Unicode
နှင်းဖုံးသောတောင်ပတ်လမ်း၏အဆုံး၌ အားကုန်ပင်ပန်းနေပြီဖြစ်သော အမည်းရောင်နဂါးရှိသည်။ အခြားတစ်ဖက်မှာတော့ ရထားလုံးတန်းအရှေ့ဆုံးတွင် ကြောက်ရွံထိတ်လန့်နေသော အမာရွတ်နဲ့သူထိုင်နေပြီး တစ်ချိန်လုံးအိမ်မက်မက်နေခဲ့တာများလား ထင်မှတ်နေသည်။ ထို့အပြင် ဘုန်းတော်ကြီးငယ်တစ်ပါးက နဂါးအမြီးကို ပွေ့ကိုင်ထားပြီး ဆင်ခြေလျှောအောက်ကို လှမ်းကြည့်နေသည်။ သုံးဦးသားအတူ တြိဂံ၏ထောင့်ချွန်များအတိုင်း သဟဇာတဖြစ်လျက်ရှိပြီး တောင့်တင်းစွာ မလှုပ်မယှက်ငြိမ်သက်နေကြသောပုံကို တည်ငြိမ်အေးချမ်းလှသော ရင်သတ်ရှုမောဖွယ် ရှုမျှော်ကွင်းပန်းချီပြကွက်တစ်ခုလို့တောင် သတ်မှတ်သွားနိုင်သည်။
အချိန်မည်မျှကြာသွားသည်မသိ။ တစ်ဦးတစ်ယောက်မှ စတင်မလှုပ်ရှားလာသေး။
နှစ်ရာချီမကကြာသွားပြီထင်ရသောအချိန်ကျမှ အမာရွတ်နှင့်သူကစပြီး လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
မျက်လုံးများက ဂနာမငြိမ်။ တောင်စောင်းတစ်လျှောက်ကို ဇဝေဇဝါနှင့် ခေါင်းမော့ကြည့်သည်။ ပို၍သိပ်သည်းစွာကျဆင်းလာသောဆီးနှင်းများနှင့် ပိန်းပိန်းမှောင်နေသောကောင်းကင်ကိုသာ တွေ့၏။ ခေါင်းထက် မည်သည့်သတ္တဝါမှ ပျံသန်းမနေ။ အစောနကလေးတင် တွေ့လိုက်သည်က ရှည်ရှည်မျောမျော အကြေးခွံသတ္တဝါ။ ထို့အပြင် အခြားအရာတစ်ခုလည်း ရှိသေးသည်။
သို့ပေမယ့် သူဤထက်ပိုပြီး သေချာမမှတ်မိတော့။ တစ်စုံတစ်ရာသည် သူ့အရှေ့ကနေပျံသန်းသွားပြီး နီးကပ်လွန်း၍ ခေါင်းပျက်မတတ်လုနီးပါးကိုတော့ သူသိသည်။
【ဒီလောက်ကြီးမားတဲ့အရာက ရုတ်ချင်းပျောက်ကွယ်သွားနိုင်ပါ့မလား?】
"အဖွဲ့ခေါင်းဆောင်..ဘာလို့ရပ်လိုက်တာလဲ? မြင်းကပြဿနာရှာနေပြန်ပြီလား?"
လိုက်ကာနောက်မှတစ်ယောက်၏မေးသံ ထွက်ပေါ်လာသည်။
ထိုမှသာ အမာရွတ်နှင့်သူ အသိပြန်ကပ်သွားသည်။ ခေါင်းကို အကြမ်းပတမ်းရမ်းခါပြီး ခေါင်းထဲမှအတွေးများကို ကြိုးစားဖယ်ထုတ်လိုက်သည်။ ခရီးပင်ပန်းလို့ အမြင်မှားတာနေမှာပါလို့သာ တွေးထားလိုက်တော့သည်။
ဘေးတွင်ချထားသောသေရည်အိုးကို တစ်ငုံမော့သောက်၏။ ဤသေရည်သည် ကျန်းနန်ဒေသတွင် ချက်လုပ်သောသေရည်ဖြစ်ဟန်မတူ။ မဟာတံတိုင်းမြောက်အရပ်က လာပုံရသည်။ အရသာပြင်းပြီးစူးရှနေကာ ရင်ထဲတိုက်ရိုက်ဝင်သွားသည့်အရက်မျိုး။ တစ်ငုံသောက်ပြီးနောက် တဖန်သက်ဝင်နိုးကြားလာပြီး လက်များနွေးလာသလိုတောင် ခံစားလိုက်ရသည်။ ခရီးဆက်သွားဖို့သာ သူဆုံးဖြတ်လိုက်သည်။
"ချွီး––"
ဘေးဘီဝဲယာကို စနိုးစနှောက်နှင့် တစ်ချက်ကြည့်ပြီး ကြာပွတ်ကိုလွှဲသည်။ ရထားလုံးတန်းဆီမှလည်း တကျီကျီအသံများ ထွက်လာသည်။
စီးချက်ကျသောမြင်းခွာသံများ မှေးမှိန်သွားပြီး ရထားလုံးတန်း တောင်ပတ်လမ်း၏နောက်တစ်ကွေ့သို့ ချိုးဝင်သွားချိန်မှသာ တောင်စောင်းပေါ်တွင်ပုန်းနေသောနဂါး သက်ပြင်းချနိုင်တော့သည်။
နဂါးများ၏အသက်ရူပုံသည် လူများကဲ့သို့ နှာခေါင်းပေါက်အပိတ်အဖွင့် လုပ်ရုံလေးမဟုတ်။ အသက်ရှုသွင်းလိုက်တိုင်းမှာ လေပြင်းမုန်တိုင်းကို ဆင့်ခေါ်မိလေမလား အမြဲတမ်းစွန့်စားနေရသည်။ အမာရွတ်နှင့်သူ အမြန်ရှေ့ဆက်သွားရန် တိတ်တိတ်လေးနေရာတွင် ရွှဲရှန်အသက်ရှုအောင့်ထားရသည်ဖြစ်၍ မူးမေ့လဲတော့မလိုတောင် ဖြစ်သွားသည်။
အန္တရာယ်မှာဖြတ်သွားပြီဖြစ်၍ အနှီဘိုးဘေးသည် တောင်အလယ်တွင် ကိုယ်တစ်ပိုင်းသေနှင့် ဒုက္ခများနေသောသူမဟုတ်သည့်အတိုင်း လှုပ်လှုပ်ယွယွဖြစ်လာ၏။
ရွှဲရှန်ကိုယ်ကိုကိုင်းကာ သူ့အမြီးကိုကိုင်ထားဆဲဖြစ်သောရွှမ်းမင်ကို ငုံကြည့်လိုက်သည်။
"ကြည့်စမ်းပါဦး..ငါလာပြီးမင်းအတွက်အမှုစက်ကွင်းကိုရှင်းပေးရတာပါပဲ..ငါရဲ့မြန်ဆန်လှတဲ့လှုပ်ရှားမှုတွေကြောင့်သာမဟုတ်ရင်အဲ့ဒီအမာရွတ်လူသူ့အလောင်းနဲ့မျက်နှာချင်းဆိုင်တွေ့သွားမှာ"
ရွှမ်းမင် ; "…" 【ပြောရဲတယ်!】
ရွှမ်းမင်သည် နဂါးအမြီးကို ညင်သာစွာပြန်ချပေးနေသည့် တန်းလန်း၌ဖြစ်၏။ ထိုစကားကြားသောအခါ တစ်ကိုယ်လုံးတောင့်တင်းသွားပြီး ခါးပြန်မတ်လိုက်သည်။
မည်သည့်စကားမှမဆို။ ရွှဲရှန်အမြီးထိပ်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး နောက်တစ်ခါထပ်ပြောကြည့်လိုက်စမ်းဆိုသော အဓိပ္ပာယ်ပါဝင်နေသည့်အကြည့်ဖြင့် အေးတိအေးစက်ကြည့်လာ၏။
ရွှဲရှန် ကိုယ့်အမြီးကိုယ် အလွန်အမင်းမုန်းတီးစွာ ကြည့်မိသည်။ အကျိုးမပေးသောအရာကို ဖြတ်နိုင်ရင်ဖြတ်ပစ်လိုက်ပြီ။ သေးရွယ်သောပုံစံနဲ့တုန်းက ရွှမ်းမင်မှအမြှီးကိုဆွဲပြီး ထိန်းချုပ်ခဲ့သည်။ အခုလိုကြီးမားလာပြန်ပေမယ့်လည်း ဒီကတုံးလက်ခုပ်ထဲက မလွတ်မြောက်နိုင်သေး။ ကဲ အဲ့တာဘာဖြစ်တာလဲ? ပြော?!
ရွှမ်းမင်ကိုကြည့်ပြန်တော့ အမြီးကိုလက်ထဲမှာကိုင်ထားဆဲနှင့် ပြန်ကြည့်လာသည်။ မောက်မာနေသောပုံစံမပေါက်သလို နိမ့်ချနေသည်လည်းမဟုတ်။ ရွှဲရှန်မှ ပြောလာသောစကားကို ပြန်ရုတ်သိမ်းရန် စောင့်ဆိုင်းနေသည်မှာ အရှင်းသား။
ရွှမ်းမင်လက်တွင် ဤအတိုင်းရှိနေသောအမြှီးသည် မရှိသင့်မရှိအပ်သောနေရာ၌ ဖြစ်တည်နေခြင်း။ ထိုအမြီးသည် ရွှဲရှန်ခန္ဓာကိုယ်၏ အားနည်းချက်ရှိသောအစိတ်အပိုင်း ဖြစ်ရုံသာမက အစကနဦးလေးတင်ကြုံကြိုက်ခဲ့သည့် အရှက်ကွဲသောအခိုက်အတန့်၏ သက်သေလည်းဖြစ်သည်။ သိက္ခာတရားများအတွက် ထပ်တိုးလာသော စော်ကားမှုတစ်ရပ်။
ရွှမ်းမင်နှင့် အချိန်အတော်ကြာ အကြည့်ချင်းတိုက်ပွဲဆင်ပြီးနောက် ရွှဲရှန်စိတ်မပါစွာနှာမှုတ်လျက် ညှိညှိနှိုင်းနှိုင်းနေရန်သာ ဆုံးဖြတ်လိုက်သည်။
"ဟုတ်ပါပြီ..ဟုတ်ပါပြီ..မင်းကအတော်ဆုံးပါပဲ!"
တည်ငြိမ်စွာဖြင့် ရွှမ်းမင်မေး၏။
"အမှုကွင်းကိုဘယ်သူရှင်းလင်းလိုက်တာလဲ?"
ရွှဲရှန် ; "…" မျက်ဆန်လည်သွားသည်။ တေးသီသောလေသံနှင့် ရွဲ့စောင်းကာဖြင့်
"မင်းပေါ့––မင်းရှင်းလင်းပေးခဲ့တာ.. ကျေနပ်ပြီလား? ငါ့ကိုအခုလွှတ်ပေးတော့!"
ထိုစကားကြားမှ ရွှမ်းမင်ခါးကိုတဖြည်းဖြည်းကုန်းကာ ထိန်းမနိုင်သိမ်းမရသောင်းကျန်းလှသော သတ္တဝါ၏အမြှီးကို မြေပေါ်သို့ချပေးလိုက်သည်။
ဒီကတုံးနှင့် အချိန်ကြာကြာ အတူတကွဖြတ်သန်းမိလေလေ သက်တမ်းတိုလာလေလေဟု ရွှဲရှန်ခံစားနေရသည်။
တန်ဖိုးရှိသောအချိန်မှာ နှစ်ဦးသား အခြေအမြစ်မရှိ ရန်ဆောင်ရာမှ အလဟဿဖြစ်သွားပြီ။ တောင်ပရံနောက်ကွယ်သို့ ပတ်၍ဝင်သွားပြီး လူအဖြစ်ပြန်ပြောင်းကာ အဝတ်အစားဝတ်ပြီးနောက် ရွှမ်းမင်နှင့်အတူ ရထားလုံးထဲပြန်ရောက်သွားချိန်တွင် ရထားလုံးတန်းသည် အန္တရာယ်များသောတောင်ပတ်လမ်းမှ ထွက်လာပြီဖြစ်ချေ၏။ အရှေ့တွင်ရှိနှင့်သောမြို့ဆီသို့ ဦးတည်သွားသည်။
ကောင်းကင်မှာ ပို၍ပင်မှောင်ရိပ်သန်းလာလျက် ညနေစောင်းလွန်ခဲ့ပြီ။
"နေစောင်းတော့မယ်..ဘယ်အချိန်လောက်မှမြို့ထဲဝင်မလဲမသိဘူး?"
လိုက်ကာကိုပြတင်းပေါက်တွင် ပြန်တွဲချိတ်လိုက်ပြီဖြစ်ပြီး ဟနေသောအပေါက်ကြားမှ ရှီထို့ကျန်းအပြင်ကို ချောင်းကြည့်နေသည်။ ခရီးလမ်းတစ်လျှောက် အုတ်အော်သောင်းနင်းအတန်ငယ်ဖြစ်တာကလွဲ၍ ဆိုးဆိုးရွားရွားဖြစ်သွားတာမျိုးမရှိ။ သို့သော်ငြား ရှီထို့ကျန်းတစ်ယောက် သရဲရထားလုံးတန်းတွင် ဆက်လိုက်ပါစိတ်မရှိတော့။ မြို့ထဲမြန်မြန်ရောက်လေလေ ဤအဖွဲ့နှင့်စောစောလမ်းခွဲနိုင်လေလေပင်။
"ရောက်တော့မယ်"
ပိန်းပိန်းလွှမ်းခြုံထားသောနှင်းထုကို လက်ညှိုးညွှန်ပြလျက် ကျန်းရှီနင်ပြောလာသည်။
"ဒီလမ်းပေါ်ကိုတက်လာကတည်းကလှည်းရာတွေစိတ်လာတာကိုမြင်တယ်မလား..မြို့ဂိတ်ဝနဲ့မဝေးတော့ဘူးထင်တယ်"
ရှီထို့ကျန်းအကြည့်က မုန့်ထုတ်ဆီရောက်ရှိသွားပြီး ပါးစပ်တပြင်ပြင်ဖြစ်လာသည်။ ဗိုက်ထဲကဖြင့် တဂွီဂွီမြည်နေပြီး
"မြို့ထဲရောက်ရင်ခဏနားလို့ရမလား? တစ်ခုခုစားရအောင်..ဗိုက်ဆာနေပြီ"
လုညန့်ချီဗိုက်ဆီမှလည်း ထို့အတူပဲ အသံမြည်လာသည်။
"မင်းကောပဲလား?"
ကျန်းရှီနင်မေး၏။
လုညန့်ချီ၏စိတ်နေစိတ်ထားသည် ကလေးဆန်ဆဲဖြစ်ရာ ဗိုက်ဆာတာကို ရှက်စရာဟုမြင်ပုံရ၏။
"မဆာဘူး..ငါ့ဆီကလာတာမဟုတ်ဘူး"
ထုံးစံအတိုင်းလိုပင် ခေါင်းမာလှပြီး လေသံကအေးစက်နေသော်ငြား နားရွက်ထိပ်ဖျားက ရဲတွတ်နေသည်။
ရွှဲရှန်အကြောဆန့်လိုက်ကာ ပျင်းရိပျင်းတွဲနှင့်
"နှင်းမုန်တိုင်းကရပ်ဦးမှာမဟုတ်သေးဘူး..ကောင်းကင်ကိုကြည့်လိုက်စမ်းပါဦး..မစဲသေးပဲပိုတောင်ဆိုးလာနိုင်တယ်..ပြီးတော့မြင်းတွေကလည်းနှေးလိုက်ပါဘိ..ဘယ်အချိန်ရောက်မရောက်ထက်အရင်ရောက်သွားဖို့ကအရေးကြီးတယ်"
ဤအဖွဲ့၌ ဇီဇာအကြောင်ဆုံး သူတစ်ဦးစိတ်ကျေနပ်ရန်အခက်ခဲဆုံးသူက ပြောလာသည်ဖြစ်ရာ စားစရာနှင့်ပတ်သတ်ပြီး သဘောတူပုံရသည်။
အခြားတစ်ယောက်ကတော့...
ကျန်းရှီနင် ရွှမ်းမင်ကိုမဝံ့တဝံ့ကြည့်ရာ ရွှမ်းမင်မှတစ်ခုခုပြောမည့်ပုံမပေါ်တာကြောင့် သူလည်းပဲလက်ခံပုံရသည်။
ရှီချန်းတစ်ဝက်ခန့်အချိန်ကြာပြီးတဲ့နောက်မှာ ရထားလုံးတန်းစတင်ပြီးအရှိန်လျော့သွားကာ အသံဗလံများက သူတို့ရှိရာသို့ လွင့်ပျံလာသည်။
"ရောက်ပြီပဲ!"
ဗိုက်ပူပူ ခေါင်းပြောင်ပြောင် ယင်မည်းရိုင်းကြီးနှယ် လက်နှစ်ဖက်ကိုပွတ်ရင်း ရှီထို့ကျန်းစိတ်လှုပ်တရှားပြောလာသည်။
သူတို့ရပ်နားသောမြို့သည် ဟွာကျီးစီရင်စုအပိုင် မြို့တစ်မြို့ဖြစ်သည်။ အန်ချင်း၏မြို့ငယ်လေးသာဖြစ်သော်လည်း မြစ်နှင့်ကပ်လျက်တည်ရှိပြီး ကွမ်းယင်မြစ်ဆိပ်နှင့် အနီးဆုံးမြို့ဖြစ်တာကြောင့် သက်ဝင်လှုပ်ရှားလှသည်။ သို့ပေမယ့် မြို့လေးကိုက ထူးထူးခြားခြားသေးငယ်လှရာ မြို့တံတိုင်းအတွင်းရှိ လမ်းတိုင်းအကုန်လျှောက်လျှင်တောင် အများဆုံးတစ်ရှီချန်းမျှသာကြာလောက်မည်။ အရွယ်အစားသေးငယ်သော်လည်း ဟွာကျီးစီရင်စုအပိုင်မြို့ထဲ ဝင်ခွင့်ထွက်ခွင့်က တင်းကျပ်လှသည်။
ဤမြို့ကနေ ရွှဲရှန်တစ်ခါ ဖြတ်သွားဖူးသည်။ သူမှတ်မိတာမမှားဘူးဆိုလျှင် မြို့စောင့်တပ်များသည် ခရီးသွားများအပေါ် ရှာဖွေရာနှင့် မေးခွန်းမေးရာ၌ လွန်စွာတင်းကျပ်၏။ လူတိုင်းကိုမြင်းများပေါ်မှဆင်းစေပြီး ရထားလုံးများကိုလည်း အကုန်ဖွင့်ပေးရသည်။ ဖြတ်သွားမည့်သူဖြစ်စေ ခရီးတစ်ထောက်နားမည့်သူဖြစ်စေ ရာထူးရာခံမြင့်မားသူဖြစ်စေကာမှု အစောင့်များကို အမည်စာရင်းပေးရသည်။
မေးခွန်းအချို့ကို ဖြေပြီးတဲ့နောက်မှာ အမာရွတ်နဲ့သူသည် ရထားလုံးတန်းကို မြို့ဂိတ်ဝ၏ဘေးတွင် ရပ်နားလိုက်၏။ အစောင့်တစ်ဦးသည် လက်ထဲတွင် စာအုပ်တစ်အုပ်ကိုင်ကာ ရထားလုံးများထဲမှလူများကို စတင်ရေတွက်၏။
အစောင့်သည် နောက်ဆုံးရထားလုံးကိုဖွင့်ပြီး အထဲကိုကြည့်လိုက်တဲ့အခါမှာ အထဲရှိသူများ၏မျက်နှာက အံသြတကြီးဖြစ်ကုန်ကြသည်။
အစောင့်၏မျက်နှာတစ်ခြမ်းကို အမည်းရောင်ဆေးအနှစ်များနှင့် ခြယ်သထားပြီး လက်ဖမိုးတွင်လည်း ထို့အတူပင်။ ထိုဆေးအနှစ်များထံမှ ထူးခြားသောအနံ့တစ်မျိုး ထွက်နေသည်။
မျက်နှာထက်ဆေးများရှိနေတာကို အရေးစိုက်ပုံမရသောအစောင့်သည် လူကိုသာဆက်လက်စစ်ဆေးနေ၏။ ရွှမ်းမင်ကိုနှစ်ကြိမ်နှစ်ခါကြည့်ပြီး တံခါးကိုပြန်ပိတ်ကာ ရထားလုံးကိုဆက်သွားလို့ရပြီဖြစ်ကြောင်း အချက်ပေးလိုက်သည်။
"သူကဘာလို့တာ့ရှီးကိုကြည့်သွားတာလဲ?"
ကျန်းရှီနင်မေး၏။
"ဘယ်သူသိမှာလဲ? လူကောင်းလို့မထင်ရလို့နေမှာပေါ့"
ရထားလုံးအပြင်ဘက်ရှိမြင်ကွင်းများကို တငေးတမောကြည့်နေလျက် ပြတင်းပေါက်ဆီမှ အကြည့်ခွာချင်ပုံမရ။
လူတိုင်း ; "…"
【ဒီမှာယုံကြည်အားကိုးရဆုံးလို့ပုံပေါ်တာ ရွှမ်းမင်ပဲရှိတယ်၊ ဒီဘိုးဘေးကအရှက်ကိုမရှိဘူး】
အမာရွတ်နဲ့သူနှင့်အဖွဲ့သည် ပုံမှန်ထက်ကိုလွန်လျက် ကြင်နာလွန်းကြ၏။ ရွှဲရှန်တို့ကို တည်းခိုဆောင်တံခါးဝအရှေ့ထိ လိုက်ပို့ပေးပြီးနောက်မှ နှုတ်ဆက်သွားကြသည်။
ပြဇာတ်အဖွဲ့ကြည့်ရသည်မှာ တစ်နေရာကိုသွားရန် အလျင်လိုနေပုံပေါ်ပြီး အချိန်ဆိုင်းချင်ပုံမရ။ ဟွာကျီးမြို့တွင် တထောင့်ရပ်နားမည့် အစီအစဥ်မရှိကြ။
"ရထားလုံးငှားချင်ရင်တည်းခိုဆောင်ပိုင်ရှင်ကိုမေးလိုက်လို့ရတယ်..ဟွာကျီးစီရင်စုကကျဥ်းတော့အမိုးတစ်မိုးပြိုပြီးလူငါးယောက်ပိသွားရင်အဲ့ဒီထဲကသုံးယောက်ကဆွေမျိုးတွေဖြစ်နေလိမ့်မယ်..တည်းခိုဆောင်ပိုင်ရှင်ဆိုရင်ရထားလုံးကိုအလွယ်လေးရှာပေးလိမ့်မယ်..အသပြာနည်းနည်းပေးလိုက်ရုံပဲ"
ဤသည်မှာ အမာရွတ်နဲ့သူ မသွားခင်ပြောသွားသော စကားဖြစ်သည်။
အစကတည်းက ရွှဲရှန်တို့သည် ပြဇာတ်အဖွဲ့ရထားလုံးကို အလကားလိုက်ပါလာရန် စိတ်ကူးရှိခဲ့သည်မဟုတ်။
သို့သော်ငြား ပြဇာတ်အဖွဲ့သည် ရွှမ်းမင်၏ငွေတုံးများကိုငြင်းဆန်ပြီး နှစ်ဆုံးတိုင်းကပြလေ့ရှိသော ပြဇာတ်ကြေးတောင် ဘယ်တုန်းကမှမယူသည်ဖြစ်ရာ ရွှမ်းမင်တို့ဆီမှငွေကိုလည်း လက်သင့်မခံနိုင်ကြောင်းပြောလာသည်။ ဤအဖွဲ့၌ အခြားသူများနှင့် ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲဆိုတာကိုသိသော တစ်ဉီးတည်းသောသူကျန်းရှီနင် အမျိုးမျိုးစည်းရုံးကြည့်သော်ငြားလည်း မအောင်မြင်လိုက်တာကြောင့် ကျန်းရှီနင်မျက်နှာက မည်းမှောင်လျက်ရှိသည်။
မနေနိုင်သောလုညန့်ချီမှ
"ဘာမှမဖြစ်ဘူး..နောင်များကျရင်သူတို့ကိုပေးဖို့တနည်းနည်းနဲ့ရောက်လာလိမ့်မယ်"
လက်ချောင်းများက တုတ်ချောင်းများကိုခေါက်နေပြီး စိတ်ကတော့အဝေးတစ်နေရာကို ရောက်နေပုံရသည်။
"တစ်ခုခုကို...မြင်လိုက်တာလား?"
"သူတို့အပေါ်မှာအကြွေးတင်ကျန်နေမှာမဟုတ်ဘူး"
ဤသည်မှလွဲပြီး လုညန့်ချီထပ်မပြောလာတော့။
ရွှဲရှန်တောင်မှ အနှီရှေ့ဖြစ်ဟောဆရာလေး၏စကားအပေါ် သံသယဝင်သည်မဟုတ်ရာ ကျန်းရှီနင်လည်း ဤနှင့်သာစိတ်ဖြေလိုက်သည်။ ပြဇာတ်အဖွဲ့သည် နှုတ်ဆက်စကားဆိုပြီးတာနဲ့ ညယံအတွင်း လျင်မြန်စွာဝင်ရောက်ပျောက်ကွယ်သွားပြီဖြစ်သည်။
တည်းခိုဆောင်ရှိ စားပွဲဝိုင်းတစ်ဝိုင်း၌ဝင်ထိုင်ကာ စားစရာမှာမယ်ပြင်ခိုက်တွင် ရွှဲရှန်၏အာရုံက လမ်းမပေါ်ကမခွာသေး။
"တစ်ချိန်လုံးဘာတွေကြည့်နေတာလဲ?"
ကျန်းရှီနင်မေး၏။
"အမျိုးမျိုးအဖုံဖုံပဲ..ငါဒီကိုတစ်ခါရောက်ဖူးတယ်..လမ်းပေါ်မှာအရင်လောက်လူမစည်ဘူး..ပုံမှန်ထက်အတော်ကိုနည်းနေတာ..ပြီးတော့နံရံမှာအပြည့်ကပ်ထားတဲ့ကြော်ငြာစာရွက်တွေကိုတွေ့လိုက်လား?"
"ဘာကြော်ငြာစာရွက်လဲ? ကြည့်ရအောင်"
အချည်းနှီးတစ်ယောက်တည်းထိုင်နေရတာကို မနှစ်မြို့တာကြောင့် တည်းခိုဆောင်အပြင်ဘက်သို့ ရှီထို့ကျန်းထွက်သွားသည်။ သိပ်ပင်မကြာလိုက် ဝတ်ရုံစကို အနေခက်စွာဖုံးဖိလျက် ပြန်ဝင်လာသည်။ ရွှဲရှန်တို့အဖွဲ့သည် တည်းခိုဆောင်၏ထောင့်တစ်နေရာ ကြီးမားသောအနီရောင်တိုင်နောက်ကွယ်တွင် ထိုင်နေသည်ဖြစ်၌ အခြားသောစားသုံးသူများ အလွယ်တကူမမြင်နိုင်။
"ဖြုတ်ယူကြည့်လို့ရမရတော့မသိဘူး..အောက်မှကျနေတာတွေ့လို့ကောက်ခဲ့တာ"
ဝတ်ရုံထဲမှထုတ်ယူပြီး စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်သည်။
"ကြည့်––"
လမ်းမထက်တွင် အလင်းမကောင်းတာကြောင့် ကြော်ငြာစာရွက်ပေါ်တွင် ရေးထားသည်များကို ရှီထို့ကျန်းဖတ်မကြည့်ရသေး။ စားပွဲပေါ်တွင်ဖြန့်ခင်းထားသောစာရွက်ကြောင့် အကုန်လုံးတောင့်တင်းသွားကာ အလွန်အမင်းအံ့သြသင့်လျက် ရွှမ်းမင်ကိုကြည့်လာကြသည်။
"တာ့ရှီး..ဒါက"
ရှီထို့ကျန်းသည် အထစ်ထစ်အငေါ့ငေါ့နှင့်
"ဘယ်လိုဖြစ်ပြီးကြော်ငြာစာမှာပါလာတာလဲ? ဘာများလုပ်ခဲ့လို့လဲ?"
ရွှမ်းမင်သည် မျက်မှောင်ကြုံ့လျက် စာရွက်ထက်ကပုံကို သေချာကြည့်နေဆဲ။
"နင်ရမ်းတိုင်းပြည်မှာတုန်းကလျိုအကြံပေးကကြော်ငြာစာပေါ်ကလူနဲ့တာ့ရှီးကိုမှားတာမလား? ဒါပေမဲ့အဲ့ဒီလူကတာ့ရှီးမဟုတ်ဘူးလို့ပြောတယ်"
ရွှဲရှန်သည် လက်ဖြင့် ကြော်ငြာစာကို တစ်ချက်ခေါက်ကာ
"နင်ရမ်းကကြော်ငြာစာရွက်ကိုတွေ့ဖူးတယ်..အဲ့ဒီဘုန်းကြီးဆီမှာလည်ပင်းမှာမှဲ့ရှိတာကလွဲပြီးဒီကတုံးနဲ့ကျန်တာမတူဘူး..ပြီးတော့ပိုအသက်ကြီးတယ်"
သို့ပေမဲ့ ဤကြော်ငြာစာရွက်ကတော့
"နင်ရမ်းမှာကြော်ငြာစာတွေကပ်ထားတာတစ်လနီးပါးကြာပြီလို့ပြောတယ်မလား?"
ကြော်ငြာစာရွက်ကို ရွှဲရှန်ကောက်ယူပြီး ခပ်ဖြည်းဖြည်းခါယမ်းကာ
"ဒီတစ်ခုကြည့်ရတာ...ကပ်ထားတာမကြာသေးတဲ့ပုံပဲ"
စာရွက်ထက်ရှိပုံသည် အရင်ထက် သိသိသာသာ ပြောင်းလဲနေ၏။ ပို၍ငယ်ရွယ်သလို မျက်နှာအသွင်အပြင်များ ရေးဆွဲထားသည်မှာလည်း အရင်နှင့်ကွာခြားနေရာ အခုကျမှ ရွှမ်းမင်နှင့် တစ်ထေရာတည်းကိုတူနေသည်။
••••••
Zawgyi
ႏွင္းဖံုးေသာေတာင္ပတ္လမ္း၏အဆံုး၌ အားကုန္ပင္ပန္းေနၿပီျဖစ္ေသာ အမည္းေရာင္နဂါးရိွသည္။ အျခားတစ္ဖက္မွာေတာ့ ရထားလံုးတန္းအေရ႔ွဆံုးတြင္ ေၾကာက္ရြံထိတ္လန႔္ေနေသာ အမာရြတ္နဲ႔သူထိုင္ေနၿပီး တစ္ခ်ိန္လံုးအိမ္မက္မက္ေနခဲ့တာမ်ားလား ထင္မွတ္ေနသည္။ ထို႔အျပင္ ဘုန္းေတာ္ႀကီးငယ္တစ္ပါးက နဂါးအၿမီးကို ေပြ့ကိုင္ထားၿပီး ဆင္ေျခေလ်ွာေအာက္ကို လွမ္းၾကၫ့္ေနသည္။ သံုးၪီးသားအတူ ႀတိဂံ၏ေထာင့္ခၽြန္မ်ားအတိုင္း သဟဇာတျဖစ္လ်က္ရိွၿပီး ေတာင့္တင္းစြာ မလႈပ္မယွက္ၿငိမ္သက္ေနၾကေသာပံုကို တည္ၿငိမ္ေအးခ်မ္းလွေသာ ရင္သတ္ရႈေမာဖြယ္ ရႈေမ်ွာ္ကြင္းပန္းခ်ီျပကြက္တစ္ခုလို႔ေတာင္ သတ္မွတ္သြားႏိုင္သည္။
အခ်ိန္မည္မ်ွၾကာသြားသည္မသိ။ တစ္ၪီးတစ္ေယာက္မွ စတင္မလႈပ္ရွားလာေသး။
ႏွစ္ရာခ်ီမကၾကာသြားၿပီထင္ရေသာအခ်ိန္က်မွ အမာရြတ္ႏွင့္သူကစၿပီး လႈပ္လႈပ္ရွားရွားျဖစ္လာသည္။
မ်က္လံုးမ်ားက ဂနာမၿငိမ္။ ေတာင္ေစာင္းတစ္ေလ်ွာက္ကို ဇေဝဇဝါႏွင့္ ေခါင္းေမာ့ၾကၫ့္သည္။ ပို၍သိပ္သည္းစြာက်ဆင္းလာေသာဆီးႏွင္းမ်ားႏွင့္ ပိန္းပိန္းေမွာင္ေနေသာေကာင္းကင္ကိုသာ ေတြ့၏။ ေခါင္းထက္ မည္သၫ့္သတၲဝါမွ ပ်ံသန္းမေန။ အေစာနကေလးတင္ ေတြ့လိုက္သည္က ရွည္ရွည္ေမ်ာေမ်ာ အေၾကးခြံသတၲဝါ။ ထို႔အျပင္ အျခားအရာတစ္ခုလည္း ရိွေသးသည္။
သို႔ေပမယ့္ သူဤထက္ပိုၿပီး ေသခ်ာမမွတ္မိေတာ့။ တစ္စံုတစ္ရာသည္ သူ႔အေရ႔ွကေနပ်ံသန္းသြားၿပီး နီးကပ္လြန္း၍ ေခါင္းပ်က္မတတ္လုနီးပါးကိုေတာ့ သူသိသည္။
【ဒီေလာက္ႀကီးမားတဲ့အရာက ရုတ္ခ်င္းေပ်ာက္ကြယ္သြားႏိုင္ပါ့မလား?】
"အဖဲြ႔ေခါင္းေဆာင္..ဘာလို႔ရပ္လိုက္တာလဲ? ျမင္းကျပႆနာရွာေနျပန္ၿပီလား?"
လိုက္ကာေနာက္မွတစ္ေယာက္၏ေမးသံ ထြက္ေပၚလာသည္။
ထိုမွသာ အမာရြတ္ႏွင့္သူ အသိျပန္ကပ္သြားသည္။ ေခါင္းကို အၾကမ္းပတမ္းရမ္းခါၿပီး ေခါင္းထဲမွအေတြးမ်ားကို ႀကိဳးစားဖယ္ထုတ္လိုက္သည္။ ခရီးပင္ပန္းလို႔ အျမင္မွားတာေနမွာပါလို႔သာ ေတြးထားလိုက္ေတာ့သည္။
ေဘးတြင္ခ်ထားေသာေသရည္အိုးကို တစ္ငံုေမာ့ေသာက္၏။ ဤေသရည္သည္ က်န္းနန္ေဒသတြင္ ခ်က္လုပ္ေသာေသရည္ျဖစ္ဟန္မတူ။ မဟာတံတိုင္းေျမာက္အရပ္က လာပံုရသည္။ အရသာျပင္းၿပီးစူးရွေနကာ ရင္ထဲတိုက္ရိုက္ဝင္သြားသည့္အရက္မ်ိဳး။ တစ္ငံုေသာက္ၿပီးေနာက္ တဖန္သက္ဝင္ႏိုးၾကားလာၿပီး လက္မ်ားေနြးလာသလိုေတာင္ ခံစားလိုက္ရသည္။ ခရီးဆက္သြားဖို႔သာ သူဆံုးျဖတ္လိုက္သည္။
"ခၽီြး––"
ေဘးဘီဝဲယာကို စႏိုးစေနွာက္ႏွင့္ တစ္ခ်က္ၾကၫ့္ၿပီး ၾကာပြတ္ကိုလႊဲသည္။ ရထားလံုးတန္းဆီမွလည္း တက်ီက်ီအသံမ်ား ထြက္လာသည္။
စီးခ်က္က်ေသာျမင္းခြာသံမ်ား ေမွးမိွန္သြားၿပီး ရထားလံုးတန္း ေတာင္ပတ္လမ္း၏ေနာက္တစ္ေကြ့သို႔ ခ်ိဳးဝင္သြားခ်ိန္မွသာ ေတာင္ေစာင္းေပၚတြင္ပုန္းေနေသာနဂါး သက္ျပင္းခ်ႏိုင္ေတာ့သည္။
နဂါးမ်ား၏အသက္ရူပံုသည္ လူမ်ားကဲ့သို႔ ႏွာေခါင္းေပါက္အပိတ္အဖြင့္ လုပ္ရံုေလးမဟုတ္။ အသက္ရႈသြင္းလိုက္တိုင္းမွာ ေလျပင္းမုန္တိုင္းကို ဆင့္ေခၚမိေလမလား အၿမဲတမ္းစြန႔္စားေနရသည္။ အမာရြတ္ႏွင့္သူ အျမန္ေရ႔ွဆက္သြားရန္ တိတ္တိတ္ေလးေနရာတြင္ ရႊဲရွန္အသက္ရႈေအာင့္ထားရသည္ျဖစ္၍ မူးေမ့လဲေတာ့မလိုေတာင္ ျဖစ္သြားသည္။
အႏၲရာယ္မွာျဖတ္သြားၿပီျဖစ္၍ အႏွီဘိုးေဘးသည္ ေတာင္အလယ္တြင္ ကိုယ္တစ္ပိုင္းေသႏွင့္ ဒုကၡမ်ားေနေသာသူမဟုတ္သၫ့္အတိုင္း လႈပ္လႈပ္ယြယျြဖစ္လာ၏။
ရႊဲရွန္ကိုယ္ကိုကိုင္းကာ သူ႔အၿမီးကိုကိုင္ထားဆဲျဖစ္ေသာရႊမ္းမင္ကို ငံုၾကၫ့္လိုက္သည္။
"ၾကၫ့္စမ္းပါၪီး..ငါလာၿပီးမင္းအတြက္အမႈစက္ကြင္းကိုရွင္းေပးရတာပါပဲ..ငါရဲ့ျမန္ဆန္လွတဲ့လႈပ္ရွားမႈေတြေၾကာင့္သာမဟုတ္ရင္အဲ့ဒီအမာရြတ္လူသူ႔အေလာင္းနဲ႔မ်က္ႏွာခ်င္းဆိုင္ေတြ့သြားမွာ"
ရႊမ္းမင္ ; "…" 【ေျပာရဲတယ္!】
ရႊမ္းမင္သည္ နဂါးအၿမီးကို ညင္သာစြာျပန္ခ်ေပးေနသၫ့္ တန္းလန္း၌ျဖစ္၏။ ထိုစကားၾကားေသာအခါ တစ္ကိုယ္လံုးေတာင့္တင္းသြားၿပီး ခါးျပန္မတ္လိုက္သည္။
မည္သၫ့္စကားမွမဆို။ ရႊဲရွန္အၿမီးထိပ္ကို ခပ္တင္းတင္းဆုပ္ကိုင္ၿပီး ေနာက္တစ္ခါထပ္ေျပာၾကၫ့္လိုက္စမ္းဆိုေသာ အဓိပၸာယ္ပါဝင္ေနသၫ့္အၾကၫ့္ျဖင့္ ေအးတိေအးစက္ၾကၫ့္လာ၏။
ရႊဲရွန္ ကိုယ့္အၿမီးကိုယ္ အလြန္အမင္းမုန္းတီးစြာ ၾကၫ့္မိသည္။ အက်ိဳးမေပးေသာအရာကို ျဖတ္ႏိုင္ရင္ျဖတ္ပစ္လိုက္ၿပီ။ ေသးရြယ္ေသာပံုစံနဲ႔တုန္းက ရႊမ္းမင္မွအႃမွီးကိုဆဲြၿပီး ထိန္းခ်ဳပ္ခဲ့သည္။ အခုလိုႀကီးမားလာျပန္ေပမယ့္လည္း ဒီကတံုးလက္ခုပ္ထဲက မလြတ္ေျမာက္ႏိုင္ေသး။ ကဲ အဲ့တာဘာျဖစ္တာလဲ? ေျပာ?!
ရႊမ္းမင္ကိုၾကၫ့္ျပန္ေတာ့ အၿမီးကိုလက္ထဲမွာကိုင္ထားဆဲႏွင့္ ျပန္ၾကၫ့္လာသည္။ ေမာက္မာေနေသာပံုစံမေပါက္သလို နိမ့္ခ်ေနသည္လည္းမဟုတ္။ ရႊဲရွန္မွ ေျပာလာေသာစကားကို ျပန္ရုတ္သိမ္းရန္ ေစာင့္ဆိုင္းေနသည္မွာ အရွင္းသား။
ရႊမ္းမင္လက္တြင္ ဤအတိုင္းရိွေနေသာအႃမွီးသည္ မရိွသင့္မရိွအပ္ေသာေနရာ၌ ျဖစ္တည္ေနျခင္း။ ထိုအၿမီးသည္ ရႊဲရွန္ခႏၶာကိုယ္၏ အားနည္းခ်က္ရိွေသာအစိတ္အပိုင္း ျဖစ္ရံုသာမက အစကနၪီးေလးတင္ႄကံုႀကိဳက္ခဲ့သၫ့္ အရွက္ကဲြေသာအခိုက္အတန႔္၏ သက္ေသလည္းျဖစ္သည္။ သိကၡာတရားမ်ားအတြက္ ထပ္တိုးလာေသာ ေစာ္ကားမႈတစ္ရပ္။
ရႊမ္းမင္ႏွင့္ အခ်ိန္အေတာ္ၾကာ အၾကၫ့္ခ်င္းတိုက္ပဲြဆင္ၿပီးေနာက္ ရႊဲရွန္စိတ္မပါစြာႏွာမႈတ္လ်က္ ၫွိၫွိႏိႈင္းႏိႈင္းေနရန္သာ ဆံုးျဖတ္လိုက္သည္။
"ဟုတ္ပါၿပီ..ဟုတ္ပါၿပီ..မင္းကအေတာ္ဆံုးပါပဲ!"
တည္ၿငိမ္စြာျဖင့္ ရႊမ္းမင္ေမး၏။
"အမႈကြင္းကိုဘယ္သူရွင္းလင္းလိုက္တာလဲ?"
ရႊဲရွန္ ; "…" မ်က္ဆန္လည္သြားသည္။ ေတးသီေသာေလသံႏွင့္ ရဲြ႔ေစာင္းကာျဖင့္
"မင္းေပါ့––မင္းရွင္းလင္းေပးခဲ့တာ.. ေက်နပ္ၿပီလား? ငါ့ကိုအခုလႊတ္ေပးေတာ့!"
ထိုစကားၾကားမွ ရႊမ္းမင္ခါးကိုတျဖည္းျဖည္းကုန္းကာ ထိန္းမႏိုင္သိမ္းမရေသာင္းက်န္းလွေသာ သတၲဝါ၏အႃမွီးကို ေျမေပၚသို႔ခ်ေပးလိုက္သည္။
ဒီကတံုးႏွင့္ အခ်ိန္ၾကာၾကာ အတူတကျြဖတ္သန္းမိေလေလ သက္တမ္းတိုလာေလေလဟု ရႊဲရွန္ခံစားေနရသည္။
တန္ဖိုးရိွေသာအခ်ိန္မွာ ႏွစ္ၪီးသား အေျခအျမစ္မရိွ ရန္ေဆာင္ရာမွ အလဟႆျဖစ္သြားၿပီ။ ေတာင္ပရံေနာက္ကြယ္သို႔ ပတ္၍ဝင္သြားၿပီး လူအျဖစ္ျပန္ေျပာင္းကာ အဝတ္အစားဝတ္ၿပီးေနာက္ ရႊမ္းမင္ႏွင့္အတူ ရထားလံုးထဲျပန္ေရာက္သြားခ်ိန္တြင္ ရထားလံုးတန္းသည္ အႏၲရာယ္မ်ားေသာေတာင္ပတ္လမ္းမွ ထြက္လာၿပီျဖစ္ေခ်၏။ အေရ႔ွတြင္ရိွႏွင့္ေသာၿမိဳ႔ဆီသို႔ ၪီးတည္သြားသည္။
ေကာင္းကင္မွာ ပို၍ပင္ေမွာင္ရိပ္သန္းလာလ်က္ ညေနေစာင္းလြန္ခဲ့ၿပီ။
"ေနေစာင္းေတာ့မယ္..ဘယ္အခ်ိန္ေလာက္မွၿမိဳ႔ထဲဝင္မလဲမသိဘူး?"
လိုက္ကာကိုျပတင္းေပါက္တြင္ ျပန္တဲြခ်ိတ္လိုက္ၿပီျဖစ္ၿပီး ဟေနေသာအေပါက္ၾကားမွ ရွီထို႔က်န္းအျပင္ကို ေခ်ာင္းၾကၫ့္ေနသည္။ ခရီးလမ္းတစ္ေလ်ွာက္ အုတ္ေအာ္ေသာင္းနင္းအတန္ငယ္ျဖစ္တာကလဲြ၍ ဆိုးဆိုးရြားရြားျဖစ္သြားတာမ်ိဳးမရိွ။ သို႔ေသာ္ျငား ရွီထို႔က်န္းတစ္ေယာက္ သရဲရထားလံုးတန္းတြင္ ဆက္လိုက္ပါစိတ္မရိွေတာ့။ ၿမိဳ႔ထဲျမန္ျမန္ေရာက္ေလေလ ဤအဖဲြ႔ႏွင့္ေစာေစာလမ္းခဲြႏိုင္ေလေလပင္။
"ေရာက္ေတာ့မယ္"
ပိန္းပိန္းလႊမ္းႃခံုထားေသာႏွင္းထုကို လက္ၫွိုးၫႊန္ျပလ်က္ က်န္းရွီနင္ေျပာလာသည္။
"ဒီလမ္းေပၚကိုတက္လာကတည္းကလွည္းရာေတြစိတ္လာတာကိုျမင္တယ္မလား..ၿမိဳ႔ဂိတ္ဝနဲ႔မေဝးေတာ့ဘူးထင္တယ္"
ရွီထို႔က်န္းအၾကၫ့္က မုန႔္ထုတ္ဆီေရာက္ရိွသြားၿပီး ပါးစပ္တျပင္ျပင္ျဖစ္လာသည္။ ဗိုက္ထဲကျဖင့္ တဂီြဂီြျမည္ေနၿပီး
"ၿမိဳ႔ထဲေရာက္ရင္ခဏနားလို႔ရမလား? တစ္ခုခုစားရေအာင္..ဗိုက္ဆာေနၿပီ"
လုညန႔္ခ်ီဗိုက္ဆီမွလည္း ထို႔အတူပဲ အသံျမည္လာသည္။
"မင္းေကာပဲလား?"
က်န္းရွီနင္ေမး၏။
လုညန႔္ခ်ီ၏စိတ္ေနစိတ္ထားသည္ ကေလးဆန္ဆဲျဖစ္ရာ ဗိုက္ဆာတာကို ရွက္စရာဟုျမင္ပံုရ၏။
"မဆာဘူး..ငါ့ဆီကလာတာမဟုတ္ဘူး"
ထံုးစံအတိုင္းလိုပင္ ေခါင္းမာလွၿပီး ေလသံကေအးစက္ေနေသာ္ျငား နားရြက္ထိပ္ဖ်ားက ရဲတြတ္ေနသည္။
ရႊဲရွန္အေၾကာဆန႔္လိုက္ကာ ပ်င္းရိပ်င္းတဲြႏွင့္
"ႏွင္းမုန္တိုင္းကရပ္ၪီးမွာမဟုတ္ေသးဘူး..ေကာင္းကင္ကိုၾကၫ့္လိုက္စမ္းပါၪီး..မစဲေသးပဲပိုေတာင္ဆိုးလာႏိုင္တယ္..ၿပီးေတာ့ျမင္းေတြကလည္းေနွးလိုက္ပါဘိ..ဘယ္အခ်ိန္ေရာက္မေရာက္ထက္အရင္ေရာက္သြားဖို႔ကအေရးႀကီးတယ္"
ဤအဖဲြ႔၌ ဇီဇာအေၾကာင္ဆံုး သူတစ္ၪီးစိတ္ေက်နပ္ရန္အခက္ခဲဆံုးသူက ေျပာလာသည္ျဖစ္ရာ စားစရာႏွင့္ပတ္သတ္ၿပီး သေဘာတူပံုရသည္။
အျခားတစ္ေယာက္ကေတာ့...
က်န္းရွီနင္ ရႊမ္းမင္ကိုမဝံ့တဝံ့ၾကၫ့္ရာ ရႊမ္းမင္မွတစ္ခုခုေျပာမၫ့္ပံုမေပၚတာေၾကာင့္ သူလည္းပဲလက္ခံပံုရသည္။
ရွီခ်န္းတစ္ဝက္ခန႔္အခ်ိန္ၾကာၿပီးတဲ့ေနာက္မွာ ရထားလံုးတန္းစတင္ၿပီးအရိွန္ေလ်ာ့သြားကာ အသံဗလံမ်ားက သူတို႔ရိွရာသို႔ လြင့္ပ်ံလာသည္။
"ေရာက္ၿပီပဲ!"
ဗိုက္ပူပူ ေခါင္းေျပာင္ေျပာင္ ယင္မည္းရိုင္းႀကီးႏွယ္ လက္ႏွစ္ဖက္ကိုပြတ္ရင္း ရွီထို႔က်န္းစိတ္လႈပ္တရွားေျပာလာသည္။
သူတို႔ရပ္နားေသာၿမိဳ႔သည္ ဟြာက်ီးစီရင္စုအပိုင္ ၿမိဳ႔တစ္ၿမိဳ႔ျဖစ္သည္။ အန္ခ်င္း၏ၿမိဳ႔ငယ္ေလးသာျဖစ္ေသာ္လည္း ျမစ္ႏွင့္ကပ္လ်က္တည္ရိွၿပီး ကြမ္းယင္ျမစ္ဆိပ္ႏွင့္ အနီးဆံုးၿမိဳ႔ျဖစ္တာေၾကာင့္ သက္ဝင္လႈပ္ရွားလွသည္။ သို႔ေပမယ့္ ၿမိဳ႔ေလးကိုက ထူးထူးျခားျခားေသးငယ္လွရာ ၿမိဳ႔တံတိုင္းအတြင္းရိွ လမ္းတိုင္းအကုန္ေလ်ွာက္လ်ွင္ေတာင္ အမ်ားဆံုးတစ္ရွီခ်န္းမ်ွသာၾကာေလာက္မည္။ အရြယ္အစားေသးငယ္ေသာ္လည္း ဟြာက်ီးစီရင္စုအပိုင္ၿမိဳ႔ထဲ ဝင္ခြင့္ထြက္ခြင့္က တင္းက်ပ္လွသည္။
ဤၿမိဳ႔ကေန ရႊဲရွန္တစ္ခါ ျဖတ္သြားဖူးသည္။ သူမွတ္မိတာမမွားဘူးဆိုလ်ွင္ ၿမိဳ႔ေစာင့္တပ္မ်ားသည္ ခရီးသြားမ်ားအေပၚ ရွာေဖြရာႏွင့္ ေမးခြန္းေမးရာ၌ လြန္စြာတင္းက်ပ္၏။ လူတိုင္းကိုျမင္းမ်ားေပၚမွဆင္းေစၿပီး ရထားလံုးမ်ားကိုလည္း အကုန္ဖြင့္ေပးရသည္။ ျဖတ္သြားမၫ့္သူျဖစ္ေစ ခရီးတစ္ေထာက္နားမၫ့္သူျဖစ္ေစ ရာထူးရာခံျမင့္မားသူျဖစ္ေစကာမႈ အေစာင့္မ်ားကို အမည္စာရင္းေပးရသည္။
ေမးခြန္းအခ်ိဳ႕ကို ေျဖၿပီးတဲ့ေနာက္မွာ အမာရြတ္နဲ႔သူသည္ ရထားလံုးတန္းကို ၿမိဳ႔ဂိတ္ဝ၏ေဘးတြင္ ရပ္နားလိုက္၏။ အေစာင့္တစ္ၪီးသည္ လက္ထဲတြင္ စာအုပ္တစ္အုပ္ကိုင္ကာ ရထားလံုးမ်ားထဲမွလူမ်ားကို စတင္ေရတြက္၏။
အေစာင့္သည္ ေနာက္ဆံုးရထားလံုးကိုဖြင့္ၿပီး အထဲကိုၾကၫ့္လိုက္တဲ့အခါမွာ အထဲရိွသူမ်ား၏မ်က္ႏွာက အံၾသတႀကီးျဖစ္ကုန္ၾကသည္။
အေစာင့္၏မ်က္ႏွာတစ္ျခမ္းကို အမည္းေရာင္ေဆးအႏွစ္မ်ားႏွင့္ ျခယ္သထားၿပီး လက္ဖမိုးတြင္လည္း ထို႔အတူပင္။ ထိုေဆးအႏွစ္မ်ားထံမွ ထူးျခားေသာအနံ႔တစ္မ်ိဳး ထြက္ေနသည္။
မ်က္ႏွာထက္ေဆးမ်ားရိွေနတာကို အေရးစိုက္ပံုမရေသာအေစာင့္သည္ လူကိုသာဆက္လက္စစ္ေဆးေန၏။ ရႊမ္းမင္ကိုႏွစ္ႀကိမ္ႏွစ္ခါၾကၫ့္ၿပီး တံခါးကိုျပန္ပိတ္ကာ ရထားလံုးကိုဆက္သြားလို႔ရၿပီျဖစ္ေၾကာင္း အခ်က္ေပးလိုက္သည္။
"သူကဘာလို႔တာ့ရွီးကိုၾကၫ့္သြားတာလဲ?"
က်န္းရွီနင္ေမး၏။
"ဘယ္သူသိမွာလဲ? လူေကာင္းလို႔မထင္ရလို႔ေနမွာေပါ့"
ရထားလံုးအျပင္ဘက္ရိျွမင္ကြင္းမ်ားကို တေငးတေမာၾကၫ့္ေနလ်က္ ျပတင္းေပါက္ဆီမွ အၾကၫ့္ခြာခ်င္ပံုမရ။
လူတိုင္း ; "…"
【ဒီမွာယံုၾကည္အားကိုးရဆံုးလို႔ပံုေပၚတာ ရႊမ္းမင္ပဲရိွတယ္၊ ဒီဘိုးေဘးကအရွက္ကိုမရိွဘူး】
အမာရြတ္နဲ႔သူႏွင့္အဖဲြ႔သည္ ပံုမွန္ထက္ကိုလြန္လ်က္ ၾကင္နာလြန္းၾက၏။ ရႊဲရွန္တို႔ကို တည္းခိုေဆာင္တံခါးဝအေရ႔ွထိ လိုက္ပို႔ေပးၿပီးေနာက္မွ ႏႈတ္ဆက္သြားၾကသည္။
ျပဇာတ္အဖဲြ႔ၾကၫ့္ရသည္မွာ တစ္ေနရာကိုသြားရန္ အလ်င္လိုေနပံုေပၚၿပီး အခ်ိန္ဆိုင္းခ်င္ပံုမရ။ ဟြာက်ီးၿမိဳ႔တြင္ တေထာင့္ရပ္နားမၫ့္ အစီအစဥ္မရိွၾက။
"ရထားလံုးငွားခ်င္ရင္တည္းခိုေဆာင္ပိုင္ရွင္ကိုေမးလိုက္လို႔ရတယ္..ဟြာက်ီးစီရင္စုကက်ဥ္းေတာ့အမိုးတစ္မိုးၿပိဳၿပီးလူငါးေယာက္ပိသြားရင္အဲ့ဒီထဲကသံုးေယာက္ကေဆြမ်ိဳးေတျြဖစ္ေနလိမ့္မယ္..တည္းခိုေဆာင္ပိုင္ရွင္ဆိုရင္ရထားလံုးကိုအလြယ္ေလးရွာေပးလိမ့္မယ္..အသျပာနည္းနည္းေပးလိုက္ရံုပဲ"
ဤသည္မွာ အမာရြတ္နဲ႔သူ မသြားခင္ေျပာသြားေသာ စကားျဖစ္သည္။
အစကတည္းက ရႊဲရွန္တို႔သည္ ျပဇာတ္အဖဲြ႔ရထားလံုးကို အလကားလိုက္ပါလာရန္ စိတ္ကူးရိွခဲ့သည္မဟုတ္။
သို႔ေသာ္ျငား ျပဇာတ္အဖဲြ႔သည္ ရႊမ္းမင္၏ေငြတံုးမ်ားကိုျငင္းဆန္ၿပီး ႏွစ္ဆံုးတိုင္းကျပေလ့ရိွေသာ ျပဇာတ္ေၾကးေတာင္ ဘယ္တုန္းကမွမယူသည္ျဖစ္ရာ ရႊမ္းမင္တို႔ဆီမွေငြကိုလည္း လက္သင့္မခံႏိုင္ေၾကာင္းေျပာလာသည္။ ဤအဖဲြ႔၌ အျခားသူမ်ားႏွင့္ ဘယ္လိုေပါင္းသင္းဆက္ဆံရမလဲဆိုတာကိုသိေသာ တစ္ဉီးတည္းေသာသူက်န္းရွီနင္ အမ်ိဳးမ်ိဳးစည္းရံုးၾကၫ့္ေသာ္ျငားလည္း မေအာင္ျမင္လိုက္တာေၾကာင့္ က်န္းရွီနင္မ်က္ႏွာက မည္းေမွာင္လ်က္ရိွသည္။
မေနႏိုင္ေသာလုညန႔္ခ်ီမွ
"ဘာမွမျဖစ္ဘူး..ေနာင္မ်ားက်ရင္သူတို႔ကိုေပးဖို႔တနည္းနည္းနဲ႔ေရာက္လာလိမ့္မယ္"
လက္ေခ်ာင္းမ်ားက တုတ္ေခ်ာင္းမ်ားကိုေခါက္ေနၿပီး စိတ္ကေတာ့အေဝးတစ္ေနရာကို ေရာက္ေနပံုရသည္။
"တစ္ခုခုကို...ျမင္လိုက္တာလား?"
"သူတို႔အေပၚမွာအႂကြေးတင္က်န္ေနမွာမဟုတ္ဘူး"
ဤသည္မွလဲြၿပီး လုညန႔္ခ်ီထပ္မေျပာလာေတာ့။
ရႊဲရွန္ေတာင္မွ အႏွီေရ႔ျွဖစ္ေဟာဆရာေလး၏စကားအေပၚ သံသယဝင္သည္မဟုတ္ရာ က်န္းရွီနင္လည္း ဤႏွင့္သာစိတ္ေျဖလိုက္သည္။ ျပဇာတ္အဖဲြ႔သည္ ႏႈတ္ဆက္စကားဆိုၿပီးတာနဲ႔ ညယံအတြင္း လ်င္ျမန္စြာဝင္ေရာက္ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။
တည္းခိုေဆာင္ရိွ စားပဲြဝိုင္းတစ္ဝိုင္း၌ဝင္ထိုင္ကာ စားစရာမွာမယ္ျပင္ခိုက္တြင္ ရႊဲရွန္၏အာရံုက လမ္းမေပၚကမခြာေသး။
"တစ္ခ်ိန္လံုးဘာေတြၾကၫ့္ေနတာလဲ?"
က်န္းရွီနင္ေမး၏။
"အမ်ိဳးမ်ိဳးအဖံုဖံုပဲ..ငါဒီကိုတစ္ခါေရာက္ဖူးတယ္..လမ္းေပၚမွာအရင္ေလာက္လူမစည္ဘူး..ပံုမွန္ထက္အေတာ္ကိုနည္းေနတာ..ၿပီးေတာ့နံရံမွာအျပၫ့္ကပ္ထားတဲ့ေၾကာ္ျငာစာရြက္ေတြကိုေတြ့လိုက္လား?"
"ဘာေၾကာ္ျငာစာရြက္လဲ? ၾကၫ့္ရေအာင္"
အခ်ည္းႏွီးတစ္ေယာက္တည္းထိုင္ေနရတာကို မႏွစ္ၿမိဳ႔တာေၾကာင့္ တည္းခိုေဆာင္အျပင္ဘက္သို႔ ရွီထို႔က်န္းထြက္သြားသည္။ သိပ္ပင္မၾကာလိုက္ ဝတ္ရံုစကို အေနခက္စြာဖံုးဖိလ်က္ ျပန္ဝင္လာသည္။ ရႊဲရွန္တို႔အဖဲြ႔သည္ တည္းခိုေဆာင္၏ေထာင့္တစ္ေနရာ ႀကီးမားေသာအနီေရာင္တိုင္ေနာက္ကြယ္တြင္ ထိုင္ေနသည္ျဖစ္၌ အျခားေသာစားသံုးသူမ်ား အလြယ္တကူမျမင္ႏိုင္။
"ျဖဳတ္ယူၾကၫ့္လို႔ရမရေတာ့မသိဘူး..ေအာက္မွက်ေနတာေတြ့လို႔ေကာက္ခဲ့တာ"
ဝတ္ရံုထဲမွထုတ္ယူၿပီး စားပဲြေပၚတြင္ ျဖန႔္ခင္းလိုက္သည္။
"ၾကၫ့္––"
လမ္းမထက္တြင္ အလင္းမေကာင္းတာေၾကာင့္ ေၾကာ္ျငာစာရြက္ေပၚတြင္ ေရးထားသည္မ်ားကို ရွီထို႔က်န္းဖတ္မၾကၫ့္ရေသး။ စားပဲြေပၚတြင္ျဖန႔္ခင္းထားေသာစာရြက္ေၾကာင့္ အကုန္လံုးေတာင့္တင္းသြားကာ အလြန္အမင္းအံ့ၾသသင့္လ်က္ ရႊမ္းမင္ကိုၾကၫ့္လာၾကသည္။
"တာ့ရွီး..ဒါက"
ရွီထို႔က်န္းသည္ အထစ္ထစ္အေငါ့ေငါ့ႏွင့္
"ဘယ္လိုျဖစ္ၿပီးေၾကာ္ျငာစာမွာပါလာတာလဲ? ဘာမ်ားလုပ္ခဲ့လို႔လဲ?"
ရႊမ္းမင္သည္ မ်က္ေမွာင္ႄကံု႔လ်က္ စာရြက္ထက္ကပံုကို ေသခ်ာၾကၫ့္ေနဆဲ။
"နင္ရမ္းတိုင္းျပည္မွာတုန္းကလ်ိဳအႀကံေပးကေၾကာ္ျငာစာေပၚကလူနဲ႔တာ့ရွီးကိုမွားတာမလား? ဒါေပမဲ့အဲ့ဒီလူကတာ့ရွီးမဟုတ္ဘူးလို႔ေျပာတယ္"
ရႊဲရွန္သည္ လက္ျဖင့္ ေၾကာ္ျငာစာကို တစ္ခ်က္ေခါက္ကာ
"နင္ရမ္းကေၾကာ္ျငာစာရြက္ကိုေတြ့ဖူးတယ္..အဲ့ဒီဘုန္းႀကီးဆီမွာလည္ပင္းမွာမွဲ႔ရိွတာကလဲြၿပီးဒီကတံုးနဲ႔က်န္တာမတူဘူး..ၿပီးေတာ့ပိုအသက္ႀကီးတယ္"
သို႔ေပမဲ့ ဤေၾကာ္ျငာစာရြက္ကေတာ့
"နင္ရမ္းမွာေၾကာ္ျငာစာေတြကပ္ထားတာတစ္လနီးပါးၾကာၿပီလို႔ေျပာတယ္မလား?"
ေၾကာ္ျငာစာရြက္ကို ရႊဲရွန္ေကာက္ယူၿပီး ခပ္ျဖည္းျဖည္းခါယမ္းကာ
"ဒီတစ္ခုၾကၫ့္ရတာ...ကပ္ထားတာမၾကြေသးတဲ့ပံုပဲ"
စာရြက္ထက္ရိွပံုသည္ အရင္ထက္ သိသိသာသာ ေျပာင္းလဲေန၏။ ပို၍ငယ္ရြယ္သလို မ်က္ႏွာအသြင္အျပင္မ်ား ေရးဆဲြထားသည္မွာလည္း အရင္ႏွင့္ကြာျခားေနရာ အခုက်မွ ရႊမ္းမင္ႏွင့္ တစ္ေထရာတည္းကိုတူေနသည္။