Chapter (9)

1.1K 192 10
                                    

အရှင့်ရဲ့လေသံ ပြေလျော့သွားတာကြောင့် ချန်ဇီမင်း နည်းနည်းတော့ စိတ်အေးသွားတယ်...

သို့ပေမယ့် ဉီးခေါင်းအထက်ဆီကနေ ပေါ့ပါးစွာပြန့်လွှင့်လာတဲ့စကားလုံးတွေက​တော့....

"အကယ်၍ အနာဂတ်မှာ ကိုယ်တော့်ကို ဒါမျိုး ထပ်မေးခွင့်ကြုံဉီးမယ်ဆိုရင်တော့ ပြောဖို့မလွယ်လောက်တော့ဘူး...."

ချန်ဇီမင်း မှင်သက်စွာ ငေးကြည့်နေမိတယ်...အရှင်ကတော့ စိတ်အေးချမ်းသာစွာအိပ်စက်နေနှင့်ပြီ....သူ့ကို ဒူးထောက်နေရာကနေ ထဖို့ မမိန့်သွားတဲ့အတွက် ဒါဟာအပြစ်ပေးခြင်းဖြစ်မှန်း ချန်ဇီမင်းနားလည်လိုက်ပါပြီ.....

သူ့ဘဝခရီးလမ်းက အခုချိနိကစပြီး ခက်ခဲတော့မယ်မှန်းသိတာကြောင့် ချန်ဇီမင်း ခေါင်းငိုက်စိုက်ကျနေလေပြီ....အရှင် သူ့ကို ဘယ်လို နှိပ်စက်ဉီးမှာလဲ..သူ့မိသားစုကိုရောလွှတ်ပေးပါ့မလား....တွေးရင်းတွေးရင်း ဉီးရေပြားတွေထုံထိုင်းစပ်ဖျဉ်းလာတယ်....နှလုံးအိမ်ထဲကနေ လှိုက်တက်လာတဲ့ မအီသာဖြစ်မှုတွေ ပြည့်နှက်နေတဲ့အပြင် အိပ်ရေးမဝခြင်းကြောင့်​ နွမ်းလျနေပါသော်လည်း ကြောင်စီစီအတွေးတွေနဲ့ ဒူးထောက်နေဆဲပင်......

ဒီလိုနဲ့ပဲ နံနက်မိုးသောက် အလင်းရောက်ခဲ့ပြန်တယ်.....

ဘိုးဘေးကန်တော့ခြင်း ခရီး လုံခြုံအေးချမ်းစွာပြီးဆုံးခဲ့ပါတယ်....နန်းတော်ကိုပြန်ရောက်ကတည်းက ချန်ဇီမင်း အရှင့်ဆီကနေ အကြိမ်ပေါင်းများစွာ ဆင့်ခေါ်ခံခဲ့ရတယ်...ဒါဟာ ချန်အိမ်တော်အတွက် တိုးတက်ရာလမ်းစတစ်ခုဖြစ်လာခဲ့တာကြောင့် ချန်အိမ်တော်ဆီဝင်ထွက်နေတဲ့ ဧည့်သည်တွေများပြားလာတယ်....အခုဆို ချန်အိမ်တော်က အတော်လေးသက်ဝင်လှုပ်ရှားနေပြီး အဆက်သွယ်ပြတ်နေတဲ့ မိတ်ဟောင်းဆွေဟောင်းတွေကပါ တကူးတက ဆက်သွယ်လာနေကြပြီ.....

ချန်ဇနီမောင်နှံတို့က လောကရဲ့ အနိမ့်အမြင့်အတက်အကျ သဘောကို အမှန်တကယ်နားလည်ထားသည့်တိုင် သားဖြစ်သူရဲ့အောင်မြင်မှုအတွက် ဝမ်းမသာဘဲ နေနိူင်ပါ့မလား....

ဆင့်ခေါ်ခံရခြင်းရဲ့ အကြောင်းအရင်းအစစ်အမှန်ကို ချန်ဇီမင်းတစ်ယောက်တည်းပဲသိတယ်.....

General OrderWhere stories live. Discover now