Zawgyi
အပိုင္း (၈၄၃) – အဆိပ္အမ်ိဳးအစား၂မ်ိဳး
"မျဖစ္ႏုိင္တာေတာ့မဟုတ္ဘူး" ရီွမာယူလင္း ေျပာလုိက္သည္ "ဒါေပမဲ့ အဲဒါနဲ႔ပတ္သတ္ျပီး လုပ္စရာအမ်ားၾကီးမရွိဘူး၊ ကႏၱာရကအရမ္းၾကီးတယ္၊ အေၾကာင္းအရင္းကိုရွာဖို႔က တကယ္ခက္တယ္"
"ကၽြန္ေတာ္တို႔ စိတ္လိုက္မာန္ပါမလုပ္ရင္ အဲအေကာင္ေတြနဲ႔ေတြ႕ႏုိင္ ေခ်က မမ်ားပါဘူး"
"ဟုတ္တယ္ အဲဒါျဖစ္ႏုိင္ေခ်ရွိတယ္လို႔ ခံစားရတယ္" မိုဘင္းေျပာ ေလသည္ "ငါတို႔ ဂိုဏ္းကို ျပန္ျပီးသတင္းပို႔တာက ငါတို႔အတြက္ပိုေကာင္းမယ္ အဲဒါမွ သူတုိ႔လူလႊတ္ျပီး စံုစမ္းလုိ႔ရမွာ"
"ဒါဆိုရင္ အဲေက်ာင္းသားေတြက်ဘယ္လိုလုုပ္မလဲ"
"အဲဒါကေတာ့ သူတို႔အရည္အခ်င္းေပၚမူတည္တာေပါ့"
"ေရႊကင္းျမီးေကာက္အဆိပ္က ပိုျပင္းလာတယ္ ဒါေပမဲ့ သူတို႔ရဲ႕ တုိက္ခိုက္မႈစြမ္းရည္ကလည္း အဲလိုပဲ၊ အေစာပိုင္းတို္က္ခိုက္မႈေတြတုန္းက ထူးျခားတာဘာမွမေတြ႕ဘူး၊ ေက်ာင္းသားေတြသာ အကိုက္မခံရဘူးဆိုရင္ အႏၱရာယ္မမ်ားႏုိင္ပါဘူး" မိုဘင္း ေျပာလုိက္သည္ "ငါတို႔ေနာက္မွ တစ္ေယာက္ ေယာက္နဲ႔ေတြ႕တယ္ဆိုရင္ သူတို႔ကိုအသိေပးလိုက္တာေပါ့"
"အခုေလာေလာဆယ္ ဒါပဲလုပ္ႏုိင္တယ္"
"ယူယူတို႔ အဆိပ္ေျဖေဆးလုပ္ႏိုင္ပါ့မလားဆိုတာ သိခ်င္တယ္" ေဟာ္ဖန္သည္ တဲဘက္ကို လွည့္ၾကည့္ျပီးေျပာလုိက္သည္။
"ကိစၥမရွိဘူး ယူယူက ရီွမာယူလီကို ကုႏုိင္မွာပါ၊ ကုသနည္း ရွာေတြ႕ဖို႔က အခ်ိန္ပဲလိုတာ" ဖက္တီးက်ဴသည္ ယံုၾကည္မႈအျပည့္ျဖင့္ ေျပာေလသည္။
"သူက ေတာ္တဲ့သမားေတာ္ဆိုတာ သိတာမၾကာေသးဘူး တကယ္ပဲ အဲလိုထင္တယ္" ထန္ယန္ သည္ ျပံဳးျပီးေျပာေလသည္။
"ယူယူက ခင္ဗ်ားတို႔ၾကားထားတာထက္ အမ်ားၾကီးအားေကာင္းတယ္" ဖက္တီးက်ဴသည္ သူတို႔သံုးေယာက္ သူ႔ကိုၾကည့္ေနပံုကိုၾကည့္ျပီး ျပံဳးကာ ေျပာလိုက္သည္ "ဒါေပမဲ့ မေျပာျပဘူး"
"အဖ်ားရႈးရတာကို ေနလို႔ေကာင္းေနတာလား"
"ေကာင္းတယ္ အဲဒါအရမ္းေကာင္းတယ္" ဖက္တီးက်ဴသည္ ေျပာျပီးေနာက္ ေခါင္းကို အျပင္းအထန္ညိမ့္ကာ သူ႔ခံစားခ်က္လည္း ထို အတုိင္းပင္။
"ဒီနားသြားၾကည့္ရေအာင္" ရွီမာယူလင္းသည္ ဖက္တီးက်ဴကို ေျပာလုိက္သည္။
"ေကာင္းျပီ" ဖက္တီးက်ဴ ျပန္ေျဖလုိက္သည္။ သူ႔ေနာက္လုိက္ရာ ရွီမာယူမင္ႏွင့္ တျခားသူမ်ား ေနာက္က်က်န္ခဲ့ေလသည္။
"ဟူး အဲေကာင္ ငါတို႔ကို သိခ်င္ေအာင္လုပ္ျပီး စကားကိုဆံုးေအာင္ ေျပာမသြားဘူး" ေဟာ္ဖန္သည္ ဖက္တီးက်ဴထြက္သြားသည္ႏွင့္ က်ိန္ဆဲေလသည္။
"သူတမင္လုပ္သြားတာပဲ" ထန္ယန္ေျပာလုိက္သည္ "ဒါေပမဲ့ သူငါ တုိ႔ကိုမေျပာရင္ေတာင္ ငါတုိ႔ အခ်ိန္တန္ရင္သိမွာပဲ"
"အမွန္ပဲ" မိုဘင္း သေဘာတူလိုက္သည္။
ဖက္တီးက်ဴႏွင့္ တျခားသူမ်ားသည္ ပတ္ပတ္လည္ စစ္ေဆးျပီးေနာက္ ျပန္လာၾကသည္။ အဆံုးမရွိေသာ ကႏၱာရကလြဲျပီး အနားတြင္ တျခား ဘာမွမရွိေပ။
ညေရာက္ေသာအခါ ေဝက်ိရႊီသည္ ေဆးအမႈန္႔တခ်ိဳ႕ႏွင့္ထြက္လာျပီး ပတ္ပတ္လည္ပို ျဖဴးလုိက္သည္။
"ဒီအမႈန္႔ျဖဴးထားရင္ သာမန္ပိုးေကာင္ေတြ အနားမလာႏုိင္ဘူး" ဖက္တီးက်ဴ ရွင္းျပေလသည္ "ဒါေပမဲ့ ဒီေဆးမႈန္႔က ေရႊကင္းမီးေကာက္ ေတြအတြက္ အသံုးဝင္ပါ့မလားေတာ့ မေသခ်ာဘူး၊ အသံုးမဝင္ဘူးဆိုရင္ ေတာ့ ညအခ်ိန္ကို အဲအေကာင္ေတြေရာက္လာရင္ ျပႆနာတက္မွာပဲ"
"ကံမေကာင္းေအာင္လုိ႔ ေလွ်ာက္မေျပာနဲ႔" ေဝက်ိရႊီသည္ သူ႔ကိုစိုက္ ၾကည့္လုိက္သည္။ ဒီေကာင္သည္ အျမဲတမ္းညည္းညဴတတ္သည္။ အခုသူ ေျပာေနပံုမွာ မျဖစ္မေနျဖစ္လာမည့္ ပံုအတိုင္းပင္။
ညဥ့္နက္ပိုင္းေရာက္ေသာအခါ ရီွမာယူယူ၊ ေဘဂံုထန္ႏွင့္ တျခား သူမ်ားသည္ ကုသရန္အတြက္ အေျဖရွာေတြ႕ေလသည္။
သူတို႔သည္ ရီွမာယူလီအား အဆိပ္ေျဖရန္ အပ္စိုက္နည္းကိုသံုးၾကမည္။ သို႔ေသာ္ ထိုအဆိပ္ ေျဖေဆး အစြမ္းမထက္ပါက ပိုခက္ခဲသြားမည္။
ဖက္တီးက်ဴႏွင့္ တျခားသူမ်ားသည္ လက္ရွိတြင္ အျပင္တြင္ထိုင္ျပီး စကားေျပာေနၾကရာ သူတို႔ ထြက္လာသည္ကို ျမင္လိုက္ရသည္။ "ျပီးသြား ၾကျပီလား"
ရီွမာယူယူႏွင့္ တျခားသူမ်ားသည္ ထိုင္လုိက္ၾကကာ ေျပာေလသည္ "ကုသဖို႔ကနည္းကိုေတာ့ ေတြ႕ျပီးျပီ မနက္ျဖန္ကို နည္းနည္းေလာက္ ေဖာ္ဖုိ႔လိုေတာ့တာ"
"မင္းတို႔အဆိပ္ေျဖေဆးက တကယ္ပဲအသံုးဝင္လား" ေဟာ္ဖန္ ေမးေလသည္။
"ဒါေပါ့" ရွီမာယူယူ ေျပာလုိက္သည္ "အသံုးဝင္ရံုတင္မကဘူး ငါတို႔ ေဆးႏွစ္မ်ိဳးရွာေတြ႕ထား တယ္၊ တစ္ခုက ကာကြယ္ဖို႔ တစ္ခုက အဆိပ္မိရင္ ကုသဖို႔၊ ဘယ္လိုလဲ စမ္းၾကည့္ခ်င္လား"
"ကာကြယ္ေဆးေတာင္ရျပီလား"
"ဒါေပါ့" ရွီမာယူယူ ေျပာလိုက္သည္။ သူမ ေနခဲ့သည့္ကမာၻ တြင္ရွိခဲ့စဥ္က ကာကြယ္ေဆးေဖာ္ သည့္ ယူဆခ်က္ကိုအေျခခံျခင္းျဖစ္သည္။ တကယ္ရလာမည္ဟု မထင္ထားခဲ့ေပ။
"မင္းတို႔ တစ္ရက္ေလာက္အခ်ိန္နဲ႔ ကုသဖို႔ကိုမေျပာနဲ႔ ကာကြယ္ဖို္႔ ေဆးေတာင္ ရွာႏုိင္သြားတယ္ ဟုတ္လား" ေဟာ္ဖန္သည္ ယံုၾကည္ရန္ ခက္စြာေျပာေလသည္။
"ဟုတ္တယ္ ခင္ဗ်ားတို႔လိုခ်င္လား ကၽြန္ေတာ့္ေဆးေတြက အသံုး ဝင္ပါတယ္၊ စားလိုက္တာနဲ႔ ေရႊကင္းျမီးေကာက္အကိုက္ခံရမွာကို ေၾကာက္ဖို႔ မလိုေတာ့ဘူး၊ ၃နာရီအတြင္း အဆိပ္ေျဖေဆး စားလုိက္ရံုပဲ" ရီွမာယူယူသည္ သူတို႔သံုးေယာက္ကို ျပံဳးျပီးေျပာေလသည္။
"အဲဒီ၃နာရီတြင္းကို ဘာအသံုးဝင္မွာလဲ"
"အသံုးဝင္တာေပါ့" ရွီမာယူယူသည္ စိတ္လႈပ္ရွားကာ ေျပာေလသည္ "အဲဒီ၃နာရီက အဆိပ္ေျဖ ေဆးရွိတဲ့လူအတြက္ေတာ့ဘာမွမဟုတ္ဘူး၊ ဒါေပမဲ့ အဆိပ္ေျဖေဆးမရွိလို႔ ဝယ္ခ်င္တဲ့လူအတြက္ေတာ့ အသံုးဝင္တယ္ အနည္းဆံုးေတာ့ ၃နာရီတင္းခံႏုိင္ေသးတယ္"
"..."
အားလံုး ဆြံ႕အသြားၾကသည္။ သူမ တကယ္ပဲအဲလိုေျပာလိုက္တာလား။
"အဲဒါကိုထူးဆန္းတယ္လို႔မထင္နဲ႔ အဲလိုလူေတြတကယ္ရွိတယ္" ရီွမာယူယူ ေျပာလုိက္သည္ "အစပိုင္းေတာ့ဘာမွမဟုတ္ေပမယ့္ အသက္ ေဘးၾကံဳလာရင္ ေရြးခ်ယ္မႈမွားတာေတြအတြက္ ေနာင္တ ရတတ္ၾကတယ္၊ ကၽြန္ေတာ္က သူတို႔ကို ေနာင္တရဖို႔အခ်ိန္ေပးလုိက္တာ၊ ဒါေပမဲ့ ဒီေဆးက သူတို႔ ေနာင္တရတတ္ဖို႔အတြက္ ကူညီေပးလိုက္တာပဲ"
"မင္းေျပာတာ ဟုတ္သလိုလိုပဲ" ထန္ယန္ ေျပာလုိက္သည္။
"ဟုတ္သလိုလိုပဲဆိုတာ ဘာေျပာတာလဲ၊ အစကတည္းက အဓိပၸာယ္ရွိ တယ္" ရွီမာယူယူ ေျပာလုိက္သည္ "ဒီေလာက္ေျပာေနတာ ဝယ္မွာလား မဝယ္ဘူးလား"
"ဝယ္ရမယ္ဟုတ္လား"
"ဟုတ္တယ္ေလ ဝယ္ရမယ္ အလကားေပးမယ္ထင္ေနလား" ရီွမာယူယူသည္ ေဟာ္ဖန္အား မ်က္လံုးလွန္ျပေလသည္ "ကၽြန္ေတာ္က ေဆးကိုေျမၾကီးေပၚကေကာက္ရတာမဟုတ္သလို ေဆးက မိုးေပၚကက် လာတာလဲမဟုတ္ဘူး၊ တန္ရာတန္ေၾကေပးရမွာေပါ့"
"ဟုတ္တယ္ ငါတို႔ကေမတၱာနဲ႔ လုပ္စားတာမဟုတ္ဘူး" ေရွာင္ခ်ီ သေဘာတူေလသည္ "ငါတို႔က အသိအကၽြမ္းေတြဆိုတာကိုေထာက္ျပီး ေလ်ာ့ေစ်းနဲ႔ေပးမယ္၊ ကာကြယ္ေဆးတစ္လံုးကို အလယ္အလတ္ ဖန္ေက်ာက္၁၀၀၊ ေျဖေဆးက အလယ္အလတ္ေက်ာက္ ၁ေထာင္"
"အလယ္အလတ္အဆင့္ေက်ာက္၁ေထာင္လား၊ ေစ်းၾကီးလိုက္တာ ငါတို႔ကိုဓားျပတုိက္ေနတာ လား" ထန္ယန္ ေအာ္ေလသည္။
"ဘယ္လိုလုပ္ေစ်းၾကီးရမွာလဲ" ရွီမာယူယူ ေျပာလုိက္သည္ "ဒီေျဖေဆး က ဘယ္ေလာက္ ေတာင္ ရွားပါးျပီး အဖိုးတန္လိုက္လဲ ဒီေဆးနဲ႔တန္ေနျပီ၊ ဒီေဆးက ခင္ဗ်ားတို႔အသက္ကိုကယ္ႏုိင္တယ္ ခင္ဗ်ားတို႔က အလယ္အလတ္ ေက်ာက္ ၁ေထာင္နဲ႔ ေနာက္ထပ္အသက္ရွင္ဖို႔ အခြင့္အေရးရမွာေနာ္၊ ဘယ္ေလာက္ေတာင္ တန္ဖိုးရွိလိုက္လဲ၊ မဟုတ္ရင္ ခင္ဗ်ားတို႔အသက္က ဒီေလာက္ေက်ာက္နည္း နည္းေလာက္ေတာင္ တန္ဖိုးမရွိဘူးလား"
"အာ..."
သူမေျပာသည္မွာ အဓိပၸာယ္ရွိသလိုပင္။
သူတို႔သည္ ဆံုးရံႈးသည္ဟုယူဆေနေသးသည္ကို ေတြ႕သည္ႏွင့္ ရွီမာယူယူသည္ ဆက္ရွင္းျပ ေလသည္ "အဲဒါေၾကာင့္ ခင္ဗ်ားတို႔အတြက္ ကၽြန္ေတာ့္ေခၚတဲ့ေစ်းကမမ်ားပါဘူး ဘယ္လိုလဲ ဝယ္မွာ လားမဝယ္ဘူးလား"
သူမ၏ စိတ္အားထက္သန္ေနေသာ မ်က္လံုးမ်ားမွာ အမွန္တကယ္ပင္ ေဒၚလာသေကၤတမ်ား ေပၚလာသလိုပင္။
"ဒါဆိုရင္ တကယ္လို႔ ငါတို႔ကာကြယ္ေဆးကိုဝယ္မယ္ဆိုရင္ အလယ္ အလတ္ေက်ာက္ ၁၀၀ပဲ သံုးရမွာလား" ေဟာ္ဖန္ ေမးလိုက္သည္။
"ဟုတ္တယ္ ၁၀၀ပဲသံုးရမွာ ဒါေပမဲ့ အဆိပ္ေျဖေဆးကို ေရႊကင္းမီ္း ေကာက္အကိုက္ခံရမွ ဝယ္မယ္ဆိုရင္ေတာ့ ေစ်းႏွစ္ဆတက္သြားမယ္ ေဆးတစ္လံုးကို ၂ေထာင္ျဖစ္သြားမယ္"
"ဖူး"
ေဟာ္ဖန္ႏွင့္ ထန္ယန္တို႔သည္ ပါးစပ္ထဲမွ လက္ဖက္ရည္မ်ား ထြက္က်သြားသည္။ လက္ဖက္ရည္မ်ားသည္ မီးေပၚက်သြားေသာအခါ အသံထြက္လာသည္။
"ဒါတကယ္ပဲ အျမတ္စားတာပဲ"
"မဟုတ္ဘူး မွားသြားျပီ" ရွီမာယူယူ ေျပာလိုက္သည္ "ဒါကိုအေရာင္း အဝယ္လို႔ေခၚတယ္၊ ေစ်း ကလိုတဲ့အခ်ိန္မွာ ပိုတက္သြားမယ္၊ အစပိုင္းေတာ့ ေစာေစာကဝယ္လို႔အၾကံေပးတာကို မဝယ္ခ်င္ၾက ဘူး၊ အသံုးမဝင္ဘူး လို႔ထင္ၾကတယ္၊ ဒါေပမဲ့ အကိုက္ခံရျပီးရင္ေတာ့ ေဆးလိုတဲ့အတြက္ ခ်က္ခ်င္း ေစ်းတက္သြားတာပဲ အဲဒါေၾကာင့္ ေစ်းမတူဘူး"
"ယုတၱိမရွိလုိက္တာ" ထန္ယန္သည္ ကိုယ့္ကိုယ္ကို စကားအေျပာ ေကာင္းသည္ဟု ထင္ခဲ့ ေသာ္လည္း သူမ၏ စကားမ်ားကိုေတာ့ မျငင္းခုန္ႏိုင္ေပ။
Unicode
အပိုင်း (၈၄၃) – အဆိပ်အမျိုးအစား၂မျိုး
"မဖြစ်နိုင်တာတော့မဟုတ်ဘူး" ရှီမာယူလင်း ပြောလိုက်သည် "ဒါပေမဲ့ အဲဒါနဲ့ပတ်သတ်ပြီး လုပ်စရာအများကြီးမရှိဘူး၊ ကန္တာရကအရမ်းကြီးတယ်၊ အကြောင်းအရင်းကိုရှာဖို့က တကယ်ခက်တယ်"
"ကျွန်တော်တို့ စိတ်လိုက်မာန်ပါမလုပ်ရင် အဲအကောင်တွေနဲ့တွေ့နိုင် ချေက မများပါဘူး"
"ဟုတ်တယ် အဲဒါဖြစ်နိုင်ချေရှိတယ်လို့ ခံစားရတယ်" မိုဘင်းပြော လေသည် "ငါတို့ ဂိုဏ်းကို ပြန်ပြီးသတင်းပို့တာက ငါတို့အတွက်ပိုကောင်းမယ် အဲဒါမှ သူတို့လူလွှတ်ပြီး စုံစမ်းလို့ရမှာ"
"ဒါဆိုရင် အဲကျောင်းသားတွေကျဘယ်လိုလုပ်မလဲ"
"အဲဒါကတော့ သူတို့အရည်အချင်းပေါ်မူတည်တာပေါ့"
"ရွှေကင်းမြီးကောက်အဆိပ်က ပိုပြင်းလာတယ် ဒါပေမဲ့ သူတို့ရဲ့ တိုက်ခိုက်မှုစွမ်းရည်ကလည်း အဲလိုပဲ၊ အစောပိုင်းတိုက်ခိုက်မှုတွေတုန်းက ထူးခြားတာဘာမှမတွေ့ဘူး၊ ကျောင်းသားတွေသာ အကိုက်မခံရဘူးဆိုရင် အန္တရာယ်မများနိုင်ပါဘူး" မိုဘင်း ပြောလိုက်သည် "ငါတို့နောက်မှ တစ်ယောက် ယောက်နဲ့တွေ့တယ်ဆိုရင် သူတို့ကိုအသိပေးလိုက်တာပေါ့"
"အခုလောလောဆယ် ဒါပဲလုပ်နိုင်တယ်"
"ယူယူတို့ အဆိပ်ဖြေဆေးလုပ်နိုင်ပါ့မလားဆိုတာ သိချင်တယ်" ဟော်ဖန်သည် တဲဘက်ကို လှည့်ကြည့်ပြီးပြောလိုက်သည်။
"ကိစ္စမရှိဘူး ယူယူက ရှီမာယူလီကို ကုနိုင်မှာပါ၊ ကုသနည်း ရှာတွေ့ဖို့က အချိန်ပဲလိုတာ" ဖက်တီးကျူသည် ယုံကြည်မှုအပြည့်ဖြင့် ပြောလေသည်။
"သူက တော်တဲ့သမားတော်ဆိုတာ သိတာမကြာသေးဘူး တကယ်ပဲ အဲလိုထင်တယ်" ထန်ယန် သည် ပြုံးပြီးပြောလေသည်။
"ယူယူက ခင်ဗျားတို့ကြားထားတာထက် အများကြီးအားကောင်းတယ်" ဖက်တီးကျူသည် သူတို့သုံးယောက် သူ့ကိုကြည့်နေပုံကိုကြည့်ပြီး ပြုံးကာ ပြောလိုက်သည် "ဒါပေမဲ့ မပြောပြဘူး"
"အဖျားရှုးရတာကို နေလို့ကောင်းနေတာလား"
"ကောင်းတယ် အဲဒါအရမ်းကောင်းတယ်" ဖက်တီးကျူသည် ပြောပြီးနောက် ခေါင်းကို အပြင်းအထန်ညိမ့်ကာ သူ့ခံစားချက်လည်း ထို အတိုင်းပင်။
"ဒီနားသွားကြည့်ရအောင်" ရှီမာယူလင်းသည် ဖက်တီးကျူကို ပြောလိုက်သည်။
"ကောင်းပြီ" ဖက်တီးကျူ ပြန်ဖြေလိုက်သည်။ သူ့နောက်လိုက်ရာ ရှီမာယူမင်နှင့် တခြားသူများ နောက်ကျကျန်ခဲ့လေသည်။
"ဟူး အဲကောင် ငါတို့ကို သိချင်အောင်လုပ်ပြီး စကားကိုဆုံးအောင် ပြောမသွားဘူး" ဟော်ဖန်သည် ဖက်တီးကျူထွက်သွားသည်နှင့် ကျိန်ဆဲလေသည်။
"သူတမင်လုပ်သွားတာပဲ" ထန်ယန်ပြောလိုက်သည် "ဒါပေမဲ့ သူငါ တို့ကိုမပြောရင်တောင် ငါတို့ အချိန်တန်ရင်သိမှာပဲ"
"အမှန်ပဲ" မိုဘင်း သဘောတူလိုက်သည်။
ဖက်တီးကျူနှင့် တခြားသူများသည် ပတ်ပတ်လည် စစ်ဆေးပြီးနောက် ပြန်လာကြသည်။ အဆုံးမရှိသော ကန္တာရကလွဲပြီး အနားတွင် တခြား ဘာမှမရှိပေ။
ညရောက်သောအခါ ဝေကျိရွှီသည် ဆေးအမှုန့်တချို့နှင့်ထွက်လာပြီး ပတ်ပတ်လည်ပို ဖြူးလိုက်သည်။
"ဒီအမှုန့်ဖြူးထားရင် သာမန်ပိုးကောင်တွေ အနားမလာနိုင်ဘူး" ဖက်တီးကျူ ရှင်းပြလေသည် "ဒါပေမဲ့ ဒီဆေးမှုန့်က ရွှေကင်းမီးကောက် တွေအတွက် အသုံးဝင်ပါ့မလားတော့ မသေချာဘူး၊ အသုံးမဝင်ဘူးဆိုရင် တော့ ညအချိန်ကို အဲအကောင်တွေရောက်လာရင် ပြဿနာတက်မှာပဲ"
"ကံမကောင်းအောင်လို့ လျှောက်မပြောနဲ့" ဝေကျိရွှီသည် သူ့ကိုစိုက် ကြည့်လိုက်သည်။ ဒီကောင်သည် အမြဲတမ်းညည်းညူတတ်သည်။ အခုသူ ပြောနေပုံမှာ မဖြစ်မနေဖြစ်လာမည့် ပုံအတိုင်းပင်။
ညဉ့်နက်ပိုင်းရောက်သောအခါ ရှီမာယူယူ၊ ဘေဂုံထန်နှင့် တခြား သူများသည် ကုသရန်အတွက် အဖြေရှာတွေ့လေသည်။
သူတို့သည် ရှီမာယူလီအား အဆိပ်ဖြေရန် အပ်စိုက်နည်းကိုသုံးကြမည်။ သို့သော် ထိုအဆိပ် ဖြေဆေး အစွမ်းမထက်ပါက ပိုခက်ခဲသွားမည်။
ဖက်တီးကျူနှင့် တခြားသူများသည် လက်ရှိတွင် အပြင်တွင်ထိုင်ပြီး စကားပြောနေကြရာ သူတို့ ထွက်လာသည်ကို မြင်လိုက်ရသည်။ "ပြီးသွား ကြပြီလား"
ရှီမာယူယူနှင့် တခြားသူများသည် ထိုင်လိုက်ကြကာ ပြောလေသည် "ကုသဖို့ကနည်းကိုတော့ တွေ့ပြီးပြီ မနက်ဖြန်ကို နည်းနည်းလောက် ဖော်ဖို့လိုတော့တာ"
"မင်းတို့အဆိပ်ဖြေဆေးက တကယ်ပဲအသုံးဝင်လား" ဟော်ဖန် မေးလေသည်။
"ဒါပေါ့" ရှီမာယူယူ ပြောလိုက်သည် "အသုံးဝင်ရုံတင်မကဘူး ငါတို့ ဆေးနှစ်မျိုးရှာတွေ့ထား တယ်၊ တစ်ခုက ကာကွယ်ဖို့ တစ်ခုက အဆိပ်မိရင် ကုသဖို့၊ ဘယ်လိုလဲ စမ်းကြည့်ချင်လား"
"ကာကွယ်ဆေးတောင်ရပြီလား"
"ဒါပေါ့" ရှီမာယူယူ ပြောလိုက်သည်။ သူမ နေခဲ့သည့်ကမ္ဘာ တွင်ရှိခဲ့စဉ်က ကာကွယ်ဆေးဖော် သည့် ယူဆချက်ကိုအခြေခံခြင်းဖြစ်သည်။ တကယ်ရလာမည်ဟု မထင်ထားခဲ့ပေ။
"မင်းတို့ တစ်ရက်လောက်အချိန်နဲ့ ကုသဖို့ကိုမပြောနဲ့ ကာကွယ်ဖို့် ဆေးတောင် ရှာနိုင်သွားတယ် ဟုတ်လား" ဟော်ဖန်သည် ယုံကြည်ရန် ခက်စွာပြောလေသည်။
"ဟုတ်တယ် ခင်ဗျားတို့လိုချင်လား ကျွန်တော့်ဆေးတွေက အသုံး ဝင်ပါတယ်၊ စားလိုက်တာနဲ့ ရွှေကင်းမြီးကောက်အကိုက်ခံရမှာကို ကြောက်ဖို့ မလိုတော့ဘူး၊ ၃နာရီအတွင်း အဆိပ်ဖြေဆေး စားလိုက်ရုံပဲ" ရှီမာယူယူသည် သူတို့သုံးယောက်ကို ပြုံးပြီးပြောလေသည်။
"အဲဒီ၃နာရီတွင်းကို ဘာအသုံးဝင်မှာလဲ"
"အသုံးဝင်တာပေါ့" ရှီမာယူယူသည် စိတ်လှုပ်ရှားကာ ပြောလေသည် "အဲဒီ၃နာရီက အဆိပ်ဖြေ ဆေးရှိတဲ့လူအတွက်တော့ဘာမှမဟုတ်ဘူး၊ ဒါပေမဲ့ အဆိပ်ဖြေဆေးမရှိလို့ ဝယ်ချင်တဲ့လူအတွက်တော့ အသုံးဝင်တယ် အနည်းဆုံးတော့ ၃နာရီတင်းခံနိုင်သေးတယ်"
"..."
အားလုံး ဆွံ့အသွားကြသည်။ သူမ တကယ်ပဲအဲလိုပြောလိုက်တာလား။
"အဲဒါကိုထူးဆန်းတယ်လို့မထင်နဲ့ အဲလိုလူတွေတကယ်ရှိတယ်" ရှီမာယူယူ ပြောလိုက်သည် "အစပိုင်းတော့ဘာမှမဟုတ်ပေမယ့် အသက် ဘေးကြုံလာရင် ရွေးချယ်မှုမှားတာတွေအတွက် နောင်တ ရတတ်ကြတယ်၊ ကျွန်တော်က သူတို့ကို နောင်တရဖို့အချိန်ပေးလိုက်တာ၊ ဒါပေမဲ့ ဒီဆေးက သူတို့ နောင်တရတတ်ဖို့အတွက် ကူညီပေးလိုက်တာပဲ"
"မင်းပြောတာ ဟုတ်သလိုလိုပဲ" ထန်ယန် ပြောလိုက်သည်။
"ဟုတ်သလိုလိုပဲဆိုတာ ဘာပြောတာလဲ၊ အစကတည်းက အဓိပ္ပာယ်ရှိ တယ်" ရှီမာယူယူ ပြောလိုက်သည် "ဒီလောက်ပြောနေတာ ဝယ်မှာလား မဝယ်ဘူးလား"
"ဝယ်ရမယ်ဟုတ်လား"
"ဟုတ်တယ်လေ ဝယ်ရမယ် အလကားပေးမယ်ထင်နေလား" ရှီမာယူယူသည် ဟော်ဖန်အား မျက်လုံးလှန်ပြလေသည် "ကျွန်တော်က ဆေးကိုမြေကြီးပေါ်ကကောက်ရတာမဟုတ်သလို ဆေးက မိုးပေါ်ကကျ လာတာလဲမဟုတ်ဘူး၊ တန်ရာတန်ကြေပေးရမှာပေါ့"
"ဟုတ်တယ် ငါတို့ကမေတ္တာနဲ့ လုပ်စားတာမဟုတ်ဘူး" ရှောင်ချီ သဘောတူလေသည် "ငါတို့က အသိအကျွမ်းတွေဆိုတာကိုထောက်ပြီး လျော့ဈေးနဲ့ပေးမယ်၊ ကာကွယ်ဆေးတစ်လုံးကို အလယ်အလတ် ဖန်ကျောက်၁၀၀၊ ဖြေဆေးက အလယ်အလတ်ကျောက် ၁ထောင်"
"အလယ်အလတ်အဆင့်ကျောက်၁ထောင်လား၊ ဈေးကြီးလိုက်တာ ငါတို့ကိုဓားပြတိုက်နေတာ လား" ထန်ယန် အော်လေသည်။
"ဘယ်လိုလုပ်ဈေးကြီးရမှာလဲ" ရှီမာယူယူ ပြောလိုက်သည် "ဒီဖြေဆေး က ဘယ်လောက် တောင် ရှားပါးပြီး အဖိုးတန်လိုက်လဲ ဒီဆေးနဲ့တန်နေပြီ၊ ဒီဆေးက ခင်ဗျားတို့အသက်ကိုကယ်နိုင်တယ် ခင်ဗျားတို့က အလယ်အလတ် ကျောက် ၁ထောင်နဲ့ နောက်ထပ်အသက်ရှင်ဖို့ အခွင့်အရေးရမှာနော်၊ ဘယ်လောက်တောင် တန်ဖိုးရှိလိုက်လဲ၊ မဟုတ်ရင် ခင်ဗျားတို့အသက်က ဒီလောက်ကျောက်နည်း နည်းလောက်တောင် တန်ဖိုးမရှိဘူးလား"
"အာ..."
သူမပြောသည်မှာ အဓိပ္ပာယ်ရှိသလိုပင်။
သူတို့သည် ဆုံးရှုံးသည်ဟုယူဆနေသေးသည်ကို တွေ့သည်နှင့် ရှီမာယူယူသည် ဆက်ရှင်းပြ လေသည် "အဲဒါကြောင့် ခင်ဗျားတို့အတွက် ကျွန်တော့်ခေါ်တဲ့ဈေးကမများပါဘူး ဘယ်လိုလဲ ဝယ်မှာ လားမဝယ်ဘူးလား"
သူမ၏ စိတ်အားထက်သန်နေသော မျက်လုံးများမှာ အမှန်တကယ်ပင် ဒေါ်လာသင်္ကေတများ ပေါ်လာသလိုပင်။
"ဒါဆိုရင် တကယ်လို့ ငါတို့ကာကွယ်ဆေးကိုဝယ်မယ်ဆိုရင် အလယ် အလတ်ကျောက် ၁၀၀ပဲ သုံးရမှာလား" ဟော်ဖန် မေးလိုက်သည်။
"ဟုတ်တယ် ၁၀၀ပဲသုံးရမှာ ဒါပေမဲ့ အဆိပ်ဖြေဆေးကို ရွှေကင်းမီ်း ကောက်အကိုက်ခံရမှ ဝယ်မယ်ဆိုရင်တော့ ဈေးနှစ်ဆတက်သွားမယ် ဆေးတစ်လုံးကို ၂ထောင်ဖြစ်သွားမယ်"
"ဖူး"
ဟော်ဖန်နှင့် ထန်ယန်တို့သည် ပါးစပ်ထဲမှ လက်ဖက်ရည်များ ထွက်ကျသွားသည်။ လက်ဖက်ရည်များသည် မီးပေါ်ကျသွားသောအခါ အသံထွက်လာသည်။
"ဒါတကယ်ပဲ အမြတ်စားတာပဲ"
"မဟုတ်ဘူး မှားသွားပြီ" ရှီမာယူယူ ပြောလိုက်သည် "ဒါကိုအရောင်း အဝယ်လို့ခေါ်တယ်၊ ဈေး ကလိုတဲ့အချိန်မှာ ပိုတက်သွားမယ်၊ အစပိုင်းတော့ စောစောကဝယ်လို့အကြံပေးတာကို မဝယ်ချင်ကြ ဘူး၊ အသုံးမဝင်ဘူး လို့ထင်ကြတယ်၊ ဒါပေမဲ့ အကိုက်ခံရပြီးရင်တော့ ဆေးလိုတဲ့အတွက် ချက်ချင်း ဈေးတက်သွားတာပဲ အဲဒါကြောင့် ဈေးမတူဘူး"
"ယုတ္တိမရှိလိုက်တာ" ထန်ယန်သည် ကိုယ့်ကိုယ်ကို စကားအပြော ကောင်းသည်ဟု ထင်ခဲ့ သော်လည်း သူမ၏ စကားများကိုတော့ မငြင်းခုန်နိုင်ပေ။