๐–ณ๐—๐–พ ๐–ก๐—…๐–บ๐—“๐–พ

By gelos_03

14.1K 2.2K 698

| ๐–ณ๐—๐–พ ๐—…๐—ˆ๐—๐–พ ๐—Œ๐—๐—ˆ๐—‹๐—’ ๐–ป๐–พ๐—๐—๐–พ๐–พ๐—‡ '๐–ซ๐–บ๐—๐—’๐–พ๐—‹ ๐–ฉ๐–พ๐—ˆ๐—‡' ๐–บ๐—‡๐–ฝ '๐–ฃ๐—ˆ๐–ผ๐—๐—ˆ๐—‹ ๐–ฉ๐—Ž๐—‡๐—€' | More

๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 1
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 3
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 4
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 5
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 6
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 7
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 8
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 9
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 10
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 11
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 12
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 13
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 14
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 15
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 16
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 17
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 18
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 19
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 20
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 21
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 22
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 23
๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 24 || ๐–ฟ๐—‚๐—‡๐–บ๐—…๐–พ
๐– /๐–ญ
Promotion!

๐–ค๐—‰๐—‚๐—Œ๐—ˆ๐–ฝ๐–พ - 2

679 106 19
By gelos_03

မနက်ဖြန်ရုံးချိန်းအတွက် ရုံးခန်းမှလိုအပ်တဲ့ ဖိုင်တစ်ချို့ကိုဝင်ယူပြီး ရုံးခန်းတံခါးကို သော့ခတ်လိုက်သည်။ အကူဝန်ထမ်းတစ်ယောက်သာရှိသည့်ရုံးခန်းသည် ကျယ်လွန်းသည်တော့မဟုတ်။ အထောက်အထားတချို့ကိုသိမ်းထားသည်လွဲ၍ အမြဲမပြတ် အပြင်သွားလာနေရသလို၊ အိမ်မှာသာအချိန်ကုန်ဖြစ်သည့်သူက ရုံးခန်းသို့ဆယ်‌ခေါက်တစ်ခေါက်‌‌တောင်မရောက်ဖြစ်။

"အစ်ကိုရယ် ရုံးခန်းငှားခကို အလကားပေးနေရမှာပေါ့" ဟု အကူကောင်လေးက ညည်းလာသည့်အခါ သူခပ်ပြုံးပြုံးသာ တုံ့ပြန်ဖြစ်သည်။ ထိုရုံးခန်းသည် ချစ်လှစွာသောဖခင်က ပေးထားသောနေရာဖြစ်သည်။ ဒီထက်ကောင်းတဲ့နေရာတစ်ခုကိုစီစဉ်ပေးပါသော်လည်း သူမလိုချင်။ ရှေ့နေရုံးခန်းထက် ရှေ့နေကပိုပြီးကြည့်ကောင်းနေတာပဲ။ ဘာလိုအုန်းမလဲ။

steeringကို ဘယ်ဘက်ဝိုက်ချရင်း မြေအောက်ကားပါကင်၌ ကားကိုနေရာချလိုက်သည်။ ပြီးမှ ထိုနေရာရှိ ဓာတ်လှေကားဖြင့်သာ တိုက်ခန်းသို့ တက်ရသည်။ ရုံးခန်းအစ ကားအဆုံး ဖခမည်းတော်ကစီစဉ်ပေးထားသော်လည်း ဒီကွန်ဒိုတိုက်ခန်းလေးကတော့ သူလစာဖြင့်ဝယ်‌ထားသောနေရာလေးပင်။

Passwordဖြင့်ဖွင့်ရ‌သော တိုက်ခန်းတံခါးလေးဖွင့်လိုက်သည်နှင့် ဖိနပ်ချွတ်သည့်ဆင်ဝင်တွင် လူရှိသည်ကြောင့် မီးကအော်တိုလင်းသွားသည်။ ဖိနပ်ချွတ်ပြီးဧည့်ခန်းထဲဖြတ်လျှောက်လာမှသာ ဆင်ဝင်မီးကပြန်ပိတ်သွားသည်။ ညစာလည်းအပြင်မှာစားခဲ့ပြီးပြီမို့ အိပ်ခန်းဆီသို့တန်း၍ဦးတည်လိုက်သည်။

နံရံကပ်မီးခလုတ်ကိုနှိပ်ဖွင့်လိုက်ချိန် အဝါရောင်ခပ်ဖျော့ဖျော့မီးရောင်လေး လင်းလာသည်။ အိပ်ခန်းတွင် စူးနေအောင်‌တောက်သည့်အလင်းရောင်မျိုးကိုမကြိုက်သည်မို့ စိတ်ကြိုက်ဝယ်လဲထားခြင်းပင်။ ဖိုင်တချို့ပါသည့်လက်ဆွဲအိတ်ကို ခုတင်ပေါ်ပစ်တင်လိုက်ရင်း ခုတင်‌ဘေးမှ ကိုယ်လုံးပေါ်မှန်ရှေ့ရပ်လိုက်မိသည်။ အင်္ကျီလဲရန် ကုတ်ကိုဆွဲချိတ်လိုက်ချိန် နှလုံးသားတည့်တည့်နေရာမှ ရွှေရောင်badgeလေးကို သတိထားမိသွားသည်။

လူနာကိုဂရုတစိုက်မှာနေချိန် မျက်ဝန်းတွေကနူးညံ့နေတတ်ပေမယ့် သူ့ဘက်လှည့်ဟောက်သည့်ခပ်စွာစွာ ဆရာဝန်လေးကတော်ရုံတော့မဟုတ်။ ကူညီပေးလိုက်သည့်အဘိုးအတွက် registerလုပ်ရန် ဒုတိယထပ်တက်လာတော့ တည့်တည့်ကြီးဝင်တိုက်လိုက်မိသည်က သူ့ကိုမှုန်ကုတ်စွာကြည့်‌နေသည့် ထိုမျက်မှန်ဝိုင်းနှင့်ဆရာဝန်လေး။ registerလုပ်ဖို့ဌာ‌နမေးရန် လမ်းကြောင်းပြန်ခေါက်မိ‌တော့ ရင်ဘက်ကပြုတ်ကျသွားတဲ့lawyer badgeလေးကိုကြည့်ပြီး သူ့ကိုပစ်ပစ်နှစ်နှစ်ပြောချလိုက်သည်က "အရိုင်းအစိုင်းတဲ့"။

ဂျောင်ကု မှန်ထဲမှမြင်နေရသည့် ရင်ဘက်ရွှေရောင်badgeလေးကိုကြည့်ကာ အပြုံးဟုထင်ရုံမျှ ခပ်ရေးရေးပြုံးမိသည်။ ကုတ်ကိုဆွဲချွတ်ပြီးခုတင်ပေါ်ပစ်တင်လိုက်ပြီးနောက် အောက်ကရှပ်အင်္ကျီကိုချွတ်ရန်ကြယ်သီးဖြုတ်တော့ မှန်ထဲတွင်ပေါ်လာသည်က မျက်မှန်ဝိုင်းလေးနဲ့ အလိုမကျသည့် မျက်နှာတစ်ခု။

"ဟာ... မဟုတ်သေးပါဘူး"

ကိုယ့်အဖြစ်ကို ကိုယ်သဘောကျရယ်မိရင်း ခေါင်းခါလိုက်ကာ ဂျောင်ကု သူ့မျက်လုံးထဲမှ ထင်ယောင်ထင်မှားပုံရိပ်တို့ကို မောင်းထုတ်ရသည်။

ရေချိုးအဝတ်လဲပြီးနောက် ချွတ်ထားခဲ့သော အဝတ်တို့ကို အခန်းထောင့်မှအဝတ်ခြင်းထဲ စုထည့်လိုက်သည်။ သူရုံးသွားချိန်တွင် အိမ်သန့်ရှင်းရေးအဒေါ်ကြီးက အမြဲလာနေကျမို့ သူစိတ်မပူရ။

တစ်နေလုံးအလုပ်ပေးထားသည့်လည်ပင်းကို အကြောပြေအောင် ချိုးလိုက်ပြီး ဂျောင်ကု ခုတင်ပေါ်တွင် ပစ်ထိုင်လိုက်သည်။ ပြီးမှ လက်ဆွဲအိတ်ထဲမှဖိုင်တချို့အပြင် အပါးတော်မြဲlaptopကိုပါ ထုတ်ရသည်။ laptopကိုခုတင်ပေါ်ချရင်း မနက်ဖြန်ရုံးချိန်းမှာ တင်ပြမည့်သက်သေတစ်ချို့ကို ပြန်စစ်ဆေးနေလိုက်သည်။

ထိုအချိန် "Eunwoo"ဆိုသော contact nameလေးနှင့်အတူဖုန်းဝင်လိုက်တော့ ဂျောင်ကု အားရဝမ်းသာကောက်ကိုင်လိုက်သည်။ တစ်ခွန်းနှစ်ခွန်းပြောပြီးမကြာခင် ဂျောင်ကု၏မျက်နှာသည် လငမုတ်ဖမ်းသလို မဲကျသွားသည်။

"ဟင်! ဒါဆို ငါတို့နောက်ထပ်သက်သေလိုအုန်းမှာပေါ့"

"..."

"ဟုတ်ပြီလေ မင်းကိုပဲစိတ်ချမယ်နော်"

"..."

"အင်း၊ ကြည့်လိုက်မယ်။ ဒါဆို မနက်ဖြန်တွေ့မယ် အွန်းဝူ"

ဖုန်းချပြီး အွန်းဝူပို့သည့်mailကို ဖွင့်ကြည့်ရသည်။ အချက်အလက်ဖိုင်တချို့အပြင် linkတစ်ခုပါသည်။ အခုကိုင်ထားရသည့်အမှုတွင် တစ်ဖက်က ဆေးရုံအုပ်ဖြစ်နေ၏။ linkကိုနှိပ်လိုက်သည့်အခါ ထိုဆေးရုံအုပ်၏ဆေးရုံအကြောင်းရေးထားသည့် သတင်းဆောင်းပါးတွေက laptop screen‌ပေါ်တွင် တစ်သီတစ်တန်းကြီးကျလာ၏။ လိုအပ်မယ့်အချက်လောက်ကိုမှတ်ပြီး linkပြန်ပိတ်လိုက်သော်လည်း search barဆီပြန်ရောက်သွားသည်။

search barမှ မှန်ဘီလူးဝိုင်းလေးကိုမြင်တော့ အာရုံထဲတွင်ပေါ်လာသောပုံရိပ်တစ်ခုကြောင့် keyboardပေါ်တွင် နာမည်တစ်ခုကို အလျင်အမြန်ရိုက်လိုက်သည်။ မြန်ဆန်လှသည့်လိုင်းဆွဲအားက ရင်ခုန်ချိန်တောင်မရပဲ ရှာလိုက်တဲ့သူရဲ့biographyက ဝုန်းဒိုင်းဆိုသလို အပြည့်အစုံကျလာသည်။ ဂျူတီကုတ်အဖြူလေးနှင့် မပြုံးချင်ပြုံးချင်ပြုံး‌နေသည့်profileပုံတွင်တော့ မျက်မှန်မပါ။

"1994! Feb 18! ငါ့ထက်သုံးနှစ်တောင်ကြီးတာပဲ။ မထင်ရဘူး တစ်နှစ်လောက်ပဲကွာမယ်ထင်ထားတာ"

Biographyမှ ဆေးပညာထူးချွန်မှုဘွဲ့တွေကို ဂျောင်ကု အနည်းအကျဉ်းသာ နားလည်သည်။ သို့ပေမယ့် ဆရာဝန်လေးသည် ခေသူမဟုတ်မှန်းတော့ ဂျောင်ကု သိလိုက်ရသည်။ ပြီးနောက် search barမှ ပြန်ထွက်လိုက်ပြီး လက်ထဲမှသက်သေနှင့် အွန်းဝူပို့လိုက်သည့် အချက်အလက်များကို ပြန်စစ်ဆေးရသည်။

မကြာပါ။ သက်သေဖိုင်တွေအိပ်ယာပေါ်ဖြန့်ကျဲထားလျက်၊ laptopကိုပင်ပြန်မပိတ်ပဲ ဂျောင်ကု အိပ်ယာပေါ်မှာ အငြိမ်သားအိပ်ပျော်သွားတော့သည်။ ဖွင့်လျက်သားရှိနေသည့်laptopလေးထဲရှိ ဥပ‌ဒေအကြောင်းကလွဲတခြားမရှာတတ်သည့်ရှေ့နေလေး၏search historyတွင်တော့ ပထမအဆုံးအနေနဲ့ လူတစ်ယောက်၏နာမည်က နေရာယူသွား‌‌ခဲ့၏။

......................

"ယိုဟန်၊ မင်းဒီနေ့ပြီးအုန်းမှာလား"

မှန်ရှေ့ကာလဗလပြနေသည့်ယိုဟန်ကို ဟို‌ဆော့ မကျေနပ်စွာလှမ်းအော်လိုက်သည်။ သူအရင်နိုးတဲ့နေ့တိုင်း ဒီလိုဒုက္ခကအမြဲကြုံရသည်။ အမြဲဝတ်နေကျ ခွဲစိတ်ဝတ်စုံအပြာနုရောင်ကို အပေါ်ကဂျူတီကုတ်ထပ်ဝတ်ထားတာကိုပင် သူ့မှာကြည့်မဝနိုင်။ ဆံပင်လေးတသသလုပ်နေသည်က လူနာသွားမကြည့်ဘဲ runwayသွားလျှောက်တော့မယ့် မော်ဒယ်လို။

"တော်ရုံပဲလုပ်ပါ ယိုဟန်ရာ။ ဒီဆေးရုံမှာ မင်းမျက်နှာကြီးကို တယုတယကြည့်မယ့်သူမရှိပါဘူး"

သူငယ်ချင်းဖြစ်သူကို ညှာညှာတာတာလေးချီးမြှောက်တော့ ယိုဟန်က မှန်ရှေ့ကခွာကာ ပြုံးဖြဲဖြဲမျက်နှာဖြင့် ဟိုဆော့ကို လှည့်ကြည့်သည်။

"အော်... မင်းနဲ့လည်း ခက်တယ် ဟိုဆော့ရာ။ ငါတို့က ဆရာဝန်တွေလေ။ ငါတို့မျက်နှာလေးက ကြည့်ကောင်းနေတော့ လူနာလည်းစိတ်ချမ်းသာတာ‌ပေါ့။ လူနာကိုလည်း ဆေးကုပေးရင်း ရူပဒါနလေးလည်းပြုရတာပေါ့ ဟဲ ဟဲ"

လူနာတွေစိတ်ချမ်းသာဖို့အတွက်ဆိုသောစကားကိုတော့ လက်ခံပေချင်ပေမယ့် လမ်းလျှောက်ရင်တောင် အငြိမ်မနေ ဆံပင်တသသ၊ ဂျူတီကုတ်လေး တလွှားလွှားလေးလုပ်နေသည့် ယိုဟန်ကို ဟိုဆော့ ဘယ်လိုမှကြည့်မရပေ။ နားနေခန်းမှထွက်လာပြီး ရုံးခန်းသို့သွားတဲ့လမ်းတစ်လျှောက် လမ်းမှာတွေ့သမျှသူနာပြုလေးတွေနဲ့ တခြားဌာနကဒေါက်တာမလေးတွေကိုတွေ့ရင်လည်း သူ့မှာပြုံးပြရတာအမော။

"ငြိမ်ငြိမ်နေစမ်း ယိုဟန်ရာ။ မျက်စိနောက်လွန်းလို့"

ကိုယ့်ရုံးခန်းကိုယ်ရောက်လာပြီမို့ ဝမ်းသာအားရဝင်လိုက်သော်လည်း ယိုဟန်က အနောက်ကလိုက်ဝင်လာပြန်သည်။ ယိုဟန်က အမြဲသူ့ရုံးခန်းထဲမှာသာနေပြီး စကားလာလာပြောတတ်သည်။ ယိုဟန်ကို သူ့ရုံးခန်းမှာမတွေ့ရင် ဘယ်မှာရှာရမလဲဆိုတာကို သူနာပြုလေးကအစ သိနေပြီဖြစ်သည်။ ဆေးရုံတစ်ခုလုံးတွင်ယိုဟန်ကိုတွေ့နိုင်မည့်နေရာဟူ၍ သူ့ရုံးခန်းနှင့် အထွေထွေဆေးကုဆောင် နှစ်နေရာသာဖြစ်သည်။

နေ့လည်နားချိန်ကျ အထွေထွေဆေးကုဆောင်က သူမျက်စိကျနေတဲ့သူနာပြုလေးကို သွားသွားငေးလွန်းလို့ ဌာနမှူးတောင် မနည်းပြောထားရသည်။

"စီနီယာ"

ရုံးခန်းအရောက်မှ အနောက်မှခေါ်သံကြောင့် ယိုဟန်ရော ဟိုဆော့ပါ တံခါးဘက်ကို လှည့်ကြည့်ဖြစ်ကြသည်။ ကော်ဖီဘူးလေးကိုကိုင်ကာ ရပ်နေသူကိုမြင်တော့ ဟိုဆော့ မထူးဆန်းသလို ပြုံးလိုက်မိသည်။

"မင်ဟွန်း၊ လာလေ"

သူအထဲဝင်ဖို့ခေါ်တော့ ကောင်လေးကရှက်ပြုံးလေးဖြင့် အထဲလျှောက်လာသည်။ လှိုင်းအကောက်လေးတွေပါသည့်ဆံပင်အနက်ကို နဖူးအပြည့်ဖုံးထားသည့်အပြင် သူ့လိုအနီးမှုန်မဟုတ်ဘဲ အချိန်ပြည့်တပ်ထားရသည့်မျက်မှန်အဝိုင်းလေးကြောင့် မင်ဟွန်းက အထက်တန်းကျောင်းသားလေးလိုပင်။

"စီနီယာအတွက် ဟာ!"

ယူလာသည့်ကော်ဖီဘူးလေးကို သူ့ဆီလှမ်းပေးချိန် အနားမှာရပ်နေသည့်ယိုဟန်က ကြားထဲကဖြတ်ယူသွား၏။

"စီနီယာ့အတွက်မှမဟုတ်တာ။ စီနီယာဟိုဆော့အတွက်ဝယ်လာတာကို"

စီနီယာချင်းထပ်နေသည့်စကားအဆုံး ယိုဟန်က လက်ထဲကကော်ဖီကိုမော့သောက်လိုက်တော့ မင်ဟွန်းရဲ့မျက်နှာက ဒေါသထွက်ကာနီရဲလာသည်။ ဆေးရုံရောက်တာ လေးလလောက်သာရှိသေးပေမယ့် မှတ်နိုင်စွမ်းကောင်းသည့်မင်ဟွန်းကို ဌာနမှူးကအစသဘောကျသည်။ အတွေ့အကြုံနည်းသေးလို့သာ ခွဲစိတ်မှုတွေကိုဦးဆောင်ခိုင်းခြင်းမရှိသေးပေမယ့် မင်ဝူမှာစိတ်ချရသည့် အရည်အချင်းမျိုးတွေရှိနေသည်။

"ဒီမှာ ဂျူနီယာလေး။ ဟိုဆော့က Americanoမကြိုက်ဘူးကွ။ အဲ့တော့ ကြိုက်တဲ့ ငါ့ကိုပဲတိုက်လိုက်တော့"

"ဟာဗျာ၊ စီနီယာယိုဟန်က မကောင်းဘူး"

လက်ထဲကကော်ဖီဘူးကိုအတင်းလိုက်လုနေသည့် မင်ဟွန်းကို ယိုဟန်အလွတ်မပေးချေ။ လုနေရင်းပင် ကော်ဖီကို တစ်ငုံပြီးတစ်ငုံသောက်နေသေးသည်။ မင်ဟွန်းထက် အရပ်အနည်းပိုရှည်တဲ့ယိုဟန်က ကော်ဖီကိုအမိအရသောက်ပြီး ဘူးကို အမြင့်ဆုံးသို့မြှောက်ထားသည်။ ခြေဖျားထောက်ပြီး ကော်ဖီဘူးကို အမိအရလိုက်လုနေသည့်မင်ဟွန်း၏ပုံစံကိုကြည့်ရင်း ဟိုဆော့၏မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်အတူ ခေါင်းရမ်းလိုက်မိသည်။

လွန်ခဲတဲ့တစ်လက သူအလုပ်ဆင်းချိန်၌ မင်ဟွနက "စီနီယာကို သဘောကျတယ်" ဆိုပြီး ဖွင့်ပြောလာခဲ့သည်။ သူ့‌အနေနဲ့ မင်ဟွန်းအပေါ် ဂျူနီယာတစ်ယောက်အပြင်၊ ညီလေးတစ်ယောက်အပြင်မပိုနိုင်တာမို့ အဲ့နေ့ကတည်းက ငြင်းခဲ့သည်။ သို့ပေမယ့် မင်ဟွန်းကလက်မလျှော့။ စီနီယာရဲ့အချစ်ကိုမရတောင် စီနီယာရဲ့မနက်စာကိုတော့ တာဝန်ယူပါရစေဆိုပြီး ဒီလိုအချိန်တိုင်း မုန့်တစ်မျိုးပြီးတစ်မျိုးလာပို့တတ်သည်။ ဒီနေ့မှ ‌ပြောင်းပို့လာသည့် ကော်ဖီက ယိုဟန်လက်ထဲတွင် တက်တက်စင်ပြောင်တော့သည်။

"ဒါဆို စီနီယာက ဘာကော်ဖီကြိုက်တာလဲဟင်"

ဖိုင်တစ်ခုကိုဖွင့်လိုက်ချိန် မင်ဝူက သူ့စားပွဲရှေ့ရပ်ကာမေးလာသည်။ ယိုဟန်ကတော့ မင်ဟွန်းဘေးတွင်ရပ်ကာ လုယူထားတဲ့ကော်ဖီဘူးကို တစိမ့်စိမ့်အရသာခံပြီး သောက်နေသည်။

"အစ်ကို့အတွက် နေ့တိုင်းဒုက္ခမခံပါနဲ့။ မနက်စာကိုတော့ အစ်ကိုဘာသာပဲဝယ်စားလိုက်ပါ့မယ်"

စိတ်မကောင်းဖြစ်သွားသည့်မင်ဟွန်း၏မျက်နှာလေးကိုကြည့်ပြီး ဟိုဆော့ အားနာသွားမိသော်လည်း မတတ်နိုင်။ သူ့အတွက်နဲ့ တခြားသူကို သက်သက်ဒုက္ခပေးတာမျိုးမဖြစ်စေချင်မိ။ အထူးသဖြင့် သူ့အပေါ်မှာခံစားချက်ရှိနေသူကို မျှော်လင့်ချက်တွေနှိပ်စက်နေတာမျိုး သူမလုပ်ချင်မိပါ။

"ဒေါက်တာ!"

တိတ်ဆိတ်သွားသည့်ရုံးခန်းအတွင်း တံခါးဝမှသူနာပြုလေး၏အသံစူးစူးကြောင့် ဟိုဆော့ တံခါးပေါက်ကိုလှမ်းကြည့်ဖြစ်သည်။ ပန်းစည်းကြီးပိုက်ကာ သူ့ဆီလျှောက်လာသည့်သူနာပြုလေးကိုမြင်တော့ ဟိုဆော့၏စိတ်ဝင်စားမှုတို့ မြင့်တက်သွားသည်။

"ဒေါက်တာ့အတွက်ဆိုပြီး လာပေးသွားတာ"

"ဘယ်သူကပေးတာလဲ"

ဟိုဆော့လည်းသိချင်နေသည့်အကြောင်းအရာကို ယိုဟန်က သူနာပြုလေးအား အမေးပြုလိုက်သည်။

"အဲ့ဒါတော့ မသိဘူး ဒေါက်တာ။ အောက်မှာ ဒေါက်တာ့နာမည်နဲ့ရောက်လာတယ်ဆိုလို့ လမ်းကြုံပေးခိုင်းလိုက်တာ"

Lavender roseတွေချည်းပါသည့် ပန်းစည်းကိုသူ့လက်ထဲထည့်သွားပြီး သူနာပြုလေးက ရုံးခန်းထဲက ပြန်ထွက်သွားသည်။ လက်ထဲကပန်းစည်းလေးကို ဟိုဆော့ စူးစူးစမ်းစမ်းရှာဖွေသော်လည်း အလှချိတ်ထားသည့် ကတ်ပြားသေးသေးလေးကလွဲ တခြားမ‌တွေ့။

"စီနီယာ၊ အဲ့ဒါဆို ကျွန်တော်သွားလိုက်ပါအုန်းမယ်"

ပေးတဲ့သူနာမည်ပါလိုပါငြားအသည်းအသန်လိုက်ရှာနေသည်မို့ ခေါင်မော့ကြည့်ချိန်တွင် မင်ဝူက ရုံးခန်းထဲကထွက်သွားပြီဖြစ်သည်။

"ကဲ တစ်ယောက်သောသူကတော့ စိတ်မကောင်းဖြစ်သွားပြီ"

မင်ဝူထွက်သွားရာကျောပြင်ကိုငေးရင်း ပြောလာသည့်ယိုဟန်၏စကားကြောင့် ဟို‌ဆော့ မျက်ခုံးကြုံ့မိသည်။ ပန်းစည်းလက်ဆောင်ရတာမျိုးက သူ့အတွက်အထူးအဆန်းမဟုတ်ပေ။ လူနာတွေက ကျေးဇူးတင်တဲ့အနေနဲ့ သူ့ကိုပေးလေ့ပေးထရှိကြသည်။ သို့သော် လူကိုယ်တိုင်သို့မဟုတ်၊ စာလေးတစ်စောင်လောက်ဖြင့် ကျေးဇူးတင်စကားပြောရင်း ပေးတတ်ကြသည်။ အခုလို ပေးသူအမည်မသိရောက်လာသည့်ပန်းစည်းကိုတော့ ဟိုဆော့ သာမာန်ထက်ပိုပြီး စိတ်ဝင်စားသွားမိသည်။

"နေပါအုန်း၊ ဒီပန်းစည်းက ဘယ်သူပေးတာလဲ"

"ဘယ်သိမလဲကွ။ ငါ့လူနာတွေထဲက တစ်ယောက်ယောက်ပေးတာနေမှာပေါ့"

"ဒီလောက်ရှားတဲ့lavander roseကိုမှ ပေးတာဆိုတော့ အဲ့လူနာက မင်းကိုတော်တော်လေး ကျေးဇူးတင်နေတဲ့ပုံပဲ"

မယုံသင်္ကာအငွေ့အသက်တွေပါနေသည့် ယိုဟန်၏စကားကြောင့် ပန်းတွေကိုလှမ်းထိဖို့ ကြံနေသည့် ယိုဟန်၏လက်ကို ဟိုဆော့ လှမ်းရိုက်လိုက်သည်။ ထိုအခါမှသာ ပြီတီတီမျက်နှာထားဖြင့် သူ့ကို သွားဖြီးပြီးရယ်ပြလာ၏။

* * * * *

20.01.2022
....................

A/N - lavender roseတွေက ရှားပေမယ့် အရမ်းလှတော့ လူကြိုက်ကတော့များတယ်ဗျ။

lavender rose‌ရဲ့အဓိပ္ပာယ်က ❛ love at first sight ❜ ပါတဲ့။ အဲ့တော့ ဘယ်သူများပေးတာပါလိမ့် (◠‿・)

( Look! How beautiful!! )


Episode 2 :

မနက္ျဖန္႐ုံးခ်ိန္းအတြက္ ႐ုံးခန္းမွလိုအပ္တဲ့ ဖိုင္တစ္ခ်ိဳ႕ကိုဝင္ယူၿပီး ႐ုံးခန္းတံခါးကို ေသာ့ခတ္လိုက္သည္။ အကူဝန္ထမ္းတစ္ေယာက္သာ႐ွိသည့္႐ုံးခန္းသည္ က်ယ္လြန္းသည္ေတာ့မဟုတ္။ အေထာက္အထားတခ်ိဳ႕ကိုသိမ္းထားသည္လြဲ၍ အၿမဲမျပတ္ အျပင္သြားလာေနရသလို၊ အိမ္မွာသာအခ်ိန္ကုန္ျဖစ္သည့္သူက ႐ုံးခန္းသို႔ဆယ္‌ေခါက္တစ္ေခါက္‌‌ေတာင္မေရာက္ျဖစ္။

"အစ္ကိုရယ္ ႐ုံးခန္းငွားခကို အလကားေပးေနရမွာေပါ့" ဟု အကူေကာင္ေလးက ညည္းလာသည့္အခါ သူခပ္ျပဳံးျပဳံးသာ တုံ႔ျပန္ျဖစ္သည္။ ထို႐ုံးခန္းသည္ ခ်စ္လွစြာေသာဖခင္က ေပးထားေသာေနရာျဖစ္သည္။ ဒီထက္ေကာင္းတဲ့ေနရာတစ္ခုကိုစီစဥ္ေပးပါေသာ္လည္း သူမလိုခ်င္။ ေ႐ွ႕ေန႐ုံးခန္းထက္ ေ႐ွ႕ေနကပိုၿပီးၾကည့္ေကာင္းေနတာပဲ။ ဘာလိုအုန္းမလဲ။

steeringကို ဘယ္ဘက္ဝိုက္ခ်ရင္း ေျမေအာက္ကားပါကင္၌ ကားကိုေနရာခ်လိုက္သည္။ ၿပီးမွ ထိုေနရာ႐ွိ ဓာတ္ေလွကားျဖင့္သာ တိုက္ခန္းသို႔ တက္ရသည္။ ႐ုံးခန္းအစ ကားအဆုံး ဖခမည္းေတာ္ကစီစဥ္ေပးထားေသာ္လည္း ဒီကြန္ဒိုတိုက္ခန္းေလးကေတာ့ သူလစာျဖင့္ဝယ္‌ထားေသာေနရာေလးပင္။

Passwordျဖင့္ဖြင့္ရ‌ေသာ တိုက္ခန္းတံခါးေလးဖြင့္လိုက္သည္ႏွင့္ ဖိနပ္ခြၽတ္သည့္ဆင္ဝင္တြင္ လူ႐ွိသည္ေၾကာင့္ မီးကေအာ္တိုလင္းသြားသည္။ ဖိနပ္ခြၽတ္ၿပီးဧည့္ခန္းထဲျဖတ္ေလွ်ာက္လာမွသာ ဆင္ဝင္မီးကျပန္ပိတ္သြားသည္။ ညစာလည္းအျပင္မွာစားခဲ့ၿပီးၿပီမို႔ အိပ္ခန္းဆီသို႔တန္း၍ဦးတည္လိုက္သည္။

နံရံကပ္မီးခလုတ္ကိုႏွိပ္ဖြင့္လိုက္ခ်ိန္ အဝါေရာင္ခပ္ေဖ်ာ့ေဖ်ာ့မီးေရာင္ေလး လင္းလာသည္။ အိပ္ခန္းတြင္ စူးေနေအာင္‌ေတာက္သည့္အလင္းေရာင္မ်ိဳးကိုမႀကိဳက္သည္မို႔ စိတ္ႀကိဳက္ဝယ္လဲထားျခင္းပင္။ ဖိုင္တခ်ိဳ႕ပါသည့္လက္ဆြဲအိတ္ကို ခုတင္ေပၚပစ္တင္လိုက္ရင္း ခုတင္‌ေဘးမွ ကိုယ္လုံးေပၚမွန္ေ႐ွ႕ရပ္လိုက္မိသည္။ အက်ႌလဲရန္ ကုတ္ကိုဆြဲခ်ိတ္လိုက္ခ်ိန္ ႏွလုံးသားတည့္တည့္ေနရာမွ ေ႐ႊေရာင္badgeေလးကို သတိထားမိသြားသည္။

လူနာကိုဂ႐ုတစိုက္မွာေနခ်ိန္ မ်က္ဝန္းေတြကႏူးညံ့ေနတတ္ေပမယ့္ သူ႕ဘက္လွည့္ေဟာက္သည့္ခပ္စြာစြာ ဆရာဝန္ေလးကေတာ္႐ုံေတာ့မဟုတ္။ ကူညီေပးလိုက္သည့္အဘိုးအတြက္ registerလုပ္ရန္ ဒုတိယထပ္တက္လာေတာ့ တည့္တည့္ႀကီးဝင္တိုက္လိုက္မိသည္က သူ႕ကိုမႈန္ကုတ္စြာၾကည့္‌ေနသည့္ ထိုမ်က္မွန္ဝိုင္းႏွင့္ဆရာဝန္ေလး။ registerလုပ္ဖို႔ဌာ‌နေမးရန္ လမ္းေၾကာင္းျပန္ေခါက္မိ‌ေတာ့ ရင္ဘက္ကျပဳတ္က်သြားတဲ့lawyer badgeေလးကိုၾကည့္ၿပီး သူ႕ကိုပစ္ပစ္ႏွစ္ႏွစ္ေျပာခ်လိုက္သည္က "အ႐ိုင္းအစိုင္းတဲ့"။

ေဂ်ာင္ကု မွန္ထဲမွျမင္ေနရသည့္ ရင္ဘက္ေ႐ႊေရာင္badgeေလးကိုၾကည့္ကာ အျပဳံးဟုထင္႐ုံမွ် ခပ္ေရးေရးျပဳံးမိသည္။ ကုတ္ကိုဆြဲခြၽတ္ၿပီးခုတင္ေပၚပစ္တင္လိုက္ၿပီးေနာက္ ေအာက္က႐ွပ္အက်ႌကိုခြၽတ္ရန္ၾကယ္သီးျဖဳတ္ေတာ့ မွန္ထဲတြင္ေပၚလာသည္က မ်က္မွန္ဝိုင္းေလးနဲ႔ အလိုမက်သည့္ မ်က္ႏွာတစ္ခု။

"ဟာ မဟုတ္ေသးပါဘူး"

ကိုယ့္အျဖစ္ကို ကိုယ္သေဘာက်ရယ္မိရင္း ေခါင္းခါလိုက္ကာ ေဂ်ာင္ကု သူ႕မ်က္လုံးထဲမွ ထင္ေယာင္ထင္မွားပုံရိပ္တို႔ကို ေမာင္းထုတ္ရသည္။

ေရခ်ိဳးအဝတ္လဲၿပီးေနာက္ ခြၽတ္ထားခဲ့ေသာ အဝတ္တို႔ကို အခန္းေထာင့္မွအဝတ္ျခင္းထဲ စုထည့္လိုက္သည္။ သူ႐ုံးသြားခ်ိန္တြင္ အိမ္သန္႔႐ွင္းေရးအေဒၚႀကီးက အၿမဲလာေနက်မို႔ သူစိတ္မပူရ။

တစ္ေနလုံးအလုပ္ေပးထားသည့္လည္ပင္းကို အေၾကာေျပေအာင္ ခ်ိဳးလိုက္ၿပီး ေဂ်ာင္ကု ခုတင္ေပၚတြင္ ပစ္ထိုင္လိုက္သည္။ ၿပီးမွ လက္ဆြဲအိတ္ထဲမွဖိုင္တခ်ိဳ႕အျပင္ အပါးေတာ္ၿမဲlaptopကိုပါ ထုတ္ရသည္။ laptopကိုခုတင္ေပၚခ်ရင္း မနက္ျဖန္႐ုံးခ်ိန္းမွာ တင္ျပမည့္သက္ေသတစ္ခ်ိဳ႕ကို ျပန္စစ္ေဆးေနလိုက္သည္။

ထိုအခ်ိန္ "Eunwoo"ဆိုေသာ contact nameေလးႏွင့္အတူဖုန္းဝင္လိုက္ေတာ့ ေဂ်ာင္ကု အားရဝမ္းသာေကာက္ကိုင္လိုက္သည္။ တစ္ခြန္းႏွစ္ခြန္းေျပာၿပီးမၾကာခင္ ေဂ်ာင္ကု၏မ်က္ႏွာသည္ လငမုတ္ဖမ္းသလို မဲက်သြားသည္။

"ဟင္! ဒါဆို ငါတို႔ေနာက္ထပ္သက္ေသလိုအုန္းမွာေပါ့"

"..."

"ဟုတ္ၿပီေလ မင္းကိုပဲစိတ္ခ်မယ္ေနာ္"

"..."

"အင္း ၾကည့္လိုက္မယ္၊ ဒါဆို မနက္ျဖန္ေတြ႕မယ္ အြန္းဝူ"

ဖုန္းခ်ၿပီး အြန္းဝူပို႔သည့္mailကို ဖြင့္ၾကည့္ရသည္။ အခ်က္အလက္ဖိုင္တခ်ိဳ႕အျပင္ linkတစ္ခုပါသည္။ အခုကိုင္ထားရသည့္အမႈတြင္ တစ္ဖက္က ေဆး႐ုံအုပ္ျဖစ္ေန၏။ linkကိုႏွိပ္လိုက္သည့္အခါ ထိုေဆး႐ုံအုပ္၏ေဆး႐ုံအေၾကာင္းေရးထားသည့္ သတင္းေဆာင္းပါးေတြက laptop screen‌ေပၚတြင္ တစ္သီတစ္တန္းႀကီးက်လာ၏။ လိုအပ္မယ့္အခ်က္ေလာက္ကိုမွတ္ၿပီး linkျပန္ပိတ္လိုက္ေသာ္လည္း search barဆီျပန္ေရာက္သြားသည္။

search barမွ မွန္ဘီလူးဝိုင္းေလးကိုျမင္ေတာ့ အာ႐ုံထဲတြင္ေပၚလာေသာပုံရိပ္တစ္ခုေၾကာင့္ keyboardေပၚတြင္ နာမည္တစ္ခုကို အလ်င္အျမန္႐ိုက္လိုက္သည္။ ျမန္ဆန္လွသည့္လိုင္းဆြဲအားက ရင္ခုန္ခ်ိန္ေတာင္မရပဲ ႐ွာလိုက္တဲ့သူရဲ႕biographyက ဝုန္းဒိုင္းဆိုသလို အျပည့္အစုံက်လာသည္။ ဂ်ဴတီကုတ္အျဖဴေလးႏွင့္ မျပဳံးခ်င္ျပဳံးခ်င္ျပဳံး‌ေနသည့္profileပုံတြင္ေတာ့ မ်က္မွန္မပါ။

"1994! Feb 18! ငါ့ထက္သုံးႏွစ္ေတာင္ႀကီးတာပဲ၊ မထင္ရဘူး တစ္ႏွစ္ေလာက္ပဲကြာမယ္ထင္ထားတာ"

Biographyမွ ေဆးပညာထူးခြၽန္မႈဘြဲ႕ေတြကို ေဂ်ာင္ကု အနည္းအက်ဥ္းသာ နားလည္သည္။ သို႔ေပမယ့္ ဆရာဝန္ေလးသည္ ေခသူမဟုတ္မွန္းေတာ့ ေဂ်ာင္ကု သိလိုက္ရသည္။ ၿပီးေနာက္ search barမွ ျပန္ထြက္လိုက္ၿပီး လက္ထဲမွသက္ေသႏွင့္ အြန္းဝူပို႔လိုက္သည့္ အခ်က္အလက္မ်ားကို ျပန္စစ္ေဆးရသည္။

မၾကာပါ။ သက္ေသဖိုင္ေတြအိပ္ယာေပၚျဖန္႔က်ဲထားလ်က္၊ laptopကိုပင္ျပန္မပိတ္ပဲ ေဂ်ာင္ကု အိပ္ယာေပၚမွာ အၿငိမ္သားအိပ္ေပ်ာ္သြားေတာ့သည္။ ဖြင့္လ်က္သား႐ွိေနသည့္laptopေလးထဲ႐ွိ ဥပ‌ေဒအေၾကာင္းကလြဲတျခားမ႐ွာတတ္သည့္ေ႐ွ႕ေနေလး၏search historyတြင္ေတာ့ ပထမအဆုံးအေနနဲ႔ လူတစ္ေယာက္၏နာမည္က ေနရာယူသြား‌‌ခဲ့၏။

......................

"ယိုဟန္ မင္းဒီေန႔ၿပီးအုန္းမွာလား"

မွန္ေ႐ွ႕ကာလဗလျပေနသည့္ယိုဟန္ကို ဟို‌ေဆာ့ မေက်နပ္စြာလွမ္းေအာ္လိုက္သည္။ သူအရင္ႏိုးတဲ့ေန႔တိုင္း ဒီလိုဒုကၡကအၿမဲၾကဳံရသည္။ အၿမဲဝတ္ေနက် ခြဲစိတ္ဝတ္စုံအျပာႏုေရာင္ကို အေပၚကဂ်ဴတီကုတ္ထပ္ဝတ္ထားတာကိုပင္ သူ႕မွာၾကည့္မဝႏိုင္။ ဆံပင္ေလးတသသလုပ္ေနသည္က လူနာသြားမၾကည့္ဘဲ runwayသြားေလွ်ာက္ေတာ့မယ့္ ေမာ္ဒယ္လို။

"ေတာ္႐ုံပဲလုပ္ပါ ယိုဟန္ရာ၊ ဒီေဆး႐ုံမွာ မင္းမ်က္ႏွာႀကီးကို တယုတယၾကည့္မယ့္သူမ႐ွိပါဘူး"

သူငယ္ခ်င္းျဖစ္သူကို ညႇာညႇာတာတာေလးခ်ီးေျမႇာက္ေတာ့ ယိုဟန္က မွန္ေ႐ွ႕ကခြာကာ ျပဳံးၿဖဲၿဖဲမ်က္ႏွာျဖင့္ ဟိုေဆာ့ကို လွည့္ၾကည့္သည္။

"ေအာ္ မင္းနဲ႔လည္း ခက္တယ္ ဟိုေဆာ့ရာ၊ ငါတို႔က ဆရာဝန္ေတြေလ၊ ငါတို႔မ်က္ႏွာေလးက ၾကည့္ေကာင္းေနေတာ့ လူနာလည္းစိတ္ခ်မ္းသာတာ‌ေပါ့၊ လူနာကိုလည္း ေဆးကုေပးရင္း ႐ူပဒါနေလးလည္းျပဳရတာေပါ့ ဟဲ ဟဲ"

လူနာေတြစိတ္ခ်မ္းသာဖို႔အတြက္ဆိုေသာစကားကိုေတာ့ လက္ခံေပခ်င္ေပမယ့္ လမ္းေလွ်ာက္ရင္ေတာင္ အၿငိမ္မေန ဆံပင္တသသ၊ ဂ်ဴတီကုတ္ေလး တလႊားလႊားေလးလုပ္ေနသည့္ ယိုဟန္ကို ဟိုေဆာ့ ဘယ္လိုမွၾကည့္မရေပ။ နားေနခန္းမွထြက္လာၿပီး ႐ုံးခန္းသို႔သြားတဲ့လမ္းတစ္ေလွ်ာက္ လမ္းမွာေတြ႕သမွ်သူနာျပဳေလးေတြနဲ႔ တျခားဌာနကေဒါက္တာမေလးေတြကိုေတြ႕ရင္လည္း သူ႕မွာျပဳံးျပရတာအေမာ။

"ၿငိမ္ၿငိမ္ေနစမ္း ယိုဟန္ရာ၊ မ်က္စိေနာက္လြန္းလို႔"

ကိုယ့္႐ုံးခန္းကိုယ္ေရာက္လာၿပီမို႔ ဝမ္းသာအားရဝင္လိုက္ေသာ္လည္း ယိုဟန္က အေနာက္ကလိုက္ဝင္လာျပန္သည္။ ယိုဟန္က အၿမဲသူ႕႐ုံးခန္းထဲမွာသာေနၿပီး စကားလာလာေျပာတတ္သည္။ ယိုဟန္ကို သူ႕႐ုံးခန္းမွာမေတြ႕ရင္ ဘယ္မွာ႐ွာရမလဲဆိုတာကို သူနာျပဳေလးကအစ သိေနၿပီျဖစ္သည္။ ေဆး႐ုံတစ္ခုလုံးတြင္ယိုဟန္ကိုေတြ႕ႏိုင္မည့္ေနရာဟူ၍ သူ႕႐ုံးခန္းႏွင့္ အေထြေထြေဆးကုေဆာင္ ႏွစ္ေနရာသာျဖစ္သည္။

ေန႔လည္နားခ်ိန္က် အေထြေထြေဆးကုေဆာင္က သူမ်က္စိက်ေနတဲ့သူနာျပဳေလးကို သြားသြားေငးလြန္းလို႔ ဌာနမႉးေတာင္ မနည္းေျပာထားရသည္။

"စီနီယာ"

႐ုံးခန္းအေရာက္မွ အေနာက္မွေခၚသံေၾကာင့္ ယိုဟန္ေရာ ဟိုေဆာ့ပါ တံခါးဘက္ကို လွည့္ၾကည့္ျဖစ္ၾကသည္။ ေကာ္ဖီဘူးေလးကိုကိုင္ကာ ရပ္ေနသူကိုျမင္ေတာ့ ဟိုေဆာ့ မထူးဆန္းသလို ျပဳံးလိုက္မိသည္။

"မင္ဟြန္း လာေလ"

သူအထဲဝင္ဖို႔ေခၚေတာ့ ေကာင္ေလးက႐ွက္ျပဳံးေလးျဖင့္ အထဲေလွ်ာက္လာသည္။ လိႈင္းအေကာက္ေလးေတြပါသည့္ဆံပင္အနက္ကို နဖူးအျပည့္ဖုံးထားသည့္အျပင္ သူ႕လိုအနီးမႈန္မဟုတ္ဘဲ အခ်ိန္ျပည့္တပ္ထားရသည့္မ်က္မွန္အဝိုင္းေလးေၾကာင့္ မင္ဟြန္းက အထက္တန္းေက်ာင္းသားေလးလိုပင္။

"စီနီယာအတြက္ ဟာ!"

ယူလာသည့္ေကာ္ဖီဘူးေလးကို သူ႕ဆီလွမ္းေပးခ်ိန္ အနားမွာရပ္ေနသည့္ယိုဟန္က ၾကားထဲကျဖတ္ယူသြား၏။

"စီနီယာ့အတြက္မွမဟုတ္တာ၊ စီနီယာဟိုေဆာ့အတြက္ဝယ္လာတာကို"

စီနီယာခ်င္းထပ္ေနသည့္စကားအဆုံး ယိုဟန္က လက္ထဲကေကာ္ဖီကိုေမာ့ေသာက္လိုက္ေတာ့ မင္ဟြန္းရဲ႕မ်က္ႏွာက ေဒါသထြက္ကာနီရဲလာသည္။ ေဆး႐ုံေရာက္တာ ေလးလေလာက္သာ႐ွိေသးေပမယ့္ မွတ္ႏိုင္စြမ္းေကာင္းသည့္မင္ဟြန္းကို ဌာနမႉးကအစသေဘာက်သည္။ အေတြ႕အၾကဳံနည္းေသးလို႔သာ ခြဲစိတ္မႈေတြကိုဦးေဆာင္ခိုင္းျခင္းမ႐ွိေသးေပမယ့္ မင္ဝူမွာစိတ္ခ်ရသည့္ အရည္အခ်င္းမ်ိဳးေတြ႐ွိေနသည္။

"ဒီမွာ ဂ်ဴနီယာေလး၊ ဟိုေဆာ့က Americanoမႀကိဳက္ဘူးကြ၊ အဲ့ေတာ့ ႀကိဳက္တဲ့ ငါ့ကိုပဲတိုက္လိုက္ေတာ့"

"ဟာဗ်ာ၊ စီနီယာယိုဟန္က မေကာင္းဘူး"

လက္ထဲကေကာ္ဖီဘူးကိုအတင္းလိုက္လုေနသည့္ မင္ဟြန္းကို ယိုဟန္အလြတ္မေပးေခ်။ လုေနရင္းပင္ ေကာ္ဖီကို တစ္ငုံၿပီးတစ္ငုံေသာက္ေနေသးသည္။ မင္ဟြန္းထက္ အရပ္အနည္းပို႐ွည္တဲ့ယိုဟန္က ေကာ္ဖီကိုအမိအရေသာက္ၿပီး ဘူးကို အျမင့္ဆုံးသို႔ေျမႇာက္ထားသည္။ ေျခဖ်ားေထာက္ၿပီး ေကာ္ဖီဘူးကို အမိအရလိုက္လုေနသည့္မင္ဟြန္း၏ပုံစံကိုၾကည့္ရင္း ဟိုေဆာ့၏မ်က္ႏွာေပၚတြင္ အျပဳံးတစ္ခုႏွင့္အတူ ေခါင္းရမ္းလိုက္မိသည္။

လြန္ခဲတဲ့တစ္လက သူအလုပ္ဆင္းခ်ိန္၌ မင္ဟြနက "စီနီယာကို သေဘာက်တယ္" ဆိုၿပီး ဖြင့္ေျပာလာခဲ့သည္။ သူ႕‌အေနနဲ႔ မင္ဟြန္းအေပၚ ဂ်ဴနီယာတစ္ေယာက္အျပင္၊ ညီေလးတစ္ေယာက္အျပင္မပိုႏိုင္တာမို႔ အဲ့ေန႔ကတည္းက ျငင္းခဲ့သည္။ သို႔ေပမယ့္ မင္ဟြန္းကလက္မေလွ်ာ့။ စီနီယာရဲ႕အခ်စ္ကိုမရေတာင္ စီနီယာရဲ႕မနက္စာကိုေတာ့ တာဝန္ယူပါရေစဆိုၿပီး ဒီလိုအခ်ိန္တိုင္း မုန္႔တစ္မ်ိဳးၿပီးတစ္မ်ိဳးလာပို႔တတ္သည္။ ဒီေန႔မွ ‌ေျပာင္းပို႔လာသည့္ ေကာ္ဖီက ယိုဟန္လက္ထဲတြင္ တက္တက္စင္ေျပာင္ေတာ့သည္။

"ဒါဆို စီနီယာက ဘာေကာ္ဖီႀကိဳက္တာလဲဟင္"

ဖိုင္တစ္ခုကိုဖြင့္လိုက္ခ်ိန္ မင္ဝူက သူ႕စားပြဲေ႐ွ႕ရပ္ကာေမးလာသည္။ ယိုဟန္ကေတာ့ မင္ဟြန္းေဘးတြင္ရပ္ကာ လုယူထားတဲ့ေကာ္ဖီဘူးကို တစိမ့္စိမ့္အရသာခံၿပီး ေသာက္ေနသည္။

"အစ္ကို႔အတြက္ ေန႔တိုင္းဒုကၡမခံပါနဲ႔၊ မနက္စာကိုေတာ့ အစ္ကိုဘာသာပဲဝယ္စားလိုက္ပါ့မယ္"

စိတ္မေကာင္းျဖစ္သြားသည့္မင္ဟြန္း၏မ်က္ႏွာေလးကိုၾကည့္ၿပီး ဟိုေဆာ့ အားနာသြားမိေသာ္လည္း မတတ္ႏိုင္။ သူ႕အတြက္နဲ႔ တျခားသူကို သက္သက္ဒုကၡေပးတာမ်ိဳးမျဖစ္ေစခ်င္မိ။ အထူးသျဖင့္ သူ႕အေပၚမွာခံစားခ်က္႐ွိေနသူကို ေမွ်ာ္လင့္ခ်က္ေတြႏွိပ္စက္ေနတာမ်ိဳး သူမလုပ္ခ်င္မိပါ။

"ေဒါက္တာ!"

တိတ္ဆိတ္သြားသည့္႐ုံးခန္းအတြင္း တံခါးဝမွသူနာျပဳေလး၏အသံစူးစူးေၾကာင့္ ဟိုေဆာ့ တံခါးေပါက္ကိုလွမ္းၾကည့္ျဖစ္သည္။ ပန္းစည္းႀကီးပိုက္ကာ သူ႕ဆီေလွ်ာက္လာသည့္သူနာျပဳေလးကိုျမင္ေတာ့ ဟိုေဆာ့၏စိတ္ဝင္စားမႈတို႔ ျမင့္တက္သြားသည္။

"ေဒါက္တာ့အတြက္ဆိုၿပီး လာေပးသြားတာ"

"ဘယ္သူကေပးတာလဲ"

ဟိုေဆာ့လည္းသိခ်င္ေနသည့္အေၾကာင္းအရာကို ယိုဟန္က သူနာျပဳေလးအား အေမးျပဳလိုက္သည္။

"အဲ့ဒါေတာ့ မသိဘူး ေဒါက္တာ၊ ေအာက္မွာ ေဒါက္တာ့နာမည္နဲ႔ေရာက္လာတယ္ဆိုလို႔ လမ္းၾကဳံေပးခိုင္းလိုက္တာ"

Lavender roseေတြခ်ည္းပါသည့္ ပန္းစည္းကိုသူ႕လက္ထဲထည့္သြားၿပီး သူနာျပဳေလးက ႐ုံးခန္းထဲက ျပန္ထြက္သြားသည္။ လက္ထဲကပန္းစည္းေလးကို ဟိုေဆာ့ စူးစူးစမ္းစမ္း႐ွာေဖြေသာ္လည္း အလွခ်ိတ္ထားသည့္ ကတ္ျပားေသးေသးေလးကလြဲ တျခားမ‌ေတြ႕။

"စီနီယာ၊ အဲ့ဒါဆို ကြၽန္ေတာ္သြားလိုက္ပါအုန္းမယ္"

ေပးတဲ့သူနာမည္ပါလိုပါျငားအသည္းအသန္လိုက္႐ွာေနသည္မို႔ ေခါင္ေမာ့ၾကည့္ခ်ိန္တြင္ မင္ဝူက ႐ုံးခန္းထဲကထြက္သြားၿပီျဖစ္သည္။

"ကဲ တစ္ေယာက္ေသာသူကေတာ့ စိတ္မေကာင္းျဖစ္သြားၿပီ"

မင္ဝူထြက္သြားရာေက်ာျပင္ကိုေငးရင္း ေျပာလာသည့္ယိုဟန္၏စကားေၾကာင့္ ဟို‌ေဆာ့ မ်က္ခုံးၾကဳံ႕မိသည္။ ပန္းစည္းလက္ေဆာင္ရတာမ်ိဳးက သူ႕အတြက္အထူးအဆန္းမဟုတ္ေပ။ လူနာေတြက ေက်းဇူးတင္တဲ့အေနနဲ႔ သူ႕ကိုေပးေလ့ေပးထ႐ွိၾကသည္။ သို႔ေသာ္ လူကိုယ္တိုင္သို႔မဟုတ္၊ စာေလးတစ္ေစာင္ေလာက္ျဖင့္ ေက်းဇူးတင္စကားေျပာရင္း ေပးတတ္ၾကသည္။ အခုလို ေပးသူအမည္မသိေရာက္လာသည့္ပန္းစည္းကိုေတာ့ ဟိုေဆာ့ သာမာန္ထက္ပိုၿပီး စိတ္ဝင္စားသြားမိသည္။

"ေနပါအုန္း၊ ဒီပန္းစည္းက ဘယ္သူေပးတာလဲ"

"ဘယ္သိမလဲကြ၊ ငါ့လူနာေတြထဲက တစ္ေယာက္ေယာက္ေပးတာေနမွာေပါ့"

"ဒီေလာက္႐ွားတဲ့lavander roseကိုမွ ေပးတာဆိုေတာ့ အဲ့လူနာက မင္းကိုေတာ္ေတာ္ေလး ေက်းဇူးတင္ေနတဲ့ပုံပဲ"

မယုံသကၤာအေငြ႕အသက္ေတြပါေနသည့္ ယိုဟန္၏စကားေၾကာင့္ ပန္းေတြကိုလွမ္းထိဖို႔ ၾကံေနသည့္ ယိုဟန္၏လက္ကို ဟိုေဆာ့ လွမ္း႐ိုက္လိုက္သည္။ ထိုအခါမွသာ ၿပီတီတီမ်က္ႏွာထားျဖင့္ သူ႕ကို သြားၿဖီးၿပီးရယ္ျပလာ၏။

* * * * *

20.01.2022
....................

A/N - lavender roseေတြက ႐ွားေပမယ့္ အရမ္းလွေတာ့ လူႀကိဳက္ကေတာ့မ်ားတယ္ဗ်။

lavender rose‌ရဲ႕အဓိပၸာယ္က ❛ love at first sight ❜ ပါတဲ့။ အဲ့ေတာ့ ဘယ္သူမ်ားေပးတာပါလိမ့္ (◠‿・)

( Look! How beautiful!! )


Continue Reading

You'll Also Like

336K 7.8K 37
You get a new job not knowing you'll fall in love with your co-worker. [COMPLETED] warning; I wrote this when I was younger sooo there's a lot of cri...
52.9K 2.8K 19
Byun Baekhyun (Byun gpแ€›แ€ฒแ‚•แ€แ€…แ€นแ€ฅแ€ฎแ€ธแ€แ€Šแ€นแ€ธแ€ฑแ€žแ€ฌแ€žแ€ฌแ€ธ..) Kim Kai (แ€’แ€ญแ€แ€นแ€’แ€ญแ€แ€นแ€€แ€บแ€ฒDancerแ€แ€…แ€นแ€ฑแ€šแ€ฌแ€€แ€นDancerแ€ปแ€–แ€…แ€นแ€žแ€œแ€ญแ€ฏ..แ€ฑแ€”แ€ฌแ€€แ€นแ€แ€ถแ€€แ€œแ€Šแ€นแ€ธแ€ฑแ€ปแ€•แ€ฌแ€…แ€›แ€ฌแ€™แ€›แ€ฝแ€ญ..) Oh Sehun (Oh Sehunแ€กแ€ฑแ€–แ€•แ€ญแ€ฏแ€„แ€นแ€...
2.9M 118K 75
"แ€˜แ€ฑแ€ธแ€แ€ผแ€ถแ€€แ€œแ€ฌแ€•แ€ผแ€ฑแ€ฌแ€แ€šแ€บ แ€„แ€œแ€ปแ€พแ€„แ€บแ€œแ€พแ€ฏแ€•แ€บแ€žแ€ฝแ€ฌแ€ธแ€œแ€ญแ€ฏแ€ทแ€แ€ฒแ€ท.... แ€™แ€Ÿแ€ฏแ€แ€บแ€›แ€•แ€ซแ€˜แ€ฐแ€ธแ€—แ€ปแ€ฌ...... แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บ แ€”แ€พแ€œแ€ฏแ€ถแ€ธแ€žแ€ฌแ€ธแ€€ แ€žแ€ฐแ€ทแ€”แ€ฌแ€™แ€Šแ€บแ€œแ€ฑแ€ธแ€€แ€ผแ€ฝแ€ฑแ€€แ€ปแ€แ€ฌแ€•แ€ซ.... แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€›แ€„แ€บแ€แ€ฏแ€”แ€บแ€žแ€ถแ€แ€ฝแ€ฑแ€€...
679K 97.7K 37
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...