Ep 4_Chapter 1(The Poisoned Chalice)

49 5 0
                                    

Unicode//

ဒဏ္ဍာရီထဲကနယ်‌မြေတွေရဲ့ မှော်ဆန်တဲ့အချိန်ကာလတစ်ခုမှာ ခမ်းနားလှတဲ့တိုင်းပြည်ကြီးတစ်ပြည်ရဲ့ ကံကြမ္မာဟာ လူငယ်လေးတစ်ဦးရဲ့ပုခုံးပေါ်သို့ကျရောက်လာခဲ့ပါတယ်...

သူ့နာမည်က.....မာလင်။

.....................

"တောက်....တောက်....တောက်"

အေးစက်လှတဲ့လှိုင်ဂူကြီးအတွင်း လေထုစိုထှိုင်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ရေစက်တွေဟာ တ‌ေ‌တာက်တောက်ကျ‌ေနလျက်ရှိသည်။ ရေကျသံနှင့်အပြိုင် မိန်းမငယ်တစ်ဦး၏ မှော်မန္တန်များရွတ်ဆိုနေသည့်အသံမှာလည်းလှိုဏ်ကြီးထဲပဲ့တင်လုိ့‌ေနသည်။ ထိုမိန်းကလေးဟာ မန္တန်‌အား တည်ငြိမ်သောအသံဖြင့် ‌အာရုံစိုက်ရွတ်ဆိုနေပြီး အရင်တခါကလိုပဲ ရေတွင်းငယ်ရှေ့မှာ မတ်တပ်လျက် သူ၏လက်ညှိုးမှ သွေးများဟာလည်း ရေတွင်းထဲသို့ တစ်စက်ချင်း‌ကျနေလေသည်။ လှိုဏ်ဂူကြီးအတွင်း ရေကျသံနှင့်မန္တန်ရွတ်သံမှလွဲရင် လေတိုးသံတောင်မကြားရ။ တကယ်တမ်း ရေကျသံလား မိန်းကလေး၏လက်ညှိုးမှသွေးစက်ကျနေသံလားတောင်မသဲကွဲနိုင်ပေ။

တစ်အောင့်အကြာမှာ‌ေတာ့မန္တန်ရွတ်သံလည်းရပ်သွားပြီး ရေတွင်းထဲက ရေမျက်နှာပြင်ပေါ်တွင် လူတစ်‌ေယာက်၏ သွားလာလှုပ်ရှားနေသောပုံရိပ်များမှာမှန်သားပြင်ကဲ့သို့ တစ်ကွက်ချင်းပေါ်‌လာလေသည်။ ထိုမိန်းကလေးသည် ရေတွင်းနံရံမှာကပ်နေသော အရာလေးတစ်ခုအား ဆယ်ယူလိုက်ပြီး ငွေနဲ့သွန်းလုပ်ထားသော ခွက်တစ်ခု၏အတွင်းဘက်တွင်ကပ်လိုက်သည်။ သေချာကြည့်မည်ဆိုပါက ထုိအရာ‌ေလးမှာ ပန်းပွင့်ဖတ်ကလေးတစ်ခုဖြစ်လေသည်။ ပြီးနောက်မှာတော့ ခွက်ကိုကိုင်လျက်စိုက်ကြည့်ရင်း အမည်မတပ်နိုင်တဲ့ အပြုံးတစ်ခုအား သူမမျက်နှာ‌ေပါ်တွင်ဆင်မြန်းလိုက်ပြီး ရင်းနှီး‌ေနသောအမည်တစ်ခုကိုရေရွတ်လိုက်လေသည်။

"မာလင်...."

........

သာယာလှပတဲ့မနက်ခင်းအချိန်အခါတွင် ကမ်းမလော့မြို့ကြီးဟာတော့သူ့အချိန်မှန်စက်၀န်းအတိုင်း ပုံမှန်လည်ပတ်နေလျက်သည်။ အမှန်တော့ ယနေ့ဟာကမ်းမလော့အတိုင်းပြည်အတွက်အရေးကြီးသည့်နေ့‌တစ်နေ့ဟုပြောရင်လည်းမမှားပေ။ ကမ်းမလော့တိုင်းပြည်၏ နယ်နိမတ်တိုင်းပြည်များထဲမှတစ်ခုအပါအဝင်ဖြစ်တဲ့ "မာစီယာ"တိုင်းပြည်ဟာ ကမ်းမလော့နှင့်စစ်ရေးတင်းမာမှု‌ေတွဖြစ်တည်လာတာ အချိန်တစ်ခုထိကြာနှောင်းခဲ့လေပြီ။ ဒါကြောင့်ယနေ့မှာ စစ်ရေးချုပ်ငြိမ်းခြင်းနဲ့ ငြိမ်းချမ်းရေးအတွက်စာချုပ်ချုပ်ဆိုနိုင်ဖို့ နှစ်နိုင်ငံချစ်ကြည်ရေးပွဲလေးပြုလုပ်ကြလေသည်။

Merlin (Season 1| Myanmar Translation)Where stories live. Discover now