ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယာ...
By NgaChaukMaKyikeBuu
1.2M 214K 9.4K
ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ The General's Vampire Omega Title - 上将的omega吸血鬼 Author - Little Baldy... More
Synopsis
( ၁ )
( ၂ )
( ၃ )
( ၄ )
( ၅ )
( ၆ )
( ၇ )
( ၈ )
( ၉ )
( ၁၀ )
( ၁၁ )
( ၁၂ )
( ၁၃ )
( ၁၄ )
( ၁၅ )
( ၁၆ )
( ၁၇ )
( ၁၈ )
( ၁၉ )
( ၂၀ )
( ၂၁ )
( ၂၂ )
( ၂၃ )
( ၂၄ )
( ၂၅ )
( ၂၆ )
( ၂၇ )
( ၂၈ )
( ၂၉ )
( ၃၀ )
( ၃၁ )
( ၃၂ )
( ၃၃ )
( ၃၄ )
( ၃၅ )
( ၃၆ )
( ၃၇ )
( ၃၈ )
( ၃၉ )
( ၄၀ )
( ၄၁ )
( ၄၂ )
( ၄၃ )
( ၄၄ )
( ၄၅ )
( ၄၆ )
( ၄၇ )
( ၄၈ )
( ၄၉ )
About Chu Feng ( May Contain Spoilers! )
( ၅၀ )
( ၅၁ )
( ၅၂ )
( ၅၄ )
( ၅၅ )
( ၅၆ )
( ၅၇ )
( ၅၈ )
( ၅၉ )
( ၆၀ )
( ၆၁ )
( ၆၂ )
( ၆၃ )
( ၆၄ )
( ၆၅ )
( ၆၆ )
( ၆၇ )
( ၆၈ )
( ၆၉ )
( ၇၀ )
( ၇၁ )
( ၇၂ )
( ၇၃ )
( ၇၄ )
( ၇၅ )
( ၇၆ )
( ၇၇ )
( ၇၈ )
( ၇၉ )
( ၈၀ )
( ၈၁ )
( ၈၂ )
( ၈၃ )
( ၈၄ )
( ၈၅ )
( ၈၆ )
( ၈၇ )
( ၈၈ )
( ၈၉ ) - END
Thank You!
( ၅၃ )
11.7K 2.2K 120
< Unicode >
အခန်း ( ၅၃ ) - ကျိုးကျိုးက ကိုယ့် ခန္ဓာကိုယ်ပိုင်ရှင်ပဲ
လော့ကျိုးကျိုးသည် ချီဖန်းစကားကို ကြားတော့မှပဲ စိတ်သက်သာရာရကာ ချူဖုန်း ပခုံးကို ထွေးဖက်ပြီး တစ်ဖက်လူ လုပ်ခဲ့သလို ဆံပင်များ နဖူးများကို နမ်းမိသည်။
လော့ကျိုးကျိုးသည် ရှိုက်ငင်ရင်း ပြန်နှစ်သိမ့်သည် "အဆင်ပြေပြီ အဆင်ပြေသွားပြီ ချူဖုန်း အတော်ဆုံးပဲ"
"အင်း ကိုယ်အဆင်ပြေသွားပြီ ကိုယ် အတော်ဆုံးပဲ" ချူဖုန်းထံမှ ရုတ်တရက် အသံခပ်ဖျော့ဖျော့ထွက်လာသည်။
လော့ကျိုးကျိုးသည် တန့်ရပ်ကာ အံ့အားတသင့်ဖြင့် မေးလိုက်သည် "ခင်ဗျား နိုးနေပြီလား"
ချူဖုန်းကား လော့ကျိုးကျိုးရင်ခွင်ထဲ လှဲမှီလျက်ပင် မျက်လုံးများ မှိတ်ထားသော်ငြား မျက်နှာထက်တွင် အပြုံးတစ်ခုက တွဲလွဲခိုနေချေသည်။ သူ၏ အောက်ချထားသော မျက်တောင်များက လှုပ်လာပြီးသော် မျက်လုံးပွင့်လာတော့သည်။ မျက်လုံးထဲမှ နီစွေးစွေး အရောင်တို့ကလည်း အလုံးစုံကွယ်ပျောက်ကာ မူလအတိုင်း အညိုနုရောင်ရှိနေလေသည်။
ချီဖန်းရော ချန်စီဟန်ပါ တစ်ပြိုင်တည်း သက်ပြင်းပူများ မှုတ်ထုတ်လိုက်ကြသည်။
ချန်စီဟန်သည် မျက်နှာကို လက်ဖြင့် ပွတ်ရင်း အက်ရှစွာ ပြောသည် "မင်း တစ်ခုခု ထပ်ဖြစ်ရင် ငါတော့ သုတေသနကျောင်းကို မြေလှန်ပစ်မှာပဲ ဘာ ဘန်ဇီဒရင်းလဲ အဲ့နာမည်ကြားတိုင်း ဒေါသထွက်နေရတယ်"
ထိုစကားများ ထွက်သွားတာနှင့် ဆေးဘူးကို သိမ်းနေခဲ့သော ချီဖန်း လက်များက တုံ့ရပ်သွားကာ သူ့ဘက် မျက်နှာလှည့်လာတော့သည်။ မျက်လုံးများက ငြိမ်သက်နေသော်ငြား သိုဝှက်ထားသော ဆိုလိုရင်းကို ချန်စီဟန် ခံစားမိနိုင်သဖြင့် လေသံပြောင်းလိုက်ရသည်။
"ဒါပေမဲ့ သုတေသနကျောင်းက မဟာမိတ်ပေါင်းစု ရတနာတစ်ပါးပဲလေ အဲ့ဒီတော့ တစ်ခုခုဖြစ်တောင် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမှာ အပြစ်မရှိတဲ့ ဘန်ဇီဒရင်းကို မဟုတ်ဘူး"
ချူဖုန်းမှ ချီဖန်းဘက် လှည့်ကြည့်လာလေရာ လော့ကျိုးကျိုးသည် တစ်ဖက်လူ နေရအဆင်ချောအောင် ကိုယ်နေဟန်ထား ပြောင်းပေးသည်။
"ဒါရိုက်တာချီ ကျေးဇူးတင်ပါတယ်" ချူဖုန်းက ဆိုလေသည်။
ချီဖန်းသည် နှာမှုတ်သံပြုကာ "မင်းက ကိုယ့်ဘာသာ သေတွင်းတူးနေတာပဲ ငါ ဘာမှ မတတ်နိုင်လိုက်ဘူး မင်း ဒီတစ်ခေါက် ကံကောင်းသွားတယ်မှတ် ဘန်ဇီဒရင်းပမာဏသာ နည်းနည်းလေး ပိုများသွားရင် ဒါမှမဟုတ် ကျိုးကျိုး ငါ့ လှမ်းခေါ်တာ နည်းနည်းလေး နောက်ကျသွားရင် မင်း ခန္ဓာကိုယ် ခုနကလို အေး-"
သူ ဤတွင် ရပ်ကာ စကားမဆက်တော့။ သို့ရာတွင် အားလုံးပဲ ဆိုလိုရင်းကို နားလည်ကြပါ၏။
လော့ကျိုးကျိုးသည် ကြားသောအခါ တုန်ယင်လျက် ချူဖုန်းကို ပိုမိုတင်းကြပ်စွာ ပွေ့ဖက်ထားမိသည်။
ချူဖုန်းက ချောင်းဆိုး၍ ခပ်တိုးတိုးပြောလေသည် "ကျိုးကျိုး ကိုယ် လည်ပင်းအစ်နေပြီ"
လော့ကျိုးကျိုးသည် ထိုအခါမှ တုံ့ပြန်၍ လက်လွှတ်ပေးလိုက်သည်။ ချူဖုန်းသည် ပြောပြီးသွားသည်နှင့် မျက်လုံးမှိတ်ကာ ​လော့ကျိုးကျိုး ရင်ထဲ ပြန်ပျော့ကျသွားတော့သည်။
"ငါတို့ မြန်မြန်ပြန်မှ ဖြစ်မယ် အချိန်ဆွဲမနေနဲ့တော့ သွေးသွင်းတာ မြန်လေ ကောင်းလေပဲ" ချီဖန်းက ပြောသည်။
လူများက ချူဖုန်းကို ကားထဲ ကူထည့်ပေးကြလျက် ချန်စီဟန်က ရဲကားမီးကို ဖွင့်ကာ မဟာမိတ်ပေါင်းစုဆေးရုံသို့ ကားလေးက ဝှီးခနဲ ထွက်လာခဲ့သည်။
နာရီဝက်မျှ ရှုပ်ယှက်ခတ်နေခဲ့ပြီးသောအခါ တဖန်ပြန်တိတ်ဆိတ်သွားတော့သည်။
ေလာ့ကျိုးကျိုးသည် သွေးသွင်းခန်း မှန်အပြင်တွင် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်ရင်း အခန်းထဲ လှဲနေသော ချူဖုန်းအား ငေးကြည့်နေမိသည်။ ချူဖုန်းတွင် IV ပိုက်များ ချိတ်ခံထားရကာ အရည်ကြည်များသည် ပိုက်ထဲ ဖြတ်သန်းစီးဆင်း၍ သွေးနေရာ အစားထိုးပေးနေကြသည်။
တစ်ဖက်တွင် ချီဖန်းနှင့် သွေးပညာဌာနမှူးတို့သည် အိပ်ရာရှေ့ ရပ်ကာ သွေးဖွဲ့စည်းပုံပြ မော်နီတာကို ကြည့်လျက် ဆွေးနွေးနေကြသည်။ လော့ကျိုးကျိုးက စကားဝိုင်းကို မကြားရသဖြင့် ပါးစပ်ကိုပဲ ကြည့်ကာ တစ်ခွန်းစ နှစ်ခွန်းစ နားလည်လို နားလည်ငြား အာရုံစိုက်ထားမိသည်။
"ကျိုးကျိုး ဒီမှာ ခဏလာထိုင်နေ" ချန်စီဟန်သည် လော့ကျိုးကျိုးနံဘေးမှ ခုံတန်းလျားတွင် ထိုင်ချရင်း ဆိုသည် "မင်းလည်း အားနည်းနေတယ် အကြာကြီး မရပ်နဲ့ဦး"
ဆေးလူးပြီးသော်ငြား လော့ကျိုးကျိုးလည်တိုင်တွင် လည်ပင်းညှစ်ခံထားသော အရာများ ဆိုးဆိုးဝါးဝါး ကျန်သေးကာ အသံလည်း အက်ရှလျက် ရှိသည်။
"ကျွန်တော် အဆင်ပြေပါတယ် ဘာမှ မခံစားရဘူး" လော့ကျိုးကျိုးသည် ပြောပြီး ချူဖုန်းဆီ ပြန်လှည့်ကြည့်နေသည်။
အတန်ကြာသော် ချီဖန်းသည် သွေးပညာဌာနမှူးနှင့်အတူ ထွက်လာသည်။ ချီဖန်း၏ စိုးရိမ်နေပုံ ရသော မျက်နှာကို ကြည့်ကာ လော့ကျိုးကျိုး စိုးထိတ်စွာဖြင့် မေးလိုက်သည် "ဘာဖြစ်လို့လဲဟင်"
ချန်စီဟန်နှင့် ထင်းအန်းတို့သည်လည်း ထိုင်နေရာမှ ထလာကြသည်။
ချီဖန်းက မျက်မှောင်ကုတ်ပြီး ဖြေသည် "ပလက်စ်မာ သိပ်မကျန်တော့ဘူး ဒီနေ့ ခွဲစိတ်ရတဲ့ လူနာတွေ များသွားလို့ မလောက်ဘူး ဖြစ်သွားတယ် နောက်ဆေးရုံမှာ သွားယူမလို့"
"သွားယူတာက ဘယ်လောက်လောက် ကြာနိုင်မလဲ" ချန်စီဟန်က မေးသည်။
"တစ်နာရီဝန်းကျင်လောက်ပေါ့"
"ဒီက ပလက်စ်မာကရော ဘယ်လောက် ခံနိုင်သေးလဲ"
ချီဖန်းက ခေါင်းခါပြကာ "မခံဘူး တော်တော်လေး မလောက်တာ သွေးသွင်းတာ ခဏရပ်ထားလိုက်ရင်လည်း ဘာတွေ ဖြစ်လာမယ်အတပ်မပြောနိုင်ဘူး"
လော့ကျိုးကျိုး ကြားသောအခါ ရင်ထဲ ဆို့တက်သွားရသည်။
ချန်စီဟန်က ေမးသည် "ကျွန်တော် ရဲကားမောင်းပြီး သွားယူရင်ရော မှီနိုင်မလား"
ချီဖန်းက သူ့ကို လူထူးဆန်းလို ကြည့်ကာ "ဆေးရုံကားနဲ့ သွားယူတာနဲ့ ဘာကွာလို့လဲ"
( T/N: ရဲကား ဆေးရုံကားတွေဆိုရင် ကားတွေက လမ်းဖယ်ပေးရတယ်လေ၊ ဒါကြောင့် ရဲကားဖြစ်ဖြစ် ဆေးရုံကားနဲ့ဖြစ်ဖြစ် ဘာနဲ့ သွားသွား ဒီအချိန်က ဒီအချိန်ပဲ ကြာမှာကို ဘာထူးမှာလဲလို့ ပြောတာ )
"....ဟုတ်ပါတယ်"
"အာ့ဆို ကျွန်တော့် သွေးသွင်းကြည့်ရင်ရော" လော့ကျိုးကျိုးသည် စိတ်အားထက်သန်စွာ အင်္ကျီလက်ကို ခေါက်တင်လျက် ချီဖန်းရှေ့ ဆန့်ပြသည်။
"ကျွန်တော့် သွေးနဲ့ဆိုလည်း ပြေတယ်" နံဘေးက ချန်စီဟန်ကလည်း ဆိုသည်။
ထင်းအန်းလည်း စဥ်းစားကြည့်ကာ "ကျွန်တော်လည်း အိုကေတယ်"
ချီဖန်းသည် ချူဖုန်းကို လှည့်ကြည့်လိုက်ကာ ပြောလေသည် "ရတယ်လေ မင်းတို့ သွားပြီး ချူဖုန်းရဲ့ သွေးအမျိုးအစားနဲ့ ကိုက်မကိုက် စစ်ကြည့်လိုက်"
ရလဒ်များက ခပ်မြန်မြန်ပဲ ထွက်လာကာ အဖြေကား လော့ကျိုးကျိုးသည် ချူဖုန်းဘေးမှ ခုတင်ပေါ်တွင် လှဲနေရလေသည်။ အခန်းထဲ တိတ်ဆိတ်လျက် အသံဟူ၍ ပလက်စ်မာလဲစက်သံသာ ရှိသည်။ ထိုအသံက သူတို့ အသက်ထုပ်ပြေးခဲ့ရသော နေ့တစ်ဝက်သည် ဟိုးအဝေးကြီးတွင် ကျန်ခဲ့ပြီဖြစ်ကြောင်း သတိပေးလို့နေသည်။
သူ အိပ်မောကျနေသော ချူဖုန်းထံ ခေါင်းစောင်းကြည့်မိသည်။ အကြည့်လားရာတို့က နှာတံချွန်ချွန်တို့ကတဆင့် ေခြာက်ကပ်သော်လည်း နီစွေးနေသေးသော နှုတ်ခမ်းပါးတို့ဆီ ကျရောက်သွားရင်း ဆုံးရှုံးရမလို ဖြစ်ပြီးမှ ပြန်လည်ရရှိခဲ့သော ဤလူသားအတွက် သူ ဘုရားသခင်ကို ကျေးဇူးတင်မိသည်။ ပြီးနောက် သူ ပြန်လှည့်ကာ သွေးပိုက်ထဲမှ တစ်စက်ချင်း စီးကျနေသော သွေးစက်တို့ကို ကြည့်ပြီး တွေးမိသည် 'သွေးမစုပ်ပဲ သွေးပြန်ပေးရတဲ့ ဗန်ပိုင်းယားဆိုလို့ ငါတစ်ယောက်ပဲ ရှိမယ်ထင်တယ်'
ချူဖုန်းအသက်ရှုသံက ဖြည်းလေးလွန်းလှကာ လော့ကျိုးကျိုးသည် ဤမျှ လှပသော အသံမရှိလောက်တော့ဟု ထင်လေသည်။ တစ်ဖက်ယောက်ျားထံမှ စီးချက်ကျကျ အသက်ရှုသံများအောက်၌ သူ ငြိမ်းချမ်းစွာ အိပ်ပျော်သွားတော့သည်။
သူ ပြန်နိုးလာရသည့်အကြောင်းအရင်းမှာ စကားသံများကြောင့် ဖြစ်သည်။
အသံတို့က တိုးလျလျက် ချူဖုန်းနှင့် ချီဖန်းတို့ ဖြစ်ပုံပင်။
"ဒါရိုက်တာချီ ကျွန်တော် အဲ့ကိစ္စအကြောင်းကို မေးတိုင်း ခင်ဗျား မဖြေခဲ့ဘူး အခု ဖြေပေးလို့ရပြီလား" ချူဖုန်းက မေးသည်။
ချီဖန်းက အဖြေမပေးပဲ နှုတ်ဆိတ်နေမြဲပင်။
"အဲ့နေ့မှာ စစ်ဘက်ဌာနက ခင်ဗျားဆီကနေ ဘန်ဇီဒရင်းပမာဏ ဘယ်လောက်အထိ ယူသွားခဲ့လဲဆိုတာပဲ ကျွန်တော် သိချင်တာ" ချူဖုန်းက ထပ်မေး၏။
လော့ကျိုးကျိုးက သူတို့ ထိုခေါင်းစဥ်အကြောင်းပြောနေကြမှန်း ကြားရာ မနိုးလာသေးသည့်အလား အိပ်ချင်ယောင်ဆောင်ပြီး တိတ်တဆိတ်လိုက်နားထောင်နေလိုက်သည်။
ချီဖန်းက သက်ပြင်းချကာ ခပ်ဖွဖွဖြေသည် "ချူဖုန်း မင်း ပါးစပ်ပိတ်ထားပေးရမယ့် ကိစ္စတစ်ခု ပေါ်လာတယ် ဆိုပါတော့ ပါးစပ်ဖွင့်မိရင် ပြန်ဆပ်ရမဲ့ တန်ဖိုးက ေလာ့ကျိုးကျိုးအသက်ဆို မင်း ဘာလုပ်မလဲ"
လော့ကျိုးကျိုးသည် သူ့နာမည် ကြားရာ ပိုနားစွင့်ထားမိတော့သည်။
ခဏကြာမှ ချူဖုန်း ပြန်ပြောလာသည် "ကျွန်တော် နားလည်ပါပြီ"
"နားလည်ရင် နောက် ထပ်မမေးနဲ့တော့" ချီဖန်းက ပြောသည်။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ချူဖုန်းက ဆိုလာသည် "ဒါရိုက်တာချီ ကျွန်တော်လေ ကျွန်တော့် ရဲဘော်တွေအကြောင်းပဲ အိပ်မက်တွေ အမြဲမက်နေခဲ့တာ နှစ်ချီကြာပြီ ကျွန်တော်တို့ အတူတူလေ့ကျင့်ရေးဆင်းရင်း အငြိမ်းစားယူပြီးနောက်ပိုင်း ဘာလုပ်မယ်မှန်း ဆွေးနွေးကြတယ် အချို့က လုံခြုံရေးကုမ္ပဏီထူထောင်ချင်တယ် တချို့က စစ်တပ်မှာပဲ ဆက်နေချင်ကြတယ် အချို့ကျ အိုမီဂါတစ်ယောက်နဲ့ ယူပြီး မိသားစုထောင်ချင်တယ်"
"သူတို့တွေအကုန်လုံး အသက်နှစ်ဆယ်စွန်းရုံလေးပဲ ရှိကြသေးတာ သူတို့ရဲ့ အိပ်မက်တွေအကုန် အုတ်ဂူထဲ ပါသွားကြတယ်..." ချူဖုန်းအသံက တိုးသထက် တိုးဝင်သွားကာ နောက်ဆုံး မကြားနိုင်သလောက်ထိပင်။
ထိုစကားဆုံးသော် တစ်ခန်းလုံးပဲ တိတ်ကျသွားပြန်တော့သည်။
လော့ကျိုးကျိုးသည် မလှုပ်မယှက် လှဲနေရင်း ရင်ထဲ ဆို့နင့်နေမိသည်။
"အဲ့နေ့မှာ စစ်ဘက်ဌာနက ဘန်ဇီဒရင်းကို နှစ်ကြိမ်လာယူသွားတယ်" ချီဖန်းက ဖျော့တော့စွာ ဆိုသည်။
ချူဖုန်းက တန့်သွားကာ စိတ်လှုပ်ရှားနေမှုများ ဖုံးမရစွာ မေးလိုက်သည် "နှစ်ကြိမ်?"
"မင်းလည်း သိပါတယ် စစ်တပ်က ဘန်ဇီဒရင်းကို စစ်သားတွေကိုယ်ထဲ ထိုးပြီး စွမ်းရည်စမ်းသပ်နေတဲ့အပေါ် ငါ အမြဲဆန့်ကျင်ခဲ့တာ"
"ကျွန်တော် သိတယ်" ချူဖုန်းက ပြောသည်။
ချီဖန်းက ခါးသက်စွာ ရယ်ကာ "ငါ ဆန့်ကျင်လိုက်တဲ့ ရလဒ်က စစ်တပ်က ကျောင်းရံပုံငွေတွေအားလုံးကို ဖြတ်သွားတော့တာပဲ အဲ့အချိန်တုန်းက ငါတို့တွေရဲ့ သုတေသနက အရေးကြီးအဆင့်ကို ရောက်နေပြီ ဆည်းဆာမျက်နှာရောဂါသည်အများကြီး ရှိနေခဲ့တာကြောင့် ငါကျောင်းကို လက်လွှတ်လို့လည်း မရခဲ့ဘူး ဒါကြောင့် လက်လျှော့ပြီး စစ်တပ်ကို လူမသိသူမသိ ဘန်ဇီဒရင်း ထောက်ပံ့ခဲ့ရတယ်"
ချူဖုန်းက ဖြေသည် "ကျွန်တော် အဲ့အကြောင်းကိုပါ သိထားတယ်"
ချီဖန်းက ရှင်းလင်းစွာ ပြောပြီးထားပြီမို့ နှုတ်ပိတ်မနေတော့ပဲ ဆက်သည် "ငါ အဲ့နေ့က မှတ်မိပါသေးတယ် ပထမတစ်ခေါက် လော့ပေက စစ်သားတွေ ပို့ပြီး ဘန်ဇီဒရင်း လိုအပ်တဲ့ အရေးပေါ်မစ်ရှင်ရှိတယ်လို့ ေပြာတယ် သူ ပြောတဲ့ လူအရေအတွက်အတိုင်း ငါလည်း ဆေးပမာဏကို အတိအကျ ချိန်ပြီး ထည့်ပေးလိုက်တယ်"
လော့ကျိုးကျိုး လော့ပေနာမည်ကို ကြားရာ စောင်စကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် အသက်အောင့်ထားမိသည်။
"ငါ ဘန်ဇီဒရင်း ပထမအသုတ်ကို ထုတ်ပေးလိုက်ပြီး မိနစ်ပိုင်းပဲ ခြားတယ် စစ်ဌာနကနေ ဆေးထုတ်ခွင့်ကတ်ပြားနဲ့ နောက်တစ်ယောက် ထပ်ရောက်လာပြီး ဒုတိယအသုတ်ယူသွားတော့တာပဲ" ချီဖန်းက တိုးလျစွာ ဆိုသည်။
ချူဖုန်းက မေးသည် "အာ့ဆို ဆေးဒုတိယအသုတ်ကို ထုတ်ယူဖို့ ခွင့်လက်မှတ်ပေးတာ ဘယ်သူလဲ"
ချီဖန်းက အသက်တစ်ချက် ရှိုက်လိုက်ကာ ဖြေသည် "ချန်ဆန်း"
"ဗိုလ်ချုပ်ချန်?" ချူဖုန်းက အံ့အားတသင့်ဖြစ်လျက် မေးသည် "ဆုံးသွားတဲ့ ဗိုလ်ချုပ်ချန်လား"
ချီဖန်းက ပြောသည် "ဟုတ်တယ် သူပဲ အဲ့ကိစ္စဖြစ်ပြီး မကြာခင်မှာပဲ ကားအက်ဆီးဒန့်ဖြစ်ပြီး သူ ဆုံးသွားခဲ့တာ"
ချူဖုန်းက အတိတ်ထဲ အတွေးရောက်နေပုံ ပေါ်ကာ ဆိုသည် "ကျွန်တော် မှတ်မိသလောက်ဆို ဗိုလ်ချုပ်ချန်က အရေးကြီးကိစ္စတစ်ခု ကြေညာဖို့ သတင်းစာ ရှင်းလင်းပွဲေခါ်ထားတာ နောက်တော့ ပွဲကို သွားတဲ့ လမ်းမှာ အက်ဆီးဒန့်ဖြစ်ပြီး ဆုံးသွားတာ"
"ဟုတ်တယ် မင်းရဲ့ လက်ရှိရာထူးက ဗိုလ်ချုပ်ချန်နေရာ အစားထိုးပဲ" ချီဖန်းက အသံတိုးသွားလျက် ဆက်သည် "ဒါကြောင့် မင်းကို ခေါင်းပုံမှန်မဟုတ်ဘူးလို့ ငါ အမြဲထင်ခဲ့တာ"
"ဗျာ?" ချူဖုန်းအသံက အံ့သြသွားပုံပေါ်သည်။
ချီဖန်းက ဖြည့်စွက်သည် "အခုတော့ အဲ့ဒီလို မထင်တော့ဘူး"
"ဘာလို့လဲ"
"မင်း ဒီနေ့ လုပ်လိုက်တာတွေ အတွက်လေ" ချီဖန်းက လှောင်ရယ်ကာ ဆိုသည် "ကိုယ့်အ​သက်တောင် ဂရုမစိုက်တဲ့ အရူးက ဗိုလ်ချုပ်ရာထူးအတွက် ဘာလို့ အသည်းအသန်ဖြစ်မလဲ"
( T/N: အသက်ကိုတောင် ဂရုမစိုက်တဲ့ ချူဖုန်းက ဗိုလ်ချုပ် ရာထူးကို အရိုက်အရာ မက်လို့ လိုက်ခဲ့စရာ မရှိဘူးပဲလို့ ပြောတာ )
ချူဖုန်းမှ "ကျေးဇူး" ဟု ဖြေရင်း အသံတွင် အပြုံးတို့ ပျော်ဝင်နေမှန်း လော့ကျိုးကျိုး အတိုင်းသားပင် ကြားနေရသည်။
တံခါးအပြင်ဘက်တွင် ခြေသံများ ကြားရကာ တစ်စုံတစ်ဦးမှ ကော်ရစ်တာထဲ ဖြတ်လျှောက်သွားရာ နှစ်ဦးသား အသံပြန်တိတ်သွား၏။
"ေလာလောဆယ်တော့ မင်း ပြန်အဆင်ပြေသွားပြီ ဘန်ဇီဒရင်းလည်း သာမာန်အဆင့်ထိ ပြန်ကျသွားပါပြီ ဒါပေမယ့် ကြိုတော့ သတိပေးထားမယ် အဲ့ဒါကို နောက်ထပ်မထိနဲ့တော့ တစ်မီလီလောက် ထိုးလိုက်တောင် ငါ မပြောနဲ့ ဘုရားသခင်ပါ မကယ်နိုင် ဖြစ်သွားမယ်" ခြေသံများ အဝေးရောက်သွားမှ ချီဖန်းက ပြောလာသည်။
"သတိပေးလို့ ကျေးဇူးပါ ကျွန်တော် သိပါတယ်" ချူဖုန်းက ဖြေသည်။
ထပ်အပိုတွေဆိုမနေတော့ပဲ ချီဖန်းက တံခါးပေါက်ဆီ လျှောက်သွားပြီး နောက်လှည့်၍ ပြောလေသည် "လော့ကျိုးကျိုးနိုးလာရင် ပြောလိုက် နှစ်ရက်နားပြီးမှ အလုပ်လာခဲ့လို့"
ပြောပြီးတာနှင့် တံခါးပိတ်သံ ဂျိန်းခနဲ ထွက်ပေါ်လာကာ တစ်ခန်းလုံး ပြန်တိတ်ကျသွားတော့သည်။
လော့ကျိုးကျိုးကား လှဲလျောင်းရင်းမှ သူ ဘယ်လိုဘယ်ပုံဖြင့် 'အိပ်ရာနိုး' လာရင် ကောင်းမလဲဟု တွေးနေမိသည်။
"ကျိုးကျိုး အိပ်မနေနဲ့တော့ ထဖို့ အချိန်ရောက်ပြီ" ချူဖုန်းက ရုတ်တရက် ပြောလာသည်။
လော့ကျိုးကျိုး လူးလွန့်၍ ချူဖုန်းကို ကြည့်လိုက်ကာ "နိုးပြီ"
ချူဖုန်းသည် နူးညံ့သော မျက်ဝန်းတို့ဖြင့် လော့ကျိုးကျိုးကို ကြည့်ကာ မေးလေသည် "ကောင်းကောင်းအိပ်ရလား"
"အိပ်ရတယ်"
ပြီးနောက် စကားရပ်၍ နှစ်ဦးသားမျက်နှာချင်းဆိုင် အိပ်ရာများအပေါ် တစောင်းလှဲကာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေမိကြသည်။
ချူဖုန်းက ရုတ်တရက် သူ၏ စောင်ကို အနည်းငယ်ဆွဲလှန်ဖယ်ကာ ဆိုသည် "ဒီကိုလာ"
လော့ကျိုးကျိုး ခပ်သွက်သွက် ထရပ်ကာ ခြေဗလာဖြင့် ကြမ်းပေါ် နှစ်လှမ်းလျှောက်ပြီး ချူဖုန်းခုတင်ပေါ် တက်ကာ စောင်အောက် ဝင်လှဲလိုက်ချေသည်။ ထို့နောက် ချူဖုန်း၏ နွေးထွေးသော ခန္ဓာကိုယ်နှင့် ရနံ့သင်းလေးကြား ကိုယ်ကပ်ကာ ပုဇွန်ကွေး ကွေးထားလိုက်သည်။ ချူဖုန်းခါးကို ဖက်၍ ရင်ဘတ်ပေါ် မျက်နှာအပ်ထားမိသည်။
"ဒီနေ့ ကြောက်သွားတယ်မလား" ချူဖုန်းက လော့ကျိုးကျိုးကို ခပ်ဖွဖွပုတ်ပေးသည်။
လော့ကျိုးကျိုး ပြန်မဖြေ။ ခေါင်းပြုတ်ထွက်မတတ် ညိတ်ပြရင်း ချူဖုန်းခါးကို ပိုတင်းကြပ်စွာ ဖက်ထားလိုက်သည်။
"ကိုယ်လည်း ကြောက်သွားရတယ်" ချူဖုန်းက ပြောပြီး လော့ကျိုးကျိုး မေးကို ဆွဲပင့်၍ လည်တိုင်ပေါ်မှ ဒဏ်ရာများကို ကြည့်လိုက်သည်။
"နာလား" ပြီးနောက် မေးသည်။
"မနာတော့ဘူး ဘာမှ မခံစားရတော့ဘူး"
လော့ကျိုးကျိုးသည် ချူဖုန်းရင်ဘတ်ပေါ် ညာဘက်နားတင်၍ နှလုံးခုန်သံကို နားထောင်ကာ ပြောသည် "နောက်ဆို အဲ့လို ထပ်မလုပ်ရတော့ဘူး"
"အင်း" ချူဖုန်းက တမဟုတ်ချင်းပင် ဆိုလိုရင်းကို တန်းသဘောပေါက်သွားသည်။
"အခုဆို ခင်ဗျား သွေးကြောတွေထဲမှာ ကျွန်တော့်သွေးတွေလည်း စီးဆင်းနေတယ် ခင်ဗျား ခန္ဓာတစ်စိတ်တစ်ပိုင်းကို ကျွန်တော်ပိုင်သွားပြီ ခင်ဗျား နောင်အနာဂတ်မှာ ဘာလုပ်လုပ်၊ ကျွန်တော်ခွင့်ပြုမှ လုပ်ရမယ်" လော့ကျိုးကျိုးအသံက ရင်ဘတ်နှင့် ထိစပ်ကာ လုံးထွေးလို့ နေသည်။
"အင်း ကျိုးကျိုးက ကိုယ့် ခန္ဓာကိုယ်ပိုင်ရှင်ပဲ" ချူဖုန်းက ပြောသည်။
"ငါ မင်းတို့အတွက် နေ့လည်စာတွေ ဝယ်လာတယ် နွေးနွေးလေးနဲ့ မွှေးနေတာပဲ..." ချန်စီဟန်က ပြောရင်း တံခါးတွန်းဖွင့်ဝင်လာကာ လက်ထဲတွင်မူ အစာဘူးနှစ်ဘူး ကိုင်ဆောင်ထား၏။
ဆေးရုံကုတင်ပေါ်တွင် အတူလှဲကာ တစ်ယောက်ကို တစ်ယောက် တင်းကြပ်စွာ ဖက်တွယ်ထားသော လူနှစ်ဦးကို မြင်ရာ နေရခက်စွာ ပြောလာသည် "ငါ...ငါ နောက်မှ ပြန်လာလိုက်မယ်..." ပြောပြီးသွားတာနှင့် အပြင်ထွက်မည် တန်းလုပ်သည်။
"ခဏ စီဟန်" ချူဖုန်းက လှမ်းတားသည်။
ချန်စီဟန်က သူတို့ကို တစ်ချက်ကြည့်မလာပဲ အစာဘူးများကို စားပွဲခုံပေါ် တင်ပေးလိုက်ကာ ပြော၏ "ဘာဖြစ်လို့လဲ ပွဲကြည့်ပရိတ်သတ်ရှိမှ ပျော်လို့လား"
လော့ကျိုးကျိုးရှက်သွားကာ ချူဖုန်းရင်ထဲမှ ထွက်ပြီး ခြေဗလာအတိုင်းပင် မိမိအိပ်ရာသို့ ပြန်၍ ခေါင်းလုံအောင် စောင်ခြုံထားလိုက်သည်။
ချူဖုန်းက ထထိုင်၍ ခုတင်ခေါင်းတိုင်ကို မှီလိုက်ကာ မေးသည် "ထင်းအန်းရော သူ့ကို ဘာလုပ်လိုက်လဲ"
"သူ့ကို လျို့ဝှက်နေရာ တစ်နေရာ ပို့ပြီး စိတ်ချရတဲ့ လူနှစ်ယောက်ကို စောင့်ကြည့်ခိုင်းထားတယ်" ချန်စီဟန်က ဖြေသည်။
ချူဖုန်းက ခေါင်းညိတ်ပြပြီး ဆိုသည် "အေး သူ့ကို ဘာမှ အဖြစ်ခံလို့ မရဘူး"
"စိတ်မပူနဲ့ ငါ နေရာကို လျို့ဝှက်ထားမယ် မင်းကိုတောင် မပြောပြဘူး"
ချူဖုန်းက ရယ်သည်။
ချန်စီဟန်က ဖြည့်စွက်သည် "ဒီကိစ္စကို ဘယ်လိုမှ ဖုံးလို့တော့ မရဘူး မင်းရဲ့ လူတွေတောင် သိပြီး ထျန်းလန်ကို ရှာနေကြပြီ ငါတို့ သူ့လူတွေလည်း ဖမ်းမိပေမယ့် ဒီကောင်တွေ ဘာမှ မသိထားဘူး မေးလည်း မမေးကြည့်မိဘူးတဲ့"
ချူဖုန်းက ခပ်အေးအေးပင် "ငါကလည်း ဖုံးထားဖို့ မတွေးဘူးလေ နောက်ကွယ်က လူတစ်ယောက်ရဲ့ လက်ချက်ပဲနေမှာ"
"စကားမစပ် ငါ မင်းကို မမေးရသေးဘူး ထင်းအန်းက ဘာသိထားလို့ အခုလို လိုက်နှုတ်ပိတ်ခံရတာလဲ" ချန်စီဟန်က မေးသည်။
ချူဖုန်းက ထိုမေးခွန်းကို ကြားရာ ဖြေသည် "ထင်းအန်း အခေါင်းသယ်တာ တစ်လုံးလွတ်နေတယ်တဲ့"
"အခေါင်းလွတ်နေတယ်?" ချန်စီဟန် အံ့သြသွားရသည်။
ချူဖုန်းက ပြန်မဖြေ။ အခင်းများကို စိုက်ကြည့်ရင်းမှ မျက်မှောင်ကုတ်ထားကာ မျက်နှာထက် မပျော်ရွှင်မှုများက အထင်းသား။
ချန်စီဟန်ကြည့်ကာ ဂရုတစိုက်နှင့် မေးခွန်းထုတ်လာသည် "ဒါ...ဒါဆို...မင်း ပြောချင်တာက..."
ချူဖုန်းက ဖျော့တော့စွာ ဖြေသည် "အဲ့ထဲက တစ်ယောက်ယောက် အသက်ရှင်ခဲ့တယ်"
စောင်ကြား မြုပ်နေခဲ့သော လော့ကျိုးကျိုး ထိုစကားကြားရာ စောင်ပြန်ချ၍ မျက်လုံးများကိုသာ ဖော်ပြီး ချူဖုန်းကို ကြည့်လာသည်။
"အေး ဒါဆိုရင်တော့ တံဆိပ်တစ်ခု ပျောက်နေခဲ့တဲ့ အကြောင်းရှင်းသွားတာပဲ အဲ့တစ်ယောက် အသက်ရှင်ခဲ့ပြီး ဖြစ်တဲ့နေရာက အချိန်မှီ ထွက်သွားနိုင်ခဲ့လို့ တံဆိပ်ပါ ပါသွားတာ" ချန်စီဟန်က ကောက်ချက်ချလေသည်။
ချူဖုန်းက ခုတင်ခေါင်းတန်းကို မှီကာ မျက်နှာကြက်ကို မော့ကြည့်ပြီး ဆိုသည် "ငါ နားမလည်နိုင်တာက ဆေးပို့တဲ​့ ဆိုက်ဖာဘူးကို ဘာလို့ ကြိုဖွင့်ထားတာ မရှိရတာလဲဆိုတာပဲ ငါ ဘူးကို ယူယူချင်း မစစ်ကြည့်မိပေမဲ့ ဘူးကို သူတို့ ဖွင့်ရင် သိရမှာပဲ ငါ ဘူးကို ပြန်စစ်ကြည့်တော့ မှားတာ မတွေ့ရဘူး"
( T/N: ဆေးကို နှစ်သုတ်ခွဲယူသွားတာမို့ ပေါင်းထည့်ချင်ရင် ဘူးဖွင့်ပြီး ပေါင်းမှ ရမှာကို ဘူးမဖွင့်ထားတာကို ပြောတာ )
ချန်စီဟန်က ချူဖုန်းကို ကြည့်လာသည် "အထူးတပ်သားနှစ်ဆယ့်ရှစ်ယောက်ထဲက တစ်ယောက်ရှင်ခဲ့တယ်ဆိုတော့ ဧကန္တ..."
ဤတွင် စကားရပ်ကာ သူ မဆက်တော့။
ချူဖုန်းက လက်စသတ်ပေးသည် "တပ်သားနှစ်ဆယ့်ရှစ်ယောက်ထဲ သူလျှိုရှိနေတယ်ဆို ရှင်ကျန်ခဲ့တဲ​့ လူက သူလျှိုပဲ"
ချန်စီဟန် မျက်နှာထား ချက်ချင်းပြောင်းသွားသည်။ ပြီးနောက် အံကြိတ်၍ မေးသည် "အဲ့ကောင် ဘယ်သူလဲ ဘယ်လိုရှာကြမလဲ"
"တံဆိပ်" ချူဖုန်းက ဖြေသည် "တံဆိပ်ကို အိုမီဂါသတ်သမားကေ့စ်က အသတ်ခံရသူအိမ်မှာ တွေ့ခဲ့ရတာ ကျိုးကျိုးကလည်း အဲ့တံဆိပ်ကို ပြန်လာရှာတဲ့ လူသတ်သမားထင်ရတဲ့လူနဲ့ တိုးသွားသေးတယ်"
"ငါတို့ အဲ့အိုမီဂါသတ်သမားကို မိရင် တံဆိပ်ပိုင်ရှင်နောက် လိုက်နိုင်ပြီ" ချန်စီဟန်က ပြောရင်း မျက်နှာမကောင်း။
ချူဖုန်းက ဆက်သည် "အဲ့တော့ ငါတို့ ဒီကေ့စ်ကို အမြန်ဆုံးရှင်းပြီး လူသတ်သမားကို မိမှ ဖြစ်မယ်"
ချန်စီဟန် ခေါင်းခါကာ "ခက်တယ် မင်း ပြောသလိုပဲ သူက အစောင့်နတ်ဘုရားငါးပါးမွေးဖွားတဲ့ နေရာနဲ့ အချိန်အတိုင်း လူသတ်တာ သူ လူဆက်မသတ်မှတော့ ဒီ လူအုပ်ကြီးကြား ဘယ်နား သွားရှာမလဲ"
ချူဖုန်းက သက်ပြင်းရှည်ချ၍ ခေါင်းလှည့်ပြီး လော့ကျိုးကျိုး၏ လုံးဝိုင်းစက်နေသ​ော မျက်ဝန်းများအား စိုက်ကြည့်လာသည်။
"စီဟန်" ချူဖုန်းကြည့်လာသောအခါ လော့ကျိုးကျိုး စောင်ခြုံကြား ပြန်ဝင်သွားတော့သည်။
"ဟမ် ဘာလဲ" ချန်စီဟန်က မေးသည်။
ချူဖုန်းက ပြောသည် "အစာစားပြီးသွားရင် ကျိုးကျိုးကို အိမ်ပြန်ပို့ပေးလိုက်ပါ"
လော့ကျိုးကျိုးက ထိုစကား ကြားရာ ချက်ချင်းပင် စောင်ဆွဲချ၍ မျက်နှာဖော်လာကာ ပြောသည် "မပြန်ချင်သေးဘူး"
ယနေ့ ပြဿနာများပြီးနောက် သူ ချူဖုန်းကို မချန်ခဲ့ချင်။ သို့သော် စကားဆုံးတာနှင့် သူ၏ တာမီနယ်မှ အသံမြည်လာကာ ဗိုလ်ချုပ်လော့ပေ ဟူ၍ ပြသနေချေသည်။ လော့ကျိုးကျိုး တုံ့ဆိုင်းစွာအဖြေခလုတ်ကို နှိပ်လိုက်သည်။
"လော့ကျိုးကျိုး ဘယ်အချိန်ရှိပြီလဲ ဘာလို့ အခုထိ အိမ်ကို ပြန်မရောက်လာသေးတာလဲ" လော့ပေ၏ ကျယ်လောင်သော အသံက ဟိန်းထွက်လာကာ တစ်ခန်းလုံး ဖုံးသွားတော့သည်။
"ကျွန်တော် အပြင်မှာ" လော့ကျိုးကျိုး ချူဖုန်းကို လှမ်းကြည့်သည်။
လော့ပေက တစ်ချက်လွှတ်အမိန့်ချသည် "အခုပြန်လာခဲ့စမ်း"
"နာရီဝက်လောက်နေမှ ပြန်လာလို့ မရဘူးလား" လော့ကျိုးကျိုးက စျေးဆစ်သည်။
"မရဘူး!" လော့ပေက တန်းငြင်းသည်။
"ပြီးတာပဲ" လော့ကျိုးကျိုး နှုတ်ခမ်းစူသွားတော့လေသည်။
____
Yoru's Rant
ဟိုလေ။ ပြောစရာလေး ရှိလို့ပါ။ Yoru မန့်တွေကို reply မပြန်တာ ချေချင်လို့ မဟုတ်ပါဘူးနော်။ Yoru က Neighbors ထဲက လင်းဝမ်လိုပဲ။ reply ရေးပြီး အဲ့ reply ကို မ send သေးပဲ အကြာကြီးထိုင်စစ်နေတတ်တဲ့ လူစားမျိုး။ social မကောင်းလို့လည်း ပါမယ်။
ငါ ဒီလိုရေးရင် အသံမာသွားမလား။ ဒီ emoji သုံးရင် အဓိပ္ပာယ်တစ်မျိုးထွက်သွားမလား။ အဲ့လို ေခါင်းခြောက်လာတဲ့အထိ စဥ်းစားနေတာ။ Yoru ရဲ့ reply က ဘာမှသာ မဟုတ်တာ။ အရင်ဆုံး အကြာကြီး လျှောက်တွေးထားလိုက်သေးတာတွေ 😅
နောက်ပြီး ဘာပြန်ပြောရမှန်း မသိတာကြောင့်လည်း တစ်ခါတစ်လေပါတယ်။ အာ့ကြောင့် alcohol free မဟုတ်တဲ့ spoiler free ေမးခွန်း ကွန်မန့်တွေကိုပဲ Yoru ဖြေပေးတော့မယ်နော်။ spoiler တွေကို သိချင်ရင်တော့ private message နဲ့ လာမေးလို့ ရပါတယ်။ ကိုက်မစားတတ်ပါဘူးရှင် 😆
ဒါပေမဲ့ ကွန်မန့်တွေ ဖတ်ရတာတော့ Yoru အရမ်းကြိုက်ပါတယ်။ ကိုယ်နဲ့ မတူညီတဲ့ အမြင်တွေလည်း မြင်ရတယ်။ စကားဆန်းတွေလည်း မြင်ရတယ်။ မန့်တွေကို မြင်ရင် ဘယ်အပိုဒ်မှာ မန့်ထားတာလဲဆိုတာအထိ လိုက်ကြည့်တာပါ။ ကွန်မန့်ပေးကြတဲ့ လူတွေအကုန်လုံးကိုလည်း တကယ်မွချိပါ။
အာ့ပါပဲ။ Yoru reply မပြန်မိတာရှိရင် စိတ်မကွက်ပါနဲ့နော်။ ဇာတ်လမ်းအကြောင်းကို spoiler သိချင်တာ ရှိရင် msg နဲ့ အမြဲမေးနိုင်ပါတယ်။ ကြိုသိထားလည်း မန့်မှာ စပွိုင်းရှောင်ပေးကြပါနော် (≧▽≦)
_____
< Zawgyi >