ကမ်းကုန်အောင်အလိုလိုက်ခံထားရသ...

By Deity_YuZhang

503K 65.1K 1.7K

Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Y... More

Description
1
2
3
4
6
7
8
9
10
11
12
13
14
15
16
17
18
19.1
19.2
20
21
22
23
24.1
24.2
25
26.1
26.2
27
28
29
Notice
30
31
32
33
34.1
34.2
35
36.1
36.2
37.1
37.2
38.1
38.2
38.3
39.1
39.2
39.3
40.1 + 40.2
41
42
43
44
45
46
47
48

5

11.1K 1.4K 13
By Deity_YuZhang

U••

[စိတ်ဝင်စားစရာကောင်းတဲ့လူ]

မြင်ကွင်းကျယ်တစ်ခုနှင့်အတူ French ပြတင်းပေါက်ရှေ့တွင် အရပ်ရှည်ရှည်လူတစ်ယောက် မတ်တပ်ရပ်နေလေသည်။

{french window ဆိုတာက ပြတင်းပေါက်လိုရောတံခါးလိုရောသုံးလို့ရတဲ့ဟာမျိုးပါ}

သူ၏ရှည်လျား၍ ဖြောင့်မတ်သောခန္ဓာကိုယ်က အထူးချုပ် suit အောက်၌ပြီးပြည့်စုံစွာတည်ရှိနေ၏။ ထို suit အောက်တွင်မူ တောင့်တင်းသောကြွက်သားများအပြည့်ဖြင့်၊ ထိုလူ၏ချောမောခန့်ညားမှုနှင့် တည်ကြည်မှုတို့အား ဖုံးကွယ်နိုင်စွမ်းမရှိပါချေ။

ထိုလူကအေဝးမွ အဆောက်အအုံများ၏ ဗိသုကာလက်ရာကိုသာ တစိုက်တမတ်ရှုစားနေလေ၏။ သူ့မျက်ဝန်းများတွင် အာရုံစိုက်မှုကဗလာနတ္တိ၊ အတွေးထဲ၌နစ်မြောနေသည့်ပုံစံပါပင်။

သူ့ညာဘက်မှစားပွဲပေါ်တွင်တော့ မျက်စိစွဲစေလောက်သည့် ထူထူထဲထဲအချက်အလက်ဖိုင်အချို့ရှိနေ၏။ ထိုဖိုင်၏ထိပ်ဆုံးတွင်တော့ ချောမောခန့်ညား၍ ကျက်သရေရှိလှသောယောက်ျားတစ်ယောက်၏ ဓာတ်ပုံပါသည့်စာရွက်အား မြင်တွေ့နိုင်ပေသည်။

ထိုလူက သူ့ခုံသူပြန်ထိုင်လိုက်ပြီးနောက် အကြောင်းကြောင်းကြောင့် ဓာတ်ပုံကိုကောက်ယူလိုက်လေသည်။ ထို့နောက် သြရှ၍ ဆွဲဆောင်မှုရှိသောလေသံဖြင့် မှတ်ချက်တစ်ခုပေးလာလေ၏။

"ရုပ်တော့မဆိုးပါဘူး..."

ထို့နောက်တွင်တော့ အချက်အလက်ဖိုင်များအား လှန်ရင်းဖြင့် တစ်ခုချင်းစီကိုသေချာလေ့လာနေလေသည်။ သူဖတ်လို့ပြီးဆုံးခါနီးအချိန်၌မူ internal line ကိုဖိနှိပ်လိုက်သည်။

"ရှောင်ဝူ... ဝင်လာခဲ့"

ခဏကြာပြီးသည့်နောက် အလွန်အရပ်ရှည်၍ ကြွက်သားတောင့်တင်းသောလူတစ်ယောက်ဝင်လာလေသည်။ မျက်နှာအမူအရာတစ်ခုပင်မပြပဲ ထိုလူကရိုသေစွာနှုတ်ဆက်လာသည်။

"သခင်လေး...ကျွန်တော့်ကိုခေါ်ပါသလား"

နောက်ဆုံးစာမျက်နှာကိုပြီးဆုံးသွားသည့်နောက်တွင် ထိုလူက ဓာတ်ပုံကိုထပ်မံ၍ကောက်ယူလိုက်ပြန်သည်။ သူ၏လေသံကအတက်အကျမရှိ၊ ရိုးရှင်းစွာပင်မေးခွန်းထုတ်လျက်။

"ဒါအကုန်ပဲလား?"

သခင်လေးကဘာကိုမေးနေမှန်း ရှောင်ဝူနားလည်သည်မို့ လေးစားစွာဖြင့်ပြန်လည်ဖြေကြားလာသည်။

"ဟုတ်ကဲ့ သခင်လေး... အဲ့တာက သာ့ကျိုး ကိုယ်တိုင်သွားစုံစမ်းပြီးရလာတဲ့အချက်အလက်တွေပါ... တခြားအကြောင်းအရာတွေတော့မကျန်လောက်တော့ပါဘူး"

"အင်း..."

သာ့ကျိုး ကိုယ်တိုင်ဤတာဝန်ကိုထမ်းဆောင်ခဲ့သည်မို့ အမှားအယွင်းမရှိလောက်ဟု သူထင်လိုက်သည်။ ထို့နောက်တွင်မူ ၎င်းကသူမြင်ခဲ့သည့် အချက်အလက်အသေးလေးအချို့အား ပြန်လည်ပြောဆိုလာ၏။

"သာ့ကျိုးကို 'မုရိ'မျိုးနွယ်စုအကြောင်းစုံစမ်းဖို့ပြောလိုက်... မြန်နိုင်သမျှမြန်မြန်နော်"

ရှောင်ဝူကဦးညွှတ်လိုက်၏။

"ဟုတ်ကဲ့ဆရာ"

မိနစ်အနည်းငယ်စောင့်ပြီးသည့်နောက် သခင်လေးမည်သည့်အမိန့်မှပေးစရာမရှိမှန်းသေချာသည့်အခါမှ သာ့ကျိုးကိုရှာရန် တိုးတိုးတိတ်တိတ်ဆုတ်ခွာလာခဲ့တော့သည်။ သူ၏သခင်လေးက ဒီမတိုင်မီ၌ မည်သူ့အပေါ်မှစိတ်ဝင်စားမှုတစ်စုံတစ်ရာမပြဖူးချေ။ အကြီးအကဲရှန်ကိုယ်တိုင်ရွေးချယ်လိုက်သည့် မြေးသားမက်က အပေါ်ယံအားဖြင့် ဂရုစိုက်မခံရသည့်သခင်ငယ်လေးတစ်ယောက်ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း သူ၏ရှာဖွေတွေ့ရှိမှုရလဒ်ကို သာ့ကျိုးတင်ပြလာသည့်အခါတွင်မူ သခင်လေးမျက်နှာ၌ အပြုံးတစ်ပွင့်တွေ့လိုက်ရလေ၏။

"သူကစိတ်ဝင်စားဖို့ကောင်းတဲ့ကောင်လေးပဲ"

ဟုပင် မှတ်ချက်ပေးလိုက်သေးသည်။ ထိုသည်ကပင် သာ့ကျိုးအား အံ့သြမှုကြောင့် မေးရိုးပြုတ်ကျမတတ်ဖြစ်သွားစေခဲ့၏။ သူတို့စုံစမ်းနေသည့်လူထံတွင် ကိုယ်ရေးအချက်အလက်နှစ်ထပ်ရှိသည်မို့ သူတို့သခင်လေးအနည်းငယ်ပြုံးသည်ကို မြင်လိုက်ရလေ၏။ သူတို့သခင်လေးနောက် ငယ်ငယ်ကတည်းကလိုက်လာခဲ့သော်လည်း ထိုသူ့ထံမှအပြုံးကိုတစ်ခါမှမမြင်ဖူးချေ။ ထိုသို့သိသိသာသာကြီးထုတ်ပြ၍ ပြုံးနေသည်ကပို၍ပင်နည်း၏။

ရုံးခန်းကျယ်ကြီးတွင်တော့ အမူအရာမဲ့မျက်နှာသေဖြင့်ထိုင်နေသည့်လူက သူ့လက်ထဲ၌ဓာတ်ပုံကိုဆက်လက်ကိုင်ထားဆဲပင်။ သူ့အတွေးထဲ၌မူ သူ့ဇနီးလောင်းလေး၏ ကိုယ်ရေးကိုယ်တာအချက်အလက်များသာ တဝဲလည်လည်ဖြင့်။

ဟယ့်ချန်းမင်
အသက် - နှစ်ဆယ်
အရပ် - 1.8 မီတာ
weight - 68 ကီလိုဂရမ်
ယင်ကျိနျန့်၏ပထမဇနီးမှမွေးသော ယင်မိသားစု၏တတိယသား။ ချန်းနင် အသက် ၂ နှစ်၌ သူ့အမေကကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့ကာ သိပ်မကြာခင်၌ပင် မယားငယ်ကသူ့အမေ၏နေရာကိုလုယူသွားခဲ့သည်။ အသက်သုံးနှစ်ပင်မပြည့်သေးသည့် ဟယ့်ချန်းနင်က အိမ်အကူအန်တီချင်စောင့်ရှောက်ပေးခြင်းကိုခံခဲ့ရကာ ယင်မိသားစု၌ သူ့တည်ရှိမှုကမထင်ရှားလှ။

သူကျောင်းတက်နေစဉ်အချိန်၌ ချောမောသည့်ရုပ်ရည်ကြောင့် လူအပေါင်းက ရှေးခေတ်မှနံပါတ်တစ်အလှလေး ဖန်အန်းနဲ့နှိုင်းယှဉ်ပြီးတင်စားကြသည်။ သူ့ရုပ်ရည်ကြောင့် မိန်းကလေးအုပ်စုကြီး နှင့်ယောက်ျားလေးအုပ်စုကြီးကိုတောင် ရန်ဖြစ်စေခဲ့သေး၏။

{ဖန်အန်း(ဖန်ယွဲ့)ဆိုတာက AD 247-300 အထိ နံပါတ်တစ်အလှဆုံးယောက်ျား။ သူ့ရဲ့ရုပ်ရည်ကတရုတ်မှာအရမ်းနာမည်ကြီးပြီးတော့ သူ့နာမည်ကိုသုံးထားတဲ့ဖော်ပြချက်တစ်ခုတောင်ရှိပါသေးတယ်... အဓိပ္ပါယ်က 'စုန့်ယွီနဲ့တူတဲ့မျက်နှာ, ဖင်အန်းနဲ့ယှဉ်နိုင်တဲ့အလှ' တဲ့။ စုန့်ယွီဆိုတာလည်းတခြားရုပ်ချောတဲ့လူတစ်ယောက်ပါပဲ}

မည်သို့ပင်ဆိုစေကာမူ သူ၏အံ့သြဖွယ်ရာအရည်အချင်းများကိုသုံး၍ အတန်းများကိုကျော်တက်ကာ ထိုလူများသူ့ထံလာ၍ ဖွင့်မပြောနိုင်ခင်၌ပင် ၎က တက္ကသိုလ်ပြီးခဲ့ချေပြီ။

ယင်မိသားစုအရှေ့တွင်တော့ ဟယ့်ချန်းနင်က အမြဲလိမ္မာရေးခြားရှိသည့်ကလေးငယ်တစ်ယောက်ပင်။ သူ့ထံ၌ ခိုင်မာသည့်တည်ရှိမှုမရှိ၊ အမြဲလိုလိုလျစ်လျူရှုခံရသော်ငြား သူကထိုကိစ္စကိုဂရုစိုက်ပုံတော့မပေါ်ပါချေ။ ဖြစ်နိုင်သည်က မမြင်နိုင်သည့်လူအဖြစ်ထင်ရသည့်လက်ရှိအခြေအနေကလည်း သူ၏အကြံစည်ဖြစ်ပုံပါပင်။ သူ၏မိသားစုရှေ့၌ ရံဖန်ရံခါပေါ်လာခြင်းက ၎င်းတို့အားရည်ရွယ်ချက်ရှိရှိ စိတ်ဒုက္ခပေးချင်ရုံမှလွဲ၍တခြားရှိပုံမပေါ်ချေ။

မည်သို့ပင်ဆိုစေကာမူ ၎က ဟယ့်ချန်းနင်၏မြင်တွေ့နေရသောတစ်ဖက်ခြမ်းသာဖြစ်သည်။ သူ့ထံ၌တခြား မထင်မှတ်စရာ ရှာဖွေရခက်သည့်တစ်ဖက်ခြမ်းလည်းရှိနေပြန်ပါ၏။

မတိုင်မီနှစ်များ၌ 'ချင်းရွှေကျူးနျန်'ဟုခေါ်သော နာမည်ကျော်ကြားသည့် အွန်လိုင်းစာရေးသူတစ်ယောက်က 'ထိုနှစ်ပေါင်းများစွာမှနှစ်တစ်နှစ်' အမည်ရသောဝတ္တုဖြင့်  တစ်ညတည်းနှင့် ဖတ်ရှုသူမီလီယမ်ချီ၍ လွန်စွာရေပန်းစားခဲ့လေသည်။ သူ၏အခြားဝတ္တုအချို့သည်လည်း မှတ်ချက်ကောင်းများရရှိကာ အမာခံပရိတ်သတ်များစွာကို ပိုင်ဆိုင်ခဲ့လေ၏။

သူ၏နောက်ဆုံးပေါ်စုံထောက်ဝတ္တု 'ကျွန်ုပ်၏ကမ္ဘာ' volume one သည်လည်း မကြာသေးမီကမှထွက်ရှိထားခြင်းပင်။ ပထမထုတ်ဝေခြင်း၌ အုပ်ရေထောင်ပေါင်းများစွာရောင်းရခဲ့၍ နှစ်လမပြည့်မီအချိန်၌ပင် ဆိုင်များ၌ out of stock ဖြစ်သွားခဲ့၏။ ဒုတိယထုတ်ဝေမှုသည်လည်း အုပ်ရေနှစ်သောင်းဖြန့်ချီဖို့ရည်ရွယ်ထားခဲ့ရာ အပြည့်အဝစာရင်းသွင်းခဲ့ကြပြီးပြီပင်။

ဤနည်းဖြင့် ချင်းရွှေကျူးနျန်က မရေမတွက်နိုင်သောအကျိုးအမြတ်များရရှိထားပြီးပြီဖြစ်ကြောင်း လူတိုင်းသိနိုင်ပါ၏။ ထိုသို့ကျော်ကြားသောလူတစ်ယောက်ဖြစ်သော်လည်း အပြင်လောက၌မူမည်သူတစ်ဦးတစ်ယောက်မှ ၎င်းအားမမြင်ဖူးပါချေ။ သူ၏နေထိုင်မှုပုံစံက သူ့ဝတ္တုပုံစံအတိုင်း သိုသိုသိပ်သိပ်ပင်။

ဤသိုသိပ်မှုက မည်သို့ပင်ဆိုစေကာမူ ရှန်ယွီရှန်းကဲ့သို့ သူ၏ခင်ပွန်းလောင်းထံတွင်တော့ ဖုံးကွယ်ထား၍မရနိုင်ပေ။

စုစည်းထားသည့်အချက်အလက်များအရ ဟယ့်ချန်းမင်သည်ကား အရေးအသားပိုင်းနှင့် ဘာသာရပ်များ၌အလွန်ထူးချွန်သည့်အရည်အချင်းကိုပိုင်ဆိုင်ထားလေ၏။ ထို့ကြောင့်လည်း သူ၏ဝတ္တုများကအာရုံစိုက်မှုများစွာရရှိခြင်းပင်။

websites ပေါင်းများစွာက သူနှင့်စာချုပ်ချုပ်ဖို့မျှော်လင့်နေကာ ထုတ်လုပ်ရေး ကုမ္ပဏီပေါင်းများစွာကလည်း သူ့ဝတ္တုများကိုထုတ်လုပ်ချင်ကြသည်။ ကုမ္ပဏီအကြီးစားများကပင် သူ့အားသူတို့နှင့်ပူးပေါင်းစေချင်နေကြသည်။ သို့သော်လည်း သူက၎င်းတို့အားလုံးကိုငြင်းပယ်ခဲ့၏။

အကြောင်းအရင်သည်ကား အံ့သြစရာကောင်းစွာပင် ၎က သာမာန်အလုပ်ချိန်အတိုင်း (၉နာရီမွ၅နာရီအထိ) အလုပ်လုပ်ရန်အလွန်ပျင်းနေကာ တခြားသူများအတွက်အလုပ်လုပ်ပေးရသည်ကိုစိတ်မဝင်စားသောကြောင့်ဖြစ်သည်။

ဤကဲ့သို့ရူးကြောင်ကြောင်အကြောင်းပြချက်က ရှန်ယွီရှန်းအား ရယ်ချင်သွားစေသည်။

"ကေလးဆန္လိုက္တာကြာ..."

ထို့နောက်တွင်တော့ သူ့ကိုယ်သူရယ်နေမိမှန်းသတိထားမိသွားသည့် ယွီရှန်းကခေတ္တကြောင်အသွားကာ နောက်ပိုင်း၌ နှုတ်ခမ်းပါးကိုတွန့်ကွေးလျက်ပြုံးလိုက်ပြန်၏။

သူ၏အနာဂါတ်ဇနီးသည်လေးက စိတ်ဝင်စားဖွယ်ကောင်းလွန်းလို့များလား?

ထိုမေးခွန်းအတွင်းမှလူကိုယ်တိုင်ဖြစ်သည့် ဟယ့်ချန်းနင်ကတော့ တစ္ဖက္လူ၏အေတြးမ်ားအား မသိခဲ့ပါချေ။ ယခုတွင်မူ သူကလေသာခန်း၌ လဲလျောင်းကာ စာအုပ်ဖတ်နေရင်းမှ အိပ်ပျော်သွားလေ၏။ သူတစ်စုံတစ်ယောက်နှင့် လက်ထပ်ရမည့်အကြောင်းကတော့... ထိုကိစ္စကိုသူထပ်ပြီးမတွေးနေတော့ချေ။ သူ၏ဆောင်ပုဒ်သည်ကား 'အရာအားလုံးကသူ့ဘာသူအကောင်းဆုံးဖြစ်လာမှာပဲ' ဟူ၍ပင်။

အန်တီချင်ကသူ့အတွက်နွားနို့တစ်ခွက်ယူလာပေးသည့်အခါတွင်တော့ အေးအေးချမ်းချမ်းအနားယူနေသည့်ချန်းနင်ကိုမြင်၍ တတွတ်တွတ်မပြောပဲမနေနိုင်ချေ။

"ဒီကလေးကတော့လေ... သူဘယ်လိုလုပ်ပြီးများစိတ်အေးလက်အေးနေနိုင်ရတာလဲ"

ချန်းနင်ကသူ့မျက်နှာကိုအုပ်ထားသည့် စာအုပ်ကိုဖယ်လိုက်ရင်းဖြင့် ပျင်းရိပျင်းတွဲဆိုလာသည်။

"အဲ့လောက်လဲစိုးရိမ်နေဖို့မှမလိုတာ...ကျွန်တော်အသေစိုးရိမ်နေလို့လဲ ကျွန်တော်နဲ့လက်မထပ်ခင် ရှန်မိသားစုကသခင်လေးကရုတ်တရပ်ကြီးထပြီး သူ့မိသားစုကိုဆန့်ကျင်၊ ရန်သူတွေကိုချေမှုန်း၊ သူ့အဖွားကိုအနိုင်ယူပြီး ကျွန်တော်နဲ့ကွာရှင်းမှာမှမဟုတ်ပဲ"

အန်တီချင်က ဟယ့်ချန်းနင်၏ပါးစပ်က ခပ်မြန်မြန်ကာလိုက်ရင်း...

"မင်း...ဒီအရူးလေးကတော့...စကားပြောတာသတိထားစမ်းပါ"

ဟယ့်ချန်းနင်ကရယ်သည်။

"ကျွန်တော်ကဒီတိုင်းနောက်တာပါဗျာ"

အန်တီချင်ကသူ့အတွက်နွားနို့တစ်ခွက်ပေးရင်းဖြင့် ဆိုလာသည်။

"နောက်နှစ်ရက်အတွင် ရှန်မိသားစုနဲ့တွေ့ဆုံပွဲရှိတယ်လို့ အကြီးအကဲအမျိုးသမီးကအခုလေးတင်အန်တီ့ကို မင်းကိုအသိပေးဖို့ပြောလိုက်တယ်... အဲ့မှာရှန်မိသားစုရဲ့သခင်လေးလည်းပါလာမှာတဲ့...သူမကမင်းကိုပြင်ဆင်ထားပြီး သူအရှက်ရအောင်မလုပ်ဖို့မှာလိုက်တယ်"

အန်တီချင်က မပျော်မရွှင်ဖြင့်ကန့်ကွက်သည်။

"ငါတို့ချန်းနင်လေးကဒီလောက်ကောင်းတာကို ဘာတွေရမယ်ရှာနေမှန်းမသိဘူး? နောက်ပိုင်းကျဘယ်သူကအရှက်ရစေမလဲဆိုတာ ဘယ္သူသိမွာလဲ"

ချန်းနင်ကသူ့နွားနို့ခွက်ကိုသောက်ရင်းဖြင့် အန်တီချင်၏ပွစိပွစိစကားများအားနားထောင်နေသည်။ သူ့ဘာသူလည်း တွေးမိနေသေး၏။

ီၤဒီတော့တွေ့ဖို့အချိန်ကျလာပြီပေါ့ ဟမ်? အဲ့လူကကောလဟာလတွေထဲကလိုပဲဖြစ်လောက်လား? ဘယ်လိုပုံစံမျိုးနဲ့ သူ့ကိုဆက်ဆံလောက်လဲ? အမုန်း? စိတ်ရှုပ်တာ? ရွံတာ?

အဲ့ဒီမိသားစုထဲကိုယောက်ျားလေးဇနီးသည်တစ်ယောက်အဖြစ် ဝင်သွားရမဲ့လူတစ်ယောက်အနေနဲ့သူတို့ဘက်က ကောင်းကောင်းဆက်ဆံမဲ့ပုံစံမျိုးကိုမမျှော်လင့်ထားတာအကောင်းဆုံးပါပဲ။ သူကဘယ်လောက်တောင်မိုက်မဲလိုက်သလဲနော်။

ဘာပဲဖြစ်ဖြစ်သူတစ်နှစ်ပဲသည်းခံရင်ရပါပြီလေ။ အဲ့တာပြီးရင်တော့ သူအန်တီချင်ကိုခေါ်ပြီး ဒီကနေထွက်သွားမယ်။ သူ့အရည်အချင်းနဲ့ဆိုရင်တော့ သူတို့နှစ်ယောက်လုံးလုံးထိန်းချုပ်ခံရတဲ့ကိစ္စမျိူးမရှိလောက်တော့ပါဘူး။

ရှန်မိသားစုထံသို့ သူအရောင်းခံလိုက်ရကြောင်းသိလိုက်သည့်အချိန်မှစ၍ ချန်နင်က ရှန်ယွီရှန်းအကြောင်း လူလွှတ်၍စုံစမ်းခဲ့ပေသည်။

ကြားရသလောက် ရှန်ယွီရှန်းသည်ကား ဆက်ဆံရခက်ခဲသည့်လူပင်ဖြစ်၏။ ရေခဲရိုက်မျက်နှာထားဖြင့်၊ စကားအလွန်နည်းသည့်လူစား၊ အသန့်အလွန်ကြိုက်၍ ခန့်မှန်းရခက်သောသူဖြစ်ကာ ဒေါသကြီးသည့်လူတစ်ယောက်အဖြစ် လူအများကသိကြသည်။

ရှန်အဖွဲ့အစည်းအား အသက် ၂၂ နှစ်အရွယ်၌လက်လွှဲယူခဲ့၍ ရှစ်နှစ်အတွင်း၌ ရှန်အဖွဲ့အစည်းအား အလယ်အလတ်အဆင့်စီးပွားရေးလုပ်ငန်းလေးမှ ယနေ့ခေတ် နိုင်ငံစုံကော်ပိုရေးရှင်းတစ်ခုအဖြစ် တည်ထောင်ခဲ့သူပင်။ ဤ group က ဟိုတယ္မ်ား၊ စားသောက်ကုန်၊ ယမကာလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အခြားနယ်ပယ်မျိုးစုံ၌ပါဝင်ထားသည်။ group လက်အောက်ခံ နာမည်ကြီးရှော့ပင်းမောလ်များသည်လည်း အဓိကမြို့နယ်ကြီးများ၌အနှံ့အပြားတွေ့နိုင်၏။

စီးပွားရေးလုပ်ငန်း၌ အခက်အခဲများအားလုံးကိုပြတ်သားစွာဖြေရှင်းခဲ့သည့် ဤလူသားက တခြားတစ်ယောက်ကြောင့်အလွယ်တကူယိမ်းယိုင်သွားသည်တဲ့လား? ထိုသို့မှမဟုတ်လျှင် အဘယ်ကြောင့်များသူက အခြားယောက်ျားတစ်ယောက်ကိုသူ့ဇနီးအဖြစ်လက်ထပ်ဖို့ လက်ခံခဲ့မည်နည်း? အကယ်၍ သူကယောက်ျားများကို ကြိုက်သည်ဆိုလျှင်တောင် သူသဘောကျသည့်သူကိုသာယူသင့်သည်မဟုတ်ပါလား? သူ့မိသားစု၏စီစဉ်မှုကိုလက်ခံ၍ သူစိမ်းယောက်ျားတစ်ယောက်နှင့်လက်ထပ်ဖို့လက်ခံစရာအကြောင်း လုံးလုံးလျားလျားပင်မရှိပါချေ။

ထပ္မံဆိုရပါက သူသည်ကား ရှန်မိသားစု၏ပထဆုံးသား၊ ရှန်အဖွဲ့အစည်း၌ အလွန်အရည်အချင်းပြည့်မှီသည့် အောင်မြင်သူတစ်ယောက်ပင်ဖြစ်ချေသည်။ ထိုကဲ့သို့သောသူသည်ကား အဆင့်အတန်းမြင့်အသိုင်းအဝိုင်းမှမိန်းမပျိုလေးများအလိုချင်ဆုံးပင်။ ဤကိစ္စကိုမည်မျှပင်အလျင်လိုနေစေကာမူ ယခုကဲ့သို့ဆုံးဖြတ်လိုက်သည်က အဓိပ္ပါယ်မရှိပါချေ။

သူ့သူငယ်ချင်းရှာလာပေးခဲ့သည့် ထိုလူ၏ဓာတ်ပုံကပင် အလွန်ချောမောခန့်ညားကြောင်းပြသနေ၏။ အရပ် 1.9 မီတာ, ပခုံးကျယ်ကျယ်, ခါးသွယ်သွယ်နှင့် ခြေတံရှည်များက တက်သစ်စမော်ဒယ်များနှင့်ပင်ယှဉ်နိုင်သည့် ခန္ဓာကိုယ်ဟုပင်ဆိုရမည်။ ထင်ရှားသည့်မျက်နှာသွင်ပြင်၊ စူးရှသည့်မျက်ဝန်းများ၊ နှာခေါင်းချွန်ချွန်၊ နှုတ်ခမ်းပါးပါးနှင့် ကြည်လင်သောအသားအရည်၊ အနည်းငယ်ကောက်သည့်ကြက်သွေးရောင်ဆံပင်များ...။ ထိုသို့သောယောက်ျားသည်ကား မိန်းမပျိုလေးများအားသံကုန်အော်ဟစ်စေ၍ ယောက်ျားသားများကိုမနာလိုဝန်တိုစေဖို့လွယ်ကူလွန်းသည်။

မရေမတွက်နိုင်သော အဆင့်အတန်းမြင့်မိသားစုမှမိန်းမများက တစ်ညအိပ်ရရုံအတွက်နှင့် သူ့အိပ်ယာပေါ်ဝစ်လစ်စလစ်နှင့်တက်ဖို့ကြိုးစားကြသည်ဟုလည်းဖော်ပြထားကြသေးသည်။ ယောက်ျားသားများ၊ ဥပမာအားဖြင့် နာမည်ကြီးသရုပ်ဆောင်များနှင့် နိုင်ငံခြားသားမော်ဒယ်များသည်လည်း သူ့အိပ်ယာကိုချောင်းမြောင်းနေကြလေသည်။ အခြားဂုဏ်ပုဒ်များအတွက်မဟုတ်၊ တစ်ညတာချစ်ခြင်းအတွက်မျှသာဖြစ်သည်။

ထိုအေတြးက ဟယ့်ချန်းနင်အားကြက်သီးများပင်ထသွားစေသည်။ ထိုမိန်းမများနှင့်ယောက်ျားများ၏အတွေးများအား သူအမှန်ပင်နားမလည်နိုင်ပါချေ။ အထူးသဖြင့် ထိုလိင်ကိစ္စနှင့်ပက်သက်၍... သူအမှန်တကယ်ကြီးလက်မခံနိုင်ခြင်းပင်။

နှစ်ရက်အကြာတွင်ရောက်လာမည့် တွေ့ဆုံပွဲအကြောင်းတွေးရင်း ဟယ့်ချန်းနင်၏စိတ်များလေလွင့်နေ၏။ ထိုကောလဟာလများအားလုံးက မီဒီယာများမှဖြစ်သော်လည်း လက်ခုပ်ဟူသည်ကနှစ်ဖက်တီးမှမြည်သည်မဟုတ်ပါလား။ အကယ်၍သူ(ရှန်ယွီရှန်း)ကသာ bisexual ဖြစ်နေပါက သူ(ဟယ့်ချန်းနင်) မည်သို့လုပ်ရမည်နည်း?

မြောက်များစွာသောဇကာတင်များထဲမှ ရှန်မိသားစုကသူ့ကိုရွေးခဲ့သည်မှာ အကြောင်းအရင်းတစ်စုံတစ်ရာတော့ရှိရမည်။ အကယ်၍ထိုနောက်ကွယ်၌ အကြောင်းပြချက်တစ်ခုခုသာအမှန်တကယ်တည်ရှိနေသည်ဆိုပါက သူ့မှန်ကန်မှုအတွက်သူအနည်းငယ်တိုက်ခိုက်ရတော့မည်ပင်။

အကယ်၍ ၎င်းကစီးပွားရေးဖလှယ်မှုတစ်ခုပဲဆိုလျှင်တော့ သူ့ရပိုင်ခွင့်အတွက်တိုက်ခိုက်ဖို့လည်း ဝန်မလေးပါချေ။

အားလုံးဆုံတွေ့သည့်အချိန်၌ သူရှန်ယွီရှန်းအားစကားပြောရန်အခွင့်အရေးတစ်ခုရဖို့သာမျှော်လင့်ရတော့မည်။

°°

Z••

[စိတ္ဝင္စားစရာေကာင္းတဲ့လူ]

ျမင္ကြင္းက်ယ္တစ္ခုနွင့္အတူ French ျပတင္းေပါက္ေရွ႕တြင္ အရပ္ရွည္ရွည္လူတစ္ေယာက္ မတ္တပ္ရပ္ေနေလသည္။

{french window ဆိုတာက ျပတင္းေပါက္လိုေရာတံခါးလိုေရာသံုးလို႔ရတဲ့ဟာမ်ိဳးပါ}

သူ၏ရွည္လ်ား၍ ေျဖာင့္မတ္ေသာခႏၶာကိုယ္က အထူးခ်ဳပ္ suit ေအာက္၌ၿပီးျပည့္စံုစြာတည္ရွိေန၏။ ထို suit ေအာက္တြင္မူ ေတာင့္တင္းေသာႂကြက္သားမ်ားအျပည့္ျဖင့္၊ ထိုလူ၏ေခ်ာေမာခန္႔ညားမႈနွင့္ တည္ၾကည္မႈတို႔အား ဖံုးကြယ္နိုင္စြမ္းမရွိပါေခ်။

ထိုလူကေအဝးမြ အေဆာက္အအံုမ်ား၏ ဗိသုကာလက္ရာကိုသာ တစိုက္တမတ္ရႈစားေနေလ၏။ သူ႔မ်က္ဝန္းမ်ားတြင္ အာ႐ံုစိုက္မႈကဗလာနတၲိ၊ အေတြးထဲ၌နစ္ေျမာေနသည့္ပံုစံပါပင္။

သူ႔ညာဘက္မွစားပြဲေပၚတြင္ေတာ့ မ်က္စိစြဲေစေလာက္သည့္ ထူထူထဲထဲအခ်က္အလက္ဖိုင္အခ်ိဳ႕ရွိေန၏။ ထိုဖိုင္၏ထိပ္ဆံုးတြင္ေတာ့ ေခ်ာေမာခန္႔ညား၍ က်က္သေရရွိလွေသာေယာက္်ားတစ္ေယာက္၏ ဓာတ္ပံုပါသည့္စာ႐ြက္အား ျမင္ေတြ႕နိုင္ေပသည္။

ထိုလူက သူ႔ခံုသူျပန္ထိုင္လိုက္ၿပီးေနာက္ အေၾကာင္းေၾကာင္းေၾကာင့္ ဓာတ္ပံုကိုေကာက္ယူလိုက္ေလသည္။ ထို႔ေနာက္ ၾသရွ၍ ဆြဲေဆာင္မႈရွိေသာေလသံျဖင့္ မွတ္ခ်က္တစ္ခုေပးလာေလ၏။

"ရုပ္ေတာ့မဆိုးပါဘူး..."

ထို႔ေနာက္တြင္ေတာ့ အခ်က္အလက္ဖိုင္မ်ားအား လွန္ရင္းျဖင့္ တစ္ခုခ်င္းစီကိုေသခ်ာေလ့လာေနေလသည္။ သူဖတ္လို႔ျပီးဆံုးခါနီးအခ်ိန္၌မူ internal line ကိုဖိနိွပ္လိုက္သည္။

"ေရွာင္ဝူ... ဝင္လာခဲ့"

ခဏၾကာၿပီးသည့္ေနာက္ အလြန္အရပ္ရွည္၍ ႂကြက္သားေတာင့္တင္းေသာလူတစ္ေယာက္ဝင္လာေလသည္။ မ်က္နွာအမူအရာတစ္ခုပင္မျပပဲ ထိုလူကရိုေသစြာနႈတ္ဆက္လာသည္။

"သခင္ေလး...ကြၽန္ေတာ့္ကိုေခၚပါသလား"

ေနာက္ဆံုးစာမ်က္နွာကိုၿပီးဆံုးသြားသည့္ေနာက္တြင္ ထိုလူက ဓာတ္ပံုကိုထပ္မံ၍ေကာက္ယူလိုက္ျပန္သည္။ သူ၏ေလသံကအတက္အက်မရွိ၊ ရိုးရွင္းစြာပင္ေမးခြန္းထုတ္လ်က္။

"ဒါအကုန္ပဲလား?"

သခင္ေလးကဘာကိုေမးေနမွန္း ေရွာင္ဝူနားလည္သည္မို႔ ေလးစားစြာျဖင့္ျပန္လည္ေျဖၾကားလာသည္။

"ဟုတ္ကဲ့ သခင္ေလး... အဲ့တာက သာ့က်ိဳး ကိုယ္တိုင္သြားစံုစမ္းၿပီးရလာတဲ့အခ်က္အလက္ေတြပါ... တျခားအေၾကာင္းအရာေတြေတာ့မက်န္ေလာက္ေတာ့ပါဘူး"

"အင္း..."

သာ့က်ိဳး ကိုယ္တိုင္ဤတာဝန္ကိုထမ္းေဆာင္ခဲ့သည္မို႔ အမွားအယြင္းမရွိေလာက္ဟု သူထင္လိုက္သည္။ ထို႔ေနာက္တြင္မူ ၎ကသူျမင္ခဲ့သည့္ အခ်က္အလက္အေသးေလးအခ်ိဳ႕အား ျပန္လည္ေျပာဆိုလာ၏။

"သာ့က်ိဳးကို 'မုရိ'မ်ိဳးႏြယ္စုအေၾကာင္းစံုစမ္းဖို႔ေျပာလိုက္... ျမန္နိုင္သမ်ွျမန္ျမန္ေနာ္"

ေရွာင္ဝူကဦးၫႊတ္လိုက္၏။

"ဟုတ္ကဲ့ဆရာ"

မိနစ္အနည္းငယ္ေစာင့္ၿပီးသည့္ေနာက္ သခင္ေလးမည္သည့္အမိန္႔မွေပးစရာမရွိမွန္းေသခ်ာသည့္အခါမွ သာ့က်ိဳးကိုရွာရန္ တိုးတိုးတိတ္တိတ္ဆုတ္ခြာလာခဲ့ေတာ့သည္။ သူ၏သခင္ေလးက ဒီမတိုင္မီ၌ မည္သူ႔အေပၚမွစိတ္ဝင္စားမႈတစ္စံုတစ္ရာမျပဖူးေခ်။ အႀကီးအကဲရွန္ကိုယ္တိုင္ေ႐ြးခ်ယ္လိုက္သည့္ ေျမးသားမက္က အေပၚယံအားျဖင့္ ဂရုစိုက္မခံရသည့္သခင္ငယ္ေလးတစ္ေယာက္ျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း သူ၏ရွာေဖြေတြ႕ရွိမႈရလဒ္ကို သာ့က်ိဳးတင္ျပလာသည့္အခါတြင္မူ သခင္ေလးမ်က္နွာ၌ အၿပံဳးတစ္ပြင့္ေတြ႕လိုက္ရေလ၏။

"သူကစိတ္ဝင္စားဖို႔ေကာင္းတဲ့ေကာင္ေလးပဲ"

ဟုပင္ မွတ္ခ်က္ေပးလိုက္ေသးသည္။ ထိုသည္ကပင္ သာ့က်ိဳးအား အံ့ၾသမႈေၾကာင့္ ေမးရိုးျပဳတ္က်မတတ္ျဖစ္သြားေစခဲ့၏။ သူတို႔စံုစမ္းေနသည့္လူထံတြင္ ကိုယ္ေရးအခ်က္အလက္နွစ္ထပ္ရွိသည္မို႔ သူတို႔သခင္ေလးအနည္းငယ္ၿပံဳးသည္ကို ျမင္လိုက္ရေလ၏။ သူတို႔သခင္ေလးေနာက္ ငယ္ငယ္ကတည္းကလိုက္လာခဲ့ေသာ္လည္း ထိုသူ႔ထံမွအၿပံဳးကိုတစ္ခါမွမျမင္ဖူးေခ်။ ထိုသို႔သိသိသာသာႀကီးထုတ္ျပ၍ ၿပံဳးေနသည္ကပို၍ပင္နည္း၏။

ရံုးခန္းက်ယ္ႀကီးတြင္ေတာ့ အမူအရာမဲ့မ်က္နွာေသျဖင့္ထိုင္ေနသည့္လူက သူ႔လက္ထဲ၌ဓာတ္ပံုကိုဆက္လက္ကိုင္ထားဆဲပင္။ သူ႔အေတြးထဲ၌မူ သူ႔ဇနီးေလာင္းေလး၏ ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ားသာ တဝဲလည္လည္ျဖင့္။

ဟယ့္ခ်န္းမင္
အသက္ - နွစ္ဆယ္
အရပ္ - 1.8 မီတာ
weight - 68 ကီလိုဂရမ္
ယင္က်ိႏ်န္႔၏ပထမဇနီးမွေမြးေသာ ယင္မိသားစု၏တတိယသား။ ခ်န္းနင္ အသက္ ၂ နွစ္၌ သူ႔အေမကကိုယ့္ကိုကိုယ္အဆံုးစီရင္ခဲ့ကာ သိပ္မၾကာခင္၌ပင္ မယားငယ္ကသူ႔အေမ၏ေနရာကိုလုယူသြားခဲ့သည္။ အသက္သံုးနွစ္ပင္မျပည့္ေသးသည့္ ဟယ့္ခ်န္းနင္က အိမ္အကူအန္တီခ်င္ေစာင့္ေရွာက္ေပးျခင္းကိုခံခဲ့ရကာ ယင္မိသားစု၌ သူ႔တည္ရွိမႈကမထင္ရွားလွ။

သူေက်ာင္းတက္ေနစဥ္အခ်ိန္၌ ေခ်ာေမာသည့္ရုပ္ရည္ေၾကာင့္ လူအေပါင္းက ေရွးေခတ္မွနံပါတ္တစ္အလွေလး ဖန္အန္းနဲ႔နိႈင္းယွဥ္ၿပီးတင္စားၾကသည္။ သူ႔ရုပ္ရည္ေၾကာင့္ မိန္းကေလးအုပ္စုႀကီး ႏွင့္ေယာက္်ားေလးအုပ္စုႀကီးကိုေတာင္ ရန္ျဖစ္ေစခဲ့ေသး၏။

{ဖန္အန္း(ဖန္ယြဲ႕)ဆိုတာက AD 247-300 အထိ နံပါတ္တစ္အလွဆံုးေယာက္်ား။ သူ႔ရဲ႕ရုပ္ရည္ကတရုတ္မွာအရမ္းနာမည္ႀကီးၿပီးေတာ့ သူ႔နာမည္ကိုသံုးထားတဲ့ေဖာ္ျပခ်က္တစ္ခုေတာင္ရွိပါေသးတယ္... အဓိပၸါယ္က 'စုန္႔ယြီနဲ႔တူတဲ့မ်က္နွာ, ဖင္အန္းနဲ႔ယွဥ္နိုင္တဲ့အလွ' တဲ့။ စုန္႔ယြီဆိုတာလည္းတျခားရုပ္ေခ်ာတဲ့လူတစ္ေယာက္ပါပဲ}

မည္သို႔ပင္ဆိုေစကာမူ သူ၏အံ့ၾသဖြယ္ရာအရည္အခ်င္းမ်ားကိုသံုး၍ အတန္းမ်ားကိုေက်ာ္တက္ကာ ထိုလူမ်ားသူ႔ထံလာ၍ ဖြင့္မေျပာနိုင္ခင္၌ပင္ ၎က တကၠသိုလ္ၿပီးခဲ့ေခ်ၿပီ။

ယင္မိသားစုအေရွ႕တြင္ေတာ့ ဟယ့္ခ်န္းနင္က အၿမဲလိမၼာေရးျခားရွိသည့္ကေလးငယ္တစ္ေယာက္ပင္။ သူ႔ထံ၌ ခိုင္မာသည့္တည္ရွိမႈမရွိ၊ အၿမဲလိုလိုလ်စ္လ်ဴရႈခံရေသာ္ျငား သူကထိုကိစၥကိုဂရုစိုက္ပံုေတာ့မေပၚပါေခ်။ ျဖစ္နိုင္သည္က မျမင္နိုင္သည့္လူအျဖစ္ထင္ရသည့္လက္ရွိအေျခအေနကလည္း သူ၏အႀကံစည္ျဖစ္ပံုပါပင္။ သူ၏မိသားစုေရွ႕၌ ရံဖန္ရံခါေပၚလာျခင္းက ၎တို႔အားရည္႐ြယ္ခ်က္ရွိရွိ စိတ္ဒုကၡေပးခ်င္ရံုမွလြဲ၍တျခားရွိပံုမေပၚေခ်။

မည္သို႔ပင္ဆိုေစကာမူ ၎က ဟယ့္ခ်န္းနင္၏ျမင္ေတြ႕ေနရေသာတစ္ဖက္ျခမ္းသာျဖစ္သည္။ သူ႔ထံ၌တျခား မထင္မွတ္စရာ ရွာေဖြရခက္သည့္တစ္ဖက္ျခမ္းလည္းရွိေနျပန္ပါ၏။

မတိုင္မီနွစ္မ်ား၌ 'ခ်င္းေ႐ႊက်ဴးႏ်န္'ဟုေခၚေသာ နာမည္ေက်ာ္ၾကားသည့္ အြန္လိုင္းစာေရးသူတစ္ေယာက္က 'ထိုနွစ္ေပါင္းမ်ားစြာမွနွစ္တစ္နွစ္' အမည္ရေသာဝတၲဳျဖင့္  တစ္ညတည္းနွင့္ ဖတ္ရႈသူမီလီယမ္ခ်ီ၍ လြန္စြာေရပန္းစားခဲ့ေလသည္။ သူ၏အျခားဝတၲဳအခ်ိဳ႕သည္လည္း မွတ္ခ်က္ေကာင္းမ်ားရရွိကာ အမာခံပရိတ္သတ္မ်ားစြာကို ပိုင္ဆိုင္ခဲ့ေလ၏။

သူ၏ေနာက္ဆံုးေပၚစံုေထာက္ဝတၲဳ 'ကြၽန္ုပ္၏ကမာၻ' volume one သည္လည္း မၾကာေသးမီကမွထြက္ရွိထားျခင္းပင္။ ပထမထုတ္ေဝျခင္း၌ အုပ္ေရေထာင္ေပါင္းမ်ားစြာေရာင္းရခဲ့၍ နွစ္လမျပည့္မီအခ်ိန္၌ပင္ ဆိုင္မ်ား၌ out of stock ျဖစ္သြားခဲ့၏။ ဒုတိယထုတ္ေဝမႈသည္လည္း အုပ္ေရနွစ္ေသာင္းျဖန္႔ခ်ီဖို႔ရည္႐ြယ္ထားခဲ့ရာ အျပည့္အဝစာရင္းသြင္းခဲ့ၾကၿပီးၿပီပင္။

ဤနည္းျဖင့္ ခ်င္းေ႐ႊက်ဴးႏ်န္က မေရမတြက္နိုင္ေသာအက်ိဳးအျမတ္မ်ားရရွိထားၿပီးၿပီျဖစ္ေၾကာင္း လူတိုင္းသိနိုင္ပါ၏။ ထိုသို႔ေက်ာ္ၾကားေသာလူတစ္ေယာက္ျဖစ္ေသာ္လည္း အျပင္ေလာက၌မူမည္သူတစ္ဦးတစ္ေယာက္မွ ၎အားမျမင္ဖူးပါေခ်။ သူ၏ေနထိုင္မႈပံုစံက သူ႔ဝတၲဳပံုစံအတိုင္း သိုသိုသိပ္သိပ္ပင္။

ဤသိုသိပ္မႈက မည္သို႔ပင္ဆိုေစကာမူ ရွန္ယြီရွန္းကဲ့သို႔ သူ၏ခင္ပြန္းေလာင္းထံတြင္ေတာ့ ဖံုးကြယ္ထား၍မရနိုင္ေပ။

စုစည္းထားသည့္အခ်က္အလက္မ်ားအရ ဟယ့္ခ်န္းမင္သည္ကား အေရးအသားပိုင္းနွင့္ ဘာသာရပ္မ်ား၌အလြန္ထူးခြၽန္သည့္အရည္အခ်င္းကိုပိုင္ဆိုင္ထားေလ၏။ ထို႔ေၾကာင့္လည္း သူ၏ဝတၲဳမ်ားကအာရံုစိုက္မႈမ်ားစြာရရွိျခင္းပင္။

websites ေပါင္းမ်ားစြာက သူနွင့္စာခ်ဳပ္ခ်ဳပ္ဖို႔ေမ်ွာ္လင့္ေနကာ ထုတ္လုပ္ေရး ကုမၸဏီေပါင္းမ်ားစြာကလည္း သူ႔ဝတၲဳမ်ားကိုထုတ္လုပ္ခ်င္ၾကသည္။ ကုမၸဏီအႀကီးစားမ်ားကပင္ သူ႔အားသူတို႔နွင့္ပူးေပါင္းေစခ်င္ေနၾကသည္။ သို႔ေသာ္လည္း သူက၎တို႔အားလံုးကိုျငင္းပယ္ခဲ့၏။

အေၾကာင္းအရင္သည္ကား အံ့ၾသစရာေကာင္းစြာပင္ ၎က သာမာန္အလုပ္ခ်ိန္အတိုင္း (၉နာရီမြ၅နာရီအထိ) အလုပ္လုပ္ရန္အလြန္ပ်င္းေနကာ တျခားသူမ်ားအတြက္အလုပ္လုပ္ေပးရသည္ကိုစိတ္မဝင္စားေသာေၾကာင့္ျဖစ္သည္။

ဤကဲ့သို႔ရူးေၾကာင္ေၾကာင္အေၾကာင္းျပခ်က္က ရွန္ယြီရွန္းအား ရယ္ခ်င္သြားေစသည္။

"ေကလးဆႏႅိုကၱာၾကာ..."

ထို႔ေနာက္တြင္ေတာ့ သူ႔ကိုယ္သူရယ္ေနမိမွန္းသတိထားမိသြားသည့္ ယြီရွန္းကေခတၲေၾကာင္အသြားကာ ေနာက္ပိုင္း၌ နႈတ္ခမ္းပါးကိုတြန္႔ေကြးလ်က္ၿပံဳးလိုက္ျပန္၏။

သူ၏အနာဂါတ္ဇနီးသည္ေလးက စိတ္ဝင္စားဖြယ္ေကာင္းလြန္းလို႔မ်ားလား?

ထိုေမးခြန္းအတြင္းမွလူကိုယ္တိုင္ျဖစ္သည့္ ဟယ့္ခ်န္းနင္ကေတာ့ တစၹကႅဴ၏ေအၾတးမ္ားအား မသိခဲ့ပါေခ်။ ယခုတြင္မူ သူကေလသာခန္း၌ လဲေလ်ာင္းကာ စာအုပ္ဖတ္ေနရင္းမွ အိပ္ေပ်ာ္သြားေလ၏။ သူတစ္စံုတစ္ေယာက္ႏွင့္ လက္ထပ္ရမည့္အေၾကာင္းကေတာ့... ထိုကိစၥကိုသူထပ္ၿပီးမေတြးေနေတာ့ေခ်။ သူ၏ေဆာင္ပုဒ္သည္ကား 'အရာအားလံုးကသူ႔ဘာသူအေကာင္းဆံုးျဖစ္လာမွာပဲ' ဟူ၍ပင္။

အန္တီခ်င္ကသူ႔အတြက္ႏြားနို႔တစ္ခြက္ယူလာေပးသည့္အခါတြင္ေတာ့ ေအးေအးခ်မ္းခ်မ္းအနားယူေနသည့္ခ်န္းနင္ကိုျမင္၍ တတြတ္တြတ္မေျပာပဲမေနနိုင္ေခ်။

"ဒီကေလးကေတာ့ေလ... သူဘယ္လိုလုပ္ၿပီးမ်ားစိတ္ေအးလက္ေအးေနနိုင္ရတာလဲ"

ခ်န္းနင္ကသူ႔မ်က္နွာကိုအုပ္ထားသည့္ စာအုပ္ကိုဖယ္လိုက္ရင္းျဖင့္ ပ်င္းရိပ်င္းတြဲဆိုလာသည္။

"အဲ့ေလာက္လဲစိုးရိမ္ေနဖို႔မွမလိုတာ...ကြၽန္ေတာ္အေသစိုးရိမ္ေနလို႔လဲ ကြၽန္ေတာ္နဲ႔လက္မထပ္ခင္ ရွန္မိသားစုကသခင္ေလးကရုတ္တရပ္ႀကီးထၿပီး သူ႔မိသားစုကိုဆန္႔က်င္၊ ရန္သူေတြကိုေခ်မႈန္း၊ သူ႔အဖြားကိုအနိုင္ယူၿပီး ကြၽန္ေတာ္နဲ႔ကြာရွင္းမွာမွမဟုတ္ပဲ"

အန္တီခ်င္က ဟယ့္ခ်န္းနင္၏ပါးစပ္က ခပ္ျမန္ျမန္ကာလိုက္ရင္း...

"မင္း...ဒီအရူးေလးကေတာ့...စကားေျပာတာသတိထားစမ္းပါ"

ဟယ့္ခ်န္းနင္ကရယ္သည္။

"ကြၽန္ေတာ္ကဒီတိုင္းေနာက္တာပါဗ်ာ"

အန္တီခ်င္ကသူ႔အတြက္ႏြားနို႔တစ္ခြက္ေပးရင္းျဖင့္ ဆိုလာသည္။

"ေနာက္နွစ္ရက္အတြင္ ရွန္မိသားစုနဲ႔ေတြ႕ဆံုပြဲရွိတယ္လို႔ အႀကီးအကဲအမ်ိဳးသမီးကအခုေလးတင္အန္တီ့ကို မင္းကိုအသိေပးဖို႔ေျပာလိုက္တယ္... အဲ့မွာရွန္မိသားစုရဲ႕သခင္ေလးလည္းပါလာမွာတဲ့...သူမကမင္းကိုျပင္ဆင္ထားၿပီး သူအရွက္ရေအာင္မလုပ္ဖို႔မွာလိုက္တယ္"

အန္တီခ်င္က မေပ်ာ္မ႐ႊင္ျဖင့္ကန္႔ကြက္သည္။

"ငါတို႔ခ်န္းနင္ေလးကဒီေလာက္ေကာင္းတာကို ဘာေတြရမယ္ရွာေနမွန္းမသိဘူး? ေနာက္ပိုင္းက်ဘယ္သူကအရွက္ရေစမလဲဆိုတာ ဘယ္သဴသိမြာလဲ"

ခ်န္းနင္ကသူ႔ႏြားနို႔ခြက္ကိုေသာက္ရင္းျဖင့္ အန္တီခ်င္၏ပြစိပြစိစကားမ်ားအားနားေထာင္ေနသည္။ သူ႔ဘာသူလည္း ေတြးမိေနေသး၏။

ီၤဒီေတာ့ေတြ႕ဖို႔အခ်ိန္က်လာၿပီေပါ့ ဟမ္? အဲ့လူကေကာလဟာလေတြထဲကလိုပဲျဖစ္ေလာက္လား? ဘယ္လိုပံုစံမ်ိဳးနဲ႔ သူ႔ကိုဆက္ဆံေလာက္လဲ? အမုန္း? စိတ္ရႈပ္တာ? ႐ြံတာ?

အဲ့ဒီမိသားစုထဲကိုေယာက္်ားေလးဇနီးသည္တစ္ေယာက္အျဖစ္ ဝင္သြားရမဲ့လူတစ္ေယာက္အေနနဲ႔သူတို႔ဘက္က ေကာင္းေကာင္းဆက္ဆံမဲ့ပံုစံမ်ိဳးကိုမေမ်ွာ္လင့္ထားတာအေကာင္းဆံုးပါပဲ။ သူကဘယ္ေလာက္ေတာင္မိုက္မဲလိုက္သလဲေနာ္။

ဘာပဲျဖစ္ျဖစ္သူတစ္နွစ္ပဲသည္းခံရင္ရပါၿပီေလ။ အဲ့တာၿပီးရင္ေတာ့ သူအန္တီခ်င္ကိုေခၚၿပီး ဒီကေနထြက္သြားမယ္။ သူ႔အရည္အခ်င္းနဲ႔ဆိုရင္ေတာ့ သူတို႔နွစ္ေယာက္လံုးလံုးထိန္းခ်ဳပ္ခံရတဲ့ကိစၥမ်ိဴးမရွိေလာက္ေတာ့ပါဘူး။

ရွန္မိသားစုထံသို႔ သူအေရာင္းခံလိုက္ရေၾကာင္းသိလိုက္သည့္အခ်ိန္မွစ၍ ခ်န္နင္က ရွန္ယြီရွန္းအေၾကာင္း လူလႊတ္၍စံုစမ္းခဲ့ေပသည္။

ၾကားရသေလာက္ ရွန္ယြီရွန္းသည္ကား ဆက္ဆံရခက္ခဲသည့္လူပင္ျဖစ္၏။ ေရခဲရိုက္မ်က္နွာထားျဖင့္၊ စကားအလြန္နည္းသည့္လူစား၊ အသန္႔အလြန္ႀကိဳက္၍ ခန္႔မွန္းရခက္ေသာသူျဖစ္ကာ ေဒါသႀကီးသည့္လူတစ္ေယာက္အျဖစ္ လူအမ်ားကသိၾကသည္။

ရွန္အဖြဲ႕အစည္းအား အသက္ ၂၂ နွစ္အ႐ြယ္၌လက္လႊဲယူခဲ့၍ ရွစ္နွစ္အတြင္း၌ ရွန္အဖြဲ႕အစည္းအား အလယ္အလတ္အဆင့္စီးပြားေရးလုပ္ငန္းေလးမွ ယေန႔ေခတ္ နိုင္ငံစံုေကာ္ပိုေရးရွင္းတစ္ခုအျဖစ္ တည္ေထာင္ခဲ့သူပင္။ ဤ group က ဟိုတယၼ္ား၊ စားေသာက္ကုန္၊ ယမကာလုပ္ငန္း၊ ေဖ်ာ္ေျဖေရးလုပ္ငန္းမ်ား၊ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားနွင့္ အျခားနယ္ပယ္မ်ိဳးစံု၌ပါဝင္ထားသည္။ group လက္ေအာက္ခံ နာမည္ႀကီးေရွာ႔ပင္းေမာလ္မ်ားသည္လည္း အဓိကၿမိဳ႕နယ္ႀကီးမ်ား၌အနွံ႔အျပားေတြ႕နိုင္၏။

စီးပြားေရးလုပ္ငန္း၌ အခက္အခဲမ်ားအားလံုးကိုျပတ္သားစြာေျဖရွင္းခဲ့သည့္ ဤလူသားက တျခားတစ္ေယာက္ေၾကာင့္အလြယ္တကူယိမ္းယိုင္သြားသည္တဲ့လား? ထိုသို႔မွမဟုတ္လ်ွင္ အဘယ္ေၾကာင့္မ်ားသူက အျခားေယာက္်ားတစ္ေယာက္ကိုသူ႔ဇနီးအျဖစ္လက္ထပ္ဖို႔ လက္ခံခဲ့မည္နည္း? အကယ္၍ သူကေယာက္်ားမ်ားကို ျကိဳက္သည္ဆိုလ်ွင္ေတာင္ သူသေဘာက်သည့္သူကိုသာယူသင့္သည္မဟုတ္ပါလား? သူ႔မိသားစု၏စီစဥ္မႈကိုလက္ခံ၍ သူစိမ္းေယာက္်ားတစ္ေယာက္နွင့္လက္ထပ္ဖို႔လက္ခံစရာအေၾကာင္း လံုးလံုးလ်ားလ်ားပင္မရွိပါေခ်။

ထပၼံဆိုရပါက သူသည္ကား ရွန္မိသားစု၏ပထဆံုးသား၊ ရွန္အဖြဲ႕အစည္း၌ အလြန္အရည္အခ်င္းျပည့္မွီသည့္ ေအာင္ျမင္သူတစ္ေယာက္ပင္ျဖစ္ေခ်သည္။ ထိုကဲ့သို႔ေသာသူသည္ကား အဆင့္အတန္းျမင့္အသိုင္းအဝိုင္းမွမိန္းမပ်ိဳေလးမ်ားအလိုခ်င္ဆံုးပင္။ ဤကိစၥကိုမည္မ်ွပင္အလ်င္လိုေနေစကာမူ ယခုကဲ့သို႔ဆံုးျဖတ္လိုက္သည္က အဓိပၸါယ္မရွိပါေခ်။

သူ႔သူငယ္ခ်င္းရွာလာေပးခဲ့သည့္ ထိုလူ၏ဓာတ္ပံုကပင္ အလြန္ေခ်ာေမာခန္႔ညားေၾကာင္းျပသေန၏။ အရပ္ 1.9 မီတာ, ပခံုးက်ယ္က်ယ္, ခါးသြယ္သြယ္နွင့္ ေျခတံရွည္မ်ားက တက္သစ္စေမာ္ဒယ္မ်ားနွင့္ပင္ယွဥ္နိုင္သည့္ ခႏၶာကိုယ္ဟုပင္ဆိုရမည္။ ထင္ရွားသည့္မ်က္နွာသြင္ျပင္၊ စူးရွသည့္မ်က္ဝန္းမ်ား၊ နွာေခါင္းခြၽန္ခြၽန္၊ နႈတ္ခမ္းပါးပါးနွင့္ ၾကည္လင္ေသာအသားအရည္၊ အနည္းငယ္ေကာက္သည့္ၾကက္ေသြးေရာင္ဆံပင္မ်ား...။ ထိုသို႔ေသာေယာက္်ားသည္ကား မိန္းမပ်ိဳေလးမ်ားအားသံကုန္ေအာ္ဟစ္ေစ၍ ေယာက္်ားသားမ်ားကိုမနာလိုဝန္တိုေစဖို႔လြယ္ကူလြန္းသည္။

မေရမတြက္နိုင္ေသာ အဆင့္အတန္းျမင့္မိသားစုမွမိန္းမမ်ားက တစ္ညအိပ္ရရံုအတြက္နွင့္ သူ႔အိပ္ယာေပၚဝစ္လစ္စလစ္နွင့္တက္ဖို႔ႀကိဳးစားၾကသည္ဟုလည္းေဖာ္ျပထားၾကေသးသည္။ ေယာက္်ားသားမ်ား၊ ဥပမာအားျဖင့္ နာမည္ႀကီးသရုပ္ေဆာင္မ်ားနွင့္ နိုင္ငံျခားသားေမာ္ဒယ္မ်ားသည္လည္း သူ႔အိပ္ယာကိုေခ်ာင္းေျမာင္းေနၾကေလသည္။ အျခားဂုဏ္ပုဒ္မ်ားအတြက္မဟုတ္၊ တစ္ညတာခ်စ္ျခင္းအတြက္မ်ွသာျဖစ္သည္။

ထိုေအၾတးက ဟယ့္ခ်န္းနင္အားၾကက္သီးမ်ားပင္ထသြားေစသည္။ ထိုမိန္းမမ်ားနွင့္ေယာက္်ားမ်ား၏အေတြးမ်ားအား သူအမွန္ပင္နားမလည္နိုင္ပါေခ်။ အထူးသျဖင့္ ထိုလိင္ကိစၥနွင့္ပက္သက္၍... သူအမွန္တကယ္ႀကီးလက္မခံနိုင္ျခင္းပင္။

နွစ္ရက္အၾကာတြင္ေရာက္လာမည့္ ေတြ႕ဆံုပြဲအေၾကာင္းေတြးရင္း ဟယ့္ခ်န္းနင္၏စိတ္မ်ားေလလြင့္ေန၏။ ထိုေကာလဟာလမ်ားအားလံုးက မီဒီယာမ်ားမွျဖစ္ေသာ္လည္း လက္ခုပ္ဟူသည္ကနွစ္ဖက္တီးမွျမည္သည္မဟုတ္ပါလား။ အကယ္၍သူ(ရွန္ယြီရွန္း)ကသာ bisexual ျဖစ္ေနပါက သူ(ဟယ့္ခ်န္းနင္) မည္သို႔လုပ္ရမည္နည္း?

ေျမာက္မ်ားစြာေသာဇကာတင္မ်ားထဲမွ ရွန္မိသားစုကသူ႔ကိုေ႐ြးခဲ့သည္မွာ အေၾကာင္းအရင္းတစ္စံုတစ္ရာေတာ့ရွိရမည္။ အကယ္၍ထိုေနာက္ကြယ္၌ အေၾကာင္းျပခ်က္တစ္ခုခုသာအမွန္တကယ္တည္ရွိေနသည္ဆိုပါက သူ႔မွန္ကန္မႈအတြက္သူအနည္းငယ္တိုက္ခိုက္ရေတာ့မည္ပင္။

အကယ္၍ ၎ကစီးပြားေရးဖလွယ္မႈတစ္ခုပဲဆိုလ်ွင္ေတာ့ သူ႔ရပိုင္ခြင့္အတြက္တိုက္ခိုက္ဖို႔လည္း ဝန္မေလးပါေခ်။

အားလံုးဆံုေတြ႕သည့္အခ်ိန္၌ သူရွန္ယြီရွန္းအားစကားေျပာရန္အခြင့္အေရးတစ္ခုရဖို႔သာေမ်ွာ္လင့္ရေတာ့မည္။

°°

Continue Reading

You'll Also Like

1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
2.4M 303K 63
Oh my god!!!!
259K 10.5K 64
Start date - 13 Sep 2022 ( 11: 09 AM) End date - 31 May 2023 ကျိုးပြတ်သွားတဲ့ ကတိတစ်စုံဟာ လွင့်ပြယ်သွားတဲ့ တိမ်တိုက်​တွေလိုပဲ ပုံစံတကျ ပြန်စုစည်းလို...