေးမှာပဲ ကပ်လျက်နေရာချပေးလိုက်၏။

ဘုရင်မ စရီမုဒ္ဒြာ ၏မယ်တော်သည်လည်း သူ့ထက်သက်တော်ကြီးရင့်သည့် ပဒုမ္မာ ရဲ့မိခင်ကို လက်ကိုင်ဆွဲထားလိုက်ပြီး

" ဒီဘက်နံဘေးကိုကြွပါ အစ်မတော်ကြီး .. "

ကံတော်ကုန်သွားရှာပြီဖြစ်သည့် ဆင်ဖြူရှင်မင်းတရားကြီး သတိုးသီဟသူရကျော်ခေါင်ဘုရင်မင်းမြတ်ရှိစဉ်အခါက အလယ်နန်းဆောင်မိဖုရားဖြစ်သော စရီမုဒ္ဒြာ ၏မိခင်ကို တခြားသောမိဖုရားများနှင့် မင်းဆွေမင်းမျိုးတွေက မနာလိုကာ ရှောင်ဖယ်၍၀ိုင်းနှိမ်ခဲ့ကြသည်။ သို့သော် ပဒုမ္မာ၏မိခင်ဖြစ်သူ တောင်နန်းစံမိဖုရားခေါင်ကြီးကတော့ စရီမုဒ္ဒြာ ရဲ့မိခင်ကိုကော စရီမုဒ္ဒြာ ကိုပါ သွေးသားအရင်းအချာ ညီမတစ်ယောက်လို ၊ သမီးအရင်းလို မေတ္တာရှေ့ထားပြီး စောင့်ရှောက်ကာကွယ်ပေးခဲ့ဖူးသည်။ ဤကျေးဇူးတွေကို ဘုရင်မစရီမုဒ္ဒြာ ကကော ဘုရင်မ၏မယ်တော်ကြီးကပါ ယနေ့အထိမမေ့မလျော့ပဲ ယခုလိုအချိန်မျိုးမှာ တလေးတစားဖြင့် ပြန်ပြီးဂရုစိုက် အလေးထားဆက်ဆံခဲ့ကြခြင်းဖြစ်၏။ တကယ်ဆိုလျှင် ပဒုမ္မာဒေ၀ီ ဟာဆုံးပါးသွားသော နန်းကျဘုရင် သိင်္ဂစည်သူ၏ မိဖုရားအဖြစ် တင်မြှောက်ခြင်းခံဖူးသူတစ်ဦးဖြစ်ပြီး အကျယ်ချုပ်ဖြင့် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသူမို့ ဘုရင်မ စရီမုဒ္ဒြာ၏ သစ္စာတော်ခံများဖြစ်ကြသည့် မူးမတ်တချို့နှင့် ဆွေတော်မျိုးတော်တချို့က သိပ်တော့သဘောမကျလှပေ။ ဘုရင်မက သူ၏အစ်မတော်ကို အရမ်းမြှောက်စားပြီး အရေးပေးလွန်းသည်ဟု သတ်မှတ်ကြပြီး အမြင်မကြည်လင်ကြချေ။

" ဒီနေရာက အမြဲတမ်းအစ်မတော်ရဲ့နေရာပဲ .. "

သူ့ရဲ့နံဘေးမှာကပ်လျက်ရှိနေတဲ့ အစ်မတော်ကို ပြောလိုက်ပေမဲ့လို့ အစ်မတော်ကတော့ တိုးသဲ့သဲ့သက်ပြင်းတစ်ချက်ချကာ

" သို့ပေမဲ့ မသင့်လျော်ပေဘူး ညီမတော် .. အများရဲ့အမြင်မှာက .. "

သူ့တစ်ကိုယ်ကြားစေရုံမျှသာ ခပ်တိုးတိုးလေးပြောနေတဲ့ အစ်မတော်ရဲ့စကားကို ပြီးဆုံးသည်အထိ မစောင့်နေတော့ပဲ

" အများရဲ့အမြင်ကို စိတ်ထဲမထည့်လေနဲ့ .. အစ်မတော်က ဖခမည်းတော်ကြီးရဲ့ အကြီးဆုံးသော သမီးတော် .. တစ်ပင်တိုင်ဘွဲ့ခံ မင်းသမီးကြီးဖြစ်ခဲ့ဖူးသူပါ .. "

ဆင်စွယ်ရောင်ပိုးပ၀ါလေးကို ပခုံးပေါ်သို့ခြုံလွှမ်းထားသည့် အစ်မတော်ဟာ သက်ပြင်းသဲ့သဲ့ ထပ်ချပြန်သည်။

" နန်းကျဘုရင် သိင်္ဂစည်သူရဲ့ မိဖုရားဖြစ်ခဲ့ဖူးသူဆိုရင်လည်း မမှားပေဘူးလေ .. "

မျက်လွှာကို အောက်သို့ချကာ ပ၀ါစထောင့်ဖျားလေးအား ဆုပ်ကိုင်ထားသည့် အစ်မတော်၏လက်ကို သူ့လက်ဖ၀ါးနဲ့ ခပ်ဖွဖွလေးဆုပ်ကိုင်ပေးထားလိုက်မိသည်။ ထို့နောက် ခေါင်းကိုဘေးသို့ငုံ့ခါ ခပ်တိုးတိုးလေးပြောလိုက်၏။

" အဲ့ဒါက ဖခမည်းတော်ရဲ့ဆန္ဒအလိုအရကြောင့်လေ .. တကယ်တမ်းသိမ်ငယ်တဲ့စိတ်ဝင်ရမှာက အစ်မတော်မဟုတ်ပေဘူး ဖခမည်းတော်ရဲ့ဖြစ်စေချင်တဲ့ဆန္ဒတွေကို ဖျက်စီးမိပြီး ထီးနန်းလုယူခဲ့မိတဲ့ ညီမတော်ပေပဲ .. "

" အို ... "

သူ့ရဲ့ခပ်တိုးတိုးစကားတစ်ခွန်းအဆုံးတွင် အစ်မတော်က မျက်ခုံးနှစ်ဖက်ကို တွန့်ကွေးကာ တိုးတိုးလေးပြန်ပြောရှာသည်။

" အစ်မတော်သိမ်ငယ်စိတ်ဝင်တာ မဟုတ်ပေဘူး ညီမတော် .. ညီမတော်က အစ်မတော်နဲ့မယ်တော်ကြီးကို မျက်နှာသာပေးလွန်းတာဟာ တချို့သောလူတွေရဲ့အမြင်မှာ စိတ်မကြည်လင်စရာ ဖြစ်ပေလိမ့်မယ် .. ဘာ့ကြောင့်လဲဆိုတော့ နန်းကျဘုရင်ရဲ့ မိဖုရားဖြစ်နေလို့ပဲ .. ဒီတစ်ခေါက်တော့ ရှိပါစေတော့ နောက်တစ်ခါများမှာတော့ ယခုလိုမသင့်လျော်တဲ့နေရာကို မပေးအပ်နဲ့ကွယ် .. ယခုလက်ရှိမှာ အစ်မတော်တို့နဲ့ သင့်တော်မဲ့နေရာထိုင်ခင်းမှာသာ ထိုင်ခွင့်ပြုပါ .. အခုလိုကုသိုလ်ကောင်းမှုပြုလုပ်ခါနီးအချိန်မှာ အတိတ်ကအကြောင်းအရာတွေကို ပြန်မတွေးလေနဲ့ .. ယခုလက်ရှိမှာ အစ်မတော်ရဲ့ညီမငယ်လေးက မင်းကျင့်တရား ၁၀ ပါးနဲ့အညီအုပ်ချုပ်နေတဲ့ ဘုရင်မကြီးတစ်ပါးဖြစ်နေပါပြီ .. ယခုလည်း ကြီးကျယ်ခမ်းနားလွန်းတဲ့ အလှူအတန်းပွဲကြီးကို ဦးစီးဦးဆောင်ပြီးပြုလုပ်ရတော့မှာမို့ စိတ်နှလုံးချမ်းမြေ့အောင်သာ နေထိုင်တော်မှုပါ .. "

ရှည်လျားလှသော အဆိုအမိန့်တွေကို တိုးညှင်းပြီး အေးမြသည့်လေသံချိုချိုလေးဖြင့် ပြောဆိုလိုက်ပြီးနောက် ကျက်သရေမင်္ဂလာအဖြာဖြာရှိလွန်းလှပါသော အပြုံးလေးတစ်ခုဖြင့် ပြုံးရယ်ပြနေပြန်သည်။

တကယ်တမ်းကျတော့ အစ်မတော်က သူ့အတွက်တွေးတောပြီး မိန့်ဆိုနေခြင်းဖြစ်ကြောင်း မုဒ္ဒြာ သိပါသည်။ ယခုအချိန်အထိ မည်သူနှင့်မျှ လက်ထပ်ထိမ်းမြှားမင်္ဂလာမပြုလုပ်သေးသည့် သူ့မှာ ထီးနန်းအမွေဆက်ခံမည့် မျိုးဆက်လည်းမရှိချေ။ ဒါကို သူ့ရဲ့သစ္စာတော်ခံမှူးမတ်များနဲ့ ဆွေတော်မျိုးတော်တွေက သဘောမကျကြပါ။ အတိုင်ပင်ခံအမတ်ကြီးရဲ့သားဖြစ်သူ ဘယ်လက်ရုံးစစ်သူကြီး သီဟသူရိန်နှင့် လက်ဆက်မင်္ဂလာပြုစေလိုကြသည်။ တိုင်းပြည်ကိုအုပ်ချုပ်နေသည့် မင်းတစ်ပါးမှာ ထီးမွေနန်းမွေဆက်ခံမည့်သူတစ်ဦးတော့ ရှိဖို့လိုအပ်သည်ဟု မကြာခဏအကြံပြုချင်ကြသည်။ ထိုကိစ္စနဲ့ပတ်သတ်ပြီး ထပ်မလျှောက်တင်ကြလေနဲ့လို့ ခတ်ထန်ထန်ပြောဆိုထားခြင်းကြောင့်သာ အတင်းအကျပ် သံတော်ဦးမတင်ရဲကြခြင်းဖြစ်၏။

အစ်မတော်ကို မကြည်ဖြူချင်ကြသည့် အကြောင်းအရင်းကတော့ အစ်မတော်ဟာ နန်းကျဘုရင်သိင်္ဂစည်သူ၏ မိဖုရားခေါင်ကြီးဖြစ်ဖူးတာကြောင့် နန်းကျဘုရင်ရဲ့ ဆွေတော်မျိုးတော်တွေ၏ ဘက်တော်သားဟု ထင်ကြေးပေးပြောဆိုနေကြပြီး မင်းသမီးကြီး မဟာရတနာပဒုမ္မာဒေ၀ီ သည်တစ်ချိန်ချိန်တွင် ဘုရင်မ၏ယုံကြည်မှုကို အလွဲသုံးစားပြု၍ ပုန်ကန်သည့်ဘက်ကို ပါဝင်နိုင်သည်ဟု သတိပေးပြောဆိုကြသည်။ ထိုသို့သော သတိပေးမှုမျိုး ဘယ်သောအခါမှ ထပ်မပြောကြလေနှင့် ၊ အစ်မတော်ဟာ သူ့ရဲ့အယုံကြည်ရဆုံး အားအထားရဆုံးသူမို့ အစ်မတော်နဲ့ပတ်သတ်ပြီး မကောင်းကြောင်း ထပ်မံလျှောက်တင်မည့်သူကို လုံးဝခွင့်မလွှတ်ဘူးဟု ကြိမ်းဝါးထားခြင်းကြောင့်သာ သူ့ရှေ့တွင် အစ်မတော်အကြောင်း ဘာဆိုဘာတစ်ခွန်းမျှ မဆိုရဲကြတော့ခြင်းဖြစ်၏။ သို့ပေမဲ့ အစ်မတော်ကတော့ အရာရာကို သိမြင်ခန့်မှန်းနိုင်သော စိတ်နှလုံးထားပြည့်ဝသည့် ပညာရှိမင်းသမီးကြီးတစ်ပါးသာဖြစ်ပေသည်။ သူ့အတွက်ကြောင့်နဲ့ မိမိနှင့် မိမိရဲ့သစ္စာတော်ခံတွေကြားမှာ ပဋိပက္ခဖြစ်တာမျိုးကို လုံးဝမလိုလားသူမို့ ထိုသို့မိန့်ဆိုခြင်းမျိုးဖြစ်တယ်ဆိုတာကို မုဒ္ဒြာ ကောင်းကောင်းကြီးသဘောပေါက်ပါသည်။

အာရုဏ်ဆွမ်းကပ်လှူသည့်ပွဲ၌ တန်းဆွမ်းလောင်းသည့်အချိန်တွင် အစ်မတော်ပဒုမ္မာ နှင့်အတူဘေးချင်းယှဉ်တွဲပြီး ဆွမ်းကပ်လှူခွင့်ရခြင်းသည် အင်မတန်မှကို ထူးကဲမွန်မြတ်လှတဲ့ ကုသိုလ်ကံတရားပင်ဖြစ်ပေသည်ဟု မုဒ္ဒြာ စိတ်ထဲကနေရေရွတ်ရင်း ကြည်နူးပီတိဖြာနေမိသည်။

ရေကြည်ရေပေါက်ကဲ့သို့ အေးမြလှသော အစ်မတော်၏အရိပ်အာဝါသအောက်တွင် ရှိနေသေးသ၍ကတော့ ဒေါသအင်မတန်ကြီးမားတတ်သော ဘုရင်မ စရီမုဒ္ဒြာ အဖို့ အဆင်အမြဲ ကိုယ်စိတ်နှလုံးအေးချမ်းနေရပါတော့သည်။

ရွှေဆွမ်းအုပ်ဖြင့် တန်းဆွမ်းကပ်လှူနေရင်း ယောဂီရောင် ထိုင်မသိမ်းနှင့် ပိုးအင်္ကျီအဖြူရောင်လေးကိုတွဲဖက် ဆင်မြန်းထားပြီး အပေါ်မှ ဆင်ဆွယ်ရောင်ပ၀ါပါးပါးလေးတစ်ထည်ကို ရစ်ပတ်လွှမ်းခြုံထားပါသော ကျက်သရေရှိလွန်းလှသည့် အစ်မတော်၏မျက်နှာတော်ဖြူဖြူနုနုလေးကို ဘေးတစောင်းလေးငုံ့၍ မသိမသာခိုးခိုးကြည့်နေမိသော ဘုရင်မတစ်ပါး၏အဖြစ်ကိုတော့ မည်သူက သိနိုင်မည်တဲ့နည်း။

ဘုရင်မကြီး'မဟာစရီမုဒ္ဒြာဒေ၀ီ´အတွက်တော့ ပျော်ရွှင်မှုဆိုသည့်အရာဟာ အစ်မတော်နှင့်ပတ်သတ်မှသာ ဖြစ်တည်ပေါက်ဖွားလာခြင်းမျိုးသာဖြစ်ပေသည်။

X    X    X    X    X    X

Continue Reading

You'll Also Like

54.6K 5.4K 51
ဘာသာပြန်သူ စွဲညို့အသင်း
132K 12.7K 121
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင...
Chemistry By Teddy

Teen Fiction

5.9M 184K 44
The school knows Ezra as the mysterious badass who always speaks her mind, but the truth is that she is barely holding on. She is forced to work long...
150K 17.3K 102
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...