ကမ်းကုန်အောင်အလိုလိုက်ခံထားရသ...

By Deity_YuZhang

504K 65.2K 1.7K

Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Y... More

Description
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19.1
19.2
20
21
22
23
24.1
24.2
25
26.1
26.2
27
28
29
Notice
30
31
32
33
34.1
34.2
35
36.1
36.2
37.1
37.2
38.1
38.2
38.3
39.1
39.2
39.3
40.1 + 40.2
41
42
43
44
45
46
47
48

1

19.3K 1.7K 28
By Deity_YuZhang

U••

[ဒီလိုပဲရောင်းလိုက်တယ်ပေါ့?]

**

ဟယ့်ချန်းနင် - MC (shou)
ရင်ကျိနျန် - MC ရဲ့အဖေ
ချုန်းနင် - MC ရဲ့မိထွေး
အန်တီချင် - အိမ်အကူ

**

အန်တီချင်တစ်ယောက် လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်မှာ သူမ၏လက်ချောင်းပေါ်မှအသားအရည်များအရောင်ပြောင်းလာသည်အထိပင်။ သူမတစ်ကိုယ်လုံးကတုန်ယင်လျက်၊ သူမအရှေ့မှဆိုဖာပေါ်ထိုင်နေသည့်လူ၏အနီးသို့ အမှတ်တမဲ့ပင်ပိုတိုးသွားမိတော့သည်။ သူမ၏နှလုံးကလည်း မြန်ဆန်စွာခုန်ပေါက်လျက်။

သူ့အနောက်မှလူ၏ ပူပန်မှုကိုခံစားရသည်မို့ ဟယ့်ချန်းနင်အနောက်ကိုလှည့်ရင်း အန်တီချင်အားနှစ်သိမ့်သည့်အပြုံးတစ်ပွင့်သာပေးလိုက်သည်။ ထို့နောက်တွင်မှ တစ်ဖက်တွင်ထိုင်နေသည့်လူတစ်စုဘက်သို့ပြန်လှည့်လာခဲ့၏။ သူ့မျက်လုံး၌အပြုံးရိပ်သန်းနေသော်လည်း နွေးထွေးမှုများကမူ မရှိပေတော့ပြီ။

မကြာသေးမီက တစ်မိသားစုလုံးကိုထောက်ပံ့ပေးနေသည့် သူ၏သွေးသားရင်းချာအဖေက သူ့အားရှန်မိသားစုမှအကြီးဆုံးသား၏ဇနီးအဖြစ် လက်ထပ်ရတော့မည်ဖြစ်ကြောင်း အသိပေးခဲ့လေသည်။

မှန်ပါသည်။ သူသည်ကား ယောက်ျားတစ်ယောက်၏ဇနီးသည်အဖြစ် အမှန်ပင်လက်ထပ်ရပေတော့မည်။

ဟယ့်ချန်းနင်တစ်ယောက် ဘုရားသခင်ကသူ့ကိုစနောက်နေသလားဟုပင်ထင်မိတော့သည်။ သူသည်ကားယောက်ျားတစ်ယောက်ပင်။ ၁၀၀ ရာခိုင်နှုန်း မျိုးကောင်းမျိုးသန့်ယောက်ျားတစ်ယောက်ဖြစ်တဲ့သူက တခြားအမျိုးကောင်းသားတစ်ယောက်ရဲ့ ဇနီးသည်အဖြစ်လက်ထပ်ရမည်တဲ့။

ဒီဟာသကရယ်ရောရယ်ရရဲ့လား? ဟင့်အင်း တစ်စက်မှမရယ်ရပါဘူး။ ပြီးတော့လည်း ဒီအံ့သြစရာကိစ္စရပ်ကြီးကိုသယ်ဆောင်လာတာက သူနှစ်ပေါင်းနှစ်ဆယ်ကြာ 'အဖေ'လို့ခေါ်လာခဲ့တဲ့ သူ့အဖေတဲ့လေ။

အမှန်တိုင်းဆိုရပါက သူကြားလိုက်ရသည့်ဤကိစ္စမှာအစစ်အမှန်ဖြစ်ကြောင်း သူ့ကိုယ်သူပင်မယုံကြည်နိုင်သေးပါချေ။ သို့သော်လည်း သူ့အရှေ့တွင်ထိုင်နေသည့်လူများ၏ ပျော်ရွှင်မှု၊ စက်ဆုပ်ရွံရှာမှုနှင့် ထူးမခြားနားအမူအရာများကိုမြင်နေရသည်မို့ သူကြားလိုက်ရသည်ကအမှန်ဖြစ်သည်ဟုသူထင်သည်။ ထို့ကြောင့်လည်း သူနောက်တစ်ဖန်အတည်ပြုဖို့ဖြစ်လာရသည်။

"အဖေဘာကိုဆိုလိုတာလဲ?"

ယင်ကျိနျန်တစ်ယောက် သူ့လည်ချောင်းသူရှင်းလိုက်ရသည်။ ရှင်းရှင်းပြောရပါက သူသည်လည်း သူ့သားဖြစ်သူကိုတခြားယောက်ျားတစ်ယောက်နှင့်လက်ထပ်ပေးဖို့ မလိုလားပါချေ။ သို့သော်လည်း 'ယင်'အဖွဲ့အစည်းက ယခုတွင်မူ ကပ်ဆိုက်သည့်ကာလကိုရင်ဆိုင်နေရသည့်အပြင် ငွေကြေးဆိုင်ရာအုပ်စုတစ်စု၏ အထောက်အပံ့ကိုရမှသာ ပြန်လည် လည်ပတ်နိုင်ပေတော့သည်။ ထပ်မံဆိုရပါက သူ့ဇနီးသည်ချုန်းမင်၏ကျေးဇူးကြောင့် ယုံလွယ်သည့်ယင်ကျိနျန်ကလည်း ဖြားယောင်းသွေးဆောင်ခံရကာ ထိုသို့ဆုံးဖြတ်ခဲ့ခြင်းပင်။ သို့ရာတွင် ဤကိစ္စအား သူ့သားကိုမျက်နှာချင်းဆိုင်၍အသိပေးရသည့်အခါတွင်မူ သူ့မျက်နှာသူတည်မထားနိုင်တော့ပေ။

စကားစမပြောခင်၌ သူအနည်းငယ်ချောင်းဆိုးလိုက်ရင်း..
"ကောင်းပြီ...ချန်းနင်...အဖေ့မှာလည်းရွေးစရာမရှိတော့လို့ပါ... ဒီမိသားစုက 'ယင်'အဖွဲ့အစည်းကိုဘဝတစ်ခုလုံးစာတည်ထောင်လာတယ်ဆိုတာ မင်းလည်းသိတာပဲကွာ...ဒါပေမဲ့အခုကျ 'ယင်'အဖွဲ့အစည်းကပြသနာနည်းနည်းရှိနေပြီ...ငါတို့မှာ 'ရှန်'အဖွဲ့အစည်းကပေးတဲ့အကူအညီကိုယူပြီး ရန်ပုံငွေပြတ်လတ်တဲ့ကိစ္စကိုရှင်းနိုင်ဖို့ပဲ မျှော်လင့်စရာရှိတော့တာ... ဒီပြသနာကြီးပြီးသွားပြီဆိုရင် အဖေမင်းကိုရှန်မိသားစုကနေပြန်ထုတ်ပေးဖို့ နည်းလမ်းရှာပါ့မယ်... တကယ်လို့ရှန်မိသားစုကကန့်ကွက်ရင်တောင် သူတို့ကမင်းကိုတစ်နှစ်ကြာပြီးရင်လွှတ်ပေးရမှာ.. အချိန်ကျပြီဆိုတာနဲ့ အဖေမင်းကိုသေသေချာချာအလျော်ပေးမှာပါ"

ထိုစကားများကိုကြားရလေလေ သူ့နှလုံးသားကပို၍နစ်မြုပ်လာလေလေပင်။ ဟယ့်ချန်းနင်၏ ရည်ရည်မွန်မွန်အပြုံးလေးက တဖြည်းဖြည်းအေးခဲလာခဲ့ချေပြီ။ သူ့မျက်ဝန်းများမှအပူရှိန်က ယင်ကျိနျန်ကိုပင်တုန်ယင်သွားစေ၏။

"ဒီတော့အဖေပြောတာက...အဖေက ရန်ပုံငွေအတွက် ကျွန်တော့်ကို 'ရှန်'အဖွဲ့အစည်းဆီ တစ်နှစ်စာချုပ်နဲ့ရောင်းလိုက်တယ်ပေါ့?"

သူ့သား၏မျက်ဝန်းများမှ အေးစက်မှုနှင့်ထေ့ငေါ့မှုများကို မြင်နေရသည်မို့ ယင်ကျိနျန်ပို၍ပင်တုန်လှုပ်လာရသည်။

"ချန်းနင်...မင်းဘယ်လိုလုပ်အဲ့လိုပြောနိုင်ရတာလဲ? ဒီအဖေ့မှာတကယ်ကို တခြားရွေးချယ်စရာမရှိတော့လို့ပါ... ငါတို့တစ်မိသားစုလုံးလမ်းဘေးရောက်သွားတာကို ဒီတိုင်းတော့ထိုင်ကြည့်နေဖို့မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား?"

ယင်ကျိနျန်ကသူ၏ တစ်ကိုယ်ကောင်းဆန်မှုနှင့်စက်ဆုပ်ဖွယ်ကောင်းသောအပြုအမူက မှန်ကန်ကြောင်းပင်သက်သေပြနေသေးသည်။

ဟယ့်ချန်းနင်ခပ်ဟဟရယ်လိုက်ရင်း...
"အဲ့တော့ ကျွန်တော်ကပဲအကုန်လုံးအတွက်အနစ်နာခံပြီး အရောင်းခံရမဲ့လူဖြစ်ရမယ် ပြီးတော့ ကျွန်တော်ကမကျေမနပ်လဲမဖြစ်သင့်ဘူးပေါ့လေ?"

ယင်ကျိနျန်တစ်ယောက် ဟယ့်ချန်းနင်ယခုကဲ့သို့ ကြမ်းကြမ်းတမ်းတမ်းပြုမူပုံမျိုးကိုတစ်ခါမှမမြင်ဖူးခဲ့ချေ။ ထိုအစား သူ၏လိမ္မာရေးခြားရှိသည့်သားလေးက တခြားလူစိမ်းတစ်ယောက်နှင့်အစားထိုးခံလိုက်ရသည်လားဟုပင် သူထင်နေမိတော့သည်။

သူ(ဟယ့်ချန်းနင်)ဆီမှာဘယ်လိုပြီး သူ့(ယင်ကျိနျန်)ကိုတောင်အရှက်ရစေပြီး ပြန်မကြည့်ရဲလောက်တဲ့ထိ စူးစူးရဲရဲအကြည့်တွေရှိနေရတာလဲ?

သူမ၏ခင်ပွန်းကနောက်ဆုတ်လိုက်သည်မို့ ချုန်းမင်၏ဒေါသကပို၍ပင်မြင့်တက်လာရသည်။

"ချန်းနင်.. နင်ဒါနဲ့ပက်သက်ပြီးအဆင်မပြေဘူးဆိုတာငါသိတယ်...ဒါပေမဲ့ နင့်ကိုယ်နင်အတွက်ပဲဂရုစိုက်လို့မရဘူးလေ...ငါတို့မိသားစုကနင့်ကိုနှစ်ပေါင်းများစွာပျိုးထောင်လာခဲ့ရတာ...အခုငါတို့ပြသနာတက်ရင် နင်ကဒီတိုင်းထိုင်ပြီးကြည့်မနေသင့်ဘူးနော်? ပြီးတော့လည်းနင့်အဖေကဒီနှစ်ပေါင်းများစွာနင့်အပေါ်ကောင်းကောင်းဆက်ဆံခဲ့တာပဲမဟုတ်ဘူးလား? ဒီမိသားစုထဲမှာနင့်ကိုဘယ်သူကမှ တစ်ခုခုလုပ်ပေးဖို့မတောင်းဆိုဖူးဘူး...ငါတို့မိသားစုပျက်စီးမှာကိုနင်နှလုံးသားမဲ့မဲ့နဲ့ပဲဆက်ကြည့်နေနိုင်တယ်ပေါ့? တကယ်လို့ယင်မိသားစုသာကျဆင်းသွားရင် နင့်အတွက်လည်းဘာအကျိုးမှရှိမှာမဟုတ်ဘူး.. နင်သေချာစဉ်းစားတာကောင်းမယ်"

ရုတ်ချည်းဆိုသလို ဟယ့်ချန်းနင်ကနှလုံးသားမဲ့၊ မမှန်ကန်၊ သစ္စာမရှိ၊ သားသမီးဝတ္တရားမကျေပွန်သည့်သရဖူကို အဆောင်းပေးခံလိုက်ရတော့သည်။ စိတ်ပျက်အားငယ်မှုနှင့် ဒေါသများသာ သူ့ရင်ထဲပိုတိုးလာရ၏။ ယခုတော့ဖြင့် ယင်မိသားစု၏ရှင်သန်မှုကသူ့တာဝန်ဖြစ်လာခဲ့ချေပြီ။ ဤယင်မိသားစု၏ဂုဏ်သရေ၊ သိက္ခာ၊ ကြွယ်ဝမှုနှင့်အဆင့်အတန်းအားလုံးက သူ့ကိုရောင်းလိုက်မှသာပြည့်စုံတော့မည့်အခြေအနေ။ သို့သော်လည်း ဤလူသားများကတော့ သူကယင်မိသားစုအပေါ်အကြွေးတင်နေသည်မို့ ယခုလိုပြန်ပေးဆပ်ရမည်ဟုသာ ပေါ့ပေါ့တန်တန်မှတ်ယူထားကြလေသည်။

၎င်းတို့၏စက်ဆုပ်ဖွယ်ကောင်းသောမျက်နှာများကိုကြည့်ရင်း ဟယ့်ချန်းနင်ရုတ်တရပ်ရယ်ချင်လာရသည်။ တကယ်တမ်း၌လည်း သူရယ်ခဲ့ပါ၏။

"ဟား...ဟားဟား...ဟားဟားဟား ဘယ်လောက်တောင်ကြင်နာတတ်လိုက်တဲ့မိသားစုလဲနော်... သူတို့ချမ်းသာဖို့သူတို့သားကိုရောင်းတာတောင် ဂုဏ်သရေရှိတဲ့အသံမျိုးနဲ့...ကျွန်တော်ပြန်ပြောတဲ့အချက်အလက်တွေကတောင်ဟာသတွေဖြစ်ကုန်ပြီ...ကောင်းတယ်..အရမ်းတော်တယ်...အန်တီကဒီလောက်တောင်အမှန်တရားကိုယုံကြည်ပြီး ရိုသေလေးစားထိုက်တဲ့လူဖြစ်နေမှတော့ ဘာလို့မိသားစုကိုကယ်တင်ဖို့ကိုယ့်သားကိုယ်မေးမကြည့်တာလဲ? ဒီလိုဆို ဘိုးဘေးတွေလည်းဂုဏ်ယူနေမှာသေချာတယ်"

အမြှီးတက်နင်းခံရသည့်ကြောင်ကဲ့သို့ ချုန်းမင်ချက်ချင်းဆိုသလိုတုန့်ပြန်ကာ သူ့မ၏အသံကိုပိုမြှင့်လိုက်လေသည်။ ထိုအသံကကျယ်လွန်း၍ နားစည်ပင်ကွဲသွားနိုင်၏။

"ဟယ့်ချန်းနင်...ဒါကတော့လွန်သွားပြီ! နင့်အမေကနင့်ကိုဒီလိုပဲသင်ထားသလား?!"

"ကျွန်တော့်အမေကျွန်တော့်ကိုဘယ်လိုသင်ထားလဲဆိုတာ ခင်ဗျားအလုပ်မဟုတ်ဘူး... ကျွန်တော့်ကိုမပြောခင် ခင်ဗျားကိုယ့်အဆင့်ကိုရှင်းရှင်းလင်းလင်းအရင်သိအောင်သာလုပ်ထားလိုက်"

ဟယ့်ချန်းနင်၏အသံက ရေခဲဆူးချွန်များကဲ့သို့ပင် ချုန်းမင်၏အရှိုက်သို့ဒဲ့ထိသွားစေသည်။

'ကိုယ်ဝန်ကြောင့်မိသားစုထဲဝင်လာခဲ့ရသည့် မယားငယ်'ဟူသည်က သူမ၏အဆင့်အတန်းပါပင်။ ထိုအဆင့်အတန်းသည်သာ သူမတစ်သက်လုံး လူအပေါင်းထံမှရှုံ့ချခြင်းခံရမည့် အကြောင်းအရာတစ်ခုဖြစ်သည်။ လူအချို့ကတော့ ယင်မိသားစုအပေါ်မျက်နှာသာပေးသည့်အနေဖြင့် မပြောပဲနေချင်နေလိမ့်မည်။ သို့သော်လည်း ဟယ့်ချန်းနင်၏တည်ရှိမှုကပင် သူမဤအခြေအနေသို့မည်သို့မည်ပုံရောက်လာကြောင်း သတိပေးချက်တစ်ခုဖြစ်နေလေ၏။ ထို့ကြောင့်လည်း ဟယ့်ချန်းနင်ကိုယင်မိသားစုမှနှင်ထုတ်၍ သူမမျက်စိရှေ့ပေါ်မလာစေဖို့ သူမမစောင့်နိုင်တော့ခြင်းပင်။

ဟယ့်ချန်းနင်၏စကားများက ချုန်းမင်ကိုအပြစ်တင်ရုံသာမကပဲ ယင်ကျိနျန်ကိုလည်းမျက်နှာပျက်စေလေသည်။

"ချန်းနင်"

ဘာပြောရမှန်းမသိတော့သည်မို့ သူ့ထံမှထိုစကားသာထွက်လာတော့၏။

ခွင့်လွှတ်ပေးဖို့စိတ်ကူးမရှိသည့်ချုန်းမင်ကတော့ စတင်၍ငိုကြွေးတော့သည်။

"အမေ...ချန်းနင်ကိုကြည့်ပါဦး... သူဘယ်လိုလုပ်ပြီးကျွန်မကိုဒီလိုဆက်ဆံနိုင်ရတာလဲ? အစ်မ'မင်လန်'မရှိတဲ့ ဒီနှစ်တွေထဲမှာ ကျွန်မချန်းနင်ကိုကျွန်မသားအရင်းလိုကိုဆက်ဆံခဲ့တာ သူ့ကိုတစ်ခါမှမတရားမဆက်ဆံဖူးဘူး...သူကျွန်မကို 'အမေ' လို့မခေါ်ချင်တာတောင်မှ ကျွန်မဘာမှမပြောခဲ့တာ.. ဒါပေမဲ့အခုကျ သူဘယ်လိုလုပ်ဒီလိုပုံစံမျိုးကျွန်မကိုပြောနိုင်ရတာလဲ? အနည်းဆုံးတော့ ကျွန်မကယင်မိသားစုရဲ့ချွေးမပါပဲ...ချန်းနင်ကျွန်မကိုဒီလိုအနိုင်ကျင့်နေတာကိုအမေလက်မခံသင့်ဘူး... ကျွန်မယင်မိသားစုကိုဝင်လာကတည်းက အသေအလဲကြိုးစားခဲ့တာတောင် ဒီကလေးကျွန်မအပေါ်ဆက်ဆံတဲ့ပုံစံကဒီလိုတဲ့လေ... ကျွန်မတကယ်စိတ်မကောင်းဘူးရယ် အမေရယ်...အဟင့် ဟင့်"

အစအဆုံးတစ်ခွန်းမှမပြောခဲ့သည့် ယင်မိသားစု၏အမျိုးသမီးကြီးက ဇာတ်လမ်းထွင်ရင်း ရှုံ့မဲ့နေသည့်မျက်နှာထားဖြင့် ပြန်လည်ဖြေကြားလာတော့သည်။

"ချန်းနင်...မင်းအမေကမင်းကိုသေချာသင်ပေးထားခဲ့တယ်မဟုတ်ဘူးလား? ဒါကအကြီးအကဲတွေကိုဘယ်လိုစကားပြောရမလဲဆိုတာ သူမမင်းကိုသင်ပေးခဲ့တဲ့ပုံစံပဲလား?"

°°

Z••

[ဒီလိုပဲေရာင္းလိုက္တယ္ေပါ့?]

**

ဟယ့္ခ်န္းနင္ - MC (shou)
ရင္က်ိန်န္ - MC ရဲ႕အေဖ
ခ်ဳန္းနင္ - MC ရဲ႕မိေထြး
အန္တီခ်င္ - အိမ္အကူ

**

အန္တီခ်င္တစ္ေယာက္ လက္ကိုက်စ္က်စ္ပါေအာင္ဆုပ္ထားသည္မွာ သူမ၏လက္ေခ်ာင္းေပၚမွအသားအရည္မ်ားအေရာင္ေျပာင္းလာသည္အထိပင္။ သူမတစ္ကိုယ္လံုးကတုန္ယင္လ်က္၊ သူမအေရွ႕မွဆိုဖာေပၚထိုင္ေနသည့္လူ၏အနီးသို႔ အမွတ္တမဲ့ပင္ပိုတိုးသြားမိေတာ့သည္။ သူမ၏နွလံုးကလည္း ျမန္ဆန္စြာခုန္ေပါက္လ်က္။

သူ႔အေနာက္မွလူ၏ ပူပန္မႈကိုခံစားရသည္မို႔ ဟယ့္ခ်န္းနင္အေနာက္ကိုလွည့္ရင္း အန္တီခ်င္အားနွစ္သိမ့္သည့္အၿပံဳးတစ္ပြင့္သာေပးလိုက္သည္။ ထို႔ေနာက္တြင္မွ တစ္ဖက္တြင္ထိုင္ေနသည့္လူတစ္စုဘက္သို႔ျပန္လွည့္လာခဲ့၏။ သူ႔မ်က္လံုး၌အၿပံဳးရိပ္သန္းေနေသာ္လည္း ေႏြးေထြးမႈမ်ားကမူ မရွိေပေတာ့ၿပီ။

မၾကာေသးမီက တစ္မိသားစုလံုးကိုေထာက္ပံ့ေပးေနသည့္ သူ၏ေသြးသားရင္းခ်ာအေဖက သူ႔အားရွန္မိသားစုမွအႀကီးဆံုးသား၏ဇနီးအျဖစ္ လက္ထပ္ရေတာ့မည္ျဖစ္ေၾကာင္း အသိေပးခဲ့ေလသည္။

မွန္ပါသည္။ သူသည္ကား ေယာက္်ားတစ္ေယာက္၏ဇနီးသည္အျဖစ္ အမွန္ပင္လက္ထပ္ရေပေတာ့မည္။

ဟယ့္ခ်န္းနင္တစ္ေယာက္ ဘုရားသခင္ကသူ႔ကိုစေနာက္ေနသလားဟုပင္ထင္မိေတာ့သည္။ သူသည္ကားေယာက္်ားတစ္ေယာက္ပင္။ ၁၀၀ ရာခိုင္နႈန္း မ်ိဳးေကာင္းမ်ိဳးသန္႔ေယာက္်ားတစ္ေယာက္ျဖစ္တဲ့သူက တျခားအမ်ိဳးေကာင္းသားတစ္ေယာက္ရဲ႕ ဇနီးသည္အျဖစ္လက္ထပ္ရမည္တဲ့။

ဒီဟာသကရယ္ေရာရယ္ရရဲ႕လား? ဟင့္အင္း တစ္စက္မွမရယ္ရပါဘူး။ ၿပီးေတာ့လည္း ဒီအံ့ၾသစရာကိစၥရပ္ႀကီးကိုသယ္ေဆာင္လာတာက သူနွစ္ေပါင္းနွစ္ဆယ္ၾကာ 'အေဖ'လို႔ေခၚလာခဲ့တဲ့ သူ႔အေဖတဲ့ေလ။

အမွန္တိုင္းဆိုရပါက သူၾကားလိုက္ရသည့္ဤကိစၥမွာအစစ္အမွန္ျဖစ္ေၾကာင္း သူ႔ကိုယ္သူပင္မယံုၾကည္နိုင္ေသးပါေခ်။ သို႔ေသာ္လည္း သူ႔အေရွ႕တြင္ထိုင္ေနသည့္လူမ်ား၏ ေပ်ာ္႐ႊင္မႈ၊ စက္ဆုပ္႐ြံရွာမႈနွင့္ ထူးမျခားနားအမူအရာမ်ားကိုျမင္ေနရသည္မို႔ သူၾကားလိုက္ရသည္ကအမွန္ျဖစ္သည္ဟုသူထင္သည္။ ထို႔ေၾကာင့္လည္း သူေနာက္တစ္ဖန္အတည္ျပဳဖို႔ျဖစ္လာရသည္။

"အေဖဘာကိုဆိုလိုတာလဲ?"

ယင္က်ိႏ်န္တစ္ေယာက္ သူ႔လည္ေခ်ာင္းသူရွင္းလိုက္ရသည္။ ရွင္းရွင္းေျပာရပါက သူသည္လည္း သူ႔သားျဖစ္သူကိုတျခားေယာက္်ားတစ္ေယာက္နွင့္လက္ထပ္ေပးဖို႔ မလိုလားပါေခ်။ သို႔ေသာ္လည္း 'ယင္'အဖြဲ႕အစည္းက ယခုတြင္မူ ကပ္ဆိုက္သည့္ကာလကိုရင္ဆိုင္ေနရသည့္အျပင္ ေငြေၾကးဆိုင္ရာအုပ္စုတစ္စု၏ အေထာက္အပံ့ကိုရမွသာ ျပန္လည္ လည္ပတ္နိုင္ေပေတာ့သည္။ ထပ္မံဆိုရပါက သူ႔ဇနီးသည္ခ်ဳန္းမင္၏ေက်းဇူးေၾကာင့္ ယံုလြယ္သည့္ယင္က်ိႏ်န္ကလည္း ျဖားေယာင္းေသြးေဆာင္ခံရကာ ထိုသို႔ဆံုးျဖတ္ခဲ့ျခင္းပင္။ သို႔ရာတြင္ ဤကိစၥအား သူ႔သားကိုမ်က္နွာခ်င္းဆိုင္၍အသိေပးရသည့္အခါတြင္မူ သူ႔မ်က္နွာသူတည္မထားနိုင္ေတာ့ေပ။

စကားစမေျပာခင္၌ သူအနည္းငယ္ေခ်ာင္းဆိုးလိုက္ရင္း..
"ေကာင္းၿပီ...ခ်န္းနင္...အေဖ့မွာလည္းေ႐ြးစရာမရွိေတာ့လို႔ပါ... ဒီမိသားစုက 'ယင္'အဖြဲ႕အစည္းကိုဘဝတစ္ခုလံုးစာတည္ေထာင္လာတယ္ဆိုတာ မင္းလည္းသိတာပဲကြာ...ဒါေပမဲ့အခုက် 'ယင္'အဖြဲ႕အစည္းကျပသနာနည္းနည္းရွိေနၿပီ...ငါတို႔မွာ 'ရွန္'အဖြဲ႕အစည္းကေပးတဲ့အကူအညီကိုယူၿပီး ရန္ပံုေငြျပတ္လတ္တဲ့ကိစၥကိုရွင္းနိုင္ဖို႔ပဲ ေမ်ွာ္လင့္စရာရွိေတာ့တာ... ဒီျပသနာႀကီးၿပီးသြားၿပီဆိုရင္ အေဖမင္းကိုရွန္မိသားစုကေနျပန္ထုတ္ေပးဖို႔ နည္းလမ္းရွာပါ့မယ္... တကယ္လို႔ရွန္မိသားစုကကန္႔ကြက္ရင္ေတာင္ သူတို႔ကမင္းကိုတစ္နွစ္ၾကာၿပီးရင္လႊတ္ေပးရမွာ.. အခ်ိန္က်ၿပီဆိုတာနဲ႔ အေဖမင္းကိုေသေသခ်ာခ်ာအေလ်ာ္ေပးမွာပါ"

ထိုစကားမ်ားကိုၾကားရေလေလ သူ႔နွလံုးသားကပို၍နစ္ျမဳပ္လာေလေလပင္။ ဟယ့္ခ်န္းနင္၏ ရည္ရည္မြန္မြန္အၿပံဳးေလးက တျဖည္းျဖည္းေအးခဲလာခဲ့ေခ်ၿပီ။ သူ႔မ်က္ဝန္းမ်ားမွအပူရွိန္က ယင္က်ိႏ်န္ကိုပင္တုန္ယင္သြားေစ၏။

"ဒီေတာ့အေဖေျပာတာက...အေဖက ရန္ပံုေငြအတြက္ ကြၽန္ေတာ့္ကို 'ရွန္'အဖြဲ႕အစည္းဆီ တစ္နွစ္စာခ်ဳပ္နဲ႔ေရာင္းလိုက္တယ္ေပါ့?"

သူ႔သား၏မ်က္ဝန္းမ်ားမွ ေအးစက္မႈနွင့္ေထ့ေငါ့မႈမ်ားကို ျမင္ေနရသည္မို႔ ယင္က်ိႏ်န္ပို၍ပင္တုန္လႈပ္လာရသည္။

"ခ်န္းနင္...မင္းဘယ္လိုလုပ္အဲ့လိုေျပာနိုင္ရတာလဲ? ဒီအေဖ့မွာတကယ္ကို တျခားေ႐ြးခ်ယ္စရာမရွိေတာ့လို႔ပါ... ငါတို႔တစ္မိသားစုလံုးလမ္းေဘးေရာက္သြားတာကို ဒီတိုင္းေတာ့ထိုင္ၾကည့္ေနဖို႔မျဖစ္နိုင္ဘူးေလ ဟုတ္တယ္မလား?"

ယင္က်ိႏ်န္ကသူ၏ တစ္ကိုယ္ေကာင္းဆန္မႈနွင့္စက္ဆုပ္ဖြယ္ေကာင္းေသာအျပဳအမူက မွန္ကန္ေၾကာင္းပင္သက္ေသျပေနေသးသည္။

ဟယ့္ခ်န္းနင္ခပ္ဟဟရယ္လိုက္ရင္း...
"အဲ့ေတာ့ ကြၽန္ေတာ္ကပဲအကုန္လံုးအတြက္အနစ္နာခံၿပီး အေရာင္းခံရမဲ့လူျဖစ္ရမယ္ ၿပီးေတာ့ ကြၽန္ေတာ္ကမေက်မနပ္လဲမျဖစ္သင့္ဘူးေပါ့ေလ?"

ယင္က်ိႏ်န္တစ္ေယာက္ ဟယ့္ခ်န္းနင္ယခုကဲ့သို႔ ၾကမ္းၾကမ္းတမ္းတမ္းျပဳမူပံုမ်ိဳးကိုတစ္ခါမွမျမင္ဖူးခဲ့ေခ်။ ထိုအစား သူ၏လိမၼာေရးျခားရွိသည့္သားေလးက တျခားလူစိမ္းတစ္ေယာက္နွင့္အစားထိုးခံလိုက္ရသည္လားဟုပင္ သူထင္ေနမိေတာ့သည္။

သူ(ဟယ့္ခ်န္းနင္)ဆီမွာဘယ္လိုၿပီး သူ႔(ယင္က်ိႏ်န္)ကိုေတာင္အရွက္ရေစၿပီး ျပန္မၾကည့္ရဲေလာက္တဲ့ထိ စူးစူးရဲရဲအၾကည့္ေတြရွိေနရတာလဲ?

သူမ၏ခင္ပြန္းကေနာက္ဆုတ္လိုက္သည္မို႔ ခ်ဳန္းမင္၏ေဒါသကပို၍ပင္ျမင့္တက္လာရသည္။

"ခ်န္းနင္.. နင္ဒါနဲ႔ပက္သက္ၿပီးအဆင္မေျပဘူးဆိုတာငါသိတယ္...ဒါေပမဲ့ နင့္ကိုယ္နင္အတြက္ပဲဂရုစိုက္လို႔မရဘူးေလ...ငါတို႔မိသားစုကနင့္ကိုနွစ္ေပါင္းမ်ားစြာပ်ိဳးေထာင္လာခဲ့ရတာ...အခုငါတို႔ျပသနာတက္ရင္ နင္ကဒီတိုင္းထိုင္ၿပီးၾကည့္မေနသင့္ဘူးေနာ္? ၿပီးေတာ့လည္းနင့္အေဖကဒီနွစ္ေပါင္းမ်ားစြာနင့္အေပၚေကာင္းေကာင္းဆက္ဆံခဲ့တာပဲမဟုတ္ဘူးလား? ဒီမိသားစုထဲမွာနင့္ကိုဘယ္သူကမွ တစ္ခုခုလုပ္ေပးဖို႔မေတာင္းဆိုဖူးဘူး...ငါတို႔မိသားစုပ်က္စီးမွာကိုနင္နွလံုးသားမဲ့မဲ့နဲ႔ပဲဆက္ၾကည့္ေနနိုင္တယ္ေပါ့? တကယ္လို႔ယင္မိသားစုသာက်ဆင္းသြားရင္ နင့္အတြက္လည္းဘာအက်ိဳးမွရွိမွာမဟုတ္ဘူး.. နင္ေသခ်ာစဥ္းစားတာေကာင္းမယ္"

ရုတ္ခ်ည္းဆိုသလို ဟယ့္ခ်န္းနင္ကနွလံုးသားမဲ့၊ မမွန္ကန္၊ သစၥာမရွိ၊ သားသမီးဝတၲရားမေက်ပြန္သည့္သရဖူကို အေဆာင္းေပးခံလိုက္ရေတာ့သည္။ စိတ္ပ်က္အားငယ္မႈနွင့္ ေဒါသမ်ားသာ သူ႔ရင္ထဲပိုတိုးလာရ၏။ ယခုေတာ့ျဖင့္ ယင္မိသားစု၏ရွင္သန္မႈကသူ႔တာဝန္ျဖစ္လာခဲ့ေခ်ၿပီ။ ဤယင္မိသားစု၏ဂုဏ္သေရ၊ သိကၡာ၊ ႂကြယ္ဝမႈနွင့္အဆင့္အတန္းအားလံုးက သူ႔ကိုေရာင္းလိုက္မွသာျပည့္စံုေတာ့မည့္အေျခအေန။ သို႔ေသာ္လည္း ဤလူသားမ်ားကေတာ့ သူကယင္မိသားစုအေပၚအေႂကြးတင္ေနသည္မို႔ ယခုလိုျပန္ေပးဆပ္ရမည္ဟုသာ ေပါ့ေပါ့တန္တန္မွတ္ယူထားၾကေလသည္။

၎တို႔၏စက္ဆုပ္ဖြယ္ေကာင္းေသာမ်က္နွာမ်ားကိုၾကည့္ရင္း ဟယ့္ခ်န္းနင္ရုတ္တရပ္ရယ္ခ်င္လာရသည္။ တကယ္တမ္း၌လည္း သူရယ္ခဲ့ပါ၏။

"ဟား...ဟားဟား...ဟားဟားဟား ဘယ္ေလာက္ေတာင္ၾကင္နာတတ္လိုက္တဲ့မိသားစုလဲေနာ္... သူတို႔ခ်မ္းသာဖို႔သူတို႔သားကိုေရာင္းတာေတာင္ ဂုဏ္သေရရွိတဲ့အသံမ်ိဳးနဲ႔...ကြၽန္ေတာ္ျပန္ေျပာတဲ့အခ်က္အလက္ေတြကေတာင္ဟာသေတြျဖစ္ကုန္ၿပီ...ေကာင္းတယ္..အရမ္းေတာ္တယ္...အန္တီကဒီေလာက္ေတာင္အမွန္တရားကိုယံုၾကည္ၿပီး ရိုေသေလးစားထိုက္တဲ့လူျဖစ္ေနမွေတာ့ ဘာလို႔မိသားစုကိုကယ္တင္ဖို႔ကိုယ့္သားကိုယ္ေမးမၾကည့္တာလဲ? ဒီလိုဆို ဘိုးေဘးေတြလည္းဂုဏ္ယူေနမွာေသခ်ာတယ္"

အျမႇီးတက္နင္းခံရသည့္ေၾကာင္ကဲ့သို႕ ခ်ဳန္းမင္ခ်က္ခ်င္းဆိုသလိုတုန္႔ျပန္ကာ သူ႔မ၏အသံကိုပိုျမႇင့္လိုက္ေလသည္။ ထိုအသံကက်ယ္လြန္း၍ နားစည္ပင္ကြဲသြားနိုင္၏။

"ဟယ့္ခ်န္းနင္...ဒါကေတာ့လြန္သြားၿပီ! နင့္အေမကနင့္ကိုဒီလိုပဲသင္ထားသလား?!"

"ကြၽန္ေတာ့္အေမကြၽန္ေတာ့္ကိုဘယ္လိုသင္ထားလဲဆိုတာ ခင္ဗ်ားအလုပ္မဟုတ္ဘူး... ကြၽန္ေတာ့္ကိုမေျပာခင္ ခင္ဗ်ားကိုယ့္အဆင့္ကိုရွင္းရွင္းလင္းလင္းအရင္သိေအာင္သာလုပ္ထားလိုက္"

ဟယ့္ခ်န္းနင္၏အသံက ေရခဲဆူးခြၽန္မ်ားကဲ့သို႔ပင္ ခ်ဳန္းမင္၏အရိႈက္သို႔ဒဲ့ထိသြားေစသည္။

'ကိုယ္ဝန္ေၾကာင့္မိသားစုထဲဝင္လာခဲ့ရသည့္ မယားငယ္'ဟူသည္က သူမ၏အဆင့္အတန္းပါပင္။ ထိုအဆင့္အတန္းသည္သာ သူမတစ္သက္လံုး လူအေပါင္းထံမွရံႈ႕ခ်ျခင္းခံရမည့္ အေၾကာင္းအရာတစ္ခုျဖစ္သည္။ လူအခ်ိဳ႕ကေတာ့ ယင္မိသားစုအေပၚမ်က္နွာသာေပးသည့္အေနျဖင့္ မေျပာပဲေနခ်င္ေနလိမ့္မည္။ သို႔ေသာ္လည္း ဟယ့္ခ်န္းနင္၏တည္ရွိမႈကပင္ သူမဤအေျခအေနသို႔မည္သို႔မည္ပံုေရာက္လာေၾကာင္း သတိေပးခ်က္တစ္ခုျဖစ္ေနေလ၏။ ထို႔ေၾကာင့္လည္း ဟယ့္ခ်န္းနင္ကိုယင္မိသားစုမွနွင္ထုတ္၍ သူမမ်က္စိေရွ႕ေပၚမလာေစဖို႔ သူမမေစာင့္နိုင္ေတာ့ျခင္းပင္။

ဟယ့္ခ်န္းနင္၏စကားမ်ားက ခ်ဳန္းမင္ကိုအျပစ္တင္ရံုသာမကပဲ ယင္က်ိႏ်န္ကိုလည္းမ်က္နွာပ်က္ေစေလသည္။

"ခ်န္းနင္"

ဘာေျပာရမွန္းမသိေတာ့သည္မို႔ သူ႔ထံမွထိုစကားသာထြက္လာေတာ့၏။

ခြင့္လႊတ္ေပးဖို႔စိတ္ကူးမရွိသည့္ခ်ဳန္းမင္ကေတာ့ စတင္၍ငိုေႂကြးေတာ့သည္။

"အေမ...ခ်န္းနင္ကိုၾကည့္ပါဦး... သူဘယ္လိုလုပ္ၿပီးကြၽန္မကိုဒီလိုဆက္ဆံနိုင္ရတာလဲ? အစ္မ'မင္လန္'မ႐ွိတဲ့ ဒီနွစ္ေတြထဲမွာ ကြၽန္မခ်န္းနင္ကိုကြၽန္မသားအရင္းလိုကိုဆက္ဆံခဲ့တာ သူ႔ကိုတစ္ခါမွမတရားမဆက္ဆံဖူးဘူး...သူကြၽန္မကို 'အေမ' လို႔မေခၚခ်င္တာေတာင္မွ ကြၽန္မဘာမွမေျပာခဲ့တာ.. ဒါေပမဲ့အခုက် သူဘယ္လိုလုပ္ဒီလိုပံုစံမ်ိဳးကြၽန္မကိုေျပာနိုင္ရတာလဲ? အနည္းဆံုးေတာ့ ကြၽန္မကယင္မိသားစုရဲ႕ေခြၽးမပါပဲ...ခ်န္းနင္ကြၽန္မကိုဒီလိုအနိုင္က်င့္ေနတာကိုအေမလက္မခံသင့္ဘူး... ကြၽန္မယင္မိသားစုကိုဝင္လာကတည္းက အေသအလဲႀကိဳးစားခဲ့တာေတာင္ ဒီကေလးကြၽန္မအေပၚဆက္ဆံတဲ့ပံုစံကဒီလိုတဲ့ေလ... ကြၽန္မတကယ္စိတ္မေကာင္းဘူးရယ္ အေမရယ္...အဟင့္ ဟင့္"

အစအဆံုးတစ္ခြန္းမွမေျပာခဲ့သည့္ ယင္မိသားစု၏အမ်ိဳးသမီးႀကီးက ဇာတ္လမ္းထြင္ရင္း ရံႈ႕မဲ့ေနသည့္မ်က္နွာထားျဖင့္ ျပန္လည္ေၿဖၾကားလာေတာ့သည္။

"ခ်န္းနင္...မင္းအေမကမင္းကိုေသခ်ာသင္ေပးထားခဲ့တယ္မဟုတ္ဘူးလား? ဒါကအႀကီးအကဲေတြကိုဘယ္လိုစကားေျပာရမလဲဆိုတာ သူမမင္းကိုသင္ေပးခဲ့တဲ့ပံုစံပဲလား?"

°°

Continue Reading

You'll Also Like

329K 32.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
281K 16.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
1.1M 61.3K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
202K 6K 70
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...