Copper Coins《铜钱龛世》

By OSH-love

214K 38.1K 2.8K

Novel : tongqiankanshi(铜钱龛世) Author : Mu Su Li 木苏里 English translator : jiaqikangjiaqi Chapters : 102+extra တ... More

နိဒါန်း
အခန်း ၁(စက္ကူလူသား ၁)
အခန်း ၂[စက္ကူလူသား ၂]
အခန်း ၃[စက္ကူလူသား ၃]
အခန်း ၄[စက္ကူလူသား ၄]
အခန်း ၅[ရွှေချောင်းများ ၁]
အခန်း ၆[ရွှေချောင်းများ ၂]
အခန်း ၇[ရွှေချောင်းများ ၃]
အခန်း ၈[ရွှေချောင်းများ ၄]
အခန်း ၉[ရွှေချောင်းများ ၅]
အခန်း ၁၀[ကျိတ်ဆုံအလွတ် ၁]
အခန်း ၁၁[ကျိတ်ဆုံအလွတ် ၂]
အခန်း ၁၂[ကျိတ်ဆုံအလွတ် ၃]
အခန်း ၁၃[ကျိတ်ဆုံအလွတ် ၄]
အခန်း ၁၄[ကျိတ်ဆုံအလွတ် ၅]
အခန်း ၁၅[သမားတော်သုံးငွေခေါင်းလောင်း ၁]
အခန်း ၁၆[သမားတော်သုံးငွေခေါင်းလောင်း ၂]
အခန်း ၁၇[သမားတော်သုံးငွေခေါင်းလောင်း ၃]
အခန်း ၁၈[မျက်မမြင်ဟူးရား ၁]
အခန်း ၁၉[မျက်မမြင်ဟူးရား ၂]
အခန်း ၂၀[မျက်မမြင်ဟူးရား ၃]
အခန်း ၂၁[မျက်မမြင်ဟူးရား ၄]
အခန်း ၂၂[မျက်မမြင်ဟူးရား ၅]
အခန်း ၂၃.၁[မျက်မမြင်ဟူးရား ၆]
အခန်း ၂၃.၂[မျက်မမြင်ဟူးရား ၆]
အခန်း ၂၄[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၁]
အခန်း ၂၅[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၂]
အခန်း ၂၆[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၃]
အခန်း ၂၇[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၄]
အခန်း ၂၈[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၅]
အခန်း ၂၉[ထွင်းထုထားသောသော့ခလောက် ၁]
အခန်း ၃၀[ထွင်းထုထားသောသော့ခလောက် ၂]
အခန်း ၃၁[ထွင်းထုထားသောသော့ခလောက် ၃]
အခန်း ၃၂[ထွင်းထုထားသောသော့ခလောက် ၄]
အခန်း ၃၃[ကျောက်တုံးကျန်း ၁]
အခန်း ၃၄[ကျောက်တုံးကျန်း ၂]
အခန်း ၃၅[ကျောက်တုံးကျန်း ၃]
အခန်း ၃၆[ဇာတ်သဘင်အဖွဲ့ ၁]
အခန်း ၃၇[ဇာတ်သဘင်အဖွဲ့ ၂]
အခန်း ၃၈[ဇာတ်သဘင်အဖွဲ့ ၃]
အခန်း ၄၀(စားပွဲထိုး ၁)
အခန်း ၄၁(စားပွဲထိုး ၂)
အခန်း ၄၂(စားပွဲထိုး ၃)
အခန်း ၄၃(ကပ်ဆိုက်သောဒေသ ၁)
အခန်း ၄၄(ကပ်ဆိုက်သောဒေသ ၂)
အခန်း ၄၅(ကပ်ဆိုက်သောဒေသ ၃)
အခန်း ၄၆(​တာ့ရှန်းရမ် ၁)
အခန်း ၄၇(တာ့ရှန်းရမ် ၂)
အခန်း ၄၈(တာ့ရှန်းရမ် ၃)
အခန်း ၄၉(တာ့ရှန်းရမ် ၄)
အခန်း ၅၀(လေဟုန်စီးခြင်းအစီအရင် ၁)
အခန်း ၅၁(လေဟုန်စီးခြင်းအစီအရင် ၂)
အခန်း ၅၂(လေဟုန်စီးခြင်းအစီအရင် ၃)
အခန်း ၅၃(လေဟုန်စီးခြင်းအစီအရင် ၄)
အခန်း ၅၄(ရှေးဗုံသံ ၁)
အခန်း ၅၅(ရှေးဗုံသံ ၂)
အခန်း ၅၆(အရိုးချည်မျှင် ၁)
အခန်း ၅၇(အရိုးချည်မျှင် ၂)
အခန်း ၅၈(အရိုးချည်မျှင် ၃)
အခန်း ၅၉(အရိုးချည်မျှင် ၄)
အခန်း ၆၀(အရိုးချည်မျှင် ၅)
အခန်း ၆၁(ထုန်ရှုန်းပင့်ကူ ၁)

အခန်း ၃၉(ဇာတ်သဘင်အဖွဲ့ ၄)

1.9K 504 47
By OSH-love

Unicode

(TN/ စာပြန်စစ်ရင်းနဲ့တချို့ဇာတ်ကောင်တွေကိုနာမည်ပြောင်းထားပါတယ်နော်🙇‍♀️၊ အပိုင်း ၁ကနေစပြီးဖြည်းဖြည်းချင်းစစ်ဖြစ်မှာဆိုတော့အချိန်တော့ကြာမှာပါT-T၊ အခုအခန်း ၃၉က​တော့revised versionအတိုင်းစစ်ထားပြီးသားပါ၊ စစ်ရင်းနဲ့ပဲအခန်းအသစ်တင်ပေးသွားမယ်နော်<3)

ဤအပိုင်းများတွင် ရာသီဥတုက မှောင်မိုက်စိုစွတ်နေလေရာ တစ်ပါးနေရာများကဲ့သို့ နှင်းမထူထပ်။ တောင်ပတ်လမ်းတစ်လျှောက်ကို အဖြူရောင်နှင်းလွှာခပ်ပါးပါးသာ လွှမ်းခြုံထားသည်။ ဖြတ်သွားဖြတ်လာခရီးသွားများကြောင့် တချို့နေရာများဝယ် ရေခဲများအဖြစ် အချပ်လိုက်တင်းမာကုန်ကြသည်။ ထို့ကြောင့်ပဲ တောင်ပတ်လမ်းများက အန္တရာယ်ကြီးစွာ ချောလို့နေသည်။ ရထားလုံးတွဲရှေ့ဆုံးမှမြင်းသည် အတောမသတ်စွာ ဟီလိုက်ဟောက်လိုက်လုပ်နေဆဲဖြစ်ပြီး ကြာပွတ်တစ်ချက်ယမ်းမှသာရွေ့တာကြောင့် ရပ်လိုက်သွားလိုက်နှင့် သံသရာလည်နေလေ၏။

သို့သော်ငြား မည်မျှပင်နှေးကွေးစွာသွားနေစေကာမူ ကျောက်တုံးပုံအနားရောက်ရန် စိုးစိမျှသာ လိုတော့သည်။

"သူတို့ကတကယ်ပဲ...မသိကြသေးဘူးလား?"

အမေးဆိုလာသော ကျန်းရှီနင်လည်ပင်းကျောများက ထောင်နေပြီး မျက်နှာမှာ ရှုံ့မဲ့နေကာ ရွှဲရှန်နှင့်ရွှမ်းမင်ဆီမှ အဖြေစကားကို ကြောက်လန့်တုန်လှုပ်လျက် စောင့်ဆိုင်းနေသည်။

ရွှဲရှန်မှ

"သူတို့ဘာမှမသိသေးဘူးလို့တော့ငါမပြောဘူး..မင်းကြည့်လိုက်ရင်––"

အခြားရထားလုံးများရှိရာသို့ မေးငေါ့ပြကာ

"အဲ့ဒီမြင်းကတစ်ချိန်လုံးကြောက်လန့်နေတာ..တံတားမှာတုန်းကလည်းအမာရွတ်လူနဲ့လီမျိုးနွယ်ကိုကြည့်ရတာဒီကိုလာဖို့တော်တော်လေးတွန့်ဆုတ်နေတဲ့ပုံပဲ..မသိစိတ်ကဒီလမ်းကိုရှောင်ဖို့ပြောနေတာထင်တယ်"

တစ်စုံတစ်ရာ ကံဆိုးမိုးမှောင်ကျတော့မည်ဖြစ်ကြောင်း စိတ်ကထင်မိလျှင် ရှောင်ကွင်းသွားချင်ကြသည်မှာ လူ့သဘောသဘာဝပင်။

ခြေထောက်သုံးမရသေးသော်ငြား အနှီဘိုးဘေးသည် ငြိမ်ငြိမ်လေးထိုင်နေမည့်သူမျိုးမဟုတ်။ မတ်တပ်ရပ်လို့မရသလို ကိုယ်ကိုကိုင်းပြီး ပြတင်းပေါက်အပြင်ကို ကြည့်လို့လည်းမရတာကြောင့် ခုံတန်းရှည်ပေါ်တွင် ကန့်လန့်ဖြတ်အနေအထားနှင့် လှဲအိပ်၍ ပြတင်းပေါက်ဘောင်ပေါ်တွင် မေးတင်လိုက်သည်။ ရွှမ်းမင်လည်း မတတ်သာပဲ ရွှဲရှန်လိုသလောက်နေရာရရန် ခုံတန်းအစွန်သို့ တိုးပေးလိုက်သည်။ အစကနဦးက အနှီဘိုးဘေး ရွှမ်းမင်လက်နှင့်အအေးခံထားတာကြောင့် ဟန်ချက်ပြန်ငြိမ်သွားပုံရသည်။ ခန္ဓာကိုယ်အပေါ်အပိုင်းအား လိုသလို ဟိုဟိုဒီဒီ လှုပ်ရှားလို့နေ၏။

အစကတော့ ရွှမ်းမင်လုပ်ခဲ့သမျှသည် တစ္ဆေနှစ်ကောင်နှင့် တကွေ့ကြုံကြိုက်မိပြီး အတိုအစတစ်ခုခုနှင့် ကလော်ယူခဲ့ရုံသာ။ သို့ပေမဲ့ ဘယ်လိုများ ဒီအခြေအနေအထိ ရောက်လာကြတာလဲ?

ရထားလုံးထောင့်တွင်ထိုင်နေဆဲ ကျန်းရှီနင်သည် သောကဗျာပါရများလျက် တုန်ရီနေသောလက်များနှင့် ဝတ်ရုံစကို ချေလို့နေ၏။

ရထားလုံးအလှုပ်မှာ မတော်တဆ ဒူးချင်းတိုက်မိသွားသော လုညန့်ချီခမျာ ကျန်းရှီနင်မည်မျှတောင် အထိတ်တလန့်ဖြစ်နေသည်အား ခံစားမိလိုက်သည်။ မနေနိုင်တော့ပဲ ဝေဝါးနေသောမျက်လုံးများဖြင့် ကျန်းရှီနင်ကိုကြည့်ကာ

"သရဲကသရဲကိုကြောက်တာငါဖြင့်တစ်ခါမှမမြင်ဖူးဘူး"

ကျန်းရှီနင် : "..."

ကျန်းရှီနင်တစ်ယောက် မခံမရပ်နိုင်ဖြစ်သွားပြီး

"ဂူသင်္ချိုင်းမှာတုန်းကမင်းမိဘတွေကိုအော်ငိုနေတာငါမှတ်မိသေးတယ်"

ကျန်းရှီနင်စကားအပေါ် စိတ်ထိခိုက်သွားတာကြောင့် ဘာစကားမှဆက်မပြောတော့ပဲ တဖက်လှည့်သွားသည်။

လုညန့်ချီသည် ငယ်ရွယ်ပြီး သတ္တိရှိလှသည်လည်းမဟုတ်။ အလွန်တရာမှခေါင်းမာပြီး ဂုဏ်သိက္ခာတရားအား သေသည်အထိ ဆုပ်ကိုင်ထားမည့်လူမျိုးသာဖြစ်သည်။ သူတတ်နိုင်သလောက်ကြိုးစားပြီး သတ္တိမွေးနေပေမယ့်လည်း သင်္ချိုင်းတောင်ပူစာကျွန်းမှာ ဖြစ်ပျက်ခဲ့သည်များကတော့ တတ်နိုင်တာထက် လွဲကဲနေတာကြောင့် ဖုံးကွယ်ထားသောကြောက်စိတ်က ဘူးပေါ်သလို ပေါ်လာခဲ့သည်။

လုရှီကျိုမှာ ငယ်ရွယ်စဥ်ကတည်းက သာမန်လူများမမြင်နိုင်သော အရာများကို စတင်မြင်ခဲ့ရပြီး အထူးအဆန်းများ၊ မိစ္ဆာများ အမျိုးမျိုးကို ကြုံခဲ့ဖူးတာကြောင့် ထိုသို့သောအရာများကို ကြောက်တတ်သောသူမဟုတ်။

ယခုအခါမှာ လုရှီကျို၏ပင်ကိုယ်စရိုက်အချို့ လုညန့်ချီထံကပ်ပါလာသည်ဖြစ်၍ အတန်ငယ်မျှတော့ တည်ငြိမ်နေတာကို လုညန့်ချီကိုယ်တိုင်ခံစားလို့ရသည်။

လုညန့်ချီမှာ တိတ်ဆိတ်သွားပြီး ကျန်းရှီနင်ကတော့ သူပြောလိုက်မိသောစကားကြောင့် ကိုယ့်ကိုယ့်ကို ဝေဖန်ပြစ်တင်နေသည်။ သို့ရာတွင် တဖန်စတင်လာသူက ရှီထို့ကျန်း(ကျောက်တုံးကျန်း)ပင်ဖြစ်သည်။

ကျန်းရှီနင် လူမဟုတ်ကြောင်းကို အခုမှသာသိလိုက်ရသော ရှီထို့ကျန်းအဖို့ စိတ်ထဲဂနာမငြိမ်ဖြစ်လာသည်။ ပဲစေ့နှယ်မျက်လုံးများက ရထားလုံးအနှံ့ ကျီးကန်းတောင်းမှောက်ကြည့်နေပြီး ရောင်းရင်းအဖြစ် သတ်မှတ်လို့ရနိုင်သူကို ရှာဖွေလျက်။ ဤနေရာတွင်ရှိသောငါးယောက်တွင် သူကလွဲပြီး အကုန်လုံးက အတော်ပင်ပုံမှန်မဟုတ်။ သူအရှေ့ကရထားလုံး၊ အဲ့ရထားလုံးအရှေ့ကရထားလုံး၊ ရထားလုံးကိုဆွဲနေတဲ့တိရစ္ဆာန်များကတောင်....တစ်ဦးတစ်ယောက် တစ်ခုတပါဒကမျှ အသက်မရှိ။

မွေးမိသခင်ကျေးဇူးရှင်..ဘာတွေဖြစ်ကုန်တာလဲ?

ရှီထို့ကျန်း ငိုချင်လာသည်။ အပူပေးအိုးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ရထားလုံးနံရံကို ပြန်မှီလိုက်သည်။ မသိလျှင် စဥ့်အိုးဝိုင်းနှယ်ဗိုက်ပျဥ်ကို နံရံထက်ပြားကပ်သွားအောင် လုပ်နိုင်သည့်အတိုင်း။ ဘယ်သူမှသူ့ကို သတိမထားမိအောင် အတတ်နိုင်ဆုံးကြိုးစားလျက်။

"နည်းနည်းလောက်ပဲ––"

ပြတင်းပေါက်အပြင်ကို ငေးကြည့်ရင်း ရွှဲရှန်ပြောလာသည်။

"မြင်းတွေနည်းနည်းလောက်ထပ်လှမ်းသွားရုံပဲ"

ရထားလုံးတန်းသည် တဟုန်ထိုး အသော့နှင်လျက်ရှိသည်။ မတ်စောက်သောတောင်ကုန်း၏ တောင်လျှောလမ်းဖြစ်ပြီး ကျောက်တုံးပုံက အရှေ့၌ ဆီးကြိုနေသည်။ အစကတော့ အဝေးမှာရှိသော ကျောက်တုံးပုံကိုမြင်ရရန် လည်ကိုလိမ်ပြီး ကြည့်ခဲ့ရပေမဲ့ ယခုအခါ တောင်အဆင်းလမ်းဖြစ်တာကြောင့် ခြေထောက်အောက်မှာဆိုလျှင် ပိုမှန်မည်။ ရထားလုံးများက ကျောက်တုံးပုံနှင့် နီးကပ်လာသလို တောင်စောင်းလမ်းအကွေ့နေရာရှိ ကျောက်တုံးပုံအောက် အဖိခံထားရသော ရထားလုံးဆီသို့ တိုက်ရိုက်ကြည့်လိုက်ရုံသာ လိုတော့သည်။

ကျောက်တုံးပုံနှင့် ပို၍ပိုပြီးနီးကပ်လာတာနှင့် မြင်းများမှာ ပိုပြီးဒေါသပုန်ထလာလေလေပင်။ အမာရွတ်နှင့်သူအသံကြားတာနှင့် သိထားသလောက်နည်းလမ်းများနှင့် အနှီမြင်းများ အမိန့်နာခံအောင် လုပ်နေသည်မှာ ထင်ရှား၏။ တစ်ဖွဲ့လုံး၏အခြေအနေက တင်းမာလာတာကြောင့်လည်းဖြစ်နိုင်သည်။ အမာရွတ်နှင့်သူအသံက တဖြည်းဖြည်း တုန်လှုပ်ခြောက်ခြားနေသည့်ဘက်သို့ ကူးပြောင်းလာပြီး ရထားလုံးများအတွင်းမှ ပြဇာတ်အဖွဲ့ဝင်များ၏ ကိုယ်ချင်းတီးတိုးစကားပြောသံများက တစ်စတစ်စနှင့် ကျယ်လောင်လာသည်။

အလွန်တရာမှ စိတ်ဖိစီးစရာကောင်းလှသော အခြေအနေပင်။

"သူတို့ပြတင်းပေါက်ကနေပြီးအဲ့တာကိုတွေ့သွားမယ်ထင်လား?"

"မကြည့်ဘူး"

ရွှမ်းမင်သည် ယတိပြတ်အဖြေကို ပေး၏။

ရွှမ်းမင်သည် စကားပြောရတာကို နှစ်ခြိုက်သူမဟုတ်။ တစ်ခုခုကို ရှင်းပြရမည်ဆိုလျှင်တောင် အရေးကြီးတာကိုပဲပြောသည်။ ဤသို့နည်းစနစ်ကျပြီး တဲ့တိုးနိုင်လှသောဖြေရှင်းချက်သည် အထူးတလည် စိတ်ဘဝင်ကိုအေးစေ၏။ တစ်စုံတစ်ရာကိုများ ထိန်ချန်ထားခဲ့လေမလား မည်သူကမျှ သံသယဝင်စရာ အကြောင်းမရှိတော့တာကြောင့်ဖြစ်သည်။

ကျန်းရှီနင်စိတ်အေးသွားပေမယ့် ရှီထို့ကျန်းသည်

"ဘယ်လို့အဲ့လောက်တောင်သေချာနေတာလဲ?"

"ဘယ်လို့လဲဆိုတော့သူတို့လည်းကြောက်နေတာမလို့! မေးခွန်းတွေအများကြီးလိုက်မေးမနေနဲ့"

ရွှဲရှန်စိတ်က ဖျဥ်းကနဲဖြစ်သွားသည်။ ပြတင်းပေါက်အပြင်ကို ကြည့်ဆဲဖြစ်ပြီး ရှီထို့ကျန်းကို အဖတ်လုပ်၍ လှည့်ကြည့်မလာ။

"တစ်ကိုယ်လုံးမှာလျှာကတော်တော်ပျော့ပြောင်းနေတဲ့ပုံပဲ..ငါဖြတ်ပစ်ပြီးသေရည်စိမ်သောက်ရင်တော့"

သေရည်စိမ်....

ရွှမ်းမင် ; "..." မျက်မှောင်ကြုံ့လျက်

【ဒီသတ္တဝါ အငြင်းအခုံသန်တာတော့ ဟုတ်ပါပြီ၊ ဒီလိုရွံစရာမြင်ကွင်းကို ပုံဖော်ပြစရာလိုလို့လား?】
   
ရွှမ်းမင် အပြင်ကို ဝေ့ဝဲကြည့်ပြီး ရွှဲရှန်ပုခုံးကို လက်နှင့်ဖွဖွပုတ်လိုက်သည်။

"ငါအပြင်ထွက်လိုက်ဦးမယ်"

တွေဝေသွားသောရွှဲရှန် ပြန်လှည့်ကြည့်ပြီး

"မင်းလား?"

"အင်း"

တချို့သူများပြောနေသော အူအသည်းယားစရာ အဓိပ္ပာယ်မရှိတာများကို ထိုင်နားထောင်မလား အပြင်ထွက်မလား ရွေးချယ်စရာနှစ်ခုရှိသည်။ ဤထက်ပိုပြီးထိုင်နားထောင်မိလျှင် နောင်ဆယ်ရက်မက စားချင်သောက်ချင်စိတ်ပျောက်သွားမှာကို ရွှမ်းမင်စိုးရိမ်မိသည်။

"လုပ်နိုင်ပါ့မလား?"

ရွှဲရှန်မျက်လုံးများမှေးကျဥ်းလျက် မေး၏၊

"ရထားလုံးကမကြာခင်မှာအဲ့ဒီနေရာကိုရောက်သွားတော့မှာ..အချိန်မှီပါ့မလား?"

ရွှမ်းမင်သည် ရွှဲရှန်ပုခုံးကို အသာတွန်းကာ ပြတင်းပေါက်မှဖယ်ပြီး ထိုင်ခုံမှာနေရာတကျပြန်ထိုင်ရန် တိတ်တဆိတ်အချက်ပြလိုက်၏။ ခါးထက်ချည်ထားသော ကြေးပြားဆွဲကြိုးကိုဖြုတ်ယူကာ ရွှဲရှန်ခေါင်းထက် ကျော်နင်းလိုက်သည်။

ရထားလုံးငယ်နှင့်ယှဥ်လျှင် ရှည်ထွက်နေသောအရပ်ကြောင့် ကိုယ်ကိုတစ်ဝက်ကိုင်းထားရသည်။ လက်တစ်ဖက်ကို ရွှဲရှန်မှဆုပ်ကိုင်ထားပြီး ထိုကိုအားပြုကာ ရထားလုံးတံခါးမှ အပြင်ကိုထွက်လိုက်သည်။ အဖြူရောင်ဝတ်ရုံသည် လေညှင်းနှယ် နှင်းကိုတိုး၍ဖြတ်သွားကာ လေရူးတစ်ပြိုက်နှင့်အတူ ရွှမ်းမင်လည်းမရှိတော့။

ထိုမြင်ကွင်းကြောင့် ရှီထို့ကျန်း ပါးစပ်ဟောင်းလောင်းဖြစ်သွားသည်။ ပြတင်းပေါက်နားတိုးကာ ကြည့်လိုက်တော့ အဖြူရောင်ပုံရိပ်သည် လမ်းရှည်၏ဘေးဘက်သို့ ရောက်နှင့်နေပြီ။ အသံစိုးစဥ်မျှမထွက်သလို သက်ဆင်းရာ၌ မြေကြီးထက်ကျောက်တုံးကျောက်စရစ်ခဲများ လှုပ်ရှားသွားတာမျိုးမရှိ။

ရထားလုံးအတွင်းမှသူများ ရွှမ်းမင်၏ကြော့ရှင်းစွာဆင်းသက်သွားပုံကိုကြည့်ပြီး အံ့သြနပန်းဖြစ်နေကြတော့သည်။ ရွှဲရှန်ကလွဲ၍...

နှုာမှုတ်လိုက်သည်။

【ဒီအတိုင်းပါပဲ၊ ငါ့လောက်မတော်သေးဘူး】

သို့ဖြစ်စေကာမှု ရွှဲရှန်သည် ရွှမ်းမင်ထိုင်ခဲ့သောနေရာမှာ ထိုင်လို့ရအောင် ကိုယ်ကိုတွန်း၍ ရွေ့လိုက်သည်။ ထူထဲသောလိုက်ကာကို ဘေးသို့တွန်းကာ တောင်ပတ်လမ်းအတိုင်း ဆင်းသွားသောရွှမ်းမင်အား စိုက်ကြည့်လို့နေသည်။

ရွှမ်းမင်သည် ကျောက်တုံးပုံ၏ထိပ်ဖျား၌ တည်ငြိမ်စွာ မတ်တပ်ရပ်လျက်။ လက်ဆုပ်အရွယ်အစားရှိ ကျောက်တုံးငယ်ပေါ်တွင် ခြေထောက်တင်ထားသော်လည်း အနည်းငယ်မျှတောင် ယိမ်းယိုင်သွားခြင်းမရှိ။ ခေါင်းကိုမော့ကာ ကျောက်တုံးများပြုတ်ကျလာရာတောင်စောင်းကို ကြည့်သည်။ ရထားလုံးတန်းရှိနေသောနေရာသည် ဆင်ခြေလျှော၏ အထက်ပိုင်းဖြစ်ပြီး ရွှမ်းမင်ရပ်နေသောနေရာက အောက်ပိုင်းဖြစ်သည်။ ဤနေရာကနေ ကျောက်တုံးလွတ်သွားသော ကြီးမားလှသည့် နေရာကွက်လပ်ကို လှမ်းမြင်ရသည်။ ခနော်ခနဲ့နိုင်ပုံပေါ်နေသော ဆင်ခြေလျှောအထက်ပိုင်းသည် မည်သည့်အလေးချိန်ကိုမဆို အောက်ပိုင်းသို့ တရှိန်ထိုး ပို့ဆောင်ပေးတော့မည့်အတိုင်း။

ထိုတောင်စောင်းပေါ်မှလွဲချော်ကျလာသော ကျောက်တုံးများသည် ရွှမ်းမင်ယခုရပ်နေသောနေရာရှိ ကျောက်တုံးပုံများဖြစ်သည်။ အကြီးဆုံးကျောက်တုံးမှာ ရွှမ်းမင်အရပ်တစ်ဝက်နီးပါးရှိပြီး ပြင်းထန်စွာတဟုန်ထိုးဖြစ်ပေါ်လာသော မြေပြိုမှုကြောင့် သစ်သားရထားလုံးအသာထား သတ္ထုရထားလုံးပင် ပိပြားသွားလိမ့်မည်။

အဝေးကနေတွေ့ခဲ့ရသည့်အတိုင်း ရထားလုံးထောင့်တစ်နေရာနှင့် အပြာရောင်လိုက်ကာစကလွဲပြီး အကုန်လုံးက ကျောက်တုံးပုံအောက်တွင်ဖြစ်သည်။ အလောင်းများသည် လူနှင့်တောင် တူတော့မှာမဟုတ်။ တစ်နေ့ရှာတွေ့သွားချိန်ဝယ် ကိုယ်လက်အင်္ဂါများက မြေကြီးထက် တစ်ပိုင်းစီပြန့်ကျဲနေလောက်ပြီ။

ရွှမ်းမင် တဒင်္ဂမျှစဥ်းစားနေပြီးနောက် အကြံတစ်ခုပေါ်လာသည်။

ရွှဲရှန်တစ်ဦးတည်းသာ ရွှမ်းမင်လှုပ်ရှားမှုများကို စောင့်ကြည့်နေတာမဟုတ်။ ရှီထို့ကျန်းနှင့်ကျန်းရှီနင်သည် ပြတင်းပေါက်နေရာလုနေကြပြီး လုညန့်ချီတောင်မှ မနေနိုင်ပဲ ချောင်းကြည့်မိသည်။

"ဘယ်လိုဖြစ်ပြီးလည်တဆန့်ဆန့်ဖြစ်နေတာလဲ?"

ကလေးငယ်ကိုကြည့်ပြီး ရွှဲရှန်ဖြတ်ကနဲမေးလိုက်သည်။

"ရက်တော်တော်ကြာအိပ်ထားတော့မျက်လုံးတွေကပုံမှန်အတိုင်းပြန်မြင်ရသွားပြီလား?"

လုညန့်ချီသည် မလှုပ်မယှက်ပြန်ဖြေ၏။

"စိုးရိမ်ပေးတာကျေးဇူးပါ..ဒါပေမဲ့ကံမကောင်းစွာနဲ့အမြင်ကပိုပြီးတောင်ဝါးသွားတယ်"

အမြင်ပိုဝါးလာလေလေ မျက်စိကန်းလိုက်လာလေလေဖြစ်ပြီး ချီဓာတ်ကို ပိုပြီးမြင်နိုင်လာသည်။ အတွင်းအားရုပ်ပုံဆိုသည်မှာ ရှင်းလင်းနေတာမျိုးတော့မဟုတ်။

တကယ်တမ်းမှာ ရွှဲရှန်တစ်ယောက် အတော်အတန်မျှ သိလိုစိတ်ပေါ်မိသည်။ နတ်ဘုရားတစ်ပါးဖြစ်တာကြောင့် မြင်နိုင်စွမ်းရည်က လူသားများထက် အပုံကြီးသာလွန်သည်ဖြစ်ပေမယ့် လုရှီကျိုမည်သို့သောအရာများကို မြင်ရသည်အား သူမမှန်းဆနိုင်ခဲ့။ ယခု လုညန့်ချီ၏လောကဘုံကိုလည်း ထိုအတူပင်။

"ဒီအကွာအဝေးကနေကြည့်ရင်ခင်ဗျားကလူလားတိရစ္ဆာန်လားဆိုတာကိုမခွဲခြားနိုင်ဘူး"

လုညန့်ချီသည် သူ့ရူထောင့်မှနေပြီး ရှင်းပြလာသည်။

ဒါပေမဲ့..

တစ်ခုခုက သိပ်ဟန်မကျ။ အနှီကောင်လေးပြောစကားက သူ့ကိုလှောင်ထေ့နေသည့်နှယ်။

"အတွင်းအားကိုပိုပြီးကောင်းကောင်းမြင်လာတယ်လို့ဆိုလိုတာမလား?"

အတန်ငယ်မျှ ဘဝင်မကျဖြစ်ပြီး ရွှမ်းမင်ရှိရာအပြင်သို့ အကြည့်ပြန်လွှဲသွားသည်။

သူ့နေရာမှနေပြီး ရွှမ်းမင်လုပ်နေသမျှကို ရှင်းရှင်းလင်းလင်းမြင်ရသည်။

ဒဏ္ဍာရီအရ အထူးသဖြင့် မိစ္ဆာပူးကပ်နေသောဓားများ နိုးထလာဖို့အတွက် သွေးစိမ်းရှင်ရှင်သုံးရန် လိုအပ်သည်။ သွေးကသာလျှင် စစ်မှန်သောစွမ်းရည်ကို ချိတ်ဖောက်ပေးနိုင်ပြီး လေကိုလှီး၍ ရေကိုဖြတ်နိုင်စွမ်းရှိသည်ဟု ဆိုစကားရှိ၏။ ရွှမ်းမင်၏ကြေးပြားများသည် ချွန်ထက်မနေသော်ငြားလည်း အကြောင်းတစ်ခုခုကြောင့်နှင့် သွေးကိုသုံး၍ နိုးဆွပေးရသည်။
   
ရွှမ်းမင်သည် လက်ညှိုးထိပ်အား ပြတ်ရှရာပေးကာ ကြေးပြားမျက်နှာပြင်ထက် သွေးကိုသုတ်လိမ်းလိုက်တာအား ရွှဲရှန်ကြည့်နေ၏။

'ဝမ်'ဆိုသောမြည်သံနှင့်အတူ ကြေးပြားများက အသက်ဝင်လာပုံရသည်။ တဖြည်းဖြည်းချင်း လှုပ်ယမ်းလာကြပြီး မှိန်ဖျဖျအသံက အူလှိုက်ကာတိုက်ခတ်နေသော နှင်းမုန်တိုင်းအတွင်း ပဲ့တင်ထပ်လျက်။ ထိုအသံကို ရွှဲရှန်ကြားသောအခါ တမျိုးတမည်အတွက်နှင့် နားမခံသာဖြစ်လာတာကြောင့် မျက်မှောင်ကြုံ့မိလေ၏။

ဆွဲကြိုးတွင်ပါသော ကြေးပါးငါးပြားကို လက်ဖဝါးပေါ်တွင် မြောက်၊ တောင်၊ အရှေ့၊ အနောက်၊ အလယ်ဆို၍ နေရာငါးနေရာချလိုက်သည်။ ဝတ်ရုံရင်ဘတ်ခြမ်းမှ အင်းစာရွက်များကို ထုတ်၏။ သို့ပေမဲ့ ဤတစ်ခါအင်းစာရွက်များသည် မည်သည်မျှရေးဆွဲထားခြင်း မရှိသေးသော အလွတ်ဖြစ်၏။
   
ပြီးလျှင် အဝါရောင်စာရွက်များကို ခြေထောက်နားတွင် အရှေ့၊ အနောက်၊ တောင်၊ မြောက် အစီစဥ်တကျချပြီး ကျောက်တုံးများနှင့် ဖိထားသည်။ ထို့နောက်မူ ကြေးပြားများတင်ထားရာ ဘယ်လက်လယ်ဖဝါးပေါ် ညာဘက်လက်ဖဝါးဖြင့် အုပ်ဝဲထားလျက် ဖြူဖျော့ဖျော့နှုတ်ခမ်းထက်မှ ဘုရားစာရွတ်သံက ထွက်ပေါ်လာသည်။

အပြည့်အဝရွတ်ဆိုခြင်းမဟုတ်ပဲ စာပိုဒ်တိုတစ်ပိုဒ်ကို ဖြတ်၍ရွတ်သည်ဆိုလျှင် ပိုမှန်မည်။

ဤသို့နှင့် ရွှမ်းမင်လက်ဖဝါးထက်ရှိ ကြေးပြားများသည် လေထဲသို့မြောက်တက်လာပြီး ခပ်ဖြည်းဖြည်းလည်ပတ်တော့၏။

ဘုရားစာတစ်ပိုဒ် ရွတ်ဆိုရင်းနှင့် အရှေ့အရပ်ရှိကြေးပြားကို ပွတ်ထိလိုက်တဲ့အချိန်မှာ အရှေ့အရပ်ကိုမျက်နှာမူထားသော အင်းစာရွက်က တဖျတ်ဖျတ်တုန်ခါလာပြီး မမြင်နိုင်သောလက်တစ်ဖက်သည် စုတ်တံကို နီကျင့်ကျင့်မင်ခွက်ထဲနှစ်ကာ အင်းစာရွက်ပေါ်တွင် အင်းစာရေးဆွဲလိုက်သည့်အတိုင်း အနီရောင်သွေးစီးကြောင်းမျှင်က ရုတ်ချင်းထွက်ပေါ်လာသည်။

ရှုပ်ထွေးလှသောစာများ အပြီးတိုင်ပေါ်လာသောအခါ လက်ပေါ်တွင်ဝဲနေသော ကြေးပြားများကို တစ်ပတ်မပြည့်တပြည့်လှည့်ပြီး မမြင်နိုင်သောစုတ်တံကို ရပ်တန့်လိုက်သည်။

ထို့နောက် တောင်အရပ်၊

ပြီးလျှင် မြောက်၊

နောက်ဆုံးမှာ အနောက်။

အင်းစာရွက်လေးရွက်လုံး၌ ရေးဆွဲပြီးတာနှင့် တမဟုတ်ချင်းဆိုသလို အလွန်တရာမှ အားပြင်းလှသောလေတစ်သိုက်က ဝှေ့၍ပေါ်ထွက်လာသည်။ ကျားဟိန်းသံနှင့်တူသလို ဝံပုလွေအူသံနှင့်လည်းခပ်ဆင်ဆင်။ ပြင်းထန်သောလေဒဏ်ကြောင့် ထူထဲသောလိုက်ကာများပင် တဗျန်းဗျန်းမြည်သည်အထိ လှုပ်ခါသွားကြရာ ရှီထို့ကျန်း၏ခေါင်းနှင့် တဘုံးဘုံး ရိုက်မိတော့သည်။

ရှီထို့ကျန်း ; "…"

ဤလောကတစ်ခွင်တွင် ကံအဆိုးဆုံးလူသား ဖြစ်ပါတကားဟု ခံစားမိသွားသည်။ ကျိန်းစပ်စပ်ဖြစ်နေသောမျက်နှာကို လက်နှင့်အုပ်ကာ လိုက်ကာတစ်ခုလုံးကို ပြတင်းပေါက်မှ စုတ်ဖြဲလိုက်သည်။ လေဒဏ်ကို လှစ်ဟာပေးလိုက်ပြီဖြစ်သောရထားလုံးကြောင့် အေးစက်စက်ဆောင်းလေများက နှင်းမှုန်များကိုသယ်ဆောင်လျက် ရထားလုံးအတွင်း ချဥ်းနင်းဝင်ရောက်လာသည်။

တခိုက်ခိုက်တုန်သည်အထိ အေးမြသောဆောင်းလေသည် မျက်နှာကိုဖြတ်တိုက်သောအခါ ရှီထို့ကျန်းနှင့်ကျန်းရှီနင်ခမျာ မျက်လုံးတောင်မဖွင့်နိုင်တော့။

မျက်တောင်တခတ်ခတ်နှင့် နဖူးတွင်လက်တင်ကာ အကာအကွယ်ပြုထားရသည်။ ပြီးမှသာ မျက်လုံးဖွင့်ပြီး တောင်ပေါ်ကမြင်ကွင်းကို လှမ်းကြည့်လိုက်သည်။

"အမလေး"

ရှီထို့ကျန်း ပင့်သတ်ရှိုက်မိသွားသည်။

အစကနဦးက ရွှမ်းမင်ဆင့်ခေါ်လိုက်သောလေပြင်းသည် ကျောက်တုံးပုံဆီသို့ဦးတည်လာပြီး အောက်ခြေသို့ယက်၍တိုးဝင်လေ၏။ တစ်ချိန်တည်းမှာ ကျောက်တုံးပုံသာမက အောက်တွင်ပိနေသော ရထားလုံးများပါ လေထဲကိုတကျိကျိမြင့်တက်လာကာ တောင်ပတ်လမ်းဆီကနေ အပေါ်သို့ တဖြည်းဖြည်းကြွတက်လာကြသည်။

မြေစိုင်မြေခဲများနှင့် ကျောက်တုံးကျောက်စိုင်များက လေထဲဝဲနေပြီး ရွှမ်းမင်သည် ကျောက်တုံးငယ်နှစ်တုံးပေါ်တွင် ရပ်နေဆဲအနေအထားကနေ ဘယ်ဘက်ခြေထောက်ကိုမြှောက်ကာ တည်ငြိမ်အေးဆေးစွာနှင့် ကန်သည့်နှယ်ပုံစံကို ပြု၏။

ထောင်သောင်းချီသောကျင်အလေးချိန်နှင့် ဆွဲချခံလိုက်ရသည့်နှယ် ရွှမ်းမင်ခြေထောက်အောက်မှ အရာအားလုံးသည် တောင်ပတ်လမ်းဘေးမှချိုင့်ဝှမ်းထဲသို့ အရှိန်နှင့်လွန့်စင်သွားတော့၏။

မကြာမီ ချိုင့်ဝှမ်းအတွင်းမှ ကျောက်တုံးရိုက်ခတ်သံဖျော့ဖျော့ ထွက်ပေါ်လာသည်။

"တောင်တစ်တောင်လုံးကိုဖောက်ခွဲပစ်တော့မလို့လား?"

ရှီထို့ကျန်းသည် ရူးရူးနှမ်းနှမ်းနှင့် မေးပြန်၏။

"ဖောက်ခွဲပစ်တဲ့အထဲမင်းကိုပါသူထည့်လိုက်လောက်တယ်"

ရွှဲရှန်သည် ထေ့ငေါ့ပြီးတော့မှ ရှင်းပြလာ၏၊

"မြုပ်နှံပေးလိုက်တာဖြစ်မယ်"

ရွှဲရှန်ပြောသည့်အတိုင်းပင်။ ပြုတ်ကျလာသောကျောက်တုံးများ၏သက်ရောက်မှုက လျော့လျော့ပေါ့ပေါ့တွက်၍မရ။ ချိုင့်ဝှမ်းကြမ်းပြင်သို့ အကုန်လုံးပြုတ်ကျမလာခင် စိုစွတ်ကာရွံ့ထူသောမြေကြီးက ကြမ်းပြင်ထက် နေရာယူထားခဲ့သည်။ ပြဇာတ်အဖွဲ့ဝင်များနှင့်မြင်းများ၏ အလောင်းကောင်များနှင့်အတူ ရထားလုံးအပျက်အဆီးများက ထိုပေါ်သို့ပြုတ်ကျသွားခြင်းဖြစ်သည်။ ပြီးလျှင် အပေါ်ကဖုံးအုပ်လာသော ကျောက်တုံးများကြောင့် မြေပုံနှယ်ဖြစ်သွားခဲ့သည်။

တဖွဲဖွဲကျနေသောနှင်းများက ထိုကျောက်ခဲကျောက်စိုင်များပေါ် တင်ကျန်လျက် တရစ်ရစ်ဝဲနေသည်။ အရာအားလုံးကျဆင်းသွားပြီးတဲ့အချိန်မှာ ကျောက်တုံးရိုက်ခတ်သံများလည်း ငြိမ်သက်သွားပြီး ချိုင့်ဝှမ်းအတွင်း၌ အဖြူရောင်အလွှာပါးပါးကိုသာ မြင်ရလိမ့်မည်။ မသိလျှင် မြေပုံပေါ်၌ အမွှေးငွေစက္ကူများနှင့် ဖုံးအုပ်ထားသလိုလို။

ဤသည်မှာ ရွှမ်းမင် ပြုလုပ်ပေးလိုက်သော ရိုးရှင်းသည့် ဇာပနအခမ်းအနားဖြစ်သည်။

ကြေးပြားများဆီမှ သွေးကိုပွတ်သုတ်လိုက်ပြီး ခါးထက်ပြန်ချိတ်သည်။ ပြီးလျှင် မြေပုံရှိရာသို့ဦးတည်ပြီး လက်နှစ်ဖက်ကို အရှေ့သို့ပူးကပ်လိုက်သည်။

တိမ်စိုင်နှယ်ဝတ်ရုံသည် လေတစ်ဝှေ့နှင့်အတူ ရွှမ်းမင်သည်လည်း ထူထပ်သောတောအုပ်အတွင်း ဝင်ရောက်ပျောက်ကွယ်သွား၏။

ရွှမ်းမင်အနေဖြင့် တောင်စောင်းအတိုင်းတက်ခြင်းသည် တောင်စောင်းတစ်လျှောက်လျှောဆင်းခြင်းကဲ့သို့ပင် လွယ်ကူသည်။ ခြေလှမ်းအနည်းငယ်တည်းနှင့် ကျောက်တုံးများပြုတ်ကျလာရာနေရာသို့ ရောက်သွားပြီဖြစ်သည်။ ပြဇာတ်အဖွဲ့၏ရထားလုံးများကတော့ တောင်ကြားလမ်းရှည်အတိုင်းကနေ သူရှိရာသို့ ဦးတည်လာနေကြပြီဖြစ်သည်။ အမာရွတ်နဲ့သူ၏ ကြိမ်းမောင်းသံကိုကြားရပြီး ခေါင်းမာသောမြင်း၏နှာခေါင်းစွပ်ကို မကြာခင်မှာပင် မြင်လိုက်ရသည်။
   
အမာရွတ်နှင့်သူမြင်မှာကိုရှောင်ရှားရန် မြေကြီးကိုခြေထောက်နှင့်တစ်ချက်တော့လိုက်ပြီး ထိုအရှိန်နှင့်အတူ အပေါ်ကိုပိုမြင့်အောင်ခုန်လိုက်သည်။ ရထားလုံးများ အောက်ကနေဖြတ်အသွားကို စောင့်ပြီးမှ အနောက်ကနေပြန်ဝင်ဖို့ စိတ်ကူးထားခဲ့သည်။ ရွှဲရှန်တို့ရထားလုံးထဲပြန်ဝင်ရန် ရွှမ်းမင်ရည်ရွယ်ခဲ့ပေမယ့် ဖယ်ရှားထားသောနေရာတွင် ကျောက်တုံးအပုံငယ်ကျန်နေခဲ့တာကို ရုတ်ချင်း သတိထားမိသွားသည်။ ထိုကျောက်တုံးပုံအောက်တွင်ရှိနေသည်မှာ အမည်မသိအလောင်းနှစ်လောင်း။

ထိုကျောက်တုံးပုံသည် တောင်၏မတ်စောက်သောအပိုင်းနှင့် ကပ်နေသည်ဖြစ်၍ ရွှမ်းမင်အရင်နေရာမှာရှိတုန်းက မတွေ့ခဲ့ခြင်းပင်။

မြေပြိုမှုဖြစ်သောအချိန်တွင် နှစ်ယောက်မှာ လွတ်မြောက်သွားပြီးနောက် ဒုတိယအကြိမ်ပြိုကျရာမှာတွင်သာ အပိခံလိုက်ရခြင်းဖြစ်ဟန်တူသည်။

မကြာခင်မှာတင် ရောက်သွားတော့မည်ဖြစ်သော ရထားလုံးကြောင့် ရွှမ်းမင်မှာလည်း အင်းစာရွက်ဆင်းကပ်ဖို့ အချိန်မရှိတော့။

ကျရောက်ဆဲအံ့အံ့ ဘေးအန္တရာယ်မတိုင်ခင်မှာပဲ တောင်စောင်း၏နောက်ဘက်ခြမ်းမှ အမည်းရောင်နဂါး၏ ရှည်လျားသောအရိပ်က ပေါ်ထွက်လာသည်။

ရွှဲရှန်!

ဤဘိုးဘေးသည် မည်သည့်အရာကိုမဆို အလွန်အကျွံဟန်ပြလွန်း၏။ ပြဇာတ်အဖွဲ့သားနှစ်ဦး အဖိခံထားရသော ကျောက်တုံးပုံဆီသို့ မိုးကြိုးနှစ်ချက်ကျဆင်းလာတာကို ရွှမ်းမင်မြင်သည်။ ထို့နောက် ကျောက်တုံးပုံသည်လည်း အစိတ်စိတ်အမွှာမွှာဖြစ်သွားချေ၏။ အမည်းရောင်နဂါးသည် စကားဆိုခြင်းအလျင်းမရှိ ချဥ်းကပ်လာခဲ့ပြီး ဒလဟောထိုးတိုက်လာသောလေကိုသိမ်းကာ နဂါးဦးခေါင်းတစ်ချက်ငြိမ့်ရုံနှင့်တင် ထိုလေသည် အလောင်းနှစ်လောင်းနှင့် ကျောက်တုံးမှုန်များကို သယ်ဆယ်သွားလျက် ချိုင့်ဝှမ်းအတွင်းသို့ ပို့ဆောင်လိုက်သည်။ အရာအားလုံးသည်လည်း တောအုပ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

ဟူ–––

လေပြန်ငြိမ်သွားကာ သစ်ပင်များလည်း ငြိမ်သက်သွားသည်။

အလောင်းနှစ်လောင်းသည် ချိုင့်ဝှမ်းကြမ်းပြင်ထက်ကျဆင်းသွားပြီး ကျောက်တုံးများအုပ်ကာ အသားတစ်စိုးတပါဒမျှ လှစ်ဟနေခြင်းမရှိတော့။

"ဟိုး––"

ပုံမှန်မဟုတ်သောလေသံကြောင့် အမာရွတ်နှင့်သူသည် မြင်းထိန်းကြိုးကိုဆွဲကာ ရထားလုံးကို ခေတ္တမျှရပ်တန့်လိုက်၏။ ဆက်လက်တိုက်ခတ်မလာတော့သောလေကြောင့် ထိုအမျိုးသားလည်း ကြာပွတ်ကိုပြန်လွှဲသည်။

အထိတ်တလန့်ဖြစ်နေကြသောမြင်းများသည် ကြမ္မာငင်ခဲ့သော တောင်ပတ်လမ်း၌ ဗလာနတ္ထိကင်းနေခြင်းကိုတွေ့သောအခါ ရုတ်ချင်းပင် စိတ်ပြန်ငြိမ်ကုန်ကြ၏။ ဆန့်ငင်ဆန့်ငင်ဖြစ်နေသောမြင်းများ အဆင်ပြေချောမွေ့သွားပြီဖြစ်၍ ထိုနေရာမှအသာလေးဖြတ်ကျော်ကာ အလောင်းနှစ်လောင်းကျန်ရှိနေခဲ့သောနေရာသို့ ရောက်လာပြီဖြစ်သည်။

ရွှဲရှန်သည် ခန္ဓာကိုယ်အောက်ပိုင်းကို မရွေ့လျားနိုင်သလို ခံစားလို့လည်းမရ။ အပေါ်ပိုင်းကိုသာသုံး၍ပျံတက်ပြီး တောင်စောင်း၏အပေါ်ပိုင်းတွင်ကပ်ကာ အမာရွတ်နှင့်သူမြင်ကွင်းမှ ကျဥ်းကျဥ်းကျုတ်ကျုတ် ဖယ်ရှားလို့နေသည်။
   
သို့သော်ငြား အမြှီးကတော့ နေရာမရသေး။ အမာရွတ်နှင့်သူသည် တောင်ပတ်လမ်းအကွေ့အတိုင်း လမ်းပြောင်းလိုက်သောအချိန်အတိအကျမှာပဲ ကံမကောင်းလှသောအမြှီးသည် ဖြုတ်ကနဲပြုတ်ကျလာပြီး တောင်စောင်းအတိုင်း တွဲလောင်းကျနေသည်မှာ အမာရွတ်နှင့်သူ၏မျက်နှာရှေ့တည့်တည့်။

အမာရွတ်နဲ့သူ ; "…"

ရွှဲရှန် ; "…"

ရွှဲရှန်နှင့် မနီးမဝေး တောင်စောင်းတကျောတည်းမှာ ပုန်းနေသောရွှမ်းမင်တစ်ယောက် သတ်ချင်ဖြတ်ချင်စိတ်ပေါ်လာတော့သည်။ စကားပင်မဆိုနိုင်တော့ပဲ အောက်ဆင်းကာ ဘိုးဘေး၏အမြှီးကိုဆွဲ၍ တောင်ပတ်လမ်းဆီမှအဝေးကို တွန်းထုတ်လိုက်သည်။

•••••

Zawgyi

(TN/ စာျပန္စစ္ရင္းနဲ႔တခ်ိဳ႕ဇာတ္ေကာင္ေတြကိုနာမည္ေျပာင္းထားပါတယ္ေနာ္🙇‍♀️၊ အပိုင္း ၁ကေနစၿပီးျဖည္းျဖည္းခ်င္းစစ္ျဖစ္မွာဆိုေတာ့အခ်ိန္ေတာ့ၾကာမွာပါT-T၊ အခုအခန္း ၃၉က​ေတာ့revised versionအတိုင္းစစ္ထားၿပီးသားပါ၊ စစ္ရင္းနဲ႔ပဲအခန္းအသစ္တင္ေပးသြားမယ္ေနာ္<3)

ဤအပိုင္းမ်ားတြင္ ရာသီဥတုက ေမွာင္မိုက္စိုစြတ္ေနေလရာ တစ္ပါးေနရာမ်ားကဲ့သို႔ ႏွင္းမထူထပ္။ ေတာင္ပတ္လမ္းတစ္ေလ်ွာက္ကို အျဖဴေရာင္ႏွင္းလႊာခပ္ပါးပါးသာ လႊမ္းႃခံုထားသည္။ ျဖတ္သြားျဖတ္လာခရီးသြားမ်ားေၾကာင့္ တခ်ိဳ႕ေနရာမ်ားဝယ္ ေရခဲမ်ားအျဖစ္ အခ်ပ္လိုက္တင္းမာကုန္ၾကသည္။ ထို႔ေၾကာင့္ပဲ ေတာင္ပတ္လမ္းမ်ားက အႏၲရာယ္ႀကီးစြာ ေခ်ာလို႔ေနသည္။ ရထားလံုးတဲြေရ႔ွဆံုးမျွမင္းသည္ အေတာမသတ္စြာ ဟီလိုက္ေဟာက္လိုက္လုပ္ေနဆဲျဖစ္ၿပီး ၾကာပြတ္တစ္ခ်က္ယမ္းမွသာေရြ့တာေၾကာင့္ ရပ္လိုက္သြားလိုက္ႏွင့္ သံသရာလည္ေနေလ၏။

သို႔ေသာ္ျငား မည္မ်ွပင္ေနွးေကြးစြာသြားေနေစကာမူ ေက်ာက္တံုးပံုအနားေရာက္ရန္ စိုးစိမ်ွသာ လိုေတာ့သည္။

"သူတို႔ကတကယ္ပဲ...မသိၾကေသးဘူးလား?"

အေမးဆိုလာေသာ က်န္းရွီနင္လည္ပင္းေက်ာမ်ားက ေထာင္ေနၿပီး မ်က္ႏွာမွာ ရႈံ႔မဲ့ေနကာ ရႊဲရွန္ႏွင့္ရႊမ္းမင္ဆီမွ အေျဖစကားကို ေၾကာက္လန႔္တုန္လႈပ္လ်က္ ေစာင့္ဆိုင္းေနသည္။

ရႊဲရွန္မွ

"သူတို႔ဘာမွမသိေသးဘူးလို႔ေတာ့ငါမေျပာဘူး..မင္းၾကၫ့္လိုက္ရင္––"

အျခားရထားလံုးမ်ားရိွရာသို႔ ေမးေငါ့ျပကာ

"အဲ့ဒီျမင္းကတစ္ခ်ိန္လံုးေၾကာက္လန႔္ေနတာ..တံတားမွာတုန္းကလည္းအမာရြတ္လူနဲ႔လီမ်ိဳးႏြယ္ကိုၾကၫ့္ရတာဒီကိုလာဖို႔ေတာ္ေတာ္ေလးတြန႔္ဆုတ္ေနတဲ့ပံုပဲ..မသိစိတ္ကဒီလမ္းကိုေရွာင္ဖို႔ေျပာေနတာထင္တယ္"

တစ္စံုတစ္ရာ ကံဆိုးမိုးေမွာင္က်ေတာ့မည္ျဖစ္ေၾကာင္း စိတ္ကထင္မိလ်ွင္ ေရွာင္ကြင္းသြားခ်င္ၾကသည္မွာ လူ႔သေဘာသဘာဝပင္။

ေျခေထာက္သံုးမရေသးေသာ္ျငား အႏွီဘိုးေဘးသည္ ၿငိမ္ၿငိမ္ေလးထိုင္ေနမၫ့္သူမ်ိဳးမဟုတ္။ မတ္တပ္ရပ္လို႔မရသလို ကိုယ္ကိုကိုင္းၿပီး ျပတင္းေပါက္အျပင္ကို ၾကၫ့္လို႔လည္းမရတာေၾကာင့္ ခံုတန္းရွည္ေပၚတြင္ ကန႔္လန႔္ျဖတ္အေနအထားႏွင့္ လွဲအိပ္၍ ျပတင္းေပါက္ေဘာင္ေပၚတြင္ ေမးတင္လိုက္သည္။ ရႊမ္းမင္လည္း မတတ္သာပဲ ရႊဲရွန္လိုသေလာက္ေနရာရရန္ ခံုတန္းအစြန္သို႔ တိုးေပးလိုက္သည္။ အစကနၪီးက အႏွီဘိုးေဘး ရႊမ္းမင္လက္ႏွင့္အေအးခံထားတာေၾကာင့္ ဟန္ခ်က္ျပန္ၿငိမ္သြားပံုရသည္။ ခႏၶာကိုယ္အေပၚအပိုင္းအား လိုသလို ဟိုဟိုဒီဒီ လႈပ္ရွားလို႔ေန၏။

အစကေတာ့ ရႊမ္းမင္လုပ္ခဲ့သမ်ွသည္ တစၧေႏွစ္ေကာင္ႏွင့္ တေကြ့ႄကံုႀကိဳက္မိၿပီး အတိုအစတစ္ခုခုႏွင့္ ကေလာ္ယူခဲ့ရံုသာ။ သို႔ေပမဲ့ ဘယ္လိုမ်ား ဒီအေျခအေနအထိ ေရာက္လာၾကတာလဲ?

ရထားလံုးေထာင့္တြင္ထိုင္ေနဆဲ က်န္းရွီနင္သည္ ေသာကဗ်ာပါရမ်ားလ်က္ တုန္ရီေနေသာလက္မ်ားႏွင့္ ဝတ္ရံုစကို ေခ်လို႔ေန၏။

ရထားလံုးအလႈပ္မွာ မေတာ္တဆ ဒူးခ်င္းတိုက္မိသြားေသာ လုညန႔္ခ်ီခမ်ာ က်န္းရွီနင္မည္မ်ွေတာင္ အထိတ္တလန႔္ျဖစ္ေနသည္အား ခံစားမိလိုက္သည္။ မေနႏိုင္ေတာ့ပဲ ေဝဝါးေနေသာမ်က္လံုးမ်ားျဖင့္ က်န္းရွီနင္ကိုၾကၫ့္ကာ

"သရဲကသရဲကိုေၾကာက္တာငါျဖင့္တစ္ခါမွမျမင္ဖူးဘူး"

က်န္းရွီနင္ : "..."

က်န္းရွီနင္တစ္ေယာက္ မခံမရပ္ႏိုင္ျဖစ္သြားၿပီး

"ဂူသခ်ၤိဳင္းမွာတုန္းကမင္းမိဘေတြကိုေအာ္ငိုေနတာငါမွတ္မိေသးတယ္"

က်န္းရွီနင္စကားအေပၚ စိတ္ထိခိုက္သြားတာေၾကာင့္ ဘာစကားမွဆက္မေျပာေတာ့ပဲ တဖက္လွၫ့္သြားသည္။

လုညန႔္ခ်ီသည္ ငယ္ရြယ္ၿပီး သတၲိရိွလွသည္လည္းမဟုတ္။ အလြန္တရာမွေခါင္းမာၿပီး ဂုဏ္သိကၡာတရားအား ေသသည္အထိ ဆုပ္ကိုင္ထားမၫ့္လူမ်ိဳးသာျဖစ္သည္။ သူတတ္ႏိုင္သေလာက္ႀကိဳးစားၿပီး သတၲိေမြးေနေပမယ့္လည္း သခ်ၤိဳင္းေတာင္ပူစာကၽြန္းမွာ ျဖစ္ပ်က္ခဲ့သည္မ်ားကေတာ့ တတ္ႏိုင္တာထက္ လဲြကဲေနတာေၾကာင့္ ဖံုးကြယ္ထားေသာေၾကာက္စိတ္က ဘူးေပၚသလို ေပၚလာခဲ့သည္။

လုရွီက်ိဳမွာ ငယ္ရြယ္စဥ္ကတည္းက သာမန္လူမ်ားမျမင္ႏိုင္ေသာ အရာမ်ားကို စတင္ျမင္ခဲ့ရၿပီး အထူးအဆန္းမ်ား၊ မိစၧာမ်ား အမ်ိဳးမ်ိဳးကို ႄကံုခဲ့ဖူးတာေၾကာင့္ ထိုသို႔ေသာအရာမ်ားကို ေၾကာက္တတ္ေသာသူမဟုတ္။

ယခုအခါမွာ လုရွီက်ိဳ၏ပင္ကိုယ္စရိုက္အခ်ိဳ႕ လုညန႔္ခ်ီထံကပ္ပါလာသည္ျဖစ္၍ အတန္ငယ္မ်ွေတာ့ တည္ၿငိမ္ေနတာကို လုညန႔္ခ်ီကိုယ္တိုင္ခံစားလို႔ရသည္။

လုညန႔္ခ်ီမွာ တိတ္ဆိတ္သြားၿပီး က်န္းရွီနင္ကေတာ့ သူေျပာလိုက္မိေသာစကားေၾကာင့္ ကိုယ့္ကိုယ့္ကို ေဝဖန္ျပစ္တင္ေနသည္။ သို႔ရာတြင္ တဖန္စတင္လာသူက ရွီထို႔က်န္း(ေက်ာက္တံုးက်န္း)ပင္ျဖစ္သည္။

က်န္းရွီနင္ လူမဟုတ္ေၾကာင္းကို အခုမွသာသိလိုက္ရေသာ ရွီထို႔က်န္းအဖို႔ စိတ္ထဲဂနာမၿငိမ္ျဖစ္လာသည္။ ပဲေစ့ႏွယ္မ်က္လံုးမ်ားက ရထားလံုးအႏွံ႔ က်ီးကန္းေတာင္းေမွာက္ၾကၫ့္ေနၿပီး ေရာင္းရင္းအျဖစ္ သတ္မွတ္လို႔ရႏိုင္သူကို ရွာေဖြလ်က္။ ဤေနရာတြင္ရိွေသာငါးေယာက္တြင္ သူကလဲြၿပီး အကုန္လံုးက အေတာ္ပင္ပံုမွန္မဟုတ္။ သူအေရ႔ွကရထားလံုး၊ အဲ့ရထားလံုးအေရ႔ွကရထားလံုး၊ ရထားလံုးကိုဆဲြေနတဲ့တိရစၧာန္မ်ားကေတာင္....တစ္ၪီးတစ္ေယာက္ တစ္ခုတပါဒကမ်ွ အသက္မရိွ။

ေမြးမိသခင္ေက်းဇူးရွင္..ဘာေတျြဖစ္ကုန္တာလဲ?

ရွီထို႔က်န္း ငိုခ်င္လာသည္။ အပူေပးအိုးကို က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ၿပီး ရထားလံုးနံရံကို ျပန္မွီလိုက္သည္။ မသိလ်ွင္ စဥ့္အိုးဝိုင္းႏွယ္ဗိုက္ပ်ဥ္ကို နံရံထက္ျပားကပ္သြားေအာင္ လုပ္ႏိုင္သၫ့္အတိုင္း။ ဘယ္သူမွသူ႔ကို သတိမထားမိေအာင္ အတတ္ႏိုင္ဆံုးႀကိဳးစားလ်က္။

"နည္းနည္းေလာက္ပဲ––"

ျပတင္းေပါက္အျပင္ကို ေငးၾကၫ့္ရင္း ရႊဲရွန္ေျပာလာသည္။

"ျမင္းေတြနည္းနည္းေလာက္ထပ္လွမ္းသြားရံုပဲ"

ရထားလံုးတန္းသည္ တဟုန္ထိုး အေသာ့ႏွင္လ်က္ရိွသည္။ မတ္ေစာက္ေသာေတာင္ကုန္း၏ ေတာင္ေလ်ွာလမ္းျဖစ္ၿပီး ေက်ာက္တံုးပံုက အေရ႔ွ၌ ဆီးႀကိဳေနသည္။ အစကေတာ့ အေဝးမွာရိွေသာ ေက်ာက္တံုးပံုကိုျမင္ရရန္ လည္ကိုလိမ္ၿပီး ၾကည့္ခဲ့ရေပမဲ့ ယခုအခါ ေတာင္အဆင္းလမ္းျဖစ္တာေၾကာင့္ ေျခေထာက္ေအာက္မွာဆိုလ်ွင္ ပိုမွန္မည္။ ရထားလံုးမ်ားက ေက်ာက္တံုးပံုႏွင့္ နီးကပ္လာသလို ေတာင္ေစာင္းလမ္းအေကြ့ေနရာရိွ ေက်ာက္တံုးပံုေအာက္ အဖိခံထားရေသာ ရထားလံုးဆီသို႔ တိုက္ရိုက္ၾကၫ့္လိုက္ရံုသာ လိုေတာ့သည္။

ေက်ာက္တံုးပံုႏွင့္ ပို၍ပိုၿပီးနီးကပ္လာတာႏွင့္ ျမင္းမ်ားမွာ ပိုၿပီးေဒါသပုန္ထလာေလေလပင္။ အမာရြတ္ႏွင့္သူအသံၾကားတာႏွင့္ သိထားသေလာက္နည္းလမ္းမ်ားႏွင့္ အႏွီျမင္းမ်ား အမိန႔္နာခံေအာင္ လုပ္ေနသည္မွာ ထင္ရွား၏။ တစ္ဖဲြ႔လံုး၏အေျခအေနက တင္းမာလာတာေၾကာင့္လည္းျဖစ္ႏိုင္သည္။ အမာရြတ္ႏွင့္သူအသံက တျဖည္းျဖည္း တုန္လႈပ္ေျခာက္ျခားေနသၫ့္ဘက္သို႔ ကူးေျပာင္းလာၿပီး ရထားလံုးမ်ားအတြင္းမွ ျပဇာတ္အဖဲြ႔ဝင္မ်ား၏ ကိုယ္ခ်င္းတီးတိုးစကားေျပာသံမ်ားက တစ္စတစ္စႏွင့္ က်ယ္ေလာင္လာသည္။

အလြန္တရာမွ စိတ္ဖိစီးစရာေကာင္းလွေသာ အေျခအေနပင္။

"သူတို႔ျပတင္းေပါက္ကေနၿပီးအဲ့တာကိုေတြ့သြားမယ္ထင္လား?"

"မၾကၫ့္ဘူး"

ရႊမ္းမင္သည္ ယတိျပတ္အေျဖကို ေပး၏။

ရႊမ္းမင္သည္ စကားေျပာရတာကို ႏွစ္ၿခိဳက္သူမဟုတ္။ တစ္ခုခုကို ရွင္းျပရမည္ဆိုလ်ွင္ေတာင္ အေရးႀကီးတာကိုပဲေျပာသည္။ ဤသို႔နည္းစနစ္က်ၿပီး တဲ့တိုးႏိုင္လွေသာေျဖရွင္းခ်က္သည္ အထူးတလည္ စိတ္ဘဝင္ကိုေအးေစ၏။ တစ္စံုတစ္ရာကိုမ်ား ထိန္ခ်န္ထားခဲ့ေလမလား မည္သူကမ်ွ သံသယဝင္စရာ အေၾကာင္းမရိွေတာ့တာေၾကာင့္ျဖစ္သည္။

က်န္းရွီနင္စိတ္ေအးသြားေပမယ့္ ရွီထို႔က်န္းသည္

"ဘယ္လို႔အဲ့ေလာက္ေတာင္ေသခ်ာေနတာလဲ?"

"ဘယ္လို႔လဲဆိုေတာ့သူတို႔လည္းေၾကာက္ေနတာမလို႔! ေမးခြန္းေတြအမ်ားႀကီးလိုက္ေမးမေနနဲ႔"

ရႊဲရွန္စိတ္က ဖ်ဥ္းကနဲျဖစ္သြားသည္။ ျပတင္းေပါက္အျပင္ကို ၾကၫ့္ဆဲျဖစ္ၿပီး ရွီထို႔က်န္းကို အဖတ္လုပ္၍ လွၫ့္ၾကၫ့္မလာ။

"တစ္ကိုယ္လံုးမွာလ်ွာကေတာ္ေတာ္ေပ်ာ့ေျပာင္းေနတဲ့ပံုပဲ..ငါျဖတ္ပစ္ၿပီးေသရည္စိမ္ေသာက္ရင္ေတာ့"

ေသရည္စိမ္....

ရႊမ္းမင္ ; "..." မ်က္ေမွာင္ႄကံု႔လ်က္

【ဒီသတၲဝါ အျငင္းအခံုသန္တာေတာ့ ဟုတ္ပါၿပီ၊ ဒီလိုရြံစရာျမင္ကြင္းကို ပံုေဖာ္ျပစရာလိုလို႔လား?】
   
ရႊမ္းမင္ အျပင္ကို ေဝ့ဝဲၾကၫ့္ၿပီး ရႊဲရွန္ပုခံုးကို လက္ႏွင့္ဖြဖြပုတ္လိုက္သည္။

"ငါအျပင္ထြက္လိုက္ၪီးမယ္"

ေတြေဝသြားေသာရႊဲရွန္ ျပန္လွၫ့္ၾကၫ့္ၿပီး

"မင္းလား?"

"အင္း"

တခ်ိဳ႕သူမ်ားေျပာေနေသာ အူအသည္းယားစရာ အဓိပၸာယ္မရိွတာမ်ားကို ထိုင္နားေထာင္မလား အျပင္ထြက္မလား ေရြးခ်ယ္စရာႏွစ္ခုရိွသည္။ ဤထက္ပိုၿပီးထိုင္နားေထာင္မိလ်ွင္ ေနာင္ဆယ္ရက္မက စားခ်င္ေသာက္ခ်င္စိတ္ေပ်ာက္သြားမွာကို ရႊမ္းမင္စိုးရိမ္မိသည္။

"လုပ္ႏိုင္ပါ့မလား?"

ရႊဲရွန္မ်က္လံုးမ်ားေမွးက်ဥ္းလ်က္ ေမး၏၊

"ရထားလံုးကမၾကာခင္မွာအဲ့ဒီေနရာကိုေရာက္သြားေတာ့မွာ..အခ်ိန္မွီပါ့မလား?"

ရႊမ္းမင္သည္ ရႊဲရွန္ပုခံုးကို အသာတြန္းကာ ျပတင္းေပါက္မွဖယ္ၿပီး ထိုင္ခံုမွာေနရာတက်ျပန္ထိုင္ရန္ တိတ္တဆိတ္အခ်က္ျပလိုက္၏။ ခါးထက္ခ်ည္ထားေသာ ေၾကးျပားဆဲြႀကိဳးကိုျဖဳတ္ယူကာ ရႊဲရွန္ေခါင္းထက္ ေက်ာ္နင္းလိုက္သည္။

ရထားလံုးငယ္ႏွင့္ယွဥ္လ်ွင္ ရွည္ထြက္ေနေသာအရပ္ေၾကာင့္ ကိုယ္ကိုတစ္ဝက္ကိုင္းထားရသည္။ လက္တစ္ဖက္ကို ရႊဲရွန္မွဆုပ္ကိုင္ထားၿပီး ထိုကိုအားျပဳကာ ရထားလံုးတံခါးမွ အျပင္ကိုထြက္လိုက္သည္။ အျဖဴေရာင္ဝတ္ရံုသည္ ေလၫွင္းႏွယ္ ႏွင္းကိုတိုး၍ျဖတ္သြားကာ ေလရူးတစ္ၿပိဳက္ႏွင့္အတူ ရႊမ္းမင္လည္းမရိွေတာ့။

ထိုျမင္ကြင္းေၾကာင့္ ရွီထို႔က်န္း ပါးစပ္ေဟာင္းေလာင္းျဖစ္သြားသည္။ ျပတင္းေပါက္နားတိုးကာ ၾကၫ့္လိုက္ေတာ့ အျဖဴေရာင္ပံုရိပ္သည္ လမ္းရွည္၏ေဘးဘက္သို႔ ေရာက္ႏွင့္ေနၿပီ။ အသံစိုးစဥ္မ်ွမထြက္သလို သက္ဆင္းရာ၌ ေျမၾကီးထက္ေက်ာက္တံုးေက်ာက္စရစ္ခဲမ်ား လႈပ္ရွားသြားတာမ်ိဳးမရိွ။

ရထားလံုးအတြင္းမွသူမ်ား ရႊမ္းမင္၏ေၾကာ့ရွင္းစြာဆင္းသက္သြားပံုကိုၾကၫ့္ၿပီး အံ့ၾသနပန္းျဖစ္ေနၾကေတာ့သည္။ ရႊဲရွန္ကလဲြ၍...

ႏႈာမႈတ္လိုက္သည္။

【ဒီအတိုင္းပါပဲ၊ ငါ့ေလာက္မေတာ္ေသးဘူး】

သို႔ျဖစ္ေစကာမႈ ရႊဲရွန္သည္ ရႊမ္းမင္ထိုင္ခဲ့ေသာေနရာမွာ ထိုင္လို႔ရေအာင္ ကိုယ္ကိုတြန္း၍ ေရြ့လိုက္သည္။ ထူထဲေသာလိုက္ကာကို ေဘးသို႔တြန္းကာ ေတာင္ပတ္လမ္းအတိုင္း ဆင္းသြားေသာရႊမ္းမင္အား စိုက္ၾကၫ့္လို႔ေနသည္။

ရႊမ္းမင္သည္ ေက်ာက္တံုးပံု၏ထိပ္ဖ်ား၌ တည္ၿငိမ္စြာ မတ္တပ္ရပ္လ်က္။ လက္ဆုပ္အရြယ္အစားရိွ ေက်ာက္တံုးငယ္ေပၚတြင္ ေျခေထာက္တင္ထားေသာ္လည္း အနည္းငယ္မ်ွေတာင္ ယိမ္းယိုင္သြားျခင္းမရိွ။ ေခါင္းကိုေမာ့ကာ ေက်ာက္တံုးမ်ားျပဳတ္က်လာရာေတာင္ေစာင္းကို ၾကၫ့္သည္။ ရထားလံုးတန္းရိွေနေသာေနရာသည္ ဆင္ေျခေလ်ွာ၏ အထက္ပိုင္းျဖစ္ၿပီး ရႊမ္းမင္ရပ္ေနေသာေနရာက ေအာက္ပိုင္းျဖစ္သည္။ ဤေနရာကေန ေက်ာက္တံုးလြတ္သြားေသာ ႀကီးမားလွသၫ့္ ေနရာကြက္လပ္ကို လွမ္းျမင္ရသည္။ ခေနာ္ခနဲ႔ႏိုင္ပံုေပၚေနေသာ ဆင္ေျခေလ်ွာအထက္ပိုင္းသည္ မည္သၫ့္အေလးခ်ိန္ကိုမဆို ေအာက္ပိုင္းသို႔ တရိွန္ထိုး ပို႔ေဆာင္ေပးေတာ့မၫ့္အတိုင္း။

ထိုေတာင္ေစာင္းေပၚမွလဲြေခ်ာ္က်လာေသာ ေက်ာက္တံုးမ်ားသည္ ရႊမ္းမင္ယခုရပ္ေနေသာေနရာရိွ ေက်ာက္တံုးပံုမ်ားျဖစ္သည္။ အႀကီးဆံုးေက်ာက္တံုးမွာ ရႊမ္းမင္အရပ္တစ္ဝက္နီးပါးရိွၿပီး ျပင္းထန္စြာတဟုန္ထိုးျဖစ္ေပၚလာေသာ ေျမၿပိဳမႈေၾကာင့္ သစ္သားရထားလံုးအသာထား သတၴုရထားလံုးပင္ ပိျပားသြားလိမ့္မည္။

အေဝးကေနေတြ့ခဲ့ရသၫ့္အတိုင္း ရထားလံုးေထာင့္တစ္ေနရာႏွင့္ အျပာေရာင္လိုက္ကာစကလဲြၿပီး အကုန္လံုးက ေက်ာက္တံုးပံုေအာက္တြင္ျဖစ္သည္။ အေလာင္းမ်ားသည္ လူႏွင့္ေတာင္ တူေတာ့မွာမဟုတ္။ တစ္ေန့ရွာေတြ့သြားခ်ိန္ဝယ္ ကိုယ္လက္အဂၤါမ်ားက ေျမၾကီးထက္ တစ္ပိုင္းစီျပန႔္က်ဲေနေလာက္ၿပီ။

ရႊမ္းမင္ တဒဂၤမ်ွစဥ္းစားေနၿပီးေနာက္ အႀကံတစ္ခုေပၚလာသည္။

ရႊဲရွန္တစ္ၪီးတည္းသာ ရႊမ္းမင္လႈပ္ရွားမႈမ်ားကို ေစာင့္ၾကၫ့္ေနတာမဟုတ္။ ရွီထို႔က်န္းႏွင့္က်န္းရွီနင္သည္ ျပတင္းေပါက္ေနရာလုေနၾကၿပီး လုညန႔္ခ်ီေတာင္မွ မေနႏိုင္ပဲ ေခ်ာင္းၾကၫ့္မိသည္။

"ဘယ္လိုျဖစ္ၿပီးလည္တဆန႔္ဆန႔္ျဖစ္ေနတာလဲ?"

ကေလးငယ္ကိုၾကၫ့္ၿပီး ရႊဲရွန္ျဖတ္ကနဲေမးလိုက္သည္။

"ရက္ေတာ္ေတာ္ၾကာအိပ္ထားေတာ့မ်က္လံုးေတြကပံုမွန္အတိုင္းျပန္ျမင္ရသြားၿပီလား?"

လုညန႔္ခ်ီသည္ မလႈပ္မယွက္ျပန္ေျဖ၏။

"စိုးရိမ္ေပးတာေက်းဇူးပါ..ဒါေပမဲ့ကံမေကာင္းစြာနဲ႔အျမင္ကပိုၿပီးေတာင္ဝါးသြားတယ္"

အျမင္ပိုဝါးလာေလေလ မ်က္စိကန္းလိုက္လာေလေလျဖစ္ၿပီး ခ်ီဓာတ္ကို ပိုၿပီးျမင္ႏိုင္လာသည္။ အတြင္းအားရုပ္ပံုဆိုသည္မွာ ရွင္းလင္းေနတာမ်ိဳးေတာ့မဟုတ္။

တကယ္တမ္းမွာ ရႊဲရွန္တစ္ေယာက္ အေတာ္အတန္မ်ွ သိလိုစိတ္ေပၚမိသည္။ နတ္ဘုရားတစ္ပါးျဖစ္တာေၾကာင့္ ျမင္ႏိုင္စြမ္းရည္က လူသားမ်ားထက္ အပံုႀကီးသာလြန္သည္ျဖစ္ေပမယ့္ လုရွီက်ိဳမည္သို႔ေသာအရာမ်ားကို ျမင္ရသည္အား သူမမွန္းဆႏိုင္ခဲ့။ ယခု လုညန႔္ခ်ီ၏ေလာကဘံုကိုလည္း ထိုအတူပင္။

"ဒီအကြာအေဝးကေနၾကၫ့္ရင္ခင္ဗ်ားကလူလားတိရစၧာန္လားဆိုတာကိုမခဲြျခားႏိုင္ဘူး"

လုညန႔္ခ်ီသည္ သူ႔ရူေထာင့္မွေနၿပီး ရွင္းျပလာသည္။

ဒါေပမဲ့..

တစ္ခုခုက သိပ္ဟန္မက်။ အႏွီေကာင္ေလးေျပာစကားက သူ႔ကိုေလွာင္ေထ့ေနသၫ့္ႏွယ္။

"အတြင္းအားကိုပိုၿပီးေကာင္းေကာင္းျမင္လာတယ္လို႔ဆိုလိုတာမလား?"

အတန္ငယ္မ်ွ ဘဝင္မက်ျဖစ္ၿပီး ရႊမ္းမင္ရိွရာအျပင္သို႔ အၾကၫ့္ျပန္လႊဲသြားသည္။

သူ႔ေနရာမွေနၿပီး ရႊမ္းမင္လုပ္ေနသမ်ွကို ရွင္းရွင္းလင္းလင္းျမင္ရသည္။

ဒ႑ာရီအရ အထူးသျဖင့္ မိစၧာပူးကပ္ေနေသာဓားမ်ား ႏိုးထလာဖို႔အတြက္ ေသြးစိမ္းရွင္ရွင္သံုးရန္ လိုအပ္သည္။ ေသြးကသာလ်ွင္ စစ္မွန္ေသာစြမ္းရည္ကို ခ်ိတ္ေဖာက္ေပးႏိုင္ၿပီး ေလကိုလွီး၍ ေရကိုျဖတ္ႏိုင္စြမ္းရိွသည္ဟု ဆိုစကားရိွ၏။ ရႊမ္းမင္၏ေၾကးျပားမ်ားသည္ ခၽြန္ထက္မေနေသာ္ျငားလည္း အေၾကာင္းတစ္ခုခုေၾကာင့္ႏွင့္ ေသြးကိုသံုး၍ ႏိုးဆြေပးရသည္။
   
ရႊမ္းမင္သည္ လက္ၫွိုးထိပ္အား ျပတ္ရွရာေပးကာ ေၾကးျပားမ်က္ႏွာျပင္ထက္ ေသြးကိုသုတ္လိမ္းလိုက္တာအား ရႊဲရွန္ၾကၫ့္ေန၏။

'ဝမ္'ဆိုေသာျမည္သံႏွင့္အတူ ေၾကးျပားမ်ားက အသက္ဝင္လာပံုရသည္။ တျဖည္းျဖည္းခ်င္း လႈပ္ယမ္းလာၾကၿပီး မိွန္ဖ်ဖ်အသံက အူလိႈက္ကာတိုက္ခတ္ေနေသာ ႏွင္းမုန္တိုင္းအတြင္း ပဲ့တင္ထပ္လ်က္။ ထိုအသံကို ရႊဲရွန္ၾကားေသာအခါ တမ်ိဳးတမည္အတြက္ႏွင့္ နားမခံသာျဖစ္လာတာေၾကာင့္ မ်က္ေမွာင္ႄကံု႔မိေလ၏။

ဆဲြႀကိဳးတြင္ပါေသာ ေၾကးပါးငါးျပားကို လက္ဖဝါးေပၚတြင္ ေျမာက္၊ ေတာင္၊ အေရ႔ွ၊ အေနာက္၊ အလယ္ဆို၍ ေနရာငါးေနရာခ်လိုက္သည္။ ဝတ္ရံုရင္ဘတ္ျခမ္းမွ အင္းစာရြက္မ်ားကို ထုတ္၏။ သို႔ေပမဲ့ ဤတစ္ခါအင္းစာရြက္မ်ားသည္ မည္သည္မ်ွေရးဆဲြထားျခင္း မရိွေသးေသာ အလြတ္ျဖစ္၏။
   
ၿပီးလ်ွင္ အဝါေရာင္စာရြက္မ်ားကို ေျခေထာက္နားတြင္ အေရ႔ွ၊ အေနာက္၊ ေတာင္၊ ေျမာက္ အစီစဥ္တက်ခ်ၿပီး ေက်ာက္တံုးမ်ားႏွင့္ ဖိထားသည္။ ထို႔ေနာက္မူ ေၾကးျပားမ်ားတင္ထားရာ ဘယ္လက္လယ္ဖဝါးေပၚ ညာဘက္လက္ဖဝါးျဖင့္ အုပ္ဝဲထားလ်က္ ျဖဴေဖ်ာ့ေဖ်ာ့ႏႈတ္ခမ္းထက္မွ ဘုရားစာရြတ္သံက ထြက္ေပၚလာသည္။

အျပၫ့္အဝရြတ္ဆိုျခင္းမဟုတ္ပဲ စာပိုဒ္တိုတစ္ပိုဒ္ကို ျဖတ္၍ရြတ္သည္ဆိုလ်ွင္ ပိုမွန္မည္။

ဤသို႔ႏွင့္ ရႊမ္းမင္လက္ဖဝါးထက္ရိွ ေၾကးျပားမ်ားသည္ ေလထဲသို႔ေျမာက္တက္လာၿပီး ခပ္ျဖည္းျဖည္းလည္ပတ္ေတာ့၏။

ဘုရားစာတစ္ပိုဒ္ ရြတ္ဆိုရင္းႏွင့္ အေရ႔ွအရပ္ရိွေၾကးျပားကို ပြတ္ထိလိုက္တဲ့အခ်ိန္မွာ အေရ႔ွအရပ္ကိုမ်က္ႏွာမူထားေသာ အင္းစာရြက္က တဖ်တ္ဖ်တ္တုန္ခါလာၿပီး မျမင္ႏိုင္ေသာလက္တစ္ဖက္သည္ စုတ္တံကို နီက်င့္က်င့္မင္ခြက္ထဲႏွစ္ကာ အင္းစာရြက္ေပၚတြင္ အင္းစာေရးဆဲြလိုက္သၫ့္အတိုင္း အနီေရာင္ေသြးစီးေၾကာင္းမ်ွင္က ရုတ္ခ်င္းထြက္ေပၚလာသည္။

ရႈပ္ေထြးလွေသာစာမ်ား အၿပီးတိုင္ေပၚလာေသာအခါ လက္ေပၚတြင္ဝဲေနေသာ ေၾကးျပားမ်ားကို တစ္ပတ္မျပၫ့္တျပၫ့္လွၫ့္ၿပီး မျမင္ႏိုင္ေသာစုတ္တံကို ရပ္တန႔္လိုက္သည္။

ထို႔ေနာက္ ေတာင္အရပ္၊

ၿပီးလ်ွင္ ေျမာက္၊

ေနာက္ဆံုးမွာ အေနာက္။

အင္းစာရြက္ေလးရြက္လံုး၌ ေရးဆဲြၿပီးတာႏွင့္ တမဟုတ္ခ်င္းဆိုသလို အလြန္တရာမွ အားျပင္းလွေသာေလတစ္သိုက္က ေဝ႔ွ၍ေပၚထြက္လာသည္။ က်ားဟိန္းသံႏွင့္တူသလို ဝံပုေလြအူသံႏွင့္လည္းခပ္ဆင္ဆင္။ ျပင္းထန္ေသာေလဒဏ္ေၾကာင့္ ထူထဲေသာလိုက္ကာမ်ားပင္ တဗ်န္းဗ်န္းျမည္သည္အထိ လႈပ္ခါသြားၾကရာ ရွီထို႔က်န္း၏ေခါင္းႏွင့္ တဘံုးဘံုး ရိုက္မိေတာ့သည္။

ရွီထို႔က်န္း ; "…"

ဤေလာကတစ္ခြင္တြင္ ကံအဆိုးဆံုးလူသား ျဖစ္ပါတကားဟု ခံစားမိသြားသည္။ က်ိန္းစပ္စပ္ျဖစ္ေနေသာမ်က္ႏွာကို လက္ႏွင့္အုပ္ကာ လိုက္ကာတစ္ခုလံုးကို ျပတင္းေပါက္မွ စုတ္ၿဖဲလိုက္သည္။ ေလဒဏ္ကို လွစ္ဟာေပးလိုက္ၿပီျဖစ္ေသာရထားလံုးေၾကာင့္ ေအးစက္စက္ေဆာင္းေလမ်ားက ႏွင္းမႈန္မ်ားကိုသယ္ေဆာင္လ်က္ ရထားလံုးအတြင္း ခ်ဥ္းနင္းဝင္ေရာက္လာသည္။

တခိုက္ခိုက္တုန္သည္အထိ ေအးျမေသာေဆာင္းေလသည္ မ်က္ႏွာကိုျဖတ္တိုက္ေသာအခါ ရွီထို႔က်န္းႏွင့္က်န္းရွီနင္ခမ်ာ မ်က္လံုးေတာင္မဖြင့္ႏိုင္ေတာ့။

မ်က္ေတာင္တခတ္ခတ္ႏွင့္ နဖူးတြင္လက္တင္ကာ အကာအကြယ္ျပဳထားရသည္။ ၿပီးမွသာ မ်က္လံုးဖြင့္ၿပီး ေတာင္ေပၚကျမင္ကြင္းကို လွမ္းၾကၫ့္လိုက္သည္။

"အမေလး"

ရွီထို႔က်န္း ပင့္သတ္ရိႈက္မိသြားသည္။

အစကနၪီးက ရႊမ္းမင္ဆင့္ေခၚလိုက္ေသာေလျပင္းသည္ ေက်ာက္တံုးပံုဆီသို႔ၪီးတည္လာၿပီး ေအာက္ေျခသို႔ယက္၍တိုးဝင္ေလ၏။ တစ္ခ်ိန္တည္းမွာ ေက်ာက္တံုးပံုသာမက ေအာက္တြင္ပိေနေသာ ရထားလံုးမ်ားပါ ေလထဲကိုတက်ိက်ိျမင့္တက္လာကာ ေတာင္ပတ္လမ္းဆီကေန အေပၚသို႔ တျဖည္းျဖည္းႂကြတက္လာၾကသည္။

ေျမစိုင္ေျမခဲမ်ားႏွင့္ ေက်ာက္တံုးေက်ာက္စိုင္မ်ားက ေလထဲဝဲေနၿပီး ရႊမ္းမင္သည္ ေက်ာက္တံုးငယ္ႏွစ္တံုးေပၚတြင္ ရပ္ေနဆဲအေနအထားကေန ဘယ္ဘက္ေျခေထာက္ကိုၿမွောက္ကာ တည္ၿငိမ္ေအးေဆးစြာႏွင့္ ကန္သၫ့္ႏွယ္ပံုစံကို ျပဳ၏။

ေထာင္ေသာင္းခ်ီေသာက်င္အေလးခ်ိန္ႏွင့္ ဆဲြခ်ခံလိုက္ရသၫ့္ႏွယ္ ရႊမ္းမင္ေျခေထာက္ေအာက္မွ အရာအားလံုးသည္ ေတာင္ပတ္လမ္းေဘးမွခ်ိဳင့္ဝွမ္းထဲသို႔ အရိွန္ႏွင့္လြန႔္စင္သြားေတာ့၏။

မၾကာမီ ခ်ိဳင့္ဝွမ္းအတြင္းမွ ေက်ာက္တံုးရိုက္ခတ္သံေဖ်ာ့ေဖ်ာ့ ထြက္ေပၚလာသည္။

"ေတာင္တစ္ေတာင္လံုးကိုေဖာက္ခဲြပစ္ေတာ့မလို႔လား?"

ရွီထို႔က်န္းသည္ ရူးရူးႏွမ္းႏွမ္းႏွင့္ ေမးျပန္၏။

"ေဖာက္ခဲြပစ္တဲ့အထဲမင္းကိုပါသူထၫ့္လိုက္ေလာက္တယ္"

ရႊဲရွန္သည္ ေထ့ေငါ့ၿပီးေတာ့မွ ရွင္းျပလာ၏၊

"ျမဳပ္ႏွံေပးလိုက္တာျဖစ္မယ္"

ရႊဲရွန္ေျပာသၫ့္အတိုင္းပင္။ ျပဳတ္က်လာေသာေက်ာက္တံုးမ်ား၏သက္ေရာက္မႈက ေလ်ာ့ေလ်ာ့ေပါ့ေပါ့တြက္၍မရ။ ခ်ိဳင့္ဝွမ္းၾကမ္းျပင္သို႔ အကုန္လံုးျပဳတ္က်မလာခင္ စိုစြတ္ကာရြံ႔ထူေသာေျမၾကီးက ၾကမ္းျပင္ထက္ ေနရာယူထားခဲ့သည္။ ျပဇာတ္အဖဲြ႔ဝင္မ်ားႏွင့္ျမင္းမ်ား၏ အေလာင္းေကာင္မ်ားႏွင့္အတူ ရထားလံုးအပ်က္အဆီးမ်ားက ထိုေပၚသို႔ျပဳတ္က်သြားျခင္းျဖစ္သည္။ ၿပီးလ်ွင္ အေပၚကဖံုးအုပ္လာေသာ ေက်ာက္တံုးမ်ားေၾကာင့္ ေျမပံုႏွယ္ျဖစ္သြားခဲ့သည္။

တဖဲြဖဲြက်ေနေသာႏွင္းမ်ားက ထိုေက်ာက္ခဲေက်ာက္စိုင္မ်ားေပၚ တင္က်န္လ်က္ တရစ္ရစ္ဝဲေနသည္။ အရာအားလံုးက်ဆင္းသြားၿပီးတဲ့အခ်ိန္မွာ ေက်ာက္တံုးရိုက္ခတ္သံမ်ားလည္း ၿငိမ္သက္သြားၿပီး ခ်ိဳင့္ဝွမ္းအတြင္း၌ အျဖဴေရာင္အလႊာပါးပါးကိုသာ ျမင္ရလိမ့္မည္။ မသိလ်ွင္ ေျမပံုေပၚ၌ အေမႊးေငြစကၠူမ်ားႏွင့္ ဖံုးအုပ္ထားသလိုလို။

ဤသည္မွာ ရႊမ္းမင္ ျပဳလုပ္ေပးလိုက္ေသာ ရိုးရွင္းသၫ့္ ဇာပနအခမ္းအနားျဖစ္သည္။

ေၾကးျပားမ်ားဆီမွ ေသြးကိုပြတ္သုတ္လိုက္ၿပီး ခါးထက္ျပန္ခ်ိတ္သည္။ ၿပီးလ်ွင္ ေျမပံုရိွရာသို႔ၪီးတည္ၿပီး လက္ႏွစ္ဖက္ကို အေရ႔ွသို႔ပူးကပ္လိုက္သည္။

တိမ္စိုင္ႏွယ္ဝတ္ရံုသည္ ေလတစ္ေဝ႔ွႏွင့္အတူ ရႊမ္းမင္သည္လည္း ထူထပ္ေသာေတာအုပ္အတြင္း ဝင္ေရာက္ေပ်ာက္ကြယ္သြား၏။

ရႊမ္းမင္အေနျဖင့္ ေတာင္ေစာင္းအတိုင္းတက္ျခင္းသည္ ေတာင္ေစာင္းတစ္ေလ်ွာက္ေလ်ွာဆင္းျခင္းကဲ့သို႔ပင္ လြယ္ကူသည္။ ေျခလွမ္းအနည္းငယ္တည္းႏွင့္ ေက်ာက္တံုးမ်ားျပဳတ္က်လာရာေနရာသို႔ ေရာက္သြားၿပီျဖစ္သည္။ ျပဇာတ္အဖဲြ႔၏ရထားလံုးမ်ားကေတာ့ ေတာင္ၾကားလမ္းရွည္အတိုင္းကေန သူရိွရာသို႔ ၪီးတည္လာေနၾကၿပီျဖစ္သည္။ အမာရြတ္နဲ႔သူ၏ ႀကိမ္းေမာင္းသံကိုၾကားရၿပီး ေခါင္းမာေသာျမင္း၏ႏွာေခါင္းစြပ္ကို မၾကာခင္မွာပင္ ျမင္လိုက္ရသည္။
   
အမာရြတ္ႏွင့္သူျမင္မွာကိုေရွာင္ရွားရန္ ေျမၾကီးကိုေျခေထာက္ႏွင့္တစ္ခ်က္ေတာ့လိုက္ၿပီး ထိုအရိွန္ႏွင့္အတူ အေပၚကိုပိုျမင့္ေအာင္ခုန္လိုက္သည္။ ရထားလံုးမ်ား ေအာက္ကေနျဖတ္အသြားကို ေစာင့္ၿပီးမွ အေနာက္ကေနျပန္ဝင္ဖို႔ စိတ္ကူးထားခဲ့သည္။ ရႊဲရွန္တို႔ရထားလံုးထဲျပန္ဝင္ရန္ ရႊမ္းမင္ရည္ရြယ္ခဲ့ေပမယ့္ ဖယ္ရွားထားေသာေနရာတြင္ ေက်ာက္တံုးအပံုငယ္က်န္ေနခဲ့တာကို ရုတ္ခ်င္း သတိထားမိသြားသည္။ ထိုေက်ာက္တံုးပံုေအာက္တြင္ရိွေနသည္မွာ အမည္မသိအေလာင္းႏွစ္ေလာင္း။

ထိုေက်ာက္တံုးပံုသည္ ေတာင္၏မတ္ေစာက္ေသာအပိုင္းႏွင့္ ကပ္ေနသည္ျဖစ္၍ ရႊမ္းမင္အရင္ေနရာမွာရိွတုန္းက မေတြ့ခဲ့ျခင္းပင္။

ေျမၿပိဳမႈျဖစ္ေသာအခ်ိန္တြင္ ႏွစ္ေယာက္မွာ လြတ္ေျမာက္သြားၿပီးေနာက္ ဒုတိယအႀကိမ္ၿပိဳက်ရာမွာတြင္သာ အပိခံလိုက္ရျခင္းျဖစ္ဟန္တူသည္။

မၾကာခင္မွာတင္ ေရာက္သြားေတာ့မည္ျဖစ္ေသာ ရထားလံုးေၾကာင့္ ရႊမ္းမင္မွာလည္း အင္းစာရြက္ဆင္းကပ္ဖို႔ အခ်ိန္မရိွေတာ့။

က်ေရာက္ဆဲအံ့အံ့ ေဘးအႏၲရာယ္မတိုင္ခင္မွာပဲ ေတာင္ေစာင္း၏ေနာက္ဘက္ျခမ္းမွ အမည္းေရာင္နဂါး၏ ရွည္လ်ားေသာအရိပ္က ေပၚထြက္လာသည္။

ရႊဲရွန္!

ဤဘိုးေဘးသည္ မည္သၫ့္အရာကိုမဆို အလြန္အကၽြံဟန္ျပလြန္း၏။ ျပဇာတ္အဖဲြ႔သားႏွစ္ၪီး အဖိခံထားရေသာ ေက်ာက္တံုးပံုဆီသို႔ မိုးႀကိဳးႏွစ္ခ်က္က်ဆင္းလာတာကို ရႊမ္းမင္ျမင္သည္။ ထို႔ေနာက္ ေက်ာက္တံုးပံုသည္လည္း အစိတ္စိတ္အမႊာမႊာျဖစ္သြားေခ်၏။ အမည္းေရာင္နဂါးသည္ စကားဆိုျခင္းအလ်င္းမရိွ ခ်ဥ္းကပ္လာခဲ့ၿပီး ဒလေဟာထိုးတိုက္လာေသာေလကိုသိမ္းကာ နဂါးၪီးေခါင္းတစ္ခ်က္ၿငိမ့္ရံုႏွင့္တင္ ထိုေလသည္ အေလာင္းႏွစ္ေလာင္းႏွင့္ ေက်ာက္တံုးမႈန္မ်ားကို သယ္ဆယ္သြားလ်က္ ခ်ိဳင့္ဝွမ္းအတြင္းသို႔ ပို႔ေဆာင္လိုက္သည္။ အရာအားလံုးသည္လည္း ေတာအုပ္အတြင္း ေပ်ာက္ကြယ္သြားခဲ့သည္။

ဟူ–––

ေလျပန္ၿငိမ္သြားကာ သစ္ပင္မ်ားလည္း ၿငိမ္သက္သြားသည္။

အေလာင္းႏွစ္ေလာင္းသည္ ခ်ိဳင့္ဝွမ္းၾကမ္းျပင္ထက္က်ဆင္းသြားၿပီး ေက်ာက္တံုးမ်ားအုပ္ကာ အသားတစ္စိုးတပါဒမ်ွ လွစ္ဟေနျခင္းမရိွေတာ့။

"ဟိုး––"

ပံုမွန္မဟုတ္ေသာေလသံေၾကာင့္ အမာရြတ္ႏွင့္သူသည္ ျမင္းထိန္းႀကိဳးကိုဆဲြကာ ရထားလံုးကို ေခတၲမ်ွရပ္တန႔္လိုက္၏။ ဆက္လက္တိုက္ခတ္မလာေတာ့ေသာေလေၾကာင့္ ထိုအမ်ိဳးသားလည္း ၾကာပြတ္ကိုျပန္လႊဲသည္။

အထိတ္တလန႔္ျဖစ္ေနၾကေသာျမင္းမ်ားသည္ ၾကမၼာငင္ခဲ့ေသာ ေတာင္ပတ္လမ္း၌ ဗလာနတၴိကင္းေနျခင္းကိုေတြ့ေသာအခါ ရုတ္ခ်င္းပင္ စိတ္ျပန္ၿငိမ္ကုန္ၾက၏။ ဆန႔္ငင္ဆန႔္ငင္ျဖစ္ေနေသာျမင္းမ်ား အဆင္ေျပေခ်ာေမြ့သြားၿပီျဖစ္၍ ထိုေနရာမွအသာေလးျဖတ္ေက်ာ္ကာ အေလာင္းႏွစ္ေလာင္းက်န္ရိွေနခဲ့ေသာေနရာသို႔ ေရာက္လာၿပီျဖစ္သည္။

ရႊဲရွန္သည္ ခႏၶာကိုယ္ေအာက္ပိုင္းကို မေရြ့လ်ားႏိုင္သလို ခံစားလို႔လည္းမရ။ အေပၚပိုင္းကိုသာသံုး၍ပ်ံတက္ၿပီး ေတာင္ေစာင္း၏အေပၚပိုင္းတြင္ကပ္ကာ အမာရြတ္ႏွင့္သူျမင္ကြင္းမွ က်ဥ္းက်ဥ္းက်ဳတ္က်ဳတ္ ဖယ္ရွားလို႔ေနသည္။
   
သို႔ေသာ္ျငား အႃမွီးကေတာ့ ေနရာမရေသး။ အမာရြတ္ႏွင့္သူသည္ ေတာင္ပတ္လမ္းအေကြ့အတိုင္း လမ္းေျပာင္းလိုက္ေသာအခ်ိန္အတိအက်မွာပဲ ကံမေကာင္းလွေသာအႃမွီးသည္ ျဖဳတ္ကနဲျပဳတ္က်လာၿပီး ေတာင္ေစာင္းအတိုင္း တဲြေလာင္းက်ေနသည္မွာ အမာရြတ္ႏွင့္သူ၏မ်က္ႏွာေရ႔ွတၫ့္တၫ့္။

အမာရြတ္နဲ႔သူ ; "…"

ရႊဲရွန္ ; "…"

ရႊဲရွန္ႏွင့္ မနီးမေဝး ေတာင္ေစာင္းတေက်ာတည္းမွာ ပုန္းေနေသာရႊမ္းမင္တစ္ေယာက္ သတ္ခ်င္ျဖတ္ခ်င္စိတ္ေပၚလာေတာ့သည္။ စကားပင္မဆိုႏိုင္ေတာ့ပဲ ေအာက္ဆင္းကာ ဘိုးေဘး၏အႃမွီးကိုဆဲြ၍ ေတာင္ပတ္လမ္းဆီမွအေဝးကို တြန္းထုတ္လိုက္သည္။

•••••

Continue Reading

You'll Also Like

166K 18.7K 97
ဘာသာပြန်သူ - စွဲညို့အသင်း
624K 73.7K 199
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
44K 5.1K 81
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
155K 19.7K 21
မှာဦးမယ် လက်ပံတစ်ပွင့် မောင်ပန်ဖို့... မောင်ပန်ဖို့... လက်ပံတစ်ပွင့်တော့ ကောက်ခဲ့ပါဦး။