Zawgyi
အပိုင္း (၈၃၉) – တျခားသူရဲ႕ လွ်ိဳ႕ဝွက္ကို ခိုးနားေထာင္ျခင္း
အားလံုးသည္ ကြင္းျပင္တြင္ ေစာင့္ေနၾကသည္။ ျပိဳင္ပြဲအခ်ိန္ေရာက္ လာေသာ္လည္း ဘယ္ဆရာမွ ဝင္မလာသည္ကို ေတြ႕ရေလသည္။
"ဘာျစဖ္ေနတာလဲ သူတို႔အဆင့္ျပိဳင္ပြဲကို ဖ်က္လိုက္တာလား" ဖက္တီးက်ဴေမးေလသည္။
"မဟုတ္ေလာက္ဘူး၊ သူတို႔ဖ်က္တယ္ဆိုရင္ ဒီမွာအၾကာၾကီးေစာင့္ ခုိင္းမွာမဟုတ္ဘူး" ရွီမာယူရန္ ေျပာေလသည္။
"ဒါဆို ဆရာေတြဘာလို႔မလာၾကတာလဲ"
"ေစာင့္ၾကည့္ၾကတာေပါ့"
ရွီမာယူယူသည္ လွည့္ပတ္ၾကည့္သည္။ တျခားသူမ်ားလည္း ၾကည့္ၾက သည္။ သူတို႔သည္ စိတ္ပူပန္ကာ သံသယမ်ားေနၾကသည္။ တစ္ကြင္းလံုး သည္ ေဆြးေႏြးသံမ်ားညံေနသည္။
သက္ဝင္ေနေသာကြင္းတြင္ တခ်ိဳ႕ေနရာမ်ားသည္ တိတ္ဆိတ္ေန သည္။
"အဲလူေတြက ဘယ္သူေတြလဲ" သူမသည္ ေအာက္ေထာင့္နား တြင္ရွိေသာ လူတစ္စုကို ၾကည့္ ျပီးေမးလုိက္သည္။
"အဲလူေတြက အဆင့္၁၀အတြင္းဝင္တဲ့လူေတြ" ဖက္တီးက်ဴ ေျပာေလ သည္ "အလယ္မွာထိုင္ ေနတဲ့ အနက္ေရာင္ဝတ္စံုနဲ႔လူက ဝမ္စီေျမာင္ပဲ"
"မင္းကဒါလည္းသိလုိက္တာပဲလား" ရီွမာယူယူသည္ တအံ့တၾသ ၾကည့္ျပီး ေမးေလသည္။
"ငါက သတင္းစံုတယ္ေလ မသိပဲေနမလား" ဖက္တီးက်ဴသည္ ဂုဏ္ယူ စြာေျပာေလသည္ "ဟြာေပါင္ေျမာင္ေဘးကလူက အဆင့္၄ ပန္က်ာနန္၊ ဟြာေပါင္ေျမာင္ကို လိုက္ေနတာ၊ ဒီတစ္ေခါက္ ပန္က်ာနန္နဲ႔ ဟြာေပါင္ေျမာင္ တို႔ႏွစ္ေယာက္က ဝမ္စီေျမာင္ကို စိန္ေခၚမယ္လို႔ၾကားတယ္"
"အဲသတင္းေတြအကုန္ ဘယ္ကရလာတာလဲ" ေရွာင္ခ်ီေမးေလသည္။
"ငါမေန႔က အျပင္ထြက္ေတာ့ ၾကားလာတာ ပန္က်ားနန္ ကိုယ္တုိင္ေျပာတာပဲ" ဖက္တီးက်ဴ သည္ တိုးတိတ္စြာေျပာေလသည္။
"အဲဒါကိုဘယ္လိုၾကားလာတာလဲ"
ဖက္တီးက်ဴသည္ သူ႔ကိုစိုးရိမ္စြာၾကည့္လုိက္သည္။
ရွီမာယူယူသည္ သူ႔မ်က္ႏွာအမူအရာကိုေတြ႕လုိက္သည္။ ထူးဆန္း သည္ကို ေတြ႕သည္ႏွင့္ သူမသည္ ဝိဥာဥ္အတားအဆီးလုပ္ျပီး သူတို႔ကို ကာထားလိုက္သည္။
"ဘာျဖစ္တာလဲ" သူမသည္ ဖက္တီးက်ဴအားၾကည့္ျပီး မလိမ္ႏုိင္ ေအာင္လုပ္လုိက္သည္။
"တကယ္ေတာ့ မေန႔ညက ငါ့စီနီယာႏွစ္ေယာက္က ေတာင္ အေနာက္မွာေသာက္ဖို႔ ဖိတ္တယ္ ငါတုိ႔ျပန္လာတဲ့လမ္းမွာ ေတာင္ထိပ္ကို ျဖတ္သြားျဖစ္တယ္၊ တျခားလူေတြမိမွာကိုေရွာင္ရင္းနဲ႔ အသက္ရႈ ေအာင့္ထား ရတယ္၊ အဲမွာပန္က်ားနန္နဲ႔ တျခားတစ္ေယာက္နဲ႔စကားေျပာေနတာကို ၾကားခဲ့တယ္ သူက ဝမ္စီေျမာင္ကိုသတ္မယ္ဆိုပဲ"
"သူ ဘယ္သူ႔ကိုေျပာေနတာလဲ" ရွီမာယူလင္း ေမးလုိက္သည္။
"ငါလည္းမသိဘူး၊ တျခားတစ္ေယာက္က ဝတ္ရံုျခံဳထားတယ္၊ အသံကလည္း အက္အက္နဲ႔ အဲလူကို ငါမသိဘူး"
"မင္း မိသြားေသးလား" ရွီမာယူယူ ေမးလိုက္သည္။
"အဲအခ်ိန္မွာပဲ ငါလည္းအံ့ၾသသြားလို႔ မေတာ္တဆအသံထြက္မိသြား တယ္" ဖက္တီးက်ဴ ဆက္ ေျပာေလသည္ "အဲေနာက္ကို ငါအေလာတၾကီး ထြက္ေျပးလာတာ ဒါေပမဲ့ မိစာၦ တစ္ေကာင္လည္းရွိ ေနေတာ့ အဲမွာငါရွိ ေနတာကို သူအနံ႔ခံမိေလာက္တယ္"
"အဲဒါကို ဘာလုိ႔ေစာေစာမေျပာတာလဲ" ေဝက်ိရႊီသည္ သူ႔ကိုစိုက္ ၾကည့္ေလသည္။
"ငါျပန္လာေတာ့ အဲဒါကိုသိပ္ေခါင္းထဲမထည့္မိဘူး၊ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔က ဒီေန႔ျပိဳင္ၾကမွာပဲ ေလ" ဖက္တီးက်ဴ ေျပာေလသည္ "သူတို႔ မိန္းကေလးတစ္ေယာက္ေၾကာင့္ ျဖစ္ၾကတယ္ဆိုတာ ေျပာစရာေတာင္ မလိုဘူး၊ အခုထိေတာ့ မူမမွန္တာ မေတြ႕ေသးဘူး"
"မူမမွန္ဘူးဆိုတာ ဘာေျပာတာလဲ" ေရွာင္ခ်ီေမးေလသည္။
"သူသာ ဟြာေပါင္ေျမာင္ေၾကာင့္ ဝမ္စီေျမာင္ကိုသတ္ခ်င္ရင္ အဲ ပေဟဠိဆန္တဲ့လူနဲ႔ ေဆြးေႏြး စရာမလိုဘူးေလ" ရွီမာယူယူ ေျပာလုိက္သည္။
"ဟုတ္တယ္" ဖက္တီးက်ဴ ဆက္ေျပာေလသည္ "သူ တျခား ဟာစီစဥ္ေနေလာက္တယ္၊ အဲဒါေၾကာင့္ ဒီေလာက္လွ်ိဳ႕ဝွက္ျပီးလုပ္ေနတာပဲ"
"ျဖစ္ႏုိင္တယ္" ရွီမာယူယူသည္ အသံတိုးကာ ေျပာလုိက္သည္ "အဲလိုဆုိရင္ သူမင္းကို မိရင္ ေသခ်ာေပါက္ မင္းကိုလႊတ္ေပးမွာမဟုတ္ဘူး"
ဖက္တီးက်ဴသည္ ေခါင္းကိုထပ္ခါထပ္ခါ ညိမ့္ကာ "ဟုတ္တယ္ ဟုတ္တယ္ သေဘာတူတယ္ ငါေတာ့ အခုအႏၱရာယ္ရွိေနျပီ"
"အမွန္ပဲ မင္းကို အျပင္မွာသြားေသးေပါက္ဖို႔ဘယ္သူေျပာလဲ" ေရွာင္ခ်ီ သည္ သူမအတြက္ ျပိဳင္ဘက္ျဖစ္မလာႏိုင္သျဖင့္ ဖက္တီးက်ဴကို အႏၱရာယ္ က်ေနသည္ဟု မေတြးေပ။ ဖက္တီးက်ဴ၏ စိုးရိမ္ေနေသာ အမူအရာ ကိုၾကည့္ျပီး ပိုစခ်င္လာသည္။
"ငါက သဘာဝတရားအတိုင္းလုပ္တာပါ" ဖက္တီးက်ဴေျပာေလသည္။
"သူဘာလုပ္မယ္ဆိုတာ ဘာသက္ေသမွမရွိဘူး ျပီးေတာ့ သူကဖက္တီး က်ဴကို သတ္ခ်င္တယ္ လို႔မေျပာဘူးေလ" ရွီမာယူယူ ဆက္ေျပာေလသည္ "အခုေလာေလာဆယ္ေတာ့ မင္းစိုးရိမ္ဖို႔မလိုဘူး သူ မင္းကို တစ္ခုခု လုပ္ခ်င္ရင္ေတာင္ အဲလိုလုပ္ႏုိင္တဲ့စြမ္းရည္ရွိမွ၊ မင္းမွာ မိုးၾကိဳးသြား က်ည္ေတြ အမ်ားၾကီးရွိ ေနတာပဲ တစ္ေယာက္ေယာက္က မင္းကို သတ္ဖို႔ၾကိဳးစားရင္ မင္းရဲ႕ မိုးၾကိဳးသြားက်ည္နဲ႔ သူတို႔ကိုသတ္ပစ္ လုိက္"
ဖက္တီးက်ဴသည္ သတၱဳလံုးကို အသင္း၏နာမည္အတိုင္း 'မိုးၾကိဳးသြားက်ည္' ဟုအမည္ေပး ခဲ့သည္။
မိုးၾကိဳးသြားက်ည္သည္ ရွားပါးေသာဝိဥာဥ္လက္နက္ျဖစ္သည္။ အားလံုး သည္ ဝယ္ခ်င္ၾက သည္။ အထူးသျဖင့္ လႊမ္းမိုးႏုိ္င္ေသာအင္အားၾကီးမ်ားပင္ ဝယ္ခ်င္ၾကသည္။ သူတို႔သည္ ဂိုဏ္းကိုျပန္ ယူသြားကာ သူတုိ႔၏ လက္နက္ ပညာရွင္မ်ားကို တုပလုပ္ခုိင္းေသာ္လည္း မိုးၾကိဳးသြားက်ည္ေလာက္ အရည္အေသြးမေကာင္းေပ။
ဖက္တီးက်ဴ ထိုအေၾကာင္းကိုသိေသာအခါ ဂုဏ္ယူစြာျဖင့္ ရယ္ေမာကာ ၾကြားဝါေလသည္ "ငါ့ မိုးၾကိဳးသြားက်ည္သာ အတုလုပ္လုိ႔ရရင္ ငါေအးေဆး ေနျပီးေတာ့ မင္းတို္႔ဝယ္သံုးၾကေပါ့"
"ဘဝင္ျမင့္မေနနဲ႔၊ တျခားလူရဲ႕အင္အားက မင္းထက္နည္းနည္း ေလးနိမ့္တာပဲကို" ေဝက်ိရႊီ သည္ ျပန္ေျပာေလသည္။
"အင္အားရွိဖို႔လိုေသးတယ္ေလ"
"အဲတုန္းက ေလာကအေသးမွာ ယူယူ႔အကူအညီနဲ႔ အဲဒီကမာၻေျမၾကီး မိုင္းကို မရခဲ့ဘူးဆိုရင္ မိုးၾကိဳးသြားက်ည္လို အားေကာင္းတဲ့လက္နက္ကို မင္းတီထြင္ႏုိင္မွာလား"
"ဒါက ငါ့ရဲ႕လွ်ိဳ႕ဝွက္လက္နက္ပဲ၊ လွ်ိဳ႕ဝွက္လက္နက္ဆိုရင္ ငါ့ဟာပဲ"
ရွီမာယူယူ၏ စကားမ်ားကိုၾကားေသာအခါ ဖက္တီးက်ဴ ရယ္ေမာ လိုက္သည္ "ဟုတ္တယ္ တျခားတစ္ေယာက္က ငါ့ကိုလာသတ္ရဲရင္ မိုးၾကိဳးသြားက်ည္နဲ႔ ျပန္သတ္လုိက္မယ္"
ထိုအခ်ိန္တြင္ ပန္က်ားနန္သည္ တစ္စံုတစ္ရာကိုအာရံုခံမိျပီး သူတို႔ကို လွည့္ၾကည့္ေလသည္။
သူသည္ ဖက္တီးက်ဴအားရင္ၾကည့္ျပီးေနာက္ ရီွမာယူယူအားၾကည့္ သည္။ ထုိ႔ေနာက္ သူတုိ႔ကို ျပံဳးျပျပီး ျပန္လွည့္သြားေလသည္။
"ဘယ္လိုထင္လဲ" ေဝက်ိရႊီ ေမးေလသည္။
"ဖက္တီးက်ဴကို အတည္ျပဳတာထင္တယ္" ရွီမာယူလင္း ေျပာလုိက္ သည္။
"သူက ဖံုးကြယ္တာေတာ္ေပမယ့္ ဖက္တီးက်ဴကိုၾကည့္တာ မတူဘူး" ရွီမာယူယူ ေျပာလုိက္ သည္ "သူအတည္ျပဳျပီးသြားျပီထင္တယ္"
"သူလာခ်င္ရင္ လာခုိင္းလုိက္၊ မိုးၾကိဳးသြားက်ည္နဲ႔သတ္လိုက္မယ္" ဖက္တီးက်ဴ ေျပာေလ သည္။
"အရူး သူက မင္းကိုသတ္သြားရင္ဘယ္လိုလုပ္မလဲ" ေရွာင္ခ်ီသည္ သူ႔ကိုမ်က္လံုးလွန္ျပေလ သည္။
"ျပီးေတာ့ သူတစ္ေယာက္တည္းမဟုတ္ဘူး" ရွီမာယူယူ ေျပာလုိက္ သည္ "မေန႔က သူနဲ႔ရွိတဲ့လူ ကို ငါစိုးရိမ္တာ"
"ဟု္တယ္ ပန္က်ားနန္ရဲ႕ အားကမဆိုးေပမယ့္ ငါတို႔ျမင္ရတာတစ္ခု တည္းေလ၊ သူတို႔က မင္းနဲ႔ တုိက္ခ်င္ရင္ မင္းလံုျခံဳမွာမဟုတ္ဘူး၊ ဒါေပမဲ့ ဝတ္ရံုနဲ႔လူရဲ႕ သရုပ္မွန္၊ အားနဲ႔ ေနာက္ခံကိုမသိရဘူး၊ သူ ငါတို႔ကိုသတ္ခ်င္ရင္ မျပင္ဆင္ရေသးဘူး"
"အဲဒါဆိုလည္း ေရြးခ်ယ္စရာမရွိဘူးပဲ၊ ျဖစ္လာတဲ့အေျခအေနကို သင့္ေတာ္သလိုတိုင္းတာရမွာ ပဲ" ဖက္တီးက်ဴ ေျပာေလသည္။
"ဆရာေတြဘာလို႔မလာေသးတာလဲ" ေရွာင္ခ်ီ ေမးေလသည္ "သူတို႔ မလာရင္ ငါတုိ႔ျပန္ၾကမယ္"
"ဟိုမွာ လာျပီ"
ရွီမာယူယူ အသံဆံုးသည္ႏွင့္ ဆရာတစ္ေယာက္သည္ ျပိဳင္ပြဲစမည့္ အခ်ိန္ႏွင့္ ကိုက္ကာ ေလွ်ာက္လာေလသည္။
"ဆရာတစ္ေယာက္တည္းလား ဒိုင္ေတြေရာ" လူတစ္ေယာက္က ေမးလိုက္သည္။
"ဂိုဏ္းေခါင္းေဆာင္လည္း မလာဘူး"
"သူတို႔တကယ္ပဲဖ်က္ပစ္မလို႔လား"
"ဘာမွမွ မျဖစ္ထားတာ ဘာလို႔ဖ်က္ပစ္မွာလဲ"
"ျပိဳင္ပြဲပံုစံေျပာင္းသြားတာျဖစ္ႏုိင္တယ္၊ ဆရာဘာေျပာမလဲ ေစာင့္ ၾကည့္ၾကတာေပါ့"
ဆရာသည္ စင္ေပၚေလွ်ာက္လာကာ ေျပာေလသည္ "တိတ္ၾက"
ဆရာ၏ အသံသည္ က်ယ္ေလာင္ျပီး ျပတ္သားသည္။ ကြင္းျပင္ တစ္ခုလံုး ပဲ့တင္သံထပ္သြား ကာ ေက်ာင္းသားမ်ား တိတ္သြားေလသည္။
Unicode
အပိုင်း (၈၃၉) – တခြားသူရဲ့ လျှို့ဝှက်ကို ခိုးနားထောင်ခြင်း
အားလုံးသည် ကွင်းပြင်တွင် စောင့်နေကြသည်။ ပြိုင်ပွဲအချိန်ရောက် လာသော်လည်း ဘယ်ဆရာမှ ဝင်မလာသည်ကို တွေ့ရလေသည်။
"ဘာစြဖ်နေတာလဲ သူတို့အဆင့်ပြိုင်ပွဲကို ဖျက်လိုက်တာလား" ဖက်တီးကျူမေးလေသည်။
"မဟုတ်လောက်ဘူး၊ သူတို့ဖျက်တယ်ဆိုရင် ဒီမှာအကြာကြီးစောင့် ခိုင်းမှာမဟုတ်ဘူး" ရှီမာယူရန် ပြောလေသည်။
"ဒါဆို ဆရာတွေဘာလို့မလာကြတာလဲ"
"စောင့်ကြည့်ကြတာပေါ့"
ရှီမာယူယူသည် လှည့်ပတ်ကြည့်သည်။ တခြားသူများလည်း ကြည့်ကြ သည်။ သူတို့သည် စိတ်ပူပန်ကာ သံသယများနေကြသည်။ တစ်ကွင်းလုံး သည် ဆွေးနွေးသံများညံနေသည်။
သက်ဝင်နေသောကွင်းတွင် တချို့နေရာများသည် တိတ်ဆိတ်နေ သည်။
"အဲလူတွေက ဘယ်သူတွေလဲ" သူမသည် အောက်ထောင့်နား တွင်ရှိသော လူတစ်စုကို ကြည့် ပြီးမေးလိုက်သည်။
"အဲလူတွေက အဆင့်၁၀အတွင်းဝင်တဲ့လူတွေ" ဖက်တီးကျူ ပြောလေ သည် "အလယ်မှာထိုင် နေတဲ့ အနက်ရောင်ဝတ်စုံနဲ့လူက ဝမ်စီမြောင်ပဲ"
"မင်းကဒါလည်းသိလိုက်တာပဲလား" ရှီမာယူယူသည် တအံ့တသြ ကြည့်ပြီး မေးလေသည်။
"ငါက သတင်းစုံတယ်လေ မသိပဲနေမလား" ဖက်တီးကျူသည် ဂုဏ်ယူ စွာပြောလေသည် "ဟွာပေါင်မြောင်ဘေးကလူက အဆင့်၄ ပန်ကျာနန်၊ ဟွာပေါင်မြောင်ကို လိုက်နေတာ၊ ဒီတစ်ခေါက် ပန်ကျာနန်နဲ့ ဟွာပေါင်မြောင် တို့နှစ်ယောက်က ဝမ်စီမြောင်ကို စိန်ခေါ်မယ်လို့ကြားတယ်"
"အဲသတင်းတွေအကုန် ဘယ်ကရလာတာလဲ" ရှောင်ချီမေးလေသည်။
"ငါမနေ့က အပြင်ထွက်တော့ ကြားလာတာ ပန်ကျားနန် ကိုယ်တိုင်ပြောတာပဲ" ဖက်တီးကျူ သည် တိုးတိတ်စွာပြောလေသည်။
"အဲဒါကိုဘယ်လိုကြားလာတာလဲ"
ဖက်တီးကျူသည် သူ့ကိုစိုးရိမ်စွာကြည့်လိုက်သည်။
ရှီမာယူယူသည် သူ့မျက်နှာအမူအရာကိုတွေ့လိုက်သည်။ ထူးဆန်း သည်ကို တွေ့သည်နှင့် သူမသည် ဝိဉာဉ်အတားအဆီးလုပ်ပြီး သူတို့ကို ကာထားလိုက်သည်။
"ဘာဖြစ်တာလဲ" သူမသည် ဖက်တီးကျူအားကြည့်ပြီး မလိမ်နိုင် အောင်လုပ်လိုက်သည်။
"တကယ်တော့ မနေ့ညက ငါ့စီနီယာနှစ်ယောက်က တောင် အနောက်မှာသောက်ဖို့ ဖိတ်တယ် ငါတို့ပြန်လာတဲ့လမ်းမှာ တောင်ထိပ်ကို ဖြတ်သွားဖြစ်တယ်၊ တခြားလူတွေမိမှာကိုရှောင်ရင်းနဲ့ အသက်ရှု အောင့်ထား ရတယ်၊ အဲမှာပန်ကျားနန်နဲ့ တခြားတစ်ယောက်နဲ့စကားပြောနေတာကို ကြားခဲ့တယ် သူက ဝမ်စီမြောင်ကိုသတ်မယ်ဆိုပဲ"
"သူ ဘယ်သူ့ကိုပြောနေတာလဲ" ရှီမာယူလင်း မေးလိုက်သည်။
"ငါလည်းမသိဘူး၊ တခြားတစ်ယောက်က ဝတ်ရုံခြုံထားတယ်၊ အသံကလည်း အက်အက်နဲ့ အဲလူကို ငါမသိဘူး"
"မင်း မိသွားသေးလား" ရှီမာယူယူ မေးလိုက်သည်။
"အဲအချိန်မှာပဲ ငါလည်းအံ့သြသွားလို့ မတော်တဆအသံထွက်မိသွား တယ်" ဖက်တီးကျူ ဆက် ပြောလေသည် "အဲနောက်ကို ငါအလောတကြီး ထွက်ပြေးလာတာ ဒါပေမဲ့ မိစ္ဆာ တစ်ကောင်လည်းရှိ နေတော့ အဲမှာငါရှိ နေတာကို သူအနံ့ခံမိလောက်တယ်"
"အဲဒါကို ဘာလို့စောစောမပြောတာလဲ" ဝေကျိရွှီသည် သူ့ကိုစိုက် ကြည့်လေသည်။
"ငါပြန်လာတော့ အဲဒါကိုသိပ်ခေါင်းထဲမထည့်မိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဒီနေ့ပြိုင်ကြမှာပဲ လေ" ဖက်တီးကျူ ပြောလေသည် "သူတို့ မိန်းကလေးတစ်ယောက်ကြောင့် ဖြစ်ကြတယ်ဆိုတာ ပြောစရာတောင် မလိုဘူး၊ အခုထိတော့ မူမမှန်တာ မတွေ့သေးဘူး"
"မူမမှန်ဘူးဆိုတာ ဘာပြောတာလဲ" ရှောင်ချီမေးလေသည်။
"သူသာ ဟွာပေါင်မြောင်ကြောင့် ဝမ်စီမြောင်ကိုသတ်ချင်ရင် အဲ ပဟေဠိဆန်တဲ့လူနဲ့ ဆွေးနွေး စရာမလိုဘူးလေ" ရှီမာယူယူ ပြောလိုက်သည်။
"ဟုတ်တယ်" ဖက်တီးကျူ ဆက်ပြောလေသည် "သူ တခြား ဟာစီစဉ်နေလောက်တယ်၊ အဲဒါကြောင့် ဒီလောက်လျှို့ဝှက်ပြီးလုပ်နေတာပဲ"
"ဖြစ်နိုင်တယ်" ရှီမာယူယူသည် အသံတိုးကာ ပြောလိုက်သည် "အဲလိုဆိုရင် သူမင်းကို မိရင် သေချာပေါက် မင်းကိုလွှတ်ပေးမှာမဟုတ်ဘူး"
ဖက်တီးကျူသည် ခေါင်းကိုထပ်ခါထပ်ခါ ညိမ့်ကာ "ဟုတ်တယ် ဟုတ်တယ် သဘောတူတယ် ငါတော့ အခုအန္တရာယ်ရှိနေပြီ"
"အမှန်ပဲ မင်းကို အပြင်မှာသွားသေးပေါက်ဖို့ဘယ်သူပြောလဲ" ရှောင်ချီ သည် သူမအတွက် ပြိုင်ဘက်ဖြစ်မလာနိုင်သဖြင့် ဖက်တီးကျူကို အန္တရာယ် ကျနေသည်ဟု မတွေးပေ။ ဖက်တီးကျူ၏ စိုးရိမ်နေသော အမူအရာ ကိုကြည့်ပြီး ပိုစချင်လာသည်။
"ငါက သဘာဝတရားအတိုင်းလုပ်တာပါ" ဖက်တီးကျူပြောလေသည်။
"သူဘာလုပ်မယ်ဆိုတာ ဘာသက်သေမှမရှိဘူး ပြီးတော့ သူကဖက်တီး ကျူကို သတ်ချင်တယ် လို့မပြောဘူးလေ" ရှီမာယူယူ ဆက်ပြောလေသည် "အခုလောလောဆယ်တော့ မင်းစိုးရိမ်ဖို့မလိုဘူး သူ မင်းကို တစ်ခုခု လုပ်ချင်ရင်တောင် အဲလိုလုပ်နိုင်တဲ့စွမ်းရည်ရှိမှ၊ မင်းမှာ မိုးကြိုးသွား ကျည်တွေ အများကြီးရှိ နေတာပဲ တစ်ယောက်ယောက်က မင်းကို သတ်ဖို့ကြိုးစားရင် မင်းရဲ့ မိုးကြိုးသွားကျည်နဲ့ သူတို့ကိုသတ်ပစ် လိုက်"
ဖက်တီးကျူသည် သတ္တုလုံးကို အသင်း၏နာမည်အတိုင်း 'မိုးကြိုးသွားကျည်' ဟုအမည်ပေး ခဲ့သည်။
မိုးကြိုးသွားကျည်သည် ရှားပါးသောဝိဉာဉ်လက်နက်ဖြစ်သည်။ အားလုံး သည် ဝယ်ချင်ကြ သည်။ အထူးသဖြင့် လွှမ်းမိုးနိုင်သောအင်အားကြီးများပင် ဝယ်ချင်ကြသည်။ သူတို့သည် ဂိုဏ်းကိုပြန် ယူသွားကာ သူတို့၏ လက်နက် ပညာရှင်များကို တုပလုပ်ခိုင်းသော်လည်း မိုးကြိုးသွားကျည်လောက် အရည်အသွေးမကောင်းပေ။
ဖက်တီးကျူ ထိုအကြောင်းကိုသိသောအခါ ဂုဏ်ယူစွာဖြင့် ရယ်မောကာ ကြွားဝါလေသည် "ငါ့ မိုးကြိုးသွားကျည်သာ အတုလုပ်လို့ရရင် ငါအေးဆေး နေပြီးတော့ မင်းတို့်ဝယ်သုံးကြပေါ့"
"ဘဝင်မြင့်မနေနဲ့၊ တခြားလူရဲ့အင်အားက မင်းထက်နည်းနည်း လေးနိမ့်တာပဲကို" ဝေကျိရွှီ သည် ပြန်ပြောလေသည်။
"အင်အားရှိဖို့လိုသေးတယ်လေ"
"အဲတုန်းက လောကအသေးမှာ ယူယူ့အကူအညီနဲ့ အဲဒီကမ္ဘာမြေကြီး မိုင်းကို မရခဲ့ဘူးဆိုရင် မိုးကြိုးသွားကျည်လို အားကောင်းတဲ့လက်နက်ကို မင်းတီထွင်နိုင်မှာလား"
"ဒါက ငါ့ရဲ့လျှို့ဝှက်လက်နက်ပဲ၊ လျှို့ဝှက်လက်နက်ဆိုရင် ငါ့ဟာပဲ"
ရှီမာယူယူ၏ စကားများကိုကြားသောအခါ ဖက်တီးကျူ ရယ်မော လိုက်သည် "ဟုတ်တယ် တခြားတစ်ယောက်က ငါ့ကိုလာသတ်ရဲရင် မိုးကြိုးသွားကျည်နဲ့ ပြန်သတ်လိုက်မယ်"
ထိုအချိန်တွင် ပန်ကျားနန်သည် တစ်စုံတစ်ရာကိုအာရုံခံမိပြီး သူတို့ကို လှည့်ကြည့်လေသည်။
သူသည် ဖက်တီးကျူအားရင်ကြည့်ပြီးနောက် ရှီမာယူယူအားကြည့် သည်။ ထို့နောက် သူတို့ကို ပြုံးပြပြီး ပြန်လှည့်သွားလေသည်။
"ဘယ်လိုထင်လဲ" ဝေကျိရွှီ မေးလေသည်။
"ဖက်တီးကျူကို အတည်ပြုတာထင်တယ်" ရှီမာယူလင်း ပြောလိုက် သည်။
"သူက ဖုံးကွယ်တာတော်ပေမယ့် ဖက်တီးကျူကိုကြည့်တာ မတူဘူး" ရှီမာယူယူ ပြောလိုက် သည် "သူအတည်ပြုပြီးသွားပြီထင်တယ်"
"သူလာချင်ရင် လာခိုင်းလိုက်၊ မိုးကြိုးသွားကျည်နဲ့သတ်လိုက်မယ်" ဖက်တီးကျူ ပြောလေ သည်။
"အရူး သူက မင်းကိုသတ်သွားရင်ဘယ်လိုလုပ်မလဲ" ရှောင်ချီသည် သူ့ကိုမျက်လုံးလှန်ပြလေ သည်။
"ပြီးတော့ သူတစ်ယောက်တည်းမဟုတ်ဘူး" ရှီမာယူယူ ပြောလိုက် သည် "မနေ့က သူနဲ့ရှိတဲ့လူ ကို ငါစိုးရိမ်တာ"
"ဟု်တယ် ပန်ကျားနန်ရဲ့ အားကမဆိုးပေမယ့် ငါတို့မြင်ရတာတစ်ခု တည်းလေ၊ သူတို့က မင်းနဲ့ တိုက်ချင်ရင် မင်းလုံခြုံမှာမဟုတ်ဘူး၊ ဒါပေမဲ့ ဝတ်ရုံနဲ့လူရဲ့ သရုပ်မှန်၊ အားနဲ့ နောက်ခံကိုမသိရဘူး၊ သူ ငါတို့ကိုသတ်ချင်ရင် မပြင်ဆင်ရသေးဘူး"
"အဲဒါဆိုလည်း ရွေးချယ်စရာမရှိဘူးပဲ၊ ဖြစ်လာတဲ့အခြေအနေကို သင့်တော်သလိုတိုင်းတာရမှာ ပဲ" ဖက်တီးကျူ ပြောလေသည်။
"ဆရာတွေဘာလို့မလာသေးတာလဲ" ရှောင်ချီ မေးလေသည် "သူတို့ မလာရင် ငါတို့ပြန်ကြမယ်"
"ဟိုမှာ လာပြီ"
ရှီမာယူယူ အသံဆုံးသည်နှင့် ဆရာတစ်ယောက်သည် ပြိုင်ပွဲစမည့် အချိန်နှင့် ကိုက်ကာ လျှောက်လာလေသည်။
"ဆရာတစ်ယောက်တည်းလား ဒိုင်တွေရော" လူတစ်ယောက်က မေးလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်လည်း မလာဘူး"
"သူတို့တကယ်ပဲဖျက်ပစ်မလို့လား"
"ဘာမှမှ မဖြစ်ထားတာ ဘာလို့ဖျက်ပစ်မှာလဲ"
"ပြိုင်ပွဲပုံစံပြောင်းသွားတာဖြစ်နိုင်တယ်၊ ဆရာဘာပြောမလဲ စောင့် ကြည့်ကြတာပေါ့"
ဆရာသည် စင်ပေါ်လျှောက်လာကာ ပြောလေသည် "တိတ်ကြ"
ဆရာ၏ အသံသည် ကျယ်လောင်ပြီး ပြတ်သားသည်။ ကွင်းပြင် တစ်ခုလုံး ပဲ့တင်သံထပ်သွား ကာ ကျောင်းသားများ တိတ်သွားလေသည်။