ကမ်းကုန်အောင်အလိုလိုက်ခံထားရသ...

Door Deity_YuZhang

503K 65.1K 1.7K

Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Y... Meer

Description
1
2
3
4
5
7
8
9
10
11
12
13
14
15
16
17
18
19.1
19.2
20
21
22
23
24.1
24.2
25
26.1
26.2
27
28
29
Notice
30
31
32
33
34.1
34.2
35
36.1
36.2
37.1
37.2
38.1
38.2
38.3
39.1
39.2
39.3
40.1 + 40.2
41
42
43
44
45
46
47
48

6

10.3K 1.5K 57
Door Deity_YuZhang

U••

[ရှန်သခင်လေး၏ထူးဆန်းသောအပြုံး]

**

MC မိသားစု *

MC - ဟယ့်ချန်းနင်
အေမ - ဟယ့်မင်လန်
အေဖ - ယင်ကျိနျန်
မိထွေး - ချုန်းမင်
အဖြား - အကြီးအကဲယင်
အေဖတူမေအကြဲ ညီအစ္ကိုမ်ား - ယင်ဟောက် နှင့် ယင်ကျွင်း
အိမ်အကူ - အန်တီချင်

ML မိသားစု *

ML - ရှန်ယွီရှန်း
အေဖ - ရှန်ကော်ကျန်း
အေမ - ချိုးဟွေလင်း
အဖြား - မဒမ်ရှန်

**

နှစ်ရက်ဟူသည့်အချိန်ကာလက လျင်မြန်စွာဖြင့်ကုန်ဆုံးသွားခဲ့သည်။

တည်နေရာ: ရှန်အဖွဲ့အစည်း၏လက်အောက်မှ ကြယ်ငါးပွင့်အဆင့်ဟိုတယ်တစ်ခုတွင်။

အထက်တန်းဆန်သည့် Private စားသောက်ဆိုင်ထဲ၌ ရှန်ယွီရှန်းတစ်ယောက် ပျင်းရိစွာဖြင့်ထိုင်လျက်၊ အဖက်မလုပ်သည့်မျက်နှာထားဖြင့် လက်ထဲမှလက်ဖက်ရည်ခွက်ကိုဆော့ကစားနေလေ၏။

အကြီးအကဲရှန်ကတော့ လက်ထဲမှလက်ဖက်ရည်ခွက်ကိုကိုင်ရင်း ဖြည်းညှင်းစွာသောက်နေလေသည်။ သူမနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသည်က သူမ၏သား ရှန်ကော်ကျန်းနှင့် ဇနီးဖြစ်သူ ချိုးဟွေလင်းတို့ပင်။ နှစ်ယောက်လုံးကလည်း လက်ဖက်ရည်သာသောက်နေကြသည်မို့ လက်ဖက်ရည်စုပ်သောက်နေသည့်အသံများသာ တစ်ခန်းလုံး၌ကြားရသည်။

ဆယ်မိနစ်ခန့်ကြာပြီးသည့်နောက်တွင်မူ ဝိတ်တာကောင်မလေး၏ညွှန်ပြမှုဖြင့် အကြီးအကဲယင်နှင့်သူမ၏သား ယင်ကျိနျန် ဇနီးချုန်းမင်၊ နောက်ဆုံး၌ ဟယ့်ချန်းနင်ကလိုက်လာကာ private အခန်းငယ်လေးထဲသို့ဝင်လာကြသည်။

တွေ့ဆုံမှုအတွက် အကြီးအကဲယင်ကသူ့သားနှင့်ဇနီးဖြစ်သူတို့အား တခြားသူများထံမှအထင်အမြင်သေးမခံရဖို့ ကောင်းစွာဝတ်ဆင်ရန်သင်ကြားပေးခဲ့လေသည်။ ဟယ့်ချန်းနင်ကိုလည်း ယင်မိသားစုကိုအရှက်မရစေဖို့ သေချာပေါက်မှာထားခဲ့ပေသည်။

ဟယ့်ချန်းနင်ကပြုံးရုံသာပြုံး၍ စကားတစ်ခွန်းမဆိုခဲ့။ အကြီးအကဲယင်ကလည်း သူနှင့်သွားမရှုပ်လိုပေ။ ၎င်းကရည်ရွယ်ချက်ရှိရှိနှင့်သပ်သပ်ရပ်ရပ်မဝတ်ခဲ့လျှင်တောင် သူ၏ပုံစံကယင်မိသားစုမှအခြားသူများအားလုံးထက် ပို၍တင့်တယ်နေသည်ပင်။ ထို့ကြောင့်လည်း သူမကသူ၏ပုံမှန်အတိုင်းဝတ်စားဆင်ယင်ထားပုံကိုမမြင်ချင်ယောင်ဆောင်ကာ ကောင်းစွာနေထိုင်ဖို့သာအထပ်ထပ်သတိပေးလျက်။ သူလက်ခံပြီးမှအရာအားလုံးဖျက်မဆီးပစ်ဖို့ပင်ဖြစ်သည်။

မဒမ်ရှန်က သူ့မိသားစုဝင်များအားမတ်တပ်ထရန်လက်ဟန်ပြပြီးသည့်နောက် ယင်မိသားစုဝင်များအားနှုတ်ဆက်ရန်လျှောက်လာခဲ့လေသည်။ သာမာန်ကျသော အပြုံးလေးဖြင့် သူမကခေါင်းတစ်ချက်ငြိမ့်ပြကာနှုတ်ဆက်လေသည်။

"ကျွန်မအထင် ရှင်ကယင်မိသားစုရဲ့ အကြီးအကဲအမျိုးသမီးကြီးပဲဖြစ်ရမယ်...တွေ့ရတာဝမ်းသာပါတယ်ရှင့်"

အကြီးအကဲယင်ကလည်း ခပ်မြန်မြန်လက်ဟန်ပြ၍သူမကားနှုတ်ဆက်လာခဲ့သည်။

"ရှင်ကအရမ်းယဉ်ကျေးနေပြန်ပါပြီ မဒမ်ရှန်ရယ်... တွေ့ရတာဝမ်းသာပါတယ်နော်... ကျွန်မကချန်နင်ရဲ့အဖွားပါ"

သူမက သူမ၏မျက်လုံးတောက်တောက်များကိုသေးငယ်သွားစေရန် ဖြစ်ညှစ်လျက်ပြုံးသည်။

"ကြိုဆိုပါတယ်ရှင်..လာ အထဲမှာဝင်ထိုင်ပါဦး"

မဒမ်ရှန်ကယဉ်ကျေးစွာဖြင့် 'ဒီဘက်' ဟူသောအမူအရာကိုပြသည်။

အကြီးအကဲယင်ကနှိမ့်ချသည့်ပုံစံဖြင့် ရှန်မိသားစုနှင့်အတူသူမ၏ထိုင်ခုံသို့လျှောက်သွားလေသည်။ အကုန်လုံးက ၎င်းတို့၏ထိုင်ခုံများတွင်ထိုင်ပြီးသည့်နောက်တွင်တော့ ဝိတ်တာမိန်းကလေးက လက်ဖက်ရည်အချို့လာချပေးကာ အခန်းအတွင်းမှဖြည်းညှင်းစွာဆုတ်ခွာသွားတော့သည်။

မဒမ်ရှန်က စတင်မပြောခင်သူမ၏လက်ဖက်ရည်ခွက်မှ တစ်ငုံသောက်လိုက်၏။

"မဒမ်ယင်...ဒီနေ့ရှင့်မိသားစုကိုတွေ့ရတာဝမ်းသာပါတယ်...ကျွန်မမိတ်ဆက်ပေးပါရစေ.. ဒါကကျွန်မရဲ့သားနဲ့သူ့ဇနီး"

ထို့နောက်တွင်မူ သူမ၏အကြည့်များက ရှန်ယွီရှန်းဆီသို့ရောက်သွားတော့သည်။

"ပြီးတော့ဒါကကျွန်မရဲ့မြေး ရှန်ယွီရှန်းပါ"

အကြီးအကဲယင်က ပါးစပ်နားရွက်ချိတ်မတတ်ပြုံးရင်းဖြင့် ရှန်ကော်ကျန်းနှင့်ချိုးဟွေလင်းတို့အားနှုတ်ဆက်လာသည်။

"တွေ့ရတာဝမ်းသာပါတယ်...ကျွန်မလည်းမိသားစုကိုမိတ်ဆက်ပေးပါရစေ...ဒါကကျွန်မသား ယင်ကျိနျန်နဲ့သူ့ရဲ့ဇနီး"

ထို့နောက်သူမကဟယ့်ချန်းနင်အားညွှန်ပြကာ

"ပြီးတော့ဒါကကျွန်မမြေးဟယ့်ချန်းနင်"

သူမကလိုရမယ်ရထပ်မံဆိုလိုက်သေးသည်။

"သြော် သူကသူ့အမေရဲ့မျိုးရိုးနာမည်ကိုယူထားတာနော်"

မဒမ်ရှန်သည်ကား ဟယ့်ချန်းနင်အား အခန်းထဲဝင်လာသည့်အချိန်မှစ၍ အကဲခတ်နေခဲ့ခြင်းပင်။ ဟယ့်ချန်းနင်၏ ဝ့ံကြွားနေခြင်းလည်းမဟုတ်၊ နှိမ့်ချလွန်းနေခြင်းလည်းမမည်သည့် တည်ငြိမ်၊ အေးချမ်းသောအပြုအမူက မဒမ်ရှန်အားသူ၏အနေအထားကိုလက်ခံလာစေသည်။ ဟယ့်ချန်းနင်အပေါ်ထားသည့် သူမ၏ပထမဆုံးအမြင်ကလည်း အလွန်အကောင်းဘက်သို့ရောက်လေ၏။

"မင်းကချန်းနင်ဟုတ်တယ်မလား? အင်း...မင်းကလိမ္မာတဲ့ပုံပါပဲ"

မဒမ်ရှန်၏ချီးကျူးမှုကယင်ကျိနျန်အား စိတ်သက်သာရာရသွားစေသည်။ အနည်းဆုံးတော့ ချန်းနင်လက်ထပ်ပြီးသည့်အခါ၌ မဒမ်ရှန်၏အကြည့်အောက်တွင်တခြားသူများကသူ့အားခက်ခဲအောင်ပြုလုပ်နိုင်မည်မဟုတ်ပေ။

ချုန်းမင်ကတော့မဒမ်ရှန်အားသူမရင်ထဲ၌ပင်စက်ဆုပ်နေမိလေ၏။ ဤကလေးနှင့်ပက်သက်၍မည်သည့်အရာကများကောင်းနေပါသနည်း? သူမကတော့ဟယ့်ချန်းနင်နှင့်ပက်သက်၍ မည်သည့်ကောင်းသောအချက်ကိုမှမမြင်မိပါချေ။ သို့သော်လည်း ယင်အဖွဲ့အစည်း၏ပြသနာအားဖြေရှင်း ရန်အတွက်မူ သူမမျက်နှာပေါ်၌အပြုံးတစ်ပွင့်ကိုသာဖြစ်ညှစ်ပန်ဆင်ထားရမည်ပင်။ အနည်းငယ်လိန်ပိန်နေ၍ ရှက်စရာကောင်းလှသည့်အပြုံးမျိုးပင်။

အပြန်အလှန်အားဖြင့် အကြီးအကဲယင်၏နှလုံးသားတွင်တော့ ကြည်နူးမှုများအပြည့်ပင်။ ဟယ့်ချန်းနင်အပေါ် မဒမ်ရှန်၏ ထောက်ခံမှုနှင့်သာဆိုပါက ဤလက်ထပ်ပွဲကိုလည်းကောင်းစွာအတည်ပြုလိုက်ခြင်းပင်။ ဆိုလိုသည်က မကြာမီအတွင်းဆွေးနွေးရမည့် တင်တောင်းငွေအကြောင်းကလည်း ပို၍ချောချောမွတ်မွတ်ဖြစ်လာမည်ပင်။

ရှန်ကော်ကျန်းနှင့်ချိူးဟွေလင်းတို့ကမူ အံ့သြမှုကြောင့် တစ်ယောက်မျက်နှာတစ်ယောက်မယုံကြည်နိုင်စွာဖြင့်အကြည့်ချင်းဖလှယ်မိကြတော့သည်။ မဒမ်ရှန်ကတစ်စုံတစ်ယောက်ကိုချီးကျူးသည်မှာအလွန်ရှားပါးလှကြောင်း သူတို့အားလုံးသေချာသိသည်ပင်။ ထိုအမျိုးသမီးအတွက် တစ်စုံတစ်ယောက်အား 'မဆိုးပါဘူး'ဟုဆိုသည်ကပင် ထိုလူ၏စရိုက်လက္ခဏာအပေါ်သူမကအတိအကျသိမှဖြစ်လာသည့်အရာပင်။ သူမပထမဆုံးအကြိမ်တွေ့ဖူးသည့်လူတစ်ယောက်ဟုဆိုလာလျှင်တော့ ၎င်းကအလွန်ကိုထူးခြားလှပေ၏။

ယင်မိသားစု၏အမူအရာအသီးသီးအား ဟယ့်ချန်းနင်မျက်ဝန်းထဲ၌ဖမ်းမိခဲ့လေသည်။ အထူးသဖြင့် အကြီးအကဲယင်၏သိသာထင်ရှားလှသော အကြံအစည်များပြည့်နှက်နေသည့် အကြည့်ပင်။

ဟယ့်ချန်းနင်၏ မျက်ဆံနက်များကဖြည်းဖြည်းချင်း ကျုံ့ဝင်သွားသည်မှာ အနက်ရောင်စိန်များကဲ့သို့တောက်ပနေတော့သည်။ သူ၏နှုတ်ခမ်းပါးထောင့်စွန်းများက မသိလိုက်မသိဘာသာဖြင့်အပေါ်သို့ကွေးတက်သွားကာ ဆက်လက် စောင့်ကြည့်နေလျက်။ ထိုမျှလောက်လောဘကြီးနေပုံနှင့် သူတို့မျိုမချနိုင်တော့သည်အထိ စားသောက်မိမည်ကိုကြောက်ပုံလည်းမပေါ်ကြချေ။

ဟယ့်ချန်းနင်နှင့်ဆန့်ကျင်စွာဖြင့် သူတစ်ခေါက်မျှသာကြည့်ခဲ့သော ရှန်ယွီရှန်းကမူ ယခုအချိန်ထိသူ့အကြည့်များအား ဟယ့်ချန်းနင်ထံမှမခွာသေးပေ။ ဟယ့်ချန်းနင်၏မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီအား သူ့မျက်ဝန်းများဖြင့်မှတ်သားလျက်၊ စစရောက်ချင်းတုန်းက ထိုတည်ငြိမ်၍အေးချမ်းသည့်ပုံစံလေးမှအစ မဒမ်ရှန်ချီးကျူးသည့်အခါက စိတ်ရှည်၍နှိမ့်ချတတ်သောပုံစံလေးအဆုံးပင်။ သူ့ကိုပျိုးထောင်ခဲ့သည့်ယင်မိသားစုမှလူများနှင့်မတူညီပဲ ဤကောင်ငယ်လေး သူ့ကိုယ်သူချုပ်တည်းနိုင်သောပုံစံက ချီးကျူးစရာကောင်းလှသည်ဟု သူ့ကိုယ်သူပြန်တွေးမိလေ၏။ ဖြစ်နိုင်သည်က အတွင်းစိတ်ထဲ၌ သူသည်ကား အမေဖြစ်သူနှင့်ပို၍တူခြင်း၊ သို့တည်းမဟုတ် ဟယ့်မိသားစုနှင့်ပိုတူနေခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ရှန်ယွီရှန်းသည်လည်း အကြီးအကဲယင်၏လောဘတက်သောအကြည့်များကိုသတိထားမိသော်ငြား ထူးထူးထူးခြားခြားမတွေးမိချေ။ ဟယ့်ချန်းနင်၏မျက်ဝန်းများမှထေ့ငေါ့ရွဲ့စောင်းသောအရိပ်အယောင်များကိုမြင်သည့်အခါမှသာ သူ၏မျက်လုံးများကနက်မှောင်သွားခဲ့လေ၏။

အကြီးအကဲယင်ကပြုံးလျက်ဖြေကြားလာသည်။

"မြှောက်ပင့်နေပြန်ပါပြီ...ချန်းနင်ကငယ်ပြီးမရင့်ကျက်သေးပါဘူး...သူကနောက်ပိုင်းမှာရှင့်ရဲ့သင်ပြမှုတွေလိုပါသေးတယ်ရှင်"

မဒမ်ရှန်က လက်ဖက်ရည်တစ်ငုံသောက်ရင်းဖြင့်ဖြေကြားလာ၏။

"မဟုတ်တာကွယ်...ကျွန်မတော့ဒီကလေးကတော်တော်လေး သင့်တင့်တယ်လို့ထင်တယ်... မာနလဲမကြီး စိတ်မရှည်တာလဲမရှိပဲ အရှက်သိက္ခာရှိတဲ့ပုံစံ... ဒီလိုငယ်ရွယ်ပြီးထက်မြက်တဲ့ကလေးမျိုးကမြင်ရခဲပါတယ်.. မင်းရောအဲ့လိုမထင်ဘူးလား ယွီရှန်း?"

အမျိုးသမီးကြီး၏အကြည့်က သူမ၏မြေးထံသို့ကျရောက်သွားတော့သည်။

ရှန်ယွီရှန်းကခေါင်းငြိမ့်ထောက်ခံရင်းဖြင့် သူ၏အမူအရာမဲ့မျက်နှာထား၌ နှုတ်ခမ်းပါးက ဖြည်းညှင်းစွာတွန့်ကွေးသွားတော့သည်။ သြရှ၍ဆွဲဆောင်မှုရှိလှသောအသံဖြင့် သူကထောက်ခံလာ၏။

"အဖွားပြောသလိုပါပဲ"

မဒမ်ရှန်ကသူမ၏စိတ်ဝင်စားမှုအား ဟယ့်ချန်းနင်ဆီသို့ပြန်ပို့ကာ ပြုံးရင်းဖြင့်ဆိုသည်။

"ချန်းနင်...အဖွားကမင်းကိုအဲ့လိုခေါ်လို့ရလား?"

ဟယ့်ချန်းနင်၏နှုတ်ခမ်းပါးက တွန့်ကွေးသွားရင်းဖြင့် သူ၏ညှင်သာ၍ဖြူစင်သောအပြုံးလေးကိုမျက်နှာပေါ်တွင် ဆင်မြန်းလျက်ဆိုလာသည်။

"ကျွန်တော်ကဘယ်လိုပဲဖြစ်ဖြစ်အဆင်ပြေပါတယ် မဒမ်ရှန်"

မဒမ်ရှန်၏အပြုံးကပို၍ပင်ကြီးလာတော့သည်။

"မင်းကတကယ်ကိုအမြင်ရှိတဲ့ကောင်လေးပဲ... အဲ့တာကမင်းအတွက်ခက်ခဲမှာပဲကွယ်"

ဟယ့်ချန်းနင်ကခေတ္တမျှကြောင်အသွားပြီးသည့်နောက် နားလည်သဘောပေါက်သွားသည့်အပြုံးဖြင့်...

"မဒမ်ရှန်ရဲ့ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ်"

မဒမ်ရှန်ကသူမ၏ခေါင်းကိုဖြည်းညှင်းစွာငြိမ့်ပြပြီးနောက် အခြားဘာမှဆက်မပြောတော့ချေ။

၎င်းတို့မှာထားသည့်ဟင်းပွဲများရောက်လာကာ စားပွဲအပြည့်ဖြန့်ချပြီးသည့်နောက် လူတိုင်းက စားသောက်ရင်းဖြင့်ဆက်လက်စကားပြောကြ၏။

ယင်ကျိနျန်နှင့်ရှန်ကော်ကျန်းက စီးပွားရေးလောကတွင်ဖြစ်ပျက်နေသည့်အကြောင်းအရာများအကြောင်းဆွေးနွေးကြကာ ချုန်းမင်နှင့်ချိုးဟွေလင်းကတော့ လက်ဝတ်ရတနာနှင့်ဖက်ရှင်များအကြောင်းအစရှိသဖြင့်ပြောဆိုကြသည်။

အကြီးအကဲယင်က မဒမ်ရှန်နှင့်ရင်းနှီးရန်အတွက်အလုပ်ရှုပ်နေသည်မှာ သူမ၏မျက်နှာ၌စာချိတ်ပြထားမတတ်ပင်။ 'ရှင်ကျွန်မရဲ့သဘောကိုမြင်တယ်မလား? ဒါဆိုရင်မြန်မြန်လေး တင်တောင်းငွေအကြောင်းပြောကြရအောင်လေ' ဟူ၍။

မဒမ်ရှန်ကတော့ အကြီးအကဲယင်အား ထိုက်ကျီကဲ့သို့သဘောထားလျက် ဟယ့်ချန်းနင်နှင့်သာ စိမ်ပြေနပြေစကားပြောနေလေသည်။

{ထိုက်ကျီက chinese martial art တစ်မျိုးပါ... ဘာပြောတာလဲသိပ်တော့နားမလည်ပေမဲ့ အဓိကက မဒမ်ရှန်က အဘွားကြီးကိုလျစ်လျူရှုနေတဲ့သဘောပါပဲ}

"ချန်းနင်မင်းကဒီနှစ်ဆို အသက်နှစ်ဆယ်မလား? ကျောင်းတက်နေတုန်းပဲလား?"

ဟယ့်ချန်းနင်ကသူ၏တူများအား ချထားလိုက်ပြီးသည့်နောက် ပြန်လည်ဖြေကြားလာသည်။

"ကျွန်တော်ကကျောင်းပြီးသွားလို့ ဘွဲ့ရပြီးသွားပါပြီ"

မဒမ်ရှန်ကအနည်းငယ်အံသြသွားပုံပင်။

"ဘွဲ့တောင်ရပြီးပြီလား?"

"ဟုတ်ပါတယ် မဒမ်ရှန်"

"ဒါပေမဲ့ မင်းတို့အရွယ်ကလေးတွေက အခုချိန်ဆိုတက္ကသိုလ်တက်နေတုန်းလို့အဘွားထင်တာပဲ...မင်းဘယ်လိုဖြစ်ပြီးဒီလောက်မြန်မြန်ဘွဲ့ရသွားတာလဲ?"

"ကျွန်တော်က အထက်တန်းဂျူနီယာနဲ့စီနီယာကိုအတန်းကျော်တက်ခဲ့လို့ပါ... ပြီးတော့တက္ကသိုလ်ကိုလည်း ၂ နှစ်အတွင်းပြီးအောင်သင်ခဲ့တာ အဲ့တာကြောင့်စောစောဘွဲ့ရခဲ့တာပါခဗျ"

လူတိုင်းက စကားပြောနေသည်ကိုရပ်ကာ ဟယ့်ချန်းနင်အားအံသြစွာဖြင့် ငေးစိုက်ကြည့်မိကြတော့သည်။

မကောင်းဆိုးဝါးကဲ့သို့ လူအများကြီးထံမှစိုက်ကြည့်ခြင်းကိုခံလိုက်ရသည်က ဟယ့်ချန်းနင်၏ပါးပြင်အားပူထူသွားစေကာ သူ့နှုတ်ခမ်းကိုရှက်ရွံ့စွာဖြင့်ဖိကိုက်လိုက်မိလေသည်။

ရှန်ယွီရှန်း၏မျက်ဝန်းများကနက်မှောင်သွားသည်။ ဟယ့်ချန်းနင်၏ယခုဘက်ခြမ်းက ငြင်းရက်စရာပင်မရှိလှအောင် အလွန်ရိုးရှင်းလွန်းလှပေ၏။

ပန်းရောင်ဖျော့ဖျော့လေးက သူ၏မျက်နှာတွင်ဖြတ်သန်းသွားကာ မျက်တောင်ရှည်များကလှုပ်ခတ်နေ၍ သမင်မျက်ဝန်းလေးများကအရည်လဲ့လျက်။ နှာခေါင်းချွန်ချွန်လေး၏အောက်၌ နီရဲစိုပြေသောနှုတ်ခမ်းလေးရှိကာ ထွက်ကျလာသောစကားလုံးမှန်သမျှသည်လည်း သံစဉ်လေးကဲ့သို့ပင်။ ရှည်လျား၍ သွယ်လျသောလက်ချောင်းများက သတိလက်လွတ်ဖြင့် သူ့လက်ထဲမှလက်ဖက်ရည်ခွက်လေးအားပွတ်တိုက်လျက်၊ ဖြူဥသောအသားအရည်ပေါ်မှ သွေးကြောလေးများကိုပင်ကောင်းစွာမြင်နေရသည်။

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးအသွင်ရှိသည့်ထိုသူက ပျော့ညံ့မှုနှင့်တစ်စက်ကလေးမှပင် ပက်သက်မှုမရှိပါချေ။ သူ၏ခန္ဓာကိုယ်ကအဖြူရောင်ဘလောက်စ်အကျႌကို ကောင်းစွာဝတ်ဆင်ထားကာ လေ့ကျင့်ခန်းလုပ်ရင်းရလာသောပျောပြောင်းသည့်ကြွက်သားများအား ချည်ထည်ကလိုက်ဖက်စွာပင်ဖော်ပြထားလေသည်။ ဂျင်းဘောင်းဘီဝတ်ထားသည့် ခြေထောက်များအား ရွေ့လျားလိုက်ပုံမှတစ်ဆင့် သူ့ခန္ဓာကိုယ်၏ပျော့ပျောင်းမှုအား အလွယ်တကူကောက်ချက်ချနိုင်ပေသည်။ ၎င်းကအလွန်ပင်အကြောဆန့်ရာ၌ကောင်းသည့်ပုံပေါ်၏။

ရှန်ယွီရှန်းကရုတ်တရပ်ဆိုသလို ဟယ့်ချန်းနင်အား အပြည့်အဝရည်ညွှန်းနေသည့်ဖော်ပြချက်တစ်ခုကိုပင် သတိရသွားသေးသည်။

'မင်းရဲ့အလှကဒီကမ္ဘာပေါ်ကတခြားဘယ်သူနဲ့မှမတူဘူး
ကိုယ္ဘယ္ကိုသြားသြား ကိုယ်မင်းကိုပဲသတိရနေမိတယ်'

ထိုသို့ပြောင်မြောက်လှပ၍ ရည်မွန်သောလူက မကြာမီသူ့ဇနီးဖြစ်လာတော့မည်ဟူသောအတွေးက ရှန်ယွီရှန်း၏အပြုံးအားပို၍နက်ရှိုင်းလာစေ၏။

ရှန်ယွီရှန်းဆီမှတောက်လျှောက်စိုက်ကြည့်ခံနေရသော ဟယ့်ချန်းနင်သည်လည်း လျစ်လျူရှုဖို့ပင်မတတ်နိုင်တော့ပါချေ။ သူကသူ့ခေါင်းကိုအနည်းငယ်လှည့်လိုက်ရင်း ရှန်ယွီရှန်းကိုကြည့်ကာ ရင်ထဲ၌ခပ်တိုးတိုးရေရွတ်လိုက်မိ၏။ သူရောက်လာကတည်းက ဒီလူတောက်လျှောက်စိုက်ကြည့်နေတာ တစ်စက်ကလေးတောင်မပင်ပန်းဘူးလား?

ဟယ့်ချန်းနင်၏မေးခွန်းပါသောအကြည့်က ရှန်ယွီရှန်းအား သဘောခွေ့စေကာ သူ့နှုတ်ခမ်းများကအပေါ်သို့တွန့်ကွေးသွားလျက် ပြုံးပြလာလေ၏။

"ချန်းနင်ရဲ့ဉာဏ်ရည်ဉာဏ်သွေးက သေချာပေါက်ကိုထူးခြားပါပေတယ်"

သူ၏ထူးဆန်းသောအပြုံးကြီးကိုထုတ်ပြပြီးသည့်နောက် ထို poker face ကြီးကိုမြင်လိုက်ရသော ဟယ့်ချန်းနင်တစ်ယောက် ရုတ္တရပ္ဆိုသလို ကြက်သီးများတဖြန်းဖြန်းထလာရတော့သည်။

°°

Z••

[ရွန္သခင္ေလး၏ထူးဆန္းေသာအၿပံဳး]

**

MC မိသားစု *

MC - ဟယ့္ခ်န္းနင္
ေအမ - ဟယ္႔မင္လန္
ေအဖ - ယင္က်ိန်န္
မိေထြး - ခ်ဳန္းမင္
အျဖား - အႀကီးအကဲယင္
အေဖတူမေအကြဲ ညီအစ္ကိုမ်ား - ယင္ေဟာက္ ႏွင့္ ယင္ကြၽင္း
အိမ္အကူ - အန္တီခ်င္

ML မိသားစု *

ML - ႐ွန္ယြီ႐ွန္း
ေအဖ - ႐ွန္ေကာ္က်န္း
ေအမ - ခ်ိဳးေဟြလင္း
အျဖား - မဒမ္႐ွန္

**

နွစ္ရက္ဟူသည့္အခ်ိန္ကာလက လ်င္ျမန္စြာျဖင့္ကုန္ဆံုးသြားခဲ့သည္။

တည္ေနရာ: ရွန္အဖြဲ႕အစည္း၏လက္ေအာက္မွ ၾကယ္ငါးပြင့္အဆင့္ဟိုတယ္တစ္ခုတြင္။

အထက္တန္းဆန္သည့္ Private စားေသာက္ဆိုင္ထဲ၌ ရွန္ယြီရွန္းတစ္ေယာက္ ပ်င္းရိစြာျဖင့္ထိုင္လ်က္၊ အဖက္မလုပ္သည့္မ်က္နွာထားျဖင့္ လက္ထဲမွလက္ဖက္ရည္ခြက္ကိုေဆာ့ကစားေနေလ၏။

အႀကီးအကဲရွန္ကေတာ့ လက္ထဲမွလက္ဖက္ရည္ခြက္ကိုကိုင္ရင္း ျဖည္းညႇင္းစြာေသာက္ေနေလသည္။ သူမနွင့္မ်က္နွာခ်င္းဆိုင္တြင္ထိုင္ေနသည္က သူမ၏သား ရွန္ေကာ္က်န္းနွင့္ ဇနီးျဖစ္သူ ခ်ိဳးေဟြလင္းတို႔ပင္။ နွစ္ေယာက္လံုးကလည္း လက္ဖက္ရည္သာေသာက္ေနၾကသည္မို႔ လက္ဖက္ရည္စုပ္ေသာက္ေနသည့္အသံမ်ားသာ တစ္ခန္းလံုး၌ၾကားရသည္။

ဆယ္မိနစ္ခန္႔ၾကာၿပီးသည့္ေနာက္တြင္မူ ဝိတ္တာေကာင္မေလး၏ၫႊန္ျပမႈျဖင့္ အႀကီးအကဲယင္နွင့္သူမ၏သား ယင္က်ိႏ်န္ ဇနီးခ်ဳန္းမင္၊ ေနာက္ဆံုး၌ ဟယ့္ခ်န္းနင္ကလိုက္လာကာ private အခန္းငယ္ေလးထဲသို႔ဝင္လာၾကသည္။

ေတြ႕ဆံုမႈအတြက္ အႀကီးအကဲယင္ကသူ႔သားနွင့္ဇနီးျဖစ္သူတို႔အား တျခားသူမ်ားထံမွအထင္အျမင္ေသးမခံရဖို႔ ေကာင္းစြာဝတ္ဆင္ရန္သင္ၾကားေပးခဲ့ေလသည္။ ဟယ့္ခ်န္းနင္ကိုလည္း ယင္မိသားစုကိုအရွက္မရေစဖို႔ ေသခ်ာေပါက္မွာထားခဲ့ေပသည္။

ဟယ့္ခ်န္းနင္ကၿပံဳးရံုသာၿပံဳး၍ စကားတစ္ခြန္းမဆိုခဲ့။ အႀကီးအကဲယင္ကလည္း သူနွင့္သြားမရႈပ္လိုေပ။ ၎ကရည္႐ြယ္ခ်က္ရွိရွိနွင့္သပ္သပ္ရပ္ရပ္မဝတ္ခဲ့လ်ွင္ေတာင္ သူ၏ပံုစံကယင္မိသားစုမွအျခားသူမ်ားအားလံုးထက္ ပို၍တင့္တယ္ေနသည္ပင္။ ထို႔ေၾကာင့္လည္း သူမကသူ၏ပံုမွန္အတိုင္းဝတ္စားဆင္ယင္ထားပံုကိုမျမင္ခ်င္ေယာင္ေဆာင္ကာ ေကာင္းစြာေနထိုင္ဖို႔သာအထပ္ထပ္သတိေပးလ်က္။ သူလက္ခံၿပီးမွအရာအားလံုးဖ်က္မဆီးပစ္ဖို႔ပင္ျဖစ္သည္။

မဒမ္ရွန္က သူ႔မိသားစုဝင္မ်ားအားမတ္တပ္ထရန္လက္ဟန္ျပၿပီးသည့္ေနာက္ ယင္မိသားစုဝင္မ်ားအားနႈတ္ဆက္ရန္ေလ်ွာက္လာခဲ့ေလသည္။ သာမာန္က်ေသာ အၿပံဳးေလးျဖင့္ သူမကေခါင္းတစ္ခ်က္ၿငိမ့္ျပကာနႈတ္ဆက္ေလသည္။

"ကြၽန္မအထင္ ရွင္ကယင္မိသားစုရဲ႕ အႀကီးအကဲအမ်ိဳးသမီးႀကီးပဲျဖစ္ရမယ္...ေတြ႕ရတာဝမ္းသာပါတယ္ရွင့္"

အႀကီးအကဲယင္ကလည္း ခပ္ျမန္ျမန္လက္ဟန္ျပ၍သူမကားနႈတ္ဆက္လာခဲ့သည္။

"ရွင္ကအရမ္းယဥ္ေက်းေနျပန္ပါၿပီ မဒမ္ရွန္ရယ္... ေတြ႕ရတာဝမ္းသာပါတယ္ေနာ္... ကြၽန္မကခ်န္နင္ရဲ႕အဖြားပါ"

သူမက သူမ၏မ်က္လံုးေတာက္ေတာက္မ်ားကိုေသးငယ္သြားေစရန္ ျဖစ္ညႇစ္လ်က္ၿပံဳးသည္။

"ႀကိဳဆိုပါတယ္ရွင္..လာ အထဲမွာဝင္ထိုင္ပါဦး"

မဒမ္ရွန္ကယဥ္ေက်းစြာျဖင့္ 'ဒီဘက္' ဟူေသာအမူအရာကိုျပသည္။

အႀကီးအကဲယင္ကနိွမ့္ခ်သည့္ပံုစံျဖင့္ ရွန္မိသားစုနွင့္အတူသူမ၏ထိုင္ခံုသို႔ေလ်ွာက္သြားေလသည္။ အကုန္လံုးက ၎တို႔၏ထိုင္ခံုမ်ားတြင္ထိုင္ၿပီးသည့္ေနာက္တြင္ေတာ့ ဝိတ္တာမိန္းကေလးက လက္ဖက္ရည္အခ်ိဳ႕လာခ်ေပးကာ အခန္းအတြင္းမွျဖည္းညႇင္းစြာဆုတ္ခြာသြားေတာ့သည္။

မဒမ္ရွန္က စတင္မေျပာခင္သူမ၏လက္ဖက္ရည္ခြက္မွ တစ္ငံုေသာက္လိုက္၏။

"မဒမ္ယင္...ဒီေန႔ရွင့္မိသားစုကိုေတြ႕ရတာဝမ္းသာပါတယ္...ကြၽန္မမိတ္ဆက္ေပးပါရေစ.. ဒါကကြၽန္မရဲ႕သားနဲ႔သူ႔ဇနီး"

ထို႔ေနာက္တြင္မူ သူမ၏အၾကည့္မ်ားက ရွန္ယြီရွန္းဆီသို႔ေရာက္သြားေတာ့သည္။

"ၿပီးေတာ့ဒါကကြၽန္မရဲ႕ေျမး ရွန္ယြီရွန္းပါ"

အႀကီးအကဲယင္က ပါးစပ္နား႐ြက္ခ်ိတ္မတတ္ၿပံဳးရင္းျဖင့္ ရွန္ေကာ္က်န္းနွင့္ခ်ိဳးေဟြလင္းတို႔အားနႈတ္ဆက္လာသည္။

"ေတြ႕ရတာဝမ္းသာပါတယ္...ကြၽန္မလည္းမိသားစုကိုမိတ္ဆက္ေပးပါရေစ...ဒါကကြၽန္မသား ယင္က်ိႏ်န္နဲ႔သူ႔ရဲ႕ဇနီး"

ထို႔ေနာက္သူမကဟယ့္ခ်န္းနင္အားၫႊန္ျပကာ

"ၿပီးေတာ့ဒါကကြၽန္မေျမးဟယ့္ခ်န္းနင္"

သူမကလိုရမယ္ရထပ္မံဆိုလိုက္ေသးသည္။

"ေၾသာ္ သူကသူ႔အေမရဲ႕မ်ိဳးရိုးနာမည္ကိုယူထားတာေနာ္"

မဒမ္ရွန္သည္ကား ဟယ့္ခ်န္းနင္အား အခန္းထဲဝင္လာသည့္အခ်ိန္မွစ၍ အကဲခတ္ေနခဲ့ျခင္းပင္။ ဟယ့္ခ်န္းနင္၏ ဝ့ံႂကြားေနျခင္းလည္းမဟုတ္၊ နိွမ့္ခ်လြန္းေနျခင္းလည္းမမည္သည့္ တည္ၿငိမ္၊ ေအးခ်မ္းေသာအျပဳအမူက မဒမ္ရွန္အားသူ၏အေနအထားကိုလက္ခံလာေစသည္။ ဟယ့္ခ်န္းနင္အေပၚထားသည့္ သူမ၏ပထမဆံုးအျမင္ကလည္း အလြန္အေကာင္းဘက္သို႔ေရာက္ေလ၏။

"မင္းကခ်န္းနင္ဟုတ္တယ္မလား? အင္း...မင္းကလိမၼာတဲ့ပံုပါပဲ"

မဒမ္ရွန္၏ခ်ီးက်ဴးမႈကယင္က်ိႏ်န္အား စိတ္သက္သာရာရသြားေစသည္။ အနည္းဆံုးေတာ့ ခ်န္းနင္လက္ထပ္ၿပီးသည့္အခါ၌ မဒမ္ရွန္၏အၾကည့္ေအာက္တြင္တျခားသူမ်ားကသူ႔အားခက္ခဲေအာင္ျပဳလုပ္နိုင္မည္မဟုတ္ေပ။

ခ်ဳန္းမင္ကေတာ့မဒမ္ရွန္အားသူမရင္ထဲ၌ပင္စက္ဆုပ္ေနမိေလ၏။ ဤကေလးနွင့္ပက္သက္၍မည္သည့္အရာကမ်ားေကာင္းေနပါသနည္း? သူမကေတာ့ဟယ့္ခ်န္းနင္နွင့္ပက္သက္၍ မည္သည့္ေကာင္းေသာအခ်က္ကိုမွမျမင္မိပါေခ်။ သို႔ေသာ္လည္း ယင္အဖြဲ႕အစည္း၏ျပသနာအားေျဖရွင္း ရန္အတြက္မူ သူမမ်က္နွာေပၚ၌အၿပံဳးတစ္ပြင့္ကိုသာျဖစ္ညႇစ္ပန္ဆင္ထားရမည္ပင္။ အနည္းငယ္လိန္ပိန္ေန၍ ရွက္စရာေကာင္းလွသည့္အၿပံဳးမ်ိဳးပင္။

အျပန္အလွန္အားျဖင့္ အႀကီးအကဲယင္၏နွလံုးသားတြင္ေတာ့ ၾကည္ႏူးမႈမ်ားအျပည့္ပင္။ ဟယ့္ခ်န္းနင္အေပၚ မဒမ္ရွန္၏ ေထာက္ခံမႈနွင့္သာဆိုပါက ဤလက္ထပ္ပြဲကိုလည္းေကာင္းစြာအတည္ျပဳလိုက္ျခင္းပင္။ ဆိုလိုသည္က မၾကာမီအတြင္းေဆြးေႏြးရမည့္ တင္ေတာင္းေငြအေၾကာင္းကလည္း ပို၍ေခ်ာေခ်ာမြတ္မြတ္ျဖစ္လာမည္ပင္။

ရွန္ေကာ္က်န္းနွင့္ခ်ိဴးေဟြလင္းတို႔ကမူ အံ့ၾသမႈေၾကာင့္ တစ္ေယာက္မ်က္နွာတစ္ေယာက္မယံုၾကည္နိုင္စြာျဖင့္အၾကည့္ခ်င္းဖလွယ္မိၾကေတာ့သည္။ မဒမ္ရွန္ကတစ္စံုတစ္ေယာက္ကိုခ်ီးက်ဴးသည္မွာအလြန္ရွားပါးလွေၾကာင္း သူတို႔အားလံုးေသခ်ာသိသည္ပင္။ ထိုအမ်ိဳးသမီးအတြက္ တစ္စံုတစ္ေယာက္အား 'မဆိုးပါဘူး'ဟုဆိုသည္ကပင္ ထိုလူ၏စရိုက္လကၡဏာအေပၚသူမကအတိအက်သိမွျဖစ္လာသည့္အရာပင္။ သူမပထမဆံုးအႀကိမ္ေတြ႕ဖူးသည့္လူတစ္ေယာက္ဟုဆိုလာလ်ွင္ေတာ့ ၎ကအလြန္ကိုထူးျခားလွေပ၏။

ယင္မိသားစု၏အမူအရာအသီးသီးအား ဟယ့္ခ်န္းနင္မ်က္ဝန္းထဲ၌ဖမ္းမိခဲ့ေလသည္။ အထူးသျဖင့္ အႀကီးအကဲယင္၏သိသာထင္ရွားလွေသာ အႀကံအစည္မ်ားျပည့္နွက္ေနသည့္ အၾကည့္ပင္။

ဟယ့္ခ်န္းနင္၏ မ်က္ဆံနက္မ်ားကျဖည္းျဖည္းခ်င္း က်ံဳ႕ဝင္သြားသည္မွာ အနက္ေရာင္စိန္မ်ားကဲ့သို႔ေတာက္ပေနေတာ့သည္။ သူ၏နႈတ္ခမ္းပါးေထာင့္စြန္းမ်ားက မသိလိုက္မသိဘာသာျဖင့္အေပၚသို႔ေကြးတက္သြားကာ ဆက္လက္ ေစာင့္ၾကည့္ေနလ်က္။ ထိုမ်ွေလာက္ေလာဘႀကီးေနပံုနွင့္ သူတို႔မ်ိဳမခ်နိုင္ေတာ့သည္အထိ စားေသာက္မိမည္ကိုေၾကာက္ပံုလည္းမေပၚၾကေခ်။

ဟယ့္ခ်န္းနင္နွင့္ဆန္႔က်င္စြာျဖင့္ သူတစ္ေခါက္မ်ွသာၾကည့္ခဲ့ေသာ ရွန္ယြီရွန္းကမူ ယခုအခ်ိန္ထိသူ႔အၾကည့္မ်ားအား ဟယ့္ခ်န္းနင္ထံမွမခြာေသးေပ။ ဟယ့္ခ်န္းနင္၏မ်က္နွာအစိတ္အပိုင္းတစ္ခုခ်င္းစီအား သူ႔မ်က္ဝန္းမ်ားျဖင့္မွတ္သားလ်က္၊ စစေရာက္ခ်င္းတုန္းက ထိုတည္ၿငိမ္၍ေအးခ်မ္းသည့္ပံုစံေလးမွအစ မဒမ္ရွန္ခ်ီးက်ဴးသည့္အခါက စိတ္ရွည္၍နိွမ့္ခ်တတ္ေသာပံုစံေလးအဆံုးပင္။ သူ႔ကိုပ်ိဳးေထာင္ခဲ့သည့္ယင္မိသားစုမွလူမ်ားနွင့္မတူညီပဲ ဤေကာင္ငယ္ေလး သူ႔ကိုယ္သူခ်ဳပ္တည္းနိုင္ေသာပံုစံက ခ်ီးက်ဴးစရာေကာင္းလွသည္ဟု သူ႔ကိုယ္သူျပန္ေတြးမိေလ၏။ ျဖစ္နိုင္သည္က အတြင္းစိတ္ထဲ၌ သူသည္ကား အေမျဖစ္သူနွင့္ပို၍တူျခင္း၊ သို႔တည္းမဟုတ္ ဟယ့္မိသားစုနွင့္ပိုတူေနျခင္းလည္းျဖစ္ေကာင္းျဖစ္နိုင္ပါသည္။

ရွန္ယြီရွန္းသည္လည္း အႀကီးအကဲယင္၏ေလာဘတက္ေသာအၾကည့္မ်ားကိုသတိထားမိေသာ္ျငား ထူးထူးထူးျခားျခားမေတြးမိေခ်။ ဟယ့္ခ်န္းနင္၏မ်က္ဝန္းမ်ားမွေထ့ေငါ့႐ြဲ႕ေစာင္းေသာအရိပ္အေယာင္မ်ားကိုျမင္သည့္အခါမွသာ သူ၏မ်က္လံုးမ်ားကနက္ေမွာင္သြားခဲ့ေလ၏။

အႀကီးအကဲယင္ကၿပံဳးလ်က္ေျဖၾကားလာသည္။

"ေျမႇာက္ပင့္ေနျပန္ပါၿပီ...ခ်န္းနင္ကငယ္ၿပီးမရင့္က်က္ေသးပါဘူး...သူကေနာက္ပိုင္းမွာရွင့္ရဲ႕သင္ျပမႈေတြလိုပါေသးတယ္ရွင္"

မဒမ္ရွန္က လက္ဖက္ရည္တစ္ငံုေသာက္ရင္းျဖင့္ေျဖၾကားလာ၏။

"မဟုတ္တာကြယ္...ကြၽန္မေတာ့ဒီကေလးကေတာ္ေတာ္ေလး သင့္တင့္တယ္လို႔ထင္တယ္... မာနလဲမႀကီး စိတ္မရွည္တာလဲမရွိပဲ အရွက္သိကၡာရွိတဲ့ပံုစံ... ဒီလိုငယ္႐ြယ္ၿပီးထက္ျမက္တဲ့ကေလးမ်ိဳးကျမင္ရခဲပါတယ္.. မင္းေရာအဲ့လိုမထင္ဘူးလား ယြီရွန္း?"

အမ်ိဳးသမီးႀကီး၏အၾကည့္က သူမ၏ေျမးထံသို႔က်ေရာက္သြားေတာ့သည္။

ရွန္ယြီရွန္းကေခါင္းၿငိမ့္ေထာက္ခံရင္းျဖင့္ သူ၏အမူအရာမဲ့မ်က္နွာထား၌ နႈတ္ခမ္းပါးက ျဖည္းညႇင္းစြာတြန္႔ေကြးသြားေတာ့သည္။ ၾသရွ၍ဆြဲေဆာင္မႈရွိလွေသာအသံျဖင့္ သူကေထာက္ခံလာ၏။

"အဖြားေျပာသလိုပါပဲ"

မဒမ္ရွန္ကသူမ၏စိတ္ဝင္စားမႈအား ဟယ့္ခ်န္းနင္ဆီသို႔ျပန္ပို႔ကာ ၿပံဳးရင္းျဖင့္ဆိုသည္။

"ခ်န္းနင္...အဖြားကမင္းကိုအဲ့လိုေခၚလို႔ရလား?"

ဟယ့္ခ်န္းနင္၏နႈတ္ခမ္းပါးက တြန္႔ေကြးသြားရင္းျဖင့္ သူ၏ညႇင္သာ၍ျဖဴစင္ေသာအၿပံဳးေလးကိုမ်က္နွာေပၚတြင္ ဆင္ျမန္းလ်က္ဆိုလာသည္။

"ကြၽန္ေတာ္ကဘယ္လိုပဲျဖစ္ျဖစ္အဆင္ေျပပါတယ္ မဒမ္ရွန္"

မဒမ္ရွန္၏အၿပံဳးကပို၍ပင္ႀကီးလာေတာ့သည္။

"မင္းကတကယ္ကိုအျမင္ရွိတဲ့ေကာင္ေလးပဲ... အဲ့တာကမင္းအတြက္ခက္ခဲမွာပဲကြယ္"

ဟယ့္ခ်န္းနင္ကေခတၲမ်ွေၾကာင္အသြားၿပီးသည့္ေနာက္ နားလည္သေဘာေပါက္သြားသည့္အၿပံဳးျဖင့္...

"မဒမ္ရွန္ရဲ႕ၾကင္နာမႈအတြက္ေက်းဇူးတင္ပါတယ္"

မဒမ္ရွန္ကသူမ၏ေခါင္းကိုျဖည္းညႇင္းစြာၿငိမ့္ျပၿပီးေနာက္ အျခားဘာမွဆက္မေျပာေတာ့ေခ်။

၎တို႔မွာထားသည့္ဟင္းပြဲမ်ားေရာက္လာကာ စားပြဲအျပည့္ျဖန္႔ခ်ၿပီးသည့္ေနာက္ လူတိုင္းက စားေသာက္ရင္းျဖင့္ဆက္လက္စကားေျပာၾက၏။

ယင္က်ိႏ်န္နွင့္ရွန္ေကာ္က်န္းက စီးပြားေရးေလာကတြင္ျဖစ္ပ်က္ေနသည့္အေၾကာင္းအရာမ်ားအေၾကာင္းေဆြးေႏြးၾကကာ ခ်ဳန္းမင္နွင့္ခ်ိဳးေဟြလင္းကေတာ့ လက္ဝတ္ရတနာနွင့္ဖက္ရွင္မ်ားအေၾကာင္းအစရွိသျဖင့္ေျပာဆိုၾကသည္။

အႀကီးအကဲယင္က မဒမ္ရွန္နွင့္ရင္းနွီးရန္အတြက္အလုပ္ရႈပ္ေနသည္မွာ သူမ၏မ်က္နွာ၌စာခ်ိတ္ျပထားမတတ္ပင္။ 'ရွင္ကြၽန္မရဲ႕သေဘာကိုျမင္တယ္မလား? ဒါဆိုရင္ျမန္ျမန္ေလး တင္ေတာင္းေငြအေၾကာင္းေျပာၾကရေအာင္ေလ' ဟူ၍။

မဒမ္ရွန္ကေတာ့ အႀကီးအကဲယင္အား ထိုက္က်ီကဲ့သို႔သေဘာထားလ်က္ ဟယ့္ခ်န္းနင္နွင့္သာ စိမ္ေျပနေျပစကားေျပာေနေလသည္။

{ထိုက္က်ီက chinese martial art တစ္မ်ိဳးပါ... ဘာေျပာတာလဲသိပ္ေတာ့နားမလည္ေပမဲ့ အဓိကက မဒမ္ရွန္က အဘြားႀကီးကိုလ်စ္လ်ဴရႈေနတဲ့သေဘာပါပဲ}

"ခ်န္းနင္မင္းကဒီနွစ္ဆို အသက္နွစ္ဆယ္မလား? ေက်ာင္းတက္ေနတုန္းပဲလား?"

ဟယ့္ခ်န္းနင္ကသူ၏တူမ်ားအား ခ်ထားလိုက္ၿပီးသည့္ေနာက္ ျပန္လည္ေျဖၾကားလာသည္။

"ကြၽန္ေတာ္ကေက်ာင္းၿပီးသြားလို႔ ဘြဲ႕ရၿပီးသြားပါၿပီ"

မဒမ္ရွန္ကအနည္းငယ္အံၾသသြားပံုပင္။

"ဘြဲ႕ေတာင္ရၿပီးၿပီလား?"

"ဟုတ္ပါတယ္ မဒမ္ရွန္"

"ဒါေပမဲ့ မင္းတို႔အ႐ြယ္ကေလးေတြက အခုခ်ိန္ဆိုတကၠသိုလ္တက္ေနတုန္းလို႔အဘြားထင္တာပဲ...မင္းဘယ္လိုျဖစ္ၿပီးဒီေလာက္ျမန္ျမန္ဘြဲ႕ရသြားတာလဲ?"

"ကြၽန္ေတာ္က အထက္တန္းဂ်ဴနီယာနဲ႔စီနီယာကိုအတန္းေက်ာ္တက္ခဲ့လို႔ပါ... ၿပီးေတာ့တကၠသိုလ္ကိုလည္း ၂ နွစ္အတြင္းၿပီးေအာင္သင္ခဲ့တာ အဲ့တာေၾကာင့္ေစာေစာဘြဲ႕ရခဲ့တာပါခဗ်"

လူတိုင္းက စကားေျပာေနသည္ကိုရပ္ကာ ဟယ့္ခ်န္းနင္အားအံၾသစြာျဖင့္ ေငးစိုက္ၾကည့္မိၾကေတာ့သည္။

မေကာင္းဆိုးဝါးကဲ့သို႔ လူအမ်ားႀကီးထံမွစိုက္ၾကည့္ျခင္းကိုခံလိုက္ရသည္က ဟယ့္ခ်န္းနင္၏ပါးျပင္အားပူထူသြားေစကာ သူ႔နႈတ္ခမ္းကိုရွက္႐ြံ႕စြာျဖင့္ဖိကိုက္လိုက္မိေလသည္။

ရွန္ယြီရွန္း၏မ်က္ဝန္းမ်ားကနက္ေမွာင္သြားသည္။ ဟယ့္ခ်န္းနင္၏ယခုဘက္ျခမ္းက ျငင္းရက္စရာပင္မရွိလွေအာင္ အလြန္ရိုးရွင္းလြန္းလွေပ၏။

ပန္းေရာင္ေဖ်ာ့ေဖ်ာ့ေလးက သူ၏မ်က္နွာတြင္ျဖတ္သန္းသြားကာ မ်က္ေတာင္ရွည္မ်ားကလႈပ္ခတ္ေန၍ သမင္မ်က္ဝန္းေလးမ်ားကအရည္လဲ့လ်က္။ နွာေခါင္းခြၽန္ခြၽန္ေလး၏ေအာက္၌ နီရဲစိုေျပေသာနႈတ္ခမ္းေလးရွိကာ ထြက္က်လာေသာစကားလံုးမွန္သမ်ွသည္လည္း သံစဥ္ေလးကဲ့သို႔ပင္။ ရွည္လ်ား၍ သြယ္လ်ေသာလက္ေခ်ာင္းမ်ားက သတိလက္လြတ္ျဖင့္ သူ႔လက္ထဲမွလက္ဖက္ရည္ခြက္ေလးအားပြတ္တိုက္လ်က္၊ ျဖဴဥေသာအသားအရည္ေပၚမွ ေသြးေၾကာေလးမ်ားကိုပင္ေကာင္းစြာျမင္ေနရသည္။

အရပ္ရွည္ရွည္ ပိန္ပိန္ပါးပါးအသြင္ရွိသည့္ထိုသူက ေပ်ာ့ညံ့မႈနွင့္တစ္စက္ကေလးမွပင္ ပက္သက္မႈမရွိပါေခ်။ သူ၏ခႏၶာကိုယ္ကအျဖဴေရာင္ဘေလာက္စ္အက်ႌကို ေကာင္းစြာဝတ္ဆင္ထားကာ ေလ့က်င့္ခန္းလုပ္ရင္းရလာေသာေပ်ာေျပာင္းသည့္ႂကြက္သားမ်ားအား ခ်ည္ထည္ကလိုက္ဖက္စြာပင္ေဖာ္ျပထားေလသည္။ ဂ်င္းေဘာင္းဘီဝတ္ထားသည့္ ေျခေထာက္မ်ားအား ေ႐ြ႕လ်ားလိုက္ပံုမွတစ္ဆင့္ သူ႔ခႏၶာကိုယ္၏ေပ်ာ့ေပ်ာင္းမႈအား အလြယ္တကူေကာက္ခ်က္ခ်နိုင္ေပသည္။ ၎ကအလြန္ပင္အေၾကာဆန္႔ရာ၌ေကာင္းသည့္ပံုေပၚ၏။

ရွန္ယြီရွန္းကရုတ္တရပ္ဆိုသလို ဟယ့္ခ်န္းနင္အား အျပည့္အဝရည္ၫႊန္းေနသည့္ေဖာ္ျပခ်က္တစ္ခုကိုပင္ သတိရသြားေသးသည္။

'မင္းရဲ႕အလွကဒီကမာၻေပၚကတျခားဘယ္သူနဲ႔မွမတူဘူး
ကိုယၻယၠိုၾသားၾသား ကိုယ္မင္းကိုပဲသတိရေနမိတယ္'

ထိုသို႔ေျပာင္ေျမာက္လွပ၍ ရည္မြန္ေသာလူက မၾကာမီသူ႔ဇနီးျဖစ္လာေတာ့မည္ဟူေသာအေတြးက ရွန္ယြီရွန္း၏အၿပံဳးအားပို၍နက္ရိႈင္းလာေစ၏။

ရွန္ယြီရွန္းဆီမွေတာက္ေလ်ွာက္စိုက္ၾကည့္ခံေနရေသာ ဟယ့္ခ်န္းနင္သည္လည္း လ်စ္လ်ဴရႈဖို႔ပင္မတတ္နိုင္ေတာ့ပါေခ်။ သူကသူ႔ေခါင္းကိုအနည္းငယ္လွည့္လိုက္ရင္း ရွန္ယြီရွန္းကိုၾကည့္ကာ ရင္ထဲ၌ခပ္တိုးတိုးေရ႐ြတ္လိုက္မိ၏။ သူေရာက္လာကတည္းက ဒီလူေတာက္ေလ်ွာက္စိုက္ၾကည့္ေနတာ တစ္စက္ကေလးေတာင္မပင္ပန္းဘူးလား?

ဟယ့္ခ်န္းနင္၏ေမးခြန္းပါေသာအၾကည့္က ရွန္ယြီရွန္းအား သေဘာေခြ႕ေစကာ သူ႔နႈတ္ခမ္းမ်ားကအေပၚသို႔တြန္႔ေကြးသြားလ်က္ ၿပံဳးျပလာေလ၏။

"ခ်န္းနင္ရဲ႕ဥာဏ္ရည္ဥာဏ္ေသြးက ေသခ်ာေပါက္ကိုထူးျခားပါေပတယ္"

သူ၏ထူးဆန္းေသာအၿပံဳးႀကီးကိုထုတ္ျပၿပီးသည့္ေနာက္ ထို poker face ႀကီးကိုျမင္လိုက္ရေသာ ဟယ့္ခ်န္းနင္တစ္ေယာက္ ႐ုတၱရပ္ဆိုသလို ၾကက္သီးမ်ားတျဖန္းျဖန္းထလာရေတာ့သည္။

°°

Ga verder met lezen

Dit interesseert je vast

499K 12K 49
အသက်ရှုသံအလိုက် စည်းချက်ညီညီလှုပ်ရှားနေသည့် ဒီလူကြီးရဲ့ရင်ခုန်သံတွေကို နားထောင်ရတာ သိပ်ကိုသဘောကျသည်။... ဟန်မင်းသိုက်+ယုခွန်းခ အသက္ရႈသံအလိုက္ စည္းခ်က...
2.4M 303K 63
Oh my god!!!!
431K 10.4K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
1.1M 58.1K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...