" လီမင်"
အခန်းတံခါးမခေါက်ဘဲ အဖေက ဝင်လာတာကြောင့် ရုတ်တရက် လန့်သွားတယ်။
" အဖေ တံခါးလေးတော့ ခေါက်ပါအုံး"
"အံမာ လာသေး သားအဖချင်းများ။
အဲတာနောက်ထား မင်းမိတ်ဆွေဆိုပြီး လက်ဆောင်ခြင်းကြီးနဲ့ လူတစ်ယောက်
ရောက်နေတယ် ဆင်းလာအုံး"
" ဟင် ဘယ်သူလဲ အဖေ"
"ငါ မသိဘူး ဆင်းလာခဲ့ အောက်မှာ
လဘက်ရည်နဲ့ ဧည့်ခံထားတယ်"
လီမင် တွေ့လိုက်ရတာက ဆရာမစူးရန်ရဲ့ ဦးလေး။
"ဟင် ဘဘ ဘယ်လို လုပ်ပြီး ရောက်လာတာလဲခင်ဗျာ"
"ဒီလိုပါ အကူအညီလေးတောင်းချင်တာ
ရော အလုပ်ကိစ္စရော ရှိလို့ပါ"
" ဟုတ်ကဲ့ ပြောပါ ဘဘ"
"စူးရန်က ပန်းချီကားတစ်ခုနဲ့ ပတ်သက်ပြီး မင်းနဲ့ ဆွေးနွေးချင်တာကြောင့် ဖိတ်ခိုင်း
တာပါ နောက်တစ်ခုက ဘဘ ခရီးထွက်
ရမှာမို့ အိမ်မှာ တစ်ပတ်လောက်လာနေပေးဖို့ပါဘဲ အလုပ်နဲ့ပတ်သက်ပြီး သူ့ကိုကူပေးနိုင်တာ မင်းဘဲရှိလို့ပါ ရှောင်မင်"
"ဟို ...ကျနော် မနက်ဖြန်မှ ဖြေပေးလို့
ရမလား ခင်ဗျာ အလုပ်ဇယား
ကြည့်ပြီးမှ ပြောနိုင်မှာမလို့ပါ"
"ဖြစ်နိုင်ရင် ကူညီပါလား ရှောင်မင် စူးရန်
သိပ်နေမကောင်းလို့ပါ"
အဖေ့ကို ကြည့်လိုက်တော့.ခေါင်းငြိမ့်ပြတယ်
" ကူပေးပါ့မယ် ဘဘ ဘယ်နေ့လာရမလဲ"
" ဒီညနေက စလို့ပေါ့"
ဘဘက ခရီးထွက်သွားတယ်။ လီမင်
ရောက်တော့ ဆရာမက အိပ်နေတုန်းဘဲ။ နာရီဝက်လောက်ကြာမှ ဆရာမ နိုးလာတယ်။
"ဆရာမ သက်သာရဲ့လား စွပ်ပြုတ်နဲ့ မုန့်လေးပြင်ထားတယ် စားပါအုံး ဟို ... အခန်းထဲ ရောက်လာတာက ဘဘက ဝင်ကြည့်ပေးပါ
လို့ မှာခဲ့လို့ပါ"
" လီမင် ငါနဲ့တွဲမလား"
ဆရာမ နိုးလာလာချင်း ပြောလိုက်တဲ့စကားကြောင့် လီမင်တစ်ကိုယ်လုံးတောင့်တင်း
သွားရတယ်။
"ဆရာမ ဘာကိုဆိုလို...."
"ထိုင်ပါအုံး ပြောပြချင်တာ ရှိတယ်--လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က အတန်းပြီးလို့
အိမ်ပြန်ချိန် မိုးသည်းထဲမှာ မိုးကာအကျီ
ငှားပေးဖူးတဲ့ ကောင်လေးကို ငါတစ်ရက်မှ
မမေ့ပါဘူး"
စူးရန်က ဆက်ပြောတယ်။
"ပြတင်းပေါက်နားက အုပ်ထားတဲ့ ပန်းချီကားကို ကြည့်ပေးပါလား "
လီမင် ထကြည့်ပေးတယ်။ ခုချိန်ထိသူ့မှာ ပြောစရာ မရှိသေးဘူး။
" ဟင် ဒါ ဒါ ကျွန်တော့်ပုံဘဲ ဆရာမ"
"ဟုတ်တယ် အဲဒီမိုးရွာတဲ့နေ့။ accident ကြောင့် မိဘတွေဆုံးသွားပြီးတော့ ငါပထမဆုံး ကျောင်းပြန်တက်တဲ့ရက်လေ။ သူစိမ်းထံက ငါပထမဆုံးရဖူးတဲ့ နွေးထွေးမှုပေါ့။ နောက်တစ်ကြိမ်က ကလပ်မှာ။ နောက်တစ်ကြိမ်က လမ်းမအလယ်မှာ ငါမူးရူးနေတုန်းက"
"မင်း သိရဲ့လား လီမင်။ ဒီသုံးကြိမ်အတွက်
ငါတို့ကြိုတင် စီစဉ်ထားခဲ့တာ မဟုတ်ဘူး
ပြီးတော့ မင်းနဲ့ ပြန်ဆုံရတာ ငါသိပ်ပြီး
ပျော်ရွှင်ရတယ်"
"ပြီးခဲ့တဲ့ ၁၀ နှစ်က စခဲ့တဲ့ဇာတ်လမ်းလေးကို ငါဆက်ချင်တယ် မင်းရော ...."
စူးရန်က စကားအကြာကြီးပြောလိုက်ရလို့ မောသွားပုံပါဘဲ။ သက်ပြင်းချရင်း သူ့ကို ကြည့်လာတယ်။
"နားလိုက်ပါအုံး ကျွန်တော် အပြင်ခဏသွားအုံးမယ် လိုအပ်တာရှိရင် ဖုန်းဆက်လိုက်ပါ"
လီမင် ထွက်သွားပြီးတဲ့နောက် အသက်မဲ့သွားသလို အိပ်ယာမှာ သူလှဲချလိုက်မိတယ်။
မင်းက ငါ့ဘဝရဲ့ နောက်ဆုံးကူကယ်ရာ ကောက်ရိုးမျှင်လေးပါဘဲ ရှောင်လီမင်....။
--------------------------------
"ဟေး ရုပ်ရှင်လက်မှတ်နှစ်စောင် ရထားတယ် အထူးတန်းနော် ငါနဲ့ဘယ်သူလိုက်ချင်လဲ"
ရှောင်းကျန့်က လက်မှတ်နှစ်စောင်ကို ကိုင်ပြီး မှိုရမျက်နှာနဲ့ တပြပြလုပ်နေတယ်။
"ဟို ပရော်ဖက်ဆာ ကျွန်တော်က ဂျူတီ
ကျတယ်ခင်ဗျ ရိပေါ်နဲ့ သွားပါလား "
ရွှမ်းဟွမ်းကို အသံတိတ်ဆဲလိုက်ရင်း..
"အာ ကျွန်တော်က ပိတ်လှောင်တာ ကြောက်တဲ့ရောဂါရှိတယ် မဖြစ်ပါဘူး ဟဲ ဟဲ မဖြစ်ပါဘူး ပရော်ဖက်ဆာ ဟဲ ဟဲ ဟဲ ဟဲ"
"ဒီဖေ နှစ်ကောင် ငါက ဘယ်ရက်လဲ ပြောသေးလို့လား ရုပ်ရှင်က ရုံထဲမှာလို့ရော
ပြောသေးလို့လား ဟမ်"
ရှောင်းကျန့်က ထိုသို့ပြောပြီး လူညစ်ပြုံး ပြုံးကာ ...." ကျား ဗိုလ်စွဲကြ နိုင်တဲ့သူ ကျန်ခဲ့ရမယ် ခုလုပ်"
ရွှမ်းဟွမ်း က ချက်ချင်းဘဲ...
"ကျွန်တော်နဲ့ ရိပေါ်သွားရင်ရော ဆရာရှောင်း 😬😬"
"အိပ်မက် မက်နေလိုက် ရွှမ်းဟွမ် တော်ပြီ
မင်းတို့နှစ်ယောက်နဲ့ မပေါင်းတော့ဘူး...."
ရှောင်းကျန့်က စိတ်တိုတိုနဲ့ တစ်စုံတစ်ယောက်ဆီဖုန်းခေါ်နေတယ်။
"Hello အားချန် ငါနဲ့ရုပ်ရှင်ကြည့်မယ်မလား .... အ... အ အော်လိုက်တာ ဆောတီး မင်းခြေထောက်ထိခိုက်မိတာ ငါမေ့နေတာ
ဟီးဟီး ဂရုစိုက် ပိတ်ရက်ကျလာခဲ့မယ်"
ရှောင်းကျန့်က ရိပေါ်တို့နားနေခန်းထဲကနေ
မကျေမနပ်ထွက်သွားလေရဲ့။
ပြီးနောက် ချက်ချင်းပြန်ဝင်လာပြီး...
" ခုနက ဘယ်သူနိုင်လဲ"
" ကျွန်တော်ပါ ပရော်ဖက်ဆာ"
"အဟွန်း ဝမ်ရိပေါ် .... သောကြာည ခုနှစ်နာရီ ငါနဲ့အတူသွားမလား"
"ပရော်ဖက်ဆာ သွားနှင့်ပါ သိပ်လည်းမဝေးဘူးဆိုတော့ Bus နဲ့ လာခဲ့မယ်"
" အိုခေ 😊😊"
ဒီတစ်ခါတော့ ပျော်ရွှင်စွာ ထွက်သွားတယ်။
"ဝမ်ရိပေါ် မင်း ဆရာရှောင်းနဲ့ တကယ်ကြည့်မှာလား "
" အင်း တကယ် အားဟွမ်"
-----------
သောကြာနေ့က ခပ်မြန်မြန်ရောက်လာ
သလိုပါဘဲ။
လီမင်လည်း ပြခန်းအတွက်ပြင်ဆင်နေရ
တာနဲ့ဘဲ စားချိန်သောက်ချိန်တွေ မမှန်။
ညနက်တဲ့အထိလည်း အလုပ်ထိုင်ဖြစ်တယ်။
ဒီကြားထဲ အတွေးထဲ ဝင်လာတာက ဆရာမ
ရဲ့ စကားတွေ။ မေတ္တာငတ်နေတဲ့ ဆရာမ
ဘဝကို သနားမိသလို ကိုယ်ချင်းစာမိတယ်။
ပြီးတော့ ကိုကို။ သတိရလိုက်တာ ဖွင့်
ပြောပြီးကတည်းက ကိုကိုကလည်း
မဆက်သွယ်သလို သူလည်း အလုပ်
ကြောင့်မသွားနိုင်ခဲ့ဘူး။
ပြပွဲပြင်ဆင်နေတာကို ကြည့်ရအုံးမှာဘဲ။ အတွေးစတွေကို ဖြတ်ပြီး ပြခန်းဘက်
ထွက်လာခဲ့တယ်။
"ဟာ ခဏလေး အဲ့ပန်းချီကားကို မီးရောင်စူးစူးကြီး မထိုးပါနဲ့"
"ဆရာလီ အဲလိုဆို ဘယ်ဟာပြောင်းပေးရ
မလဲ အပေါ်မှာ လူရောက်နေတုန်း ပြောင်း
မယ်လေ "
" ညာဘက်က မီးအကြီးကို လဲပေးပါ"
ဆလိုက်မီးလုံးတွေ အတွဲလိုက် လဲနေတုန်း...
" ဟာ မီးလုံးတွဲ လွတ်ကျသွားပြီဟေ့"
" ဆရာလီ ရှောင် ရှောင် နောက်မှာ "
"အား "
မီးတွဲက လီမင်ရဲ့ ခေါင်းကို ပြင်းပြင်း
ဝင်ဆောင့်တယ်။
ပြာဝေသွားပြီး လူလည်း လဲကျသွားတယ်။
နောက်ဆုံး အသိစိတ်မှာ.... မြင်လိုက်မိတာက မျက်ရည်တွေနဲ့ သူ့ဆီပြေးလာတဲ့ လူတစ်ယောက်ပါဘဲ။
" ရှောင်..... မင်......"
__________________
ဆက်ရန်