Part3

7.4K 797 45
                                    

နန်းစောရှင်မင်းသားငယ်က ဇမ္ဗုဆင်တော်ပေါ်တွင် ထိုင်ပြီးချွန်းကိုမြဲမြံစွာ ကိုင်ထားသည်။နောင်တော်ဆယ့်နှစ်ပါးရှိသည့် မင်းသားငယ်ကယခုမှဆင်တော်ကို စစီးဖူးသည်။ဇမ္ဗုဆင်တော်က နန်းစောရှင် ဘာမှမလုပ်ရပါဘဲ ငြိမ်သက်စွာနန်းစောရှင်အမိန့်ကို နာခံသည်။

နေကားမွန်းတည့်လုပြီ။

နန်းစောရှင်ရဲ့နဖူးက ချွေးတို့ဖြင့်စိုစွတ်နေပြီ။ နေရောင်စူးစူးက နန်းစောရှင်မင်းသားကိုယ်ပေါ်ဖြာကျနေပြီး မင်းသားငယ်က ပျော်ရွှင်စွာဆင်ကျုံးအနှံ့ လှည့်လည်နေသည်။

"အရှင့်သား ဇမ္ဗုကိုအနားပေးပါတော့"

ဗညားသတိုး အော်ပြောလိုက်သည်။ထိုအခါမှ
သာ နန်းစောရှင်က ဇမ္ဗုကိုကျုံးသွင်းပြီး ဆင်တော်ပေါ်မှ ဆင်းလေသည်။နန်းစောရှင် ဇမ္ဗုရဲ့နှာမောင်းကို ခပ်ဖွဖွပွတ်ပေးပြီး ကြံတစ်ပိုင်းကျွေးသည်။ဇမ္ဗုကလည်း နားရွက်ကြီးကိုတဖျတ်ဖျတ်ခတ်ကာ သဘောကျကြောင်း ပြသလေသည်။

"လိမ္မာလိုက်တာ ဇမ္ဗု"

ဗညားသတိုး ပဝါသန့်သန့်တစ်ထည်ကို နန်းစောရှင်မင်းသားအား ပေးသည်။နန်းစောရှင် ပဝါလေးကို ယူပြီးချွေး‌တို့ကို သုတ်သည်။မင်းသားငယ်အမူအရာက သိမ်မွေ့ပြီးငြင်သာသည်။ မျက်တောင်ရှည်တွေက ကော့ညွှတ်နေပြီး မျက်ရစ်မပါသည့်မျက်ဝန်းလေးက တမျိုးဆွဲဆောင်မှု ရှိသည်။ဗညားသတိုး မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။

"အသင် ပဝါ"

နန်းစောရှင် ပဝါကမ်းပါမှ ဗညားသတိုးပဝါလေးကို ရိုရိုသေသေယူသည်။

"အသင် နက်ဖြန်ခါလည်းငါလာခဲ့ပါ့မယ် ဇမ္ဗုကိုသေချာဂရုစိုက်ပါ"

"မှန်ပါ အရှင့်သား"

မင်းသားငယ်ကား ဗညားသတိုးကိုကျောခိုင်းလျက် ထွက်ခွာသွားချေပြီ။ဗညားသတိုး အနှီခရမ်းပြာရိပ်လေးကို ငေးမောကြည့်နေမိသည်။ မင်းသားငယ်ရဲ့ချွေးတို့ဖြင့် စိုစွတ်နေသည့်ပဝါလေးကိုမူကား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိလေသည်။

_____

"သူရိန် နန်းစောရှင်မင်းသားအကြောင်းသိခဲ့ပြီလား"

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now