General Order

By OpalHawthorn28

36.6K 4K 176

Author: 偷偷写文 Original Name: /General Order Manhua/Chinese Comic Name: My Majesty Your Grace Support the artis... More

Description
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)

Chapter (1)

4.1K 280 10
By OpalHawthorn28

သစ္စာစောင့်သိမှု ကန့်သတ်ချက်ကား အဘယ်နည်း။ သည်းခံခြင်းသည် ဘဝတွင် အမှန်ကန်ဆုံး ရွေးချယ်မှုဖြစ်ပါသလား။

​ခြေလှမ်းတိုင်းက သူမျှော်မှန်း စိတ်ကူးထားတဲ့ ဘဝနဲ့ ဆန့်ကျင်ရာအရပ်ဆီဉီးတည်နေခဲ့တယ်....

ထိုအရာအတွက် အရေးကြီးဆုံးသောအကြောင်းပြချက်က ဘယ်သူများလဲ??

..................................

အစပြုခဲ့ချိန်မှာ....မည်သည့်အရိပ်လက္ခဏာမျှမရှိခဲ့ပေ.......

"ချန်းဇီမင်း အား မြို့စောင့်တပ် အရာရှိအဖြစ်ခန့်အပ်လိုက်သည်!!!"

အယောက်နှစ်ဆယ်ကျော်သော ချန်မိသားစုဝင်တွေက အသက်မရှူဝံံ့တော့သည့်နှယ် အမိန့်တော်ကို နာကြားနေကြတယ်။

မိန်းမစိုးတစ်ယောက်က အဝါရောင်ကျောက်စိမ်းလက်ကိုင်နှစ်ဖက်တပ်ဆင်ထားတဲ့ ပိုးသားအမိန့်လွှာကို လိပ်လိုက်ပြီး......

"လူအိုကြီး ကျေးဇူးပြုပြီး ဒါကို လက်ခံထားလိုက်ပါ..."

ဇနီးသည်နှစ်ယောက်ရဲ့ ဘယ်ညာနှစ်ဖက်ကနေ ကူညီဖေးမပေးမှုနဲ့အတူ ချန်ဝေ မတ်တပ်ထရပ်လိုက်ပြီး အမိန့်လွှာကို လက်ခံယူလိုက်တယ်။

"ဟန်ကုန်းကုန်း ပင်ပန်းသွားရပြီ....ကျေးဇူးပြုပြီး လက်ဖက်ရည်ကြမ်းသုံးဆောင်သွားပါဉီး...."

ချန်ဝေက ဇနီးသည်တွေကို အချက်ပြလိုက်တဲ့အခါ ဇနီးသာ်တစ်ယောက်က အလိုက်တသိနဲ့ ငွေချောင်းတွေ ပြင်ဆင်ဖို့ အိပ်ဆောင်ထဲဝင်သွားခဲ့တယ်။

တစ်ချိန်တစ်ခါတုန်းက ဒုတိယအဆင့်အမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ချန်ဝေက ကျန်းမာရေးကြောင့် အနားယူခဲ့ရတယ်။လက်ရှိမှာ တာဝန်မထမ်းဆောင်နိူင်တော့သည့်တိုင် ဟန်ကုန်းကုန်းကတော့ ချန်ဝေကို အမတ်တစ်ယောက်အဖြစ် ရိုသေပြရဉီးမှာပါပဲ......

နေထိုင်မကောင်းဖြစ်ပြီးကတည်းက ဧည့်တွေ့လက်မခံတော့တဲ့ ချန်ဝေစီကို သားဖြစ်သူကောင်းမှုအကြောင်းပြုပြီး အမိန့်လွှာရောက်လာခဲ့လေပြီ....

ဒါတွေကို သိမြင်နေတဲ့ ဟန်ကုန်းကုန်းက ထူးဆန်းတဲ့ အပြုံးတစ်ခုနဲ့......

"အရှင့်ဆီ သတင်းပြန်ပို့ရဉီးမယ်....လူအိုကြီးကပဲ သားဖြစ်သူကို တစ်ခါတည်းလိုက်ခဲ့ဖို့ ပြောပေးပါဉီး...."

လာဘ်လာဘအယူကြမ်းတယ်လို့ နာမည်ကြီးနေတဲ့ ဟန်ကုန်းကုန်းက ဒီနေ့မှာတော့ အကျိုးအမြတ်ယူဖို့ငြင်းနေတယ်.....ချန်ဝေမသိမသာ တုန်လှုပ်သွားခဲ့တယ်။

"ကုန်းကုန်း အရင်သွားနှင့်လိုက်ပါ....သားဖြစ်သူက အထုတ်အပိုးပြင်ပြီး...."

ဟန်ကုန်းကုန်းက မျက်မှောင်ကြုံ့လိုက်ပြီး ထေ့ငေါ့လိုက်တယ်....

"ဒီလူအိုကြီးကတော့ အသက်ကြီးလို့ နားမကောင်းတော့ဘူးထင်ပါရဲ့....အရှင်ကို စောင့်ဆိုင်းရအောင် လုပ်နေတာလား??"

ချန်ဝေက မှုန်မှိုင်းတဲ့အမူအရာနဲ့ သူ့နောက်မှာ ဒူးထောက်နေတဲ့ သားဖြစ်သူကို လှည့်ကြည့်လိုက်တယ်။

ချန်ဝေ့မှာ အမွေခံသားသမီးနည်းပါးလွန်းပါတယ်။အကြီးနှစ်ယောက်က သမီးမိန်းကလေးတွေဖြစ်တယ်.....အသက်ငါးဆယ်ကျော်မှ မွေးလာတဲ့ သားဖြစ်သူကို ရတနာတစ်ပါးသဖွယ် တန်ဖိုးထားချစ်မြတ်နိုးခဲ့ရတယ်.... ဓားတစ်စင်းလိုဖြောင့်မတ်နေတဲ့ မျက်ခုံးတွေနဲ့ ကြယ်ရောင်တွေလို တစ်ဖျတ်ဖျတ်လက်နေတဲ့ မျက်ဝန်းတွေပိုင်ဆိုင်ထားတဲ့ သားလေးက ငယ်စဉ်ကတည်းက သေနတ်တွေ၊ဓားတွေနဲ့ဆော့ကစားရတာကို နှစ်သက်တယ်....ဆယ်စုနှစ်တစ်ခုကြာမြင့်ပြီးချိန်မှာ ချန်ဇီမင်းတစ်ယောက် ပုံပြင်တွေထဲက ဝတ်ရုံဖြူသူရဲကောင်းလေးတစ်ယောက်သဖွယ် ခန့်ညားချောမောစွာ ကြီးပြင်းလာခဲ့ပါပြီ.....

ဒီနှစ်ပိုင်းတွေမှာ ချန်ဇီမင်းတစ်ယောက်
လူငယ်တွေကြားမှာ နာမည်ကြီးလာခဲ့တယ်။ ဝါသနာတူ သူငယ်ချင်းတွေစုပြီး နေ့တိုင်း မြို့အပြင်ဘက်မှာ မြင်းစီ၊မျှားပစ် တတ်ကြတယ်။အခုတော့ဖြင့် အတည်တကျ တာဝန်ထမ်း​ဆောင်ဖို့ အမိန့်လွှာရောက်လာခဲ့ပြီ.....

မြို့စောင့်တပ်ရဲ့ တပ်စခန်းက ချန်အိမ်တော်နဲ့သိပ်မဝေးလှပေမယ့် အကွေ့အကောက်မ​ျားလွန်းလှတဲ့ မင်းမှုထမ်းလောကထဲကို အငယ်ဆုံးသားလေးကို စိတ်ချလက်ချ ဘယ်လွှတ်လိုက်နိုင်ပါ့မလဲ....ဒါက ကောင်းချီးပေးမှုမဟုတ်ဘူး.....

ချန်ဝေက စိတ်မသက်မသာဖြစ်မှုတွေကို မျိုသိပ်ထားတဲ့အနေနဲ့ သက်ပြင်းချလိုက်မိတယ်....ဟန်ကုန်းကုန်းကိုပဲ အားကိုးရတော့မှာပေါ....

"ဒီလူအိုကြီးရဲ့ တွေဝေမှုကြောင့် ဟန်ကုန်းကုန်းကို ကြန့်ကြာစေမိပြီ....ဇီမင်းအဝတ်အစားလဲပြီးတာနဲ့ ကုန်းကုန်းနဲ့အတု တစ်ပါတည်း နန်းတော်ထဲ အခစားဝင်မှာပါ..."

ပြောနေတုန်းမှာ ငွေချောင်းတွေတင်ထားတဲ့ လင်ဗန်းတစ်ခုကို ဇနီးသာ်တစ်ယောက်က ချန်ဝေ့လက်ထဲ လွှဲပေးလိုက်တယ်။ချန်ဝေက ထိုလင်ဗန်းကို ဟန်ကုန်းကုန်းဆီ တရိုတသေဆက်သလိုက်တယ်.....

ဟန်ကုန်းကုန်းက မျက်နှာထားခပ်တည်တည်နဲ့.....

"ကျူပ်က အရှင့်ရဲ့ အမှုတော်ကို ထမ်းရွက်ရုံပါပဲ.....ဒါတွေမလိုပါဘူး...."

"နန်းတော်အစောင့်တွေ နန်းတွင်းနဲ့ ကတိသတ်နေရတာမလား...အိမ်က ခွေးကောင်လေးက ထုံထိုင်းနုံအတယ်...ရှေ့လျှောက် ကုန်းကုန်းကိုပဲ အပူကပ်ရတော့မှာ.. "

"ဒါဆိုလဲ သားဖြစ်သူကို မှာစရာရှိတာ မှာ...ဆုံးမစရာရှိတာ ဆုံးမ....နောက်ဆို ခဏခဏ အိမ်ပြန်လာနိူင်မှာမဟုတ်လောက်ဘူး...."

" မေးပါရစေဉီး....အခုလို အမိန့်ချလိုက်တာ သိပ်မရှင်းလို့..."

ဟန်ကုန်းကုန်းက ငွေချောင်းတွေကို အလင်းရောင်ထဲမှာ သေချာကြည့်လိုက်တယ်....

"အရွယ်ရောက်နေပြီပဲ...အဆင်ပြေမှာပါ...."

ချန်ဝေရဲ့ မျက်နှာထားက မဆိုသလောက် တင်းမာသွားတယ်။

"လူငယ်တွေကြားမှာ နာမည်ကြီးတယ်ဆိုပေမယ့်လဲ အခုလိုကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်နိုင်ပါ့မလား??မနိုင်ဝန်ထမ်းခိုင်းသလိုများဖြစ်နေမလား??"

"ဒါဆို ခင်ဗျားသားကို ကျုပ်မေးစရာရှိတယ်....လွန်ခဲ့တဲ့ ရက်ပိုင်းလိုက်က မြို့တောင်ပိုင်း လီဟွာပို ကို အမဲလိုက် ထွက်ခဲ့သေးလား??"

"ဇီမင်း...ကုန်းကုန်းမေးတာ ဖြေလိုက်လေ..."

ချန်ဇီမင်းက ရှေ့ကို နှစ်လှမ်းတိုးလိုက်ပြီး အရိုအသေပြုပြီးမှ....

"ဟုတ်ကဲ့.ကျွန်တော် သွားခဲ့ပါတယ်"

ငယ်စဉ်ကတည်းကအလိုလိုက်ခံထားရပေမယ့် ချန်ဝေရဲ့ စည်းကမ်းတွေအောက်မှာ လိမ္မာရေးခြားရှိတဲ့ လူရည်မွန်လေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့မှန်း တစ်ချက်ကြည့်ရုံနဲ့တင် သိမြင်နိူင်တယ်။

"ဟုတ်တယ်...အဲ့နေ့တုန်းက အရှင်လဲ တောကစားထွက်ခဲ့တယ်....သခင်လေးလင်းတို့ သခင်လေးချန်တို့ကိုတွေ့ခဲ့ပုံရတယ်...ထိပ်တန်းမြင်းစီးစွမ်းရည်နဲ့ ခြေလှမ်းတစ်ရာမျှားပစ်စွမ်းရည်တွေကို အတော်သဘောကျသွားပုံပဲ....နန်းတော်ကိုပြန်ရောက်တဲ့အထိ ချီးကျူးနေခဲ့တာ...."

သေချာ အသေးစိတ် နားမလည်ပေမယ့် ချန်ဝေတစ်ယောက် သားဖြစ်သူကို အားရကျေနပ်တဲ့အကြည့်တွေနဲ့ ကြည့်လိုက်တယ်။

....................

နန်းဆောင်တွေအကုန်လုံး တိတ်ဆိတ်နေတယ်.....

ဟန်ကုန်းကုန်း နောက်ကနေ လိုက်ပြီး နန်းတော်ထဲကို အခစားဝင်ခဲ့တယ်။ဘေးဘီဝဲယာကို မကြည့်မိအောင် ထိန်းချုပ်ထားရပေမယ့် စူးစမ်းလိုစိတ်တွေကိုတော့ဖြင့် ဖုံးဖိမရခဲ့ပေ.....

ကိုယ်ခံပညာမှာ ကျင်းရှီအဆင့်ကတုန်းက အရှင်မင်းမြတ်ကို အဝေးကနေ ဒူးထောက်ပြီးမော်ဖူးခဲ့ ဖူးတယ်....

ငယ်ရွယ်တဲ့ အရှင်မင်းမြတ်က သူနဲ့အသက်အတူတူလောက်ပဲရှိဉီးမယ်.....ဒါပေမယ့် စူးရှတဲ့အကြည့်တွေကတော့ဖြင့် လေးနက်တည်ကြည်တဲ့ အသွင်ကိုဖော်ဆောင်နေတယ်...

တော်ဝင်သွေးရဲ့ အရှိန်အဝါကြီးမြတ်မှု ထင်ပါ့.....

အဓိကနန်းဆောင်ရှေ့ရောက်တဲ့အခါ ဟန်ကုန်းကုန်းက....

"နာမည်ခေါ်သံကြားမှ ဝင်လာခဲ့..."

ဟန်ကုန်းကုန်းရဲ့အမူအရာက လေးနက်နေတဲ့အတွက် ချန်ဇီမင်း ဘာမှမမေးတော့ဘဲ ခေါင်းညိတ်ပြလိုက်တယ်။

တစ်ယောက်တည်းကျန်ခဲ့တဲ့ ချန်ဇီမင်းက နန်း​တော်တိုင်လုံးတွေရှေ့မှာ ရပ်စောင့်နေခဲ့တယ်။အထဲကနေ ဘယသံမှမကြားရတဲ့အတွက် ဇဝေဇဝါဖြစ်မိသွားပြန်တယ်....

"ချန်ဇီမင်း အခစားဝင်စေ...."

ဒီ အသံက ချန်ဇီမင်းအတွက်တော့ ခွန်မြနေတဲ့ ဓားသွားတွေလိုပါပဲ....

ချန်ဇီမင်း နန်းဆောင်ထဲကို အမြန်ဝင်သွားလိုက်တယ်....ဝတ်ရုံစကိုသိမ်းပြီး ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဂါရဝပြုခဲ့တယ်....

ဉီးခေါင်းအထက်က ပုလ္လင်ပေါ်ကနေ ဘာတုန့်ပြန်သံမှ မကြားရသေးပေ....

ချန်ဇီမင်း ဒီအတိုင်း ဒူးထောက်နေပေမယ့် ပုလ္လင်ကနေ စီးမိုးကြည့်နေတဲ့ စူးရှတဲ့အကြည့်တွေကိုခံစားမိနေတယ်....သို့ပါသော်လည်း ပုလ္လင်ခြေရင်းက လှေကားထစ်တွေလွဲရင် ဘာကိုမျှမမြင်နိူင်ခဲ့ပေ...ဘေးဘီကိုကြည့်လိုက်တော့....အနက်ရောင်သားရေဖိနပ်စီးနင်းထားတဲ့​ခြေထောက်ပေါင်းများစွာကြောင့် ခန်းမထဲမှာ လူအများကြီးရှိနေမှန်းသိလိုက်ရတယ်....ချန်ဇီမင်း အသက်ပြင်းပြင်းရှူမိမှာတောင်ကြောက်နေရတယ်....

ခဏအကြာမှာတော့..."ကောင်းပြီ.."ဆိုတဲ့ အတက်အကျအနိမ့်အမြင့်မရှိတဲ့ အရှင်မင်းမြတ်ရဲ့ အသံကိုကြားလိုက်ရတယ်။

အရှင်မင်းမြတ်ရဲ့ စိတ်ထဲ ဘာတွေများတွေးတောနေသလဲ??

"ဘာတွေရူးကြောင်ကြောင်လုပ်နေတာလဲ သွားကြမယ်..."

ဆိုတဲ့ ဟန်ကုန်းကုန်းရဲ့ စကားသံကြားရတော့မှသာ သတိပြန်ကပ်မိတော့တယ်။

ခန်းမ အပြင်ဘက်ရောက်တော့မှ ဂုတ်ပိုးကို လက်နဲ့သပ်ကြည့်လိုက်မိတယ်....ဘယ်အချိန်ကတည်းက ချွေးစေးတွေထွက်နေတာပါလိမ့်.....

ချန်ဇီမင်းရဲ့ ကံကောင်းမှုတွေက သာမာန်လူတွေနဲ့ နှိုင်းယှဉ်မရနိုင်ပေ....

သာမာန်လူတွေ တစ်သက်တာမမျှော်မှန်းနိုင်လောက်တဲ့ ရာထူးမျိုးကို လွယ်လွယ်ရခဲ့ပေမယ့် ချန်ဇီမင်းကတော့ မပျော်နိူင်ရှာခဲ့ပေ....

ဒါက အုတ်မြစ်မချဘဲ အိမ်ဆောက်နေသည့်နှယ်....ရေကြီးတဲ့အခါ အလွယ်တကူပြိုပျက်သွားပါလိမ့်မယ်...ဘာတစ်ခုမှ ကြိုးစားအားထုတ်မှုမရှိဘဲ ရလာခဲ့တဲ့ ရာထူးကို ဘယ်အချိန်အထိ ထိန်းထားနိူင်မှာလဲ???

ချန်ဇီမင်း တစ်ယောက်တည်း ဒီလိုတွေးနေတာမဟုတ်မှန်း တဖြည်းဖြည်းသိလာခဲ့ရတယ်။လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖယ်ကျဉ်ထားမှုတွေ၊ လက်အောက်ငယ်သားတွေရဲ့ မထီမဲ့မြင်ပြုမှုတွေ၊အထက်လူကြီးတွေရဲ့ ကဲ့ရဲ့မှုတွေ.....ဒါတွေဟာ လူတိုင်း သူ့လိုတွေးနေမှန်း ချန်ဇီမင်းကို သိမြင်စေခဲ့တယ်။

အရှင်မင်းမြတ်ရဲ့ အာဏာတော်က ရာထူးဂုဏ်သိမ်ကို ပေးစွမ်းနိုင်ပါသော်လည်း ရိုသေလေးစားခံခြင်းကိုတော့ဖြင့် မပေးစွမ်းနိူင်ခဲ့ပေ....

ဒါမှမဟုတ် လျစ်လျုရှူခြင်းကို ရွေးလိုက်နိူင်တာပဲ.....ပဉ္စမအဆင့်အရာရှိဆိုတာ အင်မတန်မရေးပါ နေတာမှမဟုတ်တာ....

ဒါကြောင့် ချန်ဇီမင်းရဲ့ အရာရှိဘဝနေ့ရက်တွေခက်ခဲလာခဲ့တယ်.....

တစ်နေ့ပြီး တစ်နေ့စောင့်မျှော်နေခဲ့တယ်....စစ်မြေပြင်မှာ ဓားတစ်လက်ကို ကိုင်ဆွဲပြီး ရန်သူတွေကိုတိုက်ထုတ်မယ်....ဒါဆို လူတိုင်းရဲ့စိတ်ထဲမှာ သူ့ကို သူရဲကောင်းအဖြစ်မှတ်ထားကျလိမ့်မယ်....

စစ်တပ်မှာ ခွန်အားနဲ့ နောက်ခံရှိမှသာ စကားပြောနိုင်ပါလိမ့်မယ်....သို့ပေမယ့် ချန်ဇီမင်းမှာတော့ဖြင့် အရာရာ ဗလာနတ္ထိ.....

ဒါကြောင့် နေ့ရက်တွေက အပ်ဖျားကို ဖင်ခုထိုင်ထားရသလို ခက်ခဲလွန်းလှတယ်....

အရှင်မင်းမြတ်ကိုတော့ တစ်ခေါက်လောက် ဖူးမျှော်ချင်ပါသေးရဲ့.....

မျက်နှာတော်ကို သေချာမော်မဖူးခဲ့ရပေမယ့် ထူးထူးခြားခြား ရင်းနှီးနေသလိုခံစားရတယ်...အခွင့်အရေးလေးများ ပေးသနားလာဉီးမလား....

ZawGyi

သစၥာေစာင့္သိမႈ ကန္႔သတ္ခ်က္ကား အဘယ္နည္း။ သည္းခံျခင္းသည္ ဘဝတြင္ အမွန္ကန္ဆုံး ေ႐ြးခ်ယ္မႈျဖစ္ပါသလား။

​ေျခလွမ္းတိုင္းက သူေမွ်ာ္မွန္း စိတ္ကူးထားတဲ့ ဘဝနဲ႔ ဆန္႔က်င္ရာအရပ္ဆီဉီးတည္ေနခဲ့တယ္....

ထိုအရာအတြက္ အေရးႀကီးဆုံးေသာအေၾကာင္းျပခ်က္က ဘယ္သူမ်ားလဲ??

..................................

အစျပဳခဲ့ခ်ိန္မွာ....မည္သည့္အရိပ္လကၡဏာမွ်မ႐ွိခဲ့ေပ.......

"ခ်န္းဇီမင္း အား ၿမိဳ႕ေစာင့္တပ္ အရာ႐ွိအျဖစ္ခန္႔အပ္လိုက္သည္!!!"

အေယာက္ႏွစ္ဆယ္ေက်ာ္ေသာ ခ်န္မိသားစုဝင္ေတြက အသက္မ႐ွဴဝံံ႕ေတာ့သည့္ႏွယ္ အမိန္႔ေတာ္ကို နာၾကားေနၾကတယ္။

မိန္းမစိုးတစ္ေယာက္က အဝါေရာင္ေက်ာက္စိမ္းလက္ကိုင္ႏွစ္ဖက္တပ္ဆင္ထားတဲ့ ပိုးသားအမိန္႔လႊာကို လိပ္လိုက္ၿပီး......

"လူအိုႀကီး ေက်းဇူးျပဳၿပီး ဒါကို လက္ခံထားလိုက္ပါ..."

ဇနီးသည္ႏွစ္ေယာက္ရဲ႕ ဘယ္ညာႏွစ္ဖက္ကေန ကူညီေဖးမေပးမႈနဲ႔အတူ ခ်န္ေဝ မတ္တပ္ထရပ္လိုက္ၿပီး အမိန္႔လႊာကို လက္ခံယူလိုက္တယ္။

"ဟန္ကုန္းကုန္း ပင္ပန္းသြားရၿပီ....ေက်းဇူးျပဳၿပီး လက္ဖက္ရည္ၾကမ္းသုံးေဆာင္သြားပါဉီး...."

ခ်န္ေဝက ဇနီးသည္ေတြကို အခ်က္ျပလိုက္တဲ့အခါ ဇနီးသာ္တစ္ေယာက္က အလိုက္တသိနဲ႔ ေငြေခ်ာင္းေတြ ျပင္ဆင္ဖို႔ အိပ္ေဆာင္ထဲဝင္သြားခဲ့တယ္။

တစ္ခ်ိန္တစ္ခါတုန္းက ဒုတိယအဆင့္အမတ္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ ခ်န္ေဝက က်န္းမာေရးေၾကာင့္ အနားယူခဲ့ရတယ္။လက္႐ွိမွာ တာဝန္မထမ္းေဆာင္ႏိူင္ေတာ့သည့္တိုင္ ဟန္ကုန္းကုန္းကေတာ့ ခ်န္ေဝကို အမတ္တစ္ေယာက္အျဖစ္ ႐ိုေသျပရဉီးမွာပါပဲ......

ေနထိုင္မေကာင္းျဖစ္ၿပီးကတည္းက ဧည့္ေတြ႕လက္မခံေတာ့တဲ့ ခ်န္ေဝစီကို သားျဖစ္သူေကာင္းမႈအေၾကာင္းျပဳၿပီး အမိန္႔လႊာေရာက္လာခဲ့ေလၿပီ....

ဒါေတြကို သိျမင္ေနတဲ့ ဟန္ကုန္းကုန္းက ထူးဆန္းတဲ့ အျပဳံးတစ္ခုနဲ႔......

"အ႐ွင့္ဆီ သတင္းျပန္ပို႔ရဉီးမယ္....လူအိုႀကီးကပဲ သားျဖစ္သူကို တစ္ခါတည္းလိုက္ခဲ့ဖို႔ ေျပာေပးပါဉီး...."

လာဘ္လာဘအယူၾကမ္းတယ္လို႔ နာမည္ႀကီးေနတဲ့ ဟန္ကုန္းကုန္းက ဒီေန႔မွာေတာ့ အက်ိဳးအျမတ္ယူဖို႔ျငင္းေနတယ္.....ခ်န္ေဝမသိမသာ တုန္လႈပ္သြားခဲ့တယ္။

"ကုန္းကုန္း အရင္သြားႏွင့္လိုက္ပါ....သားျဖစ္သူက အထုတ္အပိုးျပင္ၿပီး...."

ဟန္ကုန္းကုန္းက မ်က္ေမွာင္ၾကဳံ႕လိုက္ၿပီး ေထ့ေငါ့လိုက္တယ္....

"ဒီလူအိုႀကီးကေတာ့ အသက္ႀကီးလို႔ နားမေကာင္းေတာ့ဘူးထင္ပါရဲ႕....အ႐ွင္ကို ေစာင့္ဆိုင္းရေအာင္ လုပ္ေနတာလား??"

ခ်န္ေဝက မႈန္မိႈင္းတဲ့အမူအရာနဲ႔ သူ႕ေနာက္မွာ ဒူးေထာက္ေနတဲ့ သားျဖစ္သူကို လွည့္ၾကည့္လိုက္တယ္။

ခ်န္ေဝ့မွာ အေမြခံသားသမီးနည္းပါးလြန္းပါတယ္။အႀကီးႏွစ္ေယာက္က သမီးမိန္းကေလးေတြျဖစ္တယ္.....အသက္ငါးဆယ္ေက်ာ္မွ ေမြးလာတဲ့ သားျဖစ္သူကို ရတနာတစ္ပါးသဖြယ္ တန္ဖိုးထားခ်စ္ျမတ္ႏိုးခဲ့ရတယ္.... ဓားတစ္စင္းလိုေျဖာင့္မတ္ေနတဲ့ မ်က္ခုံးေတြနဲ႔ ၾကယ္ေရာင္ေတြလို တစ္ဖ်တ္ဖ်တ္လက္ေနတဲ့ မ်က္ဝန္းေတြပိုင္ဆိုင္ထားတဲ့ သားေလးက ငယ္စဥ္ကတည္းက ေသနတ္ေတြ၊ဓားေတြနဲ႔ေဆာ့ကစားရတာကို ႏွစ္သက္တယ္....ဆယ္စုႏွစ္တစ္ခုၾကာျမင့္ၿပီးခ်ိန္မွာ ခ်န္ဇီမင္းတစ္ေယာက္ ပုံျပင္ေတြထဲက ဝတ္႐ုံျဖဴသူရဲေကာင္းေလးတစ္ေယာက္သဖြယ္ ခန္႔ညားေခ်ာေမာစြာ ႀကီးျပင္းလာခဲ့ပါၿပီ.....

ဒီႏွစ္ပိုင္းေတြမွာ ခ်န္ဇီမင္းတစ္ေယာက္
လူငယ္ေတြၾကားမွာ နာမည္ႀကီးလာခဲ့တယ္။ ဝါသနာတူ သူငယ္ခ်င္းေတြစုၿပီး ေန႔တိုင္း ၿမိဳ႕အျပင္ဘက္မွာ ျမင္းစီ၊မွ်ားပစ္ တတ္ၾကတယ္။အခုေတာ့ျဖင့္ အတည္တက် တာဝန္ထမ္း​ေဆာင္ဖို႔ အမိန္႔လႊာေရာက္လာခဲ့ၿပီ.....

ၿမိဳ႕ေစာင့္တပ္ရဲ႕ တပ္စခန္းက ခ်န္အိမ္ေတာ္နဲ႔သိပ္မေဝးလွေပမယ့္ အေကြ႕အေကာက္မ​်ားလြန္းလွတဲ့ မင္းမႈထမ္းေလာကထဲကို အငယ္ဆုံးသားေလးကို စိတ္ခ်လက္ခ် ဘယ္လႊတ္လိုက္ႏိုင္ပါ့မလဲ....ဒါက ေကာင္းခ်ီးေပးမႈမဟုတ္ဘူး.....

ခ်န္ေဝက စိတ္မသက္မသာျဖစ္မႈေတြကို မ်ိဳသိပ္ထားတဲ့အေနနဲ႔ သက္ျပင္းခ်လိုက္မိတယ္....ဟန္ကုန္းကုန္းကိုပဲ အားကိုးရေတာ့မွာေပါ....

"ဒီလူအိုႀကီးရဲ႕ ေတြေဝမႈေၾကာင့္ ဟန္ကုန္းကုန္းကို ၾကန္႔ၾကာေစမိၿပီ....ဇီမင္းအဝတ္အစားလဲၿပီးတာနဲ႔ ကုန္းကုန္းနဲ႔အတု တစ္ပါတည္း နန္းေတာ္ထဲ အခစားဝင္မွာပါ..."

ေျပာေနတုန္းမွာ ေငြေခ်ာင္းေတြတင္ထားတဲ့ လင္ဗန္းတစ္ခုကို ဇနီးသာ္တစ္ေယာက္က ခ်န္ေဝ့လက္ထဲ လႊဲေပးလိုက္တယ္။ခ်န္ေဝက ထိုလင္ဗန္းကို ဟန္ကုန္းကုန္းဆီ တ႐ိုတေသဆက္သလိုက္တယ္.....

ဟန္ကုန္းကုန္းက မ်က္ႏွာထားခပ္တည္တည္နဲ႔.....

"က်ဴပ္က အ႐ွင့္ရဲ႕ အမႈေတာ္ကို ထမ္း႐ြက္႐ုံပါပဲ.....ဒါေတြမလိုပါဘူး...."

"နန္းေတာ္အေစာင့္ေတြ နန္းတြင္းနဲ႔ ကတိသတ္ေနရတာမလား...အိမ္က ေခြးေကာင္ေလးက ထုံထိုင္းႏုံအတယ္...ေ႐ွ႕ေလွ်ာက္ ကုန္းကုန္းကိုပဲ အပူကပ္ရေတာ့မွာ.. "

"ဒါဆိုလဲ သားျဖစ္သူကို မွာစရာ႐ွိတာ မွာ...ဆုံးမစရာ႐ွိတာ ဆုံးမ....ေနာက္ဆို ခဏခဏ အိမ္ျပန္လာႏိူင္မွာမဟုတ္ေလာက္ဘူး...."

" ေမးပါရေစဉီး....အခုလို အမိန္႔ခ်လိုက္တာ သိပ္မ႐ွင္းလို႔..."

ဟန္ကုန္းကုန္းက ေငြေခ်ာင္းေတြကို အလင္းေရာင္ထဲမွာ ေသခ်ာၾကည့္လိုက္တယ္....

"အ႐ြယ္ေရာက္ေနၿပီပဲ...အဆင္ေျပမွာပါ...."

ခ်န္ေဝရဲ႕ မ်က္ႏွာထားက မဆိုသေလာက္ တင္းမာသြားတယ္။

"လူငယ္ေတြၾကားမွာ နာမည္ႀကီးတယ္ဆိုေပမယ့္လဲ အခုလိုႀကီးေလးတဲ့ တာဝန္ကို ထမ္းေဆာင္ႏိုင္ပါ့မလား??မႏိုင္ဝန္ထမ္းခိုင္းသလိုမ်ားျဖစ္ေနမလား??"

"ဒါဆို ခင္ဗ်ားသားကို က်ဳပ္ေမးစရာ႐ွိတယ္....လြန္ခဲ့တဲ့ ရက္ပိုင္းလိုက္က ၿမိဳ႕ေတာင္ပိုင္း လီဟြာပို ကို အမဲလိုက္ ထြက္ခဲ့ေသးလား??"

"ဇီမင္း...ကုန္းကုန္းေမးတာ ေျဖလိုက္ေလ..."

ခ်န္ဇီမင္းက ေ႐ွ႕ကို ႏွစ္လွမ္းတိုးလိုက္ၿပီး အ႐ိုအေသျပဳၿပီးမွ....

"ဟုတ္ကဲ့.ကြၽန္ေတာ္ သြားခဲ့ပါတယ္"

ငယ္စဥ္ကတည္းကအလိုလိုက္ခံထားရေပမယ့္ ခ်န္ေဝရဲ႕ စည္းကမ္းေတြေအာက္မွာ လိမၼာေရးျခား႐ွိတဲ့ လူရည္မြန္ေလးတစ္ေယာက္အျဖစ္ ႀကီးျပင္းလာခဲ့မွန္း တစ္ခ်က္ၾကည့္႐ုံနဲ႔တင္ သိျမင္ႏိူင္တယ္။

"ဟုတ္တယ္...အဲ့ေန႔တုန္းက အ႐ွင္လဲ ေတာကစားထြက္ခဲ့တယ္....သခင္ေလးလင္းတို႔ သခင္ေလးခ်န္တို႔ကိုေတြ႕ခဲ့ပုံရတယ္...ထိပ္တန္းျမင္းစီးစြမ္းရည္နဲ႔ ေျခလွမ္းတစ္ရာမွ်ားပစ္စြမ္းရည္ေတြကို အေတာ္သေဘာက်သြားပုံပဲ....နန္းေတာ္ကိုျပန္ေရာက္တဲ့အထိ ခ်ီးက်ဴးေနခဲ့တာ...."

ေသခ်ာ အေသးစိတ္ နားမလည္ေပမယ့္ ခ်န္ေဝတစ္ေယာက္ သားျဖစ္သူကို အားရေက်နပ္တဲ့အၾကည့္ေတြနဲ႔ ၾကည့္လိုက္တယ္။

....................

နန္းေဆာင္ေတြအကုန္လုံး တိတ္ဆိတ္ေနတယ္.....

ဟန္ကုန္းကုန္း ေနာက္ကေန လိုက္ၿပီး နန္းေတာ္ထဲကို အခစားဝင္ခဲ့တယ္။ေဘးဘီဝဲယာကို မၾကည့္မိေအာင္ ထိန္းခ်ဳပ္ထားရေပမယ့္ စူးစမ္းလိုစိတ္ေတြကိုေတာ့ျဖင့္ ဖုံးဖိမရခဲ့ေပ.....

ကိုယ္ခံပညာမွာ က်င္း႐ွီအဆင့္ကတုန္းက အ႐ွင္မင္းျမတ္ကို အေဝးကေန ဒူးေထာက္ၿပီးေမာ္ဖူးခဲ့ ဖူးတယ္....

ငယ္႐ြယ္တဲ့ အ႐ွင္မင္းျမတ္က သူနဲ႔အသက္အတူတူေလာက္ပဲ႐ွိဉီးမယ္.....ဒါေပမယ့္ စူး႐ွတဲ့အၾကည့္ေတြကေတာ့ျဖင့္ ေလးနက္တည္ၾကည္တဲ့ အသြင္ကိုေဖာ္ေဆာင္ေနတယ္...

ေတာ္ဝင္ေသြးရဲ႕ အ႐ွိန္အဝါႀကီးျမတ္မႈ ထင္ပါ့.....

အဓိကနန္းေဆာင္ေ႐ွ႕ေရာက္တဲ့အခါ ဟန္ကုန္းကုန္းက....

"နာမည္ေခၚသံၾကားမွ ဝင္လာခဲ့..."

ဟန္ကုန္းကုန္းရဲ႕အမူအရာက ေလးနက္ေနတဲ့အတြက္ ခ်န္ဇီမင္း ဘာမွမေမးေတာ့ဘဲ ေခါင္းညိတ္ျပလိုက္တယ္။

တစ္ေယာက္တည္းက်န္ခဲ့တဲ့ ခ်န္ဇီမင္းက နန္း​ေတာ္တိုင္လုံးေတြေ႐ွ႕မွာ ရပ္ေစာင့္ေနခဲ့တယ္။အထဲကေန ဘယသံမွမၾကားရတဲ့အတြက္ ဇေဝဇဝါျဖစ္မိသြားျပန္တယ္....

"ခ်န္ဇီမင္း အခစားဝင္ေစ...."

ဒီ အသံက ခ်န္ဇီမင္းအတြက္ေတာ့ ခြန္ျမေနတဲ့ ဓားသြားေတြလိုပါပဲ....

ခ်န္ဇီမင္း နန္းေဆာင္ထဲကို အျမန္ဝင္သြားလိုက္တယ္....ဝတ္႐ုံစကိုသိမ္းၿပီး ဒူးေထာက္ကာ သုံးႀကိမ္တိုင္တိုင္ ဂါရဝျပဳခဲ့တယ္....

ဉီးေခါင္းအထက္က ပုလႅင္ေပၚကေန ဘာတုန္႔ျပန္သံမွ မၾကားရေသးေပ....

ခ်န္ဇီမင္း ဒီအတိုင္း ဒူးေထာက္ေနေပမယ့္ ပုလႅင္ကေန စီးမိုးၾကည့္ေနတဲ့ စူး႐ွတဲ့အၾကည့္ေတြကိုခံစားမိေနတယ္....သို႔ပါေသာ္လည္း ပုလႅင္ေျခရင္းက ေလွကားထစ္ေတြလြဲရင္ ဘာကိုမွ်မျမင္ႏိူင္ခဲ့ေပ...ေဘးဘီကိုၾကည့္လိုက္ေတာ့....အနက္ေရာင္သားေရဖိနပ္စီးနင္းထားတဲ့​ေျခေထာက္ေပါင္းမ်ားစြာေၾကာင့္ ခန္းမထဲမွာ လူအမ်ားႀကီး႐ွိေနမွန္းသိလိုက္ရတယ္....ခ်န္ဇီမင္း အသက္ျပင္းျပင္း႐ွဴမိမွာေတာင္ေၾကာက္ေနရတယ္....

ခဏအၾကာမွာေတာ့..."ေကာင္းၿပီ.."ဆိုတဲ့ အတက္အက်အနိမ့္အျမင့္မ႐ွိတဲ့ အ႐ွင္မင္းျမတ္ရဲ႕ အသံကိုၾကားလိုက္ရတယ္။

အ႐ွင္မင္းျမတ္ရဲ႕ စိတ္ထဲ ဘာေတြမ်ားေတြးေတာေနသလဲ??

"ဘာေတြ႐ူးေၾကာင္ေၾကာင္လုပ္ေနတာလဲ သြားၾကမယ္..."

ဆိုတဲ့ ဟန္ကုန္းကုန္းရဲ႕ စကားသံၾကားရေတာ့မွသာ သတိျပန္ကပ္မိေတာ့တယ္။

ခန္းမ အျပင္ဘက္ေရာက္ေတာ့မွ ဂုတ္ပိုးကို လက္နဲ႔သပ္ၾကည့္လိုက္မိတယ္....ဘယ္အခ်ိန္ကတည္းက ေခြၽးေစးေတြထြက္ေနတာပါလိမ့္.....

ခ်န္ဇီမင္းရဲ႕ ကံေကာင္းမႈေတြက သာမာန္လူေတြနဲ႔ ႏိႈင္းယွဥ္မရႏိုင္ေပ....

သာမာန္လူေတြ တစ္သက္တာမေမွ်ာ္မွန္းႏိုင္ေလာက္တဲ့ ရာထူးမ်ိဳးကို လြယ္လြယ္ရခဲ့ေပမယ့္ ခ်န္ဇီမင္းကေတာ့ မေပ်ာ္ႏိူင္႐ွာခဲ့ေပ....

ဒါက အုတ္ျမစ္မခ်ဘဲ အိမ္ေဆာက္ေနသည့္ႏွယ္....ေရႀကီးတဲ့အခါ အလြယ္တကူၿပိဳပ်က္သြားပါလိမ့္မယ္...ဘာတစ္ခုမွ ႀကိဳးစားအားထုတ္မႈမ႐ွိဘဲ ရလာခဲ့တဲ့ ရာထူးကို ဘယ္အခ်ိန္အထိ ထိန္းထားႏိူင္မွာလဲ???

ခ်န္ဇီမင္း တစ္ေယာက္တည္း ဒီလိုေတြးေနတာမဟုတ္မွန္း တျဖည္းျဖည္းသိလာခဲ့ရတယ္။လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ ဖယ္က်ဥ္ထားမႈေတြ၊ လက္ေအာက္ငယ္သားေတြရဲ႕ မထီမဲ့ျမင္ျပဳမႈေတြ၊အထက္လူႀကီးေတြရဲ႕ ကဲ့ရဲ႕မႈေတြ.....ဒါေတြဟာ လူတိုင္း သူ႕လိုေတြးေနမွန္း ခ်န္ဇီမင္းကို သိျမင္ေစခဲ့တယ္။

အ႐ွင္မင္းျမတ္ရဲ႕ အာဏာေတာ္က ရာထူးဂုဏ္သိမ္ကို ေပးစြမ္းႏိုင္ပါေသာ္လည္း ႐ိုေသေလးစားခံျခင္းကိုေတာ့ျဖင့္ မေပးစြမ္းႏိူင္ခဲ့ေပ....

ဒါမွမဟုတ္ လ်စ္လ်ဳ႐ွဴျခင္းကို ေ႐ြးလိုက္ႏိူင္တာပဲ.....ပၪၥမအဆင့္အရာ႐ွိဆိုတာ အင္မတန္မေရးပါ ေနတာမွမဟုတ္တာ....

ဒါေၾကာင့္ ခ်န္ဇီမင္းရဲ႕ အရာ႐ွိဘဝေန႔ရက္ေတြခက္ခဲလာခဲ့တယ္.....

တစ္ေန႔ၿပီး တစ္ေန႔ေစာင့္ေမွ်ာ္ေနခဲ့တယ္....စစ္ေျမျပင္မွာ ဓားတစ္လက္ကို ကိုင္ဆြဲၿပီး ရန္သူေတြကိုတိုက္ထုတ္မယ္....ဒါဆို လူတိုင္းရဲ႕စိတ္ထဲမွာ သူ႕ကို သူရဲေကာင္းအျဖစ္မွတ္ထားက်လိမ့္မယ္....

စစ္တပ္မွာ ခြန္အားနဲ႔ ေနာက္ခံ႐ွိမွသာ စကားေျပာႏိုင္ပါလိမ့္မယ္....သို႔ေပမယ့္ ခ်န္ဇီမင္းမွာေတာ့ျဖင့္ အရာရာ ဗလာနတၳိ.....

ဒါေၾကာင့္ ေန႔ရက္ေတြက အပ္ဖ်ားကို ဖင္ခုထိုင္ထားရသလို ခက္ခဲလြန္းလွတယ္....

အ႐ွင္မင္းျမတ္ကိုေတာ့ တစ္ေခါက္ေလာက္ ဖူးေမွ်ာ္ခ်င္ပါေသးရဲ႕.....

မ်က္ႏွာေတာ္ကို ေသခ်ာေမာ္မဖူးခဲ့ရေပမယ့္ ထူးထူးျခားျခား ရင္းႏွီးေနသလိုခံစားရတယ္...အခြင့္အေရးေလးမ်ား ေပးသနားလာဉီးမလား....

Continue Reading

You'll Also Like

85.3K 4.5K 22
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
484K 19.5K 20
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
893K 17.7K 83
ကောင်မလေးကိုချစ်ပါသည်။