ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၆၄ (၁၃-၂၆)

3.4K 436 51
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  64
Chapter.          :  13 - 26
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၆၄၊ အခန္း ၁၃။  စူပါစတား ဘုရင္ၾကီး

“…” ရုပ္ရွင္ေတြ အၾကည့္မ်ားလြန္းေနတာလား ။
ဇာတ္ညႊန္းအတုိင္း လုိက္လုပ္စမ္းပါဟဲ့ .. တကတဲ .. ။

သုိ့ေသာ္ ထိုသည္ကပင္ ခုနစ္စင္ၾကယ္ လုပ္နုိင္သည္ထဲက အေကာင္းဆံုး ၿဖစ္ေနေလရာ ..

ရီ၀မ္၀မ္မွာ ခုနစ္စင္ၾကယ္ေနာက္ကေနသာ ေရလုိက္ငါးလုိက္ လုိက္သရုပ္ေဆာင္ရံုသာ ရွိေတာ့၏ ။

“မီးလွ်ံေက်ာင္းေတာ္က ေၾကးစား ရီ၀မ္၀မ္ ။ ရွင္က
ခုနစင္စင္ၾကယ္ ဆုိမွေတာ့ က်ြန္မ လူမွန္သြားၿပီေပါ့”
ရီ၀မ္၀မ္က သူ ့ကုိ ၾကည့္ကာ ေၿပာလုိက္၏ ။

“ဘာ .. မင္းက မီးလ်ွံေက်ာင္းေတာ္က ေၾကးစားလား ။
မင္းကုိ ဘယ္သူ လႊတ္လိုက္တာလဲ .. ေၿပာစမ္း ။
မေၿပာရင္ ငါ မင္းကို သတ္ပစ္မယ္”
ခုနစ္စင္ၾကယ္မွာ ေဒါသထြက္ေနဟန္ အပီအၿပင္ ။

“…” ငါ ခုနစ္စင္ၾကယ္ရဲ့ပံုစံနဲ့ ဘယ္လုိဆက္ သရုပ္ေဆာင္ရေတာ့မွာလား .. ငါေလး တရုတ္ၿပည္တုန္းက မန္ေနဂ်ာဘ၀ေလးကုိ လြမ္းလုိက္တာေနာ္ …

“ေလေဖာေနတာေတြ ေတာ္ၿပီ”
ရီ၀မ္၀မ္ စိတ္ဓာတ္ခ်ံဳးခ်ံဳး က်မိသြားေသာ္လည္း
ဆက္ကာ အားတင္းၿပီး သရုပ္ေဆာင္လုိက္၏ ။

“လာစမ္းပါ .. ရုပ္ဆုိးမၾကီး .. မဟုတ္ေသးဘူး မွားလို့ ေခါင္းေၾကာမာတဲ့သူၾကီးလုိ့ ေၿပာတာ ။ မင္းတုိ့ မီးလ်ွံေၾကးစားေတြအကုန္လံုး ဒီလုိပဲ
ေခါင္းေၾကာမာတတ္ၾကတာလား ။ ငါ ေတာ့ မယံုဘူး ။
ငါ မင္းရဲ့အရိုးေတြကုိ ရုိက္ခ်ိဳးၿပပစ္မယ္ .. အဲ့ေတာ့မွ မင္း ဘာေၿပာဦးမလဲ ၾကည့္ရေသးတာေပါ့”
ခုနစ္စင္ၾကယ္သည္ ရီ၀မ္၀မ္အား ေဒါသတၾကီး ေၿပာလုိက္၏ ။

“…” မင္း ေသခ်င္လုိ့ .. အဲ့စကားေတြ ဘယ္သူက သင္ေပးထားတာလဲ .. ။

ခုနစ္စင္ၾကယ္ အားမာန္သြင္းကာ ေၿပးတက္လာသည္ကုိ
ရီ၀မ္၀မ္ ၿမင္လုိက္ၿပီး လက္၀ါးသိုင္း ထုတ္လုိက္၏ ။

သုိ့ေသာ္ .. သူမလက္၀ါးမွာ လမ္းတစ္၀က္သာ ေရာက္ေသးသည္ ၊ ထိုခုနွစ္စင္ၾကယ္မွာ အားခနဲ နာက်င္ၿခင္းၾကီးစြာ ေအာ္ဟစ္ကာ ေနာက္သုိ့ မီတာမ်ားစြာ လြင့္ပ်ံသြားေတာ့ၿပီး ေၿမၾကီးေပၚ ဘုန္းခနဲ ၿပဳတ္က်ကာ အသတ္ခံရေတာ့မည့္နွယ္ တုန္လႈပ္ၿပေနေလၿပီ ။

ရီ၀မ္၀မ္ ထိုတဆတ္ဆတ္တုန္ၿပေနေသာ ခုနစ္စင္ၾကယ္ကုိ ၾကည့္ၿပီး ႏႈတ္ခမ္းတုိ့ တြန့္ခ်ိတ္သြားရ၏ ။

ငါ့ဓား ဘယ္မွာလဲ ။

“ငါ မင္းကုိ ထိေတာင္ထိရေသးလုိ့လား ။
ဘာကိစၥေနာက္ၿပန္လြင့္သြားရတာလဲ ။
ငါ့မွာ စူပါပါ၀ါေတြ ေသာက္ရမ္း ရွိေနလုိ့လားဟ”

ရီ၀မ္၀မ္ ေရွ့သုိ့ တက္သြားလိုက္ၿပီး ခုနစ္စင္ၾကယ္၏ ခါးပတ္ကေန ဆြဲမေတာ့ေလၿပီ ။

“မင္းကို ေမးေနတာ .. ငါ့ဆီမွာ စူပါပါ၀ါေတြ ရွိေနလုိ့လား ..
ဟမ္ .. ငါ့ဆီမွာ သဘာ၀လြန္အစြမ္းေတြ ရွိေနလုိ့လား”

ခုနစ္စင္ၾကယ္မွာ ထိုေတာ့မွ နာက်င္ေနဟန္ လုပ္ၿပေနတာ ရပ္သြားေတာ့ၿပီး ရီ၀မ္၀မ္ကုိ ၾကည့္လာကာ တခနေလာက္ ေတြးၾကည့္လုိက္ၿပီး ေၿပာလာေတာ့၏ ။

“အစ္မ ဖန္း ကလည္း က်ြန္ေတာ္ေတာ့ ဒါ လံုး၀ မုိက္တယ္လုိ့ ထင္တာပဲ ။ က်ြန္ေတာ္ သရုပ္ေဆာင္သြားတာ ေရလည္မုိက္တယ္ .. အစ္မရဲ့ တုႏိႈင္းမမွီတဲ့ သိုင္းပညာမ်ိဳးနဲ့ဆုိ ဒီလုိ ၿဖစ္သင့္တာပဲဟာ ။ ၾကည့္ေလ .. အစ္မ ဖန္း က ထိေတာင္မထိရေသးဘူး က်ြန္ေတာ္က လြင့္ပ်ံသြားၿပီးေတာ့ ဒဏ္ရာပါ ၿပင္းၿပင္းထန္ထန္ ရလုိက္ေသး တယ္ ။ အစ္မ မီးလ်ွံေက်ာင္းကို ၿပန္သြားတဲ့အခါက်ရင္ အားလံုးက အစ္မကုိ
၀ါး ေတာ္လုိက္တာဆုိၿပီးေတာ့ ၀ုိင္းရွိခုိးခ်င္စိတ္ေတာင္ ေပါက္သြားၾကဦးမယ္”

“ေအာ္ .. ေတာ္ေတာ္ေလး ေတြးေပးထားတာပဲကိုး”

ရီ၀မ္၀မ္က အၿပံဳးေလးနဲ့ ေၿပာလုိက္ေတာ့ ..
ခုနစ္စင္ၾကယ္မွာ ခ်က္ခ်င္း ေခါင္းညိတ္လာ၏ ။

“ေတြးေပးရတာေပါ့ ၊ အစ္မ ဖန္း က က်ြန္ေတာ့္အေၾကာင္းကုိ နားအလည္ဆံုးပဲ ။ က်ြန္ေတာ့္သရုပ္ေဆာင္စေကးက တၿခားသူေတြနဲ့ မတူဘဲ လံုး၀ကုိ လန္ပ်ံထြက္ေနရမယ္ေလ ။ က်ြန္ေတာ္သာ သရုပ္ေဆာင္ သြားလုပ္လို့ရွိရင္ တစ္ခါတည္း စူပါစတားၾကီးေတာင္မွ ၿဖစ္လာဦးမွာေနာ္”

“မင္း ငါသတ္တာ ခံခ်င္ေနတာလား”
ရီ၀မ္၀မ္ အံၾကိတ္ေလၿပီ ။

သူမသည္ လူတစ္ေယာက္ေၾကာင့္ အခုေလာက္ထိ စိတ္ဓာတ္ခ်ံဳးခ်ံဳးက်ရတာမ်ိဳး တစ္ခါပင္ မရွိခဲ့ဖူးပါေခ် ။ ခုနစ္စင္ၾကယ္လုိ လူမ်ိဳး ဒီကမ႓ာေပၚမွာ ရွိေရာ ရွိပါဦးမလား ။

“ဒါဆိုရင္လည္း အစ္မ ဖန္း ပဲ ေၿပာၿပေတာ့ .. က်ြန္ေတာ္ ဘယ္လုိ သရုပ္ေဆာင္ရမွာလဲ ။ က်ြန္ေတာ့္သရုပ္ေဆာင္ စေကးက လံုး၀ လန္းေနၿပီဟာကုိ .. အစ္မ ဖန္း ကုိက အရမ္းၿမင့္ၿမင့္ၾကီး မွန္းလြန္းေနတာ ။ အစ္မ ဖန္း စူပါစတား တစ္ေယာက္ကုိ ေခၚထားရင္ေတာင္မွ သူတုိ့ က်ြန္ေတာ့္လုိ သရုပ္ေဆာင္ၿပနုိင္မယ္မ်ား ထင္လား .. အစ္မ ဖန္း .. အာ .. အစ္မ ပံုက ဘာလုိ့ ငိုခ်ေတာ့မလုိမ်ိဳး ေပါက္ေနရတာလဲ”

ခုနစ္စင္ၾကယ္သည္ သြား ၃၆ ေၿခာက္လံုး ေပၚေအာင္ကုိ ၿပံဳးၿဖီးေနေလသည္ ။

ရီ၀မ္၀မ္ ။ “…” မင္း …

“ဒီဇာတ္ညႊန္းတုိင္းပဲ လုပ္ ။ စာေၾကာင္းေတြကုိ အလြတ္က်က္ထား”

ရီ၀မ္၀မ္ အလြန္အမင္း စိတ္ပ်က္စြာၿဖင့္ ခုနစ္စင္ၾကယ္အား စာရြက္တစ္ရြက္ လွမ္းပစ္ေပးလုိက္ေတာ့၏ ။

အနားတြင္ ၾကယ္ခုနစ္သည္လည္း
ခုနစ္စင္ၾကယ္ကုိ ၾကည့္ၿပီး သက္ၿပင္းတခ်ခ် ။
သူ တည္ၿငိမ္စြာ ေလ်ွာက္သြားလုိက္ၿပီး
ရီ၀မ္၀မ္ကုိ ေၿပာလုိက္၏ ။

“အဲ့လုိက အလုပ္မၿဖစ္ဘူး ဆုိေတာ့ ..
အစ္မ ဖန္း က်ြန္ေတာ္ အရင္ စလုိက္ရင္ေရာ”

ရီ၀မ္၀မ္ကုိ မဆုိနွင့္ ၊
ထိုခုနစ္စင္ၾကယ္၏ အလြန္အက်ဴး ပုိၿပလြန္းေနေသာ
သရုပ္ေဆာင္ၿခင္း အနုပညာကုိ ၾကယ္ခုနစ္သည္ပင္
သည္းခံနုိင္ၿခင္း မရွိေတ့ာေလၿပီ ။

……………………………………………………………………..........

စာစဥ္ ၆၄၊ အခန္း ၁၄။  င့ါဓား ဘယ္မွာလဲ

ရီ၀မ္၀မ္ ၾကယ္ခုနစ္၏ အၾကံဥာဏ္ကုိ သေဘာတူစြာ ေခါင္းညိတ္လိုက္၏ ။
ဘာပဲေၿပာေၿပာ ဘာမွလည္း လုပ္မရေတာ့တာေၾကာင့္
ၾကယ္ခုနစ္နွင့္ အရင္ သရုပ္ေဆာင္လိုက္လည္း
ၿဖစ္ေခ်သည္ ။

“မင္းအတြက္လည္း ဇာတ္ညႊန္းေရးထားတယ္”
ရီ၀မ္၀မ္ သူ ့ကုိ ေၿပာလုိက္သည္ ။

“ဇာတ္ညႊန္းမလုိပါဘူး ၊ ဒီသရုပ္ေဆာင္တာေလာက္ေလးက
သိပ္လည္း ခက္တာမွ မဟုတ္တာ”
ၾကယ္ခုနစ္က တည္ၿငိမ္စြာပင္ ၿပန္ေၿဖသည္ ။

“ခုနစ္ၾကီး .. အစ္မ ဖန္း က ငါ့ကိုေတာင္ စိတ္တုိင္းမက်တဲ့ဟာ .. မင္းဆုိ ပုိဆုိးမွာေပါ့ ။ မင္း အေအာ္ခံရမွာ ေစာင့္ၾကည့္ေန ။ ဇာတ္ညႊန္းမလိုဘူးေလး ဘာေလးနဲ့ ေလက်ယ္ခ်က္”
ခုနစ္စင္ၾကယ္က ႏႈတ္ခမ္းဆူကာ ဆုိလာသည္ ။

ရီ၀မ္၀မ္သည္ ခုနစ္စင္ၾကယ္နွင့္ ဟန္ေရးၿပထားသည့္ အေစာနက ဗြီဒီယုိကုိ ဖ်က္ပစ္လုိက္ၿပီး အသစ္ၿပန္ရုိက္ကူးလုိက္သည္ ။ ၾကယ္ခုနစ္သည္ ခုနစ္စင္ၾကယ္ထက္ ပုိစိတ္ခ်ရသူ ၿဖစ္တာေၾကာင့္
သူမ နည္းနည္းေတာ့ ပိုစိတ္ေအးမိပါ၏ ။ ထုိသည္ကလည္း တကယ့္မၿငင္းနိုင္စရာ အမွန္တရားပင္ မဟုတ္ေလာ ။

“ဒါဆုိ .. ရွင္က ဖိန့္ဖိန့္တုန္ဂုိဏ္းက ၾကယ္ခုနစ္ ေပါ့”
ရီ၀မ္၀မ္သည္ ၾကယ္ခုနစ္ကုိ ၾကည့္ကာ အမူအရာကင္းမဲ့စြာ ေၿပာလုိက္ေတာ့ ၾကယ္ခုနစ္က လွည့္ၾကည့္လာကာ
ရီ၀မ္၀မ္ကုိ ခပ္တည္တည္ၿဖင့္ ေလ့လာေနသည္ ။

“မင္း ငါ့ကို လာရွာတာက ရန္လုပ္ဖုိ့လား ၊ ဒါမွမဟုတ္ အကူူူအညီေတာင္းစရာ ရွိလုိ့လား ေမးပါရေစ”
ၾကယ္ခုနစ္က ရီ၀မ္၀မ္ကို ရႈတည္တည္ၿဖင့္ ေၿပာလုိက္၏ ။

“ရန္လုပ္ဖုိ့လည္း မဟုတ္ဘူး အကူအညီေတာင္းဖို့လည္း
မဟုတ္ဘူး ။ ကိစၥတစ္ခုေၾကာင့္”  ရီ၀မ္၀မ္ ၿပန္ေၿဖလုိက္၏ ။

“၀တ္စားထားပံုကို ၾကည့္ရတာ မင္းက
မီးလ်ွံေက်ာင္းေတာ္က ေၾကးစားပဲ ၿဖစ္ရမယ္”
ၾကယ္ခုနစ္က ဂရုမစုိက္စြာၿဖင့္ ၿပံဳးလာသည္ ။
“လြတ္လပ္ေသာနယ္ေၿမက မဟာေက်ာင္းေတာ္ၾကီး
သံုးေက်ာင္းက လူေတြ အရင္ကလည္း ငါ့ကုိ လာရွာဖူးတယ္ ။ ဒါေပမယ့္ သူတုိ့ေတြသာ ေသသြားၿပီး ငါကေတာ့ အခုထိ အသက္ရွင္ေနေသးတုန္းပဲ ။ မင္း ဆက္ခ်င္ေသးလား”

“စကားေၿပာေနတာေတြ ေတာ္ေလာက္ၿပီ ။ က်ြန္မရဲ့မစ္ရွင္က
ရွင့္ကုိ အနုိင္ရေအာင္ တုိက္ဖုိ့ပဲ”  ရီ၀မ္၀မ္ ရႈံ ့မဲ့လုိက္၏ ။

သုိ့ေသာ္ ရီ၀မ္၀မ္၏ စကားအဆံုးတြင္ ၾကယ္ခုနစ္မွာ ေနရာကေန ေပ်ာက္သြားေလၿပီ ။ သူသည္ အေရွ့ကို ေၿခတစ္လွမ္း တုိးလုိက္ၿပီး ခ်က္ခ်င္း ရီ၀မ္၀မ္ေရွ့တြင္ ေပၚလာကာ စကားတစ္ခြန္း မဆိုဘဲ သူမဆီကုိ လက္သီးပစ္သြင္းလုိက္ေလၿပီ ။

ရီ၀မ္၀မ္ အံ့ၿသသြား၏ ။

ဒီေကာင္ေလးရဲ့ သရုပ္ေဆာင္စေကးက ဘယ္ဆုိးလုိ့လဲ …

ရီ၀မ္၀မ္လည္း ခ်က္ခ်င္းပင္ ေဘးကုိ ေရွာင္တိမ္းပစ္လုိက္ၿပီး ညာလက္ခ်င္း ညာလက္ခ်င္း ထိတုိက္မိသြားၾက၏ ။

“၀ုန္း .. ေဖာင္း ..”  ခုနစ္စင္ၾကယ္၏ပါးစပ္ကေန ထြက္လာသည့္ ထူးထူးဆန္းဆန္း အသံတုိ့တည္း ။

ရီ၀မ္၀မ္ ။  “…”

ၾကယ္ခုနစ္ ။  “…”

ရီ၀မ္၀မ္၏လက္ထဲတြင္ ဓားတစ္ေခ်ာင္းသာ ရွိေနမိရင္ သူမ ခုနစ္စင္ၾကယ္ကုိ ခုတ္သတ္ပစ္ၿပီးေနေလာက္ေပၿပီ ။

ရီ၀မ္၀မ္ နွင့္ ၾကယ္ခုနစ္တုိ့ ခုနစ္စင္ၾကယ္၏ ၀င္ရႈပ္ေနၿခင္းကို လ်စ္လ်ဴရႈထားၿပီး ဆက္ကာ တုိက္ခုိက္လုိက္သည္ ။

“ေဖာင္း ေဖာင္း .. ၀ုန္း ၀ုန္း ၀ုန္း .. ကေညာင္”

သုိ့ေသာ္ ခုနစ္စင္ၾကယ္၏အသံမွာ တုိးလုိ့ပင္ က်ယ္ေလာင္လာၿပီး ပိုလ့ိုပင္ ထူးဆန္းလာေလၿပီ ။

“မင္း ငါ့ကုိ ရွင္းၿပခ်က္ ေကာင္းေကာင္း ေပးစမ္း ၊ မဟုတ္လုိ့ကေတာ့
ငါ မင္းကို မသတ္ရရင္ ငါ အစ္မဖန္း မဟုတ္ေတာ့ဘူး”

ရီ၀မ္၀မ္ သရုပ္ေဆာင္ေနရာကေန ထြက္လုိက္ေတာ့ၿပီး ခုနစ္စင္ၾကယ္ကုိ နားကေန လိမ္ဆြဲပစ္လုိက္ေတာ့၏ ။

“မင္း ဘာေၿပာဦးမလဲ ငါလည္း သိခ်င္တယ္”

ၾကယ္ခုနစ္သည္ အထင္မွားခံေနရေလဟန္
ဆူပုတ္ေနေသာ ထိုခုနစ္စင္ၾကယ္ကုိ ၾကည့္ကာ
ထပ္ေၿပာလုိက္သည္ ။

“က်ြန္ေတာ္က .. က်ြန္ေတာ္က အစ္မတုိ့အတြက္ အသံ အားၿဖည့္ေပးတာေလ .. ၿပသနာရွိလုိ့လား ။
အစ္မတုိ့ တုိက္ေနတာက ပ်င္းစရာေကာင္းေနတာကိုး ။
အစ္မတုိ့ လက္သီးနွစ္ခု ထိပ္တုိက္ထိတဲ့အခ်ိန္မွာ တိတ္ဆိတ္ေနတာကုိလည္း ၾကည့္ဦး ။
၀ုန္း .. ေဖာင္း .. ကေညာင္ အသံေတြ ပါလုိက္ေတာ့ ပုိၿပီး မစုိၿပည္သြားဘူးလား …”
ခုနစ္စင္ၾကယ္က အၿမန္ရွင္းၿပလာသည္ ။

“မင္းမွာ ဓား ပါလာလား”
ရီ၀မ္၀မ္ ၾကယ္ခုနစ္ကုိ ၾကည့္လုိက္သည္ ။

“မပါလာဘူး”  ၾကယ္ခုနစ္က ေခါင္းခါလာသည္ ။
“ဒါေပမယ့္ .. က်ြန္ေတာ္ သြားယူေပးလုိ့ ရတယ္”

“မယူနဲ ့ … အင္းပါ အင္းပါ .. က်ြန္ေတာ္ ဘာမွ မေၿပာေတာ့ဘူး ရၿပီလား” ခုနစ္စင္ၾကယ္က အၿမန္ေၿပာလာသည္ ။

“ငါတုိ့လုပ္ေနတာကုိ ထပ္ရႈပ္လုိ့ကေတာ့ ငါနဲ့ ၾကယ္ခုနစ္
မင္းကို မေသမရွင္ ၿဖစ္သြားေအာင္ ရုိက္သတ္ပစ္မယ္မွတ္ ။ နားလည္လား”

ရီ၀မ္၀မ္က ေဒါသတလိပ္လိပ္ ထြက္ေနကာ အံကုိ ၾကိတ္ၿပီး ေၿပာလုိက္၏ ။

“နားလည္ပါၿပီ ၊ နားလည္ပါၿပီ .. ေဘးမွာ ၿငိမ္ၿငိမ္ေလးပဲ
ေနေပးမယ္ ၊ တစ္လက္မေလးေတာင္ မေရႊ ့ဘူး စိတ္ခ်” ခုနစ္စင္ၾကယ္က ရင္ဘတ္ကုိ တဘုန္းဘုန္း ထုၿပကာ
ကတိခံလာသည္ ။

ဒီတစ္ၾကိမ္တြင္ ခုနစ္စင္ၾကယ္ သင္ခန္းစာ ရသြားေလၿပီ ။ ၀င္ရႈပ္လာၿခင္း မရွိေတာ့ေပ ။ သူသည္ အသက္ပင္ ရဲရဲ မရွဴ၀ံ့ေတာ့ဘဲ ေဘးနားမွာသာ ၿငိမ္ၿငိမ္သက္သက္ေလး ထုိင္ၾကည့္ေနေလသည္ ။

နာရီ၀က္အၾကာတြင္ ရီ၀မ္၀မ္နွင့္ ၾကယ္ခုနစ္၏ သရုပ္ေဆာင္ခန္းမွာ ၿပီးဆံုးလာခဲ့၏ ။

…………………………………………………………………............

စာစဥ္ ၆၄၊ အခန္း ၁၅။  ဒီအန္ေအ စစ္ခ်က္ အေၿဖ

“အရမ္းေကာင္းတယ္”

ရီ၀မ္၀မ္သည္ ေၿမၾကီးေပၚ လဲေနသည့္ ၾကယ္ခုနစ္ကုိ ၾကည့္ကာ နွစ္ေထာင္းအားရ ၿဖစ္ေနသည္ ။

ၾကယ္ခုနစ္၏ သရုပ္ေဆာင္သြားပံုမွာ အမွန္တကယ္ပင္ စိတ္ေက်နပ္ဖြယ္ အတိ ၿဖစ္၏ ။ ကုန္ရႊီ ကုိ မဆိုနွင့္
လ်ိဳခ်န္းထက္ပင္ သာလြန္ေခ်ေသးသည္ ။

ပုိလုိ့ ေၾကာက္စရာေကာင္းသည္က အခုသည္ ၾကယ္ခုနစ္၏ ပထမဆံုးအၾကိမ္ သရုပ္ေဆာင္ၿခင္း ၿဖစ္ေနတာပင္ ။

“အစ္မ ဖန္း စိတ္တုိင္းက်ရင္ ၿပီးတာပါပဲ”
ၾကယ္ခုနစ္က ေခါင္းတညိတ္ညိတ္ၿဖင့္ ေၿပာလာ၏ ။

ရီ၀မ္၀မ္သည္ ေတြးဆဆၿဖင့္ သူ ့ကို စုိက္ၾကည့္ေနသည္ ။
သူသည္ အလြန္တရာ ရုပ္ေခ်ာသည္ ။ အေတာ္ေလး
ငယ္ရြယ္သည္ ။ သရုပ္ေဆာင္က ေကာင္းသည္ ။ သုိင္းပညာသည္လည္း လံုး၀ အထင္ၾကီးစရာ ၿဖစ္ၿပန္သည္ ။

ၾကယ္ခုနစ္ကုိသာ တရုတ္ၿပည္ကုိ ေခၚသြားၿပီး အနုပညာေလာကထဲ သြင္းကာ ၾကပ္ၾကပ္မတ္မတ္ သင္ၾကားေပးလုိက္လုိ့ကေတာ့ …

သူသည္ ေငြပေဒသာပင္ၾကီး ၿဖစ္လာမည္မွာ က်ိန္းေသ၏ ။

တကယ္လုိ့ သူမသာ ၾကယ္ခုနစ္ကုိ ေသေသခ်ာခ်ာ ၿပဳစုပ်ိဳးေထာင္ေပးမည္ဆုိလ်ွင္ သူသည္ နုိင္ငံေက်ာ္ စူပါစတားၾကီးတစ္ေယာက္ပင္ ၿဖစ္လာမွာ ေသခ်ာ၏ ။

“ၾကယ္ခုနစ္ .. ဒါ တကယ္ပဲ မင္းရဲ့ ပထမဆံုး သရုပ္ေဆာင္ဖူးတာလား”
ရီ၀မ္၀မ္က မယံုသကၤာစြာၿဖင့္ သူ ့ကို ေမးလုိက္သည္ ။

“ဟုတ္ကဲ့” ၾကယ္ခုနစ္က ၿပန္ေၿဖသည္ ။
“ဒီမွာ သရုပ္ေဆာင္လုပ္စားလုိ့ ရတဲ့ေနရာမွ မရွိတာ”

ရီ၀မ္၀မ္ တစ္ခုခုကို ေၿပာဖုိ့ ရြယ္လုိက္တုန္း ခုနစ္စင္ၾကယ္က စိတ္ထက္သန္စြာၿဖင့္ သူတုိ့ဆီ ေၿပးလာကာ ေၿပာလာၿပန္သည္ ။

“အစ္မ ဖန္း ကလည္းဗ်ာ .. ဒီေကာင္ သရုပ္ေဆာင္သြားတာ ဘာမ်ား ခ်ီးက်ဴးစရာ ရွိလု့ိလဲ ။ အစ္မသာ ခုိင္းရင္ က်ြန္ေတာ္လည္း သရုုပ္ေဆာင္နုိင္သားပဲ”

ရီ၀မ္၀မ္ ခုနစ္စင္ၾကယ္ကုိ ၾကည့္လုိက္၏ ။
သူမ ကုိယ့္ကုိယ္ကုိ မနည္းစိတ္ထိန္းလိုက္ကာ
သူနွင့္ ဆက္ရုိက္လုိက္ရ၏ ။

ဒီတစ္ၾကိမ္ ခုနစ္စင္ၾကယ္၏ သရုပ္ေဆာင္သြားပံုမွာ
အေစာကထက္ ပုိေကာင္းလာပါ၏ ။
ရီ၀မ္၀မ္ ထပ္ရုိက္ေနစရာ မလုိေတာ့ဘဲ ဗြီဒီယုိကုိ နည္းနည္းေလာက္တည္းၿဖတ္လုိက္ရင္ၿဖင့္ ဘာၿပသနာမွ မရွိနုိင္ေတာ့ေပ ။

ဗြီဒီယုိ ရုိက္ၿပီးသည့္အခ်ိန္
ဖိန့္ဖိန့္တုန္ဂုိဏ္းသားတစ္ေယာက္က ေၿပးခ်လာသည္ ။

“ဂုိဏ္းခ်ဳပ္”

ဖိန့္ဖိန့္တုန္ဂုိဏ္းသားက ရီ၀မ္၀မ္ကုိ မ်က္နွာခ်ိဳေသြးစြာ ၾကည့္လာၿပီး သတိၾကီးစြာ ဆုိလာသည္ ။

“ဂုိဏ္းခ်ဳပ္ … ပထမအၾကီးအကဲက ဂုိဏ္းခ်ဳပ္
ေၿပာထားတဲ့အေၿဖ သိရၿပီလုိ့ ေၿပာခုိင္းလိုက္လုိ့ပါ ။
ဂုိဏ္းခ်ဳပ္ကုိ အခုခ်က္ခ်င္း ၿပန္လာၾကည့္ေပးပါတဲ့”

“အေၿဖက ဘာတဲ့လဲ”  ရီ၀မ္၀မ္က သိလုိစြာ ေမးလုိက္သည္ ။

“အဲ .. ဒီငယ္သား မသိပါဘူး ။ ပထမအၾကီးအကဲက က်ြန္ေတာ့္ကုိ မေၿပာၿပလုိက္ပါဘူး” ထုိဖိန့္ဖိန့္တုန္ဂုိဏ္းသားက ၿပန္ေၿဖလာသည္ ။

“သြားရေအာင္ .. အခုပဲ ၿပန္ၾကမယ္”
ရီ၀မ္၀မ္သည္ ၾကယ္ခုနစ္ နွင့္ ခုနစ္စင္ၾကယ္ကို ေၿပာလုိက္၏ ။

မၾကာခင္ ၊ ရီ၀မ္၀မ္သည္ ဖိန့္ဖိန့္တုန္ဂုိဏ္းဘက္သုိ့ လွည့္သြားသည္ ။

ပထမအၾကီးအကဲသည္ လက္ထဲတြင္ စာရြက္တစ္ရြက္ကုိ ကိုင္ထားၿပီး ရံုးခန္းထဲကုိ ၀င္လာကာ ရီ၀မ္၀မ္၏စားပြဲေရွ့တြင္ ရပ္လုိက္ေလၿပီ ။

“စစ္ၾကည့္တာ အေၿဖက ဘာတဲ့လဲ”
ရီ၀မ္၀မ္က ပထမအၾကီးအကဲကုိ ေမးၾကည့္လုိက္၏ ။

တကယ္ေတာ့ စစ္ၾကည့္ခုိင္းခဲ့သူမွာ သူမကုိယ္တုိင္ ၿဖစ္ေသာ္လည္း မၿဖစ္္နုိင္ေခ်ေတြကလည္း မ်ားလြန္းတာေၾကာင့္ သူမကုိယ္သူမ စုိးရိမ္ၿခင္းကင္းေသာနန္ ၿဖစ္နုိင္သည္ဟု သိပ္မမွန္းထားပါေခ် ။

“အေၿဖက ထြက္လာပါၿပီ ဂုိဏ္းခ်ဳပ္ ။
ကုိယ္တုိင္ ၾကည့္ၾကည့္လုိက္ပါ”

ပထမအၾကီးအကဲက ရီ၀မ္၀မ္ကုိ ၿပံဳးကာ ၾကည့္ရင္း
ထုိစာရြက္ကို စားပြဲေပၚ ဖြဖြေလး တင္ေပးလုိက္သည္ ။

ရီ၀မ္၀မ္ ။  “…” အရင္တစ္ေခါက္တုန္းက ငါ နားမလည္ပါဘူးလုိ့ မေၿပာခဲ့ဘူးလား ။

“မဖတ္တတ္ဘူး ၊ အေၿဖကုိသာ တန္းေၿပာ”
ရီ၀မ္၀မ္ တည့္တုိးသာ ေၿပာလုိက္ရေတာ့သည္ ။

“ဂုိဏ္းခ်ဳပ္ … ေနာက္ဆံုးအေၿဖအတုိင္းဆုိ ဒီအန္ေအ
စစ္တာ ၉၉ ရာခုိင္ႏႈန္း ကုိက္ညီမႈရွိပါတယ္” 
ပထမအၾကီးအကဲက တိတ္တိတ္ေလး ေၿပာလုိက္၏ ။

ရီ၀မ္၀မ္ အံ့ၿသသြား၏ ။

ဒီအန္ေအ စစ္တာ ၉၉ ရာခုိင္နႈန္း ကုိက္ညီမႈ ရွိတယ္ .. ပထမအၾကီးအကဲ ေၿပာေနတာက …

“သိပၸံနည္းက်အရ ေၿပာရမယ္ဆုိရင္ ေသြးသားေတာ္စပ္မႈ ရွိတာပါ”
ပထမအၾကီးအကဲက ထပ္ၿဖည့္ေၿပာသည္ ။

ၿဗဳန္းခနဲ ဆိုသလုိ
ရီ၀မ္၀မ္၏ေခါင္းထဲ မီးေတာင္ၾကီး ေပါက္ကြဲသြားသလုိ
ခံစားလုိက္ရၿပီး သူမ၏စိတ္တုိ့ ဗလာဟင္းက်င္းသြား၏ ။

ဒီတစ္ေခါက္ သတင္းသည္ကား အလြန္တရာ ၾကီးမားလြန္းေလသည္ ။

ယခုစုိးရိမ္ၿခင္းကင္းေသာနန္က အေယာင္ေဆာင္ၿဖစ္သည္ ဆုိေသာ အရင္တစ္ေခါက္က ရလဒ္ထက္ပင္ ပိုလ့ို ေရွာ့ရစရာ ေကာင္းလွသည္မို့ ရီ၀မ္၀မ္ကုိယ္တုိင္ပင္ လက္ခံနုိင္စြမ္း မရွိေတာ့ပါေခ် ။

ရီ၀မ္၀မ္ ေၾကာင္အမ္းေနတာေၾကာင့္
ပထမအၾကီးအကဲမွာ မ်က္ခံုးတုိ့ တြန္ ့ခ်ိဳးလာၿပီး
သူမကုိ စိတ္ပူစြာ ၾကည့္လာသည္ ။

“ဂုိဏ္းခ်ဳပ္ … အဆင္ေၿပရဲ့လား”

……………………………………………………………………...........

စာစဥ္ ၆၄၊ အခန္း ၁၆။  ငါက တကယ္ပဲ စုိးရိမ္ၿခင္းကင္းေသာနန္ လား

ရီ၀မ္၀မ္ ေပးလာခဲ့သည့္ နမူနာေၾကာင့္လား ဘာေၾကာင့္လဲ ဆုိတာကုိေတာ့ ပထမအၾကီးအကဲ မသိပါေခ် ။

သုိ့ေသာ္ … ရီ၀မ္၀မ္၏တံု ့ၿပန္မႈအရ
ထုိဆံပင္နမူနာတုိ့၏ ပိုင္ရွင္မွာ ရီ၀မ္၀မ္နဲ့ ေလးေလးနက္နက္ ပတ္သက္ေနတာမွန္းကုိ ပထမအၾကီးအကဲ ခန့္မွန္းမိပါ၏ ။

“အာ … ရတယ္ ဘာမွ မၿဖစ္ဘူး”

ရီ၀မ္၀မ္ လြင့္ပ့်ံသြားသည့္ စိတ္တုိ့ကုိ ၿပန္စုစည္းလုိက္ၿပီး ပထမအၾကီးအကဲကို ခပ္ယဲ့ယဲ့ေလး ၿပံဳးၿပလုိက္မိ၏ ။

“ေကာင္းၿပီ ၊ သိၿပီ ။ အၾကီးအကဲလည္း ဒီနွစ္ရက္အတြင္း အရမ္းပင္ပန္းသြားၿပီ .. အခု ၿပန္သြားၿပီး နားလိုက္ပါေတာ့”

“ဂုိဏ္းခ်ဳပ္ ၿပသနာရွိေနရင္ က်ြန္ေတာ္တုိ့ကုိ ထိန္ခ်န္မထားနဲ့ေနာ္”

ပထမအၾကီးအကဲသည္ ထိုဒီအန္ေအ အေၿဖက တစ္ခုခုအၾကီးၾကီးၿဖစ္ေနမွန္းကို အာရံုရမိေနသၿဖင့္
ထုိသုိ့ ေၿပာၿပီးမွ ရံုးခန္းထဲကေန ထြက္သြားလိုက္၏ ။

ပထမအၾကီးအကဲ ထြက္သြားၿပီးေနာက္
ရီ၀မ္၀မ္ စိတ္လြတ္ကိုယ္လြတ္ တုန္လႈပ္မိလုိက္ၿပီး
သူမမ်က္နွာမွာလည္း ၿဖဴေလ်ာ္လာေတာ့သည္ ။

ထိုနမူနာတြင္ သံုးသြားသည့္ ဆံပင္မွာ သူမ၏ဆံပင္ ၿဖစ္ၿပီး သူမကိုယ္တုိင္ ပထမအၾကီးအကဲ ကုိ ေပးထားခဲ့ၿခင္း
ၿဖစ္တာေၾကာင့္ မွားစရာအေၾကာင္း ဘာမွ မရွိပါေခ် …

တၿခားစကားၿဖင့္ ေၿပာရလ်ွင္ ထိုနမူနာတုိ့သည္
သူမနွင့္ တန္တန္၏ ဆံပင္နမူနာတုိ့ ၿဖစ္ၾကၿပီး … ထိုစစ္ေဆးခ်က္အေၿဖတြင္ အမွားတစ္ခုမွ မရွိေနေပ ။

“ငါ .. ငါက တန္တန္ရဲ့အေမအရင္းလား”
ရီ၀မ္၀မ္ အံ့အားသင့္သြားၿပီး မယံုၾကည္နုိင္ ၿဖစ္မိသြား၏ ။

သူမသည္ တန္တန္၏အေမ ၿဖစ္ေနရံုသာမက
သခင္မၾကီး နန္ ၏ သမီး နွင့္ အမည္မရွိေသာနန္၏ ညီမေလးအရင္းေခါက္ေခါက္ပါ ၿဖစ္ေနသည္ေပါ့ ။

“ဘယ္လုိလုပ္ .. ဘယ္လုိလုပ္ ၿဖစ္နုိင္မွာလဲ”

ရီ၀မ္၀မ္ လက္ခံနုိင္ဖို့ ခဲယဥ္းစြာနဲ့ တစ္ကုိယ္ၾကား ေရရြတ္ေနမိသည္ ။

သို့ဆုိလ်ွင္ ထိုေၾကးစား ေၿပာသြားသည္မွာ အမွန္တရား
ၿဖစ္ၿပီး အလိမ္အညာမပါေတာ့ေလၿပီ … တရုတ္ၿပည္တြင္
သူတုိ့ လုုပ္ၾကံခဲ့သည့္သူမွာ တကယ္ပင္
စုိးရိမ္ၿခင္းကင္းေသာနန္ .. သူ မ ။

ရီ၀မ္၀မ္ ေခါင္းကေန ေၿခမထိတုိင္ အံ့ၿသတုန္လႈပ္ေနမိ၏ ။

သူမသည္ မီးလ်ွံေက်ာင္းေတာ္ကို ေရာက္သြားခဲ့ရၿပီး
လီရွင္းနွင့္ ေတြ ့ဆံုခဲ့ရသည္ ၊ လီရွင္း၏ အစ္ကုိၾကီးအေၾကာင္း သိလာခဲ့ရသည္ ၊ ထုိ့ေနာက္ သူမ နွင့္ တန္တန္၏ ဒီအန္ေအကုိ စစ္ၾကည့္ခဲ့သည္ … ဒီအန္ေအသာ မစစ္ၾကည့္မိခဲ့ပါလ်ွင္ ထိုမ်ွထိ တုိက္ဆုိင္မႈေတြ ရွိလာတာေတာင္မွ သူမသည္ နွစ္ေပါင္းမ်ားစြာ ေပ်ာက္ကြယ္ေနခဲ့သည့္ နန္ မိသားစု၏ ဒုတိယသခင္မေလး စိုးရိမ္ၿခင္းကင္းေသာနန္ ၿဖစ္ေနေၾကာင္းကို သိခဲ့မိမည္ မဟုတ္ပါေခ် ။

ရီ၀မ္၀မ္ အေတြးေပါင္း ေထာင္ေပါင္းမ်ားစြာ တရိပ္ရိပ္ ေၿပးေနမိရင္း ေခါင္းတစ္ေခါင္းလံုး အံုထိုးလာသည္ ။

သူမက တကယ္ပဲ စုိးရိမ္ၿခင္းကင္းေသာနန္ ဆုိရင္
တန္တန္ရဲ့အေဖက ဘယ္သူလဲ ။

သူမသည္ လြတ္လပ္ေသာနယ္ေၿမမွာ စိုးရိမ္ၿခင္းကင္းေသာနန္အၿဖစ္ ရွိေနခဲ့တုန္းကတည္းက စီရီဟန္ကို သိခဲ့တာလား ။ တကယ္လုိ့ သိခဲ့တာဆုိရင္ စီရီဟန္သည္ တန္တန္ရဲ့အေဖ ၿဖစ္ေနနုိင္မလား ။

သုိ့ေသာ္လည္း တကယ္လုိ့ သူမသာ စီရီဟန္နဲ့
ကေလးတစ္ေယာက္ ရထားၿခင္းဆုိရင္
စီရီဟန္က အဘယ္ေၾကာင့္ လံုး၀ မသိဘဲ ေနသနည္း ။

စီရီဟန္သည္ တန္တန္ ့ၿဖစ္တည္မႈအေၾကာင္းကို
မသိေနသည္မွာ က်ိန္းေသ၏ …

သုိ့ဆိုလ်ွင္ သူမသည္ တန္တန့္ကို စီရီဟန္နဲ့ ရထားတာ မဟုတ္ဘူးဆုိရင္ ဘယ္သူနဲ့ ရထားသည္နည္း ။
သူမရဲ့ ခင္ပြန္းေလာင္း ဂ်ိရႈိ ့ရန္ နဲ့လား ။

မၾကာခင္ ထိုအခ်က္ကို ပယ္ခ်လုိက္၏ ။ သူမသည္
ဂ်ိရိႈ ့ရန္နဲ့သာ ရထားၿခင္းဆုိရင္ ဂ်ိရိႈ ့ရန္သည္ တန္တန္ကို အသိအမွတ္မၿပဳဘဲ ေနစရာအေၾကာင္း မရွိေပ ။ တကယ္လုိ့
သူ ့ဘက္က အသိအမွတ္မၿပဳခ်င္လို့ ဆုိရင္ေတာင္
ဂ်ိ မိသားစု ကေတာ့ သူတုိ့ေၿမးေလးကို အသိအမွတ္မၿပဳဘဲ ေနပါမတဲ့လား .. ။

ထုိ့ၿပင္ အမည္မရွိေသာနန္သည္လည္း တစ္ခုေၿပာခဲ့ဖူး၏ ။
သူ ့ညီမ စုိးရိမ္ၿခင္းကင္းေသာနန္သည္ ေတြ ့ကရာလူနဲ့ ညားၿပီး တန္တန္ကို ရလာခဲ့ၿခင္းဟု ေၿပာခဲ့ဖူးသည္ ။
ထုိ့ေၾကာင့္ ထုိေတြ ့ကရာလူမွာ ဂ်ိရိႈ ့ရန္ မၿဖစ္နုိင္ပါေခ် …

“ေတြ ့ကရာလူ …”
ရီ၀မ္၀မ္ တစ္ကုိယ္ၾကား ေရရြတ္လုိက္သည္ ။

သူတုိ့ေၿပာတဲ့ ေတြ ့ကရာလူဆိုတာက ဘယ္သူလဲ… ။

ထုိေတြ ့ကရာလူမွာ စီရီဟန္ ၿဖစ္နုိင္သည္ဟု
ရီ၀မ္၀မ္ ခံစားမိေနေသာ္လည္း အခုခ်ိန္တြင္
စီရီဟန္နွင့္ အပတ္သက္ၾကီး ပတ္သက္ေနသူ အရွင္နတ္ဆုိးက
သူ စီရီဟန္ ၿဖစ္ေၾကာင္းကုိ ၀န္မခံေသးပါေခ် ။ အရွင္နတ္ဆိုးသည္ အခ်စ္နတ္သက္ေၾကြအဆိပ္ကို မိေနတာေတာင္မွ ေအးေအးလူလူသာ ရွိေနေသးေလသည္ ။

အခုခ်ိန္တြင္ လမ္းစအားလံုးက စီရီဟန္ကုိသာ ညႊန္ၿပေန၏ ။ အရွင္နတ္ဆိုးသာ သူ စီရီဟန္ ၿဖစ္ေၾကာင္းကို ၀န္ခံလုိက္တာနဲ့ ေမးခြန္းအားလံုးက ေၿဖၿပီးသား ၿဖစ္သြားေပမည္ ။

သူမသည္ ဘာကုိမွ အမွတ္မရတာေၾကာင့္
မီးလ်ွံေက်ာင္းအုပ္ သူမကုိ ကူညီေပးလာတာက
အေကာင္းဆံုး ၿဖစ္ေပလိမ့္မည္ ။ မဟုတ္ပါက
သူသည္ စုိးရိမ္ၿခင္းကင္းေသာနန္ မွန္း ကုိယ့္ကိုယ္ကုိ သိေနတာေတာင္မွ ဘာကုိမွ အမွတ္ရဦးမည္ မဟုတ္ေပ ။

“ငါ .. ငါက တကယ္ပဲ စုိးရိမ္ၿခင္းကင္းေသာနန္ .. လား”
ရီ၀မ္၀မ္မွာ တအံ့တၿသ  ။

……………………………………………………………………........

စာစဥ္ ၆၄၊ အခန္း ၁၇။  အေတြ ့ခ်င္မိဆံုးက တန္တန္

ရီ၀မ္၀မ္ သူမလက္ထဲက ထိုအေၿဖစာရြက္ကို တုန္လႈပ္စြာ ၾကည့္ေနမိသည္ ။ ၿပန္လည္ေမြးဖြားလာခ်ိန္ကေနစၿပီး မွတ္ဥာဏ္တုိင္းသည္ သူမစိတ္အာရံုတြင္ ၿပန္လည္ရစ္သုိင္းလာေလၿပီ ။

သူမသည္ နွစ္ဘ၀တုိင္တုိင္ အသက္ရွင္ခဲ့ရေသာ္လည္း
ဒီေန့အထိတုိင္ သူမ ဘယ္သူမွန္းကို မသိခဲ့ရေသးေပ ..

သုိ့ေသာ္ .. အရာမ်ားစြာနွင့္ပတ္သက္ၿပီးလည္း
သူမ ေမးခြန္းထုတ္ေနမိဆဲပင္ ။

သူမ၏အဘိုး သူမကုိ ေၿပာသြားခဲ့သည့္ စကားမ်ားသည္ အဘယ္ေၾကာင့္ အခုၿဖစ္ေနသည္မ်ားနွင့္ လံုး၀
မအပ္စပ္ေနရသနည္း ။

သူမသာ စုိးရိမ္ၿခင္းကင္းေသာနန္ ဆုိရင္
သခင္မၾကီး နန္ နွင့္ သခင္ၾကီး နန္ တုိ့သည္ သက္ရွိထင္ရွားရွိေနပါရဲ့နဲ့ အဘယ္ေၾကာင့္ တရုတ္ၿပည္သားၿဖစ္ေနရသနည္း ၊
သူမသည္ အဘယ္ေၾကာင့္ မိဘမဲ့ ၿဖစ္ေနရသနည္း ။

သူမ၏အတိတ္ဘ၀က ဆန္းၾကယ္စြာ ေသဆံုးခဲ့ရသည္ကလည္း
လြတ္လပ္ေသာနယ္ေၿမနွင့္မ်ား ပတ္သက္ေနမလား ။

စီရီဟန္ကေရာ အဘယ္ေၾကာင့္ သူမမွတ္ဥာဏ္တုိ့ကုိ ဖယ္ရွားပစ္ခဲ့ေလသနည္း ။ သူမကေရာ ဘာၿဖစ္ခဲ့လုိ့ လြယ္လပ္ေသာနယ္ေၿမကေန ထြက္သြားခဲ့သနည္း ။

ရီ၀မ္၀မ္ ထုိစစ္ခ်က္စာရြက္အား တၿဖည္းၿဖည္းခ်င္း ခပ္တင္းတင္း ဆုပ္ထားမိလာသည္ ။

သူမသည္ သူမ၏ေနာက္ေၾကာင္းမွန္ကုိ သိလာခဲ့ရၿပီ ၿဖစ္သည္နွင့္အညီ စိတ္ခံစားခ်က္တုိ့သည္လည္း ေနာက္က်ိကာ ရႈ႔ပ္ေထြးလာရေလသည္ ။

လက္ရွိတြင္ နန္လင္းလံုသည္ နန္ မိသားစုတစ္ခုလံုးကုိ အေမွာင္ထဲကေန ၾကိဳးကုိင္ေနသည္မွာ သိသာထင္ရွား၏ ။ နန္လင္းလံု၏ေနာက္ကြယ္တြင္ ရွိေနသည့္သူမွာလည္း
အလြန္အက်ဴး အင္အားၾကီးမည္မွာ ေသခ်ာသည္ ။
သုိ့မဟုတ္ပါက သူမသည္ လြတ္လပ္ေသာနယ္ေၿမထဲက ဓာတ္ခြဲခန္းမ်ားစြာကုိ လာဘ္ထိုးနုိင္ခဲ့မည္ မဟုတ္သလို စုိးရိမ္ၿခင္းကင္းေသာနန္ အတုကုိ သံုးၿပီးလည္း
လူတုိင္းကုိ လိမ္လည္လွည့္ပတ္ထားနုိင္စရာ အေၾကာင္း ရွိမည္ မဟုတ္ေပ ။

နန္လင္းလံု၏လက္ေအာက္က အတြင္းဂုိဏ္းမ်ားစြာမွာ
နန္လင္းလံု၏ ၿသဇာေအာက္ကို လံုးလံုးလ်ားလ်ား
ေရာက္ၿပီးၾကေလၿပီ ။

နန္လင္းလံုနွင့္ ပတ္သက္ေနသမ်ွတုိ့ကို
ရီ၀မ္၀မ္ တစ္စက္ေလးမွ ေလ်ွာ့တြက္လုိ့ မၿဖစ္ပါေခ် ။

စစ္ခ်က္အေၿဖကို သိလာရၿပီးေနာက္တြင္
သူမ၏ပထမဆံုး အေတြးသည္ကား
မိသားစုနွင့္ ၿပန္လည္ေပါင္းစည္းဖုိ့ ၿဖစ္ေသာ္လည္း …
အရာအားလံုးကုိ ေသခ်ာစဥ္းစားခ်င့္ခ်ိန္ၿပီးေနာက္တြင္ စိတ္အနည္ထိုင္သြားပါ၏ ။

သူမသာ ေပါင္းစည္းဖုိ့ကုိ အေလာတၾကီး သြားလုပ္လုိက္မည္ဆုိရင္
နန္ မိသားစု နွင့္ တန္တန္အေပၚတြင္ အႏၱရာယ္တုိ့ကို ေဆာင္ၾကဥ္းေပးလုိက္သလုိ ၿဖစ္သြားေပနုိင္သည္ ။

နန္လင္းလံု၏ ရည္မွန္းခ်က္နွင့္
နန္လင္းလံု၏ေနာက္ကြယ္က ထိုအင္အားၾကီးပုဂၢိဳလ္ၾကီးကုိ
ေတြ ့ေအာင္ ရွာၿပီး လုိအပ္သည့္ၿပင္ဆင္မႈေတြကို သူမ ၾကိဳတင္ၿပင္ထားရေပမည္ ။

ပုိင္ဖန္း ဆုိသည့္နာမည္က သူမအတြက္ အရာအားလံုးကုိ
ေခ်ာေခ်ာေမြ ့ေမြ ့ စံုစမ္းနုိင္ဖုိ့ ကူညီေပးနုိင္သည္ ။

ရီ၀မ္၀မ္ ေလးေလးနက္နက္ ေတြးၾကည့္လုိက္ၿပီးေနာက္ မတ္တပ္ထရပ္လုိက္ၿပီး နန္ စံအိမ္ဆီ ဦးလွည့္လုိက္၏ ။

အခုခ်ိန္တြင္ သူမ
အေတြ ့ခ်င္အၿမင္ခ်င္ဆံုးကား .. တန္တန္ ။

နန္ စံအိမ္၏ တံခါးမၾကီးတြင္ ။

ရီ၀မ္၀မ္ ေရာက္သြားတာနဲ့ခ်က္ခ်င္းပင္
တန္တန္ကို တံခါး၀မွာ ေတြ ့လုိက္ရပါၿပီ ။ သုိ့ေသာ္ .. အိမ္ေတာ္ထိန္း၀တ္စံု ၀တ္ဆင္ထားေသာ ေယာက်ာ္းတစ္ေယာက္က တန္တန္ကို ကာဆီးကာဆီးျဖင့္ .. စကားေၿပာေနဟန္ပင္။

နန္ မိသားစုရဲ့ အိမ္ေတာ္ထိန္းက အဘိုးၾကီး မဟုတ္ဘူးလား ။

ဘာလုိ့ လူေၿပာင္းသြားတာလဲ ။

တန္တန္ကုိ့ ၾကည့္ရတာလည္း ေဒါသထြက္ေနတဲ့ပံုပဲ ။

“ဖယ္စမ္း” ေကာင္ငယ္ေလးက သူ ့အေရွ့မွ ထိုအိမ္ေတာ္ထိန္းလူငယ္ေလးကို ေအးစက္စြာၿဖင့္
စုိက္ၾကည့္ေနသည္ ။

“သခင္ငယ္ေလး .. ၿပန္သြားေပးပါ”

ထုိအိမ္ေတာ္ထိန္းက တရုိတေသၿဖင့္ ဦးညႊတ္ေနေသာ္လည္း
သူ ့မ်က္၀န္းထဲတြင္ ဘာအေၾကာက္တရား ၊ ဘာစိုးရိမ္မႈမွ ရွိမေနဘဲ လံုး၀ကုိ ယံုၾကည္ခ်က္အၿပည့္ ။

တန္တန္၏မ်က္၀န္းတုိ့မွာ ခက္ထန္လာရေလၿပီ ။

“ရမ္းကားလုိက္တာ .. မင္းဆီမွာ ဘယ္တုန္းကစၿပီး
ငါ့ကို ဘာလုပ္ပါလုိ့ ေၿပာခြင့္ရွိသြားတာလဲ”

ထုိလူငယ္ အိမ္ေတာ္ထိန္းမွာ
ေကာင္ငယ္ေလး၏ စူးရွတင္းမာလြန္းေသာ အၾကည့္ နွင့္ ကိုယ္ေရာင္ကိုယ္၀ါ ေၾကာင့္ လန့္သြားဟန္ ေပၚလာခဲ့ေပမည့္ ခ်က္ခ်င္းပင္ တည္ၿငိမ္သြားခဲ့ၿပီး တီမထင္ဟန္ၿဖင့္ ဆက္ကာ
ေၿပာသည္ ။

“သခင္ငယ္ေလး … က်ြန္ေတာ္က မသြားခုိင္းတာ
မဟုတ္ပါဘူး ၊ ဒါက သခင္ေလးရဲ့အေမက မသြားခုိင္းတာပါ ။ လြတ္လပ္ေသာနယ္ေၿမက အခုတေလာ ၿငိမ္းခ်မ္းေနတာ မဟုတ္ဘူး .. သခင္ေလး ဒီလုိမ်ိဳး သြားခ်င္ရာကုိ စြတ္စပ္ၿပီး ေလ်ွာက္သြားေနတာက အရမ္းအႏၱရာယ္မ်ားပါတယ္ ။ သခင္ေလးအေနနဲ့ သခင္မၾကီးနဲ့ အၾကီးအကဲေရွ့မွာ ေၿခေဆာင့္ၿပီး ငိုယုိၿပမယ္ဆုိရင္ေတာင္မွ အလကားပဲ”

“ရမ္းကားတယ္ .. မင္းကမ်ား ငါ့ကို ၿခိမ္းေၿခာက္ေနတာလား”

“ဒီငယ္သား မ၀ံ့ရဲပါဘူး ။ ဒီငယ္သားက ဒုတိယသခင္မေလး ရဲ့ အမိန့္အတုိင္း လုပ္ရရံုပါ ။ ဒုတိယသခင္မေလးက ဒါ သခင္ငယ္ေလး ေကာင္းဖုိ့အတြက္ လုပ္တာပါ ။ အေစာင့္ေတြ .. သခင္ငယ္ေလးကုိ
သူ ့အခန္း ၿပန္ပို့လုိက္ၾက”

တန္တန္သည္ စိတ္ရွည္မႈတုိ့ ကုန္ခမ္းလာၿပီး ထိုလူငယ္အိမ္ေတာ္ထိန္းကို လ်စ္လ်ဴရႈကာ တံခါးဆီ ေလ်ွာက္သြားလုိက္၏ ။

ထုိအိမ္ေတာ္ထိန္းက ခ်က္ခ်င္းပင္ ေအးစက္စြာ
အမိန့္ထုတ္ေတာ့သည္ ။

“ဘာလို့ ရပ္ၾကည့္ေနၾကတာလဲ ။ သခင္ငယ္ေလးကို တားၾကစမ္း”

အနက္ေရာင္၀တ္ အေစာင့္မ်ားသည္ ခ်က္ခ်င္းပင္ ေၿပးတက္သြားၾကၿပီး တန္တန္၏လမ္းကို ပိတ္ပစ္လုိက္ၾက၏ ။ တစ္ခ်ိန္တည္းမွာပင္ ထုိလူငယ္အိမ္ေတာ္ထိန္းသည္ တန္တန္၏ လက္ကုိ ဖမ္းဆုပ္ပစ္ကာ အတင္းၿပန္ဆြဲေခၚဖုိ့ လုပ္ေလၿပီ ။

…………………………………………………………………..........

စာစဥ္ ၆၄၊ အခန္း ၁၈။  ေဘဘီ မေၾကာက္နဲ့ ၊ မာမီ ရွိတယ္

“သခင္ငယ္ေလး .. က်ြန္ေတာ္တု့ိနဲ့ အသာတၾကည္ ၿပန္လုိက္ခဲ့ပါ ။ က်ြန္ေတ္ာတုိ့ကုိ ခက္ခဲေအာင္ မလုပ္ခ်င္နဲ့”

ထုိလူငယ္အိမ္ေတာ္ထိန္းက တန္တန္၏ မလႈပ္မယွက္ ေနေနၿခင္းကို ၿမင္လုိက္ၿပီး တန္တန္ကို ဆြဲေခၚေတာ့၏ ။

ထိုၿမင္ကြင္းကို ၿမင္လုိက္သည္တြင္
ရီ၀မ္၀မ္၏ရင္ထဲ ေဒါသမီးတုိ့ ပြက္ပြက္ဆူေ၀လာရသည္ ။ သူမ၏မ်က္၀န္းတုိ့က ေအးစက္လာေတာ့ၿပီး တံခါးမဆီကုိ ေၿပးတက္သြားေလၿပီ ။

“လႊတ္လုိက္စမ္း”  ရီ၀မ္၀မ္ အမိန့္ေပးလုိက္၏ ။

တန္တန္သည္ ရီ၀မ္၀မ္၏အသံကို ၾကားလုိက္ၿပီး အေပ်ာ္ၾကီးေပ်ာ္ရႊင္သြားသလို သူ၏
မီး၀င္း၀င္းေတာက္ေနသည့္ မ်က္၀န္းေလးထဲတြင္
ေပ်ာ္ရႊင္မႈ ၊ အံ့အားသင့္မႈတုိ့ လ်ွံတက္လာရေတာ့၏ ။
သူသည္ ခ်က္ခ်င္းပင္ ထိုအိမ္ေတာ္ထိန္း၏လက္ကုိ ခါထုတ္ပစ္လုိက္ကာ ရီ၀မ္၀မ္ဆီကို ေၿပးသြားေတာ့သည္ ။

“မာမီ”

ရီ၀မ္၀မ္ ဒူးေထာက္ခ်လုိက္ၿပီး ထုိေသးေသးေလးကုိ ဖမ္းလုိက္၏ ။

“မာမီ …”  ရီ၀မ္၀မ္၏ရင္ခြင္ထဲ ေၿပး၀င္လာသည့္
ထုိေကာင္ငယ္ေလးမွာ မသိမသာေလး တုန္ရီေနလ်က္ ။

“မာမီ … မာမီ …”

ထိုေကာင္ငယ္ေလး၏ ထပ္ခါထပ္ခါ “မာမီ”  ဟု
ေခၚေနသံေလးကုိ ၾကားလုိက္ၿပီး ရီ၀မ္၀မ္၏ရင္ထဲ တင္းက်ပ္္ဆို့နစ္လာရသလုိ နာက်င္လာရ၏ ။

“ဘာမွ မၿဖစ္ေတာ့ဘူးေနာ္ ၊ ေဘဘီ မေၾကာက္နဲ့
မာမီ ရွိတယ္”

“မာမီ .. တန္တန္ မာမီ့ကုိ လြမ္းေနတာ .. တန္တန္ မာမီ့ကုိ
လာေတြ ့မလို့ လုပ္ေနတာ”

ထိုေကာင္ငယ္ေလး၏ ကေလးဆန္ဆန္ အသံေလးကုိ နားေထာင္ရင္း ရီ၀မ္၀မ္၏ နွလံုးသားတုိ့ တဆစ္ဆစ္ ကိုက္ခဲလာရသည္ ။

ဒါကုိ ၾကည့္ရပံုအရ
ထုိအေယာင္ေဆာင္ စုိးရိမ္ၿခင္းကင္းေသာနန္ သည္
တန္တန္ကို သူမနဲ့ သိပ္မနီးကပ္ေစလိုတာေၾကာင့္
တန္တန္ကုိ ေစာင့္ၾကပ္ခုိင္းထားၿပီး နန္စံအိမ္ကေန ဘယ္မွ သြားခြင့္ မေပးထားဟန္ပင္ ။ တန္တန္ ၏ လံုၿခံဳေရးကို အေၾကာင္းၿပထားသၿဖင့္ သခင္မၾကီး နန္ နွင့္ သခင္ၾကီး နန္ တို့လည္း ၀င္မစြက္ဖက္ၾကဘဲ ေဘးကေနသာ ၿငိမ္ၾကည့္ေပးၾကမည္သာ ။

ရီ၀မ္၀မ္သည္ အရင္က သူမ ဘယ္သူမွန္း မသိခဲ့တာေၾကာင့္ တန္တန္နွင့္သူ ့မိခင္ရင္းၾကား ၿပသနာမတက္ေစဖုိ့ရာအတြက္္ တမင္စည္းၿခားၿပီး ေနခဲ့ပါ၏ ။ သူမကို တန္တန္ တကယ္နွစ္သက္မွန္းကို သိေနပါေသာ္လည္း သူမကိုယ္သူမ ခ်ဳပ္တည္းကာ တန္တန္ ့ကို အတတ္နုိင္ဆံုး မေတြ ့ဘဲ ေနခဲ့၏ ။

ထိုလုပ္ရပ္က တန္တန္ ့ကိုသာ ပုိနာက်င္ေစမိခဲ့မွန္း သူမ မထင္ထားမိခဲ့ပါေခ် ။

ထုိေကာင္ငယ္ေလး၏ သူမအား ကပ္ေစးနွဲမုန့္လုိ တြယ္ကပ္ေနပံုေလးကုိ ၾကည့္ရင္း နွလံုးသားတုိ့မွာ ေၾကမြမတတ္ ၿဖစ္လာရ၏ ။

“ဂုိဏ္းခ်ဳပ္ ဒါက နန္ စံအိမ္ ပါ ၊ ဂုိဏ္းခ်ဳပ္ရဲ့ ဖိန့္ဖိန့္တုန္ဂိုဏ္း မဟုတ္ဘူး ။ အၾကီးဆံုးသခင္ေလးေၾကာင့္သာ ဂုိဏ္းခ်ဳပ္ကုိ စိတ္တုိင္းက် ၀င္ထြက္ခြင့္ ေပးထားတယ္ဆုိေပမယ့္လုိ့
ဂုိဏ္းခ်ဳပ္ စိတ္ရွိသလုိ ၿပဳမူလုိ့ရတယ္လုိ့ေတာ့ မဆုိလုိဘူး ။ ကိုယ့္ကိစၥကုိယ္ လုပ္ၿပီး မဆုိင္တာ၀င္မပါတတ္ဖုိ့ အၾကံေပးပါရေစ”

ထိုလူငယ္ အိမ္ေတာ္ထိန္းက ပုိင္စုိးပုိင္နင္းစြာ ေၿပာဆုိလာသည္ ။

ထိုအိမ္ေတာ္ထိန္းသည္ကား နန္လင္းလံု၏ လက္ေအာက္ငယ္သားသာ ၿဖစ္ရေပမည္ …

ရီ၀မ္၀မ္ ထိုအိမ္ေတာ္ထိန္း၏ ၿခိမ္းေၿခာက္ေနမႈ ၊
သတိေပးေနမႈကုိ လ်စ္လ်ဴရႈထားၿပီး တန္တန္၏ေခါင္းကုိသာ ပုတ္ေပးကာ နွစ္သိမ့္ေပးေန၏ ။ ထို့ေနာက္တြင္ ေႏြးေထြးမႈ အလ်ဥ္းမရွိသည့္ မ်က္၀န္းတုိ့ၿဖင့္ ထိုအိမ္ေတာ္ထိန္း၏ ညာဘက္လက္ကို ၾကည့္လုိက္ေလၿပီ ။

“အခုနက … မင္း အဲ့လက္နဲ့ သူ ့ကုိ ထိခဲ့တာလား”

ထုိလူငယ္က မ်က္လံုးေထာင့္ကေန သူမကို ေမာက္မာစြာ
ၾကည့္ကာ …  “ဘာလဲ”

“တန္တန္ … မ်က္လံုးမွိတ္ထားေနာ္”

ရီ၀မ္၀မ္က တန္တန္ကုိ ေၿပာလုိက္၏ ။

တန္တန္သည္ အေၾကာင္းရင္းကုိ မသိပါေသာ္လည္း
ခ်က္ခ်င္းပင္ မ်က္လံုးမွိတ္ေပးလုိက္၏ ။

“ဟုတ္”

တခနအၾကာတြင္ ေဖာင္းခနဲ အသံက်ယ္ၾကီးတစ္သံ
ၿခံ၀န္းထဲမွာ ပ်ံ့လြင့္လာေတာ့သည္ ။

“အားးးး…”

ထုိေအာ္ဟစ္သံၾကီးနွင့္အတူ အရုိးက်ိဳးသံၾကီးတစ္ခုကလည္း ပ်ံ့လြင့္လာ၏ ။ မ်က္ေတာင္တစ္မွိတ္ေလးအတြင္းမွာပင္
ရီ၀မ္၀မ္သည္ ထုိေယာက်ာ္း၏ လက္ေကာက္၀တ္ကုိ ခ်ိဳးပစ္လုိက္ၿခင္းတည္း ။

“အား … အားးးးး….”

ထုိေယာက်ာ္းသည္ နာက်င္စြာၿဖင့္ လက္ေကာက္၀တ္ကို ဆုပ္ကုိင္ထားရင္း ေၿမၾကီးေပၚတြင္ အလူးလူးအလွိမ့္လွိမ့္ ။

သူမသည္ သူမ၏ပံုမွန္အင္အားအတုိင္းသာဆို ထိုေယာက်ာ္း၏လက္ကို အခုလို လြယ္လြယ္ေလး ခ်ိဳးပစ္နုိင္လိမ့္မည္ မဟုတ္ေသာ္လည္း အခုေတာ့ တလိႈက္လိႈက္တက္ေနသည့္ ေဒါသထုေၾကာင့္ ဘာမဆုိ လုပ္နုိင္ေနေလၿပီ ။

သူမ၏ ထိုထူးဆန္းလွေသာ သုိင္းပညာသည္ အဘယ္ေၾကာင့္ တစ္ခ်က္တစ္ခ်က္တြင္ ေပၚထြက္လာတတ္သလဲကုိ
သူမ အရင္က နားမလည္နုိင္ ၿဖစ္မိခဲ့၏ ။

အခုေတာ့ .. သူမ နားလည္သြားေလၿပီ ။ ထုိသုိင္းပညာမွာ စိုးရိမ္ၿခင္းကင္းေသာနန္ ၿဖစ္သည့္ သူမကိုယ္တုိင္ ပုိင္ဆုိင္ခဲ့ေသာ အစြမ္းမ်ား ၿဖစ္ေပသည္ …

သုိ့ေသာ္လည္း မွတ္ဥာဏ္မ်ား ကင္းမဲ့ေနမႈေၾကာင့္ … သူမ၏သုိင္းပညာအစြမ္းမွာလည္း သိပ္မတည္ၿငိမ္သလို
ထိန္းခ်ဳပ္မရ ၿဖစ္ေနၿခင္းပင္ …

………………………………………………………………….............

စာစဥ္ ၆၄၊ အခန္း ၁၉။  ငါ ပိုင္ဖန္း ေၾကာက္တာ ဘာမွ မရွိဘူး

သူမသည္ ၿမန္နုိင္သမ်ွ အၿမန္ဆံုး မီးလ်ွံေက်ာင္းအုပ္ကုိ ေတြ ့ၿပီး မွတ္ဥာဏ္ၿပန္ဆယ္ရေပမည္ …

မဟုတ္ပါက လက္ရွိအေၿခအေနနွင့္ဆုိ
သူမသည္ ကုိယ့္ကိုယ္ကုိ မကာကြယ္နိုင္ရံုသာမက
သူမ ကာကြယ္ေပးလုိသည့္ လူမ်ားကုိလည္း ကာကြယ္ေပးနုိင္လိမ့္မည္ မဟုတ္ေပ ။

“ပုိင္ဖန္း .. မင္း … မင္း .. နန္ စံအိမ္မွာေတာင္ လာၿပီး ေသာင္းက်န္းရဲတယ္”

ထိုလူငယ္အိမ္ေတာ္ထိန္းက မီး၀င္း၀င္းေတာက္ေနသည့္
မ်က္၀န္းတုိ့ၿဖင့္ သူမကုိ စူးရဲစြာ ၾကည့္လာသည္ ။

“ေဘဘီ မ်က္လံုးဖြင့္လုိ့ ရၿပီ”

ရီ၀မ္၀မ္သည္ တန္တန္ကုိ အလြန္အမင္းႏူးည့ံစြာေသာ
အသံၿဖင့္ တုိးတုိးေလး ကပ္ေၿပာလုိက္ၿပီးေနာက္ ခ်က္ခ်င္းပင္ ေၿမၾကီးေပၚ လဲေနသည့္ ထုိေယာက်ာ္းအား ေအးစက္စြာ
ၾကည့္လုိက္၏ ။

“အဟက္ .. ငါ ပုိင္ဖန္း ဒီေလာကထဲမွာ ေၾကာက္တာ
ဘာမွ မရွိဘူး ။ မင္း စမ္းၾကည့္ခ်င္လား”

လြတ္လပ္ေသာနယ္ေၿမ၏ ဆရာၾကီးတစ္ဆူၿဖစ္သည့္
ပုိင္ဖန္း ဆုိသည့္နာမည္ကုိ သံုးလုိက္ရၿခင္းက အေတာ့္ကုိ နွစ္ေထာင္းအားရစရာပင္ …

အခုေတာ့ ရန္သူသည္ အလင္းတြင္ ရွိေနၿပီး
သူမသည္ အေမွာင္ထဲတြင္ ရွိေနတာေၾကာင့္ သူမဘက္က အားသာေနသၿဖင့္ ဖိန့္ဖိန့္တုန္ဂုိဏ္းခ်ဳပ္ဆုိသည့္ နာမည္ကုိ
သံုးၿပီး နန္လင္းလံုကုိ စံုစမ္းဖုိ့ လြယ္ေပၿပီ ။

“မင္း …”

ဖိန့္ဖိန့္တုန္ဂုိဏ္း၏ နာမည္ကုိ သိထားၿပီးသားၿဖစ္သည့္ ထုိအိမ္ေတာ္ထိန္းသည္ သူတုိ့၏ ရက္စက္တတ္ပံု ရက္စက္တတ္နည္းတုိ့ကို ၿပန္သတိရမိလုိက္ၿပီး
တြန့္ဆုတ္လာမိကာ ဘာမွ ထပ္ကြန့္မေၿပာရဲေတာ့ ။

ရီ၀မ္၀မ္သည္ အစက အရမ္းၾကမ္းၿပလုိက္မိလုိ့ တန္တန္ ေၾကာက္သြားမွာကို က်ိတ္စုိးရိမ္မိခဲ့ေသာ္လည္း
တန္တန္သည္ကေတာ့ ရႊန္းလက္ေနသည့္မ်က္၀န္းတုိ့ၿဖင့္
သူမကုိ ေမာ့ၾကည့္လာကာ ထုတ္ေၿပာလာေလသည္ ။

“မာမီ အရမ္းမိုက္တယ္”

ရီ၀မ္၀မ္၏မ်က္၀န္းတုိ့ ႏူးညံ့သြားမိၿပီး ခ်က္ခ်င္းပင္ ရင္ထဲ နာက်င္လာရၿပန္သည္ ။

မာမီက လံုး၀ မမိုက္ပါဘူးကြယ္ ..
မာမီ့ေၾကာင့္ သား ေမြးလာကတည္းက အထီးက်န္ေနရတာပါ ..
မာမီက သား ရွိလို့ရွိေနမွန္းေတာင္မွ မသိခဲ့တဲ့သူပါ …

“တန္တန္ မာမီ ဒီေန့ သားကုိ အၿပင္မွာ ေဆာ့ဖုိ့ ေခၚသြားေပးရမလား”
ရီ၀မ္၀မ္ ထိုေကာင္ေလးကုိ ေမးလုိက္သည္ ။

ထိုလူငယ္အိမ္ေတာ္ထိန္းသည္ ခ်က္ခ်င္းပင္ ထလုိက္ၿပီး
ေဒါသတၾကီး ေအာ္ေတာ့၏ ။

“ပုိင္ဖန္း … သခင္ငယ္ေလးကုိ နန္ စံအိမ္ကေန ထြက္သြားခြင့္ ဘယ္သူမွ မေပးရဘူးလုိ့ သခင္မေလး စုိးရိမ္ၿခင္းကင္းေသာနန္ အမိန့္ထုတ္ထားတယ္ ။ က်ြန္ေတာ္တုိ့ သခင္ငယ္ေလးကုိ ေၿပာင္ေၿပာင္တင္းတင္း ၿပန္ေပးဆြဲသြားရင္ ဘာၿဖစ္လာနုိင္လဲ သိလား”

ထိုအိမ္ေတာ္ထိန္းက ေၿပာလုိက္သည္နွင့္ခ်က္ခ်င္းပင္
အေစာင့္မ်ားသည္ ရီ၀မ္၀မ္၏လမ္းကို ခ်က္ခ်င္း
ပိတ္ရပ္လုိက္ၾကေလၿပီ ။

ၿပန္ေပးဆြဲတာလား ။

သူမသည္ သခင္မၾကီး နန္ ၏ ေမြးစားသမီး ၿဖစ္ၿပီး
နန္ စံအိမ္အား ၀င္လုိ၀င္ ထြက္လုိထြက္ ၿပဳနိုင္သည္ဟု
သခင္မၾကီး နန္ က ေၿပာထားၿပီးသား ။

တန္တန္ အႏၱရာယ္ထဲ ေရာက္မွာကုိ စုိးရိမ္တာသာ ဆုိရင္
သူမ ဖိန့္ဖိန့္တုန္ဂိုဏ္းခ်ဳပ္ နဲ့ အတူရွိေနတာထက္
ဘယ္ဟာက ပုိေဘးကင္းပါဦးမည္နည္း ။

ထိုလူေတြသည္ နန္လင္းလံုး နွင့္ စုိးရိမ္ၿခင္းကင္းေသာနန္ ၏ လူမ်ား ၿဖစ္ၿပီး သက္သက္မဲ့ ၿပသနာရွာေနၾကၿခင္းသာ ။

ထုိ့ေၾကာင့္ သူတုိ့နွင့္ က်ိဳးေၾကာင္းဆီေလ်ာ္စြာ ေၿပာေနဖုိ့လည္း
သူမ စိတ္ကူးမရွိပါေခ် ။

ရီ၀မ္၀မ္ တန္တန္၏လက္ေလးကုိ ကုိင္ထားရင္းမွ ႏႈတ္ခမ္းတုိ့ တြန့္ေကြးတက္လာၿပီး ေနရာတြင္ ရွိေနသည့္ လူတုိင္းကို
တီမထင္စြာပင္ လုိက္ၾကည့္လုိက္၏ ။

“ၾကည့္ရတာ မင္းတုိ့ေတြက ငါ့ဖိန့္ဖိန့္တုန္ဂုိဏ္းရဲ့ ခုနစ္စဥ္ခုနစ္ဆက္သတ္မိန့္ကို ၿမည္းစမ္းၾကည့္ခ်င္ေနတယ္နဲ့
တူတယ္”

ရွိေနၾကသည့္ အေစာင့္မ်ားအားလံုး
ထို “ခုနစ္စဥ္ခုနစ္ဆက္ သတ္မိန့္” ဆုိတာကုိ ၾကားလုိက္ၿပီး
အလိုလုိ ေက်ာခ်မ္းသြားၾကကာ အလြန္အမင္းေၾကာက္စရာေကာင္းသည့္ အရာကုိ ၿပန္အမွတ္ရမိသြားၾက၏ ။

မ်ိဳးႏြယ္စုၾကီးတိုင္းသည္ ထုိခုနစ္စဥ္ခုနစ္ဆက္ သတ္မိန့္ေၾကာင့္ ခုနစ္ရက္အတြင္းမွာပင္ အကုန္သတ္ခံလိုက္ ရသည္ခ်ည္း ။ ခ်ြင္းခ်က္ဟူ၍ တစ္ခါပင္ မရွိခဲ့ဖူးပါေခ် ။

သူတုိ့သည္ တာ၀န္ကို ေပါ့ေလ်ာ့မိရင္ အၾကီးအကဲဆီက အၿပစ္ဒဏ္ေပးၿခင္းကုိ ခံရရံုေလာက္သာ ၿဖစ္ေသာ္လည္း ဖိန့္ဖိန့္တုန္ဂုိဏ္းကို သြားရန္စမိလုိ့ကေတာ့
သူတုိ့တစ္မိသားစုလံုး ပ်က္စီးၿခင္းကုိ ဆုိက္ရမည္သာ ၿဖစ္၏။

ထို့ၿပင္ ပိုင္ဖန္း သည္ မည္သူေလနည္း ။
သူမ၏သိုင္းပညာအရ သူတုိ့၏ လူအင္အား နွစ္ဆ
ရွိေနလ်ွင္ပင္ သူမကို ၿပိဳင္တုိက္နုိင္လိမ့္မည္ မဟုတ္ေပ ။
ထို့ၿပင္ သူမသည္ အေစာနေလးကတင္
မ်က္ေတာင္တစ္ခ်က္ မခတ္ဘဲ အိမ္ေတာ္ထိန္း၏ လက္ကို ခ်ိဳးပစ္ခဲ့ၿပီးေလၿပီ ။

သခင္ငယ္ေလးသည္ ပုိင္ဖန္းနွင့္သာ အတူရွိေနလ်ွင္
ဘာအႏၱရာယ္မွာ မက်ေရာက္နုိင္သည္ကုိ
ထုိအေစာင့္မ်ားအားလံုး ေကာင္းေကာင္းသိေနၾကပါ၏ ။ ဒုတိယသခင္မေလးက သခင္ငယ္ေလးအား
အိမ္ကေန ထြက္ခြင့္ မၿပဳထားၿခင္းေၾကာင့္သာ
သူတုိ့ တားေနရၿခင္း ၿဖစ္၏ ။

စိတ္တုိ့ လြန္ဆြဲေနမိၿပီးေနာက္ အားလံုး တစ္ေယာက္ကုိတစ္ေယာက္ ၾကည့္လုိက္ၾကကာ တစ္ၿပိဳင္တည္း ေၿခလွမ္းေတြ ရပ္လုိက္ၾက၏ ။

အားလံုး၏ ေၾကာက္ရြံ ့ေနေသာ အၾကည့္ေအာက္တြင္
ရီ၀မ္၀မ္သည္ တန္တန္ကုိ လက္ကေန ဆြဲကာ
နန္စံအိမ္ကေန ထြက္သြားလုိက္သည္ ။

ထုိေကာင္ငယ္ေလးသည္ သူ ့မာမီ လက္လႊတ္လိုက္မွာကုိ
စုိးရိမ္ဟန္ၿဖင့္ သူမလက္ကို တင္းတင္းက်ပ္က်ပ္ကုိ ဖမ္းဆုပ္ထားေလသည္ ။

သူတုိ့၏အေနာက္တြင္မူ အိမ္ေတာ္ထိန္းသည္
လက္ေကာက္၀တ္ကို ဆုပ္ကိုင္ထားၿပီး
မ်က္နွာၾကီး မည္းပုတ္စြာၿဖင့္ ေၿပာလာ၏ ။

“ၿမန္ၿမန္ေလး .. ဒုတိယသခင္မေလး နဲ့ တတိယသခင္မေလး ကုိ ၿပန္လာဖို့ သြားေၿပာလုိက္ ။ သခင္မၾကီး နဲ့ သခင္ၾကီးကုိလည္း ဖိန့္ဖိန့္တုန္ဂုိဏ္းက ပိုင္ဖန္း က သခင္ငယ္ေလးကုိ ဖမ္းေခၚသြားတယ္လုိ့ အေၾကာင္းသြားၾကားၾက”

…………………………………………………………………..............

စာစဥ္ ၆၄၊ အခန္း ၂၀။ ဘာမဆုိ လုပ္မယ့္သူေတြ

ရီ၀မ္္၀မ္သည္ တန္တန္ကုိ နန္ တံခါး၀ကေန ေခၚထုတ္သြားေလၿပီ ။

ေကာင္ငယ္ေလးသည္ ရုတ္တရက္ၾကီး ေခါင္းငိုက္စုိက္ခ်လုိက္ကာ လမ္းေလ်ွာက္ေနတာကို ရပ္လုိက္တာေၾကာင့္ …

“တန္တန္ .. ဘာၿဖစ္လို့လဲ”
ရီ၀မ္၀မ္ ကိုယ္ကို ကိုင္းခ်လုိက္ၿပီး ေမးလုိက္၏ ။

“မာမီ … တန္တန္တုိ့ ၿပန္သြားတာ ေကာင္းမယ္ ထင္တယ္”  ေကာင္ငယ္ေလးက တုိးတုိးဖြဖြေလး ေၿပာလာသည္ ။

ရီ၀မ္၀မ္ မ်က္ေတာင္မွိတ္ခတ္မွိတ္ခတ္ ၿဖစ္သြား၏ ။
“ဘာလုိ့လဲ ။ တန္တန္က မာမီနဲ့ အတူ မေနခ်င္လုိ့လား”

ထုိေကာင္ငယ္ေလးက ခ်က္ခ်င္းပင္ ေခါင္းေလး ေမာ့လာသည္ ။

“ဟင့္အင္း ၊ တန္တန္က မာမီနဲ့ အတူ ေနခ်င္တယ္ ။
ဒါေပမယ့္ ဘုိးဘိုး နဲ့ ဘြားဘြားက စိတ္ဆုိးၾကလိမ့္မယ္ ..
တန္တန္ မာမီ့ကုိ ဒုကၡမေရာက္ေစခ်င္ဘူး”

အဘိုးနွင့္အဘြားသည္ သူ ့ကုိ ဘာမွ မလုပ္ေသာ္လည္း
မာမီကုိေတာ့ ၿပသနာရွာၾကလိမ့္မည္ ဆုိတာကုိ
သူ ေကာင္းေကာင္း သိေနပါ၏ ။

ထုိေကာင္ငယ္ေလး၏ ေတြးေပးတတ္မႈေၾကာင့္
ရီ၀မ္၀မ္၏ ရင္ထဲ အေတာ္ေလး လႈပ္ခတ္သြားရၿပီး
ႏူးညံ့စြာၿဖင့္ ေၿပာလုိက္သည္ ။

“ေဘဘီ … အဲ့လိုၿဖစ္မွာ မဟုတ္လို့ မစိုးရိမ္နဲ့ေနာ္ ။
မာမီ ရွိတယ္ … ဘိုးဘိုးနဲ့ ဘြားဘြားက စိတ္ဆိုးမွာ မဟုတ္ဘူး ၊
မာမီလည္း ဒုကၡမေရာက္ဘူး စိတ္ခ်ေနာ္ ၊ အခု
စိတ္ေအးလက္ေအးနဲ့ မာမီနဲ့ လုိက္ခဲ့ ၊ ဟုတ္ၿပီလား”

အဟက္ … ဒုကၡေရာက္ခဲ့ရင္ေတာင္ တၿခားသူေတြပဲ ၿဖစ္မွာ။

“ဟုတ္” ထုိကေလးေလးသည္ သူမအေပၚ လံုး၀ အားကိုးယံုၾကည္စြာၿဖင့္ ေခါင္းခ်က္ခ်င္း ညိတ္လာသည္ ။

“မာမီ …”

“ဟင္”

“မာမီ တန္တန္ ့ကို ေဘဘီ လုိ့ ထပ္ေခၚေပးလုိ့ ရလား”
ေကာင္ငယ္ေလးက တြန္ ့ဆုတ္တြန္ ့ဆုတ္ၿဖင့္
ေမးလာသည္ ။

ရီ၀မ္၀မ္ တုိးတုိးညင္းညင္းေလး ရယ္ေမာလုိက္မိ၏ ။
“ရတာေပါ့ … တန္တန္က အၿမဲတမ္း မာမီ့ရဲ့ ေဘဘီ ေလးပဲ”

ေကာင္ငယ္ေလးသည္ ရႊန္းစားေနသည့္ မ်က္၀န္းတုိ့ၿဖင့္ ခ်က္ခ်င္းၿပန္ေၿပာလာသည္ ။
“မာမီကလည္း တန္တန့္ရဲ့ ေဘဘီ ေလး”

ရီ၀မ္၀မ္ ထိုုၾကယ္တာရာညလုိ ရႊန္းလက္ေတာက္ပေနေသာ
သူ ့မ်က္၀န္းတုိ့ကုိ ေတြ ့လိုက္ၿပီး ရင္ဘတ္ကို ဖိထားမိေတာ့၏ ။

ဘုရားေရ … ငါ့ရဲ့အသည္းတံုးေလးက ဘယ္လုိလုပ္
ဒီေလာက္ေတာင္ ခ်စ္ဖုိ့ေကာင္းလြန္းေနရတာလဲ … ။

ဒီလို ခ်စ္ဖို့ေကာင္းတဲ့ကေလးေလးက တကယ္ပဲ ငါ့ရဲ့ ကေလး တဲ့ ။ ငါ့ကေလး တဲ့ဟ ။

သူမသည္ ပထမဦးဆံုးအၾကိမ္ပင္ မနာလုိ၀န္တုိ ၿဖစ္မိခဲ့ဖူး၏။ ဘယ္လုိမိဘနွစ္ပါးကမ်ား ဒီေလာက္ခ်စ္စရာေကာင္းလြန္းသည့္ ကေလးေလးကုိ ေမြးထုတ္ေပးနုိင္ခဲ့သလဲဟု သူမ သိခ်င္မိခဲ့ဖူး၏ …

သူမကုိယ္တုိင္က တန္တန္၏အေမ ၿဖစ္ေနလိမ့္မည္ဟု
တကယ့္ကုိ မထင္ထားခဲ့ဖူးပါေခ် … ထိုသည္က အရမ္း ..
အရမ္း ဆန္းၾကယ္လြန္းလွေပသည္ …။

သူမသည္ တန္တန္ကုိ ေမြးထုတ္ထားခဲ့မိမွန္းကုိ သိပင္မသိေနခဲ့ပါေခ် ။
ထိုကိစၥနွင့္ ပတ္သက္သည့္ မွတ္ဥာဏ္ေတြအားလံုး သူမတြင္ ရွိမေနပါေခ် ။

ဒီေလာက္ တန္ဖိုးရွိလြန္းလွသည့္ မွတ္ဥာဏ္ေတြ … ။

ဟုိတုန္းက ဘာေတြမ်ား ၿဖစ္ခဲ့လုိ့ သူမသည္ တန္တန္ကုိပင္
စြန္ ့ပစ္နုိင္ရက္ခဲ့သည္နည္း .. ။

တန္တန္၏အေဖ ဘယ္သူၿဖစ္ေၾကာင္းကုိလည္း သူမ မသိ ။

ရီ၀မ္၀မ္ ထိုေကာင္ငယ္ေလးအား ႏူးည့ံစြာ ၾကည့္လုိက္သည္။

“ေဘဘီ … မာမီ လို့ ထပ္ေခၚပါဦးလား”

ထိုေကာင္ငယ္ေလးက ေပ်ာ္ရႊင္၀မ္းေၿမာက္စြာ
သေဘာတူလုိက္ၿပီး ကေလးသံေလးၿဖင့္ ေခၚလာ၏ ။

“မာမီ ~”

“လိမ္မာတယ္”

ရီ၀မ္၀မ္ ထုိေကာင္ငယ္ေလး၏ ေခါင္းကို ခပ္ဖြဖြေလး ပုတ္ေပးရင္း သူမ၏ စုိ့တက္လာသည့္ စိတ္ခံစားခ်က္တုိ့ကုိ အတင္းခ်ိဳးနွိမ္ကာ ေၿပာလုိက္သည္ ။

“ဟုတ္သားပဲ .. တန္တန္ … သားဦးေလး ေၿပာတာကုိ
မာမီ ၾကားမိတာေတာ့ သားေမေမရဲ့ေမြးေန့က ဒီရက္ထဲမွာပဲဆုိ”

စုိးရိမ္ၿခင္းကင္းေသာနန္၏ ေမြးေန့သည္
နုိ၀င္ဘာလ ၂၃ ရက္ေန့ ၿဖစ္သည္ ဆုိတာကို အမည္မရွိေသာနန္ဆီကေန သူမ ၾကားထားခဲ့ဖူးပါ၏ ။

တစ္နည္းဆိုရေသာ္ … ထုိ နုိ၀င္ဘာလ ၂၃ ရက္ေန့သည္
သူမ၏ ေမြးေန ့ အစစ္အမွန္ပင္ ။

ရီ၀မ္၀မ္ ေၿပာလုိက္သည့္ “ေမေမ” ဆုိတာကုိ ၾကားလုိက္ေတာ့ ေကာင္ငယ္ေလး၏မ်က္၀န္းတို့မွာ မွိန္က်သြားေတာ့ၿပီး ေခါင္းညိတ္လာသည္ ။  “ဟုတ္”

ရီ၀မ္၀မ္၏မ်က္၀န္းတုိ့ လႈပ္ခတ္သြားၿပီး ေမးေစ့ကို ပြတ္သပ္ကာ ေၿပာလုိက္သည္ ။
“အင္း .. ဒီလိုလုပ္ၾကရင္ေရာ ။ သားကုိ မာမီ ဒီေန့
ကိတ္မုန့္ဆုိင္ကုိ ေခၚသြားေပးမယ္ ၊ သားကုိယ္တုိင္
သားေမေမအတြက္ ကိတ္မုန့္ လုပ္ေပးလုိက္ေပါ့ ။
ဒါဆို .. ဒါဆုိ သားေမေမအတြက္ ေမြးေန ့ စပရုိက္စ္ ၿဖစ္သြားတာေပါ့”

တန္တန္၏မ်က္နွာငယ္ေလးထက္တြင္ သိသိသာသာကို စိတ္လြန္ဆြဲေနဟန္ ေပၚလာၿပီး မ်က္လႊာတုိ့ကို ခ်လုိက္ကာ ..
“မာမီေရာ တန္တန္နဲ့ အေဖာ္လုိက္ေပးမွာလား”

ရီ၀မ္၀မ္ ၿပံဳးလုိက္မိပါ၏ ။
“လုိက္ေပးရမွာေပါ့။ မာမီ ဒီေန့တစ္ေန့လံုး
တန္တန္ ့နားမွာပဲ ေနေပးမယ္ေနာ္”

ထိုေကာင္ငယ္ေလး၏မ်က္နွာမွာ ခ်က္္ခ်င္း ၀င္းပသြား၏ ။

“တန္တန္ သြားခ်င္တယ္”

သူသည္ မာမီနဲ့သာ အၾကာၾကီး ရွိေနခြင့္ ရမည္ဆုိရင္
ဘာကိုမဆုိ လုပ္နုိင္သည္ …

…………………………………………………………………..............

စာစဥ္ ၆၄၊ အခန္း ၂၁။  မာမီ့လက္ကို ကိုင္ထား

နန္ စံအိမ္ကေန ထြက္လာၿပီးေနာက္ ရီ၀မ္၀မ္သည္ တန္တန့္ကုိ ေခၚကာ လြတ္လပ္ေသာနယ္ေၿမထဲက နာမည္အၾကီးဆံုး ကိတ္မုန့္ဆုိင္တစ္ဆုိင္ဆီ ေခၚသြားလုိက္သည္ ။

ရီ၀မ္၀မ္ ေရာက္သြားတာနဲ့ ခ်က္ခ်င္းပင္ ဆုိင္သူေဌးက ေၾကာက္လန့္စြာၿဖင့္ သူတုိ့ကုိ ကိုယ္တုိင္လာၾကိဳသည္ ။
ရီ၀မ္၀မ္သည္ ကိတ္မုန့္တစ္လံုးကို ကိုယ္တုိင္လုပ္ခ်င္ေနမွန္း သိလုိက္တာနဲ့ခ်က္ခ်င္း လုိအပ္သည့္အမယ္တုိ့ကို ၿပင္ေပးေလသည္ ။

ရီ၀မ္၀မ္ ေၿပာစက သိပ္စိတ္မပါခဲ့သည့္ ေကာင္ငယ္ေလးမွာ
ကိတ္မုန့္ကို အတူတူလုပ္ရင္းကေန သိသိသာသာကုိ ေပ်ာ္ရႊင္လာေတာ့ေလၿပီ ။

တန္တန္၏ ေပ်ာ္ရႊင္ၾကည္ႏူးေနသည့္ မ်က္နွာေလးကို ၾကည့္ရင္း ရီ၀မ္၀မ္၏ရင္ထဲ ခံစားခ်က္တုိ့ ေပါင္းစံုလုိ့ ေန၏ ။

တန္တန္ကုိ အမွန္တရား ေၿပာၿပဖုိ့ အခြင့္မသင့္ေသးတာမို့ အခုေလာေလာဆယ္ေတာ့ ထုိအေယာင္ေဆာင္ စုိးရိမ္ၿခင္းကင္းေသာနန္သည္ သူ၏အေမရင္းသာ
ၿဖစ္ေနပါေစေတာ့ …

“မာမီ .. မာမီ .. တန္တန္ ရသြားၿပီ”

တန္တန္၏ အသံေၾကာင့္ ရီ၀မ္၀မ္ လက္ရွိကုိ ၿပန္ေရာက္လာ၏ ။ တန္တန္သည္ သူ ့ကိတ္မုန့္ကို လုပ္ၿပီးသြားေၾကာင္းကုိ သူမ ရွင္းရွင္းလင္းလင္းၾကီး ၿမင္လုိက္ရ၏ ။ ထုိကိတ္မုန့္တြင္ အနားသတ္၌ ပန္းပြင့္ေလးတြင္ၿဖင့္ စီၿခယ္ထားေလၿပီး အလယ္တြင္ ခ်ယ္ရီသီးမ်ားၿဖင့္ အသည္းပံုၾကီးၾကီးတစ္ခုကို ပံုေဖာ္ထားေလသည္ ။

“၀ိုး … လွလုိက္တာ .. တန္တန္က အရမ္းေတာ္လုိက္တာ”
ရီ၀မ္၀မ္ သူ ့ကုိ ခ်ီးက်ဴးစကား ဆိုလုိက္၏ ။

ထုိေကာင္ငယ္ေလးသည္ ရွက္ေသြးၿဖာစြာ ႏႈတ္ခမ္းတို့ကို ဖိကိုက္လုိက္ၿပီး ကိတ္မု့န္ကုိ ေၿမွာက္လုိက္ကာ ရီ၀မ္၀မ္ကုိ ထုိးေပးလာသည္ ။

“ဒါက .. မာမီ့ အတြက္”

ရီ၀မ္၀မ္ အံ့ၿသသြား၏ ။
“မာမီ့အတြက္လား … သားေမေမ့အတြက္ လုပ္ေနတာ မဟုတ္ဘူးလား”

တန္တန္သည္ သူမအား ရႊန္းစားစြာ ၾကည့္ေနၿပီး
ေလးနက္စြာ ေၿပာလာသည္ ။

“ဒါေပမယ့္ တန္တန္ က မာမီ့ကို ေပးခ်င္တာ ။
တန္တန္ ပထမဆံုး လုပ္ဖူးတဲ့ ကိတ္ မလုိ့
မာမီ့ကို ေပးခ်င္တယ္”

တန္တန္ ေၿပာေနသည့္ “မာမီ” ဆိုတာ သူမကုိပါလား …

ပထမဆံုး လုပ္ထားတဲ့အရာက အေရးအၾကီးဆံုး ၿဖစ္တာမို့
သူက သူမကုိ ေပးခ်င္ေနတာတဲ့လား ။

ရီ၀မ္၀မ္၏ရင္ထဲ ေႏြးပ်လာၿပီး ထုိေကာင္ငယ္ေလးကို ရင္ခြင္ထဲ ပုိက္ေထြးထားလုိက္မိေတာ့ရင္း …

“ေက်းဇူးပါ .. ေက်းဇူးပါ ၊ တန္တန္ …”

ေက်းဇူးပါ ၊ မာမီ့ကေလးေလး …

ဒီလက္ေဆာင္က မာမီ ရခဲ့ဖူးသမွ်ထဲမွာ တန္ဖိုးအရွိဆံုး လက္ေဆာင္ေလးပါ …

“မာမီ ၾကိဳက္လားဟင္”

“ၾကိဳက္တာေပါ့ … အရမ္းအရမ္းကို ၾကိဳက္တယ္”

“ဒါဆုိ အတူစားရေအာင္ေလ .. မာမီ”

“အင္း”

ထိုသားအမိနွစ္ေယာက္သည္ ထိုကိတ္ေလးကို အတူတူ စားပစ္လုိက္ၾကၿပီးေနာက္ ေနာက္ထပ္ကိတ္မုန့္တစ္ခုကို ထပ္လုပ္ၾကၿပန္သည္ ။

ဒီတစ္ၾကိမ္တြင္မူ ေကာင္ငယ္ေလးသည္ ကိတ္မု့န္၏အနားသတ္တြင္ ပန္းပြင့္အနည္းငယ္ ၊ သစ္ရြက္အနည္းငယ္နဲ့သာ အလွဆင္ထားၿပီး အလယ္တြင္ အသည္းပံု ထည့္ထားၿခင္း မရွိေတာ့ေပ ။

ကိတ္မုန့္ကို ထုပ္ပိုးၿပီးသြားသည့္ေနာက္တြင္
ေကာင္ငယ္ေလး၏ ရႊင္ပ်ေနေသာ စိတ္အာရံုမွာ
ညွိဳးငယ္လာေတာ့သည္ ။

“မာမီ … တန္တန့္ ကို အခု အိမ္ၿပန္ပုိ့ေတာ့မွာလားဟင္”

ရီ၀မ္၀မ္ အခ်ိန္ကုိ တစ္ခ်က္ၾကည့္လုိက္၏ ။
“ေစာပါေသးတယ္ ။ မာမီတုိ့ ညစာအရင္ သြားစားၾကမယ္ ၊
ဘယ္လုိလဲ”

တန္တန္က ခ်က္ခ်င္း ေခါင္းညိတ္ၿပလာ၏ ။
“ဟုတ္”

ထုိ့ေနာက္တြင္ ရီ၀မ္၀မ္သည္ လက္တစ္ဖက္က တန္တန္ကုိ ဆြဲထားကာ တစ္ဖက္က ကိတ္မုန့္ကို ကိုင္ထားရင္း
ကိတ္မုန့္ဆုိင္ကေန ထြက္သြားလုိက္သည္ ။

သူတုိ့ ထိုဆုိင္ကေန ထြက္လုိက္သည့္အခုိက္
သူတုိ့အေရွ့တြင္ လူေတြ က်ိတ္က်ိတ္တိုး စည္ကားေနတာေၾကာင့္ ရီ၀မ္၀မ္တုိ့ ေရွ့ဆက္သြားလုိ့ မရေတာ့ ။

“ေရွ့မွာ ဘာေတြ ၿဖစ္ေနတာပါလိမ့္”
ရီ၀မ္၀မ္ တီးတိုးေရရြတ္မိ၏ ။

လူအုပ္ထဲမွာ တုိးက်ိတ္ၿပီး ညပ္ေနေသာ လူတစ္ေယာက္က ေၿဖလာသည္ ။

“ရွန္း မိသားစုရဲ့ နိဗၺာန္ေစ်းၾကီး ဖြင့္ေပးထားလုိ့ဗ် ။
ဒီေန့က ပထမဆံုးေန့ပဲ … အကုန္လံုး ၾကိဳက္သေလာက္စား အလကားတဲ့”

အိုး … ရွန္း မိသားစုရဲ့ နိဗၺာန္ေစ်းၾကီး ဆုိပါလား ..

ရီ၀မ္၀မ္၏ ႏႈတ္ခမ္းတို့ တြန့္ခ်ိတ္သြားရသည္ ။
အကုန္ အလကားအခမဲ့ ေက်ြးတတ္သည္က
ရွန္း မိသားစု၏ တကယ့္စရုိက္ပင္ ။

“မာမီ …”

လူေတြ က်ိတ္က်ိတ္တုိးေနတာမို့
တန္တန္က စိုးရိမ္တၾကီးၿဖင့္ ရီ၀မ္၀မ္၏အက်ီၤစေလးကို ဖမ္းဆုပ္လာသည္ ။

“မာမီ .. တန္တန့္နားမွာပဲ ေနေနာ္ ။ တန္တန္ နဲ့ မကြဲသြားေစနဲ့”

ရီ၀မ္၀မ္ ဟက္ဟက္ပက္ပက္ ရယ္ေမာလိုက္မိၿပီး တန္တန္၏လက္ေလးကုိ ဆုပ္ကိုင္လုိက္၏ ။
“ဒီလိုလုပ္လုိက္ရင္ မာမီတုိ့ လူမကြဲေတာ့ဘူး”

ထုိေကာင္ငယ္ေလး၏မ်က္၀န္းတု့ိမွာ ခ်က္ခ်င္းပင္ ေပ်ာ္ရႊင္ၾကည္နူးသြားေတာ့ၿပီး ႏႈတ္ခမ္းေလးက တြန့္ေကြးတက္လာသည္တြင္
ၿဖဴစြတ္ေနသည့္ ပါးၿပင္ေလးကေန ခ်စ္စဖြယ္အတိ ၿပီးေသာ ပါးခ်ိဳင့္ေလးနွစ္ခုက ဘြင္းဘြင္းရွင္းရွင္း ထြက္ၿပဴလာေလၿပီ ။

“အင္း …”

ငါ … မာမီ့ရဲ့လက္ကုိ တစ္သက္လံုး ကုိင္ထားခ်င္လိုက္တာ ..

အေရွ့နားတြင္ လူက်ိတ္က်ိတ္တုိးေနေသာ္လည္း လြတ္လပ္ေသာနယ္ေၿမ၏ ဒိတ္ဒိတ္ၾကဲ ရွန္း မိသားစုက ၾကီးမွဴးၿပီး နိဗၺာန္ေစ်းပြဲကုိ က်င္းပေပးေနၿခင္း ၿဖစ္တာေၾကာင့္ ဘာၿပသနာမွ မရွိနုိင္ပါေခ် ။ ထုိ့ေၾကာင့္ ရီ၀မ္၀မ္သည္ တန္တန္ကုိ လက္ဆြဲကာ ထုိပြဲေတာ္ဆီ ၀င္သြားလုိက္ေတာ့သည္ ။

…………………………………………………………………..........

စာစဥ္ ၆၄၊ အခန္း ၂၂။  က်ြန္မရဲ့ သား

နိဗၺာန္ေစ်းသည္ လင္းထိန္ေနၿပီး တလက္လက္ ေတာက္ေနေသာ ေရႊမ်ားၿဖင့္ တန္ဆာဆင္ထား၏ ။ အလြန္တရာ ေမႊးၾကိဳင္လြန္းလွသည့္ အစားအေသာက္မ်ားကလည္း လူတိုင္းကုိ ေရြးရခက္ေစကာ ေခါင္းေနာက္လာေစသလုိ စားခ်င္စိတ္တုိ့လည္း တဖြားဖြား ေပၚေပါက္လာေစသည္ ။ ထုိ့ၿပင္ အားလံုးသည္ အလကား ၿဖစ္တာမို့ ဒီလမ္းၾကီးတစ္ေလ်ွာက္တြင္ ထူးထူးၿခားၿခားကို စည္ကားသိုက္ၿမိဳက္လုိ့ ေနသည္ ။

ရီ၀မ္၀မ္၏ရင္ထဲတြင္ တရုတ္ၿပည္မွာ စီရီဟန္နွင့္ အတူ
တန္တန္ကုိ ေခၚသြားကာ သံုးေယာက္သား
ၿပည္သူ ့ရင္ၿပင္တြင္ တစ္ေနကုန္ ေပ်ာ္ပါးခဲ့သည္ကုိ
အမွတ္ရမိသြား၏ …

ရီ၀မ္၀မ္ သူမ၏အေတြးေရယာဥ္တုိ့ကို စုစည္းလုိက္ၿပီး
ေမးလုိက္သည္ ။
“ေဘဘီ .. ဘာစားခ်င္လဲ”

တန္တန္က ေခါင္းကုိ ဘယ္ညာယမ္းၿပလာသည္ ။
စားစရာေတြ တသီၾကီး ရွိေနၿခင္းေၾကာင္း
သူ ေရြးရခက္ကာ ေခါင္းရႈပ္ေနဟန္ ။

ရီ၀မ္၀မ္ အလိုက္သိစြာပင္ လက္ကုိ ေ၀ွ့ယမ္းလုိက္ကာ …
“ဒီလုိဆုိရင္ တစ္ခုခ်င္းစီ ၿမည္းၾကည့္ၾကတာေပါ့”

ရီ၀မ္၀မ္ ေလ်ွာက္သြားၿပီး ဂ်ပန္ေရဘ၀ဲလံုးမ်ား ၊ အသားကင္တုတ္ထိုးမ်ား ၊ ေခါက္ဆဲြေအးမ်ားနွင့္ တၿခားေသာ လမ္းေဘးစားဖြယ္ရာအစံုကို လုိက္၀ယ္ကာ ေကာင္ငယ္ေလး၏ ေလထဲကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ၾကီး ထည့္ေပးလုိက္ေလသည္ ။

သားအမိနွစ္ေယာက္သား လမ္းေလ်ွာက္ရင္း စားေသာက္ေနၾကခ်ိန္ လူတစ္ေယာက္သည္ သူမဆီကို ေလရူးသဖြယ္ ေၿပး၀င္္ခ်လာသည္ ။

“ဟဲဟဲ … မိန္းမလွေလး .. ကုိယ္တို့ ထပ္ေတြ ့ၾကၿပန္ၿပီေနာ္”

ရီ၀မ္၀မ္ ထိုသူကို ေတြ ့လိုက္ၿပီး မ်က္ခံုးတုိ့ ပင့္တက္သြားသည္ ။
“သခင္ေလး ရွန္း …”

“ဟုတ္ပါတယ္ဗ်ာ ၊ ဟုတ္ပါတယ္ ။ မိန္းကေလး ကုိယ့္ကုိ မွတ္မိေနေသးတာက အရမ္းအရမ္းကို ဂုဏ္ယူစရာပဲ ။
အေခ်ာေလး .. ကုိယ္ ဒီနားတစ္၀ုိက္ လုိက္ပုိ့ေပးရမလား ။
အေခ်ာေလး တစ္ေယာက္ထဲဆုိ ပ်င္းေနစရာၾကီး ..
ဒီလိုလုပ္ပါလား ကုိယ္ မင္းကို အေဖာ္လုပ္ေပးမယ္ေလ”

ရွန္းထင္းခ်န္းသည္ သူမအား ၀မ္းသားၿမဴးတူးစြာၿဖင့္
ေၿပာဆိုေနခ်ိန္ ရုတ္တရက္ ဓားတစ္္လက္လို စူးရွလြန္းေသာ အၾကည့္တစ္ခုကို ခံစားမိလိုက္တာေၾကာင့္
ေအာက္ကို ငံု ့ၾကည့္လုိက္မိရာ …
ရႊန္းေ၀ေနၿပီး ေအးစက္ေနေသာ မ်က္၀န္းတစ္စံု ။

“အားနာပါတယ္ ၊ မာမီက တစ္ေယာက္ထဲ မဟုတ္ဘူး”

ေကာင္္ငယ္ေလးက အေပၚစီးကေန မိုးထားေသာ ထုိေယာက်ာ္းကို စုိက္ၾကည့္ကာ သူ ့မာမီရဲ့လက္ကို တင္းက်ပ္ေနေအာင္ ဆုပ္ထားၿပီး အလိုမက်စြာ ထုတ္ေၿပာ လာသည္ ။

“အာ … မင္း .. မင္းက ..”

ရွန္းထင္းခ်န္းသည္ ရီ၀မ္၀မ္အား မာမီဟု ေခၚသြားေသာ ထိုကေလးေလးကုိ တုန္လႈပ္စြာ ၾကည့္လုိက္၏ ။

ရီ၀မ္၀မ္သည္ ခုိးခိုးခစ္ခစ္ ရယ္ေမာလိုက္ၿပီး
ထိုေဒါသထြက္ေနေသာ ကေလးေလးကို ဖြဖြေလး
ပုတ္ေပးလုိက္ၿပီး …

“က်ြန္မရဲ့သား”

ေကာင္္ငယ္ေလးမွာ ထိုစကားကုိ ၾကားၾကားခ်င္း အံ့အားသင့္သြားၿပီးေနာက္တြင္ မ်က္၀န္းတို့က ရႊန္းစားေတာက္ပလာေတာ့သည္ ။

“ဘ … ဘာရယ္ .. မင္း .. မင္းမွာ သားရွိတယ္လား” 
ရွန္းထင္းခ်န္း ထိတ္လန့္တုန္လႈပ္သြား၏ ။

အခုသည္ ရွန္းထင္းခ်န္း၏ ခ်စ္ခင္စံုမက္ေနမႈကို
ခြာခ်နုိင္ေတာ့မည့္ အခြင့္အေရးေကာင္းၾကီး တစ္ခု ၿဖစ္နုိင္သည္ဟု ရီ၀မ္၀မ္ ဖ်တ္ခနဲ ေတြးမိသြားၿပီး ေၿပာလုိက္ေတာ့သည္ ။

“အင္း ၊ ဘာၿဖစ္လို့လဲ .. ၿပသနာရွိလုိ့လား”

ထုိေယာက်ာ္းသည္ကေတာ့ ခ်က္ခ်င္းပင္ ေလးစားခ်စ္ခင္မႈတုိ့ ဖိတ္ဖိတ္လ်ွံက်လာေခ်ၿပီ ။

“ဂုိဏ္းခ်ဳပ္ပိုင္ က နတ္မိမယ္ေလးလုိ ေခ်ာေမာတဲ့အၿပင္ ဥာဏ္ကလည္းထက္ ၊ သုိင္းကလည္း ေကာင္းၿပီး ရက္စက္တဲ့ေနရာမွာလည္း အတုမရွိ
ၿပိဳင္ဘက္ကင္းတဲ့သူပဲဗ်ာ … သားတစ္ေယာက္ မေၿပာနဲ့ ၊
ဆယ္ေယာက္ ရွိရင္ေတာင္မွ ၿဖစ္သင့္တာေပါ့ ။ စိတ္မပူနဲ့ ၊ မိန္းမလွေလး ကိုယ္ လံုး၀ လံုး၀ကုိ စိတ္ထဲမထားဘူး”

ရီ၀မ္၀မ္ ။  “…”

ဘာရယ္ … သား ဆယ္ .. ဆယ္ေယာက္ လား ။

သူ ေက်ာခ်မ္းစရာေတြ မေၿပာလုိ့ မရဘူးလား ။

ငါေလးမွာ သားတစ္ေယာက္ထဲနဲ့တင္ ေတာ္ေတာ္ေလး ေရွာ့ရၿပီးေနပါၿပီေနာ္ ။

တန္တန္၏ မ်က္နွာေသးေသးေလးမွာ ခ်က္ခ်င္းပင္
တစ္ဖန္ၿပန္လည္ မည္းပုတ္သြားၿပီး
ရွန္းထင္းခ်န္းကို ၾကည့္ေနသည့္ သူ ့အၾကည့္တုိ့မွာ
ပုိပုိပင္ မၾကည္သာမႈတုိ့ ဖိတ္လ်ွံလာရေလၿပီ ။

“မိန္းမလွေလး .. ဒီမွာ ၾကိဳက္တာ အကုန္စားေနာ္”

ရွန္းထင္းခ်န္းက ခ်မ္းသာၾကြယ္၀သည့္ သူေဌးပီပီ
ရက္ရက္ေရာေရာကို ေၿပာဆိုလာသည္ ။

“အစကတည္းက စားေနတာပဲ မဟုတ္ဘူးလား”

“အာ .. ဟုတ္တာေပါ့ ဟုတ္တာေပါ့ ဟီးဟီး ။ ဒါေပမယ့္ ဒီေန့ ကုိယ္ကုိယ္တုိင္ မိန္းမလွေလးကို အေဖာ္လုပ္ေပးမွာဆုိေတာ့ မိန္းမလွေလးက သူမ်ားေတြထက္ ထူးၿခားသြားတာေပါ့” ရွန္းထင္းခ်န္းက ေၿပာလာသည္ ။

“…”  ရီ၀မ္၀မ္ ေၿခကုန္လက္ပန္းက်မိသြား၏ ။

ငါေလးက မလိုပါဘူးေနာ္ ၊ ဟုတ္ပီလား ။

ကံမေကာင္းစြာၿဖင့္ ရွန္းထင္းခ်န္းသည္
လြယ္လြယ္နဲ့ ေနာက္ေၾကာင္းၿပန္မလွည့္တတ္သည့္ လူစားမ်ိဳး ၿဖစ္ေနၿပီး သူမ နွင့္ တန္တန္ ေနာက္ကေန တစ္ခ်ိန္လံုး ေပ်ာ္ရႊင္ၿခင္းၾကီးစြာၿဖင့္ တေကာက္ေကာက္လုိက္ေနေတာ့သည္ ။

ဒီတစ္လမ္းလံုးသည္ သူ ့မိသားစုအပိုင္ ၿဖစ္ေနတာေၾကာင့္
ရီ၀မ္၀မ္ သူ ့ကုိ ခြာခ်ပစ္ခ်င္ရင္ေတာင္ ခြာခ်လို့ မရ ၿဖစ္ေနရ၏ ။

“မာမီ …”

တန္တန္သည္ ရွန္းထင္းခ်န္းကို သတိၾကီးစြာၿဖင့္
ၾကည့္ေနၿပီးေနာက္ သူမ၏လက္ကို မသိမသာေလး
ဆြဲလာသည္ ။

ရီ၀မ္၀မ္ ငံု့ၾကည့္လုိက္ၿပီး တုိးတိုးေလး ေမးလိုက္၏ ။

“ေဘဘီ ဘာၿဖစ္လို့လဲ”

တန္တန္ခမ်ာ ေတာ္ေတာ္ေလး တြန္ ့ဆုတ္ေနခဲ့ၿပီးမွ မႈန္ကုတ္ေနသည့္မ်က္နွာေလးၿဖင့္ ေၿပာလာသည္ ။

“မာမီ .. သူ ့ကုိ မၾကိဳက္္နဲ့ေနာ္”

…………………………………………………………………..............

စာစဥ္ ၆၄၊ အခန္း ၂၃။  သူက မာမီနဲ့ မလုိက္ဘူး

ရီ၀မ္၀မ္ ၀ါးခနဲ ရယ္ခ်မိသြားေတာ့၏ ။
“ဘာလုိ့လဲ ေဘဘီရဲ့”

တန္တန္သည္ ခ်က္ခ်င္းပင္ ၿပန္ေၿဖလာသည္ ။
“သူက မာမီနဲ႔ မလိုကၻဴး”

ရီ၀မ္၀မ္ ခ်က္ခ်င္း စိတ္၀င္စားသြား၏ ။
“သူက မာမီနဲ့ မလိုက္ဘူးဆုိရင္ … ဒါဆုိ ဘယ္သူက
မာမီနဲ့ လိုက္လဲ”

ေကာင္ငယ္ေလးသည္ မ်က္လႊာေလးကို ခ်လိုက္ၿပီး အေတြးၾကီးေတြးေနေလၿပီ ။

“မိန္းမလွေလး .. မိန္းမလွေလး .. ေရာ့ ဒါေလး စားၾကည့္ ..
ကုိယ္ ခြံ ့ေက်ြးမယ္ အာ …”

ရွန္းထင္းခ်န္းသည္ မရမ္းသီးတုတ္ထိုးကုိ ကုိင္ကာ
သူမဆီကုိ အားတက္သေရာ လာေနေလၿပီ ။

ရွန္းထင္းခ်န္းကို ၾကည့္ၿပီး ရီ၀မ္၀မ္ ေခါင္းစားမိသြား၏ ။
သြယ္၀ုိက္ၿပီး ၿငင္းလိုက္ၿခင္းကလည္း အလုပ္မၿဖစ္ခဲ့တာေၾကာင့္
သူမ ပြင့္ပြင့္လင္းလင္း ေၿပာရံုသာ က်န္ေတာ့ေပၿပီ ။

“ေတာင္းပန္ပါတယ္ ရွန္း သခင္ေလး ၊ က်ြန္မ မွာ ခ်စ္ရတဲ့သူ ရွိၿပီးသားပါ”

ရွန္းထင္းခ်န္းသည္ လံုး၀ကုိ ဂရုမစုိက္ဘဲ ၿပံဳးၿဖီးကာ ၿပန္ေၿဖလာသည္ ။

“သိပါတယ္ … ဂုိဏ္းခ်ဳပ္ ပိုင္ က
ေယာက်္ားေခ်ာေခ်ာေလးေတြ ၾကိဳက္တယ္ဆိုတာ
သိၿပီးသားပါ ။ ရုပ္ရည္နဲ့ ပတ္သက္ၿပီး ေၿပာရမယ္ဆိုရင္
ကုိယ္က ဂုိဏ္းခ်ဳပ္ ပိုင္ ရဲ့ စံႏႈန္းထဲ ၀င္တယ္မလား”

ရီ၀မ္၀မ္၏ႏႈတ္ခမ္းတို့ တြန့္ခ်ိတ္သြားသည္ ။

တကယ္ပါပဲ ပုိင္ဖန္းရဲ့ နာမည္က အဲ့ေလာက္ေတာင္ ပုပ္ပြေနတာလား ။ သူ နွာထတာကို လူတုိင္းေတာင္ သိေနၾကတာလား ။

ရီ၀မ္၀မ္ ကူကယ္ရာမဲ့စြာၿဖင့္ ရွင္းၿပလိုက္မိသည္ ။
“အဲ့လို ေၿပာတာမဟုတ္ဘူး ။ က်ြန္မဆီမွာ ခ်စ္သူ ရွိတယ္ … သူက က်ြန္မဘ၀ရဲ့ အခ်စ္စစ္ ၊ သူက က်ြန္မဘ၀ရဲ့ တစ္ေယာက္ထဲေသာသူ ၊ တၿခားသူနဲ့ က်ြန္မ ေလ်ွာက္ေပ်ာ္ပါးေနမွာ မဟုတ္ဘူး”

ရွန္းထင္းခ်န္းက ဟုတ္မွန္သည့္ဟန္ၿဖင့္ ေၿပာလာသည္ ။
“ဟဲဟဲ ဂုိဏ္းခ်ဳပ္ပုိင္ရာ နတ္မိမယ္ေလးလုိ
ေခ်ာကလည္းေခ်ာ ၊ ဥာဏ္ကလည္းထက္ ၊
သုိင္းကလည္း ေကာင္းၿပီး ရက္စက္တဲ့ေနရာမွာလည္း ၿပိဳင္ဘက္ကင္းတဲ့ ဂုိဏ္းခ်ဳပ္ပုိင္လုိ လူက
ပန္းတစ္ပြင့္ထဲေပၚမွာပဲ ေၿခေတာ္တင္စရာလားဗ်ာ ။ ေလ်ွာက္ရမယ့္လမ္းက ဟုိးအက်ယ္ၾကီးရွိေသးတယ္ … ဒီစၾက၀ဠာၾကီးထဲမွာ ဂုိဏ္းခ်ဳပ္ပိုင္ ေၿခေတာ္တင္မွာကို
ေစာင့္ေနၾကတဲ့ ေယာက်ာ္းေခ်ာေခ်ာေလးေတြ အမ်ားၾကီး ရွိေနေသးတယ္ ။ ဥပမာဆုိရင္ က်ြန္ေတာ့္လိုေပါ့ …”

“…” ဘုရား ဘုရား … ေတာ္ပါေတာ့ဟ ။

ရီ၀မ္၀မ္သည္ သူမ ဘာေၿပာေၿပာ သူ ့ကုိ ဘယ္လိုမွ ခြာခ်လုိ့ မရတာေၾကာင့္ ဘယ္လိုလုပ္ရမလဲဟု အသည္းအသန္
စဥ္းစားေနစဥ္ အေရွ့ဘက္ကေန ႏူးညံ့ညင္သာေသာ
အသံတစ္သံကို ၾကားလိုက္ရေလသည္ ။

“ေရွာင္ဖန္း”

အာ .. ဂ်ိရိႈ ့ရန္လား .. ။

ဒီလုိက်ဥ္းထဲၾကပ္ထဲမွာ ဂ်ိရိႈ ့ရန္ကို ေတြ ့လုိက္ရၿခင္းအေပၚ
ရီ၀မ္၀မ္ အတုိင္းမသိေအာင္ကို ေပ်ာ္ရႊင္မိသြား၏ ။

သူမသည္ ပုိင္ဖန္း၏ေနရာ ၊
ဂ်ိရိႈ ့ရန္၏ ဇနီးေလာင္း ေနရာတြင္ ေနေနရၿခင္း ၿဖစ္တာမို့
ဂ်ိရိႈ ့ရန္အား အရင္က စည္းၿခားၿပီး မဆက္ဆံခဲ့ဖူးသလို
သူ ့ေရွ့တြင္ ခ်ြဲႏြဲၿပလည္း ဘာၿပသနာမွ မရွိပါေခ် ။

အခုတြင္ … သူမ မထင္ထားခဲ့ဖူးသည့္ သူမ၏သရုပ္မွန္က
ဂ်ိရိႈ ့ရန္၏ဇနီးေလာင္းအၿဖစ္ အမွန္တကယ္
ၿဖစ္ေနေလသည္ ..
သူမ အခု ခံစားေနရသည့္ ခံစားခ်က္တုိ့ကို ေဖာ္ၿပလုိ့ပင္
မရနုိင္ေပ ။

သူမကုိ ပိုလုိ့ စိတ္ရႈပ္ေစသည္က ဟုိတုန္းက ဂ်ိရိႈ ့ရန္သည္ စိုးရိမ္ၿခင္းကင္းေသာနန္ကုိ လက္ထပ္ဖုိ့ရာ စိတ္ကူးမရွိခဲ့ဘဲ ေစ့စပ္ပြဲကုိ ဖ်က္သိမ္းပစ္ခဲ့သည္ဟု သခင္မၾကီး နန္ ေၿပာခဲ့ဖူးသည့္ စကား ။

ဂ်ိရိႈ ့ရန္က နန္ မိသားစု၏ ေစ့စပ္ပြဲကုိ ပယ္ခ်ၿပီး
ပုိင္ဖန္းနဲ့ တိတ္တိတ္ေလး ခုိးတြဲေနတာလား …

ဒါဆုိ ဂ်ိရိႈ ့ရန္က … ငါ့ကြယ္ရာမွာ ငါ့ကုိ သစၥာေဖာက္ေနတာလား ။

ရီ၀မ္၀မ္ မတံု့ၿပန္နုိင္ခင္
တန္တန္က ဂ်ိရိႈ ့ရန္ဆီ လွစ္ခနဲ ေၿပးသြားကာ
ေပ်ာ္ရႊင္ၿမဴးတူးစြာ ေၿပာေလသည္ ။

“ေလးေလး ဂ်ိ .. ေလးေလး ဂ်ိ .. တန္တန္က ေလးေလးကို လြမ္းေနတာ”

ဂ်ိရိႈ ့ရန္၏ မ်က္နွာထက္တြင္ ေႏြးေထြးသည့္
အၿပံဳးပန္းတစ္ပြင့္ ၿဖစ္တည္လာၿပီး သူ၏ က်ယ္ေၿပာလွသည့္ လက္ၾကီးၿဖင့္ ထုိေကာင္ငယ္ေလး၏ ေခါင္းေလးကုိ ခပ္ဖြဖြေလး ပုတ္ေပးလုိက္သည္ ။

ထိုၿမင္ကြင္းေၾကာင့္ ရီ၀မ္၀မ္ အံ့ၿသမိသြားၿပီး နဖူးၿပင္မွာ တြန့္ခ်ိဳးသြားေတာ့သည္ ။

တန္တန္သည္ သူမကလြဲၿပီး ဘယ္သူ ့အေပၚကိုမွ ဒီေလာက္ထိ တရင္းတနွီးမေနတတ္ပါေခ် ။

ဂ်ိရိႈ ့ရန္နွင့္ ဒီေလာက္အထိ ရင္းနွီးက်ြမ္း၀င္ေနလိမ့္မည္ဟု
ရီ၀မ္၀မ္ မထင္ထားမိခဲ့ပါေခ် ။

သုိ့ေသာ္ ၿပန္စဥ္းစားၾကည့္လုိက္ေတာ့ ထုိသည္က
မထူးဆန္းေနၿပန္ ။ ဂ်ိ မိသားစု နွင့္ နန္ မိသားစုသည္ အခ်င္းခ်င္းခင္မင္ရင္းနွီးၾကၿပီး ဂ်ိရိႈ ့ရန္ နွင့္ သူမတစ္ၿဖစ္လဲ စိုးရိမ္ၿခင္းကင္းေသာနန္သည္လဲ ေစ့စပ္ထားခဲ့ဖူးသည္အထိ ပတ္သက္ဆက္ႏြယ္ဖူးတာေၾကာင့္ ဂ်ိရိႈ ့ရန္နွင့္တန္တန္တုိ့
သိေနၿခင္းမွာ မဆန္းပါေခ် ။

နည္းလမ္းက်က် ေၿပာရရင္
တန္တန္သာ ဂ်ိရႈိ ့ရန္၏ သား မဟုတ္ရင္
ဂ်ိရိႈ ့ရန္သည္ အေဖာက္ၿပန္ခံလိုက္ရၿခင္းဟု
ေၿပာ၍ရနုိင္သည္ ။ ထုိသုိ့အမွန္သာဆုိ ဂ်ိရိႈ ့ရန္သည္
တန္တန့္အေပၚကို ဒီေလာက္ထိ ေကာင္းေပးနုိင္ပါ့မလား ။

သို့ေၾကာင့္ .. တန္တန္သည္ ဂ်ိရိႈ ့ရန္ နွင့္ သူမ ရထားသည့္
ကေလး ၿဖစ္နုိင္ေခ် ရွိ၏ ။

ရီ၀မ္၀မ္ ထုိအေတြးေၾကာင့္ ရင္ထဲ တုန္လႈပ္မိသြား၏ ။

…………………………………………………………………….........

စာစဥ္ ၆၄၊ အခန္း ၂၄။  အငယ္အေနွာင္းအေခ်ာေလးေတြ တၿပံဳၾကီး

“မာမီ …”

တန္တန္သည္ ဂ်ိရိႈ ့ရန္ကို ေခၚလာကာ သူမကုိ
ေခၚလုိက္တာေၾကာင့္ ရီ၀မ္၀မ္ အေတြးထဲကေန
လူးလြန္ ့လာ၏ ။

“မာမီ … ဒါ တန္တန့္ရဲ့ ေလးေလး ဂ်ိ”

ထုိေကာင္ငယ္ေလး၏ ဂ်ိရိႈ ့ရန္အေပၚ ထားသည့္
သေဘာထားနွင့္ ရွန္းထင္းခ်န္းအေပၚ ထားရွိသည့္
သေဘာထားမွာ ေန့နွင့္ညအလားကုိ အၿခားနားၾကီး ၿခားနားလြန္း၏ ။ သူမအား ဂ်ိရိႈ ့ရန္နွင့္ အားတက္သေရာပင္ မိတ္ဆက္ေပးေနေလသည္ ။

ဂ်ိရိႈ ့ရန္က တိုးတိုးတိတ္တိတ္ ရယ္ေမာလုိက္ကာ ..
“ဟားဟား .. ေလးေလးက သားရဲ့မာမီ နဲ့ သိၿပီးသားပါ”

ရီ၀မ္၀မ္၏ႏႈတ္ခမ္းတုိ့ တြန့္ခ်ိတ္သြားရ၏ ။

သိတာထက္ကုိ အမ်ားၾကီး ပိုေနတာေလ …

တိတ္တိတ္ပုန္း ခ်စ္သူေတြေတာင္ ၿဖစ္ေနတဲ့ဟာကုိ …

“တကယ္ၾကီးလား”
ထိုေကာင္ငယ္ေလးမွာ ခ်က္ခ်င္းပင္ အေပ်ာ္ရႊင္ၾကီး ေပ်ာ္ရႊင္သြားေလဟန္ ။

“ေဟာ … အရွင္ဂ်ိ တုိက္ဆုိင္လုိက္တာ … က်ြန္ေတာ္က
အခု ဂုိဏ္းခ်ဳပ္ပုိင္ကို အေဖာ္လုပ္ၿပီး ေစ်း၀ယ္ေပးေနတာ”

ရွန္းထင္းခ်န္းက မရမ္းသီးတုတ္ထုိးကုိ ကုိင္ထားရင္းကေန
လက္ကို ေ၀ွ့ယမ္းၿပီး ႏႈတ္ဆက္လာသည္ ။

ဂ်ိရိႈ ့ရန္သည္ မ်က္နွာပ်က္ယြင္းသြားၿခင္း မရွိဘဲ
ခပ္ေရးေရးေလးသာ ၿပန္ၿပံဳးၿပလာသည္ ။

“ဆုိင္ဖြင့္လုိက္တဲ့အတြက္ ဂုဏ္ယူပါတယ္ဗ်ာ ။
က်ြန္ေတာ့္ဘက္ကေန မၿဖစ္စေလာက္လက္ေဆာင္ေလးေတြ ၿပင္ေပးထားၿပီး သခင္ေလးအိမ္ကို ပုိ့ေပးထားခုိင္းလုိက္ပါၿပီ”

“အာ .. အရွင္ဂ်ိရာ အားနာစရာၾကီး”
ရွန္းထင္းခ်န္းက ၿပံဳးရႊင္ေနသည္ ။

ဂ်ိရိႈ ့ရန္သည္ ၿပံဳးကာ ရီ၀မ္၀မ္ဘက္သို့ လွည့္လုိက္သည္ ။
သူသည္ လက္တစ္ဖက္က ရီ၀မ္၀မ့္လက္ထဲက ကိတ္မုန့္ဗူးနွင့္ မုန့္ထုပ္မ်ားကုိ ယူလုိက္ၿပီး တစ္ဖက္က တန္တန္၏လက္ကို ဆြဲကာ ရွန္းထင္းခ်န္းအား ေၿပာလုိက္သည္ ။

“ေရွာင္ဖန္းကို ေစာင့္ေရွာက္ေပးတဲ့အတြက္ ေက်းဇူးပါ သခင္ေလး ရွန္း”

ရွန္းထင္းခ်န္း၏ပါးစပ္ၾကီးမွာ ၿပဴးက်ယ္လာေတာ့၏ ။

အာ .. ဘာ .. ဘာေတြ ၿဖစ္ေနတာလဲ ။

ဂ်ိဘုရင္နဲ့ ပိုင္ဖန္း က …

ဂ်ိဘုရင္ကလည္း ဒီမိန္းမလွေလးအေပၚမွာ
စိတ္၀င္စားေနတာေတာ့ မဟုတ္ပါဘူးေနာ္ ။

ရွန္းထင္းခ်န္းသည္ ဥစၥာဓနေရာ ရုပ္ရည္ပါ ၿပည့္စံုသူမို့ ထုိမိန္းမေခ်ာေလး ပုိင္ က မၿငင္းေလာက္ဘူးဟု အေသတြက္ထားမိခဲ့သည္သာ ။
အခုေတာ့ … ဒီ … ဒီရည္းစားလုဖက္ၾကီးက အရမ္းကို ေၾကာက္ဖုိ့ေကာင္းေနေလၿပီ …

ရွန္းထင္းခ်န္း၏နဖူးထက္တြင္ ေခ်ြးတုိ့ စုိ့လာရေလၿပီ ။

“ဟို … ဂုိဏ္းခ်ဳပ္ ပုိင္ ေစာေစာက ေၿပာတ့ဲ ၾကိဳက္ေနတဲ့သူ ရွိၿပီးသား ၊ တစ္သက္မွာ တစ္ေယာက္ထဲကိုပဲ ခ်စ္သြားမယ့္ အခ်စ္စစ္ ဆုိတာက .. မဟုတ္မွလြဲေရာ အရွင္ဂ်ိ လား”

ရွန္းထင္းခ်န္းသည္ ေၿပာရင္းၿဖင့္ စိတ္ထဲကေနလည္း
ဒီမိန္းမလွေလးသည္ ဒီကေလးေလးကုိ ဘယ္သူန့ဲမ်ား
ရထားခဲ့ၿခင္းလဲ ဆုိတာကို သိခ်င္ေနမိ၏ ။

သူ ေၿပာသြားတဲ့ တစ္သက္မွာတစ္ေယာက္ ဆုိတာေတြ
အခ်စ္စစ္ ဆုိတာေတြက ဘယ္ေရာက္သြားၿပီလဲ ။
သူ ငါ့ကို လာေနာက္ေနတာေတာ့ မဟုတ္ပါဘူးေနာ္ ..

သူမသည္ ရွန္းထင္းခ်န္းကို အလြန္အမင္း ခြာခ်ခ်င္စိတ္ေၾကာင့္
ဂ်ိရိႈ ့ရန္နွင့္သာဆုိလ်ွင္ ခြာခ်ပစ္နုိင္လိမ့္မည္ဟု မသိစိတ္ကေန အၿပင္းအထန္ ယံုၾကည္ေနမႈေၾကာင့္ ေခါင္းခ်က္ခ်င္း ညိတ္ၿပပစ္လုိက္သည္ ။

“ဟုတ္တယ္”

တန္တန္မွာ အေပ်ာ္ရႊင္ၾကီး ေပ်ာ္ရႊင္သြားေလဟန္ၿဖင့္ မ်က္ေတာင္မွိတ္ခတ္မွိတ္ခတ္ လုပ္လာသည္ ။

ဂ်ိရိႈ ့ရန္သည္ကေတာ့ အစကေန အခုထိတုိင္ တည္တည္တံ့တံ့ မ်က္နွာထားနွင့္သာ ။ ရီ၀မ္၀မ္ ထင္ေယာင္ထင္မွား ၿဖစ္မိသြားၿခင္းလား မသိပါေသာ္လည္း ဂ်ိရိႈ ့ရန္၏ အၿပံဳးမွာ ခါတုိင္းၿပံဳးေနက် အၿပံဳးတုိ့ထက္ အမ်ားၾကီး ေႏြးေထြးေနသေယာင္ေယာင္ပင္ ။

ရွန္းထင္းခ်န္းသည္ကေတာ့ ထုိသည္ကုိ ၾကားၿပီး ေခါင္းထဲ ခ်ာလပတ္ရမ္းသြား၏ ။ သူသည္ မိန္းမေတြကုိ ဆြဲညွိဳ့သည့္ေနရာတြင္ လြတ္လပ္ေသာနယ္ေၿမထဲက ဘယ္သူ ့ကုိမွ မေၾကာက္ခဲ့ဖူးပါေခ် ။ သု့ိေသာ္ .. သူ ့အေရွ့တြင္ ရွိေနသည့္ ဒီခ်စ္သူလုဖက္ကေတာ့ ေတာ္ေတာ္ေလး ေၾကာက္စရာ ေကာင္းလြန္းေနေပသည္ ။

ရွန္းထင္းခ်န္းက အခ်ိန္အၾကာၾကီး လြန္ဆြဲေနၿပီးေနာက္
ေနာက္ဆံုးတြင္ အလြန္တရာ အႏၱရာယ္မ်ားေသာ ၊
အလြန္တရာ ခက္ခဲလြန္းေသာ အရာၾကီးၿဖစ္သည့္
ဂ်ိဘုရင္အား ရင္ဆုိင္ေတြ ့ဖုိ့ရာ
ဆံုးၿဖတ္ခ်ခ်လုိက္ေတာ့ေလၿပီ ။ သူ ေမးလုိက္သည္ ။

“မိန္းမလွေလး … ကုိယ္လုပ္ေတာ္ေတြေရာ လက္ခံလား”

“…!!!”

ရီ၀မ္၀မ္ သူမအား ဂ်ိရိႈ ့ရန္၏အေရွ့တြင္ ကုိယ္လုပ္ေတာ္ေတြ လက္ခံလားဟု လာေမးရဲသည့္ ထုိသေကာင့္သားအား
ေသေအာင္ နုပ္နုပ္စဥ္းပစ္လုိက္ခ်င္မိသြား၏ ။

တစ္ေယာက္မွ လက္မခံဘူး ၊ ဟုတ္ၿပီလား ။

လြတ္လပ္ေသာနယ္ေၿမထဲတြင္ ေယာက်ာ္းမ်ားနွင့္
မိန္းမမ်ားသည္ ရင္ေဘာင္တန္းကာ ေနၾကၿခင္းေၾကာင့္ အငယ္အေနွာင္းအေခ်ာေလးေတြ တစ္ၿပဳံၾကီးကို ထားတတ္ၾကသည္မွာ အင္အားၾကီးေသာ ေယာက်ာ္းဘသားမ်ားတင္ မဟုတ္ပါေခ် ။

“ဟူး … ဒီလုိဆုိရင္ေတာ့ မတတ္နုိင္ေတာ့ဘူး ။
ငါတုိ့ .. မ်ွမ်ွတတ ယွဥ္ၿပိဳင္ၾကတာေပါ့”
ရွန္းထင္းခ်န္းကား သက္ၿပင္းတခ်ခ် ဆုိ၏ ။

ရွန္းထင္းခ်န္းသည္ ခ်က္ခ်င္းပင္ ေရႊေရာင္တလက္လက္ ေတာက္ပေနေသာ ေသာ့တစ္ေခ်ာင္းကုိ အိတ္ကပ္ထဲကေန ဆြဲထုတ္လုိက္သည္ ။

“မိန္းမလွေလး .. ဒါက ကိုယ္တုိ့ ရွန္း မိသားစု ရဲ့ ရတနာတုိက္ေသာ့ ။ မင္းေလးဆီကေန လက္ခံပါမယ္ဆုိတဲ့ စကားတစ္ခြန္း ထြက္က်လာတာနဲ့ ကုိယ္ ဒါနဲ့ မင္းေလးကုိ တင္ေတာင္းေပးမယ္”

ရီ၀မ္၀မ္ ။  “…”

ေအာ္ .. ၿပိဳင္ပြဲက ေတာ္ေတာ္ေလး မ်ွတေနဦးမယ္ ။

………………………………………………………….......................

စာစဥ္ ၆၄၊ အခန္း ၂၅။ တုိက္ဆုိင္လိုက္တာ ထပ္ေတြ ့ၾကၿပန္ၿပီ

ရီ၀မ္၀မ္ ကူကယ္ရာမဲ့ၿခင္း ၾကီးစြာၿဖင့္ မ်က္နွာကုိ
လက္နွင့္ အုပ္ထားမိ၏ ။

“မလုိဘူး ၊ ေက်းဇူးပဲ”

သူမသည္ ေရႊေတာင္ၾကီးေတြေရာ ေငြေတာင္ၾကီးေတြေရာ
တကယ့္ တကယ္ကုိ စိတ္မ၀င္စားပါေခ် …
သူမအဖို့ ထုိသည္တုိ့က အခ်ည္းနွီးသာ ။

ဒါေပမယ့္ ဒါက .. ထားလုိက္ပါေတာ့ …

အၿငင္းခံလိုက္ရသၿဖင့္ ရွန္းထင္းခ်န္းက သူမကုိ ေငးၾကည့္ကာ ေမးခြန္းထုတ္လိုက္သည္ ။

“ဒါေပမယ့္ … ဂုိဏ္းခ်ဳပ္ ပုိင္ ခုနက ေၿပာသြားတာ လြဲေနသလားလုိ့ ။ အရွင္ဂ်ိက မင္းရဲ့ တစ္သက္မွာ တစ္ေယာက္ထဲေသာသူ ၊
အခ်စ္စစ္နဲ့ ခ်စ္တဲ့သူ ဆုိရင္ .. ဒါဆုိ မင္း သားရဲ့အေဖ ဘယ္သူလဲ”

ရီ၀မ္၀မ္ ။ “…”

ဒီသူေဌးသားဖြတ္က်ားက ဘာလုိ့ အဲ့ေလာက္ေတာင္ ေၿပာရခက္တာလဲဟယ္ ။ ငါ သူ ့ကို အခုပဲ
သတ္ပစ္လုိက္ရေတာ့မလား ။

ရီ၀မ္၀မ္သည္ သူ ့ကို ရုိက္သတ္ပစ္ခ်င္စိတ္ကုိ
မနည္းၿမိဳသိပ္ေနရခ်ိန္ တန္တန္က အနားကတစ္ေနရာကုိ
ေငးၾကည့္ၿပီး ထေခၚလုိက္ေလသည္ ။

“ဒကၵီ …”

ဟမ္ … ဒက္ဒီ … လား ။

ဘာေတြ ၿဖစ္ေနတာလဲ ။

ရီ၀မ္၀မ္လည္း အလုိလိုပင္ တန္တန္ ၾကည့္ေနရာဆီ လွမ္းၾကည့္လုိက္မိ၏ ။

ထိုတြင္ .. သူမ ၿမင္လုိက္ရသည္ကား …
အနက္ေရာင္၀တ္စံုကုိသာ ၀တ္ဆင္တတ္ၿပီး အၿမဲတေစ ေအးစက္ေနသည့္ အေရာင္အ၀ါတုိ့ကိုသာ ထုတ္လႊတ္တတ္ ေသာ ေယာက်ာ္းတစ္ေယာက္ … အ ရွင္ နတ္ ဆိုး .. ။

ထုိေယာက်ာ္းသည္ သူ ့ေနာက္တြင္ အရံအေရြေတြ တစ္တန္းၾကီး လုိက္ပါလာလ်က္ အဆင့္အတန္းၿမင့္ေသာ ကလပ္တစ္ခုကေန ထြက္လာၿခင္းပင္ ။

သူ၏မ်က္လံုးတုိ့သည္ မိသားစု သားအမိသားအဖ
သံုးေယာက္လုိ ရပ္ေနၾကေသာ ရီ၀မ္၀မ္ ၊ ဂ်ိရိႈ ့ရန္ နွင့္
တန္တန္ကုိ လွမ္းၿမင္လုိက္ၿပီး ခ်က္ခ်င္းပင္ သူ ့မ်က္၀န္းတုိ့က အာတိတ္သမုဒၵရာလြင္ၿပင္က ေဆာင္းရာသီလုိ ေအးစက္လာၿပီး ခက္ထန္တင္းမာသည့္ အေရာင္အ၀ါတုိ့ ၿဖာထြက္လာေခ်ၿပီ ။

ေသစမ္း .. ဒီေလာက္ေတာင္မွ တုိက္ဆုိင္လြန္းရလားဟ ။

ရီ၀မ္၀မ္သည္ ဒီတေလာတြင္ တမင္တကာပင္
အရွင္နတ္ဆုိးအေပၚ ခပ္တန္းတန္းေနပစ္ခဲ့ေသာ္လည္း ရက္ေပါင္းမ်ားစြာ ေကြကြင္းထားခဲ့ရၿပီးေနာက္ ဒီလို အေၿခအေနမ်ိဳးၾကီးမွာမွ သူနဲ့ တည့္တည့္ၾကီး လာတိုးရလိမ့္မည္ဟုေတာ့ ေယာင္လုိ့ပင္ မေတြးခဲ့ဖူးပါေခ် ။

“ေသ … ေသစမ္း …” ရွန္းထင္းခ်န္းသည္ တန္တန္ ၏ 
“ဒက္ဒီ” ဟု ေခၚလုိက္ေသာ လူကို ေတြ ့သြားၿပီး
ေမးရုိးၾကီး ေအာက္ၿပဳတ္က်ေတာ့မလုိ ၿဖစ္သြား၏ ။

ဒါ အရွင္ .. အရွင္နတ္ဆိုး မလား ။

ဒီကေလးက အရွင္နတ္ဆိုးကို ဘယ္လုိေခၚလုိက္တယ္ .. ။

ပုိင္ဖန္းက အရွင္နတ္ဆုိးကို တကယ္ၾကီး ၿဖားေယာင္းထားနုိင္တာလား .. သူတုိ့မွာ ဒီေလာက္အရြယ္ ကေလးေတာင္ ရေနၾကၿပီလား ။
ဒါဆုိ ဂိ်ရိႈ ့ရန္ နဲ့ကေရာ ။
ဧကႏၱ … သူ ေလွနံနွစ္ဖက္ေတာင္ နင္းထားတာလား ။

ရွန္းထင္းခ်န္း ေလးစားအားက်စိတ္တုိ့ ဖိတ္လ်ွံလာေတာ့ကာ ရီ၀မ္၀မ္ဘက္ လွည့္ၾကည့္လုိက္၏ ။

သူသည္ အခ်စ္ေရးမွာ သူ ့ကုိယ္သူပင္ ဆရာၾကီးဟု ထင္ထားၿပီး
သူ ့ထက္ ပုိဆရာက်ေနေသာသူ ရွိလိမ့္မည္ဟု မထင္ထားမိခဲ့ပါေခ် ။

သူ ့ရဲ့ ေကာင္ေလးေတြက .. ၀ိုး .. အမုိက္စားေတြခ်ည္းပဲ ။

“ဒကၵီ …”

တန္တန္က ထိုရင္းနွီးက်ြမ္း၀င္ေနသည့္ မ်က္နွာကို ၿမင္လိုက္တာနဲ့ အလုိလို ႏႈတ္ကေန ေခၚမိေလသည္ ။

ရင္းနွီးက်ြမ္း၀င္ေနသည့္ မ်က္နွာ -- တရုတ္ၿပည္မွာ ရွိခဲ့သည့္ သံုးလတာကာလအတြင္း ေန့စဥ္ရက္ဆက္
ေတြ ့ၿမင္ေနခဲ့ရသည့္ ထုိမ်က္နွာတစ္ခု ။

တရုတ္ၿပည္မွာတုန္းက သူတုိ့၏ သားအဖဆက္ဆံေရးမွာ ေအးတိေအးစက္နုိင္ခဲ့ေသာ္လည္း
တန္တန္ သူ ့ကုိ ထပ္ေတြ ့လိုက္ရခ်ိန္မွာေတာ့
အေပ်ာ္ရႊင္ၾကီးကုိ ေပ်ာ္ရႊင္မိ၏ ။

“အရွင္ .. အရွင္နတ္ဆိုး …”
ရွန္းထင္းခ်န္းခမ်ာ ပါးစပ္အေဟာင္းသား ၿဖစ္ေန၏ ။
“ေကာင္ေလး .. မင္း .. သူ ့ကုိ ဘယ္လုိေခၚလုိက္တယ္”

အရွင္နတ္ဆိုးသည္ ဂ်ိရိႈ ့ရန္၏လက္ကုိ ဆြဲထားေသာ ထုိေကာင္ငယ္ေလးကို ေတြ ့လိုက္သည့္သကာလ သူ၏ေအးစက္ေနသည့္ မ်က္၀န္းတုိ့မွာ တဒဂၤေလး အရည္ေပ်ာ္က်သြားမိေသာ္လည္း ခ်က္ခ်င္းပင္
ထုိကေလးေလးအား ပီဘိသူစိမ္းတစ္ေယာက္လုိ
ၾကည့္လုိက္ေလသည္ ။

တန္တန္သည္ ထုိေယာက်ာ္း၏အၿပဳအမူကုိ သတိၿပဳမိလုိက္ၿပီး ခ်က္ခ်င္း မ်က္ေမွာင္ၾကဳတ္လာကာ မႈန္သုန္လာသလုိ မ်က္နွာထက္တြင္လည္း စိတ္ရႈပ္ေထြးမႈတုိ့ ၀င္ေရာက္လာေတာ့သည္ ။

ရီ၀မ္၀မ္သည္ ရွန္းထင္းခ်န္း၏ ေမးလာၿခင္းကုိ လ်စ္လ်ဴရႈလုိက္၏ ။ တန္တန္၏အမူအရာကုိ သတိၿပဳမိၿပီး ေအာက္ကုိ ငံု့ၾကည့္ကာ ရွင္းၿပလိုက္သည္ ။

“တန္တန္ .. သူက သား သိတဲ့သူ မဟုတ္ဘူး ။
သူတုိ့က ဒီတုိင္း ရုပ္ခ်င္းဆင္ရံုပဲ”

သူမသည္ တန္တန္ကုိ အကုန္ရွင္းမၿပနုိင္ေသးဘဲ
ဒီေလာက္ေလးသာ ေၿပာနုိင္ပါ၏ ။

“ဒက္ဒီ မဟုတ္ဘူး .. လား”

ေကာင္ငယ္ေလးက မ်က္ေမွာင္ၾကီး ကုတ္ကာ ခပ္တုိးတုိး
ေရရြတ္လာၿပီး ထုိေယာက်ာ္းအား တစ္ခါေမာ့ၾကည့္လုိက္ၿပန္ သည္ ။

ဆံပင္အေရာင္ပဲ ကြဲတာပါ ။

ရီ၀မ္၀မ္သည္ သူမ၏အေတြးေရယာဥ္ေၾကာကုိ စုစည္းလုိက္ၿပီး တည္တည္ၿငိမ္ၿငိမ္ၿဖင့္ပင္ ႏႈတ္ဆက္ေပး လိုက္သည္ ။

“အရွင္နတ္ဆိုး .. တုိက္ဆုိင္လိုက္တာေနာ္ ။
က်ြန္မတုိ့ ထပ္ေတြ ့ၾကၿပန္ၿပီ”

“ေၿမေခြးမ …” အရွင္နတ္ဆုိး၏ ေနာက္ေတာ္ပါးတြင္
ရပ္ေနေသာ က်န္းယန္သည္ အသံထြက္ကာ
ေၿပာမလာေသာ္လည္း သူ ့ႏႈတ္ခမ္းတုိ့ကေတာ့
ခပ္လႈပ္လႈပ္ၿဖင့္ ထိုသို့ ေၿပာေနသေယာင္ေယာင္ ။

………………………………………………………………….........

စာစဥ္ ၆၄၊ အခန္း ၂၆။ ေရႊေတာင္ၾကီးကုိ မက္ေပမယ့္ အလွေလးေတြကို ပိုမက္တယ္

သူမသည္ ဂ်ိဘုရင္နဲ့ ကလူ၏ၿမွဴ၏ လုပ္ေနခဲ့ၿပီး
မၾကာခင္ခနအတြင္း ရွန္းထင္းခ်န္းကို ၿဖားေယာင္းေနၿပန္ၿပီ။

ငါ့ရဲ့အရွင္က ဘယ္လိုမ်ား ဒီမိန္းမရဲ့ စက္ကြင္းထဲ မိသြားရတာပါလိမ့္ ။

တစ္ေန့ညက သူ ့အရွင္ရဲ့အခန္းထဲ မေတာ္တဆ
၀င္မိသြားခဲ့ခ်ိန္ ထိုမိန္းမ၏ သူ ့အရွင္အေပၚ လုပ္ရပ္တုိ့ကို
နဖူးေတြ ့ဒူးေတြ ့ ေတြ ့လုိက္ရသည့္သကာလ
သူ ့အရွင္သည္ ထုိမိန္းမ၏ ေစာ္ကားၿခင္း ၊
ဂုဏ္သိကၡာညိွဳးႏြမ္းေအာင္ လုပ္ၿခင္းကို
က်ိတ္ခံစားေနရသည္ဟု သူ ၿမင္ေနမိ၏ ။

ဘာပဲ ၿဖစ္ေနေန သူ အဲ့ဒီေၿဖေဆး ဆုိတာၾကီးကုိ ၿမန္ၿမန္
ရွာမွကုိ ၿဖစ္မည္ .. ။

အရွင္နတ္ဆုိးကေတာ့ အမူအရာကင္းမဲ့စြာၿဖင့္ပင္ သူမကုိ ၿပန္ႏႈတ္ဆက္လုိက္သည္ ။

“ပုိင္ ဂုိဏ္းခ်ဳပ္”

သူ၏အမူအရာမွာ
သူမတုိ့သည္ အရင္က တစ္ခါမွကုိ မသိမက်ြမ္းခဲ့သလိုလို ..
အရင္က ၿဖစ္ပ်က္ခဲ့သမ်ွအရာအားလံုးမွာ မရွိခဲ့သလိုလုိ ..
ထို့ေၾကာင့္ သူမ ပုိစိတ္ပ်က္ရ၏ ။

ရွန္းထင္းခ်န္းအဖုိ့မူကာ သူ၏စိတ္အာရံုမွာ
အလြန္အက်ဴးကုိ ေနာက္က်ိရႈပ္ေထြးၿပီးေနေလၿပီ ။

ဒါဆို .. အရွင္ နတ္ဆုိး က ဒီကေလးရဲ့ အေဖ ဟုတ္တာလား မဟုတ္တာလား ။

မၿဖစ္ေသးဘူး .. ငါ့မွာ ငါနဲ့လုိက္ဖက္ညီမယ့္သူကုိ
ခက္ခက္ခဲခဲၾကီးနဲ့ ရွာေတြ ့ထားရတာ ..
လြယ္လြယ္ေလးနဲ့ လံုး၀ လံုး၀ အရႈံးမေပးနုိင္ဘူး ။

ရွန္းထင္းခ်န္းက ရွက္ေသြးၿဖာစြာၿဖင့္ ရီ၀မ္၀မ္ကုိ ၾကည့္လုိက္သည္ ။

“ဂုိဏ္းခ်ဳပ္ ပုိင္ ကုိယ္ တင္ေတာင္းမယ့္ဟာကုိ သေဘာမက်ေသးဘူးဆုိရင္ .. ကိုယ့္ကုိယ္ကုိနဲ့ တင္ေတာင္းမယ္ ဆုိရင္ေရာ”

သူတုိ့က သူ့ထက္ ပိုအင္အားၾကီးၾကေတာ့ေရာ ဘာၿဖစ္လဲ ။
သူက ပုိခ်မ္းသာတာပဲေလ ။

သူတုိ့က သူ ့ထက္ ပုိအဆင့္ၿမင့္ေတာ့ေရာ ဘာၿဖစ္လဲ ။
သူတုိ့က သူ ့ထက္ အမ်ားၾကီး ပိုေခ်ာတယ္ဆုိေတာ့ေရာ ဘာၿဖစ္လဲ ။ သူက အမ်ားၾကီး ပုိခ်မ္းသာတာပဲေလ ။

ဒီေလာကတြင္ သူ၏ဆြဲေဆာင္မႈကို ေတာင့္ခံနုိင္မည့္သူ ရွိသည္ဟု
သူ မယံုၾကည္ပါေခ် ။

သူ၏ၿပိဳင္ဘက္ေတြက ဂ်ိဘုရင္ နဲ့ အရွင္နတ္ဆုိး ဆုိေတာ့ေရာ ဘာၿဖစ္လဲ ။

ရွန္းထင္းခ်န္းသည္ ထုိသို့ ေၿပာလုိက္သည့္ေနာက္တြင္
သူ ့ေနာက္ေက်ာကို ပစ္ခြင္းလာသည့္
အေအးလိႈင္းတစ္လိႈင္းကို ခံစားလိုက္ရ၏ ။

ေနဦး မဟုတ္ေသးဘူး .. အေအးလိႈင္းနွစ္လိႈင္းနဲ့ တူသလိုပဲ ။

ေနဦး မဟုတ္ေသးဘူး … သံုးလိႈင္းဟ … ။

သူသည္ သူ နွင့္ ပုိင္ဖန္းကလြဲၿပီး ရွိေနသည့္
သံုးေယာက္ကုိ ေသေသခ်ာခ်ာ ၾကည့္လုိက္မိေတာ့
ဂ်ိဘုရင္သည္ ခါတုိင္းလို ခပ္ၿပံဳးၿပံဳးသာ ၿဖစ္ၿပီး
အရွင္နတ္ဆုိးက အမူအရာကင္းမဲ့စြာ ၿဖစ္ကာ ထိုကေလးေလးသည္ကေတာ့ ..
သူကေတာ့ ပိုလုိ့ပင္ ခန့္မွန္းရခက္ေပသည္ ။

“…”  ရီ၀မ္၀မ္ခမ်ာ ေၿပာစရာစကားတုိ့ပင္ မရွိေတာ့ ။

ဒီလဒရဲ့ သိကၡာေတြ ဘယ္ေရာက္ကုန္ၿပီလဲ ။

ရီ၀မ္၀မ္သည္ အသက္ကို ခပ္ၿပင္းၿပင္း ရွဴသြင္းလုိက္ၿပီး ခပ္ေပါ့ေပါ့ေလးပင္ ဂ်ိရိႈ ့ရန္ နွင့္ အရွင္နတ္ဆုိးကုိ ၾကည့္လုိက္ၿပီး ၿပံဳးၿပံဳးေလး ေၿပာလုိက္သည္ ။

“သခင္ေလး ရွန္း … က်ြန္မ တကယ္ပဲ စိတ္မေကာင္းပါဘူး ။
က်ြန္မက ေရႊေတာင္ၾကီးကုိ မက္ေပမယ့္လုိ့
အလွေလးေတြကုိ ပိုမက္တယ္ ။ က်ြန္မအတြက္ေတာ့ … အလွေလးတစ္ေယာက္ရဲ့ အၿပံဳးတစ္ပြင့္က ေရႊတစ္ေထာင္ေပးၿပီး ၀ယ္လည္း မရနုိင္ဘူး”

“အလွေလးတစ္ေယာက္ရဲ့ အၿပံဳးတစ္ပြင့္က
ေရႊတစ္ေထာင္ေပးၿပီး ၀ယ္လည္း မရနုိင္ဘူး” ဟု ရီ၀မ္၀မ္ ေၿပာလုိက္ေသာ္လည္း ဘယ္သူ ့ကို ေၿပာေနၿခင္းလဲကိုေတာ့ ထည့္ေၿပာမသြားတာေၾကာင့္ အရွင္နတ္ဆိုးမွာ မ်က္နွာၾကီး မည္းပုတ္လာေတာ့ေလၿပီ ။

ရွန္းထင္းခ်န္းသည္ကေတာ့ သူ ့ရင္ဘတ္ကုိ
ၿမားတစ္ေခ်ာင္းက လာစူးစုိက္သြားသကဲ့သို့နွယ္
ရင္ဘတ္ၾကီးကို လက္နွင့္ ဖိဆုပ္ထားၿပီး
သနားစဖြယ္ေကာင္းစြာၿဖင့္ ေၿပာလာေတာ့သည္ ။

“တကယ္ေတ့ာ .. ကိုယ္လည္း ၿပံဳးလိုက္ရင္ တကယ္ၾကီး
ေခ်ာတာပါဗ်ာ ။ မိန္းမလွေလး ကိုယ့္ကို နည္းနည္းေလာက္ ထပ္ၾကည့္ၾကည့္ပါဦးလား”

ရွန္းထင္းခ်န္း၏မ်က္နွာေလးက တကယ့္ကို
ေမြးရာပါေခ်ာလွၿပီး တရုတ္ၿပည္မွာသာဆုိ A အဆင့္ သရုပ္ေဆာင္ေတြထဲ တန္း၀င္သြားနုိင္သည့္ မ်က္နွာမ်ိဳး ။ ကံမေကာင္းခ်င္ေတာ့ သူ၏ၿပိဳင္ဘက္နွစ္ေယာက္က ဟုိးအၿမင့္ၾကီးေရာက္ေအာင္ကုိ ေခ်ာေမာလြန္းေနၿခင္းပင္ ။

ရီ၀မ္၀မ္ ေခ်ာင္းဟမ့္လုိက္မိ၏ ။

“အဟမ္း .. သခင္ေလး ရွန္း .. ဒါက .. ဒါက ရုပ္ရည္နဲ့
ဘာမွ မဆုိင္ဘူး”

ရွန္းထင္းခ်န္းက အလုိမက် မႈန္သုန္စြာၿဖင့္ သူမကုိ
ၾကည့္လုိက္ကာ …
“ရုပ္ရည္နဲ့ ဘာမွ မဆုိင္ဘူး .. တဲ့လား ။ ဂုိဏ္းခ်ဳပ္ ပုိင္ ရာ
မင္း ဒီစကားကုိ ေသခ်ာစဥ္းစားၿပီးမွ ေၿပာတာေရာ
ဟုတ္ရဲ့လား”

ရီ၀မ္၀မ္ ။ “…”

ငါ သူ ့ကုိ တကယ္ရုိက္သတ္ပစ္ခ်င္လုိက္တာ ..

ထိုအခုိက္အတန့္တြင္ တန္တန္က သူတုိ့ေရွ့တြင္
ရပ္ေနေသာ ထုိေယာက်ာ္းကို ေမာ့ၾကည့္လုိက္ကာ …
“ခင္ဗ်ားက တကယ္ က်ြန္ေတာ့္ဒက္ဒီ မဟုတ္ဘူးလား”

အရွင္နတ္ဆိုးသည္ မေတြ ့ရတာ အေတာ္ၾကာေနၿပီ
ၿဖစ္သည့္ ထိုၿဖဴစြတ္ေနသည့္ ေကာင္ငယ္ေလးအား ငံု့ၾကည့္လိုက္မိသည့္တဒဂၤတြင္ သူ၏ သံတံတုိင္း ခတ္ထားေသာ စိတ္ခံစားခ်က္တုိ့က အနည္းငယ္ လြတ္ခ်င္ခ်င္ ၿဖစ္သြား၏ ။

သံုးစကၠန့္ေလာက္ တိတ္ဆိတ္ေနမိၿပီးေနာက္တြင္
ေအးစက္စြာၿဖင့္ သူ ၿပန္ေၿဖလာသည္ ။

“လူမွားေနပါၿပီ”

တန္တန္သည္ သူ ့ကုိ စုိက္ၾကည့္ေနရင္းကေန
ထိုအေၿဖကို လက္ခံသြားဟန္ၿဖင့္ ေၿပာလာသည္ ။

“ေတာင္းပန္ပါတယ္ ၊ က်ြန္ေတာ္ လူမွားသြားတာ ။
ခင္ဗ်ားက က်ြန္ေတာ့္ဒက္ဒီ မဟုတ္ဘူး ၊
က်ြန္ေတာ့္ဒက္ဒီက အရမ္းကုိ ႏူးညံ့ၾကင္နာတတ္တယ္”
…………………………………...................
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

စာစဥ္ ၆၄ ၿပီးပါၿပီ ။
ေပ်ာ္ရႊင္ဖြယ္ေန့ေလး ၿဖစ္ၾကပါေစ ။

ဒီေန႔ေတာ့ အမ်ားႀကီးပဲ အပ္ေပးထားတယ္ေနာ္ ။
အတြဲ ၅ က မၾကာခင္ စေတာ့မွာျဖစ္လို႔ ၀မ္၀မ္ေလးကို အတြဲ ၅ လဲ အပ္ထားေပးၾကပါဦးလို႔ 😘

ႀကိဳတင္ဖတ္႐ႈလိုပါက စာစဥ္တစ္ခုကို ၅၀ဝ နဲ႔ paid group မွာ ဖတ္႐ႈလို႔ ရပါၿပီရွင္ ။
ေဘလႊဲရမယ့္နံပတ္ေလးကေတာ့ 09402842937 ပါ ။ ေကာင္းေသာညခ်မ္းေလး ျဖစ္ၾကပါေစ 😘

.....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  64
Chapter.          :  13 - 26
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၆၄၊ အခန်း ၁၃။  စူပါစတား ဘုရင်ကြီး

“…” ရုပ်ရှင်တွေ အကြည့်များလွန်းနေတာလား ။
ဇာတ်ညွှန်းအတိုင်း လိုက်လုပ်စမ်းပါဟဲ့ .. တကတဲ .. ။

သို့သော် ထိုသည်ကပင် ခုနစ်စင်ကြယ် လုပ်နိုင်သည်ထဲက အကောင်းဆုံး ဖြစ်နေလေရာ ..

ရီဝမ်ဝမ်မှာ ခုနစ်စင်ကြယ်နောက်ကနေသာ ရေလိုက်ငါးလိုက် လိုက်သရုပ်ဆောင်ရုံသာ ရှိတော့၏ ။

“မီးလျှံကျောင်းတော်က ကြေးစား ရီဝမ်ဝမ် ။ ရှင်က
ခုနစင်စင်ကြယ် ဆိုမှတော့ ကျွန်မ လူမှန်သွားပြီပေါ့”
ရီဝမ်ဝမ်က သူ့ကို ကြည့်ကာ ပြောလိုက်၏ ။

“ဘာ .. မင်းက မီးလျှံကျောင်းတော်က ကြေးစားလား ။
မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ .. ပြောစမ်း ။
မပြောရင် ငါ မင်းကို သတ်ပစ်မယ်”
ခုနစ်စင်ကြယ်မှာ ဒေါသထွက်နေဟန် အပီအပြင် ။

“…” ငါ ခုနစ်စင်ကြယ်ရဲ့ပုံစံနဲ့ ဘယ်လိုဆက် သရုပ်ဆောင်ရတော့မှာလား .. ငါလေး တရုတ်ပြည်တုန်းက မန်နေဂျာဘဝလေးကို လွမ်းလိုက်တာနော် …

“လေဖောနေတာတွေ တော်ပြီ”
ရီဝမ်ဝမ် စိတ်ဓာတ်ချုံးချုံး ကျမိသွားသော်လည်း
ဆက်ကာ အားတင်းပြီး သရုပ်ဆောင်လိုက်၏ ။

“လာစမ်းပါ .. ရုပ်ဆိုးမကြီး .. မဟုတ်သေးဘူး မှားလို့ ခေါင်းကြောမာတဲ့သူကြီးလို့ ပြောတာ ။ မင်းတို့ မီးလျှံကြေးစားတွေအကုန်လုံး ဒီလိုပဲ
ခေါင်းကြောမာတတ်ကြတာလား ။ ငါ တော့ မယုံဘူး ။
ငါ မင်းရဲ့အရိုးတွေကို ရိုက်ချိုးပြပစ်မယ် .. အဲ့တော့မှ မင်း ဘာပြောဦးမလဲ ကြည့်ရသေးတာပေါ့”
ခုနစ်စင်ကြယ်သည် ရီဝမ်ဝမ်အား ဒေါသတကြီး ပြောလိုက်၏ ။

“…” မင်း သေချင်လို့ .. အဲ့စကားတွေ ဘယ်သူက သင်ပေးထားတာလဲ .. ။

ခုနစ်စင်ကြယ် အားမာန်သွင်းကာ ပြေးတက်လာသည်ကို
ရီဝမ်ဝမ် မြင်လိုက်ပြီး လက်ဝါးသိုင်း ထုတ်လိုက်၏ ။

သို့သော် .. သူမလက်ဝါးမှာ လမ်းတစ်ဝက်သာ ရောက်သေးသည် ၊ ထိုခုနှစ်စင်ကြယ်မှာ အားခနဲ နာကျင်ခြင်းကြီးစွာ အော်ဟစ်ကာ နောက်သို့ မီတာများစွာ လွင့်ပျံသွားတော့ပြီး မြေကြီးပေါ် ဘုန်းခနဲ ပြုတ်ကျကာ အသတ်ခံရတော့မည့်နှယ် တုန်လှုပ်ပြနေလေပြီ ။

ရီဝမ်ဝမ် ထိုတဆတ်ဆတ်တုန်ပြနေသော ခုနစ်စင်ကြယ်ကို ကြည့်ပြီး နှုတ်ခမ်းတို့ တွန့်ချိတ်သွားရ၏ ။

ငါ့ဓား ဘယ်မှာလဲ ။

“ငါ မင်းကို ထိတောင်ထိရသေးလို့လား ။
ဘာကိစ္စနောက်ပြန်လွင့်သွားရတာလဲ ။
ငါ့မှာ စူပါပါဝါတွေ သောက်ရမ်း ရှိနေလို့လားဟ”

ရီဝမ်ဝမ် ရှေ့သို့ တက်သွားလိုက်ပြီး ခုနစ်စင်ကြယ်၏ ခါးပတ်ကနေ ဆွဲမတော့လေပြီ ။

“မင်းကို မေးနေတာ .. ငါ့ဆီမှာ စူပါပါဝါတွေ ရှိနေလို့လား ..
ဟမ် .. ငါ့ဆီမှာ သဘာဝလွန်အစွမ်းတွေ ရှိနေလို့လား”

ခုနစ်စင်ကြယ်မှာ ထိုတော့မှ နာကျင်နေဟန် လုပ်ပြနေတာ ရပ်သွားတော့ပြီး ရီဝမ်ဝမ်ကို ကြည့်လာကာ တခနလောက် တွေးကြည့်လိုက်ပြီး ပြောလာတော့၏ ။

“အစ်မ ဖန်း ကလည်း ကျွန်တော်တော့ ဒါ လုံး၀ မိုက်တယ်လို့ ထင်တာပဲ ။ ကျွန်တော် သရုပ်ဆောင်သွားတာ ရေလည်မိုက်တယ် .. အစ်မရဲ့ တုနှိုင်းမမှီတဲ့ သိုင်းပညာမျိုးနဲ့ဆို ဒီလို ဖြစ်သင့်တာပဲဟာ ။ ကြည့်လေ .. အစ်မ ဖန်း က ထိတောင်မထိရသေးဘူး ကျွန်တော်က လွင့်ပျံသွားပြီးတော့ ဒဏ်ရာပါ ပြင်းပြင်းထန်ထန် ရလိုက်သေး တယ် ။ အစ်မ မီးလျှံကျောင်းကို ပြန်သွားတဲ့အခါကျရင် အားလုံးက အစ်မကို
ဝါး တော်လိုက်တာဆိုပြီးတော့ ဝိုင်းရှိခိုးချင်စိတ်တောင် ပေါက်သွားကြဦးမယ်”

“အော် .. တော်တော်လေး တွေးပေးထားတာပဲကိုး”

ရီဝမ်ဝမ်က အပြုံးလေးနဲ့ ပြောလိုက်တော့ ..
ခုနစ်စင်ကြယ်မှာ ချက်ချင်း ခေါင်းညိတ်လာ၏ ။

“တွေးပေးရတာပေါ့ ၊ အစ်မ ဖန်း က ကျွန်တော့်အကြောင်းကို နားအလည်ဆုံးပဲ ။ ကျွန်တော့်သရုပ်ဆောင်စကေးက တခြားသူတွေနဲ့ မတူဘဲ လုံးဝကို လန်ပျံထွက်နေရမယ်လေ ။ ကျွန်တော်သာ သရုပ်ဆောင် သွားလုပ်လို့ရှိရင် တစ်ခါတည်း စူပါစတားကြီးတောင်မှ ဖြစ်လာဦးမှာနော်”

“မင်း ငါသတ်တာ ခံချင်နေတာလား”
ရီဝမ်ဝမ် အံကြိတ်လေပြီ ။

သူမသည် လူတစ်ယောက်ကြောင့် အခုလောက်ထိ စိတ်ဓာတ်ချုံးချုံးကျရတာမျိုး တစ်ခါပင် မရှိခဲ့ဖူးပါချေ ။ ခုနစ်စင်ကြယ်လို လူမျိုး ဒီကမ္ဘာပေါ်မှာ ရှိရော ရှိပါဦးမလား ။

“ဒါဆိုရင်လည်း အစ်မ ဖန်း ပဲ ပြောပြတော့ .. ကျွန်တော် ဘယ်လို သရုပ်ဆောင်ရမှာလဲ ။ ကျွန်တော့်သရုပ်ဆောင် စကေးက လုံး၀ လန်းနေပြီဟာကို .. အစ်မ ဖန်း ကိုက အရမ်းမြင့်မြင့်ကြီး မှန်းလွန်းနေတာ ။ အစ်မ ဖန်း စူပါစတား တစ်ယောက်ကို ခေါ်ထားရင်တောင်မှ သူတို့ ကျွန်တော့်လို သရုပ်ဆောင်ပြနိုင်မယ်များ ထင်လား .. အစ်မ ဖန်း .. အာ .. အစ်မ ပုံက ဘာလို့ ငိုချတော့မလိုမျိုး ပေါက်နေရတာလဲ”

ခုနစ်စင်ကြယ်သည် သွား ၃၆ ခြောက်လုံး ပေါ်အောင်ကို ပြုံးဖြီးနေလေသည် ။

ရီဝမ်ဝမ် ။ “…” မင်း …

“ဒီဇာတ်ညွှန်းတိုင်းပဲ လုပ် ။ စာကြောင်းတွေကို အလွတ်ကျက်ထား”

ရီဝမ်ဝမ် အလွန်အမင်း စိတ်ပျက်စွာဖြင့် ခုနစ်စင်ကြယ်အား စာရွက်တစ်ရွက် လှမ်းပစ်ပေးလိုက်တော့၏ ။

အနားတွင် ကြယ်ခုနစ်သည်လည်း
ခုနစ်စင်ကြယ်ကို ကြည့်ပြီး သက်ပြင်းတချချ ။
သူ တည်ငြိမ်စွာ လျှောက်သွားလိုက်ပြီး
ရီဝမ်ဝမ်ကို ပြောလိုက်၏ ။

“အဲ့လိုက အလုပ်မဖြစ်ဘူး ဆိုတော့ ..
အစ်မ ဖန်း ကျွန်တော် အရင် စလိုက်ရင်ရော”

ရီဝမ်ဝမ်ကို မဆိုနှင့် ၊
ထိုခုနစ်စင်ကြယ်၏ အလွန်အကျူး ပိုပြလွန်းနေသော
သရုပ်ဆောင်ခြင်း အနုပညာကို ကြယ်ခုနစ်သည်ပင်
သည်းခံနိုင်ခြင်း မရှိတေ့ာလေပြီ ။

……………………………………………………………………..........

စာစဉ် ၆၄၊ အခန်း ၁၄။  င့ါဓား ဘယ်မှာလဲ

ရီဝမ်ဝမ် ကြယ်ခုနစ်၏ အကြံဉာဏ်ကို သဘောတူစွာ ခေါင်းညိတ်လိုက်၏ ။
ဘာပဲပြောပြော ဘာမှလည်း လုပ်မရတော့တာကြောင့်
ကြယ်ခုနစ်နှင့် အရင် သရုပ်ဆောင်လိုက်လည်း
ဖြစ်ချေသည် ။

“မင်းအတွက်လည်း ဇာတ်ညွှန်းရေးထားတယ်”
ရီဝမ်ဝမ် သူ့ကို ပြောလိုက်သည် ။

“ဇာတ်ညွှန်းမလိုပါဘူး ၊ ဒီသရုပ်ဆောင်တာလောက်လေးက
သိပ်လည်း ခက်တာမှ မဟုတ်တာ”
ကြယ်ခုနစ်က တည်ငြိမ်စွာပင် ပြန်ဖြေသည် ။

“ခုနစ်ကြီး .. အစ်မ ဖန်း က ငါ့ကိုတောင် စိတ်တိုင်းမကျတဲ့ဟာ .. မင်းဆို ပိုဆိုးမှာပေါ့ ။ မင်း အအော်ခံရမှာ စောင့်ကြည့်နေ ။ ဇာတ်ညွှန်းမလိုဘူးလေး ဘာလေးနဲ့ လေကျယ်ချက်”
ခုနစ်စင်ကြယ်က နှုတ်ခမ်းဆူကာ ဆိုလာသည် ။

ရီဝမ်ဝမ်သည် ခုနစ်စင်ကြယ်နှင့် ဟန်ရေးပြထားသည့် အစောနက ဗွီဒီယိုကို ဖျက်ပစ်လိုက်ပြီး အသစ်ပြန်ရိုက်ကူးလိုက်သည် ။ ကြယ်ခုနစ်သည် ခုနစ်စင်ကြယ်ထက် ပိုစိတ်ချရသူ ဖြစ်တာကြောင့်
သူမ နည်းနည်းတော့ ပိုစိတ်အေးမိပါ၏ ။ ထိုသည်ကလည်း တကယ့်မငြင်းနိုင်စရာ အမှန်တရားပင် မဟုတ်လော ။

“ဒါဆို .. ရှင်က ဖိန့်ဖိန့်တုန်ဂိုဏ်းက ကြယ်ခုနစ် ပေါ့”
ရီဝမ်ဝမ်သည် ကြယ်ခုနစ်ကို ကြည့်ကာ အမူအရာကင်းမဲ့စွာ ပြောလိုက်တော့ ကြယ်ခုနစ်က လှည့်ကြည့်လာကာ
ရီဝမ်ဝမ်ကို ခပ်တည်တည်ဖြင့် လေ့လာနေသည် ။

“မင်း ငါ့ကို လာရှာတာက ရန်လုပ်ဖို့လား ၊ ဒါမှမဟုတ် အကူူူအညီတောင်းစရာ ရှိလို့လား မေးပါရစေ”
ကြယ်ခုနစ်က ရီဝမ်ဝမ်ကို ရှုတည်တည်ဖြင့် ပြောလိုက်၏ ။

“ရန်လုပ်ဖို့လည်း မဟုတ်ဘူး အကူအညီတောင်းဖို့လည်း
မဟုတ်ဘူး ။ ကိစ္စတစ်ခုကြောင့်”  ရီဝမ်ဝမ် ပြန်ဖြေလိုက်၏ ။

“ဝတ်စားထားပုံကို ကြည့်ရတာ မင်းက
မီးလျှံကျောင်းတော်က ကြေးစားပဲ ဖြစ်ရမယ်”
ကြယ်ခုနစ်က ဂရုမစိုက်စွာဖြင့် ပြုံးလာသည် ။
“လွတ်လပ်သောနယ်မြေက မဟာကျောင်းတော်ကြီး
သုံးကျောင်းက လူတွေ အရင်ကလည်း ငါ့ကို လာရှာဖူးတယ် ။ ဒါပေမယ့် သူတို့တွေသာ သေသွားပြီး ငါကတော့ အခုထိ အသက်ရှင်နေသေးတုန်းပဲ ။ မင်း ဆက်ချင်သေးလား”

“စကားပြောနေတာတွေ တော်လောက်ပြီ ။ ကျွန်မရဲ့မစ်ရှင်က
ရှင့်ကို အနိုင်ရအောင် တိုက်ဖို့ပဲ”  ရီဝမ်ဝမ် ရှုံ့မဲ့လိုက်၏ ။

သို့သော် ရီဝမ်ဝမ်၏ စကားအဆုံးတွင် ကြယ်ခုနစ်မှာ နေရာကနေ ပျောက်သွားလေပြီ ။ သူသည် အရှေ့ကို ခြေတစ်လှမ်း တိုးလိုက်ပြီး ချက်ချင်း ရီဝမ်ဝမ်ရှေ့တွင် ပေါ်လာကာ စကားတစ်ခွန်း မဆိုဘဲ သူမဆီကို လက်သီးပစ်သွင်းလိုက်လေပြီ ။

ရီဝမ်ဝမ် အံ့သြသွား၏ ။

ဒီကောင်လေးရဲ့ သရုပ်ဆောင်စကေးက ဘယ်ဆိုးလို့လဲ …

ရီဝမ်ဝမ်လည်း ချက်ချင်းပင် ဘေးကို ရှောင်တိမ်းပစ်လိုက်ပြီး ညာလက်ချင်း ညာလက်ချင်း ထိတိုက်မိသွားကြ၏ ။

“ဝုန်း .. ဖောင်း ..”  ခုနစ်စင်ကြယ်၏ပါးစပ်ကနေ ထွက်လာသည့် ထူးထူးဆန်းဆန်း အသံတို့တည်း ။

ရီဝမ်ဝမ် ။  “…”

ကြယ်ခုနစ် ။  “…”

ရီဝမ်ဝမ်၏လက်ထဲတွင် ဓားတစ်ချောင်းသာ ရှိနေမိရင် သူမ ခုနစ်စင်ကြယ်ကို ခုတ်သတ်ပစ်ပြီးနေလောက်ပေပြီ ။

ရီဝမ်ဝမ် နှင့် ကြယ်ခုနစ်တို့ ခုနစ်စင်ကြယ်၏ ဝင်ရှုပ်နေခြင်းကို လျစ်လျူရှုထားပြီး ဆက်ကာ တိုက်ခိုက်လိုက်သည် ။

“ဖောင်း ဖောင်း .. ဝုန်း ဝုန်း ဝုန်း .. ကညောင်”

သို့သော် ခုနစ်စင်ကြယ်၏အသံမှာ တိုးလို့ပင် ကျယ်လောင်လာပြီး ပိုလ့ိုပင် ထူးဆန်းလာလေပြီ ။

“မင်း ငါ့ကို ရှင်းပြချက် ကောင်းကောင်း ပေးစမ်း ၊ မဟုတ်လို့ကတော့
ငါ မင်းကို မသတ်ရရင် ငါ အစ်မဖန်း မဟုတ်တော့ဘူး”

ရီဝမ်ဝမ် သရုပ်ဆောင်နေရာကနေ ထွက်လိုက်တော့ပြီး ခုနစ်စင်ကြယ်ကို နားကနေ လိမ်ဆွဲပစ်လိုက်တော့၏ ။

“မင်း ဘာပြောဦးမလဲ ငါလည်း သိချင်တယ်”

ကြယ်ခုနစ်သည် အထင်မှားခံနေရလေဟန်
ဆူပုတ်နေသော ထိုခုနစ်စင်ကြယ်ကို ကြည့်ကာ
ထပ်ပြောလိုက်သည် ။

“ကျွန်တော်က .. ကျွန်တော်က အစ်မတို့အတွက် အသံ အားဖြည့်ပေးတာလေ .. ပြသနာရှိလို့လား ။
အစ်မတို့ တိုက်နေတာက ပျင်းစရာကောင်းနေတာကိုး ။
အစ်မတို့ လက်သီးနှစ်ခု ထိပ်တိုက်ထိတဲ့အချိန်မှာ တိတ်ဆိတ်နေတာကိုလည်း ကြည့်ဦး ။
ဝုန်း .. ဖောင်း .. ကညောင် အသံတွေ ပါလိုက်တော့ ပိုပြီး မစိုပြည်သွားဘူးလား …”
ခုနစ်စင်ကြယ်က အမြန်ရှင်းပြလာသည် ။

“မင်းမှာ ဓား ပါလာလား”
ရီဝမ်ဝမ် ကြယ်ခုနစ်ကို ကြည့်လိုက်သည် ။

“မပါလာဘူး”  ကြယ်ခုနစ်က ခေါင်းခါလာသည် ။
“ဒါပေမယ့် .. ကျွန်တော် သွားယူပေးလို့ ရတယ်”

“မယူနဲ့ … အင်းပါ အင်းပါ .. ကျွန်တော် ဘာမှ မပြောတော့ဘူး ရပြီလား” ခုနစ်စင်ကြယ်က အမြန်ပြောလာသည် ။

“ငါတို့လုပ်နေတာကို ထပ်ရှုပ်လို့ကတော့ ငါနဲ့ ကြယ်ခုနစ်
မင်းကို မသေမရှင် ဖြစ်သွားအောင် ရိုက်သတ်ပစ်မယ်မှတ် ။ နားလည်လား”

ရီဝမ်ဝမ်က ဒေါသတလိပ်လိပ် ထွက်နေကာ အံကို ကြိတ်ပြီး ပြောလိုက်၏ ။

“နားလည်ပါပြီ ၊ နားလည်ပါပြီ .. ဘေးမှာ ငြိမ်ငြိမ်လေးပဲ
နေပေးမယ် ၊ တစ်လက်မလေးတောင် မရွှေ့ဘူး စိတ်ချ” ခုနစ်စင်ကြယ်က ရင်ဘတ်ကို တဘုန်းဘုန်း ထုပြကာ
ကတိခံလာသည် ။

ဒီတစ်ကြိမ်တွင် ခုနစ်စင်ကြယ် သင်ခန်းစာ ရသွားလေပြီ ။ ဝင်ရှုပ်လာခြင်း မရှိတော့ပေ ။ သူသည် အသက်ပင် ရဲရဲ မရှူဝံ့တော့ဘဲ ဘေးနားမှာသာ ငြိမ်ငြိမ်သက်သက်လေး ထိုင်ကြည့်နေလေသည် ။

နာရီဝက်အကြာတွင် ရီဝမ်ဝမ်နှင့် ကြယ်ခုနစ်၏ သရုပ်ဆောင်ခန်းမှာ ပြီးဆုံးလာခဲ့၏ ။

…………………………………………………………………............

စာစဉ် ၆၄၊ အခန်း ၁၅။  ဒီအန်အေ စစ်ချက် အဖြေ

“အရမ်းကောင်းတယ်”

ရီဝမ်ဝမ်သည် မြေကြီးပေါ် လဲနေသည့် ကြယ်ခုနစ်ကို ကြည့်ကာ နှစ်ထောင်းအားရ ဖြစ်နေသည် ။

ကြယ်ခုနစ်၏ သရုပ်ဆောင်သွားပုံမှာ အမှန်တကယ်ပင် စိတ်ကျေနပ်ဖွယ် အတိ ဖြစ်၏ ။ ကုန်ရွှီ ကို မဆိုနှင့်
လျိုချန်းထက်ပင် သာလွန်ချေသေးသည် ။

ပိုလို့ ကြောက်စရာကောင်းသည်က အခုသည် ကြယ်ခုနစ်၏ ပထမဆုံးအကြိမ် သရုပ်ဆောင်ခြင်း ဖြစ်နေတာပင် ။

“အစ်မ ဖန်း စိတ်တိုင်းကျရင် ပြီးတာပါပဲ”
ကြယ်ခုနစ်က ခေါင်းတညိတ်ညိတ်ဖြင့် ပြောလာ၏ ။

ရီဝမ်ဝမ်သည် တွေးဆဆဖြင့် သူ့ကို စိုက်ကြည့်နေသည် ။
သူသည် အလွန်တရာ ရုပ်ချောသည် ။ အတော်လေး
ငယ်ရွယ်သည် ။ သရုပ်ဆောင်က ကောင်းသည် ။ သိုင်းပညာသည်လည်း လုံး၀ အထင်ကြီးစရာ ဖြစ်ပြန်သည် ။

ကြယ်ခုနစ်ကိုသာ တရုတ်ပြည်ကို ခေါ်သွားပြီး အနုပညာလောကထဲ သွင်းကာ ကြပ်ကြပ်မတ်မတ် သင်ကြားပေးလိုက်လို့ကတော့ …

သူသည် ငွေပဒေသာပင်ကြီး ဖြစ်လာမည်မှာ ကျိန်းသေ၏ ။

တကယ်လို့ သူမသာ ကြယ်ခုနစ်ကို သေသေချာချာ ပြုစုပျိုးထောင်ပေးမည်ဆိုလျှင် သူသည် နိုင်ငံကျော် စူပါစတားကြီးတစ်ယောက်ပင် ဖြစ်လာမှာ သေချာ၏ ။

“ကြယ်ခုနစ် .. ဒါ တကယ်ပဲ မင်းရဲ့ ပထမဆုံး သရုပ်ဆောင်ဖူးတာလား”
ရီဝမ်ဝမ်က မယုံသင်္ကာစွာဖြင့် သူ့ကို မေးလိုက်သည် ။

“ဟုတ်ကဲ့” ကြယ်ခုနစ်က ပြန်ဖြေသည် ။
“ဒီမှာ သရုပ်ဆောင်လုပ်စားလို့ ရတဲ့နေရာမှ မရှိတာ”

ရီဝမ်ဝမ် တစ်ခုခုကို ပြောဖို့ ရွယ်လိုက်တုန်း ခုနစ်စင်ကြယ်က စိတ်ထက်သန်စွာဖြင့် သူတို့ဆီ ပြေးလာကာ ပြောလာပြန်သည် ။

“အစ်မ ဖန်း ကလည်းဗျာ .. ဒီကောင် သရုပ်ဆောင်သွားတာ ဘာများ ချီးကျူးစရာ ရှိလု့ိလဲ ။ အစ်မသာ ခိုင်းရင် ကျွန်တော်လည်း သရုပ်ဆောင်နိုင်သားပဲ”

ရီဝမ်ဝမ် ခုနစ်စင်ကြယ်ကို ကြည့်လိုက်၏ ။
သူမ ကိုယ့်ကိုယ်ကို မနည်းစိတ်ထိန်းလိုက်ကာ
သူနှင့် ဆက်ရိုက်လိုက်ရ၏ ။

ဒီတစ်ကြိမ် ခုနစ်စင်ကြယ်၏ သရုပ်ဆောင်သွားပုံမှာ
အစောကထက် ပိုကောင်းလာပါ၏ ။
ရီဝမ်ဝမ် ထပ်ရိုက်နေစရာ မလိုတော့ဘဲ ဗွီဒီယိုကို နည်းနည်းလောက်တည်းဖြတ်လိုက်ရင်ဖြင့် ဘာပြသနာမှ မရှိနိုင်တော့ပေ ။

ဗွီဒီယို ရိုက်ပြီးသည့်အချိန်
ဖိန့်ဖိန့်တုန်ဂိုဏ်းသားတစ်ယောက်က ပြေးချလာသည် ။

“ဂိုဏ်းချုပ်”

ဖိန့်ဖိန့်တုန်ဂိုဏ်းသားက ရီဝမ်ဝမ်ကို မျက်နှာချိုသွေးစွာ ကြည့်လာပြီး သတိကြီးစွာ ဆိုလာသည် ။

“ဂိုဏ်းချုပ် … ပထမအကြီးအကဲက ဂိုဏ်းချုပ်
ပြောထားတဲ့အဖြေ သိရပြီလို့ ပြောခိုင်းလိုက်လို့ပါ ။
ဂိုဏ်းချုပ်ကို အခုချက်ချင်း ပြန်လာကြည့်ပေးပါတဲ့”

“အဖြေက ဘာတဲ့လဲ”  ရီဝမ်ဝမ်က သိလိုစွာ မေးလိုက်သည် ။

“အဲ .. ဒီငယ်သား မသိပါဘူး ။ ပထမအကြီးအကဲက ကျွန်တော့်ကို မပြောပြလိုက်ပါဘူး” ထိုဖိန့်ဖိန့်တုန်ဂိုဏ်းသားက ပြန်ဖြေလာသည် ။

“သွားရအောင် .. အခုပဲ ပြန်ကြမယ်”
ရီဝမ်ဝမ်သည် ကြယ်ခုနစ် နှင့် ခုနစ်စင်ကြယ်ကို ပြောလိုက်၏ ။

မကြာခင် ၊ ရီဝမ်ဝမ်သည် ဖိန့်ဖိန့်တုန်ဂိုဏ်းဘက်သို့ လှည့်သွားသည် ။

ပထမအကြီးအကဲသည် လက်ထဲတွင် စာရွက်တစ်ရွက်ကို ကိုင်ထားပြီး ရုံးခန်းထဲကို ဝင်လာကာ ရီဝမ်ဝမ်၏စားပွဲရှေ့တွင် ရပ်လိုက်လေပြီ ။

“စစ်ကြည့်တာ အဖြေက ဘာတဲ့လဲ”
ရီဝမ်ဝမ်က ပထမအကြီးအကဲကို မေးကြည့်လိုက်၏ ။

တကယ်တော့ စစ်ကြည့်ခိုင်းခဲ့သူမှာ သူမကိုယ်တိုင် ဖြစ်သော်လည်း မဖြစ်နိုင်ချေတွေကလည်း များလွန်းတာကြောင့် သူမကိုယ်သူမ စိုးရိမ်ခြင်းကင်းသောနန် ဖြစ်နိုင်သည်ဟု သိပ်မမှန်းထားပါချေ ။

“အဖြေက ထွက်လာပါပြီ ဂိုဏ်းချုပ် ။
ကိုယ်တိုင် ကြည့်ကြည့်လိုက်ပါ”

ပထမအကြီးအကဲက ရီဝမ်ဝမ်ကို ပြုံးကာ ကြည့်ရင်း
ထိုစာရွက်ကို စားပွဲပေါ် ဖွဖွလေး တင်ပေးလိုက်သည် ။

ရီဝမ်ဝမ် ။  “…” အရင်တစ်ခေါက်တုန်းက ငါ နားမလည်ပါဘူးလို့ မပြောခဲ့ဘူးလား ။

“မဖတ်တတ်ဘူး ၊ အဖြေကိုသာ တန်းပြော”
ရီဝမ်ဝမ် တည့်တိုးသာ ပြောလိုက်ရတော့သည် ။

“ဂိုဏ်းချုပ် … နောက်ဆုံးအဖြေအတိုင်းဆို ဒီအန်အေ
စစ်တာ ၉၉ ရာခိုင်နှုန်း ကိုက်ညီမှုရှိပါတယ်” 
ပထမအကြီးအကဲက တိတ်တိတ်လေး ပြောလိုက်၏ ။

ရီဝမ်ဝမ် အံ့သြသွား၏ ။

ဒီအန်အေ စစ်တာ ၉၉ ရာခိုင်နှုန်း ကိုက်ညီမှု ရှိတယ် .. ပထမအကြီးအကဲ ပြောနေတာက …

“သိပ္ပံနည်းကျအရ ပြောရမယ်ဆိုရင် သွေးသားတော်စပ်မှု ရှိတာပါ”
ပထမအကြီးအကဲက ထပ်ဖြည့်ပြောသည် ။

ဗြုန်းခနဲ ဆိုသလို
ရီဝမ်ဝမ်၏ခေါင်းထဲ မီးတောင်ကြီး ပေါက်ကွဲသွားသလို
ခံစားလိုက်ရပြီး သူမ၏စိတ်တို့ ဗလာဟင်းကျင်းသွား၏ ။

ဒီတစ်ခေါက် သတင်းသည်ကား အလွန်တရာ ကြီးမားလွန်းလေသည် ။

ယခုစိုးရိမ်ခြင်းကင်းသောနန်က အယောင်ဆောင်ဖြစ်သည် ဆိုသော အရင်တစ်ခေါက်က ရလဒ်ထက်ပင် ပိုလ့ို ရှော့ရစရာ ကောင်းလှသည်မို့ ရီဝမ်ဝမ်ကိုယ်တိုင်ပင် လက်ခံနိုင်စွမ်း မရှိတော့ပါချေ ။

ရီဝမ်ဝမ် ကြောင်အမ်းနေတာကြောင့်
ပထမအကြီးအကဲမှာ မျက်ခုံးတို့ တွန့်ချိုးလာပြီး
သူမကို စိတ်ပူစွာ ကြည့်လာသည် ။

“ဂိုဏ်းချုပ် … အဆင်ပြေရဲ့လား”

……………………………………………………………………...........

စာစဉ် ၆၄၊ အခန်း ၁၆။  ငါက တကယ်ပဲ စိုးရိမ်ခြင်းကင်းသောနန် လား

ရီဝမ်ဝမ် ပေးလာခဲ့သည့် နမူနာကြောင့်လား ဘာကြောင့်လဲ ဆိုတာကိုတော့ ပထမအကြီးအကဲ မသိပါချေ ။

သို့သော် … ရီဝမ်ဝမ်၏တုံ့ပြန်မှုအရ
ထိုဆံပင်နမူနာတို့၏ ပိုင်ရှင်မှာ ရီဝမ်ဝမ်နဲ့ လေးလေးနက်နက် ပတ်သက်နေတာမှန်းကို ပထမအကြီးအကဲ ခန့်မှန်းမိပါ၏ ။

“အာ … ရတယ် ဘာမှ မဖြစ်ဘူး”

ရီဝမ်ဝမ် လွင့်ပျံ့သွားသည့် စိတ်တို့ကို ပြန်စုစည်းလိုက်ပြီး ပထမအကြီးအကဲကို ခပ်ယဲ့ယဲ့လေး ပြုံးပြလိုက်မိ၏ ။

“ကောင်းပြီ ၊ သိပြီ ။ အကြီးအကဲလည်း ဒီနှစ်ရက်အတွင်း အရမ်းပင်ပန်းသွားပြီ .. အခု ပြန်သွားပြီး နားလိုက်ပါတော့”

“ဂိုဏ်းချုပ် ပြသနာရှိနေရင် ကျွန်တော်တို့ကို ထိန်ချန်မထားနဲ့နော်”

ပထမအကြီးအကဲသည် ထိုဒီအန်အေ အဖြေက တစ်ခုခုအကြီးကြီးဖြစ်နေမှန်းကို အာရုံရမိနေသဖြင့်
ထိုသို့ ပြောပြီးမှ ရုံးခန်းထဲကနေ ထွက်သွားလိုက်၏ ။

ပထမအကြီးအကဲ ထွက်သွားပြီးနောက်
ရီဝမ်ဝမ် စိတ်လွတ်ကိုယ်လွတ် တုန်လှုပ်မိလိုက်ပြီး
သူမမျက်နှာမှာလည်း ဖြူလျော်လာတော့သည် ။

ထိုနမူနာတွင် သုံးသွားသည့် ဆံပင်မှာ သူမ၏ဆံပင် ဖြစ်ပြီး သူမကိုယ်တိုင် ပထမအကြီးအကဲ ကို ပေးထားခဲ့ခြင်း
ဖြစ်တာကြောင့် မှားစရာအကြောင်း ဘာမှ မရှိပါချေ …

တခြားစကားဖြင့် ပြောရလျှင် ထိုနမူနာတို့သည်
သူမနှင့် တန်တန်၏ ဆံပင်နမူနာတို့ ဖြစ်ကြပြီး … ထိုစစ်ဆေးချက်အဖြေတွင် အမှားတစ်ခုမှ မရှိနေပေ ။

“ငါ .. ငါက တန်တန်ရဲ့အမေအရင်းလား”
ရီဝမ်ဝမ် အံ့အားသင့်သွားပြီး မယုံကြည်နိုင် ဖြစ်မိသွား၏ ။

သူမသည် တန်တန်၏အမေ ဖြစ်နေရုံသာမက
သခင်မကြီး နန် ၏ သမီး နှင့် အမည်မရှိသောနန်၏ ညီမလေးအရင်းခေါက်ခေါက်ပါ ဖြစ်နေသည်ပေါ့ ။

“ဘယ်လိုလုပ် .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရီဝမ်ဝမ် လက်ခံနိုင်ဖို့ ခဲယဉ်းစွာနဲ့ တစ်ကိုယ်ကြား ရေရွတ်နေမိသည် ။

သို့ဆိုလျှင် ထိုကြေးစား ပြောသွားသည်မှာ အမှန်တရား
ဖြစ်ပြီး အလိမ်အညာမပါတော့လေပြီ … တရုတ်ပြည်တွင်
သူတို့ လုပ်ကြံခဲ့သည့်သူမှာ တကယ်ပင်
စိုးရိမ်ခြင်းကင်းသောနန် .. သူ မ ။

ရီဝမ်ဝမ် ခေါင်းကနေ ခြေမထိတိုင် အံ့သြတုန်လှုပ်နေမိ၏ ။

သူမသည် မီးလျှံကျောင်းတော်ကို ရောက်သွားခဲ့ရပြီး
လီရှင်းနှင့် တွေ့ဆုံခဲ့ရသည် ၊ လီရှင်း၏ အစ်ကိုကြီးအကြောင်း သိလာခဲ့ရသည် ၊ ထို့နောက် သူမ နှင့် တန်တန်၏ ဒီအန်အေကို စစ်ကြည့်ခဲ့သည် … ဒီအန်အေသာ မစစ်ကြည့်မိခဲ့ပါလျှင် ထိုမျှထိ တိုက်ဆိုင်မှုတွေ ရှိလာတာတောင်မှ သူမသည် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သည့် နန် မိသားစု၏ ဒုတိယသခင်မလေး စိုးရိမ်ခြင်းကင်းသောနန် ဖြစ်နေကြောင်းကို သိခဲ့မိမည် မဟုတ်ပါချေ ။

ရီဝမ်ဝမ် အတွေးပေါင်း ထောင်ပေါင်းများစွာ တရိပ်ရိပ် ပြေးနေမိရင်း ခေါင်းတစ်ခေါင်းလုံး အုံထိုးလာသည် ။

သူမက တကယ်ပဲ စိုးရိမ်ခြင်းကင်းသောနန် ဆိုရင်
တန်တန်ရဲ့အဖေက ဘယ်သူလဲ ။

သူမသည် လွတ်လပ်သောနယ်မြေမှာ စိုးရိမ်ခြင်းကင်းသောနန်အဖြစ် ရှိနေခဲ့တုန်းကတည်းက စီရီဟန်ကို သိခဲ့တာလား ။ တကယ်လို့ သိခဲ့တာဆိုရင် စီရီဟန်သည် တန်တန်ရဲ့အဖေ ဖြစ်နေနိုင်မလား ။

သို့သော်လည်း တကယ်လို့ သူမသာ စီရီဟန်နဲ့
ကလေးတစ်ယောက် ရထားခြင်းဆိုရင်
စီရီဟန်က အဘယ်ကြောင့် လုံး၀ မသိဘဲ နေသနည်း ။

စီရီဟန်သည် တန်တန့်ဖြစ်တည်မှုအကြောင်းကို
မသိနေသည်မှာ ကျိန်းသေ၏ …

သို့ဆိုလျှင် သူမသည် တန်တန့်ကို စီရီဟန်နဲ့ ရထားတာ မဟုတ်ဘူးဆိုရင် ဘယ်သူနဲ့ ရထားသည်နည်း ။
သူမရဲ့ ခင်ပွန်းလောင်း ဂျိရှို့ရန် နဲ့လား ။

မကြာခင် ထိုအချက်ကို ပယ်ချလိုက်၏ ။ သူမသည်
ဂျိရှို့ရန်နဲ့သာ ရထားခြင်းဆိုရင် ဂျိရှို့ရန်သည် တန်တန်ကို အသိအမှတ်မပြုဘဲ နေစရာအကြောင်း မရှိပေ ။ တကယ်လို့
သူ့ဘက်က အသိအမှတ်မပြုချင်လို့ ဆိုရင်တောင်
ဂျိ မိသားစု ကတော့ သူတို့မြေးလေးကို အသိအမှတ်မပြုဘဲ နေပါမတဲ့လား .. ။

ထို့ပြင် အမည်မရှိသောနန်သည်လည်း တစ်ခုပြောခဲ့ဖူး၏ ။
သူ့ညီမ စိုးရိမ်ခြင်းကင်းသောနန်သည် တွေ့ကရာလူနဲ့ ညားပြီး တန်တန်ကို ရလာခဲ့ခြင်းဟု ပြောခဲ့ဖူးသည် ။
ထို့ကြောင့် ထိုတွေ့ကရာလူမှာ ဂျိရှို့ရန် မဖြစ်နိုင်ပါချေ …

“တွေ့ကရာလူ …”
ရီဝမ်ဝမ် တစ်ကိုယ်ကြား ရေရွတ်လိုက်သည် ။

သူတို့ပြောတဲ့ တွေ့ကရာလူဆိုတာက ဘယ်သူလဲ… ။

ထိုတွေ့ကရာလူမှာ စီရီဟန် ဖြစ်နိုင်သည်ဟု
ရီဝမ်ဝမ် ခံစားမိနေသော်လည်း အခုချိန်တွင်
စီရီဟန်နှင့် အပတ်သက်ကြီး ပတ်သက်နေသူ အရှင်နတ်ဆိုးက
သူ စီရီဟန် ဖြစ်ကြောင်းကို ဝန်မခံသေးပါချေ ။ အရှင်နတ်ဆိုးသည် အချစ်နတ်သက်ကြွေအဆိပ်ကို မိနေတာတောင်မှ အေးအေးလူလူသာ ရှိနေသေးလေသည် ။

အခုချိန်တွင် လမ်းစအားလုံးက စီရီဟန်ကိုသာ ညွှန်ပြနေ၏ ။ အရှင်နတ်ဆိုးသာ သူ စီရီဟန် ဖြစ်ကြောင်းကို ဝန်ခံလိုက်တာနဲ့ မေးခွန်းအားလုံးက ဖြေပြီးသား ဖြစ်သွားပေမည် ။

သူမသည် ဘာကိုမှ အမှတ်မရတာကြောင့်
မီးလျှံကျောင်းအုပ် သူမကို ကူညီပေးလာတာက
အကောင်းဆုံး ဖြစ်ပေလိမ့်မည် ။ မဟုတ်ပါက
သူသည် စိုးရိမ်ခြင်းကင်းသောနန် မှန်း ကိုယ့်ကိုယ်ကို သိနေတာတောင်မှ ဘာကိုမှ အမှတ်ရဦးမည် မဟုတ်ပေ ။

“ငါ .. ငါက တကယ်ပဲ စိုးရိမ်ခြင်းကင်းသောနန် .. လား”
ရီဝမ်ဝမ်မှာ တအံ့တသြ  ။

……………………………………………………………………........

စာစဉ် ၆၄၊ အခန်း ၁၇။  အတွေ့ချင်မိဆုံးက တန်တန်

ရီဝမ်ဝမ် သူမလက်ထဲက ထိုအဖြေစာရွက်ကို တုန်လှုပ်စွာ ကြည့်နေမိသည် ။ ပြန်လည်မွေးဖွားလာချိန်ကနေစပြီး မှတ်ဉာဏ်တိုင်းသည် သူမစိတ်အာရုံတွင် ပြန်လည်ရစ်သိုင်းလာလေပြီ ။

သူမသည် နှစ်ဘဝတိုင်တိုင် အသက်ရှင်ခဲ့ရသော်လည်း
ဒီနေ့အထိတိုင် သူမ ဘယ်သူမှန်းကို မသိခဲ့ရသေးပေ ..

သို့သော် .. အရာများစွာနှင့်ပတ်သက်ပြီးလည်း
သူမ မေးခွန်းထုတ်နေမိဆဲပင် ။

သူမ၏အဘိုး သူမကို ပြောသွားခဲ့သည့် စကားများသည် အဘယ်ကြောင့် အခုဖြစ်နေသည်များနှင့် လုံး၀
မအပ်စပ်နေရသနည်း ။

သူမသာ စိုးရိမ်ခြင်းကင်းသောနန် ဆိုရင်
သခင်မကြီး နန် နှင့် သခင်ကြီး နန် တို့သည် သက်ရှိထင်ရှားရှိနေပါရဲ့နဲ့ အဘယ်ကြောင့် တရုတ်ပြည်သားဖြစ်နေရသနည်း ၊
သူမသည် အဘယ်ကြောင့် မိဘမဲ့ ဖြစ်နေရသနည်း ။

သူမ၏အတိတ်ဘဝက ဆန်းကြယ်စွာ သေဆုံးခဲ့ရသည်ကလည်း
လွတ်လပ်သောနယ်မြေနှင့်များ ပတ်သက်နေမလား ။

စီရီဟန်ကရော အဘယ်ကြောင့် သူမမှတ်ဉာဏ်တို့ကို ဖယ်ရှားပစ်ခဲ့လေသနည်း ။ သူမကရော ဘာဖြစ်ခဲ့လို့ လွယ်လပ်သောနယ်မြေကနေ ထွက်သွားခဲ့သနည်း ။

ရီဝမ်ဝမ် ထိုစစ်ချက်စာရွက်အား တဖြည်းဖြည်းချင်း ခပ်တင်းတင်း ဆုပ်ထားမိလာသည် ။

သူမသည် သူမ၏နောက်ကြောင်းမှန်ကို သိလာခဲ့ရပြီ ဖြစ်သည်နှင့်အညီ စိတ်ခံစားချက်တို့သည်လည်း နောက်ကျိကာ ရှု့ပ်ထွေးလာရလေသည် ။

လက်ရှိတွင် နန်လင်းလုံသည် နန် မိသားစုတစ်ခုလုံးကို အမှောင်ထဲကနေ ကြိုးကိုင်နေသည်မှာ သိသာထင်ရှား၏ ။ နန်လင်းလုံ၏နောက်ကွယ်တွင် ရှိနေသည့်သူမှာလည်း
အလွန်အကျူး အင်အားကြီးမည်မှာ သေချာသည် ။
သို့မဟုတ်ပါက သူမသည် လွတ်လပ်သောနယ်မြေထဲက ဓာတ်ခွဲခန်းများစွာကို လာဘ်ထိုးနိုင်ခဲ့မည် မဟုတ်သလို စိုးရိမ်ခြင်းကင်းသောနန် အတုကို သုံးပြီးလည်း
လူတိုင်းကို လိမ်လည်လှည့်ပတ်ထားနိုင်စရာ အကြောင်း ရှိမည် မဟုတ်ပေ ။

နန်လင်းလုံ၏လက်အောက်က အတွင်းဂိုဏ်းများစွာမှာ
နန်လင်းလုံ၏ သြဇာအောက်ကို လုံးလုံးလျားလျား
ရောက်ပြီးကြလေပြီ ။

နန်လင်းလုံနှင့် ပတ်သက်နေသမျှတို့ကို
ရီဝမ်ဝမ် တစ်စက်လေးမှ လျှော့တွက်လို့ မဖြစ်ပါချေ ။

စစ်ချက်အဖြေကို သိလာရပြီးနောက်တွင်
သူမ၏ပထမဆုံး အတွေးသည်ကား
မိသားစုနှင့် ပြန်လည်ပေါင်းစည်းဖို့ ဖြစ်သော်လည်း …
အရာအားလုံးကို သေချာစဉ်းစားချင့်ချိန်ပြီးနောက်တွင် စိတ်အနည်ထိုင်သွားပါ၏ ။

သူမသာ ပေါင်းစည်းဖို့ကို အလောတကြီး သွားလုပ်လိုက်မည်ဆိုရင်
နန် မိသားစု နှင့် တန်တန်အပေါ်တွင် အန္တရာယ်တို့ကို ဆောင်ကြဉ်းပေးလိုက်သလို ဖြစ်သွားပေနိုင်သည် ။

နန်လင်းလုံ၏ ရည်မှန်းချက်နှင့်
နန်လင်းလုံ၏နောက်ကွယ်က ထိုအင်အားကြီးပုဂ္ဂိုလ်ကြီးကို
တွေ့အောင် ရှာပြီး လိုအပ်သည့်ပြင်ဆင်မှုတွေကို သူမ ကြိုတင်ပြင်ထားရပေမည် ။

ပိုင်ဖန်း ဆိုသည့်နာမည်က သူမအတွက် အရာအားလုံးကို
ချောချောမွေ့မွေ့ စုံစမ်းနိုင်ဖို့ ကူညီပေးနိုင်သည် ။

ရီဝမ်ဝမ် လေးလေးနက်နက် တွေးကြည့်လိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်ပြီး နန် စံအိမ်ဆီ ဦးလှည့်လိုက်၏ ။

အခုချိန်တွင် သူမ
အတွေ့ချင်အမြင်ချင်ဆုံးကား .. တန်တန် ။

နန် စံအိမ်၏ တံခါးမကြီးတွင် ။

ရီဝမ်ဝမ် ရောက်သွားတာနဲ့ချက်ချင်းပင်
တန်တန်ကို တံခါးဝမှာ တွေ့လိုက်ရပါပြီ ။ သို့သော် .. အိမ်တော်ထိန်းဝတ်စုံ ဝတ်ဆင်ထားသော ယောကျာ်းတစ်ယောက်က တန်တန်ကို ကာဆီးကာဆီးဖြင့် .. စကားပြောနေဟန်ပင်။

နန် မိသားစုရဲ့ အိမ်တော်ထိန်းက အဘိုးကြီး မဟုတ်ဘူးလား ။

ဘာလို့ လူပြောင်းသွားတာလဲ ။

တန်တန်ကို့ ကြည့်ရတာလည်း ဒေါသထွက်နေတဲ့ပုံပဲ ။

“ဖယ်စမ်း” ကောင်ငယ်လေးက သူ့အရှေ့မှ ထိုအိမ်တော်ထိန်းလူငယ်လေးကို အေးစက်စွာဖြင့်
စိုက်ကြည့်နေသည် ။

“သခင်ငယ်လေး .. ပြန်သွားပေးပါ”

ထိုအိမ်တော်ထိန်းက တရိုတသေဖြင့် ဦးညွှတ်နေသော်လည်း
သူ့မျက်ဝန်းထဲတွင် ဘာအကြောက်တရား ၊ ဘာစိုးရိမ်မှုမှ ရှိမနေဘဲ လုံးဝကို ယုံကြည်ချက်အပြည့် ။

တန်တန်၏မျက်ဝန်းတို့မှာ ခက်ထန်လာရလေပြီ ။

“ရမ်းကားလိုက်တာ .. မင်းဆီမှာ ဘယ်တုန်းကစပြီး
ငါ့ကို ဘာလုပ်ပါလို့ ပြောခွင့်ရှိသွားတာလဲ”

ထိုလူငယ် အိမ်တော်ထိန်းမှာ
ကောင်ငယ်လေး၏ စူးရှတင်းမာလွန်းသော အကြည့် နှင့် ကိုယ်ရောင်ကိုယ်ဝါ ကြောင့် လန့်သွားဟန် ပေါ်လာခဲ့ပေမည့် ချက်ချင်းပင် တည်ငြိမ်သွားခဲ့ပြီး တီမထင်ဟန်ဖြင့် ဆက်ကာ
ပြောသည် ။

“သခင်ငယ်လေး … ကျွန်တော်က မသွားခိုင်းတာ
မဟုတ်ပါဘူး ၊ ဒါက သခင်လေးရဲ့အမေက မသွားခိုင်းတာပါ ။ လွတ်လပ်သောနယ်မြေက အခုတလော ငြိမ်းချမ်းနေတာ မဟုတ်ဘူး .. သခင်လေး ဒီလိုမျိုး သွားချင်ရာကို စွတ်စပ်ပြီး လျှောက်သွားနေတာက အရမ်းအန္တရာယ်များပါတယ် ။ သခင်လေးအနေနဲ့ သခင်မကြီးနဲ့ အကြီးအကဲရှေ့မှာ ခြေဆောင့်ပြီး ငိုယိုပြမယ်ဆိုရင်တောင်မှ အလကားပဲ”

“ရမ်းကားတယ် .. မင်းကများ ငါ့ကို ခြိမ်းခြောက်နေတာလား”

“ဒီငယ်သား မဝံ့ရဲပါဘူး ။ ဒီငယ်သားက ဒုတိယသခင်မလေး ရဲ့ အမိန့်အတိုင်း လုပ်ရရုံပါ ။ ဒုတိယသခင်မလေးက ဒါ သခင်ငယ်လေး ကောင်းဖို့အတွက် လုပ်တာပါ ။ အစောင့်တွေ .. သခင်ငယ်လေးကို
သူ့အခန်း ပြန်ပို့လိုက်ကြ”

တန်တန်သည် စိတ်ရှည်မှုတို့ ကုန်ခမ်းလာပြီး ထိုလူငယ်အိမ်တော်ထိန်းကို လျစ်လျူရှုကာ တံခါးဆီ လျှောက်သွားလိုက်၏ ။

ထိုအိမ်တော်ထိန်းက ချက်ချင်းပင် အေးစက်စွာ
အမိန့်ထုတ်တော့သည် ။

“ဘာလို့ ရပ်ကြည့်နေကြတာလဲ ။ သခင်ငယ်လေးကို တားကြစမ်း”

အနက်ရောင်ဝတ် အစောင့်များသည် ချက်ချင်းပင် ပြေးတက်သွားကြပြီး တန်တန်၏လမ်းကို ပိတ်ပစ်လိုက်ကြ၏ ။ တစ်ချိန်တည်းမှာပင် ထိုလူငယ်အိမ်တော်ထိန်းသည် တန်တန်၏ လက်ကို ဖမ်းဆုပ်ပစ်ကာ အတင်းပြန်ဆွဲခေါ်ဖို့ လုပ်လေပြီ ။

…………………………………………………………………..........

စာစဉ် ၆၄၊ အခန်း ၁၈။  ဘေဘီ မကြောက်နဲ့ ၊ မာမီ ရှိတယ်

“သခင်ငယ်လေး .. ကျွန်တော်တု့ိနဲ့ အသာတကြည် ပြန်လိုက်ခဲ့ပါ ။ ကျွန်တေ်ာတို့ကို ခက်ခဲအောင် မလုပ်ချင်နဲ့”

ထိုလူငယ်အိမ်တော်ထိန်းက တန်တန်၏ မလှုပ်မယှက် နေနေခြင်းကို မြင်လိုက်ပြီး တန်တန်ကို ဆွဲခေါ်တော့၏ ။

ထိုမြင်ကွင်းကို မြင်လိုက်သည်တွင်
ရီဝမ်ဝမ်၏ရင်ထဲ ဒေါသမီးတို့ ပွက်ပွက်ဆူဝေလာရသည် ။ သူမ၏မျက်ဝန်းတို့က အေးစက်လာတော့ပြီး တံခါးမဆီကို ပြေးတက်သွားလေပြီ ။

“လွှတ်လိုက်စမ်း”  ရီဝမ်ဝမ် အမိန့်ပေးလိုက်၏ ။

တန်တန်သည် ရီဝမ်ဝမ်၏အသံကို ကြားလိုက်ပြီး အပျော်ကြီးပျော်ရွှင်သွားသလို သူ၏
မီးဝင်းဝင်းတောက်နေသည့် မျက်ဝန်းလေးထဲတွင်
ပျော်ရွှင်မှု ၊ အံ့အားသင့်မှုတို့ လျှံတက်လာရတော့၏ ။
သူသည် ချက်ချင်းပင် ထိုအိမ်တော်ထိန်း၏လက်ကို ခါထုတ်ပစ်လိုက်ကာ ရီဝမ်ဝမ်ဆီကို ပြေးသွားတော့သည် ။

“မာမီ”

ရီဝမ်ဝမ် ဒူးထောက်ချလိုက်ပြီး ထိုသေးသေးလေးကို ဖမ်းလိုက်၏ ။

“မာမီ …”  ရီဝမ်ဝမ်၏ရင်ခွင်ထဲ ပြေးဝင်လာသည့်
ထိုကောင်ငယ်လေးမှာ မသိမသာလေး တုန်ရီနေလျက် ။

“မာမီ … မာမီ …”

ထိုကောင်ငယ်လေး၏ ထပ်ခါထပ်ခါ “မာမီ”  ဟု
ခေါ်နေသံလေးကို ကြားလိုက်ပြီး ရီဝမ်ဝမ်၏ရင်ထဲ တင်းကျပ်ဆို့နစ်လာရသလို နာကျင်လာရ၏ ။

“ဘာမှ မဖြစ်တော့ဘူးနော် ၊ ဘေဘီ မကြောက်နဲ့
မာမီ ရှိတယ်”

“မာမီ .. တန်တန် မာမီ့ကို လွမ်းနေတာ .. တန်တန် မာမီ့ကို
လာတွေ့မလို့ လုပ်နေတာ”

ထိုကောင်ငယ်လေး၏ ကလေးဆန်ဆန် အသံလေးကို နားထောင်ရင်း ရီဝမ်ဝမ်၏ နှလုံးသားတို့ တဆစ်ဆစ် ကိုက်ခဲလာရသည် ။

ဒါကို ကြည့်ရပုံအရ
ထိုအယောင်ဆောင် စိုးရိမ်ခြင်းကင်းသောနန် သည်
တန်တန်ကို သူမနဲ့ သိပ်မနီးကပ်စေလိုတာကြောင့်
တန်တန်ကို စောင့်ကြပ်ခိုင်းထားပြီး နန်စံအိမ်ကနေ ဘယ်မှ သွားခွင့် မပေးထားဟန်ပင် ။ တန်တန် ၏ လုံခြုံရေးကို အကြောင်းပြထားသဖြင့် သခင်မကြီး နန် နှင့် သခင်ကြီး နန် တို့လည်း ဝင်မစွက်ဖက်ကြဘဲ ဘေးကနေသာ ငြိမ်ကြည့်ပေးကြမည်သာ ။

ရီဝမ်ဝမ်သည် အရင်က သူမ ဘယ်သူမှန်း မသိခဲ့တာကြောင့် တန်တန်နှင့်သူ့မိခင်ရင်းကြား ပြသနာမတက်စေဖို့ရာအတွက် တမင်စည်းခြားပြီး နေခဲ့ပါ၏ ။ သူမကို တန်တန် တကယ်နှစ်သက်မှန်းကို သိနေပါသော်လည်း သူမကိုယ်သူမ ချုပ်တည်းကာ တန်တန့်ကို အတတ်နိုင်ဆုံး မတွေ့ဘဲ နေခဲ့၏ ။

ထိုလုပ်ရပ်က တန်တန့်ကိုသာ ပိုနာကျင်စေမိခဲ့မှန်း သူမ မထင်ထားမိခဲ့ပါချေ ။

ထိုကောင်ငယ်လေး၏ သူမအား ကပ်စေးနှဲမုန့်လို တွယ်ကပ်နေပုံလေးကို ကြည့်ရင်း နှလုံးသားတို့မှာ ကြေမွမတတ် ဖြစ်လာရ၏ ။

“ဂိုဏ်းချုပ် ဒါက နန် စံအိမ် ပါ ၊ ဂိုဏ်းချုပ်ရဲ့ ဖိန့်ဖိန့်တုန်ဂိုဏ်း မဟုတ်ဘူး ။ အကြီးဆုံးသခင်လေးကြောင့်သာ ဂိုဏ်းချုပ်ကို စိတ်တိုင်းကျ ဝင်ထွက်ခွင့် ပေးထားတယ်ဆိုပေမယ့်လို့
ဂိုဏ်းချုပ် စိတ်ရှိသလို ပြုမူလို့ရတယ်လို့တော့ မဆိုလိုဘူး ။ ကိုယ့်ကိစ္စကိုယ် လုပ်ပြီး မဆိုင်တာဝင်မပါတတ်ဖို့ အကြံပေးပါရစေ”

ထိုလူငယ် အိမ်တော်ထိန်းက ပိုင်စိုးပိုင်နင်းစွာ ပြောဆိုလာသည် ။

ထိုအိမ်တော်ထိန်းသည်ကား နန်လင်းလုံ၏ လက်အောက်ငယ်သားသာ ဖြစ်ရပေမည် …

ရီဝမ်ဝမ် ထိုအိမ်တော်ထိန်း၏ ခြိမ်းခြောက်နေမှု ၊
သတိပေးနေမှုကို လျစ်လျူရှုထားပြီး တန်တန်၏ခေါင်းကိုသာ ပုတ်ပေးကာ နှစ်သိမ့်ပေးနေ၏ ။ ထို့နောက်တွင် နွေးထွေးမှု အလျဉ်းမရှိသည့် မျက်ဝန်းတို့ဖြင့် ထိုအိမ်တော်ထိန်း၏ ညာဘက်လက်ကို ကြည့်လိုက်လေပြီ ။

“အခုနက … မင်း အဲ့လက်နဲ့ သူ့ကို ထိခဲ့တာလား”

ထိုလူငယ်က မျက်လုံးထောင့်ကနေ သူမကို မောက်မာစွာ
ကြည့်ကာ …  “ဘာလဲ”

“တန်တန် … မျက်လုံးမှိတ်ထားနော်”

ရီဝမ်ဝမ်က တန်တန်ကို ပြောလိုက်၏ ။

တန်တန်သည် အကြောင်းရင်းကို မသိပါသော်လည်း
ချက်ချင်းပင် မျက်လုံးမှိတ်ပေးလိုက်၏ ။

“ဟုတ်”

တခနအကြာတွင် ဖောင်းခနဲ အသံကျယ်ကြီးတစ်သံ
ခြံဝန်းထဲမှာ ပျံ့လွင့်လာတော့သည် ။

“အားးးး…”

ထိုအော်ဟစ်သံကြီးနှင့်အတူ အရိုးကျိုးသံကြီးတစ်ခုကလည်း ပျံ့လွင့်လာ၏ ။ မျက်တောင်တစ်မှိတ်လေးအတွင်းမှာပင်
ရီဝမ်ဝမ်သည် ထိုယောကျာ်း၏ လက်ကောက်ဝတ်ကို ချိုးပစ်လိုက်ခြင်းတည်း ။

“အား … အားးးးး….”

ထိုယောကျာ်းသည် နာကျင်စွာဖြင့် လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားရင်း မြေကြီးပေါ်တွင် အလူးလူးအလှိမ့်လှိမ့် ။

သူမသည် သူမ၏ပုံမှန်အင်အားအတိုင်းသာဆို ထိုယောကျာ်း၏လက်ကို အခုလို လွယ်လွယ်လေး ချိုးပစ်နိုင်လိမ့်မည် မဟုတ်သော်လည်း အခုတော့ တလှိုက်လှိုက်တက်နေသည့် ဒေါသထုကြောင့် ဘာမဆို လုပ်နိုင်နေလေပြီ ။

သူမ၏ ထိုထူးဆန်းလှသော သိုင်းပညာသည် အဘယ်ကြောင့် တစ်ချက်တစ်ချက်တွင် ပေါ်ထွက်လာတတ်သလဲကို
သူမ အရင်က နားမလည်နိုင် ဖြစ်မိခဲ့၏ ။

အခုတော့ .. သူမ နားလည်သွားလေပြီ ။ ထိုသိုင်းပညာမှာ စိုးရိမ်ခြင်းကင်းသောနန် ဖြစ်သည့် သူမကိုယ်တိုင် ပိုင်ဆိုင်ခဲ့သော အစွမ်းများ ဖြစ်ပေသည် …

သို့သော်လည်း မှတ်ဉာဏ်များ ကင်းမဲ့နေမှုကြောင့် … သူမ၏သိုင်းပညာအစွမ်းမှာလည်း သိပ်မတည်ငြိမ်သလို
ထိန်းချုပ်မရ ဖြစ်နေခြင်းပင် …

………………………………………………………………….............

စာစဉ် ၆၄၊ အခန်း ၁၉။  ငါ ပိုင်ဖန်း ကြောက်တာ ဘာမှ မရှိဘူး

သူမသည် မြန်နိုင်သမျှ အမြန်ဆုံး မီးလျှံကျောင်းအုပ်ကို တွေ့ပြီး မှတ်ဉာဏ်ပြန်ဆယ်ရပေမည် …

မဟုတ်ပါက လက်ရှိအခြေအနေနှင့်ဆို
သူမသည် ကိုယ့်ကိုယ်ကို မကာကွယ်နိုင်ရုံသာမက
သူမ ကာကွယ်ပေးလိုသည့် လူများကိုလည်း ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ ။

“ပိုင်ဖန်း .. မင်း … မင်း .. နန် စံအိမ်မှာတောင် လာပြီး သောင်းကျန်းရဲတယ်”

ထိုလူငယ်အိမ်တော်ထိန်းက မီးဝင်းဝင်းတောက်နေသည့်
မျက်ဝန်းတို့ဖြင့် သူမကို စူးရဲစွာ ကြည့်လာသည် ။

“ဘေဘီ မျက်လုံးဖွင့်လို့ ရပြီ”

ရီဝမ်ဝမ်သည် တန်တန်ကို အလွန်အမင်းနူးညံ့စွာသော
အသံဖြင့် တိုးတိုးလေး ကပ်ပြောလိုက်ပြီးနောက် ချက်ချင်းပင် မြေကြီးပေါ် လဲနေသည့် ထိုယောကျာ်းအား အေးစက်စွာ
ကြည့်လိုက်၏ ။

“အဟက် .. ငါ ပိုင်ဖန်း ဒီလောကထဲမှာ ကြောက်တာ
ဘာမှ မရှိဘူး ။ မင်း စမ်းကြည့်ချင်လား”

လွတ်လပ်သောနယ်မြေ၏ ဆရာကြီးတစ်ဆူဖြစ်သည့်
ပိုင်ဖန်း ဆိုသည့်နာမည်ကို သုံးလိုက်ရခြင်းက အတော့်ကို နှစ်ထောင်းအားရစရာပင် …

အခုတော့ ရန်သူသည် အလင်းတွင် ရှိနေပြီး
သူမသည် အမှောင်ထဲတွင် ရှိနေတာကြောင့် သူမဘက်က အားသာနေသဖြင့် ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ်ဆိုသည့် နာမည်ကို
သုံးပြီး နန်လင်းလုံကို စုံစမ်းဖို့ လွယ်ပေပြီ ။

“မင်း …”

ဖိန့်ဖိန့်တုန်ဂိုဏ်း၏ နာမည်ကို သိထားပြီးသားဖြစ်သည့် ထိုအိမ်တော်ထိန်းသည် သူတို့၏ ရက်စက်တတ်ပုံ ရက်စက်တတ်နည်းတို့ကို ပြန်သတိရမိလိုက်ပြီး
တွန့်ဆုတ်လာမိကာ ဘာမှ ထပ်ကွန့်မပြောရဲတော့ ။

ရီဝမ်ဝမ်သည် အစက အရမ်းကြမ်းပြလိုက်မိလို့ တန်တန် ကြောက်သွားမှာကို ကျိတ်စိုးရိမ်မိခဲ့သော်လည်း
တန်တန်သည်ကတော့ ရွှန်းလက်နေသည့်မျက်ဝန်းတို့ဖြင့်
သူမကို မော့ကြည့်လာကာ ထုတ်ပြောလာလေသည် ။

“မာမီ အရမ်းမိုက်တယ်”

ရီဝမ်ဝမ်၏မျက်ဝန်းတို့ နူးညံ့သွားမိပြီး ချက်ချင်းပင် ရင်ထဲ နာကျင်လာရပြန်သည် ။

မာမီက လုံး၀ မမိုက်ပါဘူးကွယ် ..
မာမီ့ကြောင့် သား မွေးလာကတည်းက အထီးကျန်နေရတာပါ ..
မာမီက သား ရှိလို့ရှိနေမှန်းတောင်မှ မသိခဲ့တဲ့သူပါ …

“တန်တန် မာမီ ဒီနေ့ သားကို အပြင်မှာ ဆော့ဖို့ ခေါ်သွားပေးရမလား”
ရီဝမ်ဝမ် ထိုကောင်လေးကို မေးလိုက်သည် ။

ထိုလူငယ်အိမ်တော်ထိန်းသည် ချက်ချင်းပင် ထလိုက်ပြီး
ဒေါသတကြီး အော်တော့၏ ။

“ပိုင်ဖန်း … သခင်ငယ်လေးကို နန် စံအိမ်ကနေ ထွက်သွားခွင့် ဘယ်သူမှ မပေးရဘူးလို့ သခင်မလေး စိုးရိမ်ခြင်းကင်းသောနန် အမိန့်ထုတ်ထားတယ် ။ ကျွန်တော်တို့ သခင်ငယ်လေးကို ပြောင်ပြောင်တင်းတင်း ပြန်ပေးဆွဲသွားရင် ဘာဖြစ်လာနိုင်လဲ သိလား”

ထိုအိမ်တော်ထိန်းက ပြောလိုက်သည်နှင့်ချက်ချင်းပင်
အစောင့်များသည် ရီဝမ်ဝမ်၏လမ်းကို ချက်ချင်း
ပိတ်ရပ်လိုက်ကြလေပြီ ။

ပြန်ပေးဆွဲတာလား ။

သူမသည် သခင်မကြီး နန် ၏ မွေးစားသမီး ဖြစ်ပြီး
နန် စံအိမ်အား ဝင်လိုဝင် ထွက်လိုထွက် ပြုနိုင်သည်ဟု
သခင်မကြီး နန် က ပြောထားပြီးသား ။

တန်တန် အန္တရာယ်ထဲ ရောက်မှာကို စိုးရိမ်တာသာ ဆိုရင်
သူမ ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ် နဲ့ အတူရှိနေတာထက်
ဘယ်ဟာက ပိုဘေးကင်းပါဦးမည်နည်း ။

ထိုလူတွေသည် နန်လင်းလုံး နှင့် စိုးရိမ်ခြင်းကင်းသောနန် ၏ လူများ ဖြစ်ပြီး သက်သက်မဲ့ ပြသနာရှာနေကြခြင်းသာ ။

ထို့ကြောင့် သူတို့နှင့် ကျိုးကြောင်းဆီလျော်စွာ ပြောနေဖို့လည်း
သူမ စိတ်ကူးမရှိပါချေ ။

ရီဝမ်ဝမ် တန်တန်၏လက်လေးကို ကိုင်ထားရင်းမှ နှုတ်ခမ်းတို့ တွန့်ကွေးတက်လာပြီး နေရာတွင် ရှိနေသည့် လူတိုင်းကို
တီမထင်စွာပင် လိုက်ကြည့်လိုက်၏ ။

“ကြည့်ရတာ မင်းတို့တွေက ငါ့ဖိန့်ဖိန့်တုန်ဂိုဏ်းရဲ့ ခုနစ်စဉ်ခုနစ်ဆက်သတ်မိန့်ကို မြည်းစမ်းကြည့်ချင်နေတယ်နဲ့
တူတယ်”

ရှိနေကြသည့် အစောင့်များအားလုံး
ထို “ခုနစ်စဉ်ခုနစ်ဆက် သတ်မိန့်” ဆိုတာကို ကြားလိုက်ပြီး
အလိုလို ကျောချမ်းသွားကြကာ အလွန်အမင်းကြောက်စရာကောင်းသည့် အရာကို ပြန်အမှတ်ရမိသွားကြ၏ ။

မျိုးနွယ်စုကြီးတိုင်းသည် ထိုခုနစ်စဉ်ခုနစ်ဆက် သတ်မိန့်ကြောင့် ခုနစ်ရက်အတွင်းမှာပင် အကုန်သတ်ခံလိုက် ရသည်ချည်း ။ ချွင်းချက်ဟူ၍ တစ်ခါပင် မရှိခဲ့ဖူးပါချေ ။

သူတို့သည် တာဝန်ကို ပေါ့လျော့မိရင် အကြီးအကဲဆီက အပြစ်ဒဏ်ပေးခြင်းကို ခံရရုံလောက်သာ ဖြစ်သော်လည်း ဖိန့်ဖိန့်တုန်ဂိုဏ်းကို သွားရန်စမိလို့ကတော့
သူတို့တစ်မိသားစုလုံး ပျက်စီးခြင်းကို ဆိုက်ရမည်သာ ဖြစ်၏။

ထို့ပြင် ပိုင်ဖန်း သည် မည်သူလေနည်း ။
သူမ၏သိုင်းပညာအရ သူတို့၏ လူအင်အား နှစ်ဆ
ရှိနေလျှင်ပင် သူမကို ပြိုင်တိုက်နိုင်လိမ့်မည် မဟုတ်ပေ ။
ထို့ပြင် သူမသည် အစောနလေးကတင်
မျက်တောင်တစ်ချက် မခတ်ဘဲ အိမ်တော်ထိန်း၏ လက်ကို ချိုးပစ်ခဲ့ပြီးလေပြီ ။

သခင်ငယ်လေးသည် ပိုင်ဖန်းနှင့်သာ အတူရှိနေလျှင်
ဘာအန္တရာယ်မှာ မကျရောက်နိုင်သည်ကို
ထိုအစောင့်များအားလုံး ကောင်းကောင်းသိနေကြပါ၏ ။ ဒုတိယသခင်မလေးက သခင်ငယ်လေးအား
အိမ်ကနေ ထွက်ခွင့် မပြုထားခြင်းကြောင့်သာ
သူတို့ တားနေရခြင်း ဖြစ်၏ ။

စိတ်တို့ လွန်ဆွဲနေမိပြီးနောက် အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ တစ်ပြိုင်တည်း ခြေလှမ်းတွေ ရပ်လိုက်ကြ၏ ။

အားလုံး၏ ကြောက်ရွံ့နေသော အကြည့်အောက်တွင်
ရီဝမ်ဝမ်သည် တန်တန်ကို လက်ကနေ ဆွဲကာ
နန်စံအိမ်ကနေ ထွက်သွားလိုက်သည် ။

ထိုကောင်ငယ်လေးသည် သူ့မာမီ လက်လွှတ်လိုက်မှာကို
စိုးရိမ်ဟန်ဖြင့် သူမလက်ကို တင်းတင်းကျပ်ကျပ်ကို ဖမ်းဆုပ်ထားလေသည် ။

သူတို့၏အနောက်တွင်မူ အိမ်တော်ထိန်းသည်
လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီး
မျက်နှာကြီး မည်းပုတ်စွာဖြင့် ပြောလာ၏ ။

“မြန်မြန်လေး .. ဒုတိယသခင်မလေး နဲ့ တတိယသခင်မလေး ကို ပြန်လာဖို့ သွားပြောလိုက် ။ သခင်မကြီး နဲ့ သခင်ကြီးကိုလည်း ဖိန့်ဖိန့်တုန်ဂိုဏ်းက ပိုင်ဖန်း က သခင်ငယ်လေးကို ဖမ်းခေါ်သွားတယ်လို့ အကြောင်းသွားကြားကြ”

…………………………………………………………………..............

စာစဉ် ၆၄၊ အခန်း ၂၀။ ဘာမဆို လုပ်မယ့်သူတွေ

ရီဝမ်ဝမ်သည် တန်တန်ကို နန် တံခါးဝကနေ ခေါ်ထုတ်သွားလေပြီ ။

ကောင်ငယ်လေးသည် ရုတ်တရက်ကြီး ခေါင်းငိုက်စိုက်ချလိုက်ကာ လမ်းလျှောက်နေတာကို ရပ်လိုက်တာကြောင့် …

“တန်တန် .. ဘာဖြစ်လို့လဲ”
ရီဝမ်ဝမ် ကိုယ်ကို ကိုင်းချလိုက်ပြီး မေးလိုက်၏ ။

“မာမီ … တန်တန်တို့ ပြန်သွားတာ ကောင်းမယ် ထင်တယ်”  ကောင်ငယ်လေးက တိုးတိုးဖွဖွလေး ပြောလာသည် ။

ရီဝမ်ဝမ် မျက်တောင်မှိတ်ခတ်မှိတ်ခတ် ဖြစ်သွား၏ ။
“ဘာလို့လဲ ။ တန်တန်က မာမီနဲ့ အတူ မနေချင်လို့လား”

ထိုကောင်ငယ်လေးက ချက်ချင်းပင် ခေါင်းလေး မော့လာသည် ။

“ဟင့်အင်း ၊ တန်တန်က မာမီနဲ့ အတူ နေချင်တယ် ။
ဒါပေမယ့် ဘိုးဘိုး နဲ့ ဘွားဘွားက စိတ်ဆိုးကြလိမ့်မယ် ..
တန်တန် မာမီ့ကို ဒုက္ခမရောက်စေချင်ဘူး”

အဘိုးနှင့်အဘွားသည် သူ့ကို ဘာမှ မလုပ်သော်လည်း
မာမီကိုတော့ ပြသနာရှာကြလိမ့်မည် ဆိုတာကို
သူ ကောင်းကောင်း သိနေပါ၏ ။

ထိုကောင်ငယ်လေး၏ တွေးပေးတတ်မှုကြောင့်
ရီဝမ်ဝမ်၏ ရင်ထဲ အတော်လေး လှုပ်ခတ်သွားရပြီး
နူးညံ့စွာဖြင့် ပြောလိုက်သည် ။

“ဘေဘီ … အဲ့လိုဖြစ်မှာ မဟုတ်လို့ မစိုးရိမ်နဲ့နော် ။
မာမီ ရှိတယ် … ဘိုးဘိုးနဲ့ ဘွားဘွားက စိတ်ဆိုးမှာ မဟုတ်ဘူး ၊
မာမီလည်း ဒုက္ခမရောက်ဘူး စိတ်ချနော် ၊ အခု
စိတ်အေးလက်အေးနဲ့ မာမီနဲ့ လိုက်ခဲ့ ၊ ဟုတ်ပြီလား”

အဟက် … ဒုက္ခရောက်ခဲ့ရင်တောင် တခြားသူတွေပဲ ဖြစ်မှာ။

“ဟုတ်” ထိုကလေးလေးသည် သူမအပေါ် လုံး၀ အားကိုးယုံကြည်စွာဖြင့် ခေါင်းချက်ချင်း ညိတ်လာသည် ။

“မာမီ …”

“ဟင်”

“မာမီ တန်တန့်ကို ဘေဘီ လို့ ထပ်ခေါ်ပေးလို့ ရလား”
ကောင်ငယ်လေးက တွန့်ဆုတ်တွန့်ဆုတ်ဖြင့်
မေးလာသည် ။

ရီဝမ်ဝမ် တိုးတိုးညင်းညင်းလေး ရယ်မောလိုက်မိ၏ ။
“ရတာပေါ့ … တန်တန်က အမြဲတမ်း မာမီ့ရဲ့ ဘေဘီ လေးပဲ”

ကောင်ငယ်လေးသည် ရွှန်းစားနေသည့် မျက်ဝန်းတို့ဖြင့် ချက်ချင်းပြန်ပြောလာသည် ။
“မာမီကလည်း တန်တန့်ရဲ့ ဘေဘီ လေး”

ရီဝမ်ဝမ် ထိုကြယ်တာရာညလို ရွှန်းလက်တောက်ပနေသော
သူ့မျက်ဝန်းတို့ကို တွေ့လိုက်ပြီး ရင်ဘတ်ကို ဖိထားမိတော့၏ ။

ဘုရားရေ … ငါ့ရဲ့အသည်းတုံးလေးက ဘယ်လိုလုပ်
ဒီလောက်တောင် ချစ်ဖို့ကောင်းလွန်းနေရတာလဲ … ။

ဒီလို ချစ်ဖို့ကောင်းတဲ့ကလေးလေးက တကယ်ပဲ ငါ့ရဲ့ ကလေး တဲ့ ။ ငါ့ကလေး တဲ့ဟ ။

သူမသည် ပထမဦးဆုံးအကြိမ်ပင် မနာလိုဝန်တို ဖြစ်မိခဲ့ဖူး၏။ ဘယ်လိုမိဘနှစ်ပါးကများ ဒီလောက်ချစ်စရာကောင်းလွန်းသည့် ကလေးလေးကို မွေးထုတ်ပေးနိုင်ခဲ့သလဲဟု သူမ သိချင်မိခဲ့ဖူး၏ …

သူမကိုယ်တိုင်က တန်တန်၏အမေ ဖြစ်နေလိမ့်မည်ဟု
တကယ့်ကို မထင်ထားခဲ့ဖူးပါချေ … ထိုသည်က အရမ်း ..
အရမ်း ဆန်းကြယ်လွန်းလှပေသည် …။

သူမသည် တန်တန်ကို မွေးထုတ်ထားခဲ့မိမှန်းကို သိပင်မသိနေခဲ့ပါချေ ။
ထိုကိစ္စနှင့် ပတ်သက်သည့် မှတ်ဉာဏ်တွေအားလုံး သူမတွင် ရှိမနေပါချေ ။

ဒီလောက် တန်ဖိုးရှိလွန်းလှသည့် မှတ်ဉာဏ်တွေ … ။

ဟိုတုန်းက ဘာတွေများ ဖြစ်ခဲ့လို့ သူမသည် တန်တန်ကိုပင်
စွန့်ပစ်နိုင်ရက်ခဲ့သည်နည်း .. ။

တန်တန်၏အဖေ ဘယ်သူဖြစ်ကြောင်းကိုလည်း သူမ မသိ ။

ရီဝမ်ဝမ် ထိုကောင်ငယ်လေးအား နူးညံ့စွာ ကြည့်လိုက်သည်။

“ဘေဘီ … မာမီ လို့ ထပ်ခေါ်ပါဦးလား”

ထိုကောင်ငယ်လေးက ပျော်ရွှင်ဝမ်းမြောက်စွာ
သဘောတူလိုက်ပြီး ကလေးသံလေးဖြင့် ခေါ်လာ၏ ။

“မာမီ ~”

“လိမ်မာတယ်”

ရီဝမ်ဝမ် ထိုကောင်ငယ်လေး၏ ခေါင်းကို ခပ်ဖွဖွလေး ပုတ်ပေးရင်း သူမ၏ စို့တက်လာသည့် စိတ်ခံစားချက်တို့ကို အတင်းချိုးနှိမ်ကာ ပြောလိုက်သည် ။

“ဟုတ်သားပဲ .. တန်တန် … သားဦးလေး ပြောတာကို
မာမီ ကြားမိတာတော့ သားမေမေရဲ့မွေးနေ့က ဒီရက်ထဲမှာပဲဆို”

စိုးရိမ်ခြင်းကင်းသောနန်၏ မွေးနေ့သည်
နိုဝင်ဘာလ ၂၃ ရက်နေ့ ဖြစ်သည် ဆိုတာကို အမည်မရှိသောနန်ဆီကနေ သူမ ကြားထားခဲ့ဖူးပါ၏ ။

တစ်နည်းဆိုရသော် … ထို နိုဝင်ဘာလ ၂၃ ရက်နေ့သည်
သူမ၏ မွေးနေ့ အစစ်အမှန်ပင် ။

ရီဝမ်ဝမ် ပြောလိုက်သည့် “မေမေ” ဆိုတာကို ကြားလိုက်တော့ ကောင်ငယ်လေး၏မျက်ဝန်းတို့မှာ မှိန်ကျသွားတော့ပြီး ခေါင်းညိတ်လာသည် ။  “ဟုတ်”

ရီဝမ်ဝမ်၏မျက်ဝန်းတို့ လှုပ်ခတ်သွားပြီး မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည် ။
“အင်း .. ဒီလိုလုပ်ကြရင်ရော ။ သားကို မာမီ ဒီနေ့
ကိတ်မုန့်ဆိုင်ကို ခေါ်သွားပေးမယ် ၊ သားကိုယ်တိုင်
သားမေမေအတွက် ကိတ်မုန့် လုပ်ပေးလိုက်ပေါ့ ။
ဒါဆို .. ဒါဆို သားမေမေအတွက် မွေးနေ့ စပရိုက်စ် ဖြစ်သွားတာပေါ့”

တန်တန်၏မျက်နှာငယ်လေးထက်တွင် သိသိသာသာကို စိတ်လွန်ဆွဲနေဟန် ပေါ်လာပြီး မျက်လွှာတို့ကို ချလိုက်ကာ ..
“မာမီရော တန်တန်နဲ့ အဖော်လိုက်ပေးမှာလား”

ရီဝမ်ဝမ် ပြုံးလိုက်မိပါ၏ ။
“လိုက်ပေးရမှာပေါ့။ မာမီ ဒီနေ့တစ်နေ့လုံး
တန်တန့်နားမှာပဲ နေပေးမယ်နော်”

ထိုကောင်ငယ်လေး၏မျက်နှာမှာ ချက်ချင်း ဝင်းပသွား၏ ။

“တန်တန် သွားချင်တယ်”

သူသည် မာမီနဲ့သာ အကြာကြီး ရှိနေခွင့် ရမည်ဆိုရင်
ဘာကိုမဆို လုပ်နိုင်သည် …

…………………………………………………………………..............

စာစဉ် ၆၄၊ အခန်း ၂၁။  မာမီ့လက်ကို ကိုင်ထား

နန် စံအိမ်ကနေ ထွက်လာပြီးနောက် ရီဝမ်ဝမ်သည် တန်တန့်ကို ခေါ်ကာ လွတ်လပ်သောနယ်မြေထဲက နာမည်အကြီးဆုံး ကိတ်မုန့်ဆိုင်တစ်ဆိုင်ဆီ ခေါ်သွားလိုက်သည် ။

ရီဝမ်ဝမ် ရောက်သွားတာနဲ့ ချက်ချင်းပင် ဆိုင်သူဌေးက ကြောက်လန့်စွာဖြင့် သူတို့ကို ကိုယ်တိုင်လာကြိုသည် ။
ရီဝမ်ဝမ်သည် ကိတ်မုန့်တစ်လုံးကို ကိုယ်တိုင်လုပ်ချင်နေမှန်း သိလိုက်တာနဲ့ချက်ချင်း လိုအပ်သည့်အမယ်တို့ကို ပြင်ပေးလေသည် ။

ရီဝမ်ဝမ် ပြောစက သိပ်စိတ်မပါခဲ့သည့် ကောင်ငယ်လေးမှာ
ကိတ်မုန့်ကို အတူတူလုပ်ရင်းကနေ သိသိသာသာကို ပျော်ရွှင်လာတော့လေပြီ ။

တန်တန်၏ ပျော်ရွှင်ကြည်နူးနေသည့် မျက်နှာလေးကို ကြည့်ရင်း ရီဝမ်ဝမ်၏ရင်ထဲ ခံစားချက်တို့ ပေါင်းစုံလို့ နေ၏ ။

တန်တန်ကို အမှန်တရား ပြောပြဖို့ အခွင့်မသင့်သေးတာမို့ အခုလောလောဆယ်တော့ ထိုအယောင်ဆောင် စိုးရိမ်ခြင်းကင်းသောနန်သည် သူ၏အမေရင်းသာ
ဖြစ်နေပါစေတော့ …

“မာမီ .. မာမီ .. တန်တန် ရသွားပြီ”

တန်တန်၏ အသံကြောင့် ရီဝမ်ဝမ် လက်ရှိကို ပြန်ရောက်လာ၏ ။ တန်တန်သည် သူ့ကိတ်မုန့်ကို လုပ်ပြီးသွားကြောင်းကို သူမ ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရ၏ ။ ထိုကိတ်မုန့်တွင် အနားသတ်၌ ပန်းပွင့်လေးတွင်ဖြင့် စီခြယ်ထားလေပြီး အလယ်တွင် ချယ်ရီသီးများဖြင့် အသည်းပုံကြီးကြီးတစ်ခုကို ပုံဖော်ထားလေသည် ။

“ဝိုး … လှလိုက်တာ .. တန်တန်က အရမ်းတော်လိုက်တာ”
ရီဝမ်ဝမ် သူ့ကို ချီးကျူးစကား ဆိုလိုက်၏ ။

ထိုကောင်ငယ်လေးသည် ရှက်သွေးဖြာစွာ နှုတ်ခမ်းတို့ကို ဖိကိုက်လိုက်ပြီး ကိတ်မု့န်ကို မြှောက်လိုက်ကာ ရီဝမ်ဝမ်ကို ထိုးပေးလာသည် ။

“ဒါက .. မာမီ့ အတွက်”

ရီဝမ်ဝမ် အံ့သြသွား၏ ။
“မာမီ့အတွက်လား … သားမေမေ့အတွက် လုပ်နေတာ မဟုတ်ဘူးလား”

တန်တန်သည် သူမအား ရွှန်းစားစွာ ကြည့်နေပြီး
လေးနက်စွာ ပြောလာသည် ။

“ဒါပေမယ့် တန်တန် က မာမီ့ကို ပေးချင်တာ ။
တန်တန် ပထမဆုံး လုပ်ဖူးတဲ့ ကိတ် မလို့
မာမီ့ကို ပေးချင်တယ်”

တန်တန် ပြောနေသည့် “မာမီ” ဆိုတာ သူမကိုပါလား …

ပထမဆုံး လုပ်ထားတဲ့အရာက အရေးအကြီးဆုံး ဖြစ်တာမို့
သူက သူမကို ပေးချင်နေတာတဲ့လား ။

ရီဝမ်ဝမ်၏ရင်ထဲ နွေးပျလာပြီး ထိုကောင်ငယ်လေးကို ရင်ခွင်ထဲ ပိုက်ထွေးထားလိုက်မိတော့ရင်း …

“ကျေးဇူးပါ .. ကျေးဇူးပါ ၊ တန်တန် …”

ကျေးဇူးပါ ၊ မာမီ့ကလေးလေး …

ဒီလက်ဆောင်က မာမီ ရခဲ့ဖူးသမျှထဲမှာ တန်ဖိုးအရှိဆုံး လက်ဆောင်လေးပါ …

“မာမီ ကြိုက်လားဟင်”

“ကြိုက်တာပေါ့ … အရမ်းအရမ်းကို ကြိုက်တယ်”

“ဒါဆို အတူစားရအောင်လေ .. မာမီ”

“အင်း”

ထိုသားအမိနှစ်ယောက်သည် ထိုကိတ်လေးကို အတူတူ စားပစ်လိုက်ကြပြီးနောက် နောက်ထပ်ကိတ်မုန့်တစ်ခုကို ထပ်လုပ်ကြပြန်သည် ။

ဒီတစ်ကြိမ်တွင်မူ ကောင်ငယ်လေးသည် ကိတ်မု့န်၏အနားသတ်တွင် ပန်းပွင့်အနည်းငယ် ၊ သစ်ရွက်အနည်းငယ်နဲ့သာ အလှဆင်ထားပြီး အလယ်တွင် အသည်းပုံ ထည့်ထားခြင်း မရှိတော့ပေ ။

ကိတ်မုန့်ကို ထုပ်ပိုးပြီးသွားသည့်နောက်တွင်
ကောင်ငယ်လေး၏ ရွှင်ပျနေသော စိတ်အာရုံမှာ
ညှိုးငယ်လာတော့သည် ။

“မာမီ … တန်တန့် ကို အခု အိမ်ပြန်ပို့တော့မှာလားဟင်”

ရီဝမ်ဝမ် အချိန်ကို တစ်ချက်ကြည့်လိုက်၏ ။
“စောပါသေးတယ် ။ မာမီတို့ ညစာအရင် သွားစားကြမယ် ၊
ဘယ်လိုလဲ”

တန်တန်က ချက်ချင်း ခေါင်းညိတ်ပြလာ၏ ။
“ဟုတ်”

ထို့နောက်တွင် ရီဝမ်ဝမ်သည် လက်တစ်ဖက်က တန်တန်ကို ဆွဲထားကာ တစ်ဖက်က ကိတ်မုန့်ကို ကိုင်ထားရင်း
ကိတ်မုန့်ဆိုင်ကနေ ထွက်သွားလိုက်သည် ။

သူတို့ ထိုဆိုင်ကနေ ထွက်လိုက်သည့်အခိုက်
သူတို့အရှေ့တွင် လူတွေ ကျိတ်ကျိတ်တိုး စည်ကားနေတာကြောင့် ရီဝမ်ဝမ်တို့ ရှေ့ဆက်သွားလို့ မရတော့ ။

“ရှေ့မှာ ဘာတွေ ဖြစ်နေတာပါလိမ့်”
ရီဝမ်ဝမ် တီးတိုးရေရွတ်မိ၏ ။

လူအုပ်ထဲမှာ တိုးကျိတ်ပြီး ညပ်နေသော လူတစ်ယောက်က ဖြေလာသည် ။

“ရှန်း မိသားစုရဲ့ နိဗ္ဗာန်ဈေးကြီး ဖွင့်ပေးထားလို့ဗျ ။
ဒီနေ့က ပထမဆုံးနေ့ပဲ … အကုန်လုံး ကြိုက်သလောက်စား အလကားတဲ့”

အိုး … ရှန်း မိသားစုရဲ့ နိဗ္ဗာန်ဈေးကြီး ဆိုပါလား ..

ရီဝမ်ဝမ်၏ နှုတ်ခမ်းတို့ တွန့်ချိတ်သွားရသည် ။
အကုန် အလကားအခမဲ့ ကျွေးတတ်သည်က
ရှန်း မိသားစု၏ တကယ့်စရိုက်ပင် ။

“မာမီ …”

လူတွေ ကျိတ်ကျိတ်တိုးနေတာမို့
တန်တန်က စိုးရိမ်တကြီးဖြင့် ရီဝမ်ဝမ်၏အကျီၤစလေးကို ဖမ်းဆုပ်လာသည် ။

“မာမီ .. တန်တန့်နားမှာပဲ နေနော် ။ တန်တန် နဲ့ မကွဲသွားစေနဲ့”

ရီဝမ်ဝမ် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိပြီး တန်တန်၏လက်လေးကို ဆုပ်ကိုင်လိုက်၏ ။
“ဒီလိုလုပ်လိုက်ရင် မာမီတို့ လူမကွဲတော့ဘူး”

ထိုကောင်ငယ်လေး၏မျက်ဝန်းတု့ိမှာ ချက်ချင်းပင် ပျော်ရွှင်ကြည်နူးသွားတော့ပြီး နှုတ်ခမ်းလေးက တွန့်ကွေးတက်လာသည်တွင်
ဖြူစွတ်နေသည့် ပါးပြင်လေးကနေ ချစ်စဖွယ်အတိ ပြီးသော ပါးချိုင့်လေးနှစ်ခုက ဘွင်းဘွင်းရှင်းရှင်း ထွက်ပြူလာလေပြီ ။

“အင်း …”

ငါ … မာမီ့ရဲ့လက်ကို တစ်သက်လုံး ကိုင်ထားချင်လိုက်တာ ..

အရှေ့နားတွင် လူကျိတ်ကျိတ်တိုးနေသော်လည်း လွတ်လပ်သောနယ်မြေ၏ ဒိတ်ဒိတ်ကြဲ ရှန်း မိသားစုက ကြီးမှူးပြီး နိဗ္ဗာန်ဈေးပွဲကို ကျင်းပပေးနေခြင်း ဖြစ်တာကြောင့် ဘာပြသနာမှ မရှိနိုင်ပါချေ ။ ထို့ကြောင့် ရီဝမ်ဝမ်သည် တန်တန်ကို လက်ဆွဲကာ ထိုပွဲတော်ဆီ ဝင်သွားလိုက်တော့သည် ။

…………………………………………………………………..........

စာစဉ် ၆၄၊ အခန်း ၂၂။  ကျွန်မရဲ့ သား

နိဗ္ဗာန်ဈေးသည် လင်းထိန်နေပြီး တလက်လက် တောက်နေသော ရွှေများဖြင့် တန်ဆာဆင်ထား၏ ။ အလွန်တရာ မွှေးကြိုင်လွန်းလှသည့် အစားအသောက်များကလည်း လူတိုင်းကို ရွေးရခက်စေကာ ခေါင်းနောက်လာစေသလို စားချင်စိတ်တို့လည်း တဖွားဖွား ပေါ်ပေါက်လာစေသည် ။ ထို့ပြင် အားလုံးသည် အလကား ဖြစ်တာမို့ ဒီလမ်းကြီးတစ်လျှောက်တွင် ထူးထူးခြားခြားကို စည်ကားသိုက်မြိုက်လို့ နေသည် ။

ရီဝမ်ဝမ်၏ရင်ထဲတွင် တရုတ်ပြည်မှာ စီရီဟန်နှင့် အတူ
တန်တန်ကို ခေါ်သွားကာ သုံးယောက်သား
ပြည်သူ့ရင်ပြင်တွင် တစ်နေကုန် ပျော်ပါးခဲ့သည်ကို
အမှတ်ရမိသွား၏ …

ရီဝမ်ဝမ် သူမ၏အတွေးရေယာဉ်တို့ကို စုစည်းလိုက်ပြီး
မေးလိုက်သည် ။
“ဘေဘီ .. ဘာစားချင်လဲ”

တန်တန်က ခေါင်းကို ဘယ်ညာယမ်းပြလာသည် ။
စားစရာတွေ တသီကြီး ရှိနေခြင်းကြောင်း
သူ ရွေးရခက်ကာ ခေါင်းရှုပ်နေဟန် ။

ရီဝမ်ဝမ် အလိုက်သိစွာပင် လက်ကို ဝှေ့ယမ်းလိုက်ကာ …
“ဒီလိုဆိုရင် တစ်ခုချင်းစီ မြည်းကြည့်ကြတာပေါ့”

ရီဝမ်ဝမ် လျှောက်သွားပြီး ဂျပန်ရေဘဝဲလုံးများ ၊ အသားကင်တုတ်ထိုးများ ၊ ခေါက်ဆွဲအေးများနှင့် တခြားသော လမ်းဘေးစားဖွယ်ရာအစုံကို လိုက်ဝယ်ကာ ကောင်ငယ်လေး၏ လေထဲကို ပျော်ပျော်ရွှင်ရွှင်ကြီး ထည့်ပေးလိုက်လေသည် ။

သားအမိနှစ်ယောက်သား လမ်းလျှောက်ရင်း စားသောက်နေကြချိန် လူတစ်ယောက်သည် သူမဆီကို လေရူးသဖွယ် ပြေးဝင်ချလာသည် ။

“ဟဲဟဲ … မိန်းမလှလေး .. ကိုယ်တို့ ထပ်တွေ့ကြပြန်ပြီနော်”

ရီဝမ်ဝမ် ထိုသူကို တွေ့လိုက်ပြီး မျက်ခုံးတို့ ပင့်တက်သွားသည် ။
“သခင်လေး ရှန်း …”

“ဟုတ်ပါတယ်ဗျာ ၊ ဟုတ်ပါတယ် ။ မိန်းကလေး ကိုယ့်ကို မှတ်မိနေသေးတာက အရမ်းအရမ်းကို ဂုဏ်ယူစရာပဲ ။
အချောလေး .. ကိုယ် ဒီနားတစ်ဝိုက် လိုက်ပို့ပေးရမလား ။
အချောလေး တစ်ယောက်ထဲဆို ပျင်းနေစရာကြီး ..
ဒီလိုလုပ်ပါလား ကိုယ် မင်းကို အဖော်လုပ်ပေးမယ်လေ”

ရှန်းထင်းချန်းသည် သူမအား ဝမ်းသားမြူးတူးစွာဖြင့်
ပြောဆိုနေချိန် ရုတ်တရက် ဓားတစ်လက်လို စူးရှလွန်းသော အကြည့်တစ်ခုကို ခံစားမိလိုက်တာကြောင့်
အောက်ကို ငုံ့ကြည့်လိုက်မိရာ …
ရွှန်းဝေနေပြီး အေးစက်နေသော မျက်ဝန်းတစ်စုံ ။

“အားနာပါတယ် ၊ မာမီက တစ်ယောက်ထဲ မဟုတ်ဘူး”

ကောင်ငယ်လေးက အပေါ်စီးကနေ မိုးထားသော ထိုယောကျာ်းကို စိုက်ကြည့်ကာ သူ့မာမီရဲ့လက်ကို တင်းကျပ်နေအောင် ဆုပ်ထားပြီး အလိုမကျစွာ ထုတ်ပြော လာသည် ။

“အာ … မင်း .. မင်းက ..”

ရှန်းထင်းချန်းသည် ရီဝမ်ဝမ်အား မာမီဟု ခေါ်သွားသော ထိုကလေးလေးကို တုန်လှုပ်စွာ ကြည့်လိုက်၏ ။

ရီဝမ်ဝမ်သည် ခိုးခိုးခစ်ခစ် ရယ်မောလိုက်ပြီး
ထိုဒေါသထွက်နေသော ကလေးလေးကို ဖွဖွလေး
ပုတ်ပေးလိုက်ပြီး …

“ကျွန်မရဲ့သား”

ကောင်ငယ်လေးမှာ ထိုစကားကို ကြားကြားချင်း အံ့အားသင့်သွားပြီးနောက်တွင် မျက်ဝန်းတို့က ရွှန်းစားတောက်ပလာတော့သည် ။

“ဘ … ဘာရယ် .. မင်း .. မင်းမှာ သားရှိတယ်လား” 
ရှန်းထင်းချန်း ထိတ်လန့်တုန်လှုပ်သွား၏ ။

အခုသည် ရှန်းထင်းချန်း၏ ချစ်ခင်စုံမက်နေမှုကို
ခွာချနိုင်တော့မည့် အခွင့်အရေးကောင်းကြီး တစ်ခု ဖြစ်နိုင်သည်ဟု ရီဝမ်ဝမ် ဖျတ်ခနဲ တွေးမိသွားပြီး ပြောလိုက်တော့သည် ။

“အင်း ၊ ဘာဖြစ်လို့လဲ .. ပြသနာရှိလို့လား”

ထိုယောကျာ်းသည်ကတော့ ချက်ချင်းပင် လေးစားချစ်ခင်မှုတို့ ဖိတ်ဖိတ်လျှံကျလာချေပြီ ။

“ဂိုဏ်းချုပ်ပိုင် က နတ်မိမယ်လေးလို ချောမောတဲ့အပြင် ဉာဏ်ကလည်းထက် ၊ သိုင်းကလည်း ကောင်းပြီး ရက်စက်တဲ့နေရာမှာလည်း အတုမရှိ
ပြိုင်ဘက်ကင်းတဲ့သူပဲဗျာ … သားတစ်ယောက် မပြောနဲ့ ၊
ဆယ်ယောက် ရှိရင်တောင်မှ ဖြစ်သင့်တာပေါ့ ။ စိတ်မပူနဲ့ ၊ မိန်းမလှလေး ကိုယ် လုံး၀ လုံးဝကို စိတ်ထဲမထားဘူး”

ရီဝမ်ဝမ် ။  “…”

ဘာရယ် … သား ဆယ် .. ဆယ်ယောက် လား ။

သူ ကျောချမ်းစရာတွေ မပြောလို့ မရဘူးလား ။

ငါလေးမှာ သားတစ်ယောက်ထဲနဲ့တင် တော်တော်လေး ရှော့ရပြီးနေပါပြီနော် ။

တန်တန်၏ မျက်နှာသေးသေးလေးမှာ ချက်ချင်းပင်
တစ်ဖန်ပြန်လည် မည်းပုတ်သွားပြီး
ရှန်းထင်းချန်းကို ကြည့်နေသည့် သူ့အကြည့်တို့မှာ
ပိုပိုပင် မကြည်သာမှုတို့ ဖိတ်လျှံလာရလေပြီ ။

“မိန်းမလှလေး .. ဒီမှာ ကြိုက်တာ အကုန်စားနော်”

ရှန်းထင်းချန်းက ချမ်းသာကြွယ်ဝသည့် သူဌေးပီပီ
ရက်ရက်ရောရောကို ပြောဆိုလာသည် ။

“အစကတည်းက စားနေတာပဲ မဟုတ်ဘူးလား”

“အာ .. ဟုတ်တာပေါ့ ဟုတ်တာပေါ့ ဟီးဟီး ။ ဒါပေမယ့် ဒီနေ့ ကိုယ်ကိုယ်တိုင် မိန်းမလှလေးကို အဖော်လုပ်ပေးမှာဆိုတော့ မိန်းမလှလေးက သူများတွေထက် ထူးခြားသွားတာပေါ့” ရှန်းထင်းချန်းက ပြောလာသည် ။

“…”  ရီဝမ်ဝမ် ခြေကုန်လက်ပန်းကျမိသွား၏ ။

ငါလေးက မလိုပါဘူးနော် ၊ ဟုတ်ပီလား ။

ကံမကောင်းစွာဖြင့် ရှန်းထင်းချန်းသည်
လွယ်လွယ်နဲ့ နောက်ကြောင်းပြန်မလှည့်တတ်သည့် လူစားမျိုး ဖြစ်နေပြီး သူမ နှင့် တန်တန် နောက်ကနေ တစ်ချိန်လုံး ပျော်ရွှင်ခြင်းကြီးစွာဖြင့် တကောက်ကောက်လိုက်နေတော့သည် ။

ဒီတစ်လမ်းလုံးသည် သူ့မိသားစုအပိုင် ဖြစ်နေတာကြောင့်
ရီဝမ်ဝမ် သူ့ကို ခွာချပစ်ချင်ရင်တောင် ခွာချလို့ မရ ဖြစ်နေရ၏ ။

“မာမီ …”

တန်တန်သည် ရှန်းထင်းချန်းကို သတိကြီးစွာဖြင့်
ကြည့်နေပြီးနောက် သူမ၏လက်ကို မသိမသာလေး
ဆွဲလာသည် ။

ရီဝမ်ဝမ် ငုံ့ကြည့်လိုက်ပြီး တိုးတိုးလေး မေးလိုက်၏ ။

“ဘေဘီ ဘာဖြစ်လို့လဲ”

တန်တန်ခမျာ တော်တော်လေး တွန့်ဆုတ်နေခဲ့ပြီးမှ မှုန်ကုတ်နေသည့်မျက်နှာလေးဖြင့် ပြောလာသည် ။

“မာမီ .. သူ့ကို မကြိုက်နဲ့နော်”

…………………………………………………………………..............

စာစဉ် ၆၄၊ အခန်း ၂၃။  သူက မာမီနဲ့ မလိုက်ဘူး

ရီဝမ်ဝမ် ဝါးခနဲ ရယ်ချမိသွားတော့၏ ။
“ဘာလို့လဲ ဘေဘီရဲ့”

တန်တန်သည် ချက်ချင်းပင် ပြန်ဖြေလာသည် ။
“သူက မာမီနဲ့ မလိုက္ဘူး”

ရီဝမ်ဝမ် ချက်ချင်း စိတ်ဝင်စားသွား၏ ။
“သူက မာမီနဲ့ မလိုက်ဘူးဆိုရင် … ဒါဆို ဘယ်သူက
မာမီနဲ့ လိုက်လဲ”

ကောင်ငယ်လေးသည် မျက်လွှာလေးကို ချလိုက်ပြီး အတွေးကြီးတွေးနေလေပြီ ။

“မိန်းမလှလေး .. မိန်းမလှလေး .. ရော့ ဒါလေး စားကြည့် ..
ကိုယ် ခွံ့ကျွေးမယ် အာ …”

ရှန်းထင်းချန်းသည် မရမ်းသီးတုတ်ထိုးကို ကိုင်ကာ
သူမဆီကို အားတက်သရော လာနေလေပြီ ။

ရှန်းထင်းချန်းကို ကြည့်ပြီး ရီဝမ်ဝမ် ခေါင်းစားမိသွား၏ ။
သွယ်ဝိုက်ပြီး ငြင်းလိုက်ခြင်းကလည်း အလုပ်မဖြစ်ခဲ့တာကြောင့်
သူမ ပွင့်ပွင့်လင်းလင်း ပြောရုံသာ ကျန်တော့ပေပြီ ။

“တောင်းပန်ပါတယ် ရှန်း သခင်လေး ၊ ကျွန်မ မှာ ချစ်ရတဲ့သူ ရှိပြီးသားပါ”

ရှန်းထင်းချန်းသည် လုံးဝကို ဂရုမစိုက်ဘဲ ပြုံးဖြီးကာ ပြန်ဖြေလာသည် ။

“သိပါတယ် … ဂိုဏ်းချုပ် ပိုင် က
ယောကျ်ားချောချောလေးတွေ ကြိုက်တယ်ဆိုတာ
သိပြီးသားပါ ။ ရုပ်ရည်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်
ကိုယ်က ဂိုဏ်းချုပ် ပိုင် ရဲ့ စံနှုန်းထဲ ဝင်တယ်မလား”

ရီဝမ်ဝမ်၏နှုတ်ခမ်းတို့ တွန့်ချိတ်သွားသည် ။

တကယ်ပါပဲ ပိုင်ဖန်းရဲ့ နာမည်က အဲ့လောက်တောင် ပုပ်ပွနေတာလား ။ သူ နှာထတာကို လူတိုင်းတောင် သိနေကြတာလား ။

ရီဝမ်ဝမ် ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြလိုက်မိသည် ။
“အဲ့လို ပြောတာမဟုတ်ဘူး ။ ကျွန်မဆီမှာ ချစ်သူ ရှိတယ် … သူက ကျွန်မဘဝရဲ့ အချစ်စစ် ၊ သူက ကျွန်မဘဝရဲ့ တစ်ယောက်ထဲသောသူ ၊ တခြားသူနဲ့ ကျွန်မ လျှောက်ပျော်ပါးနေမှာ မဟုတ်ဘူး”

ရှန်းထင်းချန်းက ဟုတ်မှန်သည့်ဟန်ဖြင့် ပြောလာသည် ။
“ဟဲဟဲ ဂိုဏ်းချုပ်ပိုင်ရာ နတ်မိမယ်လေးလို
ချောကလည်းချော ၊ ဉာဏ်ကလည်းထက် ၊
သိုင်းကလည်း ကောင်းပြီး ရက်စက်တဲ့နေရာမှာလည်း ပြိုင်ဘက်ကင်းတဲ့ ဂိုဏ်းချုပ်ပိုင်လို လူက
ပန်းတစ်ပွင့်ထဲပေါ်မှာပဲ ခြေတော်တင်စရာလားဗျာ ။ လျှောက်ရမယ့်လမ်းက ဟိုးအကျယ်ကြီးရှိသေးတယ် … ဒီစကြဝဠာကြီးထဲမှာ ဂိုဏ်းချုပ်ပိုင် ခြေတော်တင်မှာကို
စောင့်နေကြတဲ့ ယောကျာ်းချောချောလေးတွေ အများကြီး ရှိနေသေးတယ် ။ ဥပမာဆိုရင် ကျွန်တော့်လိုပေါ့ …”

“…” ဘုရား ဘုရား … တော်ပါတော့ဟ ။

ရီဝမ်ဝမ်သည် သူမ ဘာပြောပြော သူ့ကို ဘယ်လိုမှ ခွာချလို့ မရတာကြောင့် ဘယ်လိုလုပ်ရမလဲဟု အသည်းအသန်
စဉ်းစားနေစဉ် အရှေ့ဘက်ကနေ နူးညံ့ညင်သာသော
အသံတစ်သံကို ကြားလိုက်ရလေသည် ။

“ရှောင်ဖန်း”

အာ .. ဂျိရှို့ရန်လား .. ။

ဒီလိုကျဉ်းထဲကြပ်ထဲမှာ ဂျိရှို့ရန်ကို တွေ့လိုက်ရခြင်းအပေါ်
ရီဝမ်ဝမ် အတိုင်းမသိအောင်ကို ပျော်ရွှင်မိသွား၏ ။

သူမသည် ပိုင်ဖန်း၏နေရာ ၊
ဂျိရှို့ရန်၏ ဇနီးလောင်း နေရာတွင် နေနေရခြင်း ဖြစ်တာမို့
ဂျိရှို့ရန်အား အရင်က စည်းခြားပြီး မဆက်ဆံခဲ့ဖူးသလို
သူ့ရှေ့တွင် ချွဲနွဲပြလည်း ဘာပြသနာမှ မရှိပါချေ ။

အခုတွင် … သူမ မထင်ထားခဲ့ဖူးသည့် သူမ၏သရုပ်မှန်က
ဂျိရှို့ရန်၏ဇနီးလောင်းအဖြစ် အမှန်တကယ်
ဖြစ်နေလေသည် ..
သူမ အခု ခံစားနေရသည့် ခံစားချက်တို့ကို ဖော်ပြလို့ပင်
မရနိုင်ပေ ။

သူမကို ပိုလို့ စိတ်ရှုပ်စေသည်က ဟိုတုန်းက ဂျိရှို့ရန်သည် စိုးရိမ်ခြင်းကင်းသောနန်ကို လက်ထပ်ဖို့ရာ စိတ်ကူးမရှိခဲ့ဘဲ စေ့စပ်ပွဲကို ဖျက်သိမ်းပစ်ခဲ့သည်ဟု သခင်မကြီး နန် ပြောခဲ့ဖူးသည့် စကား ။

ဂျိရှို့ရန်က နန် မိသားစု၏ စေ့စပ်ပွဲကို ပယ်ချပြီး
ပိုင်ဖန်းနဲ့ တိတ်တိတ်လေး ခိုးတွဲနေတာလား …

ဒါဆို ဂျိရှို့ရန်က … ငါ့ကွယ်ရာမှာ ငါ့ကို သစ္စာဖောက်နေတာလား ။

ရီဝမ်ဝမ် မတုံ့ပြန်နိုင်ခင်
တန်တန်က ဂျိရှို့ရန်ဆီ လှစ်ခနဲ ပြေးသွားကာ
ပျော်ရွှင်မြူးတူးစွာ ပြောလေသည် ။

“လေးလေး ဂျိ .. လေးလေး ဂျိ .. တန်တန်က လေးလေးကို လွမ်းနေတာ”

ဂျိရှို့ရန်၏ မျက်နှာထက်တွင် နွေးထွေးသည့်
အပြုံးပန်းတစ်ပွင့် ဖြစ်တည်လာပြီး သူ၏ ကျယ်ပြောလှသည့် လက်ကြီးဖြင့် ထိုကောင်ငယ်လေး၏ ခေါင်းလေးကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည် ။

ထိုမြင်ကွင်းကြောင့် ရီဝမ်ဝမ် အံ့သြမိသွားပြီး နဖူးပြင်မှာ တွန့်ချိုးသွားတော့သည် ။

တန်တန်သည် သူမကလွဲပြီး ဘယ်သူ့အပေါ်ကိုမှ ဒီလောက်ထိ တရင်းတနှီးမနေတတ်ပါချေ ။

ဂျိရှို့ရန်နှင့် ဒီလောက်အထိ ရင်းနှီးကျွမ်းဝင်နေလိမ့်မည်ဟု
ရီဝမ်ဝမ် မထင်ထားမိခဲ့ပါချေ ။

သို့သော် ပြန်စဉ်းစားကြည့်လိုက်တော့ ထိုသည်က
မထူးဆန်းနေပြန် ။ ဂျိ မိသားစု နှင့် နန် မိသားစုသည် အချင်းချင်းခင်မင်ရင်းနှီးကြပြီး ဂျိရှို့ရန် နှင့် သူမတစ်ဖြစ်လဲ စိုးရိမ်ခြင်းကင်းသောနန်သည်လဲ စေ့စပ်ထားခဲ့ဖူးသည်အထိ ပတ်သက်ဆက်နွယ်ဖူးတာကြောင့် ဂျိရှို့ရန်နှင့်တန်တန်တို့
သိနေခြင်းမှာ မဆန်းပါချေ ။

နည်းလမ်းကျကျ ပြောရရင်
တန်တန်သာ ဂျိရှို့ရန်၏ သား မဟုတ်ရင်
ဂျိရှို့ရန်သည် အဖောက်ပြန်ခံလိုက်ရခြင်းဟု
ပြော၍ရနိုင်သည် ။ ထိုသို့အမှန်သာဆို ဂျိရှို့ရန်သည်
တန်တန့်အပေါ်ကို ဒီလောက်ထိ ကောင်းပေးနိုင်ပါ့မလား ။

သို့ကြောင့် .. တန်တန်သည် ဂျိရှို့ရန် နှင့် သူမ ရထားသည့်
ကလေး ဖြစ်နိုင်ချေ ရှိ၏ ။

ရီဝမ်ဝမ် ထိုအတွေးကြောင့် ရင်ထဲ တုန်လှုပ်မိသွား၏ ။

…………………………………………………………………….........

စာစဉ် ၆၄၊ အခန်း ၂၄။  အငယ်အနှောင်းအချောလေးတွေ တပြုံကြီး

“မာမီ …”

တန်တန်သည် ဂျိရှို့ရန်ကို ခေါ်လာကာ သူမကို
ခေါ်လိုက်တာကြောင့် ရီဝမ်ဝမ် အတွေးထဲကနေ
လူးလွန့်လာ၏ ။

“မာမီ … ဒါ တန်တန့်ရဲ့ လေးလေး ဂျိ”

ထိုကောင်ငယ်လေး၏ ဂျိရှို့ရန်အပေါ် ထားသည့်
သဘောထားနှင့် ရှန်းထင်းချန်းအပေါ် ထားရှိသည့်
သဘောထားမှာ နေ့နှင့်ညအလားကို အခြားနားကြီး ခြားနားလွန်း၏ ။ သူမအား ဂျိရှို့ရန်နှင့် အားတက်သရောပင် မိတ်ဆက်ပေးနေလေသည် ။

ဂျိရှို့ရန်က တိုးတိုးတိတ်တိတ် ရယ်မောလိုက်ကာ ..
“ဟားဟား .. လေးလေးက သားရဲ့မာမီ နဲ့ သိပြီးသားပါ”

ရီဝမ်ဝမ်၏နှုတ်ခမ်းတို့ တွန့်ချိတ်သွားရ၏ ။

သိတာထက်ကို အများကြီး ပိုနေတာလေ …

တိတ်တိတ်ပုန်း ချစ်သူတွေတောင် ဖြစ်နေတဲ့ဟာကို …

“တကယ်ကြီးလား”
ထိုကောင်ငယ်လေးမှာ ချက်ချင်းပင် အပျော်ရွှင်ကြီး ပျော်ရွှင်သွားလေဟန် ။

“ဟော … အရှင်ဂျိ တိုက်ဆိုင်လိုက်တာ … ကျွန်တော်က
အခု ဂိုဏ်းချုပ်ပိုင်ကို အဖော်လုပ်ပြီး ဈေးဝယ်ပေးနေတာ”

ရှန်းထင်းချန်းက မရမ်းသီးတုတ်ထိုးကို ကိုင်ထားရင်းကနေ
လက်ကို ဝှေ့ယမ်းပြီး နှုတ်ဆက်လာသည် ။

ဂျိရှို့ရန်သည် မျက်နှာပျက်ယွင်းသွားခြင်း မရှိဘဲ
ခပ်ရေးရေးလေးသာ ပြန်ပြုံးပြလာသည် ။

“ဆိုင်ဖွင့်လိုက်တဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ ။
ကျွန်တော့်ဘက်ကနေ မဖြစ်စလောက်လက်ဆောင်လေးတွေ ပြင်ပေးထားပြီး သခင်လေးအိမ်ကို ပို့ပေးထားခိုင်းလိုက်ပါပြီ”

“အာ .. အရှင်ဂျိရာ အားနာစရာကြီး”
ရှန်းထင်းချန်းက ပြုံးရွှင်နေသည် ။

ဂျိရှို့ရန်သည် ပြုံးကာ ရီဝမ်ဝမ်ဘက်သို့ လှည့်လိုက်သည် ။
သူသည် လက်တစ်ဖက်က ရီဝမ်ဝမ့်လက်ထဲက ကိတ်မုန့်ဗူးနှင့် မုန့်ထုပ်များကို ယူလိုက်ပြီး တစ်ဖက်က တန်တန်၏လက်ကို ဆွဲကာ ရှန်းထင်းချန်းအား ပြောလိုက်သည် ။

“ရှောင်ဖန်းကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးပါ သခင်လေး ရှန်း”

ရှန်းထင်းချန်း၏ပါးစပ်ကြီးမှာ ပြူးကျယ်လာတော့၏ ။

အာ .. ဘာ .. ဘာတွေ ဖြစ်နေတာလဲ ။

ဂျိဘုရင်နဲ့ ပိုင်ဖန်း က …

ဂျိဘုရင်ကလည်း ဒီမိန်းမလှလေးအပေါ်မှာ
စိတ်ဝင်စားနေတာတော့ မဟုတ်ပါဘူးနော် ။

ရှန်းထင်းချန်းသည် ဥစ္စာဓနရော ရုပ်ရည်ပါ ပြည့်စုံသူမို့ ထိုမိန်းမချောလေး ပိုင် က မငြင်းလောက်ဘူးဟု အသေတွက်ထားမိခဲ့သည်သာ ။
အခုတော့ … ဒီ … ဒီရည်းစားလုဖက်ကြီးက အရမ်းကို ကြောက်ဖို့ကောင်းနေလေပြီ …

ရှန်းထင်းချန်း၏နဖူးထက်တွင် ချွေးတို့ စို့လာရလေပြီ ။

“ဟို … ဂိုဏ်းချုပ် ပိုင် စောစောက ပြောတဲ့ ကြိုက်နေတဲ့သူ ရှိပြီးသား ၊ တစ်သက်မှာ တစ်ယောက်ထဲကိုပဲ ချစ်သွားမယ့် အချစ်စစ် ဆိုတာက .. မဟုတ်မှလွဲရော အရှင်ဂျိ လား”

ရှန်းထင်းချန်းသည် ပြောရင်းဖြင့် စိတ်ထဲကနေလည်း
ဒီမိန်းမလှလေးသည် ဒီကလေးလေးကို ဘယ်သူနဲ့များ
ရထားခဲ့ခြင်းလဲ ဆိုတာကို သိချင်နေမိ၏ ။

သူ ပြောသွားတဲ့ တစ်သက်မှာတစ်ယောက် ဆိုတာတွေ
အချစ်စစ် ဆိုတာတွေက ဘယ်ရောက်သွားပြီလဲ ။
သူ ငါ့ကို လာနောက်နေတာတော့ မဟုတ်ပါဘူးနော် ..

သူမသည် ရှန်းထင်းချန်းကို အလွန်အမင်း ခွာချချင်စိတ်ကြောင့်
ဂျိရှို့ရန်နှင့်သာဆိုလျှင် ခွာချပစ်နိုင်လိမ့်မည်ဟု မသိစိတ်ကနေ အပြင်းအထန် ယုံကြည်နေမှုကြောင့် ခေါင်းချက်ချင်း ညိတ်ပြပစ်လိုက်သည် ။

“ဟုတ်တယ်”

တန်တန်မှာ အပျော်ရွှင်ကြီး ပျော်ရွှင်သွားလေဟန်ဖြင့် မျက်တောင်မှိတ်ခတ်မှိတ်ခတ် လုပ်လာသည် ။

ဂျိရှို့ရန်သည်ကတော့ အစကနေ အခုထိတိုင် တည်တည်တံ့တံ့ မျက်နှာထားနှင့်သာ ။ ရီဝမ်ဝမ် ထင်ယောင်ထင်မှား ဖြစ်မိသွားခြင်းလား မသိပါသော်လည်း ဂျိရှို့ရန်၏ အပြုံးမှာ ခါတိုင်းပြုံးနေကျ အပြုံးတို့ထက် အများကြီး နွေးထွေးနေသယောင်ယောင်ပင် ။

ရှန်းထင်းချန်းသည်ကတော့ ထိုသည်ကို ကြားပြီး ခေါင်းထဲ ချာလပတ်ရမ်းသွား၏ ။ သူသည် မိန်းမတွေကို ဆွဲညှို့သည့်နေရာတွင် လွတ်လပ်သောနယ်မြေထဲက ဘယ်သူ့ကိုမှ မကြောက်ခဲ့ဖူးပါချေ ။ သု့ိသော် .. သူ့အရှေ့တွင် ရှိနေသည့် ဒီချစ်သူလုဖက်ကတော့ တော်တော်လေး ကြောက်စရာ ကောင်းလွန်းနေပေသည် ။

ရှန်းထင်းချန်းက အချိန်အကြာကြီး လွန်ဆွဲနေပြီးနောက်
နောက်ဆုံးတွင် အလွန်တရာ အန္တရာယ်များသော ၊
အလွန်တရာ ခက်ခဲလွန်းသော အရာကြီးဖြစ်သည့်
ဂျိဘုရင်အား ရင်ဆိုင်တွေ့ဖို့ရာ
ဆုံးဖြတ်ချချလိုက်တော့လေပြီ ။ သူ မေးလိုက်သည် ။

“မိန်းမလှလေး … ကိုယ်လုပ်တော်တွေရော လက်ခံလား”

“…!!!”

ရီဝမ်ဝမ် သူမအား ဂျိရှို့ရန်၏အရှေ့တွင် ကိုယ်လုပ်တော်တွေ လက်ခံလားဟု လာမေးရဲသည့် ထိုသကောင့်သားအား
သေအောင် နုပ်နုပ်စဉ်းပစ်လိုက်ချင်မိသွား၏ ။

တစ်ယောက်မှ လက်မခံဘူး ၊ ဟုတ်ပြီလား ။

လွတ်လပ်သောနယ်မြေထဲတွင် ယောကျာ်းများနှင့်
မိန်းမများသည် ရင်ဘောင်တန်းကာ နေကြခြင်းကြောင့် အငယ်အနှောင်းအချောလေးတွေ တစ်ပြုံကြီးကို ထားတတ်ကြသည်မှာ အင်အားကြီးသော ယောကျာ်းဘသားများတင် မဟုတ်ပါချေ ။

“ဟူး … ဒီလိုဆိုရင်တော့ မတတ်နိုင်တော့ဘူး ။
ငါတို့ .. မျှမျှတတ ယှဉ်ပြိုင်ကြတာပေါ့”
ရှန်းထင်းချန်းကား သက်ပြင်းတချချ ဆို၏ ။

ရှန်းထင်းချန်းသည် ချက်ချင်းပင် ရွှေရောင်တလက်လက် တောက်ပနေသော သော့တစ်ချောင်းကို အိတ်ကပ်ထဲကနေ ဆွဲထုတ်လိုက်သည် ။

“မိန်းမလှလေး .. ဒါက ကိုယ်တို့ ရှန်း မိသားစု ရဲ့ ရတနာတိုက်သော့ ။ မင်းလေးဆီကနေ လက်ခံပါမယ်ဆိုတဲ့ စကားတစ်ခွန်း ထွက်ကျလာတာနဲ့ ကိုယ် ဒါနဲ့ မင်းလေးကို တင်တောင်းပေးမယ်”

ရီဝမ်ဝမ် ။  “…”

အော် .. ပြိုင်ပွဲက တော်တော်လေး မျှတနေဦးမယ် ။

………………………………………………………….......................

စာစဉ် ၆၄၊ အခန်း ၂၅။ တိုက်ဆိုင်လိုက်တာ ထပ်တွေ့ကြပြန်ပြီ

ရီဝမ်ဝမ် ကူကယ်ရာမဲ့ခြင်း ကြီးစွာဖြင့် မျက်နှာကို
လက်နှင့် အုပ်ထားမိ၏ ။

“မလိုဘူး ၊ ကျေးဇူးပဲ”

သူမသည် ရွှေတောင်ကြီးတွေရော ငွေတောင်ကြီးတွေရော
တကယ့် တကယ်ကို စိတ်မဝင်စားပါချေ …
သူမအဖို့ ထိုသည်တို့က အချည်းနှီးသာ ။

ဒါပေမယ့် ဒါက .. ထားလိုက်ပါတော့ …

အငြင်းခံလိုက်ရသဖြင့် ရှန်းထင်းချန်းက သူမကို ငေးကြည့်ကာ မေးခွန်းထုတ်လိုက်သည် ။

“ဒါပေမယ့် … ဂိုဏ်းချုပ် ပိုင် ခုနက ပြောသွားတာ လွဲနေသလားလို့ ။ အရှင်ဂျိက မင်းရဲ့ တစ်သက်မှာ တစ်ယောက်ထဲသောသူ ၊
အချစ်စစ်နဲ့ ချစ်တဲ့သူ ဆိုရင် .. ဒါဆို မင်း သားရဲ့အဖေ ဘယ်သူလဲ”

ရီဝမ်ဝမ် ။ “…”

ဒီသူဌေးသားဖွတ်ကျားက ဘာလို့ အဲ့လောက်တောင် ပြောရခက်တာလဲဟယ် ။ ငါ သူ့ကို အခုပဲ
သတ်ပစ်လိုက်ရတော့မလား ။

ရီဝမ်ဝမ်သည် သူ့ကို ရိုက်သတ်ပစ်ချင်စိတ်ကို
မနည်းမြိုသိပ်နေရချိန် တန်တန်က အနားကတစ်နေရာကို
ငေးကြည့်ပြီး ထခေါ်လိုက်လေသည် ။

“ဒက္ဒီ …”

ဟမ် … ဒက်ဒီ … လား ။

ဘာတွေ ဖြစ်နေတာလဲ ။

ရီဝမ်ဝမ်လည်း အလိုလိုပင် တန်တန် ကြည့်နေရာဆီ လှမ်းကြည့်လိုက်မိ၏ ။

ထိုတွင် .. သူမ မြင်လိုက်ရသည်ကား …
အနက်ရောင်ဝတ်စုံကိုသာ ဝတ်ဆင်တတ်ပြီး အမြဲတစေ အေးစက်နေသည့် အရောင်အဝါတို့ကိုသာ ထုတ်လွှတ်တတ် သော ယောကျာ်းတစ်ယောက် … အ ရှင် နတ် ဆိုး .. ။

ထိုယောကျာ်းသည် သူ့နောက်တွင် အရံအရွေတွေ တစ်တန်းကြီး လိုက်ပါလာလျက် အဆင့်အတန်းမြင့်သော ကလပ်တစ်ခုကနေ ထွက်လာခြင်းပင် ။

သူ၏မျက်လုံးတို့သည် မိသားစု သားအမိသားအဖ
သုံးယောက်လို ရပ်နေကြသော ရီဝမ်ဝမ် ၊ ဂျိရှို့ရန် နှင့်
တန်တန်ကို လှမ်းမြင်လိုက်ပြီး ချက်ချင်းပင် သူ့မျက်ဝန်းတို့က အာတိတ်သမုဒ္ဒရာလွင်ပြင်က ဆောင်းရာသီလို အေးစက်လာပြီး ခက်ထန်တင်းမာသည့် အရောင်အဝါတို့ ဖြာထွက်လာချေပြီ ။

သေစမ်း .. ဒီလောက်တောင်မှ တိုက်ဆိုင်လွန်းရလားဟ ။

ရီဝမ်ဝမ်သည် ဒီတလောတွင် တမင်တကာပင်
အရှင်နတ်ဆိုးအပေါ် ခပ်တန်းတန်းနေပစ်ခဲ့သော်လည်း ရက်ပေါင်းများစွာ ကွေကွင်းထားခဲ့ရပြီးနောက် ဒီလို အခြေအနေမျိုးကြီးမှာမှ သူနဲ့ တည့်တည့်ကြီး လာတိုးရလိမ့်မည်ဟုတော့ ယောင်လို့ပင် မတွေးခဲ့ဖူးပါချေ ။

“သေ … သေစမ်း …” ရှန်းထင်းချန်းသည် တန်တန် ၏ 
“ဒက်ဒီ” ဟု ခေါ်လိုက်သော လူကို တွေ့သွားပြီး
မေးရိုးကြီး အောက်ပြုတ်ကျတော့မလို ဖြစ်သွား၏ ။

ဒါ အရှင် .. အရှင်နတ်ဆိုး မလား ။

ဒီကလေးက အရှင်နတ်ဆိုးကို ဘယ်လိုခေါ်လိုက်တယ် .. ။

ပိုင်ဖန်းက အရှင်နတ်ဆိုးကို တကယ်ကြီး ဖြားယောင်းထားနိုင်တာလား .. သူတို့မှာ ဒီလောက်အရွယ် ကလေးတောင် ရနေကြပြီလား ။
ဒါဆို ဂျိရှို့ရန် နဲ့ကရော ။
ဧကန္တ … သူ လှေနံနှစ်ဖက်တောင် နင်းထားတာလား ။

ရှန်းထင်းချန်း လေးစားအားကျစိတ်တို့ ဖိတ်လျှံလာတော့ကာ ရီဝမ်ဝမ်ဘက် လှည့်ကြည့်လိုက်၏ ။

သူသည် အချစ်ရေးမှာ သူ့ကိုယ်သူပင် ဆရာကြီးဟု ထင်ထားပြီး
သူ့ထက် ပိုဆရာကျနေသောသူ ရှိလိမ့်မည်ဟု မထင်ထားမိခဲ့ပါချေ ။

သူ့ရဲ့ ကောင်လေးတွေက .. ဝိုး .. အမိုက်စားတွေချည်းပဲ ။

“ဒက္ဒီ …”

တန်တန်က ထိုရင်းနှီးကျွမ်းဝင်နေသည့် မျက်နှာကို မြင်လိုက်တာနဲ့ အလိုလို နှုတ်ကနေ ခေါ်မိလေသည် ။

ရင်းနှီးကျွမ်းဝင်နေသည့် မျက်နှာ -- တရုတ်ပြည်မှာ ရှိခဲ့သည့် သုံးလတာကာလအတွင်း နေ့စဉ်ရက်ဆက်
တွေ့မြင်နေခဲ့ရသည့် ထိုမျက်နှာတစ်ခု ။

တရုတ်ပြည်မှာတုန်းက သူတို့၏ သားအဖဆက်ဆံရေးမှာ အေးတိအေးစက်နိုင်ခဲ့သော်လည်း
တန်တန် သူ့ကို ထပ်တွေ့လိုက်ရချိန်မှာတော့
အပျော်ရွှင်ကြီးကို ပျော်ရွှင်မိ၏ ။

“အရှင် .. အရှင်နတ်ဆိုး …”
ရှန်းထင်းချန်းခမျာ ပါးစပ်အဟောင်းသား ဖြစ်နေ၏ ။
“ကောင်လေး .. မင်း .. သူ့ကို ဘယ်လိုခေါ်လိုက်တယ်”

အရှင်နတ်ဆိုးသည် ဂျိရှို့ရန်၏လက်ကို ဆွဲထားသော ထိုကောင်ငယ်လေးကို တွေ့လိုက်သည့်သကာလ သူ၏အေးစက်နေသည့် မျက်ဝန်းတို့မှာ တဒင်္ဂလေး အရည်ပျော်ကျသွားမိသော်လည်း ချက်ချင်းပင်
ထိုကလေးလေးအား ပီဘိသူစိမ်းတစ်ယောက်လို
ကြည့်လိုက်လေသည် ။

တန်တန်သည် ထိုယောကျာ်း၏အပြုအမူကို သတိပြုမိလိုက်ပြီး ချက်ချင်း မျက်မှောင်ကြုတ်လာကာ မှုန်သုန်လာသလို မျက်နှာထက်တွင်လည်း စိတ်ရှုပ်ထွေးမှုတို့ ဝင်ရောက်လာတော့သည် ။

ရီဝမ်ဝမ်သည် ရှန်းထင်းချန်း၏ မေးလာခြင်းကို လျစ်လျူရှုလိုက်၏ ။ တန်တန်၏အမူအရာကို သတိပြုမိပြီး အောက်ကို ငုံ့ကြည့်ကာ ရှင်းပြလိုက်သည် ။

“တန်တန် .. သူက သား သိတဲ့သူ မဟုတ်ဘူး ။
သူတို့က ဒီတိုင်း ရုပ်ချင်းဆင်ရုံပဲ”

သူမသည် တန်တန်ကို အကုန်ရှင်းမပြနိုင်သေးဘဲ
ဒီလောက်လေးသာ ပြောနိုင်ပါ၏ ။

“ဒက်ဒီ မဟုတ်ဘူး .. လား”

ကောင်ငယ်လေးက မျက်မှောင်ကြီး ကုတ်ကာ ခပ်တိုးတိုး
ရေရွတ်လာပြီး ထိုယောကျာ်းအား တစ်ခါမော့ကြည့်လိုက်ပြန် သည် ။

ဆံပင်အရောင်ပဲ ကွဲတာပါ ။

ရီဝမ်ဝမ်သည် သူမ၏အတွေးရေယာဉ်ကြောကို စုစည်းလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့်ပင် နှုတ်ဆက်ပေး လိုက်သည် ။

“အရှင်နတ်ဆိုး .. တိုက်ဆိုင်လိုက်တာနော် ။
ကျွန်မတို့ ထပ်တွေ့ကြပြန်ပြီ”

“မြေခွေးမ …” အရှင်နတ်ဆိုး၏ နောက်တော်ပါးတွင်
ရပ်နေသော ကျန်းယန်သည် အသံထွက်ကာ
ပြောမလာသော်လည်း သူ့နှုတ်ခမ်းတို့ကတော့
ခပ်လှုပ်လှုပ်ဖြင့် ထိုသို့ ပြောနေသယောင်ယောင် ။

………………………………………………………………….........

စာစဉ် ၆၄၊ အခန်း ၂၆။ ရွှေတောင်ကြီးကို မက်ပေမယ့် အလှလေးတွေကို ပိုမက်တယ်

သူမသည် ဂျိဘုရင်နဲ့ ကလူ၏မြှူ၏ လုပ်နေခဲ့ပြီး
မကြာခင်ခနအတွင်း ရှန်းထင်းချန်းကို ဖြားယောင်းနေပြန်ပြီ။

ငါ့ရဲ့အရှင်က ဘယ်လိုများ ဒီမိန်းမရဲ့ စက်ကွင်းထဲ မိသွားရတာပါလိမ့် ။

တစ်နေ့ညက သူ့အရှင်ရဲ့အခန်းထဲ မတော်တဆ
ဝင်မိသွားခဲ့ချိန် ထိုမိန်းမ၏ သူ့အရှင်အပေါ် လုပ်ရပ်တို့ကို
နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရသည့်သကာလ
သူ့အရှင်သည် ထိုမိန်းမ၏ စော်ကားခြင်း ၊
ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်ခြင်းကို
ကျိတ်ခံစားနေရသည်ဟု သူ မြင်နေမိ၏ ။

ဘာပဲ ဖြစ်နေနေ သူ အဲ့ဒီဖြေဆေး ဆိုတာကြီးကို မြန်မြန်
ရှာမှကို ဖြစ်မည် .. ။

အရှင်နတ်ဆိုးကတော့ အမူအရာကင်းမဲ့စွာဖြင့်ပင် သူမကို ပြန်နှုတ်ဆက်လိုက်သည် ။

“ပိုင် ဂိုဏ်းချုပ်”

သူ၏အမူအရာမှာ
သူမတို့သည် အရင်က တစ်ခါမှကို မသိမကျွမ်းခဲ့သလိုလို ..
အရင်က ဖြစ်ပျက်ခဲ့သမျှအရာအားလုံးမှာ မရှိခဲ့သလိုလို ..
ထို့ကြောင့် သူမ ပိုစိတ်ပျက်ရ၏ ။

ရှန်းထင်းချန်းအဖို့မူကာ သူ၏စိတ်အာရုံမှာ
အလွန်အကျူးကို နောက်ကျိရှုပ်ထွေးပြီးနေလေပြီ ။

ဒါဆို .. အရှင် နတ်ဆိုး က ဒီကလေးရဲ့ အဖေ ဟုတ်တာလား မဟုတ်တာလား ။

မဖြစ်သေးဘူး .. ငါ့မှာ ငါနဲ့လိုက်ဖက်ညီမယ့်သူကို
ခက်ခက်ခဲခဲကြီးနဲ့ ရှာတွေ့ထားရတာ ..
လွယ်လွယ်လေးနဲ့ လုံး၀ လုံး၀ အရှုံးမပေးနိုင်ဘူး ။

ရှန်းထင်းချန်းက ရှက်သွေးဖြာစွာဖြင့် ရီဝမ်ဝမ်ကို ကြည့်လိုက်သည် ။

“ဂိုဏ်းချုပ် ပိုင် ကိုယ် တင်တောင်းမယ့်ဟာကို သဘောမကျသေးဘူးဆိုရင် .. ကိုယ့်ကိုယ်ကိုနဲ့ တင်တောင်းမယ် ဆိုရင်ရော”

သူတို့က သူ့ထက် ပိုအင်အားကြီးကြတော့ရော ဘာဖြစ်လဲ ။
သူက ပိုချမ်းသာတာပဲလေ ။

သူတို့က သူ့ထက် ပိုအဆင့်မြင့်တော့ရော ဘာဖြစ်လဲ ။
သူတို့က သူ့ထက် အများကြီး ပိုချောတယ်ဆိုတော့ရော ဘာဖြစ်လဲ ။ သူက အများကြီး ပိုချမ်းသာတာပဲလေ ။

ဒီလောကတွင် သူ၏ဆွဲဆောင်မှုကို တောင့်ခံနိုင်မည့်သူ ရှိသည်ဟု
သူ မယုံကြည်ပါချေ ။

သူ၏ပြိုင်ဘက်တွေက ဂျိဘုရင် နဲ့ အရှင်နတ်ဆိုး ဆိုတော့ရော ဘာဖြစ်လဲ ။

ရှန်းထင်းချန်းသည် ထိုသို့ ပြောလိုက်သည့်နောက်တွင်
သူ့နောက်ကျောကို ပစ်ခွင်းလာသည့်
အအေးလှိုင်းတစ်လှိုင်းကို ခံစားလိုက်ရ၏ ။

နေဦး မဟုတ်သေးဘူး .. အအေးလှိုင်းနှစ်လှိုင်းနဲ့ တူသလိုပဲ ။

နေဦး မဟုတ်သေးဘူး … သုံးလှိုင်းဟ … ။

သူသည် သူ နှင့် ပိုင်ဖန်းကလွဲပြီး ရှိနေသည့်
သုံးယောက်ကို သေသေချာချာ ကြည့်လိုက်မိတော့
ဂျိဘုရင်သည် ခါတိုင်းလို ခပ်ပြုံးပြုံးသာ ဖြစ်ပြီး
အရှင်နတ်ဆိုးက အမူအရာကင်းမဲ့စွာ ဖြစ်ကာ ထိုကလေးလေးသည်ကတော့ ..
သူကတော့ ပိုလို့ပင် ခန့်မှန်းရခက်ပေသည် ။

“…”  ရီဝမ်ဝမ်ခမျာ ပြောစရာစကားတို့ပင် မရှိတော့ ။

ဒီလဒရဲ့ သိက္ခာတွေ ဘယ်ရောက်ကုန်ပြီလဲ ။

ရီဝမ်ဝမ်သည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခပ်ပေါ့ပေါ့လေးပင် ဂျိရှို့ရန် နှင့် အရှင်နတ်ဆိုးကို ကြည့်လိုက်ပြီး ပြုံးပြုံးလေး ပြောလိုက်သည် ။

“သခင်လေး ရှန်း … ကျွန်မ တကယ်ပဲ စိတ်မကောင်းပါဘူး ။
ကျွန်မက ရွှေတောင်ကြီးကို မက်ပေမယ့်လို့
အလှလေးတွေကို ပိုမက်တယ် ။ ကျွန်မအတွက်တော့ … အလှလေးတစ်ယောက်ရဲ့ အပြုံးတစ်ပွင့်က ရွှေတစ်ထောင်ပေးပြီး ဝယ်လည်း မရနိုင်ဘူး”

“အလှလေးတစ်ယောက်ရဲ့ အပြုံးတစ်ပွင့်က
ရွှေတစ်ထောင်ပေးပြီး ဝယ်လည်း မရနိုင်ဘူး” ဟု ရီဝမ်ဝမ် ပြောလိုက်သော်လည်း ဘယ်သူ့ကို ပြောနေခြင်းလဲကိုတော့ ထည့်ပြောမသွားတာကြောင့် အရှင်နတ်ဆိုးမှာ မျက်နှာကြီး မည်းပုတ်လာတော့လေပြီ ။

ရှန်းထင်းချန်းသည်ကတော့ သူ့ရင်ဘတ်ကို
မြားတစ်ချောင်းက လာစူးစိုက်သွားသကဲ့သို့နှယ်
ရင်ဘတ်ကြီးကို လက်နှင့် ဖိဆုပ်ထားပြီး
သနားစဖွယ်ကောင်းစွာဖြင့် ပြောလာတော့သည် ။

“တကယ်တေ့ာ .. ကိုယ်လည်း ပြုံးလိုက်ရင် တကယ်ကြီး
ချောတာပါဗျာ ။ မိန်းမလှလေး ကိုယ့်ကို နည်းနည်းလောက် ထပ်ကြည့်ကြည့်ပါဦးလား”

ရှန်းထင်းချန်း၏မျက်နှာလေးက တကယ့်ကို
မွေးရာပါချောလှပြီး တရုတ်ပြည်မှာသာဆို A အဆင့် သရုပ်ဆောင်တွေထဲ တန်းဝင်သွားနိုင်သည့် မျက်နှာမျိုး ။ ကံမကောင်းချင်တော့ သူ၏ပြိုင်ဘက်နှစ်ယောက်က ဟိုးအမြင့်ကြီးရောက်အောင်ကို ချောမောလွန်းနေခြင်းပင် ။

ရီဝမ်ဝမ် ချောင်းဟမ့်လိုက်မိ၏ ။

“အဟမ်း .. သခင်လေး ရှန်း .. ဒါက .. ဒါက ရုပ်ရည်နဲ့
ဘာမှ မဆိုင်ဘူး”

ရှန်းထင်းချန်းက အလိုမကျ မှုန်သုန်စွာဖြင့် သူမကို
ကြည့်လိုက်ကာ …
“ရုပ်ရည်နဲ့ ဘာမှ မဆိုင်ဘူး .. တဲ့လား ။ ဂိုဏ်းချုပ် ပိုင် ရာ
မင်း ဒီစကားကို သေချာစဉ်းစားပြီးမှ ပြောတာရော
ဟုတ်ရဲ့လား”

ရီဝမ်ဝမ် ။ “…”

ငါ သူ့ကို တကယ်ရိုက်သတ်ပစ်ချင်လိုက်တာ ..

ထိုအခိုက်အတန့်တွင် တန်တန်က သူတို့ရှေ့တွင်
ရပ်နေသော ထိုယောကျာ်းကို မော့ကြည့်လိုက်ကာ …
“ခင်ဗျားက တကယ် ကျွန်တော့်ဒက်ဒီ မဟုတ်ဘူးလား”

အရှင်နတ်ဆိုးသည် မတွေ့ရတာ အတော်ကြာနေပြီ
ဖြစ်သည့် ထိုဖြူစွတ်နေသည့် ကောင်ငယ်လေးအား ငုံ့ကြည့်လိုက်မိသည့်တဒင်္ဂတွင် သူ၏ သံတံတိုင်း ခတ်ထားသော စိတ်ခံစားချက်တို့က အနည်းငယ် လွတ်ချင်ချင် ဖြစ်သွား၏ ။

သုံးစက္ကန့်လောက် တိတ်ဆိတ်နေမိပြီးနောက်တွင်
အေးစက်စွာဖြင့် သူ ပြန်ဖြေလာသည် ။

“လူမှားနေပါပြီ”

တန်တန်သည် သူ့ကို စိုက်ကြည့်နေရင်းကနေ
ထိုအဖြေကို လက်ခံသွားဟန်ဖြင့် ပြောလာသည် ။

“တောင်းပန်ပါတယ် ၊ ကျွန်တော် လူမှားသွားတာ ။
ခင်ဗျားက ကျွန်တော့်ဒက်ဒီ မဟုတ်ဘူး ၊
ကျွန်တော့်ဒက်ဒီက အရမ်းကို နူးညံ့ကြင်နာတတ်တယ်”
…………………………………...................
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

စာစဉ် ၆၄ ပြီးပါပြီ ။
ပျော်ရွှင်ဖွယ်နေ့လေး ဖြစ်ကြပါစေ ။

ဒီနေ့တော့ အများကြီးပဲ အပ်ပေးထားတယ်နော် ။
အတွဲ ၅ က မကြာခင် စတော့မှာဖြစ်လို့ ဝမ်ဝမ်လေးကို အတွဲ ၅ လဲ အပ်ထားပေးကြပါဦးလို့ 😘

ကြိုတင်ဖတ်ရှုလိုပါက စာစဉ်တစ်ခုကို ၅၀ဝ နဲ့ paid group မှာ ဖတ်ရှုလို့ ရပါပြီရှင် ။
ဘေလွှဲရမယ့်နံပတ်လေးကတော့ 09402842937 ပါ ။ ကောင်းသောညချမ်းလေး ဖြစ်ကြပါစေ 😘

Continue Reading

You'll Also Like

262K 7K 72
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.3M 44.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1.4M 60.1K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...