Systemက ကြၽန္ေတာ့္ကို Novelထဲ...

By Neko_san_ZP

1M 152K 8.5K

Title: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date:... More

Chapter -1
Chapter -2
Chapter - 3
အေၾကာင္းအရာ
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter. 8.1
Chapter - 9
Chapter - 10
Chapter -11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
လက္နက္(12)မ်ိဴး-လက်နက်(12)မျိူး
Chapter - 20
Chapter - 21
Chapter - 22
Chapter- 23
Chapter -24
Chapter-25
Chapter -26
Chapter -27
Chapter - 28.1
Chapter - 28.2
Chapter - 29
Chapter - 30
Chapter -31
Chapter -32
Chapter -33
Chapter - 34.1
Chapter - 34.2
Chapter -35
Chapter -36
Chapter -37
Chapter -38
Chapter-39
Chapter -40
Chapter -41
Chapter -42
Chapter - 43
Chapter - 44
characters intro
Chapter - 45
Chapter -46
Chapter - 47
Chapter-48
Chapter - 49
Chpater - 50
Chapter -51
Chapter -52
Chapter-53
Chapter -54
Chapter-55
Chapter-56
Chapter-57
Chapter - 58
Chapter - 59
chapter -60
Chapter-61
Chapter-62
Chapter -63
Chapter-64
Chapter-65
Chapter -66
Chapter -67
Chapter -68
Chapter -69
Chapter-70
*About Book*
Chapter-71
Chapter -72
*Hello*
Chapter-73
Chapter-74
Chapter-75
Chapter -76
Chapter -77
Chapter -78
Chapter-80
about Vol-2

Chapter -79

4.7K 741 10
By Neko_san_ZP

Zawgyi

ဝမ္ေဖးရန္တစ္ေယာက္ ေဝေမ့ကိစၥေျဖရွင္းၿပီးေနာက္မွာ ဧည့္ေဆာင္ဘက္ကို ျပန္ထြက္လာေတာ့သည္။လမ္းတစ္ေလွ်ာက္ သူ႕ကို ၾကည့္သြားသည့္ ေပခ်င္းဝူဂိုဏ္းတပည့္မ်ားကို သူေတြ႕ရေပမယ့္ လစ္လ်ဴရႈလိုက္သည္။သူတို႔အေနနဲ႕ သူစိမ္းတစ္ေယာက္ကို မျမင္ဖူးတာေၾကာင့္ ၾကည့္တာ မဆန္းက်ယ္ေပ။ဒါေၾကာင့္ သူလည္းသူ႕ဘာသာ သူသြားေနတုန္းမွာ ေရွ႕ကေန လာပိတ္သည့္သူေတြေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားေတာ့သည္။

ထိုဂိုဏ္းတပည့္သားထဲက တစ္ေယာက္ဟာ ဝမ္ေဖးရန္ကို စိုက္ၾကည့္လာၿပီးေနာက္မွာ အရိုအေသေပးလိုက္သည္။

"အေႏွာင့္အယွက္ျဖစ္သြားရင္ ေတာင္းပန္ပါတယ္ဗ် ...ဧည့္သည္ေဆာင္က ယာယီပိတ္ထားပါတယ္" လို႔ ေျပာလာတာေၾကာင့္ ဝမ္ေဖးရန္ မ်က္ခုံးပိုတြန႔္သြားကာ ဧည့္ေဆာင္ဘက္ကို လွမ္းၾကည့္လိုက္သည္။က်င့္ႀကံသူတစ္ေယာက္ျဖစ္သည့္အျပင္ ဒီခ်ဳံးအဆင့္ကို ေရာက္ေနၿပီျဖစ္တာေၾကာင့္ စိတ္စြမ္းအင္နယ္ေျမကို အနည္းအက်ဥ္းအသုံးခ်တတ္ေနၿပီျဖစ္တယ္။သူဟာ ဧည့္ေဆာင္ထဲ ဘာျဖစ္ပ်က္ေနသည္လဲကို စိတ္စြမ္းအားနဲ႕လွမ္းအာ႐ုံခံလိုက္သည္။

ဧည့္ေဆာင္အခန္းေရွ႕တြင္ လူငယ္ႏွစ္ဦးရပ္ေနၿပီး စကားေျပာေနပုံရသည္။ထိုခ်ိန္မွာ ထိုႏွစ္ဦးထဲက တစ္ဦးဟာ သူရဲ႕စိတ္စြမ္းအားကို အာ႐ုံခံမိသြားပုံရၿပီး လွည့္ၾကည့္လာကာ သူတို႔ဘက္ကို ေလွ်ာက္လာေတာ့သည္။ဒါေၾကာင့္ ဝမ္ေဖးရန္ သူရဲ႕စိတ္အာ႐ုံကို ျပန္သိမ္းလိုက္ၿပီး သူ႕ကို တားဆီးေနသည့္သူေတြ ၾကည့္လိုက္သည္။

"ခ်င္က်န္ကြမ္က ဒီအေဆာင္ပိတ္ထားတယ္လို႔ ကြၽန္ေတာ့္ကို မေျပာလိုက္ဘူး... " လို႔ စကားပင္ဆုံးေအာင္မေျပာရေသးဘူး ထိုထဲက တစ္ေယာက္ဟာ ေရွ႕ထြက္လာၿပီး

"ဒီမွာ အျပင္ကလူျဖစ္တဲ့ မင္းအေနနဲ႕ ငါတို႔ေျပာတာကို နားေထာင္သင့္တယ္ အခု ဒီေနရာက ယာယီပိတ္ထားတယ္လို႔ ေျပာၿပီးၿပီ ထြက္သြားစမ္းပါ" လို႔ ေျပာလာသည့္အခါမွာေတာ့ ဝမ္ေဖးရန္ ခုနက ယဥ္ေက်းစြာ ျပဳမူရမည့္စကားအားလုံးကို ျပန္မ်ိဳခ်ပစ္လိုက္ေတာ့သည္။သူဟာ သူ႕ကို လာေအာ္ကာ အထက္စီးကေနဆက္ဆံသည့္ လူကို ၾကည့္ရင္း

"မင္းပုံစံၾကည့္ရတာ သာမန္အျပင္စီးတပည့္တစ္ေယာက္မလား ငါက အျပင္ကက်င့္ႀကံသူေပမယ့္ ခ်င္က်န္ကြမ္ကိုယ္တိုင္ ဖိတ္ေခၚထားတဲ့ဧည့္သည္ ၊မင္းတို႔ ေပခ်င္းဝူဂိုဏ္းက ဧည့္သည္ေတြကို ဒီလို ျပဳမူဆက္ဆံတတ္တာလား ဟမ္" ဝမ္ေဖးရန္ေျပာလိုက္ေတာ့ ထိုလူရဲ႕မ်က္ႏွာဟာ မဲသဲသြားေတာ့သည္။

"ရန္အာ!" ဧည့္ေဆာင္ဘက္ကေန ေလာ့ေကာေကာအသံထြက္လာတာေၾကာင့္ သူလည္း ထိုလူေတြဆီကေန အၾကည့္ခြာလိုက္ၿပီး အသံလာရာကို ၾကည့္လိုက္ေတာ့ မင္ထ်န္းေလာ့ဟာ ေျခလွမ္းက်ယ္က်ယ္နဲ႕သူ႕ဆီ ေလ်ာက္လာတာကို ေတြ႕လိုက္ၿပီး အေနာက္ကေနလည္း ၾကည့္ေကာင္းကာ ခ်စ္စရာေကာင္းသည့္မ်က္ႏွာေပါက္နဲ႕လူငယ္ေလးတစ္ဦးဟာ အလ်င္စလိုေျပးမတတ္ ပါလာေတာ့သည္။ဒါေပမယ့္ ဝမ္ေဖးရန္ဟာ အေရးမစိုက္ေတာ့ဘဲ မင္ထ်န္းေလာ့ကိုသာ ၾကည့္လိုက္ၿပီး ခုနက သူ႕ကိုတားတဲ့သူေတြကို ျဖတ္ေက်ာ္လိုက္ၿပီး မင္ထ်န္းေလာ့ဆီ ေလွ်ာက္သြားေတာ့သည္။

"ေလာ့ေကာေကာ"

"ျပန္လာၿပီလား ကိုယ္ေစာင့္ေနတာ" မင္ထ်န္းေလာ့ဟာ ဝမ္ေဖးရန္ရဲ႕လက္ေလးကို ဆြဲကိုင္ကာ သူရဲ႕ႏူတ္ခမ္းနဲ႕ ဝမ္ေဖးရန္ရဲ႕လက္ဖဝါးေလးကို ဖြဖြေလးနမ္းကာ ေျပာလာေတာ့သည္။ဝမ္ေဖးရန္ဟာ အနည္းငယ္ သူရဲ႕လက္ေခ်ာင္းေလးေတြကိုေကြးသြားေပမယ့္ ျငင္းပယ္သြားျခင္းမရွိေပ။

"ေဝေမ့ကိစၥေျဖရွင္းေနရလို႔ ၾကာသြားခဲ့တယ္ ေလာ့ေကာေကာ"

"စီနီယာမင္ " အေနာက္ဘက္ကေန အသံခ်ိဳခ်ိဳေလးထြက္လာခ်ိန္မွာ ဝမ္ေဖးရန္ရဲ႕အာ႐ုံဟာ ထိုအသံပိုင္ရွင္ရွိရာေနရာကို ေရာက္သြားေတာ့သည္။သူဟာ ထိုလူငယ္ေလးကို ၾကည့္ၿပီး ေလာ့ေကာေကာဘက္ကို ျပန္လွည့္ၾကည့္ကာ

"ေလာ့ေကာေကာရဲ႕အသိလား" လို႔ေမးလိုက္ေပမယ့္ ေလာ့ေကာေကာမ်က္ႏွာအမူအရာဟာ ေအးတိေအးစက္ျဖစ္ေနကာ သူေတာင္ ထိုလိုအမူအရာမ်ိဳးကို မျမင္ဖူးေပ။ဒါေပမယ့္ မင္ထ်န္းေလာ့ဟာ သူရဲ႕ဆံဖ်ားေလးကို ဆြဲကိုင္လိုက္ၿပီး

"ကိုယ္က မင္းကလြဲၿပီး က်န္တဲ့သူေတြကို ဘယ္လိုလုပ္သိမွာလဲ" လို႔ ေျပာလာတာေၾကာင့္ ဝမ္ေဖးရန္ အူေၾကာင္ေၾကာင္ျဖစ္သြားေတာ့သည္။ဒါေပမယ့္ မင္ထ်န္းေလာ့ရဲ႕အမူအရာဟာ တကယ္ေအးတိေအးစက္ျဖစ္ေနသည္ကို ျမင္ေတာ့ သူလည္း ဆက္မေမးေတာ့ဘဲ ၿပဳံး႐ုံသာ ၿပဳံးလိုက္ၿပီး

"ေလာ့ေကာေကာ ခ်င္က်န္ကြမ္က ဒီေန႕ ထြက္မယ္ေျပာတယ္... ကြၽန္ေတာ့္အေဆာင္မွာ က်ားေပါက္ေလးက်န္ခဲ့တယ္" လို႔ စကားလမ္းေၾကာင္းလြဲကာ ေျပာလိုက္ေတာ့ ေလာ့ေကာေကာဟာ ေခါင္းညိတ္လာၿပီး သူရဲ႕လက္ကိုဆြဲကိုင္ကာ ဧည့္ေဆာင္ဘက္ ေခၚသြားေတာ့သည္။

[System: အဲအိုမီဂါက နင့္ကို သတ္ခ်င္မတတ္စိုက္ၾကည့္ေနတယ္] ဥမရဲ႕စကားသံထြက္လာတာေၾကာင့္ ဝမ္ေဖးရန္မ်က္ခုံးသာ တစ္ခ်က္ပင့္သြားၿပီး

'သူဘက္က ငါ့ကို ျပသာနာမရွာသ၍ ငါကလည္း ျပန္လုပ္ဖို႔စိတ္ကူးမရွိဘူး' လို႔သာ ဥမကို ျပန္ေျပာလိုက္သည္။ထိုအိုမီဂါနဲ႕သူ အခုမွျမင္ဖူးတာေလ၊ဘာေၾကာင့္ သူအေပၚသတ္ျဖတ္ခ်င္သည့္အရွိန္အဝါဟာ ျပင္းရတာလဲ။ဝမ္ေဖးရန္ေတြးေတာရင္း သူ႕လက္ကိုဆြဲကာ ေရွ႕ကသြားေနသည့္ေယာက္်ားကို ၾကည့္ရင္း သက္ျပင္းခ်လိဳက္သည္။ေသခ်ာတာေပါ့ မင္ထ်န္းေလာ့လို ဇာတ္လိုက္ဆီက ခ်စ္ႏွစ္သက္မႈကို ရထားသည့္သူကို အျခားဇာတ္ေကာင္ေတြက မုန္းတီးေနမည္မွာ ဧကန္မလြဲေပ။

'ငါလည္း အဓိကဇာတ္ေကာင္ မျဖစ္ခ်င္ပါဘူး... ' ဝမ္ေဖးရန္ စိတ္ထဲကေန ညည္းၫူေနေပမယ့္ သူရဲ႕အေဆာင္ထဲေရာက္ေတာ့ က်ားေပါက္ေလးဟာ ရွလုန္႐ြိန္ေပါင္ေပၚ ေမွးအိပ္ေနေတာ့သည္။ထိုေနာက္ သူ႕ကို အာ႐ုံခံမိလို႔လားမသိဘူး ႏွာေလးတရႈံ႕ရႈံ႕နဲ႕ျပဳမႈလာၿပီး ေခါင္းေထာင္လာကာ ေမွးမွိတ္ထားသည့္မ်က္လုံးေလးမ်ားဟာ ပြင့္လာၿပီး သူ႕ကို ျမင္ေတာ့ ရွလုန္႐ြိန္ေပါင္ေပၚကေန ယိုင္နဲ႕နဲ႕ဆင္းလာကာ သူ႕ဆီေျပးဝင္လာေတာ့သည္။ အရင္ထက္ အေကာင္နည္းနည္းေလးႀကီးလာေပမယ့္ အစိမ္းေရာင္အေမႊးထူထူးေလးေတြဟာ ႏူးညံ့ကာ ကိုင္လို႔ေကာင္းေနဆဲေပ၊သူဟာ က်ားေပါက္ေလးကို ေပြ႕ခ်ီလိုက္ၿပီး ေခါင္းေလးကို ပြတ္သပ္ေပးရင္း ရွလုန္႐ြိန္ေဘးမွာ ဝင္ထိုင္လိုက္သည္။

"ရန္ ျပန္လာၿပီေပါ့" လို႔ေမးလာတာေၾကာင့္ သူလည္းေခါင္းညိတ္လိုက္ၿပီး က်န္းအိမ္ေတာ္မွာ ျဖစ္ပ်က္သမွ်အကုန္ေျပာျပလိုက္သည္။ဝမ္ေဖးရန္အေနနဲ႕ ျပန္ေျပာတာေတာင္ ေဒါသထြက္မတက္ျဖစ္ေနတာေၾကာင့္ ရွလုန္႐ြိန္ဟာ တခ်ိဳ႕ကလန္ေတြဟာ အင္အားကိုသာ အဓိကထားသလို၊တခ်ိဳ႕က်ေတာ့ အမ်ိဳးသမီးမ်ားနဲ႕အိုမီဂါမ်ားကို ကေလးေမြးဖို႔အတြက္ဟု သတ္မွတ္ထားၿပီး ေကာင္းကင္ကို လြန္ဆန္ကာ သိုင္းက်င့္ႀကံရန္ မထိုက္တန္ဘူးလို႔ သတ္မွတ္ထားၾကသည္လို႔ ရွင္းျပလာေတာ့သည္။ဒါကုန္းတိုက္ႀကီးရဲ႕ေနရာတိုင္းမွာ ရွိေနတတ္ၿပီး တခ်ိဳ႕ကလန္ႀကီးေတြဟာလည္း အမ်ိဳးသမီးမ်ားနဲ႕အိုမီဂါမ်ားကို အထင္ေသးက်ဆဲေပ။

က်န္းကလန္အေနနဲ႕ က်န္းကလန္ေခါင္းေဆာင္ေမြးလာတဲ့သားသမီးဟာ တစ္ေယာက္က အိုမီဂါအမ်ိဳးသားျဖစ္ၿပီး တစ္ေယာက္က အမ်ိဳးသမီးတစ္ေယာက္။ဒါေၾကာင့္ က်န္းေခါင္းေဆာင္နဲ႕ဇနီးက သူတို႔သားျဖစ္သည့္အိုမီဂါေပၚကို ပုံအပ္ၿပီး သမီးကို ပစ္ပယ္လိုက္ၾကသည္။ဒါ မထူးဆန္းပါဘူး သူတို႔အေတြးေတြအရဆိုရင္ နိမ့္က်သည့္အမ်ိဳးသမီးတစ္ေယာက္ထက္ နိမ့္က်သည့္အမ်ိဳးသားကိုသာ ေ႐ြးခ်ယ္လိုက္တာ ပိုသင့္ေတာ္သည္ဟု ေတြးေနၾကတာကိုး။ေနာက္ၿပီး သူတို႔ဟာ က်န္းေဝရွီရဲ႕သိုင္းဝိညာဥ္ေၾကာင့္ က်န္းေဝရွီကို ပိုမိုေထာက္ပံ့လာျခင္းလည္းျဖစ္သည္။ က်န္းေဝေမ့ ဘယ္ေလာက္ဘဲ က်န္းေဝရွီထက္ ေတာ္ေနပါေစ သူတို႔ေခါင္းထဲမွာ သိုင္းဝိညာဥ္ျမင့္မားေနတဲ့သူေတြကသာ ပါရမီရွင္လို႔ သတ္မွတ္ထားျခင္းျဖစ္သည္။

"သူတို႔က အ႐ူးေတြ" ရွလုန္႐ြိန္ဟာ ေျပာလိုက္ၿပီး မတ္တပ္ထရပ္လိုက္တယ္။ထိုေနာက္ သူဟာ ဝမ္ေဖးရန္ဆီ တစ္ေတာင္ေလာက္ရွိသည့္အပင္တစ္ပင္လွမ္းေပးလိုက္သည္။

"ဒါ..." အပင္ရဲ႕ထိပ္ဖူးေတြ နီေစြးေစြးအဖူးတစ္ဖူးရွိၿပီး စိမ္း႐ႊင္႐ႊင္အ႐ြက္မ်ားရဲ႕အဖ်ားဟာ အျဖဴေရာင္သန္းကာေဖ်ာ့သြားၿပီး ပင္စည္ဟာလည္း လက္တစ္လုံးေလာက္သာလုံးပတ္ရွိၿပီး အျမစ္မ်ားသည္နီေဖ်ာ့ေဖ်ာ့အေရာင္သန္းေနသည္။

"ဝိညာဥ္စားပင္ေလ" ရွလုန္႐ြိန္ဟာ မ်က္ေမွာင္အနည္းငယ္ၾကဳတ္ကာ ေျပာလိုက္သည္။သူအေနနဲ႕လည္း ဒီလိုအပင္မ်ိဳးကို 'ဟုန္'ေတာအုပ္တြင္ ေတြ႕ရွိခဲ့လိမ့္မည္မထင္ခဲ့တာ အမွန္ေပ။ဝိညာဥ္စားပင္ဆိုတာ ေသရိပ္မ်ားျပည့္သိပ္ေနတဲ့ေနရာမ်ိဴးမွာ ရွိသင့္တဲ့အပင္အမ်ိဳးစားေတြျဖစ္တယ္။ဒီလိုေနရာမ်ိဳးမွာ ေတြ႕ရသည္ဟာ မရိုးရွင္းေပ၊'ဟုန္'ေတာအုပ္ရဲ႕ေအာက္ေျခတြင္ သင္ခ်ိဳင္းနယ္ေျမရွိေနနိုင္တယ္။ ဒါေပမယ့္ ဒီအေၾကာင္းကို ရွလုန္႐ြိန္ေျပာျပမေနေတာ့ေပ။

"ဝိညာဥ္စားပင္" ဝမ္ေဖးရန္ ထိုအပင္ကိုစိုက္ၾကည့္ရင္း အံ့အားသင့္ေနတာအမွန္ေပ၊ဒီလို အပင္ေတြက အလြယ္တကူရွာေတြ႕လို႔မရတဲ့ရွားပါးအပင္အမ်ိဳးစားျဖစ္တယ္။တျခားအပင္အမ်ိဳးစားေတြဆို ဝမ္ေဖးရန္ျငင္းပစ္မွာေသခ်ာေပမယ့္ သူအပင္ကိုေတာ့ ျငင္းရန္စိတ္ကူးမရွိေပ၊ဝိညာဥ္စားပင္ေတြရဲ႕အသုံးဝင္ပုံက အင္ေမာ္တယ္က်င့္ႀကံသူတစ္ေယာက္ရဲ႕ကံၾကမၼာကိုယ္ေတာင္ ေျပာင္းလဲပစ္နိုင္တယ္။ဒါေၾကာင့္ သူသိမ္းယူလိုက္ၿပီး ရွလုန္႐ြိန္ကို ဘယ္ကရလဲဆိုတဲ့အေၾကာင္းကိုေတာ့ မေမးေတာ့ေပ၊

"သြားရေအာင္"မင္ထ်န္းေလာ့ဟာ အခ်က္ေပးေက်ာက္ကေန ခ်င္က်န္ကြမ္ဆီက လာရန္ေစခိုင္းလာတဲ့စကားေၾကာင့္ ဝမ္ေဖးရန္တို႔ကို ေျပာလိုက္တယ္။ဒါေၾကာင့္ ဝမ္ေဖးရန္လည္း ေခါင္းညိတ္ကာ က်ားေပါက္ေလးကို သူရဲ႕ရင္ဘက္အက်ႌၾကားထဲ ထည့္ကာ မင္ထ်န္းေလာတို႔နဲ႕အတူ အျပင္ဘက္ကို ထြက္လာတယ္။သူတို႔ထြက္လာခ်ိန္မွာ အလွမ္းေဝးမွာ ခုနကေတြ႕ခဲ့တဲ့ အိုမီဂါနဲ႕တျခားေက်ာင္းသားေတြရွိေနေသးတာ ျမင္လိုက္ရသည္။

ရွလုန္႐ြိန္ကေတာ့ သူနဲ႕မဆိုင္သလို ျပဳမူေနၿပီး၊မင္ထ်န္းေလာ့ကေတာ့ မ်က္ခုံးမ်ားၾကဳတ္ကာ သူရဲ႕မ်က္ဝန္းမ်ားဟာ ေဒါသေရာင္သန္းေနေတာ့တယ္။ဒါေၾကာင့္ ဝမ္ေဖးရန္ မေနနိုင္ေတာ့ဘဲ အဲ့အိုမီဂါအေၾကာင္းေမးလိုက္ေတာ့တယ္။

"ဒီဂိုဏ္းက ဂိုဏ္းခ်ဳပ္ရဲ႕ေျမးပဲ ၿပီးေတာ့ မီးအိမ္...အဟမ္း ထ်န္းေလာ့တို႔ ဘိုးေဘးမင္နဲ႕လည္း ေက်းဇူးတရားေတြရွိတယ္ ဒါေၾကာင့္ ထိုေက်းဇူးတရားကိုအေျချပဳၿပီး ထိုအိုမီဂါနဲ႕ ထ်န္းေလာ့ကို ထိမ္းေျမာင္းေပးေစခ်င္တယ္ ေျပာရမွာေပါ့"

'ဟမ္...' ဝမ္ေဖးရန္ မယုံၾကည္နိုင္ဖြယ္ မ်က္ဆံေလးနည္းနည္းျပဴးသြားၿပီးေနာက္ မင္ထ်န္းေလာ့ကို ေမာ့ၾကည့္လိုက္တယ္၊မင္ထ်န္းေလာ့ဟာ သူရဲ႕ေခါင္းကို ဖြဖြေလးပုတ္လာၿပီး

"ကိုယ္က စည္းမ်ဥ္းစည္းေဘာင္ေတြနဲ႕ေနတဲ့သူမဟုတ္ဘူး... ၿပီးေတာ့ ကိုယ့္ဘက္က ျပတ္ျပတ္သားသားျငင္းပယ္ၿပီးသား" လို႔ ေျပာလာၿပီး သူရဲ႕ဆံပင္ဖ်ားကိုဆြဲယူကာ နမ္းၿခိဳက္လိုက္ရင္း ညင္သာေႏြးေထြးသည့့္အသံျဖင့္

"ၿပီးေတာ့ ကိုယ္မွာ ခ်စ္ရသူရွိၿပီးသားေလ" လို႔ ေျပာလာတာေၾကာင့္ သူ႕ကိုယ္ထဲ အပူလွိုင္းျဖတ္ေျပးသြားသလိုပင္ ခံစားလိုက္ရေပမယ့္ ဝမ္ေဖးရန္ဟာ ေခါင္းတစ္ခ်က္သာညိမ့္လိုက္တယ္။သူ႕ကိုတစ္စုံတစ္ဦးဟ ျပင္းျပင္းထန္ထန္စိုက္ၾကည့္ေနတာကို ခံစားရေတာ့ သူလွည့္ၾကည့္လိုက္ေတာ့ ထိုအိုမီဂါဟာ သူ႕ကို မီးေတာက္မတက္စိုက္ၾကည့္ေနသည္ကို ေတြ႕လိုက္ရေတာ့သည္။

ဒါေၾကာင့္ သူလည္း ျပန္စိုက္ၾကည့္ေပးလိုက္တယ္၊တေအာင့္ၾကာေတာ့ ထိုအိုမီဂါဟာ ေဒါသတႀကီးႏွာမႈတ္ကာ သူ႕အေပါင္းအပါေတြနဲ႕ထြက္သြားေတာ့တယ္။

--------------

Unicode

ဝမ်ဖေးရန်တစ်ယောက် ဝေမေ့ကိစ္စဖြေရှင်းပြီးနောက်မှာ ဧည့်ဆောင်ဘက်ကို ပြန်ထွက်လာတော့သည်။လမ်းတစ်လျှောက် သူ့ကို ကြည့်သွားသည့် ပေချင်းဝူဂိုဏ်းတပည့်များကို သူတွေ့ရပေမယ့် လစ်လျူရှုလိုက်သည်။သူတို့အနေနဲ့ သူစိမ်းတစ်ယောက်ကို မမြင်ဖူးတာကြောင့် ကြည့်တာ မဆန်းကျယ်ပေ။ဒါကြောင့် သူလည်းသူ့ဘာသာ သူသွားနေတုန်းမှာ ရှေ့ကနေ လာပိတ်သည့်သူတွေကြောင့် မျက်မှောင်ကြုတ်သွားတော့သည်။

ထိုဂိုဏ်းတပည့်သားထဲက တစ်ယောက်ဟာ ဝမ်ဖေးရန်ကို စိုက်ကြည့်လာပြီးနောက်မှာ အရိုအသေပေးလိုက်သည်။

"အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျ ...ဧည့်သည်ဆောင်က ယာယီပိတ်ထားပါတယ်" လို့ ပြောလာတာကြောင့် ဝမ်ဖေးရန် မျက်ခုံးပိုတွန့်သွားကာ ဧည့်ဆောင်ဘက်ကို လှမ်းကြည့်လိုက်သည်။ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အပြင် ဒီချုံးအဆင့်ကို ရောက်နေပြီဖြစ်တာကြောင့် စိတ်စွမ်းအင်နယ်မြေကို အနည်းအကျဉ်းအသုံးချတတ်နေပြီဖြစ်တယ်။သူဟာ ဧည့်ဆောင်ထဲ ဘာဖြစ်ပျက်နေသည်လဲကို စိတ်စွမ်းအားနဲ့လှမ်းအာရုံခံလိုက်သည်။

ဧည့်ဆောင်အခန်းရှေ့တွင် လူငယ်နှစ်ဦးရပ်နေပြီး စကားပြောနေပုံရသည်။ထိုချိန်မှာ ထိုနှစ်ဦးထဲက တစ်ဦးဟာ သူရဲ့စိတ်စွမ်းအားကို အာရုံခံမိသွားပုံရပြီး လှည့်ကြည့်လာကာ သူတို့ဘက်ကို လျှောက်လာတော့သည်။ဒါကြောင့် ဝမ်ဖေးရန် သူရဲ့စိတ်အာရုံကို ပြန်သိမ်းလိုက်ပြီး သူ့ကို တားဆီးနေသည့်သူတွေ ကြည့်လိုက်သည်။

"ချင်ကျန်ကွမ်က ဒီအဆောင်ပိတ်ထားတယ်လို့ ကျွန်တော့်ကို မပြောလိုက်ဘူး... " လို့ စကားပင်ဆုံးအောင်မပြောရသေးဘူး ထိုထဲက တစ်ယောက်ဟာ ရှေ့ထွက်လာပြီး

"ဒီမှာ အပြင်ကလူဖြစ်တဲ့ မင်းအနေနဲ့ ငါတို့ပြောတာကို နားထောင်သင့်တယ် အခု ဒီနေရာက ယာယီပိတ်ထားတယ်လို့ ပြောပြီးပြီ ထွက်သွားစမ်းပါ" လို့ ပြောလာသည့်အခါမှာတော့ ဝမ်ဖေးရန် ခုနက ယဉ်ကျေးစွာ ပြုမူရမည့်စကားအားလုံးကို ပြန်မျိုချပစ်လိုက်တော့သည်။သူဟာ သူ့ကို လာအော်ကာ အထက်စီးကနေဆက်ဆံသည့် လူကို ကြည့်ရင်း

"မင်းပုံစံကြည့်ရတာ သာမန်အပြင်စီးတပည့်တစ်ယောက်မလား ငါက အပြင်ကကျင့်ကြံသူပေမယ့် ချင်ကျန်ကွမ်ကိုယ်တိုင် ဖိတ်ခေါ်ထားတဲ့ဧည့်သည် ၊မင်းတို့ ပေချင်းဝူဂိုဏ်းက ဧည့်သည်တွေကို ဒီလို ပြုမူဆက်ဆံတတ်တာလား ဟမ်" ဝမ်ဖေးရန်ပြောလိုက်တော့ ထိုလူရဲ့မျက်နှာဟာ မဲသဲသွားတော့သည်။

"ရန်အာ!" ဧည့်ဆောင်ဘက်ကနေ လော့ကောကောအသံထွက်လာတာကြောင့် သူလည်း ထိုလူတွေဆီကနေ အကြည့်ခွာလိုက်ပြီး အသံလာရာကို ကြည့်လိုက်တော့ မင်ထျန်းလော့ဟာ ခြေလှမ်းကျယ်ကျယ်နဲ့သူ့ဆီ လျောက်လာတာကို တွေ့လိုက်ပြီး အနောက်ကနေလည်း ကြည့်ကောင်းကာ ချစ်စရာကောင်းသည့်မျက်နှာပေါက်နဲ့လူငယ်လေးတစ်ဦးဟာ အလျင်စလိုပြေးမတတ် ပါလာတော့သည်။ဒါပေမယ့် ဝမ်ဖေးရန်ဟာ အရေးမစိုက်တော့ဘဲ မင်ထျန်းလော့ကိုသာ ကြည့်လိုက်ပြီး ခုနက သူ့ကိုတားတဲ့သူတွေကို ဖြတ်ကျော်လိုက်ပြီး မင်ထျန်းလော့ဆီ လျှောက်သွားတော့သည်။

"လော့ကောကော"

"ပြန်လာပြီလား ကိုယ်စောင့်နေတာ" မင်ထျန်းလော့ဟာ ဝမ်ဖေးရန်ရဲ့လက်လေးကို ဆွဲကိုင်ကာ သူရဲ့နူတ်ခမ်းနဲ့ ဝမ်ဖေးရန်ရဲ့လက်ဖဝါးလေးကို ဖွဖွလေးနမ်းကာ ပြောလာတော့သည်။ဝမ်ဖေးရန်ဟာ အနည်းငယ် သူရဲ့လက်ချောင်းလေးတွေကိုကွေးသွားပေမယ့် ငြင်းပယ်သွားခြင်းမရှိပေ။

"ဝေမေ့ကိစ္စဖြေရှင်းနေရလို့ ကြာသွားခဲ့တယ် လော့ကောကော"

"စီနီယာမင် " အနောက်ဘက်ကနေ အသံချိုချိုလေးထွက်လာချိန်မှာ ဝမ်ဖေးရန်ရဲ့အာရုံဟာ ထိုအသံပိုင်ရှင်ရှိရာနေရာကို ရောက်သွားတော့သည်။သူဟာ ထိုလူငယ်လေးကို ကြည့်ပြီး လော့ကောကောဘက်ကို ပြန်လှည့်ကြည့်ကာ

"လော့ကောကောရဲ့အသိလား" လို့မေးလိုက်ပေမယ့် လော့ကောကောမျက်နှာအမူအရာဟာ အေးတိအေးစက်ဖြစ်နေကာ သူတောင် ထိုလိုအမူအရာမျိုးကို မမြင်ဖူးပေ။ဒါပေမယ့် မင်ထျန်းလော့ဟာ သူရဲ့ဆံဖျားလေးကို ဆွဲကိုင်လိုက်ပြီး

"ကိုယ်က မင်းကလွဲပြီး ကျန်တဲ့သူတွေကို ဘယ်လိုလုပ်သိမှာလဲ" လို့ ပြောလာတာကြောင့် ဝမ်ဖေးရန် အူကြောင်ကြောင်ဖြစ်သွားတော့သည်။ဒါပေမယ့် မင်ထျန်းလော့ရဲ့အမူအရာဟာ တကယ်အေးတိအေးစက်ဖြစ်နေသည်ကို မြင်တော့ သူလည်း ဆက်မမေးတော့ဘဲ ပြုံးရုံသာ ပြုံးလိုက်ပြီး

"လော့ကောကော ချင်ကျန်ကွမ်က ဒီနေ့ ထွက်မယ်ပြောတယ်... ကျွန်တော့်အဆောင်မှာ ကျားပေါက်လေးကျန်ခဲ့တယ်" လို့ စကားလမ်းကြောင်းလွဲကာ ပြောလိုက်တော့ လော့ကောကောဟာ ခေါင်းညိတ်လာပြီး သူရဲ့လက်ကိုဆွဲကိုင်ကာ ဧည့်ဆောင်ဘက် ခေါ်သွားတော့သည်။

[System: အဲအိုမီဂါက နင့်ကို သတ်ချင်မတတ်စိုက်ကြည့်နေတယ်] ဥမရဲ့စကားသံထွက်လာတာကြောင့် ဝမ်ဖေးရန်မျက်ခုံးသာ တစ်ချက်ပင့်သွားပြီး

'သူဘက်က ငါ့ကို ပြသာနာမရှာသ၍ ငါကလည်း ပြန်လုပ်ဖို့စိတ်ကူးမရှိဘူး' လို့သာ ဥမကို ပြန်ပြောလိုက်သည်။ထိုအိုမီဂါနဲ့သူ အခုမှမြင်ဖူးတာလေ၊ဘာကြောင့် သူအပေါ်သတ်ဖြတ်ချင်သည့်အရှိန်အဝါဟာ ပြင်းရတာလဲ။ဝမ်ဖေးရန်တွေးတောရင်း သူ့လက်ကိုဆွဲကာ ရှေ့ကသွားနေသည့်ယောက်ျားကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။သေချာတာပေါ့ မင်ထျန်းလော့လို ဇာတ်လိုက်ဆီက ချစ်နှစ်သက်မှုကို ရထားသည့်သူကို အခြားဇာတ်ကောင်တွေက မုန်းတီးနေမည်မှာ ဧကန်မလွဲပေ။

'ငါလည်း အဓိကဇာတ်ကောင် မဖြစ်ချင်ပါဘူး... ' ဝမ်ဖေးရန် စိတ်ထဲကနေ ညည်းညူနေပေမယ့် သူရဲ့အဆောင်ထဲရောက်တော့ ကျားပေါက်လေးဟာ ရှလုန်ရွိန်ပေါင်ပေါ် မှေးအိပ်နေတော့သည်။ထိုနောက် သူ့ကို အာရုံခံမိလို့လားမသိဘူး နှာလေးတရှုံ့ရှုံ့နဲ့ပြုမှုလာပြီး ခေါင်းထောင်လာကာ မှေးမှိတ်ထားသည့်မျက်လုံးလေးများဟာ ပွင့်လာပြီး သူ့ကို မြင်တော့ ရှလုန်ရွိန်ပေါင်ပေါ်ကနေ ယိုင်နဲ့နဲ့ဆင်းလာကာ သူ့ဆီပြေးဝင်လာတော့သည်။ အရင်ထက် အကောင်နည်းနည်းလေးကြီးလာပေမယ့် အစိမ်းရောင်အမွှေးထူထူးလေးတွေဟာ နူးညံ့ကာ ကိုင်လို့ကောင်းနေဆဲပေ၊သူဟာ ကျားပေါက်လေးကို ပွေ့ချီလိုက်ပြီး ခေါင်းလေးကို ပွတ်သပ်ပေးရင်း ရှလုန်ရွိန်ဘေးမှာ ဝင်ထိုင်လိုက်သည်။

"ရန် ပြန်လာပြီပေါ့" လို့မေးလာတာကြောင့် သူလည်းခေါင်းညိတ်လိုက်ပြီး ကျန်းအိမ်တော်မှာ ဖြစ်ပျက်သမျှအကုန်ပြောပြလိုက်သည်။ဝမ်ဖေးရန်အနေနဲ့ ပြန်ပြောတာတောင် ဒေါသထွက်မတက်ဖြစ်နေတာကြောင့် ရှလုန်ရွိန်ဟာ တချို့ကလန်တွေဟာ အင်အားကိုသာ အဓိကထားသလို၊တချို့ကျတော့ အမျိုးသမီးများနဲ့အိုမီဂါများကို ကလေးမွေးဖို့အတွက်ဟု သတ်မှတ်ထားပြီး ကောင်းကင်ကို လွန်ဆန်ကာ သိုင်းကျင့်ကြံရန် မထိုက်တန်ဘူးလို့ သတ်မှတ်ထားကြသည်လို့ ရှင်းပြလာတော့သည်။ဒါကုန်းတိုက်ကြီးရဲ့နေရာတိုင်းမှာ ရှိနေတတ်ပြီး တချို့ကလန်ကြီးတွေဟာလည်း အမျိုးသမီးများနဲ့အိုမီဂါများကို အထင်သေးကျဆဲပေ။

ကျန်းကလန်အနေနဲ့ ကျန်းကလန်ခေါင်းဆောင်မွေးလာတဲ့သားသမီးဟာ တစ်ယောက်က အိုမီဂါအမျိုးသားဖြစ်ပြီး တစ်ယောက်က အမျိုးသမီးတစ်ယောက်။ဒါကြောင့် ကျန်းခေါင်းဆောင်နဲ့ဇနီးက သူတို့သားဖြစ်သည့်အိုမီဂါပေါ်ကို ပုံအပ်ပြီး သမီးကို ပစ်ပယ်လိုက်ကြသည်။ဒါ မထူးဆန်းပါဘူး သူတို့အတွေးတွေအရဆိုရင် နိမ့်ကျသည့်အမျိုးသမီးတစ်ယောက်ထက် နိမ့်ကျသည့်အမျိုးသားကိုသာ ရွေးချယ်လိုက်တာ ပိုသင့်တော်သည်ဟု တွေးနေကြတာကိုး။နောက်ပြီး သူတို့ဟာ ကျန်းဝေရှီရဲ့သိုင်းဝိညာဉ်ကြောင့် ကျန်းဝေရှီကို ပိုမိုထောက်ပံ့လာခြင်းလည်းဖြစ်သည်။ ကျန်းဝေမေ့ ဘယ်လောက်ဘဲ ကျန်းဝေရှီထက် တော်နေပါစေ သူတို့ခေါင်းထဲမှာ သိုင်းဝိညာဉ်မြင့်မားနေတဲ့သူတွေကသာ ပါရမီရှင်လို့ သတ်မှတ်ထားခြင်းဖြစ်သည်။

"သူတို့က အရူးတွေ" ရှလုန်ရွိန်ဟာ ပြောလိုက်ပြီး မတ်တပ်ထရပ်လိုက်တယ်။ထိုနောက် သူဟာ ဝမ်ဖေးရန်ဆီ တစ်တောင်လောက်ရှိသည့်အပင်တစ်ပင်လှမ်းပေးလိုက်သည်။

"ဒါ..." အပင်ရဲ့ထိပ်ဖူးတွေ နီစွေးစွေးအဖူးတစ်ဖူးရှိပြီး စိမ်းရွှင်ရွှင်အရွက်များရဲ့အဖျားဟာ အဖြူရောင်သန်းကာဖျော့သွားပြီး ပင်စည်ဟာလည်း လက်တစ်လုံးလောက်သာလုံးပတ်ရှိပြီး အမြစ်များသည်နီဖျော့ဖျော့အရောင်သန်းနေသည်။

"ဝိညာဉ်စားပင်လေ" ရှလုန်ရွိန်ဟာ မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောလိုက်သည်။သူအနေနဲ့လည်း ဒီလိုအပင်မျိုးကို 'ဟုန်'တောအုပ်တွင် တွေ့ရှိခဲ့လိမ့်မည်မထင်ခဲ့တာ အမှန်ပေ။ဝိညာဉ်စားပင်ဆိုတာ သေရိပ်များပြည့်သိပ်နေတဲ့နေရာမျိူးမှာ ရှိသင့်တဲ့အပင်အမျိုးစားတွေဖြစ်တယ်။ဒီလိုနေရာမျိုးမှာ တွေ့ရသည်ဟာ မရိုးရှင်းပေ၊'ဟုန်'တောအုပ်ရဲ့အောက်ခြေတွင် သင်ချိုင်းနယ်မြေရှိနေနိုင်တယ်။ ဒါပေမယ့် ဒီအကြောင်းကို ရှလုန်ရွိန်ပြောပြမနေတော့ပေ။

"ဝိညာဉ်စားပင်" ဝမ်ဖေးရန် ထိုအပင်ကိုစိုက်ကြည့်ရင်း အံ့အားသင့်နေတာအမှန်ပေ၊ဒီလို အပင်တွေက အလွယ်တကူရှာတွေ့လို့မရတဲ့ရှားပါးအပင်အမျိုးစားဖြစ်တယ်။တခြားအပင်အမျိုးစားတွေဆို ဝမ်ဖေးရန်ငြင်းပစ်မှာသေချာပေမယ့် သူအပင်ကိုတော့ ငြင်းရန်စိတ်ကူးမရှိပေ၊ဝိညာဉ်စားပင်တွေရဲ့အသုံးဝင်ပုံက အင်မော်တယ်ကျင့်ကြံသူတစ်ယောက်ရဲ့ကံကြမ္မာကိုယ်တောင် ပြောင်းလဲပစ်နိုင်တယ်။ဒါကြောင့် သူသိမ်းယူလိုက်ပြီး ရှလုန်ရွိန်ကို ဘယ်ကရလဲဆိုတဲ့အကြောင်းကိုတော့ မမေးတော့ပေ၊

"သွားရအောင်"မင်ထျန်းလော့ဟာ အချက်ပေးကျောက်ကနေ ချင်ကျန်ကွမ်ဆီက လာရန်စေခိုင်းလာတဲ့စကားကြောင့် ဝမ်ဖေးရန်တို့ကို ပြောလိုက်တယ်။ဒါကြောင့် ဝမ်ဖေးရန်လည်း ခေါင်းညိတ်ကာ ကျားပေါက်လေးကို သူရဲ့ရင်ဘက်အကျႌကြားထဲ ထည့်ကာ မင်ထျန်းလောတို့နဲ့အတူ အပြင်ဘက်ကို ထွက်လာတယ်။သူတို့ထွက်လာချိန်မှာ အလှမ်းဝေးမှာ ခုနကတွေ့ခဲ့တဲ့ အိုမီဂါနဲ့တခြားကျောင်းသားတွေရှိနေသေးတာ မြင်လိုက်ရသည်။

ရှလုန်ရွိန်ကတော့ သူနဲ့မဆိုင်သလို ပြုမူနေပြီး၊မင်ထျန်းလော့ကတော့ မျက်ခုံးများကြုတ်ကာ သူရဲ့မျက်ဝန်းများဟာ ဒေါသရောင်သန်းနေတော့တယ်။ဒါကြောင့် ဝမ်ဖေးရန် မနေနိုင်တော့ဘဲ အဲ့အိုမီဂါအကြောင်းမေးလိုက်တော့တယ်။

"ဒီဂိုဏ်းက ဂိုဏ်းချုပ်ရဲ့မြေးပဲ ပြီးတော့ မီးအိမ်...အဟမ်း ထျန်းလော့တို့ ဘိုးဘေးမင်နဲ့လည်း ကျေးဇူးတရားတွေရှိတယ် ဒါကြောင့် ထိုကျေးဇူးတရားကိုအခြေပြုပြီး ထိုအိုမီဂါနဲ့ ထျန်းလော့ကို ထိမ်းမြောင်းပေးစေချင်တယ် ပြောရမှာပေါ့"

'ဟမ်...' ဝမ်ဖေးရန် မယုံကြည်နိုင်ဖွယ် မျက်ဆံလေးနည်းနည်းပြူးသွားပြီးနောက် မင်ထျန်းလော့ကို မော့ကြည့်လိုက်တယ်၊မင်ထျန်းလော့ဟာ သူရဲ့ခေါင်းကို ဖွဖွလေးပုတ်လာပြီး

"ကိုယ်က စည်းမျဉ်းစည်းဘောင်တွေနဲ့နေတဲ့သူမဟုတ်ဘူး... ပြီးတော့ ကိုယ့်ဘက်က ပြတ်ပြတ်သားသားငြင်းပယ်ပြီးသား" လို့ ပြောလာပြီး သူရဲ့ဆံပင်ဖျားကိုဆွဲယူကာ နမ်းခြိုက်လိုက်ရင်း ညင်သာနွေးထွေးသည့်အသံဖြင့်

"ပြီးတော့ ကိုယ်မှာ ချစ်ရသူရှိပြီးသားလေ" လို့ ပြောလာတာကြောင့် သူ့ကိုယ်ထဲ အပူလှိုင်းဖြတ်ပြေးသွားသလိုပင် ခံစားလိုက်ရပေမယ့် ဝမ်ဖေးရန်ဟာ ခေါင်းတစ်ချက်သာညိမ့်လိုက်တယ်။သူ့ကိုတစ်စုံတစ်ဦးဟ ပြင်းပြင်းထန်ထန်စိုက်ကြည့်နေတာကို ခံစားရတော့ သူလှည့်ကြည့်လိုက်တော့ ထိုအိုမီဂါဟာ သူ့ကို မီးတောက်မတက်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။

ဒါကြောင့် သူလည်း ပြန်စိုက်ကြည့်ပေးလိုက်တယ်၊တအောင့်ကြာတော့ ထိုအိုမီဂါဟာ ဒေါသတကြီးနှာမှုတ်ကာ သူ့အပေါင်းအပါတွေနဲ့ထွက်သွားတော့တယ်။

--------------

Continue Reading

You'll Also Like

COTAW(2) By Blueberry

Historical Fiction

139K 25K 121
Book1က wallထဲမှာရှိပါတယ်နော်
423K 46K 147
Myanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September...
89.9K 7.3K 144
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
35K 3.8K 44
ဘာသာပြန်သူ စွဲညို့အသင်း