Whatever You Are

By Blacksheep303

53.2K 3.8K 81

တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို Yizhan Version လေးနဲ့ စိတ်ကူးလေးတွေ ဖြည့်စွက်ပြီး ရေးထားတာပါ အချစ်က - တားဆ... More

Whatever You Are (1)
Whatever You Are (2)
Whatever You Are (3)
Whatever You Are (4)
Whatever You Are (5)
Whatever You Are (6)
Whatever You Are (7)
Whatever You Are (8)
Whatever You Are (9)
Whatever You Are (10)
Whatever You Are (11)
Whatever You Are (12)
Whatever You Are (13)
Whatever You Are (14)
Whatever You Are (15)
Whatever You Are (16)
Whatever You Are (17)
Whatever You Are (18)
Whatever You Are (19)
Whatever You Are (20)
Whatever You Are (21)
Whatever You Are (23)
Whatever You Are (24)
Whatever You Are (25)
Whatever You Are (26)
Whatever You Are (27)
Whatever You Are (28)
Whatever You Are (29)
Whatever You Are (30)
Whatever You Are (31)
Whatever You Are (32)
Whatever You Are (33) Final
Author's Note
Whatever You Are Zawgyi (1)
Whatever You Are Zawgyi (2)
Whatever You Are Zawgyi (3)
Whatever You Are Zawgyi (4)
Whatever You Are - Zawgyi (5)
Whatever You Are - Zawgyi (6)
Whatever You Are - Zawgyi (7)
Whatever You Are - Zawgyi (8)
Whatever You Are - Zawgyi (9)
Whatever You Are - Zawgyi (10)
Whatever You Are - Zawgyi (11)
Whatever You Are - Zawgyi (12)
Whatever You Are - Zawgyi (13)
Whatever You Are - Zawgyi (14)
Whatever You Are - Zawgyi (15)
Whatever You Are - Zawgyi (16)
Whatever You Are - Zawgyi (17)
Whatever You Are - Zawgyi (18)
Whatever You Are - Zawgyi (19)
Whatever You Are - Zawgyi (20)
Whatever You Are - Zawgyi (21)
Whatever You Are - Zawgyi (22)
Whatever You Are - Zawgyi (23)
Whatever You Are - Zawgyi (24)
Whatever You Are - Zawgyi (25)
Whatever You Are - Zawgyi (26)
Whatever You Are - Zawgyi (27)
Whatever You Are - Zawgyi (28)
Whatever You Are - Zawgyi (29)
Whatever You Are - Zawgyi (30)
Whatever You Are - Zawgyi (31)
Whatever You Are - Zawgyi (32)
Whatever You Are - Zawgyi (33) Final
Author's Note - Zawgyi

Whatever You Are (22)

1.2K 91 0
By Blacksheep303

ရှောင်းကျန့်ကို အရမ်းအံ့ဩနေတာနဲ့ ဘာမှတောင် သေသေချာချာ မပြောလိုက်ရဘူး အခု သူတို့လက်ထဲမှာ ရှောင်းကျန့်ထည့်ပေးသွားတဲ့ စာအိတ်လေးရှိနေတာမို့ ရိပေါ်ကို မျက်နှာချင်းဆိုင်ပြီး သွားပေးရမယ်

"မောင် ငါတို့ ရိပေါ်နဲ့ မျက်နှာချင်းဆိုင် ပြောပြီး သွားပေးရမယ် မြန်မြန်လုပ် အဝတ်အစားလဲ "

"အင်း မောင်လည်း အဲလိုပဲစဉ်းစားထားတယ် ချစ်ရန် (ဟောက်ရွှမ်းက ချစ်စနိုးနဲ့ ကျိရန်ကို ချစ်ရန်လို့ခေါ်တာပါ) ရိပေါ်က ဘာလို့ ပွင့်ပွင့်လင်းလင်း မတိုင်ပင်သလဲ စဉ်းစားလို့ကို မရဘူး ဒီကောင့်ကို မျက်နှာချင်းဆိုင် သေချာပြောရမယ် မောင် အဝတ်လဲလိုက်ဦးမယ် ချစ်ရန် က ရိပေါ်ကွန်ဒိုဆီလိုက်ခဲ့ဖို့ ဟိုကောင်တွေ ဖုန်းဆက်လိုက်နော်"

ဒီလို သူငယ်ချင်းတွေ ဆုံပြီး ရိပေါ်ဆီလိုက်သွားကြပါတယ်

"ရိပေါ် ရှောင်းကျန့်က မင်းကို စာအိတ်လေးပေးသွားလို့ ငါတို့လာပေးရင်းနဲ့ မင်းနဲ့လာရှင်းတာ"


                    (ရှောင်းကျန့်ပေးသွားတဲ့ စာအိတ်လေးပါနော် တန်ဖိုးထားရေးပြီး တန်ဖိုးရှိရှိလေးပေးသွားတာပါ ရှောင်းကျန့်က )

ရိပေါ်ရဲ့ နှလုံးသားလေးက စာကိုယူလိုက်ချင်ပါတယ် ဖတ်ချင်ပါတယ် ဒါပေမယ့် ဦးနှာက်ကတော့ မဖတ်သင့်ဘူးလို့ မထိသင့်တော့ဘူးလို့ ဆုံးဖြတ်ပြီး

"ငါ မဖတ်ချင်ဘူး သူ့ကြောင့် ဇောက်ထိုးမိုးမျှော် ဖြစ်နေတဲ့ဘဝကို ပြင်ဆင်ဖို့ မနည်းလုပ်ထားတာ အခုမှ အနည်ထိုင်ချင်သလို ဖြစ်နေတာကို ငါ့ဘဝကို လာမမွှေနဲ့တော့"

ရိပေါ် စကားကြောင့် ကျိရန်က ဒေါသဖြစ်ပြီး

"ပြောစမ်းပါဦး မင်းဘဝက ဘာကိစ္စ ဇောက်ထိုးမိုးမျှော် ဖြစ်နေရတာလဲ ရှောင်းကျန့်က မိန်းကလေးမဟုတ်ဘဲ ယောကျ်ားလေး ဖြစ်နေတာ မင်းဘဝက ဘာကိစ္စ ဇောက်ထိုးမိုးမျှော် ဖြစ်ရတာလဲ"

ကျိရန်စကားကြောင့် ရိပေါ်က ရုတ်တရက် လန့်သွားသလို ယွီပင်းရော ဟွိုက်စန်းပါ အရမ်းအံ့ဩသွားကြပါတယ် ယွီပင်းက

"မင်းတို့ ဘာပြောလိုက်တယ် ရှောင်းကျန့်က ယောက်ျားလေး ဟုတ်လား"

ဟွိုက်စန်းက လည်း

" ငါတို့ကိုလည်း နားလည်အောင် ရှင်းပြကြပါဦး ရှင်းစရာကိစ္စရှိတယ်ဆိုပြီးဖုန်းဆက်ခေါ်လို့ ငါတို့လာခဲ့ရတာ ခုတော့ ဘာတွေ ဖြစ်ကုန်တာလဲ"

ဟောက်ရွှမ်းကဝင်ပြီး

"မနက်က ငါတို့ဆီ ရှောင်းကျန့်ရောက်လာတယ် ခါတိုင်းလို မိန်းမချောလေးလို မဟုတ်ဘူး ခပ်မိုက်မိုက် အကိုကြီးပုံစံနဲ့ကွာ ငါတို့တောင် မြင်ဖူးသလိုလိုပဲဆိုပြီး ကြောင်နေတုန်း ရှောင်းကျန့်ပါလို့ သူက ပြောလာတာ ငါတို့လည်း အရမ်းအံ့ဩတာပေါ့ကွာ သူယောက်ျားလေးမှန်းသိသွားလို့ ရိပေါ်က သူ့ကိုထားသွားတာတဲ့ အခုခရီးထွက်ရမှာမို့ ရိပေါ်ကို ဖတ်စေချင်တာနဲ့ရှင်းပြချင်တာလေးတွေရှိလို့ စာလာပေးသွားတာ အံ့ဩလွန်းလို့ ဘာမှတောင် ပြန်မပြောရသေးဘူး သူက ထွက်သွားပြီ ငါတို့ကို နောက်မှ အေးအေးဆေးဆေး ရှင်းပြမယ် လို့တော့ ပြောသွားတာ ဒါကြောင့် ငါတို့က ဒီကောင့်ကို လာပေးရင်း စာရင်းလာရှင်းတာ"

ဟောက်ရွှမ်းစကားအဆုံး ရိပေါ်က

" ဘာရှင်းစရာလိုလည်း မင်းတို့လည်း သိသွားပြီဆိုတော့ ငါ့လုပ်ရပ်ကို နားလည်ကြပြီမလား"

"နားမလည်ဘူး လုံးဝနားမလည်ဘူး သူက ယောကျ်ားလေးဆိုတာနဲ့ မင်းက ဘာကိစ္စ လမ်းခွဲရတာလဲ"

ကျိရန်က စိတ်ဆိုးဆိုးနဲ့ ဝင်ပြောတာပါ

"ဟေ့ကောင်တွေ ငါက Gay မဟုတ်ဘူး ယောကျ်ားလေးလည်းမကြိုက်ဘူး ငါ့ဘဝကို ငါ သဘာဝကျကျပဲ ငါဖြတ်သန်းချင်တာ သူ့ကြောင့်ငါ့မှာ ဘုမသိဘမသိ ယောကျာ်းလေးတစ်ယောက်ကို လက်ထပ်လိုက်ရတာလေ ပြီးတော့ ငါ့ကို နှစ်ပေါက်တစ်ပေါက် ရိုက်သွားတာ လက်ထပ်မယ်ဆိုတုန်းက ကလေးမွေးနိုင်တဲ့ မိန်းကလေး မဟုတ်ဘူးလို့ ငါ့ကို သေချာပြောသွားတာ အဲဒီကတည်းက ငါက ယောကျ်ားလေးဆို ပွဲပြတ်ပြီ ငါ့ကို လှည့်ပတ်ချင်သလို လိမ်ချင်တိုင်းလိမ်သွားတာလေ ငါလွန်တာလား သူလွန်တာလား မင်းတို့ပြော"

ရိပေါ်လည်း နဂိုကတည်းက စိတ်တွေအရမ်းရှုပ်နေတာရယ် မေ့ချင်တဲ့သူကို မေ့မရလို့ ကိုယ့်ကိုကိုယ် ဒေါသဖြစ်နေတဲ့စိတ်ရယ် ဘာလုပ်ရမလဲ ဝေခွဲမရတဲ့စိတ်တွေရယ် အားလုံးပေါင်းပြီး စိတ်ညစ်နေတဲ့အချိန် ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို တရားခံလိုလို ဘာလိုလို လာပြီး ဝိုင်းစစ်လားဆေးလားနဲ့မို့ ပေါက်ကွဲပြီး ပြောချလိုက်ပါတယ် ရိပေါ်စကားကြောင့် ကျိရန်က ပိုစိတ်ဆိုးပြီး

" ငါသိတာ ရှောင်းကျန့်က သူ့အသက် (၃၁)နှစ်မှ လက်ထပ်လို့ရမယ်လို့ပြောတာကို မင်းကိုက စိတ်မချဘူးဖြစ်ပြီး အတင်းလက်မှတ်ထိုးယူထားတာ မဟုတ်လား သူ့အိမ်ကို အထုပ်ဆွဲပြီး တက်သွားတာ ဘယ်ကောင်တုန်း ဖျတ်ဖျတ်လူးပြီး လက်ထပ်ချင်နေတာ ဘယ်ကောင်တုန်း"

ဒေါသသံအပြည့်နဲ့ ကျိရန်က အော်ပါတယ်

"ကျိရန် မင်းငါ့လာမအော်နဲ့ ငါ အဲဒီလိုတွေ ဖြစ်နေတာ သူမိန်းကလေးလို့ ထင်လို့လေ ငါ က မိန်းကလေးဘဲ လက်ထပ်ယူပြီး ငါ့ဘဝကို ရိုးရိုးလေး သွားချင်တာ ငါ က Straight စစ်စစ် အခုတော့ ငါယူထားတာ ယောက်ျားကြီး ဒါ ငါ့ဘဝ ဇောက်ထိုးမိုးမျှော်ဖြစ်သွားတာ မဟုတ်တော့ဘာတုန်း ငါ ပါးပါးကို ဘယ်လိုပြောရမလဲ ပါးပါးရေပါးပါးသားယောကျ်ားရသွားပြီ ပြောရမှာလား"

ပြောလည်းပြောပြီးရော ရိပေါ် ငိုချလိုက်ပါတယ်

"ငါ ဘာလုပ်ရမှာလဲ မင်းတို့ငါ့နေရာမှာဆို ဘာလုပ်မှာလဲ ငါမိန်းကလေးလို့ထင်ပြီး လက်ထပ်ထားမိတဲ့သူက ယောကျ်ားကြီးဆို မင်းတို့ဘယ်လိုလုပ်မှာလဲ ငါ့အကြောင်းကို သိရင် လူတွေက ဘယ်လောက်တောင် ဟားတိုက်နေကြလိမ့်မလဲ လူတွေဘယ်လောက်တောင် ဝိုင်းပြောနေကြလိမ့်မလဲ စဉ်းတောင် မစဉ်းစားရဲဘူး"

ဟောက်ရွှမ်းက ဝင်ပြောပါတယ်

"ယောကျ်ားကြီးလည်း ဘာဖြစ်လဲ ငါနဲ့ကျိရန်လည်း ယောကျ်ားလေးချင်း ချစ်တာပဲ ချစ်တာက အပြစ်ဖြစ် နေလို့လား အချင်းချင်းချစ်နေကြရင် အားလုံးရင်ဆိုင်နိုင်တယ် လူဆိုတာ ချီးမွမ်း ခုနစ်ရက် ကဲ့ရဲ့ ခုနစ်ရက်ပဲလေ ငါတို့တော့ ဂရုမစိုက်ဘူး"

"ဂရုမစိုက်ဘူး ဘာညာသာ မင်းပြောနေတာ ကျိရန်ကို မင်းတွဲသာတွဲနေတာ လက်ထပ်ယူလို့ရလို့လား မင်းတို့တွဲနေတာ ငါတို့ပဲသိတာလေ ဆွေမျိုးအသိုင်းအဝိုင်း အားလုံးထဲ မင်းကျိရန်ကို ချပြရဲလို့လား "

ဟောက်ရွှမ်းနဲ့ကျိရန်ကို ရိပေါ် ပြန်ပြီး ရန်ထောင်ပေးလိုက်ပါတယ် ဟုတ်တယ်လေ သူတို့တောင် မသိရင် သူများအမြင်မှာ BFF တွေပဲလေ ဘဝလက်တွဲဖော်လို လက်ထပ်လို့မှ မရတာကို

"ဟေ့ကောင်ရိပေါ် ငါ ကျိရန်ကို လက်မထပ်ဘူးလို့ မင်းကို ဘယ်သူပြောလည်း ငါရော ကျိရန်ရော နှစ်ဖက်မိဘ ဆွေမျိုးတွေကို အသိပေးပြီးသွားပြီ တစ်ခုတော့ရှိတယ် သာမန်ထက်ပိုထူးခြားတဲ့ချစ်ခြင်းမျိုးဆိုတော့ လူတိုင်းက လွယ်လွယ်နဲ့တော့ ယုံကြည်လက်ခံသဘောတူ လက်ခံတာမဟုတ်ဘူးပေါ့ ကျွန်တော့် ကို ဒီကောင်မလေးကို တောင်းပေးပါဆိုရင် မိဘတိုင်းက ခဏနဲ့စဉ်းစား ခဏလေးဆုံးဖြတ်ပြီး သဘောတူလို့ရပေမယ့် ကိုယ့်သားက ဒီကောင်လေးကို တောင်းပေးပါဆိုတော့ သူတို့အနေနဲ့ စိတ်ကစားတာလား တကယ်လား စောင့်ကြည့်ဦးမယ်ဆိုလို့ ၂နှစ် အတွင်း စောင့်ကြည်မယ်ဆိုလို့ ငါတို့လက်မထပ်သေးတာ ဒီမှာ တရားဝင် လက်ထပ်လို့မရပေမယ့် ငါ တို့ ဘန်ကောက်မှာ တရားဝင် လက်ထပ်မှတ်ပုံတင် ပြီး လက်ထပ်မှာ ငါ နဲ့ ကျိရန် အပျော်တွဲနေတာ မဟုတ်ဘူး ဘဝလက်တွဲဖော် အနေနဲ့ အတူတူနေသွားမှာ မင်းသာ မသိတာ ဒီကိစ္စ ယွီပင်းရော ဟွိုက်စန်းရော သိပြီးသား မင်းသာ ကိုယ့်ဘာသာကိုယ် တစ်ဖက်သက် အသည်းတွေကွဲ နာကျင်တယ် ထိခိုက်တယ် ခံစားတယ် ဒါတင်မကဘူး ရှောင်းကျန့်ကိုလည်း နာကျင်ခံစားရအောင် မင်းလုပ်တယ် ဒါမှ မင်းဘဝကြီး ဇောက်ထိုးမိုးမျှော်ဖြစ်နေတာက ပြန်တည့်မတ်သွားမယ်လို့ မင်းထင်နေတယ်ဆိုရင်လည်း ပြီးတာပဲလေ"

"ဒီမယ် ဟောက်ရွှမ်း မင်းကို ငါပြောမယ် မင်းက ကျိရန် စသိကတည်းက ယောကျာ်းလေးလို့ သိတာ ကျိရန်ကို ယောကျ်ားလေးတစ်ယောက်အနေနဲ့မြင်ပြီး မင်းက ချစ်ခဲ့တာ ငါက ရှောင်းကျန့်ကို ယောကျ်ားလေး တစ်ယောက် အနေနဲ့ သိခဲ့တာမဟုတ်ဘူး ယောကျ်ားလေးအနေနဲ့ချစ်ခဲ့တာမဟုတ်ဘူး ငါ မိန်းကလေးအနေနဲ့သိ မိန်းကလေး အနေနဲ့ချစ်ပြီး မိန်းကလေးတစ်ယော်အနေနဲ့လက်ထပ်ခဲ့တာ သူက ငါ့အတွက် မိန်းကလေးအနေနဲ့ စပြီး စွဲလမ်းခဲ့တာကွာ မင်းတို့လို သိပြီး မင်းတို့လို ချစ်ခဲ့တာမျိုးနဲ့မတူဘူးကွ အခုချိန်ထိလည်း ငါ Straight စစ်စစ် တစ်ယောက် ယောကျ်ားယူဖို့ အစီအစဉ် ငါ့မှာမရှိသေးဘူး ဒီလိုစိတ်မျိုးနဲ့ငါ ရှောင်းကျန့်နဲ့ ဘယ်လိုဆက်သွားရမလဲ ငါတို့ ရှေ့ဆက်လို့ မရလို့ ငါကောင်းကောင်းမွန်မွန် ရပ်တန့်လိုက်တာလေ မင်းတို့ ငါ့ကို နားမလည်ကြဘူးပဲ"

ရိပေါ် တော်တော်လေး စိတ်ဓါတ်ကျနေပါတယ် ရိပေါ်ရဲ့ခံစားချက်တွေကို ဒီကောင်တွေ ဘယ်လိုပြောပြော နားလည်မှာ မဟုတ်ဘူး ရိပေါ် ဘာမှ ဆက်မပြောတော့ဘဲ သက်ပြင်းသာ အကြိမ်ကြိမ်ချမိပါတယ် ကျန်တဲ့သူတွေလည်း ဘာမှ မပြောကြပါဘူး အားလုံးခဏ တိတ်ဆိတ်သွားကြပြီးမှ ဟွိုက်စန်းက

"ကဲပါ ငါတို့တွေ အားလုံးက အသက် ၂၄ ကျော်လာကြပြီမို့ ကိုယ်ပိုင်စဉ်းစား ချင့်ချိန်နိုင်တတ်ပါပြီ တစ်ယောက်နဲ့ တစ်ယောက်တွေးခေါ်ပုံ စဉ်းစားပုံ တန်ဖိုးထားတတ်ပုံကလည်း တူမှမတူကြတာ တကယ်တမ်း ကိုယ့်ဘဝနဲ့ ကိုယ်မို့ ငါတို့ တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို တစ်ယောက်လေးစားရမယ် သူငယ်ချင်းတွေမို့ ဆိုးတိုင်ပင် ကောင်းတိုင်ပင်နဲ့ ပြောကြဆိုကြတာပေါ့ ရိပေါ်လည်း မင်းခံစားချက်နဲ့မင်းမို့ ငါတို့မင်း ကို အပြစ်မတင်ဘူး မင်းဘဝကို မင်းရွေးချယ် ဆုံးဖြတ်ပါ ဘာပဲဖြစ်ဖြစ် ငါတို့ သူငယ်ချင်းတွေက အမြဲသူငယ်ချင်းဘဲ တစ်ခုပါပဲ ဘာပဲဖြစ်ဖြစ် မင်းတစ်ယောက်တည်း ကြိတ်မခံစားပါနဲ့ အရင်လို သူငယ်ချင်းတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပေါ့ "

ဟွိုက်စန်းစကားအဆုံး ယွီပင်းက

" မင်းယူမိတဲ့သူက ယောကျ်ားကြီးမို့ ငါတို့မင်းကို ဟားတိုက်ရယ်မောတာတွေ မလုပ်ပါဘူး မင်းသာ စောစောဖွင့်ပြောခဲ့ရင် မင်းဒီလောက်ထိ ရင်ထဲမှာ တင်းကြပ်နေမှာ မဟုတ်ဘူး အခုတော့ မင်းတစ်ယောက်တည်း ၁၀လနီးပါးကျော် တစ်ယောက်တည်းတွေးချင်ရာတွေးပြီး ထိခိုက်ကြေကွဲနေရတာ ဒီကိစ္စ က ဘယ်သူမှ မမှားကြပေမယ့် အားလုံးက ထိခိုက်ခံစားကြရတယ် ဒါတွေအားလုံး အချိန်က ကုစားသွားပါလိမ့်မယ် မင်းကြိုက်တာကို မင်းကြိုက်သလို ဆုံးဖြတ်လို့ရတယ် ဒါပေမယ့်တစ်ခုပဲ မလောနဲ့ ပြဿနာတစ်ခုကို မြန်မြန်ဖြေရှင်းချင်ဇောနဲ့ တော့ ချင်းညန်ကို မြန်မြန်ကြီးလက်ထပ်ပစ်လိုက်တာမျိုးတော့ မလုပ်နဲ့ပေါ့ ပြင်ဆင်ချင်ရင်တောင် ပြင်မရတဲ့အမှားမျိုး ဖြစ်လိမ့်မယ် ဒါကြောင့် အချိန်အတိုင်းအတာ တစ်ခုထိ မင်းဒီတိုင်းပဲနေလိုက်ဦး"

"ငါ မင်းတို့နဲ့ မိတ်ဆက်ပေးပြီးတဲ့နေ့ကတည်းက ချင်းညန်ကို ဖြတ်လိုက်တာ မင်းတို့ပြောသလိုပဲ ငါတခြားလူကို ဒီကိစ္စထဲ ဆွဲမသွင်းချင်ဘူး ငါ့ဘဝကို ငါ့စိတ်ကို တည်တည်ငြိမ်ငြိမ် အရင်လို ပြန်ဖြစ်ချင်တာ တစ်ခုပါပဲ"

ရိပေါ် စကားဆုံးတော့ ဟောက်ရွှမ်းက

"ကောင်းပြီလေ ရိပေါ် ရှောင်းကျန့်က လည်းမင်းကို ဒီစာကို မင်းစိတ်ရှိမှ ဖတ်ပါစေ မဖတ်ချင်လည်းရတယ်လို့တော့ ပြောသွားတယ် မင်းဘဝကို အနည်ထိုင်အောင် လုပ်လိုက်ပါဦး ငါတို့ ဒီစာကို ပြန်ယူသွားလိုက်မယ် ရှောင်းကျန့်က ခရီးသွားရဦးမှာလို့ ပြောသွားတာ ငါတို့ပြီးမှ ဆက်သွယ်ပြီး သူ့ ပြန်ပေးလိုက်မယ်လေ ပြီးခဲ့တာတွေ ပြီးပါစေတော့ မင်းမဖတ်နဲ့တော့ ရှောင်းကျန့် နဲ့ပတ်သတ်တဲ့ကိစ္စတွေ ပြည်ဖုံးကားချလိုက်တော့ ငါတို့ပြန်ပြီ မင်းလည်းနားလိုက်တော့"

ဟောက်ရွှမ်းနဲ့ကျိရန် က ထပြန်ရင်း စာအိတ်လေး ပြန်ကောက်ယူသွားပါတယ် သူတို့တောင် အပေါက်ဝ မရောက်သေးဘူး ရိပေါ်က

"ခဏနေဦး မင်းတို့ ပြန်ယူထားလိုက် ဒါပေမယ့် ရှောင်းကျန့်ဆီတော့ ပြန်မပေးသေးနဲ့ဦး ငါ ကိုယ့်ကိုကိုယ်သေချာအောင် လုပ်လိုက်ဦးမယ် ငါ့ကို တစ်လအချိန်ပေး တစ်လအတွင်း ငါဘာလုပ်လုပ် ငါဘာဖြစ်ဖြစ် မင်းတို့ငါ့ကို လာမတွေ့ကြနဲ့ ငါ့ကိုယ်ကိုငါ တိတိကျကျ ရေရေရာရာ အဖြေရှာလိုက်ဦးမယ် တစ်လပြည့်တဲ့နေ့ ငါတို့ပြန်ဆုံမယ် အဲဒီကြမှ ရှောင်းကျန့်ကို ပြန်ပေးသင့် မပေးသင့် ဆုံးဖြတ်ကြမယ်"

ရိပေါ်စကားကြောင့် အားလုံးက အချင်းချင်း မျက်ခုံးပင့်ပြလိုက်ကြပါတယ် ဒီကောင် ရှောင်းကျန့်နဲ့ ပတ်သက်လာရင် သည်းသည်းလှုပ်နေခဲ့တာကို ခုတောင် သူအရမ်း စိတ်တွေဖိအားများ စိတ်ဖိစီးမှုများနေလို့ အော်ဟစ်နေတာ ရှောင်းကျန့် ကို Lesbian လို့ ထင်ခဲ့ပြီး ရှောင်းကျန့်အတွက် ယောကျ်ားလေးဘဝစွန့်ပြီး ထိုင်းမှာ ဖြတ်ဖောက်ချုပ်လုပ်ဖို့ သူငယ်ချင်းတွေကို စုံစမ်းခိုင်းထားရတာနဲ့ စရံသွင်းဖို့ အကြိုက်ဆုံး (18)နှစ်ပြည့် အတွက် သူ့ပါးပါး လက်ဆောင်ပေးထားတဲ့ ဆိုင်ကယ်ကြီး ရောင်းခိုင်းရတာတွေ သူမေ့နေ့ပြီဆိုပေမယ့် ဒီက သူငယ်ချင်းတွေက မမေ့သေးဘူး နောက်မှ ရှောင်းကျန့် က သူယုံအောင် ဘယ်လို ချော့မော့ပြောလိုက်လဲ မသိ ဖြတ်ဖောက်ချုပ်ကိစ္စ တစ်စခန်းရပ်သွားတာ ခုလည်း မင်းမြန်မြန် အနည်ထိုင်ပါစေ ရိပေါ်ရေ.......................

********

သူငယ်ချင်းတွေနဲ့ ရှင်းစရာရှိတာ ရှင်းလိုက်ရတော့ ရိပေါ် စိတ်က တော်တော် သက်တောင့်သက်သာဖြစ်သွားပါတယ် ဒါကြောင့် ကိုယ့်စိတ်ကို စမ်းစစ် ဖို့ အစီအစဉ် ချလိုက်ပါတယ်

ရှောင်းကျန့်ရဲ့ စကားပြောပုံတွေ ရီတာတွေ သွားလာလှုပ်ရှားနေတဲ့ပုံတွေ အားလုံးက မျက်စိမှိတ်လိုက်တိုင်း အမြဲမြင်နေရတာပါ အဲဒါတွေအားလုံးက မိန်းကလေးသွင်ပြင်မို့ သူ့ကိုယ်သူ Straight ဆိုတာ သေချာအောင် Club တက် One night Stand ထားကြည့်ဖို့ ဆုံးဖြတ်ပြီး ည ၁၀နာရီလောက်မှ ကလပ်ကို ထွက်လာခဲ့ပါတယ်

Club ရောက်တာနဲ့ VIP အခန်းယူလိုက်ပြီး အသန့်ဆုံး ထဲက ဖြစ်နိုင်ရင် Packing လုံးဝမဖောက်ရသေးတဲ့ အသစ်စက်စက်ထဲက တစ်ယောက်ပို့ပေးဖို့ ပြောလိုက်ပါတယ် အကိတ်ထဲက မဟုတ်ဘဲ LCD လို Slim type လို့သေချာမှာလိုက်ပါတယ်

ရောက်လာပါတယ် ကောင်မလေး ငယ်ငယ်ချောချောလေးပါ အသစ်မို့ထင်ပါတယ် သူကလည်း ရှက်စိတ်လေးနဲ့ ခေါင်းငုံထားပါတယ် ဘာမှမစခင်

"ကိုယ်က One Night ပဲ စမ်းသပ်မှာမို့ နောက်ဆို လာမရှုပ်ဖို့တော့လိုတယ်နော်"

" ဘယ်သူက ဘယ်သူ့ကို ရှုပ်မှာလဲ ညီမကတော့ ရှုပ်ဖို့ အစီအစဉ်မရှိပါဘူး"

"ကောင်းပြီ ဂါဝန်ချွတ်လိုက်"

ရိပေါ်စကားအဆုံး ကောင်မလေးက မရဲတရဲ နဲ့ သူ့ဂါဝန်လေး သူချွတ်လိုက်ပါတယ် အထဲက အတွင်းခံလေးတွေ ဇာအတွင်းခံမို့ မိန်းကလေးဆိုတာ အရမ်းသိသာစေပါတယ် အတွင်းခံက ဇာအတွင်းခံမို့ ကောင်မလေးက ရှက်သလိုလိုနဲ့ လက်ကလေးတွေနဲ့ ကာဖို့ လုပ်တော့ ရိပေါ်က

"လက်လေးတွေ ဘေးချထားပေးလို့ရလား"

ကောင်မလေးလက်ကိုဘေးချလိုက်ပါတယ် ကောင်မလေးကို ခဏကြည့်ပြီးရိပေါ် ခေါ်လိုက်ပါတယ်

"ကိုယ့်အနားလာခဲ့ ကိုယ့်နှုတ်ခမ်းကို လာနမ်းပါ"

ကောင်မလေးက အနားကပ်လာခဲ့ပါတယ် စူးစူးစိုက်စိုက်ကြည့်နေတဲ့ရိပေါ်ကို ပြုံးပြီး ကောင်းပါပြီအစ်ကိုလို့ ပြောပြီး အနားလာထိုင်ပြီး နမ်းဖို့လုပ်လိုက်သလို လက်ကလည်း ရိပေါ်ညီလေးပေါ် လက်တင်ဖို့ လုပ်လိုက်ပါတယ်

"ဝုန်း ခလွမ်း ဂလွမ်း"

ဘယ်ကနေ ဘယ်လိုသိုင်းကွက်တွေ ပေါ်လာမှန်းမသိဘဲ ကောင်မလေးကို ကန်ထုတ်လိုက်မိတာပါ ကောင်မလေးကပ်လာတဲ့အချိန်မှာ နှလုံးသားလေးက ချက်ချင်း မေးပြီး အချက်ပေးလိုက်တာ ရှောင်းကျန့်ကို သစ္စာဖောက်တော့မှာလား ရှောင်းကျန့်မဟုတ်တဲ့ တခြားသူနဲ့ နမ်းတော့မယ်ပေါ့ ဟုတ်လား တဲ့ ရုတ်တရက် အဲဒီအသံကြားတဲ့အချိန်မှာ ကိုယ်ခန္ဓာကပါ ကောင်မလေးကန်ထုတ်ပြီးသား ဖြစ်သွားတယ်

ကောင်မလေးကို ဆောရီးတောင်းပန်ပါတယ်လို့ ပြောပြီး ဆွဲထူလိုက်ပါတယ် ဂါဝန်ပြန်ဝတ်ခိုင်းလိုက်ပြီး သတ်မှတ်ကြေးငွေထုတ်ပေးလိုက်ပါတယ်

ကွန်ဒိုပြန်ရောက်တော့ ရိပေါ် ကိုယ့်ကိုကိုယ်လည်း အံဩနေမိတာပါ မိန်းကလေး ငယ်ငယ်ချောချောလေးလို ဇာအတွင်းခံနဲ့ ဒိုးယိုပေါက် မြင်နေရတာတောင် ညီတော်မောင်က အေးဆေးအိပ်နေဆဲမို့လို့ပါ ရိပေါ် တစ်ခါမှ One Night Stand မထားဘူးပေမယ့် ရင်ခုန်တာမပြောနဲ့ ရင်တုန်တာတောင် မဖြစ်ဘူး စိတ်ပေါက်ပေါက်နဲ့ ရေထပ်ချိုးလိုက်ပါတယ် ရှောင်းကျန့် ကြောင့် လိင်စိတ်ကုန်ခမ်းပြီး ပန်းသေသွားပြီလားမသိဘူး သေချာအောင် ပိတ်ထားတဲ့ ဖုန်းလေးဖွင့် Gallery ထဲက ရှောင်းကျန့်ရဲ့ ကျောပြင်လေးနဲ့ မက်မွန်သီးပုံလေးကို ထုတ်ကြည့်လိုက်တာပါ အရင်က ခါးလေးဖက်ပြီး အနောက်ကနေ ပွတ်သပ်ခဲ့တာလေးတွေ အချစ်စမ်းခဲ့ကြတာ လေးတွေကို မြင်ယောင်မိတာနဲ့ ရိပေါ် စိတ်ပါလာပါတယ် အိပ်ရာထဲ ဝင်ပြီး ရှောင်းကျန့် ကျောပြင်လေးကို ကြည့် မင်္ဂလာဦးတုန်းက ရှောင်းကျန့် Bj လုပ်ပေးတာလေး မြင်ယောင်ပြီး ရိပေါ် ညတာလေးက ပြည့်စုံခြင်းကို ခံစားလိုက်ရပါတယ် ဒါ အချစ်ပဲလားရှောင်းကျန့် ကျွန်တော် မယုံနိုင်သေးဘူး

ဒါနဲ့ပဲ (၃)ရက်တစ်ခါ ရိပေါ် ကလပ်သွားစမ်းကြည့်ပါတယ် ကလပ်တွေ ပြောင်းသွားမယ် မိန်းမတွေသာ ပိန်ပိန်ပါးပါးတွေ အကိတ်တွေရော ပြောင်းသွားတယ် နောက်ဆုံးရလဒ်မပြောင်းပါဘူး ကိုယ့်ဖက်က စတင်ရာမှာမို့ မစတင်ရဲတာထင်ပြီး သွက်သွက်လက်လက် လက်ရဲဇာတ်ရဲ ကြာဖြူလေး တစ်ယောက်မှာ မိပါတယ် အခန်းထဲရောက်တာနဲ့ ပုခုံးက ချည်ထားတဲ့ ဂါဝန်ကြိုးကို ဖြေလိုက်တာနဲ့ မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်သွားပြီး ရိပေါ်ကို ခုန်အုပ်လိုက်တာ ရိပေါ်အနောက်ကို ခုန်ပြီးရှောင်လိုက်တာလို့ ကိုယ့်ကိုကိုယ်ထင်ပေမယ့် တကယ်ကဒူးပျံနဲ့ တိုက်ပစ်လိုက်တာ သတိလစ်သွားပါတယ် မြင်လိုက်ရလို့ ကွက်ကွက်ကွင်းကွင်း ဆိုပေမယ့် ရိပေါ် အန်ချင်လာလို့ ရေချိုးခန်းထဲတောင် ပြေးအန်ရပါသေးတယ် အဲဒီနောက်ပိုင်း ရိပေါ်က ကိုယ့်ကိုကို သံသယဖြစ်လာပါတယ် ငါGay သွားပြီလားမသိဘူး ဆိုပြီးဒါကြောင့် Gay Bar သွားပြီး အဆင်လေးတွေ သွားဆွဲကြည့်မယ်ဆိုပြီး စမ်းကြည့်လိုက်တော့ ထိုးပွဲကြိတ်ပွဲတွေသာ တိုးလာပါတယ် ဘယ်သူနဲ့မှ ရိပေါ် အဆင်မပြေပါဘူး နှလုံးသားလေးနဲ့တကွ ညီလေးက ရှောင်းကျန့် ရှောင်းကျန့်လို့သာ ဆန္ဒဖော်ထုတ်နေကြတာမို့ ရိပေါ်က ဖုန်းထဲက ရှောင်းကျန့်ရဲ့ ကျောပြင်ပုံလေး မက်မွန်သီးပုံလေးတွေနဲ့ နှစ်ပါးသွား အလွမ်းသယ်နေခဲ့ရတာပါ သေချာပါပြီ ကျွန်တော်စမ်းသပ်စရာလို့ ခင်ဗျားကို နဖူးတွေ့ ဒူးတွေ့ လက်တွေ့ စမ်းဖို့ပဲကျန်တော့တာ ကျွန်တ်ော့ကို လက်ခံမယ်မလား.............

Continue Reading

You'll Also Like

316K 9.5K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
31.2K 1.4K 25
တိုက်တန်တဲ့ လူတိုင်းအတွက် ဒုတိယအခွင့်အရေးဆိုတာရှိတယ်..
107K 8.7K 29
Wang Yibo: Ge Ge!! သား ကို မွ မွ ပေးလို့!! Xiao Zhan: မပေးဘူးကွာ နှာဗူး Wang Yibo: အဲ့ဒါဆို သား ငိုမှာနော် Xiao Zhan: ငိုလိုက်လေ.. ငိုရင် အိမ်ပြန်ပို...
25.9K 811 25
HxH ONESHOTS ⭕Include stories of different genres but mostly ROMANCE ⭕One Shots(ONE CHAPTER ONLY) ⭕If you want a description... ⭕READ THE TITLE RE...