ချစ်သောပြည့်ရှင်မင်း(Complete...

By phoongonkhin

298K 26.5K 1.6K

စစ်နတ်ဘုရားဟံသာဝတီအိမ်ရှေ့မင်းက အင်းဝနန်းတွင်းမာသူလျှိုလုပ်ရင်း အင်းဝမင်းသား‌ငယ်လေးကိုကာကွယ်ချင်လာတဲ့အခါ နောင... More

စာရေးသူ၏အမှာ
Part 1
Part2
Part3
Part4
Part5
Part6
Part7
Part8
Part9
Part 10
Part11
Part12
Part 13
Part14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part28
Part29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Announcement
ပုံလေးလက်ဆောင်ရတာ❤️
Chibiလေးလက်ဆောင်ရတာ
Fan Art Gift
Book Announcement 💕
Book cover photo 💕

Part 42 (final)

11K 700 112
By phoongonkhin

ဗညားသတိုး ရွှေရောင်တောက်ပသည့်ဝတ်ရုံတော်ကို ဝတ်ဆင်သည်။ရတနာခုနှစ်မျိုးစီခြယ်ထားသည့်မောင်းစလွယ်ကြိုးကို ဝတ်ရုံတော်ပေါ်မှ ဝတ်ဆင်လိုက်သည်။ရဲရဲနီသည့်ပတ္တမြားနားတောင်းနှင့်အပြိုင် သန်မာသည့်လက်ချောင်းများမှ ပတ္တမြားလက်စွပ်သည် တောက်ပနေ၏။တစ်ကိုယ်လုံးတွင် သစ်လွင်တောက်ပနေသည့်အရှိန်အဝါများနှင့် ခြားနားစွာနှဖူးပေါ်မှ ပတ္တမြားရောင် ချည်နှဖူးစည်းလေးက မှိန်ဖျော့နေသည်။

သမိန်သူရိန် အင်းဝဧည့်နန်းဆောင်အတွင်း ဝင်လာသည်။ကြေးမုံရှေ့က ဟံသာဝတီပြည့်ရှင်မင်းကြီးကိုမြင်တော့ စိတ်ထဲလေးလံသွားသည်။

"အရှင်မင်းကြီး တကယ်ဘဲနန်းစောရှင်ရဲ့ နန်းတက်မင်္ဂလာဘိသေကသဘင်ကို တက်ရောက်လေမှာလား"

ဗညားသတိုး အတောင်နှစ်ဆယ်ရှည်သည့်ရွှေချည်ဖောက် တောင်ရှည်ပုဆိုးကို သေသပ်အောင်ပြုပြင်လိုက်ပြီး ပြုံးသည်။

"နန်းစောရှင်ရဲ့ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံနေမယ့်အခိုက်အတန့်လေးကို ကိုယ်တော်လွတ်မသွားလိုဘူး"

"ဒါပေမယ့် မင်းကြီး"

"ကိုယ်တော်သိပါတယ် သမိန်သူရိန်လည်းသိလိမ့်မယ်လို့ယူဆတယ်"

သမိန်သူရိန် ဆိတ်ဆိတ်နေလိုက်သည်။ဗညားသတိုး အင်းဝဆောင်နန်းအပြင်ကို ထွက်သည်။သမိန်သူရိန်လည်း လိုက်ပါသည်။အင်းဝနန်းရင်ပြင်တွင် နန်းစောရှင်ရဲ့သစ္စာခံတပ်မှူးများက အဆင်သင့်နေရာယူထားသည်။

အဆောင်အယောင်၊အဆင်တန်ဆာများက နံနက်ခင်းနေရောင်အောက်တွင် ပြိုးပြိုးပြက်ပြက်။ဆင်တပ်၊မြင်းတပ်များကလည်း ရတနာစီခြယ်ထားသည့်အဆင်တန်ဆာကြိုးများ လွှမ်းခြုံထားကာ အကြပ်တပ်မှူးတွေရဲ့အမိန့်ကို နာခံလို့တပ်မအလိုက် ငြိမ်သက်စွာနေရာယူထားသည်။ရေညှိစိမ်းရောင်တံခွန်အလံတွေက ဂုဏ်ယူဖွယ်ရာ အင်းဝအာဏာစက်ကို သယ်ဆောင်ထားသည်။

ဗညားသတိုး တပ်မတွေကို ကျော်လွန်ပြီး ပလ္လင်နှင့်အနီးဆုံးနေရာရှိ ညောင်စောင်းတွင် ထိုင်လိုက်သည်။ကျွန်းညောင်စောင်းက ပြောင်လက်တောက်ပနေ‌သည်။

သံတော်ဆင့်ရဲ့အသံ ထွက်ပေါ်လာသည်။ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်တံပိုးခရာသံက မရှေးမနှောင်းပင် ထွက်ပေါ်လာသည်။

နန်းစောရှင်နှင့်နန်းဒေဝီထိပ်ခေါင်က ဘေးချင်းယှဉ်လျက် နန်းရင်ပြင်အတွင်း ဝင်ရောက်လာသည်။ဗညားသတိုး နန်းစောရှင်ရဲ့ခံ့ညားလှသည့်စကြာဝတေးမင်းအသွင်အပြင်ကို ကြည့်ပြီးပြုံးလိုက်သည်။

နန်းစောရှင်သည် ရွှေအတိပြီးသည့်မကိုဋ်တော်ကို ဆောင်းထားသည်။ဆွတ်ဆွတ်ဖြူသည့်ပိုးကိုယ်ဝတ်ကို ဝတ်ထားပြီး ထိုအပေါ်မှ ရွှေ‌ဗောင်းစလွယ်ကြိုးကို လွယ်ထား၏။ကိုယ်ဝတ်ရဲ့ပခုံးတွင် အထက်သို့ကော့တက်နေသည့်ရွှေအဆင်တန်ဆာကို ဆင်ယင်ထားသည်။ငွေဖလားရောင် တောင်ရှည်ပုဆိုးပေါ်မှ ရွှေချိတ်လေးတွေကနန်းစောရှင် ခြေလှမ်း လှမ်းလိုက်တိုင်း တလက်လက်။လက်ကောက်ဝတ်ရှိ ရွှေအနားကွပ်လက်စည်းကလည်း‌ ရွှေအတိပြီးသည်။

နန်းစောရှင်ရဲ့မျက်နှာသည် ရွှေရောင်တောက်ပသည့်ဝတ်ရုံတော်ကြောင့် မှေးမိန်မသွားဘဲ ရွှေထက်ပင် လင်းလက်ဝင်းပနေသည်။နက်မှောင်သည့်မျက်ခုံးတွေက သုခမိန်တစ်ပါးလို ဖြောင့်စင်းနေပြီး ပိ‌ရိသေသပ်နီထွေးသည့်နှုတ်ခမ်းတစ်စုံက အာဏာရှင်ဆန်စွာ တည်တင်းနေသည်။

ဗညားသတိုး နန်းစောရှင်ကိုကြည့်ပြီး ရင်ထဲဂုဏ်ယူဝံ့ကြွားစိတ်များနှင့်အတူ ကြေကွဲဆို့နင့်မှုများပြည့်လျှံလာသည်။သူ ကိုယ်တိုင်ချစ်မြတ်နိုးစွာထုဆစ်ခဲ့သည့်အချစ်ကလေးသည် ပြည့်ရှင်မင်းတစ်ပါးဖြစ်လာချေပြီ။ကောင်းကင်နှင့်မြေကြီးကိုပင် ဘုန်းတန်ခိုးဖြင့် စေလိုရာစေနိုင်သည့်ပြည့်ရှင်မင်းတစ်ပါးဖြစ်လာပြီ။သို့သော် သူ့အပိုင် ဘယ်သောအခါမှမဖြစ်နိုင်တော့ချေ။

နန်းစောရှင်နှင့်သူ၏မိဖုရားသည် ရာဇဣန္ဒြေအပြည့်ဖြင့် တစ်လှမ်းချင်းလျှောက်လှမ်းလာသည်။နန်းစောရှင်၏ခြေတော်ရင်းမှ ဗညားသတိုးရဲ့နှလုံးသားသည် နန်းစောရှင်တစ်လှမ်း လှမ်းတိုင်း နင်းခြေခံရပြီး အစိတ်စိတ်အမြွှာမြွှာဖြစ်ကာ သွေးစိမ်းရှင်ရှင်ထွက်နေ၏။

နန်းစောရှင်နှင့်သူ့ရဲ့မိဖုရားသည် ဘိသိခံမင်္ဂလာအရပ်တွင် ထိုင်လိုက်သည်။အရာအားလုံးကတိတ်ဆိတ်နေပြီး လေထုကကျက်သရေမင်္ဂလာ
အပေါင်းကို သယ်ဆောင်ထားသည်။နန်းစောရှင်ရဲ့မျက်လုံးက ဗညားသတိုးကိုကြည့်လာသည်။

နန်းစောရှင် ဗညားသတိုးရဲ့နှဖူးစည်းနီနီလေးကို မြင်ပြီး ရင်ထဲတင်းကြပ်သွားသည်။ဗညားသတိုးကသူ့ကို အဓိပ္ပါယ်‌ဖော်မရသည့်နက်ရှိုင်းသောမျက်ဝန်းတွေနှင့် ကြည့်နေသည်။ဗညားသတိုးရဲ့အကြည့်ကြောင့် နန်းစောရှင်ရဲ့နှလုံးသားက ပြင်းပြင်းထန်ထန်တုန်လှုပ်ခြောက်ခြားလာသည်။

ဗညားသတိုးရဲ့အကြည့်သည် နန်းစောရှင်ကို ကိုင်လှုပ်နိုင်သည့်တစ်ခု‌တည်းသောလက်နက်။ထိုလက်နက်သည် နန်းစောရှင်ရဲ့ရင်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေပြီး ကြေကွဲသွား
သောနှလုံးသားအပိုင်းအစများသည် နန်းရင်ပြင်‌တွင် ပြန့်ကျဲနေသည်။

ဘိသိဘ်ဆရာကြီးက နဝရက်ကိုးသွယ်နှင့်အမွှေးနံ့သာစီရင်ထားသည့် မင်္ဂလာရေထည့်ထားသောငွေဖလားကို နန်းစောရှင်နှင့်နန်း‌ထိပ်ခေါင်ရှေ့တွင်ချလိုက်သည်။

နန်းစောရှင် ဘိသိဘ်ဆရာကြီးရဲ့အသံကိုလည်း မကြားတော့။ရှေ့ကငွေဖလားကိုသာ ကြည့်နေပြီး စကားလုံးတချို့က နားစည်ကိုလာရိုက်ခတ်သည်။

'ချစ်ရသူနဲ့ကွေကွင်းရတဲ့ဒုက္ခ
မချစ်မနှစ်သက်သူနဲ့ပေါင်းဖက်ရတဲ့ဒုက္ခ'

'ချစ်ရသူနဲ့ကွေကွင်းရတဲ့ဒုက္ခ
မချစ်မနှစ်သက်သူနဲ့ပေါင်းဖက်ရတဲ့ဒုက္ခ'

'ချစ်ရသူနဲ့ကွေကွင်းရတဲ့ဒုက္ခ
မချစ်မနှစ်သက်သူနဲ့ပေါင်းဖက်ရတဲ့ဒုက္ခ'

နန်းစောရှင် ရုတ်တရက် ထရပ်လိုက်သည်။နန်းထိပ်ခေါင် အပါအဝင် လူများအားလုံးနန်းစောရှင်ကိုကြည့်လာသည်။နန်းစောရှင်ရဲ့မျက်လုံးတွေက ဗညားသတိုးထံတွင်သာ ဦးတည်နေပြီး ငွေဖလားကိုကောက်ကိုင်လိုက်သည်။

ဆင်ခြင်တုံတရားသည် အချစ်ကြောင့်ကင်းမဲ့ကုန်သည်။

နန်းရင်ပြင်မှ လူများအားလုံးအံ့အားသင့်နေပြီး နန်းစောရှင်ကတော့ ငွေဖလားကိုပိုက်ကာ ဗညားသတိုးထံ ခြေလှမ်းကြဲကြီးဖြင့် ပြေးသွားသည်။

ထိုအခိုက် ဗညားသတိုး သူ့ထံအပြေးလာသည့်နန်းစောရှင်ရဲ့မျက်နှာလေးကို ငေးကြည့်နေသည်။နန်းစောရှင်သည် မျက်ရည်ရစ်ဝိုင်းနေပြီး မျက်တောင်ရှည်လေးတွေက စိုစွတ်နေသည်။နန်းစောရှင် ကိုယ်ပေါ်မှ ဗောင်းစလွယ်ကြိုးသည် ယမ်းခါနေလေသည်။

နန်းစောရှင် ငေးကြောင်နေသည့်ဗညားသတိုးရဲ့လက်ကို ထပ်လျက်ကိုင်ကာ ငွေဖလားထဲနှစ်လိုက်သည်။နှစ်ဦးသားရဲ့လက်တွေသည် ထပ်လျက်သား‌ နံ့သာရည်တွေစိုစွတ်သွားသည်။

ဒေါင်။

သံတော်ဆင့် လက်ထဲမှရွှေကွပ်ထားသည့် ကျွဲဂျိုတံပိုးသည် ပြုတ်ကျသွားသည်။‌စစ်သေနာပတိစိုင်းခွန်မြတ် ခေါင်းကိုဖြည်းဖြည်းချင်းယမ်းလိုက်သည်။နန်းထိပ်ခေါင်ကတော့ ပါးစပ်အဟောင်းသား။သမိန်သူရိန် ဝမ်းသာအားရစိုင်းခွန်မြတ်ကို ဖက်လိုက်သည်။

နန်းစောရှင် ဗညားသတိုးရဲ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ကာ လေပေါ်မြောက်လိုက်သည်။

"ငါ အင်းဝဘုရင်မင်းမြတ် နန်းရာဇမဟာစက္ကခေါင်နဲ့ဟံသာဝတီပြည့်ရှင်သုမသက္ကသတိုးမဏိရစ် ယခု ငွေဖလားတွင်းလက်စုံချပြီး လက်ဆက်ပြီးလေပြီ"

နန်းစောရှင်ရဲ့ဩဇာညောင်းသည့်အသံက နန်းရင်ပြင်တစ်ခုလုံးကို ကျယ်လောင်စွာရိုက်ခတ်သွားသည်။

ဗညားသတိုး ဆွံ့အနေပြီး အသံတောင်မထွက်ပေ။နန်း‌ထိပ်ခေါင် ထရပ်လိုက်ပြီး လက်ချင်းထပ်ထားသည့်လူနှစ်ယောက်ကို ကြည့်ကာ မျက်လုံးတွေရဲရဲနီလာ၏။

"မင်းတို့နှစ်ယောက် ဒါဖြစ်သင့်သလား ငါသဘောမတူဘူး"

"မရီးတော် သင်က ရေမြေ့သခင်အင်းဝဘုရင်ရဲ့သဘောကိုဆန့်ကျင်ဝံ့သလား သင်ကပုန်စားလိုတာလား"

နန်းထိပ်ခေါင် တုန်လှုပ်သွားသည်။နန်းစောရှင်ရဲ့အသံသည် ခက်ထန်နေကာ အာဏာအရှိန်အဝါကြီးသည်။နန်းထိပ်ခေါင် တစ်ကိုယ်လုံး ဆွေ့ဆွေ့ခုန်လာသည်။သို့သော် စကားတစ်လုံးမှမဆိုဝံ့။

"အင်းဝနဲ့ဟံသာဝတီဟာ မင်းဆက်တွေဆက်တိုက်စစ်မက်ဖြစ်ပွားခဲ့တယ် ယခုအချိန်စပြီးနှစ်ပြည်ထောင်ပေါင်းစည်းပြီးစစ်မက်ငြိမ်းအေးစေမယ်"

ဗညားသတိုး နန်းစောရှင်ရဲ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်သည်။မကြာသေးခင်ကမှ‌ ကွဲကြေသွားသည့်နှလုံးသားအပိုင်းအစတွေက တစ်ခုထဲအဖြစ် ပေါင်းစည်းသွားလေသည်။

"စစ်ကို အချစ်နဲ့ ငြိမ်းမယ်"

‌ဗညားသတိုးရဲ့နက်ရှိုင်းခံ့ညားလေးစားဖွယ်ကောင်းသည့် အသံသည်လည်း ထွက်ပေါ်လာသည်။

ဘိသိဘ်ဆရာကြီးသည် တုန်လှုပ်နေပြီး ရှင်ဘုရင်နှစ်ပါးကို ကြည့်လိုက်သည်။

"အဲ့သလိုဆို ဘယ်သူကရှင်ဘုရင် ဘယ်သူကမိဖုရားလဲ"

ဘိသိတ်ဆရာကြီး အသက်ကိုဖက်နှင့်ထုပ်ကာမေးသည်။

"ကိုယ်တော်တို့နှစ်ယောက်လုံးက ပြည့်ရှင်မင်းတွေ နှစ်ပြည်ထောင်လုံးရဲ့ပြည့်ရှင်မင်းတွေဘဲ"

"ငါ အင်းဝရှင်ဘုရင်ရဲ့တူတော် မရီးတော်နန်းထိပ်ခေါင်ရဲ့သားတော် မင်းရဲထွဋ်ကိုအင်းဝအိမ်ရှေ့ဥပရာဇာအဖြစ် ခန့်အပ်ဆင်ယင်စေ"

နန်းထိပ်ခေါင် ထိုအခါမှရင်ထဲက လေးလံမှုတွေ လျော့ပါးသွားသည်။နန်းစောရှင်နှင့်လက်ဆက်လိုသည်မှာ တခြားမဟုတ် သားတော်ကြီးကိုထီးနန်းဆက်ခံစေလို၍ ဖြစ်သည်။

အင်းဝပြည့်ရှင်မင်းနှင့်ဟံသာဝတီပြည့်ရှင်မင်းသည် နန်းရင်ပြင်ထက်တွင်ရပ်နေပြီး ခံ့ညားလှသည့်အရှိန်အဝါကို ပေးစွမ်းနေသည်။ရှင်ဘုရင်နှစ်ပါးသည် နန်းတက်ဘိသေကမင်္ဂလာတွင် ကျက်သရေရှိစွာရပ်တည်နေပြီး မည်သူမှမထိခိုက် မထိပါးစေနိုင်သည့်အရှိန်အဝါကို ထုတ်လွှတ်နေသည်။နှစ်ယောက်သား ပြိုင်တူယှဉ်ရပ်နေသည်က သဏ္ဍာရီထဲမှစကြဝတေးမင်းတွေအလား။

နှစ်ဦးသားသည် လိုက်ဖက်ညီနေပြီးကောင်းကင်နှင့်မြေကြီးကိုပါ ဖိန့်ဖိန့်တုန်အောင်ကိုင်လှုပ်နိုင်သည့်အာဏာဘုန်းတန်ခိုးကို ပိုင်ဆိုင်ထားသည်။

နန်းရင်ပြင်မှ လူအားလုံးသည် ပြိုင်တူဦးညွှတ်လိုက်ကြသည်။ကျက်သရေအပေါင်းခညောင်းသည့်ခရုတံပိုးသံသည် ဂုဏ်ယူဝံ့ကြွားစွာ ထွက်ပေါ်လာသည်။တိုက်ဆင်တွေသည်လည်း ဆင်ဦးစီးရဲ့အမိန့်အောက်တွင် ရေမြေ့သခင်ပြည့်ရှင်မင်းနှစ်ပါးကို ဦးညွှတ်လိုက်ကြသည်။

ဤသို့ဖြင့် အင်းဝနှင့်ဟံသာဝတီသည်နှစ်ပေါင်းများစွာ စစ်မက်ကင်းခဲ့လေသည်။နှစ်ပြည်ထောင်သည် ဆန်ရေစပါးပေါကြွယ်ဝပြီး သာယာလှပသည့်တိုင်းပြည်များ ဖြစ်ခဲ့လေ၏။

_______

နန်းစောရှင် ပြည်မြို့ရှိ စံအိမ်တော်ပြတင်းတွင် ထိုင်ကာလာလမ်းကို မျှော်နေသည်။မြေလမ်းလေးသည် ဖုန်တချို့လွှင့်စင်လာသည်။မြင်းခွာသံ သဲ့သဲ့ကြားရသည်။နန်းစောရှင် ပြုံးကာ စံအိမ်အောက်ကို တစ်လှမ်းချင်းဆင်းလာသည်။

ဗညားသတိုး မြင်းမဟူရာပေါ်မှ ပေါ့ပါးစွာခုန်ဆင်းလိုက်ပြီး ကွန့်ရောင်ဝါဓားကိုချကာ စံအိမ်ဝင်ပေါက်ရှိ နန်းစောရှင်ကို အပြေးဖက်သည်။

"အမောင့်အချစ်က စောရောက်နေပါ့လား"

"အမောင်ကသာ နောက်ကျလေတာ"

"ဗညားငယ်ရဲ့စုလျားရစ်ပတ်မင်္ဂလာပွဲက နီးလေပြီကိုး"

ဗညားသတိုး ပြောကာနန်းစောရှင်ရဲ့လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။နှစ်လတွင် တစ်ပတ်ခန့်မျှ ပြည့်ရှင်မင်းနှစ်ပါးက ပြည်မြို့စံအိမ်တွင် တွေ့ဆုံကြသည်။သည်အချိန်တစ်ပတ်လေးသည် နန်းစောရှင်နှင့်ဗညားသတိုးရဲ့ ကိုယ်ပိုင်အချိန်လေးလည်း ဖြစ်သည်။

နှစ်ယောက်လုံးက ရှင်ဘုရင်များဖြစ်လို့ နန်းပလ္လင်တစ်ခုထဲတွင် စိုးစံလို့မရပေ။တွေ့ဆုံဖို့အချိန်ကိုသာ ဖန်တီးယူရ၏။

အိမ်ရှေ့မင်းဗညားငယ်ရဲ့လက်ဆက်ပွဲမင်္ဂလာက နီးကပ်လာပြီဖြစ်လို့ ဗညားသတိုးအချိန်တွေ ဖဲ့ပေးနေရသည်။တလမေနန်းမင်းသမီးက သမိန်သူရစံအိမ်တော်တွင်သာ နေထိုင်လေပြီး နန်းတွင်းအရေးတွင်ဝင်မပါတော့ပေ။တပ်မင်းသမိန်သူရိန်ကတော့ စစ်သေနာပတိစိုင်းခွန်မြတ်နှင့် မကြာခဏအချိန်ကုန်ဆုံးလေ့ရှိသည်။

အမယ်နှင့်မြနုသည် နန်းစောရှင် အင်းဝနန်းတွင်းကိုခေါ်သော်ငြား စစ်ကိုးပင်ရွာတွင်သာ အခြေချနေသည်။

"အမောင့်အချစ်"

"အင်း"

ဗညားသတိုး နန်းစောရှင်ကို ချစ်မြတ်နိုးစွာ ကြည့်သည်။နန်းစောရှင်သည် စတွေ့သည့်အချိန်ကလို ငယ်ရွယ်နုပျိုမှုတွေမရှိတော့။လေးစားခံ့ညားဖွယ်ကောင်းသည့်အရှိန်အဝါကိုသာ သယ်ဆောင်ထားသည်။

ဗညားသတိုး နန်းစောရှင်ရဲ့လက်ထဲ တောသစ်ခွပန်းတစ်ပွင့် ထည့်ပေးသည်။

"အမောင် တောစပ်ကခူးလာတာ"

နန်းစောရှင် ပန်းလေးကို ကြည့်လိုက်သည်။တောသစ်ခွလေးသည် ဖြူဖြူ‌ဖွေးနေပြီးနီလာရောင်‌အသွေးသည် ပွင့်ချပ်အလယ်တွင်ထင်းနေသည်။

"ပန်းကလှလိုက်တာ"

"အမောင့်အချစ်ကိုမမှီပါဘူး"

နန်းစောရှင် ပါးလေးရဲသွားသည်။နှစ်ပေါင်းများစွာတိုင် မပြောင်းလဲသည့်ထဲတွင် နန်းစောရှင်ရဲ့နီရဲသွားတတ်သည့် ပါးလေးပါဝင်သည်။ဗညားသတိုး နန်းစောရှင်ရဲ့ပါးလေးကို နမ်းလိုက်သည်။

"ကျွန်တော်က ပန်းလေးနဲ့ယှဉ်ရင် အကျည်းတန်ပါတယ် ယောကျာ်းသားတစ်ယောက်ကလှမတဲ့လား"

"အလို အကျည်းတန်ဆိုတဲ့ စကားလုံးဆိုတာအမောင့်အချစ်နှုတ်ဖျားကနေတောင် ထွက်မလာသင့်တဲ့အထိ အမောင့်အချစ်နဲ့မလိုက်ဖက်ဘူး"

"ဟား ဟား အဲ့သလောက်တောင်လား"

"အဟုတ်ပ"

ဗညားသတိုး မျက်လုံးလေးတွေကွေးအောင် ရယ်မောနေသည့်နန်းစောရှင်ကို ကြည့်ကာပြုံးသည်။

"နန်းတက်ဘိသေကမင်္ဂလာကျင်းပတုန်းက ဘာလို့အ‌တွေးပြောင်းပြီး အမောင့်လက်ကိုဆုပ်ကိုင်ခဲ့လေတာလဲ"

နန်းစောရှင် ဗညားသတိုးရဲ့ချစ်မြတ်နိုးမှုတွေ ရစ်သိုင်းနေသည့်မျက်ဝန်းတွေကို စူးစိုက်ကြည့်သည်။

"အဲ့တာ အမောင့်အပြစ်"

"ဘယ်လို"

"အမောင်က ကျွန်တော့်နှလုံးသားကို ဆုပ်ကိုင်ထားမှတော့ နှလုံးသားအလိုကိုလိုက်ရပြီရော့"

"ဟား ဟား ဟား"

ဗညားသတိုး နန်းစောရှင်ရဲ့အဖြေလေးကိုသဘောတကျရယ်ပြီး နန်းစောရှင်ရဲ့နှဖူးလေးကို နမ်းလိုက်သည်။နန်းစောရှင်ကလှပသည့်မျက်တောင်လေးကို တဖျတ်ဖျတ်ခတ်လိုက်သည်။

ဗညားသတိုး နန်းစောရှင်ကိုနင့်နေအောင် ဖက်ကာ ကျယ်ကျယ်လောင်လောင်ပြောလိုက်သည်။

"အမောင်ဖြင့် သိပ်ချစ်တာဘဲ ပြည့်ရှင်မင်းလေးရယ် အမောင့်အချစ်စိုးစံလေတာက အင်းဝနန်းပလ္လင်မဟုတ်ဘူး အမောင့်အချစ်က ကိုယ်တော့်နှလုံးသားနန်းပလ္လင်ရဲ့တစ်ပါးတည်းသော ပြည့်ရှင်မင်းလေး ချစ်သောပြည့်ရှင်မင်းလေး"

"အင်းဝနန်းပလ္လင်ထက် အမောင့်ရဲ့နှလုံးသားနန်းပလ္လင်ကိုသာ စိုးစံလိုတယ်အမောင်"

နန်းစောရှင် ဗညားသတိုးကို ပြန်လည်ပွေ့ဖက်လိုက်သည်။မျက်ဝန်းတွေထဲတွင် အချစ်ရိပ်များဖြတ်ပြေးနေလေသည်။

ပြည့်ရှင်မင်းနှစ်ပါးသည် နှလုံးသားတစ်ခုထဲဖြင့် အသက်ရှင်နေလျက်။

    
                          ပြီးပါပြီ။

                                      ချစ်ခြင်းများစွာဖြင့်
                                               ဖူးငုံခင်
                                   

__________

ချစ်သောပြည့်ရှင်မင်းလေးကပြီးသွားပြီရှင်
အဆုံးထိဖတ်ပေးကြတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်
သဘောကျရင် reviewလှလှလေးတွေရေးပေးဖို့တောင်းဆိုပါတယ်ရှင့်

---------------------------

နန်းတက်ပွဲ💕

__________





ဗညားသတိုး ေရႊေရာင္ေတာက္ပသည့္ဝတ္႐ုံေတာ္ကို ဝတ္ဆင္သည္။ရတနာခုႏွစ္မ်ိဳးစီျခယ္ထားသည့္ေမာင္းစလြယ္ႀကိဳးကို ဝတ္႐ုံေတာ္ေပၚမွ ဝတ္ဆင္လိုက္သည္။ရဲရဲနီသည့္ပတၱျမားနားေတာင္းႏွင့္အၿပိဳင္ သန္မာသည့္လက္ေခ်ာင္းမ်ားမွ ပတၱျမားလက္စြပ္သည္ ေတာက္ပေန၏။တစ္ကိုယ္လုံးတြင္ သစ္လြင္ေတာက္ပေနသည့္အရွိန္အဝါမ်ားႏွင့္ ျခားနားစြာႏွဖူးေပၚမွ ပတၱျမားေရာင္ ခ်ည္ႏွဖူးစည္းေလးက မွိန္ေဖ်ာ့ေနသည္။

သမိန္သူရိန္ အင္းဝဧည့္နန္းေဆာင္အတြင္း ဝင္လာသည္။ေၾကးမုံေရွ႕က ဟံသာဝတီျပည့္ရွင္မင္းႀကီးကိုျမင္ေတာ့ စိတ္ထဲေလးလံသြားသည္။

"အရွင္မင္းႀကီး တကယ္ဘဲနန္းေစာရွင္ရဲ႕ နန္းတက္မဂၤလာဘိေသကသဘင္ကို တက္ေရာက္ေလမွာလား"

ဗညားသတိုး အေတာင္ႏွစ္ဆယ္ရွည္သည့္ေရႊခ်ည္ေဖာက္ ေတာင္ရွည္ပုဆိုးကို ေသသပ္ေအာင္ျပဳျပင္လိုက္ၿပီး ၿပဳံးသည္။

"နန္းေစာရွင္ရဲ႕က်က္သေရမဂၤလာအေပါင္းနဲ႔ ျပည့္စုံေနမယ့္အခိုက္အတန္႔ေလးကို ကိုယ္ေတာ္လြတ္မသြားလိုဘူး"

"ဒါေပမယ့္ မင္းႀကီး"

"ကိုယ္ေတာ္သိပါတယ္ သမိန္သူရိန္လည္းသိလိမ့္မယ္လို႔ယူဆတယ္"

သမိန္သူရိန္ ဆိတ္ဆိတ္ေနလိုက္သည္။ဗညားသတိုး အင္းဝေဆာင္နန္းအျပင္ကို ထြက္သည္။သမိန္သူရိန္လည္း လိုက္ပါသည္။အင္းဝနန္းရင္ျပင္တြင္ နန္းေစာရွင္ရဲ႕သစၥာခံတပ္မွဴးမ်ားက အဆင္သင့္ေနရာယူထားသည္။

အေဆာင္အေယာင္၊အဆင္တန္ဆာမ်ားက နံနက္ခင္းေနေရာင္ေအာက္တြင္ ၿပိဳးၿပိဳးျပက္ျပက္။ဆင္တပ္၊ျမင္းတပ္မ်ားကလည္း ရတနာစီျခယ္ထားသည့္အဆင္တန္ဆာႀကိဳးမ်ား လႊမ္းၿခဳံထားကာ အၾကပ္တပ္မွဴးေတြရဲ႕အမိန္႔ကို နာခံလို႔တပ္မအလိုက္ ၿငိမ္သက္စြာေနရာယူထားသည္။ေရညႇိစိမ္းေရာင္တံခြန္အလံေတြက ဂုဏ္ယူဖြယ္ရာ အင္းဝအာဏာစက္ကို သယ္ေဆာင္ထားသည္။

ဗညားသတိုး တပ္မေတြကို ေက်ာ္လြန္ၿပီး ပလႅင္ႏွင့္အနီးဆုံးေနရာရွိ ေညာင္ေစာင္းတြင္ ထိုင္လိုက္သည္။ကြၽန္းေညာင္ေစာင္းက ေျပာင္လက္ေတာက္ပေန‌သည္။

သံေတာ္ဆင့္ရဲ႕အသံ ထြက္ေပၚလာသည္။က်က္သေရမဂၤလာအေပါင္းႏွင့္ ျပည့္စုံသည့္တံပိုးခရာသံက မေရွးမေႏွာင္းပင္ ထြက္ေပၚလာသည္။

နန္းေစာရွင္ႏွင့္နန္းေဒဝီထိပ္ေခါင္က ေဘးခ်င္းယွဉ္လ်က္ နန္းရင္ျပင္အတြင္း ဝင္ေရာက္လာသည္။ဗညားသတိုး နန္းေစာရွင္ရဲ႕ခံ့ညားလွသည့္စၾကာဝေတးမင္းအသြင္အျပင္ကို ၾကည့္ၿပီးၿပဳံးလိုက္သည္။

နန္းေစာရွင္သည္ ေရႊအတိၿပီးသည့္မကိုဋ္ေတာ္ကို ေဆာင္းထားသည္။ဆြတ္ဆြတ္ျဖဴသည့္ပိုးကိုယ္ဝတ္ကို ဝတ္ထားၿပီး ထိုအေပၚမွ ေရႊ‌ေဗာင္းစလြယ္ႀကိဳးကို လြယ္ထား၏။ကိုယ္ဝတ္ရဲ႕ပခုံးတြင္ အထက္သို႔ေကာ့တက္ေနသည့္ေရႊအဆင္တန္ဆာကို ဆင္ယင္ထားသည္။ေငြဖလားေရာင္ ေတာင္ရွည္ပုဆိုးေပၚမွ ေရႊခ်ိတ္ေလးေတြကနန္းေစာရွင္ ေျခလွမ္း လွမ္းလိုက္တိုင္း တလက္လက္။လက္ေကာက္ဝတ္ရွိ ေရႊအနားကြပ္လက္စည္းကလည္း‌ ေရႊအတိၿပီးသည္။

နန္းေစာရွင္ရဲ႕မ်က္ႏွာသည္ ေရႊေရာင္ေတာက္ပသည့္ဝတ္႐ုံေတာ္ေၾကာင့္ ေမွးမိန္မသြားဘဲ ေရႊထက္ပင္ လင္းလက္ဝင္းပေနသည္။နက္ေမွာင္သည့္မ်က္ခုံးေတြက သုခမိန္တစ္ပါးလို ေျဖာင့္စင္းေနၿပီး ပိ‌ရိေသသပ္နီေထြးသည့္ႏႈတ္ခမ္းတစ္စုံက အာဏာရွင္ဆန္စြာ တည္တင္းေနသည္။

ဗညားသတိုး နန္းေစာရွင္ကိုၾကည့္ၿပီး ရင္ထဲဂုဏ္ယူဝံ့ႂကြားစိတ္မ်ားႏွင့္အတူ ေၾကကြဲဆို႔နင့္မႈမ်ားျပည့္လွ်ံလာသည္။သူ ကိုယ္တိုင္ခ်စ္ျမတ္ႏိုးစြာထုဆစ္ခဲ့သည့္အခ်စ္ကေလးသည္ ျပည့္ရွင္မင္းတစ္ပါးျဖစ္လာေခ်ၿပီ။ေကာင္းကင္ႏွင့္ေျမႀကီးကိုပင္ ဘုန္းတန္ခိုးျဖင့္ ေစလိုရာေစႏိုင္သည့္ျပည့္ရွင္မင္းတစ္ပါးျဖစ္လာၿပီ။သို႔ေသာ္ သူ့အပိုင္ ဘယ္ေသာအခါမွမျဖစ္ႏိုင္ေတာ့ေခ်။

နန္းေစာရွင္ႏွင့္သူ၏မိဖုရားသည္ ရာဇဣေႁႏၵအျပည့္ျဖင့္ တစ္လွမ္းခ်င္းေလွ်ာက္လွမ္းလာသည္။နန္းေစာရွင္၏ေျခေတာ္ရင္းမွ ဗညားသတိုးရဲ႕ႏွလုံးသားသည္ နန္းေစာရွင္တစ္လွမ္း လွမ္းတိုင္း နင္းေျခခံရၿပီး အစိတ္စိတ္အႁမႊာႁမႊာျဖစ္ကာ ေသြးစိမ္းရွင္ရွင္ထြက္ေန၏။

နန္းေစာရွင္ႏွင့္သူ့ရဲ႕မိဖုရားသည္ ဘိသိခံမဂၤလာအရပ္တြင္ ထိုင္လိုက္သည္။အရာအားလုံးကတိတ္ဆိတ္ေနၿပီး ေလထုကက်က္သေရမဂၤလာ
အေပါင္းကို သယ္ေဆာင္ထားသည္။နန္းေစာရွင္ရဲ႕မ်က္လုံးက ဗညားသတိုးကိုၾကည့္လာသည္။

နန္းေစာရွင္ ဗညားသတိုးရဲ႕ႏွဖူးစည္းနီနီေလးကို ျမင္ၿပီး ရင္ထဲတင္းၾကပ္သြားသည္။ဗညားသတိုးကသူ့ကို အဓိပၸါယ္‌ေဖာ္မရသည့္နက္ရႈိင္းေသာမ်က္ဝန္းေတြႏွင့္ ၾကည့္ေနသည္။ဗညားသတိုးရဲ႕အၾကည့္ေၾကာင့္ နန္းေစာရွင္ရဲ႕ႏွလုံးသားက ျပင္းျပင္းထန္ထန္တုန္လႈပ္ေျခာက္ျခားလာသည္။

ဗညားသတိုးရဲ႕အၾကည့္သည္ နန္းေစာရွင္ကို ကိုင္လႈပ္ႏိုင္သည့္တစ္ခု‌တည္းေသာလက္နက္။ထိုလက္နက္သည္ နန္းေစာရွင္ရဲ႕ရင္ကို ျပင္းျပင္းထန္ထန္တိုက္ခိုက္ေနၿပီး ေၾကကြဲသြား
ေသာႏွလုံးသားအပိုင္းအစမ်ားသည္ နန္းရင္ျပင္‌တြင္ ျပန္႔က်ဲေနသည္။

ဘိသိဘ္ဆရာႀကီးက နဝရက္ကိုးသြယ္ႏွင့္အေမႊးနံ႔သာစီရင္ထားသည့္ မဂၤလာေရထည့္ထားေသာေငြဖလားကို နန္းေစာရွင္ႏွင့္နန္း‌ထိပ္ေခါင္ေရွ႕တြင္ခ်လိုက္သည္။

နန္းေစာရွင္ ဘိသိဘ္ဆရာႀကီးရဲ႕အသံကိုလည္း မၾကားေတာ့။ေရွ႕ကေငြဖလားကိုသာ ၾကည့္ေနၿပီး စကားလုံးတခ်ိဳ႕က နားစည္ကိုလာ႐ိုက္ခတ္သည္။

'ခ်စ္ရသူနဲ႔ေကြကြင္းရတဲ့ဒုကၡ
မခ်စ္မႏွစ္သက္သူနဲ႔ေပါင္းဖက္ရတဲ့ဒုကၡ'

'ခ်စ္ရသူနဲ႔ေကြကြင္းရတဲ့ဒုကၡ
မခ်စ္မႏွစ္သက္သူနဲ႔ေပါင္းဖက္ရတဲ့ဒုကၡ'

'ခ်စ္ရသူနဲ႔ေကြကြင္းရတဲ့ဒုကၡ
မခ်စ္မႏွစ္သက္သူနဲ႔ေပါင္းဖက္ရတဲ့ဒုကၡ'

နန္းေစာရွင္ ႐ုတ္တရက္ ထရပ္လိုက္သည္။နန္းထိပ္ေခါင္ အပါအဝင္ လူမ်ားအားလုံးနန္းေစာရွင္ကိုၾကည့္လာသည္။နန္းေစာရွင္ရဲ႕မ်က္လုံးေတြက ဗညားသတိုးထံတြင္သာ ဦးတည္ေနၿပီး ေငြဖလားကိုေကာက္ကိုင္လိုက္သည္။

ဆင္ျခင္တုံတရားသည္ အခ်စ္ေၾကာင့္ကင္းမဲ့ကုန္သည္။

နန္းရင္ျပင္မွ လူမ်ားအားလုံးအံ့အားသင့္ေနၿပီး နန္းေစာရွင္ကေတာ့ ေငြဖလားကိုပိုက္ကာ ဗညားသတိုးထံ ေျခလွမ္းႀကဲႀကီးျဖင့္ ေျပးသြားသည္။

ထိုအခိုက္ ဗညားသတိုး သူ့ထံအေျပးလာသည့္နန္းေစာရွင္ရဲ႕မ်က္ႏွာေလးကို ေငးၾကည့္ေနသည္။နန္းေစာရွင္သည္ မ်က္ရည္ရစ္ဝိုင္းေနၿပီး မ်က္ေတာင္ရွည္ေလးေတြက စိုစြတ္ေနသည္။နန္းေစာရွင္ ကိုယ္ေပၚမွ ေဗာင္းစလြယ္ႀကိဳးသည္ ယမ္းခါေနေလသည္။

နန္းေစာရွင္ ေငးေၾကာင္ေနသည့္ဗညားသတိုးရဲ႕လက္ကို ထပ္လ်က္ကိုင္ကာ ေငြဖလားထဲႏွစ္လိုက္သည္။ႏွစ္ဦးသားရဲ႕လက္ေတြသည္ ထပ္လ်က္သား‌ နံ႔သာရည္ေတြစိုစြတ္သြားသည္။

ေဒါင္။

သံေတာ္ဆင့္ လက္ထဲမွေရႊကြပ္ထားသည့္ ကြၽဲဂ်ိဳတံပိုးသည္ ျပဳတ္က်သြားသည္။‌စစ္ေသနာပတိစိုင္းခြန္ျမတ္ ေခါင္းကိုျဖည္းျဖည္းခ်င္းယမ္းလိုက္သည္။နန္းထိပ္ေခါင္ကေတာ့ ပါးစပ္အေဟာင္းသား။သမိန္သူရိန္ ဝမ္းသာအားရစိုင္းခြန္ျမတ္ကို ဖက္လိုက္သည္။

နန္းေစာရွင္ ဗညားသတိုးရဲ႕လက္ကိုခပ္တင္းတင္းဆုပ္ကိုင္ကာ ေလေပၚေျမာက္လိုက္သည္။

"ငါ အင္းဝဘုရင္မင္းျမတ္ နန္းရာဇမဟာစကၠေခါင္နဲ႔ဟံသာဝတီျပည့္ရွင္သုမသကၠသတိုးမဏိရစ္ ယခု ေငြဖလားတြင္းလက္စုံခ်ၿပီး လက္ဆက္ၿပီးေလၿပီ"

နန္းေစာရွင္ရဲ႕ဩဇာေညာင္းသည့္အသံက နန္းရင္ျပင္တစ္ခုလုံးကို က်ယ္ေလာင္စြာ႐ိုက္ခတ္သြားသည္။

ဗညားသတိုး ဆြံ႕အေနၿပီး အသံေတာင္မထြက္ေပ။နန္း‌ထိပ္ေခါင္ ထရပ္လိုက္ၿပီး လက္ခ်င္းထပ္ထားသည့္လူႏွစ္ေယာက္ကို ၾကည့္ကာ မ်က္လုံးေတြရဲရဲနီလာ၏။

"မင္းတို႔ႏွစ္ေယာက္ ဒါျဖစ္သင့္သလား ငါသေဘာမတူဘူး"

"မရီးေတာ္ သင္က ေရေျမ့သခင္အင္းဝဘုရင္ရဲ႕သေဘာကိုဆန္႔က်င္ဝံ့သလား သင္ကပုန္စားလိုတာလား"

နန္းထိပ္ေခါင္ တုန္လႈပ္သြားသည္။နန္းေစာရွင္ရဲ႕အသံသည္ ခက္ထန္ေနကာ အာဏာအရွိန္အဝါႀကီးသည္။နန္းထိပ္ေခါင္ တစ္ကိုယ္လုံး ေဆြ႕ေဆြ႕ခုန္လာသည္။သို႔ေသာ္ စကားတစ္လုံးမွမဆိုဝံ့။

"အင္းဝနဲ႔ဟံသာဝတီဟာ မင္းဆက္ေတြဆက္တိုက္စစ္မက္ျဖစ္ပြားခဲ့တယ္ ယခုအခ်ိန္စၿပီးႏွစ္ျပည္ေထာင္ေပါင္းစည္းၿပီးစစ္မက္ၿငိမ္းေအးေစမယ္"

ဗညားသတိုး နန္းေစာရွင္ရဲ႕လက္ကို ခပ္တင္းတင္းဆုပ္ကိုင္သည္။မၾကာေသးခင္ကမွ‌ ကြဲေၾကသြားသည့္ႏွလုံးသားအပိုင္းအစေတြက တစ္ခုထဲအျဖစ္ ေပါင္းစည္းသြားေလသည္။

"စစ္ကို အခ်စ္နဲ႔ ၿငိမ္းမယ္"

‌ဗညားသတိုးရဲ႕နက္ရႈိင္းခံ့ညားေလးစားဖြယ္ေကာင္းသည့္ အသံသည္လည္း ထြက္ေပၚလာသည္။

ဘိသိဘ္ဆရာႀကီးသည္ တုန္လႈပ္ေနၿပီး ရွင္ဘုရင္ႏွစ္ပါးကို ၾကည့္လိုက္သည္။

"အဲ့သလိုဆို ဘယ္သူကရွင္ဘုရင္ ဘယ္သူကမိဖုရားလဲ"

ဘိသိတ္ဆရာႀကီး အသက္ကိုဖက္ႏွင့္ထုပ္ကာေမးသည္။

"ကိုယ္ေတာ္တို႔ႏွစ္ေယာက္လုံးက ျပည့္ရွင္မင္းေတြ ႏွစ္ျပည္ေထာင္လုံးရဲ႕ျပည့္ရွင္မင္းေတြဘဲ"

"ငါ အင္းဝရွင္ဘုရင္ရဲ႕တူေတာ္ မရီးေတာ္နန္းထိပ္ေခါင္ရဲ႕သားေတာ္ မင္းရဲထြဋ္ကိုအင္းဝအိမ္ေရွ႕ဥပရာဇာအျဖစ္ ခန္႔အပ္ဆင္ယင္ေစ"

နန္းထိပ္ေခါင္ ထိုအခါမွရင္ထဲက ေလးလံမႈေတြ ေလ်ာ့ပါးသြားသည္။နန္းေစာရွင္ႏွင့္လက္ဆက္လိုသည္မွာ တျခားမဟုတ္ သားေတာ္ႀကီးကိုထီးနန္းဆက္ခံေစလို၍ ျဖစ္သည္။

အင္းဝျပည့္ရွင္မင္းႏွင့္ဟံသာဝတီျပည့္ရွင္မင္းသည္ နန္းရင္ျပင္ထက္တြင္ရပ္ေနၿပီး ခံ့ညားလွသည့္အရွိန္အဝါကို ေပးစြမ္းေနသည္။ရွင္ဘုရင္ႏွစ္ပါးသည္ နန္းတက္ဘိေသကမဂၤလာတြင္ က်က္သေရရွိစြာရပ္တည္ေနၿပီး မည္သူမွမထိခိုက္ မထိပါးေစႏိုင္သည့္အရွိန္အဝါကို ထုတ္လႊတ္ေနသည္။ႏွစ္ေယာက္သား ၿပိဳင္တူယွဉ္ရပ္ေနသည္က သ႑ာရီထဲမွစၾကဝေတးမင္းေတြအလား။

ႏွစ္ဦးသားသည္ လိုက္ဖက္ညီေနၿပီးေကာင္းကင္ႏွင့္ေျမႀကီးကိုပါ ဖိန္႔ဖိန္႔တုန္ေအာင္ကိုင္လႈပ္ႏိုင္သည့္အာဏာဘုန္းတန္ခိုးကို ပိုင္ဆိုင္ထားသည္။

နန္းရင္ျပင္မွ လူအားလုံးသည္ ၿပိဳင္တူဦးၫႊတ္လိုက္ၾကသည္။က်က္သေရအေပါင္းခေညာင္းသည့္ခ႐ုတံပိုးသံသည္ ဂုဏ္ယူဝံ့ႂကြားစြာ ထြက္ေပၚလာသည္။တိုက္ဆင္ေတြသည္လည္း ဆင္ဦးစီးရဲ႕အမိန္႔ေအာက္တြင္ ေရေျမ့သခင္ျပည့္ရွင္မင္းႏွစ္ပါးကို ဦးၫႊတ္လိုက္ၾကသည္။

ဤသို႔ျဖင့္ အင္းဝႏွင့္ဟံသာဝတီသည္ႏွစ္ေပါင္းမ်ားစြာ စစ္မက္ကင္းခဲ့ေလသည္။ႏွစ္ျပည္ေထာင္သည္ ဆန္ေရစပါးေပါႂကြယ္ဝၿပီး သာယာလွပသည့္တိုင္းျပည္မ်ား ျဖစ္ခဲ့ေလ၏။

_______

နန္းေစာရွင္ ျပည္ၿမိဳ႕ရွိ စံအိမ္ေတာ္ျပတင္းတြင္ ထိုင္ကာလာလမ္းကို ေမွ်ာ္ေနသည္။ေျမလမ္းေလးသည္ ဖုန္တခ်ိဳ႕လႊင့္စင္လာသည္။ျမင္းခြာသံ သဲ့သဲ့ၾကားရသည္။နန္းေစာရွင္ ၿပဳံးကာ စံအိမ္ေအာက္ကို တစ္လွမ္းခ်င္းဆင္းလာသည္။

ဗညားသတိုး ျမင္းမဟူရာေပၚမွ ေပါ႔ပါးစြာခုန္ဆင္းလိုက္ၿပီး ကြန္႔ေရာင္ဝါဓားကိုခ်ကာ စံအိမ္ဝင္ေပါက္ရွိ နန္းေစာရွင္ကို အေျပးဖက္သည္။

"အေမာင့္အခ်စ္က ေစာေရာက္ေနပါ႔လား"

"အေမာင္ကသာ ေနာက္က်ေလတာ"

"ဗညားငယ္ရဲ႕စုလ်ားရစ္ပတ္မဂၤလာပြဲက နီးေလၿပီကိုး"

ဗညားသတိုး ေျပာကာနန္းေစာရွင္ရဲ႕လက္ကေလးကို ဆုပ္ကိုင္လိုက္သည္။ႏွစ္လတြင္ တစ္ပတ္ခန္႔မွ် ျပည့္ရွင္မင္းႏွစ္ပါးက ျပည္ၿမိဳ႕စံအိမ္တြင္ ေတြ႕ဆုံၾကသည္။သည္အခ်ိန္တစ္ပတ္ေလးသည္ နန္းေစာရွင္ႏွင့္ဗညားသတိုးရဲ႕ ကိုယ္ပိုင္အခ်ိန္ေလးလည္း ျဖစ္သည္။

ႏွစ္ေယာက္လုံးက ရွင္ဘုရင္မ်ားျဖစ္လို႔ နန္းပလႅင္တစ္ခုထဲတြင္ စိုးစံလို႔မရေပ။ေတြ႕ဆုံဖို႔အခ်ိန္ကိုသာ ဖန္တီးယူရ၏။

အိမ္ေရွ႕မင္းဗညားငယ္ရဲ႕လက္ဆက္ပြဲမဂၤလာက နီးကပ္လာၿပီျဖစ္လို႔ ဗညားသတိုးအခ်ိန္ေတြ ဖဲ့ေပးေနရသည္။တလေမနန္းမင္းသမီးက သမိန္သူရစံအိမ္ေတာ္တြင္သာ ေနထိုင္ေလၿပီး နန္းတြင္းအေရးတြင္ဝင္မပါေတာ့ေပ။တပ္မင္းသမိန္သူရိန္ကေတာ့ စစ္ေသနာပတိစိုင္းခြန္ျမတ္ႏွင့္ မၾကာခဏအခ်ိန္ကုန္ဆုံးေလ့ရွိသည္။

အမယ္ႏွင့္ျမႏုသည္ နန္းေစာရွင္ အင္းဝနန္းတြင္းကိုေခၚေသာ္ျငား စစ္ကိုးပင္ရြာတြင္သာ အေျခခ်ေနသည္။

"အေမာင့္အခ်စ္"

"အင္း"

ဗညားသတိုး နန္းေစာရွင္ကို ခ်စ္ျမတ္ႏိုးစြာ ၾကည့္သည္။နန္းေစာရွင္သည္ စေတြ႕သည့္အခ်ိန္ကလို ငယ္ရြယ္ႏုပ်ိဳမႈေတြမရွိေတာ့။ေလးစားခံ့ညားဖြယ္ေကာင္းသည့္အရွိန္အဝါကိုသာ သယ္ေဆာင္ထားသည္။

ဗညားသတိုး နန္းေစာရွင္ရဲ႕လက္ထဲ ေတာသစ္ခြပန္းတစ္ပြင့္ ထည့္ေပးသည္။

"အေမာင္ ေတာစပ္ကခူးလာတာ"

နန္းေစာရွင္ ပန္းေလးကို ၾကည့္လိုက္သည္။ေတာသစ္ခြေလးသည္ ျဖဴျဖဴ‌ေဖြးေနၿပီးနီလာေရာင္‌အေသြးသည္ ပြင့္ခ်ပ္အလယ္တြင္ထင္းေနသည္။

"ပန္းကလွလိုက္တာ"

"အေမာင့္အခ်စ္ကိုမမွီပါဘူး"

နန္းေစာရွင္ ပါးေလးရဲသြားသည္။ႏွစ္ေပါင္းမ်ားစြာတိုင္ မေျပာင္းလဲသည့္ထဲတြင္ နန္းေစာရွင္ရဲ႕နီရဲသြားတတ္သည့္ ပါးေလးပါဝင္သည္။ဗညားသတိုး နန္းေစာရွင္ရဲ႕ပါးေလးကို နမ္းလိုက္သည္။

"ကြၽန္ေတာ္က ပန္းေလးနဲ႔ယွဉ္ရင္ အက်ည္းတန္ပါတယ္ ေယာက်ာ္းသားတစ္ေယာက္ကလွမတဲ့လား"

"အလို အက်ည္းတန္ဆိုတဲ့ စကားလုံးဆိုတာအေမာင့္အခ်စ္ႏႈတ္ဖ်ားကေနေတာင္ ထြက္မလာသင့္တဲ့အထိ အေမာင့္အခ်စ္နဲ႔မလိုက္ဖက္ဘူး"

"ဟား ဟား အဲ့သေလာက္ေတာင္လား"

"အဟုတ္ပ"

ဗညားသတိုး မ်က္လုံးေလးေတြေကြးေအာင္ ရယ္ေမာေနသည့္နန္းေစာရွင္ကို ၾကည့္ကာၿပဳံးသည္။

"နန္းတက္ဘိေသကမဂၤလာက်င္းပတုန္းက ဘာလို႔အ‌ေတြးေျပာင္းၿပီး အေမာင့္လက္ကိုဆုပ္ကိုင္ခဲ့ေလတာလဲ"

နန္းေစာရွင္ ဗညားသတိုးရဲ႕ခ်စ္ျမတ္ႏိုးမႈေတြ ရစ္သိုင္းေနသည့္မ်က္ဝန္းေတြကို စူးစိုက္ၾကည့္သည္။

"အဲ့တာ အေမာင့္အျပစ္"

"ဘယ္လို"

"အေမာင္က ကြၽန္ေတာ့္ႏွလုံးသားကို ဆုပ္ကိုင္ထားမွေတာ့ ႏွလုံးသားအလိုကိုလိုက္ရၿပီေရာ့"

"ဟား ဟား ဟား"

ဗညားသတိုး နန္းေစာရွင္ရဲ႕အေျဖေလးကိုသေဘာတက်ရယ္ၿပီး နန္းေစာရွင္ရဲ႕ႏွဖူးေလးကို နမ္းလိုက္သည္။နန္းေစာရွင္ကလွပသည့္မ်က္ေတာင္ေလးကို တဖ်တ္ဖ်တ္ခတ္လိုက္သည္။

ဗညားသတိုး နန္းေစာရွင္ကိုနင့္ေနေအာင္ ဖက္ကာ က်ယ္က်ယ္ေလာင္ေလာင္ေျပာလိုက္သည္။

"အေမာင္ျဖင့္ သိပ္ခ်စ္တာဘဲ ျပည့္ရွင္မင္းေလးရယ္ အေမာင့္အခ်စ္စိုးစံေလတာက အင္းဝနန္းပလႅင္မဟုတ္ဘူး အေမာင့္အခ်စ္က ကိုယ္ေတာ့္ႏွလုံးသားနန္းပလႅင္ရဲ႕တစ္ပါးတည္းေသာ ျပည့္ရွင္မင္းေလး ခ်စ္ေသာျပည့္ရွင္မင္းေလး"

"အင္းဝနန္းပလႅင္ထက္ အေမာင့္ရဲ႕ႏွလုံးသားနန္းပလႅင္ကိုသာ စိုးစံလိုတယ္အေမာင္"

နန္းေစာရွင္ ဗညားသတိုးကို ျပန္လည္ေပြ႕ဖက္လိုက္သည္။မ်က္ဝန္းေတြထဲတြင္ အခ်စ္ရိပ္မ်ားျဖတ္ေျပးေနေလသည္။

ျပည့္ရွင္မင္းႏွစ္ပါးသည္ ႏွလုံးသားတစ္ခုထဲျဖင့္ အသက္ရွင္ေနလ်က္။

    
                          ၿပီးပါၿပီ။

                                      ခ်စ္ျခင္းမ်ားစြာျဖင့္
                                               ဖူးငုံခင္
                                   

__________

ခ်စ္ေသာျပည့္ရွင္မင္းေလးကၿပီးသြားၿပီရွင္
အဆုံးထိဖတ္ေပးၾကတဲ့လူေတြအားလုံးကိုေက်းဇူးတင္ပါတယ္
သေဘာက်ရင္ reviewလွလွေလးေတြေရးေပးဖို႔ေတာင္းဆိုပါတယ္ရွင့္

Continue Reading

You'll Also Like

186K 20.3K 100
ဘာသာပြန်သူ - စွဲညို့အသင်း
60.9K 4.2K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
1.5M 187K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
655K 76.3K 200
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...