(Zawgyi)🍀🍀🍀
(Final)
Part-100
(ကိုယ္..ခ်စ္ေသာ clover..!!..)
အေမွာင္ခ်ထားေသာအခန္းတစ္ခုထဲတြင္ျဖစ္သည္။
တိတ္ဆိတ္ေနၿပီး မည္သည့္အသံမွမၾကားရေသာ
အခန္းလြတ္တစ္ခုျဖစ္သည္။ သို႔ေသာ္အခန္းအလယ္
တြင္ေတာ့ ေနာက္မွီကုလားထိုင္တစ္လံုးႏွင့္တြဲခ်ည္
ထားခံရေသာ ေကာင္ေလးတစ္ေယာက္႐ွိေန၏။
အခန္းအတြင္းပိန္းေမွာင္ေနသည္က စိတ္ကသိက
ေအာက္ျဖစ္ဖြယ္ရာေကာင္းသည္။ လက္ျပန္ႀကိဳး
တုပ္ခံထားရေသာ ရြက္စိမ္းကေတာ့ ဘာမွမျဖစ္ေပ။
အေၾကာင္းမွာ အလင္းေရာင္႐ွိလ်ွင္ပင္ သူျမင္ႏိုင္
မည္မဟုတ္ေသာေၾကာင့္။
ေဆးမႈန္႔ႏွင့္ပတ္ခံထားရေသာရြက္စိမ္း၏ မ်က္လံုး
ေလးမ်ားမွာ ပံုမွန္ထက္ပိုကာေဖာင္းမို႔ေနၿပီး ေယာင္
ေနသည္။ မနာက်င္ဘူးဟုဆိုပါက လိမ္ရာက်ေပလိမ့္
မည္။ သို႔ေသာ္ ရြက္စိမ္း မ်က္ရည္မက်သလို နာက်င္
ညီးျငဴသံတစ္စက္မထြက္ေပ။
ရြက္စိမ္း သတိရရျခင္းတြင္ေတာ့ မ်က္လံုးမ်ားမျမင္
ရသည့္အတြက္ထိတ္လန္႔သြားရသည္။ ရြက္စိမ္း
စိတ္ကိုၿငိမ္ၿငိမ္ထားကာ အေျခအေနကိုသံုးသပ္
လိုက္ေသာအခါ..မအနီရင့္လုပ္ႏိုင္သည္က ရြက္စိမ္း
ကိုစိတ္ဒုကၡေပးျခင္း အကုန္သာျဖစ္သည္။
ျဖစ္ေကာင္းျဖစ္ႏိုင္သည္က ပိုဆိုးဝါးသည္မ်ားလုပ္ရန္ အခ်ိန္မတန္ေသးေသာေၾကာင့္ ျဖစ္ႏိုင္သလို သူမ
မလုပ္ရဲေသာေၾကာင့္လည္းျဖစ္ႏိုင္သည္။
ေသခ်ာသည္က ပထမအေၾကာင္းျပခ်က္က ပိုျဖစ္ႏိုင္
ေခ်မ်ားသည္။ အခ်ိန္မတန္ေသးျခင္း တစ္နည္းအား
ျဖင့္ သူမတစ္စံုတစ္ခုကိုေစာင့္ဆိုင္းေနသည္။ ရြက္စိမ္း
အနည္းငယ္ စိတ္ေအးသြားရသည္။ ရြက္စိမ္းတြင္
လက္တေလာေတာ့ အနၱရာယ္မ႐ွိေသးေပ။
ကိုကိုေရာ ရြက္စိမ္းေလးကို လိုက္႐ွာေနတယ္မလား
...။
တံခါးဖြင့္သံတိုးတိုးထြက္ေပၚလာၿပီး ေျခသံသ့ဲသ့ဲက
ေနာက္ကလိုက္လာသည္။ ရြက္စိမ္း အာရံုစိုက္ကာ
နားေထာင္ေနလိုက္သည္။ ေျခသံက ျပင္းကာေလး
လံသည္။ တစ္ျဖည္းျဖည္း ေျခသံကနီးကပ္လာ၏။
"သစ္ရြက္စိမ္း"
ရင္းႏွီးေနေသာ အသံေၾကာင့္ ရြက္စိမ္းလႈပ္လႈပ္႐ွား
႐ွားျဖစ္သြားရသည္။ ႏႈတ္ခမ္းေလးမ်ားပင္ တုန္ရီကာ
အသံတိုးတိုးေလးျဖင့္ေမးလိုက္သည္။
"ဘယ္သူလဲ ကို..ကိုကိုလား?"
"ဟက္ မင္းငါ့အသံကိုမွတ္မိသားဘဲ။ ၁၃ႏွစ္လံုး
တူတူေနခ့ဲတာဆိုေတာ့လည္း မွတ္မိေနတာမဆန္း
ပါဘူး"
၁၃ႏွစ္ဆိုေသာေနရာတြင္ေလသံကိုဖိကာ စိမ္းသက္
စြာေျပာလာေသာေၾကာင့္ ရြက္စိမ္း မ်က္ေတာင္ေလး
မ်ားလႈပ္ခတ္သြားရသည္။ တစ္ႀကိမ္တစ္ခါမွပင္ေလသံ
မာမာမသံုးေသာသူက အခုလိုစိမ္းသက္ေနေသာအသံ
ျဖင့္ေျပာလာေသာအခါ ရြက္စိမ္းအတြက္ သတိရရျခင္း
အျမင္အာရံုမ႐ွိဘဲ အရာအားလံုးေမွာင္မည္းေနသည္
ထက္ပင္ ဝမ္းနည္းေစသည္။
"ဟက္ ငိုေနတာလား? ဒီလိုက်ေတာ့လည္း
သနားစရာေလးပါလားကြာ"
နားနားကပ္ကာ ေျပာလာေသာအသံက ေျခာက္ကပ္
ကာ ေလွာင္ရီမႈမ်ားျဖင့္ျပည့္ေန၏။ မ်က္ႏွာေသးေသး
ေလးကို လက္ညိဳးႏွင့္လက္မသံုးကာ အတင္းအၾကပ္
ဆြဲေမာ့ခံလိုက္ရသည္။
"အခုမွဘဲ ငါစိတ္သက္သာရာရသြားေတာ့တယ္
ဟား..."
ေဖာင္းဖို႔ေနေသာ မ်က္ခြံေလးမ်ားမွာလႈပ္ခတ္သြား
ရသည္။ ရြက္စိမ္းက ဘာမွဆိုမလာေတာ့ဘဲၿငိမ္သက္
သြားသည္။
"ကိုသစ္က ဒီေရာက္ေနတာကိုး"
ေဒါက္ဖိနပ္ခြၽန္ခြၽန္ႏွင့္ၾကမ္းျပင္ထိခတ္သံႏွင့္အတူ
ခပ္ျပင္းျပင္းေရေမႊးန႔ံကိုပါ ရြက္စိမ္းရလိုက္သည္။
"ရင့္က ကိုသစ္ကိုလိုက္႐ွာေနတာ"
"အဟြန္း ဘာျဖစ္လို႔လဲ ရင့္"
နားေထာင္ေကာင္းေသာအမ်ိဳးသား၏အသံက
တစ္ဖက္မွ မိန္းမလွေလးကို ႐ွက္ဝဲဝဲေလးျဖစ္ေစ
သည္။
"ကိုသစ္ကလည္း ရင့္က ကိုသစ္စိတ္မေကာင္းျဖစ္
ေနတာ မၾကည့္ရက္လို႔ပါ။ ကိုသစ္ နာက်င္ေနရရင္
ရင့္လဲနာက်င္ရတယ္။ ကိုသစ္က ရင့္ကိုစိတ္ဆိုးေျပ
ပါေတာ့ေနာ္"
"လူဆိုးမေလး ဒီအရႈပ္ေတြကို ကိုယ္ကိုယ္တိုင္
ရွင္းမယ္လို႔ ေျပာထားရဲ႕သားနဲ႕ကြာ"
"ရင့္က..ကိုသစ္ကိုစိတ္ပူလို႔ပါ"
ညိုးလ်ေသာ အသံေလးေၾကာင့္ တစ္ဖက္မွသူက
သက္ျပင္းေမာကိုခ်လိုက္ကာ သူမ၏ကိုယ္ေလးကို
ေထြးဖက္လိုက္သည္။ မ်ားမၾကာမွီမွာပင္ျပင္းပ်ေသာ
အနမ္းေၾကာင့္ ပူေလာင္ေသာအသံမ်ားထြက္ေပၚလာ
ေတာ့သည္။ တိတ္ဆိတ္ေနေသာအခန္းေလးထဲမို႔
ပူေလာင္ျပင္းပ်ေသာ အသံမ်ားမွာပုံမွန္ထက္က်ယ္
ေလာင္ေနသည္။
"မအနီရင့္ ေတာ္ပါေတာ့!. .မအနီရင့္ရ႕ဲရည္ရြယ္ခ်က္ ေအာင္ျမင္တာမို႔ ေက်းဇူးျပဳျပီး ထြက္သြားပါေတာ့"
အနီရင့္ ခပ္မ့ဲမ့ဲျပံဳးကာ တုန္ရီေနေသာေကာင္ေလးကို
ေက်နပ္စြာၾကည့္လိုက္သည္။ ေကာင္ေလးနားသို႔ ကပ္
ကာ မင္း႐ွံဳးၿပီဟု ခပ္တိုးတိုးေျပာလိုက္သည္..။
"မမေလး သခင္ႀကီးေရာက္ပါၿပီ"
အနီရင့္ သတင္းပို႔လာေသာ သူကို သူမသိၿပီျဖစ္
ေၾကာင္း အမူအရာျပလိုက္ကာ ေဘးမွအရပ္႐ွည္႐ွည္
ႏွင့္အမ်ိဳးသား၏ လက္ေမာင္းကိုခ်ိတ္လိုက္သည္။
"Good bye ေကာင္ေလး ထပ္မေတြ႔ၾကစို႔"
ဟုတ္သည္။ မၾကာခင္ အမိႈက္ေကာင္ေလးကို အဆံုး
သတ္ေပးေတာ့မွာမို႔ ထပ္မေတြ႔ၾကစို႔!..။
ေျခသံမ်ားေဝးကြာသြားၿပီး အခန္းတြင္း ရြက္စိမ္းတစ္
ေယာက္ထဲသာက်န္ခ့ဲေတာ့သည္။ ထိုအခါ တုန္ရီ
ေနေသာ ႏႈတ္ခမ္းေထာင့္ေလးတစ္ဖက္ေကာ့တက္
သြားၿပီး ခပ္တိုးတိုးေရရြတ္သံေလးပါ ထြက္လာသည္။
"ဘယ္သူ႔ကို လာလိမ္ခ်င္ေနေသးတာလဲ? အေယာင္
ေဆာင္ တစ္ေယာက္န႔ဲမ်ားလွည့္စားခ်င္ေသးတယ္..။
ကိုကိုက ရြက္စိမ္းအပိုင္ေလ။ ကိုယ့္အပိုင္ကိုယ္ မမွတ္
မိေလာက္ေအာင္ တံုးအေနမယ္လို႔ တစ္ကယ္ႀကီးထင္
ေနတာလားဘဲ"
ရြက္စိမ္းက အေျခအေနမ်ားကိုသံုးသပ္ၿပီး နည္းလမ္း
ႏွစ္ခုရခ့ဲသည္။ သူက သူမကိုဆန္႔က်င္ကာ စိတ္ပ်က္
ေစမလားဆိုသည္ႏွင့္ သူမစီစဥ္သည့္အတိုင္းအလိုက္ သင့္ တုန္႔ျပန္ကာ သူမကိုအ႐ူးလုပ္ရန္ျဖစ္သည္။
ပထမနည္းက မထင္မွတ္ထားေသာသက္ေရာက္မႈမ်ား
႐ွိမည္ဆိုးေသာေၾကာင့္ ရြက္စိမ္းက သူမကိုအ႐ူးလုပ္
ရန္သာေရြးခ်ယ္ခ့ဲသည္။
ယံုၾကည္ရင္ သံသယမဝင္ဘူး။ သံသယဝင္လာၿပီ
ဆိုလ်ွင္ ယံုၾကည္မႈက မခိုင္မာဘူးတ့ဲ။ ရြက္စိမ္းက
ခပ္ေဖ်ာ့ေဖ်ာ့ျပံဳးသည္။ စိတ္မေကာင္းပါဘူး မအနီရင့္
သစ္ရြက္စိမ္းက သစ္မိုးအိမ္ကိုအရမ္းယံုတာ။
တစ္စံုတစ္ေယာက္ကေတာ့ လူနွစ္ဦးၾကားက ခိုင္မာ
မႈႏွင့္ လူဆိုးေပါက္စေလးကိုတစ္ကယ္ကိုေလ်ာ့တြက္
ခ့ဲမိသည္ပင္။
...........
"ရင့္ ေကာင္ေလးကိုေခၚလာတာ ငါဘာလို႔မသိရတာ
လဲ?"
အနီရင့္ကျပန္ေျဖသည္။
"မေသခ်ာရင္ Daddy ကို စိတ္ပ်က္ေစမွာဆိုးလို႔ပါ။
ဦးေလးေသာ္ထက္ေသဆံုးမႈေၾကာင့္ daddy က စိတ္
မေကာင္းျဖစ္ေနတာေလ ရင့္က ဘယ္လိုမ်ိဳးအပူထပ္
ေပးရက္ပါ့မလဲ"
မိုင္းကိုျပန္ေျဖလိုက္ရင္း ေဘးမွသူ၏လက္ေမာင္းကို
ခ်ိတ္ထားေသာသူမ၏လက္ကိုဖယ္လိုက္သည္။ ထိုသူ
ကိုေျပာလိုက္သည္။
"႐ွင္ သြားႏိုင္ၿပီ"
"ဟုတ္က့ဲ မမေလး"
ထိုသူက အနီရင့္ႏွင့္မိုင္းကို အ႐ိုအေသျပဳကာေနရာမွ
ခပ္ျမန္ျမန္ပင္ထြက္သြားသည္။ ထိုသူသည္ ၿပီးခ့ဲေသာ
ရက္က အနီရင့္သူမနာမည္ကိုေခၚရန္ အတင္းအၾကပ္
ေစခိုင္းခံရသူျဖစ္သည္။
အနီရင့္က ထိုသူ၏အသံသည္ သစ္မိုးအိမ္အသံႏွင့္
တူေၾကာင္း ထိုေန႔ထဲကသတိထားမိခ့ဲျခင္းျဖစ္သည္။
ထို႔ေၾကာင့္လည္း အၾကံအစည္ကိုအေကာင္အထည္
ေဖာ္ခ့ဲျခင္း။ သူမကိုၾကည့္ေနေသာ မိုင္းအၾကည့္မ်ား
ႏွင့္စံုေသာအခါ အနီရင့္ကက်ိဳးႏြံေသာပံုစံသို႔ကူးေျပာင္း
သြားသည္။
"Daddy ပင္ပန္းေနၿပီလားဟင္ က်န္းမာေရးအေျခအေနေရာဘယ္လိုမ်ိဳးေနေသးလဲ ရင့္ daddy အနား
ယူဖို႔ေနရာစီစီဥ္ေပးမယ္"
မိုင္းက လက္တစ္ဖက္ကိုေျမႇာက္ကာအမူအရာျပၿပီး
တားျမစ္လာသည္။
"ေတာ္ၿပီ ရင့္ ငါဘာမွမျဖစ္ဘူး။ ငါတို႔ခ်က္ခ်င္းျပန္
ထြက္မွာ မင္းျပင္ဆင္စရာ႐ွိတာျပင္ထားေတာ့။ အခ်ိန္
နာရီဝက္ရမယ္"
"ခ်က္ခ်င္းျပန္ဖို႔ လိုလို႔လား daddy"
သူ႔ႏွင့္အတူပါလာေသာ တပည့္တစ္ေယာက္ကို
ရဟတ္ယာဥ္အသင့္လုပ္ထားရန္ေျပာေနေသာ မိုင္း
က အနီရင့္ဆီကိုအၾကည့္ေရာက္လာသည္။ မိုင္း..
က်စ္ကနဲစုပ္သပ္လိုက္သည္။
"ရင့္ မတံုးစမ္းန႔ဲ။ မင္းက ေသခ်ာေလ့က်င့္ထားတ့ဲ
ငါ့လူေတြအစား ေဒသခံေၾကးစားေတြကိုသံုးခ့ဲတယ္
ဆိုတာေမ့ေနတာလား?"
"ဟုတ္တယ္ေလ daddy သူတို႔က နယ္ေျမကြၽမ္း
က်င္ၿပီး ေျခရာခံရခက္တယ္။ ဒါေၾကာင့္လည္း ရင့္
ဟိုေကာင္ေလးကိုေအာင္ေအာင္ျမင္ျမင္ေခၚလာႏိုင္
ခ့ဲတာေလ"
"ဟုတ္တယ္ သူတို႔ကနယ္ေျမကြၽမ္းတယ္။ အလုပ္လုပ္
တာ သဲလြန္စ႐ွာရခက္တာလည္းသိတယ္။ ဒါေပမယ့္
သူတို႔ေခြးအခ်င္းခ်င္းအတြက္ေတာ့ အန႔ံခံဖို႔သိပ္လြယ္
တယ္ကြ!.. တစ္ဖက္ကသာ မင္းလိုမ်ိဳး ေဒသခံေၾကး
စားေတြကိုျပန္သံုးခ့ဲရင္.. ေသခ်ာတယ္ ဒီအခ်ိန္ဆိုသူ
တို႔ ဒီေနရာကို႐ွာေတြ႔သြားေလာက္ၿပီ"
မိုင္းက အနီရင့္ကိုအပိုေျပာခ်င္းမဟုတ္ေပ။ မိုင္း၏
လူမ်ားက တစ္စံုတစ္ခုေသာျပသနာမျဖစ္ရေလေအာင္
ေသခ်ာေလ့က်င့္ထားသူမ်ားျဖစ္သည္။ သူတို႔အသက္
သာဆံုး႐ႈံူးခံမည္ျဖစ္ၿပီး သတင္းအစအနပင္ေပးၾက
မည္မဟုတ္။ သို႔ေသာ္ ေၾကးစားမ်ားကေတာ့ျခားနား
သည္။
မိုင္း မ်က္ေမွာင္ၾကဳတ္လိုက္ကာ သူ႔ေနာက္မွတပည့္
တစ္ေယာက္ကိုအမူအရာျပလိုက္သည္။
"သူတို႔ကို လက္စသတ္လိုက္ေတာ့"
"ဟုတ္က့ဲ သခင္ႀကီး"
ခပ္အုပ္အုပ္ႏိုင္ေသာ အသံတိတ္ေသနတ္သံတစ္ခ်ိဳ႕
ထြက္လာေသာအခါ အနီရင့္ထိတ္လန္႔ကာတုန္ရီသြား
ရသည္။ မိုင္း၏တပည့္မ်ားက အသက္ကင္းမ့ဲသြားၿပီ
ျဖစ္ေသာေၾကးစားမ်ား၏အေလာင္းမ်ားကိုေျခေထာက္
မွဆြဲသြားၾကကာ အေလာင္းေဖ်ာက္သည္အထိလ်င္
လ်င္ျမန္ျမန္ပင္လုပ္ေဆာင္သြားၾကသည္။
အနီရင့္ ထိတ္လန္႔ကာတုန္လႈပ္ေနမိသည္။ သူမက
အရာရာကိုသူမလက္ထဲတြင္႐ွိၿပီဆိုကာထင္ေနခ့ဲျခင္း။
တစ္ဖက္ကသာေျခရာခံမိသြားပါက သူမစီစဥ္ထား
သမ်ွအဆံုးသတ္ကုန္လိမ့္မည္။ မိုင္း အစီအစဥ္ကို
သူမလက္ခံလိုက္ရန္ေတြးလိုက္၏။
"ရင့္ အေတြးတိမ္သြားတယ္ ေတာင္းပန္ပါတယ္
Daddy"
"သခင္ႀကီး ေကာင္ေလးကိုေခၚလာပါၿပီ"
ပံုမွန္ထက္ေဖာင္းမို႔ကာ ေယာင္ေနေသာမ်က္လံုးမ်ား
ကို မိုင္း သတိထားမိလိုက္ေသာေၾကာင့္ မ်က္ေမွာင္
ၾကဳတ္လိုက္သည္။ ရြက္စိမ္းအနားသို႔သြားကာ မ်က္
ႏွာကိုဆြဲေမာ့လိုက္ၿပီး မ်က္လံုးအေျခအေနကိုၾကည့္
လိုက္သည္။
မိုင္း အနီရင့္ကိုၾကည့္လိုက္ေတာ့ သူမက မိုင္းအၾကည့္
မ်ားကိုေ႐ွာင္ဖယ္ေနသည္။ မိုင္းအၾကည့္မ်ားမွာ စူး႐ွ
လြန္းေသာေၾကာင့္ အနီရင့္ကိုေဖာက္ထြင္းေတာ့မတတ္
ပင္။
"ငါသူ႔ကို ဓားစာခံလုပ္ခ်င္တာ ရင့္။ မလိုအပ္ဘဲ
ႏွိပ္စက္တာမ်ိဳးငါမႀကိဳက္ဘူး"
"ရ ရင့္ ေတာင္းပန္ပါတယ္ daddy.. ရင့္ စိတ္လိုက္
မာန္ပါလုပ္မိသြားတယ္"
"တစ္ေယာက္ေယာက္ ပိုင္းေလာ့ဆီကေဆးသြား
ေတာင္းလိုက္။ ရဟတ္ယာဥ္ေပၚမွာ ေဆးပစၥည္း
ေတြပါတယ္။ ဒီအတိုင္းထားရင္ မ်က္ၾကည္လႊာ
ပ်က္စီးသြားလိမ့္မယ္"
မိုင္း အမိန္႔ေပးလိုက္သည္ႏွင့္ တစ္ေယာက္က
ရဟတ္ယာဥ္ေပၚမွေဆးေသတၱာသြားယူၿပီး မိုင္း
ကိုေပးလာသည္။ ေရသံုးရန္ေနရာကိုေမးလိုက္ၿပီး
ၿငိမ္ေနေသာေကာင္ေလးကိုကိုယ္တိုင္ပင္ေခၚသြား
လိုက္သည္။
လူသူေဝးေသာေနရာမွ ဂိုေဒါင္လိုေနရာျဖစ္ေသာ
ေၾကာင့္ ေရသန္႔စင္ရန္ေနရာက ဘံုဘိုင္တစ္ခုသာ
ျဖစ္သည္။ မိုင္း ေရဘံုဘိုင္ကိုဖြင့္လိုက္ေတာ့ ၾကည္
လင္ေသာေရမ်ားက အ႐ွိန္ျပင္းျပင္းျဖင့္က်လာသည္။
ေကာင္ေလးလက္တြင္ခ်ည္ထားေသာႀကိဳးကိုျဖည္
ေပးလိုက္ၿပီး လက္တစ္ဖက္ကိုဆြဲကာေရက်ေနသာ
ဘံုဘိုင္အနီးတိုးေပးလိုက္သည္။
"မ်က္လံုးေဆးလိုက္ ေကာင္ေလး"
"ကိုကို႔ ဦးဦးမလား ဘာလို႔ဒီလိုလုပ္တာလဲဟင္..
ဒါမွမဟုတ္ အေစာကလို ကိုကို႔ဦးဦးန႔ဲအသံတူတ့ဲ
အေယာင္ေဆာင္လား?"
"အေယာင္ေဆာင္? ဟားဟား အင္း အေယာင္ေဆာင္
ဘဲေျပာရမွာေပါ့။ အခ်ိန္မျဖဳန္းန႔ဲေကာင္ေလး မ်က္ႏွာ
သစ္ေတာ့ တစ္သက္လံုးအကန္းဘဝန႔ဲမေနခ်င္ဘူး
မလား"
ရြက္စိမ္း ေခါင္းၿငိမ့္ကာ ဘံုဘိုင္မွက်ေနေသာေရမ်ား
ကိုလက္ခုပ္ျဖင့္ခံရင္း နာက်င္ေနေသာမ်က္လံုးမ်ားကို
ေဆးေၾကာလိုက္သည္။ ေဆးမႈန္႔မ်ားျဖင့္ေစးကပ္ကာ
ေနေသာမ်က္လံုးမ်ားက ေရႏွင့္ထိေသာအခါ အစပိုင္း
နာက်င္ေသာ္လည္း တစ္ျဖည္းျဖည္းသက္သာသြား၏။
"ေခါင္းေမာ့ထား မ်က္စဥ္းခတ္ေပးမယ္။ ခဏေန
ရင္ မင္းနာေနတာ သက္သာသြားလိမ့္မယ္"
ရြက္စိမ္း ေခါင္ေလးေမာ့ေပးလိုက္ေတာ့ မိုင္းက
ေဆးသတၱာထဲမွအနီေရာင္ေဆးကိုယူကာ ရြက္စိမ္း
ဘယ္ဘက္မ်က္လံုးႏွင့္ ညာဘက္မ်က္လံုးထဲသို႔
ႏွစ္စက္ဆီထည့္ေပးသည္။ ရြက္စိမ္း မ်က္ေတာင္
ေလးခတ္လိုက္ေသာအခါ ေဆးရည္စမ်ားက နီျမန္း
ေနေသာ မ်က္ဝန္းေထာင့္ေလးမွစီးက်သြားသည္။
"မ်က္လံုးျပန္ျမင္ျမင္ မျမင္ျမင္ ကြၽန္ေတာ့္ကိုသတ္
ေတာ့မွာ မဟုတ္ဘူးလား?"
"သတ္မယ္? မင္းကို..? ငါကလား?.."
ရြက္စိမ္း ေခါင္းၿငိမ့္လိုက္ေတာ့ မိုင္းက အသံက်ယ္
က်ယ္ျဖင့္ရီသည္။
"အခ်ိန္တန္ရင္ အိမ္ျပန္ပို႔ေပးမွာမို႔ စိတ္ပူမေနန႔ဲ
ေကာင္ေလး။ ငါမင္းကိုဖမ္းခ်င္တာက မင္းအစ္ကို
ကို စိတ္ဒုကၡေရာက္ေစခ်င္လို႔။ သူကိုယ္တိုင္သူ႔
ေျခေထာက္န႔ဲသူငါ့ဆီေရာက္လာေစခ်င္တာ။ မင္းက အေကာင္းဆံုးငါးစာျဖစ္ေနေတာ့လည္း မင္းကိုအပါ
ေခၚရေတာ့တာေပါ့"
"ကိုကို႔ကို ဘာလို႔အရမ္းမုန္းေနတာလဲ ကိုကိုက
ဦးေလးအေပၚဘာအမွားေတြက်ဴးလြန္မိလို႔လဲ"
ေမးခြန္းထုတ္လာေသာ ေကာင္ေလး၏မ်က္လံုးမ်ား
က စူးစူးရဲရဲ။ သူ႔အစ္ကိုကို ဒုကၡေပးမွာဆိုးေသာ
ေၾကာင့္ထင္သည္။ သစ္မိုးအိမ္ႏွင့္ ဒီေကာင္ေလး
ၾကားက ဆက္ဆံေရးက ေကာင္းပံုရသည္။ မိုင္း
အနည္းငယ္ေတြးကာ ျပန္ေျဖလိုက္သည္။
"ေသြးေႂကြးေလးေတြပါ"
"ကိုကိုလုပ္တာလား?"
"မဟုတ္ဘူး သူ႔အဖိုး အင္းသူအေဖတုန္းထဲက
ေသြးေၾကးေဟာင္းေတြေပါ့ ေကာင္ေလး"
"ဒါဆို ကိုကိုလုပ္တာမဟုတ္ဘူးေလ။ ဘာလို႔
ကိုကို႔ကို မုန္းေနရတာလဲ။ ဒါကတရားမမ်ွတဘူး"
ရြက္စိမ္းစကားအဆံုး မိုင္းမ်က္ႏွာမွာခက္ထန္သြား
သည္။
"သူကအ့ဲဒီသူေတြရ႕ဲေသြးသားေလ ငါကဘာလို႔
သူ႔ကိုမမုန္းရမွာလဲ။ ငါ့မိဘေတြေသသြားတုန္းက
ဘယ္က ေသာက္တရားမ်ွတမႈရခ့ဲလို႔လဲ။ ငါ လူ
ကုန္ကူးခံရၿပီး တိရိစာၦန္တစ္ေကာင္လိုျဖစ္ေနတုန္း
ကေရာ! ငါ့ညီေလးကို မင္းရ႕ဲအစ္ကိုအေကာင္းစား
ႀကီးက သတ္လိုက္တုန္းကေရာ!! ေျပာစမ္း မင္း
ေျပာတ့ဲ ေသာက္တရားမ်ွတမႈက ဘယ္မလဲ"
"ဟားဟားဟား.. ရယ္ရတယ္ မင္းအစ္ကိုကို
ငါကမုန္းလို႔မရဘူးတ့ဲလား!"
စိတ္လြတ္ေနေသာသူလိုရယ္ေနေသာေၾကာင့္ ရြက္စိမ္း
ေနာက္သို႔ေျခလွမ္းအနည္းငယ္ပင္ဆုတ္လိုက္မိသည္။
ထိုသူေျပာေသာစကားမ်ား၏အဓိပၸါယ္ကို ရြက္စိမ္း
အကုန္လံုးနားမလည္ေသာ္လည္း ထိုသူနာက်င္ေန
သည္ကိုေတာ့ ရြက္စိမ္းခံစားမိသည္။ ၿပီးေတာ့..
ကိုကိုက လူသတ္တယ္တ့ဲ။ ဘယ္လိုမွမျဖစ္ႏိုင္ေသာ
အေၾကာင္းပင္။ ရြက္စိမ္းေလး ကိုကို႔ကိုယံုသည္။
"မျဖစ္ႏိုင္ဘူး ကိုကိုကအ့ဲဒီလိုလုပ္မွာမဟုတ္ဘူး!"
"မင္း ဘာေျပာလိုက္တယ္! မင္းကိုကိုက လုပ္မွာ
မဟုတ္ဘူးဟုတ္လား..။ ဟားဟားဟား..ငါ့ညီေလး
အသက္န႕ဲ ငါကစေနာက္ေနတယ္မ်ားထင္ေနတာ
လား"
"ငါတစ္ခုေျပာလိုက္မယ္ မင္းအစ္ကိုဒီေန႔အထိ
အသက္႐ွင္ေနေသးတ့ဲအေၾကာင္းက ႏိုင္းကသူ႔ကို
ခင္တြယ္ေနလို႔ဘဲ။ သူက အ့ဲဒီလူယုတ္မာကို သား
တစ္ေယာက္လို သေဘာထားသတ့ဲေလ။ အ့ဲဒါေၾကာင့္ ငါကအကုန္လံုးကိုစြန္႔လႊတ္လိုက္ဖို႔ေတြးခ့ဲတာ"
မိုင္းပံုစံက ေပါက္ကြဲေနရာမွ တစ္ျဖည္းျဖည္းမြန္းၾကပ္
မႈမ်ားကိုဖြင့္ထုတ္ေသာသူက့ဲသို႔ေျပာင္းလာသည္။ အ
မွန္တစ္ကယ္လည္း မိုင္း အလြန္မြန္းၾကပ္ေနၿပီျဖစ္
သည္။ ႏွစ္ေပါင္းမ်ားစြာ အရမ္းကိုၾကာ႐ွည္တ့ဲႏွစ္ေပါင္းမ်ားစြာ...။
မိုင္း ေရဘံုဘိုင္ေဘးနံရံကိုမွီကာ ခပ္ေလ်ာေလ်ာ
အေနအထားျဖင့္ ထိုင္ခ်လိုက္ေတာ့ ရြက္စိမ္းဆို
ေသာေကာင္ေလးကပါ မိုင္းေဘးေနရာတြင္ဝင္ထိုင္
လာသည္။
"ၿပီးေတာ့ ဘာလို႔ဒီလိုေတြျဖစ္ကုန္တာလဲ။ ကိုကိုက
ဦးေလးန႔ဲ ကိုကို႔ဦးဦးကို တစ္ေယာက္ထဲလို႔ထင္ေနတာ
လား?.."
"အဟက္! ငါက ႏိုင္းရ႕ဲအမႊာအစ္ကိုဆိုတာကိုသူ႔ကို
အသိေပးခ့ဲပါတယ္။ သူ႔အေဖရန္မင္းကိုသတ္တာ
အျပင္ အစီအစဥ္ေတြအကုန္လံုးကငါန႔ဲဘဲဆိုင္တာမို႔ သူမေက်နပ္တာ႐ွိရင္ ငါ့ကိုဦးတည္ဖို႔ေျပာခ့ဲတာ။ ႏိုင္းကိုေတာ့ေပးမသိဖို႔န႔ဲ ဦးေလးအျဖစ္ဘဲဆက္ဆံေပးဖို႔
ေတာင္းဆိုခ့ဲတယ္။ ငါဒီလိုလုပ္တာက မင္းရ႕ဲအစ္ကိုအေၾကာင္းတစ္ဖြဖြေျပာတတ္တ့ဲ ငါ့ညီေလးေၾကာင့္ဘဲ။ ငါသာဝန္မခံရင္ ငါ့ညီေလးန႔ဲမင္းအစ္ကိုၾကားဆက္ဆံ
ေရးျပန္ေျပလည္မလာမွာစိုးခ့ဲတာ။ ဒါေပမယ့္ မင္း
အစ္ကိုကေတာ့.."
မိုင္း ေနာက္နံရံကိုမွီလိုက္သည္။ သူ႔ကိုယ္သူလည္း
ရီခ်င္မိသည္။ တစ္သက္လံုးမည္သူ႔ကိုမွဖြင့္မဟခ့ဲတ့ဲ
သူက အသက္ျပည့္တာေတာင္မၾကာေသးေလာက္
သည့္လူငယ္ေလးကို ရင္ဖြင့္မိသည္တ့ဲ။ ထို႔ျပင္ သူ
ျပန္ေပးဆြဲလာေသာေကာင္ေလးလည္းျဖစ္ေသးသည္။
မိုင္းလက္ကိုအုပ္ကိုင္လာေသာ လက္ေလးတစ္ဖက္
ေၾကာင့္ မိုင္း ေကာင္ေလးကိုၾကည့္လိုက္ေတာ့..
"ရြက္စိမ္းေလး အာမခံပါတယ္ ကိုကိုကမေကာင္း
တာမလုပ္ပါဘူး။ တစ္ခုခုမွားေနတာ ေသခ်ာတယ္"
မိုင္း ေခါင္းသာခါမိသည္။ ဒီေကာင္ေလးပံုစံက
ႏိုင္းႏွင့္ပင္တူသည္။ ငတံုးေလး။ သူကိုယ္တိုင္ပင္
သူ၏အေမွာင္ဘက္ျခမ္းကို ႏိုင္းေ႐ွ႕တြက္ပိတ္သိမ္း
ထားေသးသည္ကို သစ္မိုးအိမ္ကေရာ ဒီေကာင္ေလး
ေ႐ွ႕မွာ သူ႔အေမွာင္ဘက္ျခမ္းကို ျပသမည္တ့ဲလား။
မိုင္း ထိုင္ေနရာမွထလိုက္ကာ ကိုယ္ဟန္မူရာကိုျပင္
လိုက္သည္။
"ငါလည္းအ့ဲလိုျဖစ္ဖို႔ေမ်ွာ္လင့္ပါတယ္"
မျဖစ္ႏိုင္ေပမယ့္ေပါ့ ဆိုေသာစကားကိုေတာ့ မိုင္း
ထုတ္ေျပာမေနေတာ့။ စိတ္အားထက္သန္စြာအာမခံ
ေနေသာ ထိုကေလးကိုစိတ္ပ်က္ရေအာင္လုပ္၍လည္း
ဘာအက်ိဳးအျမတ္မွမ႐ွိဘဲေလ။
"အခ်ိန္မျဖဳန္းန႔ဲေကာင္ေလး သြားမယ္"
ရြက္စိမ္း ေခါင္းၿငိမ့္ကာေနရာမွထရပ္လိုက္သည္။
"ဦးဦးက လူဆိုးႀကီးဆိုေပမယ့္ သနားဖို႔ေကာင္းတယ္။
တစ္ေန႔က်ရင္ ဦးဦးလည္း ေပ်ာ္ရႊင္ႏိုင္ဖို႔ ဆုေတာင္းေပး
ပါတယ္"
"ေပ်ာ္ရႊင္ဖို႔လား?.."
မိုင္း ဆက္ေျပာရန္ျပင္ေနစဥ္မွာပင္ ဂိုေဒါင္ဘက္မွ
ေသနတ္သံတစ္ခ်ိဳ႕ၾကားလိုက္ရေသာေၾကာင့္ မ်က္ႏွာ
ပ်က္သြားရသည္။ မိုင္း ေကာင္ေလးလက္ကိုတစ္ဖက္
ကဆြဲကာ တစ္ဖက္က ခါးၾကားတြင္ထိုးထားေသာ
ေသနတ္ကိုထုတ္ကာကိုင္လိုက္သည္။
ေရဘံုဘိုင္႐ွိေသာေနရာက ဂိုေဒါင္၏အေနာက္ဘက္
တြင္ျဖစ္သည္။ ဂိုေဒါင္အေဆာက္အဦးဘက္နီးလာ
ေလေလ ေသနတ္သံမ်ားကပိုက်ယ္လာေလေလျဖစ္
သည္။ တစ္ဖက္မွသူမ်ားေရာက္လာသည္မွာေသခ်ာ
သေလာက္ျဖစ္ေနေခ်ၿပီ။
မိုင္း ဂိုေဒါင္ဘက္ေရာက္သည္ႏွင့္ေထာင့္နား႐ွိပစၥည္း
မ်ားကို အကြယ္ယူကာ အေျခအေနကိုၾကည့္လိုက္
သည္။ ႏွစ္ဖက္အျပန္အလွန္ျပစ္ခတ္ေနၿပီး ေထာင့္
ဘက္တြင္အနၱရာယ္ကင္းစြာ႐ွိေနေသာ အနီရင့္ေၾကာင့္
မိုင္းစိတ္ေအးသြားရသည္။ မိုင္း၏နဂိုပံုစံေၾကာင့္ သူမ
ႏွင့္ရင္းရင္းႏွီးႏွီးမေနေသာ္လည္း သူ႔ေသြးသားျဖစ္ေသာ
သူမကို မိုင္းစိတ္ပူပါသည္။
တစ္ဖက္မွသူမ်ားကို မ်က္ႏွာတစ္ပိုင္းဖံုးေသာ မ်က္ႏွာ
ဖံုးကိုဝတ္ဆင္ထားသည္သူကဦးေဆာင္လာျခင္းျဖစ္
၏။ မိုင္း သူ႔ေနာက္မွေသနတ္သံက်ယ္က်ယ္မ်ား
ေၾကာင့္ ထိတ္လန္႔ေနေသာေကာင္ေလးကိုၾကည့္
လိုက္သည္။ ထိုကေလးက မသိေသာ္လည္း မိုင္းက
ေတာ့ ထိုမ်က္ႏွာဖံုးႏွင့္သူက မီးလ်ွံဂိုဏ္း၏ဆက္ခံသူ
အသစ္ Mr. X တစ္ျဖစ္လဲ ေကာင္ေလး၏ အစ္ကို
အေကာင္းစားႀကီျဖစ္ေၾကာင္းသိသည္။
႐ုတ္တရက္ဝင္စီးခံရသလိုျဖစ္ေသာေၾကာင့္ မိုင္းဘက္
မွသူမ်ားက အနည္းငယ္အေရးနိမ့္ေနသည္။ ကိုယ္စီ
လက္နက္ကိုင္ထားၾကေသာသူမ်ားျဖစ္ေသာေၾကာင့္
အေျခအေနက ပန္းႏွင့္ေပါက္သလိုညင္သာမေနေပ။
မိုင္း ေမာင္းတင္ထားေသာ ေသနတ္ကို ျမဲျမ့ံစြာကိုင္
ကာ ျမန္ဆန္စြာလႈပ္႐ွားၿပီး တစ္ဖက္ကိုလွမ္းျပစ္လိုက္
သည္။
မိုင္း၏ ေသနတ္ျပစ္စေကးက အလြန္ေကာင္းမြန္ေသာ
ေၾကာင့္ အလဟသျဖစ္သြားေသာ က်ည္ဆန္ဟူ၍မ႐ွိ။
ႏွစ္ဖက္အေျခအေနမွာ မ်ွေခ်ျဖစ္လာေသာအခါ မိုင္း..
သစ္မိုးအိမ္ဆီ ေသနတ္ကိုဦးတည္လိုက္သည္။
မိုင္းေသနတ္ေမာင္းကို မဆြဲခင္ ထပ္ကာေရာက္လာ
ေသာ သူမ်ားေၾကာင့္ မိုင္းတိတ္တဆိတ္ဆဲေရးကာ
အကြယ္ေနာက္တြင္ျပန္ေနလိုက္ရသည္။ ထိုသူမ်ားက
ေဒသခံမ်ားျဖစ္ၿပီး သစ္မိုးအိမ္ႏွင့္ပူေပါင္းထားေသာသူ၏ လူျဖစ္သည္။
သစ္မိုးအိမ္က အကြယ္ေနရာမွသူ႔ကိုျမင္သြားၿပီး
ေဘးမွေကာင္ေလးကိုလည္းျမင္သြားကာ စိုးရိမ္ေသာအၾကည့္မ်ားျဖင့္လွမ္းၾကည့္ေနသည္။
တစ္ျဖည္းျဖည္း အနားသို႔ေရာက္ေအာင္ႀကိဳးစားေန
ေသာ သစ္မိုးအိမ္။ မိုင္း ခပ္မ့ဲမ့ဲျပံဳးလိုက္သည္။ သူ႔
အလွည့္က် စိုးရိမ္တတ္လိုက္တာ သူ႔တုန္းကေရာ
သူႏိုင္းရ႕ဲအေလာင္းကိုျမင္တုန္းက ႐ူးမလိုခံစားခ့ဲ
ရတာ။
မိုင္း ေကာင္ေလး၏လက္ကိုဆြဲကာသူေ႐ွ႕တြင္ထား
ၿပီးခ်ဳပ္ထားလိုက္သည္။ သစ္မိုးအိမ္က ခ်က္ခ်င္းပင္
မ်က္လံုးမ်ားျပဴးက်ယ္သြားကာ ေနရာတြင္ပင္ရပ္သြား
သည္။
"ခင္ဗ်ား ခ်က္ခ်င္းရပ္လိုက္ေနာ္!!"
"အဟက္ ငါကဘာလို႔မင္းေျပာတာလုပ္ရမွာလဲ"
မိုင္း ေသနတ္ေျပာင္းဝကို ေကာင္ေလး၏ျဖဴေဖ်ာ့
ေသာ နားထင္တြင္ေတ့ကပ္လိုက္ေတာ့ ေကာင္ေလး
ကိုယ္ေလးကတုန္သြားသလို မ်က္ႏွာဖံုးေအာက္မွ
သစ္မိုးအိမ္၏ မ်က္ႏွာမွာလည္းျဖဴေလ်ာ္သြားသည္။
"ဟုတ္ပါၿပီ ကြၽန္ေတာ္အနားတိုးမလာေတာ့ဘူး..
ေက်းဇူးျပဳၿပီး clover ကိုဘာမွမလုပ္ပါန႔ဲ"
မ်က္ႏွာတစ္ဝက္ကိုဖံုးေသာမ်က္ႏွာဖံုးတပ္ဆင္ထား
သည့္အမ်ိဳးသားက သူ၏လက္ႏွစ္ဖက္ကိုအ႐ွံဳးေပး
ဟန္ သာသာေျမႇာက္ၿပီးေျပာလာသည္။
"ကိုကို ကိုကိုလား?"
"အင္း ကိုကိုေရာက္လာၿပီမို႔ မေၾကာက္န႔ဲေတာ့ေနာ္
ကေလးေလး"
သစ္မိုးအိမ္မ်က္ႏွာတစ္ဝက္ဖံုးေသာေငြေရာင္
မ်က္ႏွာဖံုးကိုခြၽတ္လိုက္ၿပီး ေကာင္ေလးကိုညင္
သာစြာေျပာလိုက္သည္။ သူ႔ကိုျမင္သည္ႏွင့္ မ်က္ႏွာ
ေလးမ့ဲကာ မ်က္ရည္ဝိုင္းလာေသာေကာင္ေလးက
တစ္ကယ့္ကိုကေလးေလးပင္။
"မငိုန႔ဲ ဘာမွျဖစ္မွာမဟုတ္ေတာ့ပါဘူး"
သူ႔ကိုကိုဆီမွ ေခ်ာ့ျမဴေသာအသံၾကားေသာအခါ
အရင္ရက္မ်ားကသန္မာခ့ဲေသာက်ားေပါက္ေလး
က ေခြးေပါက္ေလးလိုတအီအီျဖင့္ငိုေတာ့သည္။
သစ္မိုးအိမ္ ေ႐ွ႕ကိုတိုးရန္ႀကိဳးစားမိသည္ႏွင့္
ရြက္စိမ္းနားထင္တြင္ေသနတ္ေျပာင္းကိုပိုကာတိုး
ကပ္လိုက္သည္။
"ငါ့လူေတြကိုလႊတ္ေပးဖို႔ မင္းလူေတြကိုေျပာလိုက္!"
"ေကာင္းပါၿပီ.."
သစ္မိုးအိမ္ သူ႔လူမ်ားကိုအခ်က္ျပလိုက္ကာ မိုင္း၏
လူမ်ားကိုခ်ဳပ္ထားသည္မွလႊတ္ခိုင္းလိုက္သည္။ သူ႔
လူမ်ားေဘးကင္းသြားသည္ကိုျမင္ေသာအခါမွ မိုင္း
က စိတ္ခ်သြားရသည္။
"အဟက္ မင္းကဘယ္ဆိုးလို႔လဲ ငါ႐ွိေနမယ့္ေနရာ
ကိုေျခရာခံႏိုင္သားဘဲ"
မိုင္းက သစ္မိုးအိမ္ကိုၾကည့္ကာ အ႐ူးတစ္ေယာက္လို
ျပံဳးသည္။ သစ္မိုးအိမ္ကေျပာလာသည္။
"ဦးေလး ရပ္လိုက္ပါေတာ့.. အျပစ္မ့ဲတ့ဲသူေတြကို
ထိခိုက္ေအာင္မလုပ္ပါန႔ဲေတာ့"
မိုင္းက ကိုင္ထားေသာ ေသနတ္ေျပာင္းကို ရြက္စိမ္း
နားထင္တြင္ေတ့ကပ္ထားရာမွ သု႔နဖူးႏွင့္ထိကာကုတ္
ျခစ္သလိုျပဳသည္။ မိုင္း၏တိုးဖြဖြရီသံက ေၾကာက္စရာ
ေကာင္းသည္။
"အျပစ္မ့ဲတ့ဲသူ... ဒီစကားကိုေျပာဖို႔မင္းမွာဘာအခြင့္
႐ွိလို႔လဲ!။ မင္းကိုငယ္ငယ္ေလးထဲက ေစာင့္ေ႐ွာက္ခ့ဲ
တ့ဲ ငါ့ညီေလးကိုသတ္တုန္းက မင္းအျပစ္မ့ဲတ့ဲသူလို႔
မေတြးခ့ဲဘူးလား။ မင္းတို႔မိသားစုက ငါ့မိသားစုကို
ဖ်က္စီးခ့ဲတုန္းကေရာ အျပစ္မ့ဲတ့ဲသူလို႔မေတြးမိခ့ဲဘူး
လား ဟမ္!!"
"ဦးေလးကို က်ဳပ္ကသတ္တယ္? ခင္ဗ်ားဘာေတြ
ေျပာေနတာလဲ။ ခင္ဗ်ားကေရာ ဘယ္သူလဲ"
"မင္းကဘာကို သူေတာ္ေကာင္းေယာင္ေဆာင္ေန
တာလဲ။ ခင္ဗ်ားဘယ္သူလဲတ့ဲ ေမးခြန္းေကာင္းဘဲ
သစ္မိုးအိမ္။ ေကာင္းၿပီေလ ငါထပ္ၿပီးမိတ္ဆက္ေပး
တာေပါ့.. ငါက မင္းရ႕ဲဦးေလးေသာ္ထက္ရ႕ဲ အမႊာ
အစ္ကို.."
သစ္မိုးအိမ္ တစ္ဖက္မွဦးေလး၏အမႊာအစ္ကိုဆိုသူ
ေျပာေသာစကားမ်ားကို နားမလည္ႏိုင္ေတာ့။ ၿပီး
ေတာ့ ဦးေလးကေသၿပီတ့ဲ။ သူသတ္တာတ့ဲ။ ဘာ
ေတြျဖစ္ေနသည္မွန္းမသိေတာ့ေပ။
"ငါက ငါတို႔ညီအစ္ကိုႏွစ္ေယာက္ ေအးေအးခ်မ္းခ်မ္း
ေလးဘဲေနခ်င္တာပါ။ ဒါေပမယ့္မင္းကေရာ..မင္းက
နိုင္းကိုသတ္ျပစ္လိုက္တယ္..ဟားဟားဟား..."
"ခင္ဗ်ားဘာ အ႐ူးစကားေတြလာေျပာေနတာလဲ။
က်ဳပ္က ဦးေလးကိုဘာလို႔ လုပ္ႀကံရမွာလဲ"
သစ္မိုးအိမ္စကားေၾကာင့္အနီရင့္မ်က္ႏွာပ်က္သြားကာ
ခ်က္ခ်င္းပင္ အေျခအေနကိုဖ်က္စီးရန္ျပင္လိုက္သည္။
ပုန္းကြယ္ေနေသာ အကြယ္မွထြက္လိုက္ကာ ...
"ကိုသစ္ကိုဘာမွမလုပ္ပါန႔ဲေနာ္ ကိုသစ္ဘက္ကၾကည့္
ရင္ အေဖတစ္ေယာက္လံုးဆံုး႐ွံဳးရတာေလ။ အ့ဲဒါ
ေၾကာင့္ ကိုသစ္က စိတ္လိုက္မာန္ပါလုပ္မိတာျဖစ္မွာ
ပါ။ ဖိုးဖိုးဖြားဖြားတို႔ကိုေသေစတာက ကိုသစ္မိသားစု
ဆိုေပမယ့္ ကိုသစ္ကိုေတာ့ဘာမွမလုပ္ပါန႔ဲေနာ္.."
သူမစကားမ်ားက သစ္မိုးအိမ္အတြက္ကာကြယ္ေျပာ
ေပးေနဟန္ေပါက္ေသာ္လည္း မိုင္းကိုရည္ရြယ္ကာ
ကိစၥတစ္ခုလံုးကိုသတိေပးေနျခင္းသာ။ သူမမွန္းထား
သလိုပင္ မိုင္း၏မ်က္ႏွာမွာပို၍ခက္ထန္သြားၿပီး
သစ္မိုးအိမ္ကို စူးစူးဝါးဝါးၾကည့္လာသည္။
"မင္းရ႕ဲအေျခအျမစ္မ႐ွိတ့ဲ စကားေတြကိုေတာ္လိုက္
ေတာ့ သစ္မိုးအိမ္။ မင္းရ႕ဲအဖိုးတန္တ့ဲညီေလးကို..
မေသေစခ်င္ဘူးမလား"
သစ္မိုးအိမ္က ျပန္မေျဖေသာ္လည္း မိုင္းကို ခ်က္ခ်င္း
သတ္ျပစ္ခ်င္သည့္အလား စူးရဲစြာၾကည့္ေနသည္။ မိုင္း
ေျပာလိုက္သည္။
"မင္းကိုယ္တိုင္ အဆံုးသတ္လိုက္။ ဒါဆိုငါမင္းညီေလး
ကိုလြတ္ေပးမယ္။ မင္းတို႔ႏွစ္ေယာက္ထဲကတစ္ေယာက္
ဘဲ အသက္႐ွင္ရမယ္။ မင္းကိုယ္တိုင္လား မင္းကိုယံု
ၾကည္လြန္းတ့ဲ ဒီေကာင္ေလးလားဆိုတာ မင္းဆံုးျဖတ္
ေပါ့"
"ဦးဦး ရြက္စိမ္းေလးေျပာတာယံုပါ ကိုကိုကအ့ဲဒီလိုလုပ္
မွာမဟုတ္ဘူး။ ကိုကို႔ကိုဘာမွမလုပ္ပါန႔ဲ အီးဟီးဟီး.."
"ငါ့အေဖတုန္းက ငါ့ေ႐ွ႕မွာတင္သတ္ေသသြားတာ
ငါဆုပ္ကိုင္တိုင္းေႏြးေထြးေနတ့ဲ သူ႔ရဲ႕လက္ေတြမွာေလ
ေသြးေတြေပက်န္ၿပီး ေအးစက္ေနခ့ဲတာ..။ ငါ.ဒီ.
ေန႔.မွာ.တစ္.ပံု.စံ.တည္း.ျမင္.ခ်င္.တယ္"
ဤသည္က မိုင္း၏စိတ္ေရာဂါအစျပဳရာဟုေျပာ၍
လည္းရသည္။ သူ႔အေဖ၏ေသဆံုးသြားေသာပံုရိပ္
က မိုင္းကိုႏွစ္ေပါင္းမ်ားစြာစြဲထင္ေစခ့ဲသည္။
သစ္မိုးအိမ္က ေတြေဝျခင္းမ႐ွိေခါင္းၿငိမ့္လိုက္သည္။
သစ္မိုးအိမ္ ေသရမည္ကိုမေၾကာက္ပါ။ တစ္ခါေသဖူး
ေသာသူက ထပ္ေသရမည္ကိုမေၾကာက္ ထိုအစား
သူခ်စ္ရသူေလး ထိခိုက္သြားမည္ကိုဆိုးမိသည္။
"ေက်းဇူးျပဳၿပီး clover ကိုေတာ့ျပန္လႊတ္ေပးပါ"
သူ႔ေတာင္းဆိုသံကခပ္ၿငိမ့္ၿငိမ့္။ သူကေခါင္းကိုအသည္း
အသန္ခါကာမလုပ္ရန္တားျမစ္ေနသည့္ သူခ်စ္ေသာ
ေကာင္ေလးကိုေနာက္ဆံုးအေနျဖင့္ၾကည့္လိုက္သည္။
ၾကည့္ေကာင္းေသာ ႏႈတ္ခမ္းမ်ားတြင္အျပံဳးတစ္ခုကို
ျဖစ္ေစကာ ေကာင္ေလးကိုစိတ္သက္သာရာရေစရန္
လုပ္ေနျပန္သည္။
"ကေလးေကာင္းေလး လိမၼာတယ္ မ်က္လံုးမွိတ္ထား
တစ္ကေနတစ္ဆယ္အထိေရေနာ္.. ၿပီးရင္ကိုကိုတုိ႔
အိမ္ျပန္ၾကမယ္။ ကိုကို႔ကိုယံုတယ္မလား.. ကိုကိုက
ကိုကို႔ေကာင္ေလးကိုတစ္ခါမွမလိမ္ဖူးဘူးေလေနာ္"
"ဟင့္အင္း မမွိတ္ခ်င္ဘူး..!! ကိုကိုက ကိုကိုက
တစ္ခုခုျဖစ္သြားရင္ဘယ္လိုလုပ္မလဲ..အီးဟီးဟီး.."
သစ္မိုးအိမ္၏အျပံဳးမ်ားမွာ ပိုကာအသက္ဝင္လာရ
သည္။ ေကာင္ေလး၏မ်က္ႏွာအစိတ္အပိုင္းအမူအရာ
တစ္ခုျခင္းစီတိုင္းကိုဘယ္ေတာ့မွမေမ့ေအာင္ မွတ္သား
ကာ ၾကည့္ေနရင္းေျပာလိုက္သည္။
"ကိုကိုက ႐ူးမိုက္တာေတြလုပ္ပါ့မလားကြာ ကိုကို႔
ကို ခ်စ္ရင္ မ်က္လံုးမွိတ္ထားလိုက္ပါ။ ေျပာကိုကို႔ကို
မခ်စ္ဘူးလား?"
"ခ်စ္ ခ်စ္တယ္ ဒါေပမယ့္.."
"ဒါေပမယ့္ ဆိုတာမ႐ွိဘူး အ႐ူးေလးရ႕ဲ မ်က္လံုးမွိတ္
ထား"
"ဟုတ္ ဟုတ္က့ဲ"
တုန္ရီေသာအသံေလးျဖင့္ေျပာကာ မ်က္ရည္မ်ားျဖင့္
စိုစြတ္ေနေသာ မ်က္ဝန္းဝိုင္းႀကီးမ်ားကိုမွိတ္ခ်သြား
သည္ႏွင့္ သစ္မိုးအိမ္၏လက္မ်ားကခါးမွခ်ိတ္ထား
ေသာ..ဓားအတိုေလးဆီသို႔ေရာက္သြားကာ လ်န္ျမန္
စြာလႈပ္႐ွားလိုက္သည္။
"ခင္ဗ်ားကသိပ္ေတာ္ပါတယ္။ ကြၽန္ေတာ္က ကေလး
ငယ္ကို သိပ္ခ်စ္မွန္းသိတယ္။ ကြၽန္ေတာ္ မစြန္႔စားရဲ
မွန္း ဘာကိုမွအမွားမခံႏိုင္မွန္းကိုေပါ့.."
သစ္မိုးအိမ္ နည္းလမ္းေတြအမ်ားႀကီးေတြးမိေသာ္
လည္း တစ္ခုခုမွားသြားလ်ွင္ဆိုကာ ေျခာက္လွန္႔ေန
သည္။ လက္ေကာက္ဝတ္မွ ေသြးနီမ်ားက႐ွည္သြယ္
ေသာ လက္ေခ်ာင္းမ်ားဆီစီးက်လာကာ ေျမေပၚသို႔
တစ္ဆင့္ ျပန္က်သြားေသာ္လည္း.သစ္မိုးအိမ္က
မ်က္ႏွာတစ္ခ်က္ပင္မပ်က္ေပ။
လက္တစ္ဖက္ကိုေျမႇာက္ကာ သူ႔လူမ်ားကိုၫြန္ၾကား
လိုက္သည္။
"ကတိမတည္တာမ်ိဳး႐ွိလာခ့ဲရင္ ဘယ္သူမွအသက္
႐ွင္လ်က္ထြက္မသြားေစန႔ဲ!!"
"နားလည္ပါၿပီ Mr.X" (×All)
သစ္မိုးအိမ္ ထိုသူကိုစိုက္ၾကည့္ကာေျပာလိုက္သည္။
"ကတိတည္ေပးပါ"
မ်က္လံုးမ်ားမွိတ္ကာ နံပါတ္စဥ္မ်ားေရတြက္ေနေသာ
ေကာင္ေလးသည္ တစ္စံုတစ္ခုလဲၿပိဳသြားသံကိုၾကား
လိုက္ရသည္။ ကိုယ္ငယ္ေလးသည္ တုန္ရင္သြားရ
ေသာ္လည္း သူ႔ကိုမွာထားသည့္အတိုင္း နံပါတ္စဥ္
မ်ားကို ဆက္လက္ေရတြက္ေန၏။
ေကာင္ေလး၏ စိတ္ထဲတြင္ေတာ့ တူညီေသာစကား
မ်ားကိုသာ ထပ္ကာထပ္ကာရြတ္ေနသည္။
ကိုကိုကမွာထားတယ္။ ကိုကို႔ကိုယံုတယ္။ ကိုကိုက
မလိမ္ဖူးဘူး။ နံပါတ္တစ္ဆယ္ နံပါတ္တစ္ဆယ္ထိ
ၿပီးရင္ ကိုကိုန႔ဲတူတူအိမ္ျပန္ၾကမယ္။ တစ္ဆယ္ထိဘဲ
ရြတ္ဖို႔လိုတာ။
ေကာင္ေလးသည္ မ်က္လံုးမဖြင့္ေသာ္လည္း တစ္စံု
တစ္ခုကိုခံစားမိသည့္အလား အသည္းအသန္ငိုေႂကြး
ေနသည္။ ၿငိမ္သက္စြာမ်က္လံုးမ်ားမွိတ္ထားေသာ သူ
ကလည္း ေနာင္တမ႐ွိသည့္ႏွယ္ ျပံဳးပင္ျပံဳးေနေသး၏။
"အဟင့္ ၈..~၉...၁၀.."
႐ိႈက္သံေလးေႏွာေသာ ေရတြက္မႈမ်ား အဆံုးသတ္သြား
ခ်ိန္တြင္တုန္ရီစြာျဖင့္ မွိတ္ထားေသာမ်က္လံုးေလးမ်ား
ဖြင့္လာသည္။ ေစာင့္ႀကိဳေနေသာ ျမင္ကြင္းကေကာင္
ေလးကို အသက္႐ွဴရပ္သြားေစရန္လံုေလာက္ခ့ဲသည္။
"ကိုကို!!!!"
...........
(A/N-နာက်င္စရာေတြၿပီးရင္ ေပ်ာ္ရႊင္စရာေတြေရာက္ လာႏိုင္ပါသလား ..Real Final is Coming~)
Media မွာထည့္ေပးထားတ့ဲသီခ်င္းေလးကို
နားေထာင္ေစခ်င္ပါတယ္ေရာ ❤
JM(Jan-17-2022)
Next>>>>>
(Unicode)🍀🍀🍀
(Final)
Part-100
(ကိုယ်..ချစ်သော clover..!!..)
အမှောင်ချထားသောအခန်းတစ်ခုထဲတွင်ဖြစ်သည်။
တိတ်ဆိတ်နေပြီး မည်သည့်အသံမှမကြားရသော
အခန်းလွတ်တစ်ခုဖြစ်သည်။ သို့သော်အခန်းအလယ်
တွင်တော့ နောက်မှီကုလားထိုင်တစ်လုံးနှင့်တွဲချည်
ထားခံရသော ကောင်လေးတစ်ယောက်ရှိနေ၏။
အခန်းအတွင်းပိန်းမှောင်နေသည်က စိတ်ကသိက
အောက်ဖြစ်ဖွယ်ရာကောင်းသည်။ လက်ပြန်ကြိုး
တုပ်ခံထားရသော ရွက်စိမ်းကတော့ ဘာမှမဖြစ်ပေ။
အကြောင်းမှာ အလင်းရောင်ရှိလျှင်ပင် သူမြင်နိုင်
မည်မဟုတ်သောကြောင့်။
ဆေးမှုန့်နှင့်ပတ်ခံထားရသောရွက်စိမ်း၏ မျက်လုံး
လေးများမှာ ပုံမှန်ထက်ပိုကာဖောင်းမို့နေပြီး ယောင်
နေသည်။ မနာကျင်ဘူးဟုဆိုပါက လိမ်ရာကျပေလိမ့်
မည်။ သို့သော် ရွက်စိမ်း မျက်ရည်မကျသလို နာကျင်
ညီးငြူသံတစ်စက်မထွက်ပေ။
ရွက်စိမ်း သတိရရခြင်းတွင်တော့ မျက်လုံးများမမြင်
ရသည့်အတွက်ထိတ်လန့်သွားရသည်။ ရွက်စိမ်း
စိတ်ကိုငြိမ်ငြိမ်ထားကာ အခြေအနေကိုသုံးသပ်
လိုက်သောအခါ..မအနီရင့်လုပ်နိုင်သည်က ရွက်စိမ်း
ကိုစိတ်ဒုက္ခပေးခြင်း အကုန်သာဖြစ်သည်။
ဖြစ်ကောင်းဖြစ်နိုင်သည်က ပိုဆိုးဝါးသည်များလုပ်ရန် အချိန်မတန်သေးသောကြောင့် ဖြစ်နိုင်သလို သူမ
မလုပ်ရဲသောကြောင့်လည်းဖြစ်နိုင်သည်။
သေချာသည်က ပထမအကြောင်းပြချက်က ပိုဖြစ်နိုင်
ချေများသည်။ အချိန်မတန်သေးခြင်း တစ်နည်းအား
ဖြင့် သူမတစ်စုံတစ်ခုကိုစောင့်ဆိုင်းနေသည်။ ရွက်စိမ်း
အနည်းငယ် စိတ်အေးသွားရသည်။ ရွက်စိမ်းတွင်
လက်တလောတော့ အန္တရာယ်မရှိသေးပေ။
ကိုကိုရော ရွက်စိမ်းလေးကို လိုက်ရှာနေတယ်မလား
...။
တံခါးဖွင့်သံတိုးတိုးထွက်ပေါ်လာပြီး ခြေသံသဲ့သဲ့က
နောက်ကလိုက်လာသည်။ ရွက်စိမ်း အာရုံစိုက်ကာ
နားထောင်နေလိုက်သည်။ ခြေသံက ပြင်းကာလေး
လံသည်။ တစ်ဖြည်းဖြည်း ခြေသံကနီးကပ်လာ၏။
"သစ်ရွက်စိမ်း"
ရင်းနှီးနေသော အသံကြောင့် ရွက်စိမ်းလှုပ်လှုပ်ရှား
ရှားဖြစ်သွားရသည်။ နှုတ်ခမ်းလေးများပင် တုန်ရီကာ
အသံတိုးတိုးလေးဖြင့်မေးလိုက်သည်။
"ဘယ်သူလဲ ကို..ကိုကိုလား?"
"ဟက် မင်းငါ့အသံကိုမှတ်မိသားဘဲ။ ၁၃နှစ်လုံး
တူတူနေခဲ့တာဆိုတော့လည်း မှတ်မိနေတာမဆန်း
ပါဘူး"
၁၃နှစ်ဆိုသောနေရာတွင်လေသံကိုဖိကာ စိမ်းသက်
စွာပြောလာသောကြောင့် ရွက်စိမ်း မျက်တောင်လေး
များလှုပ်ခတ်သွားရသည်။ တစ်ကြိမ်တစ်ခါမှပင်လေသံ
မာမာမသုံးသောသူက အခုလိုစိမ်းသက်နေသောအသံ
ဖြင့်ပြောလာသောအခါ ရွက်စိမ်းအတွက် သတိရရခြင်း
အမြင်အာရုံမရှိဘဲ အရာအားလုံးမှောင်မည်းနေသည်
ထက်ပင် ဝမ်းနည်းစေသည်။
"ဟက် ငိုနေတာလား? ဒီလိုကျတော့လည်း
သနားစရာလေးပါလားကွာ"
နားနားကပ်ကာ ပြောလာသောအသံက ခြောက်ကပ်
ကာ လှောင်ရီမှုများဖြင့်ပြည့်နေ၏။ မျက်နှာသေးသေး
လေးကို လက်ညိုးနှင့်လက်မသုံးကာ အတင်းအကြပ်
ဆွဲမော့ခံလိုက်ရသည်။
"အခုမှဘဲ ငါစိတ်သက်သာရာရသွားတော့တယ်
ဟား..."
ဖောင်းဖို့နေသော မျက်ခွံလေးများမှာလှုပ်ခတ်သွား
ရသည်။ ရွက်စိမ်းက ဘာမှဆိုမလာတော့ဘဲငြိမ်သက်
သွားသည်။
"ကိုသစ်က ဒီရောက်နေတာကိုး"
ဒေါက်ဖိနပ်ချွန်ချွန်နှင့်ကြမ်းပြင်ထိခတ်သံနှင့်အတူ
ခပ်ပြင်းပြင်းရေမွှေးနံ့ကိုပါ ရွက်စိမ်းရလိုက်သည်။
"ရင့်က ကိုသစ်ကိုလိုက်ရှာနေတာ"
"အဟွန်း ဘာဖြစ်လို့လဲ ရင့်"
နားထောင်ကောင်းသောအမျိုးသား၏အသံက
တစ်ဖက်မှ မိန်းမလှလေးကို ရှက်ဝဲဝဲလေးဖြစ်စေ
သည်။
"ကိုသစ်ကလည်း ရင့်က ကိုသစ်စိတ်မကောင်းဖြစ်
နေတာ မကြည့်ရက်လို့ပါ။ ကိုသစ် နာကျင်နေရရင်
ရင့်လဲနာကျင်ရတယ်။ ကိုသစ်က ရင့်ကိုစိတ်ဆိုးပြေ
ပါတော့နော်"
"လူဆိုးမလေး ဒီအရှုပ်တွေကို ကိုယ်ကိုယ်တိုင်
ရှင်းမယ်လို့ ပြောထားရဲ့သားနဲ့ကွာ"
"ရင့်က..ကိုသစ်ကိုစိတ်ပူလို့ပါ"
ညိုးလျသော အသံလေးကြောင့် တစ်ဖက်မှသူက
သက်ပြင်းမောကိုချလိုက်ကာ သူမ၏ကိုယ်လေးကို
ထွေးဖက်လိုက်သည်။ များမကြာမှီမှာပင်ပြင်းပျသော
အနမ်းကြောင့် ပူလောင်သောအသံများထွက်ပေါ်လာ
တော့သည်။ တိတ်ဆိတ်နေသောအခန်းလေးထဲမို့
ပူလောင်ပြင်းပျသော အသံများမှာပုံမှန်ထက်ကျယ်
လောင်နေသည်။
"မအနီရင့် တော်ပါတော့!. .မအနီရင့်ရဲ့ရည်ရွယ်ချက် အောင်မြင်တာမို့ ကျေးဇူးပြုပြီး ထွက်သွားပါတော့"
အနီရင့် ခပ်မဲ့မဲ့ပြုံးကာ တုန်ရီနေသောကောင်လေးကို
ကျေနပ်စွာကြည့်လိုက်သည်။ ကောင်လေးနားသို့ ကပ်
ကာ မင်းရှုံးပြီဟု ခပ်တိုးတိုးပြောလိုက်သည်..။
"မမလေး သခင်ကြီးရောက်ပါပြီ"
အနီရင့် သတင်းပို့လာသော သူကို သူမသိပြီဖြစ်
ကြောင်း အမူအရာပြလိုက်ကာ ဘေးမှအရပ်ရှည်ရှည်
နှင့်အမျိုးသား၏ လက်မောင်းကိုချိတ်လိုက်သည်။
"Good bye ကောင်လေး ထပ်မတွေ့ကြစို့"
ဟုတ်သည်။ မကြာခင် အမှိုက်ကောင်လေးကို အဆုံး
သတ်ပေးတော့မှာမို့ ထပ်မတွေ့ကြစို့!..။
ခြေသံများဝေးကွာသွားပြီး အခန်းတွင်း ရွက်စိမ်းတစ်
ယောက်ထဲသာကျန်ခဲ့တော့သည်။ ထိုအခါ တုန်ရီ
နေသော နှုတ်ခမ်းထောင့်လေးတစ်ဖက်ကော့တက်
သွားပြီး ခပ်တိုးတိုးရေရွတ်သံလေးပါ ထွက်လာသည်။
"ဘယ်သူ့ကို လာလိမ်ချင်နေသေးတာလဲ? အယောင်
ဆောင် တစ်ယောက်နဲ့များလှည့်စားချင်သေးတယ်..။
ကိုကိုက ရွက်စိမ်းအပိုင်လေ။ ကိုယ့်အပိုင်ကိုယ် မမှတ်
မိလောက်အောင် တုံးအနေမယ်လို့ တစ်ကယ်ကြီးထင်
နေတာလားဘဲ"
ရွက်စိမ်းက အခြေအနေများကိုသုံးသပ်ပြီး နည်းလမ်း
နှစ်ခုရခဲ့သည်။ သူက သူမကိုဆန့်ကျင်ကာ စိတ်ပျက်
စေမလားဆိုသည်နှင့် သူမစီစဉ်သည့်အတိုင်းအလိုက် သင့် တုန့်ပြန်ကာ သူမကိုအရူးလုပ်ရန်ဖြစ်သည်။
ပထမနည်းက မထင်မှတ်ထားသောသက်ရောက်မှုများ
ရှိမည်ဆိုးသောကြောင့် ရွက်စိမ်းက သူမကိုအရူးလုပ်
ရန်သာရွေးချယ်ခဲ့သည်။
ယုံကြည်ရင် သံသယမဝင်ဘူး။ သံသယဝင်လာပြီ
ဆိုလျှင် ယုံကြည်မှုက မခိုင်မာဘူးတဲ့။ ရွက်စိမ်းက
ခပ်ဖျော့ဖျော့ပြုံးသည်။ စိတ်မကောင်းပါဘူး မအနီရင့်
သစ်ရွက်စိမ်းက သစ်မိုးအိမ်ကိုအရမ်းယုံတာ။
တစ်စုံတစ်ယောက်ကတော့ လူနှစ်ဦးကြားက ခိုင်မာ
မှုနှင့် လူဆိုးပေါက်စလေးကိုတစ်ကယ်ကိုလျော့တွက်
ခဲ့မိသည်ပင်။
...........
"ရင့် ကောင်လေးကိုခေါ်လာတာ ငါဘာလို့မသိရတာ
လဲ?"
အနီရင့်ကပြန်ဖြေသည်။
"မသေချာရင် Daddy ကို စိတ်ပျက်စေမှာဆိုးလို့ပါ။
ဦးလေးသော်ထက်သေဆုံးမှုကြောင့် daddy က စိတ်
မကောင်းဖြစ်နေတာလေ ရင့်က ဘယ်လိုမျိုးအပူထပ်
ပေးရက်ပါ့မလဲ"
မိုင်းကိုပြန်ဖြေလိုက်ရင်း ဘေးမှသူ၏လက်မောင်းကို
ချိတ်ထားသောသူမ၏လက်ကိုဖယ်လိုက်သည်။ ထိုသူ
ကိုပြောလိုက်သည်။
"ရှင် သွားနိုင်ပြီ"
"ဟုတ်ကဲ့ မမလေး"
ထိုသူက အနီရင့်နှင့်မိုင်းကို အရိုအသေပြုကာနေရာမှ
ခပ်မြန်မြန်ပင်ထွက်သွားသည်။ ထိုသူသည် ပြီးခဲ့သော
ရက်က အနီရင့်သူမနာမည်ကိုခေါ်ရန် အတင်းအကြပ်
စေခိုင်းခံရသူဖြစ်သည်။
အနီရင့်က ထိုသူ၏အသံသည် သစ်မိုးအိမ်အသံနှင့်
တူကြောင်း ထိုနေ့ထဲကသတိထားမိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်လည်း အကြံအစည်ကိုအကောင်အထည်
ဖော်ခဲ့ခြင်း။ သူမကိုကြည့်နေသော မိုင်းအကြည့်များ
နှင့်စုံသောအခါ အနီရင့်ကကျိုးနွံသောပုံစံသို့ကူးပြောင်း
သွားသည်။
"Daddy ပင်ပန်းနေပြီလားဟင် ကျန်းမာရေးအခြေအနေရောဘယ်လိုမျိုးနေသေးလဲ ရင့် daddy အနား
ယူဖို့နေရာစီစီဉ်ပေးမယ်"
မိုင်းက လက်တစ်ဖက်ကိုမြှောက်ကာအမူအရာပြပြီး
တားမြစ်လာသည်။
"တော်ပြီ ရင့် ငါဘာမှမဖြစ်ဘူး။ ငါတို့ချက်ချင်းပြန်
ထွက်မှာ မင်းပြင်ဆင်စရာရှိတာပြင်ထားတော့။ အချိန်
နာရီဝက်ရမယ်"
"ချက်ချင်းပြန်ဖို့ လိုလို့လား daddy"
သူ့နှင့်အတူပါလာသော တပည့်တစ်ယောက်ကို
ရဟတ်ယာဉ်အသင့်လုပ်ထားရန်ပြောနေသော မိုင်း
က အနီရင့်ဆီကိုအကြည့်ရောက်လာသည်။ မိုင်း..
ကျစ်ကနဲစုပ်သပ်လိုက်သည်။
"ရင့် မတုံးစမ်းနဲ့။ မင်းက သေချာလေ့ကျင့်ထားတဲ့
ငါ့လူတွေအစား ဒေသခံကြေးစားတွေကိုသုံးခဲ့တယ်
ဆိုတာမေ့နေတာလား?"
"ဟုတ်တယ်လေ daddy သူတို့က နယ်မြေကျွမ်း
ကျင်ပြီး ခြေရာခံရခက်တယ်။ ဒါကြောင့်လည်း ရင့်
ဟိုကောင်လေးကိုအောင်အောင်မြင်မြင်ခေါ်လာနိုင်
ခဲ့တာလေ"
"ဟုတ်တယ် သူတို့ကနယ်မြေကျွမ်းတယ်။ အလုပ်လုပ်
တာ သဲလွန်စရှာရခက်တာလည်းသိတယ်။ ဒါပေမယ့်
သူတို့ခွေးအချင်းချင်းအတွက်တော့ အနံ့ခံဖို့သိပ်လွယ်
တယ်ကွ!.. တစ်ဖက်ကသာ မင်းလိုမျိုး ဒေသခံကြေး
စားတွေကိုပြန်သုံးခဲ့ရင်.. သေချာတယ် ဒီအချိန်ဆိုသူ
တို့ ဒီနေရာကိုရှာတွေ့သွားလောက်ပြီ"
မိုင်းက အနီရင့်ကိုအပိုပြောချင်းမဟုတ်ပေ။ မိုင်း၏
လူများက တစ်စုံတစ်ခုသောပြသနာမဖြစ်ရလေအောင်
သေချာလေ့ကျင့်ထားသူများဖြစ်သည်။ သူတို့အသက်
သာဆုံးရှုူံးခံမည်ဖြစ်ပြီး သတင်းအစအနပင်ပေးကြ
မည်မဟုတ်။ သို့သော် ကြေးစားများကတော့ခြားနား
သည်။
မိုင်း မျက်မှောင်ကြုတ်လိုက်ကာ သူ့နောက်မှတပည့်
တစ်ယောက်ကိုအမူအရာပြလိုက်သည်။
"သူတို့ကို လက်စသတ်လိုက်တော့"
"ဟုတ်ကဲ့ သခင်ကြီး"
ခပ်အုပ်အုပ်နိုင်သော အသံတိတ်သေနတ်သံတစ်ချို့
ထွက်လာသောအခါ အနီရင့်ထိတ်လန့်ကာတုန်ရီသွား
ရသည်။ မိုင်း၏တပည့်များက အသက်ကင်းမဲ့သွားပြီ
ဖြစ်သောကြေးစားများ၏အလောင်းများကိုခြေထောက်
မှဆွဲသွားကြကာ အလောင်းဖျောက်သည်အထိလျင်
လျင်မြန်မြန်ပင်လုပ်ဆောင်သွားကြသည်။
အနီရင့် ထိတ်လန့်ကာတုန်လှုပ်နေမိသည်။ သူမက
အရာရာကိုသူမလက်ထဲတွင်ရှိပြီဆိုကာထင်နေခဲ့ခြင်း။
တစ်ဖက်ကသာခြေရာခံမိသွားပါက သူမစီစဉ်ထား
သမျှအဆုံးသတ်ကုန်လိမ့်မည်။ မိုင်း အစီအစဉ်ကို
သူမလက်ခံလိုက်ရန်တွေးလိုက်၏။
"ရင့် အတွေးတိမ်သွားတယ် တောင်းပန်ပါတယ်
Daddy"
"သခင်ကြီး ကောင်လေးကိုခေါ်လာပါပြီ"
ပုံမှန်ထက်ဖောင်းမို့ကာ ယောင်နေသောမျက်လုံးများ
ကို မိုင်း သတိထားမိလိုက်သောကြောင့် မျက်မှောင်
ကြုတ်လိုက်သည်။ ရွက်စိမ်းအနားသို့သွားကာ မျက်
နှာကိုဆွဲမော့လိုက်ပြီး မျက်လုံးအခြေအနေကိုကြည့်
လိုက်သည်။
မိုင်း အနီရင့်ကိုကြည့်လိုက်တော့ သူမက မိုင်းအကြည့်
များကိုရှောင်ဖယ်နေသည်။ မိုင်းအကြည့်များမှာ စူးရှ
လွန်းသောကြောင့် အနီရင့်ကိုဖောက်ထွင်းတော့မတတ်
ပင်။
"ငါသူ့ကို ဓားစာခံလုပ်ချင်တာ ရင့်။ မလိုအပ်ဘဲ
နှိပ်စက်တာမျိုးငါမကြိုက်ဘူး"
"ရ ရင့် တောင်းပန်ပါတယ် daddy.. ရင့် စိတ်လိုက်
မာန်ပါလုပ်မိသွားတယ်"
"တစ်ယောက်ယောက် ပိုင်းလော့ဆီကဆေးသွား
တောင်းလိုက်။ ရဟတ်ယာဉ်ပေါ်မှာ ဆေးပစ္စည်း
တွေပါတယ်။ ဒီအတိုင်းထားရင် မျက်ကြည်လွှာ
ပျက်စီးသွားလိမ့်မယ်"
မိုင်း အမိန့်ပေးလိုက်သည်နှင့် တစ်ယောက်က
ရဟတ်ယာဉ်ပေါ်မှဆေးသေတ္တာသွားယူပြီး မိုင်း
ကိုပေးလာသည်။ ရေသုံးရန်နေရာကိုမေးလိုက်ပြီး
ငြိမ်နေသောကောင်လေးကိုကိုယ်တိုင်ပင်ခေါ်သွား
လိုက်သည်။
လူသူဝေးသောနေရာမှ ဂိုဒေါင်လိုနေရာဖြစ်သော
ကြောင့် ရေသန့်စင်ရန်နေရာက ဘုံဘိုင်တစ်ခုသာ
ဖြစ်သည်။ မိုင်း ရေဘုံဘိုင်ကိုဖွင့်လိုက်တော့ ကြည်
လင်သောရေများက အရှိန်ပြင်းပြင်းဖြင့်ကျလာသည်။
ကောင်လေးလက်တွင်ချည်ထားသောကြိုးကိုဖြည်
ပေးလိုက်ပြီး လက်တစ်ဖက်ကိုဆွဲကာရေကျနေသာ
ဘုံဘိုင်အနီးတိုးပေးလိုက်သည်။
"မျက်လုံးဆေးလိုက် ကောင်လေး"
"ကိုကို့ ဦးဦးမလား ဘာလို့ဒီလိုလုပ်တာလဲဟင်..
ဒါမှမဟုတ် အစောကလို ကိုကို့ဦးဦးနဲ့အသံတူတဲ့
အယောင်ဆောင်လား?"
"အယောင်ဆောင်? ဟားဟား အင်း အယောင်ဆောင်
ဘဲပြောရမှာပေါ့။ အချိန်မဖြုန်းနဲ့ကောင်လေး မျက်နှာ
သစ်တော့ တစ်သက်လုံးအကန်းဘဝနဲ့မနေချင်ဘူး
မလား"
ရွက်စိမ်း ခေါင်းငြိမ့်ကာ ဘုံဘိုင်မှကျနေသောရေများ
ကိုလက်ခုပ်ဖြင့်ခံရင်း နာကျင်နေသောမျက်လုံးများကို
ဆေးကြောလိုက်သည်။ ဆေးမှုန့်များဖြင့်စေးကပ်ကာ
နေသောမျက်လုံးများက ရေနှင့်ထိသောအခါ အစပိုင်း
နာကျင်သော်လည်း တစ်ဖြည်းဖြည်းသက်သာသွား၏။
"ခေါင်းမော့ထား မျက်စဉ်းခတ်ပေးမယ်။ ခဏနေ
ရင် မင်းနာနေတာ သက်သာသွားလိမ့်မယ်"
ရွက်စိမ်း ခေါင်လေးမော့ပေးလိုက်တော့ မိုင်းက
ဆေးသတ္တာထဲမှအနီရောင်ဆေးကိုယူကာ ရွက်စိမ်း
ဘယ်ဘက်မျက်လုံးနှင့် ညာဘက်မျက်လုံးထဲသို့
နှစ်စက်ဆီထည့်ပေးသည်။ ရွက်စိမ်း မျက်တောင်
လေးခတ်လိုက်သောအခါ ဆေးရည်စများက နီမြန်း
နေသော မျက်ဝန်းထောင့်လေးမှစီးကျသွားသည်။
"မျက်လုံးပြန်မြင်မြင် မမြင်မြင် ကျွန်တော့်ကိုသတ်
တော့မှာ မဟုတ်ဘူးလား?"
"သတ်မယ်? မင်းကို..? ငါကလား?.."
ရွက်စိမ်း ခေါင်းငြိမ့်လိုက်တော့ မိုင်းက အသံကျယ်
ကျယ်ဖြင့်ရီသည်။
"အချိန်တန်ရင် အိမ်ပြန်ပို့ပေးမှာမို့ စိတ်ပူမနေနဲ့
ကောင်လေး။ ငါမင်းကိုဖမ်းချင်တာက မင်းအစ်ကို
ကို စိတ်ဒုက္ခရောက်စေချင်လို့။ သူကိုယ်တိုင်သူ့
ခြေထောက်နဲ့သူငါ့ဆီရောက်လာစေချင်တာ။ မင်းက အကောင်းဆုံးငါးစာဖြစ်နေတော့လည်း မင်းကိုအပါ
ခေါ်ရတော့တာပေါ့"
"ကိုကို့ကို ဘာလို့အရမ်းမုန်းနေတာလဲ ကိုကိုက
ဦးလေးအပေါ်ဘာအမှားတွေကျူးလွန်မိလို့လဲ"
မေးခွန်းထုတ်လာသော ကောင်လေး၏မျက်လုံးများ
က စူးစူးရဲရဲ။ သူ့အစ်ကိုကို ဒုက္ခပေးမှာဆိုးသော
ကြောင့်ထင်သည်။ သစ်မိုးအိမ်နှင့် ဒီကောင်လေး
ကြားက ဆက်ဆံရေးက ကောင်းပုံရသည်။ မိုင်း
အနည်းငယ်တွေးကာ ပြန်ဖြေလိုက်သည်။
"သွေးကြွေးလေးတွေပါ"
"ကိုကိုလုပ်တာလား?"
"မဟုတ်ဘူး သူ့အဖိုး အင်းသူအဖေတုန်းထဲက
သွေးကြေးဟောင်းတွေပေါ့ ကောင်လေး"
"ဒါဆို ကိုကိုလုပ်တာမဟုတ်ဘူးလေ။ ဘာလို့
ကိုကို့ကို မုန်းနေရတာလဲ။ ဒါကတရားမမျှတဘူး"
ရွက်စိမ်းစကားအဆုံး မိုင်းမျက်နှာမှာခက်ထန်သွား
သည်။
"သူကအဲ့ဒီသူတွေရဲ့သွေးသားလေ ငါကဘာလို့
သူ့ကိုမမုန်းရမှာလဲ။ ငါ့မိဘတွေသေသွားတုန်းက
ဘယ်က သောက်တရားမျှတမှုရခဲ့လို့လဲ။ ငါ လူ
ကုန်ကူးခံရပြီး တိရိစ္ဆာန်တစ်ကောင်လိုဖြစ်နေတုန်း
ကရော! ငါ့ညီလေးကို မင်းရဲ့အစ်ကိုအကောင်းစား
ကြီးက သတ်လိုက်တုန်းကရော!! ပြောစမ်း မင်း
ပြောတဲ့ သောက်တရားမျှတမှုက ဘယ်မလဲ"
"ဟားဟားဟား.. ရယ်ရတယ် မင်းအစ်ကိုကို
ငါကမုန်းလို့မရဘူးတဲ့လား!"
စိတ်လွတ်နေသောသူလိုရယ်နေသောကြောင့် ရွက်စိမ်း
နောက်သို့ခြေလှမ်းအနည်းငယ်ပင်ဆုတ်လိုက်မိသည်။
ထိုသူပြောသောစကားများ၏အဓိပ္ပါယ်ကို ရွက်စိမ်း
အကုန်လုံးနားမလည်သော်လည်း ထိုသူနာကျင်နေ
သည်ကိုတော့ ရွက်စိမ်းခံစားမိသည်။ ပြီးတော့..
ကိုကိုက လူသတ်တယ်တဲ့။ ဘယ်လိုမှမဖြစ်နိုင်သော
အကြောင်းပင်။ ရွက်စိမ်းလေး ကိုကို့ကိုယုံသည်။
"မဖြစ်နိုင်ဘူး ကိုကိုကအဲ့ဒီလိုလုပ်မှာမဟုတ်ဘူး!"
"မင်း ဘာပြောလိုက်တယ်! မင်းကိုကိုက လုပ်မှာ
မဟုတ်ဘူးဟုတ်လား..။ ဟားဟားဟား..ငါ့ညီလေး
အသက်နဲ့ ငါကစနောက်နေတယ်များထင်နေတာ
လား"
"ငါတစ်ခုပြောလိုက်မယ် မင်းအစ်ကိုဒီနေ့အထိ
အသက်ရှင်နေသေးတဲ့အကြောင်းက နိုင်းကသူ့ကို
ခင်တွယ်နေလို့ဘဲ။ သူက အဲ့ဒီလူယုတ်မာကို သား
တစ်ယောက်လို သဘောထားသတဲ့လေ။ အဲ့ဒါကြောင့် ငါကအကုန်လုံးကိုစွန့်လွှတ်လိုက်ဖို့တွေးခဲ့တာ"
မိုင်းပုံစံက ပေါက်ကွဲနေရာမှ တစ်ဖြည်းဖြည်းမွန်းကြပ်
မှုများကိုဖွင့်ထုတ်သောသူကဲ့သို့ပြောင်းလာသည်။ အ
မှန်တစ်ကယ်လည်း မိုင်း အလွန်မွန်းကြပ်နေပြီဖြစ်
သည်။ နှစ်ပေါင်းများစွာ အရမ်းကိုကြာရှည်တဲ့နှစ်ပေါင်းများစွာ...။
မိုင်း ရေဘုံဘိုင်ဘေးနံရံကိုမှီကာ ခပ်လျောလျော
အနေအထားဖြင့် ထိုင်ချလိုက်တော့ ရွက်စိမ်းဆို
သောကောင်လေးကပါ မိုင်းဘေးနေရာတွင်ဝင်ထိုင်
လာသည်။
"ပြီးတော့ ဘာလို့ဒီလိုတွေဖြစ်ကုန်တာလဲ။ ကိုကိုက
ဦးလေးနဲ့ ကိုကို့ဦးဦးကို တစ်ယောက်ထဲလို့ထင်နေတာ
လား?.."
"အဟက်! ငါက နိုင်းရဲ့အမွှာအစ်ကိုဆိုတာကိုသူ့ကို
အသိပေးခဲ့ပါတယ်။ သူ့အဖေရန်မင်းကိုသတ်တာ
အပြင် အစီအစဉ်တွေအကုန်လုံးကငါနဲ့ဘဲဆိုင်တာမို့ သူမကျေနပ်တာရှိရင် ငါ့ကိုဦးတည်ဖို့ပြောခဲ့တာ။ နိုင်းကိုတော့ပေးမသိဖို့နဲ့ ဦးလေးအဖြစ်ဘဲဆက်ဆံပေးဖို့
တောင်းဆိုခဲ့တယ်။ ငါဒီလိုလုပ်တာက မင်းရဲ့အစ်ကိုအကြောင်းတစ်ဖွဖွပြောတတ်တဲ့ ငါ့ညီလေးကြောင့်ဘဲ။ ငါသာဝန်မခံရင် ငါ့ညီလေးနဲ့မင်းအစ်ကိုကြားဆက်ဆံ
ရေးပြန်ပြေလည်မလာမှာစိုးခဲ့တာ။ ဒါပေမယ့် မင်း
အစ်ကိုကတော့.."
မိုင်း နောက်နံရံကိုမှီလိုက်သည်။ သူ့ကိုယ်သူလည်း
ရီချင်မိသည်။ တစ်သက်လုံးမည်သူ့ကိုမှဖွင့်မဟခဲ့တဲ့
သူက အသက်ပြည့်တာတောင်မကြာသေးလောက်
သည့်လူငယ်လေးကို ရင်ဖွင့်မိသည်တဲ့။ ထို့ပြင် သူ
ပြန်ပေးဆွဲလာသောကောင်လေးလည်းဖြစ်သေးသည်။
မိုင်းလက်ကိုအုပ်ကိုင်လာသော လက်လေးတစ်ဖက်
ကြောင့် မိုင်း ကောင်လေးကိုကြည့်လိုက်တော့..
"ရွက်စိမ်းလေး အာမခံပါတယ် ကိုကိုကမကောင်း
တာမလုပ်ပါဘူး။ တစ်ခုခုမှားနေတာ သေချာတယ်"
မိုင်း ခေါင်းသာခါမိသည်။ ဒီကောင်လေးပုံစံက
နိုင်းနှင့်ပင်တူသည်။ ငတုံးလေး။ သူကိုယ်တိုင်ပင်
သူ၏အမှောင်ဘက်ခြမ်းကို နိုင်းရှေ့တွက်ပိတ်သိမ်း
ထားသေးသည်ကို သစ်မိုးအိမ်ကရော ဒီကောင်လေး
ရှေ့မှာ သူ့အမှောင်ဘက်ခြမ်းကို ပြသမည်တဲ့လား။
မိုင်း ထိုင်နေရာမှထလိုက်ကာ ကိုယ်ဟန်မူရာကိုပြင်
လိုက်သည်။
"ငါလည်းအဲ့လိုဖြစ်ဖို့မျှော်လင့်ပါတယ်"
မဖြစ်နိုင်ပေမယ့်ပေါ့ ဆိုသောစကားကိုတော့ မိုင်း
ထုတ်ပြောမနေတော့။ စိတ်အားထက်သန်စွာအာမခံ
နေသော ထိုကလေးကိုစိတ်ပျက်ရအောင်လုပ်၍လည်း
ဘာအကျိုးအမြတ်မှမရှိဘဲလေ။
"အချိန်မဖြုန်းနဲ့ကောင်လေး သွားမယ်"
ရွက်စိမ်း ခေါင်းငြိမ့်ကာနေရာမှထရပ်လိုက်သည်။
"ဦးဦးက လူဆိုးကြီးဆိုပေမယ့် သနားဖို့ကောင်းတယ်။
တစ်နေ့ကျရင် ဦးဦးလည်း ပျော်ရွှင်နိုင်ဖို့ ဆုတောင်းပေး
ပါတယ်"
"ပျော်ရွှင်ဖို့လား?.."
မိုင်း ဆက်ပြောရန်ပြင်နေစဉ်မှာပင် ဂိုဒေါင်ဘက်မှ
သေနတ်သံတစ်ချို့ကြားလိုက်ရသောကြောင့် မျက်နှာ
ပျက်သွားရသည်။ မိုင်း ကောင်လေးလက်ကိုတစ်ဖက်
ကဆွဲကာ တစ်ဖက်က ခါးကြားတွင်ထိုးထားသော
သေနတ်ကိုထုတ်ကာကိုင်လိုက်သည်။
ရေဘုံဘိုင်ရှိသောနေရာက ဂိုဒေါင်၏အနောက်ဘက်
တွင်ဖြစ်သည်။ ဂိုဒေါင်အဆောက်အဦးဘက်နီးလာ
လေလေ သေနတ်သံများကပိုကျယ်လာလေလေဖြစ်
သည်။ တစ်ဖက်မှသူများရောက်လာသည်မှာသေချာ
သလောက်ဖြစ်နေချေပြီ။
မိုင်း ဂိုဒေါင်ဘက်ရောက်သည်နှင့်ထောင့်နားရှိပစ္စည်း
များကို အကွယ်ယူကာ အခြေအနေကိုကြည့်လိုက်
သည်။ နှစ်ဖက်အပြန်အလှန်ပြစ်ခတ်နေပြီး ထောင့်
ဘက်တွင်အန္တရာယ်ကင်းစွာရှိနေသော အနီရင့်ကြောင့်
မိုင်းစိတ်အေးသွားရသည်။ မိုင်း၏နဂိုပုံစံကြောင့် သူမ
နှင့်ရင်းရင်းနှီးနှီးမနေသော်လည်း သူ့သွေးသားဖြစ်သော
သူမကို မိုင်းစိတ်ပူပါသည်။
တစ်ဖက်မှသူများကို မျက်နှာတစ်ပိုင်းဖုံးသော မျက်နှာ
ဖုံးကိုဝတ်ဆင်ထားသည်သူကဦးဆောင်လာခြင်းဖြစ်
၏။ မိုင်း သူ့နောက်မှသေနတ်သံကျယ်ကျယ်များ
ကြောင့် ထိတ်လန့်နေသောကောင်လေးကိုကြည့်
လိုက်သည်။ ထိုကလေးက မသိသော်လည်း မိုင်းက
တော့ ထိုမျက်နှာဖုံးနှင့်သူက မီးလျှံဂိုဏ်း၏ဆက်ခံသူ
အသစ် Mr. X တစ်ဖြစ်လဲ ကောင်လေး၏ အစ်ကို
အကောင်းစားကြီဖြစ်ကြောင်းသိသည်။
ရုတ်တရက်ဝင်စီးခံရသလိုဖြစ်သောကြောင့် မိုင်းဘက်
မှသူများက အနည်းငယ်အရေးနိမ့်နေသည်။ ကိုယ်စီ
လက်နက်ကိုင်ထားကြသောသူများဖြစ်သောကြောင့်
အခြေအနေက ပန်းနှင့်ပေါက်သလိုညင်သာမနေပေ။
မိုင်း မောင်းတင်ထားသော သေနတ်ကို မြဲမြံ့စွာကိုင်
ကာ မြန်ဆန်စွာလှုပ်ရှားပြီး တစ်ဖက်ကိုလှမ်းပြစ်လိုက်
သည်။
မိုင်း၏ သေနတ်ပြစ်စကေးက အလွန်ကောင်းမွန်သော
ကြောင့် အလဟသဖြစ်သွားသော ကျည်ဆန်ဟူ၍မရှိ။
နှစ်ဖက်အခြေအနေမှာ မျှချေဖြစ်လာသောအခါ မိုင်း..
သစ်မိုးအိမ်ဆီ သေနတ်ကိုဦးတည်လိုက်သည်။
မိုင်းသေနတ်မောင်းကို မဆွဲခင် ထပ်ကာရောက်လာ
သော သူများကြောင့် မိုင်းတိတ်တဆိတ်ဆဲရေးကာ
အကွယ်နောက်တွင်ပြန်နေလိုက်ရသည်။ ထိုသူများက
ဒေသခံများဖြစ်ပြီး သစ်မိုးအိမ်နှင့်ပူပေါင်းထားသောသူ၏ လူဖြစ်သည်။
သစ်မိုးအိမ်က အကွယ်နေရာမှသူ့ကိုမြင်သွားပြီး
ဘေးမှကောင်လေးကိုလည်းမြင်သွားကာ စိုးရိမ်သောအကြည့်များဖြင့်လှမ်းကြည့်နေသည်။
တစ်ဖြည်းဖြည်း အနားသို့ရောက်အောင်ကြိုးစားနေ
သော သစ်မိုးအိမ်။ မိုင်း ခပ်မဲ့မဲ့ပြုံးလိုက်သည်။ သူ့
အလှည့်ကျ စိုးရိမ်တတ်လိုက်တာ သူ့တုန်းကရော
သူနိုင်းရဲ့အလောင်းကိုမြင်တုန်းက ရူးမလိုခံစားခဲ့
ရတာ။
မိုင်း ကောင်လေး၏လက်ကိုဆွဲကာသူရှေ့တွင်ထား
ပြီးချုပ်ထားလိုက်သည်။ သစ်မိုးအိမ်က ချက်ချင်းပင်
မျက်လုံးများပြူးကျယ်သွားကာ နေရာတွင်ပင်ရပ်သွား
သည်။
"ခင်ဗျား ချက်ချင်းရပ်လိုက်နော်!!"
"အဟက် ငါကဘာလို့မင်းပြောတာလုပ်ရမှာလဲ"
မိုင်း သေနတ်ပြောင်းဝကို ကောင်လေး၏ဖြူဖျော့
သော နားထင်တွင်တေ့ကပ်လိုက်တော့ ကောင်လေး
ကိုယ်လေးကတုန်သွားသလို မျက်နှာဖုံးအောက်မှ
သစ်မိုးအိမ်၏ မျက်နှာမှာလည်းဖြူလျော်သွားသည်။
"ဟုတ်ပါပြီ ကျွန်တော်အနားတိုးမလာတော့ဘူး..
ကျေးဇူးပြုပြီး clover ကိုဘာမှမလုပ်ပါနဲ့"
မျက်နှာတစ်ဝက်ကိုဖုံးသောမျက်နှာဖုံးတပ်ဆင်ထား
သည့်အမျိုးသားက သူ၏လက်နှစ်ဖက်ကိုအရှုံးပေး
ဟန် သာသာမြှောက်ပြီးပြောလာသည်။
"ကိုကို ကိုကိုလား?"
"အင်း ကိုကိုရောက်လာပြီမို့ မကြောက်နဲ့တော့နော်
ကလေးလေး"
သစ်မိုးအိမ်မျက်နှာတစ်ဝက်ဖုံးသောငွေရောင်
မျက်နှာဖုံးကိုချွတ်လိုက်ပြီး ကောင်လေးကိုညင်
သာစွာပြောလိုက်သည်။ သူ့ကိုမြင်သည်နှင့် မျက်နှာ
လေးမဲ့ကာ မျက်ရည်ဝိုင်းလာသောကောင်လေးက
တစ်ကယ့်ကိုကလေးလေးပင်။
"မငိုနဲ့ ဘာမှဖြစ်မှာမဟုတ်တော့ပါဘူး"
သူ့ကိုကိုဆီမှ ချော့မြူသောအသံကြားသောအခါ
အရင်ရက်များကသန်မာခဲ့သောကျားပေါက်လေး
က ခွေးပေါက်လေးလိုတအီအီဖြင့်ငိုတော့သည်။
သစ်မိုးအိမ် ရှေ့ကိုတိုးရန်ကြိုးစားမိသည်နှင့်
ရွက်စိမ်းနားထင်တွင်သေနတ်ပြောင်းကိုပိုကာတိုး
ကပ်လိုက်သည်။
"ငါ့လူတွေကိုလွှတ်ပေးဖို့ မင်းလူတွေကိုပြောလိုက်!"
"ကောင်းပါပြီ.."
သစ်မိုးအိမ် သူ့လူများကိုအချက်ပြလိုက်ကာ မိုင်း၏
လူများကိုချုပ်ထားသည်မှလွှတ်ခိုင်းလိုက်သည်။ သူ့
လူများဘေးကင်းသွားသည်ကိုမြင်သောအခါမှ မိုင်း
က စိတ်ချသွားရသည်။
"အဟက် မင်းကဘယ်ဆိုးလို့လဲ ငါရှိနေမယ့်နေရာ
ကိုခြေရာခံနိုင်သားဘဲ"
မိုင်းက သစ်မိုးအိမ်ကိုကြည့်ကာ အရူးတစ်ယောက်လို
ပြုံးသည်။ သစ်မိုးအိမ်ကပြောလာသည်။
"ဦးလေး ရပ်လိုက်ပါတော့.. အပြစ်မဲ့တဲ့သူတွေကို
ထိခိုက်အောင်မလုပ်ပါနဲ့တော့"
မိုင်းက ကိုင်ထားသော သေနတ်ပြောင်းကို ရွက်စိမ်း
နားထင်တွင်တေ့ကပ်ထားရာမှ သု့နဖူးနှင့်ထိကာကုတ်
ခြစ်သလိုပြုသည်။ မိုင်း၏တိုးဖွဖွရီသံက ကြောက်စရာ
ကောင်းသည်။
"အပြစ်မဲ့တဲ့သူ... ဒီစကားကိုပြောဖို့မင်းမှာဘာအခွင့်
ရှိလို့လဲ!။ မင်းကိုငယ်ငယ်လေးထဲက စောင့်ရှောက်ခဲ့
တဲ့ ငါ့ညီလေးကိုသတ်တုန်းက မင်းအပြစ်မဲ့တဲ့သူလို့
မတွေးခဲ့ဘူးလား။ မင်းတို့မိသားစုက ငါ့မိသားစုကို
ဖျက်စီးခဲ့တုန်းကရော အပြစ်မဲ့တဲ့သူလို့မတွေးမိခဲ့ဘူး
လား ဟမ်!!"
"ဦးလေးကို ကျုပ်ကသတ်တယ်? ခင်ဗျားဘာတွေ
ပြောနေတာလဲ။ ခင်ဗျားကရော ဘယ်သူလဲ"
"မင်းကဘာကို သူတော်ကောင်းယောင်ဆောင်နေ
တာလဲ။ ခင်ဗျားဘယ်သူလဲတဲ့ မေးခွန်းကောင်းဘဲ
သစ်မိုးအိမ်။ ကောင်းပြီလေ ငါထပ်ပြီးမိတ်ဆက်ပေး
တာပေါ့.. ငါက မင်းရဲ့ဦးလေးသော်ထက်ရဲ့ အမွှာ
အစ်ကို.."
သစ်မိုးအိမ် တစ်ဖက်မှဦးလေး၏အမွှာအစ်ကိုဆိုသူ
ပြောသောစကားများကို နားမလည်နိုင်တော့။ ပြီး
တော့ ဦးလေးကသေပြီတဲ့။ သူသတ်တာတဲ့။ ဘာ
တွေဖြစ်နေသည်မှန်းမသိတော့ပေ။
"ငါက ငါတို့ညီအစ်ကိုနှစ်ယောက် အေးအေးချမ်းချမ်း
လေးဘဲနေချင်တာပါ။ ဒါပေမယ့်မင်းကရော..မင်းက
နိုင်းကိုသတ်ပြစ်လိုက်တယ်..ဟားဟားဟား..."
"ခင်ဗျားဘာ အရူးစကားတွေလာပြောနေတာလဲ။
ကျုပ်က ဦးလေးကိုဘာလို့ လုပ်ကြံရမှာလဲ"
သစ်မိုးအိမ်စကားကြောင့်အနီရင့်မျက်နှာပျက်သွားကာ
ချက်ချင်းပင် အခြေအနေကိုဖျက်စီးရန်ပြင်လိုက်သည်။
ပုန်းကွယ်နေသော အကွယ်မှထွက်လိုက်ကာ ...
"ကိုသစ်ကိုဘာမှမလုပ်ပါနဲ့နော် ကိုသစ်ဘက်ကကြည့်
ရင် အဖေတစ်ယောက်လုံးဆုံးရှုံးရတာလေ။ အဲ့ဒါ
ကြောင့် ကိုသစ်က စိတ်လိုက်မာန်ပါလုပ်မိတာဖြစ်မှာ
ပါ။ ဖိုးဖိုးဖွားဖွားတို့ကိုသေစေတာက ကိုသစ်မိသားစု
ဆိုပေမယ့် ကိုသစ်ကိုတော့ဘာမှမလုပ်ပါနဲ့နော်.."
သူမစကားများက သစ်မိုးအိမ်အတွက်ကာကွယ်ပြော
ပေးနေဟန်ပေါက်သော်လည်း မိုင်းကိုရည်ရွယ်ကာ
ကိစ္စတစ်ခုလုံးကိုသတိပေးနေခြင်းသာ။ သူမမှန်းထား
သလိုပင် မိုင်း၏မျက်နှာမှာပို၍ခက်ထန်သွားပြီး
သစ်မိုးအိမ်ကို စူးစူးဝါးဝါးကြည့်လာသည်။
"မင်းရဲ့အခြေအမြစ်မရှိတဲ့ စကားတွေကိုတော်လိုက်
တော့ သစ်မိုးအိမ်။ မင်းရဲ့အဖိုးတန်တဲ့ညီလေးကို..
မသေစေချင်ဘူးမလား"
သစ်မိုးအိမ်က ပြန်မဖြေသော်လည်း မိုင်းကို ချက်ချင်း
သတ်ပြစ်ချင်သည့်အလား စူးရဲစွာကြည့်နေသည်။ မိုင်း
ပြောလိုက်သည်။
"မင်းကိုယ်တိုင် အဆုံးသတ်လိုက်။ ဒါဆိုငါမင်းညီလေး
ကိုလွတ်ပေးမယ်။ မင်းတို့နှစ်ယောက်ထဲကတစ်ယောက်
ဘဲ အသက်ရှင်ရမယ်။ မင်းကိုယ်တိုင်လား မင်းကိုယုံ
ကြည်လွန်းတဲ့ ဒီကောင်လေးလားဆိုတာ မင်းဆုံးဖြတ်
ပေါ့"
"ဦးဦး ရွက်စိမ်းလေးပြောတာယုံပါ ကိုကိုကအဲ့ဒီလိုလုပ်
မှာမဟုတ်ဘူး။ ကိုကို့ကိုဘာမှမလုပ်ပါနဲ့ အီးဟီးဟီး.."
"ငါ့အဖေတုန်းက ငါ့ရှေ့မှာတင်သတ်သေသွားတာ
ငါဆုပ်ကိုင်တိုင်းနွေးထွေးနေတဲ့ သူ့ရဲ့လက်တွေမှာလေ
သွေးတွေပေကျန်ပြီး အေးစက်နေခဲ့တာ..။ ငါ.ဒီ.
နေ့.မှာ.တစ်.ပုံ.စံ.တည်း.မြင်.ချင်.တယ်"
ဤသည်က မိုင်း၏စိတ်ရောဂါအစပြုရာဟုပြော၍
လည်းရသည်။ သူ့အဖေ၏သေဆုံးသွားသောပုံရိပ်
က မိုင်းကိုနှစ်ပေါင်းများစွာစွဲထင်စေခဲ့သည်။
သစ်မိုးအိမ်က တွေဝေခြင်းမရှိခေါင်းငြိမ့်လိုက်သည်။
သစ်မိုးအိမ် သေရမည်ကိုမကြောက်ပါ။ တစ်ခါသေဖူး
သောသူက ထပ်သေရမည်ကိုမကြောက် ထိုအစား
သူချစ်ရသူလေး ထိခိုက်သွားမည်ကိုဆိုးမိသည်။
"ကျေးဇူးပြုပြီး clover ကိုတော့ပြန်လွှတ်ပေးပါ"
သူ့တောင်းဆိုသံကခပ်ငြိမ့်ငြိမ့်။ သူကခေါင်းကိုအသည်း
အသန်ခါကာမလုပ်ရန်တားမြစ်နေသည့် သူချစ်သော
ကောင်လေးကိုနောက်ဆုံးအနေဖြင့်ကြည့်လိုက်သည်။
ကြည့်ကောင်းသော နှုတ်ခမ်းများတွင်အပြုံးတစ်ခုကို
ဖြစ်စေကာ ကောင်လေးကိုစိတ်သက်သာရာရစေရန်
လုပ်နေပြန်သည်။
"ကလေးကောင်းလေး လိမ္မာတယ် မျက်လုံးမှိတ်ထား
တစ်ကနေတစ်ဆယ်အထိရေနော်.. ပြီးရင်ကိုကိုတို့
အိမ်ပြန်ကြမယ်။ ကိုကို့ကိုယုံတယ်မလား.. ကိုကိုက
ကိုကို့ကောင်လေးကိုတစ်ခါမှမလိမ်ဖူးဘူးလေနော်"
"ဟင့်အင်း မမှိတ်ချင်ဘူး..!! ကိုကိုက ကိုကိုက
တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ..အီးဟီးဟီး.."
သစ်မိုးအိမ်၏အပြုံးများမှာ ပိုကာအသက်ဝင်လာရ
သည်။ ကောင်လေး၏မျက်နှာအစိတ်အပိုင်းအမူအရာ
တစ်ခုခြင်းစီတိုင်းကိုဘယ်တော့မှမမေ့အောင် မှတ်သား
ကာ ကြည့်နေရင်းပြောလိုက်သည်။
"ကိုကိုက ရူးမိုက်တာတွေလုပ်ပါ့မလားကွာ ကိုကို့
ကို ချစ်ရင် မျက်လုံးမှိတ်ထားလိုက်ပါ။ ပြောကိုကို့ကို
မချစ်ဘူးလား?"
"ချစ် ချစ်တယ် ဒါပေမယ့်.."
"ဒါပေမယ့် ဆိုတာမရှိဘူး အရူးလေးရဲ့ မျက်လုံးမှိတ်
ထား"
"ဟုတ် ဟုတ်ကဲ့"
တုန်ရီသောအသံလေးဖြင့်ပြောကာ မျက်ရည်များဖြင့်
စိုစွတ်နေသော မျက်ဝန်းဝိုင်းကြီးများကိုမှိတ်ချသွား
သည်နှင့် သစ်မိုးအိမ်၏လက်များကခါးမှချိတ်ထား
သော..ဓားအတိုလေးဆီသို့ရောက်သွားကာ လျန်မြန်
စွာလှုပ်ရှားလိုက်သည်။
"ခင်ဗျားကသိပ်တော်ပါတယ်။ ကျွန်တော်က ကလေး
ငယ်ကို သိပ်ချစ်မှန်းသိတယ်။ ကျွန်တော် မစွန့်စားရဲ
မှန်း ဘာကိုမှအမှားမခံနိုင်မှန်းကိုပေါ့.."
သစ်မိုးအိမ် နည်းလမ်းတွေအများကြီးတွေးမိသော်
လည်း တစ်ခုခုမှားသွားလျှင်ဆိုကာ ခြောက်လှန့်နေ
သည်။ လက်ကောက်ဝတ်မှ သွေးနီများကရှည်သွယ်
သော လက်ချောင်းများဆီစီးကျလာကာ မြေပေါ်သို့
တစ်ဆင့် ပြန်ကျသွားသော်လည်း.သစ်မိုးအိမ်က
မျက်နှာတစ်ချက်ပင်မပျက်ပေ။
လက်တစ်ဖက်ကိုမြှောက်ကာ သူ့လူများကိုညွန်ကြား
လိုက်သည်။
"ကတိမတည်တာမျိုးရှိလာခဲ့ရင် ဘယ်သူမှအသက်
ရှင်လျက်ထွက်မသွားစေနဲ့!!"
"နားလည်ပါပြီ Mr.X" (×All)
သစ်မိုးအိမ် ထိုသူကိုစိုက်ကြည့်ကာပြောလိုက်သည်။
"ကတိတည်ပေးပါ"
မျက်လုံးများမှိတ်ကာ နံပါတ်စဉ်များရေတွက်နေသော
ကောင်လေးသည် တစ်စုံတစ်ခုလဲပြိုသွားသံကိုကြား
လိုက်ရသည်။ ကိုယ်ငယ်လေးသည် တုန်ရင်သွားရ
သော်လည်း သူ့ကိုမှာထားသည့်အတိုင်း နံပါတ်စဉ်
များကို ဆက်လက်ရေတွက်နေ၏။
ကောင်လေး၏ စိတ်ထဲတွင်တော့ တူညီသောစကား
များကိုသာ ထပ်ကာထပ်ကာရွတ်နေသည်။
ကိုကိုကမှာထားတယ်။ ကိုကို့ကိုယုံတယ်။ ကိုကိုက
မလိမ်ဖူးဘူး။ နံပါတ်တစ်ဆယ် နံပါတ်တစ်ဆယ်ထိ
ပြီးရင် ကိုကိုနဲ့တူတူအိမ်ပြန်ကြမယ်။ တစ်ဆယ်ထိဘဲ
ရွတ်ဖို့လိုတာ။
ကောင်လေးသည် မျက်လုံးမဖွင့်သော်လည်း တစ်စုံ
တစ်ခုကိုခံစားမိသည့်အလား အသည်းအသန်ငိုကြွေး
နေသည်။ ငြိမ်သက်စွာမျက်လုံးများမှိတ်ထားသော သူ
ကလည်း နောင်တမရှိသည့်နှယ် ပြုံးပင်ပြုံးနေသေး၏။
"အဟင့် ၈..~၉...၁၀.."
ရှိုက်သံလေးနှောသော ရေတွက်မှုများ အဆုံးသတ်သွား
ချိန်တွင်တုန်ရီစွာဖြင့် မှိတ်ထားသောမျက်လုံးလေးများ
ဖွင့်လာသည်။ စောင့်ကြိုနေသော မြင်ကွင်းကကောင်
လေးကို အသက်ရှူရပ်သွားစေရန်လုံလောက်ခဲ့သည်။
"ကိုကို!!!!"
...........
(A/N-နာကျင်စရာတွေပြီးရင် ပျော်ရွှင်စရာတွေရောက် လာနိုင်ပါသလား ..Real Final is Coming~)
Media မှာထည့်ပေးထားတဲ့သီချင်းလေးကို
နားထောင်စေချင်ပါတယ်ရော ❤
JM(Jan-17-2022)
Next>>>>>