My Master (Completed) (Z+U)

By Aeri-Berry

28.5K 2.1K 125

သူသာလျှင်ကျွန်တော့်အား အစိုးရသူ သူသာလျှင် ကျွန်တော့်ဘဝနဲ့ စိတ်ဝိဉာဏ်အား လွှမ်းမိုးချုပ်ကိုင်နိုင်သောသူ သူသာလျ... More

My Master-1 (Z+U)
My Master-2 (Z+U)
My Master-3 (Z+U)
My Master-4 (Z+U)
My Master-5 (Z+U)
My Master-6 (Z+U)
My Master-7 (Z+U)
My Master-8 (Z+U)
My Master-10 (Z+U)
My Master-11 (Z+U)
My Master-12 (CY's POV) (Z+U)
My Master-13 (Z+U)
My Master-14 (Z+U)
My Master-15 (Z+U)
My Master-16 (Z+U)
My Master-17 (Z+U)
My Master-18 (Z+U)
My Master-19 (Z+U)
My Master-20 (Z+U)
My Master-21 (Z+U)
My Master-22 (Z+U)
My Master-23 (Z+U)
My Master-24 (Z+U)
My Master-25 (Z+U)
My Master-26 (Z+U)
My Master-27 (Z+U)
My Master-28 (Z+U)
My Master-29 (Z+U)
My Master-30 (Z+U)
My Master-31 (Z+U)
My Master-32 (Z+U)
Finale
ကျေးဇူးတင်လွှာ
Extra (Christmas Special)
Notice ❗❗❗

My Master-9 (Z+U)

942 71 17
By Aeri-Berry

(Unicode)

Jonginပြောခဲ့တဲ့စကားတွေကြောင့် ကျနော် ညေနစာအတွက်ဟင်းချက်နေရင်း သက်ပြင်းချမိသည်။

ဟင်း ~~~

"Baekhyun တခုခုဖြစ်လို့လား သက်ပြင်းတွေချနေတယ်"

ကျနော့်ကိုဟင်းချက်ကူနေတဲ့ Luhanကမေးလာသည်။ Luhanကအမြဲတမ်း ကျနော်ရဲ့တိုင်ပင်ဖော်တိုင်ပင်ဖက် ရင်ဖွင့်ဖော်ရင်ဖွင့်ဖက်ဖြစ်တာကြောင့်

"ဟင်းချက်ပြီးရင် ငါမင်းကိုရင်ဖွင့်မယ်"

"ဟုတ်ပြီလေ "

ဟင်းချက်ပြီးသွားတော့ ကျနော်တို့ရဲ့အိမ်လေးဆီပြန်လာကာ မီးဖိုခန်းထဲကခုံတလုံးစီမှာဝင်ထိုင်လိုက်ကြသည်။

"ပြောပါဦး"

"သခင်လေးကငါ့ကိုပြန်ချစ်နိုင်ပါ့မလား သခင်ကြီးဆုံးခဲ့ရတာက ငါ့ကြောင့်ဆိုတော့ငါ့ကိုခွင့်မလွှတ်နိုင်ဘူးထင်တယ်"

Luhanကခပ်နွမ်းနွမ်းပြုံးပြလာကာ

"အခုထိမင်းအပြစ်လို့ခံစားနေရတုန်းပဲလား မင်းအပြစ်မှမဟုတ်တာပဲ Baekhyunရာ ရန်ငြိုးရှိတဲ့ဂိုဏ်းကသခင်ကြီးကိုလုပ်ကြံသွားတာလေ"

"ဒါပေမယ့်...."
ကျနော်ခေါင်းငုံ့ကာပြောမိတော့

Luhanကကျနော်လက်ကို နွေးထွေးစွာဆုပ်ကိုင်ပေးလာကာ

"နားထောင် Baekhyun မင်းသခင်လေးကိုချစ်လာတာနှစ်ချီနေပြီ ဒါကိုသူလည်းသိမှာပဲ မင်းကိုချစ်လာမှာပါ "

Luhanပြောသည့်စကားကြောင့် ကျနော်သခင်လေးကိုချစ်ခဲ့တာနှစ်တွေအဲ့လောက်တောင်ကြာခဲ့ပြီဖြစ်မှန်းသတိရသွားသည်။
သခင်လေးအပေါ်ထားတဲ့ကျနော့်ရဲ့အချစ်က စစ်မှန်တဲ့ချစ်ခြင်းဖြစ်တာကြောင့် ကျနော်လည်းပြန်ချစ်ခံရဖို့တော့အခွင့်အရေးရှိလာမှာပါနော်။

"သခင်လေးပြန်ချစ်လာပါစေလို့ ငါလည်းမျှော်လင့်ပါတယ်"

"သခင်လေးကမင်းကိုပြန်ချစ်လာမှာပါ"

Luhanကိုရင်ဖွင့်လိုက်တော့ ကျနော့်ရင်ထဲလေးလံနေတာတွေ တော်တော်ကြီးပေါ့ပါးသွားသည်။

ညနေဘက် အလုပ်ကပြန်လာမည့်သခင်လေးတို့ကို အိမ်ပေါက်ဝကနေအဆင်သင့်စောင့်ကြိုနေလိုက်သည်။

ခြံထဲကားတစီးဝင်လာကာရပ်လိုက်ပြီးနောက် ကားပေါ်မှလူနှစ်ဦးဆင်းလာသည်။ ထိုနှစ်ဦးက သခင်လေးSehunနဲ့ Jonginဖြစ်သည်။ ကျနော့်သခင်လေးကရောဘာကြောင့်များမပါလာတာပါလိမ့်။ ခါတိုင်းအတူတူပြန်လာတာကို။

သခင်လေးကိုရှာနေသည့် ကျနော့်ပုံစံကြောင့်

"Hyungကတွေ့စရာတခုရှိလို့ အတူပြန်မလာတာ"
သခင်လေး Sehunကကျနော့်ကိုပြန်ပြောလာသည်။

"ဟုတ်ကဲ့ပါ သခင်လေးSehun"

Sehunက ကျနော့်‌ေဘးမှာရပ်နေတဲ့Luhanကိုတချက်ပြုံးပြလိုက်ကာ အပေါ်ထပ်တက်သွားလိုက်သည်။

သခင်လေးကတော့ ည 7နာရီလောက်မှပြန်လာလေသည်။

"ညနေစာပြင်ပေးရဦးမလား သခင်လေး"

"ရပြီ Baekhyun ငါစားခဲ့ပြီ"

ကျနော်စိတ်မကောင်းဖြစ်သွားသည်။ သခင်လေးကြိုက်တဲ့ဂင်ချီကျီဂဲလေးကျနော်ချက်ပေးထားသည်လေ။ အပြင်မှာစားခဲ့ပြီဆိုတော့လည်း ဘယ်တတ်နိုင်မလဲ။

မနက်စာစားကြရင်း သခင်လေးSehunက

"Hyung မနေ့က Lee gpကသမီးနဲ့ညစာစားတာအဆင်ပြေရဲ့လား"

"ပြေတယ် Eun Youngကလိုက်လျောညီထွေရှိတယ်လေ"

"အင်း ဟုတ်တယ် အဲ့Lee gpကသမီးကဆက်ဆံရေးကောင်းတယ် သူ့အဖေနဲ့ကွာပါ့"
Jonginကပါဝင်ပြောလာတော့ ထိုEun Youngဆိုသည့်တယောက် ရုပ်လေးလည်းလှသလို ဆက်ဆံရေးကောင်းတာကိုပါကျနော်သိလိုက်ရသည်။

သခင်လေးတို့ ကုမ္ပဏီသွားကြတော့ ကျနော်သခင်လေးအဝတ်တွေလျှော်ပေးရမှာဖြစ်လို့ သခင်လေးအခန်းဆီတက်လာလိုက်သည်။
လျှော်စရာအဝတ်တွေထည့်ထားတဲ့ခြင်းလေးထဲကနေ အဖြူနဲ့တခြားအရောင်တွေခွဲလျှော်ဖို့ ရွေးရင်း ထုံးစံအတိုင်းသခင်လေးချွေးန့ံနဲ့ကိုယ်သင်းနဲ့ကပ်ညှိနေသော အဝတ်တွေကိုတဝကြီးရှူရှိုက်နေသည်။

သို့သော် ကုမ္ပဏီဝတ်ရှပ်လက်ရှည်အဖြူလေးကိုကျနော်သေချာရှူရှိုက်ကြည့်တော့ ကျနော်ရင်းနှီးမနေတဲ့အနံ့တခုကိုရလိုက်သည်။
ဘယ်လိုပြောရမလဲ။ မိန်းကလေးသုံးရေမွေးအနံ့လိုမျိုး။ထိုရှပ်လက်ရှည်ကိုဖြန့်ကြည့်တော့ ရင်ဘတ်နားမှာ နှုတ်ခမ်းနီရာတခုတွေ့လိုက်ရတာကြောင့် ကျနော်အင်္ကျီ‌ေလးကိုလွှတ်ချလိုက်မိသည်။
ဒါမနေ့ကဝတ်သွားတဲ့အင်ကျီပဲ။ ဒါဆိုမနေ့က သခင်လေးကကEun Youngဆိုတဲ့တယောက်နဲ့များ....။

ကျနော်ဆက်မတွေးရဲ။လူကငိုချင်သလိုဖြစ်လာသည်။

ကျနော်စိုးရိမ်နေတာကိုဖြေဖျောက်ရန် တနေ့လုံးအလုပ်တွေသာဖိလုပ်ပစ်လိုက်တော့သည်။

…………………………

ဒီနေ့ဟာ ကုမ္ပဏီပိတ်ရက်ဖြစ်တာမလို့ သခင်လေးတို့အကုန်လုံးအိမ်မှာရှိနေကြသည်။ ပန်းခြံထဲကကျောက်စားပွဲဝိုင်းမှာသုံးယောက်သားထိုင်နေကြပြီး ဂိုဏ်းအလုပ်တွေပြောနေကြသည်။

"လက်နက်ဈေးတွေကတော်တော်ကိုထိုးတက်လာတယ် ဘယ်လိုလုပ်မလဲ Chanyeol"

"အတတ်နိုင်ဆုံးတော့ ဘယ်‌ေဈးထိလျှော့ပေးနိုင်မလဲဆိုတာ ငါတို့မေးကြည့်ရမယ် Sehun က ဈေးဘယ်ထိလျှော့ပေးနိုင်မလဲဆိုတာ‌ေမးပေးထား"

"ဟုတ်ကဲ့ Hyung"

"ပြီးတော့ ပြောရဦးမယ် ငါတို့ထဲသတင်းပေးတွေရှိနေတယ်ထင်တယ် ကုမ္ပဏီထိတောင်လာစစ်ဆေးသွားတယ်ဆိုတော့ "

"မင်းပြောတာဟုတ်တယ် Jongin မူမမှန်တဲ့လူမှန်သမျှကိုငါတို့သတိထားဖို့လိုတယ်"

ကျနော်သခင်လေးတို့သုံးယောက်အတွက်ကော်ဖီဖျော်ပြီးသွားချပေးတော့ Jonginက ကော်ဖီတလုပ်ကိုမြည်းရင်း ချီးကျူးစကားဆိုလာသည်။

"ဒီရာသီဥတုနဲ့ Baekhyuneeဖျော်ပေးတဲ့ကော်ဖီနဲ့အလိုက်ဆုံးပဲ Chanyeolမင်းတအားကံကောင်းတာပဲ တသက်လုံးနီးပါးသူဖျော်ပေးတဲ့ ကော်ဖီသောက်လာရတာ"

သခင်လေးကပြုံးရုံပဲပြု‌ံးပြလိုက်သည်။

"ဒါနဲ့ Hyungအခုဝတ်ထားတဲ့ဆွယ်တာလေးမမြင်ဖူးပါလား သိပ်မဝတ်လို့များလား မနက်ကတောင်မဝတ်ထားဘူးနော်"

သခင်လေးSehunက သခင်လေးကိုကြည့်ပြီးပြောလာတော့မှ ကျနော်သခင်လေးရဲ့ဆွယ်တာကိုကြည့်မိလိုက်သည်။ သခင်လေးရှားညိုရောင်ဆွယ်တာဝတ်ထားမှန်းသိပေမယ့် Eun Youngပေးသည့်ဆွယ်တာလေးလို့ထင်နေတာ။

အခုသေချာကြည့်လိုက်မှ ကျနော်ထိုးပေးထားသည့်ဆွယ်တာလေးဖြစ်နေသည်။ ကျနော်ရင်ထဲအပျော်လုံးဆို့သွားသည်။ သခင်‌ေလးကကျနော်ထိုးပေးထားတဲ့ဆွယ်တာကိုဝတ်ထားသည်တ့ဲ။

" ခြံထဲဆင်းလာတော့ မအေးအောင်ဒါဝတ်ခဲ့တာ "

"Eun Youngပေးတဲ့တထည်နဲ့မတူဘူးနော် Hyung"

"အင်း မတူဘူး ဒါကတခြားတယောက်မွေးနေ့လက်ဆောင်ပေးထားတာ"

"ဝတ်လို့ကောင်းမယ့်ပုံပဲနော် Chanyeol
နွေးမယ်ထင်တယ်"

"နွေးတယ် အိမ်မှာနေရင်းအကြမ်းပေါ့ပေါ့ပါးပါးဝတ်လို့ရတာပေါ့"

အကြမ်းမကလို့ ခြေသုတ်ဝတ်ပဲလုပ်လုပ် သခင်လေးထိုရှားညိုရောင်ဆွယ်တာလေးကိုဝတ်နေတာကိုက ကျနော်အတိုင်းထက်အလွန်ပျော်ရွှင်နေမိပါပြီ။ ကျနော့်အချစ်တွေနဲ့ကြိုးစားပမ်းစားထိုးပေးခဲ့တာမလို့ သခင်လေး ဒီဆောင်းရာသီမှာ ပုံမှန်ထက်နွေးထွေးနေမှာပါ။

နေ့လယ်စာစားပြီးကြတော့ သခင်လေးကကျနော့်ကိုသူ့အခန်းထဲလာဖို့ပြောတာကြောင့် ကျနော်သခင်လေးအခန်းထဲသွားလိုက်သည်။

"ဘာခိုင်းစရာရှိလို့ပါလဲ သခင်လေး"

"ငါအပြင်သွားစရာရှိလို့ လူငယ်ဆန်ဆန်ပုံစံလေးဝတ်ချင်တာမင်းရွေးပေး"

"ဟုတ်ကဲ့ပါ"

သခင်လေးစကားကြောင့် ကျနော်သခင်လေးဗီရိုထဲမှအဝတ်တွေကိုရွေးနေမိသည်။ အေးနေသောရာသီဥတုကြောင့် ကျနော်လူငယ်ဆန်ဆန်မိုးပြာဆွယ်တာလေးနဲ့ ဘောင်းဘီရှည်အဖြူလေးကိုထုတ်ပေးလိုက်သည်။

ကျနော်ရွေးပေးထားသော အဝတ်တွေကိုကြည့်ပြီးသခင်လေးကပြုံးကာ ချီးကျူးစကားဆိုလာသည်။

"မင်းတော်သားပဲ သွားလို့ရပြီ"

ကျနော်လည်းအောက်ထပ်ပြန်ဆင်းလာပြီး အလုပ်လုပ်စရာရှိတာတွေထပ်လုပ်နေမိသည်။

ခနကြာတော့ သခင်လေးကအပေါ်ထပ်မှဆင်းလာသည်။

"ဘယ်သွားမလို့လဲ Hyung သန့်ပြန့်နေတာပဲ"

"Eun Youngနဲ့ ဒိတ်မလို့လေ"

"ဒိတ်?" သခင်လေးSehunကအံ့ဩတကြီးဖြစ်သွားသလို ဧည့်ခန်းမှာကြမ်းတိုက်နေတဲ့ ကျနော်နဲ့ Luhanလည်းအံ့ဩတကြီးဖြစ်သွားရသည်။

ဒိတ်ဆိုမှတော့ သူတို့နှစ်ယောက်တွဲနေကြပြီဆိုတဲ့သဘောလား။

ဒါဆိုသခင်လေးကသိပ်ရက်စက်တာပဲ။ သူ့ကောင်မလေးနဲ့ဒိတ်ရင်ဝတ်ဖို့အဝတ်အစားတွေကို သူ့ကိုချစ်လာတာ 10နှစ်နီးပါးရှိနေပြီဖြစ်တဲ့ ကျနော့်ကိုရွေးခိုင်းခဲ့သည်ပေါ့။ ဘယ်လောက်ပဲကျနော့်အချစ်တွေကိုမျက်ကွယ်ပြုခဲ့သည်ပြောပြော ဒီလိုတော့မလုပ်သင့်ဘူးမလား။

သခင်လေးSehunကိုပြန်ဖြေကာ ထွက်သွားသော သခင်လေးကျောပြင်ကို ကျနော်ငြိမ်သက်စွာဖြင့် မျက်စိတဆုံးကြည့်နေမိသည်။

"Baekhyun Hyungအဆင်ပြေရဲ့လား"

သခင်လေး Sehunကမေးလာမှ ကျနော်သတိပြန်ဝင်လာသည်။

"အဆင်ပြေပါတယ် "

အဖြေတခုကိုကျနော်ပြန်ဖြေကာ စိတ်မပါစွာကျနော်အလုပ်ဆက်လုပ်နေလိုက်သည်။

ဒီကြားထဲ Eun Youngဆိုသည့်ကောင်မလေးသည် နေ့စဉ်ဆက်တိုက်ဆိုသလိုပင် ကျနော်တို့အိမ်ကိုရောက်ရောက်လာသည်။

ရုံးဖွင့်ရက်တွေဆိုရင် ညနေ သခင်လေးတို့ရုံးဆင်းတဲ့အချိန်တွေမှာရောက်လာတတ်ပြီး တခါတလေဆိုရင်တော့သခင်လေးနဲ့အတူပြန်လာတတ်သည်။ အတူပြန်လာသည့်ရက်တိုင်း သခင်လေးနဲ့လက်တွဲပြီးအိမ်တော်ကြီးထဲဝင်လာတာကိုကြည့်ရရင် သူတို့နှစ်ဦးတွဲ‌ေနတာသေချာသလောက်ပင်ရှိနေပြီ။

ရုံးပိတ်ရက်များဆိုရင်တော့ တရက်လုံးသခင်လေးနဲ့ဒိတ်နေတတ်သည်။
ကျနော် ထို Eun Youngဆိုသည့်ကောင်မလေးကိုမုန်းတာကြောင့် သူလာတိုင်း ကျနော်တနေရာရာကိုရှောင်မိသည်။ သခင်လေး‌ေကာ်ဖီ‌ေဖျာ်ခိုင်းရင်တောင် ကျနော်ဖျော်ပြီးတာနဲ့ Luhanကိုပဲသွားပို့ခိုင်းသည်။

"အဲ့ Eun Youngဆိုတဲ့တယောက် အရမ်းအားယားနေတာထင်တယ် တနေကုန်လာနေတာ"

ကော်ဖီပို့ပြီးပြန်လာတဲ့ Luhanက ကော်ဖီဗန်းကိုချကာပွစိပွစိပြောလာတော့ ကျနော်ရီမိသည်။
Luhanပြောသလိုပါပဲ။အဲ့ကောင်မလေးကအရမ်းအားနေတာထင်တယ်။

ဘာလိုလိုနဲ့ ခရစ္စမတ်ကိုရောက်လာ‌ေတာ့မည်။ခါတိုင်းနှစ်များဆိုလျှင် သခင်လေးမွေးနေ့မှာပွဲလုပ်ခဲ့ပြီးပြီမလို့ ခရစ္စမတ်မှာဘာပွဲမှထပ်မလုပ်။ သို့သော်ဒီနှစ်တော့ ခရစ္စမတ်ညမှာပွဲလေးတခုလုပ်ပေးမည်ဟု အိမ်တော်ကြီးထဲသတင်းတွေပျံ့နေသည်။

"မင်းကြားပြီးပြီလား Baekhyun ဒီနှစ် ခရစ္စမတ်မှာပွဲလုပ်ပေးမယ်တဲ့"

ကျနော်နှင်း‌ဆီပင်တွေရေလောင်းနေတုန်း Luhanကကျနော့်နားနားတိုးတိုးလေးပြောလာသည်။

"ဟုတ်လား သေချာလို့လား Luhanရဲ့"

"98%လောက်သေချာတယ်"

တကယ်လည်း သခင်လေးကခရစ္စမတ်မှာပွဲလုပ်ပေးသည်။ ခရစ္စမတ်နေ့မနက်မှာတော့သခင်လေးမှာထားတဲ့ ဝိုင်ပုလင်းတွေကိုနေရာချရင်းအလုပ်ရှုပ်နေကြသည်။

"သခင်လေးက ဒီနှစ်တော့တအားရက်ရောနေတာပဲ ခါတိုင်းဆိုရင်ဘီယာဘူးလောက်ပဲ ခုတော့ဝိုင်ပုလင်းတွေဘာတွေနဲ့"

Luhanကဝိုင်ပုလင်းတွေထည့်ထားတဲ့ပုံးတွေထဲက ဝိုင်တပုလင်းချင်းဆီကိုစားပွဲတွေပေါ်မှာ ‌သေချာထားရင်းပါးစပ်ကပြောလာသည်။

"အပြောင်းအလဲလေးဖြစ်အောင်နေမှာပေါ့ Luhanရယ်"

ညပိုင်းရောက်တော့ အေးခဲနေတဲ့ဒီဇင်ဘာလရဲ့အအေးဓာတ်ကိုခုခံနိုင်ရန် ခရစ်စမတ်ရဲ့ကိုယ်စားပြုအရောင်လေးဖြစ်တဲ့အနီရောင်ဆွယ်တာထူထူကိုဝတ်လိုက်သည်။

ပြီးတာနဲ့ ပွဲလုပ်မည့်နေရာကိုထွက်လာလိုက်သည်။ပွဲထဲမှာတော့လူတွေစည်စပြုနေပြီ။

အဝါရောင်ဆွယ်တာထူထူကြီးနဲ့ မြှုပ်နေတဲ့ Luhanကိုမြင်လိုက်တာကြောင့် Luhanဆီကိုသွားလိုက်သည်။

"Luhan မင်းခုဝတ်ထားတဲ့ဆွယ်တာငါမမြင်ဖူးပါဘူး "
သူဝတ်ထားတဲ့အဝါရောင်ဆွယ်တာမှာ သမင်ရုပ်အကြီးကြီးလည်းပါသေးသည်။

"ဟီးဟီး သခင်လေးSehunက ခရစ်စမတ်လက်ဆောင်ပေးတာလေ "

"မင်းကရော ဘာပြန်ပေးလိုက်တုန်း"

"အာ့လျှို့ဝှက်ချက်" ကျနော့်ကိုဖြေပြီးမျက်နှာတွေနီရဲနေတဲ့Luhanကြောင့် ဒီကောင်သခင်လေးSehunနဲ့တခုခုပဲဟု ချက်ချင်းသိလိုက်သည်။

"မင်းရော မင်းသခင်ေလးကိုဘာမှမပေးတော့ဘူးလား"

"ဘာမှမပေးနဲ့လို့ပြောထားလို့ မပေးတော့တာ"

"သခင်လေးကတကယ်ပါပဲကွာ"

ပွဲရဲ့ထိပ်ဆုံးစားပွဲဆီကိုရောက်လာတဲ့သခင်လေးကို ကျနော်လှမ်းမြင်လိုက်ရသည်။သခင်လေးကလည်း ကျနော့်လိုဆွယ်တာအနီလေးပဲဝတ်ထားသည်။ တခုကွဲပြားနေသည်က သခင်လေးဆွယ်တာအလယ်မှာ ခရစ်စမတ်သစ်ပင်အစိမ်းရောင်လေးနဲ့။ ဘာရယ်မဟုတ်။ သခင်လေးရော ကျနော်ရော ဆွယ်တာအနီလေးတွေမလို့စိတ်ထဲပျော်သွားရသည်။

သို့သော်ကြာရှည်မပျော်လိုက်ရ။ သခင်လေးရပ်နေတဲ့စားပွဲဆီရောက်သွားတဲ့ Eun Youngဆိုသည့်ကောင်မလေးသည်လည်း သခင်လေးလိုဆွယ်တာအလယ်မှာ ခရစ်စမတ်သစ်ပင်အစိမ်းရောင်လေးနဲ့။ ဒါဆိုသူတို့ကဆင်တူဝတ်ထားတာပေါ့။

"ဟက်" စိတ်ထဲကနာကျင်စွာဖြင့်တချက်ရီမိလိုက်သည်။ သခင်လေးတို့ဘေးစားပွဲမှာတော့ ကျနော့်မျက်နှာကိုလှမ်းအကဲခတ်နေတဲ့ နို့စိမ်းရောင်ဆွယ်တာနဲ့ Jonginရပ်နေသည်။

"အားလုံးဝိုင်ခွက်တွေကိုင်လိုက်ကြပါ"

သခင်လေးစကားသံကြောင့် ကျနော်တို့အားလုံးဝိုင်ခွက်ကိုယ်စီကိုင်လိုက်ကြသည်။

"ဒီနေ့ဟာ ခရစ်စမတ်ဖြစ်တယ် ပြီးတော့နောက်မကြာခင်မှာလည်း နှစ်သစ်ကိုရောက်တော့မယ် နှစ်သစ်မှာအားလုံး လိုအင်ဆန္ဒတွေပြည့်ဝကြပါစေဗျာ Merry Christmas and Happy New Year"

ကျနော်တို့အားလုံးဝိုင်ခွက်တွေကိုယ်စီမြောက်ပြီး "Merry Christmas and Happy New Year"ဟုပြောကာ ဝိုင်သောက်လိုက်ကြသည်။

"အားလုံးကိုကြေညာစရာရှိပါတယ် အခုကျနော့်ဘေးမှာရပ်နေတဲ့ကောင်မလေးက ကျနော်ချစ်ရတဲ့သူပါ  အားလုံးသူ့ကိုသခင်မလေးလို့ခေါ်ပေးပါ"

"Yeolကလည်းဘာကိုသခင်မလေးလဲ မမလေးလို့ခေါ်ရင်ရပါပြီ"

"အာ့ဆိုလည်း Youngပြောသလိုပဲ မမလေးလို့ခေါ်ကြ"

နာမည်အချင်းချင်းအ‌ဖျားစွပ်ခေါ်နေတာကိုကြားရတော့ကျနော့်ရင်ထဲဆစ်ခနဲနာကျင်လာရသည်။ကျနော်တိတ်တခိုးခေါ်ခဲ့သော Yeolဆိုတာကို သူမကခေါ်နေပြီပဲ။

"နောက်ထပ်သတင်းကောင်းတခုကြေညာစရာရှိပါသေးတယ်"
သခင်လေးကသူ့ဘေးမှာရပ်နေတဲ့ Eun Youngရဲ့လက်ဖဝါးကိုဆုပ်ကိုင်လိုက်ကာ
"မကြာခင် ကျနော်တို့လက်ထပ်တော့မှာပါ"

"Hyung"သခင်လေးSehunထံမှအံ့ဩတကြီးဖြင့် Hyungဟုခေါ်သံထွက်လာသလို

"ခွမ်း" ကျနော့်လက်ထဲမှဝိုက်ခွက်လေးသည် ကျောက်ပြားအလှတွေခင်းထားသော‌ေမြပြင်ပေါ်ကျကာ တစစီကြေကွဲသွားရပြီး ကျနော့်နှလုံးသား‌ေလးသည်လည်း တစစီကြေကွဲပြိုလဲခဲ့ရပြီ။

အတန်ငယ်တိတ်ဆိတ်နေသောလေထုကြား ဝိုင်ခွက်ကျကွဲသံကကျယ်လောင်စွာပေါ်လာတာကြောင့် သခင်လေးအပါအဝင်လူတွေအားလုံးအာရုံက ကျနော့်ဆီစုပြုံကြလာသည်။

"တောင်းပန်ပါတယ် လက်ချော်သွားတာပါ"

"ဒါဆိုအသားတွေကင်ပြီးစားလို့ရပါပြီ"

"Luhanငါပြန်နှင့်ပြီ"

"Baekhyun!!!"Luhanခေါ်သံကိုကျနော်ဂရုမပြုဘဲ လှည့်ထွက်လာခဲ့သည်။ကျနော့်အိမ်လေးဆီရောက်လာနဲ့ ရေချိုးခန်းထဲဝင်ကာ ရေပန်းကိုဖွင့်ချလိုက်ပြီးရေပန်းအောက်ဝင်ထိုင်လိုက်သည်။

ရေပန်းက‌ကျနေတဲ့ရေအေးတွေက ကျနော့်ခေါင်းကနေစလို့တကိုယ်လုံးကိုရြဲရွဲစိုနေပေမယ့် ကျနော့်နှလုံးသားရဲ့အပူဒဏ်ကိုတော့မဖျောက်ဖျက်နိုင်ခဲ့ပါ။

"Baekhyun!!!" Luhanရဲ့အော်ခေါ်သံတခုနဲ့အတူ ကျနော်ရှိနေတဲ့ရေချိုးခန်းထဲကို Luhanရောက်လာသည်။

ကျနော့်နားထိုင်ချကာ ကျနော့်ကိုဖက်လိုက်ပြီး ကျနော့်ကျောပြင်ကိုပွတ်သပ်ကာ "ငိုချင်ရင်ငိုချလိုက်" Baekhyunဟုပြောလာသည်။

ကျနော်ဘယ်လိုပင်မငိုဘူးဟုအားတင်းနေခဲ့ပါစေ။ ကျနော်သည်းထန်စွာငိုကျွေးခဲ့လေသည်။

"အနည်းဆုံးတော့ သခင်လေးအချစ်ကိုငါရနိုင်မယ်ထင်ခဲ့တာ Luhan" ကျနော့်မျက်ဝန်းမှထွက်သော မျက်ရည်ပူတွေသည်ရေပန်းမှရေအေးတွေနဲ့ရောကာ ရေချိုးခန်းကြမ်းပြင်ပေါ်စီးကျသွားလေသည်။

ကျ‌နော်Luhanကိုဖက်ပြီးအားပါးတရ ငိုကြွေးနေမိတာကို အပြင်မှာသူ့ကောင်မလေးနဲ့ပျော်နေမည့် သခင်လေးကတော့မသိနိုင်ခ့ဲပါ။

……………………….

ဒီနေ့က ခရစ်စမတ်ပြီးလို့5ရက်မြောက်တဲ့နေ့။ မနက်ဖြန်‌ဆိုလျှင် ဒီဇင်ဘာ 31ရက်နေ့။

"Baekhyun သက်သာရဲ့လား"

ကျနော့်ကိုဆေးသွင်းပေးနေတဲ့ KyungSoo Hyungကမေးလာသည်။

ခရစ်စမတ်ပြီးလို့ နောက်တရက်မှာ Luhanရော ကျနော်ရောဖျားကြသည်။ ရေပန်းအောက်နေခဲ့တာချင်းအတူတူ Luhanကနှစ်ရက်လောက်ကောင်းကောင်းနားလိုက်ပြီးပျောက်သွားပေမယ့် ကျနော်ကခုထိမပျောက်သေး။ အသည်းကွဲသည့်ဒဏ်ကြောင့်ခုထိနလံမထူနိုင်သေးတာနေမယ်။

"သက်သာပါတယ် KyungSoo Hyung"

"သောက်ဆေးတွေထားခဲ့ပေးမယ် နေ့လယ်ဆန်ပြုတ်စားပြီးသောက်လိုက်"

"ဟုတ် ကျေးဇူးပါ KyungSoo Hyung"

"နားလိုက်နော်"

KyungSoo Hyungထွက်သွားပြီး ကျနော်မျက်လုံးတွေမှိတ်ကာနားနေတုန်း ခြေသံကြားလိုက်ရတာကြောင့် Luhanလို့ထင်မိလိုက်သော်လည်း မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ Jonginဖြစ်နေသည်။

"ကိုယ့်ကြောင့်အိပ်ရတာ အနှောင့်ယှက်ဖြစ်သွားပြီလား Baekhyunee"

"မဖြစ်ပါဘူး ဒီတိုင်းမှိန်းနေတာပါ သခင်လေးJongin"

Jonginကကျနော့်နဖူးပေါ်လက်တင်ကာ
"ကိုယ်အရမ်းတော့မပူတော့ဘူးပဲ"

"ကျနော်သက်သာနေပါပြီ"

"Baekhyunee ကိုယ်အခုကုမ္ပဏီမသွားခင်မင်းဆီခဏလာတာ ပြောစရာရှိလို့"

"ပြောပါ သခင်လေးJongin"

"ကိုယ်နောက်နှစ်ထဲနိုင်ငံခြားပြန်ဖြစ်ဖို့များတယ် အဲ့တာBaekhyuneeကိုပါအတူခေါ်သွားချင်တယ် ကိုယ်နဲ့လိုက်ခဲ့မလား"

ရုတ်တရက်ကြီးသူနဲ့အတူနိုင်ငံခြားလိုက်ဖို့ခေါ်နေသော Jonginကို
"ကျနော်မလိုက်နိုင်ပါဘူး သခင်လေးနားပဲတသက်လုံးနေမှာပါ"

"Baekhyuneeကခေါင်းမာတာပဲ သူ့ချစ်သူနဲ့သူနဲ့လက်ထပ်ပြီး ကြည်နူးကြတာတွေ ကလေးတွေမွေးလာကြမှာကို Baekhyuneeဒီတိုင်းကြည့်နိုင်တယ်ပေါ့"

ခါးသက်လွန်းသောအမှန်တရားကို Jonginကချက်ကျလက်ကျနဲ့ပြောလာတော့ ကျနော့်ရင်ထဲနာကျင်ရပြန်သည်။ Jonginပြောသလို ထိုအမှန်တရားတွေကိုရင်ဆိုင်နိုင်ပါ့မလား။

နှုတ်ဆိတ်နေသော ကျနော့်ကို Jonginက
"ကိုယ်နဲ့အတူလိုက်ဖို့သေချာပြန်စဉ်းစားကြည့်ပါ Baekhyunee"

ကျနော့်ကိုပြောပြီး ကုမ္ပဏီသွားရန်ကျနော့်အခန်းထဲမှJonginပြန်ထွက်သွားသည်။ကျနော်သက်ပြင်းတချက်ချကာ ခုတင်ပေါ်မှာလဲလိုက်ပြီး မျက်လုံးတွေမှိတ်ကာသေချာစဉ်းစားနေကြည့်သည်။

……………………….

ဒီနေ့တော့ အတော်အတန်သက်သာလာပြီဖြစ်လို့ ကျနော်ပန်းချီဆွဲနေမိသည်။ကျနော့်ပန်းချီခန်းလေးကိုပတ်လည်ကြည့်မိတော့ တခန်းလုံးသခင်လေးပန်းချီတွေသာအများဆုံးရှိတာကြောင့် ပြုံးမိသည်။

ဆွဲလက်စပန်းချီကားတချပ်ကိုဆွဲနေရင်း အချိန်ကြည့်မိတော့ ည 11နာရီတောင်ကျော်နေခဲ့ပြီ။မအိပ်ခင်လေကောင်းလေသန့်ရှူချင်တာကြောင့် ပန်းခြံလေးထဲဆင်းသွားလိုက်သည်။

ပန်းခြံထဲရောက်တော့ နှင်းဆီနီတွေကိုရပ်ကြည့်နေသောသခင်လေးကိုမြင်လိုက်ရသည်။ကျနော်ထိုးပေးထားတဲ့ ရှားညိုရောင်ဆွယ်တာနဲ့ ဘောင်းဘီအဖြူအရှည်ကိုဝတ်ထားသည့် သခင်လေးပုံစံကအရမ်းကိုကြည့်ကောင်းနေတာကြောင့် ကျနော့်နှလုံးသားထဲ ထိုပုံလေးကိုချိတ်ပိတ်လိုက်ပြီး ပန်းချီအဖြစ်ပြန်ပုံဖော်မည်ဟုတွေးလိုက်သည်။

တခုထူးဆန်းနေတာတော့ရှိသည်။ဘာကြောင့်မှန်းမသိ။ ဘေးတဝက်သာမြင်နေရသော သခင်လေးမျက်နှာမှာဝမ်းနည်းမှုတွေပြည့်နှက်နေသလိုပဲ။သူ့ချစ်သူနဲ့ New Yearညမှာအတူမရှိနိုင်လို့များလား။

သခင်လေးအနားကိုကျနော်သွားလိုက်ကာ
"အိပ်မပျော်လို့ပါလား သခင်လေး"

မနက်စာတွေ၊ညစာတွေရော ကျနော်ချက်ပေးတာမဟုတ်တော့ ကောင်းကောင်းမှစားဝင်ရဲ့လား။မျက်နှာလေးချောင်ကျသွားသလိုပဲ။

ကျနော့်အသံကိုကြားတော့ သခင်လေးက ကျနော့်ဘက်လှည့်လာကာ
"မအိပ်ချင်သေးလို့ပါ မင်းကရော နေမကောင်းတာကိုဘာလို့အပြင်ထွက်လာတာလဲ ပြန်အအေးမိဦးမယ်"

စိုးရိမ်သလိုအကြည့်နဲ့အတူ သခင်လေးကကျနော့်ကိုပြောလာသည်။အဲ့လိုစိုးရိမ်တဲ့ပုံစံတွေမပြပါနဲ့လား သခင်လေးရယ်။ အဆုံးသတ်မှာကျနော်ပဲနာကျင်ရလို့ပါ။

"လေကောင်းလေသန့်ရှူချင်လို့ပါ တပတ်လောက်အခန်းထဲ‌အောင်းခဲ့ရတော့မွန်းကြပ်လို့ပါ"

"ဪ" ထိုတစ်လုံးသာ သခင်လေးကပြန်ပြောပြီးနှင်းဆီပန်းတွေကိုပြန်ကြည့်နေသည်။ ကျနော်တို့ကြားထဲအတန်ငယ်တိတ်ဆိတ်သွားပြီးနောက်

"Baekhyun"

"ပြောပါ သခင်လေး"

"မင်းငါ့ကိုထားခဲ့ပြီး ထွက်သွားလိုက်ပါလား မဟုတ်ရင်မင်းပိုပြီးနာကျင်ရမှာပဲ"

"ကျနော်နာကျင်ရမယ်မှန်းသိရင် အစကတည်းကသခင်လေးကျနော့်အချစ်တွေကိုလစ်လျူမရှူခဲ့သင့်ဘူး အနည်းဆုံးတော့သခင်လေးအချစ်တွေကို ကျနော်ပိုင်ဆိုင်နိုင်မယ်ထင်ခဲ့တာ သခင်လေးကအခုလိုလုပ်လိုက်တော့ ကျနော်ကပဲအဆုံးသတ်မှာ ရင်ဘတ်တွေဟက်တက်ကွဲပြီးအချစ်ရူးကြီးဖြစ်ကျန်ခဲ့ရတာပဲ"

ကျနော့်ရင်ထဲမှာမွန်းကြပ်နေသမျှသည် ကျနော့်နှုတ်ခမ်းကနေပွင့်အန်ထွက်လာပြီး ဆောင်းအအေးဓာတ်ကြောင့်အေးစက်နေသောကျနော့်ပါးပြင်ပေါ်မှာလည်း ပူနွေးသောမျက်ရည်တွေကနေရာယူလာခဲ့ပြီ။

သခင်လေးကအံ့ဩသလိုကြည့်လာပြီးနောက် ကျ‌နော့်နားလျှောက်လာကာ ကျနော့်ပါးကိုသူ့လက်တဖက်နဲ့ကိုင်လိုက်ပြီး ကျနော့်ပါးပြင်ပေါ်ကမျက်ရည်ပူတွေကို သူ့လက်မနဲ့ဖွဖွလေးသုတ်ပေးလာသည်။

"တောင်းပန်ပါတယ် Baekhyun"

ကျနော်ပါးပြင်ပေါ်ကသူ့လက်ကိုကျနော့်လက်နဲ့ဖယ်လိုက်ပြီး အနောက်ကိုအနည်းငယ်ဆုတ်ကာ

" ဒီလိုတွေမလုပ်ပါနဲ့ သခင်လေးကျနော့်အပေါ်ဘယ်လောက်ပဲရက်စက်ရက်စက်ခဲ့ သခင်လေးကကျနော့်အပေါ်နည်းနည်းကြင်နာပြလိုက်ရင် ဒီစောက်မှတ်မရှိတဲ့ကျနော်ကပိုပြီးအရူးကြီးဖြစ်ရပါတယ် သခင်လေး"

သခင်လေးကဘာမှမပြောဘဲ သက်ပြင်းသာချကာ ကျနော့်မျက်နှာကိုစိတ်မကောင်းသည့်ပုံစံဖြင့်ကြည့်နေသည်။

ထိုအချိန်မှာပဲ အိမ်အကူတွေအတွက်ဆောက်ပေးထားသော တန်းလျားဆီမှHappy New Year ဆိုသောအော်သံတွေထွက်လာသည်။ ည 12နာရီထိုးသွားပြီထင်သည်။

"Happy New Yearပါသခင်လေး နှစ်သစ်မှစလို့သခင်လေးချစ်မြတ်နိုးရတဲ့မမလေး Eun Youngနဲ့အတူ သက်ဆုံးတိုင်ပျော်ပျော်ရွှင်ရွှင်ပေါင်းဖက်နိုင်ပါစေ"

သခင်လေးဆီကဘာတုံ့ပြန်မှုကိုမှ ကျနော်မစောင့်တော့ဘဲ ကျနော်အရင်ကျောပေးထွက်လာလိုက်သည်။
ဒီနှစ် Christmasရော New Yearရောသည် ကျနော့်အတွက်နာကျင်မှုများကိုသာ သယ်ဆောင်လာခဲ့ပါသည်။

………..…To be continued……….……

(25.12.2021 Sat)
Merry Christmas ☃️🎄❄️

Christmasမလို့ ဒါလေးရော My Bad Boyလေးရောကို
Christmas presentအဖြစ် updateပေးလိုက်တယ်ဆိုတော့ကာ
ဒီကauthorမမလေး စာဆက်ရေးဖို့အားဖြစ်အောင်ရော
Christmas presentအဖြစ်ရော Feedbackလေးတွေမရေးပေးကြချင်ဘူးလားဟင်
သူများတွေfeedbackရထားတာတွေမြင်ရင် အားကျလို့ပါနော် Feedbackလေးတွေရေးပေးခဲ့ကြပါလားဗျာ🥺🥺🙆🙆

(Zawgyi)

Jonginေျပာခဲ့တဲ့စကားေတြေၾကာင့္ က်ေနာ္ ေညနစာအတြက္ဟင္းခ်က္ေနရင္း သက္ျပင္းခ်မိသည္။

ဟင္း ~~~

"Baekhyun တခုခုျဖစ္လို႔လား သက္ျပင္းေတြခ်ေနတယ္"

က်ေနာ့္ကိုဟင္းခ်က္ကူေနတဲ့ Luhanကေမးလာသည္။ Luhanကအၿမဲတမ္း က်ေနာ္ရဲ႕တိုင္ပင္ေဖာ္တိုင္ပင္ဖက္ ရင္ဖြင့္ေဖာ္ရင္ဖြင့္ဖက္ျဖစ္တာေၾကာင့္

"ဟင္းခ်က္ၿပီးရင္ ငါမင္းကိုရင္ဖြင့္မယ္"

"ဟုတ္ၿပီေလ "

ဟင္းခ်က္ၿပီးသြားေတာ့ က်ေနာ္တို႔ရဲ႕အိမ္ေလးဆီျပန္လာကာ မီးဖိုခန္းထဲကခုံတလုံးစီမွာဝင္ထိုင္လိုက္ၾကသည္။

"ေျပာပါဦး"

"သခင္ေလးကငါ့ကိုျပန္ခ်စ္နိုင္ပါ့မလား သခင္ႀကီးဆုံးခဲ့ရတာက ငါ့ေၾကာင့္ဆိုေတာ့ငါ့ကိုခြင့္မလႊတ္နိုင္ဘူးထင္တယ္"

Luhanကခပ္ႏြမ္းႏြမ္းၿပဳံးျပလာကာ

"အခုထိမင္းအျပစ္လို႔ခံစားေနရတုန္းပဲလား မင္းအျပစ္မွမဟုတ္တာပဲ Baekhyunရာ ရန္ၿငိဳးရွိတဲ့ဂိုဏ္းကသခင္ႀကီးကိုလုပ္ႀကံသြားတာေလ"

"ဒါေပမယ့္...."
က်ေနာ္ေခါင္းငုံ႕ကာေျပာမိေတာ့

Luhanကက်ေနာ္လက္ကို ေႏြးေထြးစြာဆုပ္ကိုင္ေပးလာကာ

"နားေထာင္ Baekhyun မင္းသခင္ေလးကိုခ်စ္လာတာႏွစ္ခ်ီေနၿပီ ဒါကိုသူလည္းသိမွာပဲ မင္းကိုခ်စ္လာမွာပါ "

Luhanေျပာသည့္စကားေၾကာင့္ က်ေနာ္သခင္ေလးကိုခ်စ္ခဲ့တာႏွစ္ေတြအဲ့ေလာက္ေတာင္ၾကာခဲ့ၿပီျဖစ္မွန္းသတိရသြားသည္။
သခင္ေလးအေပၚထားတဲ့က်ေနာ့္ရဲ႕အခ်စ္က စစ္မွန္တဲ့ခ်စ္ျခင္းျဖစ္တာေၾကာင့္ က်ေနာ္လည္းျပန္ခ်စ္ခံရဖို႔ေတာ့အခြင့္အေရးရွိလာမွာပါေနာ္။

"သခင္ေလးျပန္ခ်စ္လာပါေစလို႔ ငါလည္းေမွ်ာ္လင့္ပါတယ္"

"သခင္ေလးကမင္းကိုျပန္ခ်စ္လာမွာပါ"

Luhanကိုရင္ဖြင့္လိုက္ေတာ့ က်ေနာ့္ရင္ထဲေလးလံေနတာေတြ ေတာ္ေတာ္ႀကီးေပါ့ပါးသြားသည္။

ညေနဘက္ အလုပ္ကျပန္လာမည့္သခင္ေလးတို႔ကို အိမ္ေပါက္ဝကေနအဆင္သင့္ေစာင့္ႀကိဳေနလိုက္သည္။

ၿခံထဲကားတစီးဝင္လာကာရပ္လိုက္ၿပီးေနာက္ ကားေပၚမွလူႏွစ္ဦးဆင္းလာသည္။ ထိုႏွစ္ဦးက သခင္ေလးSehunနဲ႕ Jonginျဖစ္သည္။ က်ေနာ့္သခင္ေလးကေရာဘာေၾကာင့္မ်ားမပါလာတာပါလိမ့္။ ခါတိုင္းအတူတူျပန္လာတာကို။

သခင္ေလးကိုရွာေနသည့္ က်ေနာ့္ပုံစံေၾကာင့္

"Hyungကေတြ႕စရာတခုရွိလို႔ အတူျပန္မလာတာ"
သခင္ေလး Sehunကက်ေနာ့္ကိုျပန္ေျပာလာသည္။

"ဟုတ္ကဲ့ပါ သခင္ေလးSehun"

Sehunက က်ေနာ့္‌ေဘးမွာရပ္ေနတဲ့Luhanကိုတခ်က္ၿပဳံးျပလိုက္ကာ အေပၚထပ္တက္သြားလိုက္သည္။

သခင္ေလးကေတာ့ ည 7နာရီေလာက္မွျပန္လာေလသည္။

"ညေနစာျပင္ေပးရဦးမလား သခင္ေလး"

"ရၿပီ Baekhyun ငါစားခဲ့ၿပီ"

က်ေနာ္စိတ္မေကာင္းျဖစ္သြားသည္။ သခင္ေလးႀကိဳက္တဲ့ဂင္ခ်ီက်ီဂဲေလးက်ေနာ္ခ်က္ေပးထားသည္ေလ။ အျပင္မွာစားခဲ့ၿပီဆိုေတာ့လည္း ဘယ္တတ္နိုင္မလဲ။

မနက္စာစားၾကရင္း သခင္ေလးSehunက

"Hyung မေန႕က Lee gpကသမီးနဲ႕ညစာစားတာအဆင္ေျပရဲ႕လား"

"ေျပတယ္ Eun Youngကလိုက္ေလ်ာညီေထြရွိတယ္ေလ"

"အင္း ဟုတ္တယ္ အဲ့Lee gpကသမီးကဆက္ဆံေရးေကာင္းတယ္ သူ႕အေဖနဲ႕ကြာပါ့"
Jonginကပါဝင္ေျပာလာေတာ့ ထိုEun Youngဆိုသည့္တေယာက္ ႐ုပ္ေလးလည္းလွသလို ဆက္ဆံေရးေကာင္းတာကိုပါက်ေနာ္သိလိုက္ရသည္။

သခင္ေလးတို႔ ကုမၸဏီသြားၾကေတာ့ က်ေနာ္သခင္ေလးအဝတ္ေတြေလွ်ာ္ေပးရမွာျဖစ္လို႔ သခင္ေလးအခန္းဆီတက္လာလိုက္သည္။
ေလွ်ာ္စရာအဝတ္ေတြထည့္ထားတဲ့ျခင္းေလးထဲကေန အျဖဴနဲ႕တျခားအေရာင္ေတြခြဲေလွ်ာ္ဖို႔ ေ႐ြးရင္း ထုံးစံအတိုင္းသခင္ေလးေခြၽးန႕ံနဲ႕ကိုယ္သင္းနဲ႕ကပ္ညွိေနေသာ အဝတ္ေတြကိုတဝႀကီးရႉရွိုက္ေနသည္။

သို႔ေသာ္ ကုမၸဏီဝတ္ရွပ္လက္ရွည္အျဖဴေလးကိုက်ေနာ္ေသခ်ာရႉရွိုက္ၾကည့္ေတာ့ က်ေနာ္ရင္းႏွီးမေနတဲ့အနံ႕တခုကိုရလိုက္သည္။
ဘယ္လိုေျပာရမလဲ။ မိန္းကေလးသုံးေရေမြးအနံ႕လိုမ်ိဳး။ထိုရွပ္လက္ရွည္ကိုျဖန႔္ၾကည့္ေတာ့ ရင္ဘတ္နားမွာ ႏႈတ္ခမ္းနီရာတခုေတြ႕လိုက္ရတာေၾကာင့္ က်ေနာ္အကၤ်ီ‌ေလးကိုလႊတ္ခ်လိဳက္မိသည္။
ဒါမေန႕ကဝတ္သြားတဲ့အင္က်ီပဲ။ ဒါဆိုမေန႕က သခင္ေလးကကEun Youngဆိုတဲ့တေယာက္နဲ႕မ်ား....။

က်ေနာ္ဆက္မေတြးရဲ။လူကငိုခ်င္သလိုျဖစ္လာသည္။

က်ေနာ္စိုးရိမ္ေနတာကိုေျဖေဖ်ာက္ရန္ တေန႕လုံးအလုပ္ေတြသာဖိလုပ္ပစ္လိုက္ေတာ့သည္။

…………………………

ဒီေန႕ဟာ ကုမၸဏီပိတ္ရက္ျဖစ္တာမလို႔ သခင္ေလးတို႔အကုန္လုံးအိမ္မွာရွိေနၾကသည္။ ပန္းၿခံထဲကေက်ာက္စားပြဲဝိုင္းမွာသုံးေယာက္သားထိုင္ေနၾကၿပီး ဂိုဏ္းအလုပ္ေတြေျပာေနၾကသည္။

"လက္နက္ေဈးေတြကေတာ္ေတာ္ကိုထိုးတက္လာတယ္ ဘယ္လိုလုပ္မလဲ Chanyeol"

"အတတ္နိုင္ဆုံးေတာ့ ဘယ္‌ေဈးထိေလွ်ာ့ေပးနိုင္မလဲဆိုတာ ငါတို႔ေမးၾကည့္ရမယ္ Sehun က ေဈးဘယ္ထိေလွ်ာ့ေပးနိုင္မလဲဆိုတာ‌ေမးေပးထား"

"ဟုတ္ကဲ့ Hyung"

"ၿပီးေတာ့ ေျပာရဦးမယ္ ငါတို႔ထဲသတင္းေပးေတြရွိေနတယ္ထင္တယ္ ကုမၸဏီထိေတာင္လာစစ္ေဆးသြားတယ္ဆိုေတာ့ "

"မင္းေျပာတာဟုတ္တယ္ Jongin မူမမွန္တဲ့လူမွန္သမွ်ကိုငါတို႔သတိထားဖို႔လိုတယ္"

က်ေနာ္သခင္ေလးတို႔သုံးေယာက္အတြက္ေကာ္ဖီေဖ်ာ္ၿပီးသြားခ်ေပးေတာ့ Jonginက ေကာ္ဖီတလုပ္ကိုျမည္းရင္း ခ်ီးက်ဴးစကားဆိုလာသည္။

"ဒီရာသီဥတုနဲ႕ Baekhyuneeေဖ်ာ္ေပးတဲ့ေကာ္ဖီနဲ႕အလိုက္ဆုံးပဲ Chanyeolမင္းတအားကံေကာင္းတာပဲ တသက္လုံးနီးပါးသူေဖ်ာ္ေပးတဲ့ ေကာ္ဖီေသာက္လာရတာ"

သခင္ေလးကၿပဳံး႐ုံပဲျပဳ‌ံးျပလိုက္သည္။

"ဒါနဲ႕ Hyungအခုဝတ္ထားတဲ့ဆြယ္တာေလးမျမင္ဖူးပါလား သိပ္မဝတ္လို႔မ်ားလား မနက္ကေတာင္မဝတ္ထားဘူးေနာ္"

သခင္ေလးSehunက သခင္ေလးကိုၾကည့္ၿပီးေျပာလာေတာ့မွ က်ေနာ္သခင္ေလးရဲ႕ဆြယ္တာကိုၾကည့္မိလိုက္သည္။ သခင္ေလးရွားညိုေရာင္ဆြယ္တာဝတ္ထားမွန္းသိေပမယ့္ Eun Youngေပးသည့္ဆြယ္တာေလးလို႔ထင္ေနတာ။

အခုေသခ်ာၾကည့္လိုက္မွ က်ေနာ္ထိုးေပးထားသည့္ဆြယ္တာေလးျဖစ္ေနသည္။ က်ေနာ္ရင္ထဲအေပ်ာ္လုံးဆို႔သြားသည္။ သခင္‌ေလးကက်ေနာ္ထိုးေပးထားတဲ့ဆြယ္တာကိုဝတ္ထားသည္တ့ဲ။

" ၿခံထဲဆင္းလာေတာ့ မေအးေအာင္ဒါဝတ္ခဲ့တာ "

"Eun Youngေပးတဲ့တထည္နဲ႕မတူဘူးေနာ္ Hyung"

"အင္း မတူဘူး ဒါကတျခားတေယာက္ေမြးေန႕လက္ေဆာင္ေပးထားတာ"

"ဝတ္လို႔ေကာင္းမယ့္ပုံပဲေနာ္ Chanyeol
ေႏြးမယ္ထင္တယ္"

"ေႏြးတယ္ အိမ္မွာေနရင္းအၾကမ္းေပါ့ေပါ့ပါးပါးဝတ္လို႔ရတာေပါ့"

အၾကမ္းမကလို႔ ေျခသုတ္ဝတ္ပဲလုပ္လုပ္ သခင္ေလးထိုရွားညိုေရာင္ဆြယ္တာေလးကိုဝတ္ေနတာကိုက က်ေနာ္အတိုင္းထက္အလြန္ေပ်ာ္႐ႊင္ေနမိပါၿပီ။ က်ေနာ့္အခ်စ္ေတြနဲ႕ႀကိဳးစားပမ္းစားထိုးေပးခဲ့တာမလို႔ သခင္ေလး ဒီေဆာင္းရာသီမွာ ပုံမွန္ထက္ေႏြးေထြးေနမွာပါ။

ေန႕လယ္စာစားၿပီးၾကေတာ့ သခင္ေလးကက်ေနာ့္ကိုသူ႕အခန္းထဲလာဖို႔ေျပာတာေၾကာင့္ က်ေနာ္သခင္ေလးအခန္းထဲသြားလိုက္သည္။

"ဘာခိုင္းစရာရွိလို႔ပါလဲ သခင္ေလး"

"ငါအျပင္သြားစရာရွိလို႔ လူငယ္ဆန္ဆန္ပုံစံေလးဝတ္ခ်င္တာမင္းေ႐ြးေပး"

"ဟုတ္ကဲ့ပါ"

သခင္ေလးစကားေၾကာင့္ က်ေနာ္သခင္ေလးဗီရိုထဲမွအဝတ္ေတြကိုေ႐ြးေနမိသည္။ ေအးေနေသာရာသီဥတုေၾကာင့္ က်ေနာ္လူငယ္ဆန္ဆန္မိုးျပာဆြယ္တာေလးနဲ႕ ေဘာင္းဘီရွည္အျဖဴေလးကိုထုတ္ေပးလိုက္သည္။

က်ေနာ္ေ႐ြးေပးထားေသာ အဝတ္ေတြကိုၾကည့္ၿပီးသခင္ေလးကၿပဳံးကာ ခ်ီးက်ဴးစကားဆိုလာသည္။

"မင္းေတာ္သားပဲ သြားလို႔ရၿပီ"

က်ေနာ္လည္းေအာက္ထပ္ျပန္ဆင္းလာၿပီး အလုပ္လုပ္စရာရွိတာေတြထပ္လုပ္ေနမိသည္။

ခနၾကာေတာ့ သခင္ေလးကအေပၚထပ္မွဆင္းလာသည္။

"ဘယ္သြားမလို႔လဲ Hyung သန႔္ျပန႔္ေနတာပဲ"

"Eun Youngနဲ႕ ဒိတ္မလို႔ေလ"

"ဒိတ္?" သခင္ေလးSehunကအံ့ဩတႀကီးျဖစ္သြားသလို ဧည့္ခန္းမွာၾကမ္းတိုက္ေနတဲ့ က်ေနာ္နဲ႕ Luhanလည္းအံ့ဩတႀကီးျဖစ္သြားရသည္။

ဒိတ္ဆိုမွေတာ့ သူတို႔ႏွစ္ေယာက္တြဲေနၾကၿပီဆိုတဲ့သေဘာလား။

ဒါဆိုသခင္ေလးကသိပ္ရက္စက္တာပဲ။ သူ႕ေကာင္မေလးနဲ႕ဒိတ္ရင္ဝတ္ဖို႔အဝတ္အစားေတြကို သူ႕ကိုခ်စ္လာတာ 10ႏွစ္နီးပါးရွိေနၿပီျဖစ္တဲ့ က်ေနာ့္ကိုေ႐ြးခိုင္းခဲ့သည္ေပါ့။ ဘယ္ေလာက္ပဲက်ေနာ့္အခ်စ္ေတြကိုမ်က္ကြယ္ျပဳခဲ့သည္ေျပာေျပာ ဒီလိုေတာ့မလုပ္သင့္ဘူးမလား။

သခင္ေလးSehunကိုျပန္ေျဖကာ ထြက္သြားေသာ သခင္ေလးေက်ာျပင္ကို က်ေနာ္ၿငိမ္သက္စြာျဖင့္ မ်က္စိတဆုံးၾကည့္ေနမိသည္။

"Baekhyun Hyungအဆင္ေျပရဲ႕လား"

သခင္ေလး Sehunကေမးလာမွ က်ေနာ္သတိျပန္ဝင္လာသည္။

"အဆင္ေျပပါတယ္ "

အေျဖတခုကိုက်ေနာ္ျပန္ေျဖကာ စိတ္မပါစြာက်ေနာ္အလုပ္ဆက္လုပ္ေနလိုက္သည္။

ဒီၾကားထဲ Eun Youngဆိုသည့္ေကာင္မေလးသည္ ေန႕စဥ္ဆက္တိုက္ဆိုသလိုပင္ က်ေနာ္တို႔အိမ္ကိုေရာက္ေရာက္လာသည္။

႐ုံးဖြင့္ရက္ေတြဆိုရင္ ညေန သခင္ေလးတို႔႐ုံးဆင္းတဲ့အခ်ိန္ေတြမွာေရာက္လာတတ္ၿပီး တခါတေလဆိုရင္ေတာ့သခင္ေလးနဲ႕အတူျပန္လာတတ္သည္။ အတူျပန္လာသည့္ရက္တိုင္း သခင္ေလးနဲ႕လက္တြဲၿပီးအိမ္ေတာ္ႀကီးထဲဝင္လာတာကိုၾကည့္ရရင္ သူတို႔ႏွစ္ဦးတြဲ‌ေနတာေသခ်ာသေလာက္ပင္ရွိေနၿပီ။

႐ုံးပိတ္ရက္မ်ားဆိုရင္ေတာ့ တရက္လုံးသခင္ေလးနဲ႕ဒိတ္ေနတတ္သည္။
က်ေနာ္ ထို Eun Youngဆိုသည့္ေကာင္မေလးကိုမုန္းတာေၾကာင့္ သူလာတိုင္း က်ေနာ္တေနရာရာကိုေရွာင္မိသည္။ သခင္ေလး‌ေကာ္ဖီ‌ေဖ်ာ္ခိုင္းရင္ေတာင္ က်ေနာ္ေဖ်ာ္ၿပီးတာနဲ႕ Luhanကိုပဲသြားပို႔ခိုင္းသည္။

"အဲ့ Eun Youngဆိုတဲ့တေယာက္ အရမ္းအားယားေနတာထင္တယ္ တေနကုန္လာေနတာ"

ေကာ္ဖီပို႔ၿပီးျပန္လာတဲ့ Luhanက ေကာ္ဖီဗန္းကိုခ်ကာပြစိပြစိေျပာလာေတာ့ က်ေနာ္ရီမိသည္။
Luhanေျပာသလိုပါပဲ။အဲ့ေကာင္မေလးကအရမ္းအားေနတာထင္တယ္။

ဘာလိုလိုနဲ႕ ခရစၥမတ္ကိုေရာက္လာ‌ေတာ့မည္။ခါတိုင္းႏွစ္မ်ားဆိုလွ်င္ သခင္ေလးေမြးေန႕မွာပြဲလုပ္ခဲ့ၿပီးၿပီမလို႔ ခရစၥမတ္မွာဘာပြဲမွထပ္မလုပ္။ သို႔ေသာ္ဒီႏွစ္ေတာ့ ခရစၥမတ္ညမွာပြဲေလးတခုလုပ္ေပးမည္ဟု အိမ္ေတာ္ႀကီးထဲသတင္းေတြပ်ံ့ေနသည္။

"မင္းၾကားၿပီးၿပီလား Baekhyun ဒီႏွစ္ ခရစၥမတ္မွာပြဲလုပ္ေပးမယ္တဲ့"

က်ေနာ္ႏွင္း‌ဆီပင္ေတြေရေလာင္းေနတုန္း Luhanကက်ေနာ့္နားနားတိုးတိုးေလးေျပာလာသည္။

"ဟုတ္လား ေသခ်ာလို႔လား Luhanရဲ႕"

"98%ေလာက္ေသခ်ာတယ္"

တကယ္လည္း သခင္ေလးကခရစၥမတ္မွာပြဲလုပ္ေပးသည္။ ခရစၥမတ္ေန႕မနက္မွာေတာ့သခင္ေလးမွာထားတဲ့ ဝိုင္ပုလင္းေတြကိုေနရာခ်ရင္းအလုပ္ရႈပ္ေနၾကသည္။

"သခင္ေလးက ဒီႏွစ္ေတာ့တအားရက္ေရာေနတာပဲ ခါတိုင္းဆိုရင္ဘီယာဘူးေလာက္ပဲ ခုေတာ့ဝိုင္ပုလင္းေတြဘာေတြနဲ႕"

Luhanကဝိုင္ပုလင္းေတြထည့္ထားတဲ့ပုံးေတြထဲက ဝိုင္တပုလင္းခ်င္းဆီကိုစားပြဲေတြေပၚမွာ ‌ေသခ်ာထားရင္းပါးစပ္ကေျပာလာသည္။

"အေျပာင္းအလဲေလးျဖစ္ေအာင္ေနမွာေပါ့ Luhanရယ္"

ညပိုင္းေရာက္ေတာ့ ေအးခဲေနတဲ့ဒီဇင္ဘာလရဲ႕အေအးဓာတ္ကိုခုခံနိုင္ရန္ ခရစ္စမတ္ရဲ႕ကိုယ္စားျပဳအေရာင္ေလးျဖစ္တဲ့အနီေရာင္ဆြယ္တာထူထူကိုဝတ္လိုက္သည္။

ၿပီးတာနဲ႕ ပြဲလုပ္မည့္ေနရာကိုထြက္လာလိုက္သည္။ပြဲထဲမွာေတာ့လူေတြစည္စျပဳေနၿပီ။

အဝါေရာင္ဆြယ္တာထူထူႀကီးနဲ႕ ျမႇုပ္ေနတဲ့ Luhanကိုျမင္လိုက္တာေၾကာင့္ Luhanဆီကိုသြားလိုက္သည္။

"Luhan မင္းခုဝတ္ထားတဲ့ဆြယ္တာငါမျမင္ဖူးပါဘူး "
သူဝတ္ထားတဲ့အဝါေရာင္ဆြယ္တာမွာ သမင္႐ုပ္အႀကီးႀကီးလည္းပါေသးသည္။

"ဟီးဟီး သခင္ေလးSehunက ခရစ္စမတ္လက္ေဆာင္ေပးတာေလ "

"မင္းကေရာ ဘာျပန္ေပးလိုက္တုန္း"

"အာ့လွ်ို႔ဝွက္ခ်က္" က်ေနာ့္ကိုေျဖၿပီးမ်က္ႏွာေတြနီရဲေနတဲ့Luhanေၾကာင့္ ဒီေကာင္သခင္ေလးSehunနဲ႕တခုခုပဲဟု ခ်က္ခ်င္းသိလိုက္သည္။

"မင္းေရာ မင္းသခင္ေလးကိုဘာမွမေပးေတာ့ဘူးလား"

"ဘာမွမေပးနဲ႕လို႔ေျပာထားလို႔ မေပးေတာ့တာ"

"သခင္ေလးကတကယ္ပါပဲကြာ"

ပြဲရဲ႕ထိပ္ဆုံးစားပြဲဆီကိုေရာက္လာတဲ့သခင္ေလးကို က်ေနာ္လွမ္းျမင္လိုက္ရသည္။သခင္ေလးကလည္း က်ေနာ့္လိုဆြယ္တာအနီေလးပဲဝတ္ထားသည္။ တခုကြဲျပားေနသည္က သခင္ေလးဆြယ္တာအလယ္မွာ ခရစ္စမတ္သစ္ပင္အစိမ္းေရာင္ေလးနဲ႕။ ဘာရယ္မဟုတ္။ သခင္ေလးေရာ က်ေနာ္ေရာ ဆြယ္တာအနီေလးေတြမလို႔စိတ္ထဲေပ်ာ္သြားရသည္။

သို႔ေသာ္ၾကာရွည္မေပ်ာ္လိုက္ရ။ သခင္ေလးရပ္ေနတဲ့စားပြဲဆီေရာက္သြားတဲ့ Eun Youngဆိုသည့္ေကာင္မေလးသည္လည္း သခင္ေလးလိုဆြယ္တာအလယ္မွာ ခရစ္စမတ္သစ္ပင္အစိမ္းေရာင္ေလးနဲ႕။ ဒါဆိုသူတို႔ကဆင္တူဝတ္ထားတာေပါ့။

"ဟက္" စိတ္ထဲကနာက်င္စြာျဖင့္တခ်က္ရီမိလိုက္သည္။ သခင္ေလးတို႔ေဘးစားပြဲမွာေတာ့ က်ေနာ့္မ်က္ႏွာကိုလွမ္းအကဲခတ္ေနတဲ့ နို႔စိမ္းေရာင္ဆြယ္တာနဲ႕ Jonginရပ္ေနသည္။

"အားလုံးဝိုင္ခြက္ေတြကိုင္လိုက္ၾကပါ"

သခင္ေလးစကားသံေၾကာင့္ က်ေနာ္တို႔အားလုံးဝိုင္ခြက္ကိုယ္စီကိုင္လိုက္ၾကသည္။

"ဒီေန႕ဟာ ခရစ္စမတ္ျဖစ္တယ္ ၿပီးေတာ့ေနာက္မၾကာခင္မွာလည္း ႏွစ္သစ္ကိုေရာက္ေတာ့မယ္ ႏွစ္သစ္မွာအားလုံး လိုအင္ဆႏၵေတြျပည့္ဝၾကပါေစဗ်ာ Merry Christmas and Happy New Year"

က်ေနာ္တို႔အားလုံးဝိုင္ခြက္ေတြကိုယ္စီေျမာက္ၿပီး "Merry Christmas and Happy New Year"ဟုေျပာကာ ဝိုင္ေသာက္လိုက္ၾကသည္။

"အားလုံးကိုေၾကညာစရာရွိပါတယ္ အခုက်ေနာ့္ေဘးမွာရပ္ေနတဲ့ေကာင္မေလးက က်ေနာ္ခ်စ္ရတဲ့သူပါ  အားလုံးသူ႕ကိုသခင္မေလးလို႔ေခၚေပးပါ"

"Yeolကလည္းဘာကိုသခင္မေလးလဲ မမေလးလို႔ေခၚရင္ရပါၿပီ"

"အာ့ဆိုလည္း Youngေျပာသလိုပဲ မမေလးလို႔ေခၚၾက"

နာမည္အခ်င္းခ်င္းအ‌ဖ်ားစြပ္ေခၚေနတာကိုၾကားရေတာ့က်ေနာ့္ရင္ထဲဆစ္ခနဲနာက်င္လာရသည္။က်ေနာ္တိတ္တခိုးေခၚခဲ့ေသာ Yeolဆိုတာကို သူမကေခၚေနၿပီပဲ။

"ေနာက္ထပ္သတင္းေကာင္းတခုေၾကညာစရာရွိပါေသးတယ္"
သခင္ေလးကသူ႕ေဘးမွာရပ္ေနတဲ့ Eun Youngရဲ႕လက္ဖဝါးကိုဆုပ္ကိုင္လိုက္ကာ
"မၾကာခင္ က်ေနာ္တို႔လက္ထပ္ေတာ့မွာပါ"

"Hyung"သခင္ေလးSehunထံမွအံ့ဩတႀကီးျဖင့္ Hyungဟုေခၚသံထြက္လာသလို

"ခြမ္း" က်ေနာ့္လက္ထဲမွဝိုက္ခြက္ေလးသည္ ေက်ာက္ျပားအလွေတြခင္းထားေသာ‌ေျမျပင္ေပၚက်ကာ တစစီေၾကကြဲသြားရၿပီး က်ေနာ့္ႏွလုံးသား‌ေလးသည္လည္း တစစီေၾကကြဲၿပိဳလဲခဲ့ရၿပီ။

အတန္ငယ္တိတ္ဆိတ္ေနေသာေလထုၾကား ဝိုင္ခြက္က်ကြဲသံကက်ယ္ေလာင္စြာေပၚလာတာေၾကာင့္ သခင္ေလးအပါအဝင္လူေတြအားလုံးအာ႐ုံက က်ေနာ့္ဆီစုၿပဳံၾကလာသည္။

"ေတာင္းပန္ပါတယ္ လက္ေခ်ာ္သြားတာပါ"

"ဒါဆိုအသားေတြကင္ၿပီးစားလို႔ရပါၿပီ"

"Luhanငါျပန္ႏွင့္ၿပီ"

"Baekhyun!!!"Luhanေခၚသံကိုက်ေနာ္ဂ႐ုမျပဳဘဲ လွည့္ထြက္လာခဲ့သည္။က်ေနာ့္အိမ္ေလးဆီေရာက္လာနဲ႕ ေရခ်ိဳးခန္းထဲဝင္ကာ ေရပန္းကိုဖြင့္ခ်လိဳက္ၿပီးေရပန္းေအာက္ဝင္ထိုင္လိုက္သည္။

ေရပန္းက‌က်ေနတဲ့ေရေအးေတြက က်ေနာ့္ေခါင္းကေနစလို႔တကိုယ္လုံးကိုၿရဲ႐ြဲစိုေနေပမယ့္ က်ေနာ့္ႏွလုံးသားရဲ႕အပူဒဏ္ကိုေတာ့မေဖ်ာက္ဖ်က္နိုင္ခဲ့ပါ။

"Baekhyun!!!" Luhanရဲ႕ေအာ္ေခၚသံတခုနဲ႕အတူ က်ေနာ္ရွိေနတဲ့ေရခ်ိဳးခန္းထဲကို Luhanေရာက္လာသည္။

က်ေနာ့္နားထိုင္ခ်ကာ က်ေနာ့္ကိုဖက္လိုက္ၿပီး က်ေနာ့္ေက်ာျပင္ကိုပြတ္သပ္ကာ "ငိုခ်င္ရင္ငိုခ်လိဳက္" Baekhyunဟုေျပာလာသည္။

က်ေနာ္ဘယ္လိုပင္မငိုဘူးဟုအားတင္းေနခဲ့ပါေစ။ က်ေနာ္သည္းထန္စြာငိုေကြၽးခဲ့ေလသည္။

"အနည္းဆုံးေတာ့ သခင္ေလးအခ်စ္ကိုငါရနိုင္မယ္ထင္ခဲ့တာ Luhan" က်ေနာ့္မ်က္ဝန္းမွထြက္ေသာ မ်က္ရည္ပူေတြသည္ေရပန္းမွေရေအးေတြနဲ႕ေရာကာ ေရခ်ိဳးခန္းၾကမ္းျပင္ေပၚစီးက်သြားေလသည္။

က်‌ေနာ္Luhanကိုဖက္ၿပီးအားပါးတရ ငိုေႂကြးေနမိတာကို အျပင္မွာသူ႕ေကာင္မေလးနဲ႕ေပ်ာ္ေနမည့္ သခင္ေလးကေတာ့မသိနိုင္ခ့ဲပါ။

……………………….

ဒီေန႕က ခရစ္စမတ္ၿပီးလို႔5ရက္ေျမာက္တဲ့ေန႕။ မနက္ျဖန္‌ဆိုလွ်င္ ဒီဇင္ဘာ 31ရက္ေန႕။

"Baekhyun သက္သာရဲ႕လား"

က်ေနာ့္ကိုေဆးသြင္းေပးေနတဲ့ KyungSoo Hyungကေမးလာသည္။

ခရစ္စမတ္ၿပီးလို႔ ေနာက္တရက္မွာ Luhanေရာ က်ေနာ္ေရာဖ်ားၾကသည္။ ေရပန္းေအာက္ေနခဲ့တာခ်င္းအတူတူ Luhanကႏွစ္ရက္ေလာက္ေကာင္းေကာင္းနားလိုက္ၿပီးေပ်ာက္သြားေပမယ့္ က်ေနာ္ကခုထိမေပ်ာက္ေသး။ အသည္းကြဲသည့္ဒဏ္ေၾကာင့္ခုထိနလံမထူနိုင္ေသးတာေနမယ္။

"သက္သာပါတယ္ KyungSoo Hyung"

"ေသာက္ေဆးေတြထားခဲ့ေပးမယ္ ေန႕လယ္ဆန္ျပဳတ္စားၿပီးေသာက္လိုက္"

"ဟုတ္ ေက်းဇူးပါ KyungSoo Hyung"

"နားလိုက္ေနာ္"

KyungSoo Hyungထြက္သြားၿပီး က်ေနာ္မ်က္လုံးေတြမွိတ္ကာနားေနတုန္း ေျခသံၾကားလိုက္ရတာေၾကာင့္ Luhanလို႔ထင္မိလိုက္ေသာ္လည္း မ်က္လုံးေတြဖြင့္ၾကည့္လိုက္ေတာ့ Jonginျဖစ္ေနသည္။

"ကိုယ့္ေၾကာင့္အိပ္ရတာ အေႏွာင့္ယွက္ျဖစ္သြားၿပီလား Baekhyunee"

"မျဖစ္ပါဘူး ဒီတိုင္းမွိန္းေနတာပါ သခင္ေလးJongin"

Jonginကက်ေနာ့္နဖူးေပၚလက္တင္ကာ
"ကိုယ္အရမ္းေတာ့မပူေတာ့ဘူးပဲ"

"က်ေနာ္သက္သာေနပါၿပီ"

"Baekhyunee ကိုယ္အခုကုမၸဏီမသြားခင္မင္းဆီခဏလာတာ ေျပာစရာရွိလို႔"

"ေျပာပါ သခင္ေလးJongin"

"ကိုယ္ေနာက္ႏွစ္ထဲနိုင္ငံျခားျပန္ျဖစ္ဖို႔မ်ားတယ္ အဲ့တာBaekhyuneeကိုပါအတူေခၚသြားခ်င္တယ္ ကိုယ္နဲ႕လိုက္ခဲ့မလား"

႐ုတ္တရက္ႀကီးသူနဲ႕အတူနိုင္ငံျခားလိုက္ဖို႔ေခၚေနေသာ Jonginကို
"က်ေနာ္မလိုက္နိုင္ပါဘူး သခင္ေလးနားပဲတသက္လုံးေနမွာပါ"

"Baekhyuneeကေခါင္းမာတာပဲ သူ႕ခ်စ္သူနဲ႕သူနဲ႕လက္ထပ္ၿပီး ၾကည္ႏူးၾကတာေတြ ကေလးေတြေမြးလာၾကမွာကို Baekhyuneeဒီတိုင္းၾကည့္နိုင္တယ္ေပါ့"

ခါးသက္လြန္းေသာအမွန္တရားကို Jonginကခ်က္က်လက္က်နဲ႕ေျပာလာေတာ့ က်ေနာ့္ရင္ထဲနာက်င္ရျပန္သည္။ Jonginေျပာသလို ထိုအမွန္တရားေတြကိုရင္ဆိုင္နိုင္ပါ့မလား။

ႏႈတ္ဆိတ္ေနေသာ က်ေနာ့္ကို Jonginက
"ကိုယ္နဲ႕အတူလိုက္ဖို႔ေသခ်ာျပန္စဥ္းစားၾကည့္ပါ Baekhyunee"

က်ေနာ့္ကိုေျပာၿပီး ကုမၸဏီသြားရန္က်ေနာ့္အခန္းထဲမွJonginျပန္ထြက္သြားသည္။က်ေနာ္သက္ျပင္းတခ်က္ခ်ကာ ခုတင္ေပၚမွာလဲလိုက္ၿပီး မ်က္လုံးေတြမွိတ္ကာေသခ်ာစဥ္းစားေနၾကည့္သည္။

……………………….

ဒီေန႕ေတာ့ အေတာ္အတန္သက္သာလာၿပီျဖစ္လို႔ က်ေနာ္ပန္းခ်ီဆြဲေနမိသည္။က်ေနာ့္ပန္းခ်ီခန္းေလးကိုပတ္လည္ၾကည့္မိေတာ့ တခန္းလုံးသခင္ေလးပန္းခ်ီေတြသာအမ်ားဆုံးရွိတာေၾကာင့္ ၿပဳံးမိသည္။

ဆြဲလက္စပန္းခ်ီကားတခ်ပ္ကိုဆြဲေနရင္း အခ်ိန္ၾကည့္မိေတာ့ ည 11နာရီေတာင္ေက်ာ္ေနခဲ့ၿပီ။မအိပ္ခင္ေလေကာင္းေလသန႔္ရႉခ်င္တာေၾကာင့္ ပန္းၿခံေလးထဲဆင္းသြားလိုက္သည္။

ပန္းၿခံထဲေရာက္ေတာ့ ႏွင္းဆီနီေတြကိုရပ္ၾကည့္ေနေသာသခင္ေလးကိုျမင္လိုက္ရသည္။က်ေနာ္ထိုးေပးထားတဲ့ ရွားညိုေရာင္ဆြယ္တာနဲ႕ ေဘာင္းဘီအျဖဴအရွည္ကိုဝတ္ထားသည့္ သခင္ေလးပုံစံကအရမ္းကိုၾကည့္ေကာင္းေနတာေၾကာင့္ က်ေနာ့္ႏွလုံးသားထဲ ထိုပုံေလးကိုခ်ိတ္ပိတ္လိုက္ၿပီး ပန္းခ်ီအျဖစ္ျပန္ပုံေဖာ္မည္ဟုေတြးလိုက္သည္။

တခုထူးဆန္းေနတာေတာ့ရွိသည္။ဘာေၾကာင့္မွန္းမသိ။ ေဘးတဝက္သာျမင္ေနရေသာ သခင္ေလးမ်က္ႏွာမွာဝမ္းနည္းမႈေတြျပည့္ႏွက္ေနသလိုပဲ။သူ႕ခ်စ္သူနဲ႕ New Yearညမွာအတူမရွိနိုင္လို႔မ်ားလား။

သခင္ေလးအနားကိုက်ေနာ္သြားလိုက္ကာ
"အိပ္မေပ်ာ္လို႔ပါလား သခင္ေလး"

မနက္စာေတြ၊ညစာေတြေရာ က်ေနာ္ခ်က္ေပးတာမဟုတ္ေတာ့ ေကာင္းေကာင္းမွစားဝင္ရဲ႕လား။မ်က္ႏွာေလးေခ်ာင္က်သြားသလိုပဲ။

က်ေနာ့္အသံကိုၾကားေတာ့ သခင္ေလးက က်ေနာ့္ဘက္လွည့္လာကာ
"မအိပ္ခ်င္ေသးလို႔ပါ မင္းကေရာ ေနမေကာင္းတာကိုဘာလို႔အျပင္ထြက္လာတာလဲ ျပန္အေအးမိဦးမယ္"

စိုးရိမ္သလိုအၾကည့္နဲ႕အတူ သခင္ေလးကက်ေနာ့္ကိုေျပာလာသည္။အဲ့လိုစိုးရိမ္တဲ့ပုံစံေတြမျပပါနဲ႕လား သခင္ေလးရယ္။ အဆုံးသတ္မွာက်ေနာ္ပဲနာက်င္ရလို႔ပါ။

"ေလေကာင္းေလသန႔္ရႉခ်င္လို႔ပါ တပတ္ေလာက္အခန္းထဲ‌ေအာင္းခဲ့ရေတာ့မြန္းၾကပ္လို႔ပါ"

"ဪ" ထိုတစ္လုံးသာ သခင္ေလးကျပန္ေျပာၿပီးႏွင္းဆီပန္းေတြကိုျပန္ၾကည့္ေနသည္။ က်ေနာ္တို႔ၾကားထဲအတန္ငယ္တိတ္ဆိတ္သြားၿပီးေနာက္

"Baekhyun"

"ေျပာပါ သခင္ေလး"

"မင္းငါ့ကိုထားခဲ့ၿပီး ထြက္သြားလိုက္ပါလား မဟုတ္ရင္မင္းပိုၿပီးနာက်င္ရမွာပဲ"

"က်ေနာ္နာက်င္ရမယ္မွန္းသိရင္ အစကတည္းကသခင္ေလးက်ေနာ့္အခ်စ္ေတြကိုလစ္လ်ဴမရႉခဲ့သင့္ဘူး အနည္းဆုံးေတာ့သခင္ေလးအခ်စ္ေတြကို က်ေနာ္ပိုင္ဆိုင္နိုင္မယ္ထင္ခဲ့တာ သခင္ေလးကအခုလိုလုပ္လိုက္ေတာ့ က်ေနာ္ကပဲအဆုံးသတ္မွာ ရင္ဘတ္ေတြဟက္တက္ကြဲၿပီးအခ်စ္႐ူးႀကီးျဖစ္က်န္ခဲ့ရတာပဲ"

က်ေနာ့္ရင္ထဲမွာမြန္းၾကပ္ေနသမွ်သည္ က်ေနာ့္ႏႈတ္ခမ္းကေနပြင့္အန္ထြက္လာၿပီး ေဆာင္းအေအးဓာတ္ေၾကာင့္ေအးစက္ေနေသာက်ေနာ့္ပါးျပင္ေပၚမွာလည္း ပူေႏြးေသာမ်က္ရည္ေတြကေနရာယူလာခဲ့ၿပီ။

သခင္ေလးကအံ့ဩသလိုၾကည့္လာၿပီးေနာက္ က်‌ေနာ့္နားေလွ်ာက္လာကာ က်ေနာ့္ပါးကိုသူ႕လက္တဖက္နဲ႕ကိုင္လိုက္ၿပီး က်ေနာ့္ပါးျပင္ေပၚကမ်က္ရည္ပူေတြကို သူ႕လက္မနဲ႕ဖြဖြေလးသုတ္ေပးလာသည္။

"ေတာင္းပန္ပါတယ္ Baekhyun"

က်ေနာ္ပါးျပင္ေပၚကသူ႕လက္ကိုက်ေနာ့္လက္နဲ႕ဖယ္လိုက္ၿပီး အေနာက္ကိုအနည္းငယ္ဆုတ္ကာ

" ဒီလိုေတြမလုပ္ပါနဲ႕ သခင္ေလးက်ေနာ့္အေပၚဘယ္ေလာက္ပဲရက္စက္ရက္စက္ခဲ့ သခင္ေလးကက်ေနာ့္အေပၚနည္းနည္းၾကင္နာျပလိုက္ရင္ ဒီေစာက္မွတ္မရွိတဲ့က်ေနာ္ကပိုၿပီးအ႐ူးႀကီးျဖစ္ရပါတယ္ သခင္ေလး"

သခင္ေလးကဘာမွမေျပာဘဲ သက္ျပင္းသာခ်ကာ က်ေနာ့္မ်က္ႏွာကိုစိတ္မေကာင္းသည့္ပုံစံျဖင့္ၾကည့္ေနသည္။

ထိုအခ်ိန္မွာပဲ အိမ္အကူေတြအတြက္ေဆာက္ေပးထားေသာ တန္းလ်ားဆီမွHappy New Year ဆိုေသာေအာ္သံေတြထြက္လာသည္။ ည 12နာရီထိုးသြားၿပီထင္သည္။

"Happy New Yearပါသခင္ေလး ႏွစ္သစ္မွစလို႔သခင္ေလးခ်စ္ျမတ္နိုးရတဲ့မမေလး Eun Youngနဲ႕အတူ သက္ဆုံးတိုင္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေပါင္းဖက္နိုင္ပါေစ"

သခင္ေလးဆီကဘာတုံ႕ျပန္မႈကိုမွ က်ေနာ္မေစာင့္ေတာ့ဘဲ က်ေနာ္အရင္ေက်ာေပးထြက္လာလိုက္သည္။
ဒီႏွစ္ Christmasေရာ New Yearေရာသည္ က်ေနာ့္အတြက္နာက်င္မႈမ်ားကိုသာ သယ္ေဆာင္လာခဲ့ပါသည္။

………..…To be continued……….……

(25.12.2021 Sat)
Merry Christmas ☃️🎄❄️

Christmasမလို႔ ဒါေလးေရာ My Bad Boyေလးေရာကို Christmas presentအျဖစ္ updateေပးလိုက္တယ္ဆိုေတာ့ကာ
ဒီကauthorမမေလး စာဆက္ေရးဖို႔အားျဖစ္ေအာင္ေရာ
Christmas presentအျဖစ္ေရာ Feedbackေလးေတြမေရးေပးၾကခ်င္ဘူးလားဟင္
သူမ်ားေတြfeedbackရထားတာေတြျမင္ရင္ အားက်လိဳ႕ပါေနာ္ Feedbackေလးေတြေရးေပးခဲ့ၾကပါလားဗ်ာ🥺🥺🙆🙆

Continue Reading

You'll Also Like

2M 106K 62
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
924K 39.1K 81
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
24.6K 1.8K 28
ကလေးက ကိုကို့အတွက် လိုအပ်ချက်ဆိုတာ မရှိတော့လောက်အောင် ပြည့်စုံလွန်းတဲ့သူ...
794K 31.3K 42
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...