Merlin (Season 1| Myanmar Tra...

Casper_T27 tarafından

2.2K 228 21

Unicode ရှေးတုန်းကမှော်ပညာတွေထွန်းကားနေချိန်ကမ်း‌မလော့ဆိုတဲ့ တိုင်းပြည်ကြီးမှာတော့ ဆိုးဝါးတဲ့ဖြစ်ရပ်‌တွေရှိခဲ... Daha Fazla

A/N and Review
Intro
Ep 1_Chapter 1 (The Dragon's Call)
Ep 1_Chapter 2
Ep 2_Chapter 2
Ep 2_Chapter 3
Ep 3_Chapter 1(The Mark of Nimueh)
Ep 3_Chapter 2
Ep 3_Chapter 3
Ep 4_Chapter 1(The Poisoned Chalice)
Ep 4_Chapter 2

Ep 2_Chapter 1(Valiant)

71 17 0
Casper_T27 tarafından

Unicode//

ဒဏ္ဍာရီထဲကနယ်‌မြေတွေရဲ့ မှော်ဆန်တဲ့အချိန်ကာလတစ်ခုမှာ ခမ်းနားလှတဲ့တိုင်းပြည်ကြီးတစ်ပြည်ရဲ့ ကံကြမ္မာဟာ လူငယ်လေးတစ်ဦးရဲ့ပုခုံးပေါ်သို့ကျရောက်လာခဲ့ပါတယ်...

သူ့နာမည်က.....မာလင်။

..............

အလင်းရောင်အားဖြင့်ကောင်းစွာမရရှိပဲ မီးတုတ်၏အလင်းရောင်ကိုသာ အားကိုးနေရသောနေရာတစ်ခု။ ထိုနေရာတွင် လူတစ်ချို့မှာတရားမ၀င်သောပစ္စည်းများရောင်းချနေကြပြီး
တချို့မှာ မိမိလိုချင်သောအရာများကိုတိတ်တဆိတ်လာရောက်၀ယ်ယူနေကြသည်။

မှောင်ခိုဈေးဟုခေါ်သောဤ‌ေနရာတွင် ကမ်းမလော့မြို့၌တရားမ၀င်သော ‌မှော်ပစ္စည်းများလည်းရှိနေ၏။ ထိုစဉ်လူတစ်ယောက်မှာဈေးအတွင်းရှိဆိုင်တစ်ဆိုင်သို့ တည့်တည့်မတ်မတ်လျှောက်လာနေပြီး ဆိုင်ရှေ့သို့ရောက်လျှင် ဆိုင်ရှင်ကိုတစ်ချက်မျှကြည့်လိုက်ကာ စကားဆိုလာ‌လေသည်။

"ခင်ဗျားမှာ ကျုပ်အတွက်ဒိုင်းတစ်ခုရှိတယ်ဆိုလို့ ကျုပ်လာခဲ့တာ"

ထိုသူကစကားကိုခပ်ပြတ်ပြတ်ပြောလိုက်သောအခါ ဆိုင်ရှင်သည်သဘောပေါက်သွားဟန်ဖြင့်‌ေခါင်းငြိမ့်လိုက်သည်။

"အထဲ၀င်ခဲ့"

ထိုလူလည်း ဆိုင်ထဲမ၀င်ခင် ဘေးဘယ်ကိုသေချာကြည့်ကာ ဘယ်သူမှသတိမထားမိမှန်းသေချာတော့မှ ဆိုင်ရှင်ခေါ်ရာနောက်လိုက်လာခဲ့သည်။

"မင်းရဲ့တိုက်ရည်ခိုက်ရည်နဲ့ ဒီဒိုင်းနဲ့သာဆို ပြိုင်ပွဲမှာမင်းနိုင်လိမ့်မယ်လို့ ငါအာမခံတယ်"

ဆိုင်ရှင်မှာ ဒိုင်းတစ်ခုကိုထုတ်ပြလာပြီး စကားဆိုလာသည်။၎င်းဒိုင်းမှာ အဝါရောင်အောက်ခံပေါ်တွင် အစိမ်းရောင်မြွေသုံးကောင်သည် တစ်ကောင်နှင့်တစ်ကောင်ရစ်ပတ်လျက် မာန်ဖီနေသည့်ပံုသဏ္ဌာန်ဖြစ်သည်။

"ဒါကို ဘယ်လိုသုံးရတာလဲ"

"ပြမယ်လေ"

ဆိုင်ရှင်မှာ ဒိုင်းကိုကိုင်ထားလျက် မှော်မန္တန်တစ်ခုကိုရွတ်ဆိုလိုက်တယ်ဆိုရင်ပဲ ဒိုင်းထဲရှိမြွေ‌သုံးကောင်သည် အသက်၀င်ပြီးအပြင်ကိုထွက်လာကာ ပါးပြင်းများထောင်လျက်မာန်ဖီ‌လာကြ၏။ အသက်၀င်လာသောမြွေတွေကြောင့်ထိုလူလည်းအနည်းငယ်‌ေတာ့လန့်သွား‌ေလသည်။

"မင်းပြိုင်နေတဲ့ချိန် မင်းပြိုင်ဘက်ကို ဒိုင်းအောက်မှာဖိထားလိုက်ရင် မြွေတွေထွက်လာပြီး မင်းပြိုင်ဘက်ကတော့ အကြောတွေပါသေသွားမှာ"

ဆိုင်ရှင်၏စကားကြောင့် ပါးပြင်းထောင်နေသောမြွေတွေနှင့်ဒိုင်းကိုကြည့်ကာ ကျေနပ်ဟန်ဖြင့်ပြုံးလိုက်လေသည်။

"ရော့ အခုဆို ဒီမြွေတွေကမင်းအမိန့်အောက်မှာပဲ...မင်းခိုင်းတာမှန်သမျှ ဘာမဆိုသူတို့လုပ်လိမ့်မယ်.."

"ဘာမဆိုလား"

"မယုံရင်တစ်ခုခုပြောကြည့်လိုက်လေ"

ဆိုင်ရှင်မှာ သူ၏ပစ္စည်းကို ဂုဏ်ယူနေဟန်နှင့်ပြောနေသည်။ထိုလူလည်းဆိုင်ရှင်ကို အဓိပ္ပာယ်ပါသော အကြည့်တစ်မျိုးနှင့်ကြည့်လိုက်ပြီး ခပ်ရွဲ့ရွဲ့ပြုံးကာတစ်ခွန်းပဲပြောလိုက်သည်။

"သူ့သတ်ကိုသတ်လိုက်"

အမိန့်သံဆုံးတာနှင့် ‌ဒိုင်းထဲရှိမြွေတွေဟာ ဆိုင်ရှင်ကို ချက်ချင်းပေါက်သတ်လိုက်ကြလေသည်။ထိုလူလည်း ဒိုင်းကိုယူကာ မှောင်ခိုဈေးထဲမှထွက်လာပြီး ၎င်း၏ရည်ရွယ်ချက်ဖြစ်သော ကမ်းမလော့မြို့တော်ကို ဦးတည်လိုက်သည်။ ကမ်းမလော့ဂိတ်တွင်မူ ပြိုင်ပွဲ၀င်မည့်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များပေးရာနေရာတစ်ခုရှိ‌ေန၏။

"အနောက်ဘက်ကျွန်းနိုင်ငံက သူရဲကောင်းဗိုင်းလန့်စ်....ပြိုင်ပွဲအတွက်လာတာပါ"

"ကမ်းမလော့မြို့ကကြိုဆိုပါတယ်"

ထိုသူရဲကောင်း ဗိုင်းလန့်စ်ဆိုသည်သူမှာ တံဆိပ်ကပ်ပြားကုိပစ်‌ေပးရင်း အဓိပ္ပာယ်ပါပါပြုံးလိုက်လေသည်။ မှော်ပညာကိုတားမြစ်ထားတဲ့ပြိုင်ပွဲမှာတော့ ဗိုင်းလန့်စ်၏ယုတ်မာတဲ့ အကြံအစည်ကိုမူ မည်သူမှသတိထားမိပုံမပေါ်ပါချေ။

.............................

"အဆင်သင့်ပြီလား"

"မဖြစ်သေးဘူးလို့ပြောရင်ကော တစ်ခုခုထူးမှာလား"

"မထူးဘူး....စပြီနော်....ကာမယ် ချမယ် ကာမယ် ချမယ်....ခေါင်း!"

"အား!"

ဤအခြေအနေမှာ မနက်စေ‌ာစောစီးစီးအာသာနဲ့မာလင်တို့ ပြိုင်ပွဲအတွက်လေ့ကျင့်ခြင်းဖြစ်သည်။ နှစ်ယောက်သားလေ့ကျင့်နေသည်ဆိုသော်လည်း တကယ့်လက်တွေ့မှာမူ အာသာလေ့ကျင့်သမျှကို မာလင်က ဒုိင်းနှင့်ခုခံနေရခြင်းဖြစ်ပေသည်။

"လာစမ်းပါ မာလင် မင်းကကြိုးတောင်မကြိုးစားကြည့်ရသေးဘူး.....နောက်တစ်ခေါက်...ဘယ် ညာ ဘယ် ပြီးရင် ခေါင်း"

"အား!!"

"လာစမ်းပါ ဒီနေ့အနိုင်ချရမယ့်ပွဲရှိတယ်နော်"

အာသာကအားကြိုးမာန်တက်ပြောနေပေမယ့် သန်မာလှတဲ့ဓားချက်တွေကို ခုခံနေရတဲ့မာလင့်အဖို့‌ေတာ့အတော်မော‌ေနပြီဖြစ်သည်။ သံချပ်ကာစွပ်ထားတာကြောင့် အာသာ့ဓားနှင့်‌ေခါင်းကုိရိုက်မိတိုင်းခေါင်းတစ်ခုလုံးပင် ချာချာလည်သွားအောင်မူးနောက်ပြီးအူထွက်သွားရသည်။

"ကျွန်တော်တို့ ရပ်လို့ရပြီလား အရှင့်သား" မာလင်က ‌မခံနိုင်တော့ဟန်နှင့် နားဖို့အတွက်ရလိုရငြားမေးလိုက်သည်။

"အခု‌‌ေတာ့မဟုတ်သေးဘူး အာရုံစိုက် ကာမယ် ချမယ် ဘယ် ညာ ခေါင်း!"

"အား!!"

မာလင် တတ်သမျှမှတ်သမျှ ရ‌ေအာင်က‌ာနေပေမယ့်လည်း ကမ်းမလော့ရဲ့အသန်မာဆုံးစစ်သည်‌ေတာ်ဖြစ်တဲ့ အာသာရဲ့ခွန်အားကုိ‌ေတာ့လံုး၀မယှဥ်နုိင်‌‌ေပ။ တိုက်ရည်ခိုက်ရည်ကောင်းတဲ့အပြင် အလွန်လည်းလျင်မြန်တာ‌ေကြာင့် ကမ်းမလော့တိုင်းပြည်တွင်အာသာကိုယှဉ်နိုင်တဲ့သူမှာအလွန်ရှားပါးလွန်းပေသည်။မာလင်တစ်ယောက် လည်း ရသလောက်ခုခံပြီးနောက်မှာ‌ေတာ့ မူးနောက်သွားပြီး မြေကြီးပေါ်လှဲကာ အမောဖြေနေရလေသည်။

"မင်းကထင်ရတာထက်ပိုပြီး သတ္တိရှိသားပဲ...
တခြားအစေခံတွေဆို တစ်ချက်တည်းနဲ့မေ့ကုန်တာ"

"ပြီးပြီလားဗျာ"

"အခုမှသွေးပူတုန်းရှိသေးတယ်....နံချပ်ကူနဲ့ဆိုရင်ကောဘယ်လိုလဲ"

ပထမဆုံးအစေခံစလုပ်တဲ့နေ့မှာတင် အားကြိုးမာန်တက်လုပ်ခိုင်းနေသော အရှင့်သားကိုကြည့်ရင်း မာလင်တစ်ယောက်ထိုနေရာမှာတင် အငွေ့ပျံကာပျောက်ကွယ်ချင်သွားစိတ်ပင်ပေါ်လာရသည်။

ဤသို့ဖြင့်တစ်‌ေန့လုံး အာသာ့စိတ်တိုင်းကျလေ့ကျင့်ခဲ့ရပြီးတော့ မာလင်လည်းအိမ်ပြန်ရောက်သောအခါချုံးချံုးကျလေပြီ။

အလုပ်စတဲ့ပထမဆုံးနေ့မှာတင်ကြောင်တောင်တောင်နှင့်ပုံပျက်ပန်းပျက်ဖြစ်လာသော မာလင့်ကိုကြည့်ရင်း ဂိုင်းယက်စ်လည်းသဘောတကျရယ်မိလေသည်။

"အာသာ့အစေခံအဖြစ် ပထမဆုံး‌ေန့ကဘယ်လိုလဲ"

"ခန္ဒာကိုယ်တစ်ခုလုံးကိုင်ပေါက်ခံထားရသလိုပဲ..ခေါင်းထဲမှာလည်း ဂဒေါင် ဂဒေါင်နဲ့အသံတွေပါအခုထိကြားနေရတယ်"

မာလင်မှာအပုိ‌ေပြာ‌ေနတာမဟုတ်ပဲအမှန်တကယ်ခံစားနေရသလို ညီးညူ‌ေနတာကြောင့် ဂိုင်းယက်စစ်လည်း အလုပ်ကြိုးစားထားသောကလေးကို အနည်းငယ်တော့ပြုစု‌ပေးရတော့လေမည်။

ရေမိုးချိုးသန့်စင်ပြီးသွားတော့ မာလင်ကိုခုံမှာထိုင်စေကာ ကုိက်ခဲ‌ေနတာ‌ေတွသက်သာလိုငြားနှိပ်‌နယ်ပေးနေလိုက်သည်။

"ဒီနေ့တစ်နေ့လုံးတော်တော်ဆိုးဆိုးပါဗျာ...ပြီးရင်မနက်ဖြန်ပြိုင်ပွဲအတွက်လည်း စည်းမျဉ်းစည်းကမ်း‌တွေကိုလေ့လာရဦးမယ်"

ပြောရင်းမာလင်က သူရှေ့ကစာအုပ်ကိုစိတ်ဖြင့်လှမ်းယူလိုက်‌ေလသည်။

"ဟေ့ကောင်....မင်းကိုအဲ့လုိမျိုး‌ေမှာ်သံုးတာနဲ့ပတ်သက်ပြီးငါဘာပြောထားလဲ" ဂိုင်းယက်စ်က ‌နှိပ်နယ်ပေးနေရင်း အလိုမကျစွာ ‌မာလင့်ခေါင်းကိုဖြတ်ကနဲရိုက်လိုက်လေသည်။

"အ!....ဥိီး‌ေလးကလည်းကျွန်တော့်လက်တွေသာလှုပ်နိုင်ရင် ကိုယ့်ဘာသာကုိယ်ယူမှာပါဗျ"

"မင်းလက်တွေကိုချည်းတွေးမနေနဲ့ မင်းအဲ့လိုလျှောက်သုံးနေလို့ အဖမ်းခံရရင်ငါဘယ်လိုလုပ်ရမလဲ"

"ကျွန်တော်သာအဖမ်းခံရရင် ဦးလေးဘာလုပ်မှာလဲ" မာလင်က တကယ်နားမလည်ဟန်ဖြင့်သိချင်သလိုမေးလာသောကြောင့် ဂိုင်းယက်စ်ကပင်ပြန်လျော့ရတော့လေသည်။

"‌‌ေတာ်ပြီ ငါတို့နှစ်ယောက်လုံးဘေးကင်းဖို့ မင်းဘာမှမလုပ်ခဲ့ဘူးလို့သာ သ‌ေဘာထားလိုက်တော့"

ဂိုင်းယက်စ်ကပြောရင်း မာလင့်လက်ဆစ်များကိုပါ အညောင်းညာပြေအောင်ချိုးပေးနေသည်။

"ဦးလေးစဉ်းစားကြည့်ဗျာ....ကျွန်တော် အာသာ့အသက်ကိုကယ်ခဲ့တာတောင် အစေခံဘ၀နဲ့ပဲအဆုံးသတ်ရတယ် အဲ့တာတရားလား"

"တရားလား မတရားလားတော့မသိဘူး မင်းအတွက်တော့ ပျော်ဖို့ကောင်းမှာပါ"

ပျော်ဖို့ကောင်းမှာပါဆိုသည့် စကားကြောင့်မာလင်နှာခေါင်းရှုံ့မိသည်။ ဒီနေ့သူကြုံလာရတဲ့ အစေခံဘ၀ကတော့ ပျော်စရာဆိုလို့တစ်ကွက်လေးတောင်မှမရှိပါပဲလေ။အထူးသဖြင့်တခြားသူရဲ့အစေခံမဟုတ်ပဲ အာသာ့‌အ‌ေစခံဖြစ်နေခြင်းကပျော်စရာဆိုလို့ မှန်ဘီလူးနှင့်တောင်လိုက်ရှာမလိုပင်။ပြောရင်း ယနေ့တစ်‌နေ့လုံးသူ့အားမညီးမညူပဲတစ်ရက်ဆက်ခိုင်းခဲ့သော အာသာဆိုသည့်သကောင့်သားအားမြင်ယောင်ပြီးသွေးပင်တက်ချင်လာသလိုလို။သို့ပေမယ့် ဘုရင်ကိုယ်တိုင်ပေးအပ်ထားတဲ့တာ၀န်မို့ ငြင်းလို့လည်းမရပေ။ပြီး‌ေတာ့အာသာကုိကာကွယ်ပံ့ပိုး‌ေပးဖို့ကိုကပင် မိမိရဲ့ကံကြမ္မာဖြစ်နေလေမှတော့မတတ်သာတော့ပြီ။

"အာသာ့မြင်းရဲ့ ချေးတွေကျုံးပေးရတာ ဦးလေးကပျော်စရာကောင်းတယ်ထင်တာလား...ကျွန်တော့်ကိုပြောလိုက်တဲ့တာ၀န်ဇယားတွေကို ဦးလေးကြားလိုက်သင့်တယ်"

"ငါတို့အားလုံးမှာတာ၀န်တွေရှိတာပဲ...အာသာ့မှာတောင်ရှိတယ်"

"သူ့အတွက်လည်းခပ်ကြမ်းကြမ်းလေးဖြစ်သင့်တယ်...ကောင်မလေးတွေစည်းစိမ်အပြည့်နဲ့ကိုများ"

"သူက နောက်တက်လာမယ့်ဘုရင်ပဲလေ လူတိုင်းကသူ့အပေါ်အများကြီးမျှော်လင့်ထားကြတာ...သူ့မှာလည်း ဖိအားတွေရှိတာပေါ့"

"ကျွန်တော်တို့နှစ်ယောက်လံုးပါပဲ‌‌ဗျာ..."

.....................

"နင့်လက်မောင်းမှာတက်ထားတာက ဗွိုက်ဒါ....ရင်ဘတ်ပေါ်ကဟာက ဟောဘတ်"

"ရင်ဘတ်ရယ်......လက်မောင်းရယ်....."

မာလင်တစ်ယောက်မနက်ပိုင်းတွင် မြို့ထဲ‌ေစျးနားကဂွမ့်အိမ်သို့ရောက်နေကာ သံချပ်ကာတပ်ဆင်နည်းများကို လာရောက်လေ့လာနေခြင်းဖြစ်သည်။ဒါတွေကိုသိထားမှသာ အာသာနဲ့ရှေ့ဆက် အဆင်ပြေလိမ့်မည်။နို့မို့သာဆို မာလင့်ဘ၀မှာမတွေးရဲစရာပင်။

"နင်ခေါင်းစွပ်ကတော့ ဘယ်လိုလုပ်ရလဲသိတယ်မလား"

"ငါသေချာသိတာ ဒါတစ်ခုပဲရှိတယ်...ဒါနဲ့..နင်ကဘာလို့ ငါ့ထက်ဒါတွေကျွမ်းနေရတာလဲ"

မာလင်မှာသံချပ်ကာအပြည့်အစုံ၀တ်ထားလျက် ဂွမ်လိုမိန်းကလေး‌ကသူ့ထက်ပိုသိနေတာကိုအံ့ဩနေပုံပင်။

"ငါကပန်းပဲဆရာရဲ့သမီးပဲဟာ..သံချပ်ကာတွေနဲ့ပတ်သက်ပြီးငါ့အ‌ေဖ‌ေပြာပြထားလို့အကုန်သိတယ်လေ....တကယ်တော့တွေးကြည့်ရင် အဲ့တာစိတ်မကောင်းစရာပဲနော်"

"ဘယ်ကသာ...အဲ့တာတကယ်မိုက်တာပဲကို"

မာလင်ရဲ့စိတ်ကျေနပ်စရာတုန့်ပြန့်မှုကြောင့် ဂွမ်လည်းပြုံးမိလေသည်။သံချပ်ကာတွေကိုသေချာလေ့လာပြီးနောက်မှာတော့ မာလင်တစ်‌ေယာက်ကိုယ့်တာ၀န်ကုိယ်လုပ်ရန် နန်းတော်သို့ပြန်လာခဲ့လိုက်သည်။

ယနေ့မှာ ကမ်းမလော့၏ အစဉ်အလာမပျက်ကျင်းပနေကျ သူရဲကောင်းများတိုက်ခိုက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲကျင်းပ‌သည့်နေ့ဖြစ်သည်။
၎င်းပြိုင်ပွဲတွင် အနယ်နယ်အရပ်ရပ်မှ သူရဲကောင်းတို့မှာ တစ်စုတစ်စည်းတည်း စုဝေးကြပြီး သူရဲကောင်းတို့၏ဂုဏ်သိက္ခာနှင့်အညီယှဉ်ပြိုင်ကြခြင်းဖြစ်သည်။ ကမ်းမလော့၏ ဘုရင်နှင့်အတူ မြို့သူမြို့သားများမှာလည်း လာရောက်ကြည့်ရှူအားပေးနိုင်ကြသည်။

ထိုပြိုင်ပွဲတွင် အိမ်ရှင်ဖြစ်သော ကမ်းမလော့၏ကိုယ်စားပြုအဖြစ် အာသာလည်း၀င်ရောက်ယှဉ်ပြိုင်‌ေပလိမ့်မည်။ သူရဲကောင်းများပြိုင်ပွဲကွင်းထဲသို့မ၀င်ခင်အဆင်သင့်ပြင်နုိင်ရန် ပြုလုပ်ထားသော ကွင်းပြင်တွင်မူ မာလင်တစ်ယောက်သူမနက်ကမှ ဂွမ့်ဆီကလေ့လာခဲ့တာတွေကိုမှတ်သားထားကာ အာသာကိုသေသေချာချာတပ်ဆင်ပေးနေလေသည်။သို့သော် ပထမဆုံးဖြစ်သည့်အလျောက်အလွဲအလွဲအ‌ေချာ်အ‌ေချာ်ဖြစ်‌ေနကာ လိုအပ်တာထက် ကြန့်ကြာနေ‌ေလ၏။မာလင်လုပ်ပေးသမျှငြိမ်ခံနေရသော အာသာအဖို့လည်း စိတ်မရှည်တော့ပေ။

"မာလင်...မင်းဒီနေ့ ပြိုင်ပွဲရှိတာသိတယ်နော်"

"ဟုတ် သိပါတယ်"

အာသာမှာသိလို့တော်သေးဆိုသည့်မျက်နှာဘေးနှင့်စိတ်ကိုဆွဲဆန့်ထားရပုံပင်။

"စိတ်လှုပ်ရှားနေလား အရှင့်သား"

"မလှုပ်ရှားပါဘူး"

"တကယ်လား...ကျွန်တော်ကတော့ ဒီလိုနေ့မျိုးဆို လူတိုင်းစိတ်လှုပ်ရှားကြတယ်ထင်တာ"

"မင်းပါးစပ်ပေါက်ကုိပိတ်မှာလား!!"

အာသာစိတ်မရှည်‌ဟန်နှင့်အော်လိုက်သဖြင့်မာလင်တစ်ယောက်တိတ်သွားပေမယ့် လုပ်သမျှကတော့လွဲနေတုန်းပင်။သံချပ်ကာတွေတပ်ဆင်ပြီးလို့ ရွှေရောင်နဂါးပုံပါ ကမ်းမလော့အမှတ်အသား၀တ်ရုံကိုသေချာလွှမ်းြခုံပေးလိုက်ပြီး သံချပ်ကာခေါင်းစွပ်ကိုပါ လက်ထဲသင့်အနေအထားထည့်ပေးလိုက်သည်။အားလုံးပြီးသွားတော့ မာလင်လည်းအကုန်ပြည့်စုံသွားဟန်ဖြင့် အာသာ့ကိုခေါင်းစခြေဆုံးခြုံကြည့်လိုက်လေသည်။

"အိုခေ....အားလံုးပြည့်စုံသွားပြီ" မာလင်မှာ ပြုံးတုံးတုံးလုပ်ကာပြောနေသောလည်းမပြုံးနိုင်သူမှာအာသာဖြစ်သည်။

"မာလင်....မင်းတစ်ခုခုမေ့နေတယ်မထင်ဘူးလား"

အာသာ့စကားကြောင့်မာလင်လည်း မျက်မှောင်ကြုံကာ သူဘာမေ့နေသည်ဆိုတာကို အစအဆုံးပြန်ကြည့်နေလေသည်။အကုန်ပြည့်စုံနေပြီဆိုသော်လည်း သေချာကြည့်မှ အာသာ့ခါးတွင်တစ်ခုခုလွတ်နေသလိုဖြစ်နေတာကြောင့် မာလင်တစ်ယောက်ကြောင်တောင်တောင်ကြည့်ကာစဉ်းစား‌ေနလေသည်။

"ငါ့ဓားလေ!!"

"အာဟုတ်သားပဲ ဓား.. ဓားလည်းလိုတာပဲ"

အာသာတစ်ယောက်မှာတော့ အလွဲအလွဲအချော်အချော်ဖြစ်နေသောမာလင့်ကိုကြည့်ရင်း စိတ်တွေမှာဂိတ်ဆုံးရောက်နေလေပြီ။ မာလင်ပေးလာသောဓားကို ဆွဲယူကာ ပြိုင်ပွဲနေရာသို့သာခပ်မြန်မြန်ထွက်လာခဲ့လိုက်သည်။အာသာထွက်သွားတော့မှပဲ မာလင်လည်းသက်ပြင်းချရလေတော့သည်။

"ဟူး.....ဒီလိုဆိုတော့လည်းအဆင်ပြေတယ်ပြောရမှာပဲ"

.......

ပြိုင်ပွဲကျင်းပရာကွင်းပြင် ပတ်ပတ်လည်လည်၏ပွဲကြည့်စင်များပေါ်တွင် ကမ်းမလော့တိုင်းသူပြည်သူများမှာ နေရာအသီးသီးယူထားကြပြီး သူရဲကောင်းများကိုတစ်ခဲမနက်အားပေးရန်အ‌ဆင်သင့်ဖြစ်နေကြသည်။ခရာတီးမှုတ်သံများမှာလည်း မြိုင်မြိုင်ဆိုင်ဆုိင်‌ထွက်‌ေပါ်လာပြီး
လူတိုင်းမှာစိတ်လှုပ်ရှားစွာနှင့်စောင့်ဆိုင်းနေကြ‌ေလပြီ။

ထိုအခါ သူရဲကောင်းများသည်ပြိုင်ပွဲကွင်းပြင်ရှိရာသို့ ဂုဏ်သိက္ခာဟန်ပန်အပြည့်နှင့် ထွက်လာကြကာ ကွင်းလယ်တွင်နေရာယူကြပြီး ဘုရင်သည်လည်းသူရဲကောင်းအားလုံး၏အရှေ့တွင် ရပ်ကာ ပြိုင်ပွဲမိန့်ခွန်းအားစတင်မိန့်ကြားလေ‌ေတာ့သည်။

"နိုင်ငံအသီးသီးက သူရဲကောင်းတို့...
အသင်တို့ကို ကမ်း‌မလော့တိုင်းပြည်ကနေဂုဏ်ယူ၀မ်း‌ေမြာက်စွာနှင့်ကြိုဆိုပါတယ်"

"ဒီပြိုင်ပွဲမှာ အသင်တို့ရဲ့ တိုက်ခိုက်စွမ်းရည်များကိုစစ်ဆေးပြသနိုင်မှာဖြစ်ပြီး နောက်ဆုံးမှာတော့ ကျွန်ုပ်ရဲ့သား အာသာနဲ့စိန်ခေါ်တိုက်ခိုက်ရမှာဖြစ်ပါတယ်"

ထုိတစ်ခဏတွင် ဗိုင်းလန့်စ်ဆိုသူသည် အဓိပ္ပာယ်ပါသောအကြည့်တစ်မျိုးနှင့်မိမိအားတစ်ချက်လှမ်းကြည့်လိုက်တာကို အာသာတစ်ယောက်မြင်ဖြစ်အောင်မြင်လိုက်ပြီး စိတ်ထဲတွင်ပါမသိုးမသန့်ခံစားလိုက်ရလေသည်။

"သူရဲကောင်းတစ်ဦးတည်းသာလျင် ချန်ပီယံအဖြစ် အနိုင်ရရှိနိုင်ပြီး ဆုကြေးငွေ ရွှေစတစ်ရာကိုပါချီးမြှင့်ခြင်းခံရမှာဖြစ်ပါတယ်"

"ဒီပြိုင်ပွဲဟာသူရဲကောင်းတစ်ယောက်ရဲ့
ဂုဏ်သိက္ခာတွေနဲ့ ထိုသူကတကယ့်သူရဲကောင်းအစစ်အမှန်လား ဒါမဟုတ် ငကြောက်လားဆိုတာကိုပါ ထုတ်ဖော်ပြသနိုင်မှာပါ"

"ဒါဆို ပြိုင်ပွဲစတင်လိုက်ရအောင်!"

ဘုရင်၏ အမိန့်သံဆုံးတာနှင့် ကျန်သည့်သူရဲကောင်းအားလုံးမှာ မိမိနေရာသို့ပြန်သွားကြပြီး ကွင်းထဲတွင်မူ အာသာနှင့် အခြားသူရဲကောင်းတစ်ယောက်သာကျန်ခဲ့လေသည်။

ပထမဆုံးပွဲစဉ်အဖြစ် အာသာယှဉ်ပြိုင်မည်ဖြစ်တာကြောင့် ၀တ်ရုံကိုချွတ်ကာ ဘေးနားကအစောင့်ယူလာပေးသော မိမိတို့၏ဒိုင်းကိုယ်စီအားယူလိုက်ပြီး အဆင့်သင့်အနေအထားပြင်လိုက်ကြ၏။‌

"ငါ့သားက အဖေ့ကိုဂုဏ်ယူရအောင်လုပ်မယ်ဆိုတာ အဖေယုံတယ်နော်" အူသာသည်အာသာ့ဘေးနားကပ်၍ပြောကာ ပုခုံးကိုပုတ်လျက်အားပေးပြီးမှ ပွဲကြည့်စင်ပေါ်သို့တက်သွား‌ေလသည်။

သံချပ်ကာ ခေါင်းစွပ်ကို စွပ်လိုက်ပြီး‌ေနာက် ပြိုင်ပွဲစတင်သည့်ခရာသံ‌အပြီးမှာ‌ေတာ့ နှစ်ယောက်သားစတင်တိုက်ခိုက်ကြ‌ေတာ့သည်။

အစပိုင်းတွင်မူ အာသာကရန်သူကိုအကဲခတ်သည့်သဘောဖြင့် ခံစစ်အနေအထားနှင့်သာ တိုက်ခိုက်နေပြီး တစ်ဖက်သူရဲကောင်း၏ တိုက်ကွက်များကိုစနစ်တကျရှောင်ရှားနေလေသည်။
အချိန်တစ်အောင့်ကြာပြီး တစ်ဖက်လူဟာကွက်ရှိသွားချိန်မှာတော့ အာသာလည်း ထိုးစစ်ပြောင်းကာ ပြန်လည်တိုက်ခိုက်တော့သည်။

အာသာ၏တိုက်ကွက်တစ်ချက်မှာ တစ်ဖက်လူထိသွားတိုင်း ဘေးနားရှိ ပရိသတ်များမှာလည်း တစ်ခဲနက်အော်ဟစ်အားပေးကြလေသည်။
အာသာ၏ ပြောင်မြောက်လှသော တိုက်ကွက်များကို ခုခံနေရသော တစ်ဖက်သူရဲကောင်းအဖို့လည်းမတတ်သာတော့ချေ။နောက်ဆုံးတစ်ချက်အဖြစ် အာသာ၏တံတောင်နှင့်ခေါင်းကိုရိုက်လိုက်ချိန်မှာတော့ တစ်ဖက်သူရဲကောင်း၏ ခေါင်းစွပ်မှာကျွတ်ထွက်သွားပြီး မြေပြင်‌ေပါ်သို့လဲကျသွား‌‌ေလ‌ေတာ့သည်။

အာသာအနိုင်ရသွားသည်နှင့် ပရိတ်သတ်များမှာစိတ်လှုပ်ရှားပျော်ရွှင်စွာ အော်ဟစ်ကြပြီး ဂုဏ်ပြုလက်ခုပ်သံများနှင့်ပါ ကျက်ကျက်ညံသွားရသည်။ ဘုရင်ကိုယ်တိုင်သာမက စင်ပေါ်ရှိအတူတူအားပေးနေကြသော ဂွမ်နှင့်မော်ဂါနာပါ ဂုဏ်ယူစွာဖြင့် လက်ခုပ်တီးအားပေးနေ၏။

အာသာနည်းတူပင် နောက်ပွဲစဉ်တွေမှာလည်း သူရဲကောင်းဗိုင်းလန့်မှာ ပြိုင်ဖက်ကိုကျွမ်းကျင်စွာပင် အလဲထိုး‌နိုင်ခဲ့သည်။ အဆင့်ဘုတ်ပြားတွင်
မူ ကမ်းမလော့ တံဆိပ်ပြားနှင့် ဗိုင်းလန့်စ်၏ မြွေသုံးကောင် တံဆိပ်ကပ်ပြားတို့မှာထိပ်ဆုံး၌ရပ်တည်နေလေ‌သည်။

"သူရဲကောင်းဗိုင်းလန့်စ်က လက်ထဲမှာဓားတော်တော်မြဲတာပဲ"

မာလင်က အာသာ့ကိုချပ်၀တ်တွေပြန်ဖြုတ်ပေးနေရင်း ဗိုင်းလန့်စ်အနိုင်ရသွားပုံကိုကြည့်ကာပြောနေခြင်းဖြစ်သည်။သူတို့ပြောနေတုန်းမှာပင် ဗိုင်းလန့််စ်က သူတို့နားရောက်လာပြီး အာသာ့ကိုစကားစတော့သည်။

"ဒီနေ့မင်းရဲ့ အနိုင်ရမှုအတွက် ဂုဏ်ပြုပေးပါရစေ"

"မင်းအတွက်လည်းတူတူပါပဲ"

"ဒါဆို ဒီညကြိုဆိုပွဲကျမှ တစ်ခေါက်ထပ်တွေ့ကြ‌တာပေါ့"

အာသာက ခေါင်းအသာငြိမ့်ပြလိုက်ပြီး‌ေနာက်မှာ တော့ ဗိုင်းလန့်စ်လည်းထွက်သွားလေ‌ေတာ့သည်။

"ကြက်သီးထစရာကြီး"

မာလင်ကဗိုင်းလန့်စ်ကိုကြည့်ရင်း ခပ်တိုးတိုးဆိုလိုက်တာကြောင့် အာသာလည်းရယ်မိလိုက်သည်။သူတို့အခြေအနေ ဆက်ဆံပုံတွေကို မာလင်တစ်ယောက်အသားမကျသေးပဲကို။

အာသာရယ်လိုက်တာကြောင့် မျက်နှာချိုသွေးရန်ပြင်‌ေနသည့် မာလင့်မျက်နှာကိုမြင်တော့ ချက်ချင်းပြန်တည်လိုက်ပြီး...

"အာ...မင်းမနက်ဖြန်အတွက် ငါ့ဒိုင်းကိုပြန်ပြင် ငါ့အင်္ကျီတွေလျှော် ဖိနပ်တွေကိုသန့်ရှင်းရေးလုပ် ဓားကိုလည်းသွေးထား ပြီးတော့ သံချပ်ကာတွေကိုပါပြောင်နေအောင်လုပ်ထား ကြားလား"

တရက်ဆက်ဆိုသလို ခိုင်းချင်တုိင်းခိုင်းပြီး ထွက်သွားသော အရှင့်သားကိုကြည့်ရင်း မာလင်တစ်ယောက် ပြောစရာစကားပင်ပျောက်ဆုံးသွားရလေသည်။သုိ့‌ေသာ်မတတ်နိုင် မနက်ဖြန်အမှီအားလံုးကုိပြီးစီး‌ေအာင်လုပ်‌ေပးရတော့မည်။ မနက်စောစောစီးစီးမှာ အာသာ့အ‌ေအာ်‌ေတာ့မခံချင်ပါ။

ထို့ကြောင့် မာလင်လည်းအကြံထုတ်ရတော့၏။ တစ်ခုချင်းလုပ်ရင််မနက်မိုးလင်းထိ‌တုိင်မပြီးနိုင်ပေမယ့် တစ်ပြိုင်နက်ထဲလုပ်ရင်တော့ပြီးလောက်မည်မဟုတ်ပါလား။

အိမ်သုိ့ပြန်ရောက်သောအခါ ထိုအကြံအတိုင်းစတင်လုပ်ဆောင်လေသည်။ အကြံမှာထူးထူးခြားခြား‌ေတာ့မဟုတ် အရာ၀တ္ထုများကိုမှော်ပညာဖြင့် လုပ်ခိုင်းစေပြီး အ၀တ်လျှော် ၊ဒိုင်းပြင်၊ ဖိနပ်ဆေး၊ ဓားသွေး၊ စတာတွေကိုသူ့အလိုလိုတစ်ပြိုင်နက်လုပ်ဆောင်ထားစေကာ မာလင်ကတော့ အိပ်ရာပေါ်၌အေးအေးလူလူစာဖတ်နေ၏။

ဒီပုံစံတိုင်းသာဆို မနက်မတိုင်ခင် အကုန်အဆင်သင့်ပြင်ပြီးသားဖြစ်မှာမို့ မာလင်တစ်ယောင်ကိုယ့်ဟာကိုယ်ကျေနပ်နေလေသည်။
ထိုစဉ်မှာပဲ ဂိုင်းယက်စ်ကတံခါးမခေါက်ပဲရုတ်တရက်၀င်လာတာကြောင့် လေ‌ေပါ်မြောက်ပြီး အလုပ်လုပ်နေသောပစ္စည်းများကုိမာလင်လည်းလန့်ပြီးဖြုတ်ချလုိက်တော့သည်။မှော်ကိုရုတ်တရက်ဖြုတ်လိုက်တာကြောင့် ပစ္စည်းများမှာကြမ်းပြင်ပေါ်သို့ ဗြဲလရမ်းစင်ပြုတ်ကျလေသည်။

"မင်းမှော်ပညာကို ထပ်သုံးနေပြန်တာလား"

"မသုံးပါဘူး"

"ဒါဆို ဒါတွေကဘာတွေလဲ"

‌မာလင်ကမေးတာကိုမဖြေပဲ ပြုံးစိစိလုပ်နေတာကြောင့် ဂိုင်းယက်စ်လည်းထပ်မပြောချင်တော့ပေ။ဒီကလေးက ပြောမရဆိုမရဆိုတာ သူအစကတည်းကသိပြီးသားပဲလေ။

"ညစာစားလို့ရပြီလို့ လာခေါ်တာ"

ဂိုင်းယက်စ်ကဘာမှထပ်မပြောတော့ပဲထွက်သွားတော့မှ မာလင်လည်းသက်ပြင်းချနုိင်‌ေတာ့သည်။

........

ညဘက်ရောက်အခါ ရဲတိုက်အတွင်းရှိ ဟောခန်းမကြီးတွင်ဘုရင်အူသာနှင့်အတူ သူ၏အုပ်ထိန်းခံသမီးတော် မော်ဂါနာတို့မှာ သူရဲကောင်းများနှင့်မိတ်ဆက် စကားပြောနေကြသည်။မော်ဂါနာ၏ဘေးတွင်လည်း ဂွမ်ကအမြဲအလိုရှိနေတတ်လေသည်။

"အနောက်ဘက်ကျွန်းနိုင်ငံက သူရဲကောင်းဗိုင်းလန့်ပါ အရှင်"

ဗိုင်းလန့်က ဘုရင်ကိုစတင်မိတ်ဆက်သောအခါဘုရင်ကလည်း၀မ်းပမ်းတစ်သာပင်ပြန်လည်နှုတ်ဆက်လေသည်။

"မင်းဒီနေ့ တိုက်ခိုက်ခဲ့တာတွေ့တယ် တကယ်ချီးကျူးလောက်ပါပေတယ်ကွာ"

"ကျွန်တော့်ဘုရင်ပြောဖူးသလိုပဲ အရှုံးကဂုဏ်နိမ့်စေတယ်လေ"

"အဲ့စကားကို‌‌ေတာ့ငါလည်းအပြည့်အ၀ထောက်ခံပါတယ်....သူရဲကောင်းဗိုင်းလန့်စ်..မင်းကိုငါ့ရဲ့မွေးစားသမီးမော်ဂါနာနဲ့မိတ်ဆက်ပေးပါရစေ"

"သခင်မ...." ဗိုင်းလန့်စ်ကပြောရင်း မော်ဂါနာ့လက်ဖမိုးအားတယုတယနမ်းကာနှုတ်ဆက်လိုက်လေသည်။

"ရှင်ဒီနေ့တိုက်ခိုက်ခဲ့တာကို ကျွန်မတွေ့ပါတယ်"

"သခင်မကြည့်နေတာကိုလည်း ကျွန်တော်မျိုးမြင်လိုက်ပါတယ်...ဒီပွဲမှာအနိုင်ရတဲ့သူက ညစာစားပွဲမှာ သခင်မနဲ့အတူတက်လှမ်းနိုင်မယ်ဆိုတာ ကိုလည်းသိရပါတယ်"

"ဟုတ်တာပေါ့"

"ဒါဆို ဒီပွဲနိုင်ဖို့အတွက် ကျွန်တော်မျိုး ဘာမဆိုစွန့်လွှတ်ရဲပါတယ်"

ဗိုင်းလန့်စ်စကားကြောင့် မော်ဂါနာသဘောတကျရယ်မိလုိက်သည်။ထို့နောက် တခြားသူများနှင့်မိတ်ဆက်ရန် ဗိုင်းလန့်စ်ကအနားမှထွက်သွား‌‌ေသာအခါအာသာလည်းမော်ဂါနာတို့နားရောက်လာပြီး ဗိုင်းလန့်စ်ကိုကြည့်နေလေသည်။

"အကုန်လုံးက သူရဲကောင်းဗိုင်းလန့်စ်ကိုပိုအထင်ကြီးနေကြပုံပဲနော်" မော်ဂါနာက အာသာ့ကိုစနောက်သည့်သဘောဖြင့်အရင်စကားဆိုလာသည်။

"မင်းရောမပါလို့လား"

"နင်မနာလိုဖြစ်နေတာမလား"

"မနာလိုဖြစ်စရာဘာအကြောင်းမှမရှိဘူးသိလား"

စူပုတ်စူပုတ်နှင့်ထွက်သွားသည့် သူ၏‌‌ေသွးသားမ‌ေတာ်စပ်‌ေသာ မောင်ဖြစ်သူကိုကြည့်ရင်း မော်ဂါနာသဘောတကျဖြစ်နေလေသည်။

"အာသာ့ကုိဒီထက်စိတ်ပျက်စေနိုင်တာရှိပါဦးမလား"

ဂွမ်လည်း မကျေမချမ်းရုပ်နှင့်အာသာ့ကိုကြည့်ရင်းမော်ဂါနာကိုစကားဆိုလိုက်သည်။

"ငါတော့ သူရဲကောင်းဗိုင်းလန့်စ်နိုင်သွားရင်ကောင်းမယ်ထင်တယ်"

"သခင်မတကယ်ဖြစ်စေချင်နေတာမဟုတ်ပါဘူး"

"တကယ်ပါ"

ဂွမ်ကတော့ မောင်နှမနှစ်ယောက်ကိုကြည့်ရင်းမနိုင်ဘူးဆိုသည့်သဘောဖြင့်သာ ခေါင်းတခါခါဖြစ်နေလေသည်။

.......

အချိန်မှာတဖြည်းဖြည်း မနက်မိုးလင်းလာလို့ နေ့သစ်တစ်သစ်ကိုပြန်လည်စတင်နေပြီဖြစ်သည်။ ယနေ့မှာ ပွဲစဉ်၏ဒုတိယ‌ေမြာက်နေ့လည်းဖြစ်ပြီး သူရဲကောင်းအားလုံးမှာလည်း အားအင်အပြည့်နှင့်ရှိနေကြသည်။မာလင်သည် မနေ့ကသူတိုက်ချွတ်ထားသော ပစ္စည်းများကိုယူရန် စတိုခန်းသို့ ခပ်သုတ်သုတ်လျှောက်လာနေ၏။

သူရဲကောင်းများ၏ လက်နက်၊တန်ဆာများ ယာယီသိမ်းဆည်းထားနိုင်သော စတိုခန်းတွင်မနေ့ကတိုက်ပွဲ၀င်ခဲ့သော သူရဲကောင်းများ၏ ပစ္စည်းများလည်းရှိနေသည်။မာလင်လည်း အာသာ့ချပ်၀တ်တန်ဆာများကိုယူနေတုန်း စတိုခန်းထောင့်မှ တရှဲရှဲမြည်နေသောအသံတစ်ခုကိုကြားလိုက်ရ၍ လန့်သွားလေသည်။

"ဘယ်သူလဲ" အသံကြားရာသို့လှည့်ကြည့်၍မေးလိုက်သော်လည်း ပြန်ထူးသံမကြားရပဲ တရှဲရှဲနှင့်အသံကိုသာကြားနေရသည်။

"တစ်ယောက်ယောက်ရှိလား"

မာလင်လည်း ဟိုကြည့်ဒီကြည့်လုပ်နေတုန်း အသံလာရာကိုနားထောင်ကြည့်သောအခါ ကြမ်းပြင်ပေါ်တွင် ထောင်ထားသော ဒိုင်းကာများမှ လာနေသောအသံဖြစ်ကြောင်းသိလိုက်ရသည်။

သေချာဖယ်ကြည့်လိုက်သောအခါ သူရဲကောင်းဗိုင်းလန့်စ်၏ ဒိုင်းမှဖြစ်ပြီး မာလင်စိုက်ကြည့်နေသောအခိုက်မှာပင် မြွေရုပ်က မျက်တောင်ခပ်သွားသည်ကို လျက်တပြတ်မြင်လိုက်ရသည်။

ထပ်စပ်စုမလို့လုပ်နေတုန်းမှာပဲ လည်ပင်းကိုလာထောက်သည့်ဓားကြောင့် မာလင်လည်းလန့်သွားလေသည်။

"ဒီမှာဘာလုပ်နေတာလဲ"

သူရဲကောင်းဗိုင်းလန့်စ်က မာလင်ကိုစူးစိုက်ကြည့်ရင်းမေးလိုက်သည်။

"အာ...ဘာမှမဟုတ်ပါဘူး ကျွန်တော့်ဆရာအတွက် ချပ်၀တ်တွေလာယူတာပါ"

"ဒါဆို မင်းရဲ့အလုပ်ကိုပဲသေချာလုပ်တာကောင်းလိမ့်မယ်‌ထင်တယ်"

"ဟုတ် ဆောရီးပါ"

မာလင်လည်းချပ်၀တ်တွေကိုဆွဲယူရင်းစတိုခန်းထဲမှ ကတိုက်ကရိုက်ထွက်လာခဲ့သည်။ သူမြင်ခဲ့သောအရာမှာလည်း ဘာမှန်းမသေချာတာကြောင့်စိတ်ထဲမထားတော့ပဲ အာသာ့ဆီသာမြန်မြန်လျှောက်လာခဲ့လုိက်‌ေလသည်။

••••••••••••••

(A/N_အရေးအသားအဆင်မပြေရင်ပြောပါနော် အပိုင်း၂ ကအခန်းတစ်ချို့ကို အောက်မှာပုံလေးတွေပြထားပါတယ်)

ပြိုင်ပွဲကျင်းပတဲ့ပွဲနေရာ

ဗိုင်းလန့်စ်ရဲ့မြွေသုံးကောင်ဒိုင်း

အာသာပြိုင်ပွဲ၀င်တဲ့၀တ်စုံအပြည့်အစုံ

သူရဲကောင်း ဗိုင်းလန့်စ်

••••••••••••••••••••

Zawgyi//

ဒ႑ာရီထဲကနယ္‌ေျမေတြရဲ႕ ေမွာ္ဆန္တဲ့အခ်ိန္ကာလတစ္ခုမွာ ခမ္းနားလွတဲ့တိုင္းျပည္ႀကီးတစ္ျပည္ရဲ႕ ကံၾကမၼာဟာ လူငယ္ေလးတစ္ဦးရဲ႕ပုခုံးေပၚသို႔က်ေရာက္လာခဲ့ပါတယ္...

သူ႔နာမည္က.....မာလင္။

..............

အလင္းေရာင္အားျဖင့္ေကာင္းစြာမရရွိပဲ မီးတုတ္၏အလင္းေရာင္ကိုသာ အားကိုးေနရေသာေနရာတစ္ခု။ ထိုေနရာတြင္ လူတစ္ခ်ိဳ႕မွာတရားမ၀င္ေသာပစၥည္းမ်ားေရာင္းခ်ေနၾကၿပီး
တခ်ိဳ႕မွာ မိမိလိုခ်င္ေသာအရာမ်ားကိုတိတ္တဆိတ္လာေရာက္၀ယ္ယူေနၾကသည္။

ေမွာင္ခိုေဈးဟုေခၚေသာဤ‌ေနရာတြင္ ကမ္းမေလာ့ၿမိဳ႕၌တရားမ၀င္ေသာ ‌ေမွာ္ပစၥည္းမ်ားလည္းရွိေန၏။ ထိုစဥ္လူတစ္ေယာက္မွာေဈးအတြင္းရွိဆိုင္တစ္ဆိုင္သို႔ တည့္တည့္မတ္မတ္ေလွ်ာက္လာေနၿပီး ဆိုင္ေရွ႕သို႔ေရာက္လွ်င္ ဆိုင္ရွင္ကိုတစ္ခ်က္မွ်ၾကည့္လိုက္ကာ စကားဆိုလာ‌ေလသည္။

"ခင္ဗ်ားမွာ က်ဳပ္အတြက္ဒိုင္းတစ္ခုရွိတယ္ဆိုလို႔ က်ဳပ္လာခဲ့တာ"

ထိုသူကစကားကိုခပ္ျပတ္ျပတ္ေျပာလိုက္ေသာအခါ ဆိုင္ရွင္သည္သေဘာေပါက္သြားဟန္ျဖင့္‌ေခါင္းၿငိမ့္လိုက္သည္။

"အထဲ၀င္ခဲ့"

ထိုလူလည္း ဆိုင္ထဲမ၀င္ခင္ ေဘးဘယ္ကိုေသခ်ာၾကည့္ကာ ဘယ္သူမွသတိမထားမိမွန္းေသခ်ာေတာ့မွ ဆိုင္ရွင္ေခၚရာေနာက္လိုက္လာခဲ့သည္။

"မင္းရဲ႕တိုက္ရည္ခိုက္ရည္နဲ႔ ဒီဒိုင္းနဲ႔သာဆို ၿပိဳင္ပြဲမွာမင္းႏိုင္လိမ့္မယ္လို႔ ငါအာမခံတယ္"

ဆိုင္ရွင္မွာ ဒိုင္းတစ္ခုကိုထုတ္ျပလာၿပီး စကားဆိုလာသည္။၎ဒိုင္းမွာ အဝါေရာင္ေအာက္ခံေပၚတြင္ အစိမ္းေရာင္ေႁမြသုံးေကာင္သည္ တစ္ေကာင္ႏွင့္တစ္ေကာင္ရစ္ပတ္လ်က္ မာန္ဖီေနသည့္ပံုသဏၭာန္ျဖစ္သည္။

"ဒါကို ဘယ္လိုသုံးရတာလဲ"

"ျပမယ္ေလ"

ဆိုင္ရွင္မွာ ဒိုင္းကိုကိုင္ထားလ်က္ ေမွာ္မႏၲန္တစ္ခုကို႐ြတ္ဆိုလိုက္တယ္ဆိုရင္ပဲ ဒိုင္းထဲရွိေႁမြ‌သုံးေကာင္သည္ အသက္၀င္ၿပီးအျပင္ကိုထြက္လာကာ ပါးျပင္းမ်ားေထာင္လ်က္မာန္ဖီ‌လာၾက၏။ အသက္၀င္လာေသာေႁမြေတြေၾကာင့္ထိုလူလည္းအနည္းငယ္‌ေတာ့လန႔္သြား‌ေလသည္။

"မင္းၿပိဳင္ေနတဲ့ခ်ိန္ မင္းၿပိဳင္ဘက္ကို ဒိုင္းေအာက္မွာဖိထားလိုက္ရင္ ေႁမြေတြထြက္လာၿပီး မင္းၿပိဳင္ဘက္ကေတာ့ အေၾကာေတြပါေသသြားမွာ"

ဆိုင္ရွင္၏စကားေၾကာင့္ ပါးျပင္းေထာင္ေနေသာေႁမြေတြႏွင့္ဒိုင္းကိုၾကည့္ကာ ေက်နပ္ဟန္ျဖင့္ၿပဳံးလိုက္ေလသည္။

"ေရာ့ အခုဆို ဒီေႁမြေတြကမင္းအမိန႔္ေအာက္မွာပဲ...မင္းခိုင္းတာမွန္သမွ် ဘာမဆိုသူတို႔လုပ္လိမ့္မယ္.."

"ဘာမဆိုလား"

"မယုံရင္တစ္ခုခုေျပာၾကည့္လိုက္ေလ"

ဆိုင္ရွင္မွာ သူ၏ပစၥည္းကို ဂုဏ္ယူေနဟန္ႏွင့္ေျပာေနသည္။ထိုလူလည္းဆိုင္ရွင္ကို အဓိပၸာယ္ပါေသာ အၾကည့္တစ္မ်ိဳးႏွင့္ၾကည့္လိုက္ၿပီး ခပ္႐ြဲ႕႐ြဲ႕ၿပဳံးကာတစ္ခြန္းပဲေျပာလိုက္သည္။

"သူ႔သတ္ကိုသတ္လိုက္"

အမိန႔္သံဆုံးတာႏွင့္ ‌ဒိုင္းထဲရွိေႁမြေတြဟာ ဆိုင္ရွင္ကို ခ်က္ခ်င္းေပါက္သတ္လိုက္ၾကေလသည္။ထိုလူလည္း ဒိုင္းကိုယူကာ ေမွာင္ခိုေဈးထဲမွထြက္လာၿပီး ၎၏ရည္႐ြယ္ခ်က္ျဖစ္ေသာ ကမ္းမေလာ့ၿမိဳ႕ေတာ္ကို ဦးတည္လိုက္သည္။ ကမ္းမေလာ့ဂိတ္တြင္မူ ၿပိဳင္ပြဲ၀င္မည့္သူမ်ား၏ ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ားေပးရာေနရာတစ္ခုရွိ‌ေန၏။

"အေနာက္ဘက္ကြၽန္းႏိုင္ငံက သူရဲေကာင္းဗိုင္းလန႔္စ္....ၿပိဳင္ပြဲအတြက္လာတာပါ"

"ကမ္းမေလာ့ၿမိဳ႕ကႀကိဳဆိုပါတယ္"

ထိုသူရဲေကာင္း ဗိုင္းလန႔္စ္ဆိုသည္သူမွာ တံဆိပ္ကပ္ျပားကုိပစ္‌ေပးရင္း အဓိပၸာယ္ပါပါၿပဳံးလိုက္ေလသည္။ ေမွာ္ပညာကိုတားျမစ္ထားတဲ့ၿပိဳင္ပြဲမွာေတာ့ ဗိုင္းလန႔္စ္၏ယုတ္မာတဲ့ အႀကံအစည္ကိုမူ မည္သူမွသတိထားမိပုံမေပၚပါေခ်။

.............................

"အဆင္သင့္ၿပီလား"

"မျဖစ္ေသးဘူးလို႔ေျပာရင္ေကာ တစ္ခုခုထူးမွာလား"

"မထူးဘူး....စၿပီေနာ္....ကာမယ္ ခ်မယ္ ကာမယ္ ခ်မယ္....ေခါင္း!"

"အား!"

ဤအေျခအေနမွာ မနက္ေစ‌ာေစာစီးစီးအာသာနဲ႔မာလင္တို႔ ၿပိဳင္ပြဲအတြက္ေလ့က်င့္ျခင္းျဖစ္သည္။ ႏွစ္ေယာက္သားေလ့က်င့္ေနသည္ဆိုေသာ္လည္း တကယ့္လက္ေတြ႕မွာမူ အာသာေလ့က်င့္သမွ်ကို မာလင္က ဒုိင္းႏွင့္ခုခံေနရျခင္းျဖစ္ေပသည္။

"လာစမ္းပါ မာလင္ မင္းကႀကိဳးေတာင္မႀကိဳးစားၾကည့္ရေသးဘူး.....ေနာက္တစ္ေခါက္...ဘယ္ ညာ ဘယ္ ၿပီးရင္ ေခါင္း"

"အား!!"

"လာစမ္းပါ ဒီေန႔အႏိုင္ခ်ရမယ့္ပြဲရွိတယ္ေနာ္"

အာသာကအားႀကိဳးမာန္တက္ေျပာေနေပမယ့္ သန္မာလွတဲ့ဓားခ်က္ေတြကို ခုခံေနရတဲ့မာလင့္အဖို႔‌ေတာ့အေတာ္ေမာ‌ေနၿပီျဖစ္သည္။ သံခ်ပ္ကာစြပ္ထားတာေၾကာင့္ အာသာ့ဓားႏွင့္‌ေခါင္းကုိ႐ိုက္မိတိုင္းေခါင္းတစ္ခုလုံးပင္ ခ်ာခ်ာလည္သြားေအာင္မူးေနာက္ၿပီးအူထြက္သြားရသည္။

"ကြၽန္ေတာ္တို႔ ရပ္လို႔ရၿပီလား အရွင့္သား" မာလင္က ‌မခံႏိုင္ေတာ့ဟန္ႏွင့္ နားဖို႔အတြက္ရလိုရျငားေမးလိုက္သည္။

"အခု‌‌ေတာ့မဟုတ္ေသးဘူး အာ႐ုံစိုက္ ကာမယ္ ခ်မယ္ ဘယ္ ညာ ေခါင္း!"

"အား!!"

မာလင္ တတ္သမွ်မွတ္သမွ် ရ‌ေအာင္က‌ာေနေပမယ့္လည္း ကမ္းမေလာ့ရဲ႕အသန္မာဆုံးစစ္သည္‌ေတာ္ျဖစ္တဲ့ အာသာရဲ႕ခြန္အားကုိ‌ေတာ့လံုး၀မယွဥ္ႏုိင္‌‌ေပ။ တိုက္ရည္ခိုက္ရည္ေကာင္းတဲ့အျပင္ အလြန္လည္းလ်င္ျမန္တာ‌ေၾကာင့္ ကမ္းမေလာ့တိုင္းျပည္တြင္အာသာကိုယွဥ္ႏိုင္တဲ့သူမွာအလြန္ရွားပါးလြန္းေပသည္။မာလင္တစ္ေယာက္ လည္း ရသေလာက္ခုခံၿပီးေနာက္မွာ‌ေတာ့ မူးေနာက္သြားၿပီး ေျမႀကီးေပၚလွဲကာ အေမာေျဖေနရေလသည္။

"မင္းကထင္ရတာထက္ပိုၿပီး သတၱိရွိသားပဲ...
တျခားအေစခံေတြဆို တစ္ခ်က္တည္းနဲ႔ေမ့ကုန္တာ"

"ၿပီးၿပီလားဗ်ာ"

"အခုမွေသြးပူတုန္းရွိေသးတယ္....နံခ်ပ္ကူနဲ႔ဆိုရင္ေကာဘယ္လိုလဲ"

ပထမဆုံးအေစခံစလုပ္တဲ့ေန႔မွာတင္ အားႀကိဳးမာန္တက္လုပ္ခိုင္းေနေသာ အရွင့္သားကိုၾကည့္ရင္း မာလင္တစ္ေယာက္ထိုေနရာမွာတင္ အေငြ႕ပ်ံကာေပ်ာက္ကြယ္ခ်င္သြားစိတ္ပင္ေပၚလာရသည္။

ဤသို႔ျဖင့္တစ္‌ေန႔လုံး အာသာ့စိတ္တိုင္းက်ေလ့က်င့္ခဲ့ရၿပီးေတာ့ မာလင္လည္းအိမ္ျပန္ေရာက္ေသာအခါခ်ဳံးခ်ံဳးက်ေလၿပီ။

အလုပ္စတဲ့ပထမဆုံးေန႔မွာတင္ေၾကာင္ေတာင္ေတာင္ႏွင့္ပုံပ်က္ပန္းပ်က္ျဖစ္လာေသာ မာလင့္ကိုၾကည့္ရင္း ဂိုင္းယက္စ္လည္းသေဘာတက်ရယ္မိေလသည္။

"အာသာ့အေစခံအျဖစ္ ပထမဆုံး‌ေန႔ကဘယ္လိုလဲ"

"ခႏၵာကိုယ္တစ္ခုလုံးကိုင္ေပါက္ခံထားရသလိုပဲ..ေခါင္းထဲမွာလည္း ဂေဒါင္ ဂေဒါင္နဲ႔အသံေတြပါအခုထိၾကားေနရတယ္"

မာလင္မွာအပုိ‌ေျပာ‌ေနတာမဟုတ္ပဲအမွန္တကယ္ခံစားေနရသလို ညီးညဴ‌ေနတာေၾကာင့္ ဂိုင္းယက္စစ္လည္း အလုပ္ႀကိဳးစားထားေသာကေလးကို အနည္းငယ္ေတာ့ျပဳစု‌ေပးရေတာ့ေလမည္။

ေရမိုးခ်ိဳးသန႔္စင္ၿပီးသြားေတာ့ မာလင္ကိုခုံမွာထိုင္ေစကာ ကုိက္ခဲ‌ေနတာ‌ေတြသက္သာလိုျငားႏွိပ္‌နယ္ေပးေနလိုက္သည္။

"ဒီေန႔တစ္ေန႔လုံးေတာ္ေတာ္ဆိုးဆိုးပါဗ်ာ...ၿပီးရင္မနက္ျဖန္ၿပိဳင္ပြဲအတြက္လည္း စည္းမ်ဥ္းစည္းကမ္း‌ေတြကိုေလ့လာရဦးမယ္"

ေျပာရင္းမာလင္က သူေရွ႕ကစာအုပ္ကိုစိတ္ျဖင့္လွမ္းယူလိုက္‌ေလသည္။

"ေဟ့ေကာင္....မင္းကိုအဲ့လုိမ်ိဳး‌ေမွာ္သံုးတာနဲ႔ပတ္သက္ၿပီးငါဘာေျပာထားလဲ" ဂိုင္းယက္စ္က ‌ႏွိပ္နယ္ေပးေနရင္း အလိုမက်စြာ ‌မာလင့္ေခါင္းကိုျဖတ္ကနဲ႐ိုက္လိုက္ေလသည္။

"အ!....ဥိီး‌ေလးကလည္းကြၽန္ေတာ့္လက္ေတြသာလႈပ္ႏိုင္ရင္ ကိုယ့္ဘာသာကုိယ္ယူမွာပါဗ်"

"မင္းလက္ေတြကိုခ်ည္းေတြးမေနနဲ႔ မင္းအဲ့လိုေလွ်ာက္သုံးေနလို႔ အဖမ္းခံရရင္ငါဘယ္လိုလုပ္ရမလဲ"

"ကြၽန္ေတာ္သာအဖမ္းခံရရင္ ဦးေလးဘာလုပ္မွာလဲ" မာလင္က တကယ္နားမလည္ဟန္ျဖင့္သိခ်င္သလိုေမးလာေသာေၾကာင့္ ဂိုင္းယက္စ္ကပင္ျပန္ေလ်ာ့ရေတာ့ေလသည္။

"‌‌ေတာ္ၿပီ ငါတို႔ႏွစ္ေယာက္လုံးေဘးကင္းဖို႔ မင္းဘာမွမလုပ္ခဲ့ဘူးလို႔သာ သ‌ေဘာထားလိုက္ေတာ့"

ဂိုင္းယက္စ္ကေျပာရင္း မာလင့္လက္ဆစ္မ်ားကိုပါ အေညာင္းညာေျပေအာင္ခ်ိဳးေပးေနသည္။

"ဦးေလးစဥ္းစားၾကည့္ဗ်ာ....ကြၽန္ေတာ္ အာသာ့အသက္ကိုကယ္ခဲ့တာေတာင္ အေစခံဘ၀နဲ႔ပဲအဆုံးသတ္ရတယ္ အဲ့တာတရားလား"

"တရားလား မတရားလားေတာ့မသိဘူး မင္းအတြက္ေတာ့ ေပ်ာ္ဖို႔ေကာင္းမွာပါ"

ေပ်ာ္ဖို႔ေကာင္းမွာပါဆိုသည့္ စကားေၾကာင့္မာလင္ႏွာေခါင္းရႈံ႕မိသည္။ ဒီေန႔သူႀကဳံလာရတဲ့ အေစခံဘ၀ကေတာ့ ေပ်ာ္စရာဆိုလို႔တစ္ကြက္ေလးေတာင္မွမရွိပါပဲေလ။အထူးသျဖင့္တျခားသူရဲ႕အေစခံမဟုတ္ပဲ အာသာ့‌အ‌ေစခံျဖစ္ေနျခင္းကေပ်ာ္စရာဆိုလို႔ မွန္ဘီလူးႏွင့္ေတာင္လိုက္ရွာမလိုပင္။ေျပာရင္း ယေန႔တစ္‌ေန႔လုံးသူ႔အားမညီးမညဴပဲတစ္ရက္ဆက္ခိုင္းခဲ့ေသာ အာသာဆိုသည့္သေကာင့္သားအားျမင္ေယာင္ၿပီးေသြးပင္တက္ခ်င္လာသလိုလို။သို႔ေပမယ့္ ဘုရင္ကိုယ္တိုင္ေပးအပ္ထားတဲ့တာ၀န္မို႔ ျငင္းလို႔လည္းမရေပ။ၿပီး‌ေတာ့အာသာကုိကာကြယ္ပံ့ပိုး‌ေပးဖို႔ကိုကပင္ မိမိရဲ႕ကံၾကမၼာျဖစ္ေနေလမွေတာ့မတတ္သာေတာ့ၿပီ။

"အာသာ့ျမင္းရဲ႕ ေခ်းေတြက်ဳံးေပးရတာ ဦးေလးကေပ်ာ္စရာေကာင္းတယ္ထင္တာလား...ကြၽန္ေတာ့္ကိုေျပာလိုက္တဲ့တာ၀န္ဇယားေတြကို ဦးေလးၾကားလိုက္သင့္တယ္"

"ငါတို႔အားလုံးမွာတာ၀န္ေတြရွိတာပဲ...အာသာ့မွာေတာင္ရွိတယ္"

"သူ႔အတြက္လည္းခပ္ၾကမ္းၾကမ္းေလးျဖစ္သင့္တယ္...ေကာင္မေလးေတြစည္းစိမ္အျပည့္နဲ႔ကိုမ်ား"

"သူက ေနာက္တက္လာမယ့္ဘုရင္ပဲေလ လူတိုင္းကသူ႔အေပၚအမ်ားႀကီးေမွ်ာ္လင့္ထားၾကတာ...သူ႔မွာလည္း ဖိအားေတြရွိတာေပါ့"

"ကြၽန္ေတာ္တို႔ႏွစ္ေယာက္လံုးပါပဲ‌‌ဗ်ာ..."

.....................

"နင့္လက္ေမာင္းမွာတက္ထားတာက ဗြိဳက္ဒါ....ရင္ဘတ္ေပၚကဟာက ေဟာဘတ္"

"ရင္ဘတ္ရယ္......လက္ေမာင္းရယ္....."

မာလင္တစ္ေယာက္မနက္ပိုင္းတြင္ ၿမိဳ႕ထဲ‌ေစ်းနားကဂြမ့္အိမ္သို႔ေရာက္ေနကာ သံခ်ပ္ကာတပ္ဆင္နည္းမ်ားကို လာေရာက္ေလ့လာေနျခင္းျဖစ္သည္။ဒါေတြကိုသိထားမွသာ အာသာနဲ႔ေရွ႕ဆက္ အဆင္ေျပလိမ့္မည္။ႏို႔မို႔သာဆို မာလင့္ဘ၀မွာမေတြးရဲစရာပင္။

"နင္ေခါင္းစြပ္ကေတာ့ ဘယ္လိုလုပ္ရလဲသိတယ္မလား"

"ငါေသခ်ာသိတာ ဒါတစ္ခုပဲရွိတယ္...ဒါနဲ႔..နင္ကဘာလို႔ ငါ့ထက္ဒါေတြကြၽမ္းေနရတာလဲ"

မာလင္မွာသံခ်ပ္ကာအျပည့္အစုံ၀တ္ထားလ်က္ ဂြမ္လိုမိန္းကေလး‌ကသူ႔ထက္ပိုသိေနတာကိုအံ့ဩေနပုံပင္။

"ငါကပန္းပဲဆရာရဲ႕သမီးပဲဟာ..သံခ်ပ္ကာေတြနဲ႔ပတ္သက္ၿပီးငါ့အ‌ေဖ‌ေျပာျပထားလို႔အကုန္သိတယ္ေလ....တကယ္ေတာ့ေတြးၾကည့္ရင္ အဲ့တာစိတ္မေကာင္းစရာပဲေနာ္"

"ဘယ္ကသာ...အဲ့တာတကယ္မိုက္တာပဲကို"

မာလင္ရဲ႕စိတ္ေက်နပ္စရာတုန႔္ျပန႔္မႈေၾကာင့္ ဂြမ္လည္းၿပဳံးမိေလသည္။သံခ်ပ္ကာေတြကိုေသခ်ာေလ့လာၿပီးေနာက္မွာေတာ့ မာလင္တစ္‌ေယာက္ကိုယ့္တာ၀န္ကုိယ္လုပ္ရန္ နန္းေတာ္သို႔ျပန္လာခဲ့လိုက္သည္။

ယေန႔မွာ ကမ္းမေလာ့၏ အစဥ္အလာမပ်က္က်င္းပေနက် သူရဲေကာင္းမ်ားတိုက္ခိုက္ယွဥ္ၿပိဳင္သည့္ ၿပိဳင္ပြဲက်င္းပ‌သည့္ေန႔ျဖစ္သည္။
၎ၿပိဳင္ပြဲတြင္ အနယ္နယ္အရပ္ရပ္မွ သူရဲေကာင္းတို႔မွာ တစ္စုတစ္စည္းတည္း စုေဝးၾကၿပီး သူရဲေကာင္းတို႔၏ဂုဏ္သိကၡာႏွင့္အညီယွဥ္ၿပိဳင္ၾကျခင္းျဖစ္သည္။ ကမ္းမေလာ့၏ ဘုရင္ႏွင့္အတူ ၿမိဳ႕သူၿမိဳ႕သားမ်ားမွာလည္း လာေရာက္ၾကည့္ရႉအားေပးႏိုင္ၾကသည္။

ထိုၿပိဳင္ပြဲတြင္ အိမ္ရွင္ျဖစ္ေသာ ကမ္းမေလာ့၏ကိုယ္စားျပဳအျဖစ္ အာသာလည္း၀င္ေရာက္ယွဥ္ၿပိဳင္‌ေပလိမ့္မည္။ သူရဲေကာင္းမ်ားၿပိဳင္ပြဲကြင္းထဲသို႔မ၀င္ခင္အဆင္သင့္ျပင္ႏုိင္ရန္ ျပဳလုပ္ထားေသာ ကြင္းျပင္တြင္မူ မာလင္တစ္ေယာက္သူမနက္ကမွ ဂြမ့္ဆီကေလ့လာခဲ့တာေတြကိုမွတ္သားထားကာ အာသာကိုေသေသခ်ာခ်ာတပ္ဆင္ေပးေနေလသည္။သို႔ေသာ္ ပထမဆုံးျဖစ္သည့္အေလ်ာက္အလြဲအလြဲအ‌ေခ်ာ္အ‌ေခ်ာ္ျဖစ္‌ေနကာ လိုအပ္တာထက္ ၾကန႔္ၾကာေန‌ေလ၏။မာလင္လုပ္ေပးသမွ်ၿငိမ္ခံေနရေသာ အာသာအဖို႔လည္း စိတ္မရွည္ေတာ့ေပ။

"မာလင္...မင္းဒီေန႔ ၿပိဳင္ပြဲရွိတာသိတယ္ေနာ္"

"ဟုတ္ သိပါတယ္"

အာသာမွာသိလို႔ေတာ္ေသးဆိုသည့္မ်က္ႏွာေဘးႏွင့္စိတ္ကိုဆြဲဆန႔္ထားရပုံပင္။

"စိတ္လႈပ္ရွားေနလား အရွင့္သား"

"မလႈပ္ရွားပါဘူး"

"တကယ္လား...ကြၽန္ေတာ္ကေတာ့ ဒီလိုေန႔မ်ိဳးဆို လူတိုင္းစိတ္လႈပ္ရွားၾကတယ္ထင္တာ"

"မင္းပါးစပ္ေပါက္ကုိပိတ္မွာလား!!"

အာသာစိတ္မရွည္‌ဟန္ႏွင့္ေအာ္လိုက္သျဖင့္မာလင္တစ္ေယာက္တိတ္သြားေပမယ့္ လုပ္သမွ်ကေတာ့လြဲေနတုန္းပင္။သံခ်ပ္ကာေတြတပ္ဆင္ၿပီးလို႔ ေ႐ႊေရာင္နဂါးပုံပါ ကမ္းမေလာ့အမွတ္အသား၀တ္႐ုံကိုေသခ်ာလႊမ္းၿခဳံေပးလိုက္ၿပီး သံခ်ပ္ကာေခါင္းစြပ္ကိုပါ လက္ထဲသင့္အေနအထားထည့္ေပးလိုက္သည္။အားလုံးၿပီးသြားေတာ့ မာလင္လည္းအကုန္ျပည့္စုံသြားဟန္ျဖင့္ အာသာ့ကိုေခါင္းစေျခဆုံးၿခဳံၾကည့္လိုက္ေလသည္။

"အိုေခ....အားလံုးျပည့္စုံသြားၿပီ" မာလင္မွာ ၿပဳံးတုံးတုံးလုပ္ကာေျပာေနေသာလည္းမၿပဳံးႏိုင္သူမွာအာသာျဖစ္သည္။

"မာလင္....မင္းတစ္ခုခုေမ့ေနတယ္မထင္ဘူးလား"

အာသာ့စကားေၾကာင့္မာလင္လည္း မ်က္ေမွာင္ႀကဳံကာ သူဘာေမ့ေနသည္ဆိုတာကို အစအဆုံးျပန္ၾကည့္ေနေလသည္။အကုန္ျပည့္စုံေနၿပီဆိုေသာ္လည္း ေသခ်ာၾကည့္မွ အာသာ့ခါးတြင္တစ္ခုခုလြတ္ေနသလိုျဖစ္ေနတာေၾကာင့္ မာလင္တစ္ေယာက္ေၾကာင္ေတာင္ေတာင္ၾကည့္ကာစဥ္းစား‌ေနေလသည္။

"ငါ့ဓားေလ!!"

"အာဟုတ္သားပဲ ဓား.. ဓားလည္းလိုတာပဲ"

အာသာတစ္ေယာက္မွာေတာ့ အလြဲအလြဲအေခ်ာ္အေခ်ာ္ျဖစ္ေနေသာမာလင့္ကိုၾကည့္ရင္း စိတ္ေတြမွာဂိတ္ဆုံးေရာက္ေနေလၿပီ။ မာလင္ေပးလာေသာဓားကို ဆြဲယူကာ ၿပိဳင္ပြဲေနရာသို႔သာခပ္ျမန္ျမန္ထြက္လာခဲ့လိုက္သည္။အာသာထြက္သြားေတာ့မွပဲ မာလင္လည္းသက္ျပင္းခ်ရေလေတာ့သည္။

"ဟူး.....ဒီလိုဆိုေတာ့လည္းအဆင္ေျပတယ္ေျပာရမွာပဲ"

.......

ၿပိဳင္ပြဲက်င္းပရာကြင္းျပင္ ပတ္ပတ္လည္လည္၏ပြဲၾကည့္စင္မ်ားေပၚတြင္ ကမ္းမေလာ့တိုင္းသူျပည္သူမ်ားမွာ ေနရာအသီးသီးယူထားၾကၿပီး သူရဲေကာင္းမ်ားကိုတစ္ခဲမနက္အားေပးရန္အ‌ဆင္သင့္ျဖစ္ေနၾကသည္။ခရာတီးမႈတ္သံမ်ားမွာလည္း ၿမိဳင္ၿမိဳင္ဆိုင္ဆုိင္‌ထြက္‌ေပၚလာၿပီး
လူတိုင္းမွာစိတ္လႈပ္ရွားစြာႏွင့္ေစာင့္ဆိုင္းေနၾက‌ေလၿပီ။

ထိုအခါ သူရဲေကာင္းမ်ားသည္ၿပိဳင္ပြဲကြင္းျပင္ရွိရာသို႔ ဂုဏ္သိကၡာဟန္ပန္အျပည့္ႏွင့္ ထြက္လာၾကကာ ကြင္းလယ္တြင္ေနရာယူၾကၿပီး ဘုရင္သည္လည္းသူရဲေကာင္းအားလုံး၏အေရွ႕တြင္ ရပ္ကာ ၿပိဳင္ပြဲမိန႔္ခြန္းအားစတင္မိန႔္ၾကားေလ‌ေတာ့သည္။

"ႏိုင္ငံအသီးသီးက သူရဲေကာင္းတို႔...
အသင္တို႔ကို ကမ္း‌မေလာ့တိုင္းျပည္ကေနဂုဏ္ယူ၀မ္း‌ေျမာက္စြာႏွင့္ႀကိဳဆိုပါတယ္"

"ဒီၿပိဳင္ပြဲမွာ အသင္တို႔ရဲ႕ တိုက္ခိုက္စြမ္းရည္မ်ားကိုစစ္ေဆးျပသႏိုင္မွာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ကြၽႏ္ုပ္ရဲ႕သား အာသာနဲ႔စိန္ေခၚတိုက္ခိုက္ရမွာျဖစ္ပါတယ္"

ထုိတစ္ခဏတြင္ ဗိုင္းလန႔္စ္ဆိုသူသည္ အဓိပၸာယ္ပါေသာအၾကည့္တစ္မ်ိဳးႏွင့္မိမိအားတစ္ခ်က္လွမ္းၾကည့္လိုက္တာကို အာသာတစ္ေယာက္ျမင္ျဖစ္ေအာင္ျမင္လိုက္ၿပီး စိတ္ထဲတြင္ပါမသိုးမသန႔္ခံစားလိုက္ရေလသည္။

"သူရဲေကာင္းတစ္ဦးတည္းသာလ်င္ ခ်န္ပီယံအျဖစ္ အႏိုင္ရရွိႏိုင္ၿပီး ဆုေၾကးေငြ ေ႐ႊစတစ္ရာကိုပါခ်ီးျမႇင့္ျခင္းခံရမွာျဖစ္ပါတယ္"

"ဒီၿပိဳင္ပြဲဟာသူရဲေကာင္းတစ္ေယာက္ရဲ႕
ဂုဏ္သိကၡာေတြနဲ႔ ထိုသူကတကယ့္သူရဲေကာင္းအစစ္အမွန္လား ဒါမဟုတ္ ငေၾကာက္လားဆိုတာကိုပါ ထုတ္ေဖာ္ျပသႏိုင္မွာပါ"

"ဒါဆို ၿပိဳင္ပြဲစတင္လိုက္ရေအာင္!"

ဘုရင္၏ အမိန႔္သံဆုံးတာႏွင့္ က်န္သည့္သူရဲေကာင္းအားလုံးမွာ မိမိေနရာသို႔ျပန္သြားၾကၿပီး ကြင္းထဲတြင္မူ အာသာႏွင့္ အျခားသူရဲေကာင္းတစ္ေယာက္သာက်န္ခဲ့ေလသည္။

ပထမဆုံးပြဲစဥ္အျဖစ္ အာသာယွဥ္ၿပိဳင္မည္ျဖစ္တာေၾကာင့္ ၀တ္႐ုံကိုခြၽတ္ကာ ေဘးနားကအေစာင့္ယူလာေပးေသာ မိမိတို႔၏ဒိုင္းကိုယ္စီအားယူလိုက္ၿပီး အဆင့္သင့္အေနအထားျပင္လိုက္ၾက၏။‌

"ငါ့သားက အေဖ့ကိုဂုဏ္ယူရေအာင္လုပ္မယ္ဆိုတာ အေဖယုံတယ္ေနာ္" အူသာသည္အာသာ့ေဘးနားကပ္၍ေျပာကာ ပုခုံးကိုပုတ္လ်က္အားေပးၿပီးမွ ပြဲၾကည့္စင္ေပၚသို႔တက္သြား‌ေလသည္။

သံခ်ပ္ကာ ေခါင္းစြပ္ကို စြပ္လိုက္ၿပီး‌ေနာက္ ၿပိဳင္ပြဲစတင္သည့္ခရာသံ‌အၿပီးမွာ‌ေတာ့ ႏွစ္ေယာက္သားစတင္တိုက္ခိုက္ၾက‌ေတာ့သည္။

အစပိုင္းတြင္မူ အာသာကရန္သူကိုအကဲခတ္သည့္သေဘာျဖင့္ ခံစစ္အေနအထားႏွင့္သာ တိုက္ခိုက္ေနၿပီး တစ္ဖက္သူရဲေကာင္း၏ တိုက္ကြက္မ်ားကိုစနစ္တက်ေရွာင္ရွားေနေလသည္။
အခ်ိန္တစ္ေအာင့္ၾကာၿပီး တစ္ဖက္လူဟာကြက္ရွိသြားခ်ိန္မွာေတာ့ အာသာလည္း ထိုးစစ္ေျပာင္းကာ ျပန္လည္တိုက္ခိုက္ေတာ့သည္။

အာသာ၏တိုက္ကြက္တစ္ခ်က္မွာ တစ္ဖက္လူထိသြားတိုင္း ေဘးနားရွိ ပရိသတ္မ်ားမွာလည္း တစ္ခဲနက္ေအာ္ဟစ္အားေပးၾကေလသည္။
အာသာ၏ ေျပာင္ေျမာက္လွေသာ တိုက္ကြက္မ်ားကို ခုခံေနရေသာ တစ္ဖက္သူရဲေကာင္းအဖို႔လည္းမတတ္သာေတာ့ေခ်။ေနာက္ဆုံးတစ္ခ်က္အျဖစ္ အာသာ၏တံေတာင္ႏွင့္ေခါင္းကို႐ိုက္လိုက္ခ်ိန္မွာေတာ့ တစ္ဖက္သူရဲေကာင္း၏ ေခါင္းစြပ္မွာကြၽတ္ထြက္သြားၿပီး ေျမျပင္‌ေပၚသို႔လဲက်သြား‌‌ေလ‌ေတာ့သည္။

အာသာအႏိုင္ရသြားသည္ႏွင့္ ပရိတ္သတ္မ်ားမွာစိတ္လႈပ္ရွားေပ်ာ္႐ႊင္စြာ ေအာ္ဟစ္ၾကၿပီး ဂုဏ္ျပဳလက္ခုပ္သံမ်ားႏွင့္ပါ က်က္က်က္ညံသြားရသည္။ ဘုရင္ကိုယ္တိုင္သာမက စင္ေပၚရွိအတူတူအားေပးေနၾကေသာ ဂြမ္ႏွင့္ေမာ္ဂါနာပါ ဂုဏ္ယူစြာျဖင့္ လက္ခုပ္တီးအားေပးေန၏။

အာသာနည္းတူပင္ ေနာက္ပြဲစဥ္ေတြမွာလည္း သူရဲေကာင္းဗိုင္းလန႔္မွာ ၿပိဳင္ဖက္ကိုကြၽမ္းက်င္စြာပင္ အလဲထိုး‌ႏိုင္ခဲ့သည္။ အဆင့္ဘုတ္ျပားတြင္
မူ ကမ္းမေလာ့ တံဆိပ္ျပားႏွင့္ ဗိုင္းလန႔္စ္၏ ေႁမြသုံးေကာင္ တံဆိပ္ကပ္ျပားတို႔မွာထိပ္ဆုံး၌ရပ္တည္ေနေလ‌သည္။

"သူရဲေကာင္းဗိုင္းလန႔္စ္က လက္ထဲမွာဓားေတာ္ေတာ္ၿမဲတာပဲ"

မာလင္က အာသာ့ကိုခ်ပ္၀တ္ေတြျပန္ျဖဳတ္ေပးေနရင္း ဗိုင္းလန႔္စ္အႏိုင္ရသြားပုံကိုၾကည့္ကာေျပာေနျခင္းျဖစ္သည္။သူတို႔ေျပာေနတုန္းမွာပင္ ဗိုင္းလန႔္္စ္က သူတို႔နားေရာက္လာၿပီး အာသာ့ကိုစကားစေတာ့သည္။

"ဒီေန႔မင္းရဲ႕ အႏိုင္ရမႈအတြက္ ဂုဏ္ျပဳေပးပါရေစ"

"မင္းအတြက္လည္းတူတူပါပဲ"

"ဒါဆို ဒီညႀကိဳဆိုပြဲက်မွ တစ္ေခါက္ထပ္ေတြ႕ၾက‌တာေပါ့"

အာသာက ေခါင္းအသာၿငိမ့္ျပလိုက္ၿပီး‌ေနာက္မွာ ေတာ့ ဗိုင္းလန႔္စ္လည္းထြက္သြားေလ‌ေတာ့သည္။

"ၾကက္သီးထစရာႀကီး"

မာလင္ကဗိုင္းလန႔္စ္ကိုၾကည့္ရင္း ခပ္တိုးတိုးဆိုလိုက္တာေၾကာင့္ အာသာလည္းရယ္မိလိုက္သည္။သူတို႔အေျခအေန ဆက္ဆံပုံေတြကို မာလင္တစ္ေယာက္အသားမက်ေသးပဲကို။

အာသာရယ္လိုက္တာေၾကာင့္ မ်က္ႏွာခ်ိဳေသြးရန္ျပင္‌ေနသည့္ မာလင့္မ်က္ႏွာကိုျမင္ေတာ့ ခ်က္ခ်င္းျပန္တည္လိုက္ၿပီး...

"အာ...မင္းမနက္ျဖန္အတြက္ ငါ့ဒိုင္းကိုျပန္ျပင္ ငါ့အက်ႌေတြေလွ်ာ္ ဖိနပ္ေတြကိုသန႔္ရွင္းေရးလုပ္ ဓားကိုလည္းေသြးထား ၿပီးေတာ့ သံခ်ပ္ကာေတြကိုပါေျပာင္ေနေအာင္လုပ္ထား ၾကားလား"

တရက္ဆက္ဆိုသလို ခိုင္းခ်င္တုိင္းခိုင္းၿပီး ထြက္သြားေသာ အရွင့္သားကိုၾကည့္ရင္း မာလင္တစ္ေယာက္ ေျပာစရာစကားပင္ေပ်ာက္ဆုံးသြားရေလသည္။သုိ႔‌ေသာ္မတတ္ႏိုင္ မနက္ျဖန္အမွီအားလံုးကုိၿပီးစီး‌ေအာင္လုပ္‌ေပးရေတာ့မည္။ မနက္ေစာေစာစီးစီးမွာ အာသာ့အ‌ေအာ္‌ေတာ့မခံခ်င္ပါ။

ထို႔ေၾကာင့္ မာလင္လည္းအႀကံထုတ္ရေတာ့၏။ တစ္ခုခ်င္းလုပ္ရင္္မနက္မိုးလင္းထိ‌တုိင္မၿပီးႏိုင္ေပမယ့္ တစ္ၿပိဳင္နက္ထဲလုပ္ရင္ေတာ့ၿပီးေလာက္မည္မဟုတ္ပါလား။

အိမ္သုိ႔ျပန္ေရာက္ေသာအခါ ထိုအႀကံအတိုင္းစတင္လုပ္ေဆာင္ေလသည္။ အႀကံမွာထူးထူးျခားျခား‌ေတာ့မဟုတ္ အရာ၀တၳဳမ်ားကိုေမွာ္ပညာျဖင့္ လုပ္ခိုင္းေစၿပီး အ၀တ္ေလွ်ာ္ ၊ဒိုင္းျပင္၊ ဖိနပ္ေဆး၊ ဓားေသြး၊ စတာေတြကိုသူ႔အလိုလိုတစ္ၿပိဳင္နက္လုပ္ေဆာင္ထားေစကာ မာလင္ကေတာ့ အိပ္ရာေပၚ၌ေအးေအးလူလူစာဖတ္ေန၏။

ဒီပုံစံတိုင္းသာဆို မနက္မတိုင္ခင္ အကုန္အဆင္သင့္ျပင္ၿပီးသားျဖစ္မွာမို႔ မာလင္တစ္ေယာင္ကိုယ့္ဟာကိုယ္ေက်နပ္ေနေလသည္။
ထိုစဥ္မွာပဲ ဂိုင္းယက္စ္ကတံခါးမေခါက္ပဲ႐ုတ္တရက္၀င္လာတာေၾကာင့္ ေလ‌ေပၚေျမာက္ၿပီး အလုပ္လုပ္ေနေသာပစၥည္းမ်ားကုိမာလင္လည္းလန္႔ၿပီးျဖဳတ္ခ်လုိက္ေတာ့သည္။ေမွာ္ကို႐ုတ္တရက္ျဖဳတ္လိုက္တာေၾကာင့္ ပစၥည္းမ်ားမွာၾကမ္းျပင္ေပၚသို႔ ၿဗဲလရမ္းစင္ျပဳတ္က်ေလသည္။

"မင္းေမွာ္ပညာကို ထပ္သုံးေနျပန္တာလား"

"မသုံးပါဘူး"

"ဒါဆို ဒါေတြကဘာေတြလဲ"

‌မာလင္ကေမးတာကိုမေျဖပဲ ၿပဳံးစိစိလုပ္ေနတာေၾကာင့္ ဂိုင္းယက္စ္လည္းထပ္မေျပာခ်င္ေတာ့ေပ။ဒီကေလးက ေျပာမရဆိုမရဆိုတာ သူအစကတည္းကသိၿပီးသားပဲေလ။

"ညစာစားလို႔ရၿပီလို႔ လာေခၚတာ"

ဂိုင္းယက္စ္ကဘာမွထပ္မေျပာေတာ့ပဲထြက္သြားေတာ့မွ မာလင္လည္းသက္ျပင္းခ်ႏုိင္‌ေတာ့သည္။

........

ညဘက္ေရာက္အခါ ရဲတိုက္အတြင္းရွိ ေဟာခန္းမႀကီးတြင္ဘုရင္အူသာႏွင့္အတူ သူ၏အုပ္ထိန္းခံသမီးေတာ္ ေမာ္ဂါနာတို႔မွာ သူရဲေကာင္းမ်ားႏွင့္မိတ္ဆက္ စကားေျပာေနၾကသည္။ေမာ္ဂါနာ၏ေဘးတြင္လည္း ဂြမ္ကအၿမဲအလိုရွိေနတတ္ေလသည္။

"အေနာက္ဘက္ကြၽန္းႏိုင္ငံက သူရဲေကာင္းဗိုင္းလန႔္ပါ အရွင္"

ဗိုင္းလန႔္က ဘုရင္ကိုစတင္မိတ္ဆက္ေသာအခါဘုရင္ကလည္း၀မ္းပမ္းတစ္သာပင္ျပန္လည္ႏႈတ္ဆက္ေလသည္။

"မင္းဒီေန႔ တိုက္ခိုက္ခဲ့တာေတြ႕တယ္ တကယ္ခ်ီးက်ဴးေလာက္ပါေပတယ္ကြာ"

"ကြၽန္ေတာ့္ဘုရင္ေျပာဖူးသလိုပဲ အရႈံးကဂုဏ္နိမ့္ေစတယ္ေလ"

"အဲ့စကားကို‌‌ေတာ့ငါလည္းအျပည့္အ၀ေထာက္ခံပါတယ္....သူရဲေကာင္းဗိုင္းလန႔္စ္..မင္းကိုငါ့ရဲ႕ေမြးစားသမီးေမာ္ဂါနာနဲ႔မိတ္ဆက္ေပးပါရေစ"

"သခင္မ...." ဗိုင္းလန႔္စ္ကေျပာရင္း ေမာ္ဂါနာ့လက္ဖမိုးအားတယုတယနမ္းကာႏႈတ္ဆက္လိုက္ေလသည္။

"ရွင္ဒီေန႔တိုက္ခိုက္ခဲ့တာကို ကြၽန္မေတြ႕ပါတယ္"

"သခင္မၾကည့္ေနတာကိုလည္း ကြၽန္ေတာ္မ်ိဳးျမင္လိုက္ပါတယ္...ဒီပြဲမွာအႏိုင္ရတဲ့သူက ညစာစားပြဲမွာ သခင္မနဲ႔အတူတက္လွမ္းႏိုင္မယ္ဆိုတာ ကိုလည္းသိရပါတယ္"

"ဟုတ္တာေပါ့"

"ဒါဆို ဒီပြဲႏိုင္ဖို႔အတြက္ ကြၽန္ေတာ္မ်ိဳး ဘာမဆိုစြန႔္လႊတ္ရဲပါတယ္"

ဗိုင္းလန႔္စ္စကားေၾကာင့္ ေမာ္ဂါနာသေဘာတက်ရယ္မိလုိက္သည္။ထို႔ေနာက္ တျခားသူမ်ားႏွင့္မိတ္ဆက္ရန္ ဗိုင္းလန႔္စ္ကအနားမွထြက္သြား‌‌ေသာအခါအာသာလည္းေမာ္ဂါနာတို႔နားေရာက္လာၿပီး ဗိုင္းလန႔္စ္ကိုၾကည့္ေနေလသည္။

"အကုန္လုံးက သူရဲေကာင္းဗိုင္းလန႔္စ္ကိုပိုအထင္ႀကီးေနၾကပုံပဲေနာ္" ေမာ္ဂါနာက အာသာ့ကိုစေနာက္သည့္သေဘာျဖင့္အရင္စကားဆိုလာသည္။

"မင္းေရာမပါလို႔လား"

"နင္မနာလိုျဖစ္ေနတာမလား"

"မနာလိုျဖစ္စရာဘာအေၾကာင္းမွမရွိဘူးသိလား"

စူပုတ္စူပုတ္ႏွင့္ထြက္သြားသည့္ သူ၏‌‌ေသြးသားမ‌ေတာ္စပ္‌ေသာ ေမာင္ျဖစ္သူကိုၾကည့္ရင္း ေမာ္ဂါနာသေဘာတက်ျဖစ္ေနေလသည္။

"အာသာ့ကုိဒီထက္စိတ္ပ်က္ေစႏိုင္တာရွိပါဦးမလား"

ဂြမ္လည္း မေက်မခ်မ္း႐ုပ္ႏွင့္အာသာ့ကိုၾကည့္ရင္းေမာ္ဂါနာကိုစကားဆိုလိုက္သည္။

"ငါေတာ့ သူရဲေကာင္းဗိုင္းလန႔္စ္ႏိုင္သြားရင္ေကာင္းမယ္ထင္တယ္"

"သခင္မတကယ္ျဖစ္ေစခ်င္ေနတာမဟုတ္ပါဘူး"

"တကယ္ပါ"

ဂြမ္ကေတာ့ ေမာင္ႏွမႏွစ္ေယာက္ကိုၾကည့္ရင္းမႏိုင္ဘူးဆိုသည့္သေဘာျဖင့္သာ ေခါင္းတခါခါျဖစ္ေနေလသည္။

.......

အခ်ိန္မွာတျဖည္းျဖည္း မနက္မိုးလင္းလာလို႔ ေန႔သစ္တစ္သစ္ကိုျပန္လည္စတင္ေနၿပီျဖစ္သည္။ ယေန႔မွာ ပြဲစဥ္၏ဒုတိယ‌ေျမာက္ေန႔လည္းျဖစ္ၿပီး သူရဲေကာင္းအားလုံးမွာလည္း အားအင္အျပည့္ႏွင့္ရွိေနၾကသည္။မာလင္သည္ မေန႔ကသူတိုက္ခြၽတ္ထားေသာ ပစၥည္းမ်ားကိုယူရန္ စတိုခန္းသို႔ ခပ္သုတ္သုတ္ေလွ်ာက္လာေန၏။

သူရဲေကာင္းမ်ား၏ လက္နက္၊တန္ဆာမ်ား ယာယီသိမ္းဆည္းထားႏိုင္ေသာ စတိုခန္းတြင္မေန႔ကတိုက္ပြဲ၀င္ခဲ့ေသာ သူရဲေကာင္းမ်ား၏ ပစၥည္းမ်ားလည္းရွိေနသည္။မာလင္လည္း အာသာ့ခ်ပ္၀တ္တန္ဆာမ်ားကိုယူေနတုန္း စတိုခန္းေထာင့္မွ တရွဲရွဲျမည္ေနေသာအသံတစ္ခုကိုၾကားလိုက္ရ၍ လန႔္သြားေလသည္။

"ဘယ္သူလဲ" အသံၾကားရာသို႔လွည့္ၾကည့္၍ေမးလိုက္ေသာ္လည္း ျပန္ထူးသံမၾကားရပဲ တရွဲရွဲႏွင့္အသံကိုသာၾကားေနရသည္။

"တစ္ေယာက္ေယာက္ရွိလား"

မာလင္လည္း ဟိုၾကည့္ဒီၾကည့္လုပ္ေနတုန္း အသံလာရာကိုနားေထာင္ၾကည့္ေသာအခါ ၾကမ္းျပင္ေပၚတြင္ ေထာင္ထားေသာ ဒိုင္းကာမ်ားမွ လာေနေသာအသံျဖစ္ေၾကာင္းသိလိုက္ရသည္။

ေသခ်ာဖယ္ၾကည့္လိုက္ေသာအခါ သူရဲေကာင္းဗိုင္းလန႔္စ္၏ ဒိုင္းမွျဖစ္ၿပီး မာလင္စိုက္ၾကည့္ေနေသာအခိုက္မွာပင္ ေႁမြ႐ုပ္က မ်က္ေတာင္ခပ္သြားသည္ကို လ်က္တျပတ္ျမင္လိုက္ရသည္။

ထပ္စပ္စုမလို႔လုပ္ေနတုန္းမွာပဲ လည္ပင္းကိုလာေထာက္သည့္ဓားေၾကာင့္ မာလင္လည္းလန႔္သြားေလသည္။

"ဒီမွာဘာလုပ္ေနတာလဲ"

သူရဲေကာင္းဗိုင္းလန႔္စ္က မာလင္ကိုစူးစိုက္ၾကည့္ရင္းေမးလိုက္သည္။

"အာ...ဘာမွမဟုတ္ပါဘူး ကြၽန္ေတာ့္ဆရာအတြက္ ခ်ပ္၀တ္ေတြလာယူတာပါ"

"ဒါဆို မင္းရဲ႕အလုပ္ကိုပဲေသခ်ာလုပ္တာေကာင္းလိမ့္မယ္‌ထင္တယ္"

"ဟုတ္ ေဆာရီးပါ"

မာလင္လည္းခ်ပ္၀တ္ေတြကိုဆြဲယူရင္းစတိုခန္းထဲမွ ကတိုက္က႐ိုက္ထြက္လာခဲ့သည္။ သူျမင္ခဲ့ေသာအရာမွာလည္း ဘာမွန္းမေသခ်ာတာေၾကာင့္စိတ္ထဲမထားေတာ့ပဲ အာသာ့ဆီသာျမန္ျမန္ေလွ်ာက္လာခဲ့လုိက္‌ေလသည္။

••••••••••••••

(A/N_အေရးအသားအဆင္မေျပရင္ေျပာပါေနာ္ အပိုင္း၂ ကအခန္းတစ္ခ်ိဳ႕ကို ေအာက္မွာပုံေလးdေတြျပထားပါတယ္)

ၿပိဳင္ပြဲက်င္းပတဲ့ပြဲေနရာ

ဗိုင္းလန႔္စ္ရဲ႕ေႁမြသုံးေကာင္ဒိုင္း

အာသာၿပိဳင္ပြဲ၀င္တဲ့၀တ္စုံအျပည့္အစုံ

သူရဲေကာင္း ဗိုင္းလန႔္စ္

Okumaya devam et

Bunları da Beğeneceksin

552K 64.4K 184
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
63K 2.6K 12
Love Story From Defulo (Series-4) // Ongoing
328K 43.3K 200
Book-6 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
43.9K 4.5K 48
ဘာသာပြန်သူ စွဲညို့အသင်း