Zawgyi
အပိုင္း (၈၂၆) – က်န္းမ်ိဳးႏြယ္၏ အတိတ္ျဖစ္ရပ္မ်ား
သူစိမ္းေတြကို စကားမေျပာဘူးဟုတ္လား။ ဘာလဲဟ။
"ခင္ဗ်ားၾကည့္က အရိပ္က်ေနျပီး အျပံဳးက အာရံုစိုက္ေစတဲ့အျပံဳးမ်ိဳး၊ ခင္ဗ်ားက လူဆိုးဆိုတာ တစ္ခ်က္တည္းနဲ႔ေျပာႏိုင္တယ္" ရွီမာယူယူ ေျပာ လိုက္သည္ "ခင္ဗ်ားလိုလူက လူေကာင္းမဟုတ္ဘူး ဆိုတာ ကၽြန္ေတာ္ ေျပာႏုိင္တယ္"
"လူေကာင္းမဟုတ္ဘူးဟုတ္လား" ရွီခ်န္က်ိ မ်က္ေတာင္ခတ္ လိုက္ သည္။ သူသည္ တကယ္ပဲ လူေကာင္းမဟုတ္ေသာ္လည္း ခန္႔ညားျပီး ဆြဲေဆာင္မႈရွိကာ တင့္တယ္ေသာလူျဖစ္သည္။ သူက ဘာေကာင္မွမဟုတ္ ေအာင္လုိ႔ သူမ ဘယ္လိုမ်ားလုပ္လုိက္တာလဲ။ သူက ဘယ္လိုလုပ္ လူဆိုး ျဖစ္သြားရတာလဲ။
ျပီးေတာ့ သူ႔အျပံဳးက ေသခ်ာေပါက္ အသက္ရႈရပ္သြားေစေလာက္တဲ့ ေကာင္းခ်ီးေပးခံရမယ့္ အျပံဳးမ်ိဳးေလ။ သူမ ေျပာသလိုဘယ္လိုလုပ္ အေမွာင္ က်ေနရမွာလဲ။
သူစကားေျပာလိုေသာ္လည္း ရီွမာယူယူသည္ သူ႔ကိုဂရုမစိုက္ပဲ ထြက္သြားေလျပီ။
သူသည္ ထိုေနရာတြင္ပင္ ရပ္ကာ သူမထြက္သြားသည္ကို စိတ္ဝင္ တစားၾကည့္ေနမိသည္။
"ဆရာအံ့ဖြယ္တမန္ေတာ္" အနက္ေရာင္ဝတ္အမ်ိဳးသားတစ္ေယာက္သည္ သူ႔အေနာက္တြင္ ေပၚလာ သည္။
"ဘာလဲ" ရွီခ်န္က်ိ၏ မ်က္လံုးမွာေမွးသြားျပီး ဒုစရုိက္သားေရာင္ဝါ ထြက္လာသည္။ သူ၏ ႏူးညံ့ေသာ စရိုက္မွာ ဟန္ေဆာင္ရံုသက္သက္ ပင္ျဖစ္ႏုိင္သည္။
"သူတုိ႔ရွိတဲ့ေနရာကို ေတြ႕ျပီ" ထိုလူျပန္ေျဖေလသည္။
"ရွာေတြ႕မွေတာ့ သူတို႔ကိုသင္ခန္းစာေပးလုိက္ေလ" ရွီခ်န္က်ိ ေျပာေလ သည္ "တကယ္ပဲ အဲေကာင္ က်ဴရွန္႔ကေတာ့ သူ႔လက္နဲ႔လက္တုန္႔မျပန္ဘူး၊ သူ႔ကိုမသတ္ပဲ အမုန္းနဲ႔ အံၾကိတ္ေနေအာင္ အတင္းလုပ္ေနတယ္၊ ဒီခံစားခ်က္ကတကယ္ပဲ... ခါးတယ္"
"ဆရာအံ့ဖြယ္တမန္ေတာ္၊ က်န္းက်ဴက်ိနဲ႔ ဆရာညာလက္ရံုးနဲ႔က အမႊာေတြ၊ တကယ္ပဲ အဲေလာက္ရက္စက္မွရမွာလား" ထိုလူေမးေလသည္။
"အမႊာေတြဟုတ္လား" ရွီခ်န္က်ိ ေအးစက္စြာႏွာမႈတ္ေလသည္။ "က်န္းမ်ိဳးႏြယ္က က်ဴရွန္႔ကို အေစာၾကီးကတည္းက လက္လႊတ္လုိက္ျပီ၊ သူက က်န္းမ်ိဳးႏြယ္မဟုတ္ေတာ့တာ ၾကာျပီ၊ က်န္းက်ဴရွန္႔ ရဲ႕ေသြးေတြ သူ႔ခႏၶာကိုယ္ထဲရွိေနလို႔သာ က်န္းက်ဴက်ိ အသက္ျပန္ရွင္ႏိုင္တာ၊ မဟုတ္ရင္ သူေသသြား တာ အၾကိမ္ေပါင္းနည္းမွာမဟုတ္ဘူး၊ သူဘယ္လို ေနႏုိင္မွာလဲ"
"သူ႔ေသြးေတြက ညာလက္ရံုးရဲ႕ေသြးေတြလား"
"အင္း အဲႏွစ္က က်န္းမ်ိဳးႏြယ္ဝင္ေတြက အဲညီအစ္ကိုကိုထုတ္လာ ခဲ့တယ္၊ လမ္းမွာ က်န္းက်ဴက်ိက သူ႔ရဲ႕စရိုက္ေၾကာင့္ အဆိပ္သမားေတာ္ တစ္ေယာက္ရဲ႕ အဆိပ္ကိုမိခဲ့တယ္၊ ကုမရတဲ့ အတြက္ နီးစပ္ရာေဆြမ်ိဳး တစ္ေယာက္ရဲ႕ ေသြးနဲ႔မွကယ္လုိ႔ရမယ္" ရွီခ်န္က်ိသည္ ေျဖးညင္းစြာေျပာေလ သည္ "က်န္းရွန္႔ရဲ႕အေမက က်န္းရွန္႔ကိုပဲပထမဆံုးေတြးမိခဲ့တယ္၊ သူမက အစ္ကိုကို အသက္ရွင္ေစဖို႔ သူ႔ရဲ႕ညီေသြးနဲ႔ လဲေစခ်င္ခဲ့တယ္"
"ညာလက္ရံုးရဲ႕အေမကဘာလို႔အဲလိုလုပ္တာလဲ ႏွစ္ေယာက္လံုးက သူမရဲ႕ သားေတြမဟုတ္ ဘူးလား"
"သူတုိ႔ႏွစ္ေယာက္လံုးက သူမ သားေတြမဟုတ္ဘူးလားလို႔ေမး လုိက္တာလား" ရွီခ်န္က်ိသည္ ေခါင္းရမ္းကာ သက္ျပင္းခ်ေလသည္ "က်ဴရွန္႔ ဖားရတာမၾကိဳက္ဘူး၊ သူ႔စြမ္းအားေတြကို ထုတ္ၾကြားရတာ မၾကိဳက္ဘူး၊ ဒါေပမဲ့ သူ႔အစ္ကိုက လံုးဝဆန္႔က်င္ဘက္ပဲ၊ အခြင့္အေရးရတုိင္းၾကြားတယ္၊ အဲတုန္းက က်န္းက်ဴက်ိက က်န္းက်ဴရွန္႔ထက္ ပိုအားေကာင္းတယ္လို႔ က်န္းမ်ိဳးႏြယ္ဝင္ေတြထင္ခဲ့ၾကတယ္၊ အဲဒါေၾကာင့္ အဲလိုျဖစ္တဲ့အခ်ိန္မွာ သူ႔ကိုကယ္ျပီး က်န္းမ်ိဳးႏြယ္ရဲ႕ အရည္အခ်င္းကို မပ်က္ေအာင္ထား ခ်င္ခဲ့ၾက တယ္"
"ဒါေပမဲ့ ဆရာညာလက္ရံုးရဲ႕ အရည္အခ်င္းက က်န္းက်ဴက်ိထက္သာ တယ္ဆိုတာ သိသာေန တာပဲေလ"
"အမွန္ပဲ က်ဴရွန္႔ က်င့္ၾကံရင္းနဲ႔ပဲ အခ်ိန္ေတြကိုကုန္ဆံုးတယ္၊ သူက က်န္းက်ဴက်ိထက္ ပိုအရည္အခ်င္းရွိတယ္၊ အဲေတာ့ အဲလူထက္ ဆိုး တယ္ဆိုတာ ဘယ္လိုလုပ္ျဖစ္ႏုိင္မွာလဲ၊ သူက ဖံုးဖိေန လို႔သာ တျခား လူေတြမသိၾကတာ" ရွီခ်န္က်ိ ဝမ္းနည္းစြာေျပာေလသည္ "အဲတုန္းက က်ဴရွန္႔က သူ႔အေမေတာင္းဆိုတာကိုလည္း ၾကားေရာ မွင္တက္သြားခဲ့တာ၊ သူ႔အေမကိုယ္တုိင္ကိုက အဲလိုေျပာ မယ္ဆိုတာ သူ မယံုၾကည္ခဲ့ဘူး၊ ဒါေပမဲ့ သူ မယံုေပမယ့္ အခံရခက္တဲ့လက္ေတြ႕ကို မေရွာင္ႏုိင္ခဲ့ဘူး၊ ေနာက္ေတာ့ သူ႔အေမေျပာလုိက္တဲ့အခ်ိန္မွာ တျခားသူေတြလည္း အဲလိုေတြးၾကတယ္၊ သူ႔အသက္ကို သံုးျပီး သူ႔အစ္ကိုအသက္နဲ႔လဲရတာကို တန္တယ္လို႔ထင္ ၾကတယ္၊ အဲလိုနဲ႔ပဲ သူတို႔က သူတို႔ အရည္အခ်င္းကို ထိန္းသိမ္းခ်င္ၾကတာ"
"ဆရာညာလက္ရံုးက သူနဲ႔လဲလိုက္လား"
"လဲလိုက္တယ္၊ သူ႔မ်ိ္ဳးႏြယ္ဝင္ေတြ ဘယ္ေလာက္ေအးစက္လဲဆို တာၾကည့္ရင္၊ သူက သူ႔အစ္ကိုထက္အားေကာင္းတယ္ဆိုတာ မေျပာခဲ့ဘူး၊ သူမလုပ္ခ်င္ေပမယ့္ မေျဖရွင္းသလို သူ႔မ်ိဳးႏြယ္ ဝင္ေတြရဲ႕ ဖိအားကိုလည္း မတိုက္ခိုက္ခဲ့ဘူး၊ သူတို႔က ဖိအားေပးျပီး ေသြးေတြကိုလဲေစခဲ့တယ္" ရီွခ်န္က်ိသည္ သူ႔သူငယ္ခ်င္းခံစားခဲ့ရသည္ကို ျပန္ေတြးကာ ေဒါသထြက္မိ သည္။
"အဲေနာက္ကို ဆရာညာလက္ရံုးဘာျဖစ္ခဲ့လဲ"
"ေသြးလဲျပီးေနာက္မွာ သူ႔ကိုေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူးလို႔ က်န္း မ်ိဳးႏြယ္က သမားေတာ္က ေျပာခဲ့တယ္၊ အဲလိုနဲ႔ သူ႔မ်က္လံုးထဲက အမုန္းတရားကို သူတုိ႔ေတြ႕တာနဲ႔ သူ႔ကို ႏွင္းထဲမွာပစ္ထားခဲ့ ၾကတယ္၊ သူ႔အေဖရဲ႕ တဒဂၤသနားၾကင္နာမႈေၾကာင့္သာ သူ႔ကိုရက္နည္းနည္းေလာက္ အသက္ရွင္ခြင့္ ေပးလိုက္ျပီး သူ႔ဘာသာေသေအာင္ပစ္ထားလိုက္တာ၊ မဟုတ္ရင္ သူတို႔က သူ႔ကိုတစ္ခါတည္းသတ္ ပစ္ၾကေတာ့မွာ၊ အဲေန႔ကအရမ္း ေအးတာ၊ ဒါေပမဲ့ သူ႔မွာတိုက္ဖို႔ ဝိဥာဥ္စြမ္းအင္သံုးဖို႔လည္း မျဖစ္ႏုိင္ခဲ့ ဘူး၊ သူ ႏွင္းထဲမွာ ၃ရက္ေနခဲ့ရတယ္၊ အဲတုန္းက သူက အသက္၂၀ပဲရွိေသးတယ္ ဒါေပမဲ့ သူ႔ႏွလံုးသား ကေတာ့ ခ်က္ခ်င္းပဲ အိုမင္းသြားေနျပီ"
"က်န္းမ်ိဳးႏြယ္ဝင္ေတြက အရမ္းရက္စက္တယ္၊ ဆရာညာလက္ရံုးက ဘယ္လိုလုပ္ အသက္ရွင္ ႏုိင္တာလဲ"
"ေနာက္ေတာ့ သူ႔ကိုအဆိပ္ခတ္တဲ့လူက သူ႔ကိုျမင္သြားတဲ့အခါမွာ အသက္ရွိေနေသးတာကို ေတြ႕သြားတယ္၊ အဲလူက သူအဆိပ္ခတ္ခ်င္တဲ့ လူက က်ဴရွန္႔မဟုတ္တာကို သိသြားေတာ့ ျပန္ေခၚျပီး ကယ္ခဲ့တယ္၊ ေနာက္ေတာ့ သူ႔အသက္ကိုကယ္ႏုိင္လိုက္ေပမယ့္ သူ႔အရင္စြမ္္းအားေတြ ေပ်ာက္သြားျပီး တစ္ခ်ိန္လံုး သူအိပ္ေပ်ာ္ေနခဲ့တယ္၊ ေနာက္ေတာ့ သူ႔ျပႆနာကိုေျဖရွင္းဖုိ႔ နည္းလမ္းတစ္ခုေတြ႕ခဲ့တယ္၊ အိပ္ေနရင္ သူ႔အားေတြျပန္ျပည့္လာတာျဖစ္ႏိုင္တယ္၊ အဲလိုနဲ႔ပဲ သူအခုလို အားေကာင္း လာတာပဲ"
"ဆရညာလက္ရံုးကို အဆိပ္ခတ္တဲ့တစ္ေယာက္က သူလား" ထိုလူ သည္ ခန္႔မွန္းေလသည္ "ဆရာအံ့ဖြယ္တမန္ေတာ္ အဲဒီက်န္းမ်ိဳးႏြယ္ေတြက အရမ္းရက္စက္တယ္၊ သူတုိ႔ကို တစ္ခါတည္းရွင္း ပစ္မယ္"
"မင္းတျခားသူေတြကိုေတာ့ သတ္လို႔ရတယ္ က်န္းက်ဴက်ိကိုေတာ့ ခ်န္ထား၊ သူ႔ကို ကိုယ္တုိင္ ရွင္းမယ္လို႔ က်ဴရွန္႔ေျပာတယ္" ရွီခ်န္က်ိ ေျပာ ေလသည္။
"ဟုတ္ကဲ့ပါ ဆရာအံ့ဖြယ္တမန္ေတာ္"
"သြားေတာ့"
ထိုလူသည္ ရုတ္တရက္ေပ်ာက္ကြယ္သြားသည္ႏွင့္ ရွီခ်န္က်ိသည္ ေညာင္ပင္ၾကီးဆီမွထြက္ခြာခဲ့သည္။ သူ အေရွ႕သို႔ေျခလွမ္းႏွစ္ လွမ္းေလွ်ာက္ ျပီးေနာက္တြင္ သစ္ပင္ေပၚသို႔လွည့္ၾကည့္လုိက္ရာ ႏႈတ္ခမ္းမွာ အေပၚတက္ သြားျပီး ျပံဳးလိုက္ေလသည္။
က်ဴရွန္႔၊ မင္းငါ့ကိုေနာက္မွေက်းဇူးတင္ေတာ့။
သူထြက္သြားျပီးသည္ႏွင့္ နီရဲပ်ားေလးတစ္ေကာင္သည္ ေညာင္ပင္ၾကီး ဆီမွ ပ်ံထြက္သြားေလ သည္။ ပ်ားေလးသည္ လမ္းႏွစ္လမ္းကိုျဖတ္ျပီးေနာက္ ရွီမာယူယူ၏ လက္ထဲသို႔ဆင္းသက္လုိက္ေလ သည္။
"စီနီယာအစ္ကိုၾကီး တစ္ခ်ိန္လံုးအိပ္ေနတာက ဝါသနာလို႔ထင္ေနတာ သူ႔ရဲ႕က်န္းမာေရး ေၾကာင့္ကိုး" သူမ သက္ျပင္းခ်ကာ နီရဲပ်ားကိုသိမ္း ျပီးေနာက္ လမ္းဆက္ေလွ်ာက္သြားသည္။
သူမ နီရဲပ်ားကိုထားခဲ့ရျခင္းမွာ သူမကို ကယ္ခဲ့ေသာလူ၏ သရုပ္မွန္ႏွင့္ ရည္ရြယ္ခ်က္ကို သိခ်င္ ေသာေၾကာင့္ျဖစ္သည္။ ဒီလိုအျဖစ္မ်ားကို သိခဲ့ရ လိမ့္မည္ဟု မထင္မိေပ။
ရွီခ်န္က်ိသည္ နီရဲပ်ားရွိေနသည္ကို အစကတည္းကသိေသာ္လည္း က်န္းက်ဴက်ိႏွင့္ သူတို႔၏ စီနီယာအစ္ကိုၾကီးၾကားမွ ရန္ျငိဳးကို သူတို႔ကို သိေစခ်င္သျဖင့္ တမင္တကာေျပာေနသည္ကို သူမ ေတြး မိသည္။
သူတို႔ေတြ႕ဆံုမႈမွာ သက္ျပင္းခ်စရာျဖစ္ခဲ့ေသာ္လည္း ထိုအျဖစ္အပ်က္ မွာ က်န္းက်ဴရွန္႔ နတ္ဆိုး ဓားကို ဆြဲထုတ္သည့္ အေၾကာင္းအရင္း မဟုတ္ေသးေပ။
ဟူး... သူမ ျပန္ေရာက္တာနဲ႔ စီနီယာေတြကို ေျပာျပရဦးမယ္။ သူတို႔ နည္းနည္းေလာက္ျဖစ္ျဖစ္ စိတ္ေပါ့တာေပါ့။
သူမ အိမ္သို႔ျပန္ေရာက္သည္ႏွင့္ ရွီမာလိုင္ႏွင့္ တျခားသူမ်ားသည္ အထုတ္ထုတ္ျပီးေနျပီ။
"အဘိုး၊ အေဒၚလန္၊ အေဒၚယု တကယ္ပဲလိုက္ခ်င္လို႔လား" ရွီမာယူယူ ေမးလိုက္သည္။
"မင္း ေက်ာင္းကိုသြားတဲ့အခ်ိန္ကို အေဒၚတို႔ကိုေခၚထုတ္ဖို႔မလိုဘူးရယ္ က်င့္စဥ္အတြက္ပို ေတာင္ေကာင္းေသးတယ္" က်ဴလန္ ေျပာေလသည္ "ဟန္ေလးက ႏွစ္ေတြအမ်ားၾကီးေႏွာင့္ေႏွးျပီးျပီ၊ သူသာ အထဲဝင္ျပီး က်င့္ၾကံမယ္ဆိုရင္ သူ႔အတြက္လည္း ေကာင္းမယ္"
"ဒါဆိုလည္း ေကာင္းပါျပီ အထုတ္ေတြျပင္ျပီးျပီလား"
"ၾကာေပါ့" ရီွမာလိုင္ ေျပာေလသည္ "သမီးအမွတ္တရစားေသာက္ဆိုင္ မွာ ရွင္းစရာကိစၥတခ်ိဳ႕ အဖိုးထားခဲ့တာရွိတယ္"
"အမွတ္တရစားေသာက္ဆုိင္ကိစၥကို အမ်ားၾကီးစိတ္ပူဖို႔မလိုပါဘူး ဒါဆိုရင္ အခုပဲေခၚသြား လို္က္ေတာ့မယ္"
"အင္း"
ရွီမာယူယူသည္ သူတုိ႔ကို ဝိဥာဥ္ေစတီသို႔ေခၚသြားလုိက္သည္။ သူတို႔ သည္ ရင္းႏွီးေသာ ပတ္ဝန္းက်င္ကိုျမင္ေသာအခါ အတိတ္ကိုအနည္းငယ္ လြမ္းဆြတ္သလိုျဖစ္မိသည္။
တကယ္ေတာ့ ထိုေနရာတြင္ လူသားနည္းသည္။ အျဖဴေရာင္ ဗ်ိဳင္းမ်ိဳးႏြယ္အၾကီးအကဲ ဆယ္ဂဏန္းေလာက္ႏွင့္ ဟိန္းသံေလးတို႔သည္ သြားသြားလာလာလုပ္ေနၾကသည္။ အသက္ဝင္မႈေတာ့ ရွိသည္။
"အဘိုးတို႔သြားျပီး အခန္းရွာလုိက္ၾကပါ"
"အင္း"
ရီွမာလိုင္တို႔သည္ သူတို႔အရင္ေနေသာ အိမ္ကိုသာေရြးလိုက္ၾကသည္။ ရွီမာယူယူ ေနရာအား ပတ္ၾကည့္ျပီးေနာက္ ျပန္ထြက္မည္အျပဳတြင္ ဝိဥာဥ္ ေလးသည္ သူမေရွ႕ရုတ္တရက္ေပၚလာကာ သူမအား ေမွ်ာ္လင့္တၾကီး ၾကည့္ေလသည္။
Unicode
အပိုင်း (၈၂၆) – ကျန်းမျိုးနွယ်၏ အတိတ်ဖြစ်ရပ်များ
သူစိမ်းတွေကို စကားမပြောဘူးဟုတ်လား။ ဘာလဲဟ။
"ခင်ဗျားကြည့်က အရိပ်ကျနေပြီး အပြုံးက အာရုံစိုက်စေတဲ့အပြုံးမျိုး၊ ခင်ဗျားက လူဆိုးဆိုတာ တစ်ချက်တည်းနဲ့ပြောနိုင်တယ်" ရှီမာယူယူ ပြော လိုက်သည် "ခင်ဗျားလိုလူက လူကောင်းမဟုတ်ဘူး ဆိုတာ ကျွန်တော် ပြောနိုင်တယ်"
"လူကောင်းမဟုတ်ဘူးဟုတ်လား" ရှီချန်ကျိ မျက်တောင်ခတ် လိုက် သည်။ သူသည် တကယ်ပဲ လူကောင်းမဟုတ်သော်လည်း ခန့်ညားပြီး ဆွဲဆောင်မှုရှိကာ တင့်တယ်သောလူဖြစ်သည်။ သူက ဘာကောင်မှမဟုတ် အောင်လို့ သူမ ဘယ်လိုများလုပ်လိုက်တာလဲ။ သူက ဘယ်လိုလုပ် လူဆိုး ဖြစ်သွားရတာလဲ။
ပြီးတော့ သူ့အပြုံးက သေချာပေါက် အသက်ရှုရပ်သွားစေလောက်တဲ့ ကောင်းချီးပေးခံရမယ့် အပြုံးမျိုးလေ။ သူမ ပြောသလိုဘယ်လိုလုပ် အမှောင် ကျနေရမှာလဲ။
သူစကားပြောလိုသော်လည်း ရှီမာယူယူသည် သူ့ကိုဂရုမစိုက်ပဲ ထွက်သွားလေပြီ။
သူသည် ထိုနေရာတွင်ပင် ရပ်ကာ သူမထွက်သွားသည်ကို စိတ်ဝင် တစားကြည့်နေမိသည်။
"ဆရာအံ့ဖွယ်တမန်တော်" အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်သည် သူ့အနောက်တွင် ပေါ်လာ သည်။
"ဘာလဲ" ရှီချန်ကျိ၏ မျက်လုံးမှာမှေးသွားပြီး ဒုစရိုက်သားရောင်ဝါ ထွက်လာသည်။ သူ၏ နူးညံ့သော စရိုက်မှာ ဟန်ဆောင်ရုံသက်သက် ပင်ဖြစ်နိုင်သည်။
"သူတို့ရှိတဲ့နေရာကို တွေ့ပြီ" ထိုလူပြန်ဖြေလေသည်။
"ရှာတွေ့မှတော့ သူတို့ကိုသင်ခန်းစာပေးလိုက်လေ" ရှီချန်ကျိ ပြောလေ သည် "တကယ်ပဲ အဲကောင် ကျူရှန့်ကတော့ သူ့လက်နဲ့လက်တုန့်မပြန်ဘူး၊ သူ့ကိုမသတ်ပဲ အမုန်းနဲ့ အံကြိတ်နေအောင် အတင်းလုပ်နေတယ်၊ ဒီခံစားချက်ကတကယ်ပဲ... ခါးတယ်"
"ဆရာအံ့ဖွယ်တမန်တော်၊ ကျန်းကျူကျိနဲ့ ဆရာညာလက်ရုံးနဲ့က အမွှာတွေ၊ တကယ်ပဲ အဲလောက်ရက်စက်မှရမှာလား" ထိုလူမေးလေသည်။
"အမွှာတွေဟုတ်လား" ရှီချန်ကျိ အေးစက်စွာနှာမှုတ်လေသည်။ "ကျန်းမျိုးနွယ်က ကျူရှန့်ကို အစောကြီးကတည်းက လက်လွှတ်လိုက်ပြီ၊ သူက ကျန်းမျိုးနွယ်မဟုတ်တော့တာ ကြာပြီ၊ ကျန်းကျူရှန့် ရဲ့သွေးတွေ သူ့ခန္ဓာကိုယ်ထဲရှိနေလို့သာ ကျန်းကျူကျိ အသက်ပြန်ရှင်နိုင်တာ၊ မဟုတ်ရင် သူသေသွား တာ အကြိမ်ပေါင်းနည်းမှာမဟုတ်ဘူး၊ သူဘယ်လို နေနိုင်မှာလဲ"
"သူ့သွေးတွေက ညာလက်ရုံးရဲ့သွေးတွေလား"
"အင်း အဲနှစ်က ကျန်းမျိုးနွယ်ဝင်တွေက အဲညီအစ်ကိုကိုထုတ်လာ ခဲ့တယ်၊ လမ်းမှာ ကျန်းကျူကျိက သူ့ရဲ့စရိုက်ကြောင့် အဆိပ်သမားတော် တစ်ယောက်ရဲ့ အဆိပ်ကိုမိခဲ့တယ်၊ ကုမရတဲ့ အတွက် နီးစပ်ရာဆွေမျိုး တစ်ယောက်ရဲ့ သွေးနဲ့မှကယ်လို့ရမယ်" ရှီချန်ကျိသည် ဖြေးညင်းစွာပြောလေ သည် "ကျန်းရှန့်ရဲ့အမေက ကျန်းရှန့်ကိုပဲပထမဆုံးတွေးမိခဲ့တယ်၊ သူမက အစ်ကိုကို အသက်ရှင်စေဖို့ သူ့ရဲ့ညီသွေးနဲ့ လဲစေချင်ခဲ့တယ်"
"ညာလက်ရုံးရဲ့အမေကဘာလို့အဲလိုလုပ်တာလဲ နှစ်ယောက်လုံးက သူမရဲ့ သားတွေမဟုတ် ဘူးလား"
"သူတို့နှစ်ယောက်လုံးက သူမ သားတွေမဟုတ်ဘူးလားလို့မေး လိုက်တာလား" ရှီချန်ကျိသည် ခေါင်းရမ်းကာ သက်ပြင်းချလေသည် "ကျူရှန့် ဖားရတာမကြိုက်ဘူး၊ သူ့စွမ်းအားတွေကို ထုတ်ကြွားရတာ မကြိုက်ဘူး၊ ဒါပေမဲ့ သူ့အစ်ကိုက လုံးဝဆန့်ကျင်ဘက်ပဲ၊ အခွင့်အရေးရတိုင်းကြွားတယ်၊ အဲတုန်းက ကျန်းကျူကျိက ကျန်းကျူရှန့်ထက် ပိုအားကောင်းတယ်လို့ ကျန်းမျိုးနွယ်ဝင်တွေထင်ခဲ့ကြတယ်၊ အဲဒါကြောင့် အဲလိုဖြစ်တဲ့အချိန်မှာ သူ့ကိုကယ်ပြီး ကျန်းမျိုးနွယ်ရဲ့ အရည်အချင်းကို မပျက်အောင်ထား ချင်ခဲ့ကြ တယ်"
"ဒါပေမဲ့ ဆရာညာလက်ရုံးရဲ့ အရည်အချင်းက ကျန်းကျူကျိထက်သာ တယ်ဆိုတာ သိသာနေ တာပဲလေ"
"အမှန်ပဲ ကျူရှန့် ကျင့်ကြံရင်းနဲ့ပဲ အချိန်တွေကိုကုန်ဆုံးတယ်၊ သူက ကျန်းကျူကျိထက် ပိုအရည်အချင်းရှိတယ်၊ အဲတော့ အဲလူထက် ဆိုး တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူက ဖုံးဖိနေ လို့သာ တခြား လူတွေမသိကြတာ" ရှီချန်ကျိ ဝမ်းနည်းစွာပြောလေသည် "အဲတုန်းက ကျူရှန့်က သူ့အမေတောင်းဆိုတာကိုလည်း ကြားရော မှင်တက်သွားခဲ့တာ၊ သူ့အမေကိုယ်တိုင်ကိုက အဲလိုပြော မယ်ဆိုတာ သူ မယုံကြည်ခဲ့ဘူး၊ ဒါပေမဲ့ သူ မယုံပေမယ့် အခံရခက်တဲ့လက်တွေ့ကို မရှောင်နိုင်ခဲ့ဘူး၊ နောက်တော့ သူ့အမေပြောလိုက်တဲ့အချိန်မှာ တခြားသူတွေလည်း အဲလိုတွေးကြတယ်၊ သူ့အသက်ကို သုံးပြီး သူ့အစ်ကိုအသက်နဲ့လဲရတာကို တန်တယ်လို့ထင် ကြတယ်၊ အဲလိုနဲ့ပဲ သူတို့က သူတို့ အရည်အချင်းကို ထိန်းသိမ်းချင်ကြတာ"
"ဆရာညာလက်ရုံးက သူနဲ့လဲလိုက်လား"
"လဲလိုက်တယ်၊ သူ့မျိုးနွယ်ဝင်တွေ ဘယ်လောက်အေးစက်လဲဆို တာကြည့်ရင်၊ သူက သူ့အစ်ကိုထက်အားကောင်းတယ်ဆိုတာ မပြောခဲ့ဘူး၊ သူမလုပ်ချင်ပေမယ့် မဖြေရှင်းသလို သူ့မျိုးနွယ် ဝင်တွေရဲ့ ဖိအားကိုလည်း မတိုက်ခိုက်ခဲ့ဘူး၊ သူတို့က ဖိအားပေးပြီး သွေးတွေကိုလဲစေခဲ့တယ်" ရှီချန်ကျိသည် သူ့သူငယ်ချင်းခံစားခဲ့ရသည်ကို ပြန်တွေးကာ ဒေါသထွက်မိ သည်။
"အဲနောက်ကို ဆရာညာလက်ရုံးဘာဖြစ်ခဲ့လဲ"
"သွေးလဲပြီးနောက်မှာ သူ့ကိုမျှော်လင့်ချက်မရှိတော့ဘူးလို့ ကျန်း မျိုးနွယ်က သမားတော်က ပြောခဲ့တယ်၊ အဲလိုနဲ့ သူ့မျက်လုံးထဲက အမုန်းတရားကို သူတို့တွေ့တာနဲ့ သူ့ကို နှင်းထဲမှာပစ်ထားခဲ့ ကြတယ်၊ သူ့အဖေရဲ့ တဒင်္ဂသနားကြင်နာမှုကြောင့်သာ သူ့ကိုရက်နည်းနည်းလောက် အသက်ရှင်ခွင့် ပေးလိုက်ပြီး သူ့ဘာသာသေအောင်ပစ်ထားလိုက်တာ၊ မဟုတ်ရင် သူတို့က သူ့ကိုတစ်ခါတည်းသတ် ပစ်ကြတော့မှာ၊ အဲနေ့ကအရမ်း အေးတာ၊ ဒါပေမဲ့ သူ့မှာတိုက်ဖို့ ဝိဉာဉ်စွမ်းအင်သုံးဖို့လည်း မဖြစ်နိုင်ခဲ့ ဘူး၊ သူ နှင်းထဲမှာ ၃ရက်နေခဲ့ရတယ်၊ အဲတုန်းက သူက အသက်၂၀ပဲရှိသေးတယ် ဒါပေမဲ့ သူ့နှလုံးသား ကတော့ ချက်ချင်းပဲ အိုမင်းသွားနေပြီ"
"ကျန်းမျိုးနွယ်ဝင်တွေက အရမ်းရက်စက်တယ်၊ ဆရာညာလက်ရုံးက ဘယ်လိုလုပ် အသက်ရှင် နိုင်တာလဲ"
"နောက်တော့ သူ့ကိုအဆိပ်ခတ်တဲ့လူက သူ့ကိုမြင်သွားတဲ့အခါမှာ အသက်ရှိနေသေးတာကို တွေ့သွားတယ်၊ အဲလူက သူအဆိပ်ခတ်ချင်တဲ့ လူက ကျူရှန့်မဟုတ်တာကို သိသွားတော့ ပြန်ခေါ်ပြီး ကယ်ခဲ့တယ်၊ နောက်တော့ သူ့အသက်ကိုကယ်နိုင်လိုက်ပေမယ့် သူ့အရင်စွမ်းအားတွေ ပျောက်သွားပြီး တစ်ချိန်လုံး သူအိပ်ပျော်နေခဲ့တယ်၊ နောက်တော့ သူ့ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုတွေ့ခဲ့တယ်၊ အိပ်နေရင် သူ့အားတွေပြန်ပြည့်လာတာဖြစ်နိုင်တယ်၊ အဲလိုနဲ့ပဲ သူအခုလို အားကောင်း လာတာပဲ"
"ဆရညာလက်ရုံးကို အဆိပ်ခတ်တဲ့တစ်ယောက်က သူလား" ထိုလူ သည် ခန့်မှန်းလေသည် "ဆရာအံ့ဖွယ်တမန်တော် အဲဒီကျန်းမျိုးနွယ်တွေက အရမ်းရက်စက်တယ်၊ သူတို့ကို တစ်ခါတည်းရှင်း ပစ်မယ်"
"မင်းတခြားသူတွေကိုတော့ သတ်လို့ရတယ် ကျန်းကျူကျိကိုတော့ ချန်ထား၊ သူ့ကို ကိုယ်တိုင် ရှင်းမယ်လို့ ကျူရှန့်ပြောတယ်" ရှီချန်ကျိ ပြော လေသည်။
"ဟုတ်ကဲ့ပါ ဆရာအံ့ဖွယ်တမန်တော်"
"သွားတော့"
ထိုလူသည် ရုတ်တရက်ပျောက်ကွယ်သွားသည်နှင့် ရှီချန်ကျိသည် ညောင်ပင်ကြီးဆီမှထွက်ခွာခဲ့သည်။ သူ အရှေ့သို့ခြေလှမ်းနှစ် လှမ်းလျှောက် ပြီးနောက်တွင် သစ်ပင်ပေါ်သို့လှည့်ကြည့်လိုက်ရာ နှုတ်ခမ်းမှာ အပေါ်တက် သွားပြီး ပြုံးလိုက်လေသည်။
ကျူရှန့်၊ မင်းငါ့ကိုနောက်မှကျေးဇူးတင်တော့။
သူထွက်သွားပြီးသည်နှင့် နီရဲပျားလေးတစ်ကောင်သည် ညောင်ပင်ကြီး ဆီမှ ပျံထွက်သွားလေ သည်။ ပျားလေးသည် လမ်းနှစ်လမ်းကိုဖြတ်ပြီးနောက် ရှီမာယူယူ၏ လက်ထဲသို့ဆင်းသက်လိုက်လေ သည်။
"စီနီယာအစ်ကိုကြီး တစ်ချိန်လုံးအိပ်နေတာက ဝါသနာလို့ထင်နေတာ သူ့ရဲ့ကျန်းမာရေး ကြောင့်ကိုး" သူမ သက်ပြင်းချကာ နီရဲပျားကိုသိမ်း ပြီးနောက် လမ်းဆက်လျှောက်သွားသည်။
သူမ နီရဲပျားကိုထားခဲ့ရခြင်းမှာ သူမကို ကယ်ခဲ့သောလူ၏ သရုပ်မှန်နှင့် ရည်ရွယ်ချက်ကို သိချင် သောကြောင့်ဖြစ်သည်။ ဒီလိုအဖြစ်များကို သိခဲ့ရ လိမ့်မည်ဟု မထင်မိပေ။
ရှီချန်ကျိသည် နီရဲပျားရှိနေသည်ကို အစကတည်းကသိသော်လည်း ကျန်းကျူကျိနှင့် သူတို့၏ စီနီယာအစ်ကိုကြီးကြားမှ ရန်ငြိုးကို သူတို့ကို သိစေချင်သဖြင့် တမင်တကာပြောနေသည်ကို သူမ တွေး မိသည်။
သူတို့တွေ့ဆုံမှုမှာ သက်ပြင်းချစရာဖြစ်ခဲ့သော်လည်း ထိုအဖြစ်အပျက် မှာ ကျန်းကျူရှန့် နတ်ဆိုး ဓားကို ဆွဲထုတ်သည့် အကြောင်းအရင်း မဟုတ်သေးပေ။
ဟူး... သူမ ပြန်ရောက်တာနဲ့ စီနီယာတွေကို ပြောပြရဦးမယ်။ သူတို့ နည်းနည်းလောက်ဖြစ်ဖြစ် စိတ်ပေါ့တာပေါ့။
သူမ အိမ်သို့ပြန်ရောက်သည်နှင့် ရှီမာလိုင်နှင့် တခြားသူများသည် အထုတ်ထုတ်ပြီးနေပြီ။
"အဘိုး၊ အဒေါ်လန်၊ အဒေါ်ယု တကယ်ပဲလိုက်ချင်လို့လား" ရှီမာယူယူ မေးလိုက်သည်။
"မင်း ကျောင်းကိုသွားတဲ့အချိန်ကို အဒေါ်တို့ကိုခေါ်ထုတ်ဖို့မလိုဘူးရယ် ကျင့်စဉ်အတွက်ပို တောင်ကောင်းသေးတယ်" ကျူလန် ပြောလေသည် "ဟန်လေးက နှစ်တွေအများကြီးနှောင့်နှေးပြီးပြီ၊ သူသာ အထဲဝင်ပြီး ကျင့်ကြံမယ်ဆိုရင် သူ့အတွက်လည်း ကောင်းမယ်"
"ဒါဆိုလည်း ကောင်းပါပြီ အထုတ်တွေပြင်ပြီးပြီလား"
"ကြာပေါ့" ရှီမာလိုင် ပြောလေသည် "သမီးအမှတ်တရစားသောက်ဆိုင် မှာ ရှင်းစရာကိစ္စတချို့ အဖိုးထားခဲ့တာရှိတယ်"
"အမှတ်တရစားသောက်ဆိုင်ကိစ္စကို အများကြီးစိတ်ပူဖို့မလိုပါဘူး ဒါဆိုရင် အခုပဲခေါ်သွား လိုက်တော့မယ်"
"အင်း"
ရှီမာယူယူသည် သူတို့ကို ဝိဉာဉ်စေတီသို့ခေါ်သွားလိုက်သည်။ သူတို့ သည် ရင်းနှီးသော ပတ်ဝန်းကျင်ကိုမြင်သောအခါ အတိတ်ကိုအနည်းငယ် လွမ်းဆွတ်သလိုဖြစ်မိသည်။
တကယ်တော့ ထိုနေရာတွင် လူသားနည်းသည်။ အဖြူရောင် ဗျိုင်းမျိုးနွယ်အကြီးအကဲ ဆယ်ဂဏန်းလောက်နှင့် ဟိန်းသံလေးတို့သည် သွားသွားလာလာလုပ်နေကြသည်။ အသက်ဝင်မှုတော့ ရှိသည်။
"အဘိုးတို့သွားပြီး အခန်းရှာလိုက်ကြပါ"
"အင်း"
ရှီမာလိုင်တို့သည် သူတို့အရင်နေသော အိမ်ကိုသာရွေးလိုက်ကြသည်။ ရှီမာယူယူ နေရာအား ပတ်ကြည့်ပြီးနောက် ပြန်ထွက်မည်အပြုတွင် ဝိဉာဉ် လေးသည် သူမရှေ့ရုတ်တရက်ပေါ်လာကာ သူမအား မျှော်လင့်တကြီး ကြည့်လေသည်။