Part 31

3.9K 470 1
                                    

"ခမည်းတော် နန်းစောရှင်ကိုလွှတ်ပေးပါ သားတော် နန်းစောရှင်ကိုမေတ္တာရှိပါတယ်"

သားတော်အိမ်ရှေ့မင်းရဲ့အသံက ဟံသာဝတီပြည့်ရှင်မင်းကြီးရဲ့ရွှေနားတော်ကို ရိုက်ခတ်သွားသည်။ကျွန်းစားပွဲရှေ့တွင်‌ ဒူးထောက်နေသည့်သားတော်က ဘုန်းတန်ခိုးအရှိန်အဝါတွေကို စွန့်ပါလို့ တောင်းပန်ခယနေသည်။ဟံသာဝတီပြည့်ရှင်ရဲ့ဒေါသတွေက လှိုက်တက်လာပြန်သည်။‌ကျွန်းစားပွဲပေါ်က ကွမ်းအစ်ကိုကောက်ကိုင်ကာ ပေါက်လိုက်သည်။ကွမ်းအစ်က သားတော်ကိုထိမှန်ကာ ကြမ်းပြင်တွင်ကျသွားပြီး သားတော်နဖူးမှ သွေးစတချို့ကိုမြင်လိုက်ရသည်။

"ထွီ"

ဟံသာဝတီပြည့်ရှင်မင်းကြီးက ရွှေရေတကောင်းနှင့်ပေါက်လိုက်ပြန်သည်။သားတော်အိမ်ရှေ့မင်းက ဒူးထောက်နေရာမှ တုတ်တုတ်မျှမလှုပ်။

"ရှက်စရာကောင်းလိုက်တဲ့ကိစ္စ ဟံသာဝတီအိမ်ရှေ့မင်းက‌ ယောကျာ်းတစ်ယောက်ကိုနှစ်သက်နေတယ်တဲ့ ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ"

"ခမည်းတော် ချစ်ခြင်းကရှက်စရာမဟုတ်ပါဘူး"

"တိတ်စမ်း ပဏ္ဍုက်"

"ခမည်းတော်"

"မင်းက ယောကျာ်းတစ်ယောက်ကိုနှစ်သက်မှတော့ ပဏ္ဍုက်ဘဲ ပဏ္ဍုက်တွေကရဟန်းပြုလို့တောင်မရဘူးဆိုတာ သိလေရဲ့လား ထွီ မြင့်မြတ်တဲ့ယောကျာ်းဘဝကို စွန့်လွှတ်ရလေတယ်လို့ ရွံစရာကောင်းလိုက်တာ"

"ခမည်းတော် ပဏ္ဍုက်တွေတိုင်းက ရဟန်းပြုလို့မရဘူးလို့ ဘုရားမြတ်စွာက မဟောခဲ့လေဘူး သားတော်ပြောမယ် ချစ်ခြင်းမေတ္တာတိုင်းကမြင့်မြတ်သန့်ရှင်းတယ်"

"စစ်တိုက်ရာမှာဘယ်လောက်ဘဲ လက်ရုံးရည်ကောင်းနေပါစေ ပဏ္ဍုက်ဆိုတာနဲ့ တံတွေးခွက်မှာ ပက်လက်မျောပေရော့ဘဲ"

"သားတော်‌မကြောက်ဘူး နန်းစောရှင်ကိုချစ်မြတ်နိုးမိလို့ ပဏ္ဍုက်ဖြစ်ချင်ဖြစ်ပလေ့စေ သားတော်ရဲ့အချစ်ကို တန်ဖိုးထားမှာဘဲ"

"ထွီ ရှက်ဖို့ကောင်းလိုက်တဲ့အဖြစ်"

"ခမည်းတော်ရဲ့မယ်တော့်အပေါ် အချစ်ကရော စစ်မှန်ခဲ့လို့လား"

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now