Zawgyi
အပိုင္း (၈၃၁) – ေနာက္တစ္ခါ ေအာင္ႏုိင္သူလို႔ေခၚ
"ရွီခ်န္က်ိက ေရွာင္ခ်ီ႕ကိုဖမ္းမိသြားမွာ စီနီယာေၾကာက္လို႔လား" ရွီမာယူယူေမးလုိက္သည္။
"နဂါးနက္ကိုးကြယ္ေရးဂိုဏ္းကလူေတြက ေရွာင္ခ်ီရွိေနတာကိုသိေန ၾကျပီေလ၊ အခု သူတို႔ ထပ္ေပၚလာတယ္ဆိုေတာ့ ေရွာင္ခ်ီ႕အတြက္လာ ၾကတာပဲ" ဟန္႔ေျမာင္ရႊမ္ ေျပာေလသည္။
"သူတို႔လာပါေစ သူတို႔ကိုစမ္းျပီး ကိုယ္တုိင္စစ္ေဆးေပးလုိက္မယ္" ေရွာင္ခ်ီသည္ လက္သီး ဆုပ္ကာ တုိက္ပြဲတုိက္ရန္ အဆင္သင့္ျဖစ္ ေနသလိုပင္။
"ေရွာင္ခ်ီ မင္းက ကမာၻေျမၾကီးမ်က္လံုးမဟုတ္ဘူးလား ဘာလုိ႔ေ အာင္ႏုိင္သူလိုလုပ္ေနတာလဲ" ရွီမာယူယူသည္ သူမအားၾကည့္ျပီး ေမးလိုက္ သည္။
"ေအာင္ႏုိင္သူဟုတ္ဘား အဲဒါဘာလဲ" ေရွာင္ခ်ီသည္ မ်က္လံုးျပဴးကာ သူမကိုၾကည့္လုိက္သည္ "အဲဒါဘာပဲျဖစ္ျဖစ္ နားေထာင္ရတာမဆိုးဘူး၊ ေနာက္ကို ေရွာင္ခ်ီ႕ကို ေအာင္ႏုိင္သူလို႔ေခၚ"
"ေအာင္ႏုိင္သူဆိုတာ တုိက္ပြဲတိုင္းမွာ ေအာင္ျမင္သူလို႔ေျပာတာ ေရွာင္ခ်ီကျဖစ္ႏုိင္လား"
"ျဖစ္ႏုိင္တာေပါ့ ေစာင့္သာၾကည့္လိုက္" ေရွာင္ခ်ီသည္ ဂုဏ္ယူစြာ ေမးေစ့ေမာ့ကာ ေျပာေလ သည္။
ရွီမာယူယူသည္ သူမစကားမ်ားကို စိတ္ထဲမထည့္ပဲ ျပံဳးလုိက္သည္။ သူမသည္ ဟန္႔ေျမာင္ရႊမ္ တို႔ကို ႏႈတ္ဆက္ျပီး ထြက္သြားလိုက္သည္။
ေဝၾကီးႏွင့္ ေဝေလးတို႔သည္ သူမႏွင့္ အလြန္ရင္းႏွီးေနေလျပီ။ သူမကို သူတုိ႔ျမင္သည္ႏွင့္ ဘာမွမေျပာပဲ သူမသြားခ်င္သည့္ေနရာကို တိုက္ရိုက္ပင္ပို႔ ေပးလုိက္သည္။
ယူယူႏွင့္ ေရွာင္ခ်ီတို႔ ဂိုဏ္း၏ဂိတ္ဝမွထြက္သည္ႏွင့္ ေရွာင္ခ်ီသည္ သူမလက္ကိုဆုပ္ကိုင္လုိက္ သည္ "ေနာက္ကေနလိုက္လာတဲ့လူရွိတယ္"
"သူတို႔လိုက္ခ်င္တယ္ဆိုရင္ေတာ့ လုိက္ပါေစ၊ ငါတို႔ပစၥည္းသြားဝယ္မွာ ပဲ" ရွီမာယူယူသည္ တျခားလူကို သတိမထားမိသကဲ့သို႔ ေရွာင္ခ်ီအား ဆိုင္ဆီ သို႔ေခၚသြားလိုက္သည္။
အံ့ဖြယ္တမန္ေတာ္မူႏွင့္ တျခားအေပါင္းအပါႏွစ္ေယာက္သည္ သူတို႔ ထြက္သြားသည္ကို ေစာင့္ ၾကည့္ေနျပီး လမ္းေထာင့္မွ ထြက္လာလိုက္သည္။
"ဆရာအံ့ဖြယ္တမန္ေတာ္ အဲဒါရွီမာယူယူပဲ ဒါေပမဲ့ သူ႔ေဘးက ကေလးက ကမာၻေျမၾကီး မ်က္လံုးလို႔မထင္ရဘူး၊ ကမာၻေျမၾကီးမ်က္လံုးက ၄ႏွစ္ကေန ၆ႏွစ္အရြယ္ကေလးလို႔ ဆရာညာလက္ရံုး ေျပာတယ္မလား"
"ဒီအခ်ိန္မွာ အတိအက်မေျပာႏုိ္င္ေသးဘူး" အံ့ဖြယ္တမန္ေတာ္မူေျပာ ေလသည္ "က်န္းက်ဴရွန္႔ ထြက္လာေတာ့ ကမာၻေျမၾကီးမ်က္လံုးက ေျပာင္းလဲ မႈျဖစ္စဥ္လုပ္ေနတယ္လို႔လည္း ေျပာတယ္၊ သူမ ေျပာင္းလဲမႈျဖစ္စဥ္ျပီးေတာ့ ဒီလိုပံုျဖစ္သြားတာလည္း ျဖစ္ႏုိင္တယ္"
"ကၽြန္ေတာ္တို႔ ဒီမွာေရာက္ေနတာ အေတာ္ၾကာေနျပီ သူမကို ခက္ခက္ခဲခဲနဲ႔ရွာေတြ႕ထားတာ အဲကေလးက တကယ္ပဲကမာၻေျမၾကီး မ်က္လံုးဟုတ္ဟုတ္ မဟုတ္ဟုတ္ သူမကိုေခၚျပီးေမးရင္ သိမွာပဲ" ေနာက္ အေပါင္းအပါတစ္ေယာက္က ေျပာေလသည္။
"အံ့ဖြယ္တမန္ေတာ္မူ သူတို႔ေနာက္လုိက္ရမလား"
အံ့ဖြယ္တမန္ေတာ္မူသည္ ဂိုဏ္း၏အေပါက္ဝကိုၾကည့္ျပီး ေျပာလိုက္ သည္ "သူတို႔ေနာက္ကို ေနာက္ေယာင္ခံလုိက္ဖို႔ လူလႊတ္လိုက္ အခြင့္အေရး ရတာနဲ႔ လႈပ္ရွား"
"ဟုတ္ကဲ့ပါ ဆရာအံ့ဖြယ္တမန္ေတာ္"
သူတို႔ႏွစ္ေယာက္သည္ ျပန္ဆုတ္သည္ႏွင့္ သူတုိ႔လူမ်ားကိုဆက္သြယ္ ရန္ သြားၾကျပီး လႈပ္ရွား ရန္ ေျပာၾကေလသည္။
လမ္းတစ္ဖက္ရွိလက္ဖက္ရည္ဆိုင္တြင္ ရီွခ်န္းက်ိသည္ လက္ရန္းကိုမွီ ကာ အနက္ေရာင္ဝတ္ ထားေသာလူတစ္ေယာက္ႏွင့္ရပ္ေနေလသည္။
"ဆရာအံ့ဖြယ္တမန္ေတာ္ အံ့ဖြယ္တမန္ေတာ္မူက စလႈပ္ရွားေနျပီ" ထိုလူသည္ တေလးတစား ေျပာေလသည္။
"ငါျမင္တယ္" ရွီခ်န္းက်ိသည္ လက္ဖက္ရည္ခြက္ကို ေကာက္ယူျပိး အနက္ေရာင္ေဆးတစ္လံုး ထုတ္ကာထည့္လိုက္သည္။ သူသည္ ေဆးေပ်ာ္ သြားသည္အထိ ေစာင့္ျပီး ေသာက္ျပီးေနာက္ ျပန္ခ် လိုက္ေလသည္။
"ကၽြန္ေတာ္တို္႔ တစ္ခုခုသြားလုပ္ရမလား"
"တစ္ခုခုလုပ္ရမယ္ဟုတ္လား၊ မဟုတ္ဘူး ငါတို႔ဘာမွမလုပ္ဘူး၊ ငါတို႔ဒီမွာ သတိထားၾကည့္ရံုပဲ ကူညီဖို႔မဟုတ္ဘူး" ရွီခ်န္းက်ိ ေျပာေလသည္ "ဒါေပမဲ့ ျပင္ဆင္ထားရမယ္ ဘယ္သူသိႏုိင္မလဲ ငါတို႔ လည္း ပါသြားႏိုင္တယ္"
"ဆရာအံ့ဖြယ္တမန္ေတာ္ သူတို႔က အျပစ္ေပးခံထားရတုန္းပဲရွိေသး တယ္"
ရွီခ်န္က်ိသည္ သူ႔နဖူးသူျပန္ရိုက္လုိက္သည္ "မင္းမေျပာရင္ ငါေမ့ ေတာ့မလို႔ သူတို႔ကိုေျဖေဆး ေပးလိုက္ဦး ဒါကိုခ်န္လွပ္ထားမယ္ဆိုရင္ ဒီတစ္ခါကို ဒီမွာပဲအဆံုးသတ္သြားမယ္လို႔ သူတုိ႔ကို ေျပာလိုက္၊ ေနာက္တစ္ခါ လာရႈပ္မယ္ဆိုရင္ သူတို႔ကိုလြယ္လြယ္နဲ႔လႊတ္မေပးေတာ့ဘူး"
"ဟုတ္ကဲ့ပါ ဆရာအံ့ဖြယ္တမန္ေတာ္"
"သြားေတာ့"
ရွီခ်န္်ိသည္ ေဆးပုလင္းကိုသူ႔ဆီသို႔ေျမွာက္ေပးျပီး ထြက္သြားရန္ လက္ကိုေဝ့ရမ္းလုိက္သည္။
ျပီးခဲ့သည့္တစ္ခါက္ က်န္းမ်ိဳးႏြယ္ဝင္မ်ားကို သတ္ရန္အခြင့္အေရးရခဲ့ ေသာ္လည္း က်န္းခ်န္သည္ ထြက္ေျပးႏုိင္ခဲ့သည္။ သူတို႔ မစ္ရွင္ကိုျပီးေျမာက္ ေအာင္ မလုပ္ေဆာင္ႏုိင္ပါက ေသခ်ာေပါက္ အျပစ္ခံရမည္ျဖစ္သည္။ သူတို႔အတြက္ အျပစ္ေပးျခင္းမွာ တစ္မ်ိဳးသာရွိသည္။ သူတို႔ကို အဆိပ္ေကၽြး ျခင္းျဖစ္သည္။ သူတို႔ခံစားရသည္မွာ လံုေလာက္ျပီဟုထင္သည္ႏွင့္ သူတို႔ကို အဆိပ္ေျဖေဆးေပးသည္။
အျပစ္ေပးသည္မွာ တစ္မ်ိဳးသာရွိေသာ္လည္း အဆိပ္မ်ိဳးစံုရွိသည္။ ခံစားရပံုမွာလည္း မတူညီၾက ေပ။
တူညီစြာပင္ သူသည္ အျပစ္ေပးျခင္းႏွင့္ပတ္သတ္ျပီး ဖြင့္ေပးထား သည္။ သူတို႔ အဆိပ္မိထားေသာ္လည္း အဆိပ္ကုသေပးႏိုင္သည့္ အရည္အခ်င္းရွိသူကိုရွာႏုိင္လွ်င္ အျပစ္ေပးျခင္းျပီးဆံုးသြား သည္။
အစပိုင္းတြင္ ကုသေပးမည့္လူမ်ားကို ရွာရန္ၾကိဳးစားၾကေသးသည္။ သို႔ေသာ္ ေအာင္ျမင္သည့္ လူမရွိေပ။ ေနာက္မွပင္ ထိုအဆိပ္မ်ားသည္ သူကိုယ္တိုင္ေဖာ္စပ္ထားသည္ကို သူတို႔သိသြားၾကသည္။ သူတို႔သည္ အျပင္ထြက္ျပီးအဆိပ္ေျဖေဆးကိုရွာေဖြရန္သြားၾကေသာ္လည္း မေတြ႕ၾကေပ။
ရွီခ်န္းက်ိသည္ လက္ဖက္ရည္ခြက္ျဖင့္ ကစားရင္းႏွင့္ ႏႈတ္ခမ္းေဘး သည္တြန္႔သြားကာ ျပံဳးေလသည္ "သူတို႔ေျပာသလိုမင္းက အားေကာင္းလား ဆိုတာ ငါက ၾကည့္ခ်င္ရံုပါ"
.....
ရွီမာယူယူသည္ ေန႔စဥ္သံုးပစၥည္းမ်ားကိုဝယ္လိုေသာ္လည္း မတတ္သာပဲ ျမိဳ႕အလယ္မွထြက္ကာ သာမန္ဆိုင္ကိုသာ ဦးတည္လိုက္ သည္။
သူတို႔သည္ လူစည္ကားေသာနယ္ေျမမွထြက္ကာ လမ္းတခ်ိဳ႕ကို ျဖတ္ေလွ်ာက္ခဲ့ၾကသည္။ သူတို႔လမ္းက်ဥ္းတစ္ခုကို ျဖတ္ေလွ်ာက္ျပီးေနာက္ တြင္ အနက္ေရာင္ဝတ္လူတစ္ေယာက္သည္ လမ္း အလယ္တြင္ရပ္ေနသည္ ကို ေတြ႕လုိက္ရသည္။
ယူယူလွည့္ၾကည့္ရာ ေနာက္ထပ္အနက္ဝတ္လူႏွစ္ေယာက္သည္ အဝင္ေပါက္တြင္ ေပၚလာ သည္ကိုေတြ႕လုိက္သည္။
"သူတို႔အကုန္လံုး ဧကရာဇ္အဆင့္ပဲ" သူမသည္ ျပိဳင္ဘက္၏ အင္အား ကိုသတိထားမိလိုက္ သည္။
"သူတုိ႔သံုးေယာက္ပဲမလား သူတို႔ကိုေရွာင္ခ်ီရွင္းလိုက္မယ္" ေရွာင္ခ်ီ၏ မ်က္လံုးမ်ားသည္ တက္ၾကြလာကာ စမ္းၾကည့္ခ်င္ေနသည္။
"ဒါဆို မင္းကိုပဲအပ္ထားလုိက္ရမလား"
"ေရွာင္ခ်ီ႕ကိုပဲအပ္ထားလုိက္ေတာ့" ေရွာင္ခ်ီသည္ လက္ႏွစ္ဖက္ပြတ္ ကာ လႈပ္ရွားရန္ အသင့္ ျဖစ္ေနေၾကာင္းျပေလသည္။
"ေကာင္းျပီ" ရီွမာယူယူသည္ ေဘးတြင္ရပ္ေနကာ သူမ၏ဝိဥာဥ္ေရာင္ဝါ ကို ထုတ္လႊတ္ကာ လာမည့္တိုက္ပြဲကို ျပင္ဆင္ထားသည္။
ေရွာင္ခ်ီသည္ လက္ေခ်ာင္းထုတ္ကာ အေရွ႕တြင္ရွိေသာ လူကိုညႊန္ျပ ေလသည္။ သူသည္ လက္ေခ်ာင္းကိုေကြးကာ ေျပာေလသည္ "လာခဲ့ ဒီအန္တီက မင္းကို ငါ့စြမ္းအားကိုျပေပးမယ္"
ထိုလူ၏ မ်က္လံုးမ်ားအေရာင္လက္သြားသည္။ ေရွာင္ခ်ီသည္ ကေလး တစ္ေယာက္ျဖစ္သည္ ဟုမေတြးေတာ့ေပ။ သူသည္ လ်င္ျမန္စြာပင္ ဝိဥာဥ္ စြမ္းအင္ထုတ္လိုက္သည္။ ရွီမာယူယူသည္ ထိုအပိုင္းအျခားမရွိေသာ အင္အား၏ဖိႏွိပ္မႈကို ခံစားရေသာ္လည္း ေရွာင္ခ်ီသည္ ခံစားရပံုမေပၚေပ။ သူမသည္ ကိုယ့္ကိုယ္ကို ကာကြယ္ရန္ ဝိဥာဥ္စြမ္းအင္သံုးရန္ပင္မလိုပဲ လက္သီးကိုေဝံရမ္းကာ သူတုိ႔ဆီသို႔ ေျပးသြားေလသည္။
"ေရွာင္ခ်ီ ဂရုစိုက္"
ေရွာင္ခ်ီသြားသည္ကိုျမင္သည္ႏွင့္ ရွီမာယူယူေအာ္လိုက္သည္။ လက္သီးတစ္ခ်က္ႏွင့္ပင္ သူမ သည္ ျပိဳင္ဘက္၏ ဝိဥာဥ္အရည္အခ်င္း ကိုေပ်ာက္ကြယ္ေအာင္လုပ္လုိက္သျဖင့္ သူမပင္လွ်င္ ပါးစပ္ အေဟာင္းသား ျဖင့္ အံ့ၾသရေလသည္။
ၾကမ္းလိုက္တာ....
ျပိဳင္ဘက္သည္လည္း ေရွာင္ခ်ီထိုမွ်ေလာက္ အားေကာင္းမည္ဟု ထင္ မထားေပ။ သူမ ဝိဥာဥ္စြမ္းအင္ကို ရုတ္သိမ္းလုိက္သည္ႏွင့္ သူမွင္တက္သြား သည္။ တစ္ခဏအတြင္းမွာပင္ ေရွာင္ခ်ီသည္ သူ႔အေရွ႕သို႔ေျပးသြားကာ ထိုးလိုက္သည္။
ထိုလူသည္ လ်င္ျမန္ေသာလႈပ္ရွားမႈျဖင့္ အလ်င္စလိုေရွာင္လုိ္က္ရာ သူမ၏တိုက္ခိုက္မႈမွ သီသီေလးလြတ္သြားေလသည္။ သို႔ေသာ္ ေရွာင္ခ်ီသည္ သူမေျခေထာက္ကိုကန္ထုတ္ျပီး အေရွ႕သို႔တိုး ေလသည္။ သူမလက္ကို ျဖန္႔ကာ သူ႔ရင္ဘတ္ကိုလြယ္ကူစြာပင္ တြန္းလိုက္ရာ ထိုလူသည္ လြင့္သြား ေလသည္။
"ဖူး"
ထိုလူသည္ သူ႔ခႏၶာကိုယ္ကို ဝိဥာဥ္စြမ္းအင္အလႊာျဖင့္ ကာကြယ္ထား ေသာ္လည္း သူ၏တြင္း ခႏၶာကိုယ္သည္ ေၾကသြားေလသည္။ လတ္ဆတ္ ေသာေသြးမ်ား ထြက္လာသည္။ ထို႔ေနာက္တြင္ သူ႔ မ်က္လံုးလည္သြားျပီး ခ်က္ခ်င္းပင္ေမ့ေျမာသြားေလသည္။
ရီွမာယူယူ၏ ေမးေစ့သည္ ၾကမ္းျပင္ထိမတတ္ပင္။ သူမက ဧကရာဇ္ အဆင့္ကၽြမ္းက်င္သူကို တစ္ခ်က္တည္းနဲ႔ ေမ့ေအာင္လုပ္ႏုိင္တာလား။
သူမသည္ ေရွာင္ခ်ီ၏ လက္ကေလးကိုၾကည့္လုိက္သည္။ အခုေလးတင္ သူမကိုင္ခဲ့သည့္လက္မွာ ႏူးညံ့လွသည္။ ဘယ္လိုစြမ္းအင္မ်ိဳးမို႔လို႔ သူ႔ရဲ႕ အကာအကြယ္ကို မဖ်က္ပဲနဲ႔ေတာင္ တစ္ခါတည္း ေမ့ေျမာသြား ေအာင္လုပ္ႏုိင္တာလဲ။
လမ္းၾကားမ်က္ႏွာခ်င္းဆိုင္တြင္ရွိေနေသာ တျခားႏွစ္ေယာက္သည္ သူတို႔ျပိဳင္ဘက္မွာ ေရွာင္ခ်ီ ၏ တိုက္ကြက္တစ္ခ်က္တည္းျဖင့္ ျပဳတ္သြား သည္ကိုျမင္ေသာအခါ ခ်က္ခ်င္းပင္ မ်က္ႏွာထားေျပာင္း သြားကာ အတူ တိုက္ၾကေလသည္။
"တစ္ေယာက္လာရင္ တစ္ေယာက္သတ္မယ္ ႏွစ္ေယာက္လာရင္ ႏွစ္ေယာက္သတ္မယ္"
တိုက္ကြက္တစ္ခ်က္တည္းႏွင့္ပင္ သူမ၏ ခႏၶာကိုယ္သည္ အေရွ႕ သို႔တိုးကာ သူတို႔၏ ဝိဥာဥ္ တိုက္ကြက္ကို ဖ်က္လိုက္သည္။ သူမသည္ မ်က္စိ တစ္မွိတ္အတြင္းတြင္ သူတို႔ေရွ႕တြင္ ဆင္းသက္ လိုက္သည္။
မိနစ္အနည္းငယ္အၾကာတြင္ ယူယူႏွင့္ ေရွာင္ခ်ီတို႔သည္ လက္ခ်င္း တြဲကာ လမ္းၾကားမွ ထြက္ လာေလသည္။ သူတို႔အေနာက္တြင္ ၾကီးမားေသာ မီးေတာက္သံုးခုသည္ ေတာက္ေလာင္ေနခဲ့သည္။
"ဘယ္လိုလဲ ေရွာင္ခ်ီကသန္မာတယ္လို႔မေျပာဘူးလား" ေရွာင္ခ်ီသည္ ဂုဏ္ယူစြာျဖင့္ ေမးေမာ့ ေလသည္။
"အင္း ေရွာင္ခ်ီက ယူယူ႔ထက္ေတာင္သန္မာေသးတယ္၊ ေနာက္ကို ယူယူ႔ကိုကာကြယ္ဖို႔ ေရွာင္ခ်ီ႕ကိုပဲအားကိုးရေတာ့မယ္" ရွီမာယူယူသည္ ျပံဳးျပီးေျပာေလသည္။
"စိတ္ရင္းနဲ႔ေျပာေနမွေတာ့ ေရွာင္ခ်ီက သေဘာတူေပးရမွာေပါ့..."
Unicode
အပိုင်း (၈၃၁) – နောက်တစ်ခါ အောင်နိုင်သူလို့ခေါ်
"ရှီချန်ကျိက ရှောင်ချီ့ကိုဖမ်းမိသွားမှာ စီနီယာကြောက်လို့လား" ရှီမာယူယူမေးလိုက်သည်။
"နဂါးနက်ကိုးကွယ်ရေးဂိုဏ်းကလူတွေက ရှောင်ချီရှိနေတာကိုသိနေ ကြပြီလေ၊ အခု သူတို့ ထပ်ပေါ်လာတယ်ဆိုတော့ ရှောင်ချီ့အတွက်လာ ကြတာပဲ" ဟန့်မြောင်ရွှမ် ပြောလေသည်။
"သူတို့လာပါစေ သူတို့ကိုစမ်းပြီး ကိုယ်တိုင်စစ်ဆေးပေးလိုက်မယ်" ရှောင်ချီသည် လက်သီး ဆုပ်ကာ တိုက်ပွဲတိုက်ရန် အဆင်သင့်ဖြစ် နေသလိုပင်။
"ရှောင်ချီ မင်းက ကမ္ဘာမြေကြီးမျက်လုံးမဟုတ်ဘူးလား ဘာလို့ေ အာင်နိုင်သူလိုလုပ်နေတာလဲ" ရှီမာယူယူသည် သူမအားကြည့်ပြီး မေးလိုက် သည်။
"အောင်နိုင်သူဟုတ်ဘား အဲဒါဘာလဲ" ရှောင်ချီသည် မျက်လုံးပြူးကာ သူမကိုကြည့်လိုက်သည် "အဲဒါဘာပဲဖြစ်ဖြစ် နားထောင်ရတာမဆိုးဘူး၊ နောက်ကို ရှောင်ချီ့ကို အောင်နိုင်သူလို့ခေါ်"
"အောင်နိုင်သူဆိုတာ တိုက်ပွဲတိုင်းမှာ အောင်မြင်သူလို့ပြောတာ ရှောင်ချီကဖြစ်နိုင်လား"
"ဖြစ်နိုင်တာပေါ့ စောင့်သာကြည့်လိုက်" ရှောင်ချီသည် ဂုဏ်ယူစွာ မေးစေ့မော့ကာ ပြောလေ သည်။
ရှီမာယူယူသည် သူမစကားများကို စိတ်ထဲမထည့်ပဲ ပြုံးလိုက်သည်။ သူမသည် ဟန့်မြောင်ရွှမ် တို့ကို နှုတ်ဆက်ပြီး ထွက်သွားလိုက်သည်။
ဝေကြီးနှင့် ဝေလေးတို့သည် သူမနှင့် အလွန်ရင်းနှီးနေလေပြီ။ သူမကို သူတို့မြင်သည်နှင့် ဘာမှမပြောပဲ သူမသွားချင်သည့်နေရာကို တိုက်ရိုက်ပင်ပို့ ပေးလိုက်သည်။
ယူယူနှင့် ရှောင်ချီတို့ ဂိုဏ်း၏ဂိတ်ဝမှထွက်သည်နှင့် ရှောင်ချီသည် သူမလက်ကိုဆုပ်ကိုင်လိုက် သည် "နောက်ကနေလိုက်လာတဲ့လူရှိတယ်"
"သူတို့လိုက်ချင်တယ်ဆိုရင်တော့ လိုက်ပါစေ၊ ငါတို့ပစ္စည်းသွားဝယ်မှာ ပဲ" ရှီမာယူယူသည် တခြားလူကို သတိမထားမိသကဲ့သို့ ရှောင်ချီအား ဆိုင်ဆီ သို့ခေါ်သွားလိုက်သည်။
အံ့ဖွယ်တမန်တော်မူနှင့် တခြားအပေါင်းအပါနှစ်ယောက်သည် သူတို့ ထွက်သွားသည်ကို စောင့် ကြည့်နေပြီး လမ်းထောင့်မှ ထွက်လာလိုက်သည်။
"ဆရာအံ့ဖွယ်တမန်တော် အဲဒါရှီမာယူယူပဲ ဒါပေမဲ့ သူ့ဘေးက ကလေးက ကမ္ဘာမြေကြီး မျက်လုံးလို့မထင်ရဘူး၊ ကမ္ဘာမြေကြီးမျက်လုံးက ၄နှစ်ကနေ ၆နှစ်အရွယ်ကလေးလို့ ဆရာညာလက်ရုံး ပြောတယ်မလား"
"ဒီအချိန်မှာ အတိအကျမပြောနိုင်သေးဘူး" အံ့ဖွယ်တမန်တော်မူပြော လေသည် "ကျန်းကျူရှန့် ထွက်လာတော့ ကမ္ဘာမြေကြီးမျက်လုံးက ပြောင်းလဲ မှုဖြစ်စဉ်လုပ်နေတယ်လို့လည်း ပြောတယ်၊ သူမ ပြောင်းလဲမှုဖြစ်စဉ်ပြီးတော့ ဒီလိုပုံဖြစ်သွားတာလည်း ဖြစ်နိုင်တယ်"
"ကျွန်တော်တို့ ဒီမှာရောက်နေတာ အတော်ကြာနေပြီ သူမကို ခက်ခက်ခဲခဲနဲ့ရှာတွေ့ထားတာ အဲကလေးက တကယ်ပဲကမ္ဘာမြေကြီး မျက်လုံးဟုတ်ဟုတ် မဟုတ်ဟုတ် သူမကိုခေါ်ပြီးမေးရင် သိမှာပဲ" နောက် အပေါင်းအပါတစ်ယောက်က ပြောလေသည်။
"အံ့ဖွယ်တမန်တော်မူ သူတို့နောက်လိုက်ရမလား"
အံ့ဖွယ်တမန်တော်မူသည် ဂိုဏ်း၏အပေါက်ဝကိုကြည့်ပြီး ပြောလိုက် သည် "သူတို့နောက်ကို နောက်ယောင်ခံလိုက်ဖို့ လူလွှတ်လိုက် အခွင့်အရေး ရတာနဲ့ လှုပ်ရှား"
"ဟုတ်ကဲ့ပါ ဆရာအံ့ဖွယ်တမန်တော်"
သူတို့နှစ်ယောက်သည် ပြန်ဆုတ်သည်နှင့် သူတို့လူများကိုဆက်သွယ် ရန် သွားကြပြီး လှုပ်ရှား ရန် ပြောကြလေသည်။
လမ်းတစ်ဖက်ရှိလက်ဖက်ရည်ဆိုင်တွင် ရှီချန်းကျိသည် လက်ရန်းကိုမှီ ကာ အနက်ရောင်ဝတ် ထားသောလူတစ်ယောက်နှင့်ရပ်နေလေသည်။
"ဆရာအံ့ဖွယ်တမန်တော် အံ့ဖွယ်တမန်တော်မူက စလှုပ်ရှားနေပြီ" ထိုလူသည် တလေးတစား ပြောလေသည်။
"ငါမြင်တယ်" ရှီချန်းကျိသည် လက်ဖက်ရည်ခွက်ကို ကောက်ယူပြိး အနက်ရောင်ဆေးတစ်လုံး ထုတ်ကာထည့်လိုက်သည်။ သူသည် ဆေးပျော် သွားသည်အထိ စောင့်ပြီး သောက်ပြီးနောက် ပြန်ချ လိုက်လေသည်။
"ကျွန်တော်တို့် တစ်ခုခုသွားလုပ်ရမလား"
"တစ်ခုခုလုပ်ရမယ်ဟုတ်လား၊ မဟုတ်ဘူး ငါတို့ဘာမှမလုပ်ဘူး၊ ငါတို့ဒီမှာ သတိထားကြည့်ရုံပဲ ကူညီဖို့မဟုတ်ဘူး" ရှီချန်းကျိ ပြောလေသည် "ဒါပေမဲ့ ပြင်ဆင်ထားရမယ် ဘယ်သူသိနိုင်မလဲ ငါတို့ လည်း ပါသွားနိုင်တယ်"
"ဆရာအံ့ဖွယ်တမန်တော် သူတို့က အပြစ်ပေးခံထားရတုန်းပဲရှိသေး တယ်"
ရှီချန်ကျိသည် သူ့နဖူးသူပြန်ရိုက်လိုက်သည် "မင်းမပြောရင် ငါမေ့ တော့မလို့ သူတို့ကိုဖြေဆေး ပေးလိုက်ဦး ဒါကိုချန်လှပ်ထားမယ်ဆိုရင် ဒီတစ်ခါကို ဒီမှာပဲအဆုံးသတ်သွားမယ်လို့ သူတို့ကို ပြောလိုက်၊ နောက်တစ်ခါ လာရှုပ်မယ်ဆိုရင် သူတို့ကိုလွယ်လွယ်နဲ့လွှတ်မပေးတော့ဘူး"
"ဟုတ်ကဲ့ပါ ဆရာအံ့ဖွယ်တမန်တော်"
"သွားတော့"
ရှီချန်ျိသည် ဆေးပုလင်းကိုသူ့ဆီသို့မြှောက်ပေးပြီး ထွက်သွားရန် လက်ကိုဝေ့ရမ်းလိုက်သည်။
ပြီးခဲ့သည့်တစ်ခါက် ကျန်းမျိုးနွယ်ဝင်များကို သတ်ရန်အခွင့်အရေးရခဲ့ သော်လည်း ကျန်းချန်သည် ထွက်ပြေးနိုင်ခဲ့သည်။ သူတို့ မစ်ရှင်ကိုပြီးမြောက် အောင် မလုပ်ဆောင်နိုင်ပါက သေချာပေါက် အပြစ်ခံရမည်ဖြစ်သည်။ သူတို့အတွက် အပြစ်ပေးခြင်းမှာ တစ်မျိုးသာရှိသည်။ သူတို့ကို အဆိပ်ကျွေး ခြင်းဖြစ်သည်။ သူတို့ခံစားရသည်မှာ လုံလောက်ပြီဟုထင်သည်နှင့် သူတို့ကို အဆိပ်ဖြေဆေးပေးသည်။
အပြစ်ပေးသည်မှာ တစ်မျိုးသာရှိသော်လည်း အဆိပ်မျိုးစုံရှိသည်။ ခံစားရပုံမှာလည်း မတူညီကြ ပေ။
တူညီစွာပင် သူသည် အပြစ်ပေးခြင်းနှင့်ပတ်သတ်ပြီး ဖွင့်ပေးထား သည်။ သူတို့ အဆိပ်မိထားသော်လည်း အဆိပ်ကုသပေးနိုင်သည့် အရည်အချင်းရှိသူကိုရှာနိုင်လျှင် အပြစ်ပေးခြင်းပြီးဆုံးသွား သည်။
အစပိုင်းတွင် ကုသပေးမည့်လူများကို ရှာရန်ကြိုးစားကြသေးသည်။ သို့သော် အောင်မြင်သည့် လူမရှိပေ။ နောက်မှပင် ထိုအဆိပ်များသည် သူကိုယ်တိုင်ဖော်စပ်ထားသည်ကို သူတို့သိသွားကြသည်။ သူတို့သည် အပြင်ထွက်ပြီးအဆိပ်ဖြေဆေးကိုရှာဖွေရန်သွားကြသော်လည်း မတွေ့ကြပေ။
ရှီချန်းကျိသည် လက်ဖက်ရည်ခွက်ဖြင့် ကစားရင်းနှင့် နှုတ်ခမ်းဘေး သည်တွန့်သွားကာ ပြုံးလေသည် "သူတို့ပြောသလိုမင်းက အားကောင်းလား ဆိုတာ ငါက ကြည့်ချင်ရုံပါ"
.....
ရှီမာယူယူသည် နေ့စဉ်သုံးပစ္စည်းများကိုဝယ်လိုသော်လည်း မတတ်သာပဲ မြို့အလယ်မှထွက်ကာ သာမန်ဆိုင်ကိုသာ ဦးတည်လိုက် သည်။
သူတို့သည် လူစည်ကားသောနယ်မြေမှထွက်ကာ လမ်းတချို့ကို ဖြတ်လျှောက်ခဲ့ကြသည်။ သူတို့လမ်းကျဉ်းတစ်ခုကို ဖြတ်လျှောက်ပြီးနောက် တွင် အနက်ရောင်ဝတ်လူတစ်ယောက်သည် လမ်း အလယ်တွင်ရပ်နေသည် ကို တွေ့လိုက်ရသည်။
ယူယူလှည့်ကြည့်ရာ နောက်ထပ်အနက်ဝတ်လူနှစ်ယောက်သည် အဝင်ပေါက်တွင် ပေါ်လာ သည်ကိုတွေ့လိုက်သည်။
"သူတို့အကုန်လုံး ဧကရာဇ်အဆင့်ပဲ" သူမသည် ပြိုင်ဘက်၏ အင်အား ကိုသတိထားမိလိုက် သည်။
"သူတို့သုံးယောက်ပဲမလား သူတို့ကိုရှောင်ချီရှင်းလိုက်မယ်" ရှောင်ချီ၏ မျက်လုံးများသည် တက်ကြွလာကာ စမ်းကြည့်ချင်နေသည်။
"ဒါဆို မင်းကိုပဲအပ်ထားလိုက်ရမလား"
"ရှောင်ချီ့ကိုပဲအပ်ထားလိုက်တော့" ရှောင်ချီသည် လက်နှစ်ဖက်ပွတ် ကာ လှုပ်ရှားရန် အသင့် ဖြစ်နေကြောင်းပြလေသည်။
"ကောင်းပြီ" ရှီမာယူယူသည် ဘေးတွင်ရပ်နေကာ သူမ၏ဝိဉာဉ်ရောင်ဝါ ကို ထုတ်လွှတ်ကာ လာမည့်တိုက်ပွဲကို ပြင်ဆင်ထားသည်။
ရှောင်ချီသည် လက်ချောင်းထုတ်ကာ အရှေ့တွင်ရှိသော လူကိုညွှန်ပြ လေသည်။ သူသည် လက်ချောင်းကိုကွေးကာ ပြောလေသည် "လာခဲ့ ဒီအန်တီက မင်းကို ငါ့စွမ်းအားကိုပြပေးမယ်"
ထိုလူ၏ မျက်လုံးများအရောင်လက်သွားသည်။ ရှောင်ချီသည် ကလေး တစ်ယောက်ဖြစ်သည် ဟုမတွေးတော့ပေ။ သူသည် လျင်မြန်စွာပင် ဝိဉာဉ် စွမ်းအင်ထုတ်လိုက်သည်။ ရှီမာယူယူသည် ထိုအပိုင်းအခြားမရှိသော အင်အား၏ဖိနှိပ်မှုကို ခံစားရသော်လည်း ရှောင်ချီသည် ခံစားရပုံမပေါ်ပေ။ သူမသည် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ဝိဉာဉ်စွမ်းအင်သုံးရန်ပင်မလိုပဲ လက်သီးကိုဝေံရမ်းကာ သူတို့ဆီသို့ ပြေးသွားလေသည်။
"ရှောင်ချီ ဂရုစိုက်"
ရှောင်ချီသွားသည်ကိုမြင်သည်နှင့် ရှီမာယူယူအော်လိုက်သည်။ လက်သီးတစ်ချက်နှင့်ပင် သူမ သည် ပြိုင်ဘက်၏ ဝိဉာဉ်အရည်အချင်း ကိုပျောက်ကွယ်အောင်လုပ်လိုက်သဖြင့် သူမပင်လျှင် ပါးစပ် အဟောင်းသား ဖြင့် အံ့သြရလေသည်။
ကြမ်းလိုက်တာ....
ပြိုင်ဘက်သည်လည်း ရှောင်ချီထိုမျှလောက် အားကောင်းမည်ဟု ထင် မထားပေ။ သူမ ဝိဉာဉ်စွမ်းအင်ကို ရုတ်သိမ်းလိုက်သည်နှင့် သူမှင်တက်သွား သည်။ တစ်ခဏအတွင်းမှာပင် ရှောင်ချီသည် သူ့အရှေ့သို့ပြေးသွားကာ ထိုးလိုက်သည်။
ထိုလူသည် လျင်မြန်သောလှုပ်ရှားမှုဖြင့် အလျင်စလိုရှောင်လိုက်ရာ သူမ၏တိုက်ခိုက်မှုမှ သီသီလေးလွတ်သွားလေသည်။ သို့သော် ရှောင်ချီသည် သူမခြေထောက်ကိုကန်ထုတ်ပြီး အရှေ့သို့တိုး လေသည်။ သူမလက်ကို ဖြန့်ကာ သူ့ရင်ဘတ်ကိုလွယ်ကူစွာပင် တွန်းလိုက်ရာ ထိုလူသည် လွင့်သွား လေသည်။
"ဖူး"
ထိုလူသည် သူ့ခန္ဓာကိုယ်ကို ဝိဉာဉ်စွမ်းအင်အလွှာဖြင့် ကာကွယ်ထား သော်လည်း သူ၏တွင်း ခန္ဓာကိုယ်သည် ကြေသွားလေသည်။ လတ်ဆတ် သောသွေးများ ထွက်လာသည်။ ထို့နောက်တွင် သူ့ မျက်လုံးလည်သွားပြီး ချက်ချင်းပင်မေ့မြောသွားလေသည်။
ရှီမာယူယူ၏ မေးစေ့သည် ကြမ်းပြင်ထိမတတ်ပင်။ သူမက ဧကရာဇ် အဆင့်ကျွမ်းကျင်သူကို တစ်ချက်တည်းနဲ့ မေ့အောင်လုပ်နိုင်တာလား။
သူမသည် ရှောင်ချီ၏ လက်ကလေးကိုကြည့်လိုက်သည်။ အခုလေးတင် သူမကိုင်ခဲ့သည့်လက်မှာ နူးညံ့လှသည်။ ဘယ်လိုစွမ်းအင်မျိုးမို့လို့ သူ့ရဲ့ အကာအကွယ်ကို မဖျက်ပဲနဲ့တောင် တစ်ခါတည်း မေ့မြောသွား အောင်လုပ်နိုင်တာလဲ။
လမ်းကြားမျက်နှာချင်းဆိုင်တွင်ရှိနေသော တခြားနှစ်ယောက်သည် သူတို့ပြိုင်ဘက်မှာ ရှောင်ချီ ၏ တိုက်ကွက်တစ်ချက်တည်းဖြင့် ပြုတ်သွား သည်ကိုမြင်သောအခါ ချက်ချင်းပင် မျက်နှာထားပြောင်း သွားကာ အတူ တိုက်ကြလေသည်။
"တစ်ယောက်လာရင် တစ်ယောက်သတ်မယ် နှစ်ယောက်လာရင် နှစ်ယောက်သတ်မယ်"
တိုက်ကွက်တစ်ချက်တည်းနှင့်ပင် သူမ၏ ခန္ဓာကိုယ်သည် အရှေ့ သို့တိုးကာ သူတို့၏ ဝိဉာဉ် တိုက်ကွက်ကို ဖျက်လိုက်သည်။ သူမသည် မျက်စိ တစ်မှိတ်အတွင်းတွင် သူတို့ရှေ့တွင် ဆင်းသက် လိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် ယူယူနှင့် ရှောင်ချီတို့သည် လက်ချင်း တွဲကာ လမ်းကြားမှ ထွက် လာလေသည်။ သူတို့အနောက်တွင် ကြီးမားသော မီးတောက်သုံးခုသည် တောက်လောင်နေခဲ့သည်။
"ဘယ်လိုလဲ ရှောင်ချီကသန်မာတယ်လို့မပြောဘူးလား" ရှောင်ချီသည် ဂုဏ်ယူစွာဖြင့် မေးမော့ လေသည်။
"အင်း ရှောင်ချီက ယူယူ့ထက်တောင်သန်မာသေးတယ်၊ နောက်ကို ယူယူ့ကိုကာကွယ်ဖို့ ရှောင်ချီ့ကိုပဲအားကိုးရတော့မယ်" ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။
"စိတ်ရင်းနဲ့ပြောနေမှတော့ ရှောင်ချီက သဘောတူပေးရမှာပေါ့..."