7. Kisses And Marks
Warning: 14+ (:P)
~•~•~•~
ကြမ်းတမ်းတယ်လည်းမဟုတ်၊ နူးညံ့တယ်လည်း မဆိုသာသော အနမ်းရှည်ကြီးတစ်ခုကို ရပြီးလိုက်တဲ့နောက်မှာ နားထင်ဘက်မှာ တိုးခုန်လာတဲ့သွေးခုန်နှုန်းတွေကို Baek Hyun နားထဲမှာ ကြားနေရသည်။ မီးစလိုအရှိန်ရလာတဲ့ ရမက်တွေကြောင့်ပဲလားမသိ၊ အခန်းက ပိုပူနွေးလာသလိုလို...
Baek Hyun ရှေ့ကကိုယ်ကို လက်ဖျားတွေနှင့် စမ်းသပ်နေမိတော့ Chan Yeol ထံမှ ထွက်လာသော ညည်းသံတွေ။ Baek Hyun ရဲ့ကျောပြင်မှာလည်း Chan Yeol လက်တွေက ကူးလာလူးလာနှင့်။ အထိအတွေ့ချည်း သက်သက်မဟုတ်ဘဲ အနမ်းတွေကလည်း ပါသေးသည်။ Baek Hyun တဒိန်းဒိန်းခုန်နေသော Chan Yeol ၏ ရင်ခွင်ကို နားနှင့်ကပ်လိုက်မိတော့ Chan Yeol က ရယ်သည်။
"မင်းဘာသာမင်း ငါ့ရင်ခွင်ထဲ တိုးလာတာနော်..."
"Yah!"
ခပ်ရွတ်ရွတ်ပြောတဲ့စကားကို ကြားလိုက်ရတာကြောင့် သူ့ရင်ဘတ်ကို နားနှင့်ဖိကပ်ရင်း Baek Hyun နည်းနည်းအော်လိုက်မိသည်။
"ဆက်တိုးလာရင် ကိုယ့်ရင်ဘတ်ကြီး ပေါက်သွားတော့မယ်ထင်တယ်..."
"မလှောင်နဲ့..."
Chan Yeol ရင်ကို လက်သီးဆုပ်နှင့်ထုရင်း Baek Hyun ပြောလိုက်မိသည်။ Chan Yeol က ခဏရယ်ပြီးတော့မှ Baek Hyun ရဲ့ လက်ကောက်ဝတ်တွေကို ခပ်ဖွဖွ လက်နှင့်ဆုပ်ကိုင်လိုက်သည်။
"ဘာဖြစ်ခဲ့လဲသိချင်လား..."
"အင်း..."
BaekHyun ခေါင်းညိတ်တော့ Chan Yeol က မျက်ခုံးပင့်ကာထပ်မေးသည်။
"သေချာတယ်နော်..."
"အင်း..."
"တကယ်..."
"Park Chan Yeol!"
Chan Yeol က ရယ်ကာ ခေါင်းကိုနိမ့်ချလာရင်း Baek Hyun ၏ နှုတ်ခမ်းကို သေချာနမ်းရှိုက်နေရင်း အသက်ရှူသံပြင်းပြင်းတွေထဲမှ ဖြစ်ပျက်ခဲ့ပုံ၏ တစ်ပိုင်းတစ်စကို ပြောပြသည်။ ပုံမှန်ထိကပ်ရုံပဲမဟုတ်၊ အသာလေးကိုက်ကာ ဆွဲယူနမ်းရှိုက်နေတာမို့ စကားတွေကြားထဲ ညည်းသံတွေက ကျယ်နေသည်။
"အဲ့ဒီ့ညက မင်းအရမ်းမူးနေတယ်လေ... အကုန်လုံးအိမ်ပြန်သွားတော့... မင်းနဲ့ငါနဲ့ပဲ အိမ်ပြင်မှာ ကျန်ခဲ့တာ။
Chan Yeol စကားတွေက သူ့ဝင်သက်ထွက်သက်တွေနဲ့အတူ လည်ပင်းပေါ် အငွေ့လာရိုက်ခတ်သည်။ Baek Hyun ရယ်မိမတတ် ဖြစ်နေရာမှာပဲ ရုတ်တရတ် လည်ပင်းအသားတို့ကို နှုတ်ခမ်းကြားထဲမှာ ထည့်ကာ သွားဖြင့်ပါအရာပေးလိုက်တာကြောင့် မရယ်မိတော့ဘဲ ခပ်တိုးတိုးညည်းလိုက်မိသည်။ သေချာတာက Baek Hyun ရဲ့ မိတ်ကပ်လိမ်းတဲ့ အတတ်ပညာကို မကြာခင်မှာ အသုံးချရတော့မှာပါ။
"ပြီးတော့ ဘာဖြစ်လဲ..."
"ပြီးတော့ မင်းက မူးမူးနဲ့ လျှောက်သွားနေတာ အိမ်က ရေကန်ထဲပြုတ်ကျသွားတယ်လေ..."
"ဟုတ်... ဟုတ်လား..."
Baek Hyun မေးရင်း နောက်က တံခါးကိုကျောမှီကာ ခါးကိုထိန်းကိုင်ပေးထားတဲ့ Chan Yeol လက်တွေပေါ်မှီကာ ကိုယ်ကိုလဲမကျသွားအောင် နေလိုက်ရသည်။ သူ့ခြေထောက်တွေက အရိုးတွေ အရည်ပျော်ကုန်ပြီထင်သည်။
"ဟုတ်တယ်... မင်း ရေစိုနေတဲ့ပုံစံက ဘယ်လောက်တောင် ဆွဲဆောင်အားပြင်းလဲ ကိုယ်မင်းကိုသိစေချင်တယ် Baekkie..."
Baek Hyun ရဲ့ ရင်ဘတ်ကို အင်္ကျီပေါ်ကနေ နေရာအနှံ့  ပွတ်သပ်ကျီစယ်နေသော Chan Yeol လက်ချောင်းတွေကြောင့် Baek Hyun အသက်ရှူသံတွေ မြန်ဆန်စွာခုန်မြင့်တက်လာသည်။ ဟင့်အင်း... Chan Yeol လက်တွေ Baek Hyun ကိုယ်ပေါ်မှာ တိုက်ရိုက်ထိတွေ့ဖို့ လိုအပ်နေပြီ။ အင်္ကျီပေါ်ကမဟုတ်ဘူး၊ အသားချင်းထိတွေ့ဖို့ကို လိုအပ်နေတာ...
"Dammit..."
ကြယ်သီးဖြုတ်ရတာ ကြပ်နေတဲ့အတွက် Baek Hyun ခပ်တိုးတိုးကျိန်ဆဲရင်း အင်္ကျီကို ဆောင့်ဆွဲပစ်လိုက်တော့ ကြယ်သီးတစ်လုံးက ဒေါက်ခနဲ အသံနှင့်အတူ ကြမ်းခင်းကိုသွားထိသည်။
"ဖြည်းဖြည်းပေါ့။ လောလှချည်လား..."
Chan Yeol ရယ်ရယ်မောမော ပြောလိုက်ပေမဲ့ Baek Hyun က ခေါင်းကိုခါရင်း Chan yeol ကို အင်္ကျီကော်လာက ဆောင့်ဆွဲချရင်း နမ်းလိုက်သည်။
"ငါ.. မင်းကို ဒီလောက် လောတတ်လိမ့်မယ်... မထင်ထားမိဘူး။"
Chan Yeol စကားသံက ညည်းတွားသံတွေနှင့် ရယ်သံတချို့ကြားမှာ ပြတ်တောင်းပြတ်တောင်း။
"အခုသိပြီလား။ တော်တော့..."
Baek Hyun ပြောရင်း Chan Yeol လည်ပင်းကို လက်နှစ်ဖက်နှင့်ဆွဲချကာ ဆက်နမ်းနေသည်။ ကိုယ်ခန္ဓာနှစ်ခုကြားမှာ လိုအပ်မှုတွေနှင့် ပူလောင်နေလို့လားမသိ၊ နှစ်ယောက်စလုံးရဲ့ နဖူးစပ်တွေမှာ ချွေးစအချို့ကစို့နေသည်။
"ပြီးတော့ ငါမင်းကို အိမ်ပြန်ခေါ်သွားပေးလိုက်တယ်..."
Chan Yeol က အတိတ်ကာလအကြောင်း ဆက်ပြောဖို့ လုပ်နေပေမဲ့ မအောင်မြင်လိုက်။ Baek Hyun က သူ့ရဲ့လျှာနှင့် Chan Yeol ၏ နှုတ်ခမ်းတွေကို လှမ်းသပ်လိုက်တာကြောင့် Chan Yeol စိတ်တွေ ခဏတာ တုံ့ပြန်မှုပျောက်သွားသည်လေ။
နှုတ်ခမ်းနှစ်လွှာကြားမှ နေ၍ အနိုင်ရဖို့ကို သူတို့ကြိုးစားနေမိကြသည်။ အချင်းချင်း အသက်ရှူကြပ်လောက်အောင်ကို ကြိုးစားပြီး အနိုင်ရချင်နေမိချင်တာ... ဒါပေမဲ့ သိပ်မကြာပါ။ Baek Hyun အသက်မရှူနိုင်တော့တာကြောင့် နောက်ဆုတ်ကာ အရှုံးပေးသွားရသည်။ Chan Yeol ကတော့ ရယ်ရင်း Baek Hyun ၏ ခါးကိုစမ်းကာ ခါးပတ်ကို မြေပေါ်ပစ်ချလိုက်သည်။
"မင်းနိုင်ချင်တယ်ဆိုရင် သက်လုံကောင်းအောင် ကျင့်မှပေါ့။"
"မပြောနဲ့..."
Chan Yeol ရယ်ရင်း Baek Hyun ရဲ့ လည်ကုပ်ဖွေးဖွေးကို ဆုပ်ကိုင်ရင်း လည်ပင်းတစ်လျှောက်ကို ခပ်ဖွဖွနမ်းသည်။ ပြီးတော့ ရင်ညွန့်အစပ်ဆီကို... အောက်ကိုဆက်မဆင်းပဲ ပခုံးရိုးတွေကိုပဲ သေချာရှိုက်နမ်းနေတော့ Baek Hyun စိတ်မရှည်သလို ဖြစ်လာမိသည်။
"Yeol... ငါ..."
"မင်းက အခန်းထဲရောက်တာနဲ့ ငါ့ကိုမွေ့ယာပေါ် ဆွဲချတယ်... ပြီးလည်းပြီးရော ငါ့ကိုနမ်းတော့တာပဲ။"
Baek Hyun တစ်ခုခုပြောမလို့ ပြင်လိုက်သည့် အချိန်မှာပဲ Chan Yeol ရဲ့ နှုတ်ခမ်းသားတွေက Baek hyun ၏ လျှာကို ချုပ်လိုက်ပြန်သည်။
"နောက်ကျတော့ မင်းက ငါ့ကို နာမည်ပြောင်တွေ ပေးတော့တာပဲ။"
Baek Hyun မျက်လုံးတွေ တင်းတင်းမှိတ်မိသည်။ သူအခုလောလောဆယ် အဲ့ဒါတွေ သိဖို့မလိုပါ။ သူသိဖို့လိုနေတာက...
"Chan Yeol ah. ကျေးဇူးပြူပြီး... ငါ့ကို... ငါ့ကို..."
"မတောင်းပန်နဲ့... မဟုတ်ဘူး Baekkie. မတောင်းပန်စမ်းပါနဲ့။ မင်းလိုချင်တာ ဒါလား..."
Chan Yeol ပါးစပ်တွေက Baek Hyun ၏ ရင်ဘတ်ဆီရောက်သွားတော့ Baek Hyun ထတောင် အော်မိတော့မလိုလို... Chan Yeol ၏ လျှာလှုပ်ရှားလိုက်တိုင်း Baek Hyun တွန့်တက်သွားရသည်။ အကျယ်ကြီး မအော်မိဖို့ ထိန်းချုပ်ရင်း Baek Hyun နဖူးပေါ်ချွေးတွေ စို့ကုန်ရတာတွေ့တော့ Chan Yeol က ပြုံးသည်။ ပြီးတော့ Baek Hyun ကို ရုတ်တရတ် ကောက်ချီ်ပွေ့လိုက်ပါသည်။
"Yeol... မင်း ဘာလုပ်မလို့လဲ"
"ငါလား... အိပ်ရာပေါ်ရောက်ရင် သိရမှာပေါ့။"
"မင်း... Yeol..."
"အာ... ငါ့နာမည်ကို အော်ချင်လို့လား..."
"Yah! Park Chan Yeol!"
"အဲ့ဒါတိုးသေးတယ်..."
စသလိုနောက်သလိုနဲ့ အတည်အကြည်ပြောနေတဲ့ Chan Yeol ရင်ဘတ်ကို ထုကာ Baek Hyun မျက်နှာကို ဖွက်ထားမိတော့မှ Chan Yeol က ရယ်ရင်း Baek Hyun ကို အိပ်ရာပေါ် တင်လိုက်ကာ မျက်နှာအနှံ့ကို ပြန်လည် ရှိုက်နမ်းလိုက်ပြန်ပါသည်။
~•~•~•~•~•~•~•~