Whatever You Are

By Blacksheep303

56.1K 3.8K 81

တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို Yizhan Version လေးနဲ့ စိတ်ကူးလေးတွေ ဖြည့်စွက်ပြီး ရေးထားတာပါ အချစ်က - တားဆ... More

Whatever You Are (1)
Whatever You Are (2)
Whatever You Are (3)
Whatever You Are (4)
Whatever You Are (5)
Whatever You Are (6)
Whatever You Are (7)
Whatever You Are (8)
Whatever You Are (9)
Whatever You Are (10)
Whatever You Are (11)
Whatever You Are (12)
Whatever You Are (14)
Whatever You Are (15)
Whatever You Are (16)
Whatever You Are (17)
Whatever You Are (18)
Whatever You Are (19)
Whatever You Are (20)
Whatever You Are (21)
Whatever You Are (22)
Whatever You Are (23)
Whatever You Are (24)
Whatever You Are (25)
Whatever You Are (26)
Whatever You Are (27)
Whatever You Are (28)
Whatever You Are (29)
Whatever You Are (30)
Whatever You Are (31)
Whatever You Are (32)
Whatever You Are (33) Final
Author's Note
Whatever You Are Zawgyi (1)
Whatever You Are Zawgyi (2)
Whatever You Are Zawgyi (3)
Whatever You Are Zawgyi (4)
Whatever You Are - Zawgyi (5)
Whatever You Are - Zawgyi (6)
Whatever You Are - Zawgyi (7)
Whatever You Are - Zawgyi (8)
Whatever You Are - Zawgyi (9)
Whatever You Are - Zawgyi (10)
Whatever You Are - Zawgyi (11)
Whatever You Are - Zawgyi (12)
Whatever You Are - Zawgyi (13)
Whatever You Are - Zawgyi (14)
Whatever You Are - Zawgyi (15)
Whatever You Are - Zawgyi (16)
Whatever You Are - Zawgyi (17)
Whatever You Are - Zawgyi (18)
Whatever You Are - Zawgyi (19)
Whatever You Are - Zawgyi (20)
Whatever You Are - Zawgyi (21)
Whatever You Are - Zawgyi (22)
Whatever You Are - Zawgyi (23)
Whatever You Are - Zawgyi (24)
Whatever You Are - Zawgyi (25)
Whatever You Are - Zawgyi (26)
Whatever You Are - Zawgyi (27)
Whatever You Are - Zawgyi (28)
Whatever You Are - Zawgyi (29)
Whatever You Are - Zawgyi (30)
Whatever You Are - Zawgyi (31)
Whatever You Are - Zawgyi (32)
Whatever You Are - Zawgyi (33) Final
Author's Note - Zawgyi

Whatever You Are (13)

1.1K 83 2
By Blacksheep303



သူငယ်ချင်းတွေကို မနေ့ကတည်း အကြောင်းကြားလိုက်ပြီး နေ့လည်လောက် လက်မှတ်ထိုးပွဲလေး လုပ်ဖို့စီစဉ်လိုက်ပါတယ်။ မိုးလင်းတာနဲ့ ရိပေါ် ကွန်ဒိုက အဝတ်အစားတစ်ချို့ကို သိမ်းပြီး ကျန်တာ က တစ်မြို့ထဲမှာဘဲဆိုတော့ ကွန်ဒိုနဲ့ ရှောင်းကျန့်အိမ်မှာ တစ်လှည့်စီနေကြဖို့ စိတ်ကူးပြီး ဘာမှ မသိမ်းတော့ပါဘဲနဲ့ ရှောင်းကျန့်အိမ်ကို မနက်စောစောစီးစီး ထွက် လာ လိုက်ပါတယ်

"အချစ် ကျွန်တော် ထွက်လာပြီ နောက် ၁နာရီ ဆိုရောက်နေပြီ"

"အင်း ရောက်ခါနီး ဖုန်းထပ်ဆက်လိုက် အိမ်က ကောင်မလေးတွေကို မားမားဆုံးပြီးကတည်း နယ်ပြန်လွှတ်လိုက်ပြီဆိုတော့ ကိုယ်တိုင်လာဖွင့်ပေးမှ ရမှာမို့ မစောင့်ရအောင် ကြိုဆက်လိုက်နော်"

"OK အချစ် ခဏနေတွေ့မယ်"

ရှောင်းကျန့်အိမ်ရောက်တော့ အားလုံးက သပ်သပ်ရပ်ရပ် နဲ့ ရှင်းလင်းနေတာပါပဲ

အိမ်ရှေ့ခန်းကို လက်မှတ်ထိုးမယ့်နေရာမှာ အားလုံး အဆင်သင့် လက်ထပ်စာချုပ်လေးတွေ အစိမ်းရောင် ပြင်ဆင်ထားတော့ အံ့အားသင့်မိတယ် ဘောပင်လေးကလည်း အစိမ်းရောင် လက်ထပ်စာချုပ် Cover လေးတွေတောင် အစိမ်းနုရောင် လေးနဲ့မို့ ကြည်နူးကျေနပ်မိပါတယ်

" အချစ် ဒါတွေက......"

"ငါ့မှာ မင်းနဲ့လက်ထပ်ချင်တဲ့ စိတ်ကူးယဉ် အိမ်မက်လေးက အမြဲရှိပါတယ် အချိန်တိုင်း တွေးနေမိတော့ ဘာလေးများ လိုမလဲ ဘယ်လိုလေးဆိုရင် ကောင်းမလဲ ဆိုပြီး စဉ်းစားမိတိုင်း ငါ ပစ္စည်းလေးတွေ ဝယ်ထားမိရဲ့သား ဖြစ်နေတယ် ရိပေါ် မင်းနဲ့လက်ထပ်ပြီး တစ်သက်လုံး တူတူနေချင်တာ ငါ့ရဲ့ ဆန္ဒအမှန်ပဲ"

" အချစ်ကလည်း ကျွန်တော့်ဘက်ကလည်း အတူတူပါပဲနော် မတူတာ က ကျွန်တော်က အချစ်ကို ခမ်းခမ်းနားနား လက်ထပ်ယူဖို့ အတွက် ကိုယ်တိုင် ရှာထားတဲ့ ပိုက်ဆံတွေ သေသေချာချာ စုထားတာပါနော် အခုအချစ်က အဲလို လက်ထပ်လို့ မရသေးဘူးဆိုလို့ ဖြစ်နိုင်ရင် ကျွန်တော်က တစ်လောကလုံး ကို အသိပေးပြီး အချစ်က ကျွန်တော့် အပိုင် ဆိုတာ ကို ကြေငြာထားချင်တာ"

"ဪ ပြောပြီးပြီးလေ ငါ့အသက် ၃၁နှစ်ပြည့်တဲ့အခါ မင်း သဘောထားတွေ မပြောင်းဘူးဆိုရင် တစ်လောက လုံးကို ကြေငြာပြီး လက်ထပ်ရဲတယ်ဆိုရင် ထပ်ပြီး ခမ်းခမ်းနားနား လက်ထပ်ကြမှာပေါ့"

"အချစ် အကျွေးအမွေးကရော"

"ကိုယ့်လူတွေပဲဆိုတော့ ဟိုတယ်ကို Home Service လိုက်ပေးဖို့ မှာထားပြီးပြီ တရားသူကြီးကိုတော့ တစ်ခြားမြို့က ငါ့ရှေ့နေခေါ်နေတဆင့် ချိတ်ထားတယ် င့ါကိစ္စတွေ အမြဲ တိုင်ပင်ပြီး လုပ်နေရတဲ့ ရှေ့နေက သေသေချာချာ ချိတ်ထားပေးတာ သူလည်းလာမှာ မနေ့ညကတည်းက ကျန်းချန်သွားကြိုထားပြီးသား သူတို့လည်း ဟိုတယ်မှာ ရောက်နေပြီးသား ဒီအသိုင်းအဝိုင်းက သူတွေကို မသိစေချင်တာမို့ ငါစီစဉ်ထားတာကို နားလည်ပေးမယ်မလား ရိပေါ်"

"ကိစ္စမရှိပါဘူး အဓိကက အချစ်နဲ့အတူနေရရင် ပြီးတာပဲ"

"ကျွန်တော့် အိတ်တွေ အချစ်အခန်းထဲ ထည့်လိုက်မယ်နော်"

"မထည့်နဲ ရိပေါ်"

"အချစ် ကျွန်တော် အခန်းခွဲမအိပ်ဘူး အတူတူ အိပ်မှာလို့ သဘောတူထားတာလေ"

" အိတ်တွေကို ငါ့အခု အခန်းထဲ မထည့်နဲ့လို့ပဲ ပြောတာလေ အခန်းခွဲအိပ်မယ် ဘယ်သူပြောလဲ လာခဲ့ အခန်းလိုက်ပြမယ်"

ပြောလည်းပြောပြီး ရှောင်းကျန့်က ရိပေါ်ကို အိမ်အပေါ် ထပ်က အခန်းတစ်ခန်းကို ခေါ်လာပါတယ် အရင် ကအဲဒီအခန်းက သော့ခပ်ထားတဲ့ အခန်းလေး အဲဒါကို ရှောင်းကျန့်က ဖွင့်ပြီး ပြပေးပါတယ်

"ဒန် ဒန် ဒန် ... ဒါက ငါတို့ နှစ်ယောက်ရဲ့ သီးသန့်အခန်းလေး ညတွင်းချင်း Home Decoration Service အပ်ပြီး ပြင်ဆင်လိုက်တာ "

အခန်းထဲ ဝင်ကြည့်လိုက်တော့ အားလုံးသေချာ ပြင်ဆင်ထားပြီးသား King Size မွေ့ရာကြီးနဲ့ မင်္ဂလာအိပ်ခန်းက သေချာပြင်ထားတာမို့ ထပ်ပြီး အံ့အားသင့်ရပြန်ပါတယ်

"ဒါက မားမား ရှိကတည်းက ငါ အိမ်ထောင်ကျရင် နေဖို့အခန်းဆိုပြီး သေချာ သတ်မှတ်ထားပြီး မားက လုပ်ထားပေးတာ လက်တွဲဖော်တွေ မို့ စိတ်ကတောက်ကဆ ဖြစ်ပြီး အရမ်းစိတ်ညစ်တဲ့အချိန်ဆို ကိုယ်ပိုင်သီးသန့် အခန်းလေးထဲမှာ စိတ်ပြေတဲ့အထိ နေချင်တာ မားမားရဲ့ ဆန္ဒပဲ မားမားတုန်းက ပါးပါး အိမ်လိုက်နေရတာဆိုတော့ အဲလို ကိုယ်ပိုင်အခန်း မရှိဘူး ဒါကြောင့် မားမားက ငါ့အတွက် Single ဘဝတုန်းက အခန်းကို အိမ်ထောင်ကျလည်း ဒီအတိုင်းထား တကယ်လို့များ စကားများ ရန်ဖြစ်ခဲ့ရင် ကိုယ့်အခန်းထဲ ကိုယ်ပြန်ဝင်လိုက်ရုံပဲတဲ့ အိမ်ပေါ်က ဆင်းမယ်တွေ ဘာတွေ လုပ်စရာ မလိုတော့ဘူးပေါ့တဲ့ မားမားတုန်းက အဲလို အခန်းမျိုးမရှိခဲ့လို့ အိမ်ပေါ် က ဆင်းခဲ့တာရယ်၊ ဆင်းလက်စနဲ့ မာနမလျော့ချင်တာတွေရယ် ပေါင်းပြီး ပါးပါးနဲ့ လုံးဝပြန်မဆက်သွယ်ခဲ့တာလေ အရင်ခေတ် ခုခေတ်လို အင်တာနက်ဆိုတာတွေမရှိခဲ့လေတော့ ပါးပါးနဲ့မားမား ပြန်မဆုံ ဖြစ်တော့ဘူးလေ အဓိက တရားခံက ငါပေါ့ ငါ့ကြောင့် ငါ အဲဒီမိသားစုထဲ ခွဲခြားဆက်ဆံခံရမှာ လုံးဝမဖြစ်စေချင်တဲ့စိတ်ရယ်ကြောင့် မားမားက ပါးပါး ဘယ်မှာရှိတယ်ဆိုတာ သိတာတောင် လုံးဝမဆက်သွယ်ခဲ့တာ ပါးပါးကို သတိရတိုင်း ဓါတ်ပုံလေး ထုတ်ကြည့်ပြီး တိတ်တိတ်လေး ခိုးငိုတာမျိုး၊ ငါငယ်ငယ်ကဆို ငါ့လက်လေးဆွဲပြီး ပါးပါးရှိတဲ့ ရှန်ဟိုင်းသွားပြီး အဝေးကနေ မျက်နှာလေးခိုးကြည့်ပြီး ဟိုမှာ ကလေးရဲ့ ပါးပါးလေ မှတ်ထားနော်ဆိုပြီးလုပ်ခဲ့တာ ငါ့မားမားက အရမ်းသနားစရာကောင်းလိုက်တာ"

ပြောလည်းပြောပြီး သူ့မားမားကို သတိရတဲ့စိတ်နဲ့ ရှောင်းကျန့် မျက်ရည်လေးဝဲလာမို့ ရိပေါ်ကပဲ

"အချစ်ရယ် စိတ်မကောင်းစရာ မတွေးနဲ့လေ အခုဆို မားမားက သူ့ကလေးလေး ကို ကာကွယ်စောင့်ရှောက်ပေးမယ့် ရိပေါ်လို သမက်ချောချော အလိမ်မာ အိမ်ပါလေးကြောင့် စိတ်ချလက်ချ ကောင်းကင်ဘုံမှာ နေလို့ရပြီလေ"

" မားမား ကျေနပ်မှာပါ"

"ကဲ ကဲ မင်္ဂလာဝတ်စုံလေး ဝတ်ထားကြရအောင် ဘယ်သူမှ မလာခင်"

ရိပေါ်ကို ပြောပြီး ရှောင်းကျန့် က ဗီဒိုထဲက Suit အဖြူလေး နှစ်ထည်ကို ထုတ်လာပါတယ်

" အချစ် ဘာလို့ နှစ်ထည် ဖြစ်နေတာလဲ"

"တစ်ထည်က ငါ ဝတ်မှာလေ "

"အချစ် ဘာလို့ Suit ဝတ်မှာလဲ Wedding Grown မဝတ်ဘူးလား "

"မဝတ်ပါဘူး ငါမှ ဂါဝန် မကြိုက်တာ အဲဒါထက် ငါချစ်တဲ့သူနဲ့ ငါက ဆင်တူပဲဝတ်ချင်တာ "

"ဟာ အချစ်ကလည်း ဘယ်ကောင်းပါ့မလဲ ကျွန်တော့ချစ်သူလေးကို ကျွန်တော်က ဂါဝန်အဖြူလေး ဝတ်စေချင်တာ အချစ်မနေ့က ပြောတုန်းက အချစ်က ကျွန်တော့် အတွက် ချုပ်ထားသလို ကိုယ့်အတွက်လည်း ကိုယ် ချုပ်ထားပြီးသားဆိုလို့ မနေ့က ဂါဝန်သွားမဝယ်လိုက်တာ အချစ်ခုလို ချုပ်ထားမှန်းသိရင် သွားဝယ်ပါတယ် အခုလည်း မှီသေးတာပဲ အချစ် သွားဝယ်ရအောင်"

"ရိပေါ် မင်းက ဂါဝန်အဖြူဝတ်ထားတဲ့ ကောင်မလေးနဲ့ လက်ထပ်ချင်တာလား ငါနဲ့လက်ထပ်ချင်တာလား"

"ဟာ အချစ်ကလည်း အချစ်နဲ့လက်ထပ်ချင်တာပေါ့ ကျွန်တော်လက်ထပ်တဲ့ အချစ်ကို ဂါဝန်အဖြူလေး ဝတ်စေချင်တာလေ "

" ငါ က မဝတ်ချင်ဘူးလေ"

" ဟာ အချစ်ကတော့ ထူးထူးဆန်းဆန်း လုပ်ပြန်ပြီဗျာ"

" ငါ လက်ထပ်မယ့်နေ့မှာ ငါ့ချစ်သူနဲ့ ငါ တူတူဝတ်ချင်တာ ပြီးတော့ ငါဝတ်မယ့် ဝတ်စုံကို ငါရွေးချယ်ပိုင်ခွင့် ငါ့မှာ မရှိဘူးလား မင်း Suit ဝတ်ရင် ငါလည်း Suit ဝတ်မှာ ငါ့ကို ဂါဝန်ဝတ်စေချင်ရင် မင်းလည်း ဂါဝန်ဝတ် မင်းကြိုက်တာရွေး ငါက ငါလက်ထပ်မယ့်မင်းနဲ့ ဆင်တူပဲ ဝတ်ချင်တာ"

" အချစ် ရှောင်းကျန့်ရာ... ရှောင်းကျန့်.... သူများတွေ ပြောကြမှာပေါ့ အချစ်ကလည်း"

"မင်းသူများ ပြောမှာကို ကြောက်တာလား ငါ စိတ်မကောင်းဝမ်းနည်းရမှာကို ကြောက်တာလား သူများ မျက်လုံးထဲ အဆင်ပြေစေချင်စိတ်တစ်ခုတည်းနဲ့ ငါ ဖြစ်ချင်တဲ့ ဆန္ဒသေးသေးလေး ငါ့ချစ်သူနဲ့ငါ ဆင်တူလေးပဲ ဝတ်ချင်တဲ့ ဘာမှ မခက်ခဲတဲ့ အဝတ်အစားကိစ္စတောင် မင်း ငါ့ကို လက်မခံချင်ဘူး ငါ့ကို တစ်ခြားသူတွေ လက်မခံတာ မထူးဆန်းဘူးပဲ ငါချစ်တဲ့သူတွေ ငါ ဖြစ်ချင်တာတွေကို ဘယ်တုန်းကမှ လက်မခံခဲ့ကြဘဲ ရတယ်လေ မင်းကြိုက်တဲ့ ချောချောလှလှ ကောင်မလေးတစ်ယောက်သာ မင်းကြိုက်တဲ့ ဝတ်စုံ ဝတ်ပြီး လက်ထပ်လိုက်ကြတော့ ငါသွားပြီ"

ပြောပြောဆိုဆိုနဲ့ ရှောင်းကျန့်က အခန်းထဲက ချက်ချင်းကြီး ထွက်ပြေးသွားတာမို့ ရိပေါ် အသည်းအသန် လှမ်းဆွဲရပါတယ် ရှောင်းကျန့်က အတင်းရုန်း ရိပေါ်ကလည်း မလွှတ်ပေးဘဲ အတင်းဖက်ထားရပါတယ်

"အချစ် ပြောတာနားထောင်ဦး အချစ်သဘော ဘာဝတ်ဝတ် ကျွန်တော် ဘာမှ မပြောတော့ဘူး အချင်းချင်း ညှိနှိုင်းရအောင်ပါ အချစ်"

"အချစ်က အချစ်ရဲ့ ဆန္ဒကို ပြောသလို ကျွန်တော်ကလည်း ပိုကောင်းမယ်ထင်တာ ပြောတာပါ အချစ်က လွှဲလို့ ဘယ်သူနဲ့မှ လက်မထပ်နိုင်ပါဘူး အချစ်ဖြစ်ရင်ပြီးရော ဘာကိုပဲဝတ်ဝတ် ကျွန်တော့်အချစ်က ရှောင်းကျန့် ဖြစ်နေဖို့ပဲလိုတာပါ လာပါ အချစ်ရယ် စိတ်မကောက်နဲ့နော် အချစ်ရဲ့ အတွေးအခေါ်တွေက ထူးဆန်းလွန်းလို့ ကျွန်တော်လိုက်မမှီတာပါ အချစ်ရယ် မရုန်းပါနဲ့တော့ ပြောတော့ ကျွန်တော့ကို ချစ်တယ်ဆို"

"ချစ်တာက ချစ်တာပဲ ငါ Gender Discrimination မကြိုက်ဘူးလို့ ဒီလောက်ပြောထားတာကို ငါ့ကို မိန်းကလေးမို့ wedding grown ဝတ်ဆိုပြီး လာပြောတာ ဘယ်ကောင်လဲ"

"အဲ အချစ် အဲလို ကြမ်းကြမ်းတမ်းတမ်း ပြောတတ်ပေါ့ "

"ပြောတတ်တယ် ဘာဖြစ်လဲ"

"ဘာမှ မဖြစ်ပါဘူး အချစ်ကို ချစ်တဲ့ ဟောဒီက ဝမ်ရိပေါ်ဆိုတဲ့ကောင် က ပြောမိပါတယ် ခင်ဗျ အချစ်က ထူးဆန်းလိုက်တာ မိန်းကလေးတိုင်းလိုလို Wedding Grown လှလှလေးတွေ ဝတ်ချင်ကြတာပဲ ကြားဖူးတယ် အချစ် ကျမှ ဆင်တူ Suit လိုက်ဝတ်ချင်ရတယ်လို့ "

"ဘာဖြစ်လဲ မကျေနပ်ဘူးမလား ငါက မင်းထင်သလို မင်းမြင်နေကျ ကောင်မလေး မဟုတ်ဘူး"

ပြောလည်းပြော ဒေါသထွက်ပြီး စူပုပ်အော်ဟစ်နေတဲ့ ရှောင်းကျန့်ရယ်ပါ့ နှုတ်ခမ်းထော်ထားတာများ ချစ်စရာကောင်းလိုက်တာ ချစ်လွန်းလို့ ရိပေါ် ရှောင်းကျန့်ရဲ့ နှုတ်ခမ်းတွေကို အားရပါးရရှိုက်နမ်းပစ်လိုက်ပါတယ်

ပြောဆိုရန်ဖြစ်နေတာ အကုန်ဘယ်ရောက်ကုန်မှန်း မသိပါဘူး ... ရှောင်းကျန့်ဒေါသတွေ မပြေမချင်း ရိပေါ် အနမ်းနဲ့ပဲ ရအောင်ချော့လိုက်ပါတယ် မျက်စောင်းထိုးရင်လည်း ဘာမှမပြောဆွဲနမ်းလိုက်တာပါ မကျေနပ်ဘူးလို့ ပြောရင်လည်း ပြုံးပြီးဘာမှ ပြန်မပြောပဲ ဆွဲနမ်းလိုက်တာပဲ သွားလို့ ပြောရင်လည်း ဆွဲနမ်းလိုက်တာပဲ အနမ်းနဲ့ချော့တာ ခုတစ်ခါ တော်တော်အဆင်ပြေတာပဲ စကားလည်း ပြောစရာမလိုသလို စိတ်ကျေနပ်မှုကလည်း အပြည့် နောက်ခါ ဘာကြောင့်ပဲစိတ်ဆိုး စိတ်ဆိုး အနမ်းနဲ့ပဲ ချော့ဖို့ ရိပေါ် ဆုံးဖြတ်လိုက်ပါတယ်

"ကျေနပ်ပြီမလား အချစ်လာ အဝတ်အစားလဲကြရအောင်"

"ရော့ ဒီဝတ်စုံ ကမင်းအတွက် စိန်အစစ်လေးတွေ ထည့်ချုပ်ထားတာ ဒါက ငါ့ဟာ ငါက ပတ္တမြားကြိုက်လို့ ပတ္တမြားပွင့်လေးတွေ ထည့်ချုပ်ထားတာ ကျန်တာ အားလုံး မင်းနဲ့ငါ ဆင်တူ မင်းဒီဘက် အခန်းမှာလဲလိုက် ငါ က ငါ့အခန်းမှာ ငါသွားလဲလိုက်မယ်"

"ကျွန်တော်လဲပေးမယ်လေ အချစ်"

"နာချင်နေတာလား ငါ့ကို အတွန့်မတက်နဲ့ ချစ်လို့ ခွင့်လွှတ်ထားတာ မဟုတ်ရင် မင်းကို နှုတ်နှုတ်စင်း ပစ်တာကြာပြီ"

" နှုတ်နှုတ်တော့ မစင်းပါနဲ့ အချစ်ရယ် နှုတ်ခမ်းနဲ့တော့ ဗျင်းချင်သလောက်ဗျင်း ဘယ်နားကို ဗျင်းချင်လဲပြော ချက်ချင်းအသင့်ပြင်ပေးမယ်"

ရိပေါ်စကား အဆုံး ရှောင်းကျန့် ဟွန့်လို့ ပြောပြီး လှည့်ထွက်သွားပါတယ် ရိပေါ်လည်း အဝတ်အစား ဝတ်ကြည့်တော့ လုံးဝကို ကွက်တိနဲ့ ကိုယ့်ကိုကိုယ် အရမ်းကို ကျေနပ်နေတာပါ ဒီဇိုင်နာကို ချစ်သူတော် ထားရတော့ ခုလို Limited Edition ဘယ်နားမှာမှ မရနိုင်တဲ့ ဝတ်စုံမျိုးကို အဆင်သင့် လည်း ကောက်ဝတ်ခွင့်ရသေးတယ် ကွက်တိကလည်းကျနေတယ်ဆိုတော့ ရိပေါ်တို့တော့ တော်တော်ကံကောင်းတာပဲ လို့ စဉ်းစားမိပြီး ရိပေါ် ပြုံးမိပါတယ် ခဏကြာတော့ ရိပေါ်တို့အခန်းထဲကို ရှောင်းကျန့်ဝင်လာပါတယ် အားပါးပါး တစ်ခါမှ မြင်နေကျပုံစံမျိုး မဟုတ်လို့ ထင်ပါရဲ့ Suit နဲ့လည်း ကျွန်တော့်အချစ် ရှောင်းကျန့်က တော်တော်လှတာပဲ ဆံပင်အရှည်ကြီးရယ် မိတ်ကပ်ပါးပါးလေးပေါ်မှာ နှုတ်ခမ်းအဆီလေးဆိုးထားရုံနဲ့တင် ဘာမှ ပြင်ဆင်စရာမလိုအောင် ကျွန်တော့်အချစ်က တော်တော်လှတာပဲ

"အာ ဒီလို Suitနဲ့လည်း အချစ်က လှနေရောပဲ ဆံပင်အရှည်ကြီးသာ မပါရင် အချစ်လို ပိန်ပိန်ပါးပါး LCD လေးလိုမျိုးဆိုတော့ မသိရင် တရားသူကြီးတွေ ရှေ့နေတွေက ကိုယ်တို့ကို ယောက်ျားလေးချင်း လက်ထပ်တယ် ထင်နေဦးမယ်"

ဆံပင်အရှည်နဲ့ပုံမတွေ့လို့ ဒီလိုဆင်တူလေးကိုမှ ကျန့်ကျန့်က
ဆံပင်အရှည်လေးနဲ့ပါ ပုံဖန်းတီးထားသူတွေကိုလည်း Credit ပေးပါတယ်

"ထင်တော့လည်း ဘာဖြစ်လည်း ဘာလဲမင်းက ဒီလိုပုံစံနဲ့ လက်မထပ်ချင်ဘူးလား"

"မဟုတ်ပါဘူး အချစ်ကလည်း လက်ထပ်မှာပေါ့ သဘောပြောပြတာပါ လာပါဦး ဖက်ထားပါရစေ နမ်းပါရစေဦး ကိုယ့်အချစ်ကလည်း စွာတတ်လိုက်တာ"

"စွာတာ မင်းကိုပဲ စွာတာပါ ချစ်လို့ ငါလူတိုင်းကို အဲလို မဆက်ဆံတာ မင်းသိရဲ့သားနဲ့"

"သိပါတယ် ကြိုက်သလောက်စွာလို့ရတယ် ပြီးရင်သာ စွာထားသလောက်ပြန်အနမ်းခံ ဒါဆိုရပြီ"

" အနမ်းလည်းခံမယ် မင်းလည်း အချစ်စမ်းခံဖို့သာ ပြင်ထား"

"ဟား...ဟား ရှောင်းကျန့်သာ အချစ်စမ်းမယ်ဆိုလို့ကတော့ ရိပေါ်က နေရာမရွေး အချိန်မရွေး အချစ်စမ်းခံနိုင်တယ် အခုအချစ်စမ်းကြမလား"

"တော်ပြီ ရိပေါ် သူငယ်ချင်းတွေရော တရားသူကြီးတွေရော ရောက်တော့မယ် အဝတ်လဲနေတုန်းက ကျန်းချန်ဖုန်းဆက်တာ နောက် နာရီဝက်လောက်နေရင် ရောက်တော့မယ်တဲ့ ဟိုတယ်က ထွက်လာပြီ တဲ့ အောက်သွားဆင်းစောင့်ရအောင် "

"သွားကြမယ်လေ ကျွန်တော့် သူငယ်ချင်းတွေလည်း ရောက်တော့မှာတဲ့"

ရိပေါ်နဲ့ ရှောင်းကျန့် အောက်ဆင်းစောင့်ပြီး ခဏလည်းနေရော Hotel က အစားအသောက် Service ပေးမယ့်အဖွဲ့ ရောက်တာမို့ နေရာချထားတာ အစားအသောက်စီစဉ်ဖို့ပြပေးလိုက်ပါတယ် အားလုံးက ဆံပင်အရှည်ကြီးနဲ့ Suit နဲ့ ဆန်းသစ်လှပနေတဲ့ ရှောင်းကျန့်ကို ကွက်ကြည့်ကွက်ကြည့်လုပ်ကြပါတယ် ရှောင်းကျန့်ကတော့ အဲဒါတွေ ဘာမှ ဂရုမစိုက်ဘဲနဲ့ လုပ်ချင်ရာလုပ်ထားပြီး အလှဆုံးပြုံးနေတာပေါ့ မကြာပါဘူး ဟောက်ရွမ်းတို့လည်း အုပ်စုလိုက်ကြီး ရောက်ချလာပါတယ် ဟောက်ရွမ်းနဲ့ ကျိရန် က ကားတစ်စီး ၊ ယွီပင်း နဲ့ ဟွိုက်စန်းက တစ်စီး ရောက်လာတာပါ ရောက်ပြီး ကားပေါ်ကဆင်းလာတာနဲ့ အကုန်လုံးက ရှောင်းကျန့်ကို မြင်ပြီး အံ့အားသင့်ကြပါတယ်

"အာ ကျန့်ကျန့် Suitတွေ ဘာတွေနဲ့ပါလား ကျွန်တော်တို့က ဂါဝန်ဝတ်မယ် ထင်ထားတာ "

" ကျန့်ကျန့် လက်ထပ်မှာလေ ကျန့်ကျန့် ကြိုက်တာဝတ်တာ အပြစ်ရှိလို့လား"

"အာ မရှိပါဘူး ထူးဆန်းလို့ပါ"

"မင်းတို့ကလည်း ဘာမှ မထူးဆန်းဘူး အချစ်က ငါနဲ့ဆင်တူလေး ဝတ်ပြီး လက်ထပ်ချင်တာမို့လေ ဧည့်ခံပွဲကျင်းပနေတာမှ မဟုတ်တာ ဆင်တူဝတ်ချင်လို့လေ Couple ဝတ်စုံလေ Couple"

"အာ... အဲဒီလိုလား စိတ်ကူးကောင်းသားပဲ အမြင်ဆန်းသွားတာပေါ့"

"ရိပေါ် သူငယ်ချင်းတွေ ခေါ်သွားလေ အထဲမှာ စားရင်းနဲ့စောင့်လေ Hotel က Service အဆင်သင့်ဖြစ်နေပြီမလား"

"လာ သွားကြစို့ မင်းတို့ အထဲမှာ စောင့်နေကြဦး ငါ အပြင်မှာ ရှောင်းကျန့်နဲ့ အဖော်သွားလုပ်ပေးလိုက်မယ် တရားသူကြီး နဲ့ ရှေ့နေလာရင် စုံတွဲလိုက် စောင့်နေတာမျိုးဖြစ်အောင် "

"ဟေ့ကောင် ပိုကို ပိုတယ်"

ရိပေါ် သူငယ်ချင်းတွေ ကို အထဲမှာ ထားခဲ့ပြီး အပြင်ပြန်ထွက် လာပြီး မကြာခင် ကျန်းချန်နဲ့ အတူ တရားသူကြီး ရော ရှေ့နေရော ပါလာခဲ့ပါတယ်

" ကျန့်ကျန့် ကိုယ် ကားနေရာရွေ့ပြီး အထဲလိုက်ခဲ့မယ် မင်းအထဲဝင်နှင့် "

"အေး အေး ကျန်းချန် လိုက်ခဲ့လိုက် ငါအထဲဝင်နှင့်ပြီ ပြီးမှ အားလုံးပြီးမှ ရိပေါ် နဲ့ မိတ်ဆက်ပေးတော့မယ်"



လက်မှတ်ထိုးဖို့ အားလုံးအဆင်သင့်ဖြစ်တော့ လက်မှတ်ထိုးဖို့ လက်ထပ်စာချုပ်ကို ဖွင့်လိုက်တော့ ထူးထူးဆန်းဆန်း ၀မ်ရိပေါ် ၊ ရှောင်းကျန့် လို့စာရေးထားတဲ့နေရာကလွဲရင် ကျန်တဲ့နေရာ ဘာမှမမြင်ရပါဘူး လက်မှတ်ထိုးစရာနေရာ ချန်ထားတာကလွှဲရင် ကျန်တဲ့စာရေးထားတဲ့အစိတ်အပိုင်းအားလုံး စတစ်ကာတွေနဲ့ အုပ်ထားတာမို့ ဘာမှ မမြင်ရပါဘူး တရားသူကြီးရဲ့နာမည်နဲ့ရာထူးနေရာတွေလည်း အဲလိုပါပဲ အသိသက်သေ နေရာမှာလည်း ကျန်းချန် နဲ့ ဟောက်ရွှမ်း နာမည်ရဲ့အပေါ်မှာ လက်မှတ်ထိုးစရာနေရာပဲ ကွက်ချန်ထားတာမို့ အားလုံးက ထူးထူးဆန်းဆန်း နဲ့ ကြည့်ကြပါတယ် ရှောင်းကျန့်က အားလုံးကို အပြုံးလေးနဲ့ ကြည့်ပြီး

"အာ...ဒါ ရိပေါ်ရဲ့ ငါ့အပေါ် ထားတဲ့ယုံကြည်မှုကို စမ်းသပ်တာပါ ဒါ ထိမ်းမြားလက်ထပ်စာချုပ်ပါ ရေးထားတဲ့ စာတွေက ထိမ်းမြားလက်ထပ်ခြင်းနဲ့ဆိုင်တာတွေပဲရေးထားပါ မင်းငါ့ကို ယုံကြည်ရင် လက်မှတ်ထိုးလို့ရတယ် မယုံကြည်လည်း ဒီနေ့က လက်မှတ်မထိုးတာကလွှဲရင် အားလုံးအတူတူပဲ"

"အချစ် ဘာသဘောလည်း ကျွန်တော် နားမလည်ဘူး"

"ဘာမှ မဟုတ်ဘူး မင်းငါ့ကို စာချုပ်စာတမ်းနဲ့ လက်မှတ်ထိုး လက်ထပ်ချင်ရင် အဲဒီ ဘာရေးထားမှန်း မသိတဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးလို့ရတယ် မထိုးလည်း ဒီနေ့က မင်းနဲ့ငါ လက်ထပ်တဲ့အကြောင်း အရင်းနှီးဆုံး မိတ်ဆွေတွေနဲ့ တရားသူကြီးတွေ ရှေ့နေတွေကို အသိပေးတဲ့နေ့ ဘာမှ မကွာခြားဘူး ငါတို့ လက်ထပ်တဲ့နေ့ ဒီစာချုပ်နဲ့ ငါက မင်းကိုချည်နှောင်မှာ မဟုတ်လို့ ငါက ချစ်သက်သေအနေနဲ့ လိုချင်လို့ ပြင်ဆင်ထားတဲ့ စာချုပ်သက်သက်ပဲ မင်းရွေးချယ်လို့ရတယ် လက်မှတ်ထိုးထိုး မထိုးထိုး ဒီနေ့က ငါတို့ လက်ထပ်ကြတဲ့နေ့ပေါ့"

ရှောင်းကျန့်စကားအဆုံး ရိပေါ်က

" ထိုးတယ် ကျွန်တော် ဒီစာချုပ်က ဘာပဲရေးထားရေးထား အချစ် ရှောင်းကျန့် နဲ့ ကျွန်တော့် လက်မှတ်လေး တွဲရက်မို့ သေချာတယ် လက်ထပ်စာချုပ်မို့ ကျွန်တော်ရဲရဲကြီးထိုးပါတယ် "

ပြောပြောဆိုဆိုရိပေါ်က လက်ထပ်စာချုပ်နှစ်စောင်လုံးကို အရင်ဆုံးလက်မှတ်ထိုးလိုက်ပါတယ်

ပြီးတော့ ရှောင်းကျန့် လက်မှတ်ထိုး ၊ ကျန်းချန်၊ဟောက်ရွှမ်း နဲ့ တရားသူကြီးတို့ လက်မှတ်ထိုးလိုက်ကြပြီး လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးခြင်းက အောင်အောင်မြင်မြင်နဲ့ ပြီးစီးသွားပါတယ်

"ရိပေါ် လက်ထပ်စာချုပ် နှစ်ခုလုံးကို ငါသိမ်းထားမှာနော်"

"ဘယ်သူသိမ်းသိမ်း အတူတူပဲလေ အချစ်သိမ်းထားတော့ ပိုကောင်းတာပေါ့"

ရိပေါ်ရဲ့ သဘောတူခွင့်ပြုချက်ရတာနဲ့ ရှောင်းကျန့် ပြုံးရွှင်ကျေနပ်စွာနဲ့ အပေါ်ထပ်တက်ပြီး စာချုပ်ကို သွားသိမ်းပါတယ် ရှောင်းကျန့်တက်သွားချိန် ရိပေါ်တို့ သူငယ်ချင်းအချင်းချင်း ရိပေါ်ကို အရင်ဆုံး လက်ထပ် သွားလို့ ဝိုင်းပြီး နည်းလမ်းလေးမစကြဖို့ Bachelor night ကို Special ဖြတ်သန်းကြဖို့တိုးတိုး နဲ့ ဝိုင်းစကြတာပေါ့ ဒီနေ့ အကျွေးအမွေးနဲ့တင် မလုံလောက်တာမို့ ညပါတီပေးဖို့ တစ်ဝိုင်းဧည့်ခံဖို့ ဝိုင်းပြောကြတာမို့ ရိပေါ် လက်ခံလိုက်ပါတယ် ရှောင်းကျန့်ရဲ့ သူငယ်ချင်း ကျန်းချန်နဲ့ ရင်းနှီးသွားပါတယ် ည Dinnerကိုတောင် ကျန်းချန်ကိုခေါ်တော့ သူက သူ့ကောင်မလေးနဲ့ ချိန်းထားပြီးသားလို့ ပြေလို့ အတင်းမခေါ်ဖြစ်လိုက်ပါဘူး

ရှောင်းကျန့်ပြန်ဆင်းလာတော့

"ကျန့်ကျန့် ည Dinner တစ်ဝိုင်းပေးဖို့ ရိပေါ်ကို ကျွန်တော်တို့ ပြောထားတယ်နော်"

"တစ်ဝိုင်းမကဘူး ကျွေးနိုင်ပါတယ် ရိပေါ်ကို တော့ စောစော ပြန်လွှတ်နော် "

ရှောင်းကျန့်စကားအဆုံး ယွီပင်းက

"အမလေး စိတ်ချ ကျန့်ကျန့် ရေ ဒီကောင်က မင်္ဂလာဦးမို့ ဆွဲထားတောင် ရမှာမဟုတ်ဘူး"

"အဲလိုဆို အားကိုးပါတယ် ဆွဲလို့ရသမျှ ဆွဲထားပေးဦးနော် ပြန်မလွှတ်လေ ကျန့်ကျန့်က ကြိုက်လေပါနော်"

ရိပေါ်က စူပုပ်ပုပ်နဲ့ ဝင်ပြီး

"မရဘူး အချစ် ကျွန်တော် ရောက်အောင်ပြန်လာမှာ"

ရိပေါ် စကားကြောင့် အားလုံးက ပြုံးဖြီးဖြီး ဖြစ်နေချိန် ဟွိုက်စန်းက ဝင်ပြီး

"သတိုးသားကြီးက မင်္ဂလာဦးဖို့ အရောက်ပြန်လာမှာမို့ ကျန့်ကျန့်က အားမွေးထားပါတဲ့ခင်ဗျာ"

ဆိုပြီး ဝင်စပါတယ် ရှောင်းကျန့်က မလွယ်တဲ့သူမို့

" ဟား...ဟား... စိန်လိုက်လေ ရိပေါ်က စိန်ခေါ်ရင် ဒီက တိမ်ပေါ်အထိလိုက်မယ့်သူပါနော်"

"ဝိုး ...ဝိုး...ဝိုး"

"ပြီးမှ သူ့ကို တိမ်ပေါ်က ကန်ချမှာ"

ရှောင်းကျန့်ရဲ့ စကားကြောင့် အားလုံးက မပြုံးပဲ ဝါးလုံးကွဲ ရီချလိုက်တာကြောင့် လက်ထပ်စာချုပ်လက်မှတ်ထိုးပွဲလေးက လူအရမ်းနည်းပေမယ့် စည်စည်ကားကားလေးနဲ့ ပျော်ရွှင်ဖွယ် ပြီးဆုံးသွားခဲ့ပါတယ်......

Continue Reading

You'll Also Like

49.3K 1.6K 5
Hello! ​စာ​ရေးသူရဲ့ ပုံ​ဖော်​မှုတစ်​ခုသာဖြစ်​ပါတယ်​ မနှစ်​သက်​သူများမဖတ်​ရန်​အထူးသတိ​ပေးပါတယ်
2K 127 11
' မင်းက တကယ် စိတ်ပျက်ဖို့ကောင်းတယ့် ကောင် ' ' ကျနော် ကိုကို့ အပေါ် ဘာအမှားများ ကြူးလွန်ဖူးလို့လဲ '
11.5K 207 38
This is the sequel to The Wolf-Con and the Cadet and New Life, New Obstacles. They will go on adventures, experience new things, and do all sorts of...
1.5K 191 13
Nisha Sharma is the sole heiress of the Sharma empire and an orphan. She is known throughout the world for her intelligence, generosity and deep kind...