Copper Coins《铜钱龛世》

By OSH-love

214K 38.2K 2.8K

Novel : tongqiankanshi(铜钱龛世) Author : Mu Su Li 木苏里 English translator : jiaqikangjiaqi Chapters : 102+extra တ... More

နိဒါန်း
အခန်း ၁(စက္ကူလူသား ၁)
အခန်း ၂[စက္ကူလူသား ၂]
အခန်း ၃[စက္ကူလူသား ၃]
အခန်း ၄[စက္ကူလူသား ၄]
အခန်း ၅[ရွှေချောင်းများ ၁]
အခန်း ၆[ရွှေချောင်းများ ၂]
အခန်း ၇[ရွှေချောင်းများ ၃]
အခန်း ၈[ရွှေချောင်းများ ၄]
အခန်း ၉[ရွှေချောင်းများ ၅]
အခန်း ၁၀[ကျိတ်ဆုံအလွတ် ၁]
အခန်း ၁၁[ကျိတ်ဆုံအလွတ် ၂]
အခန်း ၁၂[ကျိတ်ဆုံအလွတ် ၃]
အခန်း ၁၃[ကျိတ်ဆုံအလွတ် ၄]
အခန်း ၁၄[ကျိတ်ဆုံအလွတ် ၅]
အခန်း ၁၅[သမားတော်သုံးငွေခေါင်းလောင်း ၁]
အခန်း ၁၆[သမားတော်သုံးငွေခေါင်းလောင်း ၂]
အခန်း ၁၇[သမားတော်သုံးငွေခေါင်းလောင်း ၃]
အခန်း ၁၈[မျက်မမြင်ဟူးရား ၁]
အခန်း ၁၉[မျက်မမြင်ဟူးရား ၂]
အခန်း ၂၀[မျက်မမြင်ဟူးရား ၃]
အခန်း ၂၁[မျက်မမြင်ဟူးရား ၄]
အခန်း ၂၂[မျက်မမြင်ဟူးရား ၅]
အခန်း ၂၃.၁[မျက်မမြင်ဟူးရား ၆]
အခန်း ၂၃.၂[မျက်မမြင်ဟူးရား ၆]
အခန်း ၂၄[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၁]
အခန်း ၂၅[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၂]
အခန်း ၂၆[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၃]
အခန်း ၂၇[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၄]
အခန်း ၂၈[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၅]
အခန်း ၂၉[ထွင်းထုထားသောသော့ခလောက် ၁]
အခန်း ၃၀[ထွင်းထုထားသောသော့ခလောက် ၂]
အခန်း ၃၁[ထွင်းထုထားသောသော့ခလောက် ၃]
အခန်း ၃၂[ထွင်းထုထားသောသော့ခလောက် ၄]
အခန်း ၃၃[ကျောက်တုံးကျန်း ၁]
အခန်း ၃၄[ကျောက်တုံးကျန်း ၂]
အခန်း ၃၅[ကျောက်တုံးကျန်း ၃]
အခန်း ၃၆[ဇာတ်သဘင်အဖွဲ့ ၁]
အခန်း ၃၈[ဇာတ်သဘင်အဖွဲ့ ၃]
အခန်း ၃၉(ဇာတ်သဘင်အဖွဲ့ ၄)
အခန်း ၄၀(စားပွဲထိုး ၁)
အခန်း ၄၁(စားပွဲထိုး ၂)
အခန်း ၄၂(စားပွဲထိုး ၃)
အခန်း ၄၃(ကပ်ဆိုက်သောဒေသ ၁)
အခန်း ၄၄(ကပ်ဆိုက်သောဒေသ ၂)
အခန်း ၄၅(ကပ်ဆိုက်သောဒေသ ၃)
အခန်း ၄၆(​တာ့ရှန်းရမ် ၁)
အခန်း ၄၇(တာ့ရှန်းရမ် ၂)
အခန်း ၄၈(တာ့ရှန်းရမ် ၃)
အခန်း ၄၉(တာ့ရှန်းရမ် ၄)
အခန်း ၅၀(လေဟုန်စီးခြင်းအစီအရင် ၁)
အခန်း ၅၁(လေဟုန်စီးခြင်းအစီအရင် ၂)
အခန်း ၅၂(လေဟုန်စီးခြင်းအစီအရင် ၃)
အခန်း ၅၃(လေဟုန်စီးခြင်းအစီအရင် ၄)
အခန်း ၅၄(ရှေးဗုံသံ ၁)
အခန်း ၅၅(ရှေးဗုံသံ ၂)
အခန်း ၅၆(အရိုးချည်မျှင် ၁)
အခန်း ၅၇(အရိုးချည်မျှင် ၂)
အခန်း ၅၈(အရိုးချည်မျှင် ၃)
အခန်း ၅၉(အရိုးချည်မျှင် ၄)
အခန်း ၆၀(အရိုးချည်မျှင် ၅)
အခန်း ၆၁(ထုန်ရှုန်းပင့်ကူ ၁)

အခန်း ၃၇[ဇာတ်သဘင်အဖွဲ့ ၂]

1.9K 504 38
By OSH-love

Unicode


အမာရွတ်နဲ့သူသည် ကြောက်စရာကောင်းသောအသွင်နှင့် မျက်နှာထားခက်ထန်ပေမယ့် တကယ်တမ်းမှာ သဘောဖြူသောသူဖြစ်၏။ သူ့အဖွဲ့တွင်ပါသော အမျိုးမျိုးအဖုံဖုံစုံလင်သောလူစုသည် ခင်ခင်မင်မင်နေတတ်ကြပြီး စိတ်ထားကောင်း၏။ အမာရွတ်နဲ့အမျိုးသားက သူတို့လိုက်မယ့်အကြောင်းပြောတော့လည်း လူပိုပါလာမှာကို စိတ်မကွက်သည့်အပြင် ရွှဲရှန်တို့အတွက် ရထားလုံးသီးသန့်ပေးဖို့တောင် ပြောလာသည်။

နှင်းမုန်တိုင်းအကြားတွင် တောင်တက်လမ်းအတိုင်းရှာသွားဖို့က ခက်ခဲ၏။ လူမကွဲသွားအောင် မြင်းတစ်ကောင်နှင့်တစ်ကောင်ကို ကြိုးအရှည်ဖြင့် နောက်ဆုံးလားအထိ တွဲချည်ထားသည်။

အမာရွတ်နှင့်အမျိုးသားသည် အအေးဒဏ်မှကာကွယ်ရန် မျက်နှာကိုပိတ်စီးထားပြီး သေရည်ပူပုလင်းကိုကိုင်ကာ ရှေ့ဆုံးကရထားလုံးအတွင်းမှာ နေရာဝင်ယူလိုက်သည်။ ပြီးလျှင် သူ့အဖွဲ့မှကျန်တဲ့သူတွေကို လှည်းဘီးအောက်မှ သစ်သားလုံးများအား ဖယ်ခိုင်းသည်။

"စထွက်တော့မယ်! သေချာထိုင်ထားကြ!"

သတိပေးသံနှင့်အတူ မြင်းများစရွေ့လာသည်။

ရွှဲရှန်တို့က တတိယမြောက်ရထားလုံးထဲမှာ ဖြစ်သည်။ လေးယောက်စီးရထားလုံးထဲတွင် ငါးယောက်ဆန့်ဖို့က အရမ်းတော့မခက်ခဲ။ အထူးသဖြင့် အလွန်အမင်းပိန်ပါးသော ကျန်းရှီနင်နှင့် ကလေးသာသာအရွယ်သာရှိသော လုနျယ်ချီကြောင့်ဖြစ်သည်။ လက်ခံနိုင်လောက်သောနေရာရသည်ဟု ဆိုလို့ရသည်။

စကားစမြည်ပြောရတာအား မနှစ်သက်သောရွှမ်းမင်ကို ရွှဲရှန်ကလွဲပြီး နှောင့်ယှက်ရဲသူမရှိ။ ရထားလုံးအတွင်း ရွှမ်းမင်အတွက် နေရာအကျယ်ချဲ့ပေးထားသည်။ ရွှဲရှန်အတွက်ကတော့...

ကျောက်တုံးကျန်းသည် ရွှဲရှန်ကို ကြွက်ကကြောင်ကို ကြောက်သလိုမျိုးကို ကြောက်ရွံ့၏။ သူ့ကို ရွှဲရှန်တစ်ခါကြည့်တိုင်း ဦးရေပြားထုံကျင်လာပြီး ကြောက်မက်ဖွယ်ရာ မိုးကြိုးစက်များ ကောင်းကင်ယံထက်ကနေ ဘယ်ချိန်မဆို ကျဆင်းလာနိုင်တယ်လို့ ခံစားနေရသည်။

ထို့ကြောင့်နဲ့ပဲ ရထားလုံးအတွင်း ဤသို့နေရာယူထားကြသည်။ ကျောက်တုံးကျန်း၊ လုနျယ်ချီနဲ့ ကျန်းရှီနင်တို့က တစ်ဖက်ခြမ်းမှာထိုင်ပြီး အခြားတစ်ဖက်ကိုတော့ ကြောက်ခမန်းလိလိ နတ်ဆရာနှစ်ယောက်အတွက် နေရာချန်ပေးထားသည်။

ရွှဲရှန်သည် ဝတ်ရုံအမည်းကိုဖယ်၍ ထိုင်နေ၏။ သူနှင့်ဆန့်ကျင်ဘက်ကိုကြည့်ပြီး သူထိုင်နေသောနေရာကို ပြန်ကြည့်သည်။ ပြီးလျှင် စပ်ဖြီးဖြီးနဲ့

"ကျေးဇူးပဲနော်"

ကျောက်တုံးကျန်းမျက်နှာကရှုံ့မဲသွားပြီး တစ်ဖက်လှည့်သွားသည်။ ဒီနေရာမှာ သုံးယောက်တောင်ရှိနေပါလျက်နဲ့ ဘာလို့ငါ့ကိုကြည့်ပြီးပြောတာလဲ?

အမာရွတ်နဲ့အမျိုးသားနှင့် သူ့အဖွဲ့သားများသည် ခရီးသွားသမားများ ဖြစ်ပုံရ၏။ တိရစ္ဆာန်များသည်လည်း လမ်းပေါ်မှာ အသားကျနေသည်။ အမာရွတ်နဲ့အမျိုးသားက ရှေ့ဆုံးကနေ လမ်းမှန်ကိုရှာဖွေပေးပြီး ကျန်သူများက ဖြည်းဖြည်းမှန်မှန် နောက်ကလိုက်ကြသည်။ အားထုတ်စရာတောင်မလို အမြဲတမ်းလုပ်နေကြကိစ္စရပ်တစ်ခုလိုပင်။

ရထားလုံးမှာ အသေအချာ ပြင်ဆင်ထား၏။ ပြတင်းပေါက်များတွင်တောင်မှ လေကာရန် ထူထဲသောလိုက်ကာများကို သံကပ်ရိုက်ထားသည်။

ရထားလုံး၏အလယ်တွင် လေးထောင့်သစ်သားစားပွဲတစ်လုံးရှိသည်။ သင့်တင့်သောအရွယ်အစားဖြစ်ပြီး ခြေများဆန့်လို့ရအောင် သေးငယ်သည့်အပြင် ပစ္စည်းများတင်လို့ရသည့်အထိလည်း ကြီးသည်။ ရထားလုံးထောင့်တွင် သပ်ရိုက်ထားသော စင်ငယ်တစ်ခုရှိ၍ အလင်းရအောင် မီးအိမ်ငယ်ကို တင်ထားသည်။ သက်လက်ကြီးသူများ ဆောင်းတွင်းချိန်မှာ ခြေထောက်များထွေးလို့ရအောင် ထားပေးထားသော စောင်ပုံခေါက်က ထောင့်တစ်နေရာတွင်ရှိသည်။

"ဒီမှာအကုန်ရှိတာပဲ"

ကျောက်တုံးကျန်းလိုက်ကြည့်နေမိသည်။

"ခရီးအတော်သွားလေ့ရှိတဲ့ပုံပဲ..လမ်းပေါ်မှာပဲနေကြတယ်လို့တောင်ပြောလို့ရနေပြီ"

မထွက်ခင်တုန်းက ကြင်နာတတ်သောအဘွားအိုက ရထားလုံးအတွင်းနွေးသွားအောင် အပူပေးအိုးလေးနှင့်အတူ အထုတ်ငယ်တစ်ခု လာပေးပြီး

"ဒီမှာမုန့်နည်းနည်းရှိတယ်..ရထားလုံးထဲမှာသေရည်ရှိတယ်..အေးတဲ့အချိန်အကူအညီဖြစ်လိမ့်မယ်..တောင်ကြားလမ်းကနှစ်လမ်းတက်ရမဲ့အပြင်နှင်းကြောင့်ချောနေတာမလို့ညမရောက်ခင်နောက်တစ်မြို့ရောက်ဖို့ကမသေချာဘူး..အဆာမခံနဲ့"
   

ကျောက်တုံးကျန်းသည် အဘွားအိုသာယူထားဖို့ ပါးစပ်ကသာငြင်းဆန်နေပေမဲ့ လက်ကတော့ ဘယ်တော့မှအလွှတ်မပေးမယ့်ပုံနဲ့ အပူပေးအိုးကို တင်းတင်းပိုက်ထားသည်။

ရထားလုံးသည် အပြင်မှာနေတာထက်စာရင် ပိုကောင်းပေမယ့်လည်း အေးတာကတော့အေးနေမြဲ။

ကျောက်တုံးကျန်းသည် တောင့်နေသောလက်ချောင်းတွေကို အပူပေးနေရင်း ထောင့်မှစောင်ပုံအား မျက်စောင်းတထိုးထိုးလုပ်နေ၏။ ကျန်းရှီနင်နှင့်လုနျယ်ချီက စောင်ပုံနှင့်သူ့အကြားခံနေတာကြောင့် ထိုနှစ်ယောက်ကိုကျော်ကာ လှမ်းမယူရဲ။ သူရှိနေတာကို ရွှဲရှန်နှင့်ရွှမ်းမင်မှတ်မိသွားမည့် အပြုအမူမျိုး စိုးစိလေးမျှမလုပ်ချင်။

ကျောက်တုံးကျန်းမျက်လုံးတွေက တောင်ပြေးမြောက်ပြေးဖြစ်နေသည်။ လုနျယ်ချီကိုလှည့်ပြီး ပြောလိုက်၏။

"အဲ့ဒီကစောင်တစ်ထည်ယူလိုက်ပါလား? ငါတို့နှစ်ယောက်အတူခြုံပြီးအပူပေးအိုးကိုအလယ်မှာထားလိုက်မယ်လေ..ဘယ်လိုသဘောရလဲ?"

လုနျယ်ချီသည် ပြန်စိုက်ကြည့်ကာ မျက်နှာထက်တွင် အထင်သေးသောအမူအရာ အတိအလင်းမပြလာပေမယ့်လည်း

"မယူဘူး..ကျွန်တော်မချမ်းဘူး..ကိုယ့်ဘာသာကိုယ်ခြုံ"

အပူပေးအိုးကို လက်ထဲကမချသေးသော ကျောက်တုံးကျန်းသည် လုနျယ်ချီကို မေးငေါ့ကာ

"လက်တွေဘယ်လောက်တောင်အေးနေပြီလဲကြည့်ပါဦး..ပြည်တည်နာဆိုတာမျိုးဖြစ်ဖူးလား? ဒီလိုစိုစိုစွတ်စွတ်ရာသီဥတုမျိုးမှာအနည်းဆုံးတော့လက်တွေကိုဝတ်ရုံလက်ထောင်ထဲမထည့်ထားဘူးဆိုရင်ပြည်တည်နာဖြစ်လိမ့်မယ်..အဲ့ဒီကျမှဝမ်းနည်းနေရမယ်..သူတို့ကယောင်ယမ်းလာတဲ့အပြင်ယားလည်းယားတယ်..နှင်းကိုက်ဒဏ်အဖြစ်တောင်ပြောင်းသွားတတ်သေးတယ်..အဆိုးဆုံးကတော့လက်ဆစ်မှာဖြစ်တာပဲ..လက်ချောင်းလှုပ်မိတိုင်းပြည်ဖုကပေါက်သွားပြီးအသားစတွေပါထွက်လာလိမ့်မယ်..မင်း––"

လုနျယ်ချီတစ်ယောက် မျက်မှောင်ကြုံ့သွားသည်။ စောင်ပါးတစ်ထည်ဆွဲယူကာ နှစ်ယောက်လုံး၏ဒူးအထက်ပေါ်တွင် ဖြန့်လိုက်သည်။

"ထပ်ပြီးစကားမပြောပါနဲ့တော့"

လေသံက လုနျယ်ချီတစ်ဝက် လုရွှီကျိုတစ်ဝက် ဖြစ်သည်။ ခေါင်းမာသော ပင်ကိုဓာတ်ခံကို ချုပ်တည်းခြင်းဆိုသည့်အရေပြားက အုပ်ကာထားသည်။

ကျောက်တုံးကျန်းကတော့ အရေးမစိုက်။ တပျော်တပါးနဲ့ ခြေထောက်ကို စောင်နှင့်သေချာထွေးလိုက်ပြီး စောင်ထဲကို အပူပေးအိုးအား ထည့်ထားလိုက်သည်။ တခဏလေးအတွင်းမှာပဲ အပူဓာတ်သည် စောင်အတွင်း၌ ပျံ့နှံ့သွားပြီး နှစ်လိုဖွယ်ကောင်းသောအနွေးဓာတ်ကို ပေးလို့နေ၏။ အနွေးဓာတ်သည် အရိုးများအသားများမှာတစ်ဆင့် ခဲတောင့်နေသောဒူးများအထိ တက်သွားရာ နေလို့ကောင်းလိုက်လေခြင်း!

စိတ်တိုနေပုံရသော လုနျယ်ချီမျက်နှာဖြူဆုတ်ဆုတ်ပင် တဖြည်းဖြည်းနှင့် ပန်းရောင်သန်းစပြုလာသည်။ လက်ချောင်းများလှုပ်ရှားသွားပြီး စောင်ပုံအတွင်း တိုးဝင်လိုက်သည်။

"ကဲ––တွေ့လား..ဒီလိုမျိုးနေဖို့အတွက်ငယ်လွန်းပါသေးတယ်..အေးတဲ့ဒဏ်ကကိုယ့်ကိုယ်ကိုကာကွယ်တာဘာမှရှက်နေစရာမလိုဘူး"
  
လုနျယ်ချီမျက်နှာလွှဲသွားကာ မကြားချင်ယောင်ဆောင်လိုက်သည်။

"ငါ့အသက်အရွယ်မှာဒူးတွေကိုသေချာမထိန်းသိမ်းရင်အသက်ကြီးလာရင်လမ်းလျှောက်နိုင်မှာမဟုတ်ဘူး"

ကျောက်တုံးကျန်းသည် သူ့အသံသူ တော်တော်သဘောကျပုံရ၏။ ရထားလုံးပေါ်ရောက်ကတည်းက မရပ်မနား ခရားရေလွှတ်တတွတ်တွတ် ပြောလာသည်။ ဒါကလည်း စွမ်းရည်တစ်မျိုးပင်။

စကားဆုံးသည်နှင့် တစ်ခုခုမူမမှန်တော့ဘူးဆိုတာကို ကျောက်တုံးကျန်းသတိထားမိသွားသည်။ ခေါင်းမော့လိုက်တဲ့အချိန်မှာ ရွှဲလမ်းမလျှောက်နိုင်သောရှန့်နှင့် အကြည့်ချင်းဆုံသွားသည်။
   
ကျောက်တုံးကျန်း ထိတ်လန့်ဆန်ပြာနှင့် ဇတ်ပုဝင်သွားပြီး ကိုယ့်ကိုယ်ကို ကျုံ့နိုင်သမျှသေးအောင်ကျုံ့ကာ တထစ်ထစ်တငေါ့ငေါ့နဲ့

"ကျွန်...ကျွန်တော်စကားမပြောတော့ပါဘူး"

ကျောက်တုံးကျန်းအသံတိတ်သွားသောအခါ တစ်ချိန်လုံးစကားတစ်ခွန်းမှမပြောသော ကျန်းရှီနင်သည် နားထင်ကိုလက်နှင့်ဖိနှိပ်လျက်

"ရထားလုံးပေါ်မတက်ခင်တုန်းကငါ့ကိုဘာမှမမေးဖို့ဆွဲထားတာဘာဖြစ်လို့လဲ?သူတို့က..."

ကျန်းရှီနင်အကြည့်က ထူထဲသောလိုက်ကာနောက်မှ တစ်ပါးရထားလုံးများရှိရာသို့ ရောက်သွားသည်။ လေသံကိုနိမ့်၍

"တစ်ခုခုများမှားယွင်းနေတာလား? အဲ့တာဆိုရင်ဘာလို့တက်လိုက်လာသေးလဲ?"

ကျောက်တုံးကျန်းသည် အငြိမ်မနေနိုင် ဝင်ပါလာပြန်၏။

"ဓားမြတွေတော့မဟုတ်လောက်ပါဘူး..ဟုတ်များဟုတ်နေမလား? ဒါပေမဲ့ငါတို့ကိုအစားအစာတွေနဲ့အပူပေးအိုးတောင်ပေးသွားတာပဲ..တကယ်ပဲလူဆိုးတွေဖြစ်နိုင်ပါ့မလား?"

ပြီးလျှင် ကိုယ့်ပါးစပ်ကိုယ်ပြန်ရိုက်ကာ

"ဒါနောက်ဆုံးစကားပဲ..ဒီတစ်ခါလုံးဝမပြောတော့ဘူး"

လုနျယ်ချီ မျက်ဆန်လည်မိသည်။ ဒီလူကို သူသေမလောက်စိတ်ကုန်နေပြီ။ သို့ပေမဲ့လည်း လုရွှီကျိုထံမှ တည်ငြိမ်မှုအချို့ရရှိထား၍ လျှာကိုကိုက်ပြီး ပါးစပ်တင်းတင်းစေ့ထားနိုင်သွားသည်။

ရွှဲရှန်ကတော့ အဘွားအိုပြောခဲ့သော သေရည်ပုလင်းကို ရထားလုံးအတွင်း လိုက်လံရှာဖွေနေသည်။ ရှာနေရင်းနှင့်

"ဒီမှာတားမြစ်ထားတဲ့အရာတစ်ခုရှိတယ်..အဲ့ဒါကြောင့်မလို့အဲ့ဒီအကြောင်းကိုပြောပြလို့မရဘူး..ခုနကတစ်ချက်ကြည့်မိတုန်းကလားဆွဲတဲ့ရထားလုံးဆီယူသွားတဲ့အဝတ်ထုတ်နှစ်ထုတ်ကသေချာမထုတ်ထားလို့အဝတ်တွေတောင်ထွက်ကြနေတာကိုတွေ့လိုက်သေးတယ်"

"ဪ..ငါလည်းတွေ့လိုက်တယ်..အကုန်လုံးကအဆင်လှပြီးအရောင်စုံတယ်..ပြဇာတ်ခုံရောက်ဖူးလား..ပြဇာတ်ကရာမှာဝတ်တဲ့အဝတ်အစားတွေနဲ့တောင်တူတယ်"

သေရည်ပုလင်းကိုရှာတွေ့သွားသော ရွှဲရှန်သည် လက်နှင့်ပိုက်လိုက်သောအခါ သေရည်ကလည်း ဆူပွက်စပြုလာ၏။

"ဒီသေရည်ကတကယ်အနံ့မွှေးတာပဲ"

တစ်ယောက်တည်းရေရွတ်ပြီးမှ ကျန်းရှီနင်ကိုပြန်ဖြေလာသည်။

"ဘာလို့ပြဇာတ်ကြည့်ရမှာလဲ? ပြဇာတ်ဆိုတာကငါ့ထက်စိတ်ဝင်စားစရာကောင်းနေလို့လား?"

ကျန်းရှီနင်သက်ပြင်းချမိသည်။ မှန်ပါတယ်..မင်းကဘယ်ပြဇာတ်ထက်မဆို ဇာတ်ဝင်ဇာတ်ခန်းတွေ များလွန်းလို့။

"ကျွန်တော်တစ်ခုပြောလို့ရမလား?"

ကျောက်တုံးကျန်းအသံထွက်လာသည်။

"ဘယ်သူကမှမင်းပါးစပ်ကိုမပိတ်ထားသလိုလျှာကိုလည်းအပြင်ဆွဲမထုတ်ထားဘူး..အပိုတွေမလုပ်ပဲပြောစရာရှိတာကိုပြော"

ရွှဲရှန်ဒေါသထောင်းကနဲထွက်သွားသည်။

"ရထားလုံးထဲပစ္စည်းတွေသယ်ရွှေ့နေတုန်းကအဲ့ဒီလားဆွဲတဲ့ရထားလုံးထဲသွားကြည့်မိလိုက်သေးတယ်..ဒီကလူငယ်လေးခန့်မှန်းတာအမှန်ပဲ..ရထားလုံးထဲမှာပြဇာတ်သုံးအသုံးအဆောင်အကုန်လုံးရှိတယ်..တီးခတ်တဲ့ဗုံတွေမောင်းတွေလည်းတွေ့တယ်..ပြဇာတ်ကတဲ့သူတွေဖြစ်လောက်မယ်..ဒီလိုခရီးလည့်လည်သွားလာပြီးပြဇာတ်ကပြတဲ့သူတွေကနေရာအနှံ့သွားနေကြတဲ့အိမ်ခြေမဲ့တွေပေါင်းပြီးဖွဲ့ထားကြတာ..အမာရွတ်သုံးခုနဲ့သူကပြဇာတ်ခေါင်းဆောင်ဖြစ်နိုင်တယ်..ပြီးတော့ကျန်တဲ့သူတွေကိုလည်းရေကြည့်မိသေးတယ်..ဟွားတန်း၊ လောင်တန်း၊ရှောင်ရှန်း၊ ကျန့်ရှန်း¹အတိုင်းအကြီးအငယ်အစဥ်လိုက်နဲ့ကျန်တဲ့သူတွေကလူပြတ်နဲ့ကျင်းနေရာက ကပြတာဖြစ်ဖို့များတယ်..အကုန်လုံးပေါင်းလိုက်ရင်တော့တော်တော်လေးကြီးကျယ်ခန်းနားတဲ့ပြဇာတ်ကိုကပြနိုင်လိမ့်မယ်"

(¹https://www.chinaeducationaltours.com/guide/culture-peking-opera-performers-and-roles.htm)

အန်ချင်းတွင်ရှိသော ပြဇာတ်အဖွဲ့တွေဆိုသည်မှာ အရေအတွက်နည်းလှသည်မဟုတ်။ တစ်ချို့က မိုးဒဏ်နှင်းဒဏ်မှကာကွယ်ရန် သေရည်ဆိုင်ကြီးများတွင် ဖျော်ဖြေကြပြီး အတော်လေးလည်း အဆင်ပြေကြသည်။ နာမည်ကျော်ကြားသောအဖွဲ့များတွင် တိုင်းသိပြည်သိဇာတ်မင်းသားများတောင် ပါသည်။ ဒါပေမဲ့ တချို့ကလည်း ကပြရာနေရာအတည်အကျ သတ်မှတ်ထားတာမျိုးမရှိပဲ ခရီးရပ်ဝေးလှည့်လည်သွားလာကြပြီး မြို့ငယ်လေးများတွင် လိုက်လံကပြကြသည်။ တစ်ခါတစ်လေ မြို့ခံသေရည်ဆိုင်များမှ ကပြပေးရန် ကမ်းလှမ်းကြပြီး မဟုတ်ရင်လည်း လမ်းမပေါ်တွင် ဒီအတိုင်း ခင်းကျင်းကပြကြသည်။

"အဲ့ဒီညီအစ်ကိုပြောတာတော့သူတို့လည်းချင်းဖင်းတိုင်းပြည်ကိုသွားမလို့တဲ့..တားမြစ်ထားတာရှိတယ်ဆိုတော့လည်းအဲ့ဒီအကြောင်းမပြောပဲနေကြတာပေါ့..လိုက်သွားဖို့မင်းမတားဘူးဆိုကတည်းကအတူခရီးသွားလို့ပြဿနာမရှိဘူးဆိုတာသေချာသွားပြီ..ဟုတ်တယ်မလား?"

"မသွားသင့်တဲ့လမ်းကိုလျှောက်မသွားသရွေ့တော့အဆင်ပြေတယ်"

ပွတ်ပွတ်ဆူနေသော သေရည်ပုလင်းအား သစ်သားစားပွဲပေါ်မှာတင်ရင်း ကျန်းရှီနင်စကားကို ရွှဲရှန်ပြန်ဖြေလိုက်သည်။

သေရည်ပုလင်းရှိရာကို ခိုးကြောင်ခိုးဝှက်နှင့် ကျောက်တုံးကျန်းလက်လှမ်းလိုက်သည်။ သို့ပေမဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေသော ရွှမ်းမင်လက်ချောင်းများက ရုတ်တရက်လှုပ်ရှားသွားပြီး မမြင်နိုင်သောအရာတစ်ခုခုက သူ့လက်ကိုလာဖိထားသလို ကျောက်တုံးကျန်းခံစားလိုက်ရသည်။ သွေးကြောအမှတ်တစ်နေရာကို တစ်ချက်ဖိမိသွားပြီးနောက် သူ့လက်ကောက်ဝတ်မှာ ပျော့ခွေသွားသည်။

"သေရည်ကိုမသောက်နဲ့"

ကျောက်သားပန်းရံဆရာကို တစ်ချက်မှတောင်မကြည့်ပဲ အေးစက်စွာပင်ပြောလာသည်။

"ဟမ်?"

ကြက်သေသေသွားသောကျောက်တုံးကျန်းစိတ်ထဲ မေးခွန်းပေါင်းများစွာက ဝင်ရောက်လာသည်။ လက်ကိုပြန်ရုတ်လိုက်၏။ တခဏကြာစဥ်းစားနေပြီးနောက် အဘွားအိုပေးထားသော မုန့်ထုတ်ကို မျက်စောင်းထိုးကြည့်ပြီး

"ဒါဆိုမုန့်ကရော"

"စားလို့ရတယ်..ရထားလုံးထဲလူလေးယောက်ပဲကျန်တော့မှာဆိုတော့နေရာကျယ်ကျယ်ရတာပေါ့" ဟူ၍ ရွှဲရှန်စကားသံထွက်လာသည်။

ကျောက်တုံးကျန်းတံတွေးတောင်မြိုချမိသွားသည်။

ရွှဲရှန်တစ်ယောက် သက်တောင့်သက်သာမရှိလှတာကြောင့် စတင်ပြီးဂနာမငြိမ်ဖြစ်လာသည်။

ကိုယ်တွင်း၌ပူလောင်နေသော ခံစားချက်ကြီးက ညှာတာမှုကင်းမဲ့စွာနှင့် သူ့တစ်ကိုယ်လုံးကို လောင်မြိုက်တိုက်စားနေသည်။ နဂါးငယ်လေးအရွယ်တုန်းကလောက် မဆိုးရွားပေမဲ့ စိတ်ဒုက္ခကတော့ပေးနေဆဲ။ သူလုပ်နိုင်တာက အပူတွေကို လက်ဖဝါးမှာစုပြီး အေးသောအရာတစ်ခုထဲ ကူးပြောင်းပေးနေခြင်းသာဖြစ်သည်။ အခုအချိန်မှာ အပူကူးပြောင်းစရာ ပစ္စည်းတစ်ခုမှလည်း မကျန်တော့တာကြောင့် ဒေါသထွက်စပြုလာသည်။

အမိုးကိုမော့ကြည့်ရင်း သူ့လက်ကိုစားပွဲအောက်ထဲထိုးထည့်ပြီး အနားယူနေချင်ယောင်ဆောင်ထားပေမဲ့ တကယ်တမ်းမှာ စားပွဲခုံခြေထောက်ကို ဆုတ်ကိုင်ထားခြင်းဖြစ်သည်။

တခဏအကြာမှာ ရထားလုံးသည် မြေမညီသောလမ်းကြောင်းပေါ်သို့ ဖြတ်သွားရတာကြောင့် ဆတ်ကနဲတုန်ခါသွားသည်။ ကျန်းရှီနင်တို့သည် ဒယိမ်းဒယိုင်ဖြစ်ကုန်ကြပြီး ကိုယ်ကိုထိန်းရန် စားပွဲခုံကို ဆွဲကိုင်လာကြ၏။

"အား!"

အော်သံနှင့်အတူ လက်နှစ်ဖက်ကို ကျန်းရှီနင်တဖူးဖူးမှုတ်နေသည်။

ကျောက်တုံးကျန်းအော်သံကလည်း ထွက်ပေါ်လာသည်။

လုနျယ်ချီလည်း လက်ကိုရုတ်ချင်းပြန်သိမ်းလိုက်ပြီး ရွှဲရှန်ကိုစိုက်ကြည့်ကာ

"ခင်ဗျား စားပွဲကိုဒီအတိုင်းဆက်ကိုင်ထားမယ်ဆိုရင်မီးထတောက်လာလိမ့်မယ်"

ရွှဲရှန်သည် မကြားချင်ယောင်ဆောင်ပြီး ပြတင်းပေါက်ကိုပိတ်ထားသော လိုက်ကာဆီသို့ အကြည့်လွှဲလိုက်၏။ ပြီးလျှင် စားပွဲဆီမှလက်ကို ဖြည်းဖြည်းချင်းလွှတ်ပြီး ထိုင်နေသောခုံတန်းရှည်၏အစွန်းကို ဆုပ်ကိုင်ထားလိုက်သည်။

ရွှမ်းမင်ခေါင်းယမ်းပြီး နဂါး၏လက်ကောက်ဝတ်ကို လက်ညှိုးနှင့်လက်မဆွဲညစ်ကိုင်ကာ ခုံတန်းရှည်ဆီမှ ဖယ်ရှားလိုက်သည်။

"တော်လောက်ပြီ..အခြားတစ်နေရာရှာ"

  ဒီအတိုင်းဆက်လုပ်နေမယ်ဆိုလျှင် ရထားလုံးမှာ ထိုင်လို့တောင်ရတော့မှာမဟုတ်။

ရွှဲရှန် အတော်ကြာစဥ်းစားလိုက်ပြီးနောက် လက်နှစ်ဖက်ကို ရထားလုံးတံခါးပေါက်မှာ သွားတင်သည်။

ရထားလုံးတစ်ခုလုံး နွေးလာရုံသာမက ပို၍ပင်လျှင်မြန်စွာမြင့်တက်လာသောအပူချိန်ကြောင့် ပူသထက်ပူလာတော့သည်။

လုနျယ်ချီသည် စကားတစ်ခွန်းတစ်လေဆိုခြင်းမရှိပေမယ့် လည်ပင်းကိုမတ်ကာ ဒူးထက်မှစောင်ကိုဆွဲဖယ်ပြီး အပူပေးအိုးကို ကျောက်တုံးကျန်းပေါင်ပေါ်တင်ပေးလိုက်သည်။

ကျန်းရှီနင်ကတော့ လိုက်ကာလေးနည်းနည်းတွန်း၍ဟကာ တိတ်တဆိတ် လေအေးကို အထဲသွင်းလျက်ရှိသည်။ ပေါင်းအိုးထဲမှာရောက်နေသော ပေါက်စီများလို့တောင် ထင်မိသည်။ အပေါ်ယံအသားများက ကျက်နေပြီဖြစ်ပြီး မကြာခင်အချိန်မှာပဲ အတွင်းသားများလည်း ကျက်လို့သွားတော့မယ်။

ရထားလုံးအတွင်း တဖြည်းဖြည်း တစတစနှင့်မွန်းကျပ်ပူလောင်လာပြီး နောက်ဆုံးတော့လည်း ရွှမ်းမင်ကပဲ

"ဒီထက်ပိုပူလာမယ်ဆိုရင်ရထားလုံးထဲနေရာလွတ်သုံးနေရာဖြစ်သွားလိမ့်မယ်"

ပေါင်းအိုးထဲမှထုတ်ယူလို့ ရလုရခင်ဖြစ်နေပြီဖြစ်သော ပေါက်စီသုံးလုံးသည် ရွှဲရှန်ကိုစိုက်ကြည့်နေ၏။

နဂါးမျက်ခွံများပင့်သွားသည်။ ပြီးလျှင် အလွန်တရာမှ စိတ်ထားကြီးကျယ်မြင့်မြတ်လှသောသူတစ်ယောက် အမူအရာနှင့် ရထားလုံးတံခါးမှလက်ကို ဖယ်ပေးသည်။ ပြီးလျှင် ထောင့်ဆီမှ မီးအိမ်ဆီသို့ လှမ်းဖို့ပြင်နေတာကြောင့် ရွှဲရှန်လက်ကောက်ဝတ်ကို ရွှမ်းမင်ဖမ်းဆုပ်လိုက်သည်။

ကြွေထည်ခပ်ပါးပါးနှင့်လုပ်ထားသော မီးအိမ်ကိုအပူပေးလိုက်လျှင် ထပေါက်ကွဲသွားမှာက ဧကန်မုချမလွဲ။

ဒီတစ်ကြိမ် ရထားလုံးတံခါးပေါက်ရဲ့ တံခါးပတ္တာဆီသို့ လှမ်းပြန်တော့လည်း ရွှမ်းမင်ကလက်ကို ပုတ်ထုတ်ပြန်သည်။

သံနဲ့လုပ်ထားတဲ့ပတ္တာတွေကို သွားထိလို့မဖြစ်။ အရည်ပျော်သွားလျှင် တံခါးဖွင့်မရတော့ပဲ ပိတ်မိနေလိမ့်မည်။

ရွှဲရှန်တစ်ယောက် ကောက်ကျစ်စဥ်းလဲသော ဒီကတုံးတားတာကို အကြိမ်ကြိမ်ခံနေရသည်။ ထောင်းကနဲပေါက်ကွဲသွားသော စိတ်နှင့်အတူ ရွှမ်းမင်ကိုတစ်ချက်မျက်စောင်းထိုးပြီး ရုတ်တရက် လက်နှစ်ဖက်ကိုမြှောက်ကာ ရွှမ်းမင်လည်ထောင်ထဲ ထိုးသွင်းလိုက်သည်။

"ဒီတစ်ခါထပ်တားရင်မင်းကိုပြုတ်ပစ်မယ်"

ရွှမ်းမင် ; "…"

မျက်နှာချင်းဆိုင်တွင်ထိုင်နေသော သုံးယောက်သား ပါးစပ်ဟောင်းလောင်းဖြစ်ကုန်ကြသည်။ ဘယ်သူမှတော့ စကားထမပြောရဲ။ အသံတစ်ခုခုပြုလိုက်မှဖြင့် သူတို့အလှည့်ရောက်လာမှာကို စိုးရိမ်နေကြသည်။ အလျှင်အမြင်ပင် ခေါင်းငုံ့ကာ အကြည့်လွှဲကုန်ကြသည်။

ဘယ်လိုပုံစံနဲ့ဆက်ထိုင်နေရပါ့မလဲ?

ကျယ်လောင်လှသော မြည်းဟီသံများက ရုတ်တရက်ထွက်ပေါ်လာသည်။ အမာရွတ်နှင့်အမျိုးသားသည် ဟိုး––ဆိုသောအသံရှည်ကိုပြုပြီးနောက် မြင်းများကို ချော့မြူလိုက်သည်။

"ရူး..ရူး..မကြောက်နဲ့"

ရထားလုံးတန်းတစ်တန်းလုံး ရုတ်ချင်းရပ်တန့်သွားတာကြောင့် မြင်းများက ရထားလုံးများနှင့် တိုက်မိကုန်ပြီး အော်သည်းသံများထွက်လာကြသည်။

"ဘာလို့ရပ်သွားတာလဲ?"

ကျန်းရှီနင်က သောကရောက်စွာ မေးလာသည်။

"ပြဿနာတစ်ခုခုများဖြစ်သွားတာလား?"

ပြီးလျှင် ရွှဲရှန်ကိုကြည့်ကာ

"ခုနကမင်းပြောတာဘာလဲ? ငါတို့တစ်ခုခုမလုပ်သရွေ့အဆင်ပြေနေမယ်ဆို..ငါတို့ကအဲ့လောက်တောင်မှကံဆိုးနေတယ်လို့မင်းထင်လား?"

စမထွက်ခင် ရွှဲရှန်မှ နားလည်ရန်ခက်သောစကားများဖြင့် သတိပေးလာကတည်းက ကျန်းရှီနင်ခမျာ တစ်ခုခုထဖြစ်တော့လေမလားဆိုသောအတွေးနှင့် ကြောက်စိတ်မွှန်နေခဲ့သည်။ သို့ပေမယ့် ပြောနေကျစကားတစ်ခွန်းရှိသည်..မင်းကြောက်နေတဲ့ဘယ်အရာမဆို အမှန်တကယ်တမ်းဖြစ်လာလိမ့်မယ်။

•••••

 

Zawgyi

အမာရြတ္နဲ႔သူသည္ ေၾကာက္စရာေကာင္းေသာအသြင္ႏွင့္ မ်က္ႏွာထားခက္ထန္ေပမယ့္ တကယ္တမ္းမွာ သေဘာျဖဴေသာသူျဖစ္၏။ သူ႔အဖဲြ႔တြင္ပါေသာ အမ်ိဳးမ်ိဳးအဖံုဖံုစံုလင္ေသာလူစုသည္ ခင္ခင္မင္မင္ေနတတ္ၾကၿပီး စိတ္ထားေကာင္း၏။ အမာရြတ္နဲ႔အမ်ိဳးသားက သူတို႔လိုက္မယ့္အေၾကာင္းေျပာေတာ့လည္း လူပိုပါလာမွာကို စိတ္မကြက္သၫ့္အျပင္ ရႊဲရွန္တို႔အတြက္ ရထားလံုးသီးသန႔္ေပးဖို႔ေတာင္ ေျပာလာသည္။

ႏွင္းမုန္တိုင္းအၾကားတြင္ ေတာင္တက္လမ္းအတိုင္းရွာသြားဖို႔က ခက္ခဲ၏။ လူမကဲြသြားေအာင္ ျမင္းတစ္ေကာင္ႏွင့္တစ္ေကာင္ကို ႀကိဳးအရွည္ျဖင့္ ေနာက္ဆံုးလားအထိ တဲြခ်ည္ထားသည္။

အမာရြတ္ႏွင့္အမ်ိဳးသားသည္ အေအးဒဏ္မွကာကြယ္ရန္ မ်က္ႏွာကိုပိတ္စီးထားၿပီး ေသရည္ပူပုလင္းကိုကိုင္ကာ ေရ႔ွဆံုးကရထားလံုးအတြင္းမွာ ေနရာဝင္ယူလိုက္သည္။ ၿပီးလ်ွင္ သူ႔အဖဲြ႔မွက်န္တဲ့သူေတြကို လွည္းဘီးေအာက္မွ သစ္သားလံုးမ်ားအား ဖယ္ခိုင္းသည္။

"စထြက္ေတာ့မယ္! ေသခ်ာထိုင္ထားၾက!"

သတိေပးသံႏွင့္အတူ ျမင္းမ်ားစေရြ့လာသည္။

ရႊဲရွန္တို႔က တတိယေျမာက္ရထားလံုးထဲမွာ ျဖစ္သည္။ ေလးေယာက္စီးရထားလံုးထဲတြင္ ငါးေယာက္ဆန႔္ဖို႔က အရမ္းေတာ့မခက္ခဲ။ အထူးသျဖင့္ အလြန္အမင္းပိန္ပါးေသာ က်န္းရွီနင္ႏွင့္ ကေလးသာသာအရြယ္သာရိွေသာ လုႏ်ယ္ခ်ီေၾကာင့္ျဖစ္သည္။ လက္ခံႏိုင္ေလာက္ေသာေနရာရသည္ဟု ဆိုလို႔ရသည္။

စကားစျမည္ေျပာရတာအား မႏွစ္သက္ေသာရႊမ္းမင္ကို ရႊဲရွန္ကလဲြၿပီး ေနွာင့္ယွက္ရဲသူမရိွ။ ရထားလံုးအတြင္း ရႊမ္းမင္အတြက္ ေနရာအက်ယ္ခ်ဲ႔ေပးထားသည္။ ရႊဲရွန္အတြက္ကေတာ့...

ေက်ာက္တံုးက်န္းသည္ ရႊဲရွန္ကို ႂကြက္ကေၾကာင္ကို ေၾကာက္သလိုမ်ိဳးကို ေၾကာက္ရြံ႔၏။ သူ႔ကို ရႊဲရွန္တစ္ခါၾကၫ့္တိုင္း ၪီးေရျပားထံုက်င္လာၿပီး ေၾကာက္မက္ဖြယ္ရာ မိုးႀကိဳးစက္မ်ား ေကာင္းကင္ယံထက္ကေန ဘယ္ခ်ိန္မဆို က်ဆင္းလာႏိုင္တယ္လို႔ ခံစားေနရသည္။

ထို႔ေၾကာင့္နဲ႔ပဲ ရထားလံုးအတြင္း ဤသို႔ေနရာယူထားၾကသည္။ ေက်ာက္တံုးက်န္း၊ လုႏ်ယ္ခ်ီနဲ႔ က်န္းရွီနင္တို႔က တစ္ဖက္ျခမ္းမွာထိုင္ၿပီး အျခားတစ္ဖက္ကိုေတာ့ ေၾကာက္ခမန္းလိလိ နတ္ဆရာႏွစ္ေယာက္အတြက္ ေနရာခ်န္ေပးထားသည္။

ရႊဲရွန္သည္ ဝတ္ရံုအမည္းကိုဖယ္၍ ထိုင္ေန၏။ သူႏွင့္ဆန႔္က်င္ဘက္ကိုၾကၫ့္ၿပီး သူထိုင္ေနေသာေနရာကို ျပန္ၾကၫ့္သည္။ ၿပီးလ်ွင္ စပ္ၿဖီးၿဖီးနဲ႔

"ေက်းဇူးပဲေနာ္"

ေက်ာက္တံုးက်န္းမ်က္ႏွာကရႈံ႔မဲသြားၿပီး တစ္ဖက္လွၫ့္သြားသည္။ ဒီေနရာမွာ သံုးေယာက္ေတာင္ရိွေနပါလ်က္နဲ႔ ဘာလို႔ငါ့ကိုၾကၫ့္ၿပီးေျပာတာလဲ?

အမာရြတ္နဲ႔အမ်ိဳးသားႏွင့္ သူ႔အဖဲြ႔သားမ်ားသည္ ခရီးသြားသမားမ်ား ျဖစ္ပံုရ၏။ တိရစၧာန္မ်ားသည္လည္း လမ္းေပၚမွာ အသားက်ေနသည္။ အမာရြတ္နဲ႔အမ်ိဳးသားက ေရ႔ွဆံုးကေန လမ္းမွန္ကိုရွာေဖြေပးၿပီး က်န္သူမ်ားက ျဖည္းျဖည္းမွန္မွန္ ေနာက္ကလိုက္ၾကသည္။ အားထုတ္စရာေတာင္မလို အၿမဲတမ္းလုပ္ေနၾကကိစၥရပ္တစ္ခုလိုပင္။

ရထားလံုးမွာ အေသအခ်ာ ျပင္ဆင္ထား၏။ ျပတင္းေပါက္မ်ားတြင္ေတာင္မွ ေလကာရန္ ထူထဲေသာလိုက္ကာမ်ားကို သံကပ္ရိုက္ထားသည္။

ရထားလံုး၏အလယ္တြင္ ေလးေထာင့္သစ္သားစားပဲြတစ္လံုးရိွသည္။ သင့္တင့္ေသာအရြယ္အစားျဖစ္ၿပီး ေျခမ်ားဆန႔္လို႔ရေအာင္ ေသးငယ္သၫ့္အျပင္ ပစၥည္းမ်ားတင္လို႔ရသၫ့္အထိလည္း ႀကီးသည္။ ရထားလံုးေထာင့္တြင္ သပ္ရိုက္ထားေသာ စင္ငယ္တစ္ခုရိွ၍ အလင္းရေအာင္ မီးအိမ္ငယ္ကို တင္ထားသည္။ သက္လက္ႀကီးသူမ်ား ေဆာင္းတြင္းခ်ိန္မွာ ေျခေထာက္မ်ားေထြးလို႔ရေအာင္ ထားေပးထားေသာ ေစာင္ပံုေခါက္က ေထာင့္တစ္ေနရာတြင္ရိွသည္။

"ဒီမွာအကုန္ရိွတာပဲ"

ေက်ာက္တံုးက်န္းလိုက္ၾကၫ့္ေနမိသည္။

"ခရီးအေတာ္သြားေလ့ရိွတဲ့ပံုပဲ..လမ္းေပၚမွာပဲေနၾကတယ္လို႔ေတာင္ေျပာလို႔ရေနၿပီ"

မထြက္ခင္တုန္းက ၾကင္နာတတ္ေသာအဘြားအိုက ရထားလံုးအတြင္းေနြးသြားေအာင္ အပူေပးအိုးေလးႏွင့္အတူ အထုတ္ငယ္တစ္ခု လာေပးၿပီး

"ဒီမွာမုန႔္နည္းနည္းရိွတယ္..ရထားလံုးထဲမွာေသရည္ရိွတယ္..ေအးတဲ့အခ်ိန္အကူအညီျဖစ္လိမ့္မယ္..ေတာင္ၾကားလမ္းကႏွစ္လမ္းတက္ရမဲ့အျပင္ႏွင္းေၾကာင့္ေခ်ာေနတာမလို႔ညမေရာက္ခင္ေနာက္တစ္ၿမိဳ႔ေရာက္ဖို႔ကမေသခ်ာဘူး..အဆာမခံနဲ႔"
   

ေက်ာက္တံုးက်န္းသည္ အဘြားအိုသာယူထားဖို႔ ပါးစပ္ကသာျငင္းဆန္ေနေပမဲ့ လက္ကေတာ့ ဘယ္ေတာ့မွအလႊတ္မေပးမယ့္ပံုနဲ႔ အပူေပးအိုးကို တင္းတင္းပိုက္ထားသည္။

ရထားလံုးသည္ အျပင္မွာေနတာထက္စာရင္ ပိုေကာင္းေပမယ့္လည္း ေအးတာကေတာ့ေအးေနၿမဲ။

ေက်ာက္တံုးက်န္းသည္ ေတာင့္ေနေသာလက္ေခ်ာင္းေတြကို အပူေပးေနရင္း ေထာင့္မွေစာင္ပံုအား မ်က္ေစာင္းတထိုးထိုးလုပ္ေန၏။ က်န္းရွီနင္ႏွင့္လုႏ်ယ္ခ်ီက ေစာင္ပံုႏွင့္သူ႔အၾကားခံေနတာေၾကာင့္ ထိုႏွစ္ေယာက္ကိုေက်ာ္ကာ လွမ္းမယူရဲ။ သူရိွေနတာကို ရႊဲရွန္ႏွင့္ရႊမ္းမင္မွတ္မိသြားမၫ့္ အျပဳအမူမ်ိဳး စိုးစိေလးမ်ွမလုပ္ခ်င္။

ေက်ာက္တံုးက်န္းမ်က္လံုးေတြက ေတာင္ေျပးေျမာက္ေျပးျဖစ္ေနသည္။ လုႏ်ယ္ခ်ီကိုလွၫ့္ၿပီး ေျပာလိုက္၏။

"အဲ့ဒီကေစာင္တစ္ထည္ယူလိုက္ပါလား? ငါတို႔ႏွစ္ေယာက္အတူႃခံုၿပီးအပူေပးအိုးကိုအလယ္မွာထားလိုက္မယ္ေလ..ဘယ္လိုသေဘာရလဲ?"

လုႏ်ယ္ခ်ီသည္ ျပန္စိုက္ၾကၫ့္ကာ မ်က္ႏွာထက္တြင္ အထင္ေသးေသာအမူအရာ အတိအလင္းမျပလာေပမယ့္လည္း

"မယူဘူး..ကၽြန္ေတာ္မခ်မ္းဘူး..ကိုယ့္ဘာသာကိုယ္ႃခံု"

အပူေပးအိုးကို လက္ထဲကမခ်ေသးေသာ ေက်ာက္တံုးက်န္းသည္ လုႏ်ယ္ခ်ီကို ေမးေငါ့ကာ

"လက္ေတြဘယ္ေလာက္ေတာင္ေအးေနၿပီလဲၾကၫ့္ပါၪီး..ျပည္တည္နာဆိုတာမ်ိဳးျဖစ္ဖူးလား? ဒီလိုစိုစိုစြတ္စြတ္ရာသီဥတုမ်ိဳးမွာအနည္းဆံုးေတာ့လက္ေတြကိုဝတ္ရံုလက္ေထာင္ထဲမထၫ့္ထားဘူးဆိုရင္ျပည္တည္နာျဖစ္လိမ့္မယ္..အဲ့ဒီက်မွဝမ္းနည္းေနရမယ္..သူတို႔ကေယာင္ယမ္းလာတဲ့အျပင္ယားလည္းယားတယ္..ႏွင္းကိုက္ဒဏ္အျဖစ္ေတာင္ေျပာင္းသြားတတ္ေသးတယ္..အဆိုးဆံုးကေတာ့လက္ဆစ္မွာျဖစ္တာပဲ..လက္ေခ်ာင္းလႈပ္မိတိုင္းျပည္ဖုကေပါက္သြားၿပီးအသားစေတြပါထြက္လာလိမ့္မယ္..မင္း––"

လုႏ်ယ္ခ်ီတစ္ေယာက္ မ်က္ေမွာင္ႄကံု႔သြားသည္။ ေစာင္ပါးတစ္ထည္ဆဲြယူကာ ႏွစ္ေယာက္လံုး၏ဒူးအထက္ေပၚတြင္ ျဖန႔္လိုက္သည္။

"ထပ္ၿပီးစကားမေျပာပါနဲ႔ေတာ့"

ေလသံက လုႏ်ယ္ခ်ီတစ္ဝက္ လုရႊီက်ိဳတစ္ဝက္ ျဖစ္သည္။ ေခါင္းမာေသာ ပင္ကိုဓာတ္ခံကို ခ်ဳပ္တည္းျခင္းဆိုသၫ့္အေရျပားက အုပ္ကာထားသည္။

ေက်ာက္တံုးက်န္းကေတာ့ အေရးမစိုက္။ တေပ်ာ္တပါးနဲ႔ ေျခေထာက္ကို ေစာင္ႏွင့္ေသခ်ာေထြးလိုက္ၿပီး ေစာင္ထဲကို အပူေပးအိုးအား ထၫ့္ထားလိုက္သည္။ တခဏေလးအတြင္းမွာပဲ အပူဓာတ္သည္ ေစာင္အတြင္း၌ ပ်ံ႔ႏွံ႔သြားၿပီး ႏွစ္လိုဖြယ္ေကာင္းေသာအေနြးဓာတ္ကို ေပးလို႔ေန၏။ အေနြးဓာတ္သည္ အရိုးမ်ားအသားမ်ားမွာတစ္ဆင့္ ခဲေတာင့္ေနေသာဒူးမ်ားအထိ တက္သြားရာ ေနလို႔ေကာင္းလိုက္ေလျခင္း!

စိတ္တိုေနပံုရေသာ လုႏ်ယ္ခ်ီမ်က္ႏွာျဖဴဆုတ္ဆုတ္ပင္ တျဖည္းျဖည္းႏွင့္ ပန္းေရာင္သန္းစျပဳလာသည္။ လက္ေခ်ာင္းမ်ားလႈပ္ရွားသြားၿပီး ေစာင္ပံုအတြင္း တိုးဝင္လိုက္သည္။

"ကဲ––ေတြ့လား..ဒီလိုမ်ိဳးေနဖို႔အတြက္ငယ္လြန္းပါေသးတယ္..ေအးတဲ့ဒဏ္ကကိုယ့္ကိုယ္ကိုကာကြယ္တာဘာမွရွက္ေနစရာမလိုဘူး"
  
လုႏ်ယ္ခ်ီမ်က္ႏွာလႊဲသြားကာ မၾကားခ်င္ေယာင္ေဆာင္လိုက္သည္။

"ငါ့အသက္အရြယ္မွာဒူးေတြကိုေသခ်ာမထိန္းသိမ္းရင္အသက္ႀကီးလာရင္လမ္းေလ်ွာက္ႏိုင္မွာမဟုတ္ဘူး"

ေက်ာက္တံုးက်န္းသည္ သူ႔အသံသူ ေတာ္ေတာ္သေဘာက်ပံုရ၏။ ရထားလံုးေပၚေရာက္ကတည္းက မရပ္မနား ခရားေရလႊတ္တတြတ္တြတ္ ေျပာလာသည္။ ဒါကလည္း စြမ္းရည္တစ္မ်ိဳးပင္။

စကားဆံုးသည္ႏွင့္ တစ္ခုခုမူမမွန္ေတာ့ဘူးဆိုတာကို ေက်ာက္တံုးက်န္းသတိထားမိသြားသည္။ ေခါင္းေမာ့လိုက္တဲ့အခ်ိန္မွာ ရႊဲလမ္းမေလ်ွာက္ႏိုင္ေသာရွန႔္ႏွင့္ အၾကၫ့္ခ်င္းဆံုသြားသည္။
   
ေက်ာက္တံုးက်န္း ထိတ္လန႔္ဆန္ျပာႏွင့္ ဇတ္ပုဝင္သြားၿပီး ကိုယ့္ကိုယ္ကို က်ဳံ႔ႏိုင္သမ်ွေသးေအာင္က်ဳံ႔ကာ တထစ္ထစ္တေငါ့ေငါ့နဲ႔

"ကၽြန္...ကၽြန္ေတာ္စကားမေျပာေတာ့ပါဘူး"

ေက်ာက္တံုးက်န္းအသံတိတ္သြားေသာအခါ တစ္ခ်ိန္လံုးစကားတစ္ခြန္းမွမေျပာေသာ က်န္းရွီနင္သည္ နားထင္ကိုလက္ႏွင့္ဖိႏိွပ္လ်က္

"ရထားလံုးေပၚမတက္ခင္တုန္းကငါ့ကိုဘာမွမေမးဖို႔ဆဲြထားတာဘာျဖစ္လို႔လဲ?သူတို႔က..."

က်န္းရွီနင္အၾကၫ့္က ထူထဲေသာလိုက္ကာေနာက္မွ တစ္ပါးရထားလံုးမ်ားရိွရာသို႔ ေရာက္သြားသည္။ ေလသံကိုနိမ့္၍

"တစ္ခုခုမ်ားမွားယြင္းေနတာလား? အဲ့တာဆိုရင္ဘာလို႔တက္လိုက္လာေသးလဲ?"

ေက်ာက္တံုးက်န္းသည္ အၿငိမ္မေနႏိုင္ ဝင္ပါလာျပန္၏။

"ဓားျမေတြေတာ့မဟုတ္ေလာက္ပါဘူး..ဟုတ္မ်ားဟုတ္ေနမလား? ဒါေပမဲ့ငါတို႔ကိုအစားအစာေတြနဲ႔အပူေပးအိုးေတာင္ေပးသြားတာပဲ..တကယ္ပဲလူဆိုးေတျြဖစ္ႏိုင္ပါ့မလား?"

ၿပီးလ်ွင္ ကိုယ့္ပါးစပ္ကိုယ္ျပန္ရိုက္ကာ

"ဒါေနာက္ဆံုးစကားပဲ..ဒီတစ္ခါလံုးဝမေျပာေတာ့ဘူး"

လုႏ်ယ္ခ်ီ မ်က္ဆန္လည္မိသည္။ ဒီလူကို သူေသမေလာက္စိတ္ကုန္ေနၿပီ။ သို႔ေပမဲ့လည္း လုရႊီက်ိဳထံမွ တည္ၿငိမ္မႈအခ်ိဳ႕ရရိွထား၍ လ်ွာကိုကိုက္ၿပီး ပါးစပ္တင္းတင္းေစ့ထားႏိုင္သြားသည္။

ရႊဲရွန္ကေတာ့ အဘြားအိုေျပာခဲ့ေသာ ေသရည္ပုလင္းကို ရထားလံုးအတြင္း လိုက္လံရွာေဖြေနသည္။ ရွာေနရင္းႏွင့္

"ဒီမွာတားျမစ္ထားတဲ့အရာတစ္ခုရိွတယ္..အဲ့ဒါေၾကာင့္မလို႔အဲ့ဒီအေၾကာင္းကိုေျပာျပလို႔မရဘူး..ခုနကတစ္ခ်က္ၾကၫ့္မိတုန္းကလားဆဲြတဲ့ရထားလံုးဆီယူသြားတဲ့အဝတ္ထုတ္ႏွစ္ထုတ္ကေသခ်ာမထုတ္ထားလို႔အဝတ္ေတြေတာင္ထြက္ၾကေနတာကိုေတြ့လိုက္ေသးတယ္"

"ဪ..ငါလည္းေတြ့လိုက္တယ္..အကုန္လံုးကအဆင္လွၿပီးအေရာင္စံုတယ္..ျပဇာတ္ခံုေရာက္ဖူးလား..ျပဇာတ္ကရာမွာဝတ္တဲ့အဝတ္အစားေတြနဲ႔ေတာင္တူတယ္"

ေသရည္ပုလင္းကိုရွာေတြ့သြားေသာ ရႊဲရွန္သည္ လက္ႏွင့္ပိုက္လိုက္ေသာအခါ ေသရည္ကလည္း ဆူပြက္စျပဳလာ၏။

"ဒီေသရည္ကတကယ္အနံ႔ေမႊးတာပဲ"

တစ္ေယာက္တည္းေရရြတ္ၿပီးမွ က်န္းရွီနင္ကိုျပန္ေျဖလာသည္။

"ဘာလို႔ျပဇာတ္ၾကၫ့္ရမွာလဲ? ျပဇာတ္ဆိုတာကငါ့ထက္စိတ္ဝင္စားစရာေကာင္းေနလို႔လား?"

က်န္းရွီနင္သက္ျပင္းခ်မိသည္။ မွန္ပါတယ္..မင္းကဘယ္ျပဇာတ္ထက္မဆို ဇာတ္ဝင္ဇာတ္ခန္းေတြ မ်ားလြန္းလို႔။

"ကၽြန္ေတာ္တစ္ခုေျပာလို႔ရမလား?"

ေက်ာက္တံုးက်န္းအသံထြက္လာသည္။

"ဘယ္သူကမွမင္းပါးစပ္ကိုမပိတ္ထားသလိုလ်ွာကိုလည္းအျပင္ဆဲြမထုတ္ထားဘူး..အပိုေတြမလုပ္ပဲေျပာစရာရိွတာကိုေျပာ"

ရႊဲရွန္ေဒါသေထာင္းကနဲထြက္သြားသည္။

"ရထားလံုးထဲပစၥည္းေတြသယ္ေရႊ့ေနတုန္းကအဲ့ဒီလားဆဲြတဲ့ရထားလံုးထဲသြားၾကၫ့္မိလိုက္ေသးတယ္..ဒီကလူငယ္ေလးခန႔္မွန္းတာအမွန္ပဲ..ရထားလံုးထဲမွာျပဇာတ္သံုးအသံုးအေဆာင္အကုန္လံုးရိွတယ္..တီးခတ္တဲ့ဗံုေတြေမာင္းေတြလည္းေတြ့တယ္..ျပဇာတ္ကတဲ့သူေတျြဖစ္ေလာက္မယ္..ဒီလိုခရီးလၫ့္လည္သြားလာၿပီးျပဇာတ္ကျပတဲ့သူေတြကေနရာအႏွံ႔သြားေနၾကတဲ့အိမ္ေျခမဲ့ေတြေပါင္းၿပီးဖဲြ႔ထားၾကတာ..အမာရြတ္သံုးခုနဲ႔သူကျပဇာတ္ေခါင္းေဆာင္ျဖစ္ႏိုင္တယ္..ၿပီးေတာ့က်န္တဲ့သူေတြကိုလည္းေရၾကၫ့္မိေသးတယ္..ဟြားတန္း၊ ေလာင္တန္း၊ေရွာင္ရွန္း၊ က်န႔္ရွန္း¹အတိုင္းအႀကီးအငယ္အစဥ္လိုက္နဲ႔က်န္တဲ့သူေတြကလူျပတ္နဲ႔က်င္းေနရာက ကျပတာျဖစ္ဖို႔မ်ားတယ္..အကုန္လံုးေပါင္းလိုက္ရင္ေတာ့ေတာ္ေတာ္ေလးႀကီးက်ယ္ခန္းနားတဲ့ျပဇာတ္ကိုကျပႏိုင္လိမ့္မယ္"

(¹https://www.chinaeducationaltours.com/guide/culture-peking-opera-performers-and-roles.htm)

အန္ခ်င္းတြင္ရိွေသာ ျပဇာတ္အဖဲြ႔ေတြဆိုသည္မွာ အေရအတြက္နည္းလွသည္မဟုတ္။ တစ္ခ်ိဳ႕က မိုးဒဏ္ႏွင္းဒဏ္မွကာကြယ္ရန္ ေသရည္ဆိုင္ႀကီးမ်ားတြင္ ေဖ်ာ္ေျဖၾကၿပီး အေတာ္ေလးလည္း အဆင္ေျပၾကသည္။ နာမည္ေက်ာ္ၾကားေသာအဖဲြ႔မ်ားတြင္ တိုင္းသိျပည္သိဇာတ္မင္းသားမ်ားေတာင္ ပါသည္။ ဒါေပမဲ့ တခ်ိဳ႕ကလည္း ကျပရာေနရာအတည္အက် သတ္မွတ္ထားတာမ်ိဳးမရိွပဲ ခရီးရပ္ေဝးလွည့္လည္သြားလာၾကၿပီး ၿမိဳ႔ငယ္ေလးမ်ားတြင္ လိုက္လံကျပၾကသည္။ တစ္ခါတစ္ေလ ၿမိဳ႔ခံေသရည္ဆိုင္မ်ားမွ ကျပေပးရန္ ကမ္းလွမ္းၾကၿပီး မဟုတ္ရင္လည္း လမ္းမေပၚတြင္ ဒီအတိုင္း ခင္းက်င္းကျပၾကသည္။

"အဲ့ဒီညီအစ္ကိုေျပာတာေတာ့သူတို႔လည္းခ်င္းဖင္းတိုင္းျပည္ကိုသြားမလို႔တဲ့..တားျမစ္ထားတာရိွတယ္ဆိုေတာ့လည္းအဲ့ဒီအေၾကာင္းမေျပာပဲေနၾကတာေပါ့..လိုက္သြားဖို႔မင္းမတားဘူးဆိုကတည္းကအတူခရီးသြားလို႔ျပႆနာမရိွဘူးဆိုတာေသခ်ာသြားၿပီ..ဟုတ္တယ္မလား?"

"မသြားသင့္တဲ့လမ္းကိုေလ်ွာက္မသြားသေရြ့ေတာ့အဆင္ေျပတယ္"

ပြတ္ပြတ္ဆူေနေသာ ေသရည္ပုလင္းအား သစ္သားစားပဲြေပၚမွာတင္ရင္း က်န္းရွီနင္စကားကို ရႊဲရွန္ျပန္ေျဖလိုက္သည္။

ေသရည္ပုလင္းရိွရာကို ခိုးေၾကာင္ခိုးဝွက္ႏွင့္ ေက်ာက္တံုးက်န္းလက္လွမ္းလိုက္သည္။ သို႔ေပမဲ့ မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနေသာ ရႊမ္းမင္လက္ေခ်ာင္းမ်ားက ရုတ္တရက္လႈပ္ရွားသြားၿပီး မျမင္ႏိုင္ေသာအရာတစ္ခုခုက သူ႔လက္ကိုလာဖိထားသလို ေက်ာက္တံုးက်န္းခံစားလိုက္ရသည္။ ေသြးေၾကာအမွတ္တစ္ေနရာကို တစ္ခ်က္ဖိမိသြားၿပီးေနာက္ သူ႔လက္ေကာက္ဝတ္မွာ ေပ်ာ့ေခြသြားသည္။

"ေသရည္ကိုမေသာက္နဲ႔"

ေက်ာက္သားပန္းရံဆရာကို တစ္ခ်က္မွေတာင္မၾကၫ့္ပဲ ေအးစက္စြာပင္ေျပာလာသည္။

"ဟမ္?"

ၾကက္ေသေသသြားေသာေက်ာက္တံုးက်န္းစိတ္ထဲ ေမးခြန္းေပါင္းမ်ားစြာက ဝင္ေရာက္လာသည္။ လက္ကိုျပန္ရုတ္လိုက္၏။ တခဏၾကာစဥ္းစားေနၿပီးေနာက္ အဘြားအိုေပးထားေသာ မုန႔္ထုတ္ကို မ်က္ေစာင္းထိုးၾကၫ့္ၿပီး

"ဒါဆိုမုန႔္ကေရာ"

"စားလို႔ရတယ္..ရထားလံုးထဲလူေလးေယာက္ပဲက်န္ေတာ့မွာဆိုေတာ့ေနရာက်ယ္က်ယ္ရတာေပါ့" ဟူ၍ ရႊဲရွန္စကားသံထြက္လာသည္။

ေက်ာက္တံုးက်န္းတံေတြးေတာင္ၿမိဳခ်မိသြားသည္။

ရႊဲရွန္တစ္ေယာက္ သက္ေတာင့္သက္သာမရိွလွတာေၾကာင့္ စတင္ၿပီးဂနာမၿငိမ္ျဖစ္လာသည္။

ကိုယ္တြင္း၌ပူေလာင္ေနေသာ ခံစားခ်က္ႀကီးက ၫွာတာမႈကင္းမဲ့စြာႏွင့္ သူ႔တစ္ကိုယ္လံုးကို ေလာင္ၿမိဳက္တိုက္စားေနသည္။ နဂါးငယ္ေလးအရြယ္တုန္းကေလာက္ မဆိုးရြားေပမဲ့ စိတ္ဒုကၡကေတာ့ေပးေနဆဲ။ သူလုပ္ႏိုင္တာက အပူေတြကို လက္ဖဝါးမွာစုၿပီး ေအးေသာအရာတစ္ခုထဲ ကူးေျပာင္းေပးေနျခင္းသာျဖစ္သည္။ အခုအခ်ိန္မွာ အပူကူးေျပာင္းစရာ ပစၥည္းတစ္ခုမွလည္း မက်န္ေတာ့တာေၾကာင့္ ေဒါသထြက္စျပဳလာသည္။

အမိုးကိုေမာ့ၾကၫ့္ရင္း သူ႔လက္ကိုစားပဲြေအာက္ထဲထိုးထၫ့္ၿပီး အနားယူေနခ်င္ေယာင္ေဆာင္ထားေပမဲ့ တကယ္တမ္းမွာ စားပဲြခံုေျခေထာက္ကို ဆုတ္ကိုင္ထားျခင္းျဖစ္သည္။

တခဏအၾကာမွာ ရထားလံုးသည္ ေျမမညီေသာလမ္းေၾကာင္းေပၚသို႔ ျဖတ္သြားရတာေၾကာင့္ ဆတ္ကနဲတုန္ခါသြားသည္။ က်န္းရွီနင္တို႔သည္ ဒယိမ္းဒယိုင္ျဖစ္ကုန္ၾကၿပီး ကိုယ္ကိုထိန္းရန္ စားပဲြခံုကို ဆဲြကိုင္လာၾက၏။

"အား!"

ေအာ္သံႏွင့္အတူ လက္ႏွစ္ဖက္ကို က်န္းရွီနင္တဖူးဖူးမႈတ္ေနသည္။

ေက်ာက္တံုးက်န္းေအာ္သံကလည္း ထြက္ေပၚလာသည္။

လုႏ်ယ္ခ်ီလည္း လက္ကိုရုတ္ခ်င္းျပန္သိမ္းလိုက္ၿပီး ရႊဲရွန္ကိုစိုက္ၾကၫ့္ကာ

"ခင္ဗ်ား စားပဲြကိုဒီအတိုင္းဆက္ကိုင္ထားမယ္ဆိုရင္မီးထေတာက္လာလိမ့္မယ္"

ရႊဲရွန္သည္ မၾကားခ်င္ေယာင္ေဆာင္ၿပီး ျပတင္းေပါက္ကိုပိတ္ထားေသာ လိုက္ကာဆီသို႔ အၾကၫ့္လႊဲလိုက္၏။ ၿပီးလ်ွင္ စားပဲြဆီမွလက္ကို ျဖည္းျဖည္းခ်င္းလႊတ္ၿပီး ထိုင္ေနေသာခံုတန္းရွည္၏အစြန္းကို ဆုပ္ကိုင္ထားလိုက္သည္။

ရႊမ္းမင္ေခါင္းယမ္းၿပီး နဂါး၏လက္ေကာက္ဝတ္ကို လက္ၫွိုးႏွင့္လက္မဆဲြညစ္ကိုင္ကာ ခံုတန္းရွည္ဆီမွ ဖယ္ရွားလိုက္သည္။

"ေတာ္ေလာက္ၿပီ..အျခားတစ္ေနရာရွာ"

  ဒီအတိုင္းဆက္လုပ္ေနမယ္ဆိုလ်ွင္ ရထားလံုးမွာ ထိုင္လို႔ေတာင္ရေတာ့မွာမဟုတ္။

ရႊဲရွန္ အေတာ္ၾကာစဥ္းစားလိုက္ၿပီးေနာက္ လက္ႏွစ္ဖက္ကို ရထားလံုးတံခါးေပါက္မွာ သြားတင္သည္။

ရထားလံုးတစ္ခုလံုး ေနြးလာရံုသာမက ပို၍ပင္လ်ွင္ျမန္စြာျမင့္တက္လာေသာအပူခ်ိန္ေၾကာင့္ ပူသထက္ပူလာေတာ့သည္။

လုႏ်ယ္ခ်ီသည္ စကားတစ္ခြန္းတစ္ေလဆိုျခင္းမရိွေပမယ့္ လည္ပင္းကိုမတ္ကာ ဒူးထက္မွေစာင္ကိုဆဲြဖယ္ၿပီး အပူေပးအိုးကို ေက်ာက္တံုးက်န္းေပါင္ေပၚတင္ေပးလိုက္သည္။

က်န္းရွီနင္ကေတာ့ လိုက္ကာေလးနည္းနည္းတြန္း၍ဟကာ တိတ္တဆိတ္ ေလေအးကို အထဲသြင္းလ်က္ရိွသည္။ ေပါင္းအိုးထဲမွာေရာက္ေနေသာ ေပါက္စီမ်ားလို႔ေတာင္ ထင္မိသည္။ အေပၚယံအသားမ်ားက က်က္ေနၿပီျဖစ္ၿပီး မၾကာခင္အခ်ိန္မွာပဲ အတြင္းသားမ်ားလည္း က်က္လို႔သြားေတာ့မယ္။

ရထားလံုးအတြင္း တျဖည္းျဖည္း တစတစႏွင့္မြန္းက်ပ္ပူေလာင္လာၿပီး ေနာက္ဆံုးေတာ့လည္း ရႊမ္းမင္ကပဲ

"ဒီထက္ပိုပူလာမယ္ဆိုရင္ရထားလံုးထဲေနရာလြတ္သံုးေနရာျဖစ္သြားလိမ့္မယ္"

ေပါင္းအိုးထဲမွထုတ္ယူလို႔ ရလုရခင္ျဖစ္ေနၿပီျဖစ္ေသာ ေပါက္စီသံုးလံုးသည္ ရႊဲရွန္ကိုစိုက္ၾကၫ့္ေန၏။

နဂါးမ်က္ခြံမ်ားပင့္သြားသည္။ ၿပီးလ်ွင္ အလြန္တရာမွ စိတ္ထားႀကီးက်ယ္ျမင့္ျမတ္လွေသာသူတစ္ေယာက္ အမူအရာႏွင့္ ရထားလံုးတံခါးမွလက္ကို ဖယ္ေပးသည္။ ၿပီးလ်ွင္ ေထာင့္ဆီမွ မီးအိမ္ဆီသို႔ လွမ္းဖို႔ျပင္ေနတာေၾကာင့္ ရႊဲရွန္လက္ေကာက္ဝတ္ကို ရႊမ္းမင္ဖမ္းဆုပ္လိုက္သည္။

ႂကြေထည္ခပ္ပါးပါးႏွင့္လုပ္ထားေသာ မီးအိမ္ကိုအပူေပးလိုက္လ်ွင္ ထေပါက္ကဲြသြားမွာက ဧကန္မုခ်မလဲြ။

ဒီတစ္ႀကိမ္ ရထားလံုးတံခါးေပါက္ရဲ့ တံခါးပတၲာဆီသို႔ လွမ္းျပန္ေတာ့လည္း ရႊမ္းမင္ကလက္ကို ပုတ္ထုတ္ျပန္သည္။

သံနဲ႔လုပ္ထားတဲ့ပတၲာေတြကို သြားထိလို႔မျဖစ္။ အရည္ေပ်ာ္သြားလ်ွင္ တံခါးဖြင့္မရေတာ့ပဲ ပိတ္မိေနလိမ့္မည္။

ရႊဲရွန္တစ္ေယာက္ ေကာက္က်စ္စဥ္းလဲေသာ ဒီကတံုးတားတာကို အႀကိမ္ႀကိမ္ခံေနရသည္။ ေထာင္းကနဲေပါက္ကဲြသြားေသာ စိတ္ႏွင့္အတူ ရႊမ္းမင္ကိုတစ္ခ်က္မ်က္ေစာင္းထိုးၿပီး ရုတ္တရက္ လက္ႏွစ္ဖက္ကိုၿမွောက္ကာ ရႊမ္းမင္လည္ေထာင္ထဲ ထိုးသြင္းလိုက္သည္။

"ဒီတစ္ခါထပ္တားရင္မင္းကိုျပဳတ္ပစ္မယ္"

ရႊမ္းမင္ ; "…"

မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္ေနေသာ သံုးေယာက္သား ပါးစပ္ေဟာင္းေလာင္းျဖစ္ကုန္ၾကသည္။ ဘယ္သူမွေတာ့ စကားထမေျပာရဲ။ အသံတစ္ခုခုျပဳလိုက္မျွဖင့္ သူတို႔အလွၫ့္ေရာက္လာမွာကို စိုးရိမ္ေနၾကသည္။ အလ်ွင္အျမင္ပင္ ေခါင္းငံု႔ကာ အၾကၫ့္လႊဲကုန္ၾကသည္။

ဘယ္လိုပံုစံနဲ႔ဆက္ထိုင္ေနရပါ့မလဲ?

က်ယ္ေလာင္လွေသာ ျမည္းဟီသံမ်ားက ရုတ္တရက္ထြက္ေပၚလာသည္။ အမာရြတ္ႏွင့္အမ်ိဳးသားသည္ ဟိုး––ဆိုေသာအသံရွည္ကိုျပဳျပီးေနာက္ ျမင္းမ်ားကို ေခ်ာ့ျမဴလိုက္သည္။

"ရူး..ရူး..မေၾကာက္နဲ႔"

ရထားလံုးတန္းတစ္တန္းလံုး ရုတ္ခ်င္းရပ္တန႔္သြားတာေၾကာင့္ ျမင္းမ်ားက ရထားလံုးမ်ားႏွင့္ တိုက္မိကုန္ၿပီး ေအာ္သည္းသံမ်ားထြက္လာၾကသည္။

"ဘာလို႔ရပ္သြားတာလဲ?"

က်န္းရွီနင္က ေသာကေရာက္စြာ ေမးလာသည္။

"ျပႆနာတစ္ခုခုမ်ားျဖစ္သြားတာလား?"

ၿပီးလ်ွင္ ရႊဲရွန္ကိုၾကၫ့္ကာ

"ခုနကမင္းေျပာတာဘာလဲ? ငါတို႔တစ္ခုခုမလုပ္သေရြ့အဆင္ေျပေနမယ္ဆို..ငါတို႔ကအဲ့ေလာက္ေတာင္မွကံဆိုးေနတယ္လို႔မင္းထင္လား?"

စမထြက္ခင္ ရႊဲရွန္မွ နားလည္ရန္ခက္ေသာစကားမ်ားျဖင့္ သတိေပးလာကတည္းက က်န္းရွီနင္ခမ်ာ တစ္ခုခုထျဖစ္ေတာ့ေလမလားဆိုေသာအေတြးႏွင့္ ေၾကာက္စိတ္မႊန္ေနခဲ့သည္။ သို႔ေပမယ့္ ေျပာေနက်စကားတစ္ခြန္းရိွသည္..မင္းေၾကာက္ေနတဲ့ဘယ္အရာမဆို အမွန္တကယ္တမ္းျဖစ္လာလိမ့္မယ္။

•••••

 

Continue Reading

You'll Also Like

423K 46K 147
Myanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September...
450K 47.9K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
631K 74.5K 199
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
45.5K 3K 44
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.