Whatever You Are

By Blacksheep303

56.1K 3.8K 81

တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို Yizhan Version လေးနဲ့ စိတ်ကူးလေးတွေ ဖြည့်စွက်ပြီး ရေးထားတာပါ အချစ်က - တားဆ... More

Whatever You Are (1)
Whatever You Are (2)
Whatever You Are (3)
Whatever You Are (4)
Whatever You Are (5)
Whatever You Are (6)
Whatever You Are (7)
Whatever You Are (8)
Whatever You Are (9)
Whatever You Are (10)
Whatever You Are (11)
Whatever You Are (12)
Whatever You Are (13)
Whatever You Are (14)
Whatever You Are (16)
Whatever You Are (17)
Whatever You Are (18)
Whatever You Are (19)
Whatever You Are (20)
Whatever You Are (21)
Whatever You Are (22)
Whatever You Are (23)
Whatever You Are (24)
Whatever You Are (25)
Whatever You Are (26)
Whatever You Are (27)
Whatever You Are (28)
Whatever You Are (29)
Whatever You Are (30)
Whatever You Are (31)
Whatever You Are (32)
Whatever You Are (33) Final
Author's Note
Whatever You Are Zawgyi (1)
Whatever You Are Zawgyi (2)
Whatever You Are Zawgyi (3)
Whatever You Are Zawgyi (4)
Whatever You Are - Zawgyi (5)
Whatever You Are - Zawgyi (6)
Whatever You Are - Zawgyi (7)
Whatever You Are - Zawgyi (8)
Whatever You Are - Zawgyi (9)
Whatever You Are - Zawgyi (10)
Whatever You Are - Zawgyi (11)
Whatever You Are - Zawgyi (12)
Whatever You Are - Zawgyi (13)
Whatever You Are - Zawgyi (14)
Whatever You Are - Zawgyi (15)
Whatever You Are - Zawgyi (16)
Whatever You Are - Zawgyi (17)
Whatever You Are - Zawgyi (18)
Whatever You Are - Zawgyi (19)
Whatever You Are - Zawgyi (20)
Whatever You Are - Zawgyi (21)
Whatever You Are - Zawgyi (22)
Whatever You Are - Zawgyi (23)
Whatever You Are - Zawgyi (24)
Whatever You Are - Zawgyi (25)
Whatever You Are - Zawgyi (26)
Whatever You Are - Zawgyi (27)
Whatever You Are - Zawgyi (28)
Whatever You Are - Zawgyi (29)
Whatever You Are - Zawgyi (30)
Whatever You Are - Zawgyi (31)
Whatever You Are - Zawgyi (32)
Whatever You Are - Zawgyi (33) Final
Author's Note - Zawgyi

Whatever You Are (15)

1.1K 84 2
By Blacksheep303

ဒီနေ့ ဆိုရင် ရှောင်းကျန့်နဲ့ လက်ထပ်ထားတာ ၄လကျော်ခဲ့ပါပြီ တကယ်တမ်းအတူနေလာတဲ့အခါမှာ အခန့်မသင့် တာမျိုးလေးတွေ ကတောက်ကဆဖြစ်တာမျိုးလေးတွေ ရှိလာခဲ့ပါတယ် ချစ်သူရည်းစားဘဝတုန်းက သိပ်မမြင်တွေ့ခဲ့ရတဲ့ အပြုအမူလေးတွေကို နှစ်ဖက်စလုံးမှာ တွေ့လာရလာမျိုးပါ

ကြီးကြီးမားမား မဟုတ်ပေမယ့်လည်း အသေးအဖွဲလေးတွေအတွက် စိတ်ဆိုးတာ စိတ်ကောက်တာ ရန်ဖြစ်တတ်တာမျိုးတွေ ရှိခဲ့ပေမယ့် ကျွန်တော်တို့ ရန်ဖြစ်စိတ်ကောက်တာ နေ့မကူးပါဘူး အလိုလိုနေရင်း ပြန်ပြန်ပြီး တည့်သွားတာပဲ တစ်ခါတစ်လေ ကိုယ်ချော့ တစ်ခါတစ်လေ သူချော့နဲ့  ရန်ဖြစ်ရင်းနဲ့ ပြန်ချစ်လိုက် ပြန်ချစ်ရင်း နဲ့ ရန်ဖြစ်လိုက် နဲ့ အိမ်ထောင်သည် ဘဝက ပျော်စရာလေးပါ ရိပေါ်အတွက် ရှောင်းကျန့်နဲ့ အပြည့်အဝ ချစ်ကြည်နူးခွင့် မရသေးတာကလွဲရင် အားလုံးအဆင်ပြေပါတယ်

ဖြစ်တတ်တဲ့ ပြဿနာလေးတွေကတော့ ည ညဆိုရင် ရှောင်းကျန့်က ညနာရီ ၂နာရီ ၃နာရီ ဝန်းကျင်လောက်ဆိုရင် တရေးနိုးတတ်တာပါ တရေးနိုးတတ်တာ အကြောင်းမဟုတ်ပေမယ့် တရေးနိုးလာရင်

"ရိပေါ် ....ရိပေါ်.... ရိပေါ် ရေ"

ဆိုပြီး ရိပေါ်ကို လာနှိုးတတ်ပါတယ်  အစက ရိပေါ် က ဘာများလဲဆိုပြီး အလန့်တကြားနဲ့ ထကြည့်ပေါ့

"အချစ် ဘာဖြစ်လို့ ဘာလုပ်ပေးရမလဲ "

ရိပေါ်ဆီက ပြန်ထူးသံ ကြားရင်

"ဘယ်နှစ်နာရီရှိပြီလဲဟင် နာရီက အဝေးမှာဆိုတော့ ကောင်းကောင်းမမြင်ရလို့  ဖုန်းကလည်း ဘယ်နားမှာလဲ ရောက်နေလဲမသိဘူး လိုက်စမ်းတာ မရလို့"

သူကသာ အိပ်ချင်မူးတူးနဲ့ မျက်လုံးမဖွင့်တာ ရိပေါ်မှာ နာရီ ထကြည့်ပေးရပါတယ်

"၃း ၄၅ ရှိပြီ အချစ် "

"ဪ အင်းအင်း မိုးမလင်းသေးဘူး ကောင်းကောင်းအိပ်လို့ရသေးတယ်"

အဲဒီလို ပြောပြီး ရှောင်းကျန့်က အေးအေးဆေးဆေး ပြန်အိပ်သွားတတ်ပါတယ် ရိပေါ်သာ အအိပ်ဆတ် တတ်သူဆိုတော့ နိုးလွယ်ပေမယ့် ပြန်အိပ်ရခက်တာမို့ ချက်ချင်းအိပ်မပျော်တာမို့  အိပ်ရေးမဝတာ ဖြစ်ရော တစ်ခါတစ်လေ ရတဲ့အခွင့်အရေးလေး အသုံးချမယ်လို့ စိတ်ကူးပြီး

"အချစ် တရေးနိုးလက်စနဲ့ မထူးပါဘူး ကျွန်တော့်မှိုလေး နိုးသွားပြီမို့ အချစ်စမ်းပေးပါဦး" လို့ပြောမိရင်

"အာ....ရိပေါ် အချိန်မဟုတ် အခါမဟုတ် မင်းမှိုက ဘာလို့နိုးလာတာလဲ"

"အချစ် နှိုးလိုက်တာ အချစ်ကလာနှိုးမှတော့ နှိုးပြီပေါ့"

"ပြီးတာပဲ ပေး ...ပေး စမ်းပေးမယ်"

ဆိုပြီး ရိပေါ်ရဲ့ ညီလေးပေါ် သူ့လက်နူးနူးညံ့ညံ့လေးတွေနဲ့ သေသေချာချာ ပွတ်ဆွဲပေးပါတယ် ဒီလိုကျတော့လည်း တရေးနှိုးရတာ တန်သွားပြီလို့ တွေးလို့မှ မဆုံးသေးဘူး ရှောင်းကျန့်က ရိပေါ်ညီလေးကို ဆုပ်ကိုင်ထားရင်းနဲ့ကို ပြန်အိပ်ပျော်သွားတတ်ပါတယ် ပြန်နှိုးလည်း မရတော့ပါဘူး အင်း..အင်းဆိုတဲ့အသံက လွှဲရင် ဘယ်လိုမှ နှိုးမရတော့ပါဘူး နှိုးမရတာ သေချာပြီမို့ အခွင့်အရေးလေးယူဖို့ စိတ်ကူးပြီး
င်္အကျီလေးများ လှန်လိုက်မိပါတယ် ဒီဇိုင်းနာ ရှောင်းကျန့်က ကိုယ့်ကိုကိုယ် အပြည့်အစုံ သေချာကာကွယ်ထားတာ ရေကူးဝတ်စုံလို အဝတ်ကိုမှ ဘာအသားတွေနဲ့ ဘယ်လိုတွေချုပ်ထားမှန်းမသိဘူး ကိုင်လိုက်တာ အသားက ကြမ်းရှပြီး Feel မလာ နှိုက်လို့တောင်မရအောင် အသေကကြပ်သေး
ဘယ်နားကဖွင့်ရမှန်း မသိ ချွတ်ရမှန်း မသိ ဖြစ်တာမျိုးနဲ့ မိုးမလင်းသေးခင် ညကမှောင်မှောင် စိတ်ကမှောင်မှောင် အမှောင်ကမ္ဘာထဲ သာသာယာယာ တိမ်တွေပေါ်လွင့်ရမလား အောင့်မေ့ပါတယ် ညကြီးမိုးချုပ် တစ်ယောက်တည်း ရွာလည်နေရတာမျိုးတွေပေါ့ သိပ်တော်တဲ့ ဒီဇိုင်နာနဲ့ရထားဒီတစ်ခါ မကောင်းဘူး မတတ်သာတဲ့အဆုံး ရှောင်းကျန့် ကိုဖက်ပြီး ကြိတ်မှိတ်အိပ်လိုက်ရတာမျိုးပေါ့ ကိုယ်လည်းဘယ်အချိန်အိပ်ပျော်မှန်းမသိ ညီလေးလည်း ဘယ်အချိန်ပြန်အိပ်ပျော်သွားမှန်းမသိ ဖြစ်ပြီး မှန်းချက်နဲ့နှမ်းထွက် မကိုက်တဲ့ညတွေ ရိပေါ်ခဏခဏကြုံရပါတယ် ဒါပေမယ့် မိုးလင်းလို့ ရှောင်းကျန့်နိုးလာရင်

"ရိပေါ် ....ရိပေါ်...ဆောရီးနော် ညက အလုပ်မှာ ပင်ပန်းထားတဲ့အရှိန်ကြောင့် ဘယ်လိုအိပ်ပျော်သွားမှန်း မသိဘူး"

အဲဒီအချိန် ရိပေါ်က အိပ်ရေးမဝသေးဘူးလေ အသံကြားပေမယ့် ပြန်မထူးတော့ပါဘူး ဆက်ပြီးပဲ အိပ်နေလိုက်တတ်တာ အဲလိုဆိုရင် ရှောင်းကျန့်က အလည်လေး

"အာ...ငါ့ရဲ့ရိပေါ်လေး အိပ်နေတာ ချစ်ဖို့ကောင်းလိုက်တာ ပါးဖောင်းလေးနဲ့ ပါးလေးနည်းနည်းလောက် ကိုက်ပါရစေ မနက်စာ ပါမုန့်အစား ရိပေါ် ပါးလေးပဲ နည်းနည်းပေးစားပါဦးနော်"

ရိပေါ်ဘာမှ ပြန်မပြော ဆက်အိပ်ပြနေလိုက်တာပေါ့ စိတ်ဆိုးကြောင်း သိအောင် နှုတ်ခမ်းလေးတော့ ထော်ပေးလိုက်တာပေါ့

"အာ...ပါးလေးတင်မကဘူး နှုတ်ခမ်းထော်ထော်လေးလည်း ပေးမြည်းပါဦး"

ပြောလည်းပြော လည်ပင်းကိုဖက်ပြီး လာနမ်းတတ်တဲ့ ရှောင်းကျန့်ပေါ့ ဒီလိုအချိန်ဆို ရိပေါ်ဆက်ပြီး ဟန်မဆောင်နိုင်ပါဘူး သူနမ်းကိုယ်နမ်းပေါ့ ဒီနေရာမှာ အညံ့ခံလို့ မဖြစ်ဘူးလေး

နမ်းလို့မောလာရင် ရှောင်းကျန့်က

"ခဏလေး ရိပေါ် ဟောဒီက ရိပေါ်လေး စိတ်ကောက်ပြေပေမယ့် အောက်က ညီတော်မောင် က စိတ်ကောက်ပြေရဲ့လားမသိပါဘူး သူ့လည်းချော့ရဦးမှာပဲ" ဆိုပြီး ကောင်ခါငင်ခါ အချစ်စမ်းတတ်ပါတယ်

"အယ် .... ရိပေါ် ညီလေး တကယ်စိတ်ကောက်နေတာပဲ ငါ့ကို လှည့်မကြည့်ဘူးတော့ ခွေခေါက်နေတာပဲ"

ပါးစပ်ကပြောလည်းပြော ညစ်လည်းလာညစ်တဲ့ ရှောင်းကျန့်ပေါ့ ရိပေါ်လိုပါပဲ ရှောင်းကျန့်တစ်ခါချော့ရုံနဲ့ ရိပေါ်က စိတ်ကောက်တာပြေတတ်သလို ရိပေါ်ညီလေးက ရှောင်းကျန့် တစ်ခါညစ်ရုံနဲ့ ရှောင်းကျန့်လက်ထဲ ကောက်ကောက်ပါအောင်လိုက်လာတတ်မို့ မနက်ခင်း မှာ အချစ်စမ်းကြရင်း ချစ်ပြီးတော့ အချစ်ဖြစ်နေတာက ရိပေါ်နဲ့  ရှောင်းကျန့် ပထမဆုံး အချစ်သံသရာပေါ့ အဲဒီအချစ်သံသရာကမျိုး တစ်ပတ်မှာ လေးခါ သံသရာလည်တတ်ပါတယ်

နောက်ထပ် ဖြစ်နေကျ ပြဿနာတစ်ခုက ရိပေါ်က အရမ်းအသန့်ကြိုက်ပြီး ရှောင်းကျန့်က အရမ်းအသန့် ကြိုက်တာကို Sensitiveဖြစ်ပြီး ရွဲ့တတ်တာမျိုးပါ ဘယ်လိုမျိုးလဲဆိုတော့ အိပ်ခါနီးရင် ရိပေါ်က မျက်နှာသစ် သွားတိုက် ခြေလက်မျက်နှာဆေးပြီး အိပ်တတ်တာပါ ရှောင်းကျန့်က စိတ်ပါရင် သန့်ရှင်းရေးလုပ်ပြီး စိတ်မပါရင် မလုပ်ပါဘူး သူသန့်ရှင်းရေးလုပ်တာ မမြင်ရင် ရိပေါ်က ကောင်းစေချင်တဲ့ ဆန္ဒနဲ့

" အချစ် မအိပ်ခင် ခြေလက်မျက်နှာဆေး သွားတိုက်နော်"

ရှောင်းကျန့်က မကြည်သလို မျက်နှာဘေးနဲ့

" မဆေးဘူးကွာ ဘာလုပ်ချင်လဲ"

"ဘာမှ မလုပ်ပါဘူး အချစ်ကလည်း ပိုပြီး သန့်သန့်ရှင်းရှင်း ဖြစ်သွားအောင်လို့ပါ သန့်သန့်ရှင်းရှင်းလေးဆို နေလို့ကောင်းတယ် အချစ်ကို အဲလို ခံစားချက်လေးရချင်လို့ပါ"

" မလိုချင်ဘူး ငါဒီအတိုင်းအိပ်မှာ"

"မရဘူး ခြေထောက်မဆေးဘဲနဲ့ အိပ်ရာပေါ်မတက်နဲ့"

ရိပေါ်နိုင်မလားလို့ ရာဇသံပေးကြည့်မိတာပါ

"ခြေထောက်မဆေးရင် တကယ်အိပ်ရာပေါ် ပေးမတက်ဘူးလား"

"အင်း မတက်ရဘူး ကျွန်တော်က သန့်ရှင်းမှ ကြိုက်တာ"

"ငါ့ကို တကယ် အိပ်ရာပေါ် ပေးမတက်ဘူးပေါ့ ခြေထောက်မဆေးရင်"

"တကယ် အချစ်ကို သန့်သန့်ရှင်းရှင်း ဖြစ်စေချင်လို့ ပြောနေတာလေ နားထောင်လေ ကောင်းစေချင်လို့လေ"

"ရတယ် လေ.... မင်းဆန္ဒကို ငါဖြည့်ဆည်းပေးရမှာပေါ့"

အဲလိုပြောပြီး ရှောင်းကျန့်က အိမ်အောက်ထပ် ပြေးဆင်းသွားပါတယ် ဖိနပ်လည်း မပါပါဘူး ခြံထဲမြေလမ်းလေးပေါ် ဖိနပ်မပါဘဲ လျောက်သွားနေတာပါ

"အချစ် ဘာလုပ်နေတာလဲ ခြေထောက်ဆေးဖို့ ပြောခါမှ ဖိနပ်မပါ ဘာမပါ ပေတူးအောင် လုပ်နေပြန်ပြီ"

"ဟုတ်တယ် ငါက ညစ်ပတ်အိုး ဘာလဲ မကျေနပ်ဘူးလား မင်းဘဲ ခြေထောက်မဆေးရင် အိပ်ရာပေါ် မတက်နဲ့ဆို ငါလည်း တက်ဖို့ အစီအစဉ် မရှိဘူး အိပ်ရာပေါ် မပြောနဲ့ အိမ်ထဲတောင် ဝင်ဖို့ အစီအစဉ် မရှိဘူး ငါ ဒီနေ့ လမ်းပေါ်မှာပဲ အိပ်မှာ မင်းဖာသာမင်း သန့်ရှင်းသော သန့်ရပ်သော ကောင်းမွန်သော အိပ်ရာထဲမှာ သန့်သန့်ရှင်းရှင်း မင်းတစ်ယောက်တည်းအိပ် ငါမလာဘူး"

"ဟာ အချစ်က ရစ်ပြီဗျာ"

"ဘာလို့ တစ်ယောက်တည်း အိပ်မှာလည်း မအိပ်ပါဘူး ကျွန်တော်သန့်ရှင်းနေပေမယ့် အချစ် က အပြင်မှာ ညစ်ပတ်ပေတူးပြီး အဆင်မပြေဘူးလေ"

"မင်း အဆင်ပြေရင် ပြီးတာပဲ ငါ့အတွက် အရေးမကြီးဘူး"

"မလုပ်ပါနဲ့ အချစ်ရယ် လာပါ ချစ်လို့ပြောတာလေ"

"မရဘူး မင်းကြိုက်တာရွေး သန့်သန့်ရှင်းရှင်း အိပ်မလား ငါနဲ့ညစ်ညစ်ပတ်ပတ်အိပ်မလား "

"သန့်ရှင်းနေပေမယ့် အချစ်မရှိရင် ဘာမှ အဓိပ္ပါယ်မရှိဘူးလေ ကျွန်တော် အချစ်နဲ့ပဲ ညစ်ညစ်ပတ်ပတ် အိပ်နိုင်ပါတယ်"

"သေချာလား မသေချာရင် မပြောနဲ့နော် ငါက အပြင်မှာလည်း အိပ်နိုင်တယ်"

"မအိပ်ခိုင်းရက်ပါဘူး အချစ်ရယ် လာ အမြန်လာ ဘယ်လိုပဲဖြစ်ဖြစ် အချစ်နဲ့ပဲ အိပ်မှာ"

ရိပေါ် အဲလိုပြောလိုက်မှ အချစ်ရှောင်းကျန့်က အမြန် အိမ်ထဲပြန်ပြေးလာပါတယ် ပြီးရင် အိမ်ပေါ်ပြေးတက်ပြီး ခြေထောက်ညစ်ညစ်ပတ်ပတ်ကြီးနဲ့ အိပ်ရာပေါ် တက်ခုန်တတ်ပါတယ် ကျွန်တော်တို့က အိပ်ရာခင်းကို အမြဲတမ်းဗြောင် အရောင်နုလေးတွေ ခင်းနေကြဆိုတော့ မြေမှုန့်တွေနဲ့ ခြေရာတွေက အိပ်ရာအနှံ့ပေါ့ အိပ်ရာထဲမှာတော့ လုပ်ချင်ရာလုပ်ပြီး အလှဆုံး ပြုံးနေတတ်တဲ့ ရှောင်းကျန့်ပေါ့

"လာလေ ရိပေါ် ညစ်ညစ်ပတ်ပတ် အိပ်ကြစို့လေ"

"ရတယ်လေ ကျွန်တော် က ဒီထက်ပိုပြီး ညစ်ပတ်ချင်တာမို့ အချစ်က ညစ်ပတ်ဖို့ပြင်ထား"

ပြောပြောဆိုဆို ရီပေါ် ညဝတ်အိတ်ဘောင်းဘီကို ဆွဲချွတ်ပြီး အပေါ်ပိုင်းင်္အကျီနဲ့တင် အိပ်ရာထဲက ရှောင်းကျန့်အပေါ် ဒိုင်ပင်ထိုးလိုက်ပါတယ်

"သိပ်ညစ်ပတ်ချင်နေတယ်ပေါ့ ဟုတ်လား လာ ညစ်ညစ်ပတ်ပတ် အချစ်စမ်းမယ် လာထား"

"အာ ရိပေါ် အဲလို မလုပ်နဲ့လေ ငါ မျက်နှာသုတ်ပဝါလေး သွားယူဦးမယ်"

"မလိုဘူး ညစ်ပတ်ချင်တာမို့ ဘာနဲ့မှ မသုတ်ဘူး ဒီအတိုင်း အချစ်စမ်းမယ်"

ဒီလိုနဲ့ အိပ်ယာတစ်ခုလုံး ပေပွနေအောင် အချစ်စမ်းကြပါတယ် တစ်ခါပြီးခါနီးတိုင်း ရှောင်းကျန့်က စောင်နဲ့အုပ်ဖို့ ကြိုးစားပေမယ့် ရိပေါ်က အအုပ်မခံဘဲ နေရာအနှံ့ ပြီးဆုံးခြင်း ချစ်ရည်တွေကို အိပ်ရာအနှံ့ ပေကျံအောင် ရှောင်းကျန့်ပေကျံအောင် စိတ်ပေါက်ပေါက်နဲ့ ပြီးဆုံးပစ်လိုက်တာပါ ၄ခါလောက်လည်း အချစ်စမ်းပြီးရော အိပ်ရာက တော်တော်လေးတောင် ပေတူးပွစာကျဲနေတာပေါ့

အားလုံးလဲ ဇာတ်သိမ်းရော ရှောင်းကျန့်က

"ရိပေါ် ခဏလေး ငါရေချိုးခန်းထဲ သွားပြီး သန့်ရှင်းရေး လုပ်လိုက်ဦးမယ်"

"မလုပ်နဲ့ ညစ်ညစ်ပတ်ပတ်အိပ်ချင်တာဆို ဒီအတိုင်း အိပ်ကြတာပေါ့"

"သန့်ရှင်းရေး မလုပ်လည်းငါ ရေချိုးခန်းထဲသွားမှရမယ်"

"ဘာလို့ သွားမှာလဲ မရဘူး "

" မသွားလို့မရဘူး ဖယ်"

အတင်းရုန်းကန်ပြီး ရှောင်းကျန့် ရေချိုးခန်း အတင်းပြေးသွားပါတယ် ၁၅မိနစ်လောက်တောင်ကြာပါတယ် ရေကျသံတွေကြောင့် ရေချိုးနေပြီဆိုတာ ရိပေါ်သိလိုက်ပါတယ် ရိပေါ်က ပေကပ်ကပ်နဲ့  ညစ်ပတ်ပေတူးနေတဲ့ အိပ်ရာထဲမှာပဲ ကျောလေးမှီပြီး စောင့်နေလိုက်ပါတယ်

ရှောင်းကျန့်ထွက်လာတာနဲ့ 

" ညစ်ညစ်ပတ်ပတ် အိပ်ကြစို့လို့ပြောတာ ဘယ်သူလဲ ရေခိုးချိုးတာကရော ဘယ်သူလဲ"

"ငါပဲ.... ငါပဲ.... ငါပဲ"

"လာအိပ်မယ်"

"ဒီလို အနံ့အသက်တွေနဲ့ ဘယ်လိုအိပ်မှာလဲ သွားရိပေါ် ရေသွားချိုး ငါ အိပ်ရာခင်းတွေ စောင်တွေ လဲထားလိုက်မယ်"

"မချိုးဘူး အိပ်ရာခင်းလဲ မလဲဘူး အချစ်ရဲ့ အနံ့အသက်ပဲ ဒီလိုပဲ ညစ်ညစ်ပတ်ပတ် အိပ်မယ် ကိုယ့်စကားနဲ့ကိုယ် လာခဲ့ အိပ်မယ်"

"ရိပေါ်လေးကလည်း  လိမ္မာပါတယ်   ချစ်တယ်လေနော် ငါစိတ်တိုင်းကျ ညစ်ပတ်ပြီးပြီဆိုတော့ မင်းစိတ်တိုင်းကျ သန့်သန့်ရှင်းရှင်းလေး လုပ်ပေးမယ်လေ ကောက်နဲ့တော့နော် ချစ်တယ်နော်"

"ပြီးရော အချစ်ထက် ကျွန်တော်က ပိုညစ်ပတ်တတ်တာနော် ကျွန်တော့်ကို လာမစမ်းနဲ့"

"သိပါပြီ သိပါပြီ သွား ရေသွားချိုး"

ရိပေါ်  လိုချင်တဲ့အတိုင်း ဖြစ်သွားပြီးပြီမို့ ရေသွားချိုးဖို့ ရေချိုးခန်းထဲဝင် လိုက်ပါတယ် ပြီးမှတံခါးလေး အသာလေးဟပြီး ရှောင်းကျန့် ဘာလုပ်နေလဲ ခိုးကြည့်တဲ့အခါ ရှောင်းကျန့်က အိပ်ရာထဲက ပေကျံနေတဲ့ ရိပေါ်ရဲ့ ပြီးဆုံးခြင်း အရည်လေးတွေကို မျက်နှာသုတ်ပုဝါအသေးလေးနဲ့ လိုက်သုတ်ပါတယ် ပြီးတော့ မျက်နှာသုတ်ပုဝါလေးကို ခေါက်ပြီး ထုံးစံအတိုင်း ဇစ်အိတ်လေးထဲ ထည့်ပြီး စာရေးနေပါတယ် အိမ်ထောင်သည်ဘဝ အချစ်စမ်းခြင်းအမှတ်စဉ် ဆိုပြီးရေးနေတာ နေမှာပေါ့ အမှတ်စဉ် ဘယ်လောက်ပါလိမ့် ၁၀၀ကျော်နေတာတော့ သေချာပြီ ပြီးမှသေချာမေးကြည့်လိုက်ဦးမယ် ကျွန်တော်သိပါတယ် ရှောင်းကျန့်က ကျွန်တော့်ကို အဲဒီလောက်ထိချစ်တယ်ဆိုတာကို
ကျွန်တော့််ကို ပိုင်ဆိုင်ထားတာတောင် ခုလို မလုပ်ပါနဲ့ဆိုတာကို လုပ်နေတုန်းပါပဲ အဲလို အပြုအမူသေးသေးလေးလေးက အစချစ်ဖို့ကောင်းပါတယ်

ရိပေါ် ရေချိုးပြီးထွက်လာတော့ ရှောင်းကျန့်က အိပ်ရာခင်းအသစ်တောင် သေချာလဲပြီးသွားပါပြီ ရေမွှေးတွေလည်း ဖြန်းထားတာမို့ မွှေးကြိုင်နေတာပေါ့

"အိပ်ရာထဲရောက်တော့ ညစ်ပတ်ချင်သေးလား အချစ်"

"တော်ပါ ရိပေါ် ငါ့ကို စိတ်မဆိုးနဲ့နော် မင်းက အကောင်းပြောတာမှန်းသိပေမယ့် ငါ့စိတ်က တစ်ခါတစ်လေ မင်းအပေါ်ဆိုးချင်တဲ့စိတ်တွေ က ရုတ်တရက်ဖြစ်ဖြစ်လာတာမျိုး ရွဲ့ချင်လာတာမျိုးတွေ ဖြစ်လာလို့ ငါ့ကိုယ်ငါလည်း အဲဒီအချိန်ဆို စိတ်ထိန်းလို့မရဘူး ငါ့ကို စိတ်မကွက်ဘူးမလား "

"မကွက်ပါဘူး အချစ်ရဲ့ အဲလို ဆိုးတတ်ရွဲ့တတ်တာလေးတွေကို လည်းကျွန်တော်က ချစ်ပါတယ်"

"ရိပေါ် ချစ်တယ်နော် မင်းကို ယောက်ျားလေးမှန်းသိရဲ့နဲ့ ငါချစ်တယ်နော် ဒါလေးကိုမှတ်ထားနော် ရိပေါ်"

"ကျွန်တော်လည်း အချစ်ကို အများကြီးချစ်ပါတယ်"

"လာ သန့်သန့်ရှင်းရှင်း အိပ်ကြစို့"

"အင်း သန့်သန့်ရှင်းရှင်း အိပ်ကြစို့"။

ဒီလိုနဲ့ ကျွန်တော်တို့ သံသရာလည်နေတတ်တဲ့  ဒုတိယအချစ် သံသရာလေးပါ ညစ်ညစ်ပတ်ပတ်အိပ်ကြစို့နဲ့ သန့်သန့်ရှင်းရှင်း အိပ်ကြစို့ဆိုပြီး သံသရာလည်နေတဲ့ အချစ်သံသရာပါ .........



နောက်ထပ် လက်ထပ်ပြီးမှ ရိပေါ် တတ်လာတဲ့ အနုပညာတစ်ခုရှိပါသေးတယ် အဲဒါက " ရှောင်းကျန့်ကို နိုးခြင်းအနုပညာ" လေးပါ ကျွန်တော်က အိပ်ရာက ထဖို့ မခဲယဉ်းပါဘူး ၈နာရီခွဲ အိပ်ရာထရမယ်ဆိုရင် ၈နာရီ၂၀တစ်ခါ ၈နာရီ၂၅တစ်ခါ Alarm ပေးထားလိုက်ပြီး ပထမ Alarmမြည်ရင် ထပိတ်ပြီး ခဏလဲ ဒုတိယ Alarm မြည်ရင် အိပ်ရာထ လုပ်စရာရှိတာ တန်းလုပ်တတ်တဲ့ သူမျိုးပါ ကျွန်တော့်ရဲ့ ရစ်ထုပ်လေး ရှောင်းကျန့်က တော့ အရမ်းထူးဆန်းပါ ၆နာရီခွဲ ထရမယ်ဆိုရင်၄နာရီလောက်ကတည်း Alarm ပေးထားပါ ဘယ်နှစ်ခုပေးထားမှန်းလဲ မသိဘူး ပထမဆုံးအကြိမ်တုန်းကတော့

"အချစ် Alarm Setting မှားနေတာလား ၆ခွဲထရမှာ ဘာလို့ ၄နာရီလောက်ကြီး Alarm ပေးတာလဲ Alarm ထည့်ထားတာကလည်း တန်းစီနေတာပဲ"

"မင်း မသိပါဘူး ရိပေါ်ကလည်း ငါက အဲလိုပဲ လာလာ စောစောထရမှာမို့ အိပ်ကြစို့"

"အချစ်မစမ်းရသေးရင် မအိပ်ဘူး"

"မအိပ်ရင် အချစ်မစမ်းပေးဘူး"

"အိပ်ရင် ဘယ်လို အချစ်စမ်းမှာလား အချစ်နော်"

"အာ.. အိပ်ရာထဲမှာ လဲပြီး အချစ်စမ်းမှာပေါ့ လာ..လာ... ငါတောင် တဘက်အသေးလေး နဲ့ အိတ် အဆင်သင့်ယူထားပြီးပြီ"

"လုပ်လိုက်လေ ကြာသလားလို့"

ညအိပ်ရာဝင် အချစ်စမ်းပြီး အိပ်တုန်းက အကောင်း မနက်ရောက်တော့ ဒုက္ခနဲ့လှလှ တွေ့ကြတာမဟုတ်ဘဲ ဒုက္ခနဲ့ရိပေါ် နဲ့တွေ့ကြတာပါ Alarm က မြည်ပါပြီ ဖုန်းကို သူ့ဘက်ထားအိပ်တော့ ရိပေါ် အလွယ်တကူ ထပိတ်မရ အဲတာနဲ့ ရှောင်းကျန့်ကို လုပ်နှိုးလိုက်ပြီး

"အချစ် Alarm မြည်နေပြီ အချစ် ..အချစ်"

ဘယ်လိုခေါ်ခေါ် မရပါဘူး Alarm သံလည်း ကြားပုံမရပါဘူး ဒါနဲ့ အိပ်ရာကထ ဖုန်းလိုက်ရှာပြီး Alarm ပိတ်ပေးလိုက်ရပါတယ် ၆ခွဲထမှာကို၄နာရီ Alarmပေးတာတဲ့ ဘယ်လိုလေးမှန်းမသိဘူး ပြန်အိပ်ပျော်ပြီး မကြာပါဘူး Alarm ထမြည်တော့ ထုံးစံအတိုင်း သူ့နိုးမရတော့ ကိုယ်ထပိတ်ရပြန်ရော ဒီတစ်ခါတော့ သေချာအောင် ကြည့်လိုက်တော့ နာရီဝက်ခြားတစ်ခါ Alarm ထည့်ထားတာ ၆ နာရီနောက်ပိုင်းကြတော့ ၆နာရီ ၁၀မိနစ် တစ်ခါ ၁၅တစ်ခါ ၂၀တစ်ခါ ၂၅တစ်ခါ အများကြီးပေးထားတာ Alarm အားလုံးပိတ်ပြီး ၆နာရီ၁၅တစ်ခုပဲချန်ထားလိုက်ပါတယ် ၆နာရီ၁၅လည်း ရိပေါ်ပဲ ထရတာပဲ အချစ်က အိပ်နေတာ အားရပါးရ ဆင်အော်တောင် နိုးမယ့်ပုံမပေါ်ပါဘူး

ဒါကြောင့် မရမက ရှောင်းကျန့်ကို ဆွဲထူပြီး

"အချစ် အချစ် ထ... ထမှရမယ် ၇နာရီခွဲနေပြီ ..... ၇ နာရီခွဲသွားပြီ"

"ဘာ ....အာရိပေါ် ငါ့ကို ရအောင်မနိုးဘဲ မင်းဘာလုပ်နေတာ မင်းကို ဒါလေးတောင် အားမကိုးရရင် ငါ တခြားဟာ ဘယ်လိုအားကိုးရမလဲ မင်းနော် မင်း ငါ့ Alarm တွေ ဘာလို့မမြည်တာလည်း"

"ခဏခဏ Alarm မြည်နေလို့ ကျွန်တော် ထပိတ်လိုက်ရတာပေါ့"

"ရိပေါ် ငါ က Alarmကို ခဏခဏ ထပိတ်ပြီးမှ ထတဲ့အကျင့်ရှိတာ မင်းကြောင့်ငါနောက်ကျပြီ"

ဆိုပြီး အူယားဖားယားနဲ့ ရေချိုးခန်းထဲပြေး ပြင်ဆင် အမယ် အိပ်ရာသာမထတာ ပြင်ဆင်ချိန်က မြန်ချက်ပဲ ယောက်ျားလေးတွေထက်တောင် မြန်သေး သွားတိုက် ရေမိုးချိုး အဝတ်အစားလဲတာ ၁၅မိနစ်တောင် မကြာဘူး ပြန်ထွက်လာရော ကျွန်တော်တောင် ပြင်ဆင်ချိန် ဟိုလိုလို ဒီလိုလို နဲ့ အနည်းဆုံး နာရီဝက် ၄၅မိနစ်ကြာသေးတာ

"အချစ် မြန်လိုက်တာ"

"ရှောင်းကျန့်လေ ရှောင်းကျန့်"

"ခါတိုင်း အဲလောက်မမြန်ပါဘူး"

"ခုက နောက်ကနေပြီ မမြန်လို့ မရဘူး ၈နာရီ Client နဲ့ချိန်းထားတာ ခုတော့ နောက်ကျပြီ တောင်းပန်ရဦးမယ်"

"အချစ်က ကျွန်တော့်စကား ယုံတာကိုး အခုမှ ၆နာရီခွဲပြီး ၁၀မိနစ်ပဲ ရှိသေးတာ ဟီး..ဟီး"

ကျွန်တော့်စကားကြောင့် ရှောင်းကျန့် ရှူးရှူးရှဲရှဲ ဖြစ်သွားပြီး ခြေရင်းမှာ ထားတဲ့ဖက်လုံးနဲ့ ကျွန်တော့်ကို ကောက်ထုပါတယ်

"ငါ့ကို နောက်ရဲသေးတယ် မင်းက ငါ အူယားဖားယားဖြစ်နေတာကို မင်းမို့လုပ်ရက်တယ်"

တကယ်ဒေါသထွက်ထွက်နဲ့ လိုက်ရိုက်တာမို့ အတင်းဆွဲဖက် ချုပ် အတင်းနမ်းလိုက်ပြီးမှ

"အချစ် ခုလို ဖြစ်နေတာ မြင်ရတာ ချစ်စရာကောင်းလွန်းလို့ ကျွန်တော် ကြည့်နေတာပါ ချစ်လို့ချစ်လို့ နောက်မလုပ်ဘူးနော် ချစ်လို့"

"ပြီးတာပဲ ငါ့ကို စိတ်ပြေစေချင်ရင် မင်း ၅မိနစ်အတွင်း မျက်နှာသစ် သွားတိုက် အဝတ်လဲ ပြီးရင်ငါ့ကို လိုက်ပို့ မနက်စာ တူတူခေါက်ဆွဲသွားစားမယ် ၅မိနစ်အတွင်း မပြီးရင် မင်းနေခဲ့ ငါ့ဖာသာ ငါသွားမယ် ကဲ Time စမှတ်ပြီ"

ရှောင်းကျန့်စကားအဆုံး ရိပေါ် အူယားဖားယား ပြေးလွှား မျက်နှာသွားတိုက် အဝတ်အစားလှဲဖို့လုပ်ရတာပေါ့ ရိပေါ် အူယားဖားယားဖြစ်နေတာကို ကြည့်ပြီး သဘောကျနေတဲ့ ရှောင်းကျန့်ကို ပြန်စတဲ့အနေနဲ့ ရိပေါ် ရေချိုးခန်းထဲက ဘာမှ မဝတ်ဘဲ ပြေးထွက်လာလိုက်ပါတယ်

"အချစ် အဝတ်ထုတ်ပေးလေ ဒါမှမဟုတ် မနက်စာ အချစ်ကို စားလိုက်ရမလား"

ပြောလည်းပြော ပြေးလည်းဖက်လိုက်တာရယ် ဘာမှမဝတ်ထားတဲ့အချိန် ရှောင်းကျန့်က ရိပေါ်တင်ပါးတွေကို ညစ်လိုက်တာမို့ ညီလေးကတန်းပြီးနိုးသွားတာနဲ့

"အချစ် မနက်စာကို အချစ်ပဲစမ်းလိုက်ရအောင် ကျွန်တော်မရတော့ဘူး"

ဒီလိုနဲ့ မနက်ပိုင်းမှာလည်း ရှောင်းကျန့်ကို နိုးခြင်းအနုပညာကို ကောင်းကောင်းအသုံးချတတ်တော့ ရိပေါ်ညီလေးက အကယ်ဒမီရ သွားတာပေါ့.............................

Continue Reading

You'll Also Like

175K 2K 25
Story about Leah Williamson and Y/n (your name) (Y/n is a football player)
27.4K 1.2K 46
ဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖ...
1.5K 191 13
Nisha Sharma is the sole heiress of the Sharma empire and an orphan. She is known throughout the world for her intelligence, generosity and deep kind...
39.3K 1.1K 26
"I was someone who tore through cities and villages with no remorse for the men, women and children I killed. I didn't care about anyone because I ha...