Zawgyi
အပိုင္း (၈၃၄) – ျပိဳင္ပြဲတြင္ဝင္ျပိဳင္ခြင့္မရျခင္း
ရွဲရုန္ေခါင္းရမ္းကာ ေျပာေလသည္ "မသိဘူး ေနာက္၂ရက္ေနရင္ က်င္းပမယ့္ ေတြ႕ဆံုပြဲ၃ခုၾကီး အေၾကာင္းထင္တယ္၊ သြားလိုက္ရင္ေတာ့ သိရမွာပဲ"
"သိျပီ ေက်းဇူးပဲ" ရွီမာယူယူ ျပံဳးလုိက္သည္။
"ဘာကိုေက်းဇူးတင္တာလဲ မင္းက ငါတို႔ကိုအမ်ားၾကီး ကူညီေပး ျပီးျပီေလ၊ ငါ စကားပါးေပးရံုပဲရွိတာ" ရွဲရုန္ျပံဳးျပကာ ေခါင္းညိမ့္ျပီးေနာက္ သူမအဖြဲ႕သို႔ျပန္သြားေလသည္။
ရွီမာယူယူသည္ တျခားသူမ်ားကိုေျပာလုိက္သည္ "ေက်ာင္းအုပ္က ငါ့ကိုေခၚေနတယ္ သြားလိုက္ဦးမယ္"
"သြားလိုက္ ငါတုိ႔အေဆာင္ကိုအရင္ျပန္ႏွင့္မယ္၊ အဲအခ်ိန္ကို ဂိုဏ္းမွာ အခုတေလာဘာေတြ ျဖစ္ေနလဲဆိုတာကို စံုစမ္းလိုက္မယ္"
"ဒါဆို ငါျပန္လာတာနဲ႔ မင္းတို႔ကိုလာရွာမယ္"
ရွီမာယူယူသည္ ေျပာျပီးေနာက္တြင္ မုန္႔စန္ခၽြယ္၏ ရံုးခန္းသို႔သြားလိုက္ သည္။ တံခါးကို ႏွစ္ခ်က္ ေခါက္ျပီးေနာက္တြင္ ျပန္ထူးသံၾကားသည္ႏွင့္ သူမ ဝင္သြားလုိက္သည္။
"ဒါရိုက္တာမုန္႔ ကၽြန္ေတာ့္ကိုရွာတယ္ဆိုလို႔" ရွီမာယူယူ ေျပာလိုက္ သည္။
"ဟုတ္တယ္" မုန္႔စန္းခၽြယ္သည္ ေတြ႕ဆံုပြဲ၃ခုၾကီး၏ အစီအစဥ္ကို ၾကည့္ေနသည္။ ရီွမာယူယူ ဝင္လာသည္ကို သူျမင္ေသာအခါ လက္ထဲမွ အခ်က္အလက္မ်ားကိုခ်ကာ ေျပာေလသည္ "ထိုင္"
ရီွမာယူယူသည္ ေဘးရွိထိုင္ခံုဘက္သို႔လာကာ ထိုင္လိုက္သည္။ သူမ သည္ မုန္႔စန္းခၽြယ္အား ၾကည့္ကာ သူစကားေျပာသည္ကို ေစာင့္ေနသည္။
"ယူယူ အခုတေလာဂိုဏ္းမွာမရွိဘူးလား၊ ငါ မင္းကိုလူလႊတ္ျပီး ရွာခုိင္းေသးတယ္ ရွာမေတြ႕လို႔" မုန္႔စန္းခၽြယ္သည္ ေျပာမည့္အေၾကာင္းအရာ ကို ခ်က္ခ်င္းမေျပာေပ။ သူမသြားသည့္ေနရာကို ေမးေန သည္။
"ကၽြန္ေတာ္ စီနီယာေတြနဲ႔ ၾကာပန္းနက္ေလာကအေသးမွာ ေရွးေဟာင္း ေဆးနည္းေတြေလ့လာ ေနတာပါ" ရွီမာယူယူ ျပန္ေျဖလုိက္သည္။
မည္သို႔ပင္ျဖစ္ေစကာမူ ဂိုဏ္းသည္ သူမ၏ ေလာကအေသးအေၾကာင္း ကို သိျပီးျဖစ္သျဖင့္ ထိုအရာႏွင့္ ရွင္းျပခ်က္ေပးလွ်င္လည္း မဆိုးေပ။
"ေရွးေဟာင္းေဆးနည္းဟုတ္လား"
"ဆရာထားခဲ့တဲ့ တခ်ိဳ႕ေဆးနည္းေတြပါ" ရီွမာယူယူ ေျပာလုိက္သည္။
"အဘိုးၾကီးရႈက တစ္ခါက ေရွးေဟာင္းေဆးနည္းေတြေတာ့ယူလာ ၏ဖူး တယ္" မုန္႔စန္းခၽြယ္ေျပာ ေလသည္ "အခု မင္းကၾကာပန္းနက္ေလာက အေသးကိုရလိုက္ျပီဆိုေတာ့ အဲမွာလည္း ေရွးေဟာင္း ေဆးပင္ေတြရွိမွာပဲ၊ ေလ့လာရတာဘယ္လိုေနလဲ"
"ေအာင္ျမင္ဖို႔လိုပါေသးတယ္" ရွီမာယူယူ ေျပာလုိက္သည္။
"ေျဖးေျဖးလုပ္ၾက ေလာဖို႔မွမလိုတာ၊ ေရွးေဟာင္းေဆးနည္းေတြက အခုေဆးနည္းေတြထက္ အမ်ားၾကီးခက္တယ္၊ အခ်ိန္ကေတာ့ယူရမွာပဲ" မုန္႔စန္းခၽြယ္ သူမကိုႏွစ္သိမ့္ေလသည္။
"နားလည္ပါျပီ"
ရွီမာယူယူ မတ္မတ္ထိုင္ေနပံုကို မုန္႔စန္းခၽြယ္ျမင္ေသာအခါ ေျပာေလ သည္ "ဒီေန႔ မင္းကို ဘာလို႔ေခၚတာလဲဆိုတာသိလား"
"မသိပါဘူး" ရွီမာယူယူသည္ ရိုးသားစြာပင္ေျဖေလသည္။
"မင္းကိုဒီေန႔ေခၚရတာက မင္းျပိဳင္ပြဲမွာဝင္ျပိဳင္မယ့္ကိစၥက ပ်က္သြား ျပီလို႔ေျပာခ်င္လုိ႔" မုန္႔စန္းခၽြယ္ ေျပာေလသည္။
"ဗ်ာ ဘာလုိ႔လဲ" ရွီမာယူယူသည္ မုန္႔စန္းခၽြယ္အား တအံ့တၾသ ၾကည့္ေလသည္။
"မစိုးရိမ္ပါနဲ႔ ငါရွင္းျပတာနားေထာင္ပါဦး" မုန္႔စန္းခၽြယ္ေျပာေလသည္ "ငါတုိ႔ဒီျပိဳင္ပြဲကို လုပ္တယ္ဆိုတာက ေက်ာင္းသားေတြစိတ္ဝင္စားလာ ေအာင္လုိ႔လုပ္တာ ဂိုဏ္းက မင္းကို က်င့္စဥ္ အမွတ္တစ္ေထာင္ေပးလိမ့္မယ္"
"ကၽြန္ေတာ္က ဂိုဏ္းျပိဳင္ပြဲရဲ႕ ဝင္ျပိဳင္သူတစ္ေယာက္ပဲေလ၊ ေက်ာင္းသားေတြဆႏၵကိုယ္ ဆန္႔က်င္သူဘယ္လိုျဖစ္မွာလဲ" ရီွမာယူယူသည္ သူ႔ကိုနားမလည္သလိုၾကည့္လိုက္သည္။
"အဘိုးၾကီးယြမ္က ေဆးျပိဳင္ပြဲေတြအေၾကာင္း အရင္ကေျပာဖူးလား"
ရွီမာယူယူ ေခါင္းရမ္းကာ ေျပာေလသည္ "ေက်ာင္းအုပ္ယြမ္က အခ်ိန္ေရာက္လာလို႔ ဂိုဏ္းက လိုတာရွိရင္ ကူညီးေပးလိုက္ပါလို႔ေျပာခဲ့တယ္ တျခားေတာ့ဘာမွမေျပာဘူး"
"ဒါဆိုရင္ သူက မင္းကိုနည္းနည္းပဲေျပာခဲ့တာပဲ" မုန္႔စန္းခၽြယ္ေျပာ ေလသည္။
"ဒါရိုက္တာမုန္႔ ေဆးျပိဳင္ပြဲ ဘာလဲ၊ အဲဒါနဲ႔ ကၽြန္ေတာ္ဂိုဏ္း ျပိဳင္ပြဲျပိဳင္မွာလဲ ဘာဆိုင္လုိ႔လဲ" ရွီမာယူယူ ေမးလုိက္သည္။
"ငါရွင္းျပတာနားေထာင္ဦး" မုန္႔စန္းခၽြယ္ ေျပာေလသည္ "အဲဒီေဆး ျပိဳင္ပြဲေတြက အဂၢိရတ္ပညာ ရွင္ေတြအတြက္ အဆင့္အျမင့္ဆံုးျပိဳင္ပြဲပဲ၊ ရလဒ္ကိုအေျခခံျပီး သူတုိ႔က မင္းကိုသင့္ေတာ္တဲ့အဆင့္ေပး မွာ"
"အဲအဆင့္ေတြက သံုးလုိ႔ရလား"
"ငါတုိ႔ဂုိဏ္းရဲ႕အဆင့္ေတြနဲ႔အတူတူပဲ၊ မင္းအဆင့္ေကာင္းေလေလ မင္းရဲ႕ လႊမ္းမိုးႏိုင္တဲ့အဆင့္ ျမင့္ေလပဲ" မုန္႔စန္းခၽြယ္ ေျပာေလသည္။
"ေဆးျပိဳင္ပြဲဝင္ျပိဳင္တဲ့လူေတြက ေနာက္ခံရွိၾကတဲ့လူေတြပဲလား" ရွီမာယူယူေမးလုိက္သည္။
"အဂၢိရတ္ပညာရွင္မ်ားအသင္းက ဖိတ္စာပို႔တယ္၊ အဲဖိတ္စာရတဲ့လူ ေတြပဲ ဝင္ျပိဳင္လုိ႔ရတယ္" မုန္႔စန္းခၽြယ္ ေျပာေလသည္ "အျပင္ပိုင္းနဲ႔ အလယ္ပိုင္းေဒသက အဂၢိရတ္ပညာရွင္အမ်ားစုက လက္ခံၾကတယ္၊ အတြင္းပိုင္းေဒသက အင္အားၾကီးတခ်ိဳ႕လည္း ဝင္ျပိဳင္ၾကလိမ့္မယ္"
"ေဆးျပိဳင္ပြဲက ေပးတဲ့အဆင့္ေတြက ကၽြန္ေတာ္တို႔လႊမ္းမိုးမႈအဆင့္ကို သက္ေရာက္မႈရွိမယ္ဆို တာဘာေျပာတာလဲ"
"အဂိၢရတ္ပညာရွင္အသင္းမွာ ေဆးပိုင္းျခားမႈဆိုတာရွိတယ္၊ ေဆးျပိဳင္ပြဲ ရဲ႕ ရလဒ္က အဲဒီ ေဆးပိုင္းျခားမႈမွာ သူတို႔ရဲ႕ရာထူးကိုသက္ေရာက္မႈရွိ လိမ့္မယ္"
"ေဆးပိုင္းျခားမႈဟုတ္လား အဲဒါဘာလဲ"
"အဂၢိရတ္ပညာရွင္အသင္းက အဂၢိရတ္ပညာရွင္ေတြကို စီမံတဲ့ အဖြဲ႕အစည္းပဲ၊ ေဆးပိုင္းျခားမႈ က အဲဒီအဂၢိရတ္ပညာရွင္ေတြရဲ႕ မဟာမိတ္ပဲ" မုန္႔စန္းခၽြယ္ ရွင္းျပေလသည္။
"ေဆးပိုင္းျခားမႈက ဘာအသံုးဝင္တာလဲ"
"အသံုးမဝင္ဘူး"
"ဖူး"
ရွီမာယူယူသည္ ပါးစပ္ထဲရွိ လက္ဖက္ရည္မ်ား ထြက္က်ေလသည္။
"အသံုးမဝင္တာကိုပဲ ဘာလုိ႔ဒီျပိဳင္ပြဲကို ဂရုစိုက္ေနမွာလဲ"
"ငါတို႔အတြက္ အသံုးမဝင္တဲ့ပံုေပၚေပမယ့္ မင္းအဆင့္ျမင့္ေလေလ အဂၢိရတ္ေလာကမွာ မင္း ရာထူးျမင့္ေလေလပဲ၊ သူတို႔က မင္းကိုအရင္းအျမစ္ ေတြေပးတဲ့အခ်ိန္ဆိုလည္း အသံုးဝင္တာပဲ" မုန္႔စန္းခၽြယ္ ေျပာေလသည္။
"ဒါေပမဲ့ အဲဒါနဲ႔ ကၽြန္ေတာ္နဲ႔ဘာဆိုင္လုိ႔လဲ"
"ဂိုဏ္းက မင္းနဲ႔မင္းစီနီယာေတြကို ဒီတစ္ေခါက္ေဆးျပိဳင္ပြဲကို ပို႔မလို႔ စီစဥ္ထားတယ္"
"ေတြ႕ဆံုပြဲၾကီး ၃ခုက ေရာဘယ္လိုလုပ္မလဲ၊ ကၽြန္ေတာ္ ေတြ႕ဆံု ပြဲၾကီး၃ခုမွာ ဝင္ျပိဳင္တာက ေဆးျပိဳင္ပြဲအတြက္ ဘာမွမျဖစ္ပါဘူး" ရွီမာယူယူ နားမလည္ေပ။
သူမသည္ ဂိုဏ္းျပိဳင္ပြဲကိုျပိဳင္ျပီးမွ ေဆးျပိဳင္ပြဲကိုသြားျပိဳင္လွ်င္ျဖစ္သည္။ အခ်ိန္မတိုက္ေပ။
မုန္႔စန္းခၽြယ္သည္ ေခတၱမွ်စဥ္းစားျပီးေနာက္ ေျပာေလသည္ "တကယ္ ေတာ့ ငါတုိ႔ဂိုဏ္းက ေဆးပိုင္းျခားမႈမွာ အထုတ္ခံရေတာ့မွာ"
"ဟင္"
"ေဆးပိုင္းျခားမႈက အသံုးမဝင္ဘူးလို႔ထင္ရေပမယ့္ ေဆးပိုင္းျခားမႈ ကေနအထုတ္ခံရတာေတာ့ မတူေတာ့ဘူး၊ ငါတုိ႔ဂုဏ္သိကၡာကို ထိခိုက္ခံ လုိ႔မျဖစ္ဘူး"
ရွီမာယူယူ မွင္တက္သြားသည္။ ဂိုဏ္းက တကယ္ပဲအထုတ္ခံ ရေတာ့မွာလား။
"ဘာလို႔အထုတ္ခံရမွာလဲ"
"ငါတုိ႔ေဆးျပိဳင္ပြဲသံုးခုမွာ အဆင့္၃အထိ မဝင္ရင္ အထုတ္ခံရေတာ့မွာ"
"ဂိုဏ္းက ျပိဳင္ပြဲ၂ခုဝင္ျပိဳင္ျပီးျပီမလား"
"အင္း ငါတုိ႔ဒီတစ္ပြဲမွာ ထိပ္တန္းအဆင့္၁၀၀ထဲမဝင္ရင္ အထုတ္ခံရ ေတာ့မွာ"
"ေက်ာင္းသားေတြနဲ႔ ဆရာေတြက အရမ္းအားေကာင္းတယ္မဟုတ္ဘူး လား ဘာလုိ႔ ထိပ္တန္း ၁၀၀ထဲမဝင္တာလဲ"
"အသက္အကန္႔အသက္ရွိတယ္၊ အသက္ ၂၅၀ေအာက္ပဲဝင္ျပိဳင္လုိ႔ရ တယ္၊ ငါတုိ႔ဆရာေတြေတာ္ေပမယ့္ သတ္မွတ္ခ်က္နဲ႔မကိုက္ညီဘူး၊ ေက်ာင္းသားေတြကက် အသက္ငယ္ေတာ့ အရည္အခ်င္း မျပည့္ဘူး ျပီးေတာ့..."
"ျပီးေတာ့...ဘာလဲ"
"ေဆးပိုင္းျခားမႈမွာ ငါတုိ႔နဲ႔ျပိဳင္ေနတဲ့ အင္အားၾကီးတစ္ခုရွိတယ္၊ ငါတို႔က်သြားရင္ သူတို႔တက္ လာမွာပဲ၊ ျပီးေတာ့ တစ္ဖက္လူက ေဆးပိုင္းျခား မႈကို တကယ္ဝင္ခ်င္ေနတာ၊ အဲလိုနဲ႔ ငါတုိ႔ကို ဆန္႔က်င္ တာေတြလုပ္ေနတာပဲ" မုန္႔စန္းခၽြယ္ ေျပာေလသည္ "ျပီးခဲ့တဲ့တစ္ေခါက္က ငါတုိ႔ရဲ႕ အေတာ္ဆံုးလူက ဒီျပိဳင္ပြဲေၾကာင့္ အတုိက္ခိုက္ခံရတယ္၊ ဝင္ေတာင္မျပိဳင္လုိက္ရဘူး"
"ဒါရိုက္တာမုန္႔ ကၽြန္ေတာ့္ကိုဒီေလာက္ေတြေျပာျပေနတာ၊ ျပိဳင္ပြဲၾကီး ၃ခုကို ဝင္မျပိဳင္ေစခ်င္လုိ႔ မလား"
"တျခားအဖြဲ႕ကလူက ငါတုိ႔ဂိုဏ္းထဲကို လူလႊတ္ထားတယ္ဆိုတာ သိ လုိက္ရတယ္၊ သူတို႔က ဒီျပိဳင္ပြဲရဲ႕ အဖ်က္ေတြပဲ၊ ေဆးျပိဳင္ပြဲမတုိင္ခင္ကို မင္းအရည္အခ်င္းကိုမျပေစခ်င္ဘူး"
""
"ကၽြန္ေတာ္ဂိုဏ္းကိုဝင္တုန္းက စစ္ေဆးမႈမွာ ျပျပီးျပီမဟုတ္ဘူးလား"
"ဒါေပမဲ့ အဲတုန္းက မင္းကိုသူမသိေသးဘူး၊ မင္းအေၾကာင္းေတြကို ငါတို႔ပိတ္ပင္ထားတယ္၊ အဲေတာ့ မင္းဝင္ခြင့္စာေမးပြဲကကိစၥကို သူဂရုစိုက္မွာ မဟုတ္ဘူး"
"ဘယ္သူလဲဆိုတာကို ဒါရိုက္တာမုန္႔သိမွေတာ့ သူ႔ကို ဂိုဏ္းကထုတ္မ ပစ္ဘူးလား"
"ငါတို႔လည္း လြန္ခဲ့တဲ့ရက္ပိုင္းကမွသိတာ၊ အဲတုန္းက ငါတို႔သတင္း ရျပီးေတာ့ အဲဖက္ကလႊတ္ လိုက္တဲ့လူက ဘယ္သူလဲဆိုတာ မသိရဘူး၊ သူတို႔က ဂိုဏ္းရဲ႕ေက်ာင္းသားေတြပဲ အဲဒါေၾကာင့္ သူတို႔ ကို ျမင္ေအာင္ လုပ္လို႔မရဘူး"
"..."
ရွီမာယူယူသည္ မုန္႔စန္းခၽြယ္၏ရံုးခန္းမွထြက္လာသည္ႏွင့္ သူမသည္ ျပိဳင္ပြဲတြင္ဝင္ျပိဳင္ရမည့္ အခြင့္အေရးလြတ္သြားကာ ျပိဳင္ပြဲၾကီးတြင္သာဝင္ ျပိဳင္ရေတာ့မည္။
Unicode
အပိုင်း (၈၃၄) – ပြိုင်ပွဲတွင်ဝင်ပြိုင်ခွင့်မရခြင်း
ရှဲရုန်ခေါင်းရမ်းကာ ပြောလေသည် "မသိဘူး နောက်၂ရက်နေရင် ကျင်းပမယ့် တွေ့ဆုံပွဲ၃ခုကြီး အကြောင်းထင်တယ်၊ သွားလိုက်ရင်တော့ သိရမှာပဲ"
"သိပြီ ကျေးဇူးပဲ" ရှီမာယူယူ ပြုံးလိုက်သည်။
"ဘာကိုကျေးဇူးတင်တာလဲ မင်းက ငါတို့ကိုအများကြီး ကူညီပေး ပြီးပြီလေ၊ ငါ စကားပါးပေးရုံပဲရှိတာ" ရှဲရုန်ပြုံးပြကာ ခေါင်းညိမ့်ပြီးနောက် သူမအဖွဲ့သို့ပြန်သွားလေသည်။
ရှီမာယူယူသည် တခြားသူများကိုပြောလိုက်သည် "ကျောင်းအုပ်က ငါ့ကိုခေါ်နေတယ် သွားလိုက်ဦးမယ်"
"သွားလိုက် ငါတို့အဆောင်ကိုအရင်ပြန်နှင့်မယ်၊ အဲအချိန်ကို ဂိုဏ်းမှာ အခုတလောဘာတွေ ဖြစ်နေလဲဆိုတာကို စုံစမ်းလိုက်မယ်"
"ဒါဆို ငါပြန်လာတာနဲ့ မင်းတို့ကိုလာရှာမယ်"
ရှီမာယူယူသည် ပြောပြီးနောက်တွင် မုန့်စန်ချွယ်၏ ရုံးခန်းသို့သွားလိုက် သည်။ တံခါးကို နှစ်ချက် ခေါက်ပြီးနောက်တွင် ပြန်ထူးသံကြားသည်နှင့် သူမ ဝင်သွားလိုက်သည်။
"ဒါရိုက်တာမုန့် ကျွန်တော့်ကိုရှာတယ်ဆိုလို့" ရှီမာယူယူ ပြောလိုက် သည်။
"ဟုတ်တယ်" မုန့်စန်းချွယ်သည် တွေ့ဆုံပွဲ၃ခုကြီး၏ အစီအစဉ်ကို ကြည့်နေသည်။ ရှီမာယူယူ ဝင်လာသည်ကို သူမြင်သောအခါ လက်ထဲမှ အချက်အလက်များကိုချကာ ပြောလေသည် "ထိုင်"
ရှီမာယူယူသည် ဘေးရှိထိုင်ခုံဘက်သို့လာကာ ထိုင်လိုက်သည်။ သူမ သည် မုန့်စန်းချွယ်အား ကြည့်ကာ သူစကားပြောသည်ကို စောင့်နေသည်။
"ယူယူ အခုတလောဂိုဏ်းမှာမရှိဘူးလား၊ ငါ မင်းကိုလူလွှတ်ပြီး ရှာခိုင်းသေးတယ် ရှာမတွေ့လို့" မုန့်စန်းချွယ်သည် ပြောမည့်အကြောင်းအရာ ကို ချက်ချင်းမပြောပေ။ သူမသွားသည့်နေရာကို မေးနေ သည်။
"ကျွန်တော် စီနီယာတွေနဲ့ ကြာပန်းနက်လောကအသေးမှာ ရှေးဟောင်း ဆေးနည်းတွေလေ့လာ နေတာပါ" ရှီမာယူယူ ပြန်ဖြေလိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ ဂိုဏ်းသည် သူမ၏ လောကအသေးအကြောင်း ကို သိပြီးဖြစ်သဖြင့် ထိုအရာနှင့် ရှင်းပြချက်ပေးလျှင်လည်း မဆိုးပေ။
"ရှေးဟောင်းဆေးနည်းဟုတ်လား"
"ဆရာထားခဲ့တဲ့ တချို့ဆေးနည်းတွေပါ" ရှီမာယူယူ ပြောလိုက်သည်။
"အဘိုးကြီးရှုက တစ်ခါက ရှေးဟောင်းဆေးနည်းတွေတော့ယူလာ ၏ဖူး တယ်" မုန့်စန်းချွယ်ပြော လေသည် "အခု မင်းကကြာပန်းနက်လောက အသေးကိုရလိုက်ပြီဆိုတော့ အဲမှာလည်း ရှေးဟောင်း ဆေးပင်တွေရှိမှာပဲ၊ လေ့လာရတာဘယ်လိုနေလဲ"
"အောင်မြင်ဖို့လိုပါသေးတယ်" ရှီမာယူယူ ပြောလိုက်သည်။
"ဖြေးဖြေးလုပ်ကြ လောဖို့မှမလိုတာ၊ ရှေးဟောင်းဆေးနည်းတွေက အခုဆေးနည်းတွေထက် အများကြီးခက်တယ်၊ အချိန်ကတော့ယူရမှာပဲ" မုန့်စန်းချွယ် သူမကိုနှစ်သိမ့်လေသည်။
"နားလည်ပါပြီ"
ရှီမာယူယူ မတ်မတ်ထိုင်နေပုံကို မုန့်စန်းချွယ်မြင်သောအခါ ပြောလေ သည် "ဒီနေ့ မင်းကို ဘာလို့ခေါ်တာလဲဆိုတာသိလား"
"မသိပါဘူး" ရှီမာယူယူသည် ရိုးသားစွာပင်ဖြေလေသည်။
"မင်းကိုဒီနေ့ခေါ်ရတာက မင်းပြိုင်ပွဲမှာဝင်ပြိုင်မယ့်ကိစ္စက ပျက်သွား ပြီလို့ပြောချင်လို့" မုန့်စန်းချွယ် ပြောလေသည်။
"ဗျာ ဘာလို့လဲ" ရှီမာယူယူသည် မုန့်စန်းချွယ်အား တအံ့တသြ ကြည့်လေသည်။
"မစိုးရိမ်ပါနဲ့ ငါရှင်းပြတာနားထောင်ပါဦး" မုန့်စန်းချွယ်ပြောလေသည် "ငါတို့ဒီပြိုင်ပွဲကို လုပ်တယ်ဆိုတာက ကျောင်းသားတွေစိတ်ဝင်စားလာ အောင်လို့လုပ်တာ ဂိုဏ်းက မင်းကို ကျင့်စဉ် အမှတ်တစ်ထောင်ပေးလိမ့်မယ်"
"ကျွန်တော်က ဂိုဏ်းပြိုင်ပွဲရဲ့ ဝင်ပြိုင်သူတစ်ယောက်ပဲလေ၊ ကျောင်းသားတွေဆန္ဒကိုယ် ဆန့်ကျင်သူဘယ်လိုဖြစ်မှာလဲ" ရှီမာယူယူသည် သူ့ကိုနားမလည်သလိုကြည့်လိုက်သည်။
"အဘိုးကြီးယွမ်က ဆေးပြိုင်ပွဲတွေအကြောင်း အရင်ကပြောဖူးလား"
ရှီမာယူယူ ခေါင်းရမ်းကာ ပြောလေသည် "ကျောင်းအုပ်ယွမ်က အချိန်ရောက်လာလို့ ဂိုဏ်းက လိုတာရှိရင် ကူညီးပေးလိုက်ပါလို့ပြောခဲ့တယ် တခြားတော့ဘာမှမပြောဘူး"
"ဒါဆိုရင် သူက မင်းကိုနည်းနည်းပဲပြောခဲ့တာပဲ" မုန့်စန်းချွယ်ပြော လေသည်။
"ဒါရိုက်တာမုန့် ဆေးပြိုင်ပွဲ ဘာလဲ၊ အဲဒါနဲ့ ကျွန်တော်ဂိုဏ်း ပြိုင်ပွဲပြိုင်မှာလဲ ဘာဆိုင်လို့လဲ" ရှီမာယူယူ မေးလိုက်သည်။
"ငါရှင်းပြတာနားထောင်ဦး" မုန့်စန်းချွယ် ပြောလေသည် "အဲဒီဆေး ပြိုင်ပွဲတွေက အဂ္ဂိရတ်ပညာ ရှင်တွေအတွက် အဆင့်အမြင့်ဆုံးပြိုင်ပွဲပဲ၊ ရလဒ်ကိုအခြေခံပြီး သူတို့က မင်းကိုသင့်တော်တဲ့အဆင့်ပေး မှာ"
"အဲအဆင့်တွေက သုံးလို့ရလား"
"ငါတို့ဂိုဏ်းရဲ့အဆင့်တွေနဲ့အတူတူပဲ၊ မင်းအဆင့်ကောင်းလေလေ မင်းရဲ့ လွှမ်းမိုးနိုင်တဲ့အဆင့် မြင့်လေပဲ" မုန့်စန်းချွယ် ပြောလေသည်။
"ဆေးပြိုင်ပွဲဝင်ပြိုင်တဲ့လူတွေက နောက်ခံရှိကြတဲ့လူတွေပဲလား" ရှီမာယူယူမေးလိုက်သည်။
"အဂ္ဂိရတ်ပညာရှင်များအသင်းက ဖိတ်စာပို့တယ်၊ အဲဖိတ်စာရတဲ့လူ တွေပဲ ဝင်ပြိုင်လို့ရတယ်" မုန့်စန်းချွယ် ပြောလေသည် "အပြင်ပိုင်းနဲ့ အလယ်ပိုင်းဒေသက အဂ္ဂိရတ်ပညာရှင်အများစုက လက်ခံကြတယ်၊ အတွင်းပိုင်းဒေသက အင်အားကြီးတချို့လည်း ဝင်ပြိုင်ကြလိမ့်မယ်"
"ဆေးပြိုင်ပွဲက ပေးတဲ့အဆင့်တွေက ကျွန်တော်တို့လွှမ်းမိုးမှုအဆင့်ကို သက်ရောက်မှုရှိမယ်ဆို တာဘာပြောတာလဲ"
"အဂ္ဂိရတ်ပညာရှင်အသင်းမှာ ဆေးပိုင်းခြားမှုဆိုတာရှိတယ်၊ ဆေးပြိုင်ပွဲ ရဲ့ ရလဒ်က အဲဒီ ဆေးပိုင်းခြားမှုမှာ သူတို့ရဲ့ရာထူးကိုသက်ရောက်မှုရှိ လိမ့်မယ်"
"ဆေးပိုင်းခြားမှုဟုတ်လား အဲဒါဘာလဲ"
"အဂ္ဂိရတ်ပညာရှင်အသင်းက အဂ္ဂိရတ်ပညာရှင်တွေကို စီမံတဲ့ အဖွဲ့အစည်းပဲ၊ ဆေးပိုင်းခြားမှု က အဲဒီအဂ္ဂိရတ်ပညာရှင်တွေရဲ့ မဟာမိတ်ပဲ" မုန့်စန်းချွယ် ရှင်းပြလေသည်။
"ဆေးပိုင်းခြားမှုက ဘာအသုံးဝင်တာလဲ"
"အသုံးမဝင်ဘူး"
"ဖူး"
ရှီမာယူယူသည် ပါးစပ်ထဲရှိ လက်ဖက်ရည်များ ထွက်ကျလေသည်။
"အသုံးမဝင်တာကိုပဲ ဘာလို့ဒီပြိုင်ပွဲကို ဂရုစိုက်နေမှာလဲ"
"ငါတို့အတွက် အသုံးမဝင်တဲ့ပုံပေါ်ပေမယ့် မင်းအဆင့်မြင့်လေလေ အဂ္ဂိရတ်လောကမှာ မင်း ရာထူးမြင့်လေလေပဲ၊ သူတို့က မင်းကိုအရင်းအမြစ် တွေပေးတဲ့အချိန်ဆိုလည်း အသုံးဝင်တာပဲ" မုန့်စန်းချွယ် ပြောလေသည်။
"ဒါပေမဲ့ အဲဒါနဲ့ ကျွန်တော်နဲ့ဘာဆိုင်လို့လဲ"
"ဂိုဏ်းက မင်းနဲ့မင်းစီနီယာတွေကို ဒီတစ်ခေါက်ဆေးပြိုင်ပွဲကို ပို့မလို့ စီစဉ်ထားတယ်"
"တွေ့ဆုံပွဲကြီး ၃ခုက ရောဘယ်လိုလုပ်မလဲ၊ ကျွန်တော် တွေ့ဆုံ ပွဲကြီး၃ခုမှာ ဝင်ပြိုင်တာက ဆေးပြိုင်ပွဲအတွက် ဘာမှမဖြစ်ပါဘူး" ရှီမာယူယူ နားမလည်ပေ။
သူမသည် ဂိုဏ်းပြိုင်ပွဲကိုပြိုင်ပြီးမှ ဆေးပြိုင်ပွဲကိုသွားပြိုင်လျှင်ဖြစ်သည်။ အချိန်မတိုက်ပေ။
မုန့်စန်းချွယ်သည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလေသည် "တကယ် တော့ ငါတို့ဂိုဏ်းက ဆေးပိုင်းခြားမှုမှာ အထုတ်ခံရတော့မှာ"
"ဟင်"
"ဆေးပိုင်းခြားမှုက အသုံးမဝင်ဘူးလို့ထင်ရပေမယ့် ဆေးပိုင်းခြားမှု ကနေအထုတ်ခံရတာတော့ မတူတော့ဘူး၊ ငါတို့ဂုဏ်သိက္ခာကို ထိခိုက်ခံ လို့မဖြစ်ဘူး"
ရှီမာယူယူ မှင်တက်သွားသည်။ ဂိုဏ်းက တကယ်ပဲအထုတ်ခံ ရတော့မှာလား။
"ဘာလို့အထုတ်ခံရမှာလဲ"
"ငါတို့ဆေးပြိုင်ပွဲသုံးခုမှာ အဆင့်၃အထိ မဝင်ရင် အထုတ်ခံရတော့မှာ"
"ဂိုဏ်းက ပြိုင်ပွဲ၂ခုဝင်ပြိုင်ပြီးပြီမလား"
"အင်း ငါတို့ဒီတစ်ပွဲမှာ ထိပ်တန်းအဆင့်၁၀၀ထဲမဝင်ရင် အထုတ်ခံရ တော့မှာ"
"ကျောင်းသားတွေနဲ့ ဆရာတွေက အရမ်းအားကောင်းတယ်မဟုတ်ဘူး လား ဘာလို့ ထိပ်တန်း ၁၀၀ထဲမဝင်တာလဲ"
"အသက်အကန့်အသက်ရှိတယ်၊ အသက် ၂၅၀အောက်ပဲဝင်ပြိုင်လို့ရ တယ်၊ ငါတို့ဆရာတွေတော်ပေမယ့် သတ်မှတ်ချက်နဲ့မကိုက်ညီဘူး၊ ကျောင်းသားတွေကကျ အသက်ငယ်တော့ အရည်အချင်း မပြည့်ဘူး ပြီးတော့..."
"ပြီးတော့...ဘာလဲ"
"ဆေးပိုင်းခြားမှုမှာ ငါတို့နဲ့ပြိုင်နေတဲ့ အင်အားကြီးတစ်ခုရှိတယ်၊ ငါတို့ကျသွားရင် သူတို့တက် လာမှာပဲ၊ ပြီးတော့ တစ်ဖက်လူက ဆေးပိုင်းခြား မှုကို တကယ်ဝင်ချင်နေတာ၊ အဲလိုနဲ့ ငါတို့ကို ဆန့်ကျင် တာတွေလုပ်နေတာပဲ" မုန့်စန်းချွယ် ပြောလေသည် "ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ရဲ့ အတော်ဆုံးလူက ဒီပြိုင်ပွဲကြောင့် အတိုက်ခိုက်ခံရတယ်၊ ဝင်တောင်မပြိုင်လိုက်ရဘူး"
"ဒါရိုက်တာမုန့် ကျွန်တော့်ကိုဒီလောက်တွေပြောပြနေတာ၊ ပြိုင်ပွဲကြီး ၃ခုကို ဝင်မပြိုင်စေချင်လို့ မလား"
"တခြားအဖွဲ့ကလူက ငါတို့ဂိုဏ်းထဲကို လူလွှတ်ထားတယ်ဆိုတာ သိ လိုက်ရတယ်၊ သူတို့က ဒီပြိုင်ပွဲရဲ့ အဖျက်တွေပဲ၊ ဆေးပြိုင်ပွဲမတိုင်ခင်ကို မင်းအရည်အချင်းကိုမပြစေချင်ဘူး"
""
"ကျွန်တော်ဂိုဏ်းကိုဝင်တုန်းက စစ်ဆေးမှုမှာ ပြပြီးပြီမဟုတ်ဘူးလား"
"ဒါပေမဲ့ အဲတုန်းက မင်းကိုသူမသိသေးဘူး၊ မင်းအကြောင်းတွေကို ငါတို့ပိတ်ပင်ထားတယ်၊ အဲတော့ မင်းဝင်ခွင့်စာမေးပွဲကကိစ္စကို သူဂရုစိုက်မှာ မဟုတ်ဘူး"
"ဘယ်သူလဲဆိုတာကို ဒါရိုက်တာမုန့်သိမှတော့ သူ့ကို ဂိုဏ်းကထုတ်မ ပစ်ဘူးလား"
"ငါတို့လည်း လွန်ခဲ့တဲ့ရက်ပိုင်းကမှသိတာ၊ အဲတုန်းက ငါတို့သတင်း ရပြီးတော့ အဲဖက်ကလွှတ် လိုက်တဲ့လူက ဘယ်သူလဲဆိုတာ မသိရဘူး၊ သူတို့က ဂိုဏ်းရဲ့ကျောင်းသားတွေပဲ အဲဒါကြောင့် သူတို့ ကို မြင်အောင် လုပ်လို့မရဘူး"
"..."
ရှီမာယူယူသည် မုန့်စန်းချွယ်၏ရုံးခန်းမှထွက်လာသည်နှင့် သူမသည် ပြိုင်ပွဲတွင်ဝင်ပြိုင်ရမည့် အခွင့်အရေးလွတ်သွားကာ ပြိုင်ပွဲကြီးတွင်သာဝင် ပြိုင်ရတော့မည်။