Systemက ကြၽန္ေတာ့္ကို Novelထဲ...

By Neko_san_ZP

1.1M 153K 8.5K

Title: Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို႕ Zawgyi and Unicode Started date: 16.6.2020 End date:... More

Chapter -1
Chapter -2
Chapter - 3
အေၾကာင္းအရာ
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter. 8.1
Chapter - 9
Chapter - 10
Chapter -11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
လက္နက္(12)မ်ိဴး-လက်နက်(12)မျိူး
Chapter - 20
Chapter - 21
Chapter - 22
Chapter- 23
Chapter -24
Chapter-25
Chapter -26
Chapter -27
Chapter - 28.1
Chapter - 28.2
Chapter - 29
Chapter - 30
Chapter -31
Chapter -32
Chapter -33
Chapter - 34.1
Chapter - 34.2
Chapter -35
Chapter -36
Chapter -37
Chapter -38
Chapter-39
Chapter -40
Chapter -41
Chapter -42
Chapter - 43
Chapter - 44
characters intro
Chapter - 45
Chapter -46
Chapter - 47
Chapter-48
Chapter - 49
Chpater - 50
Chapter -51
Chapter -52
Chapter-53
Chapter -54
Chapter-55
Chapter-56
Chapter-57
Chapter - 58
Chapter - 59
chapter -60
Chapter-61
Chapter-62
Chapter -63
Chapter-64
Chapter-65
Chapter -66
Chapter -67
Chapter -68
Chapter -69
Chapter-70
*About Book*
Chapter-71
Chapter -72
*Hello*
Chapter-73
Chapter-74
Chapter-75
Chapter -76
Chapter -77
Chapter -79
Chapter-80
about Vol-2

Chapter -78

4.8K 703 24
By Neko_san_ZP

Zawgyi

က်န္းကလန္ ဘယ္လိုက်န္ရစ္ခဲ့သည္ကို ဝမ္ေဖးရန္တို႔ဟာ စိတ္မဝင္စားေပ၊သူတို႔ဟာ ရီယြမ္႐ွန္႔ရဲ႕သားရဲငွက္ေပၚကို ခုန္တက္လိုက္ၿပီးေနာက္မွာ ေပခ်င္းဝူဂိုဏ္းကို ပ်ံသန္းသြားေတာ့သည္။သားရဲငွက္​ေပၚ၌ ဝမ္ေဖးရန္ဟာ ေဝေမ့ကို ၾကည့္လိုက္ၿပီး

"ေဝေမ့ မင္းကို ငါေခၚလာတဲ့အတြက္ အစအဆံုးတာဝန္ယူႏိုင္တယ္"လို႔ ေျပာလိုက္ေတာ့ ေဝေမ့ဟာ ဝမ္ေဖးရန္ကို ေက်းဇူးတင္သည့္အၾကည့္မ်ားနဲ႔ၾကည့္လာၿပီး သူမဟာ တိမ္ေတြအံု႔ဆိုင္းေနသည့္ အဆံုးမဲ့ေကာင္းကင္ႀကီးကို စိုက္ၾကည့္ရင္း ျပံဳးလိုက္သည္။

"ကြၽန္မေၾကာင့္ သခင္ေလးဝမ္ကို ဝန္ထုပ္ဝန္ပိုးမျဖစ္ေစရဘူး "

"ေဖးရန္လို႔ ေခၚလို႔ရတယ္ ေမ့က်ဲ" ေဝေမ့ဟာ သူ႔ကို ေလးစာစြာဆက္ဆံေနရင္ေတာင္ သူ႔ထက္အသက္ႀကီးသည့္ေဝေမ့ကို သူရဲ႕ငယ္ေအာက္သားလို မဆက္ဆံႏိုင္ေပ၊

"ေဖးရန္... ကိုယ္လည္း မင္းထက္အသက္ႀကီးတယ္ေလ ဘာေၾကာင့္ ယြမ္႐ွန္႔ေကာလို႔မေခၚတာလဲ" ေဘးနားက ယြမ္႐ွန္႔ဟာ ညည္းညဴစြာေျပာလိုက္ေတာ့ ဝမ္ေဖးရန္ဟာ ရီယြမ္႐ွန္႔ကို ေမာ့ၾကည့္ရင္း မေက်မနပ္ႏူတ္ခမ္းစူလိုက္တယ္၊

"ယြမ္႐ွန္႔​ေကာက ေခၚရေထာက္တယ္"

"႐ွန္႔ေကာ လို႔ေခၚေလ...ထ်န္းေလာ့က်ေတာ့ ကိုယ့္ထက္ငယ္ၿပီး ေလာ့ေကာေကာလို႔ ေခၚခံရတယ္ ကိုယ္က်ေတာ့ ယြမ္႐ွန္႔တဲ့... ေဖးရန္က ကိုယ့္ကို တကယ္မခင္ဘူးပဲ ဒါကိုယ့္ကို ဝမ္းနည္းေစတယ္" ရီယြမ္႐ွန္႔ဟာ တကယ္နာက်င္သည့္အမူအရာျဖင့္ ေျပာရင္း ဝမ္ေဖးရန္ကို ၾကည့္လိုက္ခ်ိန္မွာ ဝမ္ေဖးရန္ရဲ႕မ်က္လံုး​ေလးမ်ား ျပဴးက်ယ္သြားကာ တကယ္ကို အေလးအနက္ေတြးေနေတာ့သည္၊ထိုပံုေလးေၾကာင့္ သူ႔မွာ အသည္းတယားျဖစ္ေနေတာ့တယ္၊

"႐ွန္႔ေကာ... " ဝမ္ေဖးရန္ သူရဲ႕နားမ်ားဟာ ပူတက္သြားတာေၾကာင့္ သူ႔မ်က္ႏွာနီေနၿပီဆုိတာ နားလည္လိုက္ၿပီ၊ဒါေပမယ့္ သူမ်က္ႏွာေျပာင္တိုက္တိုက္နဲ႔ပဲ ရီယြမ္႐ွန္႔ကို ေမာ့ၾကည့္လိုက္ၿပီး

"႐ွန္႔ေကာ အခုေရာ ဝမ္းနည္းေသးလား" လို႔ေမးလိုက္ေတာ့ သူရဲ႕ပါးမ်ားကို လာေရာက္ထိေတြ႔ကာ သူရဲ႕ပုဝါကို ျဖဳတ္လိုက္သည့့္္ယြမ္႐ွန္႔ကို ဘာမွမ​ေျပာ​ေတာ့ပဲ ယြမ္႐ွန္႔ရဲ႕အေျဖကိုသာ ေစာင့္ေနလိုက္သည္။

"ကိုယ့္ေဖးရန္ေလးက လိမၼာလိုက္တာ... ေနာက္လည္း ကိုယ့္ကို ႐ွန္႔ေကာလို႔ပဲ ေခၚေနာ္" လို႔ ေျပာလိုက္တာေၾကာင့္ သူအလြယ္တကူေခါင္းညိတ္လိုက္သည္။ဒါနာမည္ေလးတစ္ခုပဲေလ၊ဒါေပမယ့္ ယြမ္႐ွန္႔ရဲ႕အမူအရာဟာ အလြန္ေပ်ာ္ရႊင္ေနသည္ကို ျမင္ေတာ့ သူလည္း ျပံဳးလိုက္တယ္၊

'ဒီကလူေတြက အေခၚအေဝၚကို အေလးထားပံုရတာပဲ'

[System:ဘယ္ေနရာျဖစ္ျဖစ္ အေခၚအေဝၚကို တန္ဖိုးထားၾကတယ္...နင္လို ရည္းစား႐ွိဖို႔ မေျပာနဲ႔ ခ်ိန္တိုင္း ပါေနတဲ့​လူမ်ိဳးက ဘယ္နားလည္မလဲ]ဥမရဲ႕စကားဟာ ဝမ္ေဖးရန္အ႐ိႈက္ကိုထိသြားတာအမွန္ေပ၊အမွန္ျဖစ္ေနတာေၾကာင့္လည္း ဝမ္ေဖးရန္ ဥမကို စိတ္ထဲကေနေတာင္ က်ိန္ဆဲလိုက္ၿပီး အျပင္ပန္းကေတာ့ မသိခ်င္ေယာင္ေဆာင္ထားလိုက္တယ္၊

"အဟမ္း " ေဝေမ့ဟာ ေခ်ာင္းဟန္႔လာခ်ိန္မွာ ဝမ္ေဖးရန္နဲရီယြမ္႐ွန္႔ဟာ သူမကို လွည့္ၾကည့္လာတာေၾကာင့္ သူမမွာ ေသြးခဲမ်ားေၾကာင့္ ေခ်ာင္းဟန္႔မိသည့္ သူမရဲ႕လည္ေခ်ာင္းကို ဆက္ဟန္႔ရမလား၊ရပ္ကာ ျပံဳးျပလိုက္ရမလားမသိျဖစ္​ေန​ေတာ့သည္။

ဝမ္ေဖးရန္လည္း ေလထုဟာ ကိုး႐ိုးကား႐ိုးျဖစ္သြားသလုိခံစားရတာေၾကာင့္ ရီယြမ္႐ွန္႔နားကေန ခပ္ခြာခြာေနလိုက္ၿပီး သူရဲ႕ေ႐ွ႕ေလ်ွာက္အစဥ္မ်ားကို စဥ္းစားေတာ့သည္။

'က်ားေပါက္ကို ခိုး...အဟမ္း ယူခိုင္းလိုက္တဲ့ ႐ုန္ေပါက္ၿမိဳ႕က ရတနာေသာ့က ေ႐ွးေဟာင္းနယ္ေျမမွာ တကယ္ပဲအၾကံဳးဝင္မွာလား ဥမ'

[System : ဇီခ်င္းေရႊေရာင္ေသာ့က ေ႐ွးေဟာင္းအင္ပါယာမွာ အက်ံဳးဝင္လိုက္မယ္]

'ေ႐ွးေဟာင္းအင္ပါယာ?'

[System: ေ႐ွးေဟာင္းနယ္ေျမဆုိတာ ေ႐ွးေဟာင္းအင္ပါယာရဲနယ္စပ္ပဲ႐ွိေသးတယ္၊မင္းအေနနဲ႔ ေ႐ွးေဟာင္းအင္ပါယာထဲဝင္ဖို႔ဆုိတာ ေ႐ွးေဟာင္းနယ္စပ္က ဓာတ္ႀကီးငါးပါးကို ကိုယ္စားျပဳေနတဲ့အႀကီးအကဲတစ္ဦးဆီက အသိအမွတ္ျပဳခံရမွ ဝင္ခြင့္ရလိမ့္၊ေ႐ွးေဟာင္းအင္ပါယာထဲမွာ ရတနာအိမ္ေတာ္႐ွိတယ္]

'ဝိုး...ငါစိတ္ဝင္စားသြားၿပီ ဒါဆုိရင္ လုန္ရိြန္အတြက္ ႐ွားပါးေဆးျမစ္ေတြပါ ငါရရင္ရႏိုင္တာပဲ'

ၿပီးေတာ့ Systemကေပးထားသည့္ Box Wheel ကိစၥ႐ွိေသးသည္။အခုသူလည္း လုပ္စရာမ႐ွိတာေၾကာင့္ Systemကို Box Wheel ကိစၥေျပာလိုက္သည္။ဥမရဲ႕ေဘးနားမွာ အဝိုင္းပံုသ႑ာန္လွည့္စရာစက္ဝိုင္းေပၚလာေတာ့သည္။ အဝိုင္းထဲအမွာ အကြက္ေျခာက္ကြက္႐ွိၿပီး ပထမအကြက္နဲ႔ဒုတိယအကြက္ဟာ အဆင့္ျမႇင့္ ကုသေရးေဆးပုလင္းရယ္ က်င့္စဥ္တိုးေစသည့္ခ်ီေဆးပုလင္းျဖစ္သည္။တတိယအကြက္ဟာ အလယ္အလတ္အဆင့္သိုင္းက်င့္စဥ္ျဖစ္ၿပီး စတုတၳအကြက္မွာေတာ့ (?) လို႔သာ ေရးသားထားသည္၊က်န္သည့္ ပဥၶမအကြက္နဲ႔ေနာက္ဆံုးအကြက္ကေတာ့ ေနေပ်ာက္လေပ်ာက္ၾကာပန္းရယ္၊အဆင့္နိမ့္ေဆးျမစ္မ်ားျဖစ္သည္။

စက္ဝိုင္းရဲ႕ေထာင့္စြန္းမွာ ဘီအဆင့္ဟု ေရးသားထားသည္ကိုပါေတြ႔လိုက္ေတာ့ ဝမ္ေဖးရန္မေက်မနပ္ျဖစ္သြားေတာ့သည္။ေ႐ွးေ႐ွးေျပာရရင္ သူ႔အတြက္ တစ္ခုမွ အသံုးမဝင္ေပ၊ စတုတၳအကြက္က '?'က လြဲ၍ က်န္တာဟာ တကယ္အသံုးမဝင္ေခ်၊ခ်ီေဆးလံုးေတာင္ နည္းနည္းအသံုးဝင္ဦးမယ္၊ေနေပ်ာက္လေပ်ာက္ၾကာကေတာ့ သဘာဝဓာတ္ခံႏွစ္ခုမ႐ွိသည့္ ေဆးပင္ျဖစ္ၿပီး ႐ွင္း႐ွင္းေျပာရရင္ တဏွာရာဂတက္ႂကြေစလိုသည့္ေဆးေတြမွာ အသံုးျပဳရသည့္ေဆးပင္ျဖစ္သည္။

က်န္တာကေတာ့ လံုးဝအသံုးမဝင္ေပမယ့္ ပထမနဲ႔ဒုတိယက်ခဲ့ရင္လည္း အက်ိဳးမယုတ္ပါဘူးေလ၊စတုတၳအကြက္ကလည္း ကံတရားနဲ႔ဆုိင္ျပန္ၿပီ၊ထိုအကြက္ထဲမွာ ဘာက်မည္လဲ ေတြးေတာလို႔မရတာ အမွန္ေပ၊

[System:လွည့္မွာလား]

'လွည့္မယ္'

[Systemမွ သင္၏ အမွတ္ငါးရာကို ႏုတ္ယူသြားပါသည္၊သင္ရဲ႕လက္က်န္အမွတ္...] အမွတ္ငါးရာပါသြားၿပီးေနာက္မွာ ဝမ္ေဖးရန္ ေသြးစိမ္းစိမ္းက်ခ်င္သြားေတာ့သည္။ဒီအမွတ္ေတြရဖို႔ သူဘယ္ေလာက္ႀကိဳးစားခဲ့ရလဲ သူသာသိသည္။ဒါေၾကာင့္ လက္က်န္အမွတ္ကိုပင္ မၾကားႏိုင္ေတာ့ဘဲ ရင္ထဲမွာ ငိုေႂကြးေနမိသည္။

[Box Wheel စတင္လွည့္ေနသည္] လည္သြားသည့္စက္ဝိုင္းကို ဝမ္ေဖးရန္စိုက္ၾကည့္ေနၿပီး စက္ဝိုင္းေထာင့္က ျမႇားတံကို ၾကည့္ရင္း စိတ္လႈပ္႐ွားေနေတာ့သည္။

'ဘာက်မလဲ မသိဘူး'

[System: '?' က်ဖို႔မ်ားတယ္၊Box wheelက ပထမဆံုးစတင္လွည္တဲ့သူေတြကို အလိုလိုက္တယ္...ဒါေပမယ့္ နင့္ကံက တစ္ ဆိုေတာ့ အရမ္းမေမ်ွာ္လင့္နဲ႔ေပါ့] လို႔ ခုနက ေပ်ာ္ေနသည့္ ဝမ္ေဖးရန္စိတ္မ်ားပင္ နင္သြားေတာ့သည္။သူရဲ႕ကံစြမ္းအား တစ္က တကယ္ပဲ သူ႔ကို ျပံဳးျပေနသလိုခံစားရသည္။

တေျဖးေျဖးေႏွးေကြးလာသည့္ အဝိုင္းတြင္ ျမႇားတံဟာ ဘယ္အကြက္က်မည္မွန္းမသိ ရင္ခုန္ဖို႔ေကာင္းေနေတာ့သည္။

[ဂုဏ္ယူပါသည္၊ကစားသူသည္ အဆင့္ျမႇင့္ကုသ​ေရး​ေဆးလံုးကို ရ႐ွိသည္] အသံနဲ႔အတူ သူရဲ႕သိုေလွာင္ဆြဲႀကိဳးထဲမွာ ေက်ာက္စိမ္းပုလင္းတစ္လံုး ေရာက္လာေတာ့သည္။သူ႔ထုတ္ကာ စစ္ေဆးခ်င္ေပမယ့္ အျခားလူေတြ႐ွိတာေၾကာင့္ သည္းခံလိုက္သည္။ဟိုေနေပ်ာက္လေပ်ာက္ၾကာပန္းထက္စာရင္ ေျဖသာလို႔ရတာပဲ၊

"ေဖးရန္ ကိုယ္တို႔ေရာက္ေတာ့မယ္" ေပခ်င္းဝူဂိုဏ္းတည္႐ွိရာ ၿမိဳ႕ကို လွမ္းျမင္ေနၿပီျဖစ္သည္။အန္း႐ွေကာင္းကင္ဂိုဏ္းဟာ ေတာင္းတန္းေတြၾကားတည္႐ွိၿပီး ေပခ်င္းဝူဂိုဏ္းကေတာ့ ေျမျပန္႔မွာ တည္႐ွိကာ လူသူထူထပ္သည့္ၿမိဳ႕ေတြရဲ႕ဝန္းရံမႈကို ေဆာင္ယူထားသည့္ဂိုဏ္းႀကီးျဖစ္သည္။ထိုေနာက္မွာေတာ့ ေပခ်င္းဝူဂိုဏ္းဟုေရးထြင္းထားသည့္ ေက်ာက္တိုင္ႀကီးကို အကြာအေဝးအလွမ္းေဝးကေနျမင္ေနရၿပီး ထိုေ႐ွ႕မွာ ရပ္ေနသည့္လူအခ်ိဳ႕ကို ေတြ႔လိုက္ရသည္။ယြမ္႐ွန္႔ရဲ႕သားရဲငွက္ဟာ အနီးနားမွာ ဆင္းသက္လာၿပီးေနာက္မွာ သူတို႔ဟာ သားရဲငွက္ေပၚကေန ဆင္းလာက်ေတာ့သည္။

"ယြမ္႐ွန္႔ မင္းပါ ေရာက္လာတယ္ေပါ့" ခ်င္းကြမ္ခ်န္႔ဟာ ရီယြမ္႐ွန္႔ကို မ်က္ခံုးပင့္ကာ ၾကည့္ရင္း ေျပာလိုက္ေတာ့ ရီယြမ္႐ွန္႔ဟာႏူတ္ဆက္လိုက္ၿပီး

"စီနီယာအႀကီးအကဲေပးပို႔လိုက္တဲ့စာကို ရ႐ွိပါတယ္၊ဒါေပမယ့္ ဒီဂ်ဴနီယာသူငယ္ခ်င္းေတြက ဒီမွာ႐ွိတာေၾကာင့္ ပထမအဖြဲ႔နဲ႔မလိုက္ေတာ့ဖို႔ ဆံုးျဖတ္လိုက္တာပါဗ်" လို႔ ေျပာလိုက္ေတာ့ ခ်င္းကြမ္ခ်န္႔ဟာ ေခါင္းညိတ္လိုက္ၿပီး ဝမ္ေဖးရန္တို႔ေနာက္မွာ ပုန္းေအာင္းေနသည့္ သူရဲ႕တူမကို ၾကည့္ကာ ေလသံမာမာျဖင့္ ေျပာလိုက္သည္။

"ယုယင္ခ်င္း ညည္း အိမ္ေတာ္မျပန္ေသးဘူးလား"

"ဦးရီးေတာ္... ခ်င္းအာက မတရားမႈကို ဝင္ကူညီတာပါေနာ္" ႏူတ္ခမ္းေလးစူကာ အတြန္႔တက္လာသည့္သူရဲ႕တူမေၾကာင့္ ခ်င္းကြမ္ခ်န္ ေသြးတက္ခ်င္ေနၿပီ၊ဒါေပမယ့္ လစ္လ်ဴ႐ွဴလိုက္ၿပီး သူဟာ ဝမ္ေဖးရန္တို႔ဘက္ကို လွည့္ကာ

"မင္းတို႔ ေစာေစာျပန္လာတာေကာင္းတယ္၊ ဟိုဘက္က သတင္းပို႔လာတယ္ ေ႐ွးေဟာင္းနယ္ေျမကို မနက္ျဖန္အာရံုတက္ခ်ိန္ အမွီေရာက္လာဖို႔ ခဏေနရင္ ထြက္ခြာဖို႔ အဆင္သင့္လုပ္ထား" လို႔ ေျပာရင္း သူရဲ႕တူမကို ဆြဲေခၚကာ ထြက္သြားေတာ့သည္။

"ကံေကာင္းပါေစ သခင္ေလးဝမ္!! ေမ့က်ဲက်ဲ!!" ဝမ္ေဖးရန္တို႔လည္း ယုယင္ခ်င္းကို လွမ္းႏူတ္ဆက္လိုက္ၿပီးေနာက္ ဝမ္ေဖးရန္ဟာ ေဝေမ့ဘက္လွည့္ကာ

"ေဝေမ့ ခဏလိုက္ခဲ့ဦး" လို႔ ေျပာကာ အရင္ထြက္သြားေတာ့သည္။ေဝေမ့လည္း ရီယြမ္႐ွန္႔ကို ႏူတ္ဆက္လိုက္ၿပီးေနာက္မွာ ဝမ္ေဖးရန္ေနာက္ကို လိုက္သြားေတာ့သည္။သူမဟာ အခု အိပ္မက္မက္ေနသလို ခံစားေနရတာအမွန္ေပ၊ဒါေပမယ့္ သူမရဲ႕ေ႐ွ႕မွာ တေရြ႔ေရြ႔နဲ႔သြားေနသည့္အမ်ိဳးသား​ေလးရဲ​့​ေက်ာျပင္ငယ္ဟာ သူမအိပ္မက္ မဟုတ္ေၾကာင္း သက္ေသျပေနခဲ့သည္။

"ေဝေမ့ ေရာ့" ဝါးရံုေတာအုပ္နားေရာက္ေတာ့ ဝမ္ေဖးရန္ဟာ ရပ္လိုက္ၿပီး အႀကီးအကဲေပးထားသည့္ေသတၱာကို ေဝေမ့အားေပးလိုက္သည္။ေဝေမ့ဟာ အံ့အားသင့္စြာ ဝမ္ေဖးရန္ကို ၾကည့္လိုက္ၿပီး

"ဒါ...ေ႐ွးေဟာင္းနယ္ေျမဝင္ခြင့္ေသာ့မလား ေဖးရန္" လို႔ ေျပာရင္း သူမရဲ႕ေျခလွမ္းမ်ားဟာ ေနာက္ကိုဆုတ္သြားၿပီး

"ကြၽန္မအတြက္ အဲ့ေလာက္လုပ္ေပးစရာမလိုပါဘူး" လို႔ ေဝေမ့ေျပာေနေပမယ့္ စိတ္ထဲငိုခ်င္စိတ္ဟာ တားဆီးမရႏိုင္ေပ၊သူစိမ္းတစ္ေယာက္ဟာ သူမေပၚေကာင္းမြန္ေပးခ်ိန္မွာ သူမမိသားစုကေတာ့ ဒီပစၥည္းအတြက္ သူမကို ေသမတက္႐ိုက္ႏွက္ခဲ့က်သည္။ ေဖးရန္​ေျပာသလို သူတို႔ဟာ ဘာေၾကာင့္ ေသြးသားရင္းကို ေရႊလို တန္ဖိုးမထားရတာလဲ၊

"ကြၽန္ေတာ္မွာ ႐ွိၿပီးသားပါ... ဒါေၾကာင့္ ေဝေမ့ စိတ္ေျဖာင့္ေျဖာင့္နဲ႔ယူလို႔ရတယ္... ၿပီးေတာ့ ေဝေမ့ သက္ေသျပဖို႔လိုတယ္ေလ" လို႔ ေျပာလာသည့္လူရဲ႕အျပာ​ေရာင္မ်က္ဝန္း​ေတာက္​ေတာက္​ေလးကို ေဝေမ့ၾကည့္ရင္း သူမရဲ႕မ်က္လံုးမ်ား မ်က္ရည္အိုင္လာေတာ့သည္။

သူမရင္ထဲ ဝမ္းနည္းမႈကို မခံစားရေပမယ့္ သူမေပ်ာ္လြန္းလို႔ ငိုမိျခင္းျဖစ္သည္။

"ေက်းဇူးပါ ေဖးရန္... "

တစ္ခ်ိန္ခ်ိန္မွာ ႐ွင္ ဒုကၡၾကံဳေတြ႔ခဲ့ရင္ ကြၽန္မရဲ႕အသက္ကိုရင္းၿပီး ႐ွင့္ကို ကာကြယ္မယ္လို႔ ကြၽန္မသစၥာျပဳပါတယ္၊ေဝေမ့ဟာ စိတ္ထဲကေန ေျပာလိုက္ၿပီးေနာက္မွာ ဝမ္ေဖးရန္ေပးသည့္ေသတၱာကို ယူလိုက္သည္။

"ၿပီးေတာ့ ဒါသိုေလွာင္လက္စြပ္ပဲ မင္းထြက္လာတည္းက ဘာမွမပါဘူးေလ"

"ေက်းဇူးပါ ေဖးရန္" ေဝေမ့ဟာ ထပ္မံေက်းဇူးတင္စကားဆုိလာခ်ိန္မွာ ဝမ္ေဖးရန္ဟာ ေခါင္းခါလိုက္ၿပီး

"မင္းရဲ႕အရင္မိသားစုကို ေနာင္တရေအာင္ လုပ္ျပလိုက္ပါ ..."

သိုင္းေလာကမွာ အင္အားနည္းသူက အ႐ွံူးသမားမွန္းသိေနေပမယ့္ က်ားအိုေတာင္ သူ႐ွင္သန္ဖို႔ မုဆုိးကို အစြမ္းကုန္တိုက္ခိုက္ႏိုင္ေသးတာပဲေလ၊ဒ​ီ​ေလာကရဲ႕နိယာမကို မျပာင္းလဲႏိုင္ေပမယ့္ လူတစ္ေယာက္ရဲ႕ကံၾကမၼာကိုေတာ့ သူေျပာင္းလဲေပးခ်င္တယ္၊

သူတို႔ပစ္ပယ္ထားသည့္လူတစ္ေယာက္ဟာ ဘယ္ေလာက္စြမ္းေဆာင္ႏိုင္လဲဆုိတာ သိေစခ်င္သည္။

-*-*-*-*-*-*-*-*-*-*-*-*
စာေရးဆရာ ေျပာစရာ႐ွိသည္၊

မင္းက က်က္သေရဆုိရင္ ငါက က်က္သေရကို ဖ်က္စီးၿပီး မင္းကို အပိုင္သိမ္းမဲ့ေကာင္ကြ...မွတ္ထား

ဝမ္ကလန္က ထြက္သမ်ွေလတိုင္း ဝမ္ေျမျပင္မွာ႐ွိေနတဲ့သဲစေတြကအစ ငါဝမ္လီ႐ွန္႔အပိုင္ပဲ

အဟက္ ဒါေၾကာင့္ ဝမ္အန္းခ်န္!မင္းက ငါ့အပိုင္ပဲ

                                        ဝမ္လီ႐ွန္႔

-------------------

Hello

ဒါဝမ္ေဖးရန္အေဖနဲ႔ဝမ္ေဖးရန္အေဖရဲ႕အယ္လ္ဖာတို႔အေၾကာင္းေရးထားတဲ့ mini shotေလးပါဗ်၊

ဒါက ကြၽန္ေတာ္က Sky skinလိုခ်င္လို႔ paid pdf fileကို ၃၀၀၀နဲ႔ေရာင္းပါမယ္ဗ်၊ wave/kpay/bill လက္ခံသည္။

29ရက္မွ စၿပီး pdfေရာင္းပါမယ္၊ ပိုတဲ့ပိုက္ဆံကေတာ့ သိတဲ့အတိုင္းပဲ ဘယ္ေရာက္မလဲဆုိတာကိုေပါ့၊

CBမွာ လာေရာက္စံုစမ္းႏိုင္သည္၊

Chapter -79ေမ်ွာ္

----------
Unicode

ကျန်းကလန် ဘယ်လိုကျန်ရစ်ခဲ့သည်ကို ဝမ်ဖေးရန်တို့ဟာ စိတ်မဝင်စားပေ၊သူတို့ဟာ ရီယွမ်ရှန့်ရဲ့သားရဲငှက်ပေါ်ကို ခုန်တက်လိုက်ပြီးနောက်မှာ ပေချင်းဝူဂိုဏ်းကို ပျံသန်းသွားတော့သည်။သားရဲငှက်​ပေါ်၌ ဝမ်ဖေးရန်ဟာ ဝေမေ့ကို ကြည့်လိုက်ပြီး

"ဝေမေ့ မင်းကို ငါခေါ်လာတဲ့အတွက် အစအဆုံးတာဝန်ယူနိုင်တယ်"လို့ ပြောလိုက်တော့ ဝေမေ့ဟာ ဝမ်ဖေးရန်ကို ကျေးဇူးတင်သည့်အကြည့်များနဲ့ကြည့်လာပြီး သူမဟာ တိမ်တွေအုံ့ဆိုင်းနေသည့် အဆုံးမဲ့ကောင်းကင်ကြီးကို စိုက်ကြည့်ရင်း ပြုံးလိုက်သည်။

"ကျွန်မကြောင့် သခင်လေးဝမ်ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေရဘူး "

"ဖေးရန်လို့ ခေါ်လို့ရတယ် မေ့ကျဲ" ဝေမေ့ဟာ သူ့ကို လေးစာစွာဆက်ဆံနေရင်တောင် သူ့ထက်အသက်ကြီးသည့်ဝေမေ့ကို သူရဲ့ငယ်အောက်သားလို မဆက်ဆံနိုင်ပေ၊

"ဖေးရန်... ကိုယ်လည်း မင်းထက်အသက်ကြီးတယ်လေ ဘာကြောင့် ယွမ်ရှန့်ကောလို့မခေါ်တာလဲ" ဘေးနားက ယွမ်ရှန့်ဟာ ညည်းညူစွာပြောလိုက်တော့ ဝမ်ဖေးရန်ဟာ ရီယွမ်ရှန့်ကို မော့ကြည့်ရင်း မကျေမနပ်နူတ်ခမ်းစူလိုက်တယ်၊

"ယွမ်ရှန့်​ကောက ခေါ်ရထောက်တယ်"

"ရှန့်ကော လို့ခေါ်လေ...ထျန်းလော့ကျတော့ ကိုယ့်ထက်ငယ်ပြီး လော့ကောကောလို့ ခေါ်ခံရတယ် ကိုယ်ကျတော့ ယွမ်ရှန့်တဲ့... ဖေးရန်က ကိုယ့်ကို တကယ်မခင်ဘူးပဲ ဒါကိုယ့်ကို ဝမ်းနည်းစေတယ်" ရီယွမ်ရှန့်ဟာ တကယ်နာကျင်သည့်အမူအရာဖြင့် ပြောရင်း ဝမ်ဖေးရန်ကို ကြည့်လိုက်ချိန်မှာ ဝမ်ဖေးရန်ရဲ့မျက်လုံး​လေးများ ပြူးကျယ်သွားကာ တကယ်ကို အလေးအနက်တွေးနေတော့သည်၊ထိုပုံလေးကြောင့် သူ့မှာ အသည်းတယားဖြစ်နေတော့တယ်၊

"ရှန့်ကော... " ဝမ်ဖေးရန် သူရဲ့နားများဟာ ပူတက်သွားတာကြောင့် သူ့မျက်နှာနီနေပြီဆိုတာ နားလည်လိုက်ပြီ၊ဒါပေမယ့် သူမျက်နှာပြောင်တိုက်တိုက်နဲ့ပဲ ရီယွမ်ရှန့်ကို မော့ကြည့်လိုက်ပြီး

"ရှန့်ကော အခုရော ဝမ်းနည်းသေးလား" လို့မေးလိုက်တော့ သူရဲ့ပါးများကို လာရောက်ထိတွေ့ကာ သူရဲ့ပုဝါကို ဖြုတ်လိုက်သည့့််ယွမ်ရှန့်ကို ဘာမှမ​ပြော​တော့ပဲ ယွမ်ရှန့်ရဲ့အဖြေကိုသာ စောင့်နေလိုက်သည်။

"ကိုယ့်ဖေးရန်လေးက လိမ္မာလိုက်တာ... နောက်လည်း ကိုယ့်ကို ရှန့်ကောလို့ပဲ ခေါ်နော်" လို့ ပြောလိုက်တာကြောင့် သူအလွယ်တကူခေါင်းညိတ်လိုက်သည်။ဒါနာမည်လေးတစ်ခုပဲလေ၊ဒါပေမယ့် ယွမ်ရှန့်ရဲ့အမူအရာဟာ အလွန်ပျော်ရွှင်နေသည်ကို မြင်တော့ သူလည်း ပြုံးလိုက်တယ်၊

'ဒီကလူတွေက အခေါ်အဝေါ်ကို အလေးထားပုံရတာပဲ'

[System:ဘယ်နေရာဖြစ်ဖြစ် အခေါ်အဝေါ်ကို တန်ဖိုးထားကြတယ်...နင်လို ရည်းစားရှိဖို့ မပြောနဲ့ ချိန်တိုင်း ပါနေတဲ့​လူမျိုးက ဘယ်နားလည်မလဲ]ဥမရဲ့စကားဟာ ဝမ်ဖေးရန်အရှိုက်ကိုထိသွားတာအမှန်ပေ၊အမှန်ဖြစ်နေတာကြောင့်လည်း ဝမ်ဖေးရန် ဥမကို စိတ်ထဲကနေတောင် ကျိန်ဆဲလိုက်ပြီး အပြင်ပန်းကတော့ မသိချင်ယောင်ဆောင်ထားလိုက်တယ်၊

"အဟမ်း " ဝေမေ့ဟာ ချောင်းဟန့်လာချိန်မှာ ဝမ်ဖေးရန်နဲရီယွမ်ရှန့်ဟာ သူမကို လှည့်ကြည့်လာတာကြောင့် သူမမှာ သွေးခဲများကြောင့် ချောင်းဟန့်မိသည့် သူမရဲ့လည်ချောင်းကို ဆက်ဟန့်ရမလား၊ရပ်ကာ ပြုံးပြလိုက်ရမလားမသိဖြစ်​နေ​တော့သည်။

ဝမ်ဖေးရန်လည်း လေထုဟာ ကိုးရိုးကားရိုးဖြစ်သွားသလိုခံစားရတာကြောင့် ရီယွမ်ရှန့်နားကနေ ခပ်ခွာခွာနေလိုက်ပြီး သူရဲ့ရှေ့လျှောက်အစဉ်များကို စဉ်းစားတော့သည်။

'ကျားပေါက်ကို ခိုး...အဟမ်း ယူခိုင်းလိုက်တဲ့ ရုန်ပေါက်မြို့က ရတနာသော့က ရှေးဟောင်းနယ်မြေမှာ တကယ်ပဲအကြုံးဝင်မှာလား ဥမ'

[System : ဇီချင်းရွှေရောင်သော့က ရှေးဟောင်းအင်ပါယာမှာ အကျုံးဝင်လိုက်မယ်]

'ရှေးဟောင်းအင်ပါယာ?'

[System: ရှေးဟောင်းနယ်မြေဆိုတာ ရှေးဟောင်းအင်ပါယာရဲနယ်စပ်ပဲရှိသေးတယ်၊မင်းအနေနဲ့ ရှေးဟောင်းအင်ပါယာထဲဝင်ဖို့ဆိုတာ ရှေးဟောင်းနယ်စပ်က ဓာတ်ကြီးငါးပါးကို ကိုယ်စားပြုနေတဲ့အကြီးအကဲတစ်ဦးဆီက အသိအမှတ်ပြုခံရမှ ဝင်ခွင့်ရလိမ့်၊ရှေးဟောင်းအင်ပါယာထဲမှာ ရတနာအိမ်တော်ရှိတယ်]

'ဝိုး...ငါစိတ်ဝင်စားသွားပြီ ဒါဆိုရင် လုန်ရွိန်အတွက် ရှားပါးဆေးမြစ်တွေပါ ငါရရင်ရနိုင်တာပဲ'

ပြီးတော့ Systemကပေးထားသည့် Box Wheel ကိစ္စရှိသေးသည်။အခုသူလည်း လုပ်စရာမရှိတာကြောင့် Systemကို Box Wheel ကိစ္စပြောလိုက်သည်။ဥမရဲ့ဘေးနားမှာ အဝိုင်းပုံသဏ္႑ာန်လှည့်စရာစက်ဝိုင်းပေါ်လာတော့သည်။ အဝိုင်းထဲအမှာ အကွက်ခြောက်ကွက်ရှိပြီး ပထမအကွက်နဲ့ဒုတိယအကွက်ဟာ အဆင့်မြှင့် ကုသရေးဆေးပုလင်းရယ် ကျင့်စဉ်တိုးစေသည့်ချီဆေးပုလင်းဖြစ်သည်။တတိယအကွက်ဟာ အလယ်အလတ်အဆင့်သိုင်းကျင့်စဉ်ဖြစ်ပြီး စတုတၳအကွက်မှာတော့ (?) လို့သာ ရေးသားထားသည်၊ကျန်သည့် ပဉ္ဓမအကွက်နဲ့နောက်ဆုံးအကွက်ကတော့ နေပျောက်လပျောက်ကြာပန်းရယ်၊အဆင့်နိမ့်ဆေးမြစ်များဖြစ်သည်။

စက်ဝိုင်းရဲ့ထောင့်စွန်းမှာ ဘီအဆင့်ဟု ရေးသားထားသည်ကိုပါတွေ့လိုက်တော့ ဝမ်ဖေးရန်မကျေမနပ်ဖြစ်သွားတော့သည်။ရှေးရှေးပြောရရင် သူ့အတွက် တစ်ခုမှ အသုံးမဝင်ပေ၊ စတုတၳအကွက်က '?'က လွဲ၍ ကျန်တာဟာ တကယ်အသုံးမဝင်ချေ၊ချီဆေးလုံးတောင် နည်းနည်းအသုံးဝင်ဦးမယ်၊နေပျောက်လပျောက်ကြာကတော့ သဘာဝဓာတ်ခံနှစ်ခုမရှိသည့် ဆေးပင်ဖြစ်ပြီး ရှင်းရှင်းပြောရရင် တဏှာရာဂတက်ကြွစေလိုသည့်ဆေးတွေမှာ အသုံးပြုရသည့်ဆေးပင်ဖြစ်သည်။

ကျန်တာကတော့ လုံးဝအသုံးမဝင်ပေမယ့် ပထမနဲ့ဒုတိယကျခဲ့ရင်လည်း အကျိုးမယုတ်ပါဘူးလေ၊စတုတၳအကွက်ကလည်း ကံတရားနဲ့ဆိုင်ပြန်ပြီ၊ထိုအကွက်ထဲမှာ ဘာကျမည်လဲ တွေးတောလို့မရတာ အမှန်ပေ၊

[System:လှည့်မှာလား]

'လှည့်မယ်'

[Systemမှ သင်၏ အမှတ်ငါးရာကို နုတ်ယူသွားပါသည်၊သင်ရဲ့လက်ကျန်အမှတ်...] အမှတ်ငါးရာပါသွားပြီးနောက်မှာ ဝမ်ဖေးရန် သွေးစိမ်းစိမ်းကျချင်သွားတော့သည်။ဒီအမှတ်တွေရဖို့ သူဘယ်လောက်ကြိုးစားခဲ့ရလဲ သူသာသိသည်။ဒါကြောင့် လက်ကျန်အမှတ်ကိုပင် မကြားနိုင်တော့ဘဲ ရင်ထဲမှာ ငိုကြွေးနေမိသည်။

[Box Wheel စတင်လှည့်နေသည်] လည်သွားသည့်စက်ဝိုင်းကို ဝမ်ဖေးရန်စိုက်ကြည့်နေပြီး စက်ဝိုင်းထောင့်က မြှားတံကို ကြည့်ရင်း စိတ်လှုပ်ရှားနေတော့သည်။

'ဘာကျမလဲ မသိဘူး'

[System: '?' ကျဖို့များတယ်၊Box wheelက ပထမဆုံးစတင်လှည်တဲ့သူတွေကို အလိုလိုက်တယ်...ဒါပေမယ့် နင့်ကံက တစ် ဆိုတော့ အရမ်းမမျှော်လင့်နဲ့ပေါ့] လို့ ခုနက ပျော်နေသည့် ဝမ်ဖေးရန်စိတ်များပင် နင်သွားတော့သည်။သူရဲ့ကံစွမ်းအား တစ်က တကယ်ပဲ သူ့ကို ပြုံးပြနေသလိုခံစားရသည်။

တဖြေးဖြေးနှေးကွေးလာသည့် အဝိုင်းတွင် မြှားတံဟာ ဘယ်အကွက်ကျမည်မှန်းမသိ ရင်ခုန်ဖို့ကောင်းနေတော့သည်။

[ဂုဏ်ယူပါသည်၊ကစားသူသည် အဆင့်မြှင့်ကုသ​ရေး​ဆေးလုံးကို ရရှိသည်] အသံနဲ့အတူ သူရဲ့သိုလှောင်ဆွဲကြိုးထဲမှာ ကျောက်စိမ်းပုလင်းတစ်လုံး ရောက်လာတော့သည်။သူ့ထုတ်ကာ စစ်ဆေးချင်ပေမယ့် အခြားလူတွေရှိတာကြောင့် သည်းခံလိုက်သည်။ဟိုနေပျောက်လပျောက်ကြာပန်းထက်စာရင် ဖြေသာလို့ရတာပဲ၊

"ဖေးရန် ကိုယ်တို့ရောက်တော့မယ်" ပေချင်းဝူဂိုဏ်းတည်ရှိရာ မြို့ကို လှမ်းမြင်နေပြီဖြစ်သည်။အန်းရှကောင်းကင်ဂိုဏ်းဟာ တောင်းတန်းတွေကြားတည်ရှိပြီး ပေချင်းဝူဂိုဏ်းကတော့ မြေပြန့်မှာ တည်ရှိကာ လူသူထူထပ်သည့်မြို့တွေရဲ့ဝန်းရံမှုကို ဆောင်ယူထားသည့်ဂိုဏ်းကြီးဖြစ်သည်။ထိုနောက်မှာတော့ ပေချင်းဝူဂိုဏ်းဟုရေးထွင်းထားသည့် ကျောက်တိုင်ကြီးကို အကွာအဝေးအလှမ်းဝေးကနေမြင်နေရပြီး ထိုရှေ့မှာ ရပ်နေသည့်လူအချို့ကို တွေ့လိုက်ရသည်။ယွမ်ရှန့်ရဲ့သားရဲငှက်ဟာ အနီးနားမှာ ဆင်းသက်လာပြီးနောက်မှာ သူတို့ဟာ သားရဲငှက်ပေါ်ကနေ ဆင်းလာကျတော့သည်။

"ယွမ်ရှန့် မင်းပါ ရောက်လာတယ်ပေါ့" ချင်းကွမ်ချန့်ဟာ ရီယွမ်ရှန့်ကို မျက်ခုံးပင့်ကာ ကြည့်ရင်း ပြောလိုက်တော့ ရီယွမ်ရှန့်ဟာနူတ်ဆက်လိုက်ပြီး

"စီနီယာအကြီးအကဲပေးပို့လိုက်တဲ့စာကို ရရှိပါတယ်၊ဒါပေမယ့် ဒီဂျူနီယာသူငယ်ချင်းတွေက ဒီမှာရှိတာကြောင့် ပထမအဖွဲ့နဲ့မလိုက်တော့ဖို့ ဆုံးဖြတ်လိုက်တာပါဗျ" လို့ ပြောလိုက်တော့ ချင်းကွမ်ချန့်ဟာ ခေါင်းညိတ်လိုက်ပြီး ဝမ်ဖေးရန်တို့နောက်မှာ ပုန်းအောင်းနေသည့် သူရဲ့တူမကို ကြည့်ကာ လေသံမာမာဖြင့် ပြောလိုက်သည်။

"ယုယင်ချင်း ညည်း အိမ်တော်မပြန်သေးဘူးလား"

"ဦးရီးတော်... ချင်းအာက မတရားမှုကို ဝင်ကူညီတာပါနော်" နူတ်ခမ်းလေးစူကာ အတွန့်တက်လာသည့်သူရဲ့တူမကြောင့် ချင်းကွမ်ချန် သွေးတက်ချင်နေပြီ၊ဒါပေမယ့် လစ်လျူရှူလိုက်ပြီး သူဟာ ဝမ်ဖေးရန်တို့ဘက်ကို လှည့်ကာ

"မင်းတို့ စောစောပြန်လာတာကောင်းတယ်၊ ဟိုဘက်က သတင်းပို့လာတယ် ရှေးဟောင်းနယ်မြေကို မနက်ဖြန်အာရုံတက်ချိန် အမှီရောက်လာဖို့ ခဏနေရင် ထွက်ခွာဖို့ အဆင်သင့်လုပ်ထား" လို့ ပြောရင်း သူရဲ့တူမကို ဆွဲခေါ်ကာ ထွက်သွားတော့သည်။

"ကံကောင်းပါစေ သခင်လေးဝမ်!! မေ့ကျဲကျဲ!!" ဝမ်ဖေးရန်တို့လည်း ယုယင်ချင်းကို လှမ်းနူတ်ဆက်လိုက်ပြီးနောက် ဝမ်ဖေးရန်ဟာ ဝေမေ့ဘက်လှည့်ကာ

"ဝေမေ့ ခဏလိုက်ခဲ့ဦး" လို့ ပြောကာ အရင်ထွက်သွားတော့သည်။ဝေမေ့လည်း ရီယွမ်ရှန့်ကို နူတ်ဆက်လိုက်ပြီးနောက်မှာ ဝမ်ဖေးရန်နောက်ကို လိုက်သွားတော့သည်။သူမဟာ အခု အိပ်မက်မက်နေသလို ခံစားနေရတာအမှန်ပေ၊ဒါပေမယ့် သူမရဲ့ရှေ့မှာ တရွေ့ရွေ့နဲ့သွားနေသည့်အမျိုးသား​လေးရဲ​့​ကျောပြင်ငယ်ဟာ သူမအိပ်မက် မဟုတ်ကြောင်း သက်သေပြနေခဲ့သည်။

"ဝေမေ့ ရော့" ဝါးရုံတောအုပ်နားရောက်တော့ ဝမ်ဖေးရန်ဟာ ရပ်လိုက်ပြီး အကြီးအကဲပေးထားသည့်သေတ္တာကို ဝေမေ့အားပေးလိုက်သည်။ဝေမေ့ဟာ အံ့အားသင့်စွာ ဝမ်ဖေးရန်ကို ကြည့်လိုက်ပြီး

"ဒါ...ရှေးဟောင်းနယ်မြေဝင်ခွင့်သော့မလား ဖေးရန်" လို့ ပြောရင်း သူမရဲ့ခြေလှမ်းများဟာ နောက်ကိုဆုတ်သွားပြီး

"ကျွန်မအတွက် အဲ့လောက်လုပ်ပေးစရာမလိုပါဘူး" လို့ ဝေမေ့ပြောနေပေမယ့် စိတ်ထဲငိုချင်စိတ်ဟာ တားဆီးမရနိုင်ပေ၊သူစိမ်းတစ်ယောက်ဟာ သူမပေါ်ကောင်းမွန်ပေးချိန်မှာ သူမမိသားစုကတော့ ဒီပစ္စည်းအတွက် သူမကို သေမတက်ရိုက်နှက်ခဲ့ကျသည်။ ဖေးရန်​ပြောသလို သူတို့ဟာ ဘာကြောင့် သွေးသားရင်းကို ရွှေလို တန်ဖိုးမထားရတာလဲ၊

"ကျွန်တော်မှာ ရှိပြီးသားပါ... ဒါကြောင့် ဝေမေ့ စိတ်ဖြောင့်ဖြောင့်နဲ့ယူလို့ရတယ်... ပြီးတော့ ဝေမေ့ သက်သေပြဖို့လိုတယ်လေ" လို့ ပြောလာသည့်လူရဲ့အပြာ​ရောင်မျက်ဝန်း​တောက်​တောက်​လေးကို ဝေမေ့ကြည့်ရင်း သူမရဲ့မျက်လုံးများ မျက်ရည်အိုင်လာတော့သည်။

သူမရင်ထဲ ဝမ်းနည်းမှုကို မခံစားရပေမယ့် သူမပျော်လွန်းလို့ ငိုမိခြင်းဖြစ်သည်။

"ကျေးဇူးပါ ဖေးရန်... "

တစ်ချိန်ချိန်မှာ ရှင် ဒုက္ခကြုံတွေ့ခဲ့ရင် ကျွန်မရဲ့အသက်ကိုရင်းပြီး ရှင့်ကို ကာကွယ်မယ်လို့ ကျွန်မသစ္စာပြုပါတယ်၊ဝေမေ့ဟာ စိတ်ထဲကနေ ပြောလိုက်ပြီးနောက်မှာ ဝမ်ဖေးရန်ပေးသည့်သေတ္တာကို ယူလိုက်သည်။

"ပြီးတော့ ဒါသိုလှောင်လက်စွပ်ပဲ မင်းထွက်လာတည်းက ဘာမှမပါဘူးလေ"

"ကျေးဇူးပါ ဖေးရန်" ဝေမေ့ဟာ ထပ်မံကျေးဇူးတင်စကားဆိုလာချိန်မှာ ဝမ်ဖေးရန်ဟာ ခေါင်းခါလိုက်ပြီး

"မင်းရဲ့အရင်မိသားစုကို နောင်တရအောင် လုပ်ပြလိုက်ပါ ..."

သိုင်းလောကမှာ အင်အားနည်းသူက အရှူံးသမားမှန်းသိနေပေမယ့် ကျားအိုတောင် သူရှင်သန်ဖို့ မုဆိုးကို အစွမ်းကုန်တိုက်ခိုက်နိုင်သေးတာပဲလေ၊ဒ​ီ​လောကရဲ့နိယာမကို မပြာင်းလဲနိုင်ပေမယ့် လူတစ်ယောက်ရဲ့ကံကြမ္မာကိုတော့ သူပြောင်းလဲပေးချင်တယ်၊

သူတို့ပစ်ပယ်ထားသည့်လူတစ်ယောက်ဟာ ဘယ်လောက်စွမ်းဆောင်နိုင်လဲဆိုတာ သိစေချင်သည်။

-*-*-*-*-*-*-*-*-*-*-*-*
စာရေးဆရာပြောစရာရှိသည်၊

မင်းက ကျက်သရေဆိုရင် ငါက ကျက်သရေကို ဖျက်စီးပြီး မင်းကို အပိုင်သိမ်းမဲ့ကောင်ကွ...မှတ်ထား

ဝမ်ကလန်က ထွက်သမျှလေတိုင်း ဝမ်မြေပြင်မှာရှိနေတဲ့သဲစတွေကအစ ငါဝမ်လီရှန့်အပိုင်ပဲ

အဟက် ဒါကြောင့် ဝမ်အန်းချန်!မင်းက ငါ့အပိုင်ပဲ

                                        ဝမ်လီရှန့်

-------------------

Hello

ဒါဝမ်ဖေးရန်အဖေနဲ့ဝမ်ဖေးရန်အဖေရဲ့အယ်လ်ဖာတို့အကြောင်းရေးထားတဲ့ mini shotလေးပါဗျ၊

ဒါက ကျွန်တော်က Sky skinလိုချင်လို့ paid pdf fileကို ၃၀၀၀နဲ့ရောင်းပါမယ်ဗျ၊ wave/kpay/bill လက်ခံသည်။

29ရက်မှ စပြီး pdfရောင်းပါမယ်၊ ပိုတဲ့ပိုက်ဆံကတော့ သိတဲ့အတိုင်းပဲ ဘယ်ရောက်မလဲဆိုတာကိုပေါ့၊

CBမှာ လာရောက်စုံစမ်းနိုင်သည်၊

Chapter -79မျှော်

Continue Reading

You'll Also Like

1.4M 225K 140
Eng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ!! [ဗီလိန္ႀကီး​ေရ​ေက်းဇူးျပဳၿပီးငါ​ေလးကိုညႇ...
12.1K 645 23
တစ်ခါတစ်လေ အချစ်ကိုဦးနှောက်က မမှတ်မိတာတောင် နှလုံးသားကမှတ်မိနေမိတယ်။ ဒါပေမယ့် အချစ်က ကိုယ်ချစ်ရတဲ့လူ သေဆုံးသွားရင်တောင် ပျောက်ကွယ်သွားတဲ့ အရာမဟုတ်ဘူး...
207K 25.7K 21
- သေးငယ်ပြီး အင်အားနည်းသောတိုင်းပြည်တခုမှ ဘုရင်ငယ်လေးသည် ပင်လယ်ကြီး၏ဘေးမှ နဂါးကြီးတကောင်ကို နေ့တနေ့တွင် ကယ်ယူခဲ့မိလေသည်။ -ထိုအချိန်မှ စတင်ကာ သူ၏တိုင်...
74.2K 4.9K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.