Ep 2_Chapter 2

66 18 6
                                    

Unicode//

စားပွဲပေါ်တွင် တန်းစီတင်‌ထား‌ေသာ‌ေပြာင်လက်‌ေနသည့့် ချပ်၀တ်တန်ဆာများကုိကြည့်ရင်းအာသာမျက်‌ေမှာင်ကြံု့ထားမိသည်။

"ဒါတွေအကုန်မင်းတစ်ယောက်တည်းလုပ်ထားတာလား"

"ဟုတ်ပါတယ် အရှင့်သား"

မာလင်က ဂုဏ်ယူနေသောမျက်နှာဘေးဖြင့်ပြုံးစိစိ‌လုပ်‌ရင်းပြောလုိက်‌ေသာ‌ေကြာင့် အာသာလည်း အနည်းငယ်မယုံကြည်နိုင်ဖြစ်နေသည်။

"ကောင်းပြီလေ...ဒါဆိုမင်းတစ်ခုမှမမေ့ပဲ ငါ့ကိုပြိုင်ပွဲထဲရောက်အောင်ပို့နိုင်မလားဆိုတာကြည့်ရသေးတာပေါ့"

စကားဆုံးသည်နှင့် မာလင်လည်း ချပ်၀တ်များကိုတစ်ခုချင်းယူကာ အာသာကိုယ်ပေါ်တွင်သေချာတပ်ဆင်ပေး‌ေန၏။မာလင်လုပ်‌ေပးသမျှကို အာသာလည်းငြိမ်ခံနေရင်း မာလင့်ကိုလိုက်ကြည့််နေသည်။နောက်ဆုံးတွင်ဓားကိုခါးပတ်ထဲထည့်ပေးသောအခါ သူ့ကိုကြည့်ရင်း ပြုံးစိစိလုပ်နေသောသ‌ေကာင့်သားကြောင့် အာသာမျက်စောင်းတစ်ချက်ထိုး‌ေပးလိုက်‌သည်။

အကုန်ပြီးသွားတော့ သူ့တစ်ကိုယ်လုံးကိုသေချာပြန်စစ်ရင်း ဘာမှမကျန်ပဲအကုန်ပြည့်စုံနေတာကြောင့် အာသာကျေနပ်သွားပေမယ့် မာလင့်ရှေ့မှာဝောာ့ ခပ်တည်တည်ပင်။

"ပိုတော်လာသားပဲ ဒီထက်သာညံ့မသွားစေနဲ့"

"ကျွန်တော်ကသင်လွယ်တတ်လွယ်ပါ"

"မင်းစကားမှန်ရင်တော့ကောင်းတာပေါ့"

"ကံကောင်းပါစေ အရှင့်သား"

အာသာလည်းဘာမှထပ်မပြောတော့ပဲ ပြိုင်ပွဲရှိရာသို့သာထွက်လာခဲ့လိုက်သည်။ပြိုင်ပွဲစတာနှင့်ပရိတ်သတ်များ၏ အားပေးသံများမှာဟိန်းထွက်လာပြီး မနေ့ကထက်ပင် ပို၍အားတက်သရောဖြစ်နေကြသည်။ အာသာ၏ပွဲစဉ်တွင်တော့အားလုံးကရင်သက်ရှုမောစွာ ကြည့်ရှူအားပေးနေကြပြီး မာလင်လည်း ထောင့်တစ်နေရာမှရပ်ကြည့်ကာအပီအပြင်အားပေးနေလေသည်။

"ငါပဲစိတ်ထင်နေတာလား မင်းပဲဒီနေ့အရမ်းပျော်နေတာလား မာလင်" ဂိုင်းယက်စ်က ၀င်ချတော့မလိုတကြွကြွဖြစ်နေသည့် မာလင့်ကိုကြည့်ရင်းမေးလိုက်ခြင်းဖြစ်သည်။

Merlin (Season 1| Myanmar Translation)Where stories live. Discover now