Chapter (164) - မကောင်းဆိုးဝါးနှင့် အပေးအယူ လုပ်ခြင်း
ချန်ကော သည် အဝတ်လျှော်ခန်းမှ ထွက်လာပြီး ဝမ်ဟိုင်မင် (ဟိုင်မင် တိုက်ခန်းပိုင်ရှင် ) တစ်ချိန်က နေခဲ့ဖူးသည့် အခန်းကို ရှာတွေ့ရန် ဒုတိယထပ်သို့ ထွက်လာခဲ့သည်။ အခန်းငယ်လေးတခန်းဆီတွင် ကုတင်နှစ်လုံး ထားရှိထားသည်။ မွေ့ယာနှင့် အဖုံးများကို ဖယ်ရှားခဲ့ပြီး ကုတင်ဘောင်နှစ်ခုသာ ကျန်ရှိတော့သည်။ လူနာများဘေးကင်းရေးကြောင့် အခန်းထဲတွင် ချွန်ထက်သော အရာတစ်ခုမှ မရှိခဲ့ပေ။ ကုတင်ရဲ့ အနားတွေကိုတောင် တမင်သက်သက် ချောချောမွေ့မွေ့ ဖြစ်အောင် လုပ်ထားတယ်။
"ဝမ်ဟိုင်မင် ကို သူ့ရဲ့ ဒုတိယဇနီးဖြစ်သူက ဆေးရုံကို ပို့ခဲ့ပါတယ်။ သူ့ခေါင်းမှာ တစ်ခုခုဖြစ်နေတယ်လို့ ယူဆတယ်ဆိုရင်တောင်မှ အခုလို စိတ်ရောဂါကု ဆေးရုံကို ပို့တဲအထိ မဖြစ်သင့်ဘူးလေ။ ဒီအမျိုးသားကို လုပ်ကြံခံရတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။"
သူ့မှာရှိသမျှ အချက်အလက်တွေကို ရေးဖွဲ့ရင်း ဝမ်ဟိုင်မင်ရဲ့ဖြစ်ရပ်နောက်ကွယ်က ရှုပ်ထွေးတဲ့ ဘဝတစ်ခုကို ဦးတည်လာခဲ့သည်ကို ချန်ကော သဘောပေါက်သွားတယ်။
သူ့ဘဝတွင် ကြီးမားတဲ့ စိတ်ဓါတ်ကျစရာ အဖြစ်ကိုကြုံခဲ့တယ်ဆိုရင်တောင်မှ သူက အရှုံးမပေးပဲ ရုန်းကန်ခြင်းတိုက်ခိုက်မှုကို ဘယ်သောအခါမှ မရပ်တန့်ခဲ့ပေ။ စိတ်ကျန်းမာရေးဆေးရုံသို့ အတင်းအကြပ်ပို့ခံရခြင်း သို့မဟုတ် ဆေးရုံမှဆင်းပြီးနောက်တွင် မကောင်းဆိုးဝါး တစ်ကောင်နှင့် သူ့ခန္ဓာကိုယ်အတွက် တိုက်ပွဲဝင်ခြင်းကို ကြုံရပါစေ၊ သူသည် တိုက်ပွဲကို ဘယ်တော့မှ မရပ်တန့်ခဲ့ပေ။ သူက လူကောင်းတစ်ယောက်မဟုတ်ပဲ သူ့အရင်ဇနီးကို လှည့်စားခဲ့တယ်လို့ ယူဆလို့ရပေမယ့် တစ်ချို့သော ရှုထောင့်ကနေကြည့်ရင်တော့ သူ့အပြစ်အတွက် လုံလောက်တာထက်ပိုပြီး ပေးဆပ်ထားပြီးပြီလို့ ဆိုနိုင်တယ်။
"ဖျားနေတဲ့ လူနာတွေ ထားတဲ့ အခန်းကို တံခါးတိုင်းမှာ သော့ခတ်ထားပြီး အပြင်ကနေပဲ ဖွင့်လို့ရတယ်။ စင်္ကြံတစ်လျှောက် မီတာနှစ်ဆယ်တိုင်းမှာ လုံခြုံရေးတံခါးတွေ ရှိတယ်၊ သူနာပြုတွေနဲ့ အလုပ်သမားတွေလည်း ရှိနေတယ်။ ညတိုင်း ကင်းလှည့်နေတော့ ဝမ်ဟိုင်မင် က ဘယ်လို လွတ်မြောက်သွားတာလဲ။"
ချန်ကောသည် ကုတင်ဘောင်ပေါ်တွင် ထိုင်ကာ ခုံပေါ်တင်မှတဆင့် ပြတင်းပေါက်ကို လေ့လာသည်။
"ပြတင်းပေါက်ကနေ ခုန်ဆင်းခဲ့တာလား?"
သစ်သားပျဉ်ပြားများကို ဖြတ်၍ ပြတင်းပေါက်ကို သံမဏိချောင်းတွေ၊ ကွန်ကရစ်ဖြင့် ခိုင်ခံ့အောင်ပြုလုပ်ထားကြောင်း ချန်ကော သတိပြုမိခဲ့သည်။ ဒီနေရာက သူရှာနေတဲ့ ထွက်ပေါက် မဟုတ်ဘူး။ ထို့အပြင် ဆေးရုံကို နှစ်မီတာမြင့်သော ဘိလပ်မြေတံတိုင်းနှင့် အပြင်ဘက်တွင်ကာထားပြီး စိမ်းလန်းစိုပြေသော သစ်တောများဖြင့် ဝန်းရံထားသည်။ လမ်းညွှန်မြေပုံမရှိဘဲ ဒီတောလမ်းထဲမှာ လမ်းပျောက်နိုင်ဖို့ များသည်။ ဒါပေမယ့် ဒီအခြေအနေတွေအောက်မှာ ဝမ်ဟိုင်မင် က လွတ်မြောက်နိုင်ရုံသာမက သူ့ကို ကယ်တင်ဖို့အတွက် သူ့ဇနီးဟောင်းနဲ့လည်း ဆက်သွယ်ခဲ့တယ်။ ဤလုပ်ငန်းစဉ်တစ်ခုလုံးကို ရုပ်ရှင်ဇာတ်ကားတွေထဲမှာပဲ ဖန်တီးနိုင်မည်ဖြစ်သည်။
ဝမ်ဟိုင်မင် တစ်ယောက်တည်း ဒီနေရာကနေ လွတ်မြောက်ဖို့ ခက်ခဲလွန်းပါတယ်။ သူ့ ကိုယ်အတွင်းမှာရှိတဲ့ မကောင်းဆိုးရဲ့ စွမ်းအားကိုလည်း အားကိုးတာဖြစ်နိုင်တယ်။ မကောင်းဆိုးဝါးနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ဤဆေးရုံမှ လွတ်မြောက်နိုင်တာပဲလေ။ နောက်ဆုံးတော့ မကောင်းဆိုးဝါးနှင့် လူသားတို့ရဲ့ တူညီသော ပန်းတိုင်က ဒီစိတ်ကျန်းမာရေးဆေးရုံကနေ ထွက်သွားဖို့ပါပဲ။ ဒါကို ချန်ကော နားလည်သော်လည်း နောက်ထပ်မေးခွန်းတစ်ခု ကျန်နေသေးသည်။
ဝမ်ဟိုင်မင် ရဲ့ ခန္ဓာကိုယ်ထဲကို မကောင်းဆိုးဝါးက ဘယ်တုန်းက ဝင်လာတာလဲ။
ရွှီထုံ နဲ့ သူ စကားပြောခဲ့တာကို သတိရပြီး ချန်ကောက ဝမ်ဟိုင်မင် အကြောင်း ထူးဆန်းတဲ့ အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူ၏ ပထမဆုံးသော 'ကုထုံး'ကို ကုသ ပြီးနောက် မကြာမီတွင် သူသည် ဆရာဝန်များကို တိုက်ခိုက်ပြီး သူနာပြုတစ်ဦးကိုပင် ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်။ ဒီဖြစ်ရပ်ရဲ့အဓိက အကြောင်းရင်းမှာ ရိုးရိုးလေးဖြစ်သည်။ ဒါတွေက ဆေးကို မသောက်ပဲ ဝှက်ထားခြင်း ဖြစ်သည်။ ဒီဆေးနဲ့ကုထိုးက အရူးတစ်ယောက်အတွက် ကိုင်တွယ်ဖို့လုံလောက်ပေမယ့် ဝမ်ဟိုင်မင်က အရူးတစ်ယောက်တော့ မဟုတ်ဘူး။
သူ ဒါကို တမင် ရည်ရွယ်ပြီး လုပ်ခဲ့တာလား။ သူ တတိယဖျားနာဆောင် ထဲကို ပြန်ဝင်ချင်နေတာလား။ ချန်ကော သည် ဤရိုးရှင်းသော ရောဂါကုသ ခန်းကို စစ်ဆေးခဲ့သည်။ တစ်ခုခုကို ဖုံးကွယ်ထားနိုင်တဲ့ တစ်ခုတည်းသောနေရာကတော့ ကန့်လန့်ကာနောက်နဲ့ ကုတင်အောက်တွေမှာပဲဖြစ်သည်။
မတ်တပ်ထရပ်ပြီး ချန်ကော သည် အိပ်ယာဘောင်နှစ်ခုကို ရွှေ့လိုက်သည်။ စောစောက ကုတင်နဲ့ ဖုံးထားတဲ့ နံရံတစ်ခုပေါ်လာပြီး သူ အသစ်တစ်ခုကို ရှာတွေ့ခဲ့တယ်။ တစ်စုံတစ်ဦးသည် အဖြူရောင် နံရံသုတ်ဆေးပေါ်တွင် ဒိုင်ယာရီ လိုမျိုး စာတွေကို သူတို့၏လက်သည်းများကို အသုံးပြုပြီး ရေးသားခဲ့သည်ကို တွေ့လိုက်ရသည်။ အချိန်တွေကြာလာတာကြောင့် စကားလုံးအများစုဟာ ဖတ်လို့မရပေမယ့် ချန်ကောက ဒါက ဒိုင်ယာရီဆိုတာကို သိခဲ့ရပါတယ်။
"ဒါ ဝမ်ဟိုငမင် ရဲ့ လက်ရေးလား"
ချန်ကောက တံခါးကိုပိတ်ပြီး နံရံပေါ်မှာ ဓာတ်မီးထိုးပြီး စကားလုံးများကို စတင်ဖတ်လိုက်သည်။
"ငါ တကယ်ရူးသွားပြီလား?
"အလုပ်သမားနှစ်ယောက်နဲ့ ဆရာဝန်တစ်ယောက်က ကျွန်တော့်ကို လျှပ်စစ်ရှော့တိုက်ခန်းထဲကို ခေါ်သွားတယ်။ တိရိစ္ဆာန်ကောင်တွေက တံခါးကို သော့ခတ်ထားတာကြောင့် ဘယ်သူမှ မဝင်မလာနိုင်ဘူး။"
"ဆေးကုပြီးသွားလည်း ငါက အခန်းထဲမှာ လူလေးယောက်ကို ဘာလို့တွေ့နေတာလဲ။"
"လူနာရဲ့အဝတ်အစားကို ဝတ်ထားတဲ့သူက ဘယ်သူလဲ။"
ဝမ်ဟိုင်မင် က ဒါကို ချန်ထားခဲ့တာ ဖြစ်နိုင်တယ်။ ဖျော်ဖြေရေးကိရိယာများမရှိသောအခန်းတွင် ဒိုင်ယာရီရေးခြင်းဖြင့် သူတို့ အချိန်ကို ကုန်ဆုံးနို်င်သည်။ သူက သူ့ပတ်ဝန်းကျင်ကလူတွေနဲ့ မတူဘူးဆိုတာ သိလိုက်ရတယ်၊
"တုန်လှုပ်ချောက်ချားမှုကြောင့် အံ့ဩသွားတာလား၊ သူ ဘာလို့ ငါနဲ့ စကားပြောနိုင်ရတာလဲ၊ သူ့ကို ဘာကြောင့် မြင်ပဲ မြင်နိုင်ရတာလဲ။"
"သူက ကျွန်တော့်ကို လွတ်မြောက်အောင် ကူညီပေးနိုင်တယ်လို့ ပြောခဲ့ပေမယ့် အပြန်အလှန်အနေနဲက သူ့တောင်းဆိုချက် တစ်ခုကို သဘောတူဖို့ လိုနေတယ်။
"ဒါက တကယ့် နတ်ဆိုးနဲ့ှု အပေးအယူလုပ်ခြင်းပဲ။ ဒါပေမယ့် ကျွန်တော့်မှာ ရွေးချယ်စရာမရှိတော့ဘူး။"
"တစ်ခုခုတော့ မှားနေပြီ၊ အဲဒီဆေးတွေကြောင့် ဖြစ်နိုင်လား? ငါ့ဦးနှောက်ထဲကို တစ်စုံတစ်ယောက်က ခဲတွေထည့်လိုက်သလိုမျိုး လေးနေပြီး အိပ်ပျော်သွားတာကို ငါတွေ့လိုက်ရတယ်။"
"မကောင်းဆိုးဝါးက တတိယမြောက်ဖျားနာဆောင်ခန်းမကနေ ထွက်သွားနိုင်ပုံမပေါ်ဘူး။ ဒီဆေးရုံကနေ လွတ်မြောက်ချင်ရင် သူ့ကို အဲဒီနေရာမှာ ရှာတွေ့ဖို့ လိုလိမ့်မယ်။
"ဒီမှာ ရှိတဲ့ အလုပ်သမားတွေက အကြင်နာမဲ့ တိရစ္ဆာန်တွေပဲ၊ ဒီနေရာကို ငါ ဖျက်ဆီးပစ်မယ်လို့ ကျိန်ဆိုတယ်။"
"အဲဒီအခန်းထဲကို ဒုတိယအကြိမ်ဝင်ပြီးရင် သူ့တောင်းဆိုချက်ကို ငါ သဘောတူခဲ့တယ်။ ရေချိုးခန်းထဲမှာ ထုံးတမ်းစဉ်လာတွေလုပ် ပြီးတဲ့အခါ ကျွန်တော့်ခန္ဓာကိုယ်ထဲကို မကောင်းဆိုးဝါးက ဝင်သွားတယ်။"
"ဒီကမ္ဘာမှာ နတ်ဆိုးတစ်ကောင်ရှိတယ်လို့ ယုံကြည်ပြီး သူ့ရဲ့အပေးအယူ လုပ်တာ လက်ခံဖို့ ငါ တကယ်ရူးသွပ်သွားပြီလား"
ဒိုင်ယာရီက ဒီနေရာတွင် ရုတ်တရက် ရပ်သွားသည်။ အပေးအယူ လုပ်ပြီးနောက်တွင် ဘာတွေဆက်ဖြစ်ခဲ့တယ်ဆိုတာ ဝမ်ဟိုင်မင်ပဲ သိနိုင်လောက်သည်။
ဝမ်ဟိုင်မင်ရဲ့ကိုယ် အတွင်းရှိ မကောင်းဆိုးဝါးသည် တတိယဖျားနာဆောင်ခန်းမထဲက ထွက်လာတာဖြစ်ပြီး ကိုယ်ထဲဝင်ဖို့ ထုံးတမ်းစဉ်လာကို ရေချိုးခန်းထဲတွင် ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သည်။
အမ်....... ထုံးတမ်းစဉ်လာဆိုတာ မှန်တစ်ချပ်ဆိုတာ ဖြစ်နိုင်သလား။ အဲဒီအခါမှာဝမ်ဟိုင်မင်ရဲ့ကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မကောင်းဆိုး ဝါးဟာ နတ်ဆိုးတစ်မျိုးမဟုတ်ပဲ သာမန်မှန်ထဲက ထွက်လာတဲ့မကောင်းဆိုးဝါး တစ်ကောင်ပဲ။
ချန်ကောသည် မှန်ထဲက မကောင်းဆိုးဝါးတွေနဲ့ပတ်သတ်ပြီး တစ်ခုနှစ်ခုလောက် သိထားသည်။ သူတို့က အထူးအားကောင်းခြင်း မရှိသော်လည်း အလွန်လိမ္မာပါးနပ်ကြသည်။ အခန်းထဲမှာ တခြားသဲလွန်စတွေမရှိတာကြောင့် ချန်ကောက ထွက်လာလိုက်တယ်။
ဝမ်ဟိုင်မင်ရဲ့ကိုယ်ထဲကမကောင်းဆိုးဝါးက တတိယ ခန်းမထဲက ထွက်လာတာဆိုရင် အဲ့မှာ ဘာကြောင့် အရပ်ရှည်တဲ့ မကောင်းဆိုးဝါးက အဲ့ခန်းမထဲမှာ ဆက်မနေရတာလဲ။ မကောင်းဆိုးဝါးတွေ ဘာကြောင့် ထွက်လာကုန်တာလဲ။
ချန်ကောက နောက်ထပ် အဖြေများ လိုအပ်နေသည်။ သူသည် တူကိုကိုင်ကာ ကြောင်ဖြူတစ်ကောင်ကို ခေါ်ရန် လေချွန်ကာ တတိယ နာမကျန်းသော ခန်းမထဲသို့ သွားရန် ပြင်ဆင်လိုက်သည်။
စတုတ္ထထပ်ရှိ အဆောက်အဦနှစ်ခုကို ချိတ်ဆက်ထားသော စင်္ကြံသို့ ပြန်ရောက်လာသည်။ တတိယ နာမကျန်း ခန်းမဆောင် ထဲကို ထွက်ဖို့ ဒီလမ်းကို မျက်နှာမီးလောင်လို့ တွန့်လိမ်နေတဲ့ လူက အသုံးပြုခဲ့တယ်။
"ဆားတွေက နေရာမရွေ့ဘူး၊ ဒါကြောင့် ဘယ်သူမှ ဒီလမ်းကို မဖြတ်ထားဘူး။"
သံမဏိတံခါးကို တွန်းဖွင့်လိုက်တော့ ချန်ကော သည် အမှောင်ထဲတွင် နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ သူ့ခြေထောက်အောက်က ကြွေပြားတွေပေါ် တလှမ်းချင်း တရွေ့ရွေ့ရွေ့လျားနေပြီး တတိယဖျားနာဆောင်ခန်းမ ရှိ စင်္ကြံလမ်းကို ဖြတ်ကျော်သွားချိန်မှာတော့ သူ့အပေါ် တစ်စုံတစ်ခု လွှမ်းမိုးလာသလို ခံစားချက်တစ်ခု ခံစားလိုက်ရပြီး စိတ်အခြေနေက ဆိုးရွားလာခဲ့တယ်။ ကြောက်စရာကောင်းတဲ့ မကောင်းဆိုးတစ်ကောင်က သူ့ကို စိုက်ကြည့်နေသလိုမျိုး သူ အေးခဲလာသလို ခံစားလိုက်ရတယ်။
ဘာကိုမှမကြောက်တဲ့ ကြောင်ဖြူလေးတောင် သူ့ခြေကျင်းဝတ်မှာ ပုန်းနေခဲ့တယ်။ ချန်ကော ရဲ့ ဂျာကင်အင်္ကျီကြောင့် မဟုတ်ရင် ကြောင်က ထွက်ပြေးနေပြီလို့ ချန်ကော ထင်သည်။
မိဘတွေ ချန်ထားခဲ့တဲ့ သဲလွန်စက ဒီမှာပဲလား။ ဘာပဲဖြစ်ဖြစ် သူ ပြန်လှည့်လို့ မရဘူး။
ချန်ကောက သူ့ကျောပိုးအိတ်တစ်ဝက်ကို ဖွင့်လိုက်ပြီး လက်ကိုင်ပုဝါကို ဆွဲထုတ်လိုက်သည် ။ ဒီနည်းနဲ့ သူလိုချင်တဲ့အချိန်တိုင်း ဖမ်းလို့ရတယ်။
"အချိန်တန်ပြီ။"
ချန်ကောက သူ့ဖုန်းကိုကြည့်လိုက်သည်၊ ည ၁၁း၅၁ နာရီ။ နောက်ထပ်ကိုးမိနစ်ဆိုရင် သန်းခေါင်ယံအချိန်ဖြစ်လိမ့်မည်။
ချန်ကော သည် ဖျားနာဆောင်ခန်းမထဲသို့ ဝင်ရောက်လာစဉ် ထူးဆန်းသော ခံစားချက်ကို ခံစားလိုက်ရသည်။ တတိယဖျားနာဆောင်ခန်းမ တစ်ခုလုံးသည် ကြီးမားသော မကောင်းဆိုးဝါးကြီး နေထိုင်ရာနေရာတစ်ခုလို ခံစားရပြီး ချန်ကော ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် အအေးဓာတ်ကြား ချန်ကောက လေးလံစွာ အသက်ရှုရှိုက်လိုက်သည်။
***-****
Chapter (164) - မေကာင္းဆိုးဝါးနွင့္ အေပးအယူ လုပ္ျခင္း
ခ်န္ေကာ သည္ အဝတ္ေလွ်ာ္ခန္းမွ ထြက္လာၿပီး ဝမ္ဟိုင္မင္ (ဟိုင္မင္ တိုက္ခန္းပိုင္ရွင္ ) တစ္ခ်ိန္က ေနခဲ့ဖူးသည့္ အခန္းကို ရွာေတြ႕ရန္ ဒုတိယထပ္သို႔ ထြက္လာခဲ့သည္။ အခန္းငယ္ေလးတခန္းဆီတြင္ ကုတင္ႏွစ္လုံး ထားရွိထားသည္။ ေမြ႕ယာႏွင့္ အဖုံးမ်ားကို ဖယ္ရွားခဲ့ၿပီး ကုတင္ေဘာင္ႏွစ္ခုသာ က်န္ရွိေတာ့သည္။ လူနာမ်ားေဘးကင္းေရးေၾကာင့္ အခန္းထဲတြင္ ခြၽန္ထက္ေသာ အရာတစ္ခုမွ မရွိခဲ့ေပ။ ကုတင္ရဲ႕ အနားေတြကိုေတာင္ တမင္သက္သက္ ေခ်ာေခ်ာေမြ႕ေမြ႕ ျဖစ္ေအာင္ လုပ္ထားတယ္။
"ဝမ္ဟိုင္မင္ ကို သူ႔ရဲ႕ ဒုတိယဇနီးျဖစ္သူက ေဆး႐ုံကို ပို႔ခဲ့ပါတယ္။ သူ႔ေခါင္းမွာ တစ္ခုခုျဖစ္ေနတယ္လို႕ ယူဆတယ္ဆိုရင္ေတာင္မွ အခုလို စိတ္ေရာဂါကု ေဆးရံုကို ပို႕တဲအထိ မျဖစ္သင့္ဘူးေလ။ ဒီအမ်ိဳးသားကို လုပ္ႀကံခံရတယ္လို႕ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။"
သူ႔မွာရွိသမွ် အခ်က္အလက္ေတြကို ေရးဖြဲ႕ရင္း ဝမ္ဟိုင္မင္ရဲ႕ျဖစ္ရပ္ေနာက္ကြယ္က ရႈပ္ေထြးတဲ့ ဘဝတစ္ခုကို ဦးတည္လာခဲ့သည္ကို ခ်န္ေကာ သေဘာေပါက္သြားတယ္။
သူ႔ဘဝတြင္ ႀကီးမားတဲ့ စိတ္ဓါတ္က်စရာ အျဖစ္ကိုႀကံဳခဲ့တယ္ဆုိရင္ေတာင္မွ သူက အရံႈးမေပးပဲ ႐ုန္းကန္ျခင္းတိုက္ခိုက္မႈကို ဘယ္ေသာအခါမွ မရပ္တန႔္ခဲ့ေပ။ စိတ္က်န္းမာေရးေဆး႐ုံသို႔ အတင္းအၾကပ္ပို႔ခံရျခင္း သို႔မဟုတ္ ေဆး႐ုံမွဆင္းၿပီးေနာက္တြင္ မေကာင္းဆုိးဝါး တစ္ေကာင္ႏွင့္ သူ႔ခႏၶာကိုယ္အတြက္ တိုက္ပြဲဝင္ျခင္းကို ႀကံဳရပါေစ၊ သူသည္ တိုက္ပြဲကို ဘယ္ေတာ့မွ မရပ္တန႔္ခဲ့ေပ။ သူက လူေကာင္းတစ္ေယာက္မဟုတ္ပဲ သူ႔အရင္ဇနီးကို လွည့္စားခဲ့တယ္လို႔ ယူဆလို႕ရေပမယ့္ တစ္ခ်ိဳ႕ေသာ ရႈေထာင့္ကေနၾကည့္ရင္ေတာ့ သူ႔အျပစ္အတြက္ လုံေလာက္တာထက္ပိုၿပီး ေပးဆပ္ထားၿပီးျပီလို႕ ဆုိနုိင္တယ္။
"ဖ်ားေနတဲ့ လူနာေတြ ထားတဲ့ အခန္းကို တံခါးတိုင္းမွာ ေသာ့ခတ္ထားၿပီး အျပင္ကေနပဲ ဖြင့္လို႔ရတယ္။ စႀကႍတစ္ေလွ်ာက္ မီတာႏွစ္ဆယ္တိုင္းမွာ လုံၿခဳံေရးတံခါးေတြ ရွိတယ္၊ သူနာျပဳေတြနဲ႔ အလုပ္သမားေတြလည္း ရွိေနတယ္။ ညတိုင္း ကင္းလွည့္ေနေတာ့ ဝမ္ဟိုင္မင္ က ဘယ္လို လြတ္ေျမာက္သြားတာလဲ။"
ခ်န္ေကာသည္ ကုတင္ေဘာင္ေပၚတြင္ ထိုင္ကာ ခုံေပၚတင္မွတဆင့္ ျပတင္းေပါက္ကို ေလ့လာသည္။
"ျပတင္းေပါက္ကေန ခုန္ဆင္းခဲ့တာလား?"
သစ္သားပ်ဥ္ျပားမ်ားကို ျဖတ္၍ ျပတင္းေပါက္ကို သံမဏိေခ်ာင္းေတြ၊ ကြန္ကရစ္ျဖင့္ ခိုင္ခံ့ေအာင္ျပဳလုပ္ထားေၾကာင္း ခ်န္ေကာ သတိျပဳမိခဲ့သည္။ ဒီိေနရာက သူရွာေနတဲ့ ထြက္ေပါက္ မဟုတ္ဘူး။ ထို႔အျပင္ ေဆး႐ုံကို ႏွစ္မီတာျမင့္ေသာ ဘိလပ္ေျမတံတိုင္းႏွင့္ အျပင္ဘက္တြင္ကာထားျပီး စိမ္းလန္းစိုေျပေသာ သစ္ေတာမ်ားျဖင့္ ဝန္းရံထားသည္။ လမ္းၫႊန္ေျမပံုမရွိဘဲ ဒီေတာလမ္းထဲမွာ လမ္းေပ်ာက္နိုင္ဖို႕ မ်ားသည္။ ဒါေပမယ့္ ဒီအေျခအေနေတြေအာက္မွာ ဝမ္ဟိုင္မင္ က လြတ္ေျမာက္ႏိုင္႐ုံသာမက သူ႔ကို ကယ္တင္ဖို႔အတြက္ သူ႔ဇနီးေဟာင္းနဲ႔လည္း ဆက္သြယ္ခဲ့တယ္။ ဤလုပ္ငန္းစဥ္တစ္ခုလုံးကို ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာပဲ ဖန္တီးႏိုင္မည္ျဖစ္သည္။
ဝမ္ဟိုင္မင္ တစ္ေယာက္တည္း ဒီေနရာကေန လြတ္ေျမာက္ဖို႔ ခက္ခဲလြန္းပါတယ္။ သူ႔ ကိုယ္အတြင္းမွာရွိတဲ့ မေကာင္းဆိုးရဲ႕ စြမ္းအားကိုလည္း အားကိုးတာျဖစ္နုိင္္တယ္။ မေကာင္းဆုိးဝါးနွင့္ အတူတကြ ပူးေပါင္းလုပ္ေဆာင္ျခင္းျဖင့္ ဤေဆး႐ုံမွ လြတ္ေျမာက္ႏိုင္တာပဲေလ။ ေနာက္ဆုံးေတာ့ မေကာင္းဆိုးဝါးနွင့္ လူသားတို႔ရဲ႕ တူညီေသာ ပန္းတိုင္က ဒီစိတ္က်န္းမာေရးေဆး႐ုံကေန ထြက္သြားဖို႔ပါပဲ။ ဒါကို ခ်န္ေကာ နားလည္ေသာ္လည္း ေနာက္ထပ္ေမးခြန္းတစ္ခု က်န္ေနေသးသည္။
ဝမ္ဟိုင္မင္ ရဲ႕ ခႏၶာကိုယ္ထဲကို မေကာင္းဆိုးဝါးက ဘယ္တုန္းက ဝင္လာတာလဲ။
ရႊီထံု နဲ႔ သူ စကားေျပာခဲ့တာကို သတိရၿပီး ခ်န္ေကာက ဝမ္ဟိုင္မင္ အေၾကာင္း ထူးဆန္းတဲ့ အရာတစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ သူ၏ ပထမဆုံးေသာ 'ကုထုံး'ကို ကုသ ၿပီးေနာက္ မၾကာမီတြင္ သူသည္ ဆရာဝန္မ်ားကို တိုက္ခိုက္ျပီး သူနာျပဳတစ္ဦးကိုပင္ ကိုယ္ထိလက္ေရာက္ ေစာ္ကားခဲ့သည္။ ဒီျဖစ္ရပ္ရဲ႕အဓိက အေၾကာင္းရင္းမွာ ႐ိုး႐ိုးေလးျဖစ္သည္။ ဒါေတြက ေဆးကို မေသာက္ပဲ ဝွက္ထားျခင္း ျဖစ္သည္။ ဒီေဆးနဲ႕ကုထိုးက အ႐ူးတစ္ေယာက္အတြက္ ကို္င္တြယ္ဖို႕လံုေလာက္ေပမယ့္ ဝမ္ဟိုင္မင္က အ႐ူးတစ္ေယာက္ေတာ့ မဟုတ္ဘူး။
သူ ဒါကို တမင္ ရည္႐ြယ္ၿပီး လုပ္ခဲ့တာလား။ သူ တတိယဖ်ားနာေဆာင္ ထဲကို ျပန္ဝင္ခ်င္ေနတာလား။ ခ်န္ေကာ သည္ ဤ႐ိုးရွင္းေသာ ေရာဂါကုသ ခန္းကို စစ္ေဆးခဲ့သည္။ တစ္ခုခုကို ဖုံးကြယ္ထားႏိုင္တဲ့ တစ္ခုတည္းေသာေနရာကေတာ့ ကန႔္လန႔္ကာေနာက္နဲ႔ ကုတင္ေအာက္ေတြမွာပဲျဖစ္သည္။
မတ္တပ္ထရပ္ၿပီး ခ်န္ေကာ သည္ အိပ္ယာေဘာင္ႏွစ္ခုကို ေ႐ႊ႕လိုက္သည္။ ေစာေစာက ကုတင္နဲ႔ ဖုံးထားတဲ့ နံရံတစ္ခုေပၚလာျပီး သူ အသစ္တစ္ခုကို ရွာေတြ႕ခဲ့တယ္။ တစ္စုံတစ္ဦးသည္ အျဖဴေရာင္ နံရံသုတ္ေဆးေပၚတြင္ ဒိုင္ယာရီ လိုမ်ိဳး စာေတြကို သူတို႔၏လက္သည္းမ်ားကို အသုံးျပဳျပီး ေရးသားခဲ့သည္ကို ေတြ႕လိုက္ရသည္။ အခ်ိန္ေတြၾကာလာတာေၾကာင့္ စကားလုံးအမ်ားစုဟာ ဖတ္လို႔မရေပမယ့္ ခ်န္ေကာက ဒါက ဒိုင္ယာရီဆိုတာကို သိခဲ့ရပါတယ္။
"ဒါ ဝမ္ဟို္ငမင္ ရဲ႕ လက္ေရးလား"
ခ်န္ေကာက တံခါးကိုပိတ္ၿပီး နံရံေပၚမွာ ဓာတ္မီးထိုးျပီး စကားလုံးမ်ားကို စတင္ဖတ္လိုက္သည္။
"ငါ တကယ္႐ူးသြားၿပီလား?
"အလုပ္သမားႏွစ္ေယာက္နဲ႔ ဆရာဝန္တစ္ေယာက္က ကြၽန္ေတာ့္ကို လွ်ပ္စစ္ေရွာ့တိုက္ခန္းထဲကို ေခၚသြားတယ္။ တိရိစာၦန္ေကာင္ေတြက တံခါးကို ေသာ့ခတ္ထားတာေၾကာင့္ ဘယ္သူမွ မဝင္မလာနုိင္္ဘူး။"
"ေဆးကုၿပီးသြားလည္း ငါက အခန္းထဲမွာ လူေလးေယာက္ကို ဘာလို႔ေတြ႕ေနတာလဲ။"
"လူနာရဲ႕အဝတ္အစားကို ဝတ္ထားတဲ့သူက ဘယ္သူလဲ။"
ဝမ္ဟိုင္မင္ က ဒါကို ခ်န္ထားခဲ့တာ ျဖစ္ႏိုင္တယ္။ ေဖ်ာ္ေျဖေရးကိရိယာမ်ားမရွိေသာအခန္းတြင္ ဒိုင္ယာရီေရးျခင္းျဖင့္ သူတုိ႕ အခ်ိန္ကို ကုန္ဆံုးနုိ္္င္သည္။ သူက သူ႕႔ပတ္ဝန္းက်င္ကလူေတြနဲ႔ မတူဘူးဆိုတာ သိလိုက္ရတယ္၊
"တုန္လႈပ္ေခ်ာက္ခ်ားမႈေၾကာင့္ အံ့ဩသြားတာလား၊ သူ ဘာလို႔ ငါနဲ႔ စကားေျပာႏိုင္ရတာလဲ၊ သူ႔ကို ဘာေႀကာင့္ ျမင္ပဲ ျမင္ႏိုင္ရတာလဲ။"
"သူက ကြၽန္ေတာ့္ကို လြတ္ေျမာက္ေအာင္ ကူညီေပးႏိုင္တယ္လို႔ ေျပာခဲ့ေပမယ့္ အျပန္အလွန္အေနနဲက သူ႕ေတာင္းဆုိခ်က္ တစ္ခုကို သေဘာတူဖို႔ လိုေနတယ္။
"ဒါက တကယ့္ နတ္ဆိုးနဲ႕ႈ အေပးအယူလုပ္ျခင္းပဲ။ ဒါေပမယ့္ ကြၽန္ေတာ့္မွာ ေ႐ြးခ်ယ္စရာမရွိေတာ့ဘူး။"
"တစ္ခုခုေတာ့ မွားေနၿပီ၊ အဲဒီေဆးေတြေႀကာင့္ ျဖစ္ႏိုင္လား? ငါ့ဦးေႏွာက္ထဲကို တစ္စုံတစ္ေယာက္က ခဲေတြထည့္လိုက္သလိုမ်ိဳး ေလးေနျပီး အိပ္ေပ်ာ္သြားတာကို ငါေတြ႕လိုက္ရတယ္။"
"မေကာင္းဆုိးဝါးက တတိယေျမာက္ဖ်ားနာေဆာင္ခန္းမကေန ထြက္သြားႏိုင္ပုံမေပၚဘူး။ ဒီေဆး႐ုံကေန လြတ္ေျမာက္ခ်င္ရင္ သူ႔ကို အဲဒီေနရာမွာ ရွာေတြ႕ဖို႔ လိုလိမ့္မယ္။
"ဒီမွာ ရွိတဲ့ အလုပ္သမားေတြက အၾကင္နာမဲ့ တိရစာၦန္ေတြပဲ၊ ဒီေနရာကို ငါ ဖ်က္ဆီးပစ္မယ္လို႕ က်ိန္ဆိုတယ္။"
"အဲဒီအခန္းထဲကို ဒုတိယအႀကိမ္ဝင္ၿပီးရင္ သူ႔ေတာင္းဆိုခ်က္ကို ငါ သေဘာတူခဲ့တယ္။ ေရခ်ိဳးခန္းထဲမွာ ထုံးတမ္းစဥ္လာေတြလုပ္ ၿပီးတဲ့အခါ ကြၽန္ေတာ့္ခႏၶာကိုယ္ထဲကို မေကာင္းဆုိးဝါးက ဝင္သြားတယ္။"
"ဒီကမာၻမွာ နတ္ဆိုးတစ္ေကာင္ရွိတယ္လို႔ ယုံၾကည္ၿပီး သူ႔ရဲ႕အေပးအယူ လုပ္တာ လက္ခံဖို႔ ငါ တကယ္႐ူးသြပ္သြားၿပီလား"
ဒိုင္ယာရီက ဒီေနရာတြင္ ႐ုတ္တရက္ ရပ္သြားသည္။ အေပးအယူ လုပ္ၿပီးေနာက္တြင္ ဘာေတြဆက္ျဖစ္ခဲ့တယ္ဆိုတာ ဝမ္ဟိုင္မင္ပဲ သိႏိုင္ေလာက္သည္။
ဝမ္ဟိုင္မင္ရဲ႕ကိုယ္ အတြင္းရွိ မေကာင္းဆိုးဝါးသည္ တတိယဖ်ားနာေဆာင္ခန္းမထဲက ထြက္လာတာျဖစ္ျပီး ကိုယ္ထဲဝင္ဖို႕ ထံုးတမ္းစဥ္လာကို ေရခ်ိဳးခန္းထဲတြင္ ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ခဲ့သည္။
အမ္....... ထုံးတမ္းစဥ္လာဆိုတာ မွန္တစ္ခ်ပ္ဆုိတာ ျဖစ္ႏိုင္သလား။ အဲဒီအခါမွာဝမ္ဟိုင္မင္ရဲ႕ကိုယ္ကို ပိုင္ဆိုင္ထားတဲ့ မေကာင္းဆိုး ဝါးဟာ နတ္ဆိုးတစ္မ်ိဳးမဟုတ္ပဲ သာမန္မွန္ထဲက ထြက္လာတဲ့မေကာင္းဆိုးဝါး တစ္ေကာင္ပဲ။
ခ်န္ေကာသည္ မွန္ထဲက မေကာင္းဆိုးဝါးေတြနဲ႕ပတ္သတ္ျပီး တစ္ခုနွစ္ခုေလာက္ သိထားသည္။ သူတို႕က အထူးအားေကာင္းျခင္း မရွိေသာ္လည္း အလြန္လိမၼာပါးနပ္ၾကသည္။ အခန္းထဲမွာ တျခားသဲလြန္စေတြမရွိတာေၾကာင့္ ခ်န္ေကာက ထြက္လာလိုက္တယ္။
ဝမ္ဟိုင္မင္ရဲ႕ကိုယ္ထဲကမေကာင္းဆိုးဝါးက တတိယ ခန္းမထဲက ထြက္လာတာဆုိရင္ အဲ့မွာ ဘာေႀကာင့္ အရပ္ရွည္တဲ့ မေကာင္းဆုိးဝါးက အဲ့ခန္းမထဲမွာ ဆက္မေနရတာလဲ။ မေကာင္းဆိုးဝါးေတြ ဘာေႀကာင့္ ထြက္လာကုန္တာလဲ။
ခ်န္ေကာက ေနာက္ထပ္ အေျဖမ်ား လိုအပ္ေနသည္။ သူသည္ တူကိုကိုင္ကာ ေၾကာင္ျဖဴတစ္ေကာင္ကို ေခၚရန္ ေလခြၽန္ကာ တတိယ နာမက်န္းေသာ ခန္းမထဲသို႔ သြားရန္ ျပင္ဆင္လိုက္သည္။
စတုတၳထပ္ရွိ အေဆာက္အဦႏွစ္ခုကို ခ်ိတ္ဆက္ထားေသာ စႀကႍသို႔ ျပန္ေရာက္လာသည္။ တတိယ နာမက်န္း ခန္းမေဆာင္ ထဲကို ထြက္ဖို႔ ဒီလမ္းကို မ်က္နွာမီးေလာင္လို႕ တြန္႕လိမ္ေနတဲ့ လူက အသုံးျပဳခဲ့တယ္။
"ဆားေတြက ေနရာမေ႐ြ႕ဘူး၊ ဒါေၾကာင့္ ဘယ္သူမွ ဒီလမ္းကို မျဖတ္ထားဘူး။"
သံမဏိတံခါးကို တြန္းဖြင့္လိုက္ေတာ့ ခ်န္ေကာ သည္ အေမွာင္ထဲတြင္ နစ္ျမဳပ္သြားသလို ခံစားလိုက္ရသည္။ သူ႔ေျခေထာက္ေအာက္က ေႂကြျပားေတြေပၚ တလွမ္းခ်င္း တေ႐ြ႕ေ႐ြ႕ေ႐ြ႕လ်ားေနၿပီး တတိယဖ်ားနာေဆာင္ခန္းမ ရွိ စႀကႍလမ္းကို ျဖတ္ေက်ာ္သြားခ်ိန္မွာေတာ့ သူ႔အေပၚ တစ္စံုတစ္ခု လႊမ္းမိုးလာသလို ခံစားခ်က္တစ္ခု ခံစားလိုက္ရျပီး စိတ္အေျခေနက ဆိုး႐ြားလာခဲ့တယ္။ ေၾကာက္စရာေကာင္းတဲ့ မေကာင္းဆိုးတစ္ေကာင္က သူ႔ကို စိုက္ၾကည့္ေနသလိုမ်ိဳး သူ ေအးခဲလာသလို ခံစားလိုက္ရတယ္။
ဘာကိုမွမေၾကာက္တဲ့ ေၾကာင္ျဖဴေလးေတာင္ သူ႔ေျခက်င္းဝတ္မွာ ပုန္းေနခဲ့တယ္။ ခ်န္ေကာ ရဲ႕ ဂ်ာကင္အက်ႌေႀကာင့္ မဟုတ္ရင္ ေၾကာင္က ထြက္ေျပးေနၿပီလို႔ ခ်န္ေကာ ထင္သည္။
မိဘေတြ ခ်န္ထားခဲ့တဲ့ သဲလြန္စက ဒီမွာပဲလား။ ဘာပဲျဖစ္ျဖစ္ သူ ျပန္လွည့္လို႔ မရဘူး။
ခ်န္ေကာက သူ႔ေက်ာပိုးအိတ္တစ္ဝက္ကို ဖြင့္လိုက္ၿပီး လက္ကိုင္ပုဝါကို ဆြဲထုတ္လိုက္သည္ ။ ဒီနည္းနဲ႔ သူလိုခ်င္တဲ့အခ်ိန္တိုင္း ဖမ္းလို႔ရတယ္။
"အခ်ိန္တန္ၿပီ။"
ခ်န္ေကာက သူ႔ဖုန္းကိုၾကည့္လိုက္သည္၊ ည ၁၁း၅၁ နာရီ။ ေနာက္ထပ္ကိုးမိနစ္ဆိုရင္ သန္းေခါင္ယံအခ်ိန္ျဖစ္လိမ့္မည္။
ခ်န္ေကာ သည္ ဖ်ားနာေဆာင္ခန္းမထဲသို႔ ဝင္ေရာက္လာစဥ္ ထူးဆန္းေသာ ခံစားခ်က္ကို ခံစားလိုက္ရသည္။ တတိယဖ်ားနာေဆာင္ခန္းမ တစ္ခုလုံးသည္ ႀကီးမားေသာ မေကာင္းဆိုးဝါးႀကီး ေနထိုင္ရာေနရာတစ္ခုလို ခံစားရၿပီး ခ်န္ေကာ ၏ ခႏၶာကိုယ္ကို လႊမ္းျခံဳထားသည့္ အေအးဓာတ္ႀကား ခ်န္ေကာက ေလးလံစြာ အသက္ရႈရိႈက္လိုက္သည္။
***-****