Zawgyi
အပိုင္း (၈၄၂) – အေျခအေနေတြေျပာင္းေနျပီ ျမန္ျမန္
"ကၽြန္ေတာ္တို႔က ခင္ဗ်ားတို႔ေရႊကင္းျမီးေကာက္ေတြကို ခိုးသြားမွာ စိုးရိမ္လို႔လား" ထန္ယန္သည္ သူတုိ႔စကားေျပာသည္ကိုမေစာင့္ပဲ ေျပာလုိက္ သည္ "စိတ္ခ်ပါ ကၽြန္ေတာ္တို႔ ဘာမွလုမယူပါဘူး အဲဒါအတြက္ ခင္ဗ်ားတို႔နဲ႔ မတိုက္ခုိက္ခ်င္ဘူးလို႔ အေစာကတည္းကေျပာျပီးသားမလား"
"ကၽြန္ေတာ္ေျပာခ်င္တာအဲလိုမဟုတ္ဘူးေလ ခင္ဗ်ားတို႔ ခရီးေႏွာင့္ေႏွး သြားျပီး ေရႊကင္းျမီး ေကာက္ေတြ မသတ္ရမွာစိုးလို႔႔ပါ"
"စိတ္ခ်ပါ မေႏွာင့္ေႏွးပါဘူး" ေဟာ္ဖန္ ေျပာလိုက္သည္ "ကၽြန္ေတာ္တိ္ု႔ က ေရႊကင္းျမီးေကာက္ ေတြမလိုဘူး၊ အဲေတာ့ တစ္ေကာင္မွမရလည္း ဘာမွမျဖစ္ဘူး"
"ေရႊကင္းျမီးေကာက္ေတြ မလိုဘူးဟုတ္လား"
"ဟုတ္တယ္ မသိဘူးလား" ေဟာဖန္သည္ ဖက္တီးက်ဴႏွင့္ တျခားသူ မ်ားအံ့ၾသသြားသည္ကို ၾကည့္ျပီး နားမလည္ႏုိင္ျဖစ္သြားသည္။
"ဘာကိုသိရမွာလဲ"
"အဆင့္၁ကေန ၅၀အထိက ေနာက္ႏွစ္အရည္အခ်င္းစစ္ပြဲမွာ ဝင္ျပိဳင္စရာမလိုဘူး အလိုလို ေအာင္ျပီးသားပဲ" ထန္ယန္ ရွင္းျပေလသည္။
"အဆင့္ ၁၀၀၀ အတြင္းကလူေတြလို႔ ေျပာတယ္ေလ"
"ဟုတ္တယ္ ထိပ္တန္းအဆင့္၁၀၀၀ အတြင္းကပဲ ဒါေပမဲ့ အဆင့္၅၀ အတြင္းကလူေတြမပါဘူး" ထန္ယန္ေျပာလုိက္သည္ "အဲဒါေၾကာင့္ ေနာက္က်ရင္ ဝင္ျပိဳင္တဲ့လူ ၁၅၀၀ရွိသြားမွာ"
အားလံုးသည္ ဆြံ႕အသြားၾကသည္။ ဒီလိုစည္းမ်ဥ္းမ်ိဳးရွိေသးတာလား။
"ဒါဆိုရင္ ခင္ဗ်ားတို႔ကဒီမွာဘာလုပ္ေနၾကတာလဲ" ဖက္တီးက်ဴေမး လုိက္သည္။
"ငါတို႔လာစရာမလိုေပမယ့္ မွ်တမႈရွိေအာင္လုိ႔ တျခားသူေတြနဲ႔ ျပိဳင္ရတာေလ" ထန္ယန္ ေျပာ လုိက္သည္ "အဲဒါေၾကာင့္ မင္းတို႔စိုးရိမ္စရာ မလိုဘူး မင္းတို႔ဟာကို ငါတို႔မလုဘူး"
"...."
ထိုလူမ်ားသည္ သူတို႔စိတ္ကိုအေႏွာင့္အယွက္ျဖစ္ေစရန္ လို္က္လာ သည္ႏွင့္တူသည္။
ရွီမာယူယူသည္ သူမတဲအတြင္းရွိေနကာ အျပင္ကေျပာသမွ်ကို နားေထာင္ျပီး ဘာမွမေျပာေပ။
သူမသည္ အထူးျပဳလုပ္ထားေသာ လက္အိတ္ထုတ္ျပီး သူမေဘးမွ ဓားကိုကိုင္လုိက္သည္။ သူမသည္ ေရႊကင္းျမီးေကာက္၏ အျမီးကိုျဖတ္လိုက္ ျပီး အဆိပ္ကိုၾကည့္လုိက္သည္။ သူမသည္ အထဲ ကအသားမ်ား ကိုလွီးထုတ္ျပီး အဆိပ္ကို ေက်ာက္စိမ္းပန္းကန္လံုးထဲသို႔ ထည့္လုိက္သည္။
ေရႊကင္းျမီးေကာက္တစ္ေကာင္သည္ စင္တီမီတာ ၂၀မွ ၃၀အထိ ရွီကာ အျမွီးမွာ စင္တီမီတာ ၂၀ေလာက္ရွိသည္။ သို႔ေသာ္ အဆိပ္မွာ အနည္းငယ္သာရွိသည္။
သို႔ေသာ္ ထိုအဆိပ္အနည္းငယ္သည္ အံ့ဖြယ္ဘုရင္အဆင့္ ၁၀၀ ေလာက္ကိုသတ္ႏုိင္သည္။
သူမသည္ ဇလံုထုတ္ကာ ေဆးအမႈန္႔ထည့္ျပီးေနာက္ ေက်ာက္စိမ္း ေခ်ာင္းယူကာ ေရႊကင္းျမီး ေကာက္အဆိပ္ကို ခ်ၾကည့္လိုက္သည္။ သူမသည္ ေက်ာက္စိမ္းေခ်ာင္းျဖင့္ ေရကိုေမႊလုိက္ရာ ခ်က္ခ်င္းပင္ ဆူပြက္လာ ေလသည္။
"ျပင္းလုိက္တဲ့အဆိပ္" သူမသည္ ေပါ့ပါးစြာေျပာလုိက္ေသာ္လည္း အလြန္အံ့ၾသေနေလသည္။
ဒီေလာက္ျပင္းတဲ့အဆိပ္ အကိုက္ခံလုိက္ရရင္ ေက်ာင္းသားေတြ အတြက္ မေကာင္းႏုိင္ဘူးေလ။ ဂိုဏ္းက ဘာလုိ႔ဒီေလာက္အႏၱရာယ္မ်ားတဲ့ မစ္ရွင္ကို ေက်ာင္းသားေတြကို ေပးရတာလဲ။
"ဆရာေတြမ်ားမသိလို႔လား" သူမ မ်က္ေမွာင္ၾကဳတ္လုိက္သည္။
အေျခအေနျပင္းထန္သည္ကို စဥ္းစားျပီးေနာက္ သူမသည္ အဆိပ္ကို ျပန္ခ်ျပီး အျပင္သို႔ထြက္ ခဲ့သည္။
"ျပီးျပီလား" ရီွမာယူလင္းသည္ သူမထြက္လာသည္ကို ျမင္သည္ႏွင့္ ေမးလိုက္သည္။
ရွီမာယူယူသည္ ေခါင္းရမ္းျပီး ေျပာလုိက္သည္ "ကၽြန္ေတာ္ ေတြ႕ထားတာရွိလို႔ အကုန္လံုးနဲ႔ ေဆြးေႏြးခ်င္လို႔"
"ဘာလဲ" ရွီမာယူမင္ ေမးေလသည္။
ရွီမာယူယူသည္ မိုဘင္းႏွင့္ အဖြဲ႕ကိုၾကည့္ျပီး ေမးလုိက္သည္ "ခင္ဗ်ား တို႔ ေရႊကင္းျမီးေကာက္နဲ႔ အကၽြမ္းတဝင္ရွိလား"
"အရင္ကေတာ့ေတြ႕ဖူးတယ္ ဒါေပမဲ့ တရင္းတႏွီးမရွိဘူး ဘာလုိ႔လဲ" မိုဘင္းသည္ သူမ၏ တည္ျငိမ္ေသာ မ်က္ႏွာထားကိုေတြ႕ေသာအခါ ေမး လုိက္သည္။
"အရင္ကေတြ႕ဖူးတယ္ဟုတ္လား၊ သူတို႔ရဲ႕အဆိပ္ရဲ႕ သက္ေရာက္မႈကို ျမင္ဖူးလား" ရွီမာယူယူ ေမးလိုက္သည္။
"ဒါေပါ့၊ အရင္ကမစ္ရွင္လုပ္ဖို႔ဒီကိုလာဖူးတယ္၊ အဲဒါကလည္း ေရႊကင္း ျမီးေကာက္စုဖို႔ပဲ၊ ဒါေပမဲ့ အဲဒါက လြန္ခဲ့တဲ့ႏွစ္၁၀၀က" မိုဘင္း ေျပာလုိက္ သည္။
"ဒါဆို ခင္ဗ်ားတို႔နဲ႔ ကၽြန္ေတာ္နဲ႔လိုက္ခဲ့" ရွီမာယူယူသည္ လွည့္ထြက္ ကာ ဦးေဆာင္သြားေလသည္။
မိုဘင္းႏွင့္ တျခားသူမ်ားသည္ အၾကည့္ခ်င္းဖလွယ္ျပီးေနာက္ သူမ ေနာက္လုိက္ဝင္ေလသည္။ သူမ တဲသည္ၾကီး၍ေတာ္ေသးသည္၊ အထဲတြင္ လူ၁၀ေယာက္ဝင္သြားေတာင္ အသက္ရႈမၾကပ္ေပ။
"ျပင္းလိုက္တဲ့အဆိပ္" ေဘဂံုထန္ႏွင့္ တျခားသူမ်ားသည္ ေဆးႏွင့္ အကၽြမ္းတဝင္ရွိ ေသာေၾကာင့္ ထိုတုန္႔ျပန္မႈကိုျမင္ေသာအခါ ေအာ္မိၾက ေလသည္။
"အဆိပ္ကအဲေလာက္ျပင္းတာလား" ဖက္တီးက်ဴသည္ နားမလည္ သျဖင့္ေမးလိုက္သည္။
"တုန္႔ျပန္တာက ျပင္းတယ္ ဆိုလိုတာက အဲဒီအဆိပ္က ဧကရာဇ္ အဆင့္ကို မိနစ္အနည္းငယ္ အတြင္းကို သတ္ပစ္ႏိုင္တယ္ဆိုတာ ျပေနတာပဲ" ေဘဂံုထန္ ေျပာလိုက္သည္။
"အဲေလာက္ အားေကာင္းတာလား" ဖက္တီးက်ဴသည္ ေအာ္ရင္းႏွင့္ ေနာက္ဆုတ္သြားေလ သည္။ သူသည္ ေက်ာက္စိမ္းပန္းကန္လံုးႏွင့္ အထဲရွိ ေရကို ေၾကာက္ရြံ႕သြားေလသည္။
ရွီမာယူယူသည္ မိုဘင္းကိုၾကည့္ျပီး ေျပာေလသည္ "ေရႊကင္းမီး ေကာက္အဆိပ္က အဲေလာက္ အားေကာင္းတာသိလား"
"မသိဘူး" မိုဘင္းသည္ အေသအခ်ာသိသည္ "အဲတုန္းက ငါတို္႔လည္း အားမေကာင္းၾကေသး ဘူး၊ ျပီးေတာ့ ေရႊကင္းျမီ္းေကာက္အကိုက္ခံရတဲ့ လူေတြလည္းရွိတယ္၊ ဒါေပမဲ့ အဆိပ္ကအဲေလာက္ မျပင္းဘူး"
"အဲေတာ့ အခုမွေရႊကင္းျမီးေကာက္ရဲ႕အဆိပ္က ပိုျပီးျပင္းလာတာေပါ့" ရွီမာယူလင္း ေျပာ လုိက္သည္။
"ညီ၅က ညီ၄အကို္က္ခံရေတာ့ အဆိပ္ျပန္႔တာကို တားလိုက္ႏိုင္လို႔ ကုဖို႔အခ်ိန္ရာပဲ၊ မဟုတ္ရင တစ္ခဏအတြင္းအသက္ဆံုးရမွာ" ရွီမာယူရန္ ေျပာလုိက္သည္။
"ဂိုဏ္းက အရည္အခ်င္းစစ္ပြဲကို ဘာလို႔ဒီေလာက္အႏၱရာယ္မ်ား တာလုပ္ခုိင္းရတာလဲ" ေဟာ္ဖန္သည္ ရႈပ္ေထြးသျဖင့္ ေမးလုိက္သည္။
"ဂိုဏ္းကခက္ခဲတဲ့မစ္ရွင္ကို ေရြးေပးတာမဟုတ္ဘူး၊ ေရႊကင္းမီး ေကာက္အဆိပ္ေတြက ေျပာင္းသြားတာ၊ အဲဒါကိုဂိုဏ္းက သတင္းမရတာ ျဖစ္မယ္" မိုဘင္း၏ အမူအရာသည္ တည္ေနသည္ "တျခား ေက်ာင္းသား ေတြသာ ေရႊကင္းမီ္းေကာက္ကိုက္တာခံရမယ္ဆိုရင္..."
"ဘာေတြျဖစ္ေနလဲဆိုတာ ငါတို႔ဂိုဏ္းကို အျမန္သတိေပးရမယ္" ထန္ယန္ေျပာေလသည္။
မိုဘင္းသည္ ေခါင္းညိမ့္ရာ ထန္ယန္သည္လည္း လွည့္ထြက္ရန္ ဟန္ျပင္ေလသည္။
သူတို႔သည္ လ်င္ျမန္စြာလွည့္ျပီးေျပာေလသည္ "ဒီနားမွာ လိႈင္းေတြက ျပႆနာျဖစ္ေနတယ္ ငါတို႔ ဘာသတင္းမွပို႔လို႔မရဘူး"
"အဲေတာ့ ငါတုိ႔ဂိုဏ္းကိုမေရာက္ႏုိင္ဘူးလား"
"သီအိုရီအရေတာ့အဲလိုပဲ" ထန္ယန္ ေျပာလုိက္သည္။
"သီအိုရီအရဟုတ္လား ဘာအဓိပၸာယ္လဲ"
"တျခားနည္းလမ္းေတာ့ရွိတယ္ ဒါေပမဲ့ အလုပ္မျဖစ္ေလာက္ဘူး" ထန္ယန္ ရွင္းျပေလသည္ "အဲလိုမဟုတ္ရင္ ငါတုိ႔ဂုိဏ္းကိုမေရာက္ႏုိင္ဘူး"
"ဒါဆိုရင္ ကၽြန္ေတာ္အရင္ျပိဳင္ျပီး ဂိုဏ္းကိုသတင္းေပးလုိက္မယ္၊ အဲလိုဆိုရင္ ျပႆနာကို ရွင္းျပီးျပီမဟုတ္ဘူးလား" ဖက္တီးက်ဴ ေျပာေလ သည္။
"ဂိုဏ္းရဲ႕ခြင့္ျပဳခ်က္မရွိပဲ ကံၾကမၼာသဲကႏၱာရကေနထြက္တာက ျပိဳင္ပြဲဝင္ခြင့္ကို ရုတ္သိမ္းႏုိင္တယ္" ေဟာ္ဖန္ ေျပာေလသည္။
"ခင္ဗ်ားတို႔ကမျပိဳင္ဘူးမလား ဒါဆိုရင္ ခင္ဗ်ားတို႔ျပန္လုိ႔ရတာပဲ"
"ငါတို႔ဝင္လာတာနဲ႔ ျပန္သြားလို႔မရဘူး" မိုဘင္း ေျပာေလသည္ "မင္းတို႔နဲ႔အတူမျပန္ဘူးဆိုရင္ ငါတုိ႔လည္း အထုတ္ခံရမွာပဲ"
"အဲဒါဘယ္လိုစည္းမ်ဥ္းၾကီးလဲ" ဖက္တီးက်ဴ ေအာ္ေလသည္ "ဒါဆို အခုဘာလုပ္ၾကမလဲ"
"ဘယ္လိုပဲျဖစ္ျဖစ္ ငါတို္႔အျပင္သြားျပီး နည္းလမ္းတစ္ခုရွာရမယ္" ရွီမာယူယူ ေျပာေလသည္ "ခင္ဗ်ားတို႔ နည္းလမ္းရွာၾကည့္ပါဦး ဝူရန္နဲ႔ေဘဂံု က ေနခဲ့ျပီး ကၽြန္ေတာ္နဲ႔အတူ အဆိပ္ေျဖေဆးကို ေလ့လာလိုက္ဦးမယ္"
"ေရွာင္ခ်ီလည္း မထြက္သြားေတာ့ဘူး" ေရွာင္ခ်ီ ေျပာေလသည္။
ေနာက္ဆံုးတြင္ က်န္ေသာသူမ်ားသည္ ထြက္သြားၾကကာ သူတို႔ ေလးေယာက္သည္ တဲတြင္ေနခဲ့ကာ ေဆးကိုေလ့လာၾကေလသည္။
ရီွမာယူရန္ွနင့္ တျခားသူမ်ားထြက္လာၾကသည္။ သူတို႔ညီငယ္ အသက္ အႏၱရာယ္ရွိေနသည္ကို စဥ္းစားလုိက္ရာ သူတို႔သည္ ခ်က္ခ်င္းပင္ ေၾကာက္လာၾကသည္။ ရွီမာယူယူရွိေန၍ ေတာ္ေသးသည္။ မဟုတ္လွ်င္ ရလဒ္မွာ မစဥ္းစားရဲေလာက္စရာပင္။
"မိုဘင္း ဒီႏွစ္ေတြမွာ ေရႊကင္းျမီးေကာက္ေတြဘာလုိ႔ရွိေနတာလဲဆိုတာ မင္းသိခ်င္ေနတာ မလား" ထန္ယန္သည္ မိုဘင္းေဘးေလွ်ာက္လာကာ ေမးေလသည္ "သူတို႔အေရအတြက္မ်ားလာတာ တင္မကဘူး သူတုိ႔အဆိပ္ လည္းျပင္းလာတယ္ ဒါကပံုမွန္မဟုတ္ဘူး"
"တကယ္ပဲ ပံုမွန္မဟုတ္ဘူး" မိုဘင္း ေျပာေလသည္ "ျပီးေတာ့ ငါတို႔သတင္းထြက္ေအာင္လုပ္ လို႔မရဘူး ဒါကတကယ္ပဲနားလည္ရခက္တယ္"
"အေၾကာင္းအရင္းေတာ့ရွိရမယ္" ဖက္တီးက်ဴသည္ ေျပာလုိက္သည္။
"အေၾကာင္းအရင္းဟုတ္လား"
"ဟုတ္တယ္၊ ဒီေနရာရဲ႕ လိႈင္းနဲ႔ေလဟာျပင္ကေျပာင္းလဲသြားလို႔ သတင္းမထြက္တာျဖစ္ႏိုင္ တယ္၊ အဲဒါက ေရႊကင္းျမီးေကာက္ေတြလည္း သူတို႔ရဲ႕လက္ရွိအေျခအေနကို ေျပာင္းလဲ
သြားတာျဖစ္ မယ္၊ ယူလင္း ငါေျပာတာမွန္လား"
Unicode
အပိုင်း (၈၄၂) – အခြေအနေတွေပြောင်းနေပြီ မြန်မြန်
"ကျွန်တော်တို့က ခင်ဗျားတို့ရွှေကင်းမြီးကောက်တွေကို ခိုးသွားမှာ စိုးရိမ်လို့လား" ထန်ယန်သည် သူတို့စကားပြောသည်ကိုမစောင့်ပဲ ပြောလိုက် သည် "စိတ်ချပါ ကျွန်တော်တို့ ဘာမှလုမယူပါဘူး အဲဒါအတွက် ခင်ဗျားတို့နဲ့ မတိုက်ခိုက်ချင်ဘူးလို့ အစောကတည်းကပြောပြီးသားမလား"
"ကျွန်တော်ပြောချင်တာအဲလိုမဟုတ်ဘူးလေ ခင်ဗျားတို့ ခရီးနှောင့်နှေး သွားပြီး ရွှေကင်းမြီး ကောက်တွေ မသတ်ရမှာစိုးလို့ပါ"
"စိတ်ချပါ မနှောင့်နှေးပါဘူး" ဟော်ဖန် ပြောလိုက်သည် "ကျွန်တော်တို့ က ရွှေကင်းမြီးကောက် တွေမလိုဘူး၊ အဲတော့ တစ်ကောင်မှမရလည်း ဘာမှမဖြစ်ဘူး"
"ရွှေကင်းမြီးကောက်တွေ မလိုဘူးဟုတ်လား"
"ဟုတ်တယ် မသိဘူးလား" ဟောဖန်သည် ဖက်တီးကျူနှင့် တခြားသူ များအံ့သြသွားသည်ကို ကြည့်ပြီး နားမလည်နိုင်ဖြစ်သွားသည်။
"ဘာကိုသိရမှာလဲ"
"အဆင့်၁ကနေ ၅၀အထိက နောက်နှစ်အရည်အချင်းစစ်ပွဲမှာ ဝင်ပြိုင်စရာမလိုဘူး အလိုလို အောင်ပြီးသားပဲ" ထန်ယန် ရှင်းပြလေသည်။
"အဆင့် ၁၀၀၀ အတွင်းကလူတွေလို့ ပြောတယ်လေ"
"ဟုတ်တယ် ထိပ်တန်းအဆင့်၁၀၀၀ အတွင်းကပဲ ဒါပေမဲ့ အဆင့်၅၀ အတွင်းကလူတွေမပါဘူး" ထန်ယန်ပြောလိုက်သည် "အဲဒါကြောင့် နောက်ကျရင် ဝင်ပြိုင်တဲ့လူ ၁၅၀၀ရှိသွားမှာ"
အားလုံးသည် ဆွံ့အသွားကြသည်။ ဒီလိုစည်းမျဉ်းမျိုးရှိသေးတာလား။
"ဒါဆိုရင် ခင်ဗျားတို့ကဒီမှာဘာလုပ်နေကြတာလဲ" ဖက်တီးကျူမေး လိုက်သည်။
"ငါတို့လာစရာမလိုပေမယ့် မျှတမှုရှိအောင်လို့ တခြားသူတွေနဲ့ ပြိုင်ရတာလေ" ထန်ယန် ပြော လိုက်သည် "အဲဒါကြောင့် မင်းတို့စိုးရိမ်စရာ မလိုဘူး မင်းတို့ဟာကို ငါတို့မလုဘူး"
"...."
ထိုလူများသည် သူတို့စိတ်ကိုအနှောင့်အယှက်ဖြစ်စေရန် လိုက်လာ သည်နှင့်တူသည်။
ရှီမာယူယူသည် သူမတဲအတွင်းရှိနေကာ အပြင်ကပြောသမျှကို နားထောင်ပြီး ဘာမှမပြောပေ။
သူမသည် အထူးပြုလုပ်ထားသော လက်အိတ်ထုတ်ပြီး သူမဘေးမှ ဓားကိုကိုင်လိုက်သည်။ သူမသည် ရွှေကင်းမြီးကောက်၏ အမြီးကိုဖြတ်လိုက် ပြီး အဆိပ်ကိုကြည့်လိုက်သည်။ သူမသည် အထဲ ကအသားများ ကိုလှီးထုတ်ပြီး အဆိပ်ကို ကျောက်စိမ်းပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။
ရွှေကင်းမြီးကောက်တစ်ကောင်သည် စင်တီမီတာ ၂၀မှ ၃၀အထိ ရှီကာ အမြှီးမှာ စင်တီမီတာ ၂၀လောက်ရှိသည်။ သို့သော် အဆိပ်မှာ အနည်းငယ်သာရှိသည်။
သို့သော် ထိုအဆိပ်အနည်းငယ်သည် အံ့ဖွယ်ဘုရင်အဆင့် ၁၀၀ လောက်ကိုသတ်နိုင်သည်။
သူမသည် ဇလုံထုတ်ကာ ဆေးအမှုန့်ထည့်ပြီးနောက် ကျောက်စိမ်း ချောင်းယူကာ ရွှေကင်းမြီး ကောက်အဆိပ်ကို ချကြည့်လိုက်သည်။ သူမသည် ကျောက်စိမ်းချောင်းဖြင့် ရေကိုမွှေလိုက်ရာ ချက်ချင်းပင် ဆူပွက်လာ လေသည်။
"ပြင်းလိုက်တဲ့အဆိပ်" သူမသည် ပေါ့ပါးစွာပြောလိုက်သော်လည်း အလွန်အံ့သြနေလေသည်။
ဒီလောက်ပြင်းတဲ့အဆိပ် အကိုက်ခံလိုက်ရရင် ကျောင်းသားတွေ အတွက် မကောင်းနိုင်ဘူးလေ။ ဂိုဏ်းက ဘာလို့ဒီလောက်အန္တရာယ်များတဲ့ မစ်ရှင်ကို ကျောင်းသားတွေကို ပေးရတာလဲ။
"ဆရာတွေများမသိလို့လား" သူမ မျက်မှောင်ကြုတ်လိုက်သည်။
အခြေအနေပြင်းထန်သည်ကို စဉ်းစားပြီးနောက် သူမသည် အဆိပ်ကို ပြန်ချပြီး အပြင်သို့ထွက် ခဲ့သည်။
"ပြီးပြီလား" ရှီမာယူလင်းသည် သူမထွက်လာသည်ကို မြင်သည်နှင့် မေးလိုက်သည်။
ရှီမာယူယူသည် ခေါင်းရမ်းပြီး ပြောလိုက်သည် "ကျွန်တော် တွေ့ထားတာရှိလို့ အကုန်လုံးနဲ့ ဆွေးနွေးချင်လို့"
"ဘာလဲ" ရှီမာယူမင် မေးလေသည်။
ရှီမာယူယူသည် မိုဘင်းနှင့် အဖွဲ့ကိုကြည့်ပြီး မေးလိုက်သည် "ခင်ဗျား တို့ ရွှေကင်းမြီးကောက်နဲ့ အကျွမ်းတဝင်ရှိလား"
"အရင်ကတော့တွေ့ဖူးတယ် ဒါပေမဲ့ တရင်းတနှီးမရှိဘူး ဘာလို့လဲ" မိုဘင်းသည် သူမ၏ တည်ငြိမ်သော မျက်နှာထားကိုတွေ့သောအခါ မေး လိုက်သည်။
"အရင်ကတွေ့ဖူးတယ်ဟုတ်လား၊ သူတို့ရဲ့အဆိပ်ရဲ့ သက်ရောက်မှုကို မြင်ဖူးလား" ရှီမာယူယူ မေးလိုက်သည်။
"ဒါပေါ့၊ အရင်ကမစ်ရှင်လုပ်ဖို့ဒီကိုလာဖူးတယ်၊ အဲဒါကလည်း ရွှေကင်း မြီးကောက်စုဖို့ပဲ၊ ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့နှစ်၁၀၀က" မိုဘင်း ပြောလိုက် သည်။
"ဒါဆို ခင်ဗျားတို့နဲ့ ကျွန်တော်နဲ့လိုက်ခဲ့" ရှီမာယူယူသည် လှည့်ထွက် ကာ ဦးဆောင်သွားလေသည်။
မိုဘင်းနှင့် တခြားသူများသည် အကြည့်ချင်းဖလှယ်ပြီးနောက် သူမ နောက်လိုက်ဝင်လေသည်။ သူမ တဲသည်ကြီး၍တော်သေးသည်၊ အထဲတွင် လူ၁၀ယောက်ဝင်သွားတောင် အသက်ရှုမကြပ်ပေ။
"ပြင်းလိုက်တဲ့အဆိပ်" ဘေဂုံထန်နှင့် တခြားသူများသည် ဆေးနှင့် အကျွမ်းတဝင်ရှိ သောကြောင့် ထိုတုန့်ပြန်မှုကိုမြင်သောအခါ အော်မိကြ လေသည်။
"အဆိပ်ကအဲလောက်ပြင်းတာလား" ဖက်တီးကျူသည် နားမလည် သဖြင့်မေးလိုက်သည်။
"တုန့်ပြန်တာက ပြင်းတယ် ဆိုလိုတာက အဲဒီအဆိပ်က ဧကရာဇ် အဆင့်ကို မိနစ်အနည်းငယ် အတွင်းကို သတ်ပစ်နိုင်တယ်ဆိုတာ ပြနေတာပဲ" ဘေဂုံထန် ပြောလိုက်သည်။
"အဲလောက် အားကောင်းတာလား" ဖက်တီးကျူသည် အော်ရင်းနှင့် နောက်ဆုတ်သွားလေ သည်။ သူသည် ကျောက်စိမ်းပန်းကန်လုံးနှင့် အထဲရှိ ရေကို ကြောက်ရွံ့သွားလေသည်။
ရှီမာယူယူသည် မိုဘင်းကိုကြည့်ပြီး ပြောလေသည် "ရွှေကင်းမီး ကောက်အဆိပ်က အဲလောက် အားကောင်းတာသိလား"
"မသိဘူး" မိုဘင်းသည် အသေအချာသိသည် "အဲတုန်းက ငါတို့်လည်း အားမကောင်းကြသေး ဘူး၊ ပြီးတော့ ရွှေကင်းမြီ်းကောက်အကိုက်ခံရတဲ့ လူတွေလည်းရှိတယ်၊ ဒါပေမဲ့ အဆိပ်ကအဲလောက် မပြင်းဘူး"
"အဲတော့ အခုမှရွှေကင်းမြီးကောက်ရဲ့အဆိပ်က ပိုပြီးပြင်းလာတာပေါ့" ရှီမာယူလင်း ပြော လိုက်သည်။
"ညီ၅က ညီ၄အကိုက်ခံရတော့ အဆိပ်ပြန့်တာကို တားလိုက်နိုင်လို့ ကုဖို့အချိန်ရာပဲ၊ မဟုတ်ရင တစ်ခဏအတွင်းအသက်ဆုံးရမှာ" ရှီမာယူရန် ပြောလိုက်သည်။
"ဂိုဏ်းက အရည်အချင်းစစ်ပွဲကို ဘာလို့ဒီလောက်အန္တရာယ်များ တာလုပ်ခိုင်းရတာလဲ" ဟော်ဖန်သည် ရှုပ်ထွေးသဖြင့် မေးလိုက်သည်။
"ဂိုဏ်းကခက်ခဲတဲ့မစ်ရှင်ကို ရွေးပေးတာမဟုတ်ဘူး၊ ရွှေကင်းမီး ကောက်အဆိပ်တွေက ပြောင်းသွားတာ၊ အဲဒါကိုဂိုဏ်းက သတင်းမရတာ ဖြစ်မယ်" မိုဘင်း၏ အမူအရာသည် တည်နေသည် "တခြား ကျောင်းသား တွေသာ ရွှေကင်းမီ်းကောက်ကိုက်တာခံရမယ်ဆိုရင်..."
"ဘာတွေဖြစ်နေလဲဆိုတာ ငါတို့ဂိုဏ်းကို အမြန်သတိပေးရမယ်" ထန်ယန်ပြောလေသည်။
မိုဘင်းသည် ခေါင်းညိမ့်ရာ ထန်ယန်သည်လည်း လှည့်ထွက်ရန် ဟန်ပြင်လေသည်။
သူတို့သည် လျင်မြန်စွာလှည့်ပြီးပြောလေသည် "ဒီနားမှာ လှိုင်းတွေက ပြဿနာဖြစ်နေတယ် ငါတို့ ဘာသတင်းမှပို့လို့မရဘူး"
"အဲတော့ ငါတို့ဂိုဏ်းကိုမရောက်နိုင်ဘူးလား"
"သီအိုရီအရတော့အဲလိုပဲ" ထန်ယန် ပြောလိုက်သည်။
"သီအိုရီအရဟုတ်လား ဘာအဓိပ္ပာယ်လဲ"
"တခြားနည်းလမ်းတော့ရှိတယ် ဒါပေမဲ့ အလုပ်မဖြစ်လောက်ဘူး" ထန်ယန် ရှင်းပြလေသည် "အဲလိုမဟုတ်ရင် ငါတို့ဂိုဏ်းကိုမရောက်နိုင်ဘူး"
"ဒါဆိုရင် ကျွန်တော်အရင်ပြိုင်ပြီး ဂိုဏ်းကိုသတင်းပေးလိုက်မယ်၊ အဲလိုဆိုရင် ပြဿနာကို ရှင်းပြီးပြီမဟုတ်ဘူးလား" ဖက်တီးကျူ ပြောလေ သည်။
"ဂိုဏ်းရဲ့ခွင့်ပြုချက်မရှိပဲ ကံကြမ္မာသဲကန္တာရကနေထွက်တာက ပြိုင်ပွဲဝင်ခွင့်ကို ရုတ်သိမ်းနိုင်တယ်" ဟော်ဖန် ပြောလေသည်။
"ခင်ဗျားတို့ကမပြိုင်ဘူးမလား ဒါဆိုရင် ခင်ဗျားတို့ပြန်လို့ရတာပဲ"
"ငါတို့ဝင်လာတာနဲ့ ပြန်သွားလို့မရဘူး" မိုဘင်း ပြောလေသည် "မင်းတို့နဲ့အတူမပြန်ဘူးဆိုရင် ငါတို့လည်း အထုတ်ခံရမှာပဲ"
"အဲဒါဘယ်လိုစည်းမျဉ်းကြီးလဲ" ဖက်တီးကျူ အော်လေသည် "ဒါဆို အခုဘာလုပ်ကြမလဲ"
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့်အပြင်သွားပြီး နည်းလမ်းတစ်ခုရှာရမယ်" ရှီမာယူယူ ပြောလေသည် "ခင်ဗျားတို့ နည်းလမ်းရှာကြည့်ပါဦး ဝူရန်နဲ့ဘေဂုံ က နေခဲ့ပြီး ကျွန်တော်နဲ့အတူ အဆိပ်ဖြေဆေးကို လေ့လာလိုက်ဦးမယ်"
"ရှောင်ချီလည်း မထွက်သွားတော့ဘူး" ရှောင်ချီ ပြောလေသည်။
နောက်ဆုံးတွင် ကျန်သောသူများသည် ထွက်သွားကြကာ သူတို့ လေးယောက်သည် တဲတွင်နေခဲ့ကာ ဆေးကိုလေ့လာကြလေသည်။
ရှီမာယူရန်ှနင့် တခြားသူများထွက်လာကြသည်။ သူတို့ညီငယ် အသက် အန္တရာယ်ရှိနေသည်ကို စဉ်းစားလိုက်ရာ သူတို့သည် ချက်ချင်းပင် ကြောက်လာကြသည်။ ရှီမာယူယူရှိနေ၍ တော်သေးသည်။ မဟုတ်လျှင် ရလဒ်မှာ မစဉ်းစားရဲလောက်စရာပင်။
"မိုဘင်း ဒီနှစ်တွေမှာ ရွှေကင်းမြီးကောက်တွေဘာလို့ရှိနေတာလဲဆိုတာ မင်းသိချင်နေတာ မလား" ထန်ယန်သည် မိုဘင်းဘေးလျှောက်လာကာ မေးလေသည် "သူတို့အရေအတွက်များလာတာ တင်မကဘူး သူတို့အဆိပ် လည်းပြင်းလာတယ် ဒါကပုံမှန်မဟုတ်ဘူး"
"တကယ်ပဲ ပုံမှန်မဟုတ်ဘူး" မိုဘင်း ပြောလေသည် "ပြီးတော့ ငါတို့သတင်းထွက်အောင်လုပ် လို့မရဘူး ဒါကတကယ်ပဲနားလည်ရခက်တယ်"
"အကြောင်းအရင်းတော့ရှိရမယ်" ဖက်တီးကျူသည် ပြောလိုက်သည်။
"အကြောင်းအရင်းဟုတ်လား"
"ဟုတ်တယ်၊ ဒီနေရာရဲ့ လှိုင်းနဲ့လေဟာပြင်ကပြောင်းလဲသွားလို့ သတင်းမထွက်တာဖြစ်နိုင် တယ်၊ အဲဒါက ရွှေကင်းမြီးကောက်တွေလည်း သူတို့ရဲ့လက်ရှိအခြေအနေကို ပြောင်းလဲသွားတာဖြစ် မယ်၊ ယူလင်း ငါပြောတာမှန်လား"