Zawgyi
အပိုင္း (၈၂၇) – ၾကာပန္းနက္၏ ေလာကအေသး
ရွီမာယူယူသည္ သူ၏ေတာက္ပေသာ မ်က္လံုးတစ္စံုကိုေတြ႕လိုက္ သည္။ သူမသည္ လက္ဆန္႔ထုတ္ကာ သူ႔ကိုတားလိုက္သည္ "မစဥ္းစားနဲ႔ ေနာ္ အဲေလာကအေသးကို မင္းကိုေပးလို႔မရဘူး"
"ယူယူ ငါဘာစဥ္းစားေနလဲဆိုတာသိရဲ႕သားနဲ႔ ဘာလုိ႔ျငင္းရတာလဲ" ဝိဥာဥ္ေလးသည္ သူမ လက္ကိုဆြဲကာ ခၽြဲျပီးရမ္းေလသည္။
"အဲဒါက အဇူရာဧကရာဇ္က ယူယူ႔ကိုေပးထားတဲ့ဟာေလ အဲဒါကိုမစဥ္း ေတာင္မစဥ္းစားနဲ႔" ရွီမာယူယူ သူ႔ကိုျငင္းလုိက္သည္။
"ဒါေပမဲ့ အဲဒါနဲ႔ငါေပါင္းစပ္လိုက္ရင္ ငါပိုအားေကာင္းလာႏုိင္တယ္" ဝိဥာဥ္ေလး ေျပာေလသည္။
"မရဘူး" ရွီမာယူယူ ေျပာလုိက္သည္ "အဲဒါယူယူ႔ရဲ႕ သုႆာန္ပဲ"
"ဒါေပမဲ့..."
"ေတာ္ျပီ ထပ္ျပီးမစဥ္းစားနဲ႔ေတာ့" ရွီမာယူယူသည္ ျငင္းလုိက္သည္ "ျပီးေတာ့ ငါလည္းအဲဒါကို လိုေသးတယ္"
"လိုတယ္ဟုတ္လား ဘာအတြက္လိုတာလဲ" ဝိဥာဥ္ေလးသည္ သူ၏လက္ေခ်ာင္းေသးေသး ေလးကိုထုတ္ကာ ေဒါသျဖင့္ေျပာေလသည္။
"အဲဒါရွိေနတယ္ဆိုတာကို သိရင္အားလံုးအတြက္မေကာင္းဘူး၊ ငါတုိ႔ ကိုယ္ပိုင္ လႊမ္းမိုးႏုိင္စြမ္း ကိုလည္း တည္ေထာင္ရဦးမယ္၊ အသံုးလိုမယ္ဆိုရင္ တခမ္းတနားဖြင့္ျပဖို႔ကအေကာင္းဆံုးပဲ၊ ျပီးေတာ့ အဲဒါရွိေနတာ လူတခ်ိဳ႕ သိျပီးေလာက္ျပီ စီနီယာအစ္ကိုၾကီးသာ ျပန္ျပီးသတင္းပို႔မယ္ဆိုရင္ ေလာက အေသးအေၾကာင္းကို ေသခ်ာေပါက္ေျပာမွာပဲ"
"ဟူး အသားတံုးၾကီးကေလထဲပ်ံေနတာကို ျမင္ျပီးမစားရဘူး၊ ႏွေျမာဖို႔ေ ကာင္းလုိက္တာ၊ ဟူး ဝမ္းနည္းတယ္ အသည္းကြဲတာကိုကုစားဖို႔ ေဆး နည္းနည္းေလာက္စားမွျဖစ္မယ္" ဝိဥာဥ္ေလးသည္ လူ မရွိေသာေနရာသို႔ ျပန္သြားေလသည္။
ရွီမာယူယူသည္ သူပ်ံသြားသည္ကိုၾကည့္ျပီး ရယ္ေမာကာ အျပင္သို႔ ထြက္ခဲ့လိုက္သည္။
ျခံဝန္းမွာ ၾကီးမားလွသည္မဟုတ္ေပ။ လူအနည္းငယ္သာေနခဲ့ၾက သည္။ အခု သူမတစ္ေယာက္ တည္းျဖစ္သျဖင့္ ျခံဝန္းတစ္ခုလံုးမွာ ဟာလာ ဟင္းလင္းျဖစ္ေနသည္။
သူမသည္ ထိုေနရာတြင္ အခ်ိန္ၾကာျမင့္စြာမေနခဲ့သျဖင့္ လြမ္းဆြတ္ ျခင္းမျဖစ္မိေပ။ တစ္ပတ္ ပတ္ေလွ်ာက္ျပီးေနာက္တြင္ သူမသည္ ျခံဝန္းကို ကာကြယ္ေရး တည္ေဆာက္မႈလုပ္ကာ ဂိုဏ္းသို႔ျပန္ လာလုိက္သည္။
"ဂ်ဴနီယာေမာင္ေလး ျပန္လာျပီလား" ဟန္႔ေျမာင္ရႊမ္သည္ ျခံဝန္းတြင္ လွဲကာ ေနပူဆာလံႈေန သည္။ ရွီမာယူယူ ဝင္လာသည္ကိုျမင္ေသာအခါ သူမသည္ ႏႈတ္ဆက္ေလသည္။
စူးေရွာင္ေရွာင္သည္ ျခံဝန္းထဲတြင္ တံျမက္စည္းလွည္းေနသည္။
ရွီမာယူယူ မ်က္ေမွာင္ၾကဳတ္လုိက္သည္။ သူမ မွတ္မိသေလာက္ဆို လွ်င္ သူမထြက္သြား ကတည္းက စူးေရွာင္ေရွာင္တံျမက္စည္းလွည္းေန သည္။ အခု တစ္ရက္ကုန္သြားတာေတာင္ သူ တံျမက္စည္းလွည္းေနတုန္း လား။
"စီနီယာ တံျမက္စည္းဆက္လွည္းေနမယ္ဆိုရင္ ၾကမ္းျပင္ပါးေတာ့မယ္" သူမေလွ်ာက္သြားကာ သူ႔လက္ထဲက တံျမက္စည္းကိုယူလုိက္သည္။
သူ၏ ဂရုမစိုက္ေသာအျပဳအမူကိုၾကည့္ျပီး သူမ သက္ျပင္းခ်လုိက္ သည္။
က်န္းက်ဴရွန္႔၏ သစၥာေဖာက္မႈသည္ သူ႔အတြက္မ်ားစြာထိခိုက္သြား သည္။ ရက္ေပါင္းမ်ားစြာ ကုန္လြန္သြားေသာ္လည္း သတိျပန္မကပ္ႏုိင္ ၾကေပ။
"စီနီယာအစ္မ ညာလက္ရံုးတို႔ အံ့ဖြယ္တမန္ေတာ္တို႔ဆိုတာ ဘယ္ဂိုဏ္း မွာသံုးလဲသိလား" ရီွမာယူယူေမးလိုက္သ္ည။
"သိတယ္ ဂိုဏ္းေတာ္ေတာ္မ်ားမ်ားမွာသံုးတယ္၊ ျမင့္ျမတ္ေသာ သားေတာ္ရွိတဲ့ ဂိုဏ္းေတြလိုပဲ ဘာလို႔ေမးတာလဲ" ဟန္႔ေျမာင္ရႊမ္ ေမးလုိက္ သည္။
"ဒါဆို ရွီခ်န္က်ိဆိုတဲ့လူကိုသိလား"
ဟန္႔ေျမာင္ရႊမ္သည္ ရုတ္တရက္ထရပ္ကာ သူမမ်က္ႏွာတြင္ အုပ္ထား ေသာ လက္ကိုင္ပုဝါကို ဖယ္ပစ္လုိက္သည္ "ဘယ္သူလဲ ရွီခ်န္က်ိလား"
"ဟုတ္တယ္" ရွီမာယူယူ ေခါင္းညိမ့္လုိက္သည္ "သူ႔ကိုသိလား"
"မင္း အဲေကာင္ရွီခ်န္က်ိကို ဘယ္လိုသိတာလဲ" ဟန္႔ေျမာင္ရႊမ္ ေမးလိုက္သည္။
"စီနီယာ သူ႔ကိုသိတာလား"
"သိတာေပါ့ သူ႔ကိုသိတဲ့လူမ်ားတယ္" ဟန္႔ေျမာင္ရႊမ္ ေျပာေလသည္ "သူက အတြင္းပိုင္းေဒသက နာမည္ၾကီးတပည့္ပဲ ရက္စက္ျပီး ၾကမ္းၾကဳတ္ တယ္လို႔သိၾကတယ္၊ သူက အံ့ဖြယ္အဆိပ္ဆရာေတြဆီက အဆိပ္ပညာကို သင္ျပီး လူအမ်ားၾကီးသတ္ခဲ့တယ္ သူ႔ကိုဘယ္လိုသိတာလဲ"
"ဒီေန႔ သူနဲ႔ေတြ႕ခဲ့တယ္" ရွီမာယူယူ ေျပာလုိက္သည္။
"ဘာ သူနဲ႔ေတြ႕တယ္ဟုတ္လား" ဟန္႔ေျမာင္ရႊမ္ ေအာ္မိေလသည္ "အဲေကာင္က ဘာလုိ႔ဒီ ေရာက္ေနတာလဲ မင္းကိုဘာမွမလုပ္ဘူးမလား"
"လုပ္တယ္" ရွီမာယူယူ ေျပာလိုက္သည္။
"သူ အဆိပ္ခတ္လုိက္တာလား" ဟန္႔ေျမာင္ရႊမ္သည္ ခ်က္ခ်င္းပင္ ရွီမာယူယူကိုဆြဲကာ ၾကည့္ ျပီးေျပာေလသည္ "ဘယ္လိုေနလဲ ေနလို႔ မေကာင္းတဲ့ေနရာရွိလား"
သူမစိတ္ပူေနသည္ကို ရီွမာယူယူေတြ႕ျမင္ေလသည္။ ေကာင္းသည္မွာ အနည္းဆံုးေတာ့ သူမသည္ အထင္ေသးကာ ေမွ်ာ္လင္းခ်က္ ကင္းမဲ့ေန သည္ေတာ့ မဟုတ္ေပ။
"ကၽြန္ေတာ္အဆင္ေျပပါတယ္" ရွီမာယူယူ ေျပာလိုက္သည္ "သူ ကၽြန္ေတာ့္ကို အဆိပ္မခတ္ပါဘူး"
"သူမင္းကိုဘာလုပ္လုိက္လဲ" စူးေရွာင္ေရွာင္ေမးေလသည္။
"ကၽြန္ေတာ့္ကို ကယ္လိုက္တာ"
"မင္းကို ကယ္တယ္ဟုတ္လား" ဟန္႔ေျမာင္ရႊမ္ မ်က္လံုးျပဴးသြားသည္ "ငါနားၾကားမမွားပါဘူး ေနာ္၊ မငး္ကိုကယ္တယ္ဟုတ္လား ဘာျဖစ္တာလဲ"
ရွီမာယူယူသည္ လမ္းတြင္က်န္းက်ဴက်ိႏွင့္ ေတြ႕ျပီးသူေျပာခဲ့သမွ် ျဖစ္ပ်က္သမွ်ကို သူတို႔ကုိ ျပန္ေျပာျပေလသည္။
ဟန္႔ေျမာင္ရႊမ္သည္ သူမ ေျပာျပီးသည္အထိနားေထာင္ျပီး ေခတၱမွ် စဥ္းစားကာ သက္ျပင္းခ်ျပီး ေနာက္ ေျပာေလသည္ "အဲလိုျဖစ္ခဲ့တာကိုး"
"အဲဒီရွီခ်န္က်ိက စီနီယာအစ္ကိုၾကီးအေၾကာင္းကို ကၽြန္ေတာ့္ကိုေျပာျပ ခ်င္တာလို႔ထင္တယ္၊ သူေျပာတဲ့ပံုအရဆိုရင္ သူက စီနီယာအစ္ကိုၾကီးနဲ႔ ဆက္ဆံေရးေကာင္းတဲ့ပံုပဲ" ရွီမာယူယူ ေျပာလုိက္ သည္။
"က်န္းက်ဴရွန္႔က နဂါးနက္ကိုးကြယ္ေရးကျဖစ္မယ္လို႔ မထင္ထားဘူး၊ ညာလက္ရံုးေတာင္ျဖစ္ လိုက္ေသးတယ္"
"နဂါးနက္ကိုးကြယ္ေရးဆိုတာ ဘယ္လိုဂိုဏ္းမ်ိဳးလဲ"
"အတြင္းပိုင္းေဒသက နာမည္ၾကီးလူသတ္အဖြဲ႕ပဲ" စူးေရွာင္ေရွာင္ ေျပာလုိက္သည္ "သူတုိ႔က အရမ္းအားေကာင္းတယ္ အထူးသျဖင့္ သူတို႔ရဲ႕ လူသတ္တာပဲ၊ က်ရံႈးတာနည္းတယ္ ဂိုဏ္းအမ်ားစုက ရန္သူကိုရွင္းခ်င္ရင္ သူတို႔ကိုသြားရွာၾကတယ္၊ သူတုိ႔က ပိုက္ဆံကိုပဲၾကည့္ျပီး လူကိုမၾကည့္ဘူး"
"ဒါဆိုရင္ သူတုိ႔ရဲ႕ပုန္းကြယ္တဲ့အရည္အခ်င္းကလည္းျမင့္မွာပဲ" သူ ေညာင္ပင္အေနာက္မွ ခိုးေၾကာက္ခိုးဝွက္ေပၚလာသည္ကို ရွီမာယူယူ ျပန္ေတြးမိသည္။ အစပိုင္းတြင္ သူသည္ သူမထက္ အားေကာင္းသည္ဟု ထင္ခဲ့သည္။ အခုသိလိုက္ရသည္မွာ သူသည္ သူ႔အရည္အခ်င္းကို ဖံုးကြယ္ထားသည္သာ။
"နဂါးနက္ကိုးကြယ္ေရးဂိုဏ္းက ေကာင္းကင္ခြဲကိုရလို္က္တယ္ဆိုေတာ့ ျပႆနာေသးေသး ေလးမဟုတ္ဘူး၊ ငါတုိ႔ဂိုဏ္းကိုေျပာရမယ္" ဟန္႔ေျမာင္ရႊမ္ ေျပာေလသည္ "ငါ ဒါရိုက္တာမုန္႔ကို သြားရွာ မယ္၊ မင္းတို႔လိုက္မွာလား"
"စီနီယာတို႔အတူသြားလုိက္ပါ ကၽြန္ေတာ္ ၾကာပန္းနက္ေလာက အေသးနဲ႔ သြားသန္႔စင္လုိက္ဦး မယ္" ရွီမာယူယူ ေျပာလုိက္သည္။
"ၾကာပန္းနက္ ေလာကအေသးဟုတ္လား အဲဒါမင္းေရြးလိုက္တဲ့ နာမည္လား" ဟန္႔ေျမာင္ရႊမ္ ေျပာေလသည္ "ဒါဆိုလည္း ခြဲခြာျခင္းဥယ်ာဥ္မွာ ပဲေန၊ ေရွာင္ေရွာင္ ငါနဲ႔လိုက္ခဲ့"
စူးေရွာင္ေရွာင္ေခါင္းညိမ့္ရာ သူတို႔ႏွစ္ေယာက္သည္ အတူထြက္သြား ၾကေလသည္။
ရွီမာယူယူသည္ သူမအိမ္သို႔ျပန္ျပီး မဝင္ခင္တြင္ အေပၚေအာက္ ၾကည့္လိုက္သည္။ ရႈဂ်င္း၏ အေျခအေနမွာ အခုခ်ိန္ဘယ္လိုေနလဲ သူမ မသိေပ။ က်န္းက်ဴရွန္႔သည္လည္း မရွိေပ။ ဟန္႔ေျမာင္ရႊမ္ အေပၚမွာေနခ်င္ရဲ႕ လား မသိေပ။
သူမသည္ တံခါးတြန္းဖြင့္ျပီး ထိုတံခါးထုတ္ကာ သူမလက္ဖဝါးေပၚတြင္ တင္လိုက္သည္။
ထိုၾကာပန္းနက္သည္ အမွန္တကယ္ပင္ သူမေက်ာျပင္မွ ပန္းႏွင့္တူ သည္။
"ကိုးခုေျမာက္ေျမေအာက္ေတာင္ေအာက္က ၾကာပန္းနက္ယူယူ" သူမသည္ ထိုၾကာပန္းေလး ကို ထိေတြ႕ၾကည့္ရာ ႏွစ္ေယာက္သားေဝမွ် ခဲ့ၾကေသာ အခ်စ္ကိုေနာက္တစ္ၾကိမ္ျပန္ေတြးမိျပန္သည္။
သူမ မိခင္သည္ မည္ကဲ့သို႔သရုပ္မွန္ကိုပိုင္ဆိုင္ထားျခင္းေၾကာင့္ သူမ သည္ ဒီလိုေသြးသားမ်ိဳး ဆက္ခံရသည္ကို သူမ မေတြးတတ္ေတာ့ေပ။
သူမသည္ အိမ္ထဲတြင္ တည္ေဆာက္မႈတစ္ခုတည္ေဆာက္လုိက္ကာ လက္ထဲမွတံခါးကို ေနရာ ခ်လိုက္သည္။ ျပီးေတာက္ တင္ပ်င္ေခြထိုင္ျပီး စတင္က်င့္ၾကံေလသည္။
အစပိုင္းတြင္ ေလာကအေသးသည္မၾကီးသျဖင့္ အခ်ိန္မယူရဘူးဟု ထင္ခဲ့မိသည္။ သို႔ေသာ္ ၅ရက္ၾကာျပီးေနာက္တြင္ သူမသည္ နယ္နိမိတ္ကို ပင္မေရာက္ေၾကာင္းကို စတင္ခံစားမိလာသည္။ ေလာကအေသးသည္ အဆံုးမရွိေသာေခ်ာက္ကဲ့သို႔ သူမ စိတ္စြမ္းအင္ကို စုပ္ယူခ်င္ေနသည္။
သူမ မ်က္လံုးဖြင့္လိုက္သည္။ သူမ၏ စိတ္စြမ္းအင္မွာ လံုးဝေပ်ာက္ဆံုး လုနီးပါးပင္။ သူမ မတတ္သာေတာ့ပဲ အိပ္လုိက္သည္။
သူမ ေလာကအေသးကိုၾကည့္ျပီး ေတြးလိုက္သည္ႏွင့္ လ်င္ျမန္စြာပင္ ေလာကအေသးထဲ ေရာက္သြားသည္။
အရင္ကဆိုလွ်င္ ေလာကအေသးတြင္ ကီလိုမီတာအနည္းငယ္သာ က်ယ္ဝန္းသည္။ ဒီတစ္ၾကိမ္တြင္ ျမဴဆိုင္းေသာေနရာမ်ားေပၚလာကာ ပိုက်ယ္လာသည္မွာ အနည္းဆံုးေတာ့ ကီလိုမီတာ ေသာင္းခ်ီရွိသည္။
"ေလာကအေသးရဲ႕ နယ္နိမိတ္က တကယ္ပဲၾကီးတာပဲ ေလာက အေသးကိုမွ ၾကီးတဲ့ထဲပါ ေလာက္တယ္" ရွီမာယူယူ ေလွ်ာက္သြားကာ တန္ဖိုးျဖတ္ၾကည့္ေနေလသည္ "ဒီေနရာက ဝိဥာဥ္ေလး လိုအားမၾကီးပဲ အျပင္ကမာၻနဲ႔ အခ်ိန္ကုန္တာကအတူတူျဖစ္ေနတာေတာ့ ႏွေျမာဖို႔ေကာင္း တယ္၊ ဒါေပမဲ့ မဆိုးပါဘူး... ဟင္"
Unicode
အပိုင်း (၈၂၇) – ကြာပန်းနက်၏ လောကအသေး
ရှီမာယူယူသည် သူ၏တောက်ပသော မျက်လုံးတစ်စုံကိုတွေ့လိုက် သည်။ သူမသည် လက်ဆန့်ထုတ်ကာ သူ့ကိုတားလိုက်သည် "မစဉ်းစားနဲ့ နော် အဲလောကအသေးကို မင်းကိုပေးလို့မရဘူး"
"ယူယူ ငါဘာစဉ်းစားနေလဲဆိုတာသိရဲ့သားနဲ့ ဘာလို့ငြင်းရတာလဲ" ဝိဉာဉ်လေးသည် သူမ လက်ကိုဆွဲကာ ချွဲပြီးရမ်းလေသည်။
"အဲဒါက အဇူရာဧကရာဇ်က ယူယူ့ကိုပေးထားတဲ့ဟာလေ အဲဒါကိုမစဉ်း တောင်မစဉ်းစားနဲ့" ရှီမာယူယူ သူ့ကိုငြင်းလိုက်သည်။
"ဒါပေမဲ့ အဲဒါနဲ့ငါပေါင်းစပ်လိုက်ရင် ငါပိုအားကောင်းလာနိုင်တယ်" ဝိဉာဉ်လေး ပြောလေသည်။
"မရဘူး" ရှီမာယူယူ ပြောလိုက်သည် "အဲဒါယူယူ့ရဲ့ သုဿာန်ပဲ"
"ဒါပေမဲ့..."
"တော်ပြီ ထပ်ပြီးမစဉ်းစားနဲ့တော့" ရှီမာယူယူသည် ငြင်းလိုက်သည် "ပြီးတော့ ငါလည်းအဲဒါကို လိုသေးတယ်"
"လိုတယ်ဟုတ်လား ဘာအတွက်လိုတာလဲ" ဝိဉာဉ်လေးသည် သူ၏လက်ချောင်းသေးသေး လေးကိုထုတ်ကာ ဒေါသဖြင့်ပြောလေသည်။
"အဲဒါရှိနေတယ်ဆိုတာကို သိရင်အားလုံးအတွက်မကောင်းဘူး၊ ငါတို့ ကိုယ်ပိုင် လွှမ်းမိုးနိုင်စွမ်း ကိုလည်း တည်ထောင်ရဦးမယ်၊ အသုံးလိုမယ်ဆိုရင် တခမ်းတနားဖွင့်ပြဖို့ကအကောင်းဆုံးပဲ၊ ပြီးတော့ အဲဒါရှိနေတာ လူတချို့ သိပြီးလောက်ပြီ စီနီယာအစ်ကိုကြီးသာ ပြန်ပြီးသတင်းပို့မယ်ဆိုရင် လောက အသေးအကြောင်းကို သေချာပေါက်ပြောမှာပဲ"
"ဟူး အသားတုံးကြီးကလေထဲပျံနေတာကို မြင်ပြီးမစားရဘူး၊ နှမြောဖို့ေ ကာင်းလိုက်တာ၊ ဟူး ဝမ်းနည်းတယ် အသည်းကွဲတာကိုကုစားဖို့ ဆေး နည်းနည်းလောက်စားမှဖြစ်မယ်" ဝိဉာဉ်လေးသည် လူ မရှိသောနေရာသို့ ပြန်သွားလေသည်။
ရှီမာယူယူသည် သူပျံသွားသည်ကိုကြည့်ပြီး ရယ်မောကာ အပြင်သို့ ထွက်ခဲ့လိုက်သည်။
ခြံဝန်းမှာ ကြီးမားလှသည်မဟုတ်ပေ။ လူအနည်းငယ်သာနေခဲ့ကြ သည်။ အခု သူမတစ်ယောက် တည်းဖြစ်သဖြင့် ခြံဝန်းတစ်ခုလုံးမှာ ဟာလာ ဟင်းလင်းဖြစ်နေသည်။
သူမသည် ထိုနေရာတွင် အချိန်ကြာမြင့်စွာမနေခဲ့သဖြင့် လွမ်းဆွတ် ခြင်းမဖြစ်မိပေ။ တစ်ပတ် ပတ်လျှောက်ပြီးနောက်တွင် သူမသည် ခြံဝန်းကို ကာကွယ်ရေး တည်ဆောက်မှုလုပ်ကာ ဂိုဏ်းသို့ပြန် လာလိုက်သည်။
"ဂျူနီယာမောင်လေး ပြန်လာပြီလား" ဟန့်မြောင်ရွှမ်သည် ခြံဝန်းတွင် လှဲကာ နေပူဆာလှုံနေ သည်။ ရှီမာယူယူ ဝင်လာသည်ကိုမြင်သောအခါ သူမသည် နှုတ်ဆက်လေသည်။
စူးရှောင်ရှောင်သည် ခြံဝန်းထဲတွင် တံမြက်စည်းလှည်းနေသည်။
ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ သူမ မှတ်မိသလောက်ဆို လျှင် သူမထွက်သွား ကတည်းက စူးရှောင်ရှောင်တံမြက်စည်းလှည်းနေ သည်။ အခု တစ်ရက်ကုန်သွားတာတောင် သူ တံမြက်စည်းလှည်းနေတုန်း လား။
"စီနီယာ တံမြက်စည်းဆက်လှည်းနေမယ်ဆိုရင် ကြမ်းပြင်ပါးတော့မယ်" သူမလျှောက်သွားကာ သူ့လက်ထဲက တံမြက်စည်းကိုယူလိုက်သည်။
သူ၏ ဂရုမစိုက်သောအပြုအမူကိုကြည့်ပြီး သူမ သက်ပြင်းချလိုက် သည်။
ကျန်းကျူရှန့်၏ သစ္စာဖောက်မှုသည် သူ့အတွက်များစွာထိခိုက်သွား သည်။ ရက်ပေါင်းများစွာ ကုန်လွန်သွားသော်လည်း သတိပြန်မကပ်နိုင် ကြပေ။
"စီနီယာအစ်မ ညာလက်ရုံးတို့ အံ့ဖွယ်တမန်တော်တို့ဆိုတာ ဘယ်ဂိုဏ်း မှာသုံးလဲသိလား" ရှီမာယူယူမေးလိုက်သ်ည။
"သိတယ် ဂိုဏ်းတော်တော်များများမှာသုံးတယ်၊ မြင့်မြတ်သော သားတော်ရှိတဲ့ ဂိုဏ်းတွေလိုပဲ ဘာလို့မေးတာလဲ" ဟန့်မြောင်ရွှမ် မေးလိုက် သည်။
"ဒါဆို ရှီချန်ကျိဆိုတဲ့လူကိုသိလား"
ဟန့်မြောင်ရွှမ်သည် ရုတ်တရက်ထရပ်ကာ သူမမျက်နှာတွင် အုပ်ထား သော လက်ကိုင်ပုဝါကို ဖယ်ပစ်လိုက်သည် "ဘယ်သူလဲ ရှီချန်ကျိလား"
"ဟုတ်တယ်" ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် "သူ့ကိုသိလား"
"မင်း အဲကောင်ရှီချန်ကျိကို ဘယ်လိုသိတာလဲ" ဟန့်မြောင်ရွှမ် မေးလိုက်သည်။
"စီနီယာ သူ့ကိုသိတာလား"
"သိတာပေါ့ သူ့ကိုသိတဲ့လူများတယ်" ဟန့်မြောင်ရွှမ် ပြောလေသည် "သူက အတွင်းပိုင်းဒေသက နာမည်ကြီးတပည့်ပဲ ရက်စက်ပြီး ကြမ်းကြုတ် တယ်လို့သိကြတယ်၊ သူက အံ့ဖွယ်အဆိပ်ဆရာတွေဆီက အဆိပ်ပညာကို သင်ပြီး လူအများကြီးသတ်ခဲ့တယ် သူ့ကိုဘယ်လိုသိတာလဲ"
"ဒီနေ့ သူနဲ့တွေ့ခဲ့တယ်" ရှီမာယူယူ ပြောလိုက်သည်။
"ဘာ သူနဲ့တွေ့တယ်ဟုတ်လား" ဟန့်မြောင်ရွှမ် အော်မိလေသည် "အဲကောင်က ဘာလို့ဒီ ရောက်နေတာလဲ မင်းကိုဘာမှမလုပ်ဘူးမလား"
"လုပ်တယ်" ရှီမာယူယူ ပြောလိုက်သည်။
"သူ အဆိပ်ခတ်လိုက်တာလား" ဟန့်မြောင်ရွှမ်သည် ချက်ချင်းပင် ရှီမာယူယူကိုဆွဲကာ ကြည့် ပြီးပြောလေသည် "ဘယ်လိုနေလဲ နေလို့ မကောင်းတဲ့နေရာရှိလား"
သူမစိတ်ပူနေသည်ကို ရှီမာယူယူတွေ့မြင်လေသည်။ ကောင်းသည်မှာ အနည်းဆုံးတော့ သူမသည် အထင်သေးကာ မျှော်လင်းချက် ကင်းမဲ့နေ သည်တော့ မဟုတ်ပေ။
"ကျွန်တော်အဆင်ပြေပါတယ်" ရှီမာယူယူ ပြောလိုက်သည် "သူ ကျွန်တော့်ကို အဆိပ်မခတ်ပါဘူး"
"သူမင်းကိုဘာလုပ်လိုက်လဲ" စူးရှောင်ရှောင်မေးလေသည်။
"ကျွန်တော့်ကို ကယ်လိုက်တာ"
"မင်းကို ကယ်တယ်ဟုတ်လား" ဟန့်မြောင်ရွှမ် မျက်လုံးပြူးသွားသည် "ငါနားကြားမမှားပါဘူး နော်၊ မင်းကိုကယ်တယ်ဟုတ်လား ဘာဖြစ်တာလဲ"
ရှီမာယူယူသည် လမ်းတွင်ကျန်းကျူကျိနှင့် တွေ့ပြီးသူပြောခဲ့သမျှ ဖြစ်ပျက်သမျှကို သူတို့ကို ပြန်ပြောပြလေသည်။
ဟန့်မြောင်ရွှမ်သည် သူမ ပြောပြီးသည်အထိနားထောင်ပြီး ခေတ္တမျှ စဉ်းစားကာ သက်ပြင်းချပြီး နောက် ပြောလေသည် "အဲလိုဖြစ်ခဲ့တာကိုး"
"အဲဒီရှီချန်ကျိက စီနီယာအစ်ကိုကြီးအကြောင်းကို ကျွန်တော့်ကိုပြောပြ ချင်တာလို့ထင်တယ်၊ သူပြောတဲ့ပုံအရဆိုရင် သူက စီနီယာအစ်ကိုကြီးနဲ့ ဆက်ဆံရေးကောင်းတဲ့ပုံပဲ" ရှီမာယူယူ ပြောလိုက် သည်။
"ကျန်းကျူရှန့်က နဂါးနက်ကိုးကွယ်ရေးကဖြစ်မယ်လို့ မထင်ထားဘူး၊ ညာလက်ရုံးတောင်ဖြစ် လိုက်သေးတယ်"
"နဂါးနက်ကိုးကွယ်ရေးဆိုတာ ဘယ်လိုဂိုဏ်းမျိုးလဲ"
"အတွင်းပိုင်းဒေသက နာမည်ကြီးလူသတ်အဖွဲ့ပဲ" စူးရှောင်ရှောင် ပြောလိုက်သည် "သူတို့က အရမ်းအားကောင်းတယ် အထူးသဖြင့် သူတို့ရဲ့ လူသတ်တာပဲ၊ ကျရှုံးတာနည်းတယ် ဂိုဏ်းအများစုက ရန်သူကိုရှင်းချင်ရင် သူတို့ကိုသွားရှာကြတယ်၊ သူတို့က ပိုက်ဆံကိုပဲကြည့်ပြီး လူကိုမကြည့်ဘူး"
"ဒါဆိုရင် သူတို့ရဲ့ပုန်းကွယ်တဲ့အရည်အချင်းကလည်းမြင့်မှာပဲ" သူ ညောင်ပင်အနောက်မှ ခိုးကြောက်ခိုးဝှက်ပေါ်လာသည်ကို ရှီမာယူယူ ပြန်တွေးမိသည်။ အစပိုင်းတွင် သူသည် သူမထက် အားကောင်းသည်ဟု ထင်ခဲ့သည်။ အခုသိလိုက်ရသည်မှာ သူသည် သူ့အရည်အချင်းကို ဖုံးကွယ်ထားသည်သာ။
"နဂါးနက်ကိုးကွယ်ရေးဂိုဏ်းက ကောင်းကင်ခွဲကိုရလိုက်တယ်ဆိုတော့ ပြဿနာသေးသေး လေးမဟုတ်ဘူး၊ ငါတို့ဂိုဏ်းကိုပြောရမယ်" ဟန့်မြောင်ရွှမ် ပြောလေသည် "ငါ ဒါရိုက်တာမုန့်ကို သွားရှာ မယ်၊ မင်းတို့လိုက်မှာလား"
"စီနီယာတို့အတူသွားလိုက်ပါ ကျွန်တော် ကြာပန်းနက်လောက အသေးနဲ့ သွားသန့်စင်လိုက်ဦး မယ်" ရှီမာယူယူ ပြောလိုက်သည်။
"ကြာပန်းနက် လောကအသေးဟုတ်လား အဲဒါမင်းရွေးလိုက်တဲ့ နာမည်လား" ဟန့်မြောင်ရွှမ် ပြောလေသည် "ဒါဆိုလည်း ခွဲခွာခြင်းဥယျာဉ်မှာ ပဲနေ၊ ရှောင်ရှောင် ငါနဲ့လိုက်ခဲ့"
စူးရှောင်ရှောင်ခေါင်းညိမ့်ရာ သူတို့နှစ်ယောက်သည် အတူထွက်သွား ကြလေသည်။
ရှီမာယူယူသည် သူမအိမ်သို့ပြန်ပြီး မဝင်ခင်တွင် အပေါ်အောက် ကြည့်လိုက်သည်။ ရှုဂျင်း၏ အခြေအနေမှာ အခုချိန်ဘယ်လိုနေလဲ သူမ မသိပေ။ ကျန်းကျူရှန့်သည်လည်း မရှိပေ။ ဟန့်မြောင်ရွှမ် အပေါ်မှာနေချင်ရဲ့ လား မသိပေ။
သူမသည် တံခါးတွန်းဖွင့်ပြီး ထိုတံခါးထုတ်ကာ သူမလက်ဖဝါးပေါ်တွင် တင်လိုက်သည်။
ထိုကြာပန်းနက်သည် အမှန်တကယ်ပင် သူမကျောပြင်မှ ပန်းနှင့်တူ သည်။
"ကိုးခုမြောက်မြေအောက်တောင်အောက်က ကြာပန်းနက်ယူယူ" သူမသည် ထိုကြာပန်းလေး ကို ထိတွေ့ကြည့်ရာ နှစ်ယောက်သားဝေမျှ ခဲ့ကြသော အချစ်ကိုနောက်တစ်ကြိမ်ပြန်တွေးမိပြန်သည်။
သူမ မိခင်သည် မည်ကဲ့သို့သရုပ်မှန်ကိုပိုင်ဆိုင်ထားခြင်းကြောင့် သူမ သည် ဒီလိုသွေးသားမျိုး ဆက်ခံရသည်ကို သူမ မတွေးတတ်တော့ပေ။
သူမသည် အိမ်ထဲတွင် တည်ဆောက်မှုတစ်ခုတည်ဆောက်လိုက်ကာ လက်ထဲမှတံခါးကို နေရာ ချလိုက်သည်။ ပြီးတောက် တင်ပျင်ခွေထိုင်ပြီး စတင်ကျင့်ကြံလေသည်။
အစပိုင်းတွင် လောကအသေးသည်မကြီးသဖြင့် အချိန်မယူရဘူးဟု ထင်ခဲ့မိသည်။ သို့သော် ၅ရက်ကြာပြီးနောက်တွင် သူမသည် နယ်နိမိတ်ကို ပင်မရောက်ကြောင်းကို စတင်ခံစားမိလာသည်။ လောကအသေးသည် အဆုံးမရှိသောချောက်ကဲ့သို့ သူမ စိတ်စွမ်းအင်ကို စုပ်ယူချင်နေသည်။
သူမ မျက်လုံးဖွင့်လိုက်သည်။ သူမ၏ စိတ်စွမ်းအင်မှာ လုံးဝပျောက်ဆုံး လုနီးပါးပင်။ သူမ မတတ်သာတော့ပဲ အိပ်လိုက်သည်။
သူမ လောကအသေးကိုကြည့်ပြီး တွေးလိုက်သည်နှင့် လျင်မြန်စွာပင် လောကအသေးထဲ ရောက်သွားသည်။
အရင်ကဆိုလျှင် လောကအသေးတွင် ကီလိုမီတာအနည်းငယ်သာ ကျယ်ဝန်းသည်။ ဒီတစ်ကြိမ်တွင် မြူဆိုင်းသောနေရာများပေါ်လာကာ ပိုကျယ်လာသည်မှာ အနည်းဆုံးတော့ ကီလိုမီတာ သောင်းချီရှိသည်။
"လောကအသေးရဲ့ နယ်နိမိတ်က တကယ်ပဲကြီးတာပဲ လောက အသေးကိုမှ ကြီးတဲ့ထဲပါ လောက်တယ်" ရှီမာယူယူ လျှောက်သွားကာ တန်ဖိုးဖြတ်ကြည့်နေလေသည် "ဒီနေရာက ဝိဉာဉ်လေး လိုအားမကြီးပဲ အပြင်ကမ္ဘာနဲ့ အချိန်ကုန်တာကအတူတူဖြစ်နေတာတော့ နှမြောဖို့ကောင်း တယ်၊ ဒါပေမဲ့ မဆိုးပါဘူး... ဟင်"