ကမ်းကုန်အောင်အလိုလိုက်ခံထားရသ...

By Deity_YuZhang

504K 65.2K 1.7K

Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Y... More

Description
1
2
3
4
5
6
8
9
10
11
12
13
14
15
16
17
18
19.1
19.2
20
21
22
23
24.1
24.2
25
26.1
26.2
27
28
29
Notice
30
31
32
33
34.1
34.2
35
36.1
36.2
37.1
37.2
38.1
38.2
38.3
39.1
39.2
39.3
40.1 + 40.2
41
42
43
44
45
46
47
48

7

9.9K 1.5K 33
By Deity_YuZhang

U••

[အကြီးအကဲယင်၏အစီအစဉ်များ]

ရှန်သခင်လေး၏အပြုံးက ရွန္မိသားစုအား ပြောမပြတတ်အောင်ထိတ်လန့်သွားစေသည်။

အထူးသဖြင့် နှစ်ပေါင်းများစွာတိုင် သူ့သားကရေခဲရိုက်မျက်နှာထားဖြင့်နေလာခဲ့ကြောင်း ကောင်းစွာသိနေသည့် ရှန်ကော်ကျန်းပင်။ သို့သော်လည်း ဤကေလး ဟယ့်ချန်းနင်ကသူ့သားဖြစ်သူကိုပြုံးအောင်လုပ်နိုင်သည်မှာ မယုံကြည်နိုင်စရာ။ ရှန်ယွီရှန်းနှင့်ဟယ့်ချန်းနင်အပေါ်သို့ အကြည့်များကဝေ့ဝဲလျက်။ ထိုနှစ်ယောက်က ယခုမှပထမဆုံးတွေ့ဖူးခြင်းဖြစ်ကြောင်း ၎င်းတို့အားလုံးသိကြသည်။ သူတို့သားက သူလက်ထပ်ရမည့်လူအကြောင်းကောင်းစွာစုံစမ်းထားလောက်ပြီဖြစ်ကြောင်းသူတို့သိသော်လည်း စာရွက်ပေါ်မှအချက်အလက်အချို့ကြောင့် တစ်စုံတစ်ယောက်ကိုစိတ်ဝင်စားသွားရန်ဟူသည်မှာ သူတို့သား၏ပုံမှန်အပြုအမူမျိုးမဟုတ်နိုင်ပေ။ တစ်စုံတစ်ခုကိုစိတ်ဝင်စား၍သာမဟုတ်ပါက အကြီးအကဲရှန်မည်မျှဖိအားပေးသည်ဖြစ်ပါစေ သူကဤလက်ထပ်ပွဲအားလွယ်လွယ်ကူကူလက်ခံဖို့မဖြစ်နိုင်ချေ။ ထပ္မံဆိုရပါက ဤအိမ်ထောင်ရေးကလည်းတစ်နှစ်မျှသာကြာရှည်မည်လေ။

တျခားသူမ်ား၏ အံ့သြနေသောအမူအရာများကိုလျစ်လျူရှုလျက် ဟယ့်ချန်းနင်သူ့ခံစားချက်များအားဖိနှိပ်ကာ တည်ငြိမ်စွာဖြင့်ပြန်လည်ဖြေကြားလာခဲ့သည်။

"အဲ့လောက်လည်းမဟုတ်ပါဘူး"

အမှန်တရားကိုပြောနေသည့်အတိုင်း သာမာန်လေသံလေးက ရိုးရိုးရှင်းရှင်းနှင့်ဟန်ဆောင်မှုကင်းသည်။

ရှန်ယွီရှန်း၏နှုတ်ခမ်းများကပို၍ပင်တွန့်ကွေးလာ၏။

"မင်းကကိုယ့်ကိုကိုယ်နှိမ့်ချနေပြန်ပြီ ချန်းနင်"

ချန်းနင်ကခေါင်းကိုခပ်ဖြည်းဖြည်းခါယမ်းရင်း နှုတ်ခမ်းကိုတင်းတင်းစေ့ကာဆို၏။
"အမှန်အတိုင်းပြောရုံပါ"

မဒမ်ရှန်က လူငယ်လေးနှစ်ယောက်ကြားမှဆက်နွယ်မှုကိုကြည့်ရင်း ပြုံးသည်။ သိပ်မဆိုးလှပါချေ။ အနည်းဆုံးတော့ ယွီရှန်းက ချန်းနင်ကိုစကားပြောဖို့လိုလားနေသေးသည်မဟုတ်လား။ အကြိမ်နည်းနည်းလောက်ထပ်ထိတွေ့ဖြစ်ရင်တော့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကလည်းပို၍ကောင်းလာနိုင်လောက်ပါသည်။

ရှန်ယွီရှန်းကတော့ ချန်းနင်၏ နူးညံ့လှသော လှုပ်ခတ်နေသည့်မျက်တောင်လေးများအပေါ်တွင်သာ အာရုံစိုက်ထားသည်။ ထိုမျက်ဝန်းလေးများမှခံစားချက်များကို ကောင်းကောင်းမမြင်ရသော်လည်း ၎င်းကခုနကသူပြောနေသည့်အကြောင်းအရာကိုဆက်ပြောဖို့မတားနိုင်ပေ။

"မင်းဆက်ပြီး(စာ)လေ့လာချင်သေးလား?"

ချန်းနင်က ခေါင်းမော့လာကာ သူ၏စိန်အနက်ရောင်ကဲ့သို့တလက်လက်တောက်ပနေသောမျက်ဝန်းလေးများဖြင့် ရှန်ယွီရှန်းကိုမော့ကြည့်လာတော့သည်။

"အဲ့လိုအစီအစဉ်တော့မရှိဘူး"

"သြော်...အဲ့တာဆိုရင်မင်းကအနာဂါတ်မှာဘာလုပ်မှာလဲ?"

"အနာဂါတ်မှာဘာတွေဖြစ်လာနိုင်မလဲ ဘယ်သူမှမသိနိုင်ဘူးလေ"

ဒီကောင်ကစကားနည်းတဲ့လူလို့သူကြားထားတာပါ?
ဒီနေ့ကျဘယ်လိုဖြစ်လို့ဒီလောက် စကားများနေရတာပါလိမ့်နော်?

"ဒါဆိုရင် တစ်နှစ်အတွင်းမှာရော?"

"ဖြစ်နိုင်တာက...ကျွန်တော်မသိဘူးလေ"

ဟယ့်ချန်းနင်ကအမှန်တိုင်းပြောနေခြင်းပင်။ တစ်နှစ်အတွင်း၌ သူမည်သည်ကိုလုပ်ရမည်မှန်း ယခုအထိကောင်းကောင်းအတည်မပြုနိုင်သေးပေ။

ရှန်ယွီရှန်းသည်ကား ကိစ္စရပ်များကိုသူ့ထိန်းချုပ်မှုအောက်မှအလွတ်ခံမည့်လူစားမျိုးမဟုတ်။ ဒီကောင်လေးက သူ့စိတ်ဝင်စားစရာလေးဖြစ်လာသလို မကြာခင်သူ့ဇနီးဖြစ်လာတော့မည်မို့ သူ့အပိုင်ဟုပင်ဆိုရမည်။ ယွီရှန်းအတွက် သူပိုင်သောအရာများနှင့်ပက်သက်လျှင် အလွန်ကာကွယ်တတ်၍ ပိုင်ဆိုင်လိုစိတ်ကြီးမား၏။

ယင်မိသားစုမှမိန်းမနှစ်ယောက်ကတော့ ရှန်ယွီရှန်းကိုမသိကောင်းမသိပဲနေလိမ့်မည်။ သို့သော်လည်း ယင်ကျိနျန်ကတော့ သူ့အကြောင်းကိုကောင်းကောင်းသိသလို ရှန်ယွီရှန်း၏နေထိုင်ပုံကိုပါကောင်းမွန်စွာနားလည်၏။ သူ့နားလည်မှုနှင့်သိရှိမှုက စီးပွားရေးအတွက်ဆိုသော်လည်း ယခုဖြစ်နေသည့်ကွာခြားမှုကို နားလည်ဖို့တော့လုံလောက်သေးသည်။

ရှန်ယွီရှန်းကချန်းနင်ကိုကောင်းကောင်းစကားပြောသည့်အပြင် ပြုံးပါပြုံးနေသေးသည်မို့ ယင်ကျိနျန်အံ့သြသွားရုံသာမက တစ်ချိန်တည်း၌စိတ်သက်သာရာလဲရသွားသည်။ ၎က မကြာခင်အတွင်းဆွေးနွေးမည့်ကိစ္စ(တင်တောင်းငွေ)အတွက်သာမဟုတ်၊ ယင်ကျိနျန်၏နှလုံးသားထဲ၌လည်း ဟယ့်ချန်းနင်တစ်ယောက်ရှန်မိသားစုနှင့်လက်ထပ်ပြီးသည့်နောက်ပိုင်းနေ့ရက်များ၌ အနိုင်ကျင့်ခံရ၍ လျစ်လျူရှုခံရမည်ကိုစိုးရိမ်နေခဲ့ခြင်းပင်။

အကြီးအကဲယင်ကတော့ ပါးစပ္ကို နားရွက်ချိတ်မတတ်ပြုံးရင်း နှလုံးသားထဲ၌အစီအစဉ်အချို့ကြိတ်ချမှတ်နေတော့သည်။ သခင်လေးရှန်နှင့် အကြီးအကဲရှန်ကိုသာ စိတ်ကျေနပ်စေမည်ဆိုပါက တင်တောင်းငွေကိုပိုတိုးလို့ရပြီပင်။

စားလို့သောက်လို့လည်းပြီးခါနီးပြီမို့ မင်္ဂလာပွဲအတွက်အသေးစိတ်အချက်အလက်များအကြောင်း စတင်ဆွေးနွေးရန်အချိန်ပင်။

အကြီးအကဲယင်ကမည်မျှအလျင်လိုနေကြောင်းမြင်နေရသည်မို့ မဒမ်ရှန်က လက်ဖက်ရည်တစ်ငုံသောက်ရင်းဆိုလာသည်။

"မဒမ်ယင်... ဒီနေ့ဟင်းပွဲတွေကိုဘယ်လိုမြင်လဲ? စားလို့ရောအဆင်ပြေရဲ့လား?"

အကြီးအကဲယင်၏မျက်နှာ၌အပြုံးပန်းဝေလျက်...

"အဆင်ပြေပါတယ်ရှင်...အဆင်ပြေပါတယ်"

အဓိကအကြောင်းအရာကိုရောက်တော့မည်မို့ သူမစိတ်သက်သာရာမရပဲမနေနိုင်။ ထိုကိစ္စကိုဆွေးနွေးချင်လွန်းလို့ သူမတစ်ညလုံးအောင့်အီးသည်းခံထားရသည်လေ!

"အင်း...ရှင်အဆင်ပြေတယ်ဆိုတော့ဝမ်းသာပါတယ်..  အခုကျွန်မတို့ယွီရှန်းနဲ့ချန်းနင်ရဲ့ မင်္ဂလာပွဲအကြောင်းစဆွေးနွေးကြတော့မလား?"

"ဒါက.. တကယ်တော့လေ...."

အကြီးအကဲယင်က အချိန်ကိုက်ပင်စတင်၍သရုပ်ဆောင်ပါတော့သည်။

"ဘာဖြစ်လို့လဲ မကျေနပ်စရာများရှိလို့လား? ကိစ္စတစ်ခုခုရှိတယ်ဆိုလဲ မိဘတွေဆုံတုန်း တစ်ခါထဲဝေမျှလို့ရပါတယ်... ကျွန်မတို့အတူတူဆွေးနွေးလို့ရတာပေါ့ ဟုတ္တယ္မလား?"

"တကယ်တော့ ကျွန်မတို့ကလည်းငြင်းဆန်ဖို့စိတ်ကူးမရှိပါဘူး... နှစ်ဦးနှစ်ဖက်လုံးအဆင်ပြေနေသရွေ့ကောင်းတာပဲလေ"

အခွင့်ရေးကြီးကိုတောင်းသည့်အခါ၌ တစ်ဖက်လူကသူမကိုမငြင်းဆန်နိုင်စေရန် စကားလုံးများကိုသေချာရွေးချယ်၍ပင်ပြောဆိုလိုက်သေးသည်။

ဟယ့်ချန်းနင်ကတော့ အကြီးအကဲယင်၏ ရှေ့နှစ်လှမ်းတိုးနိုင်ဖို့နောက်တစ်လှမ်းဆုတ်ပြချင်ယောင်ဆောင်သည့် ဟန်ဆောင်မှုကြီးအား နှလုံးသားအောက်ခြေထဲမှကို နားလည်နေပါသည်။ အကြီးအကဲယင်က ရင်ဆိုင်ရန်မလွယ်သည့်လူတစ်ယောက်ဖြစ်ကြောင်း သူအစောကတည်းကသိနေခဲ့သည်ပင်။ မည်သို့ပင်ဖြစ်ဖြစ် သူမကရှန်မိသားစုထံမှအကျိုးအမြတ်များယူချင်လျှင်တော့ ထိုမျှလောက်အရည်အချင်းရှိဦးမှရမည်။ သူကေတာ့ ဤအမျိုးသမီးကြီးမည်သို့ပြုမူဦးမည်ကိုစောင့်ကြည့်နေရုံပါပင်။

မဒမ်ရှန်က အကြီးအကဲယင်၏စကားများကို ပြန်လည်ဖြေကြားမည့်ပုံမပေါ်၊ သောက်လက်စလက်ဖက်ရည်ကိုသာဆက်လက်သောက်သုံးနေ၏။ ထို့ကြောင့် အကြီးအကဲယင်ကလည်း သူ့ကိစ္စသူဆက်ပြောဖို့သာတတ်နိုင်သည်။

"ဒါပေမဲ့ရှင်လည်းမြင်တာပဲ...ကျွန်မတို့ရဲ့ကလေးလေးချန်းနင်က သူ့အမေထွက်သွားကတည်းက ကောင်းကောင်းမနေခဲ့ရရှာဘူး... သူ့အဖွားတစ်ယောက်အနေနဲ့ ကျွန်မသူ့ကိုသနားလွန်းလို့ အကောင်းဆုံးတွေပဲအမြဲပေးချင်ခဲ့တာ...သူ့အဖေဆိုရင်လည်း အမြဲတမ်းချန်းနင်ကိုဂရုစိုက်ရှာတယ်...ကျွန်မတို့မျှော်လင့်တာကဒီကလေးအနာဂါတ်ကောင်းကောင်းလေးတစ်ခုခုရဖို့ပါပဲ...ဒါမှလည်းကျွန်မတို့အလုပ်ကြိုးစားရတာတန်မှာလေ...ဟုတ္တယ္မလား မဒမ်ရှန်?"

ချန်းနင်ကတိတ်ဆိတ်နေခဲ့သော်လည်း သူ၏လက်ချောင်းများကတော့ မထိန်းနိုင်စွာပင်တောင့်တင်းလာရတော့သည်။ အကြီးအကဲယင်၏စကားများကြောင့် သူ၏ဖြူစင်သောအပြုံးလေးလည်းပျောက်သွားကာ အေးတိအေးစက်မျက်နှာထားနှင့်သာအစားထိုးသွားတော့သည်။ ရွန္မိသားစုဆီမွ ငွေများများပိုရရန်အတွက် မိသားစုဆက်ဆံရေးမှသူမစိတ်ရင်းမှန်ကိုဖုံးကွယ်ရုံသာမက ချန်းနင်ကအမေရှိပဲမွေးလာရသဖြင့် သနားဖို့ကောင်းကြောင်းများပြော၊ စာနာမှုများကိုတောင်းခံနေပုံက ငွေရဖို့အတွက်ချည်းပင်။ ၎င်းကမည်မျှစက်ဆုပ်ဖွယ်ကောင်းလိုက်သနည်း။

ချန်းနင်တစ်ခုခုပြောခါနီးအချိန်၌ပင် သူ၏အေးစက်နေသောလက်အား နွေးထွေးသည့်လက်ဖဝါးတစ်စုံက လာရောက်ရစ်ပတ်လေသည်။

ဟယ့်ချန်းနင်ကသူ့လက်ကိုလာဆွဲသည့် ရှန်ယွီရှန်းကိုလှည့်ကြည့်လိုက်မိ၏။ သူသိနေခဲ့သည်လား? သူတို့မိသားစုအကြောင်း သူ(ရှန်ယွီရှန်း) ကကောင်းစွာသိနေသဖြင့် အကြီးအကဲယင်၏စကားများကိုကြားသည့်အခါ၌ နှစ်သိမ့်ရန်အတွက်သူ့လက်ကိုလာဆွဲခြင်းဖြစ်လောက်မည်။ ဟုတ်သည်မလား?

သူ့စိတ်ထဲ၌အတွေးများစွာပေါ်ပေါက်လာသည်မို့ တစ်ဖက်လူထံမှအသံသြရှရှထွက်မလာခင်အထိ လက်ကိုပြန်ရုတ်သိမ်းဖို့ပင်မေ့နေခဲ့သည်။ သူသတိထားမိသည့်အချိန်တွင်မူ သူ့လက်ချောင်းများက ရှန်ယွီရှန်း၏လက်ဖဝါးထဲ၌ရစ်ပတ်ခံထားရဆဲပါပင်။ ထို့ကြောင့် သူလက်ကိုဆွဲထုတ်ဖို့လုပ်လိုက်သော်လည်း ရှန်ယွီရှန်းက သိသိသာသာကြီးကိုလက်လွှတ်ပေးချင်သည့်ပုံမပေါ်။

"စိတ်မပူနဲ့... အဖွားပြောမဲ့ဟာကိုသာနားထောင်"

၎င်းကချန်းနင်အား နှစ်သိမ့်သည့်အကြည့်လေးတစ်ချက်ပေးပြီးသည့်နောက် မဒမ်ရှန်ဘက်သို့ပြန်လှည့်သွားသည်မှာ တခြားသူ၏လက်ကိုဆုပ်ကိုင်ထားဆဲဖြစ်ကြောင်းပင် မေ့နေဟန်ပင်။

မဒမ်ရှန်ကလက်ဖက်ရည်တစ်ငုံသောက်ရင်းဖြင့် ပြန်လည်ဖြေကြားလာ၏။

"ကလေးတစ်ယောက်ကိုပျိုးထောင်ဖို့ဆိုတာ မိဘတိုင်းရဲ့တာဝန်ပါပဲ... သူတို့လေးတွေကိုပိုကောင်းတဲ့အနာဂါတ်ရအောင်ထောက်ပံ့ပေးဖို့ကလည်း မိဘတွေရဲ့တာဝန်နဲ့ဝတ္တရားပဲလေ.. ဒါပေမဲ့လည်း ကျွန်မတို့ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နေနေတာကိုမြင်တဲ့အချိန်ကျရင်တော့ ကျွန်မတို့ရဲ့ဒုက္ခသေးသေးလေးတွေကဘာမှမဟုတ်တော့ပါဘူး"

အကြီးအကဲယင်ကရှက်ရွံ့စွာဖြင့်တုန့်ပြန်လာ၏။

"မှန်ပါတယ်...မှန်ပါတယ်...ဒီအခက်အခဲတွေကဘာမှမဟုတ်ပါဘူး"

သူမမျက်ဝန်းမှစိတ်ပျက်နေသည့်ခံစားမှုများအားဖုံးကွယ်ရန်အတွက် လက်ဖက်ရည်ခွက်ကိုကိုင်လိုက်ရင်း မကျေမနပ်ဖြင့်။

ရှင်ကကျွန်မနေရာမှာမှမဟုတ်တာ ရှင်ဘယ်လိုလုပ်သိမှာလဲ! ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ပိုက်ဆံရကိုရမှဖြစ်မယ်...အဲ့လိုမဟုတ်ရင် ဒီနေ့ရောက်လာတာကအလကားဖြစ်သွားလိမ့်မယ်...

သူမကလက်ဖက်ရည်ခွက်ကိုချလိုက်ပြီးနောက် ပြုံး၍ဆိုသည်။

"ချန်းနင်ကငယ်သေးပေမဲ့လည်း သူကတကယ်လိမ္မာတဲ့ကလေးရယ်ပါ... သူကမိသားစုအတွက်ဘာမှမလုပ်ပေးနိုင်တာသိလို့ ကျွန်မတို့ကိုဘာဒုက္ခမှလဲမပေးခဲ့ဘူး... သူ့အဖေကိုလည်းအရမ်းသိတတ်တာ..  သူ့အဖေရဲ့ပြသနာတွေကိုအတူမျှဝေပေးဖို့ဆိုသူကဘာမဆိုလုပ်နိုင်တယ်လေ... ကုမ္ပဏီကိစ္စတွေအတွက်ကျတော့ ချန်းနင်ကအဲ့ထဲမှာမပါပေမဲ့လည်း သူကအတူတူစိုးရိမ်ပေးတာပါပဲ... ဟင်း... သူ့အဖွားတစ်ယောက်အနေနဲ့ကျွန်မတကယ်ကျေနပ်မိတယ်... အခုသူအသက်ကြီးလာတော့လည်း တအားရိုကျိုးနေတုန်းပဲ အဲ့တာကပဲကျွန်မတို့ကြိုးစားခဲ့သမျှတန်တယ်လို့ခံစားရစေတာပါပဲရှင်"

ဟယ့်ချန်းနင်ကအလွန်တိုးတိတ်စွာ လှောင်လိုက်မိသည်။ သူတို့၏အရှက်တရား၌ကန့်သတ်ချက်ကိုမရှိပါတော့ချေ။ ပိုက်ဆံဟူသည်က လူတိုင်း၏မကောင်းသောဘက်ခြမ်းကိုထိုမျှလောက်လွယ်လွယ်ကူကူဖော်ထုတ်ပစ်နိုင်သည်အထိကို ကောင်းသည့်အရာပါပင်။ ငွေကြောင့်ဆိုလျှင် လူသားတစ်ယောက်၏အခြေခံကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကိုပင်စွန့်လွှတ်ဖို့ဝန်မလေးကြတော့ချေ။

သူ့လက်ထဲမှလက်ချောင်းလေးများကပို၍တင်းကြပ်လာသည်ကိုခံစားရသော်လည်း ရှန်ယွီရှန်းကလွှတ်မပေးပဲ ချန်းနင်အားသူ့လက်ကိုဖြူဆုတ်လာသည်အထိညှစ်ခွင့်ပေးထားကာ စိတ်ထဲတွင်တော့ထိုကောင်လေးအပေါ်သနားမိလေ၏။ ထို့နောက်တွင်တော့ သူက ပိုက်ဆံရဖို့အတွက် သူမ၏ပုံမှန်အမူအရာကိုပြောင်းပြန်လှန်ပြနေသည့် အကြီးအကဲယင်ထံသို့အာရုံစိုက်ကာ သွေးအေးရက်စက်သောအကြည့်များအဖြစ်သို့ပြောင်းလဲသွားတော့သည်။

ကောင်းတယ်... သိပ်ကောင်းတယ်...ဒီအရှက်မရှိတဲ့လူတစ်စုက သူဂရုစိုက်ရတဲ့လူကို နှိမ်ပြောရဲတယ်ပေါ့လေ? ကောင်းပြီလေ... သူတို့ရဲ့ဆန္ဒတွေကိုဖြည့်ပေးရတာပေါ့.. ချန်းနင်လက်ထပ်ပြီး ရှန်မိသားစုကိုဝင်လာပြီဆိုတာနဲ့ ဒီလူတွေကိုသူ့မိသားစုဝင်ကိုနှိမ်ပြောရင်ဘယ်လိုခံစားရမလဲဆိုတာသိစေရမယ်...

သာ့ကျိုးပြောခဲ့သည့် ယင်မိသားစုအတွင်းမှပြသနာများအား ပြန်လည်တွေးတောမိပြီးသည့်နောက် သူ့နှုတ်ခမ်းပါးများက အန္တရာယ်ကြီးစွာတွန့်ကွေးသွားတော့သည်။

°°

Z••

[အႀကီးအကဲယင္၏အစီအစဥ္မ်ား]

ရွန္သခင္ေလး၏အၿပံဳးက ႐ြႏၼိသားစုအား ေျပာမျပတတ္ေအာင္ထိတ္လန္႔သြားေစသည္။

အထူးသျဖင့္ နွစ္ေပါင္းမ်ားစြာတိုင္ သူ႔သားကေရခဲရိုက္မ်က္နွာထားျဖင့္ေနလာခဲ့ေျကာင္း ေကာင္းစြာသိေနသည့္ ရွန္ေကာ္က်န္းပင္။ သို႔ေသာ္လည္း ဤေကလး ဟယ့္ခ်န္းနင္ကသူ႔သားျဖစ္သူကိုၿပံဳးေအာင္လုပ္နိုင္သည္မွာ မယံုၾကည္နိုင္စရာ။ ရွန္ယြီရွန္းနွင့္ဟယ့္ခ်န္းနင္အေပၚသို႔ အၾကည့္မ်ားကေဝ့ဝဲလ်က္။ ထိုနွစ္ေယာက္က ယခုမွပထမဆံုးေတြ႕ဖူးျခင္းျဖစ္ေၾကာင္း ၎တို႔အားလံုးသိၾကသည္။ သူတို႔သားက သူလက္ထပ္ရမည့္လူအေၾကာင္းေကာင္းစြာစံုစမ္းထားေလာက္ၿပီျဖစ္ေၾကာင္းသူတို႔သိေသာ္လည္း စာ႐ြက္ေပၚမွအခ်က္အလက္အခ်ိဳ႕ေၾကာင့္ တစ္စံုတစ္ေယာက္ကိုစိတ္ဝင္စားသြားရန္ဟူသည္မွာ သူတို႔သား၏ပံုမွန္အျပဳအမူမ်ိဳးမဟုတ္နိုင္ေပ။ တစ္စံုတစ္ခုကိုစိတ္ဝင္စား၍သာမဟုတ္ပါက အႀကီးအကဲရွန္မည္မ်ွဖိအားေပးသည္ျဖစ္ပါေစ သူကဤလက္ထပ္ပြဲအားလြယ္လြယ္ကူကူလက္ခံဖို႔မျဖစ္နိုင္ေခ်။ ထပၼံဆိုရပါက ဤအိမ္ေထာင္ေရးကလည္းတစ္နွစ္မ်ွသာၾကာရွည္မည္ေလ။

တ်ခားသူမ္ား၏ အံ့ၾသေနေသာအမူအရာမ်ားကိုလ်စ္လ်ဴရႈလ်က္ ဟယ့္ခ်န္းနင္သူ႔ခံစားခ်က္မ်ားအားဖိနိွပ္ကာ တည္ၿငိမ္စြာျဖင့္ျပန္လည္ေျဖၾကားလာခဲ့သည္။

"အဲ့ေလာက္လည္းမဟုတ္ပါဘူး"

အမွန္တရားကိုေျပာေနသည့္အတိုင္း သာမာန္ေလသံေလးက ရိုးရိုးရွင္းရွင္းနွင့္ဟန္ေဆာင္မႈကင္းသည္။

ရွန္ယြီရွန္း၏နႈတ္ခမ္းမ်ားကပို၍ပင္တြန္႔ေကြးလာ၏။

"မင္းကကိုယ့္ကိုကိုယ္နိွမ့္ခ်ေနျပန္ၿပီ ခ်န္းနင္"

ခ်န္းနင္ကေခါင္းကိုခပ္ျဖည္းျဖည္းခါယမ္းရင္း နႈတ္ခမ္းကိုတင္းတင္းေစ့ကာဆို၏။
"အမွန္အတိုင္းေျပာရံုပါ"

မဒမ္ရွန္က လူငယ္ေလးနွစ္ေယာက္ၾကားမွဆက္ႏြယ္မႈကိုၾကည့္ရင္း ၿပံဳးသည္။ သိပ္မဆိုးလွပါေခ်။ အနည္းဆံုးေတာ့ ယြီရွန္းက ခ်န္းနင္ကိုစကားေျပာဖို႔လိုလားေနေသးသည္မဟုတ္လား။ အႀကိမ္နည္းနည္းေလာက္ထပ္ထိေတြ႕ျဖစ္ရင္ေတာ့ သူတို႔နွစ္ေယာက္ၾကားက ဆက္ဆံေရးကလည္းပို၍ေကာင္းလာနိုင္ေလာက္ပါသည္။

ရွန္ယြီရွန္းကေတာ့ ခ်န္းနင္၏ ႏူးညံ့လွေသာ လႈပ္ခတ္ေနသည့္မ်က္ေတာင္ေလးမ်ားအေပၚတြင္သာ အာရံုစိုက္ထားသည္။ ထိုမ်က္ဝန္းေလးမ်ားမွခံစားခ်က္မ်ားကို ေကာင္းေကာင္းမျမင္ရေသာ္လည္း ၎ကခုနကသူေျပာေနသည့္အေၾကာင္းအရာကိုဆက္ေျပာဖို႔မတားနိုင္ေပ။

"မင္းဆက္ၿပီး(စာ)ေလ့လာခ်င္ေသးလား?"

ခ်န္းနင္က ေခါင္းေမာ့လာကာ သူ၏စိန္အနက္ေရာင္ကဲ့သို႔တလက္လက္ေတာက္ပေနေသာမ်က္ဝန္းေလးမ်ားျဖင့္ ရွန္ယြီရွန္းကိုေမာ့ၾကည့္လာေတာ့သည္။

"အဲ့လိုအစီအစဥ္ေတာ့မရွိဘူး"

"ေၾသာ္...အဲ့တာဆိုရင္မင္းကအနာဂါတ္မွာဘာလုပ္မွာလဲ?"

"အနာဂါတ္မွာဘာေတြျဖစ္လာနိုင္မလဲ ဘယ္သူမွမသိနိုင္ဘူးေလ"

ဒီေကာင္ကစကားနည္းတဲ့လူလို႔သူၾကားထားတာပါ?
ဒီေန႔က်ဘယ္လိုျဖစ္လို႔ဒီေလာက္ စကားမ်ားေနရတာပါလိမ့္ေနာ္?

"ဒါဆိုရင္ တစ္နွစ္အတြင္းမွာေရာ?"

"ျဖစ္နိုင္တာက...ကြၽန္ေတာ္မသိဘူးေလ"

ဟယ့္ခ်န္းနင္ကအမွန္တိုင္းေျပာေနျခင္းပင္။ တစ္နွစ္အတြင္း၌ သူမည္သည္ကိုလုပ္ရမည္မွန္း ယခုအထိေကာင္းေကာင္းအတည္မျပဳနိုင္ေသးေပ။

ရွန္ယြီရွန္းသည္ကား ကိစၥရပ္မ်ားကိုသူ႔ထိန္းခ်ဳပ္မႈေအာက္မွအလြတ္ခံမည့္လူစားမ်ိဳးမဟုတ္။ ဒီေကာင္ေလးက သူ႔စိတ္ဝင္စားစရာေလးျဖစ္လာသလို မၾကာခင္သူ႔ဇနီးျဖစ္လာေတာ့မည္မို႔ သူ႔အပိုင္ဟုပင္ဆိုရမည္။ ယြီရွန္းအတြက္ သူပိုင္ေသာအရာမ်ားနွင့္ပက္သက္လ်ွင္ အလြန္ကာကြယ္တတ္၍ ပိုင္ဆိုင္လိုစိတ္ႀကီးမား၏။

ယင္မိသားစုမွမိန္းမနွစ္ေယာက္ကေတာ့ ရွန္ယြီရွန္းကိုမသိေကာင္းမသိပဲေနလိမ့္မည္။ သို႔ေသာ္လည္း ယင္က်ိႏ်န္ကေတာ့ သူ႔အေၾကာင္းကိုေကာင္းေကာင္းသိသလို ရွန္ယြီရွန္း၏ေနထိုင္ပံုကိုပါေကာင္းမြန္စြာနားလည္၏။ သူ႔နားလည္မႈနွင့္သိရွိမႈက စီးပြားေရးအတြက္ဆိုေသာ္လည္း ယခုျဖစ္ေနသည့္ကြာျခားမႈကို နားလည္ဖို႔ေတာ့လံုေလာက္ေသးသည္။

ရွန္ယြီရွန္းကခ်န္းနင္ကိုေကာင္းေကာင္းစကားေျပာသည့္အျပင္ ၿပံဳးပါၿပံဳးေနေသးသည္မို႔ ယင္က်ိႏ်န္အံ့ၾသသြားရံုသာမက တစ္ခ်ိန္တည္း၌စိတ္သက္သာရာလဲရသြားသည္။ ၎က မၾကာခင္အတြင္းေဆြးေႏြးမည့္ကိစၥ(တင္ေတာင္းေငြ)အတြက္သာမဟုတ္၊ ယင္က်ိႏ်န္၏နွလံုးသားထဲ၌လည္း ဟယ့္ခ်န္းနင္တစ္ေယာက္ရွန္မိသားစုနွင့္လက္ထပ္ၿပီးသည့္ေနာက္ပိုင္းေန႔ရက္မ်ား၌ အနိုင္က်င့္ခံရ၍ လ်စ္လ်ဴရႈခံရမည္ကိုစိုးရိမ္ေနခဲ့ျခင္းပင္။

အႀကီးအကဲယင္ကေတာ့ ပါးစပၠို နား႐ြက္ခ်ိတ္မတတ္ၿပံဳးရင္း နွလံုးသားထဲ၌အစီအစဥ္အခ်ိဳ႕ႀကိတ္ခ်မွတ္ေနေတာ့သည္။ သခင္ေလးရွန္နွင့္ အႀကီးအကဲရွန္ကိုသာ စိတ္ေက်နပ္ေစမည္ဆိုပါက တင္ေတာင္းေငြကိုပိုတိုးလို႔ရၿပီပင္။

စားလို႔ေသာက္လို႔လည္းၿပီးခါနီးၿပီမို႔ မဂၤလာပြဲအတြက္အေသးစိတ္အခ်က္အလက္မ်ားအေၾကာင္း စတင္ေဆြးေႏြးရန္အခ်ိန္ပင္။

အႀကီးအကဲယင္ကမည္မ်ွအလ်င္လိုေနေၾကာင္းျမင္ေနရသည္မို႔ မဒမ္ရွန္က လက္ဖက္ရည္တစ္ငံုေသာက္ရင္းဆိုလာသည္။

"မဒမ္ယင္... ဒီေန႔ဟင္းပြဲေတြကိုဘယ္လိုျမင္လဲ? စားလို႔ေရာအဆင္ေျပရဲ႕လား?"

အႀကီးအကဲယင္၏မ်က္နွာ၌အၿပံဳးပန္းေဝလ်က္...

"အဆင္ေျပပါတယ္ရွင္...အဆင္ေျပပါတယ္"

အဓိကအေၾကာင္းအရာကိုေရာက္ေတာ့မည္မို႔ သူမစိတ္သက္သာရာမရပဲမေနနိုင္။ ထိုကိစၥကိုေဆြးေႏြးခ်င္လြန္းလို႔ သူမတစ္ညလံုးေအာင့္အီးသည္းခံထားရသည္ေလ!

"အင္း...ရွင္အဆင္ေျပတယ္ဆိုေတာ့ဝမ္းသာပါတယ္..  အခုကြၽန္မတို႔ယြီရွန္းနဲ႔ခ်န္းနင္ရဲ႕ မဂၤလာပြဲအေၾကာင္းစေဆြးေႏြးၾကေတာ့မလား?"

"ဒါက.. တကယ္ေတာ့ေလ...."

အႀကီးအကဲယင္က အခ်ိန္ကိုက္ပင္စတင္၍သရုပ္ေဆာင္ပါေတာ့သည္။

"ဘာျဖစ္လို႔လဲ မေက်နပ္စရာမ်ားရွိလို႔လား? ကိစၥတစ္ခုခုရွိတယ္ဆိုလဲ မိဘေတြဆံုတုန္း တစ္ခါထဲေဝမ်ွလို႔ရပါတယ္... ကြၽန္မတို႔အတူတူေဆြးေႏြးလို႔ရတာေပါ့ ဟုတၱယၼလား?"

"တကယ္ေတာ့ ကြၽန္မတို႔ကလည္းျငင္းဆန္ဖို႔စိတ္ကူးမရွိပါဘူး... နွစ္ဦးနွစ္ဖက္လံုးအဆင္ေျပေနသေ႐ြ႕ေကာင္းတာပဲေလ"

အခြင့္ေရးႀကီးကိုေတာင္းသည့္အခါ၌ တစ္ဖက္လူကသူမကိုမျငင္းဆန္နိုင္ေစရန္ စကားလံုးမ်ားကိုေသခ်ာေ႐ြးခ်ယ္၍ပင္ေျပာဆိုလိုက္ေသးသည္။

ဟယ့္ခ်န္းနင္ကေတာ့ အႀကီးအကဲယင္၏ ေရွ႕နွစ္လွမ္းတိုးနိုင္ဖို႔ေနာက္တစ္လွမ္းဆုတ္ျပခ်င္ေယာင္ေဆာင္သည့္ ဟန္ေဆာင္မႈႀကီးအား နွလံုးသားေအာက္ေျခထဲမွကို နားလည္ေနပါသည္။ အႀကီးအကဲယင္က ရင္ဆိုင္ရန္မလြယ္သည့္လူတစ္ေယာက္ျဖစ္ေၾကာင္း သူအေစာကတည္းကသိေနခဲ့သည္ပင္။ မည္သို႔ပင္ျဖစ္ျဖစ္ သူမကရွန္မိသားစုထံမွအက်ိဳးအျမတ္မ်ားယူခ်င္လ်ွင္ေတာ့ ထိုမ်ွေလာက္အရည္အခ်င္းရွိဦးမွရမည္။ သူေကတာ့ ဤအမ်ိဳးသမီးႀကီးမည္သို႔ျပဳမူဦးမည္ကိုေစာင့္ၾကည့္ေနရံုပါပင္။

မဒမ္ရွန္က အႀကီးအကဲယင္၏စကားမ်ားကို ျပန္လည္ေျဖၾကားမည့္ပံုမေပၚ၊ ေသာက္လက္စလက္ဖက္ရည္ကိုသာဆက္လက္ေသာက္သံုးေန၏။ ထို႔ေၾကာင့္ အႀကီးအကဲယင္ကလည္း သူ႔ကိစၥသူဆက္ေျပာဖို႔သာတတ္နိုင္သည္။

"ဒါေပမဲ့ရွင္လည္းျမင္တာပဲ...ကြၽန္မတို႔ရဲ႕ကေလးေလးခ်န္းနင္က သူ႔အေမထြက္သြားကတည္းက ေကာင္းေကာင္းမေနခဲ့ရရွာဘူး... သူ႔အဖြားတစ္ေယာက္အေနနဲ႔ ကြၽန္မသူ႔ကိုသနားလြန္းလို႔ အေကာင္းဆံုးေတြပဲအၿမဲေပးခ်င္ခဲ့တာ...သူ႔အေဖဆိုရင္လည္း အၿမဲတမ္းခ်န္းနင္ကိုဂရုစိုက္ရွာတယ္...ကြၽန္မတို႔ေမ်ွာ္လင့္တာကဒီကေလးအနာဂါတ္ေကာင္းေကာင္းေလးတစ္ခုခုရဖို႔ပါပဲ...ဒါမွလည္းကြၽန္မတို႔အလုပ္ႀကိဳးစားရတာတန္မွာေလ...ဟုတၱယၼလား မဒမ္ရွန္?"

ခ်န္းနင္ကတိတ္ဆိတ္ေနခဲ့ေသာ္လည္း သူ၏လက္ေခ်ာင္းမ်ားကေတာ့ မထိန္းနိုင္စြာပင္ေတာင့္တင္းလာရေတာ့သည္။ အႀကီးအကဲယင္၏စကားမ်ားေၾကာင့္ သူ၏ျဖဴစင္ေသာအၿပံဳးေလးလည္းေပ်ာက္သြားကာ ေအးတိေအးစက္မ်က္နွာထားနွင့္သာအစားထိုးသြားေတာ့သည္။ ႐ြႏၼိသားစုဆီမြ ေငြမ်ားမ်ားပိုရရန္အတြက္ မိသားစုဆက္ဆံေရးမွသူမစိတ္ရင္းမွန္ကိုဖံုးကြယ္ရံုသာမက ခ်န္းနင္ကအေမရွိပဲေမြးလာရသျဖင့္ သနားဖို႔ေကာင္းေၾကာင္းမ်ားေျပာ၊ စာနာမႈမ်ားကိုေတာင္းခံေနပံုက ေငြရဖို႔အတြက္ခ်ည္းပင္။ ၎ကမည္မ်ွစက္ဆုပ္ဖြယ္ေကာင္းလိုက္သနည္း။

ခ်န္းနင္တစ္ခုခုေျပာခါနီးအခ်ိန္၌ပင္ သူ၏ေအးစက္ေနေသာလက္အား ေႏြးေထြးသည့္လက္ဖဝါးတစ္စံုက လာေရာက္ရစ္ပတ္ေလသည္။

ဟယ့္ခ်န္းနင္ကသူ႔လက္ကိုလာဆြဲသည့္ ရွန္ယြီရွန္းကိုလွည့္ၾကည့္လိုက္မိ၏။ သူသိေနခဲ့သည္လား? သူတို႔မိသားစုအေၾကာင္း သူ(ရွန္ယြီရွန္း) ကေကာင္းစြာသိေနသျဖင့္ အႀကီးအကဲယင္၏စကားမ်ားကိုၾကားသည့္အခါ၌ နွစ္သိမ့္ရန္အတြက္သူ႔လက္ကိုလာဆြဲျခင္းျဖစ္ေလာက္မည္။ ဟုတ္သည္မလား?

သူ႔စိတ္ထဲ၌အေတြးမ်ားစြာေပၚေပါက္လာသည္မို႔ တစ္ဖက္လူထံမွအသံၾသရွရွထြက္မလာခင္အထိ လက္ကိုျပန္ရုတ္သိမ္းဖို႔ပင္ေမ့ေနခဲ့သည္။ သူသတိထားမိသည့္အခ်ိန္တြင္မူ သူ႔လက္ေခ်ာင္းမ်ားက ရွန္ယြီရွန္း၏လက္ဖဝါးထဲ၌ရစ္ပတ္ခံထားရဆဲပါပင္။ ထို႔ေၾကာင့္ သူလက္ကိုဆြဲထုတ္ဖို႔လုပ္လိုက္ေသာ္လည္း ရွန္ယြီရွန္းက သိသိသာသာႀကီးကိုလက္လႊတ္ေပးခ်င္သည့္ပံုမေပၚ။

"စိတ္မပူနဲ႔... အဖြားေျပာမဲ့ဟာကိုသာနားေထာင္"

၎ကခ်န္းနင္အား နွစ္သိမ့္သည့္အၾကည့္ေလးတစ္ခ်က္ေပးၿပီးသည့္ေနာက္ မဒမ္ရွန္ဘက္သို႔ုျပန္လွည့္သြားသည္မွာ တျခားသူ၏လက္ကိုဆုပ္ကိုင္ထားဆဲျဖစ္ေၾကာင္းပင္ ေမ့ေနဟန္ပင္။

မဒမ္ရွန္ကလက္ဖက္ရည္တစ္ငံုေသာက္ရင္းျဖင့္ ျပန္လည္ေျဖၾကားလာ၏။

"ကေလးတစ္ေယာက္ကိုပ်ိဳးေထာင္ဖို႔ဆိုတာ မိဘတိုင္းရဲ႕တာဝန္ပါပဲ... သူတို႔ေလးေတြကိုပိုေကာင္းတဲ့အနာဂါတ္ရေအာင္ေထာက္ပံ့ေပးဖို႔ကလည္း မိဘေတြရဲ႕တာဝန္နဲ႔ဝတၲရားပဲေလ.. ဒါေပမဲ့လည္း ကြၽန္မတို႔ကေလးေတြ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနေနတာကိုျမင္တဲ့အခ်ိန္က်ရင္ေတာ့ ကြၽန္မတို႔ရဲ႕ဒုကၡေသးေသးေလးေတြကဘာမွမဟုတ္ေတာ့ပါဘူး"

အႀကီးအကဲယင္ကရွက္႐ြံ႕စြာျဖင့္တုန္႔ျပန္လာ၏။

"မွန္ပါတယ္...မွန္ပါတယ္...ဒီအခက္အခဲေတြကဘာမွမဟုတ္ပါဘူး"

သူမမ်က္ဝန္းမွစိတ္ပ်က္ေနသည့္ခံစားမႈမ်ားအားဖံုးကြယ္ရန္အတြက္ လက္ဖက္ရည္ခြက္ကိုကိုင္လိုက္ရင္း မေက်မနပ္ျဖင့္။

ရွင္ကကြၽန္မေနရာမွာမွမဟုတ္တာ ရွင္ဘယ္လိုလုပ္သိမွာလဲ! ဘာပဲျဖစ္ျဖစ္ ဒီေန႔ေတာ့ပိုက္ဆံရကိုရမွျဖစ္မယ္...အဲ့လိုမဟုတ္ရင္ ဒီေန႔ေရာက္လာတာကအလကားျဖစ္သြားလိမ့္မယ္...

သူမကလက္ဖက္ရည္ခြက္ကိုခ်လိုက္ၿပီးေနာက္ ၿပံဳး၍ဆိုသည္။

"ခ်န္းနင္ကငယ္ေသးေပမဲ့လည္း သူကတကယ္လိမၼာတဲ့ကေလးရယ္ပါ... သူကမိသားစုအတြက္ဘာမွမလုပ္ေပးနိုင္တာသိလို႔ ကြၽန္မတို႔ကိုဘာဒုကၡမွလဲမေပးခဲ့ဘူး... သူ႔အေဖကိုလည္းအရမ္းသိတတ္တာ..  သူ႔အေဖရဲ႕ျပသနာေတြကိုအတူမ်ွေဝေပးဖို႔ဆိုသူကဘာမဆိုလုပ္နိုင္တယ္ေလ... ကုမၸဏီကိစၥေတြအတြက္က်ေတာ့ ခ်န္းနင္ကအဲ့ထဲမွာမပါေပမဲ့လည္း သူကအတူတူစိုးရိမ္ေပးတာပါပဲ... ဟင္း... သူ႔အဖြားတစ္ေယာက္အေနနဲ႔ကြၽန္မတကယ္ေက်နပ္မိတယ္... အခုသူအသက္ႀကီးလာေတာ့လည္း တအားရိုက်ိဳးေနတုန္းပဲ အဲ့တာကပဲကြၽန္မတို႔ႀကိဳးစားခဲ့သမ်ွတန္တယ္လို႔ခံစားရေစတာပါပဲရွင္"

ဟယ့္ခ်န္းနင္ကအလြန္တိုးတိတ္စြာ ေလွာင္လိုက္မိသည္။ သူတို႔၏အရွက္တရား၌ကန္႔သတ္ခ်က္ကိုမရွိပါေတာ့ေခ်။ ပိုက္ဆံဟူသည္က လူတိုင္း၏မေကာင္းေသာဘက္ျခမ္းကိုထိုမ်ွေလာက္လြယ္လြယ္ကူကူေဖာ္ထုတ္ပစ္နိုင္သည္အထိကို ေကာင္းသည့္အရာပါပင္။ ေငြေၾကာင့္ဆိုလ်ွင္ လူသားတစ္ေယာက္၏အေျခခံကိုယ္က်င့္တရားနွင့္ ဂုဏ္သိကၡာကိုပင္စြန္႔လႊတ္ဖို႔ဝန္မေလးၾကေတာ့ေခ်။

သူ႔လက္ထဲမွလက္ေခ်ာင္းေလးမ်ားကပို၍တင္းၾကပ္လာသည္ကိုခံစားရေသာ္လည္း ရွန္ယြီရွန္းကလႊတ္မေပးပဲ ခ်န္းနင္အားသူ႔လက္ကိုျဖဴဆုတ္လာသည္အထိညႇစ္ခြင့္ေပးထားကာ စိတ္ထဲတြင္ေတာ့ထိုေကာင္ေလးအေပၚသနားမိေလ၏။ ထို႔ေနာက္တြင္ေတာ့ သူက ပိုက္ဆံရဖို႔အတြက္ သူမ၏ပံုမွန္အမူအရာကိုေျပာင္းျပန္လွန္ျပေနသည့္ အႀကီးအကဲယင္ထံသို႔အာရံုစိုက္ကာ ေသြးေအးရက္စက္ေသာအၾကည့္မ်ားအျဖစ္သို႔ေျပာင္းလဲသြားေတာ့သည္။

ေကာင္းတယ္... သိပ္ေကာင္းတယ္...ဒီအရွက္မရွိတဲ့လူတစ္စုက သူဂရုစိုက္ရတဲ့လူကို နိွမ္ေျပာရဲတယ္ေပါ့ေလ? ေကာင္းၿပီေလ... သူတို႔ရဲ႕ဆႏၵေတြကိုျဖည့္ေပးရတာေပါ့.. ခ်န္းနင္လက္ထပ္ၿပီး ရွန္မိသားစုကိုဝင္လာၿပီဆိုတာနဲ႔ ဒီလူေတြကိုသူ႔မိသားစုဝင္ကိုနိွမ္ေျပာရင္ဘယ္လိုခံစားရမလဲဆိုတာသိေစရမယ္...

သာ့က်ိဳးေျပာခဲ့သည့္ ယင္မိသားစုအတြင္းမွျပသနာမ်ားအား ျပန္လည္ေတြးေတာမိၿပီးသည့္ေနာက္ သူ႔နႈတ္ခမ္းပါးမ်ားက အႏၲရာယ္ႀကီးစြာတြန္႔ေကြးသြားေတာ့သည္။

°°

Continue Reading

You'll Also Like

308K 11.3K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
265K 25.2K 75
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...