(unicode)
စွယ်သော်လင်းနာရီကိုကြည့်လျက် တစ်စုံတစ် ယောက်အလာကို စောင့်နေသည်။ အချိန်သည် ကား ၁၁ နာရီကျော်နေလေပြီး။ လူကြီးအား ကားပါကင်အထိလိုက်ပို့ခဲ့ပြီး ယခု၌ အခန်းတွင်းဆိုဖာထက်မလှုပ်မရပ်ထိုင်နေသည်မှာလည်း နာရီဝက်ကျော်နေချေပြီး။
အခန်းတံခါးကိုလည်း အသာစေ့ထားသည်။ အထုတ်အပိုးအချို့ကိုလည်း ပြင်ဆင်ထား၏။ ပြင်ဆင်ထားသောအိတ်တို့မှာ များများစားစားမဟုတ်ဘဲ လက်ဆွဲအဝတ်အိတ်အလတ်စားတစ်လုံးနှင့် ကျောပိုးအိတ်ဖြူဖြူတစ်လုံးသာ။
ဦးမင်းထွဋ်ခေါင် အလုပ်နှင့်သက်ဆိုင်သောဖိုင်တချို့ယူရန် ဒေါင်းမာန်တိုက်ခန်းသို့ ထွက်လာခဲ့သည်။ ဒေါင်းမာန်အခန်း ဘေးကပ်ရက်မှာ စွာလန်လေး၏အခန်းဖြစ်၍ စွာလန်လေးအတွက် ကိတ်ပိုင်းများလည်း လမ်းကြုံဝယ်ခဲ့လိုက်သည်။
ဒေါ်ပပသိင်္ဂီမှာ အသက်လေးဆယ်ကျော်ငါးဆယ်နားရှိပြီးသော အမျိုးသမီးတစ်ယောက်နှင့်ပင်
မတူစွာ ကျော့ရှင်းဖြတ်လတ်နေဆဲ။ ခြေလှမ်းတို့သည်လည်း မကျယ်မကျဥ်းလှမ်းလျက် ကုန်းခြင်း၊ ကိုင်ခြင်းအလျင်မရှိစွာဖြင့် အခန်းနံပါတ် ၅၂၈ သို့ တည့်တည့်မတ်မတ် လျှောက်လာနေ
ပေသည်။ မျက်နှာသည်လည်း မပြုံးမတည်စွာ
ရှိနေ၏။
အခန်းနံပါတ် ၅၂၈ ရှေ့ရောက်လျှင် တံခါးခေါက်ရန် လက်ကို အသာမြှောက်လိုက်သော်လည်း စေ့ရုံစေ့ထားသောတံခါးကြောင့် အသာဖွင့်၍ ဝင်ခဲ့လိုက်သည်။ ခြေလှမ်းခြောက်လှမ်းခန့် လှမ်းလိုက်ပြီးသည်နှင့် ဆိုဖာထက်ထိုင်နေသော သားဖြစ်သူကို အခန့်သားတွေ့လိုက်ရ၏။
" ဘာလို့လဲ စွယ်သော်လင်း၊ အလုပ်တွေ ဘယ်ချိန် စလေ့လာတော့မလဲ "
" ဘာလို့ အတိကျပြောနိုင်တာလဲ "
" သော်လင်း သား... မင်းအလုပ်လေ့လာတာနဲ့ အမွေဖြတ်ခြင်းကို ချက်ချင်းပြန်ဖျက်ပေးမယ်၊ လေ့လာရုံနဲ့ မပင်ပန်းသွားပါဘူး၊ သုံးစရာငွေ
မရှိရင်ဘဲ စိတ်ပိုပင်ပန်းရမှာမလား "
သတိပေးခြင်းမည်သော ခြိမ်းခြောက်စကားကြောင့် စွယ်သော်လင်း မျက်နှာကိုတည်ငြိမ်ဟန်ပြုထားရသော်လည်း စိတ်ထဲအားငယ်လာမိသည်။ အလုပ် မလေ့လာချင်ခြင်းထက် ပထွေးငယ်ငယ်နှင့် မတွေ့ချင်၍ဆို ပိုမှန်ပေသည်။ သားဖြစ်သူဘက် မတွေးပေးသော ဖြစ်ချင်သည်ကိုသာတွေးသော မိခင်ဖြစ်သူကိုလည်း စွယ်သော်လင်းအံ့သြရသည်။
" အင့် "
စားပွဲထက်မှ အသာတွန်းပေးလာသော ဘဏ်
ကဒ်နှင့် သော့တစ်ချောင်း။
" မင်းပိုက်ဆံမရှိဘဲ ဘယ်နှစ်ရက်နေနိုင်မှာလဲ၊ နောက်ဆုံးကျ ပြန်လာရမည်အတူတူ အခုတည်းက လိမ္မာလိုက်ပါလား သား "
ဘာမှထပ်မပြောချင်တော့၍ ကျောပိုးအိတ်ကိုလွယ်ပြီး လက်ဆွဲအိတ်ကိုယူလိုက်သည်။ အခန်းပြင်ထွက်သွားသော သားဖြစ်သူကြောင့် ဒေါ်ပပသိင်္ဂီ စိတ်တိုရသည်။ မဖြစ်နိုင်တာတွေလုပ်ချင်နေသူနောက် လိုက်ထွက်လာခဲ့လျှင် အနောက်တစ်ချက်ပြန်မကြည်ဘဲ ကျောပေးလျက်လမ်း လျှောက်နေသူကြောင့်
" စွယ် သော် လင်း ! "
ခေါ်သံကြောင့် ခြေလှမ်းတို့ကို ခဏရပ်လိုက်ပြီး ထိုမှ ရှေ့သိုဆက်လှမ်းလိုက်သည်။ အနောက်မှလျှောက်လာသော ဒေါက်ဖိနပ်သံမှာ ပိုနီးလာ၏။
" မင်း ! ဘယ်သူအားကိုးနဲ့ မအေကို လူပါးလာဝနေတာလဲ ! သော်လင်း "
" ဘယ်သူက လူပါးဝနေလို့... "
" ငါ့အားကိုးနဲ့လေ "
ပြောစကားမဆုံးခင် ဖြတ်ပြောလာသူထံထိတ်လန့်စွာ ကြည့်လိုက်ပြီး နှုတ်မှလည်း...
" ဦးလေးကြီး ! ! "
" အင်း။ ရော့ မင်းအတွက် "
ကမ်းပေးလာသော အထုပ်ကိုယူပြီး ကြည့်လိုက်လျှင် ကိတ်ပိုင်း ၅ ပိုင်းအတိအကျ။
" ရှင်က ဘယ်သူလဲ "
မထင်မှတ်ထားသော ဖြတ်ပြောလာသူကြောင့် မေးခွန်းထုတ်လိုက်သည်။
"........."
ပြန်မဖြေဘဲရှိနေသူကို ဒေါ်ပပသိင်္ဂီသေချာကြည်ဖြစ်သည်။ သားဖြစ်သူနှင့် အသက်ရွယ်လည်းများစွာ ကွာဟနေပုံရ၍ ပတ်သက်မှုကိုလည်း သိချင်မိလာသည်။
" ဟိုဟာလေး "
" ဗျာ ! "
" ဖမ်း "
ပစ်ပေးလာသောကားသော့ကို စွယ်သော်လင်းအမြန်ဖမ်းယူလိုက်သည်။
" ကားပေါ်မှာ စောင့်နေ၊ လူကြီးတွေ စကားသွားပြောလိုက်အုန်းမယ်၊ သွား "
လူကြီးနှစ်ယောက်ကိုထားခဲ့လိုက်ပြီး စွယ်သော်လင်းအောက်ထပ်ရှိ ကားပါကင်သို့ ဆင်းလာခဲ့လိုက်သည်။ ထို့နောက် ကားထဲတွင် ကိတ်ပိုင်းများအား တစ်ပိုင်းပြီးတစ်ပိုင်း ထုတ်စားလျက် စိတ်အခြေနေကိုပြန်ငြိမ်စေရန် ကြိုးစားနေလိုက်
သည်။
အခန်းနံပါတ် ၅၂၈ မဟုတ်သော ဘေးကပ်ရက်အခန်းတွင် လူနှစ်ဦးရှိသည်အနက် တစ်ဦးသည်
ထိုင်ပင်မထိုင်ဘဲ မတ်တပ်ရပ်လေးအတိုင်း ရှိနေပေသည်။
" ထိုင်ပါအုန်း မပပသိင်္ဂီ "
" ကျွန်မကို သိလို့လား။ ရှည်ရှည်ဝေးဝေးတွေလုပ်မနေပါနဲ့တော့၊ ဘာပြောချင်လဲသာ ပြောလိုက်ပါ "
" ဒါဆို တည့်ပဲ ပြောတော့မယ်။ စွယ်သော်လင်းကို ပြန်ဝယ်ချင်တယ်။ လိုချင်တဲ့ ရှယ်ယာ % ရှိရင် ပြောလိုက်ပါ "
ကားထဲရှိ စွယ်သော်လင်းသည် ကိတ်ပိုင်း ၃ ပိုင်း
စားပြီးဖြစ်၍ ဗိုက်လေးလျက် မျက်လုံးတို့သည်လည်း စင်းနေပေပြီး။
လက်ထဲကျန်နေသော သရက်ကိတ်ပိုင်းတစ်ဝက်ကိုကြည့်နေသော်လည်း အမြင်အာရုံမှာ မကြည် လင်နိုင်တော့။ အရမ်းကို အိပ်ချင်နေပေပြီး။ သို့ သော်လည်း စွယ်သော်လင်းမှာ လက်ထဲရှိကိတ်ကိုကုန်အောင်စားရန်အတွက် မျက်လုံးတို့ကိုအားယူဖွင့်ထားရသည်။
(zawgyi)
စြယ္ေသာ္လင္းနာရီကိုၾကည့္လ်က္ တစ္စုံတစ္ ေယာက္အလာကို ေစာင့္ေနသည္။ အခ်ိန္သည္ ကား ၁၁ နာရီေက်ာ္ေနေလၿပီး။ လူႀကီးအား ကားပါကင္အထိလိုက္ပို႔ခဲ့ၿပီး ယခု၌ အခန္းတြင္းဆိုဖာထက္မလႈပ္မရပ္ထိုင္ေနသည္မွာလည္း နာရီဝက္ေက်ာ္ေနေခ်ၿပီး။
အခန္းတံခါးကိုလည္း အသာေစ့ထားသည္။ အထုတ္အပိုးအခ်ိဳ႕ကိုလည္း ျပင္ဆင္ထား၏။ ျပင္ဆင္ထားေသာအိတ္တို႔မွာ မ်ားမ်ားစားစားမဟုတ္ဘဲ လက္ဆြဲအဝတ္အိတ္အလတ္စားတစ္လုံးႏွင့္ ေက်ာပိုးအိတ္ျဖဴျဖဴတစ္လုံးသာ။
ဦးမင္းထြဋ္ေခါင္ အလုပ္ႏွင့္သက္ဆိုင္ေသာဖိုင္တခ်ိဳ႕ယူရန္ ေဒါင္းမာန္တိုက္ခန္းသို႔ ထြက္လာခဲ့သည္။ ေဒါင္းမာန္အခန္း ေဘးကပ္ရက္မွာ စြာလန္ေလး၏အခန္းျဖစ္၍ စြာလန္ေလးအတြက္ ကိတ္ပိုင္းမ်ားလည္း လမ္းႀကဳံဝယ္ခဲ့လိုက္သည္။
ေဒၚပပသိဂႌမွာ အသက္ေလးဆယ္ေက်ာ္ငါးဆယ္နားရွိၿပီးေသာ အမ်ိဳးသမီးတစ္ေယာက္ႏွင့္ပင္
မတူစြာ ေက်ာ့ရွင္းျဖတ္လတ္ေနဆဲ။ ေျခလွမ္းတို႔သည္လည္း မက်ယ္မက်ဥ္းလွမ္းလ်က္ ကုန္းျခင္း၊ ကိုင္ျခင္းအလ်င္မရွိစြာျဖင့္ အခန္းနံပါတ္ ၅၂၈ သို႔ တည့္တည့္မတ္မတ္ ေလွ်ာက္လာေန
ေပသည္။ မ်က္ႏွာသည္လည္း မၿပဳံးမတည္စြာ
ရွိေန၏။
အခန္းနံပါတ္ ၅၂၈ ေရွ႕ေရာက္လွ်င္ တံခါးေခါက္ရန္ လက္ကို အသာေျမႇာက္လိုက္ေသာ္လည္း ေစ့႐ုံေစ့ထားေသာတံခါးေၾကာင့္ အသာဖြင့္၍ ဝင္ခဲ့လိုက္သည္။ ေျခလွမ္းေျခာက္လွမ္းခန္႔ လွမ္းလိုက္ၿပီးသည္ႏွင့္ ဆိုဖာထက္ထိုင္ေနေသာ သားျဖစ္သူကို အခန္႔သားေတြ႕လိုက္ရ၏။
" ဘာလို႔လဲ စြယ္ေသာ္လင္း၊ အလုပ္ေတြ ဘယ္ခ်ိန္ စေလ့လာေတာ့မလဲ "
" ဘာလို႔ အတိက်ေျပာႏိုင္တာလဲ "
" ေသာ္လင္း သား... မင္းအလုပ္ေလ့လာတာနဲ႔ အေမြျဖတ္ျခင္းကို ခ်က္ခ်င္းျပန္ဖ်က္ေပးမယ္၊ ေလ့လာ႐ုံနဲ႔ မပင္ပန္းသြားပါဘူး၊ သုံးစရာေငြ
မရွိရင္ဘဲ စိတ္ပိုပင္ပန္းရမွာမလား "
သတိေပးျခင္းမည္ေသာ ၿခိမ္းေျခာက္စကားေၾကာင့္ စြယ္ေသာ္လင္း မ်က္ႏွာကိုတည္ၿငိမ္ဟန္ျပဳထားရေသာ္လည္း စိတ္ထဲအားငယ္လာမိသည္။ အလုပ္ မေလ့လာခ်င္ျခင္းထက္ ပေထြးငယ္ငယ္ႏွင့္ မေတြ႕ခ်င္၍ဆို ပိုမွန္ေပသည္။ သားျဖစ္သူဘက္ မေတြးေပးေသာ ျဖစ္ခ်င္သည္ကိုသာေတြးေသာ မိခင္ျဖစ္သူကိုလည္း စြယ္ေသာ္လင္းအံ့ၾသရသည္။
" အင့္ "
စားပြဲထက္မွ အသာတြန္းေပးလာေသာ ဘဏ္
ကဒ္ႏွင့္ ေသာ့တစ္ေခ်ာင္း။
" မင္းပိုက္ဆံမရွိဘဲ ဘယ္ႏွစ္ရက္ေနႏိုင္မွာလဲ၊ ေနာက္ဆုံးက် ျပန္လာရမည္အတူတူ အခုတည္းက လိမၼာလိုက္ပါလား သား "
ဘာမွထပ္မေျပာခ်င္ေတာ့၍ ေက်ာပိုးအိတ္ကိုလြယ္ၿပီး လက္ဆြဲအိတ္ကိုယူလိုက္သည္။ အခန္းျပင္ထြက္သြားေသာ သားျဖစ္သူေၾကာင့္ ေဒၚပပသိဂႌ စိတ္တိုရသည္။ မျဖစ္ႏိုင္တာေတြလုပ္ခ်င္ေနသူေနာက္ လိုက္ထြက္လာခဲ့လွ်င္ အေနာက္တစ္ခ်က္ျပန္မၾကည္ဘဲ ေက်ာေပးလ်က္လမ္း ေလွ်ာက္ေနသူေၾကာင့္
" စြယ္ ေသာ္ လင္း ! "
ေခၚသံေၾကာင့္ ေျခလွမ္းတို႔ကို ခဏရပ္လိုက္ၿပီး ထိုမွ ေရွ႕သိုဆက္လွမ္းလိုက္သည္။ အေနာက္မွေလွ်ာက္လာေသာ ေဒါက္ဖိနပ္သံမွာ ပိုနီးလာ၏။
" မင္း ! ဘယ္သူအားကိုးနဲ႔ မေအကို လူပါးလာဝေနတာလဲ ! ေသာ္လင္း "
" ဘယ္သူက လူပါးဝေနလို႔... "
" ငါ့အားကိုးနဲ႔ေလ "
ေျပာစကားမဆုံးခင္ ျဖတ္ေျပာလာသူထံထိတ္လန္႔စြာ ၾကည့္လိုက္ၿပီး ႏႈတ္မွလည္း...
" ဦးေလးႀကီး ! ! "
" အင္း။ ေရာ့ မင္းအတြက္ "
ကမ္းေပးလာေသာ အထုပ္ကိုယူၿပီး ၾကည့္လိုက္လွ်င္ ကိတ္ပိုင္း ၅ ပိုင္းအတိအက်။
" ရွင္က ဘယ္သူလဲ "
မထင္မွတ္ထားေသာ ျဖတ္ေျပာလာသူေၾကာင့္ ေမးခြန္းထုတ္လိုက္သည္။
"........."
ျပန္မေျဖဘဲရွိေနသူကို ေဒၚပပသိဂႌေသခ်ာၾကည္ျဖစ္သည္။ သားျဖစ္သူႏွင့္ အသက္႐ြယ္လည္းမ်ားစြာ ကြာဟေနပုံရ၍ ပတ္သက္မႈကိုလည္း သိခ်င္မိလာသည္။
" ဟိုဟာေလး "
" ဗ်ာ ! "
" ဖမ္း "
ပစ္ေပးလာေသာကားေသာ့ကို စြယ္ေသာ္လင္းအျမန္ဖမ္းယူလိုက္သည္။
" ကားေပၚမွာ ေစာင့္ေန၊ လူႀကီးေတြ စကားသြားေျပာလိုက္အုန္းမယ္၊ သြား "
လူႀကီးႏွစ္ေယာက္ကိုထားခဲ့လိုက္ၿပီး စြယ္ေသာ္လင္းေအာက္ထပ္ရွိ ကားပါကင္သို႔ ဆင္းလာခဲ့လိုက္သည္။ ထို႔ေနာက္ ကားထဲတြင္ ကိတ္ပိုင္းမ်ားအား တစ္ပိုင္းၿပီးတစ္ပိုင္း ထုတ္စားလ်က္ စိတ္အေျခေနကိုျပန္ၿငိမ္ေစရန္ ႀကိဳးစားေနလိုက္
သည္။
အခန္းနံပါတ္ ၅၂၈ မဟုတ္ေသာ ေဘးကပ္ရက္အခန္းတြင္ လူႏွစ္ဦးရွိသည္အနက္ တစ္ဦးသည္
ထိုင္ပင္မထိုင္ဘဲ မတ္တပ္ရပ္ေလးအတိုင္း ရွိေနေပသည္။
" ထိုင္ပါအုန္း မပပသိဂႌ "
" ကြၽန္မကို သိလို႔လား။ ရွည္ရွည္ေဝးေဝးေတြလုပ္မေနပါနဲ႔ေတာ့၊ ဘာေျပာခ်င္လဲသာ ေျပာလိုက္ပါ "
" ဒါဆို တည့္ပဲ ေျပာေတာ့မယ္။ စြယ္ေသာ္လင္းကို ျပန္ဝယ္ခ်င္တယ္။ လိုခ်င္တဲ့ ရွယ္ယာ % ရွိရင္ ေျပာလိုက္ပါ "
ကားထဲရွိ စြယ္ေသာ္လင္းသည္ ကိတ္ပိုင္း ၃ ပိုင္း
စားၿပီးျဖစ္၍ ဗိုက္ေလးလ်က္ မ်က္လုံးတို႔သည္လည္း စင္းေနေပၿပီး။
လက္ထဲက်န္ေနေသာ သရက္ကိတ္ပိုင္းတစ္ဝက္ကိုၾကည့္ေနေသာ္လည္း အျမင္အာ႐ုံမွာ မၾကည္ လင္ႏိုင္ေတာ့။ အရမ္းကို အိပ္ခ်င္ေနေပၿပီး။ သို႔ ေသာ္လည္း စြယ္ေသာ္လင္းမွာ လက္ထဲရွိကိတ္ကိုကုန္ေအာင္စားရန္အတြက္ မ်က္လုံးတို႔ကိုအားယူဖြင့္ထားရသည္။