Chapter (17)

1K 167 1
                                    

တောင်တန်းတွေအလွန်မှာ တည်ရှိနေတဲ့ ပုလုကုန်းရဲ့ မြို့တော်ကို ချန်ဇီမင်း မျှော်ငေးနေတယ်.....

တောင်တန်းတွေက မြင့်မားမတ်စောင်တဲ့အပြင် ဆီးနှင်းတွေဖုံးလွှမ်းနေသေးတယ်...
ရေခဲနေတဲ့ မြစ်ကို ဖြတ်ကူးခြင်းကသာလျှင်
ဒီတောင်တန်းတွေကို ကျော်ဖြတ်နိူင်မယ့်နည်းလမ်းဖြစ်တယ်... မြစ်ကို ဖြတ်ကူးရာမှာလဲ ရေခဲတွေအက်ကွဲသွားပါက ချက်ချင်း လက်ငင်း အသက်ဆုံးပါးသွားနိုင်တယ်.....

ချန်ဇီမင်း ဘာတွေတွေးနေလဲ သဘောပေါက်သွားတဲ့အခါ ဝူကောင်းတစ်ယောက် လက်ခါ​ခြေခါနဲ့.....

"မဖြစ်ဘူး......အန္တာရယ်များလွန်းတယ်...."

ချန်ဇီမင်း ဝူကောင်းကို လှည့်ကြည့်လိုက်ပြီး....

"ဒီနည်းလမ်းက အန္တာရယ်တယ်ဆို ဘယိနည်းလမ်းနဲ့ အနိုင်အောင်တိုက်ကြမလဲ..."

ဝူကောင်းက စိုးရိမ်ပူပန်နေဟန်နဲ့......

"ကျွန်တော်တို့က အခုမှ လျန်ယွန်းဘောင်ကို သိမ်းနိုင်ခဲ့တာ...နီးစမ်ရာ စီရင်စုတွေဆီက ပို့ပေးမယ့် တပ်ကူတွေကို စောင့်လိုက်ပါဉီး....လက်ရှိတပ်သားတွေနဲ့ ထပ်ရောက်လာမယ့် တပ်ကူတွေပေါင်းလိုက်ရင် ပုလုကုန်း ဘုရင်ခံလဲ ကြောက်လန့်ပြီး အညံ့ခံလာလိမ့်မယ်....ဘာလို့များ စွန့်စားနေစရာလိုသေးလို့လား......."

"ပထမအချက်....စစ်ကူတွေရောက်ဖို့ ဆယ်ရက်လောက်အချိန်ယူရမယ်...ကျုပ်တို့မှာစောင့်နေဖို့ ရိက္ခာတွေ မြက်တွေ (မြင်းစာ) မလုံလောက်တော့ဘူး....ဒုတိယအချက် ရန်သူတွေ ထပ်ရောက်လာပြီး အရှေ့နောက် ညှဏ်ပူးညှပ်ပိတ်တိုက်လို့ရကတော့ ကျုပ်တို့တွေ မြှုပ်စရာမြေမရှိတဲ့ဘဝရောက်ကုန်လိမ့်မယ်...."

ချန်ဇီမင်းရဲ့ နှုတ်ကနေ ထွက်ကျလာတဲ့စကားလုံးတွေက ဝူကောင်းရဲ့ စိတ်ကူးယဉ်အိမ်မက်တွေကို ညှာတာမှုမရှိ ရိုက်ချိုးသွားလေပြီ.......

ဝူကောင်း လက်နှစ်ဖက်ကို ပွတ်သပ်နေမိတယ်....သေခြင်းတရားရှိရာအရပ်ဆီမသွားချင်သလို အခုချိန်မှာ အကြံဉာဏ်ကောင်းတွေလဲ မပေးနိုင်တဲ့အတွက် ချွေးပြန်နေလေပြီ......

General OrderWhere stories live. Discover now