ကမ်းကုန်အောင်အလိုလိုက်ခံထားရသ...

By Deity_YuZhang

504K 65.2K 1.7K

Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Y... More

Description
1
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19.1
19.2
20
21
22
23
24.1
24.2
25
26.1
26.2
27
28
29
Notice
30
31
32
33
34.1
34.2
35
36.1
36.2
37.1
37.2
38.1
38.2
38.3
39.1
39.2
39.3
40.1 + 40.2
41
42
43
44
45
46
47
48

2

11.9K 1.5K 36
By Deity_YuZhang

U••

[ကျွန်တော်ကဘယ်လောက်တန်လဲ?]

ဟယ့်ချန်းနင်အတွက်တော့ ယင်မိသားစုအတွင်းမှအမျိုးသမီးကြီးအပေါ် အမုန်းမှလွဲ၍အခြားခံစားချက်မျိုးမရှိပါချေ။

သူ့အမေ ယင်မိသားစုနှင့်လက်ထပ်ပြီးကတည်းက ဒီမိန်းမကြီးကသာ သူမအတွက် ပြသနာမျိုးစုံဖန်တီးခဲ့ခြင်းပင်။ ဆင်းရဲသည့်နောက်ခံရှိသော ဤအမျိုးသမီးကြီးအတွက် အဆင့်အတန်းမြင့်သည့်မိသားစုမှလာသည့် သူ့အမေကိုမြင်သည့်အခါတိုင်း သူမကိုယ္သူမ ချွေးမထက်နိမ့်ကျသည်ဟုခံစားခဲ့ရသည်။

ယင်ကျိနျန်နှင့်လက်ထပ်ပြီးသည့်နောက် ဟယ့်မင်လန်က သူူမ မိသားစုမွထြက္ကာ ဟယ့်မိသားစုနှင့်ဆက်ဆံရေးကို တရားဝင်ဖျက်သိမ်းခဲ့လေသည်။ သူမ၏မိသားစုနောက်ခံမရှိတော့သည်မို့ ဟယ့်မင်လန်ခမျာ ယင်မိသားစုတွင်အခက်အခဲမျိုးစုံစတင်ကြုံတွေ့ရတော့၏။ ယင်ကျိနျန်သည်ကား သားသမီးဝတ္တရားကျေပွန်၍ အလွန်နာခံတတ်သည့်သားတစ်ယောက်ပင်။ အဘွားကြီးဘာပြောပြော ၎င်းပြောသည်ကသာအမှန်။ သူ့ဇနီးကို သူ့အမေကအနိုင်ကျင့်နှိပ်စက်နေသည်ကိုသိသော်လည်း မျက်စိစုံမှိတ်၍ ဇနီးသည်ကိုပို၍သည်းခံဖို့သာဖြောင်းဖြခဲ့လေသည်။

အဘွားကြီးက ချွေးမဖြစ်သူ၏ဖြူစင်၍ရည်မွန်သောအပြုအမူများအား တစ်စက်မှသဘောမကျခဲ့ပေ။ သူမကသာမကောင်းသည့်သူဖြစ်စေရန် ၎င်းကရည်ရွယ်ချက်ရှိရှိပြုမူနေသည့်အတိုင်းပါပင်။ ထို့ကြောင့်လည်း အဘွားကြီးကသူမအပေါ် သဘောထားအစစ်အမှန်များစတင်ချပြလာ၍ သူမကိုပို၍ခက်ခဲအောင်လုပ်တော့သည်။ ဟယ့်မင်လန်ဘာပဲလုပ်လုပ် သူမကအပြစ်ကိုရှာသည်။ အမှန်ကိုအမှားဖြစ်အောင်လုပ်၍ အသေးငယ်ဆုံးသောပြသနာလေးကိုပင် တစ်ချိန်လုံးမှတ်ထားကာပြန်ပြန်အပြစ်တင်တတ်၏။ ပိုဆိုးသည်က လက်ထပ်ပြီးနှစ်ပေါင်းများစွာကြာသည်အထိတောင် ကလေးတစ်ယောက်မှမမွေးနိုင်ခဲ့ခြင်းပင်။

၎က ဟယ့်မင်လန်အပေါ် အဘွားကြီးပို၍အနိုင်ကျင့်နိုင်စေရန် အကြောင်းပြချက်ဖြစ်လာတော့သည်။

သူမသားအပြင်တွင်ထားသည့် မယားငယ်ကလည်း သူမ၏စနက်ကြောင့်ပါပင်။ လက်မထပ်ရသေးခင် မွေးထားသည့်ကလေးများကလည်း အဘွားကြီး၏အကူအညီဖြင့်ကောင်းစွာဖုံးကွယ်ထားနိုင်ခဲ့၏။ ထို့ကြောင့်လည်း ဟယ့်ချန်းနင် ၂ နှစ်အရွယ်၌ မယားငယ်ကအိမ်တံခါးကိုလာခေါက်ခဲ့ခြင်းပင်။ ထိုအချိန်၌ဟယ့်မင်လန်သိလိုက်ရသည်က ချုန်းမင်နှင့်သူမယောက်ျား၏ပထမဆုံးကလေးကပင် ၈ နှစ်ရှိနေခဲ့ပြီဖြစ်သည်။ ဒုတိယကေလးက ၅ နှစ်နှင့် တတိယကေလးကမူ သူမ၏ဝမ်းဗိုက်ထဲ၌သနေ္ဓတည်လျက်။

သူမ၏ယောက္ခမပေးခဲ့သည့် မြောက်မြားစွာသောအခက်ခဲများနှင့် သူမယောက်ျား၏သစ္စာမဲ့မှု။ ၎င်းတို့က ဟယ့်မင်လန်၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်အလုံးစုံကိုအဆုံးစွန်ထိတွန်းပို့ခဲ့ကာ သူမထပ်မံ၍တောင်မခံနိုင်တော့သည်အထိပင်။

သုံးနှစ်ပင်မပြည့်သေးသည့် သူမ၏သားငယ်လေးကိုအဝေးသို့တွန်းပို့လျက် ဒဲ့တိုးဆန်၍ရက်စက်လှသောရွေးချယ်မှုကိုသူမပြုလုပ်ခဲ့တော့သည်။ ၎မွာ ယင်မိသားစု၏အိမ်ယာခေါင်မိုးထပ်မှ ခုန်ချခဲ့ခြင်းပင်။

ဤအဆုံးသတ်က ဟယ့်မင်လန်၏အချစ်အပေါ်စွဲလန်းမှုနှင့် သူမ၏အားနည်းသောပင်ကိုယ်စရိုက်ကြောင့် အနည်းငယ်ပါဝင်သော်လည်း သေကြောင်းကြံစည်ရသည်အထိ အဓိကအကြောင်းပြချက်မှာမူ ယင်မိသားစုမှအဘွားကြီး၏စနက်ကြောင့်သာဖြစ်သည်။ နောက်တစ်ခုကတော့ ယင်ကျိနျန်၏သရဲဘောကြောင်မှုနှင့်တာဝန်မဲ့မှုက သူ့အားကြံရာပါဖြစ်စေကြောင်း သံသယဝင်စရာမရှိပါချေ။

ဟယ့်ချန်းမင်အတွက်မူ ဤအဘွားကြီးထံမှ မျှော်လင့်ချက်ဟူသည်မျိုးတစ်စုံတစ်ရာပင်မရှိခဲ့ဖူးချေ။ သူမသည်ကား အိုမင်းလှချေပြီ။ သူကသူမကိုသတ်ပစ်လျှင်တောင်မှ သူ့အမေကတော့ပြန်မရှင်သန်လာနိုင်တော့ပေ။ သို့သော်လည်း ၎က သူ့ဘဝကို ဤမိသားစုကသူတို့ချယ်လှယ်ချင်သလိုခြယ်လှယ်နိုင်သည်ဟု မဆိုလိုပေ။

ယင်မိသားစုနှင့်ဟယ့်ချန်းနင်ဆက်နေရသည့် တစ်ခုတည်းသောအကြောင်းပြချက်မှာ သူ့အမေချန်ခဲ့သည့်စာတစ်စောင်ကြောင့်သာဖြစ်၍ ဤလူသားများနှင့်ပက်သက်ပြီး ခွင့်လွှတ်ပေးဖို့ရည်ရွယ်ချက် သူ့ထံတွင်စိုးစဉ်းမျှမရှိ။ စိတ်ကူးပေါက်၍ သူအခွင့်အရေးရသည့်အခါတိုင်း ဤလူသားများဒေါသထွက်အောင်တော့လုပ်ဖြစ်သည်။

ဟယ့်ချန်းနင်ကပြန်လည်မဖြေကြားသည်ကိုမြင်သည်မို့ အကြီးအကဲယင်က သူမစကားကိုနာခံသည်ဟုထင်သွားပုံပင်။ ထို့ကြောင့် သူမကမေတ္တာကြီးမားသောအကြီးအကဲတစ်ဦးပုံစံပြသပြီး အဓိပ္ပာယ်ပြည့်ဝသောနှလုံးသားဖြင့် နှစ်သိမ့်ပေးမည့်အမူအရာနှင့် ဆင်တူသည့်အသုံးအနှုန်းကို သူမကသုံးနှုန်းကာဆိုလာသည်။

"ချန်းနင်...ဒီကိစ္စကြောင့်မင်းအဆင်မပြေဘူးဆိုတာ ဖွားဖွားသိပါတယ်... ဒါပေမဲ့လည်းမင်းယင်မိသားစုအတွက်တော့တွေးရမယ်လေ..  မင်းအမေရှိတုန်းကဆိုရင် သူမကအကျိုးအကြောင်းဆီလျော်ပြီး အသိပညာကြွယ်ဝတဲ့လူတစ်ယောက်ဖြစ်ခဲ့တာ...မင်းကမင်းအမေရဲ့သိက္ခာကိုကျအောင်မလုပ်ရဘူးလေ"

ဟယ့်ချန်းနင်၏နှလုံးသားအတွင်းမှအမုန်းများကပို၍သာတိုးပွားလာရတော့သည်။

ဒီတော့ခင်ဗျားကအခု ကျွန်တော့်အမေရဲ့ကောင်းကွက်တွေကိုမှတ်မိသွားပြီပေါ့? သူမအသက်ရှင်စဉ်တုန်းကကျ ဘာလို့အဲ့တာကိုတစ်ယောက်မှသတိမထားမိခဲ့ကြတာလဲ? အခုတော့ ကျွန်တော် ယင်မိသားစုအတွက် စတေးရတော့မယ်ဆိုတော့ ကျွန်တော့်အပေါ် နှိမ့်ချပြောဆိုဖို့ ကျွန်တော့်အမေရဲ့သစ္စာစောင့်သိမှုကိုပြန်ချပြလာတယ်ပေါ့လေ? ဒီလူတွေဒီထက်ပိုပြီးတော့များ အရှက်မဲ့နိုင်ကြသေးရဲ့လား?

ထေ့ငေါ့မှုအပြည့်ဖြင့် အေးတိအေးစက်မျက်နှာထားကိုဆင်ရင်း သူ၏မထီမဲ့မမြင်အကြည့်များက အကြီးအကဲယင်ထံသို့ တိုက်ရိုက်ကျရောက်သွားတော့သည်။

"ဖွားဖွားပြောသလိုဆို ကျွန်တော်ကအခုဘာလုပ်ရမှာလဲ? ယောက်ျားတစ်ယောက်ကိုလက်ထပ်ပြီးသူ့ဇနီးဖြစ်ပေးရမယ်ပေါ့? အပြန်အလှန်အနေနဲ့ ကျွန်တော့်ကိုရောင်းခက ယင်အဖွဲ့အစည်းအတွက်ရန်ပုံငွေဖြစ်လာပြီး အဲ့တာက အခုယင်အဖွဲ့အစည်းရင်ဆိုင်နေရတဲ့ပြသနာကိုဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ် အဲ့လိုလား? ခင်ဗျားကျွန်တော့်ကိုတအားအထင်ကြီးလွန်းနေတာမဟုတ်ဘူးလား? ယင်အဖွဲ့အစည်းရှင်သန်ဖို့ ငွေဘယ်လောက်တောင်လိုလဲဆိုတာ ခင်ဗျားမသိဘူးလား? ရှန်မိသားစုကသူတို့မိသားစုကပထမဆုံးသားရဲ့ဇနီးအနေနဲ့လက်ထပ်ဖို့ ကြေးမြင့်မြင့်ပေးရလောက်တဲ့အထိ ကျွန်တော့်ရောင်းဈေးက ဒီလောက်မြင့်တယ်လို့ခင်ဗျားထင်တယ်ပေါ့?"

ထိုမေးခွန်းတွင်ပါလာသည့်စကားအားလုံးက ယင်အကြီးအကဲကိုဆွံ့အသွားစေသည်။ သူမသည်လည်း ယင်အဖွဲ့စည်းပြန်လည် လည်ပတ်ရန်အတွက် ရန်ပုံငွေမည်မျှအထိလိုကြောင်း ကောင်းကောင်းနားမလည်ပါချေ။ ထို့ကြောင့် အဖြေကိုသိရန် သူ့မ၏သား ယင်ကျိနျန်ဘက်သို့လှည့်ကြည့်ရုံသာတတ်နိုင်၏။

အမျိုးသမီးကြီး၏ မေးခွန်းအပြည့်ပါသောအကြည့်ကိုရရှိလိုက်သည်မို့ ယင်ကျိနျန် ရှက်ရွံ့စွာဖြင့်ချောင်းဟန့်လိုက်ရင်း ထိုအကြည့်ကိုရှောင်ရှားလိုက်မိသည်။

"ဒါက...အရမ်းတော့မများပါဘူး...၂၀ မီလီယမ်လောက်ပါပဲ"

ဟယ့်ချန်းနင်ကထေ့ငေါ့စွာဖြင့်ထပ်မံရယ်မောလိုက်ပြန်သည်။

"ဟား... အဖေကတော့ကျွန်တော့်ကိုတအားအထင်ကြီးနေပြန်ပါပြီ... ကျွန်တော်ကတကယ်ကြီး ၂၀ မီလီယမ်လောက်တန်မယ်လို့အဖေထင်နေတာလား? ဒါမှမဟုတ် ရွန္မိသားစုက ယောက်ျားလေးဇနီးသည်တစ်ယောက်ရဖိို့ ၂၀ မီလီယမ်သုံးပြီးဝယ်တယ်လို့ပြောချင်တာလား?"

ယင်ကျိနျန်၏ မည်းမှောင်သွားသည့်မျက်နှာကို ချုန်းမင်က မကျေနပ်သည့်မျက်ဝန်းများဖြင့်စိုက်ကြည့်နေကာ အကြီးအကဲယင်ကတော့ အတွေးထဲနစ်မြုပ်နေဆဲပင်။

ရိုးရှင်းသည့်စကားအချို့က လူတိုင်း၏အရှိုက်ကိုထိစေကာ ဟယ့်ချန်းနင်ကတော့ ဂရုမစိုက်ပဲထပ်မံဆိုလာပြန်သည်။

"တကယ်လို့ရှန်မိသားစုက ယင်မိသားစုဆီကနေလက်ထပ်ဖို့ယောက်ျားတစ်ယောက်လိုချင်တယ်ဆိုရင်လဲ အဖွားနဲ့အဖေကဘာလို့တခြားတစ်ယောက်ကိုရွေးမကြည့်တာလဲ? ဒါကလည်းအဖေ့ဆန္ဒကိုပြည့်စေနိုင်တာပဲလေ"

ယင်မိသားစုမှအခြားယောက်ျားနှစ်ယောက်ကို မေးငေါ့ပြရင်းဖြင့် အဓိပ္ပါယ်မဲ့သောအပြုံးကိုပန်ဆင်ကာ၎င်းကဆိုလာသည်။

ဟယ့်ချန်းနင်၏အကြည့်စူးစူးကိုရရှိလိုက်သော ယင်ဟောက်နှင့် ယင်ကျွင်းခမျာ ကျောပြင်တစ်ခုလုံးအေးစိမ့်သွား၍ ၎င်းတို့၏ခြေလက်များယင် တုန်ယင်သွားရသည်။ အထူးသဖြင့် ယင်ကျွင်းတစ်ယောက် သူ့တည်ရှိမှုသူဖုံးကွယ်ဖို့ ပခုံးနှစ်ဖက်ကိုတတ်နိုင်သမျှပင် ကြုံ့ထားမိချေတော့သည်။

အဘွားကြီးက ဟယ့်ချန်းနင်၏ဆိုလိုရင်းကိုကောင်းစွာသဘောပေါက်သော်ငြား ယင်ဟောက်နှင့် ယင်ကျွင်းမှာမူ ယင်မိသားစု၏အနာဂါတ်နှင့်မျှော်လင့်ချက်ဖြစ်သော သူမ၏အဖိုးတန်မြေးလေးများပင်။ ထို့ကြောင့်လည်း သူမ၏မြေးလေးများအား တခြားယောက်ျားတစ်ယောက်၏ဇနီးအနေဖြင့်လက်ထပ်ခိုင်းမည်ကို မလိုလားပါချေ။ ထိုအရာက ၎င်းတို့၏ဘဝကို သေချာပေါက်ပျက်ဆီးစေမည်ပင်။ သို့သော်လည်း ယခုအရေးကြီးဆုံးက ဤကိစ္စမဟုတ်၊ ယင်မိသားစုသည်ကား ရှန်မိသားစုကိုဆန့်ကျင်ရန်အတွက် မဝ့ံရဲလွေပ။

"ချန်းနင်ပြောတာလည်းမှန်ပါတယ်... ဒါပေမဲ့ရှန်မိသားစုရဲ့ ပထမသားက ဘယ်သူ့ကိုလက်ထပ်ချင်တယ်ဆိုတာက ငါတို့ဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ဘူးလေ"

အကြီးအကဲယင်ပြောသည့်စကားကိုကြားပြီးသည့်နောက် ယင်ကျိနျန်ကတစ်စုံတစ်ခုကိုတွေးမိသွားဟန်ပင်။

"ဟုတ္သားပဲ...ဒါကငါတို့ဆုံးဖြတ်တဲ့ကိစ္စမဟုတ်ဘူး...ရွေးတာက ရှန်မိသားစုရဲ့အကြီးအကဲအမျိုးသမီးလုပ်တာ... အဲ့တာကမင်းရဲ့အက္ခရာရှစ်လုံးနဲ့ သခင်လေးရဲ့ဟာကိုတိုက်ပြီးရလာတာပဲ...ပြီးတော့ ရှန်မိသားစုဆီအက္ခရာရှစ်လုံးပို့တာက ငါတို့ချည်းပဲလည်းမဟုတ်ဘူး .. အကြီးအကဲတွေကတွက်ချက်ပြီးရလာတဲ့အဖြေက ချန်းနင်က သခင်လေးရဲ့အက္ခရာရှစ်လုံးနဲ့တွက်ဖက်အညီဆုံးဖြစ်နေတာပဲ...အဲ့တာကြောင့်လည်း အကြီးအကဲရှန်ကချန်းနင်ကိုသူမရဲ့မြေးသားမက်အဖြစ်ရွေးလိုက်တာ"

ဟယ့်ချန်းနင် လက်သီးတင်းတင်းဆုပ်လိုက်သည်မို့ သူ၏နူးညံ့သောလက်ချောင်းလေးများက ပို၍ပင်ဖြူဆုတ်လာရသည်။

"ကျွန်တော့်ရဲ့အက္ခရာရှစ်လုံးက အရွေးခံတဲ့အထဲပါသွားတာကို ကျွန်တော်တောင်မသိလိုက်ရပါလား?"

သူ၏အေးစက်စူးရှသောအကြည့်များက သူ့ကိုမရောင်းခင်အသိတစ်ချက်ပင်မပေးခဲ့သော ဖခင်ဖြစ်သူထံသို့ ကျရောက်သွားတော့သည်။

ယင်ကျိနျန်ကအကြည့်လွှဲသွားလေ၏။
"ဒါက...အဲ့အချိန်တုန်းက ငါတို့မှာတခြားမျှော်လင့်စရာမရှိတော့လို့ပါ...အဲ့တာကြောင့်..."

ချုန်းမင်တစ်ယောက် ဟယ့်ချန်းမင်ကြောင့် ပြောစရာစကားမဲ့နေသည့် ယင်ကျိနျန်ကိုထပ်မံ၍ဆက်မကြည့်နိုင်တော့ပါချေ။ သူမကသူ့ကိုအလွန်ပင် စက်ဆုပ်လှပါ၏။ သို့သော်လည်း သူမကလေးများ၏အနာဂါတ်အတွက်ဘာမှမလုပ်ပဲတော့ ထိုင်မနေနိုင်ပေ။

"နင်ဘာပြောပြောဘာမှမထူးတော့ဘူး... ရှန်မိသားစုထဲကလူတွေကငါတို့သွားရှုပ်လို့ရတဲ့အထဲပါတာမဟုတ်ဘူးနော်... အဲ့ဒီအက္ခရာရှစ်လုံးကလည်း နင့်အဖေကိုယ်တိုင်ကိုယ်ကျပို့ထားခဲ့တာ... အခုနင်ကအရွေးခံရပြီးပြီ တကယ်လို့ငါတို့ကနောက်ပြန်ဆုတ်ပြီး ရှန်မိသားစုကိုဒေါသထွက်စေလို့ကတော့ ကုမ္ပဏီဒေဝါလီခံရရုံတင်မကဘူး ငါတို့မိသားစုဝင်တွေပါ သူတို့ရဲ့အမျက်ဒေါသကနေလွတ်နိုင်တော့မှာမဟုတ်ဘူး... ဖြစ်လာမဲ့ပြသနာတွေကနင်ဖြေရှင်းနိုင်တဲ့ကိစ္စတွေမဟုတ်ဘူးနော်... အဲ့တော့ ဆက်ငြင်းခုန်နေမဲ့အစား ဒီမှာပဲရပ်ပြီးဘာလို့လက်မခံလိုက်တာလဲ? အဲ့လိုဆိုပိုကောင်းသွားမှာလည်းဖြစ်နိုင်တာပဲလေ..."

"အန်တီကအရမ်းကိုသဘောထားကြီးတာပဲနော်... လက်ထပ်ရမဲ့သူကအန်တီ့သားမဟုတ်တော့လည်း သေချာပေါက်အေးဆေးနေနိုင်တာပေါ့"

"အဲ့တော့ဘယ်လိုလုပ်ချင်သေးလို့လဲ? နင့်အဖေမှာရှန်မိသားစုနဲ့ရင်ဆိုင်ဖို့အရည်အချင်းရှိတာမဟုတ်ဘူး...ငါတို့လည်းလွတ်နိုင်မှာမဟုတ်ဘူး...ငါတို့တစ်မိသားစုလုံးကနင်နဲ့အတူလိုက်သေပေးရမှာလား?"

"ခင်ဗျားတို့ဒီပြသနာကိုဖန်တီးဖို့ရည်ရွယ်ချက်ရှိမှတော့ ဖြေရှင်းဖို့လဲအရည်အချင်းရှိသင့်တာပေါ့..  ကျွန်တော့်အက္ခရာရှစ်လုံးကိုပို့လိုက်တုန်းက ခင်ဗျားတို့ရလဒ်ကိုတွေးထားခဲ့သင့်တယ်လေ... ဘာလဲ ခင်ဗျားတို့ကခင်ဗျားတို့ဘာလုပ်လုပ် ကျွန်တော်ကလိမ်လိမ်မာမာနဲ့လက်ခံလိုက်မယ်လို့ထင်နေကြတာလား?"

ယခုအချိန်တွင်တော့ လူတိုင်းမေးခွန်းတစ်ခုကိုနားလည်သွားခဲ့ချေပြီ။ ယခုဆိုဖာပေါ်တွင်ထိုင်နေသည့် ဟယ့်ချန်းနင်သည်ကား သူတို့သိသည့် လိမ္မာယဉ်ကျေးသော၊ မငြင်းဆန်တတ်သော ဟယ့်ချန်းနင်မဟုတ်တော့ပါချေ။ တစ်ချိန်က နာခံတတ်ခဲ့သည့်ကြောင်ပေါက်ကလေးမှာ ယခုတွင်မူ၎င်း၏လက်သည်းများအားထုတ်ပြကာ သူတို့အားပြန်လည်ခုခံ၍ အရံှုးမပေးမချင်း သွေးရွှဲရွှဲစိုအောင် ကုတ်ခြစ်ပေတော့မည်။

°°

Z••

[ကြၽန္ေတာ္ကဘယ္ေလာက္တန္လဲ?]

ဟယ့္ခ်န္းနင္အတြက္ေတာ့ ယင္မိသားစုအတြင္းမွအမ်ိဳးသမီးႀကီးအေပၚ အမုန္းမွလြဲ၍အျခားခံစားခ်က္မ်ိဳးမရွိပါေခ်။

သူ႔အေမ ယင္မိသားစုနွင့္လက္ထပ္ၿပီးကတည္းက ဒီမိန္းမႀကီးကသာ သူမအတြက္ ျပသနာမ်ိဳးစံုဖန္တီးခဲ့ျခင္းပင္။ ဆင္းရဲသည့္ေနာက္ခံရွိေသာ ဤအမ်ိဳးသမီးႀကီးအတြက္ အဆင့္အတန္းျမင့္သည့္မိသားစုမွလာသည့္ သူ႔အေမကိုျမင္သည့္အခါတိုင္း သူမကိုယ္သဴမ ေခြၽးမထက္နိမ့္က်သည္ဟုခံစားခဲ့ရသည္။

ယင္က်ိႏ်န္နွင့္လက္ထပ္ၿပီးသည့္ေနာက္ ဟယ့္မင္လန္က သူူမ မိသားစုမြၾထကၠာ ဟယ့္မိသားစုနွင့္ဆက္ဆံေရးကို တရားဝင္ဖ်က္သိမ္းခဲ့ေလသည္။ သူမ၏မိသားစုေနာက္ခံမရွိေတာ့သည္မို႔ ဟယ့္မင္လန္ခမ်ာ ယင္မိသားစုတြင္အခက္အခဲမ်ိဳးစံုစတင္ႀကံဳေတြ႕ရေတာ့၏။ ယင္က်ိႏ်န္သည္ကား သားသမီးဝတၱရားေက်ပြန္၍ အလြန္နာခံတတ္သည့္သားတစ္ေယာက္ပင္။ အဘြားႀကီးဘာေျပာေျပာ ၎ေျပာသည္ကသာအမွန္။ သူ႔ဇနီးကို သူ႔အေမကအနိုင္က်င့္နိွပ္စက္ေနသည္ကိုသိေသာ္လည္း မ်က္စိစံုမွိတ္၍ ဇနီးသည္ကိုပို၍သည္းခံဖို႔သာေျဖာင္းျဖခဲ့ေလသည္။

အဘြားႀကီးက ေခြၽးမျဖစ္သူ၏ျဖဴစင္၍ရည္မြန္ေသာအျပဳအမူမ်ားအား တစ္စက္မွသေဘာမက်ခဲ့ေပ။ သူမကသာမေကာင္းသည့္သူျဖစ္ေစရန္ ၎ကရည္႐ြယ္ခ်က္ရွိရွိျပဳမူေနသည့္အတိုင္းပါပင္။ ထို႔ေၾကာင့္လည္း အဘြားႀကီးကသူမအေပၚ သေဘာထားအစစ္အမွန္မ်ားစတင္ခ်ျပလာ၍ သူမကိုပို၍ခက္ခဲေအာင္လုပ္ေတာ့သည္။ ဟယ့္မင္လန္ဘာပဲလုပ္လုပ္ သူမကအျပစ္ကိုရွာသည္။ အမွန္ကိုအမွားျဖစ္ေအာင္လုပ္၍ အေသးငယ္ဆံုးေသာျပသနာေလးကိုပင္ တစ္ခ်ိန္လံုးမွတ္ထားကာျပန္ျပန္အျပစ္တင္တတ္၏။ ပိုဆိုးသည္က လက္ထပ္ၿပီးနွစ္ေပါင္းမ်ားစြာၾကာသည္အထိေတာင္ ကေလးတစ္ေယာက္မွမေမြးနိုင္ခဲ့ျခင္းပင္။

၎က ဟယ့္မင္လန္အေပၚ အဘြားႀကီးပို၍အနိုင္က်င့္နိုင္ေစရန္ အေၾကာင္းျပခ်က္ျဖစ္လာေတာ့သည္။

သူမသားအျပင္တြင္ထားသည့္ မယားငယ္ကလည္း သူမ၏စနက္ေၾကာင့္ပါပင္။ လက္မထပ္ရေသးခင္ ေမြးထားသည့္ကေလးမ်ားကလည္း အဘြားႀကီး၏အကူအညီျဖင့္ေကာင္းစြာဖံုးကြယ္ထားနိုင္ခဲ့၏။ ထို႔ေၾကာင့္လည္း ဟယ့္ခ်န္းနင္ ၂ နွစ္အ႐ြယ္၌ မယားငယ္ကအိမ္တံခါးကိုလာေခါက္ခဲ့ျခင္းပင္။ ထိုအခ်ိန္၌ဟယ့္မင္လန္သိလိုက္ရသည္က ခ်ဳန္းမင္နွင့္သူမေယာက္်ား၏ပထမဆံုးကေလးကပင္ ၈ နွစ္ရွိေနခဲ့ၿပီျဖစ္သည္။ ဒုတိယေကလးက ၅ နွစ္နွင့္ တတိယေကလးကမူ သူမ၏ဝမ္းဗိုက္ထဲ၌သေႏၶတည္လ်က္။

သူမ၏ေယာကၡမေပးခဲ့သည့္ ေျမာက္ျမားစြာေသာအခက္ခဲမ်ားနွင့္ သူမေယာက္်ား၏သစၥာမဲ့မႈ။ ၎တို႔က ဟယ့္မင္လန္၏ စိတ္ပိုင္းဆိုင္ရာ၊ ရုပ္ပိုင္းဆိုင္ရာ ခံစားခ်က္အလံုးစံုကိုအဆံုးစြန္ထိတြန္းပို႔ခဲ့ကာ သူမထပ္မံ၍ေတာင္မခံနိုင္ေတာ့သည္အထိပင္။

သံုးနွစ္ပင္မျပည့္ေသးသည့္ သူမ၏သားငယ္ေလးကိုအေဝးသို႔တြန္းပို႔လ်က္ ဒဲ့တိုးဆန္၍ရက္စက္လွေသာေ႐ြးခ်ယ္မႈကိုသူမျပဳလုပ္ခဲ့ေတာ့သည္။ ၎မြာ ယင္မိသားစု၏အိမ္ယာေခါင္မိုးထပ္မွ ခုန္ခ်ခဲ့ျခင္းပင္။

ဤအဆံုးသတ္က ဟယ့္မင္လန္၏အခ်စ္အေပၚစြဲလန္းမႈနွင့္ သူမ၏အားနည္းေသာပင္ကိုယ္စရိုက္ေၾကာင့္ အနည္းငယ္ပါဝင္ေသာ္လည္း ေသေၾကာင္းႀကံစည္ရသည္အထိ အဓိကအေၾကာင္းျပခ်က္မွာမူ ယင္မိသားစုမွအဘြားႀကီး၏စနက္ေၾကာင့္သာျဖစ္သည္။ ေနာက္တစ္ခုကေတာ့ ယင္က်ိႏ်န္၏သရဲေဘာေၾကာင္မႈနွင့္တာဝန္မဲ့မႈက သူ႔အားႀကံရာပါျဖစ္ေစေၾကာင္း သံသယဝင္စရာမရွိပါေခ်။

ဟယ့္ခ်န္းမင္အတြက္မူ ဤအဘြားႀကီးထံမွ ေမ်ွာ္လင့္ခ်က္ဟူသည္မ်ိဳးတစ္စံုတစ္ရာပင္မရွိခဲ့ဖူးေခ်။ သူမသည္ကား အိုမင္းလွေခ်ၿပီ။ သူကသူမကိုသတ္ပစ္လ်ွင္ေတာင္မွ သူ႔အေမကေတာ့ျပန္မရွင္သန္လာနိုင္ေတာ့ေပ။ သို႔ေသာ္လည္း ၎က သူ႔ဘဝကို ဤမိသားစုကသူတို႔ခ်ယ္လွယ္ခ်င္သလိုျခယ္လွယ္နိုင္သည္ဟု မဆိုလိုေပ။

ယင္မိသားစုနွင့္ဟယ့္ခ်န္းနင္ဆက္ေနရသည့္ တစ္ခုတည္းေသာအေၾကာင္းျပခ်က္မွာ သူ႔အေမခ်န္ခဲ့သည့္စာတစ္ေစာင္ေၾကာင့္သာျဖစ္၍ ဤလူသားမ်ားနွင့္ပက္သက္ၿပီး ခြင့္လႊတ္ေပးဖို႔ရည္႐ြယ္ခ်က္ သူ႔ထံတြင္စိုးစဥ္းမ်ွမရွိ။ စိတ္ကူးေပါက္၍ သူအခြင့္အေရးရသည့္အခါတိုင္း ဤလူသားမ်ားေဒါသထြက္ေအာင္ေတာ့လုပ္ျဖစ္သည္။

ဟယ့္ခ်န္းနင္ကျပန္လည္မေျဖၾကားသည္ကိုျမင္သည္မို႔ အႀကီးအကဲယင္က သူမစကားကိုနာခံသည္ဟုထင္သြားပံုပင္။ ထို႔ေၾကာင့္ သူမကေမတၲာႀကီးမားေသာအႀကီးအကဲတစ္ဦးပံုစံျပသၿပီး အဓိပၸာယ္ျပၫ့္ဝေသာႏွလံုးသားျဖင့္ ႏွစ္သိမ့္ေပးမၫ့္အမူအရာႏွင့္ ဆင္တူသၫ့္အသံုးအႏႈန္းကို သူမကသံုးနႈန္းကာဆိုလာသည္။

"ခ်န္းနင္...ဒီကိစၥေၾကာင့္မင္းအဆင္မေျပဘူးဆိုတာ ဖြားဖြားသိပါတယ္... ဒါေပမဲ့လည္းမင္းယင္မိသားစုအတြက္ေတာ့ေတြးရမယ္ေလ..  မင္းအေမရွိတုန္းကဆိုရင္ သူမကအက်ိဳးအေၾကာင္းဆီေလ်ာ္ၿပီး အသိပညာႂကြယ္ဝတဲ့လူတစ္ေယာက္ျဖစ္ခဲ့တာ...မင္းကမင္းအေမရဲ႕သိကၡာကိုက်ေအာင္မလုပ္ရဘူးေလ"

ဟယ့္ခ်န္းနင္၏နွလံုးသားအတြင္းမွအမုန္းမ်ားကပို၍သာတိုးပြားလာရေတာ့သည္။

ဒီေတာ့ခင္ဗ်ားကအခု ကြၽန္ေတာ့္အေမရဲ႕ေကာင္းကြက္ေတြကိုမွတ္မိသြားၿပီေပါ့? သူမအသက္ရွင္စဥ္တုန္းကက် ဘာလို႔အဲ့တာကိုတစ္ေယာက္မွသတိမထားမိခဲ့ၾကတာလဲ? အခုေတာ့ ကြၽန္ေတာ္ ယင္မိသားစုအတြက္ စေတးရေတာ့မယ္ဆိုေတာ့ ကြၽန္ေတာ့္အေပၚ ႏိွမ့္ခ်ေျပာဆိုဖို႔ ကြၽန္ေတာ့္အေမရဲ႕သစၥာေစာင့္သိမႈကိုျပန္ခ်ျပလာတယ္ေပါ့ေလ? ဒီလူေတြဒီထက္ပိုၿပီးေတာ့မ်ား အရွက္မဲ့နိုင္ၾကေသးရဲ႕လား?

ေထ့ေငါ့မႈအျပည့္ျဖင့္ ေအးတိေအးစက္မ်က္နွာထားကိုဆင္ရင္း သူ၏မထီမဲ့မျမင္အၾကည့္မ်ားက အႀကီးအကဲယင္ထံသို႔ တိုက္ရိုက္က်ေရာက္သြားေတာ့သည္။

"ဖြားဖြားေျပာသလိုဆို ကြၽန္ေတာ္ကအခုဘာလုပ္ရမွာလဲ? ေယာက္်ားတစ္ေယာက္ကိုလက္ထပ္ၿပီးသူ႔ဇနီးျဖစ္ေပးရမယ္ေပါ့? အျပန္အလွန္အေနနဲ႔ ကြၽန္ေတာ့္ကိုေရာင္းခက ယင္အဖြဲ႕အစည္းအတြက္ရန္ပံုေငြျဖစ္လာၿပီး အဲ့တာက အခုယင္အဖြဲ႕အစည္းရင္ဆိုင္ေနရတဲ့ျပသနာကိုေျဖရွင္းၿပီးသားျဖစ္သြားလိမ့္မယ္ အဲ့လိုလား? ခင္ဗ်ားကြၽန္ေတာ့္ကိုတအားအထင္ႀကီးလြန္းေနတာမဟုတ္ဘူးလား? ယင္အဖြဲ႕အစည္းရွင္သန္ဖို႔ ေငြဘယ္ေလာက္ေတာင္လိုလဲဆိုတာ ခင္ဗ်ားမသိဘူးလား? ရွန္မိသားစုကသူတို႔မိသားစုကပထမဆံုးသားရဲ႕ဇနီးအေနနဲ႔လက္ထပ္ဖို႔ ေၾကးျမင့္ျမင့္ေပးရေလာက္တဲ့အထိ ကြၽန္ေတာ့္ေရာင္းေစ်းက ဒီေလာက္ျမင့္တယ္လို႔ခင္ဗ်ားထင္တယ္ေပါ့?"

ထိုေမးခြန္းတြင္ပါလာသည့္စကားအားလံုးက ယင္အႀကီးအကဲကိုဆြံ႕အသြားေစသည္။ သူမသည္လည္း ယင္အဖြဲ႕စည္းျပန္လည္ လည္ပတ္ရန္အတြက္ ရန္ပံုေငြမည္မ်ွအထိလိုေၾကာင္း ေကာင္းေကာင္းနားမလည္ပါေခ်။ ထို႔ေၾကာင့္ အေျဖကိုသိရန္ သူ႔မ၏သား ယင္က်ိႏ်န္ဘက္သို႔လွည့္ၾကည့္ရံုသာတတ္နိုင္၏။

အမ်ိဳးသမီးႀကီး၏ ေမးခြန္းအျပည့္ပါေသာအၾကည့္ကိုရရွိလိုက္သည္မို႔ ယင္က်ိႏ်န္ ရွက္႐ြံ႕စြာျဖင့္ေခ်ာင္းဟန္႔လိုက္ရင္း ထိုအၾကည့္ကိုေရွာင္ရွားလိုက္မိသည္။

"ဒါက...အရမ္းေတာ့မမ်ားပါဘူး...၂၀ မီလီယမ္ေလာက္ပါပဲ"

ဟယ့္ခ်န္းနင္ကေထ့ေငါ့စြာျဖင့္ထပ္မံရယ္ေမာလိုက္ျပန္သည္။

"ဟား... အေဖကေတာ့ကြၽန္ေတာ့္ကိုတအားအထင္ႀကီးေနျပန္ပါၿပီ... ကြၽန္ေတာ္ကတကယ္ႀကီး ၂၀ မီလီယမ္ေလာက္တန္မယ္လို႔အေဖထင္ေနတာလား? ဒါမွမဟုတ္ ႐ြႏၼိသားစုက ေယာက္်ားေလးဇနီးသည္တစ္ေယာက္ရဖိို႔ ၂၀ မီလီယမ္သံုးၿပီးဝယ္တယ္လို႔ေျပာခ်င္တာလား?"

ယင္က်ိႏ်န္၏ မည္းေမွာင္သြားသည့္မ်က္နွာကို ခ်ဳန္းမင္က မေက်နပ္သည့္မ်က္ဝန္းမ်ားျဖင့္စိုက္ၾကည့္ေနကာ အႀကီးအကဲယင္ကေတာ့ အေတြးထဲနစ္ျမဳပ္ေနဆဲပင္။

ရိုးရွင္းသည့္စကားအခ်ိဳ႕က လူတိုင္း၏အရိႈက္ကိုထိေစကာ ဟယ့္ခ်န္းနင္ကေတာ့ ဂရုမစိုက္ပဲထပ္မံဆိုလာျပန္သည္။

"တကယ္လို႔ရွန္မိသားစုက ယင္မိသားစုဆီကေနလက္ထပ္ဖို႔ေယာက္်ားတစ္ေယာက္လိုခ်င္တယ္ဆိုရင္လဲ အဖြားနဲ႔အေဖကဘာလို႔တျခားတစ္ေယာက္ကိုေ႐ြးမၾကည့္တာလဲ? ဒါကလည္းအေဖ့ဆႏၵကိုျပည့္ေစနိုင္တာပဲေလ"

ယင္မိသားစုမွအျခားေယာက္်ားနွစ္ေယာက္ကို ေမးေငါ့ျပရင္းျဖင့္ အဓိပၸါယ္မဲ့ေသာအၿပံဳးကိုပန္ဆင္ကာ၎ကဆိုလာသည္။

ဟယ့္ခ်န္းနင္၏အၾကည့္စူးစူးကိုရရွိလိုက္ေသာ ယင္ေဟာက္နွင့္ ယင္ကြၽင္းခမ်ာ ေက်ာျပင္တစ္ခုလံုးေအးစိမ့္သြား၍ ၎တို႔၏ေျခလက္မ်ားယင္ တုန္ယင္သြားရသည္။ အထူးသျဖင့္ ယင္ကြၽင္းတစ္ေယာက္ သူ႔တည္ရွိမႈသူဖံုးကြယ္ဖို႔ ပခံုးနွစ္ဖက္ကိုတတ္နိုင္သမ်ွပင္ ႀကံဳ႕ထားမိေခ်ေတာ့သည္။

အဘြားႀကီးက ဟယ့္ခ်န္းနင္၏ဆိုလိုရင္းကိုေကာင္းစြာသေဘာေပါက္ေသာ္ျငား ယင္ေဟာက္နွင့္ ယင္ကြၽင္းမွာမူ ယင္မိသားစု၏အနာဂါတ္နွင့္ေမ်ွာ္လင့္ခ်က္ျဖစ္ေသာ သူမ၏အဖိုးတန္ေျမးေလးမ်ားပင္။ ထို႔ေၾကာင့္လည္း သူမ၏ေျမးေလးမ်ားအား တျခားေယာက္်ားတစ္ေယာက္၏ဇနီးအေနျဖင့္လက္ထပ္ခိုင္းမည္ကို မလိုလားပါေခ်။ ထိုအရာက ၎တို႔၏ဘဝကို ေသခ်ာေပါက္ပ်က္ဆီးေစမည္ပင္။ သို႔ေသာ္လည္း ယခုအေရးႀကီးဆံုးက ဤကိစၥမဟုတ္၊ ယင္မိသားစုသည္ကား ရွန္မိသားစုကိုဆန္႔က်င္ရန္အတြက္ မဝ့ံရဲေလြပ။

"ခ်န္းနင္ေျပာတာလည္းမွန္ပါတယ္... ဒါေပမဲ့ရွန္မိသားစုရဲ႕ ပထမသားက ဘယ္သူ႔ကိုလက္ထပ္ခ်င္တယ္ဆိုတာက ငါတို႔ဆံုးျဖတ္လို႔ရတဲ့ကိစၥမဟုတ္ဘူးေလ"

အႀကီးအကဲယင္ေျပာသည့္စကားကိုၾကားၿပီးသည့္ေနာက္ ယင္က်ိႏ်န္ကတစ္စံုတစ္ခုကိုေတြးမိသြားဟန္ပင္။

"ဟုတ္သားပဲ...ဒါကငါတို႔ဆံုးျဖတ္တဲ့ကိစၥမဟုတ္ဘူး...ေ႐ြးတာက ရွန္မိသားစုရဲ႕အႀကီးအကဲအမ်ိဳးသမီးလုပ္တာ... အဲ့တာကမင္းရဲ႕အကၡရာရွစ္လံုးနဲ႔ သခင္ေလးရဲ႕ဟာကိုတိုက္ၿပီးရလာတာပဲ...ၿပီးေတာ့ ရွန္မိသားစုဆီအကၡရာရွစ္လံုးပို႔တာက ငါတို႔ခ်ည္းပဲလည္းမဟုတ္ဘူး .. အႀကီးအကဲေတြကတြက္ခ်က္ၿပီးရလာတဲ့အေျဖက ခ်န္းနင္က သခင္ေလးရဲ႕အကၡရာရွစ္လံုးနဲ႔တြက္ဖက္အညီဆံုးျဖစ္ေနတာပဲ...အဲ့တာေၾကာင့္လည္း အႀကီးအကဲရွန္ကခ်န္းနင္ကိုသူမရဲ႕ေျမးသားမက္အျဖစ္ေ႐ြးလိုက္တာ"

ဟယ့္ခ်န္းနင္ လက္သီးတင္းတင္းဆုပ္လိုက္သည္မို႔ သူ၏ႏူးညံ့ေသာလက္ေခ်ာင္းေလးမ်ားက ပို၍ပင္ျဖဴဆုတ္လာရသည္။

"ကြၽန္ေတာ့္ရဲ႕အကၡရာရွစ္လံုးက အေ႐ြးခံတဲ့အထဲပါသြားတာကို ကြၽန္ေတာ္ေတာင္မသိလိုက္ရပါလား?"

သူ၏ေအးစက္စူးရွေသာအၾကည့္မ်ားက သူ႔ကိုမေရာင္းခင္အသိတစ္ခ်က္ပင္မေပးခဲ့ေသာ ဖခင္ျဖစ္သူထံသို႔ က်ေရာက္သြားေတာ့သည္။

ယင္က်ိႏ်န္ကအၾကည့္လႊဲသြားေလ၏။
"ဒါက...အဲ့အခ်ိန္တုန္းက ငါတို႔မွာတျခားေမ်ွာ္လင့္စရာမရွိေတာ့လို႔ပါ...အဲ့တာေၾကာင့္..."

ခ်ဳန္းမင္တစ္ေယာက္ ဟယ့္ခ်န္းမင္ေၾကာင့္ ေျပာစရာစကားမဲ့ေနသည့္ ယင္က်ိႏ်န္ကိုထပ္မံ၍ဆက္မၾကည့္နိုင္ေတာ့ပါေခ်။ သူမကသူ႔ကိုအလြန္ပင္ စက္ဆုပ္လွပါ၏။ သို႔ေသာ္လည္း သူမကေလးမ်ား၏အနာဂါတ္အတြက္ဘာမွမလုပ္ပဲေတာ့ ထိုင္မေနနိုင္ေပ။

"နင္ဘာေျပာေျပာဘာမွမထူးေတာ့ဘူး... ရွန္မိသားစုထဲကလူေတြကငါတို႔သြားရႈပ္လို႔ရတဲ့အထဲပါတာမဟုတ္ဘူးေနာ္... အဲ့ဒီအကၡရာရွစ္လံုးကလည္း နင့္အေဖကိုယ္တိုင္ကိုယ္က်ပို႔ထားခဲ့တာ... အခုနင္ကအေ႐ြးခံရၿပီးၿပီ တကယ္လို႔ငါတို႔ကေနာက္ျပန္ဆုတ္ၿပီး ရွန္မိသားစုကိုေဒါသထြက္ေစလို႔ကေတာ့ ကုမၸဏီေဒဝါလီခံရရံုတင္မကဘူး ငါတို႔မိသားစုဝင္ေတြပါ သူတို႔ရဲ႕အမ်က္ေဒါသကေနလြတ္နိုင္ေတာ့မွာမဟုတ္ဘူး... ျဖစ္လာမဲ့ျပသနာေတြကနင္ေျဖရွင္းနိုင္တဲ့ကိစၥေတြမဟုတ္ဘူးေနာ္... အဲ့ေတာ့ ဆက္ျငင္းခုန္ေနမဲ့အစား ဒီမွာပဲရပ္ၿပီးဘာလို႔လက္မခံလိုက္တာလဲ? အဲ့လိုဆိုပိုေကာင္းသြားမွာလည္းျဖစ္နိုင္တာပဲေလ..."

"အန္တီကအရမ္းကိုသေဘာထားႀကီးတာပဲေနာ္... လက္ထပ္ရမဲ့သူကအန္တီ့သားမဟုတ္ေတာ့လည္း ေသခ်ာေပါက္ေအးေဆးေနႏိုင္တာေပါ့"

"အဲ့ေတာ့ဘယ္လိုလုပ္ခ်င္ေသးလို႔လဲ? နင့္အေဖမွာရွန္မိသားစုနဲ႔ရင္ဆိုင္ဖို႔အရည္အခ်င္းရွိတာမဟုတ္ဘူး...ငါတို႔လည္းလြတ္နိုင္မွာမဟုတ္ဘူး...ငါတို႔တစ္မိသားစုလံုးကနင္နဲ႔အတူလိုက္ေသေပးရမွာလား?"

"ခင္ဗ်ားတို႔ဒီျပသနာကိုဖန္တီးဖို႔ရည္႐ြယ္ခ်က္ရွိမွေတာ့ ေျဖရွင္းဖို႔လဲအရည္အခ်င္းရွိသင့္တာေပါ့..  ကြၽန္ေတာ့္အကၡရာရွစ္လံုးကိုပို႔လိုက္တုန္းက ခင္ဗ်ားတို႔ရလဒ္ကိုေတြးထားခဲ့သင့္တယ္ေလ... ဘာလဲ ခင္ဗ်ားတို႔ကခင္ဗ်ားတို႔ဘာလုပ္လုပ္ ကြၽန္ေတာ္ကလိမ္လိမ္မာမာနဲ႔လက္ခံလိုက္မယ္လို႔ထင္ေနၾကတာလား?"

ယခုအခ်ိန္တြင္ေတာ့ လူတိုင္းေမးခြန္းတစ္ခုကိုနားလည္သြားခဲ့ေခ်ၿပီ။ ယခုဆိုဖာေပၚတြင္ထိုင္ေနသည့္ ဟယ့္ခ်န္းနင္သည္ကား သူတို႔သိသည့္ လိမၼာယဥ္ေက်းေသာ၊ မျငင္းဆန္တတ္ေသာ ဟယ့္ခ်န္းနင္မဟုတ္ေတာ့ပါေခ်။ တစ္ခ်ိန္က နာခံတတ္ခဲ့သည့္ေၾကာင္ေပါက္ကေလးမွာ ယခုတြင္မူ၎၏လက္သည္းမ်ားအားထုတ္ျပကာ သူတို႔အားျပန္လည္ခုခံ၍ အ႐ံႈးမေပးမခ်င္း ေသြး႐ႊဲ႐ႊဲစိုေအာင္ ကုတ္ျခစ္ေပေတာ့မည္။

°°

Continue Reading

You'll Also Like

237K 38.8K 101
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္